အခန်း(၂၂)ခရီးတစ်ဖန်စတင်ခြင်း

405 45 0
                                    


နွေရာသီ၏ နေ့ရက်တွေကို ဤပုံစံအတိုင်းဖြတ်သန်းခဲ့ကြလေသည်။

ဆယ်ရက်မြောက်နေ့တွင်ဖြစ်သည်။မျက်နှာစာဘက် ကကြမ်းပြင်ပေါ်ကို ဒုတိယအကြိမ်အဖြစ် လာရောက် အနားယူနေကြသည်။ဤအတိုင်းလေးအနားယူထိုင်နေလျက် တစ်ယောက်ကိုတစ်ယောက်စကားတွေပြောရခြင်းသည် သူတို့၏အနှစ်သက်ဆုံးဖျော်ဖြေရေးတစ်ရပ်ဖြစ်လာလေ၏။နွေရာသီအတွင်း သင်ယူမှုတွေလုပ်ခဲ့ကြကာ အမှတ်တရပေါင်းများစွာကိုလည်း ဖန်တီးဖြစ်ခဲ့ကြသည်။

ငါးဖမ်း၊ရှူခင်းအတူတူကြည့်၊နွေရာသီအိမ်စာတွေ၊ လေ့ကျင့်ရေးတွေပင်။အမှန်အကန် လေ့ကျင့်ရေးတွေဖြစ်သည်။

--

"လေ့ကျင့်ချင်သေးလား?"

ရှင်း : "အင်း...ငါသက်လုံကောင်းဖို့လိုတယ်"

ဟာရူတို၏လမ်းညွှန်မှုဖြင့် မနက်ခင်းတိုင်းနှစ်ယောက်အတူ အားကစားလုပ်ဖြစ်သည်။လေ့ကျင့်ခန်းပီးသွားနောက် စိတ်ရောကိုယ်ပါ ကျိုးကြေသွားသလိုပင် ရှင်း ခံစားရသည်။သူအရင်ကထက် ပိုပင်ပန်းလာပြီး မူးမေ့လဲသာသွားလိုက်ချင်တော့သည်။

ဟာရူတို : "ရှင်း အဆင်ပြေပါတယ်,နောက်မ ပြန်စလည်းရတာကို။ အနားယူကြရအောင်!"

အရေးကြီးတာက တိုးတက်မှုပဲ။ ဒါကအဓိကပဲ။

--

ဟာရူတို : "အူဝါး...နွေရာသီကမြန်လိုက်တာ။မှန်းကြည့်ရအောင် မင်းပျော်နေတာဖြစ်-"

"ဦးနှောက်မရှိလိုက်တာ" ရှင်း ဟာရူတို၏ ပါးပေါ် လက်သီးဖြင့်အသာအယာထိုးလိုက်သည်။ "မင်းရဲ့စကားက နွေရာသီပီးရင် ငါတို့က ဝေးရတော့မှာကျလို့"

"မဝေးရဘူး!လုံးဝမဖြစ်နိုင်ဘူး! ရှင်း မင်းအဲ့လိုဖြစ်ချင်လား?"

"ဘယ်ဟုတ်ပါ့မလဲ။ဒါပေမယ့် ငါတို့ ခွဲရမယ့်ကိစ္စတွေကို...လုပ်ရတော့မယ်လေ" ရှင်း ဒူးခေါင်းကွေးညွတ်လိုက်လျက် မျက်နှာကို ကွယ်ထားလိုက်သည်။သူတို့လုပ်ရပေတော့မည်။

နှစ်ယောက်သား မနက်ဖြန် နယ်ဘက်ကနေ ပြန်ကြဖို့ရာ စီစဥ်ထားသည်။ထိုသို့ဆိုလျှင် ဆယ့်တစ်ရက်နှင့် ဆယ့်နှစ်ရက် နှစ်ရက် နားနားနေနေ နေနိုင်ကာ ကျောင်းအတွက်ပြင်ဆင်ချိန်လည်းရသည်။ရှင်း ဟာရူတို၏မိဘတွေကို လူချင်းတွေ့မည်ဆိုတည်းက ထိုသူကတော့ ပြန်ရမည့်အရေးကို စိတ်အားထက်သန်နေပေသည်။

ဗီလိန်ကြောင်ငပျင်းလေး(ဘာသာပြန်) 【Completed】Where stories live. Discover now