အခန်း(၁၅) အခုလားမဟုတ်ရင် ဘယ်တော့မလဲ

599 79 1
                                    


မနက်ခင်းစောစောဖြစ်၏။ဟာရူတို ရှင်းကို မနက်စာအတွက်နှိုးရန် အချိန်ကိုက်နိုးလာပေသည်။ ရှင်း၏ တံခါးရှေ့တွင် မတ်မတ်ရပ်ကာ အသက်ပြင်းပြင်းရှူလိုက်၏။ ယခုချိန်လား မဟုတ်ရင် ဘယ်တော့မလဲ။ ဟာရူတို ယခုချိန်ကို ရွေးလိုက်ပေ၏။

ရက်တွေ,လတွေ မဟုတ်လည်း နှစ်တွေထိ စောင့်နေဖို့ မလိုလားပေ။

ရှင်း ဘယ်လိုခံစားရမလဲမသိပေမယ့် မုန်းမနေတာတော့ သေချာပါသည်။

တံခါးလက်ကိုင်ကို ကိုင်ကာ တွန့်ဆုတ်မှုမရှိခဲ့ပေ။

ရှင်း သူ့အခန်းထဲက ကိုယ်လုံးပေါ်မှန်ရှေ့တွင်ရပ်နေလျက် ပတ်တီးလိပ်စီးထားခြေထောက် ကို ကြည့်နေသည်။

ဒဏ်ရာကသက်သာလာပီး ကိုယ့်ဘာသာရပ်နိုင်နေပီ ဖြစ်သည်။ရပ်ရတာ အဆင်မပြေသေးသော်လည်း တိုးတက်မှုပင်ဖြစ်သည်။ 'အစောကြီးနိုးနေတော့ ဟာရူတိုကို အံ့သြအောင်လုပ်ရင် လုပ်နိုင်လောက်မယ်' ကောက်ကျစ်သည့်အပြုံးသေးသေးလေး ပေါ်လာ၏။

ဟန်လုပ်ချောင်းတွေဆိုးကာ အပြုံးကိုဖုံးဖိလိုက်သည်။

"..."

သက်ပြင်းချလိုက်ကာ "သူ့ဆီသွားရအောင်"

ရှင်း ဂရုတစိုက် တံခါးဆီလျှောက်သွားကာ...

တံခါးက လက်မတင်ရသေးခင် ပွင့်လာပေသည်။

"ဟာရူတို?"

"ရှင်း!နိုးပီပေါ့!"

အစောကြီးနိုးနေတဲ့အောင်မြင်မှုကို ဟာရူတိုဆီ ကိုယ်တိုင်သွားပြချင်ခဲ့သည့်အတွက် အနည်းငယ် စိတ်ညစ်သွားသော်လည်း အောင်မြင်မှုရလာဒ်ကတော့ အတူတူဖြစ်သည်။ ဟာရူတို နှစ်သက်အံ့သြသွားသည်လေ။

"ဂွတ်မောနင်း...ဒီနေ့စောစောနိုးတယ်" ရှင်း ပြောကာ အနည်းငယ် ခေါင်းငုံ့လိုက်လေသည်။

"...ကောင်းတာပေါ့!" ဟာရူတို ပြောနေရင်း ခေါင်းလေးပွတ်ပေးလိုက်သည်။ "ဒါပေမယ့်လေ မနက်စာ မစားခင် ပြောစရာရှိလို့ မင်း အဆင်ပြေမလား?"

"ဟမ်" ပြောင်းလဲသွားသည့်လေထုကြောင့် ရှင်း စိတ်ပူသွားသည်။ 'ဟာရူတိုရဲ့အသံက...အတည်ပေါက်ကြီး' ဤကဲ့သို့ပုံစံက မြင်ရခဲပေသည်။ 'တစ်ခုခုဖြစ်ခဲ့တာလား?' လွယ်လွယ်ကူကူ ပင် "ရတယ်လေ,ဘာပြောမလို့လဲ?"

ဗီလိန်ကြောင်ငပျင်းလေး(ဘာသာပြန်) 【Completed】Where stories live. Discover now