အခန်း(၁၂)ညအချိန်

772 91 2
                                    


'အဲ့ဒီ အလံတွေကဘယ်နားမှာလဲ တကယ်ပဲ?'

ရှင်း နှင့် ယုဂျီ သစ်ပင်တွေပေါ် ခြုံပုတ်တွေအောက်ထိ နေရာစုံ ရှာပီးတာတောင် မတွေ့ခဲ့ပေ။ယုဂျီ ခြုံပုတ်ကိုကြည့်နေသူ ရှင်းအား ရံဖန်ရံခါ ကြည့်လိုက်ကာ မျက်နှာလွှဲလိုက်သည်။ တစ်ချိန်လုံး သူတို့တိတ်ဆိတ်လွန်းကြပေသည်။

တစ်ခါတစ်ရံ အလံရှာတွေ့လား မတွေ့လား မေးသည်မှအပ စကားမပြောကြပေ။

"နကမူရာ,တခြားတစ်နေရာ သွားရှာရအောင်"

"..." သူ ခြုံပုတ်ကိုကြည့်နေဆဲဖြစ်သည်။ 'သူအလံကိုရှာနေတာ ဖြစ်နိုင်လောက်လား?' ယုဂျီ သူ့နားတိုးသွားကာ "နကမူရာ?"

ရှင်း : 'သာသာယာယာရှိလောက်မယ့် ခြုံပုတ်လေးပဲ'

ယုဂျီ : ...

ထိုအချိန်...

သစ်တောထဲအခြားတစ်ဖက်၌...

ခေ : "စုဇုကီ-စံ..."

လူတစ်ယောက် လက်ပိုက်လျက် မျက်နှာတွင်လည်း စိတ်ပူနေမှုအထင်းသားနှင့် တောအုပ်ကို လှည့်ပတ်နေသည်။ ထိုသူက တိုးတီးစွာ ရေရွတ်နေသေးသည် "သူအိပ်ပျော်သွားရင်ရော...? မဟုတ်နိုင်လောက်ပါဘူး. တခဟရှိလည်း ရှိနေတာပဲ, ရှင်း သတိထားလောက်မှာပါ...ဒါပေမယ့် သူတို့ဆက်ဆံရေးတွေကောင်းနေပီလေ! သူတကယ်အိပ်ပျော်သွားရင်ရော... အား ငါ့နှလုံးသား မခံစားနိုင်ဘူး..."

"..." ခေ ဟာရူတို့ဆီလျှောက်သွားကာ ပုခုံးကို ပုတ်လိုက်သည် "စုဇုကီ-စံ"

"ဟမ်?ဘာပြောစရာရှိလို့လဲ ရောင်စုံမင်တံကောင်လေး?" ဟာရူတို ရပ်ကာပြောလိုက်သည်။

"မင်း အဆင်ပြေရဲ့လား? ငါတို့အချိန်မရွေး ပြန်သွားနိုင်-"

"မပြန်ဘူး" လျင်မြန်လွန်းလှသည့် အဖြေပါပေ။

"...မင်း နကမူရာ ကိုစိတ်ပူနေတာလား?"

"ရောင်စုံမင်တံကောင်, မင်းပြော သူနမော်နမဲ့နေရင် ဘယ်လိုလုပ်မလဲ?" "ပြောရမယ်ဆို ဒီညက တော်တော်လေးလှတယ် သူ့အတွက်အိပ်ပျော်စေဖို့ အသေအချာပဲ သူအခု ခြုံပုတ်တစ်ခုရှာပီး ခေါင်အုံးလို သဘောထားရင် ထားနေမှာပါဆို"

ဗီလိန်ကြောင်ငပျင်းလေး(ဘာသာပြန်) 【Completed】Where stories live. Discover now