Heart of Melody

By Phoothitpannnwe

13.8K 995 88

အချစ်​ဆိုတာ လူတိုင်းမှာရှိပါတယ်​။ ၅၂၈၊ ၁၅၀၀ စတဲ့အချစ်​တွေကို ခံစားတတ်​ဖို့ နှလုံးသားတစ်​စုံတော့ လူတိုင်းမှာ... More

✴️Intro✴️
✴️Part 1✴️
✴️Part 2✴️
✳️Part 3✳️
✴️Part 4✴
✴️Part 5✴️
✴️Part 6✴️
✴️Part 7✴️
✴️Part 9✴️
✴️️Part 10✴️
✴️Part 11✴️
✴️Part 12✴️
✴️Part 13✴️
✴️Part 14✴️
✴️Part 15✴️
✴️Part 16✴️
✴️Part 17✴️
✴️Part 18✴️
✴️Part 19✴️
✴️Part 20✴️[Final]

✴️Part 8✴️

558 47 1
By Phoothitpannnwe

Heart of Melody

ညနေခင်းမှာ ကော်​ဖီသောက်​ရင်း အခန်းရဲ့အပြင်​ဘက်​ကို ငေးနေတဲ့ လူငယ်​တစ်​ယောက်​။ သူရဲ့ အတွေးထဲမှာ ကောင်​လေးတစ်​ယောက်​က စိုးမိုးနေတယ်​။ နှစ်​လဆိုတဲ့ကာလအတွင်းမှာ Tae ကလဲ Tee နဲ့ ပိုပြီးနီးကပ်​လာသလို၊ Kim ကလဲ Cop နဲ့ ခင်​မင်​ခွင့်​ရခဲ့တယ်​။ သူကရော Bas နဲ့ ရင်းနှီးနေပြီဆိုပေမယ့်​ သူ့ရင်​ထဲကစကားသံတွေကို ပြောဖို့ ဝန်​လေးနေဆဲပဲ။ Goxxd တို့အဖွဲ့နဲ့ Bas တို့အဖွဲ့ ရင်းနှီးလာတာအခုဆို တစ်​လကျော်​နေပြီ။ Bas ရဲ့ မျက်​ဝန်းတွေကို Goxxd နားလည်​သလို၊ Goxxd ရဲ့ မျက်​ဝန်းတွေကို Bas လဲ ရိပ်​မိနေမယ်​ဆိုတာ ပြောစရာတောင်​ မလိုခဲ့ဘူး။ သို့ပေမယ့်​ Goxxd တစ်​ယောက်​ Bas ကို ဖွင့်ပြောဖို့ အခုချိန်​ထိ တုံ့ဆိုင်းနေဆဲပါပဲ။ သူ့ဘဝထဲကို မိန်းကလေးတစ်​ယောက်​ကိုတောင်​ ခေါ်ဖို့ခက်​ခဲခဲ့တာ ယောက်ျားလေးဆိုရင်​ရော Mr Itthipat အနေနဲ့ ဘယ်​လိုတုံ့ပြန်​မလဲ သူစိုးရိမ်​နေတယ်​။ သူ့ကိုပြောဆိုနေတာ နေသားကျနေပြီဆိုပေမယ့်​ သူချစ်​ရတဲ့သူကို ပြောဆိုလာတဲ့အခါ သူခံနိုင်​ရည်​ရှိပါ့မလားဆိုတာကို Goxxd တွေးနေခဲ့တာကြာပြီ။ ရှေ့ဆက်​ဘာလုပ်​ရမလဲဆိုတာ တွေးနေရင်းနဲ့ အိမ်​ရှေ့မှာ ဘဲလ်​တီးသံကြားရလို့ ခြံအပြင်​ဘက်​ကိုကြည့်​လိုက်​တော့ Kim ရဲ့ကားကိုတွေ့ရတယ်​။ Kim လာလို့ အိမ်​ပေါ်ထပ်​ကနေဆင်းလာတဲ့ Goxxd။ ဧည့်​ခန်းဆီရောက်​လို့ကြည့်​လိုက်​တော့ Tae ပါပါလာတာတွေ့ရတယ်​။

Goxxd: "ဟေ့ကောင်​တွေ ဘာလာလုပ်​တာလဲ"

Tae: "မင်းနဲ့ဆွေးနွေးစရာရှိလို့လာတာ"

Goxxd: "ဘာကိစ္စလဲ"

Kim: "N Bas ကိစ္စလေ"

Goxxd: "N Bas ကဘာဖြစ်​လို့လဲ"

Tae: "Shit!! Ai Goxxd..N Bas ကဘာမှမဖြစ်​ဘူး။ မင်း N Bas ကိုစိတ်​ဝင်​စားနေတဲ့အကြောင်း သိချင်​တာ"

Goxxd: "မင်းတို့ဘယ်​လိုသိတာလဲ"

Kim: "N Bas ရှေ့ရောက်​တာနဲ့ အလိုလိုနူးညံ့သွားတဲ့ မင်းရဲ့ပုံစံကို ငါတို့တင်​မကဘူး အကုန်​ရိပ်​မိတယ်​"

Tae: "မင်းလဲသဘောကျနေသလို N Bas ကလဲ မင်းကို သဘောကျနေတယ်​ဆိုတာသိလား"

Goxxd: "ငါသိပါတယ်​"

Kim: "သိရဲ့သားနဲ့များကွာ ဘာလို့အချိန်​ဆွဲနေတာလဲ။ ငါနဲ့သာနေရာချင်းလဲလိုက်​ချင်​တယ်​"

Goxxd: "...."

Tae: "ဧကန္တ မင်းအဖေကြောင့်​လား"

Mr Itthipat ဆိုပြီး စဉ်းစားလိုက်​တာနဲ့ သုံးယောက်​လုံး မီးကိုရေနဲ့ငြိမ်းလိုက်​သလိုပဲ တိတ်​ဆိတ်​သွားတယ်​။

Goxxd: "ငါ့ကိုပြောတာ သည်းခံနိုင်​ပေမယ့်​ သူ့ကိုပြောလာတဲ့အခါ ငါသည်းခံနိုင်​မယ်​မထင်​ဘူး"

Kim: "မဖြစ်​လာသေးတာကို ဘာလို့ကြိုပြီးတွေးပူနေတာလဲ။ မင်းအဖေကြောင့်​ မင်းချစ်​တဲ့သူကို အဆုံးရှုံးခံမလို့လား"

Tae: "Ai Kim ပြောတာမှန်​တယ်​ Ai Goxxd..မင်းကောင်​လေးက အရမ်းချစ်​ဖို့ကောင်းတာကွ..သူ့ကိုလိုချင်​နေတဲ့သူတွေထဲမှာ ယောက်ျားလေးတွေပါပါတယ်​"

Kim: "ပြီးတော့ အခုတလော N Bas နောက်​ကို အရိပ်​လိုလိုက်​နေတဲ့သူရှိနေပြီကွ။ ကောင်​လေးကလဲ မဆိုးဘူး..တော်​ကြာ N Bas အဲ့ကောင်​လေးနောက်​ပါသွားဦးမယ်​"

Goxxd: "Ai Kim မင်းပြောတာ တစ်​ကယ်​လား"

Kim: "သေချာတယ်​ အဲ့ကောင်​လေးက N Cop ကို နည်းနည်းလန့်​တော့ N Bas နားသိပ်​မကပ်​ရဲဘူး။ ဒါပေမယ့်​ မင်းသိတဲ့အတိုင်းပဲ N Cop ကလဲ သူ့အလုပ်​ကိစ္စနဲ့သူရှုပ်​နေတာလေ.."

Tae: "Ai Goxxd!!မင်းတစ်​ခုခုတော့ သေချာဆုံးဖြတ်​သင့်​နေပြီ"

Goxxd: "အေးပါ ငါ့ကိုအချိန်​ခဏတော့ပေးကွာ"

Kim: "အချိန်​အကြာကြီးတော့ မဆွဲနဲ့ကွာ။ မင်းအသဲကွဲတဲ့ အချိန်​လောက်​ထိတော့မကြာစေနဲ့"

Goxxd: "အေးကွာ ကျေးဇူးပဲ"

Bas တစ်​ယောက်​ အခုတလော Park ဆိုတဲ့ကောင်​လေးကြောင့်​ စိတ်​ညစ်​နေတယ်​။ မနက်​ကျောင်းစတက်​ချိန်​ကနေစပြီး ညနေကျောင်းပြန်​ဆင်းတဲ့အချိန်​ထိ Park ကိုရှောင်​တိမ်းရတာ သူ့အတွက်​ငရဲတစ်​ခုလိုပဲ။ အနုပညာမေဂျာကဖြစ်​ပြီး ကောင်​မလေးတွေ စိတ်​ဝင်​စားခြင်းခံရတဲ့ Park က Bas ကို မြင်​တွေ့ပြီးနောက်​ပိုင်းမှာ အရမ်းကိုသဘောကျခဲ့တယ်​။ Bas ကဘယ်​လိုပဲ ငြင်းပယ်​နေပါစေ လုံးဝလက်​လျှော့လိုက်​ခြင်းမရှိဘူး။ Bas သွားရာနောက်​ အရိပ်​လိုလိုက်​နေတတ်​ပြီး Cop ရှိတဲ့အချိန်​တွေတောင်​ အဝေးကနေကြည့်​နေတတ်​တဲ့ Park ကြောင့်​ Bas တစ်​ယောက်​ ကျောင်းတက်​ချင်​စိတ်​ပါပျောက်​တဲ့အထိ ဖြစ်​ရတယ်​။ ဒီနေ့လဲ ကျောင်းကိုလာတော့ Park တစ်​ယောက်​ အနောက်​ကနေပါလာတယ်​။ ဒီနေ့ Cop က အလုပ်​ကိစ္စတစ်​ခုရှိလို့ Basနဲ့အတူတူ မလိုက်လာဖြစ်​တော့ Park အခွင့်​အရေးရနေတယ်​။

Park: "Bas..ကိုစကားခဏပြောချင်​လို့"

Bas: "အေး ပြောလေ"

Park: "မင်း ကို့ကို ထပ်​စဉ်းစားပေးပါဦးကွာ။ ကိုတစ်​ကယ်​ မင်းကို ချစ်​တာပါ"

Bas: "Ai Park မင်းကိုငါပြောပြီးသားပဲ ငါမင်းကို သူငယ်​ချင်းလိုပဲ သဘောထားလို့ရတယ်​ကွ"

Park: "ကို မင်းကိုအရမ်းချစ်​တာ မင်းမသိဘူးလား"

ပြောနေရင်းနဲ့ လက်​ဆွဲလာတဲ့ Park ကြောင့်​ Bas ဒေါသဖြစ်​ပြီး လက်​ကိုပြန်​ရုံးရင်း Park ရဲ့မျက်​နှာဆီကို လက်​သီးချက်​ကျရောက်​သွားတယ်​။ မြေပြင်​ပေါ်မှ လဲကျနေတဲ့ Park က ပြန်​ထလာပြီး လေချွန်​လိုက်​တော့ နောက်​ထပ်​ ကျောင်းသားသုံးယောက်​ရောက်​လာပြီး Bas ကိုချုပ်​ထားတယ်​။ လူရှင်းနေတဲ့ နေရာမို့ Bas တစ်​ယောက်​အကူအညီတောင်းစရာမရှိလို့ အခက်​တွေ့နေတယ်​။

Bas: "Ai Park မင်းကယုတ်​မာတဲ့ကောင်​ပဲ"

Park: "မင်းကိုသာ ပိုင်​ဆိုင်​ရမယ်​ဆို လူယုတ်​မာဖြစ်​လဲ ကိုဂရုမစိုက်​ဘူး...ဟေ့ကောင်​တွေ သူ့ကိုခေါ်လာခဲ့"

Bas: "Ai Park မင်းဘာလုပ်​မလို့လဲ"

Park: "မင်းကို ကို့ဘဝထဲမှာ အပိုင်​သိမ်းထားမလို့"

Bas: "မင်းးးးး"

Bas တစ်​ယောက်​ မျက်​ရည်​မကျမိအောင်​ ထိန်းနေရတယ်​။ ထိုအချိန်​မှာ သူတို့နားကို လူတစ်​ယောက်​လမ်းလျှောက်​လာတယ်​။ ထိုသူကိုမြင်​တော့ Bas အရမ်းပျော်​သွားပြီး Park အထင်​လွဲစေမယ့်​ ပုံစံမျိုးနဲ့ လှမ်းအော်​လိုက်​တယ်​။ အနားလျှောက်​လာတဲ့ Goxxd ကတော့ Bas ရဲ့ အခေါ်အဝေါ်ကြောင့်​ ခြေလှမ်းတွေအနည်းငယ်​ တုံ့ဆိုင်းသွားတယ်​။ ပြီးမှ သတိပြန်​ဝင်​လာပြီး Bas ဒုက္ခရောက်​နေတာကို ကူညီဖို့ရောက်​လာတယ်​။

Bas: "ကိုကို"

Goxxd: "..."

Park: "ဘာ....Bas မင်းသူ့ကိုဘယ်​လိုခေါ်လိုက်​တာ"

Goxxd: "ဘာတွေဖြစ်​နေတာလဲ Baby"

ဒီတစ်​ခါ အံ့သြသွားသူက Bas ရယ်​ပါ။ Goxxd ရဲ့Baby ဆိုတဲ့ခေါ်သံကို မင်​သက်​နေတုန်း ဘေးနားက Park ရဲ့အသံကြောင့်​ သတိပြန်​ဝင်​လာတယ်​။

Park: "ဒီမှာခင်​ဗျားကဘယ်​သူလဲ။ ဘာလို့ ကျွန်​တော်​ချစ်​နေတဲ့သူကို baby လို့ခေါ်နေရတာလဲ"

Goxxd: "မင်းချစ်​နေတဲ့သူက ကို့ချစ်​သူဆိုတာရော မင်းသိရဲ့လား"

Park: "ခင်​ဗျား ဘာတွေပြောနေတာလဲ...Bas သူပြောတာ မဟုတ်​ဘူးမလား"

Bas: "ကိုကိုပြောတာကို မင်းယုံသင့်​တယ်​"

Park: "မဟုတ်​ဘူးးးးလုံးဝမဖြစ်​ရဘူး။ မင်းကို ငါတစ်​ယောက်​ပဲပိုင်​ရမယ်​"

Goxxd: "Baby က N ကိုမချစ်​နိုင်​ဘူးလို့ပြောနေပြီပဲ။ N ဘက်​က အတင်းအကြပ်​မလုပ်​သင့်​ဘူး"

Park: "ခင်​ဗျား ပါးစပ်​ပိတ်​ထား!! Haha ကျွန်​တော့်​ကို Bas ဘာကြောင့်​လက်​မခံလဲဆိုတာ အခုမှပဲ သိရတော့တယ်​။ ခင်​ဗျားမရှိရင်​ Bas က ကျွန်​တော့်​ကို လက်​ခံနိုင်​မှာပဲ။ အဲဒီတော့ ခင်​ဗျားကို အရင်​ရှင်းရမယ်​"

Bas: "ကိုကို!!!"

ပြောရင်း ဘယ်​အချိန်​ကဆောင်​ထားမှန်းမသိတဲ့ ဓားကိုထုတ်​ပြီး ပြေးဝင်​လာတဲ့ Park ကြောင့်​ Goxxd ဘေးဘက်​ကို ရှောင်​ထွက်​လိုက်​တယ်​။ နောက်​တစ်​ကြိမ်​ဓားနဲ့ထိုးဖို့ လက်​ရွယ်​နေတဲ့ Park ကိုအနောက်​ကနေ လက်​ဝါးစောင်းနဲ့ ရိုက်​လိုက်​တဲ့သူကြောင့်​ Park မေ့လဲသွားတယ်​။ Park နဲ့ ပါလာတဲ့သူတွေကလဲ ထွက်​ပြေးသွားကြတယ်​။ လက်​ဝါးစောင်းနဲ့ရိုက်​ပြီးမှ နာလို့ထအော်​နေသူကတော့ Kimmon။

Kim: "အားးး နာလိုက်​တာကွာ"

Goxxd: "Kim မင်းဘယ်​လိုရောက်​လာတာလဲ"

Kim: "N Cop ဆီလာတာ...လိုက်​ရှာနေတာ မတွေ့လို့ ဒီဘက်​ရောက်​လာရင်း မင်းတို့နဲ့တွေ့တာ ဘယ်​လိုဖြစ်​ကြတာလဲ"

Bas: "ကျေးဇူးတင်​ပါတယ်​ Pတို့"

Goxxd: "အဆင်​ပြေရဲ့လား"

Bas: "Khrap P"

Goxxd: "ကိုကိုလို့မခေါ်တော့ဘူးလား"

Bas: "😳😳😳"

Kim: "ကဲ မင်းတို့နှစ်​ကောင်​ နောက်​မှကြည်​နူးကြကွာ..အခုဒီကောင်​ကို ရဲစခန်းပို့ရအောင်​"

Bas: "အာ P Kimကလဲဗျာ ဘယ်​မှာကြည်​နူးနေလို့လဲ"

Kim: "အော်​ အေးပါကွာ။ N Bas ပြောသလိုပဲ ထားလိုက်​ပါတော့"

Goxxd: "ဟေ့ကောင်​ တော်​တော့။ လာ သွားရအောင်
"

Kim: "ဟားးးး အေးပါကွာ"

Goxxd နဲ့ Kim ကကျောင်းအုပ်​ကြီးဆီ Park ကို အပ်​နှံပြီး ဥပဒေအတိုင်းဆောင်​ရွက်​လိုက်​တယ်​။ နောက်​မှသိရတာက Park မှာစိတ်​ကျရောဂါရှိနေတာပဲ။ Cop ကလဲ ကျောင်းကိုရောက်​ရောက်​ချင်းပဲ Bas တို့ဆီပြေးလာတယ်​။ ကိစ္စအားလုံးဖြေရှင်းပြီးသွားတော့ Cop နဲ့ Bas က အတန်းတက်​ဖို့လုပ်​နေလို့ Kim ကအတင်းတားနေတယ်​။

Cop: "ကျွန်​တော်​တို့ အတန်းသွားတက်​လိုက်​ဦးမယ်​"

Kim: "ဟိုးးးးမသွားနဲ့ဦးးး"

Bas: "ဘာဖြစ်​လို့လဲ P"

Goxxd: "N Bas!!ကိုနဲ့စကားပြောရအောင်​"

Bas: "ဟမ်​"

Kim: "သွားလိုက်​ပါ N Bas ကလဲ"

Cop: "ဟေ့ကောင်​ Ai Bas ဒါကဘယ်​သွားမလို့လဲ..."

Kim: "သွားချိန်းတွေ့မလို့လေ"

Cop: "ဗျာ...ဒါဆိုသူတို့က..."

Kim: "ချစ်​သူတော့ မဖြစ်​သေးပါဘူး။ ဖြစ်​ခါနီးဆဲဆဲပေါ့"

Cop: "Aww ဒါဆို ကျွန်​တော်​ပဲ အတန်းသွားတက်​တော့မယ်​"

Kim: "မသွားပါနဲ့တော့ အတန်းချိန်​တစ်​ချိန်​ပဲ ရှိတော့တာကို။ ကိုတို့မုန့်​သွားစားရအောင်​"

Cop: "ကျွန်​တော်​တို့ Final exam ကနီးနေပြီဗျ"

Kim: "တစ်​ချိန်​တည်းပျက်​လို့ မကျပါဘူး။ ဒီနေ့နောက်​ဆုံးလေ နောက်​နေ့တွေပျက်​ပေါ့။ ကို့မှာသူတို့ကိစ္စလိုက်​ဖြေရှင်းနေရတာနဲ့ ဗိုက်​ဆာနေလို့ပါကွာ နော်​...နော်​"

Cop: "နေပါဦး ခင်​ဗျားကမျောက်​လား လူကိုလာပြီး မျက်​စိပေကလပ်​ပေကလပ်​ လုပ်​ပြနေရအောင်​"

Kim: "ချစ်​ဖို့မကောင်းဘူးလား"

Cop: "😏😏😏ဆိုင်​သွားမှာမလား ရှေ့ကကြွ"

Kim: "Khrap.😊😊"

    Kim ကိုကြည့်​ရင်း Cop ခေါင်းပဲရမ်းနေမိတယ်​။ Tee နဲ့ Bas ထက်​ဆိုးတဲ့ ကလေးဆိုးကြီးကိုမှ ရွေးခင်​မိတာကိုး။ မနက်​မိုးလင်းလို့ မနက်​စာစားပြီးတာနဲ့ Cop ဆီရောက်​လာတယ်​။ တစ်​ခါတစ်​လေ မနက်​စာစားမလာပဲ Cop တို့နဲ့အတူစားတယ်​။ Cop တို့ကျောင်းတက်​နေတဲ့အချိန်​မှာ Kim ကအလုပ်​သွားတယ်​။ အလုပ်​ကပြန်​လာတာနဲ့ Cop ဆီရောက်​လာတယ်​။ Cop ဘယ်​လိုမှ ပထုတ်​လို့မရအောင်​ အကြောင်းပြချက်​ပေါင်းစုံရှိတဲ့ Kim ကြောင့်​ Cop ကအခုနောက်​ပိုင်း ဘာမှပြောမနေတော့ပဲ Kim သဘောအတိုင်းလွှတ်​ထားတယ်​။ တစ်​ဖက်​မှာတော့ Goxxd တစ်​ယောက်​ Bas ရဲ့လက်​ကိုဆွဲပြီး ကျောင်းဝန်းထဲက လူရှင်းတဲ့နေရာရောက်​တော့ ရပ်​လိုက်​တယ်​။ ပြီးတော့ Bas ရဲ့လက်​ကိုလွှတ်​ပေးလိုက်​ပြီး Bas ရဲ့ပခုံးစွန်းနှစ်​ဖက်​ကို ဆုပ်​ကိုင်​လိုက်​တော့ Bas တစ်​ယောက်​ အံ့သြသလိုကြည့်​လာတယ်​။

Bas: "P..P Goxxd"

Goxxd: "ကိုကိုလို့ပဲ ခေါ်လို့မရဘူးလား"

Bas: "P နဲ့ ကျွန်​တော်​က ဘာဆိုင်​လို့ခေါ်ရမှာလဲ။ ပြီးတော့ ခုနက Park ရှေ့မှာဟန်​ဆောင်​လိုက်​ရုံသပ်​သပ်​ပဲ"

Goxxd: "ကိုက ဆိုင်​ချင်​နေတယ်​ဆိုရင်​ရော"

Bas: "..."

Goxxd: "ကို baby ကို အရမ်းချစ်​နေတယ်​ဆိုတာ သိနေတယ်​မလား"

Bas: "မသိဘူးလေ"

Goxxd: "Baby ကို့ကိုချစ်​နေတာကိုလဲ ကိုသိပါတယ်​"

Bas: "ဟင်​ P ကိုဘယ်​သူပြောလဲ"

Goxxd: "Baby မျက်​ဝန်းတွေက ပြောနေတာပါဗျ"

Bas: "သိတယ်​ဆိုလဲ အစောကြီးကတည်းက ဘာလို့ဖွင့်​မပြောတာလဲ"

Goxxd: "ကိုတောင်းပန်​ပါတယ်​။ ကိုက Baby အတွက်​ စိတ်​ဆင်းရဲစရာဖြစ်​နေမှာ စိုးရိမ်​လို့ပါ"

Bas: "ဘာဖြစ်​လို့လဲ ကျွန်​တော့်​ကိုပြောပြလို့ရမလား"

   ဒီလိုနဲ့ Goxxd ကသူ့အကြောင်းကို Bas ကို အသေးစိတ်​ပြောပြနေတယ်​။ Bas လဲ Goxxd စိုးရိမ်​နေတာတွေကို နားလည်​ပြီး ကိုယ်​ချင်းစာနေမိတယ်​။

Bas: "ကိုကို့နေရာမှာ ကျွန်​တော်​ဆိုလဲ ဒီလိုတွေဝေမိမှာပါပဲ။ ကျွန်​တော်​က ကိုကို့ကို အရာအားလုံးပြည့်​စုံနေသူလို့ ထင်​ထားတာ"

Goxxd: "လူတွေအားလုံးမှာ ချွတ်​ယွင်းချက်​တစ်​ခုဆီတော့ အနည်းဆုံးရှိကြတာပဲလေ။ ဒါနဲ့...နေပါဦး Baby ကို့ကိုဘယ်​လိုခေါ်လိုက်​တာ"

Bas: "ဘယ်​လိုခေါ်လို့လဲဗျ"

Goxxd: "ကိုကိုလို့ခေါ်လိုက်​တယ်​လေ"

Bas: "ဟို..."

Goxxd: "ငြင်းမနေပါနဲ့ baby..ကို့ကို ချစ်​လား"

Bas: "အခုထိမသိသေးဘူးလား"

Goxxd: "သိပေမယ့်​ မကြားရသေးတော့ ကြားချင်​နေလို့ပါဗျ"

Bas: "မပြောဘူးဆိုရင်​ရော"

Goxxd: "မပြောရင်​ အိမ်​ပြန်​မလွှတ်​ဘူးဗျ"

Bas: "ဟာ အဲ့လိုညစ်​လို့ဘယ်​ရမလဲ"

Goxxd: "ဒါဆိုပြောလေ ကို့ကိုချစ်​လား"

Bas: "inn ချစ်​တယ်​ဗျာ ရပြီလား"

Goxxd: "ဒါဆိုကိုတို့ ဒီနေ့ကစပြီး တရားဝင်​ချစ်​သူဖြစ်​ပြီနော်​"

Bas: "အင်း"

   ကျောင်းဝန်းတစ်​နေရာမှာ Bas​ကို ရင်​ခွင်​ထဲထည့်​ထားရင်း Goxxd တစ်​ယောက်​ပျော်​နေတယ်​။ ရှေ့ဆက်​အနာဂတ်​မှာ ဘာတွေဖြစ်​လာမယ်​ဆိုတာ မကြည့်​တော့ပဲ လက်​ရှိမှာ ကိုချစ်​တဲ့သူနဲ့ ပျော်​အောင်​နေဖို့ Goxxd စိတ်​ထဲမှာ ဆုံးဖြတ်​ချက်​ချလိုက်​တော့တယ်​။






Continue Reading

You'll Also Like

1.3M 50.3K 54
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
547K 19.7K 95
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
740K 16.6K 45
In wich a one night stand turns out to be a lot more than that.
400K 12.1K 93
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...