အခန်း(၁၁)သတ္တိစမ်းကြမယ်

895 101 3
                                    


ရှင်း သူပြေးနိုင်သမျှ မြန်မြန်ပြေးနေ၏။'သူ ဘယ်လိုလုပ် နှစ်ယောက်သားရဲ့ ကြည်နူးဖွယ်အချိန်လေးကို နှောက်ယှက်ရဲမှာလဲ?'ဒါက ယုဂျီအပိုင်းပဲ! ရှင်း လမ်းမကြီးပေါ် ပြေးနေစဥ်  အဝေးတစ်နေရာမှာ ပုံရိပ်လေးကို မြင်လိုက်ရသည်။ တခဟရှိယုဂျီပဲ။ ရှင်း ပြေးခုန်ပစ်ပြိုင်ပွဲထဲက တစ်ယောက်လို ပြေးနေတာမြင်တော့ မျက်လုံးတွေပြူးကျယ်သွားရ၏။

"အာ?နကမူရာ-"ယုဂျီပြောလို့မပြီးခင် ရှင်းကြားဖြတ်ကာ လှေကားဆီညွှန်ပြလိုက်သည်။

"မိယဇခိ-Kun က လှေကားဆီမှာ.တက်သွားလိုက် ပြီးရင် ညာဘက်ကွေ့အဲ့မှာရှိတယ်.တာ့တာ!"

"ဟေး ခန နေဦးလေ" ရှင်း မပြေးနိုင်ခင် ယုဂျီ လက်ကို ဆွဲဖမ်းထားလိုက်သည်။ "ဘာဖြစ်ခဲ့တာလဲ?မင်းဘာလို့ပြေးနေရတာလဲ?"

ရှင်း လက်ကိုဆွဲဖယ်ကာ မျက်မှောင်ကြုံ့လိုက်သည် " ဘာမမဟုတ်ဘူး , ဒါပေမယ့် မိယဇခိ လွတ်မသွားခင် မြန်မြန်သွားသင့်တယ်"

ဘာ? ယုဂျီ အံ့သြစွာ မျက်ခုံးပင့်လိုက်သည်။

ယုဂျီ စိုးထိတ်စွာပင် "သူအန္တရာယ်ရှိနေလို့လား?"

"မင်းဟာမင်းသွားကြည့်လေ" မသေချာမရေရာလှသည့် အသံက ယုဂျီကို ပိုစိတ်ပူစေသည်။ ယုဂျီ လှေကားကို ကြည့်ပီး ရှင်းကိုပြန်ကြည့်လိုက်ကာ "ငါနဲ့လိုက်ခဲ့"

"ဘာပြောတယ်?" ရှင်း ဘာမလုပ်နိုင်ခင် ယုဂျီ သူ၏ လက်ကောက်ဝတ်ကိုဆွဲကာ လှေကားပေါ် ဆွဲခေါ်သွားတော့သည်။ ရှင်း တစ်ခုခုပြောဖို့ကြိုးစားနေပါသည် သို့ပေသိ ပြေးနေတဲ့အချိန်တွင်း မပြောနိုင်ပေ ပြီးလျှင် လှေကားပေါ်မှာ ပြန်ဆွဲလိုက်တာက အန္တရာယ် များလှသည်။

ရှင်း နှင့် ယုဂျီ အပေါ်ရောက်သွားတော့ အံ့သြသွားရသည်။

ဟာရူတို ကြမ်းပြင်ပေါ်မှာ တုန်တုန်ယင်ယင်ဖြင့် ပျော့ခွေနေ၏။ သူ့ပုံစံက ပရိဝေဒမီးတွေ တောက်လောင်နေသည့်ပုံပင်။

သူ့ကို ခေ က ကြမ်းပြင်ပေါ်မှ ကြိုးစားဆွဲထူနေသည်။ ရှင်း နှင့် ယုဂျီကို မြင်လိုက်ရတော့ ခေ ဝမ်းသာသွားသည်။ "ယုဂျီ! ရှင်း! အချိန်ကိုက်ပဲ, ငါ့ကိုကူဦး! သူ ဆေးပေးခန်းကို သွားရတော့မယ်ထင်တယ်!"

ဗီလိန်ကြောင်ငပျင်းလေး(ဘာသာပြန်) 【Completed】Where stories live. Discover now