နိဂုံး

342 24 0
                                    

နှစ်နှစ်ခန့်ကြာသော်...

ဘွဲ့ယူခြင်းနှင့် အလုပ်အပေါ်သာ အာရုံစိုက်နေကြသည်။ အဆင်သင့်ဖြစ်ကြသည့်အချိန်မှ လုပ်ကြဖို့ တွေးထားကြသည်။သို့သော် အသေးစိတ်တော့ ဆွေးနွေးကြခဲ့ပြီးဖြစ်သည်။ နွေဦးရာသီ၏ တစ်ရက်ရက်တွင် အဖွား၏နယ်မြို့လေး၌ ရိုးရာအတိုင်းကျင်းပကြမည်ဖြစ်သည်။ရင်းနှီးသည့် မိသားစုဝင်များ မိတ်ဆွေများကို ဖိတ်ကြားကြမည်။

"ရှင်း ကိုယ်တို့လက်ထပ်ပီးရင် ကိုယ့်ကို ယောက်ကျား လို့ခေါ်မှာလား? ဒါလင် လို့လား?အချစ်လေး? ဟန်နီ? ဘယ်လိုခေါ်မှာလဲ"

"ဘေဘီ"

ဟာရူတို ပုံလဲကျသွားပီဖြစ်သည်။

"ငိုတော့မှာပဲ"

ဟာရူတို ငိုနေသည်။

ရှင်း ဟာရူတို့ဆီသွားကာ "ယောက်ကျားရေ မငိုပါတော့နဲ့ကွာ"

"..."

"မြင်လား? ငါခေါ်လိုက်ရင် မင်းအဲ့ပုံစံဖြစ်သွားမှာပါဆို။ အယ်? မား ဖုန်းခေါ်နေတယ်..."

ရှင်း ဟာရူတိုဆံပင်ကို ကိုင်ထားရင်း ပြန်ဖြေလိုက်သည်။ "ရိုင်ကို-စံ?အားနာပါတယ် ဟာရူတို မအားသေးဘူးရယ် နောက်နာရီအနည်းငယ် ဒါမှမဟုတ် ရက်အနည်းငယ်လောက်ဆို အဆင်ပြေမှာပါ"

"ကိစ္စမရှိဘူး ရှင်း သူ နေသားမကျသေးတာဖြစ်မယ်" ရှင်း ဟာရူတိုအကြောင်း မပြောလိုက်သော်လည်း ရိုင်ကို ခန့်မှန်းမိပီဖြစ်သည်။ရှင်း ကျောတောင်ချမ်းသွားသည်။

လအနည်းငယ် ကြာပီးနောက်တွင်တော့ သူတို့အခမ်းနားတွက် အစီစဥ်ဆွဲခဲ့ကြသည်။ဆောင်းအကုန် နွေအကူးတွင် လက်ထပ်ကြမည်ဖြစ်သည်။ရက်နီးလာလေလေ စိတ်လှုပ်ရှားလေလေ ဖြစ်သည်။

ဘယ်သူမ မသိလိုက်ခင်...

ချစ်သူစုံတွဲ နှစ်ယောက်မှာ ချယ်ရီပန်းတွေဝေဆာနေသည့် လမ်းမထက်တွင် အနက်ရောင်ကီမိုနိုကို ဝတ်ဆင်ထားကြလျက် ရိုးရာဝတ်ပြုကျောင်းဆီ သွားနေကြသည်။

ရှင်း ဆာကူရာပွင့်ချပ်လေးကို လှမ်းဖမ်းလိုက်သည်။လမ်းဆက်မလျှောက်တော့ဘဲ လက်ပေါ်က ပွင့်ချပ်ကိုသာ ကြည့်နေသည်။ ဟာရူတိုလည်း လိုက်ရပ်လိုက်သည်။

ဗီလိန်ကြောင်ငပျင်းလေး(ဘာသာပြန်) 【Completed】Where stories live. Discover now