အခန်း(၁၄)ခံစားချက်အစစ်မှန်များ

632 80 0
                                    


ဟာရူတို ရေချိုးပီး၍ အခန်းကိုပြန်လာခဲ့သည်။ရှင်း အခန်းနားမှာ စိတ်ပျော်ရွှင်စေမယ့် သီချင်းလေး ဆိုရင်းဖြတ်သွားခဲ့သည်။ 'အေးအေးချမ်းချမ်းအိပ်ပါ ရှင်း, မင်းအဲ့လိုနေထိုက်တယ်-'

"ဟုတ်ကဲ့အဖေ အဲ့မှာလာနေပါ့မယ်"

ဟာရူတို တံခါးရှေ့မှာတင် ရပ်တန့်သွား၏။

"...ကောင်းတယ် မင်းအမေကမကြာခင်လာတွေ့မှာ"

"နည်းနည်းဝေးတော့..."

"စိတ်မပူပါနဲ့ ကျွန်တော် ကိုင်တွယ်နိုင်ပါတယ်"

"..."

'အဲ့မှာနေမယ်? ဝေးတယ်?'

'ရှင်း ထွက်သွားတော့မယ်?'

"ကျေးဇူးပါ, အဖေ"

ခေါ်ဆိုမှုပီးသွားပေမယ့် ဟာရူတို အဆုံးထိ နားမထောင်နိုင်ခဲ့ချေ။ ကြားလိုက်ရတာတွေကြောင့် ဖြောင့်ဖြောင့်ပင် မရပ်နိုင်တော့၍ နံရံကိုမှီထားလိုက်ရသည်။ 'ရှင်း...အဝေးကိုထွက်သွားတော့မယ်?ရုတ်တရက်ကြီးလေ?'

"...မသွားစေချင်ဘူး..." ဟာရူတို တိုးတီးစွာရေရွတ်လိုက်၏ "သူ့ကို မသွားစေချင်ဘူး..."

နံရံမှီထားရာကနေ သူ့အခန်းဆီ တန်းတန်းမတ်မတ်ပြန်သွားလိုက်တော့သည်။

"အမ်? စုဇုကီ-စံ?" ပြောင်းလဲသွားသည့်အခြေနေကို ပထမဆုံး သတိထားမိသူ ခေက ခေါ်လိုက်ခြင်းပင်။

"အိပ်တော့မယ်..." ဟာရူတို တိတ်တဆိတ်ပြန်ဖြေကာ စောင်ပုံထဲဝင်သွားတော့သည်။

"..." ခေ စိုးရိမ်စွာ ကြည့်လိုက်သည်။ပြီးနောက် သူလည်းမသိကြောင်းပြောနေသည့် ယုဂျီအားကြည့်လိုက်သည်။

'ဘာတွေဖြစ်ခဲ့လို့ ရုတ်တရက်ကြီးပြောင်းလဲသွားရတာလဲ' အံ့သြနေစွာ ဒွိဟဖြစ်သွားကြပေ၏။

အမှန်တော့, ဟာရူတိုအိပ်မပျော်ခဲ့ပေ။ ခုနကကြားလိုက်ရသည်အား ဆက်တွေးတောနေမိခြင်းဖြစ်သည်။

'ရှင်း ပြောင်းသွားတော့မယ်လို့ သိလိုက်ရတာကို ငါကဘာလို့ အရမ်းခံစားနေရတာလဲ?'

ကနဦးအစတွင်,သူ သိချင်ရုံသက်သက်သာဖြစ်သည်။ သူတွေးခဲ့တာက တခဟရှိယုဂျီ ကငြင်းလိုက်လို့ ခေါင်မိုးပေါ်တက်လာခဲ့တယ်လို့ တကယ်က ရှင်း ပင်ပန်းနေလို့ဖြစ်သည်။ တခဟရှိ ယုဂျီအပေါ် ရှင်းရဲ့ ခံစားချက်တွေ အကုန်ပျောက်ကွယ်သွားခဲ့ပြီးပြီပင်။ တကယ်ကို အံ့သြစရာပါပေ။

ဗီလိန်ကြောင်ငပျင်းလေး(ဘာသာပြန်) 【Completed】Where stories live. Discover now