အခန်း(၁၈) ဝေးကွာနေဆဲ

366 40 0
                                    

7:20 မနက်ခင်းအချိန်ကာလ။

နမူကရာ ရှင်းသည် သူ့အဖွား၏မြို့လေးထဲမှ လမ်းမတွေပေါ် လှည့်လည်နေလေ၏။ အမျိုးအစားစုံလင်လှသော သရေစာဆိုင်များ နှင့် ရှင်းမမှတ်မိနိုင်သည့် လူများစွာရော ရှိပေသည်။မနက်ခင်းသာရှိသေးသော်လည်း သက်ဝင်စည်ကားနေပီဖြစ်သည်။လူတော်တော်များများက မကြာခင်ကျရောက်တော့မည့် နွေရာသီပွဲတော်အတွက် ပြင်ဆင်နေကြခြင်း ဖြစ်သည်။

အေးဆေးပီး လူသိပ်မများသေးတာကြောင့် လက်ဆောင်ပစ္စည်းတွေနှင့်အမှတ်တရပစ္စည်းတွေဝယ်ဖို့အချိန်ကောင်းပင်။ ပထမဆုံးအနေဖြင့် အသုံးဆောင်ပစ္စည်းတွေရောင်းသည့်ဆိုင် ဝင်သွားလိုက်သည်။လက်ရာမျိုးစုံနှင့် ရွေးချယ်စရာတော်တော်လေးများသည်။

'သူ တစ်ခါတုန်းက ပန်းရောင်ကြိုက်တယ်လို့ပြောဖူးတယ်ဆိုတော့...'

လက်ရာတော်တော်များများကို ကြည့်ရှုပီးတဲ့နောက် ရှင်း ရွေးယူလိုက်သည်...

ဒီဇိုင်းတော်တော်များများက ဟာရူတို၏ရှုပ်ပွနေသည့် ဆံပင်ကို ထိန်းသိမ်းဖို့ အသုံးဝင်ပေသည်။အများစုက ပန်းရောင်ဖြစ်ပီး အနည်းငယ် အနက်ရောင်ဘက်သမ်းသည့်တစ်ခုနှင့် အပြာတစ်ခုယူလိုက်သည်။

'ဘီးလည်းဝယ်ရမယ်...'

"ဟဲလို sir,မင်းကြည့်ရတာ ဝယ်ရမယ့်ပစ္စည်း နည်းနည်းများပုံပဲ" ဆိုင်မှတာဝန်ရှိသူတစ်ယောက်က ရှင်းရွေးယူထားသည့်ပစ္စည်းတွေကိုကြည့်ကာ ပြောလာသည်။ ဆိုင်ကနေ ပစ္စည်းတွေထည့်ယူဖို့ ခြင်းတောင်းအသေးတွေ လက်ဆောင်အနေနဲ့ပေးထားပြီးတော့ ရှင်းမှာ ပြည့်လုပြည့်ချင်ဖြစ်နေသည်။

ဘယ်လိုပြန်ပြောရလဲ ရှင်း တကယ်မသိ၍ ခေါင်းသာငြိမ့်ပြလိုက်သည်။

"လက်ဆောင်ပေးဖို့အတွက်လား?"

"ဟုတ်တယ်..."

"ဝယ်နေတာကို ကြည့်ရှုနေမိတာ တောင်းပန်ပါတယ် ကျွန်တော် တစ်ခုလောက် မေးချင်ရုံပါ၊ မင်းဆံပင်ကိုဘယ်လိုလုပ်ရမလဲသိတာလား?"

"မသိဘူး..."

"သင်ချင်လား?"

"..."

ဗီလိန်ကြောင်ငပျင်းလေး(ဘာသာပြန်) 【Completed】Where stories live. Discover now