အခန်း(၄) တင်းမာမှုများ

1K 148 5
                                    


ကျောင်းဝင်ပေါက်နား ရောက်လျှင် ရှင်း ရှေ့ကနေပြေးဝင်သွားလိုက်သည်။ဟာရူတိုနှင့် အတူတူကျောင်းလာခဲ့သည်ကို အခြားသူတွေကိုမမြင်စေချင်ပေ။ ဟာရူတိုကတော့ သူ့ကြည့်ပီး ရယ်နေတော့သည်။ရှင်း ဝင်ပေါက်ကိုဖြတ်ပီး ခပ်မြန်မြန်သွားကာ အတန်းဆီကိုပဲ ဦးတည်လိုက်တော့သည်။

သူ့ကိုမြင်တော့ အချင်းချင်းစကားေပြာေနကြတဲ့သူတွေက သတိတရပဲ လှည့်ကြည့်လာကြသည်။

ရှင်း အဲ့တာေတွဂရုစိုက်မနေတော့ပေ။ကောလဟာက ကောလဟာလသာဖြစ်၍ သူ့ကိုမထိခိုက်နိုင်ပေ။

'သူ့ဘဝရဲ့ အကြီးမားဆုံးရည်မှန်းချက်ကြီးက သက်တောင့်သက်သာနဲ့အေးဆေးနေဖို့ပဲ'။ ရှင်း အတန်းပေါက်ဝရောက်ချိန် တံခါးကဖွင့်နေပီးသားဖြစ်၍ တွန်းဖို့တောင် မလိုခဲ့ပေ။အတန်း၏အနောက်ဘက်ကနေဝင်လာသော်လည်း တစ်တန်းလုံး၏ အာရုံစိုက်မှုက သူ့ဆီမှာပဲဖြစ်သည်။အတန်းဖော်ေတွကို တစ်ချက်ကြည့်ပေးလိုက်ပီး သူ့ခုံဆီပဲသွားလိုက်တော့သည်။

သူ့ရဲ့ခုံက အတန်းရဲ့နောက်ဆုံး ပြတင်းပေါက်နဲ့အဝေးက အတွင်းဘက်ခုံဖြစ်သည်။

ကြည့်ရတာ သူ့ရဲ့ဘေးကလူက ရောက်သေးပုံမရပေ။ရှင်း သူ့အိတ်ကို ခုံအောက်ထည့်လိုက်ပီး နွေးနေဆဲခုံမျက်နှာပြင်မှာ ေခါင်းလှဲလိုက်ကာ နေပူဆာလှုံနေရသလို သူ့မျက်လုံးတွေကိုဖြည်းဖြည်းချင်းပိတ်လိုက်သည်။ 'နတ်ပြည် ရောက်နေတဲ့ခံစားချက်လေးပဲ'

သူအိပ်ပျော်သွားကာ အတန်းထဲကလူတွေက သူ့ကိုပဲ ပြန်ကြည့်ကြသည်။

"ေတွ့လား အိပ်နေပြန်ပီ.."

"မင်းမပြောလည်း ငါမြင်တယ် ဒီသောက်ကောင်ရဲ့ ဒါပေမဲ့ ဘာလို့အိပ်သွားတာလည်း?"

"စိတ်ဓါတ်ကျနေလို့ဖြစ်မှာပေါ့"

"အသည်းကွဲနေတာနေမှာ"

"သနားစရာကောင်းလိုက်တာနော်..."

"ဟေ့ဟေ့ သူ ငါတို့အပေါ်လုပ်ခဲ့တာတွေ မမေ့နဲ့"

"သိပါတယ်ဟဲ့. ဒီတိုင်းပဲ..."

"ကြည့်ကြည့်လိုက် သူက အကုန်လုံးဆီက အရေးပေးတာလိုချင်နေတာပဲ"

ဗီလိန်ကြောင်ငပျင်းလေး(ဘာသာပြန်) 【Completed】Where stories live. Discover now