အခန်း(၂၀)ရှင်း!!!

402 38 1
                                    

မိနာစံ! Media က song ကိုနားထောင်ရင်းဖတ်ကြည့်ကြည့်ပါ^^
----‐----‐‐---------‐--

"ရှင်း!!!"

"..."

ရှင်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။

သူအမြင်မှားတာမဖြစ်နိုင်ပါ။

ခေါ်ဆိုနေဆဲဖုန်းကို နားမှခွာလိုက်ကာ ဖုန်းချလိုက်သည်။သူ့ရဲ့နောက်မှာရှိနေတဲ့ အိမ်အကူကို လှည့်ပင်မကြည့်ဘဲ ပြန်ပေးလိုက်သည်။ အိမ်အကူလေးမှာ သူ့သခင်လေး၏လုပ်ရပ်ကြောင့် ထူးဆန်းသွားကာ "သခင်လေး မသုံးတော့ဘူးလား?"

"အင်း...ငှားပေးလို့ကျေးဇူးနော်..." ရှင်း သူ့ဆီနီးကပ်လာနေသည့် ပုံရိပ်ကိုကြည့်ကာ ပြန်ဖြေလိုက်သည်။

ရှင်း တံခါးပေါက်မှလုံးလုံးထွက်ကာ လာနေသည့်သူဆီပြေးသွားလိုက်သည်။

'သူကဒီမှာ ဘာလုပ်လာတာလဲ? မဟုတ်မ...'

"ရှင်း!" ဟာရူတို ထပ်ခေါ်လိုက်သည်။

ရှင်းပြေးနေစဥ်အတွင်း အသက်ရှုရုံမှလွဲ၍ စကားမပြောနိုင်ပေ။ ရှင်း အရှိန်လျှော့ချလိုက်ကာ အသက်ကိုဂရုတစိုက် ရှုနေဆဲ...

"တော်သေးတာပေါ့ မင်းအဆင်ပြေနေတာ!" ရှင်း ဘာကိုဆိုလိုလဲ မသိလိုက်ခင်မှာ တင်းကြပ်လှသည့် ပွေ့ဖက်မှုအောက် ရောက်သွားတော့သည်။ ရှင်း ရှက်သွေးဖြန်းလျက် ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ရသည်။ ဟာရူတို၏ ပြင်းထန်လေးလံလှသည့်အသက်ရှုသံကို သူ၏နားဘေးတွင် ကြားနေရသည်။တဒင်္ဂအကြာတွင်မှ အချင်းချင်း ခွဲခွာလိုက်ကြကာ

"မျက်တွင်းတွေချောင်နေသလိုပဲ..." ရှင်း တိုးညင်းစွာပြောလျက် ချွေးထွက်နေသည့်ဟာရူတို၏မျက်နှာပေါ်မှ ဆံပင်အချို့ကို သပ်တင်ပေးလိုက်သည်။

"ကိုယ်...စိတ်ပူ...နေခဲ့တာ" ဟာရူတို အမောတကောပြောလိုက်သည်။ အသက်ဝဝရှူပီးသည်အထိ ရှင်း တိတ်တဆိတ်စောင့်နေလိုက်သည်။သူစကားမပြောသင့်, မဟုတ်ရင် ဟာရူတိုက အသက်ရှူဖို့ပင် ဂရုမစိုက်ဘဲ ပြန်ဖြေနေမည်ဖြစ်သည်။

ခနတာငြိမ်သက်ချိန်ပီးသွားပီးနောက် ဟာရူတို ပုံမှန်ပြန်ဖြစ်လာသည် သို့သော် သူ၏ယိမ်းယိုင်နေသည့်ပုံကို ရှင်း သတိထားမိသွားသည်။

ဗီလိန်ကြောင်ငပျင်းလေး(ဘာသာပြန်) 【Completed】Where stories live. Discover now