အခန်း(6) ပွဲစပီ

1K 142 4
                                    


ရှင်း သမ်းဝေလိုက်ကာ အရောင်းစက်မှ ကျရာ အစားအသောက်ကိုယူလိုက်သည်။ သူ၏ ဗိုက်ဆာကိုဖြေဖြောက်ပေးနိုင်သည့် မည်သည့်အရာမဆိုအဆင်ပြေသည်။ထို့ကြောင့် အစားအသောက်နှင့် ပတ်သပ်၍ စိတ်မရှိပေ။သို့ပေသော်လည်း သူစိတ်ရှိသည့်အရာကား ရှိနေသေးသည်။ယင်းကား သူနှင့် ခပ်လှမ်းလှမ်းမှာ ရှိနေသည့် ဟာရူတိုပင်ဖြစ်သည်။

"ငါ့ကိုချောင်းမြောင်းနေတုန်းပဲ?"

ဟာရူတို ရွှတ်နောက်နောက်အသံဖြင့် " စူးစမ်းလေ့လာရေးလုပ်နေတယ်ဆို ပိုမှန်ပါတယ်"

"..."

ဟာရူတို သူ့ဆီဖြည်းဖြည်းချင်း တိုးသွားကာ အသံတိုးတိုးဖြင့်ပြောလိုက်သည်။ "မင်းကြည့် ငါတို့ရဲ့ နမူကရာရှင်းက အရောင်းစက်ကနေ သူ့အစာကိုစောင့်နေတာ။သူ့ရဲ့အကြည့်တွေက အရမ်းကိုစူးရှ ဇွဲလုံ့လအပြည့်ဖြစ်နေပြီး အင်အားကြီးပါတယ်ဆိုတဲ့ ခြင်္သေ့တွေတောင် သူ့ဖဝါးအောက် ခတွားရမှာပါဆို"

ရှင်း သူ့ရဲ့ သောက်စရာကို လှမ်းယူလိုက်ပီး သက်ပြင်းချမိသည်။ "စောက်ရေးမဟုတ်တဲ့ ဘာဖြစ်ရပ်မှန်ရုပ်ရှင်တွေ ဒီနေရာမှာရိုက်ဖို့ စဥ်းစားနေတာလဲ ပြောကြည့်?"

"မှန်လိုက်တာ, မင်းကိုရုပ်ရှင်ရိုက်တယ်ဆိုတည်းက စောက်ရေးမပါတော့ဘူးပေါ့"

"မင်းဘာ-" ရှင်း ဟာရူတို့ရဲ့ကော်လံ မဆွဲနိုင်ခင်မှာပဲ သကောင့်သားက ထွက်ပြေးသွားလေပြီ။'တနေ့တော့ ဒင်း ကိုသေချာပေါက်လက်စားချေရမယ်' ဟာရူတိုကို တစ်ခုခုနဲ့နှိုင်းပြောရမည်ဆိုလျှင် တတ်နိုင်သမျှအမြန်ဆုံး ဖယ်ရှားပစ်ဖို့လိုအပ်နေသည့် 'ခွေးသန်း' တစ်ကောင်လိုဖြစ်သည်။ 'ခွေးသန်း' ဖြစ်ရမည့်လူတွေထဲမှာမ ရှင်း(ထို့မာ) သာဖြစ်ခဲ့ရသည်။

ရှင်း တွေးမိလာရသည်။ 'ဘာလို့သူလဲ?' 'ယုဂျီကိုလည်း ဆက်မနှောက်ယှက်တော့ဘူးလေ?' 'တော်ပါပီ အဓိက ဇာတ်ဆောင်ရောက်လာတာနဲ့ ဟာရူတို သူ့ကို လျစ်လျူရှုသွားနိုင်သည်ပဲ..ပျစ်ပျစ်နှစ်နှစ် ရှိတဲ့ ဒရာမာတွေအားလုံးက အမျိုးသာဇာတ်ဆောင်  ယုဂျီနှင့်ခေ ဆီကနေ လာတာကို'

'အာ, အရေးကြီးဆုံးက ကွင်းဆင်းခရီးထွက်တဲ့ အပိုင်းပဲ။ပေါက်ပေါက်စားပီး ကြည့်ရဖို့ မစောင့်နိုင်တော့ဘူးပဲ'

ဗီလိန်ကြောင်ငပျင်းလေး(ဘာသာပြန်) 【Completed】Where stories live. Discover now