~ TRUST ME ~

Per Pan_Rae

41.9K 3.6K 1.1K

m-pregnant BinHao Crd cv photo; Més

trust me ~ 1.
trust me ~ 2.
trust me ~ 3.
trust me ~ 4.
trust me ~ 5.
trust me ~ 6.
trust me ~ 7. ***
trust me ~ 8.
trust me ~ 9.
trust me ~ 10. ***
trust me ~ 11. ***
trust me ~ 12.
trust me ~ 13.
trust me ~ 14.
trust me ~ 15.
trust me ~ 16.
trust me ~ 17.
trust me ~ 18.
trust me ~ 19. ***
trust me ~ 20.
trust me ~ 21.
trust me ~ 22.
trust me ~ 23. ***
trust me ~ 24.
trust me ~ 25.
trust me ~ 26.
trust me ~ 27.
trust me ~ 29.
trust me ~ 30. Final
* New Fiction *

trust me ~ 28.

975 114 80
Per Pan_Rae


Uni

ထုံဆေးနဲ့ခွဲရတာဖြစ်တာကြောင့် ဟာအိုအသိစိတ်လုံးလုံး ကပ်မနေတာမျိုးတော့ မဟုတ်ပါ။ လက်ကျန်အသိစိတ်က ဒီကလေးတွေကို သူမောင့်အတွက် မွေးပေးနိုင်ပါ့မလားဆိုတာ တွေးရင်း ရင်ထဲအလုံးကြီးတစ်ခု
ပိတ်ဆို့နေလေသည်။ သန္ဓေလမ်း​ကြောင်းက
ကျဥ်းနေတဲ့အပြင် ကလေးတွေရဲ့ဖွံ့ထွားမှုအားကလဲ ကောင်းတော့ မွေးဖွားဖို့က အခက်တွေ့နေလေသည်။

ဆရာဝန်တွေမွေးဖွားရေး ကြိုးပမ်းနေချိန် ဟာအိုကမောင့်မျက်နှာကို တွေးမြင်ရင်း
မောင့်နာမည်ကို စိတ်ထဲတဖွဖွခေါ်နေမိသည်။
ဘုရားသခင်ထက် မောင့်ကိုပို၍ အားကိုးမိသည်။ ပို၍လဲတောင်းတမိပါသည်။ နာကျင်မှုက တစ်ချက်ဆိုတစ်ချက် သိသိသာသာကို ပြင်းထန်လွန်းသည်။ အသိစိတ် လွတ်နေတာမျိုးမဟုတ်၍ အသံကုန်ခြစ်အော်ချင်စိတ်က ထိန်းမရပါ။

ချွေးစေးတွေနဲ့ မျက်ရည်တွေကလဲ ရောယှက်နေ၏။ အောက်ဆီဂျင်က တက်လိုက်ကျလိုက် နှင့် ပုံမှန်ရှိမနေ။ တစ်နာရီဝန်းကျင်ခန့်အကြာမှာပဲ ကလေးတစ်ယောက်ရဲ့ အော်ငိုသံကထွက်ပေါ်လာတယ်။ ကျေးငှက်လေးတွေရဲ့ နံနက်ခင်းတေးသံသာထက် ပို၍ချိုသာနေသည်။ ဟာအို့ရဲ့ရင်ထဲအသည်းထဲထိ ကျေနပ်ပီတိဖြစ်ရတယ်။

" သမီးလေးရှင့်...သမီးလေး ''

ပထမဦးဆုံး လူ့လောကထဲရောက်လာတဲ့ ကလေးငယ်လေးက သမီးမိန်းကလေးဖြစ်သည်။ ဟာအိုပြုံးလိုက်မိလားတောင်မသိပါ။ မောင်လိုချင်တဲ့သမီးလေး၊ သားသားလိုချင်တဲ့ ညီမလေးမဟုတ်လားလေ။ သူနာပြု တွေက ကလေးအားသန့်ရှင်းရေးလုပ်ပေးနေကြသည်။

သားအိမ်အတွင်း ကျန်ရစ်နေတဲ့ သားယောကျာ်းလေးအား မွေးဖွားနိုင်ရန် အစွမ်းကုန်ကြိုးစားနေကြသည်။ ကန့်လန့်ဖြစ်နေတဲ့ အနေအထားကို တည့်အောင်ပြောင်းပြီး အပြင်သို့ မရောက်ရောက်အောင်
ခွဲထုတ်ခဲ့ကြသည်။ အပြင်သို့ရောက်လာသော်လည်း စိတ်မအေးရပါ။ ကလေး၏ ငိုသံမှာနတ္ထိဖြစ်နေ၍။

ဝမ်းဗိုက်ထဲ လစ်ဟာသွားမှုနဲ့အတူ သူနာပြုမလေးရဲ့ သားယောကျာ်းလေးထွက်လာပြီပဲဆိုသည့် အသံကိုကြားလိုက်ရသည်။ သို့သော် သမီးလေး ထွက်လာတုန်းကလိုတော့ ငိုသံလေးမကြားရပါ။ ဟာအိုစိတ်ပူလာသည်။ ဆရာဝန်တွေနဲ့ သူနာပြု တွေရဲ့လှုပ်ရှားမှုကလဲ တိတ်ဆိတ်နေ၏။ ထုံဆေးမပြေသေး၍ ရွေ့လျားလို့လဲ ရမနေပါ။

ကလေးငယ်အား မှောက်ခုံလေးဖြစ်အောင် လုပ်လိုက်သည်။ ကျောပြင်သေးသေးလေး
အား သုံးလေးချက်ပုတ်ကြည့်သော်လည်း အသံထွက်မလာပါ။ ပက်လက်လေးဖြစ်အောင်လုပ်၍ ပါးလေးနှစ်ဖက်အားညှစ်ကာ
ပါးစပ်လေးထဲ ဆရာဝန်ကလေမှုတ်သွင်း
ကြည့်သည်။ မည်သည့် လှုပ်ရှားမှုမှရှိမလာ။
ကလေး၏ ကိုယ်လုံးလေးကို လှုပ်ခတ်ကြည့်သော်လည်း ဘာမှထူးမလာပါ။

ကလေးရဲ့ နှလုံးခုန်နှုန်းက ရပ်တန့်နေလေသည်။ နောက်ဆုံးတွင်သူတို့ လက်လျှော့လိုက်ရလေသည်။ ဆရာဝန်၏ ကောက်နုတ်
ချက်အရ အမြွှာကလေးငယ်များတွင် ဖြစ်တတ်သည့် သွေးထောက်ပံ့မှုမလုံလောက်ခြင်းကြောင့် ဖြစ်နိုင်သည်။ သမီးမိန်းကလေးအား သွေးစီးဆင်းသက်ရောက်မှုများသောကြောင့် သားယောကျာ်းလေးထံ သွေးစီးဆင်းမှု မလုံလောက်ကာ နှလုံးခုန်နှုန်းကိုပါ ရပ်တန့်သွားစေခြင်းဖြစ်သည်။

" အမြွှာ သမီးမိန်းကလေး မွေးဖွားချိန်
နံနက် ၄နာရီ ၂၁မိနစ် ''

" အမြွှာ သားယောကျာ်းလေး သေဆုံးချိန်
နံနက် ၄နာရီ ၂၉မိနစ် ''

ဆရာဝန်ပြောလိုက်သည့်စကားတွင် ဟာအို့နှလုံးခုန်နှုန်းတွေမြန်လာသည်။ ကြေကွဲစွာ ငိုကြွေးဖို့တောင် အားအင်တို့ရှိမနေတော့ပါ။
ဘဝကြီးတစ်ခု ဆုံးရှုံးလိုက်ရသည့်ခံစားချက်။ သားလေး...ဒီကလေးက ဟာအို့နဲ့
မောင့်ရဲ့ သားငယ်လေးအဖြစ် မွေးဖွားလာခဲ့ရမှာကို ကံကြမ္မာက ဟာအို့သားလေးအပေါ်ဘာကြောင့် ရက်စက်ရသနည်း။

လူ့လောကထဲ မရောက်ခင် ဟာအို့သားလေးအား အဘယ့်ကြောင့်ခေါ်သွားရသနည်း။ ထိုအစား သားလေးအားထားခဲ့၍ သူ့အားခေါ်သွားပါရော့လား။ အားမကိုးခဲ့ခြင်းကြောင့်
ဘုရားသခင်က သူ့အားဒဏ်ရိုက်ခတ်သည်လား။ ရင်တွေကွဲရပါပြီ ပါပါးသားငယ်လေးရယ်။ သားငယ်လေးကို ပါပါးတို့ဘဝထဲ ကောင်းကောင်းမွန်မွန် ခေါ်မလာပေးနိုင်လို့
ပါပါးတောင်းပန်ပါတယ်ကွယ်။

" အဟင့်...သား...သားလေး ''

အသံထွက်ဖို့ကိုတောင် အားတင်းထားရတယ်။ သူနာပြု တွေက ဟာအို့ခေါင်းလေးကိုပုတ်ပေးကာ နှစ်သိမ့်ပေးကြသည်။ စီးကျနေတဲ့ မျက်ရည်တစ်ချို့နဲ့ ချွေးစတစ်ချို့ကို သုပ်ဖယ်ပေးကြသည်။ သူမောင့်အား မည်သို့ရင်ဆိုင်ရမည်နည်း။ သားလေးအား မွေးမထုတ်ပေးနိုင်ခဲ့လို့ အင်မတန်အားနာရတယ်။
ငါက အသုံးမကျတဲ့ ​မွေးဖခင်ပဲ မောင်ရဲ့။

သန့်ရှင်းရေးတွေလုပ်ပြီးတာနှင့် ဟာအို့အားတွန်းလှည်းကုတင်ပေါ်တင်၍ လူနာခန်းသို့ ခေါ်ဆောင်သွားကြသည်။ ထုံဆေးပြေလာလေ နာကျင်မှုက ရူးလောက်အောင်ပါပင်။
သို့သော် ရင်အတွင်းက နာကျင်မှုကို မယှဥ်နိုင်ပါ။ အဝတ်အမည်းလေးနဲ့ သားငယ်ကို ဖုံးအုပ်ထားတာဟာအိုတွေ့လိုက်တယ်။ ဘာကြောင့် ဒီလိုဖြစ်ရပါသလဲ။ ရင်တွေနာလွန်း၍ မျက်လုံးစုံမှိတ်ထားလိုက်၏။ ဆက်ပြီးသူတောင့်ခံမထားနိုင်တော့ပါ။

__________________

" သား​...သားလေးကရော ''

" သားယောကျာ်းလေးကတော့ ကျွန်တော်တို့လဲအကောင်းဆုံးကြိုးစားပြီး မွေးပေးခဲ့ပေ
မယ့်ကလေးက ဗိုက်ထဲမှာတည်းက အသက် ပါမလာခဲ့ပါဘူးဗျာ ''

ညစ်ထွေးနေတဲ့ ဆေးရုံကြမ်းပြင်ကိုလဲ အမှတ်မထားတော့ပါ။ လဲကျသွားတဲ့ ဟန်ဘင်းအား ဆရာဝန်အချို့နဲ့ သူနာပြုတွေက ဆွဲထူကြပေမယ့်လဲ ခြေထောက်တွေမှာပါအားအင်တို့ ချိနဲ့ကုန်သည်။ အမြွှာသားနဲ့သမီးမှန်းသိရချိန် ဟန်ဘင်းရဲ့ပျော်ရွှင်ကြည်နူးမှုက စကားလုံးနှင့်ပင် ဖော်ပြ၍မရနိုင်အောင် ကြီးမားလွန်းသည်။ အမြွာလေးနှစ်ယောက်အား မည်သို့ပျိုးထောင်မည် ဆိုသည်ကိုပါ ဘဝရဲ့ စီမံကိန်းတစ်ခုထဲသို့
ထည့်ထားခဲ့သည်အထိ သူ့သွေးသားလေးတွေအပေါ် သိပ်ကိုမြတ်နိုးတန်ဖိုးထားရပါသည်။

ဟာအိုရော ခုချိန်ဘယ်လိုဖြစ်နေမလဲ။ ဟုတ်တယ် ဟာအို့ဆီသွားရမှာပဲ။ ခုဆို ဟာအိုသိပ်ကို စိတ်ထိခိုက်နေရှာမှာ။

" ကျွန်တော့်အမျိုးသားလေးရော...ဟင်ဒေါက်တာ ''

" တစ်ဖက်တံခါးပေါက်ကနေ အပေါ်ဆုံးအထပ်VVIPလူနာခန်းထဲကို ရွှေ့ပြီးပါပြီ ''

" ကျွန်တော် တွေ့လို့ရပြီမဟုတ်လား ''

" ရပါတယ်...ဒါပေမယ့် အခုချိန်က ကလေးဆုံးရှုံးမှုကို မွေးလူနာကျန်းဟာအိုက သိထားတာမို့ သွေးနုသားနုနဲ့ အရမ်းကိုစိတ်ထိခိုက်နေရှာပါတယ်...ဒါကြောင့် စိတ်ဖိစီးမှုမရှိအောင် စကားလုံးတွေကိုထိန်းပြီးပြောပေးပါ
အားပေးစကားတွေလဲ အမျိုးသားဖြစ်သူက
များများပြောပေးပါ ''

" ကျွန်​တော်သိပါပြီ....''

အပေါ်ဆုံးအထပ်ကို ဓာတ်လှေကားနဲ့ တက်နေရပေမယ့် လှေကားထစ်တွေကို တစ်ထစ်ချင်းတက်နေရသလို လေးလံမောပန်းနေ၏။ သမီးလေးကိုလဲ တွေ့ချင်သည်။ ဆုံးရှုံးဖို့ မဖြစ်သင့်တဲ့ သားငယ်လေးကိုလဲသူသိပ်တွေ့ချင်ပါသည်။ ကလေးမွေးတာနဲ့ သားသားကို ခေါ်လာခဲ့ရန် ဒယ်ဂျွန်းကိုဖုန်းဆက်ပြောမည်ဟု တွေးထားခဲ့သော်လည်း
ခုပုံစံနဲ့ သူဘယ်လိုတွေပြောရမလဲ။

သားက ကလေးမို့အချိန်တန်မေ့ပျောက်ကာ
ဘာဆိုဘာမှ နားလည်နိုင်ခြင်းရှိမှာမဟုတ်ပေမယ့် ဟာအိုကတော့ ဟန်ဘင်းနဲ့ထပ်တူ ယူကြုံးမရဖြစ်နေရှာမှာပဲ။

ဟာအိုရှိတဲ့ အခန်းရှေ့ရောက်ချိန်တွင် သူ့ရဲ့မျက်ရည်တွေကို လက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်သည်။ ကိုယ်တိုင်က ပြိုလဲနေပေမယ့် ဟာအို့အတွက်ပိုပြီး ပင်ပန်းအောင်မလုပ်ချင်ပါ။ စိတ်ကိုအတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားလျက် အခန်းတွင်းသို့ ဝင်သွားလိုက်သည်။

" ဟာအို...''

မျက်နှာကျက်ကို တွေတွေလေးငေးနေသူကဟန်ဘင်းရဲ့ ခေါ်သံကြောင့် ခေါင်းလေးထောင်ကာ ကြည့်လာတယ်။ ထ,ထိုင်ချင်နေသူကြောင့် ဟန်ဘင်းကပဲ အနားကိုအမြန်သွားလိုက်ရ၏။ မျက်နှာလေးရှုံ့မဲ့နေတာ ခွဲထားတဲ့ နေရာကအရမ်းနာလို့ဖြစ်မည်။

" မောင်...သားလေးကလေ ''

လက်ကို အားကိုးတကြီးဆုပ်ကိုင်လာတာ
Cannula တောင်ပြုတ်ထွက်တော့မလို့။ အားဆေးသွင်းထားပုံရတဲ့ သူ့အမျိုးသားလေးရဲ့ မျက်ဝန်းတွေထဲ ဝမ်းနည်းပူဆွေး
မှုတွေ အတိုင်းသားမြင်နေရတယ်။ ဟန်ဘင်း
ကိုယ်တိုင်လဲ ထပ်တူခံစားနေရပေမယ့် ဟာအို့အရှေ့မှာ စိတ်ကိုအတတ်နိုင်ဆုံး တင်းထားရသည်။

" ငါ...သားလေးကို ကောင်းကောင်းမွန်မွန် ခေါ်မလာနိုင်ခဲ့ဘူး...ဟာ့...''

" ဟာအို...အသက်ရှူတွေကျပ်နေမယ် မငိုနဲ့နော်..စိတ်ကိုခိုင်ခိုင်ထား မောင်ပြောတာနားထောင်နော် ဟုတ်ပြီလား ''

စိတ်တွေ မတည်မငြိမ်ဖြစ်နေတဲ့ဟာအိုက ဟန်ဘင်းလက်ကို ဆုပ်ကိုင်ထားလျက်နှင့် ငြိမ်ကျသွားသည်။ ဟာအို့ရဲ့ လက်လေးတွေကိုနမ်းရှုံ့ကာ ချွေးစတွေကြောင့် နဖူးပေါ်ကပ်ညှိနေတဲ့ ဆံပင်လေးတွေကို သပ်တင်ပေးလိုက်သည်။

" သားလေးကို ခေါ်မလာနိုင်ခဲ့ပေမယ့် သမီးလေးကိုတော့ ဟာအိုအဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ လူ့လောကထဲရောက်အောင်
ခေါ်လာနိုင်ခဲ့တယ်လေ... ကိုယ့်ကိုကိုယ် အပြစ်မတင်ပဲနဲ့ သားငယ်လေးရဲ့ ဘဝကူးကောင်းဖို့ မောင်တို့ဆုတောင်းပေးကြရအောင်နော်...''

" ငါတို့ကျမှ ဘာလို့အဲ့လိုဖြစ်ရတာလဲ မောင်ရယ်...ဘာလို့ငါ့သားလေးကို ခေါ်သွားရတာလဲ...ဟင့်.... ''

မွေးဖခင်ဆိုသည့်အတိုင်း ဟာအိုကသိပ်ကိုမှ
ကြေကွဲဝမ်းနည်းနေသည်။ ဟာအို့ရဲ့ငိုရှိုက်သံကိုကြားရလေ ဟန်ဘင်းရင်တွေပို၍ ကွဲရလေပင်။ သူတို့ဘဝတွေက အတောက်ပဆုံး
ဖြစ်တော့မည့်အချိန်တိုင်း ငိုကြွေးမှုတွေနဲ့ အစကနေပြန်စရ ပြန်သည်။ ဖခင်တစ်ယောက်အနေနဲ့ ဟန်ဘင်းရူးသွပ်သွားသည်အထိငိုပစ်လိုက်ချင်သည်။ သို့ပေမယ့် သူကိုယ်တိုင်ကပျော့ညံ့နေလျှင် ဟာအိုကပို၍ နာကျင်ရမည်။ ဟာအို့အား စိတ်အပြောင်းအ
လဲလေးဖြစ်အောင် လုပ်မှဖြစ်မည်။

" မောင်တို့သမီးလေးရော...''

" သူနာပြုက ခဏနေခေါ်လာခဲ့မယ်လို့ပြောသွားတယ်...ဟင့် ''

" သမီးလေးက မောင်နဲ့တူရင် ကြည့်ကောင်းမှာနော်...ဟာအိုနဲ့တူရင်တော့ ဘဲရုပ်ဆိုးလေးလိုဖြစ်နေမှာ ''

" မောင့်....''

" ဗျာ...''

" မောင်လဲခံစားနေရမှန်း ငါသိတယ် ''

ဟန်ဘင်းရဲ့ မျက်ဝန်းတွေ မှိုင်းညှို့သွားသည်။

" အင်း...မောင်သေလောက်အောင် ခံစားနေရတယ် ဟာအို ''

" ဒါဆိုမောင်က ဘာကြောင့်ခံစားချက်ကိုဖွင့်မထုတ်လိုက်ဘဲ တင်းခံနေရသလဲ ''

ဟန်ဘင်း သက်ပျင်းချသည်။ ဟာအို့ရဲ့ ဖြူရော်ရော် မျက်နှာလေးကိုကြည့်ရင်း စိတ်တွေထွေပြားရသည်။

" မောင်ကပါ အရူးလိုကြေကွဲပြနေရင် ခုချိန်ဟာအိုလိုအပ်နေတဲ့ တံတိုင်းကြီးတစ်ခု ဖြစ်ပေးလို့ ဘယ်ရပါ့မလဲ.... မောင်လဲဖခင်ပဲဟာအိုရဲ့...သားငယ်​လေးကို လက်မလွှတ်ချင်လဲ
လက်လွှတ်ရမှာပဲ မဟုတ်လား ဟာအိုမောင့်ကိုနားလည်မှာပါ ''

မျက်ရည်တွေကြားက မီးနေသည်အလှတရားလေးကို ပွေ့ဖက်ထားမိသည်။ မောင်တို့ဒီလောက်ပဲငိုရအောင်။ မောင်တို့ရင်ထဲမှာ သားနူလ်ဘင်းလေးနဲ့ အမြွှာလေးနှစ်ယောက်က မောင်တို့သွေးသားလေးတွေပဲဆိုပြီး ထာဝရသတ်မှတ်ကြရအောင်။

__________________

ချွမ်ရွေ့ အိပ်ယာကနိုးလာတော့ ဖုန်းကိုအရင်ကောက်ကိုင်လိုက်သည်။ အဝင်ကော်လ်ခေါ်ဆိုမှုဆိုတွင် ဟောင့်ကောယောကျာ်းဆိုတဲ့
Contact nameကြီးက နီရဲနေအောင်ပဲ။ သူက ဘာတွေအဲ့လောက်အရေးတကြီး ခေါ်ထားပြန်ပြီလဲ မသိပါ။

ရင်ခွင်ထဲတွင် အိပ်စက်နေသည့်အကို့ပါးပြင်လေးကို ပြွတ်ခနဲမြည်အောင် နမ်းရှုံ့ပြီးတာနဲ့
ဆောင်းဟန်ဘင်းဆီသို့ ဖုန်းပြန်ခေါ်လိုက်တယ်။

~ ဟယ်လို.... ~

~ အေး...~

~ ဘာကိုအေးလဲ...ဘာကိစ္စ ကျွန်တော့်ကိုဖုန်းခေါ်ထားတာလဲ စောစောစီးစီး.... အလုပ်ကိစ္စပြောဖို့လား...နောက်လထဲမှ ပရောဂျက်ကစ,မှာဆို ~

~ ဟာအို မွေးပြီးပြီ ~

~ ဟမ်...ဟုတ်လား အဆင်ပြေတယ်မလား ~

~ သမီးလေးကိုတော့ အဆင်ပြေပြေမွေးနိုင်ခဲ့တယ်...သားလေးကတော့ ဟာအို့ဗိုက်ထဲမှာတည်းက အသက်ပါမလာခဲ့ဘူးတဲ့ ~

~ ဗျာ....~

ဆောင်းဟန်ဘင်း အသံတွေ အက်ကွဲနေသလိုကြားရထဲက တစ်ခုခုမူမမှန်ဘူးလို့ချွမ်ရွေ့ထင်နေခဲ့တာ မှန်နေတာပဲ။ ခုချိန်သူတို့နှစ်ယောက်သား ဘယ်လိုဖြစ်နေလိမ့်မလဲ။ ချွမ်ရွေ့တောင်ကြားလိုက်ရတဲ့ စကားကြောင့် အရမ်းထိတ်လန့်ပြီး စိတ်မကောင်းဖြစ်မိသွားတာ။

~ အင်းဟုတ်တယ်...သားလေးကိုတော့
ငါတို့မကယ်လိုက်နိုင်ဘူး ရှန်ချွမ်ရွေ့ ~

~ ခင်ဗျား အများကြီးဝမ်းနည်းနေမှာပဲ ကျွန်တော်ကိုယ်တိုင်က ဖခင်တစ်ယောက်မဟုတ်ပေမယ့် ခံစားပေးနိုင်ပါတယ် အရမ်းလဲစိတ်မကောင်းမဖြစ်ပါနဲ့ ကျွန်တော် အကိုနဲ့အတူ တူမလေးကိုတွေ့ဖို့ ဆေးရုံကိုလာခဲ့မယ်... ~

~ မင်းတို့လာခါနီး ငါ့ဆီဖုန်းဆက်လိုက်ကွာ ~

~ ဟုတ်ပြီ ~

Ti Ti~~

ချွမ်ရွေ့ ရဲ့ပါးပြင်ပေါ်က အနမ်းကြောင့်ထယ်ရယ်နိုးလာခဲ့သည်။ ဟန်ဘင်းနဲ့ ဖုန်းပြောနေတာကို ထယ်ရယ် ဘေးကနေ ငြိမ်ငြိမ်လေး
နားထောင်နေလိုက်တယ်။ ဘာမှန်းတော့သေချာမကြားရပေမယ့် ချွမ်ရွေ့ရဲ့ ' သူကိုယ်
တိုင်ကဖခင်တစ်ယောက်မဟုတ်ပေမယ့် 'ဆိုတဲ့စကားကြောင့် ရင်ထဲအနည်းငယ်တင်းကျပ်သွားမိတယ်။

ချွမ်ရွေ့ရော သွေးသားတစ်ယောက်လောက်
လိုချင်နေလိမ့်မလား။ တစ်ခါတစ်ရံ သူ့ကိုယ်သူ အပြစ်တင်နေမိသည်။ ဘာကြောင့် ထယ်ရယ်ကရော အမျိုးသားကိုယ်ဝန်ဆောင်တစ်ယောက်ဖြစ်ဖို့ အခွင့်အရေးမရှိရတာလဲ။ သိမ်ငယ်စိတ်က လူကိုယ်ပါတိတ်ဆိတ်သွားစေသည်။

" ဟင်...အကိုနိုးနေပြီလား ''

" ချွမ်ရွေ့....''

" ပြောလေ..အကိုဘာဖြစ်လို့လဲ...''

ချွမ်ရွေ့ရဲ့ လည်တိုင်တွေပေါ် လက်တင်၍ ရင်ခွင်ထဲသို့ အတင်းတိုးဝင်လာသည်။ ခွေးပေါက်​လေးလို တအီအီနဲ့ ဖြစ်နေတဲ့အကိုက
ဘာလေးမှန်းမသိပါ။ ချစ်စရာကောင်း၍ ပါးလေးကိုထပ်မံနမ်းမိပြန်သည်။

" ဆောင်းဟန်ဘင်းနဲ့ ဘာတွေပြောနေကြတာလဲ ''

" အာ..အကို့ကိုပြောရမှာပဲ...ဟူး...''

ချွမ်ရွေ့သက်ပြင်းချမိတယ်။ စိတ်မကောင်းစရာအကြောင်းကို ပြောတဲ့အခါ လည်ချောင်းထဲမှာဆို့နှင့်ပြီး ပြောထွက်ဖို့ပင်ခက်သည်။

" ဟောင့်ကောအမြွှာလေးမွေးပြီ ''

" ဟင်....တကယ်လား...မြန်လိုက်တာနော်
ကလေးတွေတောင် အပြင်ထွက်လာပြီ ''

" သားယောကျာ်းလေးက မွေးမွေးချင်းဆုံးသွားတယ်တဲ့ ''

" ..... ''

ထယ်ရယ်ဘာပြန်ပြောရမှန်းတောင် မသိပါ။
ချွမ်ရွေ့ရင်ခွင်ကြား မျက်နှာလေးအပ်၍ ချွမ်ရွေ့ ခါးကိုလဲ တင်းနေအောင် ဖက်ထား သည်။ နှစ်ဦးကြား အတော်ကြာ တိတ်ဆိတ်နေမှုကိုချွမ်ရွေ့က ဖြိုခွဲလိုက်သည်။

" အကို...ဒါနဲ့အခုနကထဲက မျက်နှာလေးက
ဘာလို့ငိုမဲ့မဲ့ဖြစ်နေတာလဲ...ဟင် ''

မျက်နှာ​လေးဝှက်ထားရာမှ ထွက်လာသည်။

" ကလေးလေးက သနားပါတယ်နော်....ကျန်းဟောင့်နဲ့ ဆောင်းဟန်ဘင်း ဘယ်လိုခံစားနေရမလဲ မသိဘူး ''

" ဟုတ်တယ်...ဒါပေမယ့် သူတို့မိသားစုမှာ
နူလ်ဘင်းလေးလဲရှိသလို သမီးလေးလဲထပ်ရပြီမဟုတ်လား...အခုချိန်တော့အရမ်းဝမ်း နည်းနေကြမှာပေမယ့် နောက်တော့သူတို့လဲနေသားကျသွားမှာပါ ''

" ချွမ်းရော...ကလေးလေးလိုချင်လား ''

ထယ်ရယ့်အပြောမှာ ချွမ်ရွေ့မျက်ခုံးတို့တွန့်ချိုးလိုက်မိတယ်။ အကိုကဘာကိုပြောချင်နေတာပါလိမ့်။

" ဘာကြောင့်မေးတာလဲ? "

" ချွမ်းသာ..ကလေးလေးလိုချင်ရင် အကိုကမွေးမပေးနိုင်ဘူးလေ အဲ့တာကြောင့်....''

" ကျစ်...!! မျက်နှာသစ်တော့ ပြီးရင်ဆေးရုံကိုသွားရမယ် ''

ထယ်ရယ့်ကိုပွေ့ဖက်ထားရာမှ လွှတ်ကာ ကုတင်ပေါ်ကနေဆင်း၍ ရေချိုးခန်းထဲဝင်သွားလေသည်။ ထယ်ရယ့်မေးခွန်းကို မဖြေတဲ့အပြင် စိတ်ဆိုးသွားတယ်လို့ထင်ရတဲ့ ခပ်တင်းတင်း မျက်နှာထားကြောင့် ထယ်ရယ် ဘာများပြောတာ မှားသွားလဲဆိုတာ အသည်းအသန်ပြန်စဥ်းစားနေရတယ်။

__________________

သူနာပြုလေးချီလာတဲ့ အနှီးထုပ်လေးထဲတွင်
သမီးလေးက တအိအိနဲ့ အသံလေးထွက်လျက်ပါလာသည်။ ပြီးနောက် ကလေးထည့်တဲ့ အိပ်ယာခြင်းလေးထဲကို ထည့်လိုက်သည်။ သမီးလေးကို မြင်တာနဲ့ ဟာအိုနဲ့ဟန်ဘင်းရဲ့ အပြုံးတွေက မျက်ရည်တွေကြားမှဖြစ်ထွန်းလာလေသည်။

" ဟာအို... သမီးလေးကိုကြည့်ပါဦးကွာ...
လုံးတစ်ပြီး ချစ်စရာကောင်းလိုက်တာ ''

" ဟုတ်တယ်ရှင့် ကလေးက ၉ပေါင်နဲ့ ၆အောင်စတောင် ရှိတယ် ''

ဟန်ဘင်းမှာ သမီးလေးအားမထိရက် မကိုင်ရက်။ မျက်တောင်ရှည် စင်းစင်းလေးတွေနဲ့ သမီးကဖြူဖွေးပြီး လုံးလုံးလေးဖြစ်သည်။
ပြန်ပြီး အိပ်ပျော်သွားတာကြောင့် ထိုမျက်တောင်ရှည်လေးတွေကို မြင်ပြီးဟာအိုကထပ်ပြီးသူနဲ့ တူတဲ့သမီးလေးကိုမွေးပေးထားတာပဲ ဆိုသည့်အသိက နှလုံးသားထဲအထိ နွေးထွေးသွားစေသည်။

ကုတင်ပေါ်ကနေ သမီးလေးအားလှမ်းကြည့်နေသည့် ဟာအိုက အပြုံးနုနုလေးနှင့်သိပ်လှသည်။ သူနာပြုလေးထွက်သွားတော့ ဟာအို့အနားသို့ ဟန်ဘင်းသွားလိုက်တယ်။ သူ့ဆီလှမ်းလာတဲ့ ဟန်ဘင်းကိုကြည်ရင်း....

" သမီးလေးကိုမြင်တော့ သားငယ်လေးကိုပါတွေ့ချင်လာတယ်...''

" သားလေးကို သူတို့သေချာထား ထားပါတယ် ''

မျက်ရည်တွေကုန်ခမ်းသည် အထိအားရအောင်ငိုရှိုက်လိုက်သည်။ ကလေးက လူ့လောကကြီး ဆိုတာကို ဘာမှတောင်မသိလိုက်ရပါလား။ တော်ရုံတန်ရုံ ခံစားမှုမျိုးမဟုတ် ရင်နှင့်အမျှကို ခံစားနေရတယ်။

" သားသားတို့ ခဏနေလာတော့မယ် ''

" ကလေးအိပ်ရေးပျက်နေပါမယ်မောင်ရဲ့ ''

" သားကသူ့ညီမလေးနဲ့ ညီလေးကိုအရမ်းတွေ့ချင်နေတာ ''

" ငါတို့သားကိုဘယ်လိုပြောကြမလဲ...
သားက.... ''

" ဒယ်ဒီ...''

ဟာအို့စကားတောင် မဆုံးသေး သားဖြစ်သူ
ဆောင်းနူလ်ဘင်းလေးက ရောက်ချလာသည်။

" သားသား....ရောက်လာပြီလား ''

သားက အခန်းထဲသို့ ပြေးဝင်လာသည်။ အနောက်တွင်တော့ ဒယ်ဂျွန်းအပြင် ဟန်ဘင်းရဲ့ဖခင်ပါ ပါလာ၏။ ရုတ်တရက်ဆိုတော့ ကြောင်သွားမိတယ်။

" ဖအေကို ဘာကြောင်ကြည့်နေတာလဲကွ ''

" အဖေက ရောက်တာ အရမ်းစောနေတော့
ကျွန်တော်ကြောင်သွားတာပေါ့ ''

" လေယာဥ်ဆိုက်ပြီး ဖင်ပူအောင်တောင် မထိုင်ရဘဲ ချက်ချင်းဆေးရုံကို လိုက်လာတာလေကွာ...ငါ့မြေးမလေးနဲ့ တွေ့ချင်လို့ ''

" ညီမလေးနဲ့တွေ့ချင်တယ်... ညီလေးနဲ့လဲတွေ့ချင်တယ်....''

သားက ဟန်ဘင်းထိုင်နေတဲ့ နေရာသို့ပြေးလာကာ ပေါင်ပေါ်သို့ ကုပ်တက်သည်။ အိပ်ယာခြင်းလေးထဲက သမီးလေးကို တနုတယနဲ့ပွေ့ချီရတာကိုတောင် ဟန်ဘင်းမှာအသဲယားနေရသည်။ ဘဝမှာမွေးကင်းစကလေးငယ်တွေအား သေချာအောင် မတို့မထိ၊ မပွေ့ချီခဲ့ဖူးပါ။ ခုလိုကိုယ့်သွေးသားဆိုတော့
ပိုလို့တောင် စိတ်ထဲတစ်မျိုးတစ်မည်ဖြစ်ရတယ်။

ဟာအို့လက်မောင်းတွေကြား သမီးလေးကိုထည့်ပေးလိုက်သည်။ ဟာအိုက သမီးလေးအားငုံ့ကြည့်ရင်း ပီတိတွေအပြည့်နဲ့ပြုံးသည်။ ဟန်ဘင်းအဖေကလဲ သမီးလေးကို ကြည့်ပြီး အသဲယားနေတယ်။

" ငါ့မြေးကတော့ ချစ်မွှေးကြီးပဲဟေ့...ဖြူဖွေးပြီးလုံးနေတာပဲ...''

အဖေ့ကိုတော့ ဖုန်းထဲမှာ ပြောထား၍ သားငယ်လေးကိစ္စတော့ စကားစ,မလာပါ။ အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေတဲ့ သမီးလေးကိုသာ မြူနေသည်။

တစ်အောင့်နေတော့ ရှန်ချွမ်ရွေ့နဲ့ ဂင်မ်ထယ်ရယ် တို့ရောက်လာသည်။ ချွမ်ရွေ့မျက်နှာကစူပုတ်နေကာ ထယ်ရယ်ကတော့ မျက်နှာငယ်လေးနှင့်ပင်။ ကလေးကိုအတူကြည့်နေပေ
မယ့် နှစ်ယောက်ကခပ်ခွာခွာသာနေနေသည်။
ချွမ်ရွေ့က ဖြစ်နေတာလို့ပြောရမလားပဲ။

" ဟောင့်ကောတို့ကတော့ ယောကျ်ားကိုဘယ်လောက်ချစ်လဲတော့မသိဘူး...မွေးထားတာ သူ့ယောကျ်ားရုပ်တွေကြီးပဲ ''

ချွမ်ရွေ့ရဲ့ စကားမှာ စိတ်ညစ်ပင်ပန်းနေမှုတွေတခဏတာ လျော့ပါးသွားရသည်။ သားလေးရှေ့မှာမို့ သားငယ်​လေးရဲ့ အကြောင်းကို တစ်ယောက်မှတစ်ခွန်းမဟ,ဖြစ်ကြပါ။
ဖြစ်နိုင်ရင် အခုလိုပျော်ရွှင်မှုတွေကြားတွင်
အနှီးထုပ်ဖြူဖြူလေးနှင့် သားငယ်လေးလဲ
ရှိနေသင့်ပါသည်။

" ဒါက သားသားရဲ့ညီမလေးလေ ''

" ခစ်ခစ်... ''

" ဘာတွေသဘောကျ​နေတုန်း သားရဲ့ ''

" ညီမလေးက ဝတုတ်ကြီး...ဟီးဟီး ''

လုံးတစ်နေတဲ့ သမီးလေးကို သားက သဘောတကျဖြစ်နေသည်။ ၉ပေါင် ၆အောင်စဆိုတော့ အရမ်းကိုမှ တုတ်တုတ်ကလေးဖြစ်နေတာ။ လက်ကောက်ဝတ်လေးတွေမှာလဲ မုန့်ညှင်းထုပ်လေးလို တုတ်တုတ်လေးပင်။

" သားသားက ညီမလေးကိုချစ်လား ''

" များကြီးချစ်...''

သားရဲ့ ပါးဖောင်းဖောင်းကို တရှုံ့ရှုံ့နမ်းလိုက်တယ်။ ဟာအိုကသားလက်လေးကို ယူကာ
သမီးလေးအား တို့ထိစေသည်။ သားသားက
အစပိုင်းမှာ ထိကိုင်ဖို့ရန် ကြောက်နေသေးသလိုပင်။ လက်ကိုရုတ်သွားပြီးမှ လက်ညိုးလေးနဲ့ သမီးလေးရဲ့ နှုတ်ခမ်းဖူးဖူးလေး ကို
ထိကိုင်လိုက်တယ်။

သားက တောက်တောင်ပပလေး ပြုံးလာတယ်။ သူ့ညီမလေးကိုလဲ အရမ်းချစ်နေရှာတယ်။

" bossနဲ့ တကယ်တူမယ်ထင်တယ် ''

" ဟုတ်မယ်...သမီးလေးမှာမျက်တောင်ရှည်ကြီးတွေနဲ့လေ ''

" ငါမွေးခါနီး မောင့်မျက်နှာကိုပဲ မြင်တယ် ''

" ထပ်ပြီးမောင့်ကိုယ်ပွားလေးကို မွေးပေးလို့
ကျေးဇူးတင်ပါတယ် ဟာအို ''

မျက်ဝန်းထောင့်မှာ စီးကျလာတဲ့ ဟာအို့ရဲ့
မျက်ရည်စလေးကို သားမသိခင် သုပ်ဖယ်ပေးလိုက်တယ်။

" ညီလေးရော...ဒယ်ဒီ...''

" ..... ''

ဒီမေးခွန်းကို သားလေးမေးလာမယ်မှန်းသိပေမယ့် သေချာနားလည်အောင် ပြောပြဖို့ကို​တော့မစဥ်းစားထားမိသေး။ သားကညီမလေးလိုချင်ပေမယ့် ညီလေးနဲ့လဲ ကစားမှာဆိုပြီး တဖွဖွပြောနေတတ်သေးတာမဟုတ်လား။

" ဟို...သားရဲ့ညီလေးက ကောင်းကင်ပေါ်ကိုသွားရတော့မှာသားရဲ့ ''

" ညီလေးက ဘာလို့သွားရမှာလဲ ''

" ညီလေးက ညီမလေးလိုမဟုတ်ဘူး ပိန်ပိန်သေးသေးလေးလေ...အဲ့တာကြောင့် ကောင်းကင်ပေါ်က ညီလေးကိုခဏခေါ်ထားမှာ...ဟာ့ ''

ဟန်ဘင်းရဲ့တုန်ရီနေတဲ့ အသံကအဆုံးတွင်
ရှိုက်သံတောင် ထွက်တော့မည်။

" ပိန်ပိန်သေးသေးယေးဆို ကောင်းကင်ကခဏခေါ်ထားမှာရား...ခဏပဲမဟုတ်ရား ''

" ဟုတ်တာပေါ့သားသားရဲ့ ခဏလေးပဲ ''

" ဪ.....ခဏဆိုရပါတယ်... ကြာကြီးဆို
ရဝူးနော်...ညီလေးကသားသားနဲ့ဆော့ရဦး
မှာ ''

တစ်နေ့နေ့ တစ်ချိန်ချိန် သားလေးအရွယ်တစ်ခုကိုရောက်လာလျှင်သူ့အလိုလိုနားလည်သွားမှာပါလေ။ ယခုချိန်တွင်တော့ ဟန်ဘင်းတို့အနေနဲ့ လိမ်ညာထားရဦးမည်။

ဟာအိုက နောက်နှစ်ရက်လောက်ဆေးရုံမှာနေရဦးမှာမို့ ညနေစောင်းတော့ ဆောင်းဟန်ဘင်းမှလွဲ၍ အကုန်လုံးအိမ်သို့ပြန်ခဲ့ကြသည်။

" ချွမ်ရွေ့....''

Lover seatမှာဝင်ထိုင်သူကဆီက အသံလေးထွက်လာသည်။ မကြားချင်ယောင်ဆောင်နေပေမယ့်မရ ဆက်၍ခေါ်နေဆဲ။

" ချွမ်း....''

" ပြော ''

အိမ်ကနေထွက်လာတည်းက ကားပေါ်မှာလဲထယ်ရယ်ကသာ စကားတွေပြောနေပေမယ့်
သူ့ဆီက တစ်ခွန်းမှကိုစကားသံထွက်မလာ။
ဒီရောက်တဲ့ထိ မျက်နှာကစူပုတ်နေပြီး အခုလဲ ထယ်ရယ့် ကိုဘုဂလန့်ပြန်ပြောနေသည်။

" ချွမ်း....အကို့ကိုစိတ်ဆိုးနေတာလား ''

" စိတ်ဆိုးအောင် ဘာလုပ်ထားလဲ စဥ်းစားကြည့် ''

တစ်လမ်းလုံးတောက်လျှောက်စဥ်းစားနေပေမယ့် ထယ်ရယ့်ခေါင်းထဲကနေ ဘာကြောင့်ဆိုပြီး အဖြေမှထွက်မလာတာ ဘယ်လိုလုပ်ရပါ့မလဲ။ အခုက အရင်တုန်းကအချိန်တွေလို ပြန်ဖြစ်တော့မှာလား။

" အကို....အကိုမသိဘူး...''

" မနက်ကဘာစကားတွေ ကျွန်တော့်ကိုပြောခဲ့သလဲ...''

" ဟင်...ဟို ကလေး...ကလေးကိစ္စထင်တယ် ''

" အင်း...ကလေးဘာဖြစ်လဲ ''

ထယ်ရယ်သိသွားပြီပင်။ ချွမ်ရွေ့ဘာကိုစိတ်ဆိုးနေသည်လဲ ဆိုတာကို။

" အကိုက ဒီအတိုင်းချွမ်ရွေ့ကို ပြောလိုက်တာပါ....''

သိမ်ဝင်သွားတဲ့အသံလေးကြောင့် ချွမ်ရွေ့ပိုလို့ဒေါသထွက်လာတယ်။ အကိုကဟောင့်ကော ကိုယ်ဝန်ဆောင်နိုင်တာကိုကြည့်ပြီး သူကျအဲ့လို ကိုယ်ဝန်မဆောင်နိုင်လို့ဆိုပြီး သိမ်ငယ်နေတာ သူ့အမျိုးသားလေးအကြောင်းမသိရင်ခက်ရော့မယ်။

" ကျွန်တော့်အတွက် အကိုကလွဲရင် ဘယ်အရာမှမလိုအပ်ဘူးဆိုတာကို မသိလို့အဲ့စကားကို မနက်ကပြောရတာလား ''

" မဟုတ်ပါဘူး.... ဟင့် ''

" မငိုနဲ့လေ...ကျွန်တော်အကို့ကိုဆူနေတာမဟုတ်ဘူး...''

နည်းနည်းလေးပြောရုံနဲ့ အကိုကထိလွယ်ရှလွယ်သည်။ ထယ်ရယ့်ကိုယ်လုံးလေးကိုသိမ်းဖက်ထားလိုက်သည်။

" နောက်တစ်ခါ ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ်ဘယ်တော့မှမဝင်နဲ့....ရှန်ချွမ်ရွေ့ အတွက်
ဂင်မ်ထယ်ရယ် ကအရာအားလုံး ပြီးပြည့်စုံနေတဲ့သူပဲ ကျွန်တော် ပြောတာအကိုနားလည်တယ်မလား...''

" အင်း....ဟင့် ''

" တိတ်တော့မငိုနဲ့...''

အတန်ကြာ အငိုတိတ်အောင် ချော့ပြီးသည်
နှင့်ခါးပတ်ကို သေချာပတ်ပေးလိုက်ပြီး ကားကိုစက်နှိုးကာ ထွက်ရသည်။

__________________

သားငယ်လေးရဲ့ ရုပ်အလောင်းကို အအေးခံပုံလေးထဲ ထည့်ထားလေသည်။ သမီး​လေးထပ် ပို၍သေးငယ်တဲ့ သားငယ်လေးက မျက်လုံးလေးတွေထာဝရအတွက် မှိတ်လို့ထားလေသည်။ ဟန်ဘင်းရင်ခွင်ထဲဝင်၍ ရှိုက်ငိုနေတဲ့ဟာအိုက ဒီအခြေအနေကို လက်ခံနိုင်ဖို့ခဲ ယဥ်းနေရှာတယ်။ ဟန်ဘင်းလိုလူတောင်အသည်းနှလုံးတွေကြွေမတတ် ခံစားနေရတာ။

သားငယ်လေးကို မီးသဂြိုလ်ရမှာဖြစ်သည်။ သားငယ်လေးရဲ့ အရိုးပြာအိုးကိုတော့ သူတို့ကိုယ်တိုင် သိမ်းထားမည်။ နောက်ဆုံးအနေနဲ့
ကလေးအား သူတို့နှစ်ယောက် ထွေးပွေ့ ခဲ့ကြသည်။ ဒယ်ဒီနဲ့ ပါပါးရဲ့ ရင်ခွင်ကို သားငယ်လေးရဲ့ ဝိညာဉ် ကအမှတ်ရသွားပါ။ သံသရာ
အဆက်ဆက်ရေစက်တွေများရှိခဲ့ရင် ဒယ်ဒီနဲ့ပါပါး ရဲ့သားလေးအဖြစ်ပြန်လာပါဦး။

__________________

Trust me:

27.12.2023 Wed
❀ PanSuKhat ❀

နောက်တစ်ပိုင်းက Finalဖြစ်မယ်ထင်တယ်:

Zawgyi

ထံုေဆးနဲ႔ခြဲရတာျဖစ္တာေၾကာင့္ ဟာအိုအသိစိတ္လံုးလံုး ကပ္မေနတာမ်ိဳးေတာ့ မဟုတ္ပါ။ လက္က်န္အသိစိတ္က ဒီကေလးေတြကို သူေမာင့္အတြက္ ေမြးေပးႏိုင္ပါ့မလားဆိုတာ ေတြးရင္း ရင္ထဲအလံုးႀကီးတစ္ခု
ပိတ္ဆို႔ေနေလသည္။ သႏၶေလမ္း​ေၾကာင္းက
က်ဥ္းေနတဲ့အျပင္ ကေလးေတြရဲ့ဖြံ႔ထြားမႈအားကလဲ ေကာင္းေတာ့ ေမြးဖြားဖို႔က အခက္ေတြ့ေနေလသည္။

ဆရာဝန္ေတြေမြးဖြားေရး ႀကိဳးပမ္းေနခ်ိန္ ဟာအိုကေမာင့္မ်က္ႏွာကို ေတြးျမင္ရင္း
ေမာင့္နာမည္ကို စိတ္ထဲတဖြဖြေခၚေနမိသည္။
ဘုရားသခင္ထက္ ေမာင့္ကိုပို၍ အားကိုးမိသည္။ ပို၍လဲေတာင္းတမိပါသည္။ နာက်င္မႈက တစ္ခ်က္ဆိုတစ္ခ်က္ သိသိသာသာကို ျပင္းထန္လြန္းသည္။ အသိစိတ္ လြတ္ေနတာမ်ိဳးမဟုတ္၍ အသံကုန္ျခစ္ေအာ္ခ်င္စိတ္က ထိန္းမရပါ။

ေခြၽးေစးေတြနဲ႔ မ်က္ရည္ေတြကလဲ ေရာယွက္ေန၏။ ေအာက္ဆီဂ်င္က တက္လိုက္က်လိုက္ ႏွင့္ ပံုမွန္ရိွမေန။ တစ္နာရီဝန္းက်င္ခန္႔အၾကာမွာပဲ ကေလးတစ္ေယာက္ရဲ့ ေအာ္ငိုသံကထြက္ေပၚလာတယ္။ ေက်းငွက္ေလးေတြရဲ့ နံနက္ခင္းေတးသံသာထက္ ပို၍ခ်ိဳသာေနသည္။ ဟာအို႔ရဲ့ရင္ထဲအသည္းထဲထိ ေက်နပ္ပီတိျဖစ္ရတယ္။

" သမီးေလးရွင့္...သမီးေလး ''

ပထမၪီးဆံုး လူ႔ေလာကထဲေရာက္လာတဲ့ ကေလးငယ္ေလးက သမီးမိန္းကေလးျဖစ္သည္။ ဟာအိုၿပံဳးလိုက္မိလားေတာင္မသိပါ။ ေမာင္လိုခ်င္တဲ့သမီးေလး၊ သားသားလိုခ်င္တဲ့ ညီမေလးမဟုတ္လားေလ။ သူနာျပဳ ေတြက ကေလးအားသန္႔ရွင္းေရးလုပ္ေပးေနၾကသည္။

သားအိမ္အတြင္း က်န္ရစ္ေနတဲ့ သားေယာက်ာ္းေလးအား ေမြးဖြားႏိုင္ရန္ အစြမ္းကုန္ႀကိဳးစားေနၾကသည္။ ကန္႔လန္႔ျဖစ္ေနတဲ့ အေနအထားကို တည့္ေအာင္ေျပာင္းၿပီး အျပင္သို႔ မေရာက္ေရာက္ေအာင္
ခြဲထုတ္ခဲ့ၾကသည္။ အျပင္သို႔ေရာက္လာေသာ္လည္း စိတ္မေအးရပါ။ ကေလး၏ ငိုသံမွာနတၴိျဖစ္ေန၍။

ဝမ္းဗိုက္ထဲ လစ္ဟာသြားမႈနဲ႔အတူ သူနာျပဳမေလးရဲ့ သားေယာက်ာ္းေလးထြက္လာၿပီပဲဆိုသည့္ အသံကိုၾကားလိုက္ရသည္။ သို႔ေသာ္ သမီးေလး ထြက္လာတုန္းကလိုေတာ့ ငိုသံေလးမၾကားရပါ။ ဟာအိုစိတ္ပူလာသည္။ ဆရာဝန္ေတြနဲ႔ သူနာျပဳ ေတြရဲ့လႈပ္ရွားမႈကလဲ တိတ္ဆိတ္ေန၏။ ထံုေဆးမေျပေသး၍ ေရြ့လ်ားလို႔လဲ ရမေနပါ။

ကေလးငယ္အား ေမွာက္ခံုေလးျဖစ္ေအာင္ လုပ္လိုက္သည္။ ေက်ာျပင္ေသးေသးေလး
အား သံုးေလးခ်က္ပုတ္ၾကည့္ေသာ္လည္း အသံထြက္မလာပါ။ ပက္လက္ေလးျဖစ္ေအာင္လုပ္၍ ပါးေလးႏွစ္ဖက္အားၫွစ္ကာ
ပါးစပ္ေလးထဲ ဆရာဝန္ကေလမႈတ္သြင္း
ၾကည့္သည္။ မည္သည့္ လႈပ္ရွားမႈမွရိွမလာ။
ကေလး၏ ကိုယ္လံုးေလးကို လႈပ္ခတ္ၾကည့္ေသာ္လည္း ဘာမွထူးမလာပါ။

ကေလးရဲ့ ႏွလံုးခုန္ႏႈန္းက ရပ္တန္႔ေနေလသည္။ ေနာက္ဆံုးတြင္သူတို႔ လက္ေလ်ွာ့လိုက္ရေလသည္။ ဆရာဝန္၏ ေကာက္ႏုတ္
ခ်က္အရ အႁမြွာကေလးငယ္မ်ားတြင္ ျဖစ္တတ္သည့္ ေသြးေထာက္ပံ့မႈမလံုေလာက္ျခင္းေၾကာင့္ ျဖစ္ႏိုင္သည္။ သမီးမိန္းကေလးအား ေသြးစီးဆင္းသက္ေရာက္မႈမ်ားေသာေၾကာင့္ သားေယာက်ာ္းေလးထံ ေသြးစီးဆင္းမႈ မလံုေလာက္ကာ ႏွလံုးခုန္ႏႈန္းကိုပါ ရပ္တန္႔သြားေစျခင္းျဖစ္သည္။

" အႁမြွာ သမီးမိန္းကေလး ေမြးဖြားခ်ိန္
နံနက္ ၄နာရီ ၂၁မိနစ္ ''

" အႁမြွာ သားေယာက်ာ္းေလး ေသဆံုးခ်ိန္
နံနက္ ၄နာရီ ၂၉မိနစ္ ''

ဆရာဝန္ေျပာလိုက္သည့္စကားတြင္ ဟာအို႔ႏွလံုးခုန္ႏႈန္းေတျြမန္လာသည္။ ေၾကကြဲစြာ ငိုေႂကြးဖို႔ေတာင္ အားအင္တို႔ရိွမေနေတာ့ပါ။
ဘဝႀကီးတစ္ခု ဆံုးရႈံးလိုက္ရသည့္ခံစားခ်က္။ သားေလး...ဒီကေလးက ဟာအို႔နဲ႔
ေမာင့္ရဲ့ သားငယ္ေလးအျဖစ္ ေမြးဖြားလာခဲ့ရမွာကို ကံၾကမၼာက ဟာအို႔သားေလးအေပၚဘာေၾကာင့္ ရက္စက္ရသနည္း။

လူ႔ေလာကထဲ မေရာက္ခင္ ဟာအို႔သားေလးအား အဘယ့္ေၾကာင့္ေခၚသြားရသနည္း။ ထိုအစား သားေလးအားထားခဲ့၍ သူ႔အားေခၚသြားပါေရာ့လား။ အားမကိုးခဲ့ျခင္းေၾကာင့္
ဘုရားသခင္က သူ႔အားဒဏ္ရိုက္ခတ္သည္လား။ ရင္ေတြကြဲရပါၿပီ ပါပါးသားငယ္ေလးရယ္။ သားငယ္ေလးကို ပါပါးတို႔ဘဝထဲ ေကာင္းေကာင္းမြန္မြန္ ေခၚမလာေပးႏိုင္လို႔
ပါပါးေတာင္းပန္ပါတယ္ကြယ္။

" အဟင့္...သား...သားေလး ''

အသံထြက္ဖို႔ကိုေတာင္ အားတင္းထားရတယ္။ သူနာျပဳ ေတြက ဟာအို႔ေခါင္းေလးကိုပုတ္ေပးကာ ႏွစ္သိမ့္ေပးၾကသည္။ စီးက်ေနတဲ့ မ်က္ရည္တစ္ခ်ိဳ႕နဲ႔ ေခြၽးစတစ္ခ်ိဳ႕ကို သုပ္ဖယ္ေပးၾကသည္။ သူေမာင့္အား မည္သို႔ရင္ဆိုင္ရမည္နည္း။ သားေလးအား ေမြးမထုတ္ေပးႏိုင္ခဲ့လို႔ အင္မတန္အားနာရတယ္။
ငါက အသံုးမက်တဲ့ ​ေမြးဖခင္ပဲ ေမာင္ရဲ့။

သန္႔ရွင္းေရးေတြလုပ္ၿပီးတာႏွင့္ ဟာအို႔အားတြန္းလွည္းကုတင္ေပၚတင္၍ လူနာခန္းသို႔ ေခၚေဆာင္သြားၾကသည္။ ထံုေဆးေျပလာေလ နာက်င္မႈက ရူးေလာက္ေအာင္ပါပင္။
သို႔ေသာ္ ရင္အတြင္းက နာက်င္မႈကို မယွဥ္ႏိုင္ပါ။ အဝတ္အမည္းေလးနဲ႔ သားငယ္ကို ဖံုးအုပ္ထားတာဟာအိုေတြ့လိုက္တယ္။ ဘာေၾကာင့္ ဒီလိုျဖစ္ရပါသလဲ။ ရင္ေတြနာလြန္း၍ မ်က္လံုးစံုမိွတ္ထားလိုက္၏။ ဆက္ၿပီးသူေတာင့္ခံမထားႏိုင္ေတာ့ပါ။

__________________

" သား​...သားေလးကေရာ ''

" သားေယာက်ာ္းေလးကေတာ့ ကြၽန္ေတာ္တို႔လဲအေကာင္းဆံုးႀကိဳးစားၿပီး ေမြးေပးခဲ့ေပ
မယ့္ကေလးက ဗိုက္ထဲမွာတည္းက အသက္ ပါမလာခဲ့ပါဘူးဗ်ာ ''

ညစ္ေထြးေနတဲ့ ေဆးရံုၾကမ္းျပင္ကိုလဲ အမွတ္မထားေတာ့ပါ။ လဲက်သြားတဲ့ ဟန္ဘင္းအား ဆရာဝန္အခ်ိဳ႕နဲ႔ သူနာျပဳေတြက ဆြဲထူၾကေပမယ့္လဲ ေျခေထာက္ေတြမွာပါအားအင္တို႔ ခ်ိနဲ႔ကုန္သည္။ အႁမြွာသားနဲ႔သမီးမွန္းသိရခ်ိန္ ဟန္ဘင္းရဲ့ေပ်ာ္ရႊင္ၾကည္ႏူးမႈက စကားလံုးႏွင့္ပင္ ေဖာ္ျပ၍မရႏိုင္ေအာင္ ႀကီးမားလြန္းသည္။ အႁမြာေလးႏွစ္ေယာက္အား မည္သို႔ပ်ိဳးေထာင္မည္ ဆိုသည္ကိုပါ ဘဝရဲ့ စီမံကိန္းတစ္ခုထဲသို႔
ထည့္ထားခဲ့သည္အထိ သူ႔ေသြးသားေလးေတြအေပၚ သိပ္ကိုျမတ္ႏိုးတန္ဖိုးထားရပါသည္။

ဟာအိုေရာ ခုခ်ိန္ဘယ္လိုျဖစ္ေနမလဲ။ ဟုတ္တယ္ ဟာအို႔ဆီသြားရမွာပဲ။ ခုဆို ဟာအိုသိပ္ကို စိတ္ထိခိုက္ေနရွာမွာ။

" ကြၽန္ေတာ့္အမ်ိဳးသားေလးေရာ...ဟင္ေဒါက္တာ ''

" တစ္ဖက္တံခါးေပါက္ကေန အေပၚဆံုးအထပ္VVIPလူနာခန္းထဲကို ေရႊ့ၿပီးပါၿပီ ''

" ကြၽန္ေတာ္ ေတြ့လို႔ရၿပီမဟုတ္လား ''

" ရပါတယ္...ဒါေပမယ့္ အခုခ်ိန္က ကေလးဆံုးရႈံးမႈကို ေမြးလူနာက်န္းဟာအိုက သိထားတာမို႔ ေသြးႏုသားႏုနဲ႔ အရမ္းကိုစိတ္ထိခိုက္ေနရွာပါတယ္...ဒါေၾကာင့္ စိတ္ဖိစီးမႈမရိွေအာင္ စကားလံုးေတြကိုထိန္းၿပီးေျပာေပးပါ
အားေပးစကားေတြလဲ အမ်ိဳးသားျဖစ္သူက
မ်ားမ်ားေျပာေပးပါ ''

" ကြၽန္​ေတာ္သိပါၿပီ....''

အေပၚဆံုးအထပ္ကို ဓာတ္ေလွကားနဲ႔ တက္ေနရေပမယ့္ ေလွကားထစ္ေတြကို တစ္ထစ္ခ်င္းတက္ေနရသလို ေလးလံေမာပန္းေန၏။ သမီးေလးကိုလဲ ေတြ့ခ်င္သည္။ ဆံုးရႈံးဖို႔ မျဖစ္သင့္တဲ့ သားငယ္ေလးကိုလဲသူသိပ္ေတြ့ခ်င္ပါသည္။ ကေလးေမြးတာနဲ႔ သားသားကို ေခၚလာခဲ့ရန္ ဒယ္ဂြၽန္းကိုဖုန္းဆက္ေျပာမည္ဟု ေတြးထားခဲ့ေသာ္လည္း
ခုပံုစံနဲ႔ သူဘယ္လိုေတြေျပာရမလဲ။

သားက ကေလးမို႔အခ်ိန္တန္ေမ့ေပ်ာက္ကာ
ဘာဆိုဘာမွ နားလည္ႏိုင္ျခင္းရိွမွာမဟုတ္ေပမယ့္ ဟာအိုကေတာ့ ဟန္ဘင္းနဲ႔ထပ္တူ ယူႀကံဳးမရျဖစ္ေနရွာမွာပဲ။

ဟာအိုရိွတဲ့ အခန္းေရ႔ွေရာက္ခ်ိန္တြင္ သူ႔ရဲ့မ်က္ရည္ေတြကို လက္ဖမိုးနဲ႔ ခပ္ၾကမ္းၾကမ္းသုတ္ပစ္လိုက္သည္။ ကိုယ္တိုင္က ၿပိဳလဲေနေပမယ့္ ဟာအို႔အတြက္ပိုၿပီး ပင္ပန္းေအာင္မလုပ္ခ်င္ပါ။ စိတ္ကိုအတတ္ႏိုင္ဆံုး တည္ၿငိမ္ေအာင္ထားလ်က္ အခန္းတြင္းသို႔ ဝင္သြားလိုက္သည္။

" ဟာအို...''

မ်က္ႏွာက်က္ကို ေတြေတြေလးေငးေနသူကဟန္ဘင္းရဲ့ ေခၚသံေၾကာင့္ ေခါင္းေလးေထာင္ကာ ၾကည့္လာတယ္။ ထ,ထိုင္ခ်င္ေနသူေၾကာင့္ ဟန္ဘင္းကပဲ အနားကိုအျမန္သြားလိုက္ရ၏။ မ်က္ႏွာေလးရႈံ႔မဲ့ေနတာ ခြဲထားတဲ့ ေနရာကအရမ္းနာလို႔ျဖစ္မည္။

" ေမာင္...သားေလးကေလ ''

လက္ကို အားကိုးတႀကီးဆုပ္ကိုင္လာတာ
Cannula ေတာင္ျပဳတ္ထြက္ေတာ့မလို႔။ အားေဆးသြင္းထားပံုရတဲ့ သူ႔အမ်ိဳးသားေလးရဲ့ မ်က္ဝန္းေတြထဲ ဝမ္းနည္းပူေဆြး
မႈေတြ အတိုင္းသားျမင္ေနရတယ္။ ဟန္ဘင္း
ကိုယ္တိုင္လဲ ထပ္တူခံစားေနရေပမယ့္ ဟာအို႔အေရ႔ွမွာ စိတ္ကိုအတတ္ႏိုင္ဆံုး တင္းထားရသည္။

" ငါ...သားေလးကို ေကာင္းေကာင္းမြန္မြန္ ေခၚမလာႏိုင္ခဲ့ဘူး...ဟာ့...''

" ဟာအို...အသက္ရႉေတြက်ပ္ေနမယ္ မငိုနဲ႔ေနာ္..စိတ္ကိုခိုင္ခိုင္ထား ေမာင္ေျပာတာနားေထာင္ေနာ္ ဟုတ္ၿပီလား ''

စိတ္ေတြ မတည္မၿငိမ္ျဖစ္ေနတဲ့ဟာအိုက ဟန္ဘင္းလက္ကို ဆုပ္ကိုင္ထားလ်က္ႏွင့္ ၿငိမ္က်သြားသည္။ ဟာအို႔ရဲ့ လက္ေလးေတြကိုနမ္းရႈံ႔ကာ ေခြၽးစေတြေၾကာင့္ နဖူးေပၚကပ္ၫွိေနတဲ့ ဆံပင္ေလးေတြကို သပ္တင္ေပးလိုက္သည္။

" သားေလးကို ေခၚမလာႏိုင္ခဲ့ေပမယ့္ သမီးေလးကိုေတာ့ ဟာအိုအဆင္ေျပျပေ ေခ်ာေခ်ာေမြ့ေမြ့နဲ႔ လူ႔ေလာကထဲေရာက္ေအာင္
ေခၚလာႏိုင္ခဲ့တယ္ေလ... ကိုယ့္ကိုကိုယ္ အျပစ္မတင္ပဲနဲ႔ သားငယ္ေလးရဲ့ ဘဝကူးေကာင္းဖို႔ ေမာင္တို႔ဆုေတာင္းေပးၾကရေအာင္ေနာ္...''

" ငါတို႔က်မွ ဘာလို႔အဲ့လိုျဖစ္ရတာလဲ ေမာင္ရယ္...ဘာလို႔ငါ့သားေလးကို ေခၚသြားရတာလဲ...ဟင့္.... ''

ေမြးဖခင္ဆိုသည့္အတိုင္း ဟာအိုကသိပ္ကိုမွ
ေၾကကြဲဝမ္းနည္းေနသည္။ ဟာအို႔ရဲ့ငိုရိႈက္သံကိုၾကားရေလ ဟန္ဘင္းရင္ေတြပို၍ ကြဲရေလပင္။ သူတို႔ဘဝေတြက အေတာက္ပဆံုး
ျဖစ္ေတာ့မည့္အခ်ိန္တိုင္း ငိုေႂကြးမႈေတြနဲ႔ အစကေနျပန္စရ ျပန္သည္။ ဖခင္တစ္ေယာက္အေနနဲ႔ ဟန္ဘင္းရူးသြပ္သြားသည္အထိငိုပစ္လိုက္ခ်င္သည္။ သို႔ေပမယ့္ သူကိုယ္တိုင္ကေပ်ာ့ညံ့ေနလ်ွင္ ဟာအိုကပို၍ နာက်င္ရမည္။ ဟာအို႔အား စိတ္အေျပာင္းအ
လဲေလးျဖစ္ေအာင္ လုပ္မျွဖစ္မည္။

" ေမာင္တို႔သမီးေလးေရာ...''

" သူနာျပဳက ခဏေနေခၚလာခဲ့မယ္လို႔ေျပာသြားတယ္...ဟင့္ ''

" သမီးေလးက ေမာင္နဲ႔တူရင္ ၾကည့္ေကာင္းမွာေနာ္...ဟာအိုနဲ႔တူရင္ေတာ့ ဘဲရုပ္ဆိုးေလးလိုျဖစ္ေနမွာ ''

" ေမာင့္....''

" ဗ်ာ...''

" ေမာင္လဲခံစားေနရမွန္း ငါသိတယ္ ''

ဟန္ဘင္းရဲ့ မ်က္ဝန္းေတြ မိႈင္းၫွို႔သြားသည္။

" အင္း...ေမာင္ေသေလာက္ေအာင္ ခံစားေနရတယ္ ဟာအို ''

" ဒါဆိုေမာင္က ဘာေၾကာင့္ခံစားခ်က္ကိုဖြင့္မထုတ္လိုက္ဘဲ တင္းခံေနရသလဲ ''

ဟန္ဘင္း သက္ပ်င္းခ်သည္။ ဟာအို႔ရဲ့ ျဖဴေရာ္ေရာ္ မ်က္ႏွာေလးကိုၾကည့္ရင္း စိတ္ေတြေထျြပားရသည္။

" ေမာင္ကပါ အရူးလိုေၾကကြဲျပေနရင္ ခုခ်ိန္ဟာအိုလိုအပ္ေနတဲ့ တံတိုင္းႀကီးတစ္ခု ျဖစ္ေပးလို႔ ဘယ္ရပါ့မလဲ.... ေမာင္လဲဖခင္ပဲဟာအိုရဲ့...သားငယ္​ေလးကို လက္မလႊတ္ခ်င္လဲ
လက္လႊတ္ရမွာပဲ မဟုတ္လား ဟာအိုေမာင့္ကိုနားလည္မွာပါ ''

မ်က္ရည္ေတြၾကားက မီးေနသည္အလွတရားေလးကို ေပြ့ဖက္ထားမိသည္။ ေမာင္တို႔ဒီေလာက္ပဲငိုရေအာင္။ ေမာင္တို႔ရင္ထဲမွာ သားႏူလ္ဘင္းေလးနဲ႔ အႁမြွာေလးႏွစ္ေယာက္က ေမာင္တို႔ေသြးသားေလးေတြပဲဆိုၿပီး ထာဝရသတ္မွတ္ၾကရေအာင္။

__________________

ခြၽမ္ေရြ့ အိပ္ယာကႏိုးလာေတာ့ ဖုန္းကိုအရင္ေကာက္ကိုင္လိုက္သည္။ အဝင္ေကာ္လ္ေခၚဆိုမႈဆိုတြင္ ေဟာင့္ေကာေယာက်ာ္းဆိုတဲ့
Contact nameႀကီးက နီရဲေနေအာင္ပဲ။ သူက ဘာေတြအဲ့ေလာက္အေရးတႀကီး ေခၚထားျပန္ၿပီလဲ မသိပါ။

ရင္ခြင္ထဲတြင္ အိပ္စက္ေနသည့္အကို႔ပါးျပင္ေလးကို ႁပြတ္ခနဲျမည္ေအာင္ နမ္းရႈံ႔ၿပီးတာနဲ႔
ေဆာင္းဟန္ဘင္းဆီသို႔ ဖုန္းျပန္ေခၚလိုက္တယ္။

~ ဟယ္လို.... ~

~ ေအး...~

~ ဘာကိုေအးလဲ...ဘာကိစၥ ကြၽန္ေတာ့္ကိုဖုန္းေခၚထားတာလဲ ေစာေစာစီးစီး.... အလုပ္ကိစၥေျပာဖို႔လား...ေနာက္လထဲမွ ပေရာဂ်က္ကစ,မွာဆို ~

~ ဟာအို ေမြးၿပီးၿပီ ~

~ ဟမ္...ဟုတ္လား အဆင္ေျပတယ္မလား ~

~ သမီးေလးကိုေတာ့ အဆင္ေျပျပေမြးႏိုင္ခဲ့တယ္...သားေလးကေတာ့ ဟာအို႔ဗိုက္ထဲမွာတည္းက အသက္ပါမလာခဲ့ဘူးတဲ့ ~

~ ဗ်ာ....~

ေဆာင္းဟန္ဘင္း အသံေတြ အက္ကြဲေနသလိုၾကားရထဲက တစ္ခုခုမူမမွန္ဘူးလို႔ခြၽမ္ေရြ့ထင္ေနခဲ့တာ မွန္ေနတာပဲ။ ခုခ်ိန္သူတို႔ႏွစ္ေယာက္သား ဘယ္လိုျဖစ္ေနလိမ့္မလဲ။ ခြၽမ္ေရြ့ေတာင္ၾကားလိုက္ရတဲ့ စကားေၾကာင့္ အရမ္းထိတ္လန္႔ၿပီး စိတ္မေကာင္းျဖစ္မိသြားတာ။

~ အင္းဟုတ္တယ္...သားေလးကိုေတာ့
ငါတို႔မကယ္လိုက္ႏိုင္ဘူး ရွန္ခြၽမ္ေရြ့ ~

~ ခင္ဗ်ား အမ်ားႀကီးဝမ္းနည္းေနမွာပဲ ကြၽန္ေတာ္ကိုယ္တိုင္က ဖခင္တစ္ေယာက္မဟုတ္ေပမယ့္ ခံစားေပးႏိုင္ပါတယ္ အရမ္းလဲစိတ္မေကာင္းမျဖစ္ပါနဲ႔ ကြၽန္ေတာ္ အကိုနဲ႔အတူ တူမေလးကိုေတြ့ဖို႔ ေဆးရံုကိုလာခဲ့မယ္... ~

~ မင္းတို႔လာခါနီး ငါ့ဆီဖုန္းဆက္လိုက္ကြာ ~

~ ဟုတ္ၿပီ ~

Ti Ti~~

ခြၽမ္ေရြ့ ရဲ့ပါးျပင္ေပၚက အနမ္းေၾကာင့္ထယ္ရယ္ႏိုးလာခဲ့သည္။ ဟန္ဘင္းနဲ႔ ဖုန္းေျပာေနတာကို ထယ္ရယ္ ေဘးကေန ၿငိမ္ၿငိမ္ေလး
နားေထာင္ေနလိုက္တယ္။ ဘာမွန္းေတာ့ေသခ်ာမၾကားရေပမယ့္ ခြၽမ္ေရြ့ရဲ့ ' သူကိုယ္
တိုင္ကဖခင္တစ္ေယာက္မဟုတ္ေပမယ့္ 'ဆိုတဲ့စကားေၾကာင့္ ရင္ထဲအနည္းငယ္တင္းက်ပ္သြားမိတယ္။

ခြၽမ္ေရြ့ေရာ ေသြးသားတစ္ေယာက္ေလာက္
လိုခ်င္ေနလိမ့္မလား။ တစ္ခါတစ္ရံ သူ႔ကိုယ္သူ အျပစ္တင္ေနမိသည္။ ဘာေၾကာင့္ ထယ္ရယ္ကေရာ အမ်ိဳးသားကိုယ္ဝန္ေဆာင္တစ္ေယာက္ျဖစ္ဖို႔ အခြင့္အေရးမရိွရတာလဲ။ သိမ္ငယ္စိတ္က လူကိုယ္ပါတိတ္ဆိတ္သြားေစသည္။

" ဟင္...အကိုႏိုးေနၿပီလား ''

" ခြၽမ္ေရြ့....''

" ေျပာေလ..အကိုဘာျဖစ္လို႔လဲ...''

ခြၽမ္ေရြ့ရဲ့ လည္တိုင္ေတြေပၚ လက္တင္၍ ရင္ခြင္ထဲသို႔ အတင္းတိုးဝင္လာသည္။ ေခြးေပါက္​ေလးလို တအီအီနဲ႔ ျဖစ္ေနတဲ့အကိုက
ဘာေလးမွန္းမသိပါ။ ခ်စ္စရာေကာင္း၍ ပါးေလးကိုထပ္မံနမ္းမိျပန္သည္။

" ေဆာင္းဟန္ဘင္းနဲ႔ ဘာေတြေျပာေနၾကတာလဲ ''

" အာ..အကို႔ကိုေျပာရမွာပဲ...ဟူး...''

ခြၽမ္ေရြ့သက္ျပင္းခ်မိတယ္။ စိတ္မေကာင္းစရာအေၾကာင္းကို ေျပာတဲ့အခါ လည္ေခ်ာင္းထဲမွာဆို႔ႏွင့္ၿပီး ေျပာထြက္ဖို႔ပင္ခက္သည္။

" ေဟာင့္ေကာအႁမြွာေလးေမြးၿပီ ''

" ဟင္....တကယ္လား...ျမန္လိုက္တာေနာ္
ကေလးေတြေတာင္ အျပင္ထြက္လာၿပီ ''

" သားေယာက်ာ္းေလးက ေမြးေမြးခ်င္းဆံုးသြားတယ္တဲ့ ''

" ..... ''

ထယ္ရယ္ဘာျပန္ေျပာရမွန္းေတာင္ မသိပါ။
ခြၽမ္ေရြ့ရင္ခြင္ၾကား မ်က္ႏွာေလးအပ္၍ ခြၽမ္ေရြ့ ခါးကိုလဲ တင္းေနေအာင္ ဖက္ထား သည္။ ႏွစ္ၪီးၾကား အေတာ္ၾကာ တိတ္ဆိတ္ေနမႈကိုခြၽမ္ေရြ့က ၿဖိဳခြဲလိုက္သည္။

" အကို...ဒါနဲ႔အခုနကထဲက မ်က္ႏွာေလးက
ဘာလို႔ငိုမဲ့မဲ့ျဖစ္ေနတာလဲ...ဟင္ ''

မ်က္ႏွာ​ေလးဝွက္ထားရာမွ ထြက္လာသည္။

" ကေလးေလးက သနားပါတယ္ေနာ္....က်န္းေဟာင့္နဲ႔ ေဆာင္းဟန္ဘင္း ဘယ္လိုခံစားေနရမလဲ မသိဘူး ''

" ဟုတ္တယ္...ဒါေပမယ့္ သူတို႔မိသားစုမွာ
ႏူလ္ဘင္းေလးလဲရိွသလို သမီးေလးလဲထပ္ရၿပီမဟုတ္လား...အခုခ်ိန္ေတာ့အရမ္းဝမ္း နည္းေနၾကမွာေပမယ့္ ေနာက္ေတာ့သူတို႔လဲေနသားက်သြားမွာပါ ''

" ခြၽမ္းေရာ...ကေလးေလးလိုခ်င္လား ''

ထယ္ရယ့္အေျပာမွာ ခြၽမ္ေရြ့မ်က္ခံုးတို႔တြန္႔ခ်ိဳးလိုက္မိတယ္။ အကိုကဘာကိုေျပာခ်င္ေနတာပါလိမ့္။

" ဘာေၾကာင့္ေမးတာလဲ? "

" ခြၽမ္းသာ..ကေလးေလးလိုခ်င္ရင္ အကိုကေမြးမေပးႏိုင္ဘူးေလ အဲ့တာေၾကာင့္....''

" က်စ္...!! မ်က္ႏွာသစ္ေတာ့ ၿပီးရင္ေဆးရံုကိုသြားရမယ္ ''

ထယ္ရယ့္ကိုေပြ့ဖက္ထားရာမွ လႊတ္ကာ ကုတင္ေပၚကေနဆင္း၍ ေရခ်ိဳးခန္းထဲဝင္သြားေလသည္။ ထယ္ရယ့္ေမးခြန္းကို မေျဖတဲ့အျပင္ စိတ္ဆိုးသြားတယ္လို႔ထင္ရတဲ့ ခပ္တင္းတင္း မ်က္ႏွာထားေၾကာင့္ ထယ္ရယ္ ဘာမ်ားေျပာတာ မွားသြားလဲဆိုတာ အသည္းအသန္ျပန္စဥ္းစားေနရတယ္။

__________________

သူနာျပဳေလးခ်ီလာတဲ့ အႏွီးထုပ္ေလးထဲတြင္
သမီးေလးက တအိအိနဲ႔ အသံေလးထြက္လ်က္ပါလာသည္။ ၿပီးေနာက္ ကေလးထည့္တဲ့ အိပ္ယာျခင္းေလးထဲကို ထည့္လိုက္သည္။ သမီးေလးကို ျမင္တာနဲ႔ ဟာအိုနဲ႔ဟန္ဘင္းရဲ့ အၿပံဳးေတြက မ်က္ရည္ေတြၾကားမျွဖစ္ထြန္းလာေလသည္။

" ဟာအို... သမီးေလးကိုၾကည့္ပါၪီးကြာ...
လံုးတစ္ၿပီး ခ်စ္စရာေကာင္းလိုက္တာ ''

" ဟုတ္တယ္ရွင့္ ကေလးက ၉ေပါင္နဲ႔ ၆ေအာင္စေတာင္ ရိွတယ္ ''

ဟန္ဘင္းမွာ သမီးေလးအားမထိရက္ မကိုင္ရက္။ မ်က္ေတာင္ရွည္ စင္းစင္းေလးေတြနဲ႔ သမီးကျဖဴေဖြးၿပီး လံုးလံုးေလးျဖစ္သည္။
ျပန္ၿပီး အိပ္ေပ်ာ္သြားတာေၾကာင့္ ထိုမ်က္ေတာင္ရွည္ေလးေတြကို ျမင္ၿပီးဟာအိုကထပ္ၿပီးသူနဲ႔ တူတဲ့သမီးေလးကိုေမြးေပးထားတာပဲ ဆိုသည့္အသိက ႏွလံုးသားထဲအထိ ေနြးေထြးသြားေစသည္။

ကုတင္ေပၚကေန သမီးေလးအားလွမ္းၾကည့္ေနသည့္ ဟာအိုက အၿပံဳးႏုႏုေလးႏွင့္သိပ္လွသည္။ သူနာျပဳေလးထြက္သြားေတာ့ ဟာအို႔အနားသို႔ ဟန္ဘင္းသြားလိုက္တယ္။ သူ႔ဆီလွမ္းလာတဲ့ ဟန္ဘင္းကိုၾကည္ရင္း....

" သမီးေလးကိုျမင္ေတာ့ သားငယ္ေလးကိုပါေတြ့ခ်င္လာတယ္...''

" သားေလးကို သူတို႔ေသခ်ာထား ထားပါတယ္ ''

မ်က္ရည္ေတြကုန္ခမ္းသည္ အထိအားရေအာင္ငိုရိႈက္လိုက္သည္။ ကေလးက လူ႔ေလာကႀကီး ဆိုတာကို ဘာမွေတာင္မသိလိုက္ရပါလား။ ေတာ္ရံုတန္ရံု ခံစားမႈမ်ိဳးမဟုတ္ ရင္ႏွင့္အမ်ွကို ခံစားေနရတယ္။

" သားသားတို႔ ခဏေနလာေတာ့မယ္ ''

" ကေလးအိပ္ေရးပ်က္ေနပါမယ္ေမာင္ရဲ့ ''

" သားကသူ႔ညီမေလးနဲ႔ ညီေလးကိုအရမ္းေတြ့ခ်င္ေနတာ ''

" ငါတို႔သားကိုဘယ္လိုေျပာၾကမလဲ...
သားက.... ''

" ဒယ္ဒီ...''

ဟာအို႔စကားေတာင္ မဆံုးေသး သားျဖစ္သူ
ေဆာင္းႏူလ္ဘင္းေလးက ေရာက္ခ်လာသည္။

" သားသား....ေရာက္လာၿပီလား ''

သားက အခန္းထဲသို႔ ေျပးဝင္လာသည္။ အေနာက္တြင္ေတာ့ ဒယ္ဂြၽန္းအျပင္ ဟန္ဘင္းရဲ့ဖခင္ပါ ပါလာ၏။ ရုတ္တရက္ဆိုေတာ့ ေၾကာင္သြားမိတယ္။

" ဖေအကို ဘာေၾကာင္ၾကည့္ေနတာလဲကြ ''

" အေဖက ေရာက္တာ အရမ္းေစာေနေတာ့
ကြၽန္ေတာ္ေၾကာင္သြားတာေပါ့ ''

" ေလယာဥ္ဆိုက္ၿပီး ဖင္ပူေအာင္ေတာင္ မထိုင္ရဘဲ ခ်က္ခ်င္းေဆးရံုကို လိုက္လာတာေလကြာ...ငါ့ေျမးမေလးနဲ႔ ေတြ့ခ်င္လို႔ ''

" ညီမေလးနဲ႔ေတြ့ခ်င္တယ္... ညီေလးနဲ႔လဲေတြ့ခ်င္တယ္....''

သားက ဟန္ဘင္းထိုင္ေနတဲ့ ေနရာသို႔ေျပးလာကာ ေပါင္ေပၚသို႔ ကုပ္တက္သည္။ အိပ္ယာျခင္းေလးထဲက သမီးေလးကို တႏုတယနဲ႔ေပြ့ခ်ီရတာကိုေတာင္ ဟန္ဘင္းမွာအသဲယားေနရသည္။ ဘဝမွာေမြးကင္းစကေလးငယ္ေတြအား ေသခ်ာေအာင္ မတို႔မထိ၊ မေပြ့ခ်ီခဲ့ဖူးပါ။ ခုလိုကိုယ့္ေသြးသားဆိုေတာ့
ပိုလို႔ေတာင္ စိတ္ထဲတစ္မ်ိဳးတစ္မည္ျဖစ္ရတယ္။

ဟာအို႔လက္ေမာင္းေတြၾကား သမီးေလးကိုထည့္ေပးလိုက္သည္။ ဟာအိုက သမီးေလးအားငံု႔ၾကည့္ရင္း ပီတိေတြအျပည့္နဲ႔ၿပံဳးသည္။ ဟန္ဘင္းအေဖကလဲ သမီးေလးကို ၾကည့္ၿပီး အသဲယားေနတယ္။

" ငါ့ေျမးကေတာ့ ခ်စ္ေမႊးႀကီးပဲေဟ့...ျဖဴေဖြးၿပီးလံုးေနတာပဲ...''

အေဖ့ကိုေတာ့ ဖုန္းထဲမွာ ေျပာထား၍ သားငယ္ေလးကိစၥေတာ့ စကားစ,မလာပါ။ အိပ္တစ္ဝက္ ႏိုးတစ္ဝက္ျဖစ္ေနတဲ့ သမီးေလးကိုသာ ျမဴေနသည္။

တစ္ေအာင့္ေနေတာ့ ရွန္ခြၽမ္ေရြ့နဲ႔ ဂင္မ္ထယ္ရယ္ တို႔ေရာက္လာသည္။ ခြၽမ္ေရြ့မ်က္ႏွာကစူပုတ္ေနကာ ထယ္ရယ္ကေတာ့ မ်က္ႏွာငယ္ေလးႏွင့္ပင္။ ကေလးကိုအတူၾကည့္ေနေပ
မယ့္ ႏွစ္ေယာက္ကခပ္ခြာခြာသာေနေနသည္။
ခြၽမ္ေရြ့က ျဖစ္ေနတာလို႔ေျပာရမလားပဲ။

" ေဟာင့္ေကာတို႔ကေတာ့ ေယာက်္ားကိုဘယ္ေလာက္ခ်စ္လဲေတာ့မသိဘူး...ေမြးထားတာ သူ႔ေယာက်္ားရုပ္ေတြႀကီးပဲ ''

ခြၽမ္ေရြ့ရဲ့ စကားမွာ စိတ္ညစ္ပင္ပန္းေနမႈေတြတခဏတာ ေလ်ာ့ပါးသြားရသည္။ သားေလးေရ႔ွမွာမို႔ သားငယ္​ေလးရဲ့ အေၾကာင္းကို တစ္ေယာက္မွတစ္ခြန္းမဟ,ျဖစ္ၾကပါ။
ျဖစ္ႏိုင္ရင္ အခုလိုေပ်ာ္ရႊင္မႈေတြၾကားတြင္
အႏွီးထုပ္ျဖဴျဖဴေလးႏွင့္ သားငယ္ေလးလဲ
ရိွေနသင့္ပါသည္။

" ဒါက သားသားရဲ့ညီမေလးေလ ''

" ခစ္ခစ္... ''

" ဘာေတြသေဘာက်​ေနတုန္း သားရဲ့ ''

" ညီမေလးက ဝတုတ္ႀကီး...ဟီးဟီး ''

လံုးတစ္ေနတဲ့ သမီးေလးကို သားက သေဘာတက်ျဖစ္ေနသည္။ ၉ေပါင္ ၆ေအာင္စဆိုေတာ့ အရမ္းကိုမွ တုတ္တုတ္ကေလးျဖစ္ေနတာ။ လက္ေကာက္ဝတ္ေလးေတြမွာလဲ မုန္႔ၫွင္းထုပ္ေလးလို တုတ္တုတ္ေလးပင္။

" သားသားက ညီမေလးကိုခ်စ္လား ''

" မ်ားႀကီးခ်စ္...''

သားရဲ့ ပါးေဖာင္းေဖာင္းကို တရႈံ႔ရႈံ႔နမ္းလိုက္တယ္။ ဟာအိုကသားလက္ေလးကို ယူကာ
သမီးေလးအား တို႔ထိေစသည္။ သားသားက
အစပိုင္းမွာ ထိကိုင္ဖို႔ရန္ ေၾကာက္ေနေသးသလိုပင္။ လက္ကိုရုတ္သြားၿပီးမွ လက္ညိုးေလးနဲ႔ သမီးေလးရဲ့ ႏႈတ္ခမ္းဖူးဖူးေလး ကို
ထိကိုင္လိုက္တယ္။

သားက ေတာက္ေတာင္ပပေလး ၿပံဳးလာတယ္။ သူ႔ညီမေလးကိုလဲ အရမ္းခ်စ္ေနရွာတယ္။

" bossနဲ႔ တကယ္တူမယ္ထင္တယ္ ''

" ဟုတ္မယ္...သမီးေလးမွာမ်က္ေတာင္ရွည္ႀကီးေတြနဲ႔ေလ ''

" ငါေမြးခါနီး ေမာင့္မ်က္ႏွာကိုပဲ ျမင္တယ္ ''

" ထပ္ၿပီးေမာင့္ကိုယ္ပြားေလးကို ေမြးေပးလို႔
ေက်းဇူးတင္ပါတယ္ ဟာအို ''

မ်က္ဝန္းေထာင့္မွာ စီးက်လာတဲ့ ဟာအို႔ရဲ့
မ်က္ရည္စေလးကို သားမသိခင္ သုပ္ဖယ္ေပးလိုက္တယ္။

" ညီေလးေရာ...ဒယ္ဒီ...''

" ..... ''

ဒီေမးခြန္းကို သားေလးေမးလာမယ္မွန္းသိေပမယ့္ ေသခ်ာနားလည္ေအာင္ ေျပာျပဖို႔ကို​ေတာ့မစဥ္းစားထားမိေသး။ သားကညီမေလးလိုခ်င္ေပမယ့္ ညီေလးနဲ႔လဲ ကစားမွာဆိုၿပီး တဖြဖြေျပာေနတတ္ေသးတာမဟုတ္လား။

" ဟို...သားရဲ့ညီေလးက ေကာင္းကင္ေပၚကိုသြားရေတာ့မွာသားရဲ့ ''

" ညီေလးက ဘာလို႔သြားရမွာလဲ ''

" ညီေလးက ညီမေလးလိုမဟုတ္ဘူး ပိန္ပိန္ေသးေသးေလးေလ...အဲ့တာေၾကာင့္ ေကာင္းကင္ေပၚက ညီေလးကိုခဏေခၚထားမွာ...ဟာ့ ''

ဟန္ဘင္းရဲ့တုန္ရီေနတဲ့ အသံကအဆံုးတြင္
ရိႈက္သံေတာင္ ထြက္ေတာ့မည္။

" ပိန္ပိန္ေသးေသးေယးဆို ေကာင္းကင္ကခဏေခၚထားမွာရား...ခဏပဲမဟုတ္ရား ''

" ဟုတ္တာေပါ့သားသားရဲ့ ခဏေလးပဲ ''

" ဪ.....ခဏဆိုရပါတယ္... ၾကာႀကီးဆို
ရဝူးေနာ္...ညီေလးကသားသားနဲ႔ေဆာ့ရၪီး
မွာ ''

တစ္ေန့ေန့ တစ္ခ်ိန္ခ်ိန္ သားေလးအရြယ္တစ္ခုကိုေရာက္လာလ်ွင္သူ႔အလိုလိုနားလည္သြားမွာပါေလ။ ယခုခ်ိန္တြင္ေတာ့ ဟန္ဘင္းတို႔အေနနဲ႔ လိမ္ညာထားရၪီးမည္။

ဟာအိုက ေနာက္ႏွစ္ရက္ေလာက္ေဆးရံုမွာေနရၪီးမွာမို႔ ညေနေစာင္းေတာ့ ေဆာင္းဟန္ဘင္းမွလြဲ၍ အကုန္လံုးအိမ္သို႔ျပန္ခဲ့ၾကသည္။

" ခြၽမ္ေရြ့....''

Lover seatမွာဝင္ထိုင္သူကဆီက အသံေလးထြက္လာသည္။ မၾကားခ်င္ေယာင္ေဆာင္ေနေပမယ့္မရ ဆက္၍ေခၚေနဆဲ။

" ခြၽမ္း....''

" ေျပာ ''

အိမ္ကေနထြက္လာတည္းက ကားေပၚမွာလဲထယ္ရယ္ကသာ စကားေတြေျပာေနေပမယ့္
သူ႔ဆီက တစ္ခြန္းမွကိုစကားသံထြက္မလာ။
ဒီေရာက္တဲ့ထိ မ်က္ႏွာကစူပုတ္ေနၿပီး အခုလဲ ထယ္ရယ့္ ကိုဘုဂလန္႔ျပန္ေျပာေနသည္။

" ခြၽမ္း....အကို႔ကိုစိတ္ဆိုးေနတာလား ''

" စိတ္ဆိုးေအာင္ ဘာလုပ္ထားလဲ စဥ္းစားၾကည့္ ''

တစ္လမ္းလံုးေတာက္ေလ်ွာက္စဥ္းစားေနေပမယ့္ ထယ္ရယ့္ေခါင္းထဲကေန ဘာေၾကာင့္ဆိုၿပီး အေျဖမွထြက္မလာတာ ဘယ္လိုလုပ္ရပါ့မလဲ။ အခုက အရင္တုန္းကအခ်ိန္ေတြလို ျပန္ျဖစ္ေတာ့မွာလား။

" အကို....အကိုမသိဘူး...''

" မနက္ကဘာစကားေတြ ကြၽန္ေတာ့္ကိုေျပာခဲ့သလဲ...''

" ဟင္...ဟို ကေလး...ကေလးကိစၥထင္တယ္ ''

" အင္း...ကေလးဘာျဖစ္လဲ ''

ထယ္ရယ္သိသြားၿပီပင္။ ခြၽမ္ေရြ့ဘာကိုစိတ္ဆိုးေနသည္လဲ ဆိုတာကို။

" အကိုက ဒီအတိုင္းခြၽမ္ေရြ့ကို ေျပာလိုက္တာပါ....''

သိမ္ဝင္သြားတဲ့အသံေလးေၾကာင့္ ခြၽမ္ေရြ့ပိုလို႔ေဒါသထြက္လာတယ္။ အကိုကေဟာင့္ေကာ ကိုယ္ဝန္ေဆာင္ႏိုင္တာကိုၾကည့္ၿပီး သူက်အဲ့လို ကိုယ္ဝန္မေဆာင္ႏိုင္လို႔ဆိုၿပီး သိမ္ငယ္ေနတာ သူ႔အမ်ိဳးသားေလးအေၾကာင္းမသိရင္ခက္ေရာ့မယ္။

" ကြၽန္ေတာ့္အတြက္ အကိုကလြဲရင္ ဘယ္အရာမွမလိုအပ္ဘူးဆိုတာကို မသိလို႔အဲ့စကားကို မနက္ကေျပာရတာလား ''

" မဟုတ္ပါဘူး.... ဟင့္ ''

" မငိုနဲ႔ေလ...ကြၽန္ေတာ္အကို႔ကိုဆူေနတာမဟုတ္ဘူး...''

နည္းနည္းေလးေျပာရံုနဲ႔ အကိုကထိလြယ္ရွလြယ္သည္။ ထယ္ရယ့္ကိုယ္လံုးေလးကိုသိမ္းဖက္ထားလိုက္သည္။

" ေနာက္တစ္ခါ ကိုယ့္ကိုကိုယ္ သိမ္ငယ္စိတ္ဘယ္ေတာ့မွမဝင္နဲ႔....ရွန္ခြၽမ္ေရြ့ အတြက္
ဂင္မ္ထယ္ရယ္ ကအရာအားလံုး ၿပီးျပည့္စံုေနတဲ့သူပဲ ကြၽန္ေတာ္ ေျပာတာအကိုနားလည္တယ္မလား...''

" အင္း....ဟင့္ ''

" တိတ္ေတာ့မငိုနဲ႔...''

အတန္ၾကာ အငိုတိတ္ေအာင္ ေခ်ာ့ၿပီးသည္
ႏွင့္ခါးပတ္ကို ေသခ်ာပတ္ေပးလိုက္ၿပီး ကားကိုစက္ႏိႈးကာ ထြက္ရသည္။

__________________

သားငယ္ေလးရဲ့ ရုပ္အေလာင္းကို အေအးခံပံုေလးထဲ ထည့္ထားေလသည္။ သမီး​ေလးထပ္ ပို၍ေသးငယ္တဲ့ သားငယ္ေလးက မ်က္လံုးေလးေတြထာဝရအတြက္ မိွတ္လို႔ထားေလသည္။ ဟန္ဘင္းရင္ခြင္ထဲဝင္၍ ရိႈက္ငိုေနတဲ့ဟာအိုက ဒီအေျခအေနကို လက္ခံႏိုင္ဖို႔ခဲ ယဥ္းေနရွာတယ္။ ဟန္ဘင္းလိုလူေတာင္အသည္းႏွလံုးေတြေႂကြမတတ္ ခံစားေနရတာ။

သားငယ္ေလးကို မီးသၿဂိဳလ္ရမွာျဖစ္သည္။ သားငယ္ေလးရဲ့ အရိုးျပာအိုးကိုေတာ့ သူတို႔ကိုယ္တိုင္ သိမ္းထားမည္။ ေနာက္ဆံုးအေနနဲ႔
ကေလးအား သူတို႔ႏွစ္ေယာက္ ေထြးေပြ့ ခဲ့ၾကသည္။ ဒယ္ဒီနဲ႔ ပါပါးရဲ့ ရင္ခြင္ကို သားငယ္ေလးရဲ့ ဝိညာဉ္ ကအမွတ္ရသြားပါ။ သံသရာ
အဆက္ဆက္ေရစက္ေတြမ်ားရိွခဲ့ရင္ ဒယ္ဒီနဲ႔ပါပါး ရဲ့သားေလးအျဖစ္ျပန္လာပါၪီး။

__________________

Trust me:

27.12.2023 Wed
❀ PanSuKhat ❀

ေနာက္တစ္ပိုင္းက Finalျဖစ္မယ္ထင္တယ္:

Continua llegint

You'll Also Like

851K 52.2K 116
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
369 54 1
𝖸𝗈𝗎𝖳𝗁𝗂𝗇𝗄 𝖸𝗈𝗎 𝖳𝗋𝖺𝗏𝖾𝗅𝖾𝖽 𝖳𝗈 𝖢𝗁𝗂𝗇𝖺, 𝖡𝗎𝗍 𝖸𝗈𝗎 𝖣𝗈𝗇'𝗍 𝖪𝗇𝗈𝗐 𝖸𝗈𝗎 𝖳𝗋𝖺𝗏𝖾𝗅𝖾𝖽 𝗍𝗈 𝖬𝗒 𝖧𝖾𝖺𝗋𝗍 𝖠𝗇𝖽 𝖲𝗍...
16.1K 2.1K 33
OTP မြိုင်မြိုင်ဆိုင်ဆိုင်လေး နောက်တစ်ပုဒ်ပါ ဖတ်ပေးကြပါဦးနော် Edit 🚨🚨🚨 Main OTP က Binthew ပါနော်။ အပိုင်း ၃ မှာကတည်းက ပြောထားပေမယ့် ထပ်ပြီး သတိလာ...
45.8K 763 21
in the year 2099, there has been a long-lasting peace thanks to the Power Rangers of the past but now that peace is threatened, and the Darkness retu...