~ TRUST ME ~

By Pan_Rae

41.9K 3.6K 1.1K

m-pregnant BinHao Crd cv photo; More

trust me ~ 1.
trust me ~ 2.
trust me ~ 3.
trust me ~ 4.
trust me ~ 5.
trust me ~ 6.
trust me ~ 7. ***
trust me ~ 8.
trust me ~ 9.
trust me ~ 10. ***
trust me ~ 11. ***
trust me ~ 12.
trust me ~ 13.
trust me ~ 14.
trust me ~ 15.
trust me ~ 16.
trust me ~ 17.
trust me ~ 18.
trust me ~ 19. ***
trust me ~ 20.
trust me ~ 21.
trust me ~ 22.
trust me ~ 23. ***
trust me ~ 24.
trust me ~ 25.
trust me ~ 27.
trust me ~ 28.
trust me ~ 29.
trust me ~ 30. Final
* New Fiction *

trust me ~ 26.

1K 99 69
By Pan_Rae


Uni

ညစာစားပွဲဝိုင်းက တိတ်ဆိတ်လို့နေသည်။
ခေါင်းကိုသာ တွင်တွင်ငုံ့၍ စားနေသူက ဟာအိုဉီးဉီးဖျားဖျား ခပ်ထည့်ပေးထားတဲ့ အမဲဂုတ်သားကင် အတုံးကြီးအားတစ်စက် တောင်တို့ထိခြင်းမရှိပါ။ သူ့ဘာသာတူနဲ့ညှပ်ကာယူပြီးစားလိုက်၊ သားကိုခပ်ထည့်ပေးလိုက်နှင့် အဆင်ပြေနေသည်။

အဘွားတော်နဲ့ တွေ့ချင်ကြောင်းပြောမိတာ
ဟာအို့အတွက် အဲ့လောက်တောင် အပြစ်ကြီးသွားသလား။ ခုလိုသွေးနုသားနုအချိန်မှာ
မိသားစုကို ခင်တွယ်တာက အထူးအဆန်းမှမဟုတ်တာ။ အဘွားတော်က သူ့အပေါ်မကောင်းခဲ့တာတွေရှိပေမယ့် ကောင်းခဲ့တာတွေလဲ အများကြီးပါ။

စကားများပြီးထဲက ခုထိဥပ္ခါပြုထားတာက
လွန်လွန်းတယ်မဟုတ်ဘူးလား။ ညစာစားပြီးတော့လဲ Macbookတစ်လုံးနဲ့ ဧည့်ခန်းမှာအလုပ်လုပ်နေသည်။

" မောင်...''

ပြန်ဖြေသံမကြားရ။ သူ့အလုပ်သူသာဆက်လုပ်နေတယ်။ အလုပ်ပြီးတဲ့ထိစောင့်နေဖို့ပဲ
စဉ်းစားလိုက်သည်။ ညနက်လာတော့ အရုပ်တွေနဲ့ ဆော့နေတဲ့ သားကလဲ အိပ်ငိုက်နေတာကြောင့် သူ့အခန်းလေးထဲမှာ သွားသိပ်လိုက်ရတယ်။

ဟာအိုသားကို သိပ်ပြီးပြန်ထွက်လာတဲ့အထိ
မောင်က အလုပ်ဆက်လုပ်နေတုန်းပင်။ မျက်နှာချင်းဆိုင် ဆိုဖာမှာ ထိုင်ကာစောင့်နေတဲ့ ဟာအို့ကို အကြည့်တစ်ချက်တောင်မပေး။ ကိုယ်ဝန်ဆောင်ချိန်ဆို ကျန်းဟာအိုတို့ နေရင်းထိုင်ရင်းလဲ မျက်ရည်က ကျချင်နေပြီ။ ဟာအိုနှာရှုံ့မိတော့ မျက်လုံးလှန်ကာ
ကြည့်လာတယ်။

Macbookကိုပိတ်ကာ အခန်းထဲဝင်သွားတော့လဲ အနောက်ကနေလိုက်ရတာပဲ။ ဗိုက်က လေးရတဲ့အထဲ ဆောင်းဟန်ဘင်းက အလုပ်ပေးနေတယ်။ ရေချိုးခန်းထဲဝင်သွားတာကိုကြည့်ပြီး စိတ်ဓာတ်တောင်ကျလာတယ်။

ဒီကချော့ချင်နေတာကို သူကကောက်လို့မပြီးနိုင်သေးဘူးလား။ နောက်ဆုံး ဟာအို့ခင်ပွန်း
ကောက်စိန် ရေချိုးခန်းကထွက်အလာကိုစောင့်နေရင်းပဲ ကုတင်ပေါ်မှာ အိပ်ပျော်သွားတော့သည်။

ဟန်ဘင်း ရေချိုးခန်းထဲမှာ အတော်ကြာအချိန်ယူလိုက်ရတယ်။ ယောကျာ်းသဘာဝ
စိတ်ဆန္ဒကို မပြီးမြောက်မချင်း ဖြေလျှော့နေရသောကြောင့်ပင်။ ဒါကို အလိုက်ကန်းဆိုးမသိတဲ့ ဗိုက်ဗိုက်က မျက်နှာငယ်လေးနဲ့
သူ့နောက်တောက်လျှောက်လိုက်နေတယ်။

ကိုယ်ဝန်ဆောင်ချိန် တစ်ချို့စုံတွဲတွေကတော့
အတူနေကြတယ်။ တစ်ခါတစ်ရံ ဟာအို့မျက်နှာလေး မြင်ရင်ကို စိတ်ဆန္ဒတွေ ထိန်းချုပ်မနိုင်အောင် ထ,ကြွလာတာမျိုးတွေလဲ ရှိတတ်တယ်။ သိုပေမယ့် ဟန်ဘင်းအတူနေဖို့ကိုတော့ မတွေးဖြစ်ပါဘူး။ ဟာအိုနဲ့က​လေးထိခိုက်မှာမျိုးကို မလိုလားဘူး။

အသက်အရွယ်တစ်ခုရောက်လဲ ကျန်းဟာအိုတို့က ခုထိဘာဆိုဘာမှ မစဉ်းစားတတ်သေးဘူး။ သူအရမ်းကိုတွေ့ချင်နေတဲ့ အဘွားတော်က သူ့အပေါ်ဘယ်လောက်ထိ စိတ်ဆင်းရဲအောင်လုပ်ခဲ့သလဲမသိတာမို့လား။ ခုလိုကိုယ်ဝန်ဆောင်နေချိန်မှာ လေယာဉ်စီးဖို့ကလဲမဖြစ်နိုင်ဘူး။

စိတ်အားငယ်တတ်တဲ့ အချိန်မှန်းသိပေမယ့်လဲ ထပ်ပြီးတော့ စိတ်ရှုပ်စရာတြွေဖစ်မလာစေချင်တော့ဘူး။ တတ်နိုင်သမျှ တင်းခံထားမည် လုံးဝအလျှော့ပေးမှာမဟုတ်ဘူး။

ကုတင်ပေါ်ကန့်လန့် အိပ်နေတဲ့ ဗိုက်လုံးလုံးလေးနဲ့ချစ်ရသူကို နေရာမှန်အောင်ပွေ့ချီပြီး
ပြင်ပေးရသည်။ ပြီးတော့သူပါ ဘေးမှာဝင်လှဲလိုက်တယ်။ မျက်ခွံမို့မို့ ဖောင်းဖောင်းလေး တွေကို နမ်းတော့ ခန္ဓာကိုယ်လေးက လှုပ်ရွလာတယ်။ ရင်ခွင်ထဲဆွဲသိမ်းကာ ကျောပြင်လေးကို ပုတ်ပြီးသိပ်လိုက်တော့မှ
ငြိမ်သက်စွာ အိပ်စက်သွားတော့သည်။

________________

ယခုတွင် ချွမ်ရွေ့စိတ်ထဲ လွန်ဆွဲနေသည်။
မားကဖုန်းဆက်ကာ ရှန်ဟိုင်းကိုလာခိုင်းနေ၏။ သူနဲ့အကို လက်ထပ်ပြီးတာကိုလဲ မားတို့သိသွားပြီပင်။ ရုတ်တရက်ကြီး အကို့ကိုသူ့သားမက် အဖြစ်လက်ခံပါတယ်ဟု ပြောနေ၍ သူ့စိတ်ထဲသိပ်တော့ ဘဝင်ကျမနေပါ။

ပိုင်ဆိုင်မှုတွေ လက်လွှဲယူဖို့ လာခဲ့ရန် ပါးကပါ ဖုန်းထဲကနေဝင်ပြော၍ ခေါ်နေသည်။
ကိုယ့်မိဘကို သံသယဝင်တာ မကောင်းပေ
မယ့် သူ့အတွက်ဒါတွေက သိပ်ပြီးယုံချင်စရာမကောင်းပါ။

" ချွမ်ရွေ့...ဘလက်ကော်ဖီ...''

ခေါင်းမကြည်ဘူး အကိုဟု ခုနကလွှတ်ခနဲ
ပြောလိုက်မိရုံနဲ့ အကိုဟာသိပ်အလိုက်သိလွန်းသည်။ အကိုကမ်းပေးလာတဲ့ ဘလက်ကော်ဖီခွက်ကို ယူကာ စားပွဲခုံပေါ်တင်ပြီးတာနဲ့ အကို့ကိုယ်လုံးလေးကို ခါးမှဆွဲပွေ့၍ ချွမ်ရွေ့ပေါင်ပေါ်တင်လိုက်သည်။

ပေါင်ပေါ် ပုံ့ပုံ့လေး ထိုင်နေသူက ပါးချိုင့်လေးတွေခွက်ဝင်သည်အထိ ပြုံးပြသည်။မေးဖျားလေးမှ ပင့်ကိုင်ကာ နှုတ်ခမ်းလေးကိုနမ်းတော့လည်း ငြိမ်ခံနေ၏။ လက်လေးနှစ်ဖက်က ချွမ်ရွေ့လည်တိုင်ပေါ်မှာ ယှက်သွယ်ထားသည်။ အောက်နှုတ်ခမ်းကို ခပ်ပြင်းပြင်းတစ်ချက် စုပ်နမ်းပြီးလွှတ်ပေးလိုက်သည်။

" ဘာဖြစ်လို့လဲ ချွမ်ရွေ့ မျက်နှာမကောင်းပါလား အကိုဘာလုပ်ပေးရမလဲ ''

နှစ်ဉီးသဘောတူ လက်ထပ်ပြီးတဲ့အချိန်ထဲက အကိုဟာ ချွမ်ရွေ့အား အရိပ်တကြည့်
ကြည့်နှင့်ပင် ဆက်ဆံသည်။ အခုလဲ သူစိတ်အလိုမကျဖြစ်နေမှန်း ချက်ချင်းသိသည်။

" မားနဲ့ပါးက အကို့ကိုပါခေါ်ပြီး ရှန်ဟိုင်းကို
လာခဲ့ဖို့ဖုန်းဆက်ပြောတယ် ''

" ဟင်... တကယ်လားချွမ်ရွေ့ ''

" ဟုတ်တယ် အကို့ကိုသူတို့သားမက်အဖြစ်
အသိအမှတ်ပြုတယ်တဲ့ ''

" အဲ့တာပျော်စရာမဟုတ်ဘူးလား...ဘာလို့
ချွမ်ရွေ့က မျက်နှာမကောင်းတာလဲ ''

အူတူတူမျက်နှာပေးလေးနဲ့ အကိုကတကယ့်ကိုအဖြူထည်လေး။ လက်ချောင်းချင်းထပ်ကာ ယှက်သွယ်၍ တရှုံ့ရှုံ့နမ်းလိုက်တယ်။
ဂင်မ်ထယ်ရယ်ရဲ့ အရာရာဟာသိပ်လှတာပဲ။ခေါင်းအစ ခြေအဆုံး သိပ်လဲချစ်စရာကောင်းလွန်းတယ်။

" ဒီလိုလေအကိုရယ် မားနဲ့ပါးက ကျွန်တော့်ကို ကျေနပ်နေတာမဟုတ်ဘူး သူတို့ကိုအမြဲစိတ်ဒုက္ခတွေပဲ ပေးနေခဲ့လို့ ''

" အင်းလေ...အဲ့တော့ဘယ်ကျေနပ်မလဲ အာ့....''

ရယ်ကျဲကျဲနဲ့ အတည်ပေါက် ပြောနေသူလေးရဲ့ ခါးကို အားအနည်းငယ်သုံး၍ ဖျစ်ညှစ်လိုက်သည်။

သူ့ခါးကိုညှစ်လို့ ချွမ်ရွေ့လက်ကို ဖယ်ပစ်တာ ချက်ချင်း။

" ကိုယ့်ယောကျာ်းကို ပြန်ဖဲ့နေတယ်ဟုတ်လား ''

" ချွမ်ရွေ့နော်....''

ယောကျာ်း ဆိုတဲ့အသုံးအနှုန်းကြားတိုင်း အကို့မျက်နှာလေးက စတော်ဘယ်ရီသီး လေးလိုနီနီရဲရဲလေး ဖြစ်လို့သွားသည်။ ခုချိန်ထိ
အကိုက ကျင့်သားမရသေးတာ။ နီရဲနေတဲ့
နားရွက်လေးကို သွားနဲ့တိခနဲကိုက်တော့ တွန့်သွားတယ်။

" ကျွန်တော်ပြောတာ နားထောင်ပါဦးဗျာ...''

" အွန်း...နားထောင်နေတယ် ''

" အဲ့လိုမျိုးမကျေနပ်နေကြတော့ သူတို့ခေါ်လို့သွားရင် အကို့ကိုတစ်ခုခု နှောင့်ယှက်ကြမှာ...အန္တရာယ်ပေးကြမှာစိုးတယ် ''

" အဲ့လိုတော့ မလုပ်လောက်ပါဘူး ချွမ်ရွေ့ ရယ် သူတို့ကချွမ်ရွေ့ရဲ့ ပါးနဲ့မားပဲဥစ္စာ အကိုလဲသူတို့ကို တွေ့ချင်တယ် ''

" အကိုမသိပါဘူး...''

ချွမ်ရွေ့ခေါင်းကို ကုတ်ကာ တစ်ဖက်ကိုမျက်နှာလှည့်ထားလိုက်သည်။ ပါးနဲ့မားက ချစ်ရင်လဲအရမ်းချစ်သလို မုန်းရင်လဲအရမ်းမုန်းတတ်သည်။ ချွမ်ရွေ့ကို အလိုလိုက်ခဲ့တုန်းကလဲ သူတို့က ချွမ်ရွေ့ လက်ညှိုးညွှန်ရာ ရေဖြစ်စေခဲ့တာပင်။ ချွမ်ရွေ့သူတို့ကိုထားခဲ့ကာ ဘာမပြောညာမပြောထွက်လာတာသိတော့လဲ အရမ်းကိုဒေါသထွက်နေခဲ့ကြမှာပဲ။ တော်ရုံနဲ့စိတ်ပြေ နိုင်သေးမှာတော့မဟုတ်ဘူး။

ကိုယ့်ကို ဘာလုပ်လုပ် ပါးနဲ့မားပဲဆိုပြီး ငြိမ်ခံနိုင်ပေမယ့် သူချစ်တဲ့အကို့ကိုတော့ စကားလေးတစ်ခွန်းနဲ့တောင် ထိပါးတာမျိုး လက်မခံနိုင်ဘူး။

" ချွမ်ရွေ့ ''

ချွမ်ရွေ့ရဲ့မျက်နှာကို အကိုကလက်ဖဝါးလေးနှစ်ဖက်ကြား ညှပ်ကာ သူ့ဘက်လှည့်စေ သည်။

" ချွမ်ရွေ့ ရဲ့ပါးနဲ့မားက ချွမ်ရွေ့ကို အရမ်းချစ်ပါတယ်...ဘယ်လောက်ထိချစ်ကြလဲဆိုတာကို အကိုကိုယ်တိုင်မျက်မြင်တွေ့ခဲ့ဖူးတာပဲမဟုတ်လား အဲ့ဒီအချိန်တွေတုန်းက ရင်နာစရာကောင်းခဲ့ပေမယ့် ချွမ်ရွေ့ကို သူတို့က အရမ်းချစ်ကြပါတယ် ''

" အကို...''

ရင်နာစရာ ဆိုတဲ့စကားလုံးဟာ ချွမ်ရွေ့ရဲ့
အတ္တတွေကြောင့် ဖြစ်တည်လာတွေပါပဲ။
ပေါင်ပေါ်က အကို့ရဲ့ခါးလေးကို သိုင်းဖက်ကာ အကို့ရဲ့ ရင်ခွင်လေးထဲ တိုးဝင်လိုက်သည်။ ချွမ်ရွေ့ရဲ့ ဆံနွယ်ဝါတွေအား အကိုကပွတ်သပ်ပေးလာ၏။

" အတူတူသွားကြမလား ချွမ်း...''

ဝေ့ဝဲနေတဲ့ မျက်ရည်စတွေက အကို့ရဲ့
ချွမ်း...ဆိုတဲ့ခေါ်သံလေးမှာ တလိမ့်လိမ့်ကျဆင်းတော့သည်။

" အင်း အတူတူသွားကြမယ်အကို ''

ချွမ်ရွေ့ရဲ့ မျက်ရည်တစ်ချို့ကို လက်လေးနဲ့သုပ်ပေးလာတယ်။ လည်တိုင်နုနုကို အနမ်းပေးတော့ ချွမ်ရွေ့ရင်ဘတ်တွေကို လက်သီး ဆုပ်လေးနဲ့ ထုလာတယ်။

" လည်ပင်းကိုမနမ်းနဲ့ ယားပါတယ်ဆို ''

" ဒါဆို တခြားနေရာနမ်းမယ်လေ...''

" ချွမ်ရွေ့....ခဏနေဦးလို့ ပြောစရာရှိသေးတယ် ''

" ဘာပြောမှာလဲ...''

" တရုတ်ပြည်မကြီးကိုသွားမှာဆိုတော့ ကျန်းဟောင့်မှာစရာများ ရှိလားလို့ အကိုတို့ဝင်မေးကြရအောင်နော်...''

" ဟောင့်ကောက သူ့အဘွားနဲ့ကိစ္စပြတ်သွားပြီမဟုတ်ဘူးလား...''

" ဘာဖြစ်ဖြစ်လေ...သူလဲသူ့မွေးရပ်ဇာတိကိုလွမ်းမှာပဲ...ဖူကျန့်ထွက်ဒေသအစားအစာတွေများ ဝယ်ဦးမလားလို့ သူက မပေါ့မပါးကြီးနဲ့ဆိုတော့ မသွားနိုင်မလာနိုင်ဘူးမဟုတ်လား ''

" ဟုတ်ပါပြီ အကို့သဘော...ဒါဆိုကျွန်တော်
မားတို့ကို လာခဲ့မယ်လို့ပြောလိုက်မယ်နော် ''

" အွန်း..ပြောလိုက်တော့ ''

________________

ဟာအိုနိုးတော့ ကုတင်တစ်ဖက်ခြမ်းကို လက်နဲ့အရင်စမ်းမိတယ်။ ကိုယ်ငွေ့အနည်းငယ်သာကျန်နေတဲ့ အိပ်ယာကြောင့် စိတ်သက်
သာရာရသည်။ မျက်လုံးတွေကို လက်ခုံနဲ့ခပ်
ပြင်းပြင်းပွတ်မိတယ်။ ဒါတောင် မျက်ခွံတွေယားတာ မသက်သာသေးဘူး။ လက်နဲ့တရစပ်ပွတ်တိုက်နေမိတယ်။

" ဟေး...အရမ်းတွေပွတ်မနေနဲ့လေ...''

ဟာအို့လက်လေးနှစ်ဖက်ကို စုထိန်းကိုင်ကာ
မောင်ကတားသည်။ မနေ့ကစကားတစ်ခွန်း
မပြောသူက လာဂရုစိုက်နေ၍ အူကြောင်
ကြောင်တော့ဖြစ်နေတယ်။

" ထတော့ မျက်နှာသစ်သွားတိုက် မနေ့ကရေမချိုးဘူးမလား ချိုးပေးမယ် ''

ဂရုစိုက်နေပုံရှိပေမယ့် မျက်နှာထားက တည်တင်းလျက်။ ဘာလဲဒါက စိတ်ကောက်နည်း
အသစ်လား။ ဟာအို့လက်မောင်းတစ်ဖက်ကို
မ,ကာ ဗိုက်ကိုလဲ ဟန်ဘင်းကထိန်းကိုင်ပေးသည်။ ရေချိုးခန်းထဲရောက်တော့ သွားတိုက်ဆေးကို သူကိုယ်တိုင် သွားပွတ်တံထဲ ညှစ်ထည့်ပေးတယ်။ နေ့စဉ်လုပ်ပေးနေကျ အလေ့အကျင့်တစ်ခုလို ဖြစ်နေ၍ ဘာမှမပြောတော့ပါ။

သွားတိုက်နေတာကို ရေချိုးခန်းတံခါးဘောင်ကို လက်ပိုက်ကာ မှီထားပြီး ကြည့်နေတယ်။
သွားတိုက်ရင်း မျက်လုံးပုတ်ခတ် ပုတ်ခတ်လုပ်ကာကြည့်တော့ လူသတ်တော့မလိုအ
ကြည့်နဲ့ ပြန်ကြည့်နေတယ်။ သွားတိုက်ခြင်းအမှုအပြီး မျက်နှာသစ်မယ်ဆိုတော့ ဘေစင်ဆီ ခါးကိုင်းမရဘူးဖြစ်နေသည်။ ရသလောက် ကိုယ်ကိုကိုင်းချတော့ မောင်က
ရင်ဘတ်ကို လက်နဲ့ထိန်းကာ ပြန်မတ်စေတယ်။

" ရေချိုးမှ တစ်ခါထဲသစ် ''

" သွားတိုက်ပြီးတာနဲ့ မျက်နှာသစ်ချင်တာ ''

" အရစ်ရှည်လိုက်တာ ''

" အရစ်ရှည်တယ်ထင်ရင် မလုပ်ပေးနဲ့သွား ''

ဟုတ်တယ် ခုကဂရုစိုက်နေတာလား၊ ဝတ္တရားအရ မသက်သာလို့ လုပ်ပေးနေတာလားမသဲကွဲဘူး။ မျက်နှာကြီးက အဲ့လိုစူပုတ်နေတော့ ဘယ်လိုစိတ်နဲ့ ဟာအိုက သူလုပ်ပေးတာ ဆက်ပြီးဒီတိုင်း ငြိမ်ခံရမလဲ။

" မောင်ကုမ္ပဏီသွားရဉီးမှာ..ရေချိုးပြီးမနက်စာအမြန်စားကြရအောင်ကွာ...''

စိတ်အလိုမကျနေမှန်းသိပေမယ့် လေပြေအေးလေးနဲ့ ပြောလာတော့လဲ သူပြောသလိုသာ လုပ်ရတယ်။

တီရှပ်အပွကို သူကိုယ်တိုင် ချွတ်ပေးတယ်။
ချည်သားဘောင်းဘီရှည်ကိုလဲ သူပဲချွတ်ပေးသည်။ အိမ်ထဲမှာပဲနေတာမို့ ဟာအိုboxerလဲမဝတ်ဖြစ်ပါ။ စိတ်ကျဉ်းကျပ်တာကြောင့်လဲပါသည်။ ပူဖောင်းနေတဲ့ ဗိုက်လေးနဲ့ ဟာအိုကအရမ်းလိုက်ဖက်တယ်။ ဒီဗိုက်​လေးထဲမှာ ကလေးလေးတွေကို ထည့်လွယ်ထားရတာ သိပ်ပင်ပန်းမှာပဲ။ ဖြစ်နိုင်ရင်ဟန်ဘင်းသာ ဟာအို့အစား ကိုယ်ဝန်လွယ်ပေးလိုက်ချင်တယ်။ Male pregnant တွေပေါများလွန်းတဲ့အထဲ ဟာအိုကလဲ တစ်ယောက်အပါအဝင်။

ဟာအို့ရဲ့ ချယ်ရီသီးလေးတွေက ပုံမှန်ထက် နီရဲပြီး စူနေသည်။ ဟန်ဘင်းရေ ငတ်သလို အာခေါင်တွေခြောက်လာတယ်။ ရင်ထဲမှာတငွေ့ငွေ ပူလောင်နေတာကြောင့် တံတွေးကိုမြိုချလိုက်ရတယ်။ ဖြူဖွေးဥအက်နေတဲ့ အသားအရည်လေးက အချိန်တိုင်း ရနေတဲ့ နို့နံ့ရောနေတဲ့ ကိုယ်သင်းနံ့လေးကြောင့် စိတ်အရိုင်းတွေက ဝင်ချင်သလို ထွက်ချင်သလိုဖြစ်နေတယ်။ ယောကျာ်းမာနနဲ့ ဒီဟာလေးကို အလျှော့လဲမပေးချင်။ ကိုယ်မှမလုပ်ပေးရင် တစ်ယောက်ထဲမဖြစ်တာလေးကြောင့် အစစအရာရာ ဥပ္ပခါပြုထားဖို့ကလဲ မဖြစ်သေးပါ။

Bathtubနားသို့ သူ့ဘာသာသွားပြီး ခြေထောက်တစ်ဖက်ကို ကန်ထဲခြေချနေသည်။ တုန်တက်သွားကာ ခြေထောက်ကိုကန်ထဲမှ အမြန်ပြန်ထုတ်တယ်။

" အေးလိုက်တာ....အိစ်...အရင်လိုရေနွေးကိုတောင်သေချာ မစပ်နိုင်လောက်အောင် ငါ့ကို
စိတ်ကုန်နေတယ်ပေါ့လေ ဟုတ်လား ဆောင်းဟန်ဘင်း ''

" မင်းကရေချိုးဖို့ကိုကြာနေတာလေ ရေကပြန်အေးပြီပေါ့ ဖယ်..ပြန်စပ်ပေးမယ် ''

သူ့ကိုစိတ်ကုန်တယ်တဲ့ ဘယ်လိုပြောထွက်တာလဲမသိဘူး။ အောက်နှုတ်ခမ်းကို ရှေ့ထုတ်ပြီး ဟန်ဘင်းကိုမျက်စောင်းချိတ်ကာ
ပွစိပွစိနဲ့ သူမကြားအောင် အတင်းအုပ်နေတယ်။

" ရပြီ... ''

ကန်ထဲကို တစ်ခါထဲဝင်ထိုင်တယ်။ ခုမှနေသာထိုင်သာရှိသလို မျက်နှာပေးလေးနဲ့။
ဟာအို့ရင်ဘတ်တွေရော ကျောပြင်တွေရော
နေရာလပ်မကျန်အောင် နို့ဆပ်ပြာနဲ့ သေချာတိုက်ချွတ်ပေးလိုက်တယ်။ ဟန်ဘင်းမျက်နှာက တည်ထားတော့ ကျန်းဟာအိုတို့ တ​ဖြေး
ဖြေးငိုမဲ့မဲ့ဖြစ်လာတယ်။

ဗိုက်လုံးလုံးကို စက်ဝိုင်းဝိုင်းသလို တိုက်ပေးတော့ တခိခိနဲ့ ရယ်နေပြန်သေးသည်။ အမျိုးမျိုးလဲ တတ်နိုင်တယ်။ မျက်နှာသစ် ဆပ်ပြာကို လက်ဖဝါးထဲထည့်ကာ မျက်နှာဖြူသေး သေးလေးအား သစ်ပေးလိုက်တယ်။
ကြည်လင်နေတဲ့ အသားအရည်ရှိသူက ဆပ်ပြာမြှုပ်တွေကြား တစ်စစ ပေါ်နေတဲ့ပေါင်တံလေးတွေအထိ ကြည်လင်သန့်ရှင်းနေ၏။

ကိုယ်တိုက်ဆပ်ပြာနဲ့ ပေါင်တံသွယ်သွယ်တွေကို တိုက်ချွတ်ပေးဖို့ပြင်တုန်းရှိသေး သူက Bathtub ဘောင်ပေါ်သို့ ခြေထောက်တွေကို တင်ကာ ဟန်ဘင်းအား မျက်ခုံးတစ်ချက်
ပင့်၍ ကလူကျီစယ်သလို ကြည့်နေသည်။
ရေစက်တွေနဲ့ ဆပ်ပြာမြှုပ်တွေ ကပ်ငြိနေတဲ့
ပေါင်တံရဲ့အလှဟာ ချောမွတ်နေ၍ ညှို့အားပြင်းလွန်းသည်။ ဟန်ဘင်းမျက်နှာကိုရေစက်တွေနဲ့ တောက်နေတာကြောင့် လက်တွေကိုထိန်းချုပ်လိုက်ရတယ်။

" ဘာဖြစ်ချင်နေတာလဲ ''

" မောင်ကရော ဘာဖြစ်ချင်နေတာလဲ ''

" ဘာလို့ပြန်မေးနေတာလဲ ကွ ''

" တစ်ချိန်လုံး အဲ့မျက်နှာကြီးက ဘာလို့စူပုပ်နေလဲပြော ''

" အမြန်ချိုးရအောင် အအေးပတ်မယ် ''

မေးတာကို ပြန်မဖြေဘဲ ရေအမြန်ချိုးပေးကာ ရေချိုးခန်းထဲမှ ပွေ့ချီ၍ခေါ်ထုတ်လေသည်။ အင်္ကျီဝတ်ပေးနေသူရဲ့ ရင်ဘတ်ကို
လက်ညှိုးနဲ့လက်မကို သုံးပြီးကူးလူးဆော့ကစားနေလိုက်တယ်။ သက်ပျင်းငွေ့ချလိုက်တာ ဟာအို့မျက်နှာကိုတောင် လာရိုက်ခတ်စေသည်အထိ။

" ဗိုက်ကြီးသည်က အငြိမ်မနေပါလားကွာ..''

" အဲ့လိုဗိုက်ကြီးအောင် ဘယ်သူလုပ်ထား
တာမို့လဲ ''

" မောင်လုပ်ထားတာလေ ''

" မောင်လုပ်ထားရင် မောင်တာဝန်ယူပေါ့ ''

" လုပ်ထားလို့လဲ တာဝန်ယူနေတာပဲလေ ''

" လုပ်ထားပြီးတာဝန်မယူတာလဲ ရှိခဲ့တယ်လေ ''

စကားတွေက တဖြေးဖြေးနဲ့ အရင်အချိန်တစ်ခုဆီ ရောက်လို့နေပြီ။ ဟန်ဘင်းမျက်မှောက်ကြုံ့ကာ ကြည့်လိုက်တယ်။

" လုပ်ထားမှန်းသိမှ မသိလိုက်တာ ''

" လူမှန်းမသိအောင်မူးရူးနေမှတော့ လုပ်ထားမှန်းဘယ်သိမလဲ ''

" အဲ့လိုမသိအောင်လုပ်တာဘယ်သူမို့လဲ ''

ပြောရင်းဇာတ်လမ်းကရှည်ကာ ရှုပ်ထွေးလာသည်။

" မသက်သာလို့ အဲ့လိုလုပ်ရတာလေ ''

" အဲ့လိုမသက်သာအောင် ဘယ်သူကလုပ်တာလဲဆိုတာလဲ ပြောပါဦး ...''

" အဘွား....အဲ ''

ဟန်ဘင်းလိုချင်တဲ့ စကားတည်နေရာကိုရောက်တော့ နှုတ်ခမ်းတွေ တွန့်ကွေးသည်အထိ ပြုံးလိုက်မိတယ်။ ဟာအိုကပြောလက်စကိုရပ်ကာ သူ့ပါးစပ်ကိုလက်နဲ့အုပ်လိုက်တယ်။ ဒီနေရာရောက်အောင် ဆောင်းဟန်ဘင်းက စကားလုံးနဲ့ မျှားခေါ်နေတာ။
ဟာအိုခေါင်းလေး ငုံ့သွားရတယ်။ မောင်ကသူ့ကို တရားချတော့မှာလေ။

" အဘွားကြောင့်ဆိုတာသိတယ်မဟုတ်လား ဟာအို့ကိုသူ့အကျိုးအတွက်နဲ့ အသုံးချတာကိုလဲသိတယ်မဟုတ်လား...သူ့အကျိုးလဲမဖြစ်ထွန်းရော ဟာအို့ကိုအမွေတောင်ဖြတ်ပစ်လိုက်သေးတယ်လေ...မှတ်မိတယ်မဟုတ်လား...ဟင် ပြောပါဉီး ''

" ဒါ...ဒါပေမယ့်...အဘွားကငါ့ရဲ့ ''

" သူမကဟာအို့ အဘွားဆိုတာကိုမောင်သိတယ်...ဟာအို့အနေနဲ့ အဘွားကိုစိတ်ပူတာကိုနားလည်တယ် အပြစ်မမြင်ရက်တာကိုလဲ မော​င် နားလည်ပေးနိုင်တယ်...ဒါပေမယ့် မောင်ကဟာအို့ယောကျာ်းလေ...''

မျက်လုံးလေးဝင့်ကြည့်နေသူရဲ့နဖူးလေးကို
လက်နဲ့ဖွဖွတောက်လိုက်တယ်။

" မောင်ရော ဟာအို့ကိုစိတ်မပူရဘူးလား ဗိုက်ထဲမှာ ကလေးကလဲရှိနေတာကို အဲ့လိုစိတ်လိုက်မာန်ပါနဲ့ သွားချင်လာချင်လို့မရဘူးလေ...ဟာအိုကသွားပါပြီတဲ့...ဟာအို့အဘွားက မဟုတ်မမှန်ဘဲ တမင်လီဆယ်ပြီးခေါ်တာဆိုဘယ်လိုလုပ်မလဲ ''

" အဘွားက တကယ်နေမကောင်းနေတာ ''

ဟာအို့အသံလေးက သိမ်ဝင်သွားသည်။ မောင်ကသူ့အတွက် တွေးပေးတာသိပေမယ့်လဲ တစ်ဖက်က အဘွားဖြစ်နေတော့ စိတ်ကမပြတ်နိုင်ပါ။ ငိုချင်ရက်လက်တို့ဆိုသလို တအီအီနဲ့ ရှိုက်ငိုတော့ ဟန်ဘင်းသူ့ရင်ခွင်ထဲဆွဲသိမ်းကာ ဖက်ထားမိတယ်။

" ခုမှရေချိုးထားတာ မျက်ရည်တွေနဲ့
ပေသလူးနေတော့မှာပဲကွာ...မငိုပါနဲ့အချစ်ရဲ့ ''

" ငါသွားချင်လိုက်တာ မောင်ရယ်...''

" စိတ်ကိုငြိမ်အောင်ထား ပြီးရင် မနက်စာစားဖို့ထွက်ခဲ့နော် မောင်သားကိုနှိုးပြီး ထမင်းစားခန်းမှာ စောင့်နေမယ် ''

ချစ်ရသူလေးကို ကုတင်ပေါ်ထိုင်စေကာ
သားအခန်းဘက်သို့ ဟန်ဘင်းထွက်လာလိုက်သည်။ ဟာအို့အမြင်မှာ လူဆိုးကြီးဖြစ်နေမလား မသိပေမယ့် သူလဲအတတ်နိုင်ဆုံး
သူ့အမျိုးသားငယ်လေးအား စိတ်ပူစိုးရိမ်ရတာမျိုး မရှိဘဲနေချင်သည်။

________________

~ ဟယ်လို ဟောင့်ကော...~

~ ချွမ်ရွေ့လား? ~

~ ဟုတ်တယ်...ကျွန်တော်တို့အတွဲ ကောတို့အိမ်ကိုလာမလို့ ~

~ လာခဲ့လေ...ငါလဲအရမ်းပျင်းနေတာ ~

~ အိုကေ..ကျွန်တော်တို့ ခဏနေရောက်မယ် ~

ဟာအိုယခုမှ စိတ်ကြည်သွားတော့တယ်။
သားသားက ဘေးအိမ်ကကလေးနဲ့ အရမ်းခင်သွားထဲက အဲ့ဘက်အိမ်သာ သွားဆော့နေတော့တာ။ သားက ကလေးဆိုတော့ အပေါင်းအသင်းမက်တာ သဘာဝပဲ။ ဟာအို
ပျင်းပေမယ့်လဲ သားဆော့ချင်နေရင်လွှတ်ရတာပဲ။ မောင်ကလဲကုမ္ပဏီမှာသာ အချိန်ကုန်နေတယ်။ တစ်နေ့လုံးမှ တွေ့ချိန်ကငါးနာရီတောင်မပြည့်။ သူပြန်လာရင်လဲ ဟာအိုအိပ်ပျော်နေတာက များသည်။

ခြံရှေ့က လူခေါ်ဘဲလ်သံကြောင့် ဗိုက်ကိုအသာပင့်မ,ကာ သွားလိုက်တယ်။

ထယ်ရယ်က ဗိုက်လေးနဲ့ ဖောင်းဖောင်းလေးဖြစ်နေတဲ့ ကျန်းဟောင့်ကို ကြည့်ပြီးပြုံးလိုက်သည်။ တစ်ခါတစ်လေ ထယ်ရယ်သိမ်ငယ်စိတ်မဝင်ဘူး ဆိုလိမ်ရာကျမှာပဲ။ ထယ်ရယ်လဲချွမ်ရွေ့အတွက် ခုလိုကလေးလေး မွေးပေးနိုင်ရင်သိပ်ကောင်းမှာပဲ။

" ကျန်းဟောင့်အတွက် ဒေါက်တာကိုမေးပြီး
အားဆေးတွေနဲ့ အသီးတွေဝယ်လာခဲ့တယ် ''

လက်ထဲက အထုတ်တွေကို မနိုင်မနင်းသယ်ချင်နေတဲ့ ကျန်းဟောင့်ကြောင့် ချွမ်ရွေ့ကပဲ
ပြန်ယူကာသယ်ပေးရတယ်။

" ဝယ်လာပေးလို့ ကျေးဇူးပဲဟီး..''

" နူလ်ဘင်းလေးရော....''

" ဟိုဘက်အိမ်မှာ ကစားနေတယ် ''

" အဖေကိုပစ်ပြီး သူကသွားဆော့နေတာပေါ့လေ..သူ့အတွက်ဝယ်လာတဲ့ကားပေါ်က အရုပ်တွေ မပေးတော့ဘူး ကြည့်နေ ''

" ဟားဟား ထမင်းစားချိန်ကျရောက်လာ
လိမ့်မယ်...မင်းတူက သူများအိမ်သာသွားဆော့တာ..အဲ့အိမ်ကကျွေးတာဆို ဘာမှမစားဘူး...''

ကိုယ်ဝန်သည် လက္ခဏာလေးတွေနဲ့ ဟာအိုကဖက်ထုပ်လုံးလေးပင်။ ခြေဖမိုး၊ လက်ဖမိုးလေးတွေက ဖောင်းအစ်နေသလို မျက်ခွံလေးတွေကလဲ မို့အစ်နေသေးသည်။ ထယ်ရယ်ခွဲပေးထားတဲ့ အသီးတွေကို တမြုံ့မြုံ့နဲ့ထိုင်စားလိုက် စကားတွေပြောလိုက်နှင့် အရမ်းကိုမြူးနေတော့သည်။

" ကောက ပျင်းနေတယ်ပြောတုန်းကတောင်ဒီလောက်မထင်ဘူး...စကားတွေပြောလိုက်တာဆိုတာ ကျွန်တော်တောင်နားမခံနိုင်တော့ဘူး...''

'' ငါတကယ်ပျင်းနေတာ...မောင်ကတစ်ချိန်လုံးကုမ္ပဏီမှာကြီးပဲလေ...ဒါနဲ့မင်းနဲ့စပ်တူလုပ်မယ်ဆိုတဲ့ အလုပ်ရောစနေကြပြီလား ''

'' မစသေးပါဘူး အရင်းအနှီးများလို့ အချိန်ယူနေရသေးတာ...''

" ဒါဆိုသူက ဘာအလုပ်တွေရှုပ်နေတာလဲမသိဘူး...အမြဲတမ်းအလုပ်ပုံထဲ ခေါင်းစိုက်နေတာဟွန့်....''

" နေပါဦးဗျာ...ကော လေပစ်နေတာနဲ့ ကျွန်တော် တို့လာရင်းကိစ္စတောင် မေ့နေပြီ ''

" ဟမ်...ငါ့ဆီလာတာ ကိစ္စရှိသေးတာလား ''

" ကိစ္စရယ်လို့တော့မဟုတ်ပါဘူး ကျွန်တော်နဲ့အကို ရှန်ဟိုင်းကိုသွားရမယ် ''

" ရှန်ဟိုင်းကို...? ဘာသွားလုပ်ကြမှာလဲ ''

" ပါးနဲ့မားက ခေါ်နေတာအဲ့ကြောင့်သွားရမှာ...''

ချွမ်ရွေ့ရဲ့ အပြောမှာ ပန်းသီးစိတ်လေးကို ကိုက်နေရင်း ဟာအိုငြိမ်ကျသွားသည်။

" ဟောင့်ကော ဘာဖြစ်လို့လဲ ''

" ငါ့ကိုလဲ အဘွားတော်ကခေါ်နေတယ်...
အဲ့ကိစ္စကြောင့်ပဲ မောင်နဲ့ငါပြဿနာတက်ကြသေးတယ်...မောင်ကအဘွားဆီမလွှတ်ဘူး ''

ထယ်ရယ်နဲ့ ချွမ်ရွေ့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိတယ်။

" ကောက အဘွားတော်ကိုတွေ့ချင်လို့လား ''

" တွေ့ချင်တာပေါ့ ချွမ်ရွေ့ရဲ့...ဘာတြွေဖစ်ခဲ့ဖြစ်ခဲ့ သူကငါ့အဘွားပဲလေ ပြီးတော့ အခု
အဘွားက ကျန်းမာရေးမကောင်းဘူး... နောက်ဆုံးအချိန်တောင် ရောက်ခါနီးနေပြီထင်တယ် ဟင့်...''

ပြောရင်း ရှိုက်ကြီးတငင်ငိုနေတဲ့ ဟာအို့ကို
ထယ်ရယ်က လက်ကိုဆုပ်ကိုင်၍ နှစ်သိမ့်ပေးသည်။

" မငိုပါနဲ့ကောရ မဟုတ်ရင် ဗိုက်ထဲကလေးမွေးလာရင် မျက်လုံးပြူးနေလိမ့်မယ် ''

" နေပါ ပေါကြောင်ကြောင်နဲ့ ''

အငိုတိတ်သွားတော့လဲ ချက်ချင်းပင်။

" စိတ်မပူပါနဲ့ကောရယ် ကျွန်တော်တို့ ဖူကျန့်ကိုပါဝင်မှာ...အဘွားတော်ရဲ့ကျန်းမာရေးအခြေအနေကိုလဲ ကြည့်ခဲ့ပေးမယ်..ကောသူမကို ဘာတွေပြောချင်လဲ ကျွန်တော်တို့ကိုတစ်ခါထဲမှာလိုက်မလား ''

ပြတင်းပေါက်ဘက်ကို ခပ်တွေတွေငေးနေတဲ့ ဟာအိုက ရင်ထဲမှာပြောစရာ စကားတွေနဲ့
ပြည့်နှက်နေတယ်။

" ဆောင်းဟန်ဘင်းမှာလဲ ကျန်းဟောင့်အတွက်စဉ်းစားစရာတွေများနေမှာပဲ...ဗိုက်ထဲမှာလဲ ကလေးရှိနေတော့ စိတ်မချတာလဲပါမှာ...''

" ငါမောင့်ကိုစိတ်မဆိုးပါဘူး..ထယ်ရယ် ''

ဗိုက်ကိုပင့်ကာ ထတော့မည့်သူကို အနောက်ကနေ ထယ်ရယ်နဲ့ ချွမ်ရွေ့လိုက်ထိန်းနေရတယ်။ သူ့အခန်းထဲဝင်သွားကာ တစ်အောင့်နေတော့ ပြန်ထွက်လာသည်။

" ရော့...ဒါလေးအဘွားကို ပေး ပေးပါ ''

ဓာတ်ပုံလေးနှစ်ပုံဖြစ်သည်။ တစ်ပုံက သားလေး လသားအရွယ်က မြို့ပြင်ကရွာလေးမှာအတူနေခဲ့စဉ်က ဟာအို့ကိုယ်ပိုင်ခြံလေးထဲတွင် ဟာအိုကသားလေးကိုပွေ့ချီ ထားပြီး ရိုက်ခဲ့တဲ့ပုံလေးဖြစ်သည်။ နောက်တစ်ပုံက ဟာအိုရယ်၊ မောင်ရယ်၊ သားလေးရယ် ကြည်နူးမှုတွေ၊ နွေးထွေးမှုတွေ လွှမ်းခြုံ၍ ရိုက်ထားတဲ့ မိသားစုဓာတ်ပုံလေးဖြစ်သည်။

ချွမ်ရွေ့ထို ဓာတ်ပုံနှစ်ပုံအား ကြည့်ရင်းပြုံးမိသည်။ အဓိက ပြဿနာရဲ့အစဟာ သူမဟုတ်လား။ အချိန်တွေတောင် ဒီလောက်ကြာသွားခဲ့ပြီပဲ။ ကိုယ့်ကိုကိုယ် အပြစ်ရှိတဲ့စိတ်တွေက ဒီတစ်သက်ဖျောက်လို့ရမယ်မထင်တော့ဘူး။

" သေချာပေါက် ပေးပေးပါ့မယ်...ပြောစရာစကားရောရှိသေးလား ''

" ငါအများကြီး အဆင်​ပြေနေပါပြီလို့...မလာနိုင်တဲ့အတွက်...တောင်း...တောင်းပန်ပါတယ်လို့...ဟင့်...''

ဟာအို့ကိုနှစ်သိမ့်ပေးရင်း ညနေစောင်းမှ ချွမ်ရွေ့တို့ ပြန်ဖြစ်ကြသည်။ ဟန်ဘင်းကိုစောင့်ကာနှုတ်ဆက်ချင်ပေမယ့်လဲ မနက်ဖြန်သွားဖို့ပြင်ဆင်ရဉီးမှာဆိုတော့ အချိန်ကမရှိပေ။

" ပါပါး...''

" ဟင်..သားသားပြော ''

" ဘာလို့ငိုနေတာလဲဟင်...ဗိုက်ဗိုက်နာလို့လား ''

" မဟုတ်ပါဘူး သားရဲ့ ''

" ဒယ်ဒီကပြောတယ် ပါပါးဗိုက်ဗိုက်
နာလို့ငိုရင်ဒယ်ဒီ့ကိုဖုန်းဆက်ရမယ်ဆိုလို့ ''

" မနာပါဘူးသားရယ်..ပါပါးရဲ့အဘွားကိုသတိရလို့ပါ ''

" အဘွား...ဟုတ်လား ''

အဘွားဆိုတဲ့ စကားကြောင့် သားကအထူးအဆန်းဖြစ်နေသည်။ မောင့်ကြောင့်
ဟာအို့အဘွားအကြောင်း သားလေးကိုမပြောပြဖြစ်ပါ။ တစ်ချိန်ကမောင်ဟာ ဟာအို့အားအရာအားလုံးနဲ့ အဆက်ဖြတ်စေသည်။
ယခုလို လေပြေအေးနဲ့ ဖြောင်းဖျတာမျိုးမဟုတ်ဘဲ ယတိပြတ်ကို ဖြတ်စေတာပင်။

" ဟုတ်တယ်သားရဲ့ ပါပါးရဲ့အဘွား ကျန်းမေ့ဆိုတာရှိတယ် ''

" ဘွားဘွားက ပါပါးလိုလှလား ''

" လှတာပေါ့ အရပ်လဲမြင့်တယ် ''

" သားသားတွေ့ချင်တယ် ''

" နောက်တော့တွေ့ရမှာပေါ့ သားရယ် ''

နောက်တော့ဆိုတာ မသေချာဘူး။ ဖြစ်နိုင်ရင်
သားလေးနဲ့အတူ တစ်ခေါက်လောက်သွားတွေ့ချင်မိတယ်။ သေချာပေါက်သားကိုခေါ်ပြီး လာတွေ့မယ်လို့ပြောခဲ့တယ်မလားလေ။
ဟာအိုဂတိတည်နိုင်မှာမဟုတ်လား။

________________

" ဒီမှာတွေ့လား...ခေါင်းလေးနှစ်ခု...''

Projector ပေါ်မှာတွေ့ရတဲ့ အမွှာမှန်းသိသာနေတဲ့ကလေးနှစ်ယောက်ရဲ့ ခေါင်းလုံးလုံးလေးနှစ်ခု။

" ကြည့်ရသလောက်တော့ သားနဲ့သမီး
အမွှာလေးပဲ....''

" သားနဲ့သမီး...''

ဟန်ဘင်းမျက်နှာကိုလက်နဲ့အုပ်ကာ ငိုမိသည်။ ဟန်ဘင်းရဲ့ငိုရှိုက်သံကြောင့် ဟာအိုကလဲမျက်ရည်ကျလာသည်။ ဟာအိုကသူ့ဘဝ ထဲကို သားသားအပြင် အမွှာလေးနှစ်ယောက်ကိုပါ ယူဆောင်လာပေးတယ်။ ကုတင်ပေါ်လှဲနေတဲ့ဟာအို့ပါးလေးတွေကို နှာခေါင်းတို့နှစ်ဝင်သည်အထိ နမ်းရှိုက်လိုက်တယ်။ ဟာအို့ရဲ့ရှက်ပြုံးလေးက ဟန်ဘင်းကိုပို၍အသဲယားစေသည်။

" အဲ့တာကြောင့် ကျန်းဟာအိုရဲ့ ဗိုက်ကပုံမှန်ထက်ပိုပြီး ကြီးထွားနေတာပါ ''

ဟုတ်သည် ငါးလဆိုပြီးမထင်ရအောင် ဟာအို့ဗိုက်က ပုံမှန်ထက်ပိုပူသည်။ ကလေးနှစ်ယောက်ကို တစ်ချိန်ထဲလွယ်ထားရတာ။ တွေးကြည့်တာနဲ့တောင် ဟန်ဘင်း ဟာအို့အစားစိတ်မကောင်းဖြစ်ရတယ်။

" ကလေးတွေရဲ့ အနေအထားရောမှန်ရဲ့လားဒေါက်တာ...''

" သမီးမိန်းကလေးကတော့ နေရာတကျရှိပြီးမှန်ပါတယ်..သားယောကျာ်းလေးကတော့မွေးလမ်းကြောင်းနဲ့ ကန့်လန့်ဖြစ်နေတယ် ''

" ဗျာ...ဟို...အဆင်ပြေပါ့မလား ''

" လက နုနေသေးလို့နေမှာပါ...သိပ်တော့စိတ်မပူပါနဲ့...''

စိတ်မပူနဲ့ဆိုပေမယ့်လဲ သားသမီးဖြစ်နေတော့ ပူရတာပါပဲ။ နဖူးပေါ်ဝဲကျနေတဲ့ ဆံနွယ်လေးတွေကို သပ်တင်ပေးလိုက်တယ်။

" အများကြီးကျေးဇူးတင်ပါတယ် မောင့်အချစ်ရယ်...''

" မောင့်အတွက်သမီး​လေးရော သားလေးရော ငါကလွယ်ထားရတာနော်...မောင်ကငါ့ကိုအများကြီး ပိုချစ်ပေးရမယ် ''

" ဒီကလေးလေးကိုမှမချစ်ရင် မောင်ကဘယ်သူ့သွားချစ်ရမလဲ ပြောပါဦး... ''

ဒေါက်တာတစ်ယောက် ချောင်းဟန့်လိုက်မှ
ချစ်ကြည်နူးနေတဲ့ စုံတွဲလဲ အရိပ်သုံးပါးနားလည်ရကောင်းမှန်းသိတော့တယ်။

ဆေးရုံကအပြန် သားကိုကျောင်းအပ်ပေးရမှာမို့ ဟန်ဘင်းတို့ တစ်ခါထဲ​ခေါ်လာခဲ့တာကြောင့် သားက OPDအပြင်ဘက်ခုံတန်းလေးမှာထိုင်စောင့်နေတယ်။

ဟာအို့လိုပဲ အမျိုးသားကိုယ်ဝန်ဆောင်သည်တစ်ယောက်အနားမှာ ထိုင်နေတဲ့သားက ထိုအမျိုးသားအား စကားတွေပြောနေသည်။
ထိုအမျိုးသားရဲ့ မျက်နှာထက် အပြုံးပန်းတွေဝေနေ၏။ သားရဲ့ တီတီတာတာစကားလေးတွေကို ကြားရသူတိုင်း မပြုံးမရယ်ပဲ
နေနိုင်မှာမှ မဟုတ်တာ။

" သားသား...''

ဟန်ဘင်းသားကို ခေါ်တော့သားဘေးနားက
ကောင်လေးကပါ ဟန်ဘင်းတို့ဘက်လှည့်ကြည့်လာတယ်။

" သား ဒယ်ဒီနဲ့ပါပါး လာပြီဦးဦး ''

" ဟုတ်လား ဖြေးဖြေးသွားနော် ''

" ဒယ်ဒီ...''

သားက ဟန်ဘင်းဆန့်တန်းထားတဲ့ လက်ထဲသို့ခုန်ပေါက်ကာ ပြေးဝင်လာသည်။

" သားသားကစောင့်နေတာ ကြာလှပြီ...''

" အမယ်...အခုနက ဟိုဦဦးနဲ့ လေပေါနေတာမဟုတ်ဘူးလား ဆောင်းနူလ်ဘင်း ကဲပြောပါဉီး ဘာတွေသူများကို သွားရှုပ်နေတာလဲ ''

" ရှုပ်တာဟုတ်ပါဝူး...ပါပါးရဲ့ အဲ့ဦးဦးက ပါပါးလိုပဲ ဗိုက်ဗိုက်နဲ့...ပြီးတော့ပါပါးလိုလဲဒယ်ဒီပါလာဝူး...''

သားပြောချင်တာက ဟာအို့လိုအမျိုးသားပါမလာဘူးဆိုတာကိုပင်။ ကောင်လေးရဲ့ပုံစံက
ဟာအိုတို့နဲ့ မတိမ်းမယိမ်းလောက်ပါပဲ။ မျက်နှာလေးက ညှိုးငယ်နေရှာသည်။ တစ်ချက်တစ်ချက် ဟာအို့တို့မိသားစုကိုကြည့်ကာ အားကျသလိုလေးပြုံးရှာတယ်။ ဟာအိုတို့လဲ ပြန်ပြုံးပြရင်း ဆေးရုံကပြန်တော့မည်အပြု အသံနက်ကြီးတစ်ခုကိုကြားလိုက်ရတယ်။

" ဆော့မက်သျူး....!! "

" ဟင်...ကိုကြီး ''

သူများအရေး မစပ်စုသင့်ပေမယ့် ထိုကောင်လေးအား သနားစိတ်ကြောင့် နေရာမှာရပ်ကြည့်နေမိတယ်။ သူနာပြုတစ်ချို့နဲ့ ဆရာဝန်တွေအပြင် ကိုယ်ဝန်ဆောင်လူနာတွေကပါ
ကွက်ကြည့် ကွက်ကြည့်နှင့်ပင်။ မောင်ကလဲဟာအိုငြိမ်ပြီး ကြည့်နေတာကြောင့် အနားမှာသာ ရပ်ပြီးနေပေးသည်။

ထိုလူဟာ အသိုင်းအဝိုင်းကြီးတစ်ခုက ဖြစ်နိုင်တယ်။ အရှိန်အဝါဟာ ငွေရှိတိုင်းထင်တိုင်းကြဲနေတတ်သူတစ်ယောက်နှင့်တူသည်။ ထိုကောင်လေးအနားကို ခြေလှမ်းကြဲတွေနဲ့သွား၍ ထိုင်နေသူရဲ့ပုခုံးတွေကိုလှုပ်ရမ်းပစ်တယ်။

" မင်းကငါ့ကို လူပုံအလယ်မှာ သောက်ရှက်ခွဲခဲ့တာပေါ့လေ ဟုတ်လား..!! မင်းရဲ့သောက်ရေးမပါတဲ့ အဲ့ဗိုက်အတွက်တန်ရာတန်ကြေးငါပေးပြီးပြီလေ မင်းမကျေနပ်နိုင်သေးဘူးလား...ဟမ်!! "

" ကိုကြီး...တိုး...တိုးတိုးပြောပါ...''

" ဘာကိုအခုမှ တိုးတိုးပြောပါလဲ? "

" ဒါက ဆေးရုံမို့ပါ ကိုကြီးရယ် ''

" ဂင်မ်ဂျီအွန်းဆိုတဲ့ငါ့လို မြို့တော်ဝန်ရဲ့သားကိုဘယ်ကောင်က ဘာပြောရဲမလဲ ပြောစမ်းပါ !!''

ထိုကောင်လေးဟာ ခေါင်းကိုငုံ့၍ ငိုနေသည်။
ဟာအိုကိုယ်ချင်းစာတယ်။ ဒါသက်သက်ကိုယ်ဝန်သည်ကို စော်ကားအနိုင်ကျင့်တာ။
ဘယ်လောက်တောင် အားငယ်နေလဲထိုကောင်လေးရဲ့ မျက်ဝန်းတွေကိုကြည့်တာနဲ့
အတပ်သိတယ်။

ကုပ်ကုပ်လေးဖြစ်ကာ ထိုလူအားကြောက်ရွံ့တုန်လှုပ်နေသူကောင်လေးထံ သွားလိုက်တယ်။

" ဟာအို...''

" ပါပါး ''

မောင်နဲ့သားက အနောက်ကနေလိုက်ကာခေါ်တယ်။ ဟာအိုသူတို့နားရောက်တော့ ထိုလူအားမျက်ထောင့်နဲ့ ကြည့်ကာ ကောင်လေးအားဆွဲခေါ်လာခဲ့သည်။

" ဟေး...မင်းတို့ကဘာတွေလဲဘာလုပ်တာလဲ သေချင်လို့လား ''

" ခင်ဗျားသာ မသေချင်ရင်လိုက်မလာနဲ့ ခင်ဗျားဘာသာ ဘာကြီးဖြစ်နေနေ ကိုယ်ဝန်သည်ကိုအနိုင်ကျင့်စော်ကားမှုနဲ့ ရဲတိုင်လို့ရတယ်ဆိုတာမှတ်ထား ''

ထိုကောင်လေးအား ဟာအိုတို့ကားနဲ့သာခေါ်လာခဲ့တယ်။ ထိုကောင်လေးရဲ့ ကိုယ်ရေး
ကိုယ်တာကိစ္စဘာကိုမှ မမေးဖြစ်ပါ။ သားကိုလဲအရမ်းခင်တွယ်နေတာမို့ ထိုကောင်​လေးအားလိပ်စာကဒ်ပေးခဲ့သည်။ အကြောင်းတစ်ခုခုရှိရင်သူတို့အား ဆက်သွယ်နိုင်ပြီး သူတို့ဆီလာနိုင်ကြောင်းပါပြောခဲ့သည်။ ထိုကောင်လေး သူ့အိမ်ထဲဝင်သွားတာစောင့်ကြည့်ပြီးမှ သူတို့မိသားစုအိမ်ကိုပြန်ခဲ့ကြတယ်။

သားကိုလဲကျောင်းအပ်ဖို့ မနက်ဖြန်မှစီစဉ်ရမှာပဲ။ ဒီနေ့တော့ ဟာအိုလဲပင်ပန်းနေတယ်။

" ဒါဆို ညီလေးရော ညီမလေးရောပေါ့ နော်
ဒယ်ဒီ ''

" ဒါပေါ့ သားသားရ ''

" ရေး....ညီလေးနဲ့ညီမလေးနဲ့ အများကြီး
တူတူဆော့ရတော့မယ်...''

Ti Ti ~~~

~ ဟယ်လို ~

~ ဟောင့်ကော....~

~ ချွမ်ရွေ့မင်းအသံက ဘာဖြစ်တာလဲ ~

~ ဟို....ကောရဲ့ ကောရဲ့အဘွား ~

~ အဘွား! ! အဘွားဘာဖြစ်လို့လဲ ချွမ်ရွေ့ ~

~ ကောရဲ့အဘွား...ဆုံးပြီ ~

~ ဟင်...~

" ဟာအို....!!! ဟာအို.... !!''

ဟာအို့ရဲ့ အမြင်အာရုံတွေ ဝေဝါးလျက် အမှောင်အတိဖုံးလွှမ်းလို့ သွားသည်။

________________

Trust me:

22.12.2023 Fri
❀ PanSuKhat ❀

Zawgyi

ညစာစားပြဲဝိုင္းက တိတ္ဆိတ္လို႔ေနသည္။
ေခါင္းကိုသာ တြင္တြင္ငံု႔၍ စားေနသူက ဟာအိုဉီးဉီးဖ်ားဖ်ား ခပ္ထၫ့္ေပးထားတဲ့ အမဲဂုတ္သားကင္ အတံုးႀကီးအားတစ္စက္ ေတာင္တို႔ထိျခင္းမရိွပါ။ သူ႔ဘာသာတူနဲ႔ၫွပ္ကာယူၿပီးစားလိုက္၊ သားကိုခပ္ထၫ့္ေပးလိုက္ႏွင့္ အဆင္ေျပေနသည္။

အဘြားေတာ္နဲ႔ ေတြ့ခ်င္ေၾကာင္းေျပာမိတာ
ဟာအို႔အတြက္ အဲ့ေလာက္ေတာင္ အျပစ္ႀကီးသြားသလား။ ခုလိုေသြးႏုသားႏုအခ်ိန္မွာ
မိသားစုကို ခင္တြယ္တာက အထူးအဆန္းမွမဟုတ္တာ။ အဘြားေတာ္က သူ႔အေပၚမေကာင္းခဲ့တာေတြရိွေပမယ့္ ေကာင္းခဲ့တာေတြလဲ အမ်ားႀကီးပါ။

စကားမ်ားၿပီးထဲက ခုထိဥပၡါျပဳထားတာက
လြန္လြန္းတယ္မဟုတ္ဘူးလား။ ညစာစားၿပီးေတာ့လဲ Macbookတစ္လံုးနဲ႔ ဧၫ့္ခန္းမွာအလုပ္လုပ္ေနသည္။

" ေမာင္...''

ျပန္ေျဖသံမၾကားရ။ သူ႔အလုပ္သူသာဆက္လုပ္ေနတယ္။ အလုပ္ၿပီးတဲ့ထိေစာင့္ေနဖို႔ပဲ
စဉ္းစားလိုက္သည္။ ညနက္လာေတာ့ အရုပ္ေတြနဲ႔ ေဆာ့ေနတဲ့ သားကလဲ အိပ္ငိုက္ေနတာေၾကာင့္ သူ႔အခန္းေလးထဲမွာ သြားသိပ္လိုက္ရတယ္။

ဟာအိုသားကို သိပ္ၿပီးျပန္ထြက္လာတဲ့အထိ
ေမာင္က အလုပ္ဆက္လုပ္ေနတုန္းပင္။ မ်က္ႏွာခ်င္းဆိုင္ ဆိုဖာမွာ ထိုင္ကာေစာင့္ေနတဲ့ ဟာအို႔ကို အၾကၫ့္တစ္ခ်က္ေတာင္မေပး။ ကိုယ္ဝန္ေဆာင္ခ်ိန္ဆို က်န္းဟာအိုတို႔ ေနရင္းထိုင္ရင္းလဲ မ်က္ရည္က က်ခ်င္ေနၿပီ။ ဟာအိုႏွာရႈံ႔မိေတာ့ မ်က္လံုးလွန္ကာ
ၾကၫ့္လာတယ္။

Macbookကိုပိတ္ကာ အခန္းထဲဝင္သြားေတာ့လဲ အေနာက္ကေနလိုက္ရတာပဲ။ ဗိုက္က ေလးရတဲ့အထဲ ေဆာင္းဟန္ဘင္းက အလုပ္ေပးေနတယ္။ ေရခ်ိဳးခန္းထဲဝင္သြားတာကိုၾကၫ့္ၿပီး စိတ္ဓာတ္ေတာင္က်လာတယ္။

ဒီကေခ်ာ့ခ်င္ေနတာကို သူကေကာက္လို႔မၿပီးႏိုင္ေသးဘူးလား။ ေနာက္ဆံုး ဟာအို႔ခင္ပြန္း
ေကာက္စိန္ ေရခ်ိဳးခန္းကထြက္အလာကိုေစာင့္ေနရင္းပဲ ကုတင္ေပၚမွာ အိပ္ေပ်ာ္သြားေတာ့သည္။

ဟန္ဘင္း ေရခ်ိဳးခန္းထဲမွာ အေတာ္ၾကာအခ်ိန္ယူလိုက္ရတယ္။ ေယာက်ာ္းသဘာဝ
စိတ္ဆႏၵကို မၿပီးေျမာက္မခ်င္း ေျဖေလ်ွာ့ေနရေသာေၾကာင့္ပင္။ ဒါကို အလိုက္ကန္းဆိုးမသိတဲ့ ဗိုက္ဗိုက္က မ်က္ႏွာငယ္ေလးနဲ႔
သူ႔ေနာက္ေတာက္ေလ်ွာက္လိုက္ေနတယ္။

ကိုယ္ဝန္ေဆာင္ခ်ိန္ တစ္ခ်ိဳ႕စံုတြဲေတြကေတာ့
အတူေနၾကတယ္။ တစ္ခါတစ္ရံ ဟာအို႔မ်က္ႏွာေလး ျမင္ရင္ကို စိတ္ဆႏၵေတြ ထိန္းခ်ဳပ္မႏိုင္ေအာင္ ထ,ႂကြလာတာမ်ိဳးေတြလဲ ရိွတတ္တယ္။ သိုေပမယ့္ ဟန္ဘင္းအတူေနဖို႔ကိုေတာ့ မေတြးျဖစ္ပါဘူး။ ဟာအိုနဲ႔က​ေလးထိခိုက္မွာမ်ိဳးကို မလိုလားဘူး။

အသက္အရြယ္တစ္ခုေရာက္လဲ က်န္းဟာအိုတို႔က ခုထိဘာဆိုဘာမွ မစဉ္းစားတတ္ေသးဘူး။ သူအရမ္းကိုေတြ့ခ်င္ေနတဲ့ အဘြားေတာ္က သူ႔အေပၚဘယ္ေလာက္ထိ စိတ္ဆင္းရဲေအာင္လုပ္ခဲ့သလဲမသိတာမို႔လား။ ခုလိုကိုယ္ဝန္ေဆာင္ေနခ်ိန္မွာ ေလယာဉ္စီးဖို႔ကလဲမျဖစ္ႏိုင္ဘူး။

စိတ္အားငယ္တတ္တဲ့ အခ်ိန္မွန္းသိေပမယ့္လဲ ထပ္ၿပီးေတာ့ စိတ္ရႈပ္စရာေႂတြဖစ္မလာေစခ်င္ေတာ့ဘူး။ တတ္ႏိုင္သမ်ွ တင္းခံထားမည္ လံုးဝအေလ်ွာ့ေပးမွာမဟုတ္ဘူး။

ကုတင္ေပၚကန႔္လန႔္ အိပ္ေနတဲ့ ဗိုက္လံုးလံုးေလးနဲ႔ခ်စ္ရသူကို ေနရာမွန္ေအာင္ေပြ့ခ်ီၿပီး
ျပင္ေပးရသည္။ ၿပီးေတာ့သူပါ ေဘးမွာဝင္လွဲလိုက္တယ္။ မ်က္ခြံမို႔မို႔ ေဖာင္းေဖာင္းေလး ေတြကို နမ္းေတာ့ ခႏၶာကိုယ္ေလးက လႈပ္ရြလာတယ္။ ရင္ခြင္ထဲဆြဲသိမ္းကာ ေက်ာျပင္ေလးကို ပုတ္ၿပီးသိပ္လိုက္ေတာ့မွ
ၿငိမ္သက္စြာ အိပ္စက္သြားေတာ့သည္။

________________

ယခုတြင္ ခြၽမ္ေရြ့စိတ္ထဲ လြန္ဆြဲေနသည္။
မားကဖုန္းဆက္ကာ ရွန္ဟိုင္းကိုလာခိုင္းေန၏။ သူနဲ႔အကို လက္ထပ္ၿပီးတာကိုလဲ မားတို႔သိသြားၿပီပင္။ ရုတ္တရက္ႀကီး အကို႔ကိုသူ႔သားမက္ အျဖစ္လက္ခံပါတယ္ဟု ေျပာေန၍ သူ႔စိတ္ထဲသိပ္ေတာ့ ဘဝင္က်မေနပါ။

ပိုင္ဆိုင္မႈေတြ လက္လႊဲယူဖို႔ လာခဲ့ရန္ ပါးကပါ ဖုန္းထဲကေနဝင္ေျပာ၍ ေခၚေနသည္။
ကိုယ့္မိဘကို သံသယဝင္တာ မေကာင္းေပ
မယ့္ သူ႔အတြက္ဒါေတြက သိပ္ၿပီးယံုခ်င္စရာမေကာင္းပါ။

" ခြၽမ္ေရြ့...ဘလက္ေကာ္ဖီ...''

ေခါင္းမၾကည္ဘူး အကိုဟု ခုနကလႊတ္ခနဲ
ေျပာလိုက္မိရံုနဲ႔ အကိုဟာသိပ္အလိုက္သိလြန္းသည္။ အကိုကမ္းေပးလာတဲ့ ဘလက္ေကာ္ဖီခြက္ကို ယူကာ စားပြဲခံုေပၚတင္ၿပီးတာနဲ႔ အကို႔ကိုယ္လံုးေလးကို ခါးမွဆြဲေပြ့၍ ခြၽမ္ေရြ့ေပါင္ေပၚတင္လိုက္သည္။

ေပါင္ေပၚ ပံု႔ပံု႔ေလး ထိုင္ေနသူက ပါးခ်ိဳင့္ေလးေတြခြက္ဝင္သည္အထိ ၿပံဳးျပသည္။ေမးဖ်ားေလးမွ ပင့္ကိုင္ကာ ႏႈတ္ခမ္းေလးကိုနမ္းေတာ့လည္း ၿငိမ္ခံေန၏။ လက္ေလးႏွစ္ဖက္က ခြၽမ္ေရြ့လည္တိုင္ေပၚမွာ ယွက္သြယ္ထားသည္။ ေအာက္ႏႈတ္ခမ္းကို ခပ္ျပင္းျပင္းတစ္ခ်က္ စုပ္နမ္းၿပီးလႊတ္ေပးလိုက္သည္။

" ဘာျဖစ္လို႔လဲ ခြၽမ္ေရြ့ မ်က္ႏွာမေကာင္းပါလား အကိုဘာလုပ္ေပးရမလဲ ''

ႏွစ္ဉီးသေဘာတူ လက္ထပ္ၿပီးတဲ့အခ်ိန္ထဲက အကိုဟာ ခြၽမ္ေရြ့အား အရိပ္တၾကၫ့္
ၾကၫ့္ႏွင့္ပင္ ဆက္ဆံသည္။ အခုလဲ သူစိတ္အလိုမက်ျဖစ္ေနမွန္း ခ်က္ခ်င္းသိသည္။

" မားနဲ႔ပါးက အကို႔ကိုပါေခၚၿပီး ရွန္ဟိုင္းကို
လာခဲ့ဖို႔ဖုန္းဆက္ေျပာတယ္ ''

" ဟင္... တကယ္လားခြၽမ္ေရြ့ ''

" ဟုတ္တယ္ အကို႔ကိုသူတို႔သားမက္အျဖစ္
အသိအမွတ္ျပဳတယ္တဲ့ ''

" အဲ့တာေပ်ာ္စရာမဟုတ္ဘူးလား...ဘာလို႔
ခြၽမ္ေရြ့က မ်က္ႏွာမေကာင္းတာလဲ ''

အူတူတူမ်က္ႏွာေပးေလးနဲ႔ အကိုကတကယ့္ကိုအျဖဴထည္ေလး။ လက္ေခ်ာင္းခ်င္းထပ္ကာ ယွက္သြယ္၍ တရႈံ႔ရႈံ႔နမ္းလိုက္တယ္။
ဂင္မ္ထယ္ရယ္ရဲ့ အရာရာဟာသိပ္လွတာပဲ။ေခါင္းအစ ေျခအဆံုး သိပ္လဲခ်စ္စရာေကာင္းလြန္းတယ္။

" ဒီလိုေလအကိုရယ္ မားနဲ႔ပါးက ကြၽန္ေတာ့္ကို ေက်နပ္ေနတာမဟုတ္ဘူး သူတို႔ကိုအၿမဲစိတ္ဒုကၡေတြပဲ ေပးေနခဲ့လို႔ ''

" အင္းေလ...အဲ့ေတာ့ဘယ္ေက်နပ္မလဲ အာ့....''

ရယ္က်ဲက်ဲနဲ႔ အတည္ေပါက္ ေျပာေနသူေလးရဲ့ ခါးကို အားအနည္းငယ္သံုး၍ ဖ်စ္ၫွစ္လိုက္သည္။

သူ႔ခါးကိုၫွစ္လို႔ ခြၽမ္ေရြ့လက္ကို ဖယ္ပစ္တာ ခ်က္ခ်င္း။

" ကိုယ့္ေယာက်ာ္းကို ျပန္ဖဲ့ေနတယ္ဟုတ္လား ''

" ခြၽမ္ေရြ့ေနာ္....''

ေယာက်ာ္း ဆိုတဲ့အသံုးအႏႈန္းၾကားတိုင္း အကို႔မ်က္ႏွာေလးက စေတာ္ဘယ္ရီသီး ေလးလိုနီနီရဲရဲေလး ျဖစ္လို႔သြားသည္။ ခုခ်ိန္ထိ
အကိုက က်င့္သားမရေသးတာ။ နီရဲေနတဲ့
နားရြက္ေလးကို သြားနဲ႔တိခနဲကိုက္ေတာ့ တြန႔္သြားတယ္။

" ကြၽန္ေတာ္ေျပာတာ နားေထာင္ပါဉီးဗ်ာ...''

" အြန္း...နားေထာင္ေနတယ္ ''

" အဲ့လိုမ်ိဳးမေက်နပ္ေနၾကေတာ့ သူတို႔ေခၚလို႔သြားရင္ အကို႔ကိုတစ္ခုခု ေနွာင့္ယွက္ၾကမွာ...အႏၲရာယ္ေပးၾကမွာစိုးတယ္ ''

" အဲ့လိုေတာ့ မလုပ္ေလာက္ပါဘူး ခြၽမ္ေရြ့ ရယ္ သူတို႔ကခြၽမ္ေရြ့ရဲ့ ပါးနဲ႔မားပဲဥစၥာ အကိုလဲသူတို႔ကို ေတြ့ခ်င္တယ္ ''

" အကိုမသိပါဘူး...''

ခြၽမ္ေရြ့ေခါင္းကို ကုတ္ကာ တစ္ဖက္ကိုမ်က္ႏွာလွၫ့္ထားလိုက္သည္။ ပါးနဲ႔မားက ခ်စ္ရင္လဲအရမ္းခ်စ္သလို မုန္းရင္လဲအရမ္းမုန္းတတ္သည္။ ခြၽမ္ေရြ့ကို အလိုလိုက္ခဲ့တုန္းကလဲ သူတို႔က ခြၽမ္ေရြ့ လက္ၫွိုးၫႊန္ရာ ေရျဖစ္ေစခဲ့တာပင္။ ခြၽမ္ေရြ့သူတို႔ကိုထားခဲ့ကာ ဘာမေျပာညာမေျပာထြက္လာတာသိေတာ့လဲ အရမ္းကိုေဒါသထြက္ေနခဲ့ၾကမွာပဲ။ ေတာ္ရံုနဲ႔စိတ္ေျပ ႏိုင္ေသးမွာေတာ့မဟုတ္ဘူး။

ကိုယ့္ကို ဘာလုပ္လုပ္ ပါးနဲ႔မားပဲဆိုၿပီး ၿငိမ္ခံႏိုင္ေပမယ့္ သူခ်စ္တဲ့အကို႔ကိုေတာ့ စကားေလးတစ္ခြန္းနဲ႔ေတာင္ ထိပါးတာမ်ိဳး လက္မခံႏိုင္ဘူး။

" ခြၽမ္ေရြ့ ''

ခြၽမ္ေရြ့ရဲ့မ်က္ႏွာကို အကိုကလက္ဖဝါးေလးႏွစ္ဖက္ၾကား ၫွပ္ကာ သူ႔ဘက္လွၫ့္ေစ သည္။

" ခြၽမ္ေရြ့ ရဲ့ပါးနဲ႔မားက ခြၽမ္ေရြ့ကို အရမ္းခ်စ္ပါတယ္...ဘယ္ေလာက္ထိခ်စ္ၾကလဲဆိုတာကို အကိုကိုယ္တိုင္မ်က္ျမင္ေတြ့ခဲ့ဖူးတာပဲမဟုတ္လား အဲ့ဒီအခ်ိန္ေတြတုန္းက ရင္နာစရာေကာင္းခဲ့ေပမယ့္ ခြၽမ္ေရြ့ကို သူတို႔က အရမ္းခ်စ္ၾကပါတယ္ ''

" အကို...''

ရင္နာစရာ ဆိုတဲ့စကားလံုးဟာ ခြၽမ္ေရြ့ရဲ့
အတၲေတြေၾကာင့္ ျဖစ္တည္လာေတြပါပဲ။
ေပါင္ေပၚက အကို႔ရဲ့ခါးေလးကို သိုင္းဖက္ကာ အကို႔ရဲ့ ရင္ခြင္ေလးထဲ တိုးဝင္လိုက္သည္။ ခြၽမ္ေရြ့ရဲ့ ဆံႏြယ္ဝါေတြအား အကိုကပြတ္သပ္ေပးလာ၏။

" အတူတူသြားၾကမလား ခြၽမ္း...''

ေဝ့ဝဲေနတဲ့ မ်က္ရည္စေတြက အကို႔ရဲ့
ခြၽမ္း...ဆိုတဲ့ေခၚသံေလးမွာ တလိမ့္လိမ့္က်ဆင္းေတာ့သည္။

" အင္း အတူတူသြားၾကမယ္အကို ''

ခြၽမ္ေရြ့ရဲ့ မ်က္ရည္တစ္ခ်ိဳ႕ကို လက္ေလးနဲ႔သုပ္ေပးလာတယ္။ လည္တိုင္ႏုႏုကို အနမ္းေပးေတာ့ ခြၽမ္ေရြ့ရင္ဘတ္ေတြကို လက္သီး ဆုပ္ေလးနဲ႔ ထုလာတယ္။

" လည္ပင္းကိုမနမ္းနဲ႔ ယားပါတယ္ဆို ''

" ဒါဆို တျခားေနရာနမ္းမယ္ေလ...''

" ခြၽမ္ေရြ့....ခဏေနဉီးလို႔ ေျပာစရာရိွေသးတယ္ ''

" ဘာေျပာမွာလဲ...''

" တရုတ္ျပည္မႀကီးကိုသြားမွာဆိုေတာ့ က်န္းေဟာင့္မွာစရာမ်ား ရိွလားလို႔ အကိုတို႔ဝင္ေမးၾကရေအာင္ေနာ္...''

" ေဟာင့္ေကာက သူ႔အဘြားနဲ႔ကိစၥျပတ္သြားၿပီမဟုတ္ဘူးလား...''

" ဘာျဖစ္ျဖစ္ေလ...သူလဲသူ႔ေမြးရပ္ဇာတိကိုလြမ္းမွာပဲ...ဖူက်န႔္ထြက္ေဒသအစားအစာေတြမ်ား ဝယ္ဉီးမလားလို႔ သူက မေပါ့မပါးႀကီးနဲ႔ဆိုေတာ့ မသြားႏိုင္မလာႏိုင္ဘူးမဟုတ္လား ''

" ဟုတ္ပါၿပီ အကို႔သေဘာ...ဒါဆိုကြၽန္ေတာ္
မားတို႔ကို လာခဲ့မယ္လို႔ေျပာလိုက္မယ္ေနာ္ ''

" အြန္း..ေျပာလိုက္ေတာ့ ''

________________

ဟာအိုႏိုးေတာ့ ကုတင္တစ္ဖက္ျခမ္းကို လက္နဲ႔အရင္စမ္းမိတယ္။ ကိုယ္ေငြ့အနည္းငယ္သာက်န္ေနတဲ့ အိပ္ယာေၾကာင့္ စိတ္သက္
သာရာရသည္။ မ်က္လံုးေတြကို လက္ခံုနဲ႔ခပ္
ျပင္းျပင္းပြတ္မိတယ္။ ဒါေတာင္ မ်က္ခြံေတြယားတာ မသက္သာေသးဘူး။ လက္နဲ႔တရစပ္ပြတ္တိုက္ေနမိတယ္။

" ေဟး...အရမ္းေတြပြတ္မေနနဲ႔ေလ...''

ဟာအို႔လက္ေလးႏွစ္ဖက္ကို စုထိန္းကိုင္ကာ
ေမာင္ကတားသည္။ မေန့ကစကားတစ္ခြန္း
မေျပာသူက လာဂရုစိုက္ေန၍ အူေၾကာင္
ေၾကာင္ေတာ့ျဖစ္ေနတယ္။

" ထေတာ့ မ်က္ႏွာသစ္သြားတိုက္ မေန့ကေရမခ်ိဳးဘူးမလား ခ်ိဳးေပးမယ္ ''

ဂရုစိုက္ေနပံုရိွေပမယ့္ မ်က္ႏွာထားက တည္တင္းလ်က္။ ဘာလဲဒါက စိတ္ေကာက္နည္း
အသစ္လား။ ဟာအို႔လက္ေမာင္းတစ္ဖက္ကို
မ,ကာ ဗိုက္ကိုလဲ ဟန္ဘင္းကထိန္းကိုင္ေပးသည္။ ေရခ်ိဳးခန္းထဲေရာက္ေတာ့ သြားတိုက္ေဆးကို သူကိုယ္တိုင္ သြားပြတ္တံထဲ ၫွစ္ထၫ့္ေပးတယ္။ ေန့စဉ္လုပ္ေပးေနက် အေလ့အက်င့္တစ္ခုလို ျဖစ္ေန၍ ဘာမွမေျပာေတာ့ပါ။

သြားတိုက္ေနတာကို ေရခ်ိဳးခန္းတံခါးေဘာင္ကို လက္ပိုက္ကာ မွီထားၿပီး ၾကၫ့္ေနတယ္။
သြားတိုက္ရင္း မ်က္လံုးပုတ္ခတ္ ပုတ္ခတ္လုပ္ကာၾကၫ့္ေတာ့ လူသတ္ေတာ့မလိုအ
ၾကၫ့္နဲ႔ ျပန္ၾကၫ့္ေနတယ္။ သြားတိုက္ျခင္းအမႈအၿပီး မ်က္ႏွာသစ္မယ္ဆိုေတာ့ ေဘစင္ဆီ ခါးကိုင္းမရဘူးျဖစ္ေနသည္။ ရသေလာက္ ကိုယ္ကိုကိုင္းခ်ေတာ့ ေမာင္က
ရင္ဘတ္ကို လက္နဲ႔ထိန္းကာ ျပန္မတ္ေစတယ္။

" ေရခ်ိဳးမွ တစ္ခါထဲသစ္ ''

" သြားတိုက္ၿပီးတာနဲ႔ မ်က္ႏွာသစ္ခ်င္တာ ''

" အရစ္ရွည္လိုက္တာ ''

" အရစ္ရွည္တယ္ထင္ရင္ မလုပ္ေပးနဲ႔သြား ''

ဟုတ္တယ္ ခုကဂရုစိုက္ေနတာလား၊ ဝတၲရားအရ မသက္သာလို႔ လုပ္ေပးေနတာလားမသဲကြဲဘူး။ မ်က္ႏွာႀကီးက အဲ့လိုစူပုတ္ေနေတာ့ ဘယ္လိုစိတ္နဲ႔ ဟာအိုက သူလုပ္ေပးတာ ဆက္ၿပီးဒီတိုင္း ၿငိမ္ခံရမလဲ။

" ေမာင္ကုမၸဏီသြားရဉီးမွာ..ေရခ်ိဳးၿပီးမနက္စာအျမန္စားၾကရေအာင္ကြာ...''

စိတ္အလိုမက်ေနမွန္းသိေပမယ့္ ေလေျပေအးေလးနဲ႔ ေျပာလာေတာ့လဲ သူေျပာသလိုသာ လုပ္ရတယ္။

တီရွပ္အပြကို သူကိုယ္တိုင္ ခြၽတ္ေပးတယ္။
ခ်ည္သားေဘာင္းဘီရွည္ကိုလဲ သူပဲခြၽတ္ေပးသည္။ အိမ္ထဲမွာပဲေနတာမို႔ ဟာအိုboxerလဲမဝတ္ျဖစ္ပါ။ စိတ္က်ဉ္းက်ပ္တာေၾကာင့္လဲပါသည္။ ပူေဖာင္းေနတဲ့ ဗိုက္ေလးနဲ႔ ဟာအိုကအရမ္းလိုက္ဖက္တယ္။ ဒီဗိုက္​ေလးထဲမွာ ကေလးေလးေတြကို ထၫ့္လြယ္ထားရတာ သိပ္ပင္ပန္းမွာပဲ။ ျဖစ္ႏိုင္ရင္ဟန္ဘင္းသာ ဟာအို႔အစား ကိုယ္ဝန္လြယ္ေပးလိုက္ခ်င္တယ္။ Male pregnant ေတြေပါမ်ားလြန္းတဲ့အထဲ ဟာအိုကလဲ တစ္ေယာက္အပါအဝင္။

ဟာအို႔ရဲ့ ခ်ယ္ရီသီးေလးေတြက ပံုမွန္ထက္ နီရဲၿပီး စူေနသည္။ ဟန္ဘင္းေရ ငတ္သလို အာေခါင္ေတြေျခာက္လာတယ္။ ရင္ထဲမွာတေငြ့ေငြ ပူေလာင္ေနတာေၾကာင့္ တံေတြးကိုၿမိဳခ်လိုက္ရတယ္။ ျဖဴေဖြးဥအက္ေနတဲ့ အသားအရည္ေလးက အခ်ိန္တိုင္း ရေနတဲ့ ႏို႔နံ႔ေရာေနတဲ့ ကိုယ္သင္းနံ႔ေလးေၾကာင့္ စိတ္အရိုင္းေတြက ဝင္ခ်င္သလို ထြက္ခ်င္သလိုျဖစ္ေနတယ္။ ေယာက်ာ္းမာနနဲ႔ ဒီဟာေလးကို အေလ်ွာ့လဲမေပးခ်င္။ ကိုယ္မွမလုပ္ေပးရင္ တစ္ေယာက္ထဲမျဖစ္တာေလးေၾကာင့္ အစစအရာရာ ဥပၸခါျပဳထားဖို႔ကလဲ မျဖစ္ေသးပါ။

Bathtubနားသို႔ သူ႔ဘာသာသြားၿပီး ေျခေထာက္တစ္ဖက္ကို ကန္ထဲေျခခ်ေနသည္။ တုန္တက္သြားကာ ေျခေထာက္ကိုကန္ထဲမွ အျမန္ျပန္ထုတ္တယ္။

" ေအးလိုက္တာ....အိစ္...အရင္လိုေရႏြေးကိုေတာင္ေသခ်ာ မစပ္ႏိုင္ေလာက္ေအာင္ ငါ့ကို
စိတ္ကုန္ေနတယ္ေပါ့ေလ ဟုတ္လား ေဆာင္းဟန္ဘင္း ''

" မင္းကေရခ်ိဳးဖို႔ကိုၾကာေနတာေလ ေရကျပန္ေအးၿပီေပါ့ ဖယ္..ျပန္စပ္ေပးမယ္ ''

သူ႔ကိုစိတ္ကုန္တယ္တဲ့ ဘယ္လိုေျပာထြက္တာလဲမသိဘူး။ ေအာက္ႏႈတ္ခမ္းကို ေရ႔ွထုတ္ၿပီး ဟန္ဘင္းကိုမ်က္ေစာင္းခ်ိတ္ကာ
ပြစိပြစိနဲ႔ သူမၾကားေအာင္ အတင္းအုပ္ေနတယ္။

" ရၿပီ... ''

ကန္ထဲကို တစ္ခါထဲဝင္ထိုင္တယ္။ ခုမွေနသာထိုင္သာရိွသလို မ်က္ႏွာေပးေလးနဲ႔။
ဟာအို႔ရင္ဘတ္ေတြေရာ ေက်ာျပင္ေတြေရာ
ေနရာလပ္မက်န္ေအာင္ ႏို႔ဆပ္ျပာနဲ႔ ေသခ်ာတိုက္ခြၽတ္ေပးလိုက္တယ္။ ဟန္ဘင္းမ်က္ႏွာက တည္ထားေတာ့ က်န္းဟာအိုတို႔ တ​ေျဖး
ေျဖးငိုမဲ့မဲ့ျဖစ္လာတယ္။

ဗိုက္လံုးလံုးကို စက္ဝိုင္းဝိုင္းသလို တိုက္ေပးေတာ့ တခိခိနဲ႔ ရယ္ေနျပန္ေသးသည္။ အမ်ိဳးမ်ိဳးလဲ တတ္ႏိုင္တယ္။ မ်က္ႏွာသစ္ ဆပ္ျပာကို လက္ဖဝါးထဲထၫ့္ကာ မ်က္ႏွာျဖဴေသး ေသးေလးအား သစ္ေပးလိုက္တယ္။
ၾကည္လင္ေနတဲ့ အသားအရည္ရိွသူက ဆပ္ျပာျမႇဳပ္ေတြၾကား တစ္စစ ေပၚေနတဲ့ေပါင္တံေလးေတြအထိ ၾကည္လင္သန႔္ရွင္းေန၏။

ကိုယ္တိုက္ဆပ္ျပာနဲ႔ ေပါင္တံသြယ္သြယ္ေတြကို တိုက္ခြၽတ္ေပးဖို႔ျပင္တုန္းရိွေသး သူက Bathtub ေဘာင္ေပၚသို႔ ေျခေထာက္ေတြကို တင္ကာ ဟန္ဘင္းအား မ်က္ခံုးတစ္ခ်က္
ပင့္၍ ကလူက်ီစယ္သလို ၾကၫ့္ေနသည္။
ေရစက္ေတြနဲ႔ ဆပ္ျပာျမႇဳပ္ေတြ ကပ္ၿငိေနတဲ့
ေပါင္တံရဲ့အလွဟာ ေခ်ာမြတ္ေန၍ ၫွို႔အားျပင္းလြန္းသည္။ ဟန္ဘင္းမ်က္ႏွာကိုေရစက္ေတြနဲ႔ ေတာက္ေနတာေၾကာင့္ လက္ေတြကိုထိန္းခ်ဳပ္လိုက္ရတယ္။

" ဘာျဖစ္ခ်င္ေနတာလဲ ''

" ေမာင္ကေရာ ဘာျဖစ္ခ်င္ေနတာလဲ ''

" ဘာလို႔ျပန္ေမးေနတာလဲ ကြ ''

" တစ္ခ်ိန္လံုး အဲ့မ်က္ႏွာႀကီးက ဘာလို႔စူပုပ္ေနလဲေျပာ ''

" အျမန္ခ်ိဳးရေအာင္ အေအးပတ္မယ္ ''

ေမးတာကို ျပန္မေျဖဘဲ ေရအျမန္ခ်ိဳးေပးကာ ေရခ်ိဳးခန္းထဲမွ ေပြ့ခ်ီ၍ေခၚထုတ္ေလသည္။ အက်ႌဝတ္ေပးေနသူရဲ့ ရင္ဘတ္ကို
လက္ၫွိုးနဲ႔လက္မကို သံုးၿပီးကူးလူးေဆာ့ကစားေနလိုက္တယ္။ သက္ပ်င္းေငြ့ခ်လိုက္တာ ဟာအို႔မ်က္ႏွာကိုေတာင္ လာရိုက္ခတ္ေစသည္အထိ။

" ဗိုက္ႀကီးသည္က အၿငိမ္မေနပါလားကြာ..''

" အဲ့လိုဗိုက္ႀကီးေအာင္ ဘယ္သူလုပ္ထား
တာမို႔လဲ ''

" ေမာင္လုပ္ထားတာေလ ''

" ေမာင္လုပ္ထားရင္ ေမာင္တာဝန္ယူေပါ့ ''

" လုပ္ထားလို႔လဲ တာဝန္ယူေနတာပဲေလ ''

" လုပ္ထားၿပီးတာဝန္မယူတာလဲ ရိွခဲ့တယ္ေလ ''

စကားေတြက တေျဖးေျဖးနဲ႔ အရင္အခ်ိန္တစ္ခုဆီ ေရာက္လို႔ေနၿပီ။ ဟန္ဘင္းမ်က္ေမွာက္ႀကံဳ႔ကာ ၾကၫ့္လိုက္တယ္။

" လုပ္ထားမွန္းသိမွ မသိလိုက္တာ ''

" လူမွန္းမသိေအာင္မူးရူးေနမွေတာ့ လုပ္ထားမွန္းဘယ္သိမလဲ ''

" အဲ့လိုမသိေအာင္လုပ္တာဘယ္သူမို႔လဲ ''

ေျပာရင္းဇာတ္လမ္းကရွည္ကာ ရႈပ္ေထြးလာသည္။

" မသက္သာလို႔ အဲ့လိုလုပ္ရတာေလ ''

" အဲ့လိုမသက္သာေအာင္ ဘယ္သူကလုပ္တာလဲဆိုတာလဲ ေျပာပါဉီး...''

" အဘြား....အဲ ''

ဟန္ဘင္းလိုခ်င္တဲ့ စကားတည္ေနရာကိုေရာက္ေတာ့ ႏႈတ္ခမ္းေတြ တြန႔္ေကြးသည္အထိ ၿပံဳးလိုက္မိတယ္။ ဟာအိုကေျပာလက္စကိုရပ္ကာ သူ႔ပါးစပ္ကိုလက္နဲ႔အုပ္လိုက္တယ္။ ဒီေနရာေရာက္ေအာင္ ေဆာင္းဟန္ဘင္းက စကားလံုးနဲ႔ မ်ွားေခၚေနတာ။
ဟာအိုေခါင္းေလး ငံု႔သြားရတယ္။ ေမာင္ကသူ႔ကို တရားခ်ေတာ့မွာေလ။

" အဘြားေၾကာင့္ဆိုတာသိတယ္မဟုတ္လား ဟာအို႔ကိုသူ႔အက်ိဳးအတြက္နဲ႔ အသံုးခ်တာကိုလဲသိတယ္မဟုတ္လား...သူ႔အက်ိဳးလဲမျဖစ္ထြန္းေရာ ဟာအို႔ကိုအေမြေတာင္ျဖတ္ပစ္လိုက္ေသးတယ္ေလ...မွတ္မိတယ္မဟုတ္လား...ဟင္ ေျပာပါဉီး ''

" ဒါ...ဒါေပမယ့္...အဘြားကငါ့ရဲ့ ''

" သူမကဟာအို႔ အဘြားဆိုတာကိုေမာင္သိတယ္...ဟာအို႔အေနနဲ႔ အဘြားကိုစိတ္ပူတာကိုနားလည္တယ္ အျပစ္မျမင္ရက္တာကိုလဲ ေမာ​င္ နားလည္ေပးႏိုင္တယ္...ဒါေပမယ့္ ေမာင္ကဟာအို႔ေယာက်ာ္းေလ...''

မ်က္လံုးေလးဝင့္ၾကၫ့္ေနသူရဲ့နဖူးေလးကို
လက္နဲ႔ဖြဖြေတာက္လိုက္တယ္။

" ေမာင္ေရာ ဟာအို႔ကိုစိတ္မပူရဘူးလား ဗိုက္ထဲမွာ ကေလးကလဲရိွေနတာကို အဲ့လိုစိတ္လိုက္မာန္ပါနဲ႔ သြားခ်င္လာခ်င္လို႔မရဘူးေလ...ဟာအိုကသြားပါၿပီတဲ့...ဟာအို႔အဘြားက မဟုတ္မမွန္ဘဲ တမင္လီဆယ္ၿပီးေခၚတာဆိုဘယ္လိုလုပ္မလဲ ''

" အဘြားက တကယ္ေနမေကာင္းေနတာ ''

ဟာအို႔အသံေလးက သိမ္ဝင္သြားသည္။ ေမာင္ကသူ႔အတြက္ ေတြးေပးတာသိေပမယ့္လဲ တစ္ဖက္က အဘြားျဖစ္ေနေတာ့ စိတ္ကမျပတ္ႏိုင္ပါ။ ငိုခ်င္ရက္လက္တို႔ဆိုသလို တအီအီနဲ႔ ရိႈက္ငိုေတာ့ ဟန္ဘင္းသူ႔ရင္ခြင္ထဲဆြဲသိမ္းကာ ဖက္ထားမိတယ္။

" ခုမွေရခ်ိဳးထားတာ မ်က္ရည္ေတြနဲ႔
ေပသလူးေနေတာ့မွာပဲကြာ...မငိုပါနဲ႔အခ်စ္ရဲ့ ''

" ငါသြားခ်င္လိုက္တာ ေမာင္ရယ္...''

" စိတ္ကိုၿငိမ္ေအာင္ထား ၿပီးရင္ မနက္စာစားဖို႔ထြက္ခဲ့ေနာ္ ေမာင္သားကိုႏိႈးၿပီး ထမင္းစားခန္းမွာ ေစာင့္ေနမယ္ ''

ခ်စ္ရသူေလးကို ကုတင္ေပၚထိုင္ေစကာ
သားအခန္းဘက္သို႔ ဟန္ဘင္းထြက္လာလိုက္သည္။ ဟာအို႔အျမင္မွာ လူဆိုးႀကီးျဖစ္ေနမလား မသိေပမယ့္ သူလဲအတတ္ႏိုင္ဆံုး
သူ႔အမ်ိဳးသားငယ္ေလးအား စိတ္ပူစိုးရိမ္ရတာမ်ိဳး မရိွဘဲေနခ်င္သည္။

________________

~ ဟယ္လို ေဟာင့္ေကာ...~

~ ခြၽမ္ေရြ့လား? ~

~ ဟုတ္တယ္...ကြၽန္ေတာ္တို႔အတြဲ ေကာတို႔အိမ္ကိုလာမလို႔ ~

~ လာခဲ့ေလ...ငါလဲအရမ္းပ်င္းေနတာ ~

~ အိုေက..ကြၽန္ေတာ္တို႔ ခဏေနေရာက္မယ္ ~

ဟာအိုယခုမွ စိတ္ၾကည္သြားေတာ့တယ္။
သားသားက ေဘးအိမ္ကကေလးနဲ႔ အရမ္းခင္သြားထဲက အဲ့ဘက္အိမ္သာ သြားေဆာ့ေနေတာ့တာ။ သားက ကေလးဆိုေတာ့ အေပါင္းအသင္းမက္တာ သဘာဝပဲ။ ဟာအို
ပ်င္းေပမယ့္လဲ သားေဆာ့ခ်င္ေနရင္လႊတ္ရတာပဲ။ ေမာင္ကလဲကုမၸဏီမွာသာ အခ်ိန္ကုန္ေနတယ္။ တစ္ေန့လံုးမွ ေတြ့ခ်ိန္ကငါးနာရီေတာင္မျပၫ့္။ သူျပန္လာရင္လဲ ဟာအိုအိပ္ေပ်ာ္ေနတာက မ်ားသည္။

ၿခံေရ႔ွက လူေခၚဘဲလ္သံေၾကာင့္ ဗိုက္ကိုအသာပင့္မ,ကာ သြားလိုက္တယ္။

ထယ္ရယ္က ဗိုက္ေလးနဲ႔ ေဖာင္းေဖာင္းေလးျဖစ္ေနတဲ့ က်န္းေဟာင့္ကို ၾကၫ့္ၿပီးၿပံဳးလိုက္သည္။ တစ္ခါတစ္ေလ ထယ္ရယ္သိမ္ငယ္စိတ္မဝင္ဘူး ဆိုလိမ္ရာက်မွာပဲ။ ထယ္ရယ္လဲခြၽမ္ေရြ့အတြက္ ခုလိုကေလးေလး ေမြးေပးႏိုင္ရင္သိပ္ေကာင္းမွာပဲ။

" က်န္းေဟာင့္အတြက္ ေဒါက္တာကိုေမးၿပီး
အားေဆးေတြနဲ႔ အသီးေတြဝယ္လာခဲ့တယ္ ''

လက္ထဲက အထုတ္ေတြကို မႏိုင္မနင္းသယ္ခ်င္ေနတဲ့ က်န္းေဟာင့္ေၾကာင့္ ခြၽမ္ေရြ့ကပဲ
ျပန္ယူကာသယ္ေပးရတယ္။

" ဝယ္လာေပးလို႔ ေက်းဇူးပဲဟီး..''

" ႏူလ္ဘင္းေလးေရာ....''

" ဟိုဘက္အိမ္မွာ ကစားေနတယ္ ''

" အေဖကိုပစ္ၿပီး သူကသြားေဆာ့ေနတာေပါ့ေလ..သူ႔အတြက္ဝယ္လာတဲ့ကားေပၚက အရုပ္ေတြ မေပးေတာ့ဘူး ၾကၫ့္ေန ''

" ဟားဟား ထမင္းစားခ်ိန္က်ေရာက္လာ
လိမ့္မယ္...မင္းတူက သူမ်ားအိမ္သာသြားေဆာ့တာ..အဲ့အိမ္ကေကြၽးတာဆို ဘာမွမစားဘူး...''

ကိုယ္ဝန္သည္ လကၡဏာေလးေတြနဲ႔ ဟာအိုကဖက္ထုပ္လံုးေလးပင္။ ေျခဖမိုး၊ လက္ဖမိုးေလးေတြက ေဖာင္းအစ္ေနသလို မ်က္ခြံေလးေတြကလဲ မို႔အစ္ေနေသးသည္။ ထယ္ရယ္ခြဲေပးထားတဲ့ အသီးေတြကို တၿမံဳ႔ၿမံဳ႔နဲ႔ထိုင္စားလိုက္ စကားေတြေျပာလိုက္ႏွင့္ အရမ္းကိုျမဴးေနေတာ့သည္။

" ေကာက ပ်င္းေနတယ္ေျပာတုန္းကေတာင္ဒီေလာက္မထင္ဘူး...စကားေတြေျပာလိုက္တာဆိုတာ ကြၽန္ေတာ္ေတာင္နားမခံႏိုင္ေတာ့ဘူး...''

'' ငါတကယ္ပ်င္းေနတာ...ေမာင္ကတစ္ခ်ိန္လံုးကုမၸဏီမွာႀကီးပဲေလ...ဒါနဲ႔မင္းနဲ႔စပ္တူလုပ္မယ္ဆိုတဲ့ အလုပ္ေရာစေနၾကၿပီလား ''

'' မစေသးပါဘူး အရင္းအႏွီးမ်ားလို႔ အခ်ိန္ယူေနရေသးတာ...''

" ဒါဆိုသူက ဘာအလုပ္ေတြရႈပ္ေနတာလဲမသိဘူး...အၿမဲတမ္းအလုပ္ပံုထဲ ေခါင္းစိုက္ေနတာဟြန႔္....''

" ေနပါဉီးဗ်ာ...ေကာ ေလပစ္ေနတာနဲ႔ ကြၽန္ေတာ္ တို႔လာရင္းကိစၥေတာင္ ေမ့ေနၿပီ ''

" ဟမ္...ငါ့ဆီလာတာ ကိစၥရိွေသးတာလား ''

" ကိစၥရယ္လို႔ေတာ့မဟုတ္ပါဘူး ကြၽန္ေတာ္နဲ႔အကို ရွန္ဟိုင္းကိုသြားရမယ္ ''

" ရွန္ဟိုင္းကို...? ဘာသြားလုပ္ၾကမွာလဲ ''

" ပါးနဲ႔မားက ေခၚေနတာအဲ့ေၾကာင့္သြားရမွာ...''

ခြၽမ္ေရြ့ရဲ့ အေျပာမွာ ပန္းသီးစိတ္ေလးကို ကိုက္ေနရင္း ဟာအိုၿငိမ္က်သြားသည္။

" ေဟာင့္ေကာ ဘာျဖစ္လို႔လဲ ''

" ငါ့ကိုလဲ အဘြားေတာ္ကေခၚေနတယ္...
အဲ့ကိစၥေၾကာင့္ပဲ ေမာင္နဲ႔ငါျပႆနာတက္ၾကေသးတယ္...ေမာင္ကအဘြားဆီမလႊတ္ဘူး ''

ထယ္ရယ္နဲ႔ ခြၽမ္ေရြ့တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကၫ့္လိုက္မိတယ္။

" ေကာက အဘြားေတာ္ကိုေတြ့ခ်င္လို႔လား ''

" ေတြ့ခ်င္တာေပါ့ ခြၽမ္ေရြ့ရဲ့...ဘာေႂတြဖစ္ခဲ့ျဖစ္ခဲ့ သူကငါ့အဘြားပဲေလ ၿပီးေတာ့ အခု
အဘြားက က်န္းမာေရးမေကာင္းဘူး... ေနာက္ဆံုးအခ်ိန္ေတာင္ ေရာက္ခါနီးေနၿပီထင္တယ္ ဟင့္...''

ေျပာရင္း ရိႈက္ႀကီးတငင္ငိုေနတဲ့ ဟာအို႔ကို
ထယ္ရယ္က လက္ကိုဆုပ္ကိုင္၍ ႏွစ္သိမ့္ေပးသည္။

" မငိုပါနဲ႔ေကာရ မဟုတ္ရင္ ဗိုက္ထဲကေလးေမြးလာရင္ မ်က္လံုးျပဴးေနလိမ့္မယ္ ''

" ေနပါ ေပါေၾကာင္ေၾကာင္နဲ႔ ''

အငိုတိတ္သြားေတာ့လဲ ခ်က္ခ်င္းပင္။

" စိတ္မပူပါနဲ႔ေကာရယ္ ကြၽန္ေတာ္တို႔ ဖူက်န႔္ကိုပါဝင္မွာ...အဘြားေတာ္ရဲ့က်န္းမာေရးအေျခအေနကိုလဲ ၾကၫ့္ခဲ့ေပးမယ္..ေကာသူမကို ဘာေတြေျပာခ်င္လဲ ကြၽန္ေတာ္တို႔ကိုတစ္ခါထဲမွာလိုက္မလား ''

ျပတင္းေပါက္ဘက္ကို ခပ္ေတြေတြေငးေနတဲ့ ဟာအိုက ရင္ထဲမွာေျပာစရာ စကားေတြနဲ႔
ျပၫ့္ႏွက္ေနတယ္။

" ေဆာင္းဟန္ဘင္းမွာလဲ က်န္းေဟာင့္အတြက္စဉ္းစားစရာေတြမ်ားေနမွာပဲ...ဗိုက္ထဲမွာလဲ ကေလးရိွေနေတာ့ စိတ္မခ်တာလဲပါမွာ...''

" ငါေမာင့္ကိုစိတ္မဆိုးပါဘူး..ထယ္ရယ္ ''

ဗိုက္ကိုပင့္ကာ ထေတာ့မၫ့္သူကို အေနာက္ကေန ထယ္ရယ္နဲ႔ ခြၽမ္ေရြ့လိုက္ထိန္းေနရတယ္။ သူ႔အခန္းထဲဝင္သြားကာ တစ္ေအာင့္ေနေတာ့ ျပန္ထြက္လာသည္။

" ေရာ့...ဒါေလးအဘြားကို ေပး ေပးပါ ''

ဓာတ္ပံုေလးႏွစ္ပံုျဖစ္သည္။ တစ္ပံုက သားေလး လသားအရြယ္က ၿမိဳ႔ျပင္ကရြာေလးမွာအတူေနခဲ့စဉ္က ဟာအို႔ကိုယ္ပိုင္ၿခံေလးထဲတြင္ ဟာအိုကသားေလးကိုေပြ့ခ်ီ ထားၿပီး ရိုက္ခဲ့တဲ့ပံုေလးျဖစ္သည္။ ေနာက္တစ္ပံုက ဟာအိုရယ္၊ ေမာင္ရယ္၊ သားေလးရယ္ ၾကည္ႏူးမႈေတြ၊ ေနြးေထြးမႈေတြ လႊမ္းၿခံဳ၍ ရိုက္ထားတဲ့ မိသားစုဓာတ္ပံုေလးျဖစ္သည္။

ခြၽမ္ေရြ့ထို ဓာတ္ပံုႏွစ္ပံုအား ၾကၫ့္ရင္းၿပံဳးမိသည္။ အဓိက ျပႆနာရဲ့အစဟာ သူမဟုတ္လား။ အခ်ိန္ေတြေတာင္ ဒီေလာက္ၾကာသြားခဲ့ၿပီပဲ။ ကိုယ့္ကိုကိုယ္ အျပစ္ရိွတဲ့စိတ္ေတြက ဒီတစ္သက္ေဖ်ာက္လို႔ရမယ္မထင္ေတာ့ဘူး။

" ေသခ်ာေပါက္ ေပးေပးပါ့မယ္...ေျပာစရာစကားေရာရိွေသးလား ''

" ငါအမ်ားႀကီး အဆင္​ေျပေနပါၿပီလို႔...မလာႏိုင္တဲ့အတြက္...ေတာင္း...ေတာင္းပန္ပါတယ္လို႔...ဟင့္...''

ဟာအို႔ကိုႏွစ္သိမ့္ေပးရင္း ညေနေစာင္းမွ ခြၽမ္ေရြ့တို႔ ျပန္ျဖစ္ၾကသည္။ ဟန္ဘင္းကိုေစာင့္ကာႏႈတ္ဆက္ခ်င္ေပမယ့္လဲ မနက္ျဖန္သြားဖို႔ျပင္ဆင္ရဉီးမွာဆိုေတာ့ အခ်ိန္ကမရိွေပ။

" ပါပါး...''

" ဟင္..သားသားေျပာ ''

" ဘာလို႔ငိုေနတာလဲဟင္...ဗိုက္ဗိုက္နာလို႔လား ''

" မဟုတ္ပါဘူး သားရဲ့ ''

" ဒယ္ဒီကေျပာတယ္ ပါပါးဗိုက္ဗိုက္
နာလို႔ငိုရင္ဒယ္ဒီ့ကိုဖုန္းဆက္ရမယ္ဆိုလို႔ ''

" မနာပါဘူးသားရယ္..ပါပါးရဲ့အဘြားကိုသတိရလို႔ပါ ''

" အဘြား...ဟုတ္လား ''

အဘြားဆိုတဲ့ စကားေၾကာင့္ သားကအထူးအဆန္းျဖစ္ေနသည္။ ေမာင့္ေၾကာင့္
ဟာအို႔အဘြားအေၾကာင္း သားေလးကိုမေျပာျပျဖစ္ပါ။ တစ္ခ်ိန္ကေမာင္ဟာ ဟာအို႔အားအရာအားလံုးနဲ႔ အဆက္ျဖတ္ေစသည္။
ယခုလို ေလေျပေအးနဲ႔ ေျဖာင္းဖ်တာမ်ိဳးမဟုတ္ဘဲ ယတိျပတ္ကို ျဖတ္ေစတာပင္။

" ဟုတ္တယ္သားရဲ့ ပါပါးရဲ့အဘြား က်န္းေမ့ဆိုတာရိွတယ္ ''

" ဘြားဘြားက ပါပါးလိုလွလား ''

" လွတာေပါ့ အရပ္လဲျမင့္တယ္ ''

" သားသားေတြ့ခ်င္တယ္ ''

" ေနာက္ေတာ့ေတြ့ရမွာေပါ့ သားရယ္ ''

ေနာက္ေတာ့ဆိုတာ မေသခ်ာဘူး။ ျဖစ္ႏိုင္ရင္
သားေလးနဲ႔အတူ တစ္ေခါက္ေလာက္သြားေတြ့ခ်င္မိတယ္။ ေသခ်ာေပါက္သားကိုေခၚၿပီး လာေတြ့မယ္လို႔ေျပာခဲ့တယ္မလားေလ။
ဟာအိုဂတိတည္ႏိုင္မွာမဟုတ္လား။

________________

" ဒီမွာေတြ့လား...ေခါင္းေလးႏွစ္ခု...''

Projector ေပၚမွာေတြ့ရတဲ့ အႁမြွာမွန္းသိသာေနတဲ့ကေလးႏွစ္ေယာက္ရဲ့ ေခါင္းလံုးလံုးေလးႏွစ္ခု။

" ၾကၫ့္ရသေလာက္ေတာ့ သားနဲ႔သမီး
အမႊာေလးပဲ....''

" သားနဲ႔သမီး...''

ဟန္ဘင္းမ်က္ႏွာကိုလက္နဲ႔အုပ္ကာ ငိုမိသည္။ ဟန္ဘင္းရဲ့ငိုရိႈက္သံေၾကာင့္ ဟာအိုကလဲမ်က္ရည္က်လာသည္။ ဟာအိုကသူ႔ဘဝ ထဲကို သားသားအျပင္ အမႊာေလးႏွစ္ေယာက္ကိုပါ ယူေဆာင္လာေပးတယ္။ ကုတင္ေပၚလွဲေနတဲ့ဟာအို႔ပါးေလးေတြကို ႏွာေခါင္းတို႔ႏွစ္ဝင္သည္အထိ နမ္းရိႈက္လိုက္တယ္။ ဟာအို႔ရဲ့ရွက္ၿပံဳးေလးက ဟန္ဘင္းကိုပို၍အသဲယားေစသည္။

" အဲ့တာေၾကာင့္ က်န္းဟာအိုရဲ့ ဗိုက္ကပံုမွန္ထက္ပိုၿပီး ႀကီးထြားေနတာပါ ''

ဟုတ္သည္ ငါးလဆိုၿပီးမထင္ရေအာင္ ဟာအို႔ဗိုက္က ပံုမွန္ထက္ပိုပူသည္။ ကေလးႏွစ္ေယာက္ကို တစ္ခ်ိန္ထဲလြယ္ထားရတာ။ ေတြးၾကၫ့္တာနဲ႔ေတာင္ ဟန္ဘင္း ဟာအို႔အစားစိတ္မေကာင္းျဖစ္ရတယ္။

" ကေလးေတြရဲ့ အေနအထားေရာမွန္ရဲ့လားေဒါက္တာ...''

" သမီးမိန္းကေလးကေတာ့ ေနရာတက်ရိွၿပီးမွန္ပါတယ္..သားေယာက်ာ္းေလးကေတာ့ေမြးလမ္းေၾကာင္းနဲ႔ ကန႔္လန႔္ျဖစ္ေနတယ္ ''

" ဗ်ာ...ဟို...အဆင္ေျပပါ့မလား ''

" လက ႏုေနေသးလို႔ေနမွာပါ...သိပ္ေတာ့စိတ္မပူပါနဲ႔...''

စိတ္မပူနဲ႔ဆိုေပမယ့္လဲ သားသမီးျဖစ္ေနေတာ့ ပူရတာပါပဲ။ နဖူးေပၚဝဲက်ေနတဲ့ ဆံႏြယ္ေလးေတြကို သပ္တင္ေပးလိုက္တယ္။

" အမ်ားႀကီးေက်းဇူးတင္ပါတယ္ ေမာင့္အခ်စ္ရယ္...''

" ေမာင့္အတြက္သမီး​ေလးေရာ သားေလးေရာ ငါကလြယ္ထားရတာေနာ္...ေမာင္ကငါ့ကိုအမ်ားႀကီး ပိုခ်စ္ေပးရမယ္ ''

" ဒီကေလးေလးကိုမွမခ်စ္ရင္ ေမာင္ကဘယ္သူ႔သြားခ်စ္ရမလဲ ေျပာပါဉီး ''

ေဒါက္တာတစ္ေယာက္ ေခ်ာင္းဟန႔္လိုက္မွ
ခ်စ္ၾကည္ႏူးေနတဲ့ စံုတြဲလဲ အရိပ္သံုးပါးနားလည္ရေကာင္းမွန္းသိေတာ့တယ္။

ေဆးရံုကအျပန္ သားကိုေက်ာင္းအပ္ေပးရမွာမို႔ ဟန္ဘင္းတို႔ တစ္ခါထဲ​ေခၚလာခဲ့တာေၾကာင့္ သားက OPDအျပင္ဘက္ခံုတန္းေလးမွာထိုင္ေစာင့္ေနတယ္။

ဟာအို႔လိုပဲ အမ်ိဳးသားကိုယ္ဝန္ေဆာင္သည္တစ္ေယာက္အနားမွာ ထိုင္ေနတဲ့သားက ထိုအမ်ိဳးသားအား စကားေတြေျပာေနသည္။
ထိုအမ်ိဳးသားရဲ့ မ်က္ႏွာထက္ အၿပံဳးပန္းေတြေဝေန၏။ သားရဲ့ တီတီတာတာစကားေလးေတြကို ၾကားရသူတိုင္း မၿပံဳးမရယ္ပဲ
ေနႏိုင္မွာမွ မဟုတ္တာ။

" သားသား...''

ဟန္ဘင္းသားကို ေခၚေတာ့သားေဘးနားက
ေကာင္ေလးကပါ ဟန္ဘင္းတို႔ဘက္လွၫ့္ၾကၫ့္လာတယ္။

" သား ဒယ္ဒီနဲ႔ပါပါး လာၿပီဉီးဉီး ''

" ဟုတ္လား ေျဖးေျဖးသြားေနာ္ ''

" ဒယ္ဒီ...''

သားက ဟန္ဘင္းဆန႔္တန္းထားတဲ့ လက္ထဲသို႔ခုန္ေပါက္ကာ ေျပးဝင္လာသည္။

" သားသားကေစာင့္ေနတာ ၾကာလွၿပီ...''

" အမယ္...အခုနက ဟိုဉီးဉီးနဲ႔ ေလေပါေနတာမဟုတ္ဘူးလား ေဆာင္းႏူလ္ဘင္း ကဲေျပာပါဉီး ဘာေတြသူမ်ားကို သြားရႈပ္ေနတာလဲ ''

" ရႈပ္တာဟုတ္ပါဝူး...ပါပါးရဲ့ အဲ့ဉီးဉီးက ပါပါးလိုပဲ ဗိုက္ဗိုက္နဲ႔...ၿပီးေတာ့ပါပါးလိုလဲဒယ္ဒီပါလာဝူး...''

သားေျပာခ်င္တာက ဟာအို႔လိုအမ်ိဳးသားပါမလာဘူးဆိုတာကိုပင္။ ေကာင္ေလးရဲ့ပံုစံက
ဟာအိုတို႔နဲ႔ မတိမ္းမယိမ္းေလာက္ပါပဲ။ မ်က္ႏွာေလးက ၫွိုးငယ္ေနရွာသည္။ တစ္ခ်က္တစ္ခ်က္ ဟာအို႔တို႔မိသားစုကိုၾကၫ့္ကာ အားက်သလိုေလးၿပံဳးရွာတယ္။ ဟာအိုတို႔လဲ ျပန္ၿပံဳးျပရင္း ေဆးရံုကျပန္ေတာ့မည္အျပဳ အသံနက္ႀကီးတစ္ခုကိုၾကားလိုက္ရတယ္။

" ေဆာ့မက္သ်ူး....!! "

" ဟင္...ကိုႀကီး ''

သူမ်ားအေရး မစပ္စုသင့္ေပမယ့္ ထိုေကာင္ေလးအား သနားစိတ္ေၾကာင့္ ေနရာမွာရပ္ၾကၫ့္ေနမိတယ္။ သူနာျပဳတစ္ခ်ိဳ႕နဲ႔ ဆရာဝန္ေတြအျပင္ ကိုယ္ဝန္ေဆာင္လူနာေတြကပါ
ကြက္ၾကၫ့္ ကြက္ၾကၫ့္ႏွင့္ပင္။ ေမာင္ကလဲဟာအိုၿငိမ္ၿပီး ၾကၫ့္ေနတာေၾကာင့္ အနားမွာသာ ရပ္ၿပီးေနေပးသည္။

ထိုလူဟာ အသိုင္းအဝိုင္းႀကီးတစ္ခုက ျဖစ္ႏိုင္တယ္။ အရိွန္အဝါဟာ ေငြရိွတိုင္းထင္တိုင္းႀကဲေနတတ္သူတစ္ေယာက္ႏွင့္တူသည္။ ထိုေကာင္ေလးအနားကို ေျခလွမ္းႀကဲေတြနဲ႔သြား၍ ထိုင္ေနသူရဲ့ပုခံုးေတြကိုလႈပ္ရမ္းပစ္တယ္။

" မင္းကငါ့ကို လူပံုအလယ္မွာ ေသာက္ရွက္ခြဲခဲ့တာေပါ့ေလ ဟုတ္လား..!! မင္းရဲ့ေသာက္ေရးမပါတဲ့ အဲ့ဗိုက္အတြက္တန္ရာတန္ေၾကးငါေပးၿပီးၿပီေလ မင္းမေက်နပ္ႏိုင္ေသးဘူးလား...ဟမ္!! "

" ကိုႀကီး...တိုး...တိုးတိုးေျပာပါ...''

" ဘာကိုအခုမွ တိုးတိုးေျပာပါလဲ? "

" ဒါက ေဆးရံုမို႔ပါ ကိုႀကီးရယ္ ''

" ဂင္မ္ဂ်ီအြန္းဆိုတဲ့ငါ့လို ၿမိဳ႔ေတာ္ဝန္ရဲ့သားကိုဘယ္ေကာင္က ဘာေျပာရဲမလဲ ေျပာစမ္းပါ !!''

ထိုေကာင္ေလးဟာ ေခါင္းကိုငံု႔၍ ငိုေနသည္။
ဟာအိုကိုယ္ခ်င္းစာတယ္။ ဒါသက္သက္ကိုယ္ဝန္သည္ကို ေစာ္ကားအႏိုင္က်င့္တာ။
ဘယ္ေလာက္ေတာင္ အားငယ္ေနလဲထိုေကာင္ေလးရဲ့ မ်က္ဝန္းေတြကိုၾကၫ့္တာနဲ႔
အတပ္သိတယ္။

ကုပ္ကုပ္ေလးျဖစ္ကာ ထိုလူအားေၾကာက္ရြံ႔တုန္လႈပ္ေနသူေကာင္ေလးထံ သြားလိုက္တယ္။

" ဟာအို...''

" ပါပါး ''

ေမာင္နဲ႔သားက အေနာက္ကေနလိုက္ကာေခၚတယ္။ ဟာအိုသူတို႔နားေရာက္ေတာ့ ထိုလူအားမ်က္ေထာင့္နဲ႔ ၾကၫ့္ကာ ေကာင္ေလးအားဆြဲေခၚလာခဲ့သည္။

" ေဟး...မင္းတို႔ကဘာေတြလဲဘာလုပ္တာလဲ ေသခ်င္လို႔လား ''

" ခင္ဗ်ားသာ မေသခ်င္ရင္လိုက္မလာနဲ႔ ခင္ဗ်ားဘာသာ ဘာႀကီးျဖစ္ေနေန ကိုယ္ဝန္သည္ကိုအႏိုင္က်င့္ေစာ္ကားမႈနဲ႔ ရဲတိုင္လို႔ရတယ္ဆိုတာမွတ္ထား ''

ထိုေကာင္ေလးအား ဟာအိုတို႔ကားနဲ႔သာေခၚလာခဲ့တယ္။ ထိုေကာင္ေလးရဲ့ ကိုယ္ေရး
ကိုယ္တာကိစၥဘာကိုမွ မေမးျဖစ္ပါ။ သားကိုလဲအရမ္းခင္တြယ္ေနတာမို႔ ထိုေကာင္​ေလးအားလိပ္စာကဒ္ေပးခဲ့သည္။ အေၾကာင္းတစ္ခုခုရိွရင္သူတို႔အား ဆက္သြယ္ႏိုင္ၿပီး သူတို႔ဆီလာႏိုင္ေၾကာင္းပါေျပာခဲ့သည္။ ထိုေကာင္ေလး သူ႔အိမ္ထဲဝင္သြားတာေစာင့္ၾကၫ့္ၿပီးမွ သူတို႔မိသားစုအိမ္ကိုျပန္ခဲ့ၾကတယ္။

သားကိုလဲေက်ာင္းအပ္ဖို႔ မနက္ျဖန္မွစီစဉ္ရမွာပဲ။ ဒီေန့ေတာ့ ဟာအိုလဲပင္ပန္းေနတယ္။

" ဒါဆို ညီေလးေရာ ညီမေလးေရာေပါ့ ေနာ္
ဒယ္ဒီ ''

" ဒါေပါ့ သားသားရ ''

" ေရး....ညီေလးနဲ႔ညီမေလးနဲ႔ အမ်ားႀကီး
တူတူေဆာ့ရေတာ့မယ္...''

Ti Ti ~~~

~ ဟယ္လို ~

~ ေဟာင့္ေကာ....~

~ ခြၽမ္ေရြ့မင္းအသံက ဘာျဖစ္တာလဲ ~

~ ဟို....ေကာရဲ့ ေကာရဲ့အဘြား ~

~ အဘြား! ! အဘြားဘာျဖစ္လို႔လဲ ခြၽမ္ေရြ့ ~

~ ေကာရဲ့အဘြား...ဆံုးၿပီ ~

~ ဟင္...~

" ဟာအို....!!! ဟာအို.... !!''

ဟာအို႔ရဲ့ အျမင္အာရံုေတြ ေဝဝါးလ်က္ အေမွာင္အတိဖံုးလႊမ္းလို႔ သြားသည္။

________________

Trust me:

22.12.2023 Fri
❀ PanSuKhat ❀

Continue Reading

You'll Also Like

408K 12.3K 94
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
939 80 5
Wonbin and Seunghan from RIIZE Love stories about Soulmate Couple Visialz🎸💦
2.3M 120K 65
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
85.6K 3.8K 10
Mo Dou Zu Shi fan fiction ဒီကသာသာ ​ေပါက္​စက ခုမွ Fic စ​ေရးတာမို႔ စာလံုး​ေပါင္​းမွားရင္​ သည္​းခံ​ေပးပါ​ေနာ္​ 😊😊