ဒီအပြစ်သားက ရှင်သန်လို...(၂)...

By Swae_Nyoe

116K 18.2K 476

ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။ More

အခန်း ၁၁၁
အခန်း ၁၁၂
အခန်း ၁၁၃
အခန်း ၁၁၄
အခန်း ၁၁၅
အခန်း ၁၁၆
အခန်း ၁၁၇
အခန်း ၁၁၈
အခန်း ၁၁၉
အခန်း ၁၂၀
အခန်း ၁၂၁
အခန်း ၁၂၂
အခန်း ၁၂၃
အခန်း ၁၂၄
အခန်း ၁၂၅
အခန်း ၁၂၆
အခန်း ၁၂၇
အခန်း ၁၂၈
အခန်း ၁၂၉
အခန်း ၁၃၀
အခန်း ၁၃၁
အခန်း ၁၃၂
အခန်း ၁၃၃
အခန်း ၁၃၄
အခန်း ၁၃၅
အခန်း ၁၃၆
အခန်း ၁၃၇
အခန်း ၁၃၈
အခန်း ၁၃၉
အခန်း ၁၄၀
အခန်း ၁၄၁
အခန်း ၁၄၂
အခန်း ၁၄၃
အခန်း ၁၄၄
အခန်း ၁၄၅
အခန်း ၁၄၆
အခန်း ၁၄၇
အခန်း ၁၄၈
အခန်း ၁၄၉
အခန်း ၁၅၀
အခန်း ၁၅၁
အခန်း ၁၅၂
အခန်း ၁၅၃
အခန်း ၁၅၄
အခန်း ၁၅၅
အခန်း ၁၅၆
အခန်း ၁၅၇
အခန်း ၁၅၈
အခန်း ၁၅၉
အခန်း ၁၆၀
အခန်း ၁၆၁
အခန်း ၁၆၂
အခန်း ၁၆၃
အခန်း ၁၆၄
အခန်း ၁၆၅
အခန်း ၁၆၆
အခန်း ၁၆၇
အခန်း ၁၆၉
အခန်း (၁၇၀)
အခန်း (၁၇၁)
အခန်း (၁၇၂)
အခန်း (၁၇၃)
အခန်း ၁၇၄
အခန်း ၁၇၅
အခန်း ၁၇၆
အခန်း ၁၇၇
အခန်း ၁၇၈
အခန်း ၁၇၉
အခန်း ၁၈၀
အခန်း ၁၈၁
အခန်း ၁၈၂
အခန်း ၁၈၃
အခန်း ၁၈၄
အခန်း ၁၈၅
အခန်း ၁၈၆
အခန်း ၁၈၇
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
အခန်း ၁၈၈
အခန်း ၁၈၉
အခန်း ၁၉၀
အခန်း ၁၉၁
အခန်း ၁၉၂
အခန်း ၁၉၃
အခန်း ၁၉၄
အခန်း ၁၉၅
အခန်း ၁၉၆
အခန်း ၁၉၇
အခန်း ၁၉၈
အခန်း ၁၉၉
အခန်း ၂၀၀
အခန်း (၂၀၁)
အခန်း ၂၀၂
အခန်း ၂၀၃
အခန်း ၂၀၄
အခန်း ၂၀၅
အခန်း ၂၀၆
Telegram ကို လာခဲ့နော်
အခန်း ၂၀၇
အခန်း ၂၀၈
Completed in Telegram

အခန်း ၁၆၈

1.1K 195 8
By Swae_Nyoe

အပိုင်း (၁၆၈) မင်းနဲ့ ချီယုံ... ပြန်တွဲနေကြပြီလား

ကျန်းလော့ "........."

ကျန်းလော့၏ အစီအစဉ်သည် ထန်ပိဘယ်ရောက်သွားလဲ အရင်မေးပြီး သူငယ်ချင်းများကို အာရုံပြောင်းရန်ဖြစ်ပြီး သူတို့ကို အိပ်မက်ထဲမှ သေဆုံးမှုကြောင့် စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုများ ခံစားရလား မေးရန်ဖြစ်သည်။ မေးပြီးလျှင် ရေချိုးခန်းဆီသို့ တန်းဝင်ပြီး ရေချိုးကာ နေမကောင်းဘူးဟု အကြောင်းပြကာ မနက်ဖြန်မရောက်မချင်း အိပ်ရန် ကြို၍ စဉ်းစားထားသည်။

မနက်ဖြန်သည် ကြားနာမှု စတင်ရန် နောက်ဆုံးရက်ဖြစ်သောကြောင့် သူ့သူငယ်ချင်းများသည်လည်း အိပ်မက်ထဲမှ သူနှင့် ချီယုံ့အကြောင်းကို အာရုံပေးနိုင်တော့မှာ မဟုတ်ဟု တွေးခဲ့သည်။ ကျန်းလော့သည် ကြားနာမှု ပထမဆုံးရက်ကို မရှောင်နိုင်မှန်းသိသော်လည်း သူသည် ထိုကိစ္စကို တတ်နိုင်သမျှ အချိန်ဆွဲထားချင်ခဲ့သည်။

သို့သော် ရောက်ရောက်ချင်း ဆောက်နှင့် ထွင်းသလို လုယုံရိ၏ စကားများကြောင့် ကျန်းလော့၏ အစီအစဉ်သည် လုံးဝပျက်စီးသွားရတော့သည်။

အကြောင်းပြချက်တချို့ကြောင့် ကျန်းလော့သည် ချီယုံ့ရှေ့တွင် ဆိုလျှင် မကောင်းဆိုးဝါး ဝိညာဉ်များကို ကြောက်လန့်ခြင်းမရှိ လှည့်စား ဆော့ကစားနိုင်ပြီး သူတို့၏ ဆိုးယုတ်မှုများကို စောင့်ကြည့်ကာ နောက်ဆုံးအထိ ကစားလို့ဝမှ ဖိနှိပ်အရှုံးပေးအောင် လုပ်နိုင်သည်။ သို့သော် သူ့သူငယ်ချင်းများရှေ့တွင် ကျန်းလော့သည် တခြားဘာမှ မခံစားရသော်လည်း ထူးဆန်းစွာ ရှက်ရွံ့သလို ခံစားနေရသည်။

'ထူးဆန်းတယ်'

သူသည် ချီယုံကို ယခင်တုန်းက လေးစားမှု တစ်စက်မှ မရှိခဲ့ဘဲ ဘာမှမလုပ်ချင်သော်လည်း မြူဆွယ်၍ အိပ်ရာပေါ်တက်ချင်အောင် လုပ်ပြီး ဒုက္ခပေးခဲ့သည်မှာ ခဏခဏ ဖြစ်သည်။ ကျန်းလော့သည် ဒီတိုင်းကြီးရပ်၍ ချီယုံ့အကြောင်း တွေးမိသည်နှင့် သူ့နှုတ်ခမ်းတစ်ခုလုံး လောင်ကျွမ်းနေသလိုမျိုး ပူလောင်လာတော့သည်။

ဆောင်းရာသီတွင် ခြောက်သွေ့သောကြောင့် သူ့နှုတ်ခမ်းပေါ်မှ အရေပြားလေးများ ခြောက်သွေ့ပြီး အဖတ်လန်နေသည်။ ကျန်းလော့သည် သူ့နှုတ်ခမ်းကို လျက်လိုက်ချင်သော်လည်း အချိန်မှီ လျှာကို ရပ်လိုက်ရသည်။

သူသည် တည်တည်ငြိမ်ငြိမ်ပင် ဂွမ်းကပ်အနွေးထည်ကို ချွတ်လိုက်ကာ ခေါင်းမာစွာဖြင့် မူလအစီအစဉ်အတိုင်း ဆက်လုပ်သည်.

"ထန်ပိရော"

လုယုံရိမျက်နှာသည် မည်းမှောင်သွားသည်။ သူသည် ထိုကဲ့သို့ မျက်နှာထားမျိုး လုပ်တာ ထူးဆန်းသည် သို့သော် ထိုမျက်နှာထားဖြစ်လာခြင်းသည် သူတကယ်ကြီး စိတ်တိုနေသည်ဟု ဆိုလိုသည်။

"ဒီမနက် ငါတို့နိုးလာတော့ သူမရှိတော့ဘူး"

သူ့အာရုံပြောင်းသွားသည်ကို မြင်သည်နှင့် ကျန်းလော့သည် ကျေနပ်စွာပြုံးလိုက်ပြီး ရေချိုးခန်းထဲသို့ တန်းတန်းမတ်မတ်သွားကာ

"သွားပြီလား"

"အင်း"

လုယုံရိသည် လေသံလေးနှင့် အားလျော့စွာ ပြောသည်။

"သူ ငါတို့ကို သစ္စာဖောက်သွားပြီ"

မနက်အိပ်ရာနိုးသည်နှင့် ထန်ပိကို တစ်အိမ်လုံး ဘယ်မှာမှ ရှာမတွေ့သောအခါ လုယုံ၏ နှလုံးသားသည် အေးစက်သွားတော့သည်။ သူသည် ဘယ်တုန်းကမှ ကံကောင်းမှုရော ငွေရော မပြတ်လပ်ဖူးသလို လူတိုင်းကို လေးစား ယုံကြည်ပေးတတ်သူဖြစ်သည်။ ထို့အပြင် သူနှင့်ခင်သူတိုင်း၏ ပြောသမျှကို ယုံတတ်သူလည်းဖြစ်ကာ တီဗီမှာ လာသော dog and ponyဆိုသည့် ကလေးကြိုက် အစီအစဉ်ကို ကြည့်ရင်းနှင့်ပင် ငိုတတ်သူလည်းဖြစ်သည်။

ဒီတစ်ခေါက်သည် သူငယ်ချင်းမှ နောက်ကျောဓါးနှင့် ထိုးသွားသည်ကို ပထမဆုံးအကြိမ်ခံရခြင်းဖြစ်ကာ သူသည် မသေမချင်း မဟုတ် သေရင်တောင် ဒီခံစားချက်ကြီးကို မေ့ပျောက်နိုင်မှာ မဟုတ်တော့ပေ။

"ထားလိုက်ပါတော့"

လုယုံရိသည် မကောင်းသော ခံစားချက်များအကြောင်း ကြာကြာသိမ်းမထားချင်သောကြောင့် ခေါင်းယမ်းလိုက်ကာ ပွစိပွစိပြောလိုက်သည်။

"ငါ့မှာ သူငယ်ချင်းတွေ ရှားပါးနေတာလည်း မဟုတ်ဘူး... ကျန်းလော့ မင်းနဲ့ ချီယုံ့အကြောင်း မပြောပြရသေးဘူးလေ"

သို့သော် သူ မော့ကြည့်လိုက်သောအခါ ကျန်းလော့၏ အရိပ်ကိုပင် မတွေ့ရတော့ပေ။ လုယုံရိသည် ရှုပ်ထွေးသွားပြီး

"ကျန်းလော့ရော ဘယ်ရောက်သွားတာလဲ"

ကောကျူသည် အဘိုးအိုတစ်ယောက်လို ဆိုဖာပေါ်တွင် ခပ်လျော့လျော့ထိုင်နေကာ ရေချိုးခန်းကို ညွှန်ပြ၍

"ရေချိုးနေတယ်"

တံခါးရှေ့တွင် ယယ်ရွှင်သည် ဂျင်ဆင်းကလေးလေးကို ချီ၍ မုန့်ထုပ်များသယ်ထားသော ဝမ်ယမ်လန်နှင့် အတူဝင်လာသည်။ ကျိုးကျုံးချိုးသည် ကားသော့ကို လုယုံရိကို ပစ်ပေးလိုက်ပြီး ဂျင်ဆင်းကလေးလေးကို ရယ်ကျဲကျဲဖြင့် ကြည့်လိုက်ပြီး

"သနားစရာကလေးလေး ကြည့်ပါဦး မင်းဖေဖေက မင်းကို ကားထဲမှ ပစ်ထားခဲ့တာ သူက မင်းကို လုံးဝမေ့သွားတာပါကွာ"

"ယိုး မင်းတို့ ဂျင်ဆင်းဝိညာဉ် ခေါ်လာကြတာလား"

ကောကျူသည် ချက်ချင်းထလာပြီး ရှေ့သို့ ပြေးလာပြီး တောက်ပသော မျက်လုံးများဖြင့် ဂျင်ဆင်းကလေးလေး ကို သွားရည်များကျမတတ်ကြည့်နေပြီး။

"ဒီနှုတ်ခမ်းမွှေးနဲ့တင် ဘယ်လောက်တန်နေပြီလဲကွာ"

သူသည် ယယ်ရွှင်နောက်က တကောက်ကောက်လိုက်ပြီး

"ကလေးကြီး ကျန်းလော့နောက်မလိုက်ပဲ ဒီကိုကြီးနောက် လိုက်ပါလားကွာ ကိုကြီးဆို မင်းကို ကားပေါ် ဘယ်တော့မှ မကျန်ခဲ့စေရဘူး စိတ်ချ"

ဂျင်ဆင်းကလေးလေးသည် ကောကျူကို ခဏလောက်ကြည့်လိုက်ပြီး ဝါးခနဲအော်ပြီး ငိုချင်ယောင်ဆောင်ကာ ယယ်ရွှင်၏ ရင်ဘတ်ပေါ် ကုတ်တက်၍ သနားစရာကောင်းစွာ ပြောသည်။

"ကျွန်တော်က တကယ်တော့ အရမ်းဆိုးတာပါဆို ကလေးလေး ဖေဖေ့ကိုပဲလိုချင်တယ် ဝါး..."

သူ ဒီလူများကို မယုံပေ။ ဂျင်ဆင်းကလေးလေးသည် အလွန်ဉာဏ်ကောင်းသည်။ လူတိုင်းသည် သူ့ကို သွားရည်တမြားမြားနှင့် မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ကြည့်ကြသည်။ သို့သော် ကျန်းလော့ကတော့ သူ့ကို လုံးဝ ဂရုမစိုက်ပေ။ ဂျင်ဆင်းကလေးလေးသည် တမင်တကာပင် ကျန်းလော့ကို မျက်ရည်များ ချိုးရေများနှင့် ဆွဲဆောင်ကြည့်သော်လည်း ကျန်းလော့သည် သူ့ကို နည်းနည်းလေးမှ အထင်မကြီးသွားဘဲ သူ့ကို သဘောမကျ ဖြစ်နေတုန်းပင်။

ဂျင်ဆင်းကလေးလေးသည် အနည်းငယ် ဒေါသထွက်သွားသော်လည်း ကျန်းလော့နောက်သို့ လိုက်ခြင်းသည် အလုံခြုံဆုံးဖြစ်ကြောင်း သိထားပြီး ကျန်းလော့သည် သူ့ကို ဘယ်သောအခါမှ စားလိမ့်မည်မဟုတ်ဟု ထင်နေသည်။ ထို့အပြင် အရေးအကြီးဆုံး အချက်တစ်ချက်မှာ ကျန်းလော့သည် ကြည့်ကောင်းလွန်းခြင်းဖြစ်သည်။

အကယ်၍ သူသာ လူအသွင်ယူနိုင်လျှင် ကျန်းလော့ကဲ့သို့ ချောမောလိမ့်မည်ဟု အထင်ရောက်နေရှာသည်။

ဂျင်ဆင်းကလေးလေး၏ မှတ်ချက်များသည် ကြားရသူကို ဝါးလုံးကွဲ ရယ်မောစေနိုင်လောက်သည်။

ရေချိုးခန်းထဲတွင်..

ကျန်းလော့သည် ဖြည်းညင်းစွာ ဆေးကြောနေပြီး ရေချိုးနေတာကို အကြာကြီး အချိန်ဆွဲနေသည်။ ရေချိုးပြီးနောက် လုယုံရိ သူ့အတွက်ပြင်ဆင်ပေးထားသော အဝတ်အစားများ လဲလိုက်ကာ ဆံပင်ကို ခြောက်အောင် မှုတ်၍ ပေါ့ပေါ့ပါးပါး စုစည်းလိုက်သည်။ ထို့နောက် သက်ပြင်းချကာ အပြင်သို့ ထွက်လာသည်။

'ငါ့ခန္ဓာကိုယ်ထဲ ချီစွမ်းအင်တွေက ကောင်းကောင်း ပြန်ကောင်းမလာသေးဘူး မနက်ဖြန်နေ့လည်လောက်ဆိုရင်တော့ အားပြန်ပြည့်လောက်မလား'

'အနာဂတ်မှာ ငါစိတ်ဝိဇ္ဇာပညာကို သုံးတော့မယ်ဆိုရင် သူတို့ကို ကောင်းကောင်းထိန်းချုပ်ရမယ် မဟုတ်ရင် ငါ့အတွက် ဒီလို အားပျော့သွားတာက အရမ်း အန္တာရာယ်များလွန်းတယ်'

သူသည် စိတ်ရှုပ်ထွေးစွာဖြင့် လျှောက်ထွက်လာသည်။ အခန်းထဲတွင် လူအားလုံးသည် စားပွဲတွင် ထိုင်၍ စားသောက်နေကြပြီး ဖြစ်သည်။

စားပွဲပေါ်တွင် ကိုလာဘူးများနှင့် ဘီယာဘူးများ ရှိနေကာ ကျန်းလော့အတွက် ခုံတစ်နေရာစာ ချန်ထားသည်။ ကျန်းလော့သည် ထိုနေရာသို့ သွား၍ ထိုင်လိုက်ပြီး ဘီယာအေးအေးကို တစ်ငုံသောက်လိုက်ကာ သက်ပြင်းမောကြီး မှုတ်ထုတ်လိုက်လေသည်။

မြောက်ပိုင်း၏ ဆောင်းရာသီသည် အလွန်ပူပြီး အိမ်ထဲတွင် အောက်မှ စွပ်ကျယ်တစ်ထပ်ပင် မဝတ်နိုင်အောင် ပူပြင်းလွန်းသည်။ စားရင်းသောက်ရင်း တစ်ဝက်လောက်တွင် လုယုံရိသည် ဆက်၍ သည်းမခံနိုင်တော့ဘဲ မေးလိုက်သည်။

"ကျန်းလော့ မင်းနဲ့ ချီယုံ ဘာတွေ ဖြစ်ကုန်ကြတာလဲ"

ထိုစကားများပြောပြီးနောက် လူတိုင်း၏ မျက်လုံးများသည် ကျန်းလော့ကို ကြည့်နေကြပြီး သူတို့မှာ သိချင်လွန်း၍ မကြားလိုက်မည်စိုးကာ အသက်ပင် အောင့်ထားကြရှာသည်။ သူတို့သည် ချီယုံနှင့် ကျန်းလော့ကြားမှ ရီလေးရှင်းရှစ်ကြီး(ပတ်သတ်မှုကြီး)ကို လုံးဝ နားမလည်နိုင်တော့ပေ။

ချီယုံသေဆုံးသွားသောအခါ ကျန်းလော့သည် ဈာပနတွင် ပူဆွေးစွာ ငိုကြွေးခဲ့ပြီး သူတို့သည် ကျန်းလော့တစ်ယောက် ချီယုံ့ကို နက်နက်ရှိုင်းရှိုင်း ချစ်နေမှန်း သဘောပေါက်သွားခဲ့ရသည်။ သူတို့သည် ကျန်းလော့ကို အလွန်ချစ်ကြသောကြောင့် မကောင်းဆိုးဝါးနှင့် မပတ်သက်တော့အောင် အစွမ်းကုန် ကြိုးစားခဲ့သည့်အပြင် မကောင်းဆိုးဝါးကို သတ်ဖို့ပါ ကြံစည်ခဲ့သော်လည်း ကျန်းလော့ကတော့ ခေါင်းမာစွာနှင့်ပင် ချီယုံနှင့် အတူရှိဖို့သာ ဆုံးဖြတ်ထားခဲ့သည်။

ချီယယ်သည် ချီယုံ့ကြောင့် အရှက်ကွဲ သိမ်ငယ်ခဲ့ရပြီး ကျန်းလော့ကို ချီယုံ့၏ မျက်နှာအစစ်အမှန်ကို သိမြင်သွားစေခဲ့သည်။ မတော်တဆဖြစ်သွားခဲ့ခြင်းဖြစ်သော်လည်း ချီယုံ့ကို ကျန်းလော့ လမ်းခွဲသွားစေဖို့ လုံလောက်သော အကြောင်းအရာတစ်ခုတော့ ဖြစ်ခဲ့သည်။

၎င်းသည် တီဗီဇာတ်လမ်းတွဲများထက်ပင် အတက်အကျမြန်ကာ သူတို့အားလုံးသည် ချီယုံနှင့် ကျန်းလော့တို့၏ ဆက်ဆံရေးကို အစမှ အဆုံးထိ သိချင်လာစေသည်။

အလွန်သိချင်စိတ်ပြင်းပြနေသော သူတို့မျက်လုံးများနှင့် ရင်ဆိုင်ရသောအခါ ကျန်းလော့သည် ခဏလောက် တိတ်ဆိတ်သွားပြီး သူ့စိတ်ထဲတွင်တော့ ဇာတ်ညွှန်းများ ရေးရန် စဉ်းစားနေပြီဖြစ်သည်။

"မကောင်းဆိုးဝါးဆီကနေ ဘာမှမသိတော့အောင် အိပ်မွေ့ချခံလိုက်ရခြင်း" "ကယောင်ကတမ်းဖြစ်ခြင်း" "ပြန်လည် ဆုံစည်းရ၍ ဝမ်းသာသွားခြင်း"

သူသည် ဇာတ်ညွှန်းကို "မကောင်းဆိုးဝါးဆီကနေ ဘာမှမသိတော့အောင် အိပ်မွေ့ချခံလိုက်ရခြင်း" "ကယောင်ကတမ်းဖြစ်ခြင်း" နှင့် "ပြတ်ဆဲခြင်း" တို့ကို ပေါင်းရေးလိုက်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော်သူသည် သူတို့တိုက်ပွဲကို သူငယ်ချင်းများက အစအဆုံး မြင်လိုက်ခြင်း ဖြစ်သောကြောင့် "မကောင်းဆိုးဝါးဆီကနေ ဖိအားပေးခံရခြင်း" ဆိုသည်မှ တစ္ဆေသရဲများထံမှ ဖိအားအဖြစ်ပြောင်းလဲသင့်သည်ဟု တွေးမိပြန်သည်။

သူတို့သည် ချီယုံသူ့ကို နမ်းတုန်းက ပြင်းပြစွာ တုံ့ပြန်သည့် ကျန်းလော့ကို သေချာမြင်လိုက်ကြမည့် အပြင် သူကတစ်ပြန်ထပ်ပြီး မွတ်သိပ်စွာ နမ်းရှိုက်သည်ကိုလည်း မြင်ကြမှာဖြစ်သည်။ ထိုသို့သော အခြေအနေများကြောင့် ကျန်းလော့သည် သူမသိလိုက်ပဲ ချီယုံက ဖိအားပေးလို့ ဖြစ်ရတာပါဟု ပြောရန် မဖြစ်နိုင်လောက်ပေ။ ထို့အပြင် သူသည်လည်း သူ့သူငယ်ချင်းများကို ထပ်၍ လိမ်ညာမနေချင်တော့ပေ။

သို့သော် ကျန်းလော့သည် သူတို့နှစ်ယောက်ကို ချစ်သူအဖြစ် သတ်မှတ်ထားသော မကောင်းဆိုးဝါး ကျေနပ်သွားမှာကိုလည်း မလိုလားနေသေးပေ။ သူသည် မျက်လုံးမှိတ်ထားပြီး မျက်ဆံလည်နေကာ ခဏကြာပြီးနောက် မျက်လုံးဖွင့်လိုက်သည်။

မှန်သော အချက်အလက်များနှင့် လိမ်လည်ထားသော အချက်အလက်များကို ပေါင်း၍ ပြောရန် စိတ်ထဲမှ စာစီနေသည်။ ကျန်းလော့သည် ဘီယာကို အေးအေးဆေးဆေး သောက်ရင်း ထိုင်ခုံကို မှီလိုက်ကာ

"သူ အခုငါ့ကို ထပ်ပြီး ဖြားယောင်းနေပြန်ပြီလေ"

"ကျစ်"

လူတိုင်းသည် လေအေးများ ရှူသွင်းလိုက်ကာ စုတ်သပ်လိုက်ကြသည်။ ကျန်းလော့သည် ခေါင်းစောင်း၍ မည်သူမှမမြင်အောင် ပြုံးလိုက်ကာ ဝမ်းနည်းနေသော မျက်နှာပေးဖြင့်

"မင်းတို့ ငါ ချီယုံနဲ့ ပြန်တွေ့တာ သဘောမကျဘူးဆိုတာ သိပါတယ် ပြီးတော့ ငါလည်း သူနဲ့ ပြတ်လိုက်ဖို့ ဆုံးဖြတ်ထားခဲ့တာပါကွာ ဒါပေမဲ့ သူက ငါ့နောက်ဆက်လိုက်နေတုန်းပဲ ဒါကြောင့် ငါ့ဆရာ ကောင်းကင်သခင်ကို ပြောပြလိုက်တယ် ငါတို့ သွေးငါးရှဉ့်ကိစ္စပြီးတော့ ဆရာက ငါ့ကို လျန်အိမ်တော်ခေါ်သွားပြီး တာအိုဆရာတော် ဝေ့ဟယ်နဲ့တွေ့ပေးခဲ့တယ် ပြီးတော့ ကံကြမ္မာယုံသူနဲ့ရောပဲ"

"အိုး စကားမစပ် မင်းတို့ ကံကြမ္မာယုံသူ ဘယ်သူလဲ ဆိုတာ မသိကြသေးဘူးနော့"

ကျန်းလော့သည် ခါးသီးစွာ ရယ်၍ ပြောလိုက်သည်။

"သူက အရမ်းအရမ်း မတရား သန်မာပြီး စွမ်းအားကြီးတဲ့သူကွ"

ဝမ်ယမ်လန်နှင့် ကျိုးကျုံးချိုးတို့သည် အချင်းချင်း ကြည့်လိုက်ကြသည်။ ကျန်းလော့သည် ကံကြမ္မာယုံသူ အကြောင်း အကျဉ်းချုပ်ရှင်းပြလိုက်ပြီး အဓိကအားဖြင့် စွမ်းအားမည်မျှကြီးကြောင်းနှင့် ကံကြမ္မာယုံသူ မည်မျှ ဆန်းကြယ်ကြောင်း သေချာ ပြောပြသည်။ ဝမ်ယမ်လန်တစ်ယောက် မျက်မှောင်ကြုတ်၍ တစိမ့်စိမ့်တွေးနေသည်ကို ကြည့်၍ ကျန်းလော့သည် သက်ပြင်းချလိုက်ပြီး တိတ်ဆိတ်စွာ ပြောလိုက်သည်။

"ကံကြမ္မာယုံသူက တစ်ချိန်တုန်းက ကြီးကျယ်တဲ့ ဟောကိန်းကြီး တစ်ခုဟောခဲ့ဖူးတယ်တဲ့ ရွှမ်ရွှီလောကအတွက် ဟောခဲ့တာတဲ့ ပြီးတော့ သားကောင်က ချီယုံတဲ့လေ သူပြောတာတော့ ချီယုံက ငါ့ကို ကြိုက်နေသေးတယ်တဲ့ ပြီးတော့ သူက ငါချီယုံ့ကို အခွင့်အရေးယူဖို့ သူ့ကို ပြန်တွဲစေချင်တယ်တဲ့ ငါမကြိုက်ဘူးဆိုရင်တောင် အနည်းဆုံးတော့ ငြင်းပစ်လို့ မရဘူးလေ ချီယုံသတိမရှိတဲ့အချိန်မှာ ငါ့ကို ချီယုံ့ကို သတ်လိုက်ဖို့ ပြောခဲ့တယ်"

"အဲ့လို လုပ်မှပဲ ငါက ဟောကိန်းကနေ ရွှမ်ရွှီလောကကြီးကို ကယ်တင်နိုင်မှာတဲ့"

ကောကျူသည် မထိန်းချုပ်နိုင်စွာ မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ညစ်စွာပြောလိုက်သည်။

"ကံကြမ္မာယုံသူက ဘယ်လိုတောင် ပေါက်တက်ကရနည်းလမ်းတွေ လာပြောနေတာလဲဟ"

မည်သို့သော လူမျိုးကများ ဤကဲ့သို့ လုပ်နိုင်ပါသနည်း။ ၎င်းနည်းလမ်းသည် ကျန်းလော့ကို ကျားပါးစပ်ဝသို့ ပို့မည့် သိုးကဲ့သို့ သူ့ခန္ဓာကိုယ်ကို အသုံးချခိုင်းနေသည်လား။

ဤနည်းလမ်းသည် အလွန်ယုတ်ညံ့ပြီး သူတစ်ပါး၏ လိင်စိတ်ကို အသုံးချ၍ ပျက်စီးကြောင်းကြံသော ယုတ်ညံ့သည့် နည်းလမ်းဖြစ်သည်။ ကံကြမ္မာယုံကြည်သူပေါ်တွင် အားလုံး၏ အမြင်သည် အောက်ဆုံးအထိ ထိုးကျသွားတော့သည်။ ထိုသူ၏ ဟောကိန်း မှန်ကန်နေသည်ဆိုလျှင်တောင် ချီယုံသည် အနာဂတ်တွင် သေချာပေါက် အသန်မာဆုံး အတုမရှိသူတစ်ယောက် ဖြစ်လာပေလိမ့်မည်။

သို့သော် ကံကြမ္မာယုံသူသည် ချီယုံနှင့် ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေး၍ ရသော်လည်း သူတို့သည် ကျန်းလော့ကိုသာ စိတ်မသက်သာ ဖြစ်နိုင်သော အကြံဖြင့် ချီယုံ့နှလုံးသားအစစ်အမှန်ကို ပြသလာချိန်ထိ ယုတ်မာစွာ ဟန်ဆောင်ခိုင်းပြီး သတ်ပစ်ခိုင်းချင်ကြသည်။

အထူးသဖြင့် ကျန်းလော့နှင့် ချီယုံတို့သည် အလွန်ချစ်ကြသော စုံတွဲများဖြစ်နေပြီး မတတ်သာလို့ လမ်းခွဲထားရသော်လည်း အချိန်တိုင်း လွမ်းဆွတ်နေရသည့် စုံတွဲဖြစ်ကာ ကျန်းလော့က ချီယုံ့ကို မကြိုက်တော့ဘူးလို့ မည်သူကမှ အာမ မခံနိုင်ပေ။

ကျန်းလော့သည် သူတို့၏ အရုပ်ဆိုးလာသော မျက်နှာထားများကို မမြင်သလို ဟန်ဆောင်ကာ ဝိုင်သောက်ပြီး ဆက်ပြောသည်။

"ငါ့မှာ ချီယုံနဲ့ ဆက်ဆံရေးတစ်ခုရှိတယ်.. နောက်ဆုံးတော့ သူက ငါ့ကို အခုထိ အရမ်းကြိုက်နေတုန်းပဲလေ သူက ငါ့ကို ကြိုက်လွန်းလို့ အိပ်မက်ထဲမှာတုန်းကဆို ငါသတ်မယ်ဆိုရင် ဆယ်ခေါက်မှ ရှစ်ခေါက်လောက်က သေပေးဖို့ ဆန္ဒရှိနေတာ ငါသူ့ကို ဖြတ်လိုက်ပေမဲ့ သူ့ကို ပျောက်ကွယ်သွားမှာတော့ ငါမမြင်ချင်ဘူးကွာ ဒါပေမဲ့ ရွှမ်ရွှီလောကကြီးအတွက်ဆိုတော့လဲ ဘယ်လိုလုပ်ရမလဲ မသိတော့ပါဘူးကွာ"

ဝမ်ယမ်လန်က မေးသည်။

"ကောင်းကင်သခင်ကရော ဘာပြောသေးလဲ"

ကျန်းလော့သည် မည်းမှောင်နေသော မျက်နှာဖြင့် တိတ်ဆိတ်စွာ ခေါင်းယမ်းပြလိုက်သည်။ ကျိုးကျုံးချိုးသည် လက်သီးဆုပ်၍ စားပွဲခုံကို ထုလိုက်ကာ အထင်သေးစွာပြောလိုက်သည်။

"ရယ်စရာကောင်းလိုက်တာ အဲ့ဘိုးတော် သူက အရမ်းသန်မာနေတာမို့လား မင်းကိုလွတ်မဲ့အစား ချီယုံ့ဆီ သူ့ဟာသူ သွားတိုက်လေ ဘယ့်နှယ့်တော်.. အစထဲက ချီယုံသေသွားတာ သံသယဖြစ်စရာကောင်းနေတာ ဒါပေမဲ့ သူသေပြီးသွားတာတောင် သူ့ကို လွတ်မပေးချင်တဲ့သူ တစ်ယောက်ရှိနေမယ်လို့ မျှော်လင့်မထားဘူး"

"အဲဒါက ရွှမ်ရွှီလောကကြီး တစ်ခုလုံးနဲ့ သက်ဆိုင်တယ် ဟုတ်လား အဲဒါဆို ငါတို့က ဘာလို့မသိရတာလဲ ငါ့အဖေတောင် တစ်ခါမှ ကြားဖူးပုံမရဘူး ဘယ်လို အမှိုက်စကားတွေလဲကွာ ကြည့်ရတာ သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ကိုယ်ပိုင်အကြောင်းပြချက်အတွက် သက်သက် လုပ်နေတာ သေချာတယ်"

လုယုံရိသည် ခံစားချက်များ ရှုပ်ထွေးသွားပြီး၊

"ငါက မင်းနဲ့ ချီယုံတို့ ပြန်တွဲနေကြပြီထင်နေတာ မင်းတို့က ညားကာစ လင်မယားတွေ ဆယ်နှစ်လောက် မတွေ့ရတော့မဲ့ပုံနဲ့ အသည်းအသန် နမ်းနေကြတာဆိုတော့လေ ဒီမှာ ဒီလောက်တောင် ရှုပ်ထွေးတဲ့ အကြောင်းပြချက်တွေ ရှိမှန်း သတိမထားလိုက်မိဘူး မင်းကို ချီယုံ့ကို သတ်ခိုင်းတဲ့ ဟောကိန်းဆိုတာက အတိအကျ ဘာလဲကွာ"

ကျန်းလော့သည် ခေါင်းယမ်း၍ ခါးသက်စွာရယ်မောလိုက်ပြီး

"ဟောကိန်းအပြည့်အစုံကို ငါလည်း မသိဘူး မင်းတို့အားလုံး ငါ ကောကျူကို ဘာလို့ ပိုင်လုဘုရားကျောင်းအကြောင်း မေးတာလဲ သိချင်ကြတယ်မို့လား ဘာလို့လဲဆိုတော့ ကံကြမ္မာယုံသူနဲ့ ပိုင်လုဘုရားကျောင်းနဲ့က နက်ရှိုင်းတဲ့ ဆက်နွယ်မှု တစ်ခုရှိနေတယ် ကံကြမ္မာယုံသူရဲ့ သရုပ်မှန်ကို ငါရှာကြည့်ချင်တယ် ပြီးတော့ တိကျတဲ့ဟောကိန်းကိုလည်း နားထောင်ကြည့်ချင် သိချင်တယ်"

ကောကျူသည် ရုတ်တရက် သဘောပေါက်သွားသည်။

"မထူးဆန်းတော့ပါဘူး ... ကျန်းလော့ ငါမင်းနဲ့အတူတူ လိုက်ပြီး စုံစမ်းပေးမယ် အပြင်လူတွေ မဝင်နိုင်တဲ့ တချို့နေရာလေးတွေရှိတယ် ဒါပေမဲ့ ငါဆိုရင်တော့ ဝင်ပြီး သတင်းနည်းနည်းပါးပါး နှိုက်လာလို့ ရမယ်"

ကျန်းလော့သည် လက်ထဲမှ ဘီယာခွက်ကို မြောက်လိုက်သည်။ သူ့သူငယ်ချင်းများ၏ တုံ့ပြန်ပုံများသည် ကျန်းလော့ မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်သည်။ သူတို့ကို ကံကြမ္မာယုံသူနှင့် အိမ်တော်ကြီး ခြောက်ခု ပတ်သက်ပြီး သတိကြီးကြီး ထားစေချင်သောကြောင့် ရွှမ်ရွှီလောက၏ ဖြစ်လာမည့် ကပ်ဘေးကြီးအကြောင်း ပြောပြခဲ့ခြင်းဖြစ်သည်။

လုယုံရိသည် သက်ပြင်းချလိုက်ပြီး သိချင်စွာ ပြောလိုက်သည်။

"ဒါဆို ချီယုံက အခု မင်းကိုလိုက်နေတာပေါ့ မင်းသူ့ကို အဖြေပြန်ပေးမှာလား"

"ငါကတော့ မင်းရဲ့ အနမ်းက ကံကြမ္မာယုံသူ တောင်းဆိုလို့ မဟုတ်မှာ ငါကြောက်မိတယ် ကျန်းလော့"

ဝမ်ယမ်လန်သည် အဓိပ္ပာယ်ပါပါ စနောက်လိုက်သည်။

"ကျန်းလော့ ငါတို့ ကွေဝူးအဆောက်အဦးမှာတုန်းက မင်းပြောတာကို မကြားရဘူး ဒါပေမဲ့ မင်းချီယုံ့ကို ရိုက်တုန်းကကွာ သူက မင်းကို ပြန်ရိုက်နိုင်တယ်ဆိုတာ ရှင်းရှင်းကြီး မြင်နေရတယ်ကွ အထူးသဖြင့် နောက်ဆုံးမှာ မင်းတို့နှစ်ယောက် အသည်းအသန် မျိုချမတတ် နမ်းကြတုန်းက အသိသာဆုံးပဲကွာ သူက အစပျိုးလိုက်ပေမဲ့ မင်းကိုက ပြန်နမ်းတာကွာ ငါတော့ မင်းချီယုံ့အပေါ်ထားတဲ့ ခံစားချက်တွေ လုံးဝပျောက်သွားပြီလို့ မပြောနိုင်တော့ပါဘူးကွာ"

ယယ်ရွှင်သည်လည်း ပိုပြီး တိကျသွားအောင် ဖြည့်ပြောလိုက်သည်။

"မင်းနဲ့ ချီယုံတို့က အတူတူရှိနေရင် ပြတ်ပြီလား မပြတ်ဘူးလား မသဲကွဲဘူးကွ"

ကျန်းလော့၏ အပြုံးသည် အနည်းငယ်တောင့်တင်းသွားသည်။

သူ့ကိုယ်သူထပ်ပြီး သံသယဝင်လာပြန်သည်။ သူနှင့်ချီယုံတို့သည် တကယ်ပဲ ထိုသို့ အချစ်စမ်းနေသည့်ပုံ ပေါက်နေသည်လား။

'အဲဒီ ငါတို့က မုန်းတီးမှုနဲ့ ဒုက္ခပေးနေကြတဲ့ အချိန်တိုင်း သတ်နေတဲ့ ဆက်ဆံရေး မဟုတ်ဘူးလား'

######

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

Continue Reading

You'll Also Like

3.3K 297 9
Author _ 池总渣 (chí zǒng zhā) Content tag _ Unrequited love ,Happy Enemies to lover ( do not own all of these novel and photo 🤝 ) #Shi Ke...
17.1K 2.7K 30
Title : PanGuan ( 判官 ) Author : MuSuLi ( 木苏里 ) Status : 117 chapters + 6 extras Genre : Action, Adventure, Horror, Mystery, Romance, Supernatural Thi...
5.9K 741 22
ခပ်ကြောင်ကြောင် gong (ယန်ကျင်းဇီ) နဲ့ shou (ဆုမော့ရှိုး) တို့ဟာ အမြဲမြင်မြင်ချင်းချစ်မိကြသတဲ့။ သူတို့ကအတူတကွဝိညာဥ်ကူးပြောင်းကြပြီး တစ်ယောက်ကိုတစ်ယောက...
34.6K 3.2K 15
Yizhanကိုမှ ​Horror ficမို့​ကြောက်တတ်ရင်မဖတ်ပါနဲ့။