Heart of Melody

By Phoothitpannnwe

13.8K 995 88

အချစ်​ဆိုတာ လူတိုင်းမှာရှိပါတယ်​။ ၅၂၈၊ ၁၅၀၀ စတဲ့အချစ်​တွေကို ခံစားတတ်​ဖို့ နှလုံးသားတစ်​စုံတော့ လူတိုင်းမှာ... More

✴️Intro✴️
✴️Part 2✴️
✳️Part 3✳️
✴️Part 4✴
✴️Part 5✴️
✴️Part 6✴️
✴️Part 7✴️
✴️Part 8✴️
✴️Part 9✴️
✴️️Part 10✴️
✴️Part 11✴️
✴️Part 12✴️
✴️Part 13✴️
✴️Part 14✴️
✴️Part 15✴️
✴️Part 16✴️
✴️Part 17✴️
✴️Part 18✴️
✴️Part 19✴️
✴️Part 20✴️[Final]

✴️Part 1✴️

1K 63 2
By Phoothitpannnwe

Heart of Melody

      ညသန်းခေါင်​ယံ တိတ်​ဆိတ်​နေတဲ့ ပတ်​ဝန်းကျင်​ကို ဖျက်​စီးလိုက်​တဲ့ ကားတစ်​စီး။ လူမရှိတဲ့ လမ်းမထက်​မှာ အရှိန်​ပြင်းစွာ မောင်းနှင်​လာပြီး ခြံကြီးတစ်​ခုရှေ့မှာ အရှိန်​ပြင်းစွာနဲ့ စက်​သတ်​လိုက်​တယ်​။ ကားတံခါးမှန်​ချလိုက်​ခြင်းနဲ့အတူ အနက်​ရောင်​ဂျာကင်​နဲ့ လိုက်​ဖက်​စွာ ဖြူဖွေးနေတဲ့ အသားအရေပိုင်​ရှင်​ ကောင်​လေး။

"အကိုလေး ပြန်​လာပြီ တံခါးသွားဖွင့်​ပေးလိုက်​ ဆူညံမနေနဲ့ဦး သခင်​ကြီးနိုးသွားမယ်​"

     မအိပ်​ပဲ ထိုင်​စောင့်​နေကြတဲ့ အလုပ်​သမားတစ်​ချို့ ကားတစ်​စီးအသံကြားတာနဲ့ လှုပ်​လှုပ်​ရှားရှားဖြစ်​ကုန်​တယ်​။ ခြံတံခါးသွားဖွင့်​ပေးသူကဖွင့်​၊ ညစာအတွက်​ ပြင်​ဆင်​ပေးသူက ပြင်​ဆင်​ပေးနှင့်​ အိမ်​ကြီးတစ်​ခုလုံး ပျားပန်းခတ်​အလုပ်​ရှုပ်​နေကြတယ်​။ ကောင်​လေးကတော့ ကားကိုခြံထဲမှာရပ်​လိုက်​ပြီး ကားသော့ကိုလက်​ထဲတွင်​ ဆော့ကစားရင်း အိမ်​ထဲကို ဝင်​လာတယ်​။ သူကတော့ Mr Suradet ၏ တစ်​ဦးတည်းသော အမွေဆက်​ခံမည့်​မြေး Bas Suradet။
အိမ်​တော်​ထိန်းစီမံခန့်​ခွဲမှုကြောင့်​ ပြင်​ဆင်​ပြီးသား ညစာစားပွဲကို အရံသင့်​တွေ့ရလို့ ဝင်​ထိုင်​လိုက်​ပြီး အိမ်​တော်​ထိန်းကို တစ်​စုံတစ်​ရာ မေးလာတယ်​။

Bas: "ဖိုးဖိုး အိပ်​သွားပြီလား Uncle Mike"

U Mike: "အိပ်​သွားပါပြီ သခင်​လေး"

Bas: "အင်း ကျွန်​တော်​လဲ ဒီနေ့နည်းနည်းနောက်​ကျသွားတယ်​။ ကျွန်​တော်​ညစာစားပြီးရင်​ နားတော့မယ်​။ Uncle Mikeတို့လဲ နားတော့"

U Mike: "ဟုတ်​ကဲ့ပါ သခင်​လေး။ လိုအပ်​တာရှိရင်​ Uncle တို့ကိုလှမ်းခေါ်လိုက်​နော်​"

Bas: "Khrap"

   ဆိုးပေမယ့်​ မရိုင်းတတ်​တဲ့ သခင်​လေးကိုကြည့်​ပြီး အိမ်​တော်​ထိန်းကြီးပြုံးနေတယ်​။ အသက်​ ၉နှစ်​အရွယ်​မှာ မိဘတွေနဲ့အတူ ခရီးထွက်​ရင်း ကားအင့်​စီးဒန့်​ဖြစ်​ရာမှ ကလေးငယ်​တစ်​ဦးတည်း ကျန်​ရစ်​ခဲ့တယ်​။ ကြောက်​လန့်​တုန်​ရီနေပြီး အဖေနဲ့အမေဘေးမှာ မျက်​လုံးအဝိုင်းသားနဲ့ ပုံရိပ်​လေးက လူတိုင်းရဲ့ရင်​ကို နာကျင်​စေမှာတော့ အမှန်​ပဲ။ အဖိုးဖြစ်​သူက ထိန်းသိမ်းစောင့်​ရှောက်​ခဲ့လို့ အရင်​ချိန်​ကကြောက်​ရွံ့မှုတွေ မရှိတော့ပေမယ့်​ မိုးရွာတဲ့အချိန်​ကာလမှာတော့ ကြောက်​ရွံ့မှုတွေ ပြန်​နိုးထလေ့ရှိတယ်​။ ပျော်​ပျော်​နေတတ်​တဲ့ လူငယ်​ဘဝကို အကောင်းဆုံး အသုံးချနေပြီး သူငယ်​ချင်းပိုင်​ Club ကို ညတိုင်းလိုလိုသွားဖြစ်​တာလဲ အကျင့်​တစ်​ခုလိုဖြစ်​နေတဲ့ သခင်​လေးပါ။ အိမ်​တော်​ထိန်းနဲ့ အလုပ်​သမားတွေအပေါ် မောက်​မာခြင်းမရှိဘဲ ဆက်​ဆံတတ်​လို့ တစ်​အိမ်​လုံးက ဝိုင်းချစ်​တာခံနေရတဲ့ကောင်​လေး။ သူကိုယ်​တိုင်​သာ ဆိုးချင်​ဆိုးမယ်​ တစ်​ပါးသူအပေါ် ထိခိုက်​မှုမဖြစ်​စေလို့ အဖိုးဖြစ်​သူက သူ့မြေးစိတ်​ကြိုက်​ နေစေခဲ့တယ်​။ ညစာစားပြီးတာနဲ့ ကိုယ့်​ပန်းကန်​ကိုဆေးပြီး အိမ်​ပေါ်ထပ်​တက်​လာတယ်​။ အခန်းထဲရောက်​တော့ လက်​ပတ်​နာရီကို အရင်​ဆုံးချွတ်​လိုက်​ပြီး ဗီရိုအကန့်​ထဲကို ထည့်​လိုက်​တယ်​။ နာရီချွတ်​ပြီးတာနဲ့ အဝတ်​အစားလဲပြီး ရေချိုးခန်းရှိရာ လျှောက်​သွားတယ်​။ သွားတိုက်​၊ မျက်​နှာသစ်​၊ ကိုယ်​လက်​သန့်​စင်ပြီး တစ်​နေ့တာရဲ့ အိပ်​စက်​ချိန်​ကို ရယူနေလေရဲ့။ မနက်​ခင်းမှာ စားပွဲတင်​နာရီရဲ့ နှိုးစက်​သံကြောင့်​ Bas တစ်​ယောက်​နိုးထလာခဲ့တယ်​။ ကျောင်းသွားဖို့ရှိသေးတာကြောင့်​ ရေမိုးချိုးကျောင်းဝတ်​စုံလဲပြီး အောက်​ထပ်​ကိုဆင်းလာတယ်​။ မနက်​စာစားဖို့ ထမင်းစားခန်းဆီလျှောက်​လာတော့ သတင်းစာထိုင်​ဖတ်​နေတဲ့ အဖိုးဖြစ်​သူကို တွေ့တော့နှုတ်​ဆက်​ပြီး မနက်​စာစားပွဲမှာ ဝင်​ထိုင်​တယ်​။

Bas: "Morning ဖိုးဖိုး"

Mr Suradet: "Morning မြေး၊ ညကပြန်​လာတာ နောက်​ကျတယ်​နော်​"

Bas: "ဟုတ်​တယ်​။ Ai Cop နဲ့ ဘိလိယက်​ထိုးနေတာကောင်းနေတာ အချိန်​ကိုမကြည့်​မိလိုက်​ဘူး"

Mr Suradet: "မြေး Cop လေးရော အဆင်​ပြေရဲ့လား"

Bas: "ပြေပါတယ်​ သူ့မိဘတွေကို မမြင်​ရရင်​ပေါ့"

Mr Suradet: "အေးပါ မြေးရဲ့သူငယ်​ချင်းတွေကို အားရင်​ အိမ်​အလည်​ခေါ်ခဲ့ပါဦး"

Bas: "Khrap"

Mr Suradet: "ကဲ စား..မြေးဘာစားချင်​သေးလဲ ဖိုးဖိုးဝယ်​ခိုင်းလိုက်​မယ်​"

Bas: "တော်​ပြီဖိုးဖိုး ဒါတွေကသားအကြိုက်​တွေပဲ"

   မြေးဖြစ်​သူမနက်​စာစားနေတာကို ကြည့်​ရင်း ခေါင်းတညိတ်​ညိတ်​နဲ့ ကြည့်​နေတဲ့ Mr Suradet။ မနက်​စာစားပြီးသွားတော့ ကျောင်းသွားဖို့နှုတ်​ဆက်​ပြီး အိမ်​ရှေ့ကိုထွက်​လာတဲ့သူ။ အိမ်​ရှေ့မှာ အဆင်​သင့်​ရပ်​ထားတဲ့ ကားအဖြူရောင်​လေးထဲ ဝင်​လိုက်​ပြီး ကျွမ်းကျင်​စွာ မောင်းထွက်​သွားတယ်​။ ကျောင်းရောက်​တော့ သူငယ်​ချင်းတစ်​ယောက်​ကိုရှာရင်း စာသင်​ခန်းရှေ့ရောက်​လာတယ်​။ စာသင်​ခန်းထဲကို မျက်​လုံးဝေ့ကြည့်​မိတော့ နောက်​ဆုံးခုံနားက ပြတင်းပေါက်​ကို ငေးရင်းဆေးလိပ်​သောက်​နေတဲ့ သူငယ်​ချင်းဖြစ်​သူကိုတွေ့လို့ အနားလျှောက်​သွားပြီး ခေါင်းကိုရိုက်​လိုက်​လေရဲ့။ တစ်​ဖက်​က ခေါင်းကိုရိုက်​လိုက်​မှ အတွေးကမ္ဘာထဲက ရုန်းထွက်​လာခဲ့သူ။ မျက်​မှောင်​ကြုတ်​နေရင်း မိမိ၏သူငယ်​ချင်း Bas ဖြစ်​နေမှ သက်​ပြင်းချလိုက်​ပြီး စကားပြောလာသော Copter Panuwat.

Cop: "Shit!!Ai Bas..ငါ့ခေါင်းက မင်းရိုက်​ဖို့မဟုတ်​ဘူးကွ"

Bas: "မင်းကိုငါ ကျောင်းပေါက်​ဝကနေ လိုက်​ရှာနေတာ ဒီရောက်​မှတွေ့တယ်​"

Cop: "အတန်းတက်​ရင်​လဲ ဘေးချင်းကပ်​ရပ်​ပဲကွာ။ ဘာလို့လိုက်​ရှာနေရတာလဲ"

Bas: "ပြောစရာရှိလို့ကွ"

Cop: "ကဲ အခုပြော"

Bas: "ဒီညနဲ့ မနက်​ဖြန်​ ငါမင်းဆီမလာဘူး"

Cop: "အထူးအဆန်းပါလားကွ၊ အရင်​ကငါမလာနဲ့ဆိုတာတောင်​ တားမရတဲ့ကောင်​က"

Bas: "အေး အိမ်​မှာပွဲရှိလို့ မင်းလာခဲ့လို့ရတယ်​"

Cop: "ဘာပွဲလဲ"

Bas: "..."

Cop: "အာ ငါမမေးသင့်​ဘူးထင်​တယ်​။ Sorry ကွာ ငါရအောင်​လာခဲ့မယ်​။ ဟို ဆရာဝန်​လောင်းကြီးကိုပါေ ခ်ါလာခဲ့မယ်​"

Bas: "အေးးး ဒီကောင်​လဲ စာတွေပိပြီး သေပြီလားမသိဘူး"

Cop: "မသေတော့ မသေသေးဘူး။ မနက်​က သူ့အိမ်​ရှေ့ကဖြတ်​တော့ ကျောင်းသွားဖို့ပြင်​နေတာ တွေ့လိုက်​တယ်​"

Bas: "အေး...ဒါနဲ့မင်းမနက်​စာ စားပြီးပြီလား"

Cop: "အေး ဆိုင်​မှာ ဝင်​စားလာတယ်​"

    စကားပြောနေကြတုန်း ဆရာမဝင်​လာသံကြားလို့ ကိုယ့်​ခုံကိုယ်​ထိုင်​ပြီး ဒီနေ့အတွက်​ စာတွေကို လေ့လာနေကြတယ်​။ နေ့လည်​စာစားချိန်​ရောက်​တော့ ကန်​တင်းမှာ နေ့လည်​စာစားရင်း အနားယူချိန်​ကို ကုန်​ဆုံးစေခဲ့တယ်​။ ညနေကျောင်းဆင်းချိန်​ရောက်​တော့ ကောင်​လေးနှစ်​ယောက်​ အိမ်​ပြန်​ဖို့အတွက်​ သူတို့ကားရှိရာဆီကို လျှောက်​လှမ်းလာကြတယ်​။ သို့ပေမယ့်​ ကောင်​လေးတစ်​ယောက်​ကတော့ ကားနားရောက်​ခါနီးမှာ သူ့ခြေလှမ်းတွေ တုံ့ဆိုင်းသွားတယ်​။ သားလို့ခေါ်သံနဲ့အတူ ချောမောတဲ့အမျိုးသမီးတစ်​ယောက်​ အနီးအနားကားပေါ်က ထွက်​လာရင်း ကောင်​လေးအနားကို လှမ်းလာတယ်​။ သူမအမည်​က Rosy..အရင်​ကတော့ Mrs Panuwat ဆိုတဲ့ဂုဏ်​ပုဒ်​ကို ပိုင်​ဆိုင်​ခဲ့ဖူးသူ။ လှပပြီးအရည်​အချင်းရှိပေမယ့်​ သားတစ်​ယောက်​ကို ပြစ်​ထားခဲ့ပြီး နောက်​အိမ်​ထောင်​ပြုခဲ့တဲ့ မိခင်​တစ်​ဖြစ်​လဲ သူမ။ သူမတင်​မကဘူး..သူမရဲ့ အရင်​ခင်​ပွန်းဟောင်း Mr Panuwat လဲ သူမနဲ့အပြိုင်​ နောက်​အိမ်​ထောင်​ပြုခဲ့သူ။

Rosy: "သား"

Cop: "ဘာကိစ္စရှိလို့လဲဗျ"

Rosy: "သား Mommy ကို သူစိမ်းဆန်​တဲ့ စကားမျိုးတွေ မပြောပါနဲ့သားရယ်​"

Cop: "ကျွန်​တော်​က သူစိမ်းဆန်​တဲ့စကားမျိုးပဲပြောတာပါ။ တစ်​ချို့တွေလို သားသမီးကို ပစ်​ထားခဲ့ပြီး နောက်​အိမ်​ထောင်​ပြုသွားတဲ့ လူမဆန်​တဲ့ လုပ်ရပ်​မျိုးတော့ မလုပ်​ခဲ့ဘူး"

Rosy: "Copter!!! သားးး"

Cop: "ခင်​ဗျားအချိန်​ပိုနေရင်​ ခင်​ဗျားရဲ့နောက်​မိသားစုကို အချိန်​ပေးနေလိုက်​။ ကျွန်​တော်​က ခင်​ဗျားအတွက်​ အရေးပါတဲ့သူ မဟုတ်​ဘူး"

     Miss Rosy ရဲ့ ခေါ်သံကိုလျစ်​လျူပြုရင်း အနက်​ရောင်​ကားလေးတစ်​စီးကတော့ ကျောင်းဝန်းပြင်​ပကို မောင်းထွက်​လာခဲ့တယ်​။ Driver Seat မှာ ကားမောင်းနေသူကတော့ ကားကိုမောင်းနေပေမယ့်​ မျက်​ရည်​ဝဲနေတာကိုတော့ ကျန်​ရစ်​ခဲ့တဲ့ မိခင်​ဖြစ်​သူ သိနိုင်​ပါ့မလား။ သိနိုင်​တယ်​ဆိုရင်​တောင်​ အနားမှာနေပေးဖို့ရွေးချယ်​မှာ မဟုတ်​တဲ့သူမကို ထွက်​သွားခိုင်းခဲ့တဲ့ကောင်​လေး လွန်​မယ်​မထင်​ဘူး။ ထိုကောင်​လေး အထက်​တန်းအောင်​စာရင်းထွက်​တဲ့နေ့မှာ သူငယ်​ချင်းနှစ်​ယောက်​နဲ့ အတူ အထက်​တန်းကျောင်းလေးမှာ အောင်​စာရင်းသွားကြည့်ခဲ့တယ်​။ သုံးယောက်​လုံး အမှတ်​များများနဲ့ အောင်​မြင်​ခဲ့လို့ အရမ်းပျော်​နေခဲ့ကြပြီး အိမ်​ကမိသားစုကို အပျော်​တွေကူးစက်​အောင်​ အသိပေးဖို့ အိမ်​ပြန်​လာခဲ့ကြတယ်​။ ဘယ်​သူသိခဲ့မလဲ ထိုနေ့က Copterရဲ့ မိဘနှစ်​ပါး ကွာရှင်းပြတ်​စဲကြမယ်​လို့။ Daddy နဲ့ Mommy ဆိုပြီး ပျော်​ရွှင်​မှုတွေနဲ့ အော်​ခေါ်ရင်း အိမ်​ပြန်​လာခဲ့ပေမယ့်​ ဧည့်​ခန်းထဲက သူ့အဖေနဲ့အမေရဲ့ မျက်​နှာကိုကြည့်​ရင်း ခြေလှမ်းတွေရပ်​တန့်​သွားခဲ့တယ်​။

Mr Panuwat: "စာမေးပွဲအောင်​လားသား"

Cop: "Khrap သူတို့ကဘယ်​သူတွေလဲ။ ရှေ့နေကြီးကရော ဘာကိစ္စလဲ"

    ကောင်​လေးရဲ့အမေးကိုဖြေဖို့ အားလုံးမဝံ့မရဲဖြစ်​နေချိန်​မှာ ဖခင်​ဖြစ်​သူကပဲ ပြောပြလာခဲ့တယ်​။

Mr Panuwat: "Daddy နဲ့ မင်း Mommy ကွာရှင်းကြတော့မယ်​။ ဒီဘက်​က Daddy ရဲ့ဇနီးလောင်းပဲ"

Cop: "ဘာပြောတယ်​ Daddy!!"

Rosy: "သားး"

Cop: "ဒီဘက်​ကလဲ Mommyရဲ့ နောက်​ယောက်ျားပေါ့"

Rosy: "သား Mommy တို့လဲ ဘယ်​လိုမှ မတတ်​သာလို့ပါ။ သားကို Mommy တို့အရမ်းချစ်​ပါတယ်​"

Cop: "တစ်​ကယ်​ချစ်​ရင်​ ဒီလိုမလုပ်​ဘူး Mommy..အခုDaddy နဲ့ Mommy က ဘာဖြစ်​ချင်​တာလဲ"

Mr Panuwat: "သားကို Daddy ပိုင်​တဲ့ Club ငါးခုထဲက သုံးခုနဲ့ ဒီအိမ်​ကို အမွေလွှဲပေးခဲ့တယ်​။ သားကိုခေါ်ထားချင်​ပေမယ့်​ Daddy ဘက်​က အဆင်​မပြေဘူးသား"

Rosy: "Mommy လဲ အဆင်​မပြေဘူးသား။ သားကို Mommy ပိုင်​တဲ့ Hotel ထဲက နှစ်​ခုကို အမွေပေးခဲ့တယ်​။ သားဦးစီးစရာ မလိုပါဘူး။ Mommy မန်​နေဂျာကို သေချာအပ်​ထားခဲ့တယ်​"

Cop: "ကျွန်​တော်​က အမွေမက်​တဲ့ကောင်​ရုပ်​ပေါက်​နေလို့လား"

Mr Panuwat: "အဲ့လိုအဓိပ္ပာယ်​မျိုးမဟုတ်​...."

Cop: "တော်​တော့ Daddy!!ကျွန်​တော့်​မှာငြင်းခွင့်​နဲ့ တားခွင့်​မရှိအောင်​ Daddy တို့ဘက်​က ပြင်​ဆင်​ထားပြီးပြီပဲ။ ကြိုက်​သလိုသာ စီစဉ်​ကြတော့။ တစ်​ခုတော့ကြိုပြောလိုက်​မယ်​ အဲဒီကွာရှင်းစာချုပ်​မှာ လက်​မှတ်​ထိုးလိုက်​ပြီဆိုတာနဲ့ Daddy နဲ့ Mommy နှစ်​ယောက်​ရဲ့ ပတ်​သက်​မှုတင်​ မဟုတ်​ဘူး။ ကျွန်​တော်​နဲ့ ပတ်​သက်​မှုပါ အဆုံးသတ်​ပြီလို့မှတ်​လိုက်​"

Mr Panuwat,Rosy: "သားးးးး"

    အနောက်​ကခေါ်သံတွေကို လျစ်​လျူရှုရင်း သူရဲ့အိပ်​ခန်းထဲကို ဝုန်းဒိုင်းကြဲပြီး ဝင်​လာတဲ့ကောင်​လေးတစ်​ယောက်​ကတော့ ငိုကြွေးနေလေရဲ့။ သားကိုအရမ်းချစ်​ပါတယ်​ဆိုပြီး နောက်​ဆုံးမှာတော့ ကျောခိုင်းထွက်​သွားကြတဲ့ မိဘနှစ်​ပါး။ စောင့်​ရှောက်​ဖို့ အိမ်​တော်​ထိန်းထာခဲ့ပေးတိုင်း ဝတ္တရားကျေပြီလို့ ထင်​ထားခဲ့ပုံပဲ။ အထက်​တန်းအောင်​လို့ ပျော်​ရွှင်​ခဲ့ပေမယ့်​ မိဘနှစ်​ပါးရဲ့ လုပ်​ရပ်​ကြောင့်​ ထိုနေ့ကနေစပြီး အပျော်​တွေပျောက်​ဆုံးသွားတဲ့ ကောင်​လေးတစ်​ယောက်​က အခုဆိုရင်​ မိဘတွေထားခဲ့တဲ့အမွေလုပ်​ငန်းတွေကို ဦးစီးနေတဲ့ ဒုတိယနှစ်​စီးပွားရေးကျောင်းသား။ ရသမျှအမြတ်​တွေကို စုဆောင်းရင်း မိဘတွေကို လုပ်​ငန်းတွေအကုန်​ ပြန်​ပေးဖို့ ကြိုးစားနေတဲ့သူဆိုလဲ မမှားဘူး။ ရင်​ထဲက ခံစားနေရသမျှကို လေပူတစ်​ချက်​မှုတ်​ထုတ်​ကာ ဖြေဖျောက်ရင်းဖုန်းကိုထုတ်​ကာ နံပါတ်​တစ်​ခုကိုနှိပ်​လိုက်​တယ်​။

"Hello အချစ်​ဆုံးလေး"

Speaker ဖွင့်​ထားတာကြောင့်​ ကားထဲမှာ ပျံ့လွင့်​လာတဲ့လူငယ်​တစ်​ယောက်​ရဲ့အသံ။ သူစိမ်းတွေ ကြားရင်​ Copရဲ့ချစ်​သူလို့ ထင်​ကောင်းထင်​နိုင်​ပေမယ့်​ Copter အတွက်​တော့ဘယ်​တော့မှ ချစ်​သူဖြစ်​လာမှမဟုတ်​တဲ့ Bff ထဲက တစ်​ယောက်​။

Cop: "Shit!! Ai Tee မစစမ်းနဲ့ကွာ"

Tee: "အေး သူငယ်​ချင်း ဘာကိစ္စရှိလို့လဲ"

Cop: "မနက်​ဖြန်​ Ai Bas မိဘတွေရဲ့နှစ်​ပတ်​လည်​ရှိတယ်​။ ငါမင်းကိုလာခေါ်မယ်​"

Tee: "အေး"

Cop: "ဒါဆိုမနက်​ဖြန်​မှတွေ့မယ်​ bye"

Tee: "Khrap Bye"

Continue Reading

You'll Also Like

55.1M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
2.3M 120K 65
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
226M 6.9M 92
When billionaire bad boy Eros meets shy, nerdy Jade, he doesn't recognize her from his past. Will they be able to look past their secrets and fall in...
1.1M 18.9K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...