Heart of Melody

By Phoothitpannnwe

13.8K 995 88

အချစ်​ဆိုတာ လူတိုင်းမှာရှိပါတယ်​။ ၅၂၈၊ ၁၅၀၀ စတဲ့အချစ်​တွေကို ခံစားတတ်​ဖို့ နှလုံးသားတစ်​စုံတော့ လူတိုင်းမှာ... More

✴️Intro✴️
✴️Part 1✴️
✴️Part 2✴️
✳️Part 3✳️
✴️Part 4✴
✴️Part 5✴️
✴️Part 6✴️
✴️Part 8✴️
✴️Part 9✴️
✴️️Part 10✴️
✴️Part 11✴️
✴️Part 12✴️
✴️Part 13✴️
✴️Part 14✴️
✴️Part 15✴️
✴️Part 16✴️
✴️Part 17✴️
✴️Part 18✴️
✴️Part 19✴️
✴️Part 20✴️[Final]

✴️Part 7✴️

592 46 2
By Phoothitpannnwe

Heart of Melody

   အိမ်​ထဲကို ဝင်​လာတဲ့ Bas ရဲ့နောက်​ကနေ Kim တစ်​ယောက်​လိုက်​ပါလာတယ်​။ ဧည့်​ခန်းထဲ ရောက်​တာနဲ့ Bas က Kim ဘက်​ကို လှည့်​လာတယ်​။

Bas: "ထိုင်​ပါဦး P..ကျွန်​တော်​ Cop ကို သွားခေါ်ပေးပါ့မယ်​"

Kim: "ရရဲ့လားး အဆင်​မပြေရင်​ P ပဲ အခန်းထဲလိုက်​တွေ့လိုက်​မယ်​"

"Ai Bas ဘယ်​သူရောက်​နေတာလဲ"

   Kim နဲ့ Bas စကားပြောနေတုန်း အိမ်​ပေါ်ထပ်​ကနေ ဆင်းလာတဲ့ Cop။ Tee ကအနောက်​က လိုက်​ဆင်းလာတာတွေ့ရပြီး အနွေးထည်​လေးနဲ့ မျက်​နှာလေးညှိုးသွားသယောင်​ရှိတဲ့ Cop ကို Kim တစ်​ယောက်​ စိုးရိမ်​တဲ့မျက်​ဝန်းတွေနဲ့ ကြည့်​နေတယ်​။ သိုပေမယ့်​ တစ်​မျိုးထင်​သွားမှာစိုးရိမ်​လို့ ပူပန်​နေတဲ့စိတ်​ကို လျှော့ချလိုက်​ပြီး တည်​ငြိမ်​စွာနဲ့နှုတ်​ဆက်​လိုက်​တယ်​။

Kim: "Sawade Khrap N..ကို့ကိုမှတ်​မိလား"

Cop: "Mr Kim..ဒီကိုဘာကိစ္စရှိလို့လဲဗျ"

Kim: "အစကတော့ အလုပ်​ကိစ္စနဲ့လာတာပါ။ ဒါပေမယ့်​ N ကနေမကောင်းဘူးဆိုတော့.."

Cop: "ရပါတယ်​ပြောပါ..ကျွန်​တော်​လဲသက်​သာနေပါပြီ"

Kim: "Rose ကုမ္ပဏီက ရှယ်​ယာရှင်​တွေခေါ်ထားတယ်​ကြားလို့ပါ ကိုလဲစိတ်​ဝင်​စားသွားတာကြောင့်​ လာခဲ့တာ"

Cop: "ဟုတ်​ပါတယ်​ ကျွန်​တော်​မနေ့ကမှ ကြေညာလိုက်​တာပါ သတင်းတွေကမြန်​သားပဲ"

Kim: "ဒါဆို ကိုကပထမဆုံးရှယ်​ယာရှင်​ပေါ့"

Cop: "Khrap..Mr Kim ကဘယ်​လောက်​ ရာခိုင်​နှုန်းလောက်​ ရှယ်​ယာဝင်​ချင်​တာလဲ"

Kim: "ဖြစ်​နိုင်​ရင်​ နောက်​ထပ်​ရှယ်​ယာရှင်​တွေကို ထပ်​မခေါ်စေချင်​ဘူး"

Cop: "ဗျာ..ဘာကြောင့်​လဲ"

Kim: "N တို့သတ်​မှတ်​ထားတဲ့ ရှယ်​ယာတွေအကုန်​လုံးကို ကိုဝယ်​ချင်​တာ"

Tee: "တစ်​ကယ်​ကြီးလား"

Kim: "ဟုတ်​ပါတယ်​ N တို့ကမ်းလှမ်းထားတဲ့ Share အချို့ကို ကိုတစ်​ယေက်​တည်း ဝယ်​မယ်​"

Cop: "ဒါပေမယ့်​ တစ်​ချို့ရှယ်​ယာရှင်​တွေကလဲ ကျွန်​တော့်​ လုပ်​ငန်းကို စိတိဝင်​စားနေကြတယ်​ဗျ"

Kim: "ကိုတစ်​ယောက်​တည်း ပိုင်​ဆိုင်​ခွင့်​မရှိဘူးလား"

Cop: "ဗျာ..."

Kim: "Aww..N ခေါ်ထားတဲ့ Share ကို ကိုအကုန်​ဝယ်​ထားတော့ N လဲ အလုပ်​သိပ်​မရှုပ်​တော့ဘူးလေ..ပြီးတော့ ကိုကတစ်​ခြားသူတွေနဲ့ ယှဉ်​တွဲပြီး လုပ်​ငန်းတစ်​ခုကိုလုပ်​တာ ဒါပထမဆုံးဆိုတော့..."

Cop: "ကောင်းပြီလေ ကျွန်​တော်​လဲ အလုပ်​ရှုပ်​သက်​သာသွားတာပေါ့ ကြေညာထားတဲ့ပို့စ်​ကို အခုပဲဖျက်​ပေးပါ့မယ်​။ စာချုပ်​အတွက်​ကတော့ မနက်​ဖြန်​မှ Rose ရုံးခန်းမှာပဲတွေ့ပြီး ဆွေးနွေးရအောင်​"

Kim: "Ok ကို့ကိုခွင့်​ပြုပါဦး"

Cop: "ကောင်းပါပြီ"

   Kim ကို Bas ကအိမ်​ရှေ့ထိ လိုက်​ပို့ပေးပြီး ပြန်​ဝင်​လာတော့ Tee နဲ့ Cop က ဧည့်​ခန်းထဲမှာထိုင်​နေတုန်းပဲ။ မျက်​နှာချင်းဆိုင်​မှာ Bas ဝင်​ထိုင်​တော့ Tee က စကားစပြောတယ်​။

Tee: "မင်း တစ်​ကယ်​ပဲ P Kim နဲ့ အလုပ်​တွဲလုပ်​မှာလား Ai Cop"

Cop: "အင်း ဘာလို့လဲ"

Tee: "Rose ကုမ္ပဏီက ရှယ်​ယာရှင်​တွေ ခေါ်လေ့မရှိတာကြောင့်​ မေးကြည့်​တာပါကွာ"

Cop: "ငါလုပ်​ငန်းတိုးချဲ့စရာရှိလို့ပါကွာ"

Bas: "အင်းလေ မင်းလုပ်​နိုင်​မယ်​ဆိုတာ ငါတို့သိပါတယ်​"

Cop: "ကျေးဇူးကွာ..မင်းတို့အတွက်​ ငါအခန်းပြင်​ခိုင်းပြီးပြီ"

Tee: "အပိုတွေလုပ်​မနေနဲ့ ငါတို့အတူတူအိပ်​နေကြကို"

Bas: "အေးလေ ငါတို့သုံးယောက်​အတူမအိပ်​ရတာကြာပြီ"

Cop: "မင်းတို့က ကလေးတွေလား"

Tee: "ဟေ့ကောင်​အပိုတေပြောမနေနဲ့ ငါတို့က ညီအကိုရင်းထက်​တောင်​ ပိုခင်​တွယ်​သေးတာကို"

Cop: "ငါဖျားနေတယ်​လေကွာ...အဖျားတွေကူးကုန်​မှာစိုးလို့ကွ"

Bas: "ဘာမှမဖျားဘူး အဖျားပါပျောက်​သွားမှာ လာပါကွာ"

   Cop ကိုဆွဲခေါ်ပြီး သုံးယောက်​သားတစ်​ကုတင်တည်းအတူတူအိပ်​ဖြစ်​ကြတယ်​။ အိပ်​ပျော်​နေတုန်းမှာ Tee ရဲ့ဖုန်းက မြည်​သံကြားရတယ်​။ ဖုန်းက Teeနံဘေးမှာဆိုတော့ Tee နိုးလာခဲ့တယ်​။ အိပ်​ချင်​မူးတူးနဲ့ ဖုန်းsecreen ကို မကြည့်​ပဲ ပြန်​ဖြေလိုက်​တယ်​။

Tee: "Hello..."

"Hello..N အိပ်​နေတာလားး။ sorry..P နှိုးသလိုဖြစ်​သွားလား"

Tee: "အင်းးး ဘယ်​သူလဲ.."

"Tae ပါဗျ"

Tee: "ဟမ်​.."

   အိပ်​ချင်​တာတွေတောင်​ ဘယ်​ရောက်​သွားမှန်းမသိတဲ့ Tee ပါ။ ခုနက အိပ်​ချင်​တဲ့စိတ်​ကြောင့်​ ဖုန်းပြောတာ ကြားတစ်​ချက်​မကြားတစ်​ချက်​ဖြစ်​နေတဲ့ Tee က အခုတော့ ကောင်းကောင်းကြီးကိုနိုးသွားပါတယ်​။

Tae: "Hello.. N ပြန်​အိပ်​သွားတာလား"

Tee: "မအိပ်​ပါဘူး နိုးသွားပြီ။ ဘာကိစ္စရှိလို့လဲ"

Tae: "မနက်​ဖြန်​ ကိုလာကြိုလို့ရမလား"

Tee: "မလိုပါဘူး ကျွန်​တော့်မှာကားပါတယ်​"

Tae: "မနက်​က ကိုပေးလိုက်​တဲ့လက်​ဆောင်​ရလား"

Tee: "အင်း ခင်​ဗျားကို..."

Tae: "P လို့ခေါ်ပေးလို့မရဘူးလား..ဒီတစ်​ခုတော့ ကို့ဆန္ဒကို လိုက်​လျောပေးပါ"

Tee: "ဟုတ်​ပြီလေ ဒါပေမယ့်​ တစ်​ခုတော့အစားပြန်​ပေးရမယ်​"

Tae: "ပြောလေ ကိုဘာလုပ်​ပေးရမလဲ"

Tee: "မနက်​တိုင်းပို့နေတဲ့ လက်​ဆောင်​တွေ ထပ်​မပို့ရတော့ဘူး"

Tae: "ဘာလို့လဲ ကိုပေးတဲ့လက်​ဆောင်​ကို သဘောမကျဘူးလား"

Tee: "မဟုတ်​ပါဘူး Mae တို့မေးလာမယ့်​မေးခွန်းကို ကျွန်​တော်​မဖြေချင်​ဘူး"

Tae: "ကိုက ယောက်ျားတစ်​ယောက်​ဖြစ်​နေတာကြောင့်​လား"

Tee: "အဲ့လိုအဓိပ္ပာယ်​မျိုးမဟုတ်​ပါဘူး။ ကျွန်​တော်​က ငယ်​သေးတယ်​လေ။ ကျွန်​တော့်​အချစ်​ရေးကို အိမ်​ကဝင်​စွက်​ဖက်မှာမျိုး ကျွန်​တော်​မလိုလားဘူး"

Tae: "ဟုတ်​ပါပြီ ကိုနားလည်​ပါတယ်​။ ကို့ဘက်​ကလဲ အရမ်းလောသွားမိတာပါ"

Tee: "အင်းးး P ပြောမှာ ဒါပဲမလား။ ကျွန်​တော်​အိပ်​ချင်​နေပြီ"

Tae: "ဟားး ဟုတ်​ပါပြီဗျာ။ ဖုန်းဆက်​လို့တော့ရတယ်​မလား"

Tee: "Khrap"

Tae: "ကျေးဇူးပါ N..အိမ်​မက်​လှလှမက်​ပါစေ goodnight ..bye"

Tee: "Ok..Good night P"

   တစ်​ဖက်​က ဖုန်းချသွားပြီး အချိန်​အတော်​ကြာမှာ ပြန်​အိပ်​ပျော်​သွားတဲ့ Tee။ မနက်​မိုးလင်းတော့ Tee နိုးလာပြီး ဘေးဘက်​ကို ကြည့်​လိုက်​တော့ Cop မရှိတော့ဘူး။ Bas တစ်​ယောက်​ကတော့ တစ်​ဖက်​မှာ အခုချိန်​ထိအိပ်​ပျော်​နေတုန်း။ Tee လဲ Bas အနားသွားပြီး နှိုးနေတော့တယ်​။

Tee: "Ai Bas....Ai Bas....ဟေ့ကောင်​ Ai Bas"

Bas: "ဟင်​..ဟင်​..Ai Tee..ဘာဖြစ်​တာလဲ"

Tee: "Ai Cop ရော..."

Bas: "အောက်ထပ်​မှာ မနက်​စာပြင်​နေတာနေမှာပေါ့ကွာ။ ငါတို့အတွက်​ ပြင်​ပေးနေကြပဲ"

Tee: "ဟေ့ကောင်​ Ai Cop က နေကောင်းသေးတာ မဟုတ်​ဘူးလေ"

Bas: "အာ...အေးဟုတ်​သားပဲ...လာ..အောက်​ထပ်​ဆင်းရအောင်​"

   Tee နဲ့ Bas အောက်​ထပ်​ဆင်းလာတော့ သူတို့ထင်​ထားတဲ့အတိုင်းပဲ Cop တစ်​ယောက်​ မနက်​စာပြင်​ဆင်​နေလေရဲ့။

Tee: "ဟေ့ကောင်​ Ai Cop မင်းနေကောင်းသေးတာလဲ မဟုတ်ပဲနဲ့ ဘာလို့မနက်​စာပြင်​နေတာလဲ"

Cop: "ငါနေမကောင်းသေးဘူးလို့ မင်းကိုဘယ်​သူပြောလဲ"

Bas: "အင်း မျက်​နှာကတော့ လန်းဆန်းနေတာပဲ။ ဧကန္တ မနေ့ညက အားဆေးလာတိုက်​သွားတဲ့သူကြောင့်​ ပြန်​ကောင်းသွားတာနေမယ်​ကွ"

Tee: "Ai Bas မင်းဘယ်​သူ့ကိုပြောနေတာလဲကွ။ မနေ့ညက ငါတို့တိုက်​တာ အားဆေးမပါပါဘူး"

Cop: "အေးလေ မင်းဘာတွေပြောနေတာလဲ"

Bas: "ငါပြောတာ အဲဒီအားဆေးမဟုတ်​ဘူးကွ။ လူတစ်​ယောက်​ကပေးသွားတဲ့ အားဆေး"

Tee: "Shit!!Ai Bas ပြောစရာရှိတာ ရှင်းရှင်းလင်းပြောကွာ စိတ်​မရှည်​တော့ဘူး"

Bas: "ဒီလိုကွာ ညကလူတစ်​ယောက်​လာသွားတယ်​လေ"

Cop: "Shit!! Ai Bas စစရာရှားလို့ကွာ"

Tee: "အေးလေ..ဒါပေမယ့်​ မင်းနဲ့တော့လိုက်​တယ်​ကွ Ai Copရ"

Cop: "မင်းတို့နှစ်​ကောင်​ အိမ်​ပေါ်ကကန်​ချခံချင်​နေပြီလား"

Bas: "စတာပါကွာ..ဒါနဲ့ မင်းဒီနေ့ကျောင်းတက်​မှာလား"

Cop: "အေး တက်​မယ်​..ဒါပေမယ့်​ မနက်​စာစားပြီးရင်​တော့ အလုပ်​ကိစ္စသွားရဦးမယ်​"

Tee: "ချစ်​ချစ်​ကြီးနဲ့ သွားတွေ့မှာမလား"

Bas: "အမှန်​ပဲ"

  Tee နဲ့ Bas ကိုကြည့်​ရင်း Cop ခေါင်းသာရမ်းနေတော့တယ်​။ မနက်​စာစားပြီး Tee နဲ့ Bas ကကျောင်းဝတ်​စုံလဲဖို့ သူတို့ရဲ့အိမ်​ကိုပြန်​သွားတယ်။ Cop လဲ ကျောင်းဝတ်​စုံကိုလဲပြီး ကားထဲကို ကျောင်းနဲ့ပတ်​သက်​တာရော အလုပ်​နဲ့ပတ်​သက်​တဲ့ စာရွက်​စာတမ်းတွေပါထည့်​ပြီး Kim နဲ့ချိန်းထားတဲ့ Rose ကုမ္ပဏီကို ထွက်​လာလိုက်​တယ်​။ ကုမ္ပဏီကိုရောက်​တော့ Kim ကကြိုရောက်​နေတာတွေ့ရတယ်​။

Cop: "ကျွန်​တော်​ နောက်​ကျသွားလားဗျ"

Kim: "ကွက်​တိပါပဲ။ အချိန်​တိကျလို့လဲ အောင်​မြင်​တဲ့သူတစ်​ယောက်​ဖြစ်​နေပုံပဲ"

Cop: "ခင်​ဗျားကတော့ မြှောက်​နေပြန်​ပါပြီ"

Kim: "အဲဒီခင်​ဗျားဆိုတာနဲ့ လူကြီးမင်းဆိုတာကြီးကို မခေါ်လို့ရမလား။ ကိုတို့က လုပ်​ငန်းပါတနာတွေတောင်​ ဖြစ်​တော့မယ်​ အခုထိကို့ကို သူစိမ်းလိုဆက်​ဆံနေတုန်းလား"

Cop: "ဒါဆို ဘယ်​လိုခေါ်စေချင်​လဲ"

Kim: "ကိုကို"

Cop: "ဘာဗျ....."

Kim: "အာ sorry ကိုစကားပြောလောသွားတယ်​။ P လို့ခေါ်ပါဗျ"

Cop: "ကောင်းပြီလေ အခုတော့လုပ်​ငန်းကိစ္စဆက်​ဆွေးနွေးရအောင်​"

Kim: "ဟုတ်​ကဲ့ပါဗျ"

  စနောက်​နေတဲ့ Kimကိုကြည့်​ရင်း Cop ဒုတိယအကြိမ်​ ခေါင်းရမ်းနေမိတော့တယ်​။ သို့ပေမယ့်​ လုပ်​ငန်းအကြောင်းဆွေးနွေးပြီး စာချုပ်​ချုပ်​တဲ့နေရာမှာ Kim ဟာ မထင်​မှတ်​ထားလောက်​အောင်​ လူကြီးလူကောင်းဆန်​နေပြီး တည်​ငြိမ်​နေတယ်​။ Cop က Kim ရဲ့အလုပ်​ပေါ်ထားတဲ့ခံယူချက်​ကို လေးစားနေမိတယ်​။ Kim နဲ့အလုပ်​ကိစ္စဆွေးနွေးတိုင်​ပင်​ပြီး ကျောင်းသွားဖို့ပြင်​လိုက်​တယ်​။

Kim: "ကျောင်းသွားမလို့လား N"

Cop: "Khrap"

Kim: "ဘာမေဂျာယူထားတာလဲ"

Cop: "စီးပွားရေးပါ P"

Kim: "ကိုလဲ စီးပွားရေးနဲ့ကျောင်းပြီးထားတာပဲ"

Cop: "Khrap P..ကျွန်​တော့်​ကို သွားခွင့်​ပြုပါဦး"

Kim: "ကိုလိုက်​ပို့ပေးရမလား"

Cop: "မလိုပါဘူး"

Kim: "ဟုတ်​ပါပြီ ဒါဆိုကို့ကိုလဲ သွားခွင့်​ပြုပါဦး bye"

Cop: "Khrap Bye"

Cop တစ်​ယောက်​ Kim ကိုနှုတ်​ဆက်​ပြီး ကျောင်းကို ထွက်​လာခဲ့တယ်​။ သူ့ကားနောက်​မှာ လိုက်​လာတဲ့ Taxi တစ်​စီးကို သတိမထားမိပဲနဲ့ ကျောင်းရောက်​လာတယ်​။ Cop ကျောင်းထဲဝင်​သွားတဲ့ အထိငေးကြည့်​နေတဲ့ Taxi ပေါ်က Kimကတော့ ပြုံးနေလေရဲ့။ ဘာကြောင့်​ဆိုတာ အဖြေမထုတ်​ချင်​သေးပေမယ့်​ Cop နဲ့ရင်းနှီးခွင့်​ကို သူရယူချင်​တယ်​။ Cop ကိုရယ်​မောပျော်​ရွှင်​အောင်​ ဟာသတွေပြောချင်​နေတယ်​။ ကျောင်းထဲဝင်​သွားတဲ့ ပုံရိပ်​လေးကို ငေးကြည့်​နေတုန်း ကားသမားအသံကြားမှ Kim တစ်​ယောက်​ သတိပြန်​ဝင်​လာတယ်​။

"အကို ဆင်းမှာလားဗျ"

Kim: "အာ...မဆင်းတော့ဘူး ခုနလာခဲ့တဲ့ နေရာကိုပဲ ပြန်​ပို့ပေးပါ"

"Khrap"

     တစ်​ဖက်​မှာတော့ စာသင်​ဆောင်​ဆီ လျှောက်​လာတဲ့ Cop ကို Bas မြင်​တော့ လက်​ဝှေ့ယမ်းပြနေတယ်​။ Bas တစ်​ယောက်​အခုတလော ပိုပြီးကလေးဆန်​လာတယ်​လို့ Cop တွေးနေတယ်​။

Bas: "ဘယ်​လိုလဲ မင်းလူကြီးနဲ့တရားဝင်​ဖြစ်​သွားပြီလား"

Cop: "ဘာကိုလဲ"

Bas: "အလုပ်​ကိစ္စပြောပါတယ်​"

Cop: "Ai Bas မင်းဘာသာမင်း P Goxxd ကို အေးဆေးကြွေစမ်းပါကွာ။ ငါ့ကိုဆွဲထည့်​မနေနဲ့"

Bas: "ဟေ့ကောင်​ ငါကြွေတာကသပ်​သပ်​ကွ။ မင်းကိုဆွဲထည့်​တာ မဟုတ်​ဘူး...ငါမြင်​တာကိုပြောနေတာ"

Cop: "နေပါဦး မင်းကဘာကိုမြင်​တာလဲ"

Bas: "မနေ့ညက မင်းနေမကောင်းဖြစ်​နေတယ်​ဆိုပြီးပြောတော့ သူအရမ်းစိုးရိမ်​သွားတာကွ"

Cop: "မဖြစ်​နိုင်​တာကွာ..."

Bas: "ငါတစ်​ကယ်​ပြောနေတာကွ"

Cop: "တော်​လိုက်​တော့ ဟိုမှာ ဆရာလာနေပြီ"

  Bas ကတော့ သူမြင်​တဲ့အတိုင်းပြောနေပေမယ့်​ Cop ကတော့ မယုံခဲ့ဘူး။ ဘာကြောင့်​လဲဆိုရင်​ Kim လို Play Boy လဲဖြစ်​သလို မိန်းကလေးတွေပဲ သဘောကျတတ်​သူက သူလိုယောက်ျားတစ်​ယောက်​ကို စိတ်​ဝင်​စားနိုင်​စရာ အကြောင်းမရှိနိုင်​ဘူးလို့ ယူဆထားတယ်​။ တစ်​ကယ်​လို့ Bas ပြောသလို Kimဘက်​က မရိုးသားခဲ့ရင်​လဲ Copဘက်​ကငြင်းဆန်​ဖို့က ၁၀၀ ရာခိုင်​နှုန်းသေချာနေတယ်​။ ဘာကြောင့်​လဲဆိုတော့ Cop ကိုချစ်​တတ်​အောင်​ သင်​ပေးဖို့လိုအပ်​နေသလို Copကိုယ်​တိုင်​ သူ့ရဲ့ရင်​ခုန်​သံကို ပြန်​ကြားအောင်​လုပ်​ဖို့ လိုအပ်​နေလေရဲ့။

Continue Reading

You'll Also Like

191M 4.5M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
55.1M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
1.7M 17.3K 3
*Wattys 2018 Winner / Hidden Gems* CREATE YOUR OWN MR. RIGHT Weeks before Valentine's, seventeen-year-old Kate Lapuz goes through her first ever br...
28.8M 915K 49
[BOOK ONE] [Completed] [Voted #1 Best Action Story in the 2019 Fiction Awards] Liam Luciano is one of the most feared men in all the world. At the yo...