အခန်း(၁၃)မျှော်လင့်နေခဲ့ရသော ခေါ်ဆိုမှု

703 83 2
                                    


"အလိုလေးလေး ,ဘာတွေဖြစ်လာကြတာလဲကွယ်?"

ရှင်းကို မြင်လိုက်ရသော အတန်းပိုင်ဆရာမဆီမှ အသံဖြစ်သည်။ ပြီးနောက်, သူတို့ ရှင်း၏ခြေထောက်ကို ဂရုတစိုက်ကုသပေးခဲ့ကြသည်။ ဒဏ်ရာက ခြေချင်းဝတ်မှာဖြစ်သည့်အတွက် ပျောက်ကင်းဖို့ အနည်းငယ်အချိန်ယူရလိမ့်မည်သော်လည်းပဲ ရှင်းကတော့ စိတ်အနှောက်အယှက် အများကြီးမဖြစ်ပေ။ သို့ပေသိ...

"ရှင်း ငါ သယ်ပေးမယ်"

"...အမ်..အိုခေ"

သူ ကြက်ပေါက်စလေးလိုမျိုး ဆက်ဆံခံနေရသည်။

ထူးဆန်းစွာနဲ့...စိတ်အနှောက်အယှက်တော့မဖြစ်ပေ။

ခေ နှင့် ယုဂျီကတော့ အလံနှစ်ခု ယူပီးပြန်လာကြ၏။ တကယ်ကြီး, သူတို့ရှာတွေ့ခဲ့ကြသည်။ ရှင်းကတော့ သူတို့နှစ်ယောက် အနာဂတ်မှာ အချိန်ကောင်းလေးတွေပိုင်ဆိုင်ရစေဖို့ မျှော်လင့်မိသည်။

(ဘာတွေဖြစ်ခဲ့တာလဲဆိုတော့:

ခေ ငိုလျက် "ယုဂျီ မကောင်ဆိုးဝါးကောင်က ကြောက်စရာကြီး ဟင့်!"

ယုဂျီ : "ခေ, အဲ့တာက ဝတ်စုံလေးတစ်ခု-"

မကောင်းဆိုးဝါး : "ကျွန်တော်က တကယ်မကောင်းဆိုးဝါးမဟုတ်ပါဘူး မိယဇခိခေ. ခြောက်မိတာ တောင်းပန်ပါတယ်! ခွှင့်လွှတ်ပေးပါဗျ")

"...မင်းငါ့ကိုခွင့်ကျွေးဖို့မလိုပါဘူး ငါ့လက်တွေအကောင်းကြီးဟာကို" ရှင်း ဟာရူတိုဆီက တူကိုယူကာ မကျေမချမ်းပြောလိုက်သည်။

ဟာရူတို : "အဲ့လို-အဲ့လိုဆိုပေမယ့် ရှင်း..."

"ဟာရူတို,ငါ့ဘာသာ လုပ်နိုင်ပါတယ်ဆို"

"ကောင်းပီလေ..."

ခွေးလေးကိုအော်လိုက်မိလို့ ခွေးက မနာမခံပုံလေးနှင့် စိတ်ကောက်သွားသည်ဟု ခံစားလိုက်ရလေ၏။
ရှင်း: "..."

"ဟာရူတို, မင်းငါ့ကို အိပ်ယာထဲ ချီသွားခွင့်ပြုမယ်"

"အခုလား!?"

"ငါစားနေတုန်းလေ စိတ်ရှည်စမ်းပါ"

"ဆောရီး!" ပါးစပ်ကတောင်းပန်နေသော်လည်း လေသံကတော့ မဟုတ်ပေ။

ဗီလိန်ကြောင်ငပျင်းလေး(ဘာသာပြန်) 【Completed】Wo Geschichten leben. Entdecke jetzt