အခန်း(10)မင်းထင်နေသလိုမဟုတ်ဘူး!

871 102 2
                                    


"ရော့ စာမှတ်စုတွေ" ခေ ပျော်ရွှင်စွာပဲ ရှင်း ဆီစာအုပ်ပေးလိုက်တယ်။ ရှင်း ကျေနပ်စွာ လှမ်းယူလိုက်သည်။ သူ အိပ်ရာကနေထမလာဘဲ စောင်ထဲမှာပဲ ရှိသေးသည်။ လက်လေးပဲ လှမ်းထွက်ယူလာကာ ဘေးနားထားလိုက်သည်။

"ကျေးဇူးတင်ပါတယ် မိယဇခိစံ"

"မဟုတ်တာ, ဒါလေးပဲ ငါလုပ်ပေးနိုင်တာကို. စကားမစပ် ငါ့ကို 'စံ' ထည့်မခေါ်လည်းရတယ်.ငါနဲ့ ယဥ်ကျေးသမှုတွေပြုနေဖို့ မလိုဘူး"

'အိုက်ယား...အရမ်းချစ်စရာကောင်းတဲ့ဇာတ်ဆောင်ပဲ'
"ဟုတ်ပြီလေ အဲ့တာဆို..."

ခေ : "မင်းအခုရော ဘယ်လိုနေလဲ?"

"အဆင်ပြေသွားပီ"

"ကောင်းပါပီ, မင်းကိုယ်မင်း အရမ်းကြီး တွန်းအားမပေးပါနဲ့"

"အင်း"

"အို့! မင်းဗိုက်ဆာနေပီမလား? ငါ မုန့်ဝယ်လာခဲ့တယ်" ခေ မုန့်ထုပ်အိပ်ကို ဖွင့်ထုတ်ကာ ပြောလိုက်သည်။ ထိုမုန့်တွေက စျေးရောင်းစက်ကဟာတွေမှန်း ရှင်း မှတ်မိသွားသည်။

ရှင်း ခနတော့ ပြောစရာပျောက်သွားခဲ့သည်။

"..."

"..."

ရှင်း ထထိုင်လိုက်ကာ "မင်းရောထိုင်လေ"

ထိုအချိန်ဝယ်...

'ရှင်း မင်းဘယ်မှာလဲ?!'

ဟာရူတို လျှောက်လမ်းမပေါ်ကနေ ခပ်သုတ်သုတ်သွားနေရင်း တွေးတောနေသည်။ အခန်းတွေထဲ  မတွေ့ရသည့်အတွက် ခေါင်မိုးထပ်ထိ တက်သွားလိုက်သည်။ ရှင်း ထိုင်ခုံမှာ အိပ်နေလျက်သား ကိုတွေ့ရဖို့ မျှော်လင့်ခဲ့သော်လည်း အရိပ်အယောင်ပင် မရှိပေ။  ဟာရူတို စိတ်ထဲကနေ ကျိန်ဆဲကာ ပြန်ဆင်းလာခဲ့သည်။

ရှင်း ကိုသထိမထားမိဘဲ ကျော်သွားကြမည် မဟုတ်လျှင်လည်း အိပ်ပျော်နေမှာ စိုး၍ ထောင့်တိုင်းကို  လိုက်စစ်ခဲ့သည်။ နာမည်ခေါ်ကာ ရှာဖို့ ကြိုးစားလိုက်သည်. "ရှင်း!? ရှင်း! မင်းဘယ်နားမှာလဲ?"

သွားနေဆဲ ကျောင်းသားတွေ အော်သံကြောင့် လန့်ကုန်ကြသည်။

"ဒီမှာ ရှင် နကမူရာကို ရှာနေတာမလား?" ကျောင်းသားတွေထဲက မိန်းကလေးတစ်ယောက်က မေးလိုက်သည်။

ဗီလိန်ကြောင်ငပျင်းလေး(ဘာသာပြန်) 【Completed】Where stories live. Discover now