ဒီအပြစ်သားက ရှင်သန်လို...(၂)...

By Swae_Nyoe

110K 17.5K 425

ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။ More

အခန်း ၁၁၁
အခန်း ၁၁၂
အခန်း ၁၁၃
အခန်း ၁၁၄
အခန်း ၁၁၅
အခန်း ၁၁၆
အခန်း ၁၁၇
အခန်း ၁၁၈
အခန်း ၁၁၉
အခန်း ၁၂၀
အခန်း ၁၂၁
အခန်း ၁၂၂
အခန်း ၁၂၃
အခန်း ၁၂၄
အခန်း ၁၂၅
အခန်း ၁၂၆
အခန်း ၁၂၇
အခန်း ၁၂၈
အခန်း ၁၂၉
အခန်း ၁၃၀
အခန်း ၁၃၁
အခန်း ၁၃၂
အခန်း ၁၃၃
အခန်း ၁၃၄
အခန်း ၁၃၅
အခန်း ၁၃၆
အခန်း ၁၃၇
အခန်း ၁၃၈
အခန်း ၁၃၉
အခန်း ၁၄၀
အခန်း ၁၄၁
အခန်း ၁၄၂
အခန်း ၁၄၃
အခန်း ၁၄၄
အခန်း ၁၄၅
အခန်း ၁၄၆
အခန်း ၁၄၇
အခန်း ၁၄၈
အခန်း ၁၄၉
အခန်း ၁၅၀
အခန်း ၁၅၁
အခန်း ၁၅၂
အခန်း ၁၅၃
အခန်း ၁၅၄
အခန်း ၁၅၅
အခန်း ၁၅၆
အခန်း ၁၅၇
အခန်း ၁၅၈
အခန်း ၁၅၉
အခန်း ၁၆၀
အခန်း ၁၆၁
အခန်း ၁၆၂
အခန်း ၁၆၃
အခန်း ၁၆၄
အခန်း ၁၆၅
အခန်း ၁၆၆
အခန်း ၁၆၇
အခန်း ၁၆၈
အခန်း ၁၆၉
အခန်း (၁၇၀)
အခန်း (၁၇၁)
အခန်း (၁၇၂)
အခန်း (၁၇၃)
အခန်း ၁၇၄
အခန်း ၁၇၅
အခန်း ၁၇၆
အခန်း ၁၇၇
အခန်း ၁၇၈
အခန်း ၁၇၉
အခန်း ၁၈၀
အခန်း ၁၈၁
အခန်း ၁၈၂
အခန်း ၁၈၃
အခန်း ၁၈၄
အခန်း ၁၈၆
အခန်း ၁၈၇
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
အခန်း ၁၈၈
အခန်း ၁၈၉
အခန်း ၁၉၀
အခန်း ၁၉၁
အခန်း ၁၉၂
အခန်း ၁၉၃
အခန်း ၁၉၄
အခန်း ၁၉၅
အခန်း ၁၉၆
အခန်း ၁၉၇
အခန်း ၁၉၈
အခန်း ၁၉၉
အခန်း ၂၀၀
အခန်း (၂၀၁)
အခန်း ၂၀၂
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
အခန်း ၂၀၃
အခန်း ၂၀၄
အခန်း ၂၀၅
အခန်း ၂၀၆
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
အခန်း ၂၀၇
အခန်း ၂၀၈

အခန်း ၁၈၅

844 142 2
By Swae_Nyoe

အပိုင်း (၁၈၅) အောင်မြင်ရန် ငါးဆယ်ရာခိုင်နှုန်း (၁)

လျောင်စီသည် မကြာခင်တွင် ချီယယ်တစ်ယောက် စိတ်ဝိညာဉ်ခန္ဓာ ဆုံးရှုံးသွားကြောင်း သိလိုက်သည်။ သူသည် ထိုကိစ္စကို သိသိချင်း ချီယုံ့ထံသို့ အလောတကြီး သွားခဲ့သည်။ သူ့မျက်နှာသည် ရှုံ့မဲ့နေကာ သူ့အသံထဲမှ ဒေါသတို့ကို ကောင်းကောင်း မထိန်းချုပ်နိုင်တော့ပေ။

"သခင် ချီယယ်က ကျွန်တော် ရွေးထားတဲ့ ခန္ဓာကိုယ်လေ ဘာလို့ သူ့ဆီကနေ စိတ်ဝိညာဉ် ထုတ်ပစ်လိုက်ရတာလဲ"

ချီယယ်သည် စိတ်ဝိညာဉ်ခန္ဓာ ဖယ်ရှားခံလိုက်ရသည်နှင့် တစ်စက်ကလေးမှ အသုံးမဝင်တော့ပေ။ ချီယုံမှ လျောင်စီကို ခပ်ဖိန့်ဖိန့် ကြည့်ပေးလိုက်ပြီးနောက် လျောင်စီသည် ချက်ချင်း အေးခဲသွားပြီး ရုတ်ချည်း တည်ငြိမ်သွားကာ အသက်ပြင်းပြင်း ရှူပြီးနောက်

"တောင်းပန်ပါတယ် သခင်"

"သူက မင်းရွေးချယ်ဖို့ မကိုက်ညီဘူး"

ချီယုံကပြောသည်။

"မင်းနောက်ထပ် ဆက်ရှာလိုက်"

လျောင်စီသည် လက်သီးဆုပ်လိုက်ပြီး အကြာကြီး တိတ်ဆိတ်သွားကာ ပြန်ပြောလိုက်သည်။

"ကောင်းပါပြီ ကျွန်တော် တခြားတစ်ယောက်ယောက် ရှာကြည့်လိုက်ပါမယ်"

သူသည် သခင်ဖြစ်သူ အခန်းထဲမှ ထွက်လာပြီး နောက်လှည့်လိုက်ရာ အပြင်ဘက်မှ သေလုဆဲဆဲဖြစ်နေကာ တစ်ကိုယ်လုံး သွေးလွှမ်းနေသော ကောဝူချန်ကို မြင်လိုက်ရသည်။ ကောဝူချန်သည် သူ့ပုံရိပ်ကို အထူးဂရုစိုက်သော လူတစ်ယောက်ဖြစ်ပြီး လျောင်စီသည် သူ့ကို အပေါ်ကြည့်လိုက် အောက်ကြည့်လိုက်နှင့်

"မင်း ဘာတွေ လုပ်လာတာတုန်း"

"သခင်က ငါ့ကို တစ်ခုခု လုပ်ဖို့ ခိုင်းလိုက်လို့"

ကောဝူချန်သည် မောပန်းစွာ ထိုင်ချလိုက်သည်။ သူ အသက်ရှင်ရက် ပြန်လာဖို့ ကိုးခါလောက် သေလုဆဲဆဲ ဖြစ်ခဲ့ရသည်။

"မင်းကရော ဘာလို့ ဒီထိ ရောက်လာတာလဲ"

လျောင်စီသည် မထိန်းချုပ်နိုင်တော့ပဲ ကောဝူချန်ကို ချီယယ်အကြောင်း ထုတ်ပြောလိုက်သည်။ သူသည် သခင်က သူဘာတွေ တွေးနေမည်ဆိုတာကို သိနေကြောင်း သိထားသောကြောင့် လွန်လွန်ကြူးကြူး တော့ မပြောရဲပေ။ သို့သော် သူ့စကားများကတော့ မကျေနပ်မှုများဖြင့် ပြည့်နေခဲ့သည်။

"ငါက ခန္ဓာကိုယ်တစ်ခုရှာဖို့ အရမ်းခက်ခက်ခဲခဲ အချိန်တွေ အများကြီး ပေးပြီး ကြိုးစားခဲ့ရတာကွာ ဒါပေမဲ့ သူ့မှာ စိတ်ဝိညာဉ်ခန္ဓာမှ မရှိတော့တာ ငါက ဘာအတွက် သူ့ကို သုံးလို့ ရတော့မှာတုန်း အခု နောက်ထပ် ခန္ဓာတစ်ခု ထပ်သွားရှာရတော့မယ် ဆိုပေမဲ့ ငါ ဘယ်မှာသွားရမှာလဲ ခန္ဓာရှာရတာ လွယ်မနေဘူး"

ကောဝူချန်က ပြောသည်။

"မင်းမှာ အပိုဆောင်ထားတဲ့သူ မရှိဘူးဆိုတာ ယုံတောင်မယုံနိုင်ဘူး"

လျောင်စီသည် ရှုတည်တည် ကြည့်လိုက်ပြီး။

"ကောဝူချန် မင်း ငါ့အကြောင်း သိရဲ့သားနဲ့ ငါ့မှာအပိုဆောင်းတွေးထားတာ တကယ်ရှိတယ် ပြီးတော့ မင်းညီလေးကတော့ တကယ့်အကောင်းဆုံးပဲ"

ကောဝူချန်သည် သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။ လျောင်စီသည် ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး ချောင်းဆိုးသွားပြန်ကာ..

"အဟမ်း ဖြည်းဖြည်းပေါ့ ငါ့ကောင်ရာ ငါက စနေတာပါကွ"

"ဒါပေမဲ့ ကျန်းလော့ကတော့ ငါနဲ့ကိုက်ညီမဲ့ ခန္ဓာကိုယ်ရှိနေတဲ့သူတွေ ပတ်လည်ဝိုင်းနေတာကိုတော့ ပြောစရာကို မလိုတော့ဘူး အရည်အချင်းကောင်းတယ် အများကြီး မကျော်ကြားဘူး ရိုးရှင်တဲ့နောက်ခံနဲ့.. တကယ့်ကို အကောင်းဆုံး ရွေးချယ်မှုတွေ စုဝေးနေတာပဲ"

"မင်း သူတို့ကို သွားမထိဖို့ အကြံပေးလိုက်မယ်"

ကောဝူချန်သည် တိုးတိတ်စွာ သတိပေးလိုက်ပြီး သူ့ကိုယ်ပေါ်မှ သွေးများကို ကြည့်ကာ

"ကျန်းလော့က တကယ့်ကို ကြမ်းတမ်းတဲ့သူ မဟောင်ဘဲ ကိုက်တတ်တဲ့သူကွ သူ့ကို သွားမစနဲ့"

လျောင်စီသည် ရယ်မောလိုက်ပြီး ။

"ငါသိပါတယ်ကွာ ကောဝူချန် သခင်က ကျန်းလော့ကို ပုံမှန်သခင်နဲ့ မတူအောင် အလေးထားနေတာမို့လား ဒီတော့ငါတို့ သူ့ကို သွားမစမိအောင် ပုန်းနေတာ အကောင်းဆုံးပဲ"

ကောဝူချန်သသည် သူ၏ ပြောမပြနိုင်အောင်ထူးခြားနေသော အခြေအနေကို ကြည့်၍

"... မင်းရဲ့ နောက်ထပ် စပယ်ရာ ခန္ဓာက ဘယ်သူလဲ"

လျောင်စီ၏ မျက်လုံးများသည် တဖျက်ဖျက် လက်နေပြီ..

"မိသားစုထဲကပဲ"

................

ကျန်းလော့သည် တောင်ခြေတွင် လဝက်ကြာအောင် နေထိုင်ခဲ့သည်။ ကြည့်ရသည်မှာ ကံကြမ္မာယုံသူသည် သူပြောခဲ့သည့်အတိုင်း ကျန်းလော့ကို တောင်ပေါ်သို့ ဇွတ်အတင်း ပြန်ခေါ်မှာ မဟုတ်ပေ။

အခုအချိန်သည် ကျောင်းပြန်ဖွင့်သည့်အချိန် ဖြစ်သည်။ ကျိယောင်ဇီသည်လည်း တောင်ပေါ်မှ ဆင်းမလာသေးပေ။ကျန်းလော့နှင့် သူ့သူငယ်ချင်းများသည် ကျောင်းသို့ ပြန်သွားခဲ့ကြသည်။

ဆောင်းတွင်း၌ပင် အေးမလာသော ရာသီဥတုကြောင့် ကျောင်းဝန်းအတွင်းမှ မြက်ပင်များသည် ညှိုးခြောက်နေလေသည်။ သူတို့သည် ဌာနမှူးရှု၏ ညွှန်ကြားချက်ဖြင့် ကျောင်းထဲမှ သစ်ပင်ပန်းပင်များ အားလုံးကို ရေလောင်းပေါင်းသင် လုပ်နေကြရသည်။ သူတို့အဆောင်ရှေ့တွင် ယခင်ကမရှိခဲ့သော စိုက်ခင်းကြီးတစ်ခု ရောက်နေသည်။ မည်သည့်ဆရာက မုန်လာဥဖြူဖြူကြီးများကို တစ်ခင်းလုံး အပြည့် စိုက်ထားသည်မသိပေ။

သို့သော် သူတို့သည် မည်သူမှ မမြင်ခင် တိတ်တိတ်လေး မုန်လာဥကြီးများကို ဆွဲနှုတ်ထားကြသည်။ ထို့နောက် ရွှံ့များကို သန့်ရှင်းနေအောင်ဆေးကြောကာ လှီးချွတ်ပြီး အလုပ်လုပ်နေတုန်း အိတ်ထဲထည့်ထားပြီး တမြုံ့မြုံ့ ဝါးနေကြသည်။

ချိုမြပြီး စပ်ရှိန်းရှိန်း အရသာသည် သူတို့အားလုံးကို ဗိုက်ဆာလာစေသည်။ လုယုံရိသည် သည်းမခံနိုင်တော့ဘဲ ကန်တင်းသို့သွားကာ ကန်စွန်းဥများ အိတ်လိုက်ကြီး ဝယ်ချလာလေသည်။ လူတိုင်းသည် တိုင်ပင်စရာမလိုအောင် ဝိုင်းဖွဲ့ထိုင်လိုက်ကြပြီး ချက်ချင်း မီးမွှေးကာ ကန်စွန်းဥများ ဖုတ်ကြတော့သည်။ ကန်စွန်းဥ၏ မွှေးရနံ့သည် ဌာနမှူးရှုကို ဆင့်ခေါ်လိုက်လေတော့သည်။

ဌာနမှူး ရှုသည် သူတို့ကို အလွန်ချစ်သော ဆရာတစ်ယောက်ဖြစ်ကြောင်း ကျန်းလော့ သိထားပြီး ဌာနမှူးရှုကို လေးစားသည်။ သူတို့အားလုံးသည် ကန်စွန်းဥဖုတ် ကျက်သည့်အချိန်ကို စောင့်နေကြရင်း သူနှင့် ဌာနမှူးရှုတို့သည် စကားပြောနေကြသည်။ စကားဝိုင်းသည် တဖြည်းဖြည်းဖြင့် "လူသားတစ်ယောက် နတ်ဘုရားဖြစ်လာခြင်း"ဆီသို့ ဦးတည်သွားခဲ့ပြီး လူတိုင်းကို ထိုအကြောင်းအရာပေါ်တွင် စိတ်ဝင်စားသွားစေခဲ့သည်။

"သားသတ်ဓားကိုချပြီး ဗုဒ္ဓဖြစ်လာခြင်း"သည် ရုပ်နယ်လွန် ဖြစ်ရပ်တစ်ခု ဖြစ်ပြီး ကောင်းခြင်းအဖြာဖြာတို့ကို ဖြစ်ပေါ်စေသော ဒဏ္ဍာရီပုံပြင်တစ်ခု ဖြစ်သည်။ ထို့အပြင် ယခုပြောနေသော ဗုဒ္ဓသည် ဗုဒ္ဓသာသနာကို ရည်ညွှန်းခြင်း ဖြစ်သည်။ သို့သော် တစ်စုံတစ်ယောက်သည် တကယ်ဘဲ ဗုဒ္ဓဘုရားရှင် ဖြစ်လာနိုင်ပါမည်လား။

"လူတစ်ယောက်က ဗုဒ္ဓဘုရားရှင် ဖြစ်လာနိုင်လို့လား ငါတော့ တစ်ခါမှ မကြားဖူးဘူး"

ကောကျူက ပြောသည်။

"ငါတို့ ကောင်းမှုတွေလုပ်နေတယ်ဆိုတာ ကုသိုလ်ရချင်လို့လေ ကုသိုလ်ကောင်းမှုတွေက ငါတို့ကို ဘဝအခြေအနေကောင်းကောင်းမှာ ရှင်သန်နိုင်အောင် လုပ်ပေးနိုင်ပြီး ပြန်လည်ဝင်စားခြင်း သံသရာကနေ ငါတို့ကို သေလွန်ပြီးနောက်မှာ ကောင်းမွန်တဲ့ ခန္ဓာကိုယ်မှာ ဝင်စားနိုင်ဖို့ပဲလေ လူတွေသေသွားရင် တစ္ဆေသရဲဖြစ်မလာလဲ ပြန်လည်ဝင်စားခြင်းသံသရာထဲ ဝင်သွားဖို့ တန်းရောက်သွားတာမျိုးလည်း ရှိတယ် မဟုတ်ရင် သေဆုံးပြီး တစ္ဆေသရဲတွေနဲ့ နတ်ဆိုးတွေ ဖြစ်သွားကြတာမျိုးလည်း ဖြစ်နိုင်တယ် လူက လူပဲ သူတို့က ဘယ်လိုမှ နတ်ဘုရား ဖြစ်လာမှာ မဟုတ်ဘူး"

ဌာနမှူးရှုသည် ခေါင်းမညိတ်သလို ခေါင်းမခါပေ သူသည် ဒီတိုင်း ကောကျူစကားများကို ပြုံး၍ ငြိမ်သက်စွာ နားထောင်နေပြီး တစ်ခွန်းမှ ဝင်မပြောခဲ့ပေ။

ကျန်းလော့နှင့် တခြားသူများသည် အချင်းချင်း ကြည့်လိုက်ပြီး လုယုံရိကို အချက်ပြလိုက်သည်။ လုယုံရိသ်ည တာဝန်ကျေစွာ လေးလေးနက်နက် မေးလိုက်သည်။

"ဌာနမှူးရှု ဘယ်သူကမှ ထာဝရမရှင်သန်နိုင်ဘူးဆိုတာ အမှန်ပဲလား"

ကျန်းလော့သည် သူတို့ကို ကံကြမ္မာယုံသူက နှစ်နှစ်ရာကျော် ရှင်သန်နေခဲ့ပြီး အသက်ကြီးမသွားပဲ နုပျိုနေတုန်းဆိုတာ ပြောပြခဲ့သည်။

ဌာနမှူးရှုသည် ဤကလေး အဘယ့်ကြောင့်သူ့ကို ဒီအကြောင်းလာမေးနေလဲ ဆိုတာ သိနေပြီး သူသည် ရယ်မြူးရိပ်သန်းနေသော အကြည့်များဖြင့် ကလေးတစ်အုပ်ကို ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်ကာ ခေါင်းယမ်းပြလိုက်သည်။

"မင်းတို့ ကလေးတွေကွာ... အိုက်ယား... ထားပါ မင်းတို့မေးတဲ့ မေးခွန်းကို ဒီလူကြီးက အဖြေကောင်းတစ်ခု ပေးလိုက်ပါမယ်"

"မင်းတို့ကြားဖူးလား 'ဝိညာဉ်ကကောင်းပေမဲ့ စိတ်ဝိညာဉ်က ဆိုးယုတ်တယ်'ဆိုတာလေ"

ကောကျူက ပြုံးလိုက်သည်။

"ကျွန်တော်သိတယ် လူတွေက ပရားနားဆိုတာက တစ်စုံတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဆိုးဝါးသွားစေတဲ့ အရာလို့ ယုံကြတယ် တကယ်လို့ ခန္ဓာကိုယ်ထဲက ဝိညာဉ်ထွက်သွားရင် ဒါမှမဟုတ် ဝိညာဉ်က အားနည်းလာရင် ခန္ဓာကိုယ်ထဲမှာ ကျန်ခဲ့တဲ့ ပရားနားက မကောင်းဆိုးဝါး ဝိညာဉ်တွေကို ဆွဲဆောင်ပူးပေါင်းဖို့ အဲ့လိုအချိန်ကို အခွင့်ကောင်းယူလိမ့်မယ် အဲ့လိုဖြစ်သွားရင် ရလာဒ်က နေ့စဉ်ရက်ဆက် အိပ်မက်ဆိုးတွေမက်မယ် မဟုတ်ရင်တော့ တစ်ခါထဲ သေသွားမယ် တာအိုလမ်းစဉ် လေ့ကျင့်ရေးတွေက ဝိညာဉ်သုံးမျိုးကို သန့်စင်ခြင်းကို အဓိကထားပြီး လေ့ကျင့်ကြတယ် ယန်ဝိညာဉ်ကို အသုံးပြုပြီး ယင်စွမ်းအင်တွေ ထုတ်လွှတ်မဲ့ မကောင်းဆိုးဝါးကို ဖိနှိပ်မယ် အဲ့လိုလုပ်ပြီး ပရားနားကို ပြင်ပက စိတ်ဝိညာဉ်တွေနဲ့ ပူးပေါင်းပြီး ခန္ဓာပူးကပ်အပိုင်စီးစေဖို့ ခွင့်မပြုပဲ တားဆီးနိုင်လိမ့်မယ် ပြီးသွားရင်တော့ ဒီလိုကျင့်ကြံနေထိုင်တဲ့သူက အသက်အရှည်ကြီး နေရလိမ့်မယ်"

စိုင်လောင်အာက နားမလည်နိုင်စွာ မေးသည်။

"ပရားနားကို ဖိနှိပ်တာက ဘာလို့ အသက်ရှည်အောင် လုပ်ပေးနိုင်ရတာလဲ"

"ဘာလို့လဲဆိုတော့ ပရားနားက လူတစ်ယောက်ရဲ့ လက်တွေခြေတွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားတစ်မျိုးဖြစ်ပြီး ငါတို့ခန္ဓာကိုယ်တွေရဲ့ အာရုံငါးပါး ဖြစ်နေလို့ပဲ"

ကောကျူသည် စိတ်ရှည်စွာ ရှင်းပြနေသည်။

ဝိညာဉ်ဆိုတာ ငါတို့ရဲ့ စိတ်နဲ့ စိတ်ခံစားချက်တွေ မြစ်ဖျားခံရာ အရင်းအမြစ်ဖြစ်နေတဲ့ ငါတို့ ထိတွေ့ကိုင်တယ်လို့မရသလို မမြင်နိုင်တဲ့ အရာဖြစ်နေတဲ့အချိန်မှာ ငါတို့ခန္ဓာကတော့ တခြားစီပဲ ရုပ်ခန္ဓာတွေက တဖြည်းဖြည်း အိုမင်းလာမယ် ပြီးရင် ပျက်စီးလာမယ် ဒါတွေကို ပရားမားက ပြင်ပ မကောင်းဆိုးဝါး ဝိညာဉ်နဲ့ ပူးပေါင်းပြီး ရုပ်ခန္ဓာရဲ့ လုပ်ဆောင်ချက်တွေကို လျော့ချပစ်နေလို့လို့ ထင်လို့ရတယ် ဒါပေမဲ့ ဝိညာဉ်ကိုသာ ပရားမားကို ဖိနှိပ်ပစ်ဖို့ အသုံးပြုနိုင်ခဲ့မယ်ဆိုရင် သီအိုရီတွေအရတော့ ခန္ဓာကိုယ်ရဲ့ အိုမင်းမှုကို ရပ်တန့်သွားစေနိုင်တယ်လို့ ကျမ်းဂန်တချို့မှာ ဖော်ပြထားတယ်"

ဌာနမှူးရှုသည် မုတ်ဆွေးမွှးဖြူဖြူများကို ပွတ်သပ်လိုက်ပြီး ရှေးလူကြီးများကဲ့သို့ အိပဲ့ပဲ့ ပြောလိုက်သည်။

"အဲဒီအတိုင်းပဲ"

"သီအိုရီအရတော့ ဖြစ်နိုင်တယ်ဆိုတော့ တကယ်လုပ်နိုင်သွားတဲ့သူ ရှိလား"

ကျန်းလော့သည် ဌာနမှူးရှုကို ကြည့်၍ ပြောလိုက်သည်။

"ဆရာရော လုပ်နိုင်ခဲ့လား"

"ဪ ကျုပ်က လုပ်နိုင်မှတော့ ဘာလို့ အခုထိ အဘိုးကြီး ဖြစ်နေပါ့မတုန်း"

ဌာနမှူးရှုသည် သူ့မုတ်ဆိတ်မွှေးများကို မှုတ်ထုတ်လိုက်ပြီး စိုက်ကြည့်သည်။

"အရင်ကနေ အခုထိ လူတစ်ယောက်ကပဲ ကံကြမ္မာယုံသူ တစ်ယောက်ထဲကပဲ အသက်နှစ်ရာကျော်တဲ့ထိ အိုမင်းမသွားအောင် နေနိုင်ခဲ့သေးတယ်"

ကျန်းလော့သည် ပြုံးလိုက်ပြီး

"ဆရာက ကျွန်တော်တို့ ကံကြမ္မာယုံသူအကြောင်း ပြောနေတာမှန်း သိနေတာပဲ"

ဌာနမှူးရှုသည် နှာမှုတ်လိုက်ပြီး အေးစက်စွာဖြင့်။

"မင်းတို့ရဲ့ မပြောပလောက်တဲ့ နည်းလမ်းလေးနဲ့ ကျုပ်ကို အကွက်ရွှေ့ချင်နေတာများ ကျုပ်က မင်းတို့ ပြောချင်နေတာကို ပါးစပ်ဟလိုက်တာနဲ့ သိတယ်ကွ မင်းတို့အားလုံး တအားကြိုးစားကြတာပဲ မင်းတို့က ကံကြမ္မာယုံသူအကြောင်းကို နက်နက်ရှိုင်းရှိုင်း သိချင်နေကြတာပဲ ကျုပ် မင်းတို့ကို တစ်ခါထဲ ပြောလိုက်မယ် မင်းတို့ကိုယ်မင်းတို့ပဲ အာရုံစိုက်တာပဲ ကောင်းမယ် ကံကြမ္မာယုံသူက... ထင်ထားတာထက်ကို ကြောက်စရာကောင်းလောက်အောင် သန်မာတယ် သူနဲ့သွားမရှုပ်နဲ့ တခြား ဘယ်သူ့ကို သွားရှုပ်ရှုပ် သူနဲ့တော့ သွားမရှုပ်ကြနဲ့"

ယယ်ရွှင်သည် အသံတိုးတိုးတိုးလေးဖြင့်

"ဌာနမှူး ကျွန်တော်တို့ကို နည်းနည်းလောက် ပိုပြောပြလို့ မရဘူးလား ကျွန်တော်တို့ ဘယ်သူ့မှ မပြောပါဘူးဗျာ"

"မရဘူး စဉ်းတောင်မစဉ်းစားနဲ့ ပြီးတော့ ကျုပ်သူ့ကို မသိဘူး မင်းတို့ကို ဘာမှ ပြောပြစရာမရှိဘူး"

ဌာနမှူးရှုသည် မီးဖိုထဲမှ ကန်းစွန်းဥများကို ထုတ်လိုက်ပြီး ကျန်းလော့ကို တည့်တည့်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်ကာ

"မင်းက ချီယုံကြိုက်တဲ့သူ ဖြစ်နေတာနဲ့တင် သူတို့က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး ကျုပ်က ကံကြမ္မာယုံသူပြောတဲ့ ဟောကိန်းကို တစ်ဝက်ပဲ ယုံတယ် ဒါပေမဲ့ ရွှမ်ရွှီလောကကို စောင့်ရှောက်တဲ့သူဖြစ်နေလို့ ယုံတာပဲ အဲဒါကိုမှ ထပ်ပြီး ချီယုံက ဒီလိုမျိုး လုပ်မဲ့သူမျိုး မဟုတ်ဘူးဆိုတာလဲ ကျုပ်ယုံတယ် .... မင်း မင်းကတော့ သူများနောက်လိုက်ပြီး စဉ်းစားနေတာထက် မင်းအတွက်မင်း ပိုပြီး တွေးသင့်တယ် သူများတွေ ပြောသမျှ လိုက်ယုံမနေနဲ့"

ကျန်းလော့သည် ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

"ကျွန်တော်သိပါပြီ"

ဌာနမှူးရှုသည် ကန်းစွန်းဥဖုတ်ပူပူများကို ပိုက်၍ မတ်တပ်ရပ်လိုက်ပြီး ကျန်းလော့ခေါင်းကို ပုတ်ပေးလိုက်သည်။

"သူက အတုအယောင်နတ်ဘုရားဆိုပေမဲ့ နတ်ဘုရားအစစ်မဟုတ်ဘူး သူ့ရဲ့ သဘာဝကိုက လူသားတစ်ယောက်ပဲ လူတစ်ယောက်က စကားပြောရင် သူတို့စကားတွေမှာ တစ်ကိုယ်ကောင်းဆန်မှုဆိုတဲ့ အတ္တတစ်စွန်းတစ်စ ပါတတ်တယ် ပြီးတော့ မင်းနဲ့ ချီယုံက ချစ်သူတွေဆိုထဲက မင်းအနေနဲ့ ချီယုံ့ကို ပိုပြီး ယုံကြည်ပေးသင့်တယ်"

ထိုသို့ပြောပြီးနောက် ဌာနမှူးရှုသည် ဖြည်းဖြည်းချင်း လျှောက်ထွက်သွားတော့သည်။

ကျန်းလော့သည် ထူးဆန်းသွားပြီး ပြုံးလိုက်သော်လည်း မရယ်နိုင်ခဲ့ပေ။ နောက်ဆုံးတွင် ပေါင်ပေါ်မျက်နှာအပ်၍ မွန်းကြပ်စွာ ရယ်မောလိုက်သည်။

ညရောက်သောအခါ အိပ်ရာပေါ်လှဲနေကာ အိပ်ဖို့ ကြိုးစားရင်း ကောဝူချန်၏ စကားများကို ပြန်တွေးနေမိသည်။

'ကံကြမ္မာယုံသူက ဘယ်လိုများ ပူဇော်ခြင်းက ရလာတဲ့စွမ်းအားတွေကို စုပ်ယူတာလဲ'

ကျန်းလော့သည် ထိုအကြောင်းကို အများကြီးတွေးကြည့်သော်လည်း ခေါင်းရှုပ်လာတာသာရှိပြီး မသိလိုက်ခင် အိပ်ပျော်သွားတော့သည်။ နောက်တစ်နေ့မနက်ခင်းတွင် အိပ်ရာထသည်နှင့် သွားတိုက်မျက်နှာသစ်ပြီး ရေပိုက်ခေါင်းကို ကြည့်လိုက်ကာ ရုတ်တရက် အတွေးနက်သွားပြန်သည်။

သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး လက်ဖမိုးကို ရေပိုက်ခေါင်းအောက်တွင် ထားကြည့်လိုက်သည်။ ရေများသည် လက်ဖမိုးပေါ်သို့ ကျသွားပြီး စက်ဝိုင်းသဏ္ဍာန် နေရာတိုင်းကို ဖြာထွက်သွားသည်။

သူသည် သွားတိုက်တံထည့်သော ခွက်ကို ယူလိုက်ပြီး ရေအပြည့်ထည့်လိုက်ကာ နောက်ဆုံးတွင် ပလုတ်ကျင်းရန် ပါးစပ်ထဲ လောင်းထည့်လိုက်သည်။

(တီ/အန် // ယူတို့ မထင်ထားဘူးမလား )

ကျန်းလော့၏ လှုပ်ရှားမှုများသည် နှေးသည်ထက်နှေးလာပြီး သူ့မျက်လုံးများကတော့ အလွန် တောက်ပလာခဲ့သည်။ သူသည် ကောဝူချန်ပြောသော နည်းလမ်းနှစ်ခုနှင့် လားလားမှ မတူသည့် တတိယမြောက်နည်းလမ်းကို ရှာတွေ့ခဲ့လေပြီ။ သူဆေးကြောပြီးနောက် အခန်းဆီသို့ အမြန်ပြန်သွားကာ ဤနည်းလမ်း၏ အောင်မြင်နိုင်မည့် နှုန်းကို ပြန်တွက်ချက်တော့သည်။

သူတွက်ချက်မိလေလေ စိတ်လှုပ်ရှားလာလေလေ ဖြစ်ကာ နောက်ဆုံးတွင် ကျန်းလော့သည် ဆက်၍ ထိုင်မနေနိုင်တော့ပေ။ ဤနည်းလမ်းသည် အောင်မြင်နိုင်ချေ ငါးဆယ်ရာခိုင်နှုန်း ရှိပြီး ကျဆုံးနိုင်ခြေသည်လည်း အတူတူပင် ဖြစ်သည်။ သို့သော် ငါးဆယ်ရာခိုင်နှုန်းသည်ပင် အလွန်များနေပြီ ဖြစ်ကာ ကျန်းလော့အတွက် စွန့်စားကြည့်ဖို့ ဆုံးဖြတ်ရန် ဖြစ်နိုင်သည်။

ကျန်းလော့သည် အလွန်စိတ်လှုပ်ရှားနေပြီး သူသည် တစ်နေ့လုံး အပြင်လုံးဝ မထွက်ခဲ့ပေ။

အကြာကြီး ဆုံးဖြတ်ပြီးနောက် သူကပင်ပြီး လက်ဦးမှုယူရန် ဆုံးဖြတ်လိုက်ကာ တောင်ပေါ်ကို သွားပြီး အကုသိုလ်တုံးကို တွေ့ရန်သွားဖို့ လုပ်လိုက်သည်။

သူ့တွင် ပြန်လာရသည့် အကြောင်းအရင်း အများကြီး ရှိသည်။

ကံကြမ္မာယုံသူသည် သူ့ကို အခုချိန်ထိ တောင်ထိပ်တွင် စောင့်နေဆဲ ဖြစ်သည်။ ကံကြမ္မာယုံသူသည် သူ့ကို ဘယ်သောအခါမှ အလွတ်ပေးမှာ မဟုတ်ကြောင်း ကျန်းလော့ သိသည်။ ကံကြမ္မာယုံသူသည် ထိုသို့ ကြီးမားသည့် စစ်တုရင်ပွဲကို ခင်းကျင်းထားခြင်းသည် ကျန်းလော့ကို ချီယုံ့ကို သတ်ခိုင်းစေရန်အတွက်သာ ခင်းကျင်းထားခြင်း မဟုတ်နိုင်ပေ။ ကျန်းလော့သည် သူကပင် စပြီး တောင်ပေါ်ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။ ဒီအတိုင်း ဘာမှ မလုပ်ဘဲ ထိုင်စောင့်နေမှာထက်စာလျှင် သူကအရင် လက်ဦးမှုယူလိုက်ခြင်းက ပိုကောင်းပေမည်။

ထို့ထက်ပိုသော အကြာင်းအရင်း တစ်ခုမှာ ကံကြမ္မာယုံသူ၏ လက်ထဲတွင် နောက်ဆုံးသော ယွမ်ထျန်းကျူးတစ်ခု ရှိနေသေးသောကြောင့် ဖြစ်သည်။

ကျန်းလော့သည် ကံကြမ္မာယုံသူကို သတ်ချင်သည်။ ထို့ကြောင့် ကံကြမ္မာယုံသူနှင့် ရင်ဆိုင်တွေ့ဆုံရမည်မှာ အနှေးနှင့်အမြန်ဖြစ်လာမည့် ကိစ္စတစ်ခုဖြစ်ပြီး ရှောင်လွဲမရနိုင်ပေ။

သို့သော် ကျန်းလော့၏ အကြံသည် ကျဆုံးသွားဖို့လည်း အလွန်ဖြစ်နိုင်ချေမြင့်သောကြောင့် သူ့သူငယ်ချင်းများ ထိခိုက်မှုမရှိစေရန် ကျန်းလော့သည် မည်သူ့ကိုမှ မပြောဘဲ လုပ်ဖြစ်လျှင်တောင် တစ်ယောက်ထဲ လုပ်ရန် ဆုံးဖြတ်လိုက်သည်။

သူသည် တိတ်တဆိတ် ပစ္စည်းများကို ထုတ်ပိုးပြီး ပိုင်ချူထံသို့ ဖုန်းခေါ်လိုက်သည်။ တောင်တက်လျှင် ဝတ်သည့် အဝတ်အစားများ ဝတ်လိုက်ပြီး ဓားမြှောင်များ ဝှက်ထည့်သွားကာ စာတစ်စောင် ချန်ခဲ့ပြီး ကျောင်းမှ ထွက်သွားခဲ့သည်။

ပိုင်ဟွားတက္ကသိုလ်သည် ညဘက်တွင် အလွန်တိတ်ဆိတ်ပြီး ကျန်းလော့သည် မည့်သည့် အနှောက်အယှက်မှ မတွေ့ခဲ့ပဲ အောင်အောင်မြင်မြင် ထွက်သွားနိုင်ခဲ့သည်။ သူ၏ တပတ်ရစ်ကားကို မောင်းသွားကာ မြို့လယ်ခေါင်မှ သီးသန့်ကွန်ဒိုများရှေ့တွင် ရပ်လိုက်သည်။

ကွန်ဒိုဝင်းအဝင်စတွင် အနွေးထည်အထူကြီး ဝတ်ထားသော လှပသော အမျိုးသမီးတစ်ယောက် သည် အေးလွန်းလို့ တုန်ယင်နေသော်လည်း တစ်စုံတစ်ယောက်ကို စောင့်နေလေသည်။ သူမသည် ကျန်းလော့ကို မြင်သောအခါ ချက်ချင်း ပြေးလာပြီး

"မင်းရောက်လာတာ တော်တော် မြန်တာပဲ"

ကျန်းလော့က ပြုံး၍ ပြောသည်။

"ပိုင်ချူကျဲ"

ပိုင်ချူသည် သူ့ကို ပြုံးပြလိုက်ပြီး

"မင်းကတော့ ပိုကြည့်ကောင်းလာတာပဲ"

ပိုင်ချူသည် ကျန်းလော့ကို လက်ထဲမှ ပန်းကို လှမ်းပေးလိုက်ပြီး

"ဒီဟာတွေကို အဲဒီတုန်းထဲက ဗီရိုထဲမှာ သော့ခတ်ထားတာ ဒါပေမဲ့ မင်းဖုန်းခေါ်တော့မှပဲ ဒါတွေ မပစ်ရသေးမှန်း သတိရသွားတာ ငါက အစောကြီးထဲက လွင့်ပစ်လိုက်မိပြီ ထင်နေခဲ့တာလေ ဒါပေမဲ့ အစ်မ ဒီပန်းတွေကို ထုတ်ကြည့်လိုက်တော့လဲ ပန်းတွေက ပွင့်နေတုန်း လန်းနေတုန်းပဲ"

သူမသ်ည ရုတ်ထွေးနေပြီး အနီရောင်ပန်းစည်းသည် ကောင်းကင်မှ ကြယ်များကဲ့သို့ လှပနေသော်လည်း သူမအတွက်တော့ မိစ္ဆာပန်းများလို ကြောက်စရာကောင်းနေသည်။

ကျန်းလော့က ဒီပန်းများကို သူယူသွားမည်ဆိုကာမှ သူမမှာ စိတ်သက်သာရာ ရသွားတော့သည်။ ကျန်းလော့သည် ပြုံးလိုက်ပြီး

"ကျေးဇူးတင်ပါတယ် ပိုင်ချူကျဲ"

ပိုင်ချူကပြောသည်။

"အစ်မကို အရမ်းကြီး ယဉ်ကျေးမနေပါနဲ့"

ပိုင်ချူနှင့် ကျန်းလော့တို့သည် နှုတ်ဆက်လိုက်ကြပြီး ထွက်သွားကြတော့မည့်အချိန်တွင် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး

"စကားမစပ် ကျန်းလော့ရေ မောင်လေး အခု ငြိမ်းချမ်းခြင်းအဆောင် ရောင်းသေးလား"

ကျန်းလော့သည် မျက်ခုံးပင့်လိုက်ပြီး

"တစ်ယောက်ယောက်က ဝယ်ချင်လို့လား"

"မင်းရဲ့နာမည်က အသိုင်းအဝိုင်းထဲမှာ တအားပြန့်နေပြီလေ ပြီးတော့ မောင်လေးအဆောင်က အရမ်း အကျိုးသက်ရောက်မှု ရှိတယ်ဆိုတော့ အားလုံးက ဝယ်ချင်နေကြတာ တချို့လူတွေက အမကို မင်းနဲ့ အဆက်သွယ်ရှိတယ်ဆိုတာ သိသွားပြီး လာပြောခိုင်းနေကြလို့"

ပိုင်ချူက ရှင်းပြသည်။

"ပြီးတော့ သူတို့ပြောတဲ့ ဈေးနှုန်းကလည်း မဆိုးဘူးဆိုတော့ မောင်လေးများ ရောင်းချင်မလားလို့ ရောင်းမယ်ဆိုရင် အမလူရွေးပေးမယ် အရှုံးမရှိစေရဘူး"

'အာဟ် အနုပညာလောက'

ကျန်းလော့သည် ထိုအကြောင်းကို တွေးကြည့်လိုက်ပြီး

"ကျွန်တော် အခုတော့ မရောင်းဖြစ်သေးဘူးဗျ ရောင်းမယ့်အချိန်ရောက်ရင် အမကို ဆက်သွယ်လိုက်ပါ့မယ်"

ပိုင်ချူသည် ခေါင်းညိတ်လိုက်ပြီး ထွက်သွားတော့သည်။ ကျန်းလော့သည် သူမအထဲဝင်သွားတဲ့ထိ စောင့်ကြည့်ပြီး ကားဆီသို့ ပြန်သွားခဲ့သည်။

သူသည် ပန်းများကို ခရီးသည်ခုံတွင် တင်ထားလိုက်ပြီး ထို ကောင်းကင်ကြယ်များနှင့် တူသော ပန်းများကို အချိန်အတော်ကြာ ကြည့်နေခဲ့သည်။ သို့သာ် ထိုပန်းများသည် ပို၍ နီရဲလာပြီး အပြင်ရောက်မှ ပို၍ ပွင့်လန်းနေသယောင်။

ကျန်းလော့သည် ပြုံးလိုက်ပြီး ပျော်ရွှင်စွာဖြင့် ကျေးလက်ဘက်သို့ ကားမောင်းသွားတော့သည်။ ဤပန်းများဖြင့် အောင်မြင်မှုရာခိုင်နှုန်း တိုးလာတော့မည် ဖြစ်သည်။

လျန်အိမ်တော်သို့ မြို့ထဲမှ လေးငါးနာရီကြာအောင် မောင်းရပြီး ကျန်းလော့ သွားလိုသော နေရာရောက်ချိန်တွင် အာရုံတက်နေပြီဖြစ်သည်။ သူသည် အချစ်ပီယပန်းများမှ ပန်းပွင့်ဖတ် တချို့ကို ချွေယူပြီး အိတ်ကပ်ထဲထည့်လိုက်ကာ တောင်ပေါ်သို့ စတက်သွားတော့သည်။ တောင်ပေါ်မှ နှင်းများသည် အရည်ပျော်သွားပြီဖြစ်သည်။ နေထွက်လာသောအခါ နေရောင်နွေးနွေးသည် တောင်တစ်ခုလုံးကို လွှမ်းခြုံထားပြီး ရွှေရောင်အလင်းတန်းများသည် နတ်ဘုံနတ်နန်းကဲ့သို့ တောင်ကို လှပသက်ဝင်နေစေသည်။

ကျန်းလော့သည် "ဝူရှညန်" ဂိတ်ဝထိရောက်အောင် တက်သွားခဲ့သည်။ လျန်အိမ်တော်ရှိ မည်သူကမှ သူယနေ့ တောင်ပေါ်တက်လိမ့်မည်ဟု ထင်ထားမှာ မဟုတ်ပေ။ တပည့်များသည် တွေဝေနေကြပြီး တံခါးဖွင့်ပေးလာသည်။ ထို့နောက် မကြာခင်တွင် ကျိယောင်ဇီတစ်ယောက် အလောတကြီးဖြင့် သူရှိရာသို့ အူယားဖားယားပြေးလာလေသည်။

အပိုင်း (၁၈၅) အောင်မြင်ရန် ငါးဆယ်ရာခိုင်နှုန်း (၂)

ကျန်းလော့သည် ကျိယောင်ဇီကို ခေါင်းညိတ်ပြလိုက်ပြီး သူ့နားထိ လျှောက်သွားလိုက်သည်။

"ကံကြမ္မာယုံသူ ရှိသလား"

"ဒီမှာရှိတယ်"

ကျိယောင်ဇီသည် သိချင်စွာ ပြန်ဖြေလိုက်ပြီး ကျန်းလော့ကို စိတ်ပူစွာ သေချာကြည့်နေသည်။

"တစ်ညလုံး မနားပဲ ဒီထိလာခဲ့တာလား ခဏလောက် ပြန်အိပ်လိုက်ချင်လား"

ကျန်းလော့သည် အားအပြည့်ဖြင့် ပြောလိုက်သည်။

"ညနက်တဲ့ထိနေတာက ကျွန်တော့်လို လူငယ်တစ်ယောက်အတွက် ဘာမှ မဟုတ်ပါဘူးဗျာ ဒီတိုင်း ကျွန်တော့်ရဲ့ တောင်အောက်မှာ လုပ်ရမဲ့ အလုပ်တွေပြီးသွားလို့ ပြီးတော့ ကျွန်တော့်မှာ ခင်ဗျားကို စိတ်ဝိဇ္ဇာပညာနဲ့ ပတ်သတ်ပြီး မေးစရာတချို့ ရှိနေသေးတယ် အဲဒါနဲ့ တောင်ပေါ်တက်လာခဲ့လိုက်တာ"

ဤနေရာတွင် တာအိုဆရာတော်ဝေ့ဟယ်၏ တပည့်များ ရှိနေပြီး ကျိယောင်ဇီသည် ကျန်းလော့ကို မဖြေနိုင်မည့် မေးခွန်းများ မမေးခဲ့ပေ။ သူသည် အကင်းပါးစွာ ခေါင်းညိတ်လိုက်ပြီး ကျန်းလော့နောက်လိုက်ကာ စိတ်ဝိဇ္ဇာပညာရပ်အကြောင်းပဲ ဆက်ပြောနေလိုက်တော့သည်။

"လေ့ကျင့်နေတာ အခု ဘယ်အခြေအနေရောက်ပြီလဲ"

"သိပ်တော့ မဆိုးတော့ပါဘူး"

ကျန်းလော့သည် ပြုံးလိုက်ပြီး

"သစ်သားစိတ်ဝိဉာည်နဲ့ ကျွန်တော့်မှာ ဆက်သွယ်မှုလေး ခံစားနေရပြီ ဒီတော့ လေ့ကျင့်ရတာ ပိုလွယ်လာတယ် ဆိုပါတော့"

ကျိယောင်ဇီသည် ကြားနာမှုအကြောင်းမေးလိုက်ကာ သူတို့နှစ်ယောက်သည် စကားတပြောပြောနှင့် လမ်းလျှောက်နေကြသည်။ ထိုအချိန်တွင် ဖြည်းဖြည်းမှန်မှန် လမ်းလျှောက်လာနေသော တာအိုဆရာတော် ဝေ့ဟယ်ကို တွေ့လိုက်ရသည်။

"မင်းပြန်လာပြီလား"

တာအိုဆရာတော်ဝေ့ဟယ်သည် ကျန်းလော့ကို ကြည့်လိုက်ပြီး စိတ်သက်သာရာရစွာ

"မင်းပြန်သွားတာ လဝက်တောင်ရှိသွားပြီ ကျိယောင်ဇီက နေ့တိုင်း မင်းကို မျှော်နေတာ"

ကျန်းလော့သည် ယဉ်ကျေးစွာ ပြုံးပြလိုက်ပြီး

"ကျွန်တော်ထင်တာ ကျွန်တော်က ထျန်းရှိဖူက ထွက်သွားပြီဆိုတော့ ဆရာတော်က ကျွန်တော့်ကို တောင်ပေါ်ပြန်အတက်ခံမှာ မဟုတ်လောက်ဘူး ထင်ထားတာ"

သူသည် အလွန်ယဉ်ကျေးစွာ ပြောဆိုပြီး လျန်ရွှီအကြောင်း တစ်ခွန်းမှ မပြောခဲ့ပေ။ တာအိုဆရာတော်ဝေ့ဟယ်သည် သူ့ကို နက်ရှိုင်းစွာ ကြည့်လိုက်ပြီး အမြဲလိုလို နူးညံ့သိမ်မွေ့သော သဘောထားအတိုင်း

"မင်းနဲ့ ကျုပ်တို့ရဲ့ရင်းနှီးမှုက ကျုပ်တို့ကြားမှာပဲ ရှိတာပဲ မင်းကမင်း ဖုန်းလီက ဖုန်းလီ မင်းနဲ့ ဖုန်းလီက ဆရာတပည့်ဆက်ဆံရေး ပြတ်တောက်သွားတယ် ဆိုရင်တောင် မင်းကို ဒီမှာ အမြဲတမ်းကြိုဆိုနေပါတယ်"

ကျန်းလော့သည် ပြုံးလိုက်ပြီး

"တာအိုဆရာတော်ဝေ့ဟယ်ကို ကျေးဇူးအများကြီး တင်ပါတယ်"

တာအိုဆရာတော် ဝေ့ဟယ်သည် သူတို့ကို ကံကြမ္မာယုံသူထံသို့ ခေါ်သွားပေးသည်။ ကံကြမ္မာယုံသူသည် ဘိုးဘေးဗိမာန်အဆောက်အဦး၏ အလယ်တည့်တည့်တွင် နေထိုင်သည်။ ဘိုးဘေးခန်းမ၏ တံခါးသည် ပိတ်ထားပြီး တာအိုဆရာတော် ဝေ့ဟယ်သည် တံခါးကို နှစ်ကြိမ်ခေါက်၍ အထဲမှ အဖြေကို မစောင့်ဘဲ သူ့ဟာသူတံခါးတွန်းဖွင့်ပြီး ဝင်သွားလိုက်သည်။

ကျန်းလော့သည်လည်း လေးစားရိုကျိုးမှု အပြည့်ဖြင့် ပြန်ဖြေခဲ့သည်။ တာအိုဆရာတော်ဝေ့ဟယ်သည် တံခါးကို ညင်သာစွာ ပိတ်လိုက်ပြီး အတွင်းခန်းထဲသို့ ဝင်သွားသည်။ အခန်းထဲတွင် မီးခိုးငွေ့များသည် တစ်ခန်းလုံးကိုပင် မြူများကဲ့သို့ ဖုန်းလွှမ်းနေပြီး စန္ဒကူးနံ့တို့သည် ပြတင်းပေါက်များ ပိတ်ထားသောကြောင့် တစ်ခန်းလုံးကို မွှန်ထူသွားစေအောင် လှိုင်နေတော့သည်။

အခန်းတစ်ခုလုံး၏ လေထုသည် မသေမျိုးနတ်တစ်ပါး စံမြန်းရာ နန်းဆောင်ကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေသည်။ ရှည်လျားသော သစ်နက်သား စားပွဲပေါ်တွင် နတ်ဘုရားတစ်ပါး၏ ရုပ်ထုကို စားပွဲအလယ်တည့်တည့်တွင် တင်ထားသည်? အမွှေးနံ့သာမီးဖိုထဲတွင် နံသာပြာများ ပြည့်နေပြီး နံသာတိုင်သုံးတိုင်သည် ဆက်၍ လောင်ကျွမ်းနေဆဲဖြစ်သည်။

နတ်ဘုရားရုပ်ထု၏ အရှေ့တည့်တည့်တွင် အဖြူရောင်ဝတ်ထားသော ကံကြမ္မာယုံသူ ရှိနေလေသည်။

တာအိုဆရာတော်ဝေ့ဟယ်သည် ကံကြမ္မာယုံသူ၏ နောက်နားထိ သွားရပ်လိုက်ပြီး တီးတိုးပြောလိုက်သည်။

"ကံကြမ္မာယုံသူ ကျန်းလော့ ပြန်ရောက်လာပါပြီ"

ကံကြမ္မာယုံသူက ပြောလိုက်သည်။

"ကျုပ် သူ့အသံကြားပါတယ်"

သူသည် ခေါင်းစောင်းကြည့်လိုက်ရာ ငွေဖြူရောင်ဆံနွယ်များသည် ပုခုံးရှေ့ထိ ကျဆင်းသွားပြီး ကံကြမ္မာယုံသူ၏ မျက်ခုံးတို့သည် နှင်းများ ဖုန်းလွှမ်းနေကာ သက်ပြင်းချပြီး ရှင်းလင်းသော အသံဖြင့်

"သူ့သဘောနဲ့သူ ပြန်လာလိမ့်မယ်လို့ မထင်ထားမိဘူး"

တာအိုဆရာတော် ဝေ့ဟယ်သည် တောင့်သွားပြီး

'ကံကြမ္မာယုံသူက ကျန်းလော့ပြန်လာမှာကို မမျှော်လင့်ဘူးတဲ့လား'

တာအိုဆရာတော် ဝေ့ဟယသည် မျက်မှောင်ကြုတ်သွားပြီး နှလုံးသားထဲတွင် အလွန်စိုးရိမ်လာသော အသံဖြင့် ပြောလိုက်သည်။

"ကံကြမ္မာယုံသူ ဒီကောင်လေးမှာ တခြား အကြံအစည် တစ်ခုခုများရှိနေမလားဗျာ"

ကံကြမ္မာယုံသူက ဖျော့တော့စွာ ပြုံးလိုက်ပြီး

"ဘာမှမဖြစ်နိုင်ပါဘူး"

ကံကြမ္မာယုံသူ အလွန်တည်ငြိမ်နေတာကို မြင်သောအခါ တာအိုဆရာတော်ဝေ့ဟယ်သည် အနည်းငယ် စိတ်အေးသွားသလို ခံစားလိုက်ရသည်။ သူသည် ကျန်းလော့ကို ထျန်ပိရေကန်တွင် စိမ်ပြီးသောကြောင့် ခံစားချက်များ မရှိတော့ဘဲ ကံကြမ္မာယုံသူအသုံးချတာကို လက်ခံနေသည်ဟု ထင်နေခဲ့သည်။ ထို့ကြောင့် ကံကြမ္မာယုံသူ ပြောခဲ့သည့်အတိုင်း ဝိညာဉ်ကို ထုတ်ပြ၍ စိတ်ဝိဇ္ဇာပညာရပ်တွင် သစ်သားစိတ်ဝိညာဉ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ဝေ့ဟယ်သည် အနည်းငယ်စိုးရိမ်မှုတို့ ရှိနေဆဲဖြစ်ပြီး ထိုစိုးရိမ်မှုတို့ကို သိမ်းဆည်းထားကာ စိတ်အေးသွားသလို ပြောလိုက်သည်။

"လျန်ရွှီအကြောင်း မေးမလာတာကို ကျွန်တော် အံ့ဩနေတာ"

'ကောင်လေးက ထျန်ပိရေကန်အစွမ်းကြောင့် စိတ်ထဲမထားတာလား ဒါမှမဟုတ် အရမ်းသည်းခံနိုင်စွမ်း ပြည့်ဝနေတာလား'

"သူမေးလာခဲ့ရင် မင်းစိတ်အေးနိုင်မှာ မဟုတ်ဘူး သူ မမေးလာပြန်တော့လည်း မင်းစိုးရိမ်နေရပြန်ရော"

ကံကြမ္မာယုံသူသည် နောက်ထပ် အမွှေးနံ့သာတိုင် သုံးခုကို မီးညှိလိုက်ပြန်သည်။

"လျန်အောဝ်း မင်းအဲ့လောက်ကြီး စိတ်လှုပ်ရှားနေစရာမလိုပါဘူး"

ဝေ့ဟယ်သည် ခါးသက်စွာ ရယ်မောလိုက်သည်။

"တကယ်လို့ မင်းစိတ်ပူနေရင် လျန်ရွှီကို ဂျူနီယာတွေနဲ့ပဲ ဘိုးဘေးအိမ်တော်မှာ အဖော်ပြုပေးဖို့ ပြောလိုက် ဘိုးဘေးအိမ်တော်ကနေ မခွာစေနဲ့"

ကံကြမ္မာယုံသူက ပြောသည်။

"ကျန်းလော့က တောင်ပေါ်က ဆင်းထဲက လျန်ရွှီကို သတ်မသွားဘူး ပြီးတော့ သူက နောက်လဲ လျန်ရွှီပေါ်မှာ လက်တစ်ချောင်းတောင် တင်မှာမဟုတ်ဘူး သူက ရင်းနှီးမှုကို တန်ဖိုးထားတဲ့ သူတစ်ယောက်ပဲ"

ဝေ့ဟယ်သည် ပါးစပ်ကို ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေပြီးမှ

"ဟုတ်ကဲ့ပါ"

ကံကြမ္မာယုံသူက ပြောသည်။

"သူ့ကို ဝင်ခိုင်းလိုက်ပါ"

.........................

ကျန်းလော့သည် ဘိုးဘေးခန်းမထဲသို့ ဝင်လာခဲ့သည်။ အတွင်းခန်းထဲသို့ ဝင်လိုက်သည်နှင့် အမွှေးနံ့သာမီးရှို့နေသော ကံကြမ္မာယုံသူကို မြင်လိုက်ရသည်။ သူ့အကြည့်တို့သည် ကံကြမ္မာယုံသူရှေ့မှ ရုပ်ထုသေးသေးလေးထံသို့ ကျရောက်နေပြီး မီးခိုးများသည် အလွန်ထူနေသောကြောင့် ရှေ့သို့ ရှင်းရှင်းလင်းလင်း မမြင်ရပေ။

"ကံကြမ္မာယုံသူ"

ကျန်းလော့က စကားစလိုက်သည်။

"ကျွန်တော် ပြန်ရောက်ပါပြီ"

ကံကြမ္မာယုံသူသည် နံ့သာတိုင်တို့ကို အမွှေးနံ့သာအိုးထဲသို့ စိုက်လိုက်ပြီး လှည့်ကြည့်လိုက်သည်။

"မင်း ပြန်လာတာ ဒီလောက်စောလိမ့်မယ်လို့ မထင်ထားဘူး"

ကျန်းလော့က ပြောသည်။

"ကျွန်တော် အချိန်မဖြုန်းချင်လို့ပါ ကျွန်တော် စောလာလာ နောက်ကျပြီးမှ လာလာ လာရမှာပဲလေ"

ကံကြမ္မာယုံသူသည် လက်ကိုင်ပုဝါတစ်ထည်ဖြင့် လက်သုတ်လိုက်ပြီး သူ့အကြည့်များသည် နူးညံ့သိမ်မွေ့နေပြီး ခွင့်လွတ်ခြင်းများ ပြည့်နှက်နေကာ

"မင်းအတွေးတွေ လမ်းမှန် ရောက်လာပြီလား"

ကျန်းလော့သည် တိတ်ဆိတ်နေသည်။ ကံကြမ္မာယုံသူသည် အကူအညီမဲ့စွာ ခေါင်းယမ်းလိုက်ပြီး

"ကျန်းလော့ မင်းရဲ့ဓားဦးကို ကျုပ်ဘက်လှည့်လာစရာမလိုပါဘူး"

သူသည် ဘေးသို့ ရွှေ့လိုက်ပြီး ထိုင်ချလိုက်ကာ မီးခိုးငွေ့များကြားတွင် အထက်ဘုံသို့ တက်တော့မည့် အမတတစ်ပါး ဖြစ်တော့မည့် ပုံစံဖြင့် ထိုင်နေသည်။ အရောင်ဖျော့သော မျက်ဝန်းတို့သည် အပြုံးယဲ့ယဲ့ဖြင့် ကလေးတစ်ယောက်ကို ကြည့်နေသလို ကျန်းလော့ကို ကြည့်နေကာ

"ကျုပ်ပြောခဲ့သလိုပဲ ကျုပ်ဘယ်သူ့ကိုမှ သတ်မှာမဟုတ်ဘူး မင်းက ကျုပ်ကို သတ်ချင်နေရင်တောင် ကျုပ်က မင်းကို ဘာမှလုပ်မှာမဟုတ်ပါဘူး ကျန်းလော့ ကျုပ်မင်းကို ဘယ်တော့မှ နာကျင်စေမှာ မဟုတ်ဘူး ကျုပ်ကို ပိုပြီး ယုံကြည့်လို့ရပါတယ်"

အကြာကြီးနေမှ ကျန်းလော့သည် စကားပြန်ပြောလာပြီး

"ခင်ဗျားပြောခဲ့တဲ့ ဟောကိန်းအကြောင်း ကြားခဲ့တယ် ရွှမ်ရွှီလောကကြီးရဲ့ အနာဂတ်ကိုလေ"

ကံကြမ္မာယုံသူသည် သူ့ကို တိတ်ဆိတ်စွာ ကြည့်လိုက်ပြီး သူ၏ နောက်ဆက်တွဲ ပြောမည့် စကားများကို စောင့်မျှော်နေသည်။

"ကျွန်တော့် သူငယ်ချင်းတွေ.."

ကျန်းလော့သည် သူ့မျက်နှာကို ပျက်ကျနေအောင်သရုပ်ဆောင်နေပြီး သွားများ တင်းတင်းကြိတ်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် မနည်းတွန်းအားပေးနေရပုံဖြင့်

"ဟောကိန်းအရဆို သူတို့အားလုံး အဲဒီကပ်ဆိုက်နေတဲ့ ကာလမှာ သေသွားကြမှာ"

ကံကြမ္မာယုံသူသည် နှစ်သိမ့်သလို ပြောခဲ့သည်။

"အဲဒါတွေအားလုံး အခုထိ ဖြစ်မလာသေးပါဘူး"

ကျန်းလော့သည် သက်ပြင်းချလိုက်ပြီး သူ့စိတ်ခံစားချက်များသည် ဖြည်းဖြည်းချင်း တည်ငြိမ်သွားကာ

"ကံကြမ္မာယုံသူ ကျွန်တော် အခုချိန်ထိ ခင်ဗျားကို မယုံသေးဘူး ခင်ဗျားကိုယ်ခင်ဗျား အတုအယောင်နတ်ဘုရားလို့ ပြောခဲ့တယ် ဒါဆို ဘာလို့ ခင်ဗျားကိုယ်တိုင် ချီယုံ့ကို မကိုင်တွယ်ရတာလဲ ဘာလို့ ကျွန်တော့်ကိုလာပြီး ချီယုံ့ကို ဆန့်ကျင်စေချင်နေရတာလဲ"

"ဘာလို့လဲဆိုတော့ ကျုပ်က ကံကြမ္မာစောင့်ရှောက်သူဆိုတဲ့အတိုင်း ဟောကိန်းထဲမှာ ပါတဲ့ သူတစ်ယောက်ဖြစ်နေလို့"

ကံကြမ္မာယုံသူသည် ထရပ်လိုက်ပြီး ရုတ်တရက် နတ်ဘုရားရုပ်ထုကို လက်ညှိုးထိုးပြလိုက်ကာ

"မင်း အမွှေးနံ့သာ ပူဇော်ချင်လား"

ကျန်းလော့သည်နာခံစွာဖြင့် နတ်ဘုရားရုပ်ထု ရှေ့သို့ သွားလိုက်ပြီး နံ့သာတိုင်တစ်ချောင်း ဆွဲထုတ်လိုက်ကာ ရိုကျိုးသော အမူအယာဖြင့် ပူဇော်လိုက်သည်။ တစ်ချက်ကလေးမှ အထစ်အငေါ့မရှိစွာဖြင့် ရုပ်ထုဆီသို့ သေချာကြည့်နေခဲ့သည်။ နတ်ဘုရားရုပ်ထုကို သေချာမမြင်ရပေ။ သို့သော် မျက်ခုံးများသည် သိမ်မွေ့နေပြီး မျက်လုံးများသည် နူးညံ့သိမ်မွေ့ကာ သဘောထားကြီးမြတ်ပြီး လောကကြီးကို ချစ်မြတ်နိုးပုံပေါ်နေသည်။

ကျန်းလော့သည် ရုပ်ထုကို ကြည့်နေရင်း ဝိုးတဝါးခံစားချက်တို့ ရလာကာ နှလုံးသားသည် နူးညံ့ရှုပ်ထွေးလာပြီး

"ဒီရုပ်ထု... ခင်ဗျားလား"

ကံကြမ္မာယုံသူက ခေါင်းညိတ်လိုက်ပြီး

"ဟုတ်တယ်"

ကျန်းလော့က ပြောသည်။

"ခင်ဗျား ပူဇော်ခံဆည်းကပ်မှုတွေ ရနေတာ ဒီနည်းနဲ့လား"

"ဟုတ်လည်းဟုတ်တယ် ဟုတ်လည်းမဟုတ်ဘူး"

ကံကြမ္မာယုံသူသည် တွေဝေခြင်း မရှိစွာ ပြောသည်။

"ဒီလောက်ကြီး ရိုးရှင်းနေတဲ့ ကိစ္စမဟုတ်ဘူး"

ကျန်းလော့သည် ရုပ်ထုကို ကြောက်ရွံ့ရိုသေစွာ ကြည့်လိုက်ပြီး အသိအမှတ်ပြုပုံဖြင့်

"ဒါက အရမ်းအံ့ဩစရာကောင်းတာပဲ"

ကံကြမ္မာယုံသူသည် ခပ်ရေးရေး ပြုံးလိုက်သည်။

သူသည် ကျန်းလော့ကို ပထမဆုံး စမ်းသပ်ချက်အဖြစ် ယင်ယန်လက်ကောက် ချန်ထားပေးခဲ့သည်။ ကျန်းလော့သည် ပိုသန်မာချင်လာသော ဆန္ဒကို ထင်ထင်ပေါ်ပေါ် ဖော်ပြပြီး အသက်စွန့်၍ ယင်ယန်လက်ကောက်ကို ဖွင့်ရန် ကြိုးစားခဲ့သည်။ ထို့အပြင် သူ၏ ချီယုံနှင့် ဆက်ဆံရေးသည် လက်ကောက်ကို သုံး၍ အချင်းချင်း ဆန့်ကျင်ကြမည့် အခြေအနေသို့ ရောက်နေသောကြောင့် ကံကြမ္မာယုံသူသည် ကျန်းလော့ကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ကျန်းလော့သည် ပို၍ သန်မာလာမည်ဆိုသည့် သွေးဆောင်မှုကို ခုခံနိုင်ခြင်း မရှိပေ။

ကံကြမ္မာယုံသူသည် ထိုသို့သော လူမျိုးကို အသိအမှတ်ပြုသည်။ ကျန်းလော့သည် အတုအယောင်နတ်ဘုရားကို မေးခွန်းထုတ်ဝံ့ပြီး ထိုအချက်သည် သူတို့ကို စိန်ခေါ်နိုင်လောက်သည့် စိတ်ဓာတ်နှင့် အရည်အချင်းကို ပိုင်ဆိုင်ထားသည်ဟု ဆိုလိုသည်။

ကျန်းလော့စိတ်ထဲတွင် ရုပ်ထု၏ သွင်ပြင်လက္ခဏာများကို စွဲနေအောင် မှတ်မိပြီးမှ ကံကြမ္မာယုံသူ၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။ သူသည် ကံကြမ္မာယုံသူနှင့် အကြာကြီး စကားပြောချင်ကြောင်း မြင်သာအောင်ပြခဲ့ပြီး ရေနွေးအိုးထဲတွင် ရေကုန်သွားသောအခါ ကျန်းလော့သည် သူကိုယ်တိုင် နောက်တစ်အိုး သွားဖြည့်ခဲ့သည်။

မီးဖိုချောင်သည် အနည်းငယ်သာ ဝေးသော နေရာတွင် ရှိပြီး ကျန်းလော့သည် အချိန်သိပ်မယူရဘဲ ပြန်ရောက်လာခဲ့သည်။ ကံကြမ္မာယုံသူသည် ရေနွေးအိုးပေါ်မှ စိုစွတ်မှုတချို့ကို မြင်သောအခါ

"အဲဒါက ဘာလို့ စိုနေတာလဲ"

"အိုးပေါ်မှာ ဖုန်တွေတွေ့တာနဲ့ ကျွန်တော် ရေစိုဝတ်နဲ့ သုတ်ခဲ့လိုက်တာ"

ကျန်းလော့က ပြောသည်။

"ပြီးတော့ မီးဖိုချောင်ထဲမှာလဲ ဖုန်တွေကြီးပဲ အဲဒါက ထင်းနဲ့ချက်တာ ရဲ့ ဆိုးကျိုးပဲ နေရာတကာ ဖုန်တွေကြီးပဲ"

"အမှန်ပဲ"

ကံကြမ္မာယုံသူက ပြောသည်။

"ဒါပေမဲ့ ကျုုပ်တို့က ငယ်တော့တာမဟုတ်တော့ ထင်းမီးနဲ့ကြိုတဲ့ ရေနွေးကိုမှ သောက်ချင်တယ်လေ"

ကျန်းလော့သည် ရေနွေးကြမ်း တစ်ခွက် ခပ်ပေးပြီး သိမ်မွေ့စွာ မေးလိုက်သည်။

"ဒါဆို သင်က အသက်ဘယ်လောက် ရှိပြီလဲ"

ကံကြမ္မာယုံသူသည် တစိမ့်စိမ့်တွေးကြည့်လိုက်ပြီး

"အတိအကျ ဘယ်နှနှစ်လဲဆိုတာတော့ မမှတ်မိတော့ဘူး"

ကျန်းလော့သူ့ကို ခစားသော ရေကို လှမ်းယူလိုက်ပြီး ရေခွက်ကို ထိလိုက်သည်နှင့် ရေဆာလာသလို ခံစားလိုက်သည်။

ငုံ့ကြည့်လိုက်ပြီး ရေခွက်ထဲမှ ရေများသည် သန့်ရှင်းကြည်လင်နေသည်ကို မြင်လိုက်ရပြီး ရေများသည် အနည်းငယ် လှုပ်ခတ်နေပြီး ချိုမြသော အရသာရှိသည်ဟု ထင်ရကာ အာခေါင်ခြောက်လာခဲ့သည်။

ကံကြမ္မာယုံသူသည် တစ်ငုံသောက်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်ကာ

"ဒီရေနဲ့ပတ်သက်ပြီး တစ်ခုခုတော့ မူမမှန်ဘူး"

ကျန်းလော့သည် တည်ငြိမ်စွာ ပြုံးလိုက်ပြီး

"ဘာမှားနေလို့လဲ"

ကံကြမ္မာယုံသူသည် နောက်တစ်ငုံသောက်လိုက်ပြီး မျက်လုံးမှိတ်လိုက်ကာ ဘာမှားနေသည်ကို အာရုံခံကြည့်နေသည်။

"ပီယအဆောင်ပြာ.. ချစ်သူပန်းပွင့်ချပ်"

"ဟုတ်တယ်"

ကျန်းလော့သည် ပြောင်ပြောင်တင်းတင်း ဝန်ခံလိုက်သည်။

"မင်းပြောတာ အားလုံးမှန်တယ်"

ကံကြမ္မာယုံသူ၏ ပါးနှစ်ဖက်သည် မသိမသာ နီမြန်းလာပြီး ဆေးသည် အစွမ်းပြနေပြီ ဖြစ်သော်လည်း သူ့လက်များသည် တည်ငြိမ်စွာ လက်ဖက်ရည်ကြမ်းခွက်ကို ကိုင်ထားတုန်း ဖြစ်သည်။ သူသည် မျက်လုံးများ မှိတ်ထားရင်း ခွက်ကို စားပွဲပေါ် ပြန်တင်လိုက်ကာ ကျန်းလော့ကို ကြည့်၍ သိချင်စွာ မေးလိုက်သည်။

"ဘာလို့ ကျုပ်ကို ဒီလိုဟာမျိုး တိုက်ရတာလဲ"

"ကျွန်တော်လည်း ဒီပစ္စည်းကို မသုံးချင်ပါဘူး ဒါပေမဲ့ ကျွန်တော့် ရည်ရွယ်ချက်က အရမ်းကို ကြီးလွန်းနေတယ်လေ ကျွန်တော့် အင်အားကိုပဲ မှီခိုနေရင် မလုံလောက်မှာကို စိုးရိမ်နေလို့"

ကျန်းလော့သည် နက်နက်ရှိုင်းရှိုင်း ပြုံးလိုက်ပြီး

"ဒီတော့ ကျွန်တော် နှစ်ခုလုံး သုံးလိုက်တာ ဒါပေမဲ့ မစိုးရိမ်ပါနဲ့ ကံကြမ္မာယုံသူ ကျွန်တော့်ရဲ့ ဘိုးဘေးမျိုးဆက်တစ်ယောက် အပေါ်မှာ ကျွန်တော် အဲ့လို စိတ်မျိုး မရှိပါဘူး"

ကံကြမ္မာယုံသူသည် သူ့စကားများထဲမှ အရေးကြီးသော စကားတစ်ခွန်းကို ဖမ်းမိသွားခဲ့သည်။

"ရည်ရွယ်ချက်လား"

ကျန်းလော့သည် မထိန်းနိုင်တော့ပဲ ရယ်မောလိုက်ကာ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"တောင်ခြေမှာတုန်းက တစ်ခုကြားခဲ့တယ် ခင်ဗျား တစ်ချိန်တုန်းက ဆေးခတ်ခံရပြီး ကောင်းကင်သခင်ဖုန်းက ခင်ဗျားသားဆို"

ကံကြမ္မာယုံသူ၏ မျက်နှာထားသည် မပြောင်းလဲသော်လည်း သူ့မျက်နှာတွင် အနည်းငယ် နီရဲသွားပြီး မျက်လုံးများကတော့ ထုံးစံအတိုင်း စိတ်ခံစားချက် ကင်းမဲ့နေတုန်းပင်။ တဏှာစိတ်ကင်းသော နတ်ဘုရားတစ်ပါးနှယ်။

"အတုအယောင်နတ်ဘုရားတွေ တရုတ်ဆေးတွေကို သိဖို့ မမျှော်လင့်ထားဘူး"

ကျန်းလော့သည် အံ့ဩစွာ ပြောလိုက်သည်။

"ဒါပေမဲ့ အဲဒါကနေပဲ ကျုပ်အကြံရလိုက်တာပဲ ဒါပေမဲ့ ဒီတစ်ခုကတော့ တော်တော်လေး ကွဲပြားတယ်ဗျ တချို့သော အခွင့်အရေးလေးတွေရတုန်းက သန့်စင်တဲ့ အဆောင်ကို မီးရှို့ထားတဲ့ ပြာကို ဖျော်ထားတဲ့ ရေစင်ကို အရမ်းစွမ်းအားကြီးတဲ့ မကောင်းဆိုးဝါးကို တိုက်လိုက်ရသေးတယ် အဲ့လိုစွမ်းအားကြီးတဲ့ မကောင်းဆိုးဝါးတောင်မှပဲ ဒီအဆောင်ရဲ့စွမ်းအားကနေ ဆယ့်ငါးမိနစ်တိတိ အထိန်းချုပ်ခံလိုက်ရသေးတယ် ဒီတော့ ကျုပ်သိချင်တာ ခင်ဗျားအပေါ်မှာလည်း အနည်းဆုံး ဆယ့်ငါးမိနစ်လောက် ခံမလားလို့လေ"

ချီယုံသည်ပင် ပီယသန့်စင်ခြင်းအဆောင်နှင့် ချစ်သူ့ပန်းခိုင်တို့ ရောနှောထားသော ရေစင်၏ သက်ရောက်ခြင်း ခံရသည်။ သူသည် အနာဂတ်၏ အောင်နိုင်သူဖြစ်ပြီး စာအုပ်၏ နှစ်ယောက်မရှိသော ဇာတ်လိုက်ကျော်ကြီး ဖြစ်တာတောင် သက်ရောက်ခံရလျှင် သူမဟုတ်သော သူ့လောက်မတော်သော သူများသည် သေချာပေါက် သက်ရောက်ခံရမည်မှာ သေချာသည်။ ကံကြမ္မာယုံသူပင်လျှင် ရှောင်လွှဲ၍ ရမှာ မဟုတ်ပေ။

ကံကြမ္မာယုံသူသည် သူ့နေရတာတွင် တည်ငြိမ်စွာ ထိုင်နေပြီး အသက်ရှူထုတ်လိုက်သော ထွက်လေများသည် စတင်၍ ပူနွေးလာနေသည်။ သူသည် အတုမရှိစွမ်းအားကြီးသော မကောင်းဆိုးဝါး မည်သူဖြစ်သည်ကို ခန့်မှန်းပြီးသွားပြီဖြစ်သည်။ လည်ချောင်းထဲတွင် မရင်းနှီးသော ခြောက်ကပ်မှုကို ခံစားလိုက်ရပြီး ထူးဆန်းသည်ထက် ထူးဆန်းလာသည်။ ကံကြမ္မာယုံသူ ကျန်းလော့ကို မကြည့်မိအောင် နေသော်လည်း အသံကတော့ကြားနေရဆဲဖြစ်ကာ သူ့လှုပ်ရှားမှုများကိုလည်း သိနေနိုင်သေးသည်။ စာရွက်နှင့် ခဲတံတို့ ပွတ်တိုက်နေသံကို ကြားနေရကာ

'ကျန်းလော့ ဘာတွေရေးနေတာလဲ'

မကြာခင်တွင် ကံကြမ္မာယုံသူရှေ့တွင် ခြေသံများကြားလိုက်ရသည်။ ကျန်းလော့သည် အပြုံးမရှိစွာ တည်တံ့သွားပြီး သူ့အသံသည် အေးစက်နေပြီး သူသည် ဓားတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားသလို အရှိန်အဝါတို့သည် ချက်ချင်း ထက်ရှသွားပြီး ကံကြမ္မာယုံသူကို သတ်တော့မည့်နှယ် အေးစက်သွားကာ

"ကံကြမ္မာယုံသူ မျက်လုံးဖွင့်လိုက်"

သူ့အသံသည် ကောင်းကင်ဘုံမှ လာသကဲ့သို့ ကံကြမ္မာယုံသူ၏ နားထဲသို့ ချိုမြိန်စွာ စီးဝင်သွားသည်။ ကံကြမ္မာယုံသူသည် သူ့စိတ်ခံစားချက်နှင့် ပတ်သတ်ပြီး တစ်ခုခု မှားနေသလို ခံစားမိသော်လည်း မထိန်းချုပ်နိုင်ပေ။ သူသည် ကူကယ်ရာမဲ့စွာ မျက်လုံးဖွင့်လိုက်ပြီး ကျန်းလော့ကို ကြည့်လိုက်သည်။

ဆံပင်အနက်ရောင်လူငယ်လေးသည် သူ့ရှေ့တွင် မတ်တပ်ရပ်နေပြီး သူ့ကို ငုံ့ကြည့်နေသည်။ လှပသော မျက်နှာသည် ရေခဲကဲ့သို့ အေးစက်နေပြီး အချစ်ကြောင့်ဟူသော ကလေးဆန်ဆန် လှည့်ကွက်များ သုံးပြီး လှည့်စားမည် မဟုတ်ကြောင်း သေချာနေသည်။ သူ့ကိုယ်ပိုင် ရည်ရွယ်ချက်ကို ပြီးမြောက်စေရန် ဆက်တိုက်လုပ်သွားမည့် မျက်နှာထားဖြစ်သည်။

သို့သော် ထိုသို့ဆိုလျှင်တောင် ကံကြမ္မာယုံသူ၏ နှလုံးသားထဲတွင် ကျန်းလော့သည် တံဆိပ်ကပ်ထားသလို ထွင်းထုပြီးသား ဖြစ်သွားပြီး ခံစားချက်များ မွေးဖွားလာသည်။ သူသည် သာမန်ဆန်စွာ မွေးဖွားလာခဲ့ပြီး အတုအယောင်နတ်ဘုရားဆိုသော အဆင့်အထိ တက်လှမ်းခဲ့ကာ ဤတစ်ကြိမ်သည် လူသားတစ်ယောက်ကဲ့သို့ ပထမဆုံးခံစားရခြင်း ဖြစ်သည်။

ကျန်းလော့ကပြောသည်။

"ပထမဆုံး ကျုပ်ကို နောက်ဆုံး ယွမ်ထျန်းကျူး တစ်ခုကျန်တာ ထုတ်ပေး"

ကံကြမ္မာယုံသူသည် လှုပ်ရှားမှုများ ရပ်တန့်သွားပြီး သူ၏ ကူကယ်ရာမဲ့သလို ခံစားချက်သည် ပို၍ ကြီးထွားလာကာ ညင်သာစွာပြုံးလိုက်ပြီး ထွင်းဖောက်မြင်နိုင်သော ပုတီးစေ့ကို အင်္ကျီထဲမှ ထုတ်ပေးလိုက်သည်။ ကျန်းလော့သည် ယွမ်ထျန်းကျူးကို ချက်ချင်းသိမ်းလိုက်ပြီး ဆက်ပြောသည်။

"ဒုတိယတစ်ခု ဒီစကားလုံးသုံးလုံးကို ကြည့်"

ကံကြမ္မာယုံသူသည် မသိစိတ်က အလိုအလျောက် ကျန်းလော့လက်ထဲမှ စာရွက်ကို ကြည့်လိုက်မိသည်။

ကျန်းလော့ကိုယ်ထဲမှ ချီစွမ်းအားများသည် အရူးအမူး ထွက်ကုန်ပြီး စကားလုံး စိတ်ဝိညာဉ်သည် စတင်လှုပ်ရှားလာသည်။ ကံကြမ္မာယုံသူ၏ မျက်ဆံများသည် ကျုံ့ဝင်သွားပြီး သူ့စိတ်ထဲတွင် တစ်စုံတစ်ခု မှားယွင်းနေမှု၏ သတိပေးသံများ မြည်ဟီးသွားကာ မျက်လုံးသေများဖြင့် စကားလုံးသုံးလုံးကို စိုက်ကြည့်နေသည်။ ထို့အပြင် သူ့နားထဲတွင် ကျန်းလော့၏ အေးဆေးတည်ငြိမ်သော အမိန့်ပေးသံကိုသာ ကြားနေရသည်။

သူကပြောသည်။

"ကံကြမ္မာယုံသူ ကျွန်ုပ်ကို ကိုးကွယ်ဆည်းကပ်ပါ"

######

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

3/3/2024 ကနေ 6/3/2024အထိ ပိုရိုမိုးရှင်း ရှိပါတယ်။

Continue Reading

You'll Also Like

222K 36.3K 82
Original Author - 童柯 Original Publisher - jjwxc Chapter - 118 chapters (109 chapters + 9 extra) Genre - Yaoi Drama Mystery Romance This story is not...
261K 47.6K 103
I rely on kisses to clear survival games. 90 Chapters + 9 Extras This is not my own. Totally Credited to original Author.
89.4K 15.5K 53
Original Author -狩心( ShòuXīn) Status -Completed Total episodes -51+Extra5 Start Date -31.8.2022 End Date - Update- Three episodes per week This nov...
208K 35K 94
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .