အခန်း(၂၉)ဖြတ်သန်းခဲ့သည့် အချိန်ကာလများ

224 21 0
                                    


ဟာရူတို အထုပ်ပြင်နေသည့်အချိန် ရှင်း၏အတိတ်ဘဝကို အတူတူ ဆွေးနွေးနေကြသည်။

ရှင်း : "ငါ လိမ်တာတွေကို ကြောက်တယ်။ စကားလုံးတွေလိုပဲ အပြုအမူတွေကလည်း လှည့်စားနိုင်တယ်။အတိတ်ဘဝတုန်းကဆိုရင်...ငါ့ကိုယ်ငါ ကာကွယ်ဖို့ ဘယ်သူနဲ့မ ရင်းရင်းနှီးနှီးမနေခဲ့တာ။သူတို့က ကူညီပေးချင်ပါတယ် ပြောတယ်ဆိုရင်တောင်ပေါ့။တစ်ခါတုန်းက ငါနဲ့အဆင်ပြေလိမ့်မယ်လို့ထင်တဲ့ တစ်ယောက်ရှိခဲ့ဖူးတယ်။အဆုံးကျတော့လည်း... သူကလည်း တခြားသူတွေလိုပါပဲ။"

ဟာရူတို လက်သီးဆုပ်လိုက်သည်ကို ရှင်းသတိပြုမိသွားသည်။ရှင်း ထိုသူ၏လက်သီးဆုပ်ပေါ် လက်တင်လိုက်ကာ အသာအယာပြုံးပြလိုက်သည်။ဟာရူတိုမှာ တစ်ခုခုလုပ်ပေးချင်သော်လည်းအခွင့်မသာ အကူအညီမဲ့နေဟန်ဖြစ်သည်။

"သူတို့က အရေးမကြီးတော့ပါဘူး။မင်းပြောသလိုပဲ ငါတို့အတူရှိနေတာက ပိုပြီးတော့အဓိကကျတယ်လေ နော်"

"အတိတ်တုန်းကလိုမျိုး  ဘယ်တော့မ မဖြစ်စေရဘူး" ဟာရူတို သံဓိဌာန်ချထားလိုက်၏။ "မင်း အဲ့လိုတွေ ခံစားဖို့မလိုတော့ဘူး"

"ပြီးတော့ ကိုယ်မင်းကို တစ်ယောက်တည်းအထီးမကျန်ရအောင် ထားပါ့မယ်"

သူတို့အတူ ဖြတ်သန်းခဲ့သည့် အချိန်ကာလများသည် စစ်မှန်ပေ၏။ဤသည်ကို ဘယ်သောအခါမျှသံသယ ဝင်လိမ့်မည်မဟုတ်။နှလုံးသားတွင် သိမ်းထားခဲ့ကြသည့် အမှန်တရားများကို ရှင်းလင်းဖော်ထုတ်ခဲ့ကြပီးနောက် သံသယစိတ်တွေ မယုံသင်္ကာဖြစ်မှုတွေ ရှိကြမည် မဟုတ်တော့။

ဆက်၍ တစ်ယောက်ကိုတစ်ယောက် စစ်မှန်စွာ ဆက်ဆံကြပါလိမ့်မည်။

စကားဝိုင်းအား ကတိကဝတ်များ နားလည်မှုများဖြင့် အဆုံးသတ်ခဲ့ကြသည်။အတိတ်ဆိုသည်မှာ သူတို့ဘေးတွင် အမြဲရှိနေလိမ့်မည်။သို့ပေသိ အဟန့်အတား တားဆီးမှုတစ်ခုအဖြစ်တော့ ပြုနိုင်စွမ်းရှိမည်မဟုတ်ကြ။ကောင်းမွန်သည့်ခံစားချက်များစွာ ပါဝင်သည့် သတင်းစကားဖြစ်ပါစေ။

ဤသို့ဖြင့် တစ်စုံနှစ်ယောက်မှာ ကမ္ဘာကြီးကို ထပ်မံရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ကြသည်။

ဗီလိန်ကြောင်ငပျင်းလေး(ဘာသာပြန်) 【Completed】Where stories live. Discover now