အခန်း (၂၆)ရင်ခုန်သံပြောင်းလဲသွားခြင်း

239 23 0
                                    


ကျောင်းပိတ်ရက် စနေ တနင်္ဂနွေဖြစ်သည်မို့ ကျောင်းသားတွေအကုန် အိမ်မှာပင်ရှိနေကြသည်။

ယုဂျီ ကုတင်ပေါ်မှာထိုင်နေလျက် လက်ထဲက ဘူးအသေးလေးကို စစ်ဆေးနေသည်မှာ အကြိမ်တစ်ရာမကတော့ပေ။ ထို့နောက် ဘူးကိုဘေးနားချထားလိုက်ပြီးနောက် ဖုန်းထဲမှ ရှင်း၏နံပါတ်ကို ဝေခွဲမရဖြစ်စွာ ကြည့်နေသည်။ရှင်းနှင့် ဟာရူတိုတို့၏ ပြသနာဖြစ်ပြီးနောက် ယုဂျီသူ၏ ခံစားချက်တွေနှင့်အပြစ်ရှိစိတ်တွေကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့သည်။

ယုဂျီ တစ်ခုခုပျောက်ဆုံးနေသလိုမျိုး အမြဲခံစားခဲ့ရသည်။ထိုအရာမှာ သူ၏တစ်ဘဝလုံး နောင်တတွေနှင့် မနေရစေဖို့ လုပ်သင့်သည့်အရာဖြစ်သည်။ရှင်း နှင့် ဟာရူတိုတို့၏ ဆက်ဆံရေးမှာ လူတိုင်းခန့်မှန်းနိုင်သည်အထိ ပေါ်ပေါ်ထင်ထင်ရှိလှပေသည်။

--

"နကမူရာက တကယ်ကြီးတစ်စုံတစ်ယောက်ကိုရှာတွေ့သွားပုံပဲနော်" ဟာရူတိုနှင့်ရှင်း အတန်းထဲကအတူထွက်သွားသည်ကို ကြည့်နေသည့် အတန်းဖော်တစ်ယောက်က ပြောလိုက်ခြင်းဖြစ်သည်။

"သူတို့တော်တော်လေးလိုက်ဖက်ကြတယ်ရော်"

"ဟုတ်တယ်ဆို အစတုန်းက သူတို့တွဲသွားကြလိမ့်မယ်လို့ မထင်ရဘူးနော် ငါပြောချင်တာသဘောပေါက်လား?"

လောကကြီးတွင်  ပဋိပက္ခတွေဖြစ်အောင်လုပ်ရခြင်းကို ကြိုက်နှစ်သက်သည့် လူကတစ်ယောက်ရှိစမြဲပါပင်။ "ဟျောင့်တွေရေ နကမူရာက ဟန်ဆောင်လုပ်ပြနေတာလဲဖြစ်နိုင်တယ်။အဲ့လိုနဲ့ ယုဂျီရဲ့အလေးပေးမှုကို လိုချင်တာမျိုးပေါ့။သိတယ်မလား သဝန်တိုစေချင်တာလေ"

ထိုစကားမှာ အဓိပ္ပါယ်မရှိသည်ကို ယုဂျီနားလည်သည်။ ရှင်းနှင့် ဟာရူတိုတို့၏ ဆက်ဆံရေးမှာ စစ်မှန်လှသည်။တစ်ယောက်ကိုတစ်ယောက် နှစ်သက်မြတ်နိုးလှသည့်အကြည့်တွေကို သူတို့၏ မျက်ဝန်းတွေမှာ ရှာတွေ့နိုင်ပေသည်။ ယုဂျီ ထိုစကားပြောသူ၏ မသိကျိုးကျွံပြုမှုနှင့် မျက်ကန်းတစ္ဆေဖြစ်မှုကို စိုးရိမ်သွားသည်။

"အဲ့လိုဆိုရင်တောင် ဟာရူတိုပုံစံက အတည်ပါဟ"

"သနားစရာဟာရူတို လှည့်စားခံနေရတယ်" အခြားကောင်မလေးတစ်ယောက်ထံမှ စိတ်မဝင်စားလှသည့်ပုံဖြင့် မှတ်ချက်ပြုသံပင်။

ဗီလိန်ကြောင်ငပျင်းလေး(ဘာသာပြန်) 【Completed】Where stories live. Discover now