အခန်း (၂၅)ပြန်ခေါ်ခြင်း

248 18 0
                                    


ခေ: "အခုတော့အဆင်ပြေသွားကြပီပေါ့လေ!" ရှင်း၏မျက်နှာမှာ အေးအေးဆေးဆေးနှင့်ခံစားချက်တွေပိုကောင်းလာသည့်ပုံဖြစ်သည်။ ခေအား စိတ်ချမ်းသာစေသည့် အဖြစ်အပျက်မှာ ဟာရူတို ရှင်းရဲ့ စာသင်ခန်းကို ပြန်သွားနေတာကို မြင်လိုက်ရခြင်းပါပင်။

ခေ : "ယုဂျီ ဘာတွေပဲလုပ်ခဲ့တာလဲ မသိပေမယ့် အဲ့တာအလုပ်ဖြစ်သွားပီကွ!"

ယုဂျီ : "ဟက် ယုံတောင်မယုံနိုင်ဘူးပဲ"

ယုဂျီ ရှင်းကို သတိဝီရိယအပြည့်ဖြင့်ကြည့်လိုက်သည်။ "ပီးတော့ သူငါ့ကို သက်ညှာပေးလိုက်တယ်ဆိုတာလည်း မယုံနိုင်ဘူး"

ခေ: "မင်း ဘာပြောခဲ့တာလဲလို့?"

ယုဂျီ : "ဘာမမဟုတ်ဘူး"

"ယုဂျီ! နကမူရာက သူ့ခုံကနေ အလောတကြီးထပီး ခေါင်မိုးထပ်ကို ပြေးသွားရတဲ့ကိစ္စကို ဘာကို ဘာမ မဟုတ်ဘူးလဲ"  ယုဂျီ၏မတုန်မလှုပ်ပုံကြောင့် ခေ ပြောဖို့ရာ တွန်းအား မပေးတော့ပေ။ ရှင်း လက်တုန့်ပြန်တာတွေ ပြန်ပြောတာတွေ မရှိပုံထောက်ရင် အဆင်ပြေမည်ဟု ထင်သည်။

အတန်းတွေအားလုံးပြီးသွားပီးနောက် ဟာရူတို၏အိမ်သို့ ရှင်းရောအတူ ပြန်သွားကြသည်။ သူတို့၏ဆက်ဆံရေးကို ဖွင့်ပြောဖို့ရာ နှစ်ယောက်သားဆွေးနွေးခဲ့ကြသည်။ ဟာရူတို၏ မိဘတွေမှာ ပွင့်ပွင်းလင်းလင်းရှိပီး လက်ခံနိုင်ကြမည့်ပုံပေါ်သည်။ဟာရူတို ရှင်း၏မိဘတွေအတွက် အနည်းငယ် စိတ်ပူမိသော်လည်း နောက်မ ရှင်းနှင့်ဆွေးနွေးဖို့ တေးထားလိုက်သည်။

ယနေ့မှာ ပျော်ရွှင်ဖွယ်ရာအချိန်အခါသမယလေးဖြစ်ရကာ ခံစားချက်တွေကို မဖျက်စီးချင်ပေ။

နှစ်ယောက်သားအိမ်နားရောက်တော့ ဟာရူတို၏မိဘတွေကို လှမ်းခေါ်လိုက်ကြသည်။

သူတို့အတူ ထမင်းစားခန်းမှာ အတူတူစုဝေးလိုက်ကြ၏။

ရှင်း တို့နှစ်ယောက် သူတို့၏ဆက်ဆံရေးကို ဖွင့်ပြောလိုက်ကြသည်။ ရှင်း အစပိုင်းတွင် အနည်းငယ် ပူပန်သော်လည်း ရိုင်ကို၏ပီတိတွေဖြာဝေနေသည့်ပုံကြောင့် စိတ်အေးသက်သာရသွားသည်။

ဗီလိန်ကြောင်ငပျင်းလေး(ဘာသာပြန်) 【Completed】Where stories live. Discover now