Heart of Melody

By Phoothitpannnwe

13.8K 995 88

အချစ်​ဆိုတာ လူတိုင်းမှာရှိပါတယ်​။ ၅၂၈၊ ၁၅၀၀ စတဲ့အချစ်​တွေကို ခံစားတတ်​ဖို့ နှလုံးသားတစ်​စုံတော့ လူတိုင်းမှာ... More

✴️Intro✴️
✴️Part 1✴️
✴️Part 2✴️
✳️Part 3✳️
✴️Part 4✴
✴️Part 5✴️
✴️Part 7✴️
✴️Part 8✴️
✴️Part 9✴️
✴️️Part 10✴️
✴️Part 11✴️
✴️Part 12✴️
✴️Part 13✴️
✴️Part 14✴️
✴️Part 15✴️
✴️Part 16✴️
✴️Part 17✴️
✴️Part 18✴️
✴️Part 19✴️
✴️Part 20✴️[Final]

✴️Part 6✴️

584 49 3
By Phoothitpannnwe

Heart of Melody

Tae ရေးပေးတဲ့စာကြောင်းတိုလေးကို ဖတ်​ပြီးတော့ Tee တစ်​ယောက်​ ဆိုင်​ထဲက လူတစ်​ချို့ထဲမှာ Tae ကို ရှာကြည့်​နေတယ်​။ တစ်​နေရာအရောက်​မှ Tee ကို လက်​လှမ်းပြနေတဲ့ Tae ကသူ့သူငယ်​ချင်းတွေနဲ့ ပြုံးပြီး ကြည့်​နေတာတွေ့ရတယ်​။ Cop ကဘာတွေဖြစ်​နေလဲဆိုတာ သိချင်​နေပေမယ့်​ Bas ကတော့Goxxd ကိုမြင်​သွားတဲ့အချိန်​မှာ သူ့ရဲ့ဘယ်​ဘက်​ရင်​အုံက လှုပ်​ခတ်​လာတယ်​။ Cop က ငွေရှင်းကောင်​တာဘက်​ကို လှည့်​ပြီး စောနကဝန်​ထမ်းကိုကြည့်​ပြီးပြောလိုက်​တယ်​။

Cop: "ဒီမှာ ကျွန်​တော်​တို့ဝိုင်းအတွက်​ပိုက်​ဆံ။ သူတို့ရဲ့ပိုက်​ဆံကို ပြန်​ပေးလိုက်​ပါ။ ပြီးတော့ ဒီစာကိုပါ ပြန်​ပေးလိုက်​ပါ"

"ဟို ဟုတ်​ကဲ့ပါဗျ"

Cop: "ဟေ့ကောင်​တွေ သွားမယ်​"

Tee: "Aww အေးအေး"

ဒီလိုနဲ့ Tee နဲ့ Bas နဲ့ကိုခေါ်ပြီး Cop တစ်​ယောက်​ သူ့အိမ်​ကိုပြန်​လာတယ်​။ သူ့အိမ်​ထဲကို ရောက်​တော့ အရှေ့ကနေ သွားပြီး ဧည့်​ခန်းထဲမှာ အရင်​ထိုင်​လိုက်​တယ်​။

Tee: "Ai Cop ငါတို့ကို အိမ်​ပြန်​မပို့ပေးဘဲ ဘာလို့ မင်းအိမ်​ခေါ်လာတာလဲ"

Bas: "ဘာပြောစရာရှိလို့လဲ"

Cop: "Ai Tee မင်းငါတို့ကို တစ်​ခုခုမပြောပြချင်​ဘူးလား"

Bas: "အေး Ai Tee ခုဏကကိစ္စကဘာလဲကွ။ မင်းကို တာ့တာ လှမ်းပြနေတဲ့သူကရော ဘယ်​သူလဲ"

Tee လဲ လွန်​ခဲ့တဲ့တစ်​ပတ်​ကနေစပြီး အခုချိန်​ထိ ဖြစ်​ပျက်​သမျှအားလုံးကို ရှင်းပြနေတယ်​။ Cop ကတော့ တည်​တည်​ငြိမ်​ငြိမ်​ပဲ နားထောင်​နေပေမယ့်​ Bas တစ်​ယောက်​ကတော့ အံသြခြင်းတွေနဲ့ နားထောင်​နေတယ်​။

Bas: "ဘာ... ဒါဆို မင်းကိုအဲဒီ P Tae ဆိုတဲ့လူက သဘောကျနေတာပေါ့"

Tee: "အင်းကွာ ငါလဲဘာလုပ်​ရမှန်းမသိဘူး"

Cop: "မင်းဘက်​က သေချာလေ့လာပေါ့"

Bas: "အေး ဟုတ်​တယ်​"

Cop: "Ai Tee ကိုပြောမနေနဲ့ မင်းကရော Ai Bas..မင်း ဟိုညက ဝင်​တိုက်​ခဲ့တဲ့ တစ်​ယောက်​က အဲ့အဖွဲ့ထဲကပဲမလား"

Bas: "မင်းးမင်းဘယ်​လိုသိတာလဲ"

Cop: "အဲ့ညမှာဖြစ်​တဲ့ကိစ္စကို ငါ CCTV ကနေ ပြန်​ကြည့်​ပြီးသား"

Tee: "ဘာတွေဖြစ်​ကြတာလဲ"

Cop: "မင်းကို သဘောကျနေတဲ့ P Tae ရဲ့ သူငယ်​ချင်း P Goxxd က Ai Bas နဲ့ တစ်​ခါဝင်​တိုက်​ဖူးတယ်​။ Ai Bas ကလဲ စိတ်​ဝင်​စားနေသလို P Goxxd ပုံစံကလဲ Ai Bas ကို သဘောကျနေတယ်​"

Bas: "မင်း သူ့အကြောင်း သိနေတာလား"

Cop: "အင်း သိတယ်​ မင်းစိတ်​ဝင်​စားတယ်​ဆိုကတည်းက စုံစမ်းထားတာ။ P Goxxd က Itthipat လုပ်​ငန်းစုရဲ့ CEO..တစ်​ခါတစ်​လေ သူဝါသနာပါတဲ့ Model အလုပ်​ကိုလဲ လုပ်​ကိုင်​လေ့ရှိတယ်​။ သူ့မှာ သူငယ်​ချင်းနှစ်​ယောက်​ပဲရှိတယ်​။ တစ်​ယောက်​က P Tae၊ နောက်​တစ်​ယောက်​က P Kimmon"

Tee: "P Tae အကြောင်းပါ သိနေတာလားကွ"

Cop: "အင်း P Goxxd ကဘယ်​လိုလူစားမျိုးဆိုတာကို သိချင်​လို့စုံစမ်းရင်း သိတာ။ ဒါပေမယ့်​ ငါဘဝင်​မကျတဲ့ အချက်​တော့ရှိတယ်​"

Bas: "ဘာအချက်​လဲ"

Cop: "ဒီလိုကွာ P Tae က အနေအေးတယ်​။ စကားပြောပြတ်​သားပြီး ဆုံးဖြတ်​ချက်​ကလဲ ပြတ်​သားတယ်​။ P Kimmon က လုံးဝကို Play Boy ကွာ။ မိန်းကလေးတွေနဲ့ တွဲသွားတွဲလာသဘောမျိုးရှိတယ်​။ လူတွေနဲ့ ပေါင်းသင်းဆက်​ဆံရေးမှာ အရမ်းတော်​တယ်​"

Tee: "ဒီအချက်​မှာ မင်းကဘာကို ဘဝင်​မကျဖြစ်​တာလဲ"

Cop: "P Goxxd ရဲ့ စရိုက်​ကို ခန့်​မှန်းလို့မရတာ။ သူ့စိတ်​ဓာတ်​ကို ကြည့်​ချင်​ရင်​ သူ့သူငယ်​ချင်းတွေကိုကြည့်​ရမယ်​လို့ ရှေးလူကြီးတွေ ပြောတာကြားဖူးတယ်​။ အခုက သူ့သူငယ်​ချင်းနှစ်​ယောက်​က လုံးဝကို စရိုက်​ကွဲပြားနေတယ်​ကွာ"

Bas: "တူညီတာ တစ်​ခုခုရှိနေလို့နေမှာပေါ့ကွာ"

Cop: "ငါကသဘောပြောတာပါ။ မင်းတို့ကို ငါပြန်​လိုက်​ပို့ပေးမယ်​"

Tee: "Ai Cop!!ကျေးဇူးပါကွာ။ ငါတို့ကို စိတ်​ပူပေးလို့"

Cop: "အာ ငါကစိတ်​ပူလို့မဟုတ်​ပါဘူး ဒီအတိုင်း..."

Bas: "စိတ်​မပူပါနဲ့ ငါတို့သေချာစဉ်းစားပြီးမှ ဆုံးဖြတ်​မှာပါ"

Cop: "အေးပါကွာ..လာ ပြန်​ရအောင်​"

Bas နဲ့ Tee ကို အိမ်​ပြန်​ပို့ပေးပြီး Cop လဲ အိမ်​ပဲပြန်​လာခဲ့တယ်​။ အိမ်​ထဲကိုကြည့်​လိုက်​တော့ နေရာတိုင်းဟာ အမှတ်​တရတွေအပြည့်​ပဲ။ Daddy နဲ့ Mommy တို့မကွာရှင်းမီအထိ Cop တို့မိသားစုလေးက လုံးဝပျော်​ရွှင်​စရာကောင်းခဲ့တယ်​။ Cop ကြောင့်​ပဲ သူ့မိဘတွေဟာ အဆင်​ပြေအောင်​ နေခဲ့ကြပုံပါပဲ။ Cop လဲအတိတ်​ကအမှတ်​တရတွေကို မေ့ပစ်​ပြီး အိမ်​ထဲမှာ စိတ်​ဝင်​စားစရာကောင်းမယ့်​ ဇာတ်​လမ်းတစ်​ခုကို ထိုင်​ကြည့်​နေတယ်​။ သို့ပေမယ့်​ သိပ်​မကြာခင်​ ထိုနေရာလေးမှာပဲ အိပ်​ပျော်​သွားခဲ့တယ်​။ တစ်​ဖက်​မှာတော့ ဝန်​ထမ်းကောင်​လေးကCop ရေးပေးလိုက်​တဲ့စာနဲ့အတူ ပိုက်​ဆံကိုပါ တစ်​ခါတည်းပြန်​ပေးနေတယ်​။

Tae: "N အဲ့ဝိုင်းကို ကိုတို့ရှင်းပေးမယ်​လို့ ပြောပြီးရှင်းသွားတာလေ"

"ဟုတ်​ပါတယ်​ တစ်​ဖက်​ဝိုင်းက သဘောမတူတာကြောင့်​ ပိုက်​ဆံပြန်​လာပေးတာပါ ဒီမှာ စာပါပါတယ်​ဗျ"

Tae နဲ့ God က အရင်​ဖတ်​ပြီး Kimက နောက်​မှ ယူဖတ်​လိုက်​တယ်​။

"#ပေါနေရင်​လဲ မရှိဆင်းရဲသားတွေကို လှူလိုက်​ပါဗျ#"

Kim: "ဟားးးးး"

Tae: "မင်းက ဘာလို့ထရယ်​တာလဲ"

Goxxd: "သူ့ဟာလေးရေးသွားလို့ သဘောကျနေတာ"

Kim: "ဒီကောင်​လေးကို စိတ်​ဝင်​စားမှုက လျော့မသွားတဲ့အပြင်​ ပိုတိုးလာတယ်​"

Tae: "ကြည့်​လဲလုပ်​ဦး ညားနေဦးမယ်​"

Kim: "ညားသွားတော့လဲ ငါ့ကိုသဘောကျတဲ့ မိန်းကလေးတွေ ဝမ်းနည်းကြမှာပေါ့ကွာ ဟားးးး"

    Tae နဲ့ Goxxd ကတော့ Kimရဲ့ စနောက်​နေမှုကို ခေါင်းသာရမ်းနေတော့တယ်​။

Kim: "အေး Ai Goxxd မင်းပြောတဲ့တဲ့သူနဲ့ မနက်​ဖြန်​ မတွေ့တော့ဘူးကွာ"

Goxxd: "ဘာလဲဟ မင်းပြောတော့ စုံစမ်းချင်​တယ်​ဆို"

Kim: "Tsk.. ငါပြောတာဆုံးအောင်​နားထောင်​ဦး အခုဖုန်းဆက်​လို့ရရင်​ ဆက်​လိုက်​ကွာ"

Goxxd: "ဒါပေမယ့်​ လူချင်းတွေ့..."

Tae: "မင်းကောင်​က မစောင့်​နိုင်​ဘူးလေ။ ဆက်​ပေးလိုက်​စမ်းပါကွာ"

Goxxd: "ကောင်းပြီလေ ဆက်​ကြည့်​တာပေါ့"

   Goxxd တစ်​ယောက်​ ပါးစပ်​ကလဲပြော လက်​ကလဲ ဖုန်းကိုထုတ်​ပြီး နံပါတ်​တစ်​ခုကို နှိပ်​လိုက်​တယ်​။ နောက်​တော့ Kim နဲ့ Tae ကြားအောင်​ Speaker ပါဖွင့်​လိုက်​တယ်​။ တစ်​ဖက်​က အမျိုးသားကြီး တစ်​ယောက်​ရဲ့အသံကြားရတယ်​။

"Hello ငါ့တူ ပြော"

Goxxd: "Uncle Kan တစ်​ခုလောက်​ ကူညီပါလား"

Mr Kan: "အေး ပြောလေကွာ"

Goxxd: "ဟို အန်​ကယ်​နဲ့ Mr Panuwat က သူငယ်​ချင်းတွေဆိုတော့ သူ့အကြောင်း သိမှာပေါ့"

Mr Kan: "အင်း အန်​ကယ်​သိတယ်​"

Goxxd: "Mr Panuwat ရဲ့သားနဲ့ သူတို့အကြောင်း ပြောပြပေးနိုင်​မလား"

Mr Kan: "ငါ့တူက ဘာကြောင့်​သိချင်​တာလဲ"

Goxxd: "အော်​ ဘာရယ်​မဟုတ်​ဘူး စိတ်​ဝင်​စားလို့ပါ။ ငယ်​ငယ်​ရွယ်​ရွယ်​နဲ့ စီးပွားရေးလုပ်​ငန်းမှာ အောင်​မြင်​နေတဲ့ ကောင်​လေးအကြောင်းကို သိချင်​ယုံပါပဲ"

Mr Kan: "အင်း ဒီကောင်​လေးက သနားစရာလေးပါ"

Goxxd: "ဘာလို့လဲ အန်​ကယ်​"

Mr Kan: "သူအထက်​တန်းအောင်​တဲ့နေ့မှာပဲ သူ့မိဘတွေက ကွာရှင်းပြီး သူ့ကိုလဲ အမွေတွေနဲ့ တစ်​ယောက်​တည်းထားခဲ့တာလေ"

Goxxd: "ဗျာ...အန်​ကယ်​သိသလောက်​ အကုန်ပြောပြပေးပါလား"

     Cop ရဲ့အကြာင်းကို သိခွင့်​ရပြီးတဲ့အချိန်​မှာ သုံးယောက်​လုံးတိတ်​ဆိတ်​သွားကြတယ်​။ တိတ်​ဆိတ်​မှုကို အရင်​ဖြိုခွင်းလိုက်​သူက Kimmon.

Kim: "ငါပြန်​တော့မယ်​ နောက်​မှတွေ့ကြရအောင်​ကွာ"

Tae: "Aww အေးအေး see you"

  အတွေးတွေနဲ့ အိမ်​ကိုပြန်​လာခဲ့တဲ့ Kim. Copကို ပြုံးရယ်​နေစေချင်​နေပြီး အမြဲတမ်းပျော်​ရွှင်​နေစေချင်​တယ်​။ ဘာကြောင့်​ရယ်​မှန်းမသိပေမယ့်​ Cop ဒီလိုမျိုးဖြစ်​နေတာကို Kim သဘောမကျဘူး။ ဘာလုပ်​ရမယ်​ဆိုတာကို Kim တစ်​ယောက်​ အကြံထုတ်​နေရင်းနဲ့ Cop ရဲ့ IG ကိုဖွင့်​ကြည့်​လိုက်​တယ်​။ နောက်​ပြီး Cop ပိုင်​ဆိုင်​တဲ့လုပ်​ငန်းစုတွေကို ရှာကြည့်​ရင်း သူဘာဆက်​လုပ်​ရမလဲဆိုတာသဘောပေါက်​သွားတယ်​။ Kim တစ်​ယောက်​ Cop နားကို ဘယ်​လိုချဉ်းကပ်​ရမှန်း သိသွားလို့ ပြုံးနေတုန်း တံခါးခေါက်​သံကြားရတယ်​။ တံခါးဖွင့်​ပေးလိုက်​တော့ Mrs Varadom ဖြစ်​နေလို့ Kim တစ်​ယောက်​ သူ့အမေရင်​ခွင်​ထဲ ဝင်​လိုက်​တယ်​။

Mrs Varadom: "ချွဲစိန်​လေး Kimmy..Momဆီက ဘာလိုချင်​လို့လဲ။ အသက်​က ၂၅နှစ်​ရှိနေပြီ။ အခုထိ ကလေးလိုနေတုန်းလား"

Kim: "Mom ကလဲ သားကလေးလိုနေလို့ အခုလိုနုနေတာပါနော်​"

Mrs Varadom: "နေပါဦး သားကိုနုတယ်​လို့ဘယ်​သူက ပြောတာလဲ"

Kim: "Mom..."

Mrs Varadom: "ဟုတ်​ပါပြီ နုပါတယ်​နော်​....ဒါနဲ့ Fashion လုပ်​ငန်းကအဆင်​ပြေရဲ့လား"

Kim: "ပြေတယ်​ Mom..သား လုပ်​ငန်းတစ်​ခုထဲမှာ Share ထည့်​ချင်​လို့"

Mrs Varadom: "ဘယ်​လုပ်​ငန်းလဲသားရဲ့"

Kim: "Rose Hotel မှာပါ"

Mrs Varadom: "Rose Hotel ကရှယ်​ယာရှင်​တွေ မခေါ်ဖူးပါဘူးသားရဲ့"

Kim: "အခုခေါ်နေတယ်​ Mom..အမြတ်​အတွက်​လဲ စိတ်​ပူစရာမလိုဘူး"

Mrs Varadom: "သားအဆင်​ပြေသလိုလုပ်​ ပိုက်​ဆံလိုရင်​ Mom ဆီက ယူပေါ့"

Kim: "ယေးး ဒါမှသားMom ကွ"

Mrs Varadom: "😄😄😄"

   Kim ပိုင်​ဆိုင်​ထားတဲ့ မိသားစုက Happy Family လို့ပြောလို့ရတယ်​။ Kim ရဲ့ Mom က နိုင်​ငံခြားသွေးပါပြီး ငယ်​ငယ်​ကလဲ နိုင်​ငံခြားမှာပဲအနေများတော့ ပွင့်​လင်းမှုရှိတယ်​။ Kim ကိုထိန်းချုပ်​မှုတွေ မလုပ်​ပဲ သူငယ်​ချင်းလို တိုင်​ပင်​ဆွေးနွေးပေးတတ်​တယ်​။ Kim ရဲ့ Dad ကတော့ အနေအေးပြီး Mrs Varadom ရဲ့စကားကို နားထောင်​လေ့ရှိတယ်​။

"Hello...Ai Bas ပြော"

Bas: "Ai Cop...ဘယ်​အချိန်​ရှိနေပြီလဲ..မင်းကျောင်းမတက်​ဘူးလား"

Cop: "အာ ငါအိပ်​ပျော်​သွားလို့ Sorry ကွာ..အခုပြင်​ဆင်​ပြီး ထွက်​လာခဲ့မယ်​"

Bas: "အင်း မြန်​မြန်​လုပ်​"

Cop: "အေးပါကွ"

   Bas ဖုန်းဆက်​တော့မှ အိပ်​ယာကနိုးလို့ ထလိုက်​တာ ခေါင်းထဲမိုက်​ခနဲဖြစ်​သွားတဲ့ Cop..သေချာကြည့်​တော့မှ ညက ဆိုဖာပေါ်အိပ်​နေမိတယ်​ဆိုတာကို ရိပ်​မိတယ်​။ အပေါ်ထပ်​အခန်းထဲဝင်​ ရေချိုးပြီးတဲ့အထိ တစ်​ကိုယ်​လုံးနုံးချိနေသလို ခံစားနေရလို့ မနက်​စာစားပြီး ဆေးသောက်​ရင်း ကျောင်းကိုထွက်​သွားတဲ့ Cop။ ကားကိုဖြည်းဖြည်းချင်းမောင်းပြီး ကျောင်းကိုရောက်​တော့ Bas ကပြောဖို့ပြင်​နေပြီးမှ Cop မျက်​နှာနီနေတာကို သတိထားမိသွားတယ်​။

Bas: "Ai Cop..မင်းနေမကောင်းဘူးလား မျက်​နှာကြီးရဲနေတယ်​"

Cop: "ဟုတ်​မယ်​ထင်​တာပဲ အိပ်​ယာကနိုးတော့ နုံးနေတာနဲ့ မနက်​စာစားပြီး ဆေးသောက်​လာတယ်​။ လာကွာ အတန်းသွားတက်​ရအောင်​"

Bas: "မတက်​နဲ့တော့ ခွင့်​ယူလို့ရတယ်​။ မင်းကိုယ်​အရမ်းပူနေတယ်​"

Cop: "ကျောင်းပဲရောက်​နေပြီကွာ"

Bas: "လာပါကွာ ဆေးခန်းသွားရအောင်​..မင်းကားမောင်းလာတာလား"

Cop: "အင်းး"

Bas: "Shit!!Ai Cop ဒီလောက်​နေမကောင်းဖြစ်​နေတာ ကားမောင်းလာရလားကွ..လမ်းမှာ တစ်​ခုခုဖြစ်​ရင်​ ဘယ်​လိုလုပ်​မလဲ"

Cop: "အခုဘာမှဖြစ်​တာမှမဟုတ်​တာကွာ.."

Bas: "ဘာမှမဖြစ်​လို့ပေါ့..."

Cop: "Ai Bas ရာ ငါအခုနားညီးမခံနိုင်​သေးဘူး။ နောက်​မှဆူပါကွာ"

Bas: "အေး Sorry ငါစိတ်​ပူသွားလို့..လာ..ဆေးခန်းသွားမယ်​"

    Bas တစ်​ယောက်​ Cop ကို ဆေးခန်းလိုက်​ပို့ပေးပြီး တစ်​နေကုန်​ ပြုစုပေးနေခဲ့တယ်​။ ညနေရောက်​တော့ Ai Tee ပါလာပြီး ပြုစုပေးနေတယ်​။လူတစ်​ယောက်​ရဲ့ အားအငယ်​ဆုံးအချိန်​က နေမကောင်းတဲ့အချိန်​ပဲ။ ဒါကိုသိတဲ့ Teeနဲ့ Bas က Cop အားငယ်​နေမှာ စိုးရိမ်​လို့ ဒီည Cop အိမ်​မှာအိပ်​ဖို့ဆုံးဖြတ်​လိုက်​ကြတယ်​။ ည ၇နာရီလောက်​မှာ အိမ်​ရှေ့မှာ လူခေါ်ဘဲလ်​တီးနေလို့ Bas တံခါးသွားဖွင့်​ပြီး ကြည့်​လိုက်​တော့ Kim ကိုတွေ့သွားတယ်​။

Bas: "အာ P Kim ဘာကိစ္စရှိလို့လဲ"

Kim: "ကို့ကိုသိနေတာလား"

Bas: "ဟို သိပါတယ်​ P တို့သုံးယောက်​လုံးကို"

Kim: "အာ Tae နဲ့ပတ်​သက်​ပြီး သိတာလား"

Bas: "Khrap..ဒီကို ဘာကိစ္စရှိလို့လဲP"

Kim: "ဒီက Copter နဲ့တွေ့ချင်​လို့ပါ။ အလုပ်​ကိစ္စဆွေးနွေးချင်​လို့"

Bas: "P..ဟို Cop ကဖျားနေလို့ မနက်​ကျမှပြောလို့မရဘူးလား"

Kim: "ဟမ်​..ဟုတ်​လား တော်​တော်​ဖျားနေတာလား"

Bas: "မနက်​ကတော့ တော်​တော်​ဆိုးတယ်​။ အခုတော့ အဖျားကျသွားပေမယ့်​ နည်းနည်းတော့ ကျန်​နေသေးတယ်​"

Kim: "ကိုအခုCopနဲ့တွေ့လို့ရမလား"

Bas: "ဗျာ.."

Kim: "Aww အလုပ်​ကိစ္စကလဲ အရေးကြီးနေတော့လေ"

   တစ်​ကယ်​တော့ Kim တစ်​ယောက်​ Cop ကို အရမ်းစိတ်​ပူသွားလို့ စိတ်​လောပြီး အမြန်​ပြောလိုက်​ခြင်းပါ။ ပြီးမှ Bas ရိပ်​မိသွားမှာ စိုးလို့ အလုပ်​ကိစ္စဘက်​ကို လွှဲချလိုက်​ခြင်း။ Kim အခု Cop ကို အရမ်းစိတ်​ပူနေတယ်။ Cop မျက်​နှာကို ဒီညမှ မတွေ့ရရင်​ နေနိုင်​မှာ မဟုတ်​လို့ Cop နဲ့တွေ့ရဖို့ကို ကြိုးစားနေလေရဲ့။

Continue Reading

You'll Also Like

720K 16.1K 44
In wich a one night stand turns out to be a lot more than that.
Fake Love By :)

Fanfiction

149K 3.5K 50
When your PR team tells you that we have to date a girl on the UCONN women basketball team and you can't say no to it... At first you don't think too...
191M 4.5M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
1.1M 59.2K 37
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...