'ရှင်း' အတန်းစေတာ့မှာကို သိပေမဲ့လည်း မတက်ချင်တော့မို့ စာသင်ခန်းတွေရှေ့က လမ်းမကြီးကနေ လမ်းလျှောက်နေမိသည်။ အခန်းကိုလည်း ဇာတ်လိုက်ကောင်နဲ့ အတန်းဖော်တွေကို တွေ့ရမှာပျင်းသည့်အတွက် မသွားချင်သောကြောင့် ကျောင်း ခေါင်မိုးထပ်ကို တက်နိုင်သည့် လှေကားကိုသာ ရှာလိုက်တော့သည်။
'ရှင်း' သမ်းဝေလိုက်ပီး ' ငါ့အတန်းဖော်က ပြောဖူးတယ် တရေးအိပ်ဖို့အကောင်းဆုံးက ခေါင်မိုးထပ်ပဲတဲ့' လှေကားကို စတက်လိုက်သည်။ တစ်လှမ်း, နှစ်လှမ်း,အသက်ကိုပြင်းပြင်းရှုမယ်,နောက်တစ်လှမ်,နောက်တစ်လှမ်း ပီးတော့ အသက်ရှုမယ်.. ဆက်တက်မယ်။ 'ဝါးးး'လှေကားတက်ရတာ အရမ်းပင်ပန်းတာပဲ'။သို့ပေသိ 'ထို့မာ' ဟာ လုံးဝအရှုံးမပေးဘဲ သူ့ရဲ့ အိပ်စက်ဖို့နေရာလေး ရှာဖို့သာ စိတ်နှစ်ထားလိုက်ေတာ့သည်။
(Lol သူတက်တာ ကိုယ်ပါမော)
'ဟူးးး'
သူ ဘာလို့ ဒီဝတ္ထုကို အဆုံးထိဖတ်ခဲ့မိတာလဲ စဉ်းစားလို့တောင်မရပါ။ညတုန်းက ညဉ့်နက်အထိ ဖတ်ခဲ့ပီး 'ယုဂျီ' ရဲ့ရှေ့စကားဝိုင်းမှာ နိုးလာခဲ့တာဖြစ်သည်။ 'ဒါကို 'ဝိဉာဏ်ကူးပြောင်းခြင်း' လို့ခေါ်ကြတာများလား?''ရှင်း' အတွေးတွေများလွန်းတာကြောင့် ခေါင်းကိုက်လာခဲ့သည်။ သူက 'မိဘမဲ့' တစ်ယောက်ဆိုပေမဲ့ သူ့မှာ သူငယ်ချင်းတွေနဲ့ သူ့ကိုဂရုစိုက်တဲ့လူတွေ ရှိသေးသည်လေ။ခုတော့ အကုန်လုံးကို ထားခဲ့ရပီ။
'အဲ့လိုဆိုတော့လည်း သူဘာများတတ်နိုင်မှာလဲ?'
သူ့ရဲ့ကမ္ဘာကို ပြန်နိုင်စွမ်း မရှိသလို သူ တစ်ဘဝလုံး ပြန်နိုင်မယ့် နည်းလမ်းကိုလည်း ရှာမနေချင်ပေ။
အတွေးများနေရင်းပဲ ခေါင်မိုးထပ်ကို ရောက်လာခဲ့သည်။တံခါးကို တွန်းဖွင့်ဝင်လာခဲ့ပီးပြန်ပိတ်ခဲ့လိုက်ကာလေကို တစ်ဝကြီးရှုပစ်လိုက်သည်။ဝင်ပေါက် ညာဘက်နားလေးမှာ ထိုင်ခုံတန်းလေးတစ်ခုတွေ့တော့ ဝင်ထိုင်လိုက်ပီး အိပ်ချင်မူးတူး ပြောလိုက်သည် "အိပ်ချိန်ပဲကွ"
သူက ခေါ်မိုးထပ်မှာ လူရှိလိမ့်မည် မထင်ခဲ့ပေ။
'အိုဟို!အမြဲတမ်းသူများနောက် လိုက်နေလို့မအားတဲ့ကောင်လေးလေးက ဒီနေရာကို အိပ်ဖို့လာတယ်ပေါ့လေ?'
စာသင်ခန်းထဲတွင်....
"..." ယုဂျီ မသက်မသာဖြစ်စွာနဲ့ပဲ သူ့ရဲ့ခုံကိုဝင်ထိုင်လိုက်သော်လည်း သူ့ဘေးက ခုံပိုင်ရှင်ကောင်လေးတော့ရှိမနေခဲ့ပေ။အခန်းထဲကလူတွေကတော့ အချင်းချင်း အတင်းပြောနေကြသည်။
"ငါတော့ သူအငြင်းခံလိုက်ရပီး ရှက်လို့ အတန်းထဲကိုမလာရဲတာဖြစ်မယ် လို့ထင်တယ်"
"မဟုတ်ဘူးဟဲ့ ငါကြားခဲ့တယ် သူက ပုံမှန်တိုင်းပဲ အိုကေ လို့ပြောပီး ထွက်သွားတာ။ပီးတော့ 'ယုဂျီ' ကို မကျေမနပ်တောင်ပြောသွားတာနော်"
"ဟုတ်တယ် ဟုတ်တယ် ငါလည်းအဲ့တုန်းက အဲ့နေရာမှာရှိတယ်"
"ငါရောပဲ"
"သူက လွယ်လွယ်လေးနဲ့လက်လျှော့သွားတာပါဆို"
"သူအရင်တုန်းကလို ဒရာမာတွေခင်းပီး အတင်းလိုက်မကပ်ဘူးလား?"
"မထင်နဲ့နော် သူကဒီတိုင်း ငြင်းတာကိုလက်ခံလိုက်တာပါဆို"
"သူက အဲ့နည်းနဲ့ 'ယုဂျီ' ရဲ့ ဂရုစိုက်မှုကိုလိုချင်တာလည်းဖြစ်နိုင်တာပဲလေ"
"ကျစ်'ဘယ်လိုကောင်စားမျိုးေတာင်လဲ!"
"ငါတော့ သူလွယ်လွယ်နဲ့ လက်လျှော့မယ် မထင်ဘူး"
ကောလဟာလတွေကတော့ ထုံးစံအတိုင်း ပြန့်နှံ့ကြီးထွားနေတော့သည်။ 'ယုဂျီ' သက်ပြင်းချလိုက်မိသည်။ 'နာကမူရာရှင်း' သူ့ဘဝထဲကို ရောက်လာတည်းက အဆင်မပြေတာတွေချည်းကြံရကာ ကောင်းတာတွေတစ်ခုတောင် ဖြစ်မလာခဲ့ဖူးပေ။ 'အခုတော့ လေဝေ့တစ်ချက်လိုမျိုး အကုန်ပြီးဆုံးသွားခဲ့ပီပေါ့?' 'ယုဂျီ' သူ့ကို မကျေမနပ်ပြောသွားတုန်းက မျက်နှာကို လုံးဝ မမေ့နိုင်ေပ။ရှင်း ၏မျက်နှာမှာ စိတ်မကျေနပ်မှုတွေပြည့်နေပီး
တခြားလူတစ်ယောက်ဖြစ်သွားသလိုပင်။
ဝမ်းနည်းသွားရမဲ့အစား မနှစ်မြိုသေယာင် ဖြစ်သွားသည်။
သူ့ရဲ့ အခွင့်ရေးပေးမှုကိုတောင်းခံရမဲ့အစား အငြင်းကို လက်ခံခဲ့သည်။
သူ့ကို ဆက်လိုက်ရမဲ့အစား အဝေးကိုထွက်သွားဖို့ရွေးချယ်ခဲ့သည်။
'ငါ့လခွမ်းလိုပဲ ဘာတွေဖြစ်ကုန်တာလဲ?...'
ဆရာမ ရောက်လာပီး ကျောင်းသားတွေကိုအတန်းစဖို့ပြောတော့မ ကျောင်းသားေတွကြားကအတင်းအဖျင်းတွေက ရပ်တန့်သွားခဲ့လေသည်။အတန်းက ပုံမှန်နေ့တွေလိုပဲစခဲ့ပေမယ့် ခံစားချက်တွေကတော့ ကွာခြားေနခဲ့ပေသည်။
ခေါင်မိုးထပ်တွင်...
'ရှင်း'(ထို့မာ) က ခုံတန်းေပါ်မှာ အေးချမ်းစွာအိပ်ပျော်နေခဲ့သည်။အခြား အတန်းပြေး ကျောင်းသားတစ်ယောက်က သူ့ကို ကြည့်နေတာကို သတိမထားမိခဲ့။ ထိုကျောင်းသား၏ နက်မှောက်လှသည့်ဆံပင်တွေက ဂုတ်ထိထောက်နေပီး အပြာရောင်ရွှန်းလဲ့လဲ့မျက်လုံးလေးတွေနှင့် 'ရှင်း' ကိုတိတ်တဆိတ်ကြည့်နေသည်။ ဒူးကိုကွေးထားပီး 'ရှင်း'ရဲ့ရှေ့မှာ သေချာကြည့်နေလေသည်။
"ဟင်းး မင်းကတော့ အေးအေးဆေးဆေးအိပ်နေတာပါလား" ထိုသူက အသံတိုးလေးဖြင့်ပြောလိုက်သည်။သူက 'ရှင်း' ရဲ့ဆံပင်လေးကို ပွတ်သပ်ဖို့ လက်လှမ်းလိုက်သည်။မထင်မှတ်ထားလောက်အောင်ပဲ 'ရှင်း' က မျက်လုံးဖွင့်လာပီး လေထဲမှာရှိနေသေးသည် သူ့ရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ မာန်ဖီနေတဲ့ ကောင်ဆိုးလေး အသံဖြင့်မေးလိုက်သည် "မင်း ဘာကောင်လဲ? ဘာလုပ်နေတာလဲ?"
ကျောင်းပြေးကောင်လေးက မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပီး သူနှင့်မဆိုင်သလို ပြောလိုက်သည် "အာ မင်းနိုးနေပီပဲ"
'ရှင်း' သူ့လက်ကို အဝေးကိုတွန်းထုတ်လိုက်ပီး "မင်းဘယ်သူလဲလို့ ငါမေး..."
ရုတ်တစ်ရက် သူဘယ်သူလဲ သိသွားခဲ့သည်။
"စုဇုကီ ဟာရူတို"
ဟာရူတို: "ဒီနေရာက ငါအိပ်နေကျနေရာ"
"...."
'ရှင်း' ဖြည်းဖြည်းချင်းခေါင်းငြိမ့်ပီး "ငါသဘောပေါက်ပီ.."
"ဟုတ်လား? ခေါင်မိုးထပ်က အိပ်ဖို့အကောင်းဆုံးနေရာပဲ ဟုတ်တယ်မလား?"
'ရှင်း' ဘာမပြန်မပြောဘဲ ပြန်မျက်လုံးမှိတ်လိုက်ကာ "ငါ့ဆက်အိပ်တော့မယ်"
"အာ့ဟာ?" ဟာရူတို စဉ်းစားရကျပ်သွားကာ သူ့မျက်နှာမှာ အပြုံးသေးသေးလေး ပေါ်သွားသည်။ 'ဒါပဲပေါ့လေ?သူ့ကိုဘာမ ထပ်မမေးဘူးလား? သူ့ရဲ့အကြောင်းကို မသိချင်ဘူးလား?' 'ရှင်း' ကိုကြည့်ရသည်မှာ အပိုင်စားထားရသည့် နေရာတွင် စည်းစိမ်ခံစားနေသည့် ကြောင်လေးတစ်ကောင်ကို မြင်လိုက်ရသည့် ခံစားချက်မျိုးဖြစ်သည်။
....
'ဒါက သူ့ရဲ့အနားယူချိန်ပဲဖြစ်ရမယ် သူရှိနေတာက အိပ်နေတာကိုအနှောက်ယှက်မဖြစ်ဖို့ မျှော်လင့်မိတယ်...'
~~~~~~~~~~~
Thanks for reading 🐱