✳️Part 3✳️

606 48 5
                                    

Heart of Melody

"သား Goxxd ဘယ်​ကပြန်​လာတာလဲ"

Goxxd: "Ai Kimတို့ အိမ်​က။ ညကသောက်​တာများသွားလို့ Ai Kim အိမ်​မှာပဲ အိပ်​လိုက်​တာ"

Mr Itthipat: "သွားပြန်​ပြီလား ဒီကလပ်​ မင်းကိုယ်​မင်း Model တစ်​ယောက်​ဆိုတာလဲ သတိထားဦး"

Mrs Itthipat: "ရှင်​ကလဲ သားကို"

Mr Itthipat: "မင်းသားရှေ့ကနေ ကာကွယ်​ပေးမနေနဲ့။ မိဘက Model မလုပ်​နဲ့ဆိုတာကို ရအောင်​လုပ်​ပြီး အနေအထိုင်​ကျတော့ မဆင်​ခြင်​ဘူး"

Goxxd: "နောက်​တစ်​ခါမဖြစ်​စေရပါဘူး Por"

Mr Itthipat: "သွားးး ရေချိုးပြီး ​ကုမ္ပဏီသွားလိုက်​ဦး"

Goxxd: "Khrap"

ညကဖုန်းဆက်​မယ်​ဆိုပြီး ဖုန်းဆက်​လဲ အဆူခံရမယ့်​အတူတူ မဆက်​တော့ပဲ Kim ရဲ့အိမ်​မှာ အိပ်​လိုက်​တာကြောင့်​ Porရဲ့ အဆူအငေါက်​ခံနေရတယ်​။ ဒေါသကြီးတဲ့ အဖေကို ပိုင်​ဆိုင်​ထားသူတိုင်း ဒီလိုအဖြစ်​မျိုးကမထူးဆန်းပေမယ့်​ သားသမီးဖြစ်​သူတွေကတော့ စိတ်​ညစ်​ကြတာပေါ့။ နေရာတိုင်းမှာ ထိန်းချုပ်​ချင်​နေပြီး သားသမီးဘာဖြစ်​ချင်​လဲဆိုတာ မတွေးတဲ့ မိဘတွေလဲ လောကမှရှိကြတာပဲ။ မဖြစ်​သင့်တာ မဖြစ်​ရအောင်​ဆိုတဲ့ ခေါင်းစဉ်​အောက်​မှာ Goxxd တစ်​ယောက်​ နစ်​မြုပ်​နေခဲ့တာ အခုဆို ၂၅နှစ်​ကျော်​လာပြီ။ လူတွေအမြင်​မှာ အရမ်းတော်​တဲ့ CEO တစ်​ယောက်​၊ အရမ်းချောတဲ့ Model တစ်​ယောက်​ဖြစ်​နေပေမယ့်​ အိမ်​ပြန်​ရောက်​တာနဲ့ ဖခင်​ရဲ့ နေ့တိုင်းဆူပူခြင်းခံနေသောသူ။ ကောင်​မလေးတွေ ဝိုင်းဝိုင်းလည်​နေပေမယ့်​ ဖခင်​ရဲ့အပြုအမူတွေကြောင့်​ ချစ်​သူရည်းစားထားဖို့ စိတ်​မကူးတဲ့လူငယ်​တစ်​ယောက်​။ အမှားကင်းအောင်​နေနေပေမယ့်​ တစ်​ခုမဟုတ်​တစ်​ခုကို အပြစ်​တင်​ဝေဖန်​နေတဲ့ ဖခင်​ဖြစ်​သူကြောင့်​ စိတ်​ညစ်​နေသူ။ တစ်​ခါတစ်​လေ ထွက်​ပြေးချင်​စိတ်​ပေါက်​ပေမယ့်​ Mae ရှိသေးတယ်​ဆိုတဲ့အသိနဲ့ သည်းခံနေတဲ့ God Itthipat။ အရာရာပြည့်​စုံနေတယ်​လို့ထင်​ရပေမယ့်​ နေ့စဉ်​နဲ့အမျှ စိတ်​ဆင်းရဲနေရသူ။ အခန်းထဲဝင်​ လော့ချလိုက်​ပြီး စိတ်​ညစ်​မှုတွေကိုပျောက်​လိုပျောက်​ငြား လေပူတစ်​ချက်​ မှုတ်​ထုတ်​လိုက်​တယ်​။ အကျီင်္အဝတ်​အစားတွေချွတ်​ရင်း ရေချိုးဖို့ပြင်​နေတုန်း တံခါးခေါက်​သံကြားတော့ လန့်​သွားတဲ့ Goxxd။

Heart of MelodyWhere stories live. Discover now