အခန်း(၉)ဇာတ်ဆောင်နှင့်ဗီလိန်

957 119 2
                                    


"မင်း အဲ့ကောင်နဲ့ပတ်သက်ပီး စိတ်ပူနေတာလား?"

ဟာရူတို၏  ရုတ်တရက်အသံကြောင့် ရှင်း တွန့်သွား၏။ ရှင်း ဟာရူတိုအား စိတ်ရှုပ်နေသည့်ပုံဖြင့် လှည့်ကြည့်လိုက်သည်။ 'ဟာရူတိုက ဘာဖြစ်နေတာတုန်း' ရှင်း သာလျှင်စိတ်ရှုပ်နေသည့်အခြေတွင်မဟုတ်ပေ ဟာရူတိုလည်း ထိုနည်း၄င်းပင် ဖြစ်၏။ 'ပြီးခဲ့ရက်တွေတုန်းက ရှင်း ရေရွတ်နေခဲ့တဲ့ ဒီကောင်ပေါ့?သူက ရှင်း အတွက်ဘာလဲ?'

လက်ကိုဆွဲကိုင်ကာ ဟာရူတို၏ အတွေးရေယာဥ်အား ဖြတ်တောက်လိုက်၏။ ရှင်း မေးနေသည့်မေးခွန်းအား မကြားလိုက်ပေ။ ဤလုပ်ရပ်သည် နောက်ဆုံးတော့ ဟာရူတို တွေးနေသမျှကို ရပ်တန့်သွားစေခဲ့၏။ "မင်းရဲ့အသုံးမကျတဲ့ဦးနှောက်က ဘာတွေတွေးပီး ဘာတွေပြောနေတာတုန်း!?"

"အာ..."

ဟာရူတို သူတွေးနေသည်များအား ထုတ်ပြောမိသွားသည်ကို သတိဝင်လာသည်။ ဟာရူတို ဖြေဖို့တွန့်ဆုတ်နေဆဲပင်, သူ့ ဦးနှောက်မှ အချက်အလက်များ ဖမ်းဆုတ်ရန် အသည်းအသန်ကြိုးပမ်းနေရသည်။ ဟာရူတိုဆီမှ ဖြေသံမကြားရသော်, ရှင်း အိတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပီး မြေပြင်ကိုသာ ကြည့်နေ၏။

ရှင်း : 'ဟူး...သူက ခေ ကို စိတ်ဝင်စားသွားတာလည်း ဖြစ်နိုင်တာပဲ'

ဟာရူတို : 'ရောင်စုံမင်တံကောင်က ရှင်း နဲ့ဘယ်လိုပတ်သက်တာလဲ!?'

(ခေက ဆံပင်ကတရောင် မျက်လုံးကတရောင်ဖြစ်နေလို့ ဆရာသမားက highlighter လို့သုံးလိုက်တာပါlol)

ထိုအချိန်တွင်, ယုဂျီ ကျောက်တောင်ပမာဖြစ်နေဆဲပင်။

"..."

"တခဟရှိ-KUN, တစ်ခုခုဖြစ်နေတာလား?" ကျောင်းသားတစ်ယောက်က မေးလိုက်ရင်း လက်ကို မျက်လုံးရှေ့ ဝှေ့ယမ်းလိုက်သည်။

ခေလည်း အံ့သြစွာပင်. "ယု-ယုဂျီ မင်းမလား?"

ရှင်း ဘာဆက်ဖြစ်မည်ကို အသေအချာ အာရုံရနေ၏။ သူတို့အချင်းချင်း စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်နေမိကြပြီး ယုဂျီက သူတို့ ငယ်သူငယ်ချင်းတွေဖြစ်ကြောင်း အတည်ပြု‌ပေးလိမ့်မည်။သူတို့ လုပ်ရပ်ကိုမြင်ပြီး သူတို့သိနေကြသည့်အတွက် အားလုံးက အံ့သြသွားလိမ့်မည်။နှစ်ယောက်သား ပြန်လည်တွေ့ဆုံမှုတွင် အပျော်တွေပြည့်နှက် နေခဲ့လိမ့်မည်။

ဗီလိန်ကြောင်ငပျင်းလေး(ဘာသာပြန်) 【Completed】Where stories live. Discover now