GTKWF (Myanmar Translation )

Autorstwa Liz_774

325K 44.5K 5.1K

Title: Get to Know about Wife Fan Author: Chun Dao Han Chapters: 167 chapter This is just a fan translation ... Więcej

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Manhwa
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
ကြော်ငြာ 💙
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64.1
Chapter 64.2
Chapter 65
Heaven's Greatest Plan
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69.1
Chapter 69.2
Chapter 70.1
Chapter 70.2
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 81.1
Chapter 81.2
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93.1
Chapter 93.2
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99.1
Chapter 99.2
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108.1
Chapter 108.2
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131.1
Chapter 131.2
Chapter 132
Chapter 133
Chapter 133 (2nd version)
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140.1
Chapter 140.2
Chapter 141.1
Chapter 141.2
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149.1
Chapter 149.2
Chapter 150
Chapter 151
Chapter 152

Chapter 80

1.8K 267 68
Autorstwa Liz_774

{Unicode}

အပိုင်း ၈၀

ပရိုဂရမ်အဖွဲ့ဝန်ထမ်းများက အလျှင်အမြန်ပြေးလာကာ သူမတို့နှစ်ယောက်ကို ရေထဲမှ ဆွဲထူကာ မျက်နှာသုတ်ပဝါများနှင့် ရေများ သုတ်စေကာ အဝတ်လဲစေသည်။

ရှန့်ချောင်မှာ ရုတ်တရက်ဖြစ်ပေါ်လာသော ဇာတ်သိမ်းခန်းကြောင့် စိတ်ရှုပ်ထွေးလျက်ရှိပြီး အစီအစဉ်ရိုက်ကူးရာပြင်ပသို့ ထွက်လာသည့်တိုင်အောင် တုံ့ပြန်မှု မရှိသေးချေ။

ရှန့်ချောင် တစ်ကိုယ်လုံး စိုရွှဲနေသည်ကို တင်းကျန် မြင်သည်နှင့် လက်ထဲရှိ စားလက်စ ခေါက်ဆွဲဘူးကို လွှင့်ပစ်လိုက်ကာ ခပ်မြန်မြန်ပြေးလာသည်။

"ဘာဖြစ်တာလဲ?"

ရှန့်ချောင် လက်ဝှေ့ရမ်းပြလိုက်သည်။

ကံကောင်းစွာဖြင့်ပင် အနုပညာရှင်များ၏ လက်ထောက်များက အဝတ်ပိုများ သယ်ဆောင်လာသည်။ သူမ အဝတ်လဲနေချိန်တွင် ဆုတောင်းအကြွေစေ့တစ်စေ့က စိုရွှဲနေသည့် အိတ်ကပ်ထဲမှ လိမ့်ထွက်လာသည်။ သူမ ကောက်ယူကာ ကြည့်လိုက်လျှင် အကြွေစေ့ ရှေ့မျက်နှာစာတွင် ဌက်များ တေးသီကျူးနေဟန်နှင့် ပန်းများ မွှေးပျံ့နေပုံကို ထွင်းထုထားသည်။ နောက်ဘက်တွင်မူ လူနှစ်ယောက်က အချင်းချင်း ပွေ့ဖက်လျက်ရှိသည်။

ပရိုဂရမ်အဖွဲ့က အဖြေမှန်ကို သူတို့မျက်စိရှေ့တွင် အစောကတည်းကပင် ချပြထားခဲ့သည်။

သည်တစ်ခေါက် သူတို့ စီမံထားမှုမှာ အမှန်တကယ် ကောင်းမွန်လှသည်။

ဇွန်ဘီနှင့် လူသားများဟူသည့် သရုပ်သကန် တည်ရှိမှု မရှိလျှင်ပင် ပုံမှန်အခြေအနေမျိုး၌ ဧည့်သည်များက ပွေ့ဖက်ခြင်းမျိုးကို လုပ်ဆောင်မည် မဟုတ်ပေ။ နှစ်ဖက်စလုံး၏ သရုပ်မှန်များ ပေါ်ပေါက်သွားခဲ့လျှင် ပို၍ပင် ဖြစ်နိုင်ချေ မရှိတော့။

ဇွန်ဘီများက လူသားများအား သတ်ရန် ကြံစည်နေပြီး လူသားများက ဇွန်ဘီများကို ပုန်းရှောင်နိုင်ရန် အစွမ်းကုန် ကြိုးစားပေမည်။ နှစ်ဦးကြားရှိ ဆက်ဆံရေးမှာ သူသေ ကိုယ်သေ ဆက်ဆံရေးမျိုးဖြစ်သည်။ ရန်သူများက ပွေ့ဖက်လိုစိတ်ရှိမည်မဟုတ်ပေ။

ရလဒ်မှာမူ သူမတို့နှစ်ဦးသားက မတော်တဆ တိုက်မိကာ ခြေချော်သွားခဲ့ခြင်း။

အဝတ်လဲပြီး ရှန့်ချောင် ပြန်ထွက်လာချိန်တွင် အခြားဧည့်သည်များပါ ပြန်ထွက်လာလေပြီ။ ကောင်းကင်မှာ လင်းစပြုပြီဖြစ်ကာ အလင်းရောင်ခပ်ဖျော့ဖျော့က တိမ်တွေကို ထိုးခွဲလျက် ထွက်ပေါ်လာသည်။ 'ပြင်းထန်သည့် တိုက်ပွဲည' ပြီးဆုံးချိန်တွင် ဧည့်သည်သရုပ်ဆောင်များမှာ ပင်ပန်းနွမ်းနယ်နေလေပြီ။

'ဟော့ရှန့် အဖွဲ့'က လူသားနှင့် ဇွန်ဘီအကြားရှိ ကွာခြားချက်ကို ချိုးဖျက်ကာ အနိုင်ရသူဖြစ်ကြောင်း ရိုက်ကူးရေးအဖွဲ့က ကြေညာသည်။

ရှန်ကျွင့်ယီး - "အဲ့ဒီတော့ မင်းတို့ရဲ့ ရည်ရွယ်ချက်က ကမ္ဘာ့အလယ်မှာ မတ်တပ်ရပ်ပြီး ချစ်ကြောင်း ဖော်ပြဖို့ပေါ့? မင်းတို့သာ ငါ့ကို လူသားကဒ်ပေးရင် ငါနိုင်မှာ"

ပရိုဂရမ်အဖွဲ့ - "....."

ကျေးဇူးပြုပြီး ကိုယ့် အိုင်ကျူနဲ့ လိုက်တဲ့ စကားမျိုးပဲ ပြောပေးပါလား....

ဆုများ ခွဲဝေချိန်တွင် ဖန်းကျီက ကျန်းမင်ထံ ပြေးသွားကာ အကြမ်းပတမ်း ထုရိုက်လာသည်။ ကျန်းမင်က ရယ်ရယ်မောမောဖြင့် ပြေးပုန်းသည်။ အခြားနှစ်ဖွဲ့သည်လည်း သူတို့၏ ကိုယ်ပိုင်အသင်းဖော်များအပေါ် သစ္စာဖောက်ခဲ့သည့် အပြုအမူများအကြောင်း ပြန်လည်ဆွေးနွေးနေကြသည်။ လော့ချင်းက ဘေးကို လှည့်ပတ်ကြည့်ရင်း ဆိုသည်။

"ကြည့်ရတာ ဟော့ရှန်းအဖွဲ့ကပဲ ပရိုဂရမ်က စီစဉ်ထားတဲ့ အချင်းချင်း သတ်ခိုင်းတာမျိုး မဖြစ်တာ ထင်တယ်"

ရှန်ကျွင့်ယီး - "ဟော့ရှီးက လူလေ၊ သူမှ မသိတာ"

လော့ချင်း - "ဟော့ရှီးကို မသတ်ဖို့ တင်းခံနိုင်တဲ့ ရှောင်ချောင်ရဲ့ စွမ်းရည်က အောင်နိုင်ဖို့ သော့ချက်ပဲ"

ကျန်းမင် - "တွေးကြည့်ရင် အမှန်ပဲနော်၊ ဟော့ရှီးက စည်းကမ်းချက်တွေကို မသိဘူး၊ ရှောင်ချောင်သာ မျိုးရိုးဗီဇပြောင်းလဲကြောင်း သတိပေးချက် ရတာနဲ့ လှုပ်ရှားမယ်ဆိုရင် ဟော့ရှီးမှာ နိုင်ဖို့ အခွင့်အရေးတောင် မရှိဘူး၊ ကျိန်းသေ ရှုံးမှာပဲ"

ဖန်းကျီက သိလိုစိတ်ပြင်းပြစွာ မေးမြန်းလာသည်။

"ရှောင်ချောင်၊ နင် ဘာလို့ မတိုက်တာလဲ?"

ရှန့်ချောင် - "..... ဘာလို့လဲဆိုတော့ အသစ်ရောက်လာတဲ့ ဧည့်သည်ကို ဂရုစိုက်ပေးရမယ်လေ"

ဟော့ရှီးက သူမထံ လှည့်ပြုံးပြလာကာ

"အင်း... မင်းရဲဲ့ ကရုဏာအတွက် ကျေးဇူးတင်ပါတယ်"

ပရိုဂရမ်အဖွဲ့က ရိုက်ကူးရေး ပြီးဆုံးကြောင်း ကြေညာသည်။

တညလုံး ပင်ပန်းနွမ်းနယ်ခဲ့ရပြီးသည့်နောက် လူတိုင်းက ဟိုတယ်ဆီပြန်ကာ အနားယူအိပ်စက်ရန် ပြင်ဆင်သည်။ ဘတ်စ်ကားပေါ်တက်ပြီးသည်နှင့် တရေးတမော အိပ်စက်ကြသည်။ ရှန့်ချောင်နှင့် ဟော့ရှီး၏ ထိုင်ခုံကြားတွင် လူသွားလမ်းခြားထားကာ ကားမှာ လှုပ်ခတ်လျက်ရှိသည်။ ရှန့်ချောင်က ခေါင်းလှုပ်လျက်ဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျလျက်ရှိပြီး သူမခဏကိုယ်မှာ တဖြည်းဖြည်း ယိုင်လာသည်မှာ ထိုင်ခုံပေါ်မှ ပြုတ်ကျမတတ်ပင်။

ဟော့ရှီး မတ်တပ်ရပ်ကာ ယိုင်နေသည့် သူမကိုယ်ကို ထိန်းညှိပေးပြီးနောက် သူမဘေးတွင် ဂရုတစိုက် ဝင်ထိုင်လိုက်ပြီး ခါယမ်းနေသည့် သူမဦးခေါင်းကို သူ့ပခုံးပေါ် မှေးတင်စေသည်။ သူ ဝင်ထိုင်ချိန်၌ ပခုံးကို ပို၍ နှိမ့်ပေးထားခဲ့သည်မှာ သူမ ပို၍ သက်သောင့်သက်သာ အိပ်စက်နိုင်စေရန်အတွက်ပင်။

သူမက အိပ်မောကျလျက်ရှိကာ သူ့လည်ပင်းနားကိုပါ ပွတ်သီးပွတ်သပ်လုပ်လာခဲ့ပြီး သူမဆံနွယ်တို့က သူ့အသားအရေကို ပွတ်တိုက်သွားခြင်းကြောင့် အနည်းငယ် ယားယံလာရသည်။ ဟော့ရှီးက ခေါင်းအနည်းငယ်ငုံ့ကာ သူ့နှုတ်ခမ်းစွန်းတို့ကို သူမနဖူးပြင်ထက် ဖွဖွပွတ်တိုက်သွားစေပြီးနောက် တိတ်တဆိတ် ပြုံးလိုက်သည်။

နောက်ဘက်ထိုင်ခုံတွင် ထိုင်နေသည့် ရှန်ကျွင့်ယီးပ ခန္ဓာကိုယ်ပုံစံကို ပြင်ထိုင်လိုက်ပြီးနောက် ပြတင်းပေါက်ဘက် မျက်နှာလှည့်ကာ ဦးထုပ်အနားစွန်းကို အောက်သို့ ဆွဲချလိုက်သည်။

.......
ဟိုတယ်သို့ ရောက်ခါနီးအချိန်တွင် ဟော့ရှီးက ရှန့်ချောင်အား လှုပ်နှိုးလိုက်သည်။

သူမက မတ်မတ်ထိုင်လိုက်ပြီး ဘေးရှိ လူထံ အိမ်ချင်မူးတူး ဝေ့ဝဲကြည့်သည်။ သူမ မတုံ့ပြန်နိုင်ခင် အချိန်အတော်ကြာသည်အထိ စိုက်ကြည့်နေပြီးမှ တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ သူမမျက်ဝန်းတို့ ပြူးကျယ်သွားကာ စကားသံမှာ ထစ်ထစ်ငေါ့ငေါ့။

"ဟော့.... ဟော့ရှီး... ကျွန်မ သားရည်မကျဘူးမလား?"

ဟော့ရှီး ခေါင်းလှည့်ကာ သူ့ပခုံးထက် လှမ်းကြည့်ရင်း

"မင်း စစ်ဆေးကြည့်လို့ရတယ်"

ရှန့်ချောင် - " ဝူးးးးဝူးးးး"

သူမက တကယ်ပင် လက်ဆန့်တန်းကာ ထိတွေ့လာသည်။ ခြောက်သွေ့နေဆဲ။

(ငါ သေလုမျောပါး ကြောက်လန့်သွားခဲ့တာ)

သူ့မျက်ဝန်းတွေထဲတွင် ရယ်မြူးရိပ်တို့ အထင်းသားဖြစ်နေသော်လည်း မျက်နှာအမူအရာမှာမူ တည်ငြိမ်လျက်ရှိပြီး သူ့ထိုင်ခုံတွင် ပြန်ထိုင်သည်။

ဘတ်စကားက ခပ်မြန်မြန်ပင် ဟိုတယ်ရှိရာဆီ မောင်းနှင်လာကာ ဧည့်သရုပ်ဆောင်များမှာ တစ်ဦးပြီး တစ်ဦးနိုးလာသည်။ လမ်းတစ်လျှောက် အိပ်မောကျလာပြီးနောက် သူတို့အားလုံး လုပ်လိုသမျှမှာ အခန်းတွင်းပြန်အိပ်လိုခြင်းပင်။

ကားပေါ်မှ ဆင်းလာပြီးနောက် စကားစမြည်ပြောဆိုခြင်းမရှိတော့ပဲ ခပ်မြန်မြန်ပင် အခန်းထဲသို့ ကိုယ်စီကိုယ်ဌ ဝင်သွားကြသည်။

ဟိုတယ်ခန်းအတွင်းသို့ ပြန်ရောက်ပြီးနောက် ကုတင်ပေါ် ရောက်သည်နှင့် ရှန့်ချောင် အလျှင်အမြန် အိပ်မောကျသွားသည်။ တင်းကျန်က အခန်းထဲမှ ခြေသံဖွဖွနင်းကာ ပြန်ထွက်လာပြီး တံခါးပိတ်နေစဉ်မှာပင် ဟော့ရှီး အနားသို့ လျှောက်လာသည်ကို မြင်လိုက်ရသည်။

ဟော့ရှီးက တံခါးဆီ လှမ်းကြည့်ရင်း လေသံတိုးတိုးဖြင့် မေးသည်။

"သူ အိပ်သွားပြီလား?"

တင်းကျန် ခေါင်းညိတ်သည်။

"အင်း၊ အိပ်သွားပြီ"

ဟော့ရှီး ခေါင်းညိတ်လိုက်ပြီး ခပ်ဖွဖွ ပြုံးရင်းဆိုသည်။

"သူ နိုးလာရင် အလုပ်ရှိလို့ ကျွန်တော် အရင် ပြန်နှင့်ပြီဆိုတာ ပြောပေးပါဦး"

တင်းကျန် ခေါင်းညိတ်လိုက်သည်။

သူနောက်လှည့်ကာ ပြန်ထွက်သွားကာ လက်ထဲ ကိုင်လာသည့် ဦးထုပ်ကို ဆောင်းလိုက်ပြီး လမ်းလျှောက်ရင်း Mask တပ်လိုက်လျှင် သူ၏ အေရစက်သည့် အရှိန်အဝါမှာ ပြန်လည်ပေါ်ထွက်လာသည်။

တရုတ်နိုင်ငံသို့ ပြန်သည့် လေယာဉ်ချိန်မှာ ညနေပိုင်းတွင် ဖြစ်သဖြင့် လက်ထောက်များက ဧည့်သည်များကို ကြိုတင်နှိုးထားသည်။ ရှန့်ချောင် သန့်ရှင်းရေးလုပ်နေစဉ်တွင် တင်းကျန်က ရေချိုးခန်းတံခါးဝတွင်ရပ်ကာ ဟော့ရှီး မှာခဲ့သည်ကို ပြန်ပြောပြသည်။

သူမ သွားတိုက်နေသည်ကို ရပ်လိုက်ပြီး စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

"သူက မနားပဲ အလုပ်ဆက်သွားတာလား?"

တင်းကျန် - "ကြည့်ရတာ အချိန်ဇယားတွေ ကျပ်နေပုံရတယ်"

ရုတ်တရက်ဆိုသလို ရှန့်ချောင် ညစာစားချင်စိတ်ပျောက်သွားသည်။

သူက တနေ့နှင့် တည မအိပ်စက်ရသေးသလို ပြီးခဲ့သည့်ညက ရိုက်ကူးခဲ့သည့် အစီအစဉ်မှာလည်း ပင်ပန်းခက်ခဲလွန်းလှသည်။ သူ့ခန္ဓာကိုယ်က ဘယ်လိုများ တောင့်ခံထားရသလဲ? သူ့အလုပ်ကို နှောင့်ယှက်မိမည်စိုးတာမို့ သူမ ဖုန်းမခေါ်တော့ပဲ အချိန်မှန်စားရန် သတိပေးသည့် Wechat မက်ဆေ့ချ်သာ ပို့ထားလိုက်သည်။

ပရိုဂရမ်အဖွဲ့က ညစာပြင်ဆင်ထားခဲ့သည်။ ဟော့ရှီးကို ညစာစားပွဲတွင် မတွေ့သည်နှင့် နောက်တစ်နေ့မနက်အလုပ်အတွက် သူကြိုပြန်နှင့်ပြီဖြစ်မှန်း အားလုံး သိသွားကြသည်။ ထိပ်တန်းအနုပညာရှင်၏ အချိန်ဇယားမှာ အမှန်တကယ်ကိုပင် ကျပ်ညပ်နေကြောင်း သူတို့အားလုံး စုတ်သပ်ကြသည်။

ရှန့်ချောင် အစားစားချင်စိတ်မရှိသောကြောင့် တလုတ်၊ နှစ်လုတ်မျှ စားပြီးသည်နှင့် တူကို ဘေးချလိုက်သည်။ ညစာစားသောက်ပြီးသည်နှင့် ရိုက်ကူးရေးအဖွဲ့သားများက ဧည်သည့်များအား လေဆိပ်သို့ လိုက်ပို့ကာ အားလုံးက အိမ်အပြန်အတွက် လေယာဉ်ပေါ် တက်လာကြသည်။

ရှည်ကြာသည့် လေယာဉ်ခရီးစဉ်ဖြစ်ကာ ရှန့်ချောင် တရုတ်သို့ ပြန်ရောက်ချိန်တွင် နောက်တနေ့မနက် အစောပိုင်း ဖြစ်နေလေပြီ။ သူမ လေယာဉ်ပေါ်မှ ဆင်းလာကာ ဖုန်းဖွင့်လိုက်ချိန်တွင် ဟော့ရှီး သူမအား စာပြန်ထားသည်ကို မြင်လိုက်ရသည်။

"ငါ သိပါတယ်။ စိတ်မပူနဲ့နော်"

သူမ အနည်းငယ် စိတ်ချသွားသည်။

......
အမှန်တကယ်တွင်မူ လက်တလောတွင် သူမထံတွင် အလုပ်ချိန်ဇယား အများအပြားရှိသည်။ အပတ်တိုင်း Variety Show အစီအစဉ်နှစ်ခု ရိုက်ကူးရကာ ဇာတ်ညွှန်းကျက်ရသည်သာမက ကိုယ်ပိုင် trainer ထံ သွားကာ အားကစားလုပ်ရသေးသည်။

ကျော်ကြားမှုနှင့် လူသိများမှု တိုးတက်လာသည်နှင့်အမျှ အလုပ်အချိန်ဇယားနှင့် လိုက်နာရသည်များ များပြားလာသည်မှာ ပုံမှန်ဖြစ်သည်။ သူမက ပေ့မင်းဖန် စီစဉ်ပေးသမျှ အလုပ်ဟူသမျှအား ငြင်းဆန်ခဲ့သည်ဟူ၍ မရှိချေ။ သူက သူမအပေါ် ထားရှိခဲ့သည့် မူလကတိစကားအတိုင်း တည်ကာ ကောင်းမွန်သည့် Resources များကိုသာ ရှာဖွေပေးသည်။ ပင်ပန်းသော်လည်း သူမ၏ အကျိုးခံစားခွင့်မှာ အားထုတ်မှုနှင့် တိုက်ရိုက်အချိုးကျသည်။

အလုပ်များနေသည့်အချိန်ကာလအတွင်းမှာပင် 'Escape from Life' မှ သရဲမင်္ဂလာပွဲ ဒုတိယပိုင်းကို ထုတ်လွှင့်ပြသလာသည်။

ဒီအပတ်အတွင်း ရှန့်ချောင်၏ 'ငါ တစ်ခုစဉ်းစားမိတာ ရှိတယ်' ဟူသော စကားအပေါ် မူတည်ကာ အင်တာနက်အသုံးပြုသူများက များစွာသော ဇာတ်ကြောင်းများကို မှန်းဆခဲ့ကြပြီး အချက်အလက်အတော်များများကိုပင် မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့ကြသည်။ လူတိုင်းက အစီအစဉ်ထုတ်လွှင့်မှုကို စောင့်ဆိုင်းနေကြခြင်းပင်။

အစီအစဉ်စတင် ထုတ်လွှင့်လေပြီ။

နေ့နှင့် ညအကြားရှိ ပတ်သက်မှုနှင့် စက္ကူရုပ်များအကြောင်း ရှန့်ချောင် ပြောပြချိန်တွင် မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့သူများမှာ ပျော်ရွှင်နေကြပြီး မှန်အောင် မမှန်းနိုင်သည့် အင်တာနက်အသုံးပြုသူများက သူမ၏ ဉာဏ်ကောင်းပုံကို ချီးကျူးကြသည်။

သရုပ်ဆောင်များနည်းတူ ကြည့်ရှုသူများက ဇာတ်ကြောင်း မည်သို့ ဆက်ရမည်နည်းဟုစိတ်လှုပ်ရှားပူပန်နေစဉ်မှာပင် ရှန်ကျွင့်ယီးက စက္ကူရုပ်ကို နှစ်ပိုင်း ဖြဲလိုက်သည်ကို မြင်လိုက်ရပြီး သူ၏ နာမည်ကျော်သီအိုရီဖြစ်သည့် "စက္ကူရုပ်မီးရှို့ခြင်းအကြောင်း" ပြောဆိုနေသည်။

အင်တာနက်အသုံးပြုသူများ - " ??? "

Barrage - " ဟားးးဟားးးဟားးးဟားးး"

ပရိုဂရမ်အဖွဲ့သားများ မူးမေ့လဲသွားလောက်သည်။

"ဘယ်လို bug ကောင်မျိုးကို Show အဖွဲ့က ဖိတ်မိတာလဲ?"

"ငါ့သားက တအားဉာဏ်ကောင်းတာပဲ"

"စတိတ်စင် ဘုရင်ပေမဲ့ အပြင်မှာတော့ လူရွှင်တော်ပါ၊ ကျေးဇူးပြုပြီး နားလည်ပေးပါ"

ကြောက်ရွံ့ထိတ်လန့်နေသည့် လေထုမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

ဤသည်ကို 'ဟော်ရာရှိုးဟု' လူတိုင်း သတ်မှတ်ထားသော်လည်း ပို၍ ပို၍ပင် ရယ်ရွှင်ဖွယ်ကောင်းလာသည်။ မူရင်းဇာတ်ညွှန်းနှင့် ကြောက်မက်ဖွယ် အခြေအနေကို ထိန်းသိမ်းနိုင်ရန် ပရိုဂရမ်အဖွဲ့က ရေကုန်ရေခန်း ကြိုးစားသလို ဧည့်သရုပ်ဆောင်များကလည်း တန်ပြန်ဖျက်ဆီးရန် ကြိုးပမ်းသည်။

ကျီကျားယို့က နံရံပေါ် ကျော်တက်ကာ ကင်မရာသမားကို ချန်ရစ်ထားခဲ့ပြီးနောက် ရှန့်ချောင်က သူမ၏ အကြွေစေ့အိတ်ကို ထုတ်ယူလာကာ များစွာသော သရဲနှင်ပစ္စည်းများကို ဆွဲထုတ်လာသည်။

လူတိုင်းက သရဲသတို့သမီးနှင့် ပတ်သက်ပြီး သူမ၏ ကောက်ချက်ချနိုင်စွမ်းနှင့် တည်ငြိမ်မှုအပြင် ဉာဏ်ရည်ကြောင့် အထင်ကြီးသွားသည်။ အားလုံးက သူမဖန်ဖြစ်ပြီဖြစ်ကြောင်း ကြေညာလာချိန်၌ သူမ ဘောင်းဘီအိတ်ထဲမှ အကြွေစေ့အိတ်ကို မျက်နှာအမူအရာပြောင်းလဲမှုမရှိပဲ ထုတ်ယူလာသည်ကို မြင်လိုက်ရသည်။

မက်မွန်သား ဓါး???

ကြည့်ရှူသူများ - " ??? "

[အားးးးး... အဲ့ဒါ ငါ ချောင်ချောင်ဆီ ပို့ပေးလိုက်တဲ့ ဓါး!!! ချောင်ချောင် ကျားရို့!! ဒါက ငါ့မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ မှော်ဓါး၊ မကောင်းဆိုးဝါးအများကြီးကို နှိမ်နင်းခဲ့ပြီးပြီ!! မကြောက်နဲ့၊ လုပ်လိုက်တော့!!!]

[နင်နဲ့ နင်အိုင်ဒေါလ်နဲ့က တကယ်ပဲ လိုက်ဖက်ပါတယ်]

[အိုင်ကျူမြင့်ပြီး တည်ငြိမ်တဲ့ လူပုံရိပ်က ရုတ်တရက်ကြီး ဘယ်ရောက်သွားတာလဲ?]

[ဒါပေမယ့် ချစ်စရာလေး... ဒါ ဘယ်လို ဒိုရေမွန်မျိုးလဲ? ငါ သဘောကျလိုက်တာ!!]

[သူက တကယ်တော့ အံ့ဩစရာပဲ၊ သူက ကျိန်းသေပေါက် သရဲကြောက်နေပေမဲ့ အဓိကဇာတ်ကြောင်းကို ဖော်ထုတ်သွားနိုင်တယ်၊ ပိုကြောက်လေ ပိုတည်ငြိမ်လေပဲ၊ ကြည့်ရတာ သူက အဲ့လိုလူမျိုးထင်တယ်]

[အစီအစဉ်ရဲ့ ဟာကွက်ကို အခွင့်ကောင်းယူပြီး သတို့သမီးဟန်ဆောင်ပြီး အချိန်ဆွဲနေချိန်မှာ ကျန်တဲ့သူတွေကို တကယ့်သတို့သမီးအစစ်ကို အပြင်လိုက်ပို့ခိုင်းတာက.... ဝိုး... ဒါ ဘယ်လိုတောင် ဉာဏ်ပြေးတဲ့ ဦးနှောက်လဲ?]

[ငါ့ ချောင်ချောင်က ဦးနှောက်မရှိဘူးလို့ ပြောတဲ့သူတိုင်းအတွက် ငါ ပြန်စိတ်ပူမိပြီ]

[ရှန်ကျွင့်ယီးက ဟာသအတွက် တာဝန်ယူပြီး ရှန့်ချောင်က ဉာဏ်ပညာအတွက် တာဝန်ယူတယ်၊ ဒီအစီအစဉ်ကတော့ တည်ငြိမ်နေပါပြီ]

.....
"သရဲမင်္ဂလာပွဲ" ထုတ်လွှင့်မှုမှာ နောက်ထပ်တကြိမ် Hot Search တွင် နေရာယူလာပြန်သည်။ ပရိုဂရမ်အဖွဲ့မှ ရင်းနှီးမြုပ်နှံသူများကလည်း ပိုက်ဆံသုံးပေးရန် လိုလားသည်မို့ Hot Search စာရင်းမှာ တည်မြဲနေပြီး အင်တာနက်တစ်ခုလုံး ထိုအကြောင်းအရာဖြင့် ပလူပျံလျက်ရှိသည်။ ရှန့်ချောင်၏ ဇာတ်ကွက်ဖော်ဆောင်မှုနှင့် ပရိုဂရမ်အတွင်း လုပ်ဆောင်မှုများအကြောင်း အများအပြား ဆွေးနွေးလာကြကာ ဖန်ဖြစ်လာစေရန် ဆွဲဆောင်လိုက်နိုင်သည်။

ကောင်းမွန်သည့် အခြေအနေမျိုးတွင် ရှန့်ချောင်၏ အလုပ်ဇယားမှာ ပို၍ပင် များပြားလာသည်။ 'Escape from life' နှင့် 'Starlight Junior' အတွက် အပိုင်းသစ်များ ရိုက်ကူးပြီးစီးပြီးသည့်နောက် ပေ့မင်းဖန်က နိုင်ငံခြားရှိုးပွဲ တက်ရောက်ကြည့်ရှုရန် ခရီးစဉ် စီစဉ်ပေးသည်။ မည်သို့ပင်ဆိုစေ ဖက်ရှင်အမြင်မှာ ခေတ်နှင့်အညီ လိုက်လျောညီထွေရှိရမည်ပင်။

ရှန့်ချောင်ခမျာ နေ့တိုင်းလိုလို မအားလပ်အောင် အလုပ်များလျက်ရှိသည်။ ဟော့ရှီးက ရိုက်ကူးရေးအဖွဲ့သို့ ဝင်ရောက်တော့မည်ဖြစ်တာမို့ အသစ်ထုတ်သည့် အယ်လ်ဘမ်မှာ ရိုက်ကူးရေးမစတင်ခင် ထွက်ရှိလာရမည်ဖြစ်သလို ရိုက်ကူးရေးအတွက် အချိန်ဇယားအားလုံးရှင်းထုတ်ထားရမည်ဖြစ်သည်။ထို့ကြောင့် အလုပ်များလွန်းလှသဖြင့် အွန်လိုင်းပေါ်တွင် မမြင်ရသလို ပို့စ်ပင် တင်ခြင်းမရှိ၊ လူမြင်ကွင်းမှ လုံးလုံးပျောက်ကွယ်လျက်ရှိသည်။

ရှီးကွမ်းများမှာ ငိုကြီးချက်မဖြင့် သူတို့ပေါင်ပေ့ကို နေ့စဉ်လိုလို တမ်းတလျက်ရှိသည်။

လျန်ရှောင်ထန်က ရှန့်ချောင်ထံ မက်ဆေ့ချ်ပို့ကာ မေးမြန်းသည်။

"ရှောင်ချောင်၊ ဒီတလော ငါ့သားနဲ့ တွေ့သေးလား?"

ရှန့်ချောင် - "ငါ့လောင်ကုန်းကို မတွေ့တာကြာပြီ"

လျန်ရှောင်ထန် - "အို့... ယောက္ခမရော ချွေးမပါ သနားစရာပဲ"

ရှန့်ချောင် - "......"

ဒါက ကျိန်းသေပေါက်ကို ကမ္ဘာပေါ်တွင် အအေးချမ်းဆုံးသော ချွေးမနှင့် ယောက္ခမ ဆက်ဆံရေးဖြစ်ပေမည်။

နောက်ဆုံးအကြိမ် ရိုက်ကူးရေးပြီးသည့်နေ့မှစကာ နှစ်ယောက်သားက အချင်းချင်း တွေ့ဆုံခဲ့ခြင်းမရှိသလို မက်ဆေ့ချ်ပင် မပို့ဖြစ်။ သူ အလုပ်များနေမှန်း သူမ နားလည်ကာ သူ့အား မနှောင့်ယှက်လိုသလို သူ့ဘက်မှလည်း စတင် ဆက်သွယ်လာခြင်းမရှိပေ။

လျန်ရှောင်ထန်က ငိုညည်းနေဆဲ။ ဟော့ရှီး၏ Wechat profile ထဲ ရှန့်ချောင် ဝင်လိုက်ကာ ဖုန်းကိုင်ရင်း နှစ်ခါမျှ အော်မြည်လိုက်သည်။

သူမ လျန်ရှောင်ထန်ထံ အကြံတောင်းလိုက်သည်။

"နင့်သားဆီ ငါ ဖုန်းခေါ်ရင် ကောင်းမလား?"

လျန်ရှောင်ထန် - "ဟော့ရှန့် CP အဖွဲ့အနေနဲ့ ချက်ချင်း တိုက်ခိုက်ဖို့ အမိန့်ပေးတယ်!"

အကြောင်းပြချက် ရှာတွေ့သွားသည့် ရှန့်ချောင်က သတ္တိမွေးကာ ဆယ်ရက်ကျော်မျှ မဆက်သွယ်ခဲ့သည့် ဖုန်းနံပါတ်ထံ လှမ်းခေါ်သည်။

ဖုန်းကိုင်လာသည်မှာ ချက်ချင်းဆိုသလိုပင်။ သူ့လေသံမှာ အနည်းငယ် ပင်ပန်းနေပုံရသည်။ သို့ရာတွင် သူ့လေသံမှာ အနည်းငယ် ပျော်ရွှင်သွားဟန်ကို သူမ ကြားနေရသည်။

ရှန့်ချောင်က ခပ်ပျော်ပျော်ပင် တီးတိုးဆိုလိုက်သည်။

"ဟော့ရှီး ရှင်အလုပ်များနေလား?"

"ငါ အခုလေဆိပ်မှာ၊ တရုတ်ကို ချက်ချင်းပြန်လာတော့မလို့"

"ကျွန်မ ဒီတလော အလုပ်များနေတာ"

"အင်း၊ မင်း ပဲရစ်မှာ ရှိုးပွဲသွားကြည့်မှန်း သိတယ်"

"မနက်ဖြန်ကျရင် 'Escape from life'အတွက် သွားရိုက်ကူးမှာ"

"ငါ ညနေ ၇နာရီလောက် ပြန်ရောက်မယ်"

"ဒါဆို ရှင် ညစာအတူစားချင်လား?"

"အင်း... ငါ ပဲငံပြာရည်ခေါက်ဆွဲ စားချင်တယ်"

သူမ ကုတင်ပေါ်မှ ထထိုင်လိုက်ကာ မျက်ဝန်းများမှာ အပြုံးကြောင့် ပိတ်လုနီးပါး။

"ကျွန်မ ရှင့်ကို စောင့်နေမယ်"

****









{Zawgyi}

အပိုင္း ၈၀

ပရိုဂရမ္အဖြဲ႕ဝန္ထမ္းမ်ားက အလၽွင္အျမန္ေျပးလာကာ သူမတို႔ႏွစ္ေယာက္ကို ေရထဲမွ ဆြဲထူကာ မ်က္ႏွာသုတ္ပဝါမ်ားႏွင့္ ေရမ်ား သုတ္ေစကာ အဝတ္လဲေစသည္။

ရွန့္ေခ်ာင္မွာ ႐ုတ္တရက္ျဖစ္ေပၚလာေသာ ဇာတ္သိမ္းခန္းေၾကာင့္ စိတ္ရွုပ္ေထြးလ်က္ရွိၿပီး အစီအစဥ္ရိုက္ကူးရာျပင္ပသို႔ ထြက္လာသည့္တိုင္ေအာင္ တုံ႔ျပန္မွု မရွိေသးေခ်။

ရွန့္ေခ်ာင္ တစ္ကိုယ္လုံး စိုရႊဲေနသည္ကို တင္းက်န္ ျမင္သည္ႏွင့္ လက္ထဲရွိ စားလက္စ ေခါက္ဆြဲဘူးကို လႊင့္ပစ္လိုက္ကာ ခပ္ျမန္ျမန္ေျပးလာသည္။

"ဘာျဖစ္တာလဲ?"

ရွန့္ေခ်ာင္ လက္ေဝွ႕ရမ္းျပလိုက္သည္။

ကံေကာင္းစြာျဖင့္ပင္ အႏုပညာရွင္မ်ား၏ လက္ေထာက္မ်ားက အဝတ္ပိုမ်ား သယ္ေဆာင္လာသည္။ သူမ အဝတ္လဲေနခ်ိန္တြင္ ဆုေတာင္းအေႂကြေစ့တစ္ေစ့က စိုရႊဲေနသည့္ အိတ္ကပ္ထဲမွ လိမ့္ထြက္လာသည္။ သူမ ေကာက္ယူကာ ၾကည့္လိုက္လၽွင္ အေႂကြေစ့ ေရွ႕မ်က္ႏွာစာတြင္ ဌက္မ်ား ေတးသီက်ဴးေနဟန္ႏွင့္ ပန္းမ်ား ေမႊးပ်ံ႕ေနပုံကို ထြင္းထုထားသည္။ ေနာက္ဘက္တြင္မူ လူႏွစ္ေယာက္က အခ်င္းခ်င္း ေပြ႕ဖက္လ်က္ရွိသည္။

ပရိုဂရမ္အဖြဲ႕က အေျဖမွန္ကို သူတို႔မ်က္စိေရွ႕တြင္ အေစာကတည္းကပင္ ခ်ျပထားခဲ့သည္။

သည္တစ္ေခါက္ သူတို႔ စီမံထားမွုမွာ အမွန္တကယ္ ေကာင္းမြန္လွသည္။

ဇြန္ဘီႏွင့္ လူသားမ်ားဟူသည့္ သ႐ုပ္သကန္ တည္ရွိမွု မရွိလၽွင္ပင္ ပုံမွန္အေျခအေနမ်ိဳး၌ ဧည့္သည္မ်ားက ေပြ႕ဖက္ျခင္းမ်ိဳးကို လုပ္ေဆာင္မည္ မဟုတ္ေပ။ ႏွစ္ဖက္စလုံး၏ သ႐ုပ္မွန္မ်ား ေပၚေပါက္သြားခဲ့လၽွင္ ပို၍ပင္ ျဖစ္နိုင္ေခ် မရွိေတာ့။

ဇြန္ဘီမ်ားက လူသားမ်ားအား သတ္ရန္ ႀကံစည္ေနၿပီး လူသားမ်ားက ဇြန္ဘီမ်ားကို ပုန္းေရွာင္နိုင္ရန္ အစြမ္းကုန္ ႀကိဳးစားေပမည္။ ႏွစ္ဦးၾကားရွိ ဆက္ဆံေရးမွာ သူေသ ကိုယ္ေသ ဆက္ဆံေရးမ်ိဳးျဖစ္သည္။ ရန္သူမ်ားက ေပြ႕ဖက္လိုစိတ္ရွိမည္မဟုတ္ေပ။

ရလဒ္မွာမူ သူမတို႔ႏွစ္ဦးသားက မေတာ္တဆ တိုက္မိကာ ေျခေခ်ာ္သြားခဲ့ျခင္း။

အဝတ္လဲၿပီး ရွန့္ေခ်ာင္ ျပန္ထြက္လာခ်ိန္တြင္ အျခားဧည့္သည္မ်ားပါ ျပန္ထြက္လာေလၿပီ။ ေကာင္းကင္မွာ လင္းစျပဳၿပီျဖစ္ကာ အလင္းေရာင္ခပ္ေဖ်ာ့ေဖ်ာ့က တိမ္ေတြကို ထိုးခြဲလ်က္ ထြက္ေပၚလာသည္။ 'ျပင္းထန္သည့္ တိုက္ပြဲည' ၿပီးဆုံးခ်ိန္တြင္ ဧည့္သည္သ႐ုပ္ေဆာင္မ်ားမွာ ပင္ပန္းႏြမ္းနယ္ေနေလၿပီ။

'ေဟာ့ရွန့္ အဖြဲ႕'က လူသားႏွင့္ ဇြန္ဘီအၾကားရွိ ကြာျခားခ်က္ကို ခ်ိဳးဖ်က္ကာ အနိုင္ရသူျဖစ္ေၾကာင္း ရိုက္ကူးေရးအဖြဲ႕က ေၾကညာသည္။

ရွန္ကၽြင့္ယီး - "အဲ့ဒီေတာ့ မင္းတို႔ရဲ့ ရည္ရြယ္ခ်က္က ကမၻာ့အလယ္မွာ မတ္တပ္ရပ္ၿပီး ခ်စ္ေၾကာင္း ေဖာ္ျပဖို႔ေပါ့? မင္းတို႔သာ ငါ့ကို လူသားကဒ္ေပးရင္ ငါနိုင္မွာ"

ပရိုဂရမ္အဖြဲ႕ - "....."

ေက်းဇူးျပဳၿပီး ကိုယ့္ အိုင္က်ဴနဲ႔ လိုက္တဲ့ စကားမ်ိဳးပဲ ေျပာေပးပါလား....

ဆုမ်ား ခြဲေဝခ်ိန္တြင္ ဖန္းက်ီက က်န္းမင္ထံ ေျပးသြားကာ အၾကမ္းပတမ္း ထုရိုက္လာသည္။ က်န္းမင္က ရယ္ရယ္ေမာေမာျဖင့္ ေျပးပုန္းသည္။ အျခားႏွစ္ဖြဲ႕သည္လည္း သူတို႔၏ ကိုယ္ပိုင္အသင္းေဖာ္မ်ားအေပၚ သစၥာေဖာက္ခဲ့သည့္ အျပဳအမူမ်ားအေၾကာင္း ျပန္လည္ေဆြးေႏြးေနၾကသည္။ ေလာ့ခ်င္းက ေဘးကို လွည့္ပတ္ၾကည့္ရင္း ဆိုသည္။

"ၾကည့္ရတာ ေဟာ့ရွန္းအဖြဲ႕ကပဲ ပရိုဂရမ္က စီစဥ္ထားတဲ့ အခ်င္းခ်င္း သတ္ခိုင္းတာမ်ိဳး မျဖစ္တာ ထင္တယ္"

ရွန္ကၽြင့္ယီး - "ေဟာ့ရွီးက လူေလ၊ သူမွ မသိတာ"

ေလာ့ခ်င္း - "ေဟာ့ရွီးကို မသတ္ဖို႔ တင္းခံနိုင္တဲ့ ေရွာင္ေခ်ာင္ရဲ့ စြမ္းရည္က ေအာင္နိုင္ဖို႔ ေသာ့ခ်က္ပဲ"

က်န္းမင္ - "ေတြးၾကည့္ရင္ အမွန္ပဲေနာ္၊ ေဟာ့ရွီးက စည္းကမ္းခ်က္ေတြကို မသိဘူး၊ ေရွာင္ေခ်ာင္သာ မ်ိဳးရိုးဗီဇေျပာင္းလဲေၾကာင္း သတိေပးခ်က္ ရတာနဲ႔ လွုပ္ရွားမယ္ဆိုရင္ ေဟာ့ရွီးမွာ နိုင္ဖို႔ အခြင့္အေရးေတာင္ မရွိဘူး၊ က်ိန္းေသ ရွုံးမွာပဲ"

ဖန္းက်ီက သိလိုစိတ္ျပင္းျပစြာ ေမးျမန္းလာသည္။

"ေရွာင္ေခ်ာင္၊ နင္ ဘာလို႔ မတိုက္တာလဲ?"

ရွန့္ေခ်ာင္ - "..... ဘာလို႔လဲဆိုေတာ့ အသစ္ေရာက္လာတဲ့ ဧည့္သည္ကို ဂ႐ုစိုက္ေပးရမယ္ေလ"

ေဟာ့ရွီးက သူမထံ လွည့္ျပဳံးျပလာကာ

"အင္း... မင္းရဲဲ့ က႐ုဏာအတြက္ ေက်းဇူးတင္ပါတယ္"

ပရိုဂရမ္အဖြဲ႕က ရိုက္ကူးေရး ၿပီးဆုံးေၾကာင္း ေၾကညာသည္။

တညလုံး ပင္ပန္းႏြမ္းနယ္ခဲ့ရၿပီးသည့္ေနာက္ လူတိုင္းက ဟိုတယ္ဆီျပန္ကာ အနားယူအိပ္စက္ရန္ ျပင္ဆင္သည္။ ဘတ္စ္ကားေပၚတက္ၿပီးသည္ႏွင့္ တေရးတေမာ အိပ္စက္ၾကသည္။ ရွန့္ေခ်ာင္ႏွင့္ ေဟာ့ရွီး၏ ထိုင္ခုံၾကားတြင္ လူသြားလမ္းျခားထားကာ ကားမွာ လွုပ္ခတ္လ်က္ရွိသည္။ ရွန့္ေခ်ာင္က ေခါင္းလွုပ္လ်က္ျဖင့္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေမာက်လ်က္ရွိၿပီး သူမခဏကိုယ္မွာ တျဖည္းျဖည္း ယိုင္လာသည္မွာ ထိုင္ခုံေပၚမွ ျပဳတ္က်မတတ္ပင္။

ေဟာ့ရွီး မတ္တပ္ရပ္ကာ ယိုင္ေနသည့္ သူမကိုယ္ကို ထိန္းညႇိေပးၿပီးေနာက္ သူမေဘးတြင္ ဂ႐ုတစိုက္ ဝင္ထိုင္လိုက္ၿပီး ခါယမ္းေနသည့္ သူမဦးေခါင္းကို သူ႔ပခုံးေပၚ ေမွးတင္ေစသည္။ သူ ဝင္ထိုင္ခ်ိန္၌ ပခုံးကို ပို၍ ႏွိမ့္ေပးထားခဲ့သည္မွာ သူမ ပို၍ သက္ေသာင့္သက္သာ အိပ္စက္နိုင္ေစရန္အတြက္ပင္။

သူမက အိပ္ေမာက်လ်က္ရွိကာ သူ႔လည္ပင္းနားကိုပါ ပြတ္သီးပြတ္သပ္လုပ္လာခဲ့ၿပီး သူမဆံႏြယ္တို႔က သူ႔အသားအေရကို ပြတ္တိုက္သြားျခင္းေၾကာင့္ အနည္းငယ္ ယားယံလာရသည္။ ေဟာ့ရွီးက ေခါင္းအနည္းငယ္ငုံ႔ကာ သူ႔ႏွုတ္ခမ္းစြန္းတို႔ကို သူမနဖူးျပင္ထက္ ဖြဖြပြတ္တိုက္သြားေစၿပီးေနာက္ တိတ္တဆိတ္ ျပဳံးလိုက္သည္။

ေနာက္ဘက္ထိုင္ခုံတြင္ ထိုင္ေနသည့္ ရွန္ကၽြင့္ယီးပ ခႏၶာကိုယ္ပုံစံကို ျပင္ထိုင္လိုက္ၿပီးေနာက္ ျပတင္းေပါက္ဘက္ မ်က္ႏွာလွည့္ကာ ဦးထုပ္အနားစြန္းကို ေအာက္သို႔ ဆြဲခ်လိုက္သည္။

.......
ဟိုတယ္သို႔ ေရာက္ခါနီးအခ်ိန္တြင္ ေဟာ့ရွီးက ရွန့္ေခ်ာင္အား လွုပ္ႏွိုးလိုက္သည္။

သူမက မတ္မတ္ထိုင္လိုက္ၿပီး ေဘးရွိ လူထံ အိမ္ခ်င္မူးတူး ေဝ့ဝဲၾကည့္သည္။ သူမ မတုံ႔ျပန္နိုင္ခင္ အခ်ိန္အေတာ္ၾကာသည္အထိ စိုက္ၾကည့္ေနၿပီးမွ တစ္စုံတစ္ခုကို သေဘာေပါက္သြားသည္။ သူမမ်က္ဝန္းတို႔ ျပဴးက်ယ္သြားကာ စကားသံမွာ ထစ္ထစ္ေငါ့ေငါ့။

"ေဟာ့.... ေဟာ့ရွီး... ကၽြန္မ သားရည္မက်ဘူးမလား?"

ေဟာ့ရွီး ေခါင္းလွည့္ကာ သူ႔ပခုံးထက္ လွမ္းၾကည့္ရင္း

"မင္း စစ္ေဆးၾကည့္လို႔ရတယ္"

ရွန့္ေခ်ာင္ - " ဝူးးးးဝူးးးး"

သူမက တကယ္ပင္ လက္ဆန့္တန္းကာ ထိေတြ႕လာသည္။ ေျခာက္ေသြ႕ေနဆဲ။

(ငါ ေသလုေမ်ာပါး ေၾကာက္လန့္သြားခဲ့တာ)

သူ႔မ်က္ဝန္းေတြထဲတြင္ ရယ္ျမဴးရိပ္တို႔ အထင္းသားျဖစ္ေနေသာ္လည္း မ်က္ႏွာအမူအရာမွာမူ တည္ၿငိမ္လ်က္ရွိၿပီး သူ႔ထိုင္ခုံတြင္ ျပန္ထိုင္သည္။

ဘတ္စကားက ခပ္ျမန္ျမန္ပင္ ဟိုတယ္ရွိရာဆီ ေမာင္းႏွင္လာကာ ဧည့္သ႐ုပ္ေဆာင္မ်ားမွာ တစ္ဦးၿပီး တစ္ဦးနိုးလာသည္။ လမ္းတစ္ေလၽွာက္ အိပ္ေမာက်လာၿပီးေနာက္ သူတို႔အားလုံး လုပ္လိုသမၽွမွာ အခန္းတြင္းျပန္အိပ္လိုျခင္းပင္။

ကားေပၚမွ ဆင္းလာၿပီးေနာက္ စကားစျမည္ေျပာဆိုျခင္းမရွိေတာ့ပဲ ခပ္ျမန္ျမန္ပင္ အခန္းထဲသို႔ ကိုယ္စီကိုယ္ဌ ဝင္သြားၾကသည္။

ဟိုတယ္ခန္းအတြင္းသို႔ ျပန္ေရာက္ၿပီးေနာက္ ကုတင္ေပၚ ေရာက္သည္ႏွင့္ ရွန့္ေခ်ာင္ အလၽွင္အျမန္ အိပ္ေမာက်သြားသည္။ တင္းက်န္က အခန္းထဲမွ ေျခသံဖြဖြနင္းကာ ျပန္ထြက္လာၿပီး တံခါးပိတ္ေနစဥ္မွာပင္ ေဟာ့ရွီး အနားသို႔ ေလၽွာက္လာသည္ကို ျမင္လိုက္ရသည္။

ေဟာ့ရွီးက တံခါးဆီ လွမ္းၾကည့္ရင္း ေလသံတိုးတိုးျဖင့္ ေမးသည္။

"သူ အိပ္သြားၿပီလား?"

တင္းက်န္ ေခါင္းညိတ္သည္။

"အင္း၊ အိပ္သြားၿပီ"

ေဟာ့ရွီး ေခါင္းညိတ္လိုက္ၿပီး ခပ္ဖြဖြ ျပဳံးရင္းဆိုသည္။

"သူ နိုးလာရင္ အလုပ္ရွိလို႔ ကၽြန္ေတာ္ အရင္ ျပန္ႏွင့္ၿပီဆိုတာ ေျပာေပးပါဦး"

တင္းက်န္ ေခါင္းညိတ္လိုက္သည္။

သူေနာက္လွည့္ကာ ျပန္ထြက္သြားကာ လက္ထဲ ကိုင္လာသည့္ ဦးထုပ္ကို ေဆာင္းလိုက္ၿပီး လမ္းေလၽွာက္ရင္း Mask တပ္လိုက္လၽွင္ သူ၏ ေအရစက္သည့္ အရွိန္အဝါမွာ ျပန္လည္ေပၚထြက္လာသည္။

တ႐ုတ္နိုင္ငံသို႔ ျပန္သည့္ ေလယာဥ္ခ်ိန္မွာ ညေနပိုင္းတြင္ ျဖစ္သျဖင့္ လက္ေထာက္မ်ားက ဧည့္သည္မ်ားကို ႀကိဳတင္ႏွိုးထားသည္။ ရွန့္ေခ်ာင္ သန့္ရွင္းေရးလုပ္ေနစဥ္တြင္ တင္းက်န္က ေရခ်ိဳးခန္းတံခါးဝတြင္ရပ္ကာ ေဟာ့ရွီး မွာခဲ့သည္ကို ျပန္ေျပာျပသည္။

သူမ သြားတိုက္ေနသည္ကို ရပ္လိုက္ၿပီး စိုးရိမ္တႀကီး ေမးျမန္းလိုက္သည္။

"သူက မနားပဲ အလုပ္ဆက္သြားတာလား?"

တင္းက်န္ - "ၾကည့္ရတာ အခ်ိန္ဇယားေတြ က်ပ္ေနပုံရတယ္"

႐ုတ္တရက္ဆိုသလို ရွန့္ေခ်ာင္ ညစာစားခ်င္စိတ္ေပ်ာက္သြားသည္။

သူက တေန႔ႏွင့္ တည မအိပ္စက္ရေသးသလို ၿပီးခဲ့သည့္ညက ရိုက္ကူးခဲ့သည့္ အစီအစဥ္မွာလည္း ပင္ပန္းခက္ခဲလြန္းလွသည္။ သူ႔ခႏၶာကိုယ္က ဘယ္လိုမ်ား ေတာင့္ခံထားရသလဲ? သူ႔အလုပ္ကို ေႏွာင့္ယွက္မိမည္စိုးတာမို႔ သူမ ဖုန္းမေခၚေတာ့ပဲ အခ်ိန္မွန္စားရန္ သတိေပးသည့္ Wechat မက္ေဆ့ခ်္သာ ပို႔ထားလိုက္သည္။

ပရိုဂရမ္အဖြဲ႕က ညစာျပင္ဆင္ထားခဲ့သည္။ ေဟာ့ရွီးကို ညစာစားပြဲတြင္ မေတြ႕သည္ႏွင့္ ေနာက္တစ္ေန႔မနက္အလုပ္အတြက္ သူႀကိဳျပန္ႏွင့္ၿပီျဖစ္မွန္း အားလုံး သိသြားၾကသည္။ ထိပ္တန္းအႏုပညာရွင္၏ အခ်ိန္ဇယားမွာ အမွန္တကယ္ကိုပင္ က်ပ္ညပ္ေနေၾကာင္း သူတို႔အားလုံး စုတ္သပ္ၾကသည္။

ရွန့္ေခ်ာင္ အစားစားခ်င္စိတ္မရွိေသာေၾကာင့္ တလုတ္၊ ႏွစ္လုတ္မၽွ စားၿပီးသည္ႏွင့္ တူကို ေဘးခ်လိုက္သည္။ ညစာစားေသာက္ၿပီးသည္ႏွင့္ ရိုက္ကူးေရးအဖြဲ႕သားမ်ားက ဧည္သည့္မ်ားအား ေလဆိပ္သို႔ လိုက္ပို႔ကာ အားလုံးက အိမ္အျပန္အတြက္ ေလယာဥ္ေပၚ တက္လာၾကသည္။

ရွည္ၾကာသည့္ ေလယာဥ္ခရီးစဥ္ျဖစ္ကာ ရွန့္ေခ်ာင္ တ႐ုတ္သို႔ ျပန္ေရာက္ခ်ိန္တြင္ ေနာက္တေန႔မနက္ အေစာပိုင္း ျဖစ္ေနေလၿပီ။ သူမ ေလယာဥ္ေပၚမွ ဆင္းလာကာ ဖုန္းဖြင့္လိုက္ခ်ိန္တြင္ ေဟာ့ရွီး သူမအား စာျပန္ထားသည္ကို ျမင္လိုက္ရသည္။

"ငါ သိပါတယ္။ စိတ္မပူနဲ႔ေနာ္"

သူမ အနည္းငယ္ စိတ္ခ်သြားသည္။

......
အမွန္တကယ္တြင္မူ လက္တေလာတြင္ သူမထံတြင္ အလုပ္ခ်ိန္ဇယား အမ်ားအျပားရွိသည္။ အပတ္တိုင္း Variety Show အစီအစဥ္ႏွစ္ခု ရိုက္ကူးရကာ ဇာတ္ညႊန္းက်က္ရသည္သာမက ကိုယ္ပိုင္ trainer ထံ သြားကာ အားကစားလုပ္ရေသးသည္။

ေက်ာ္ၾကားမွုႏွင့္ လူသိမ်ားမွု တိုးတက္လာသည္ႏွင့္အမၽွ အလုပ္အခ်ိန္ဇယားႏွင့္ လိုက္နာရသည္မ်ား မ်ားျပားလာသည္မွာ ပုံမွန္ျဖစ္သည္။ သူမက ေပ့မင္းဖန္ စီစဥ္ေပးသမၽွ အလုပ္ဟူသမၽွအား ျငင္းဆန္ခဲ့သည္ဟူ၍ မရွိေခ်။ သူက သူမအေပၚ ထားရွိခဲ့သည့္ မူလကတိစကားအတိုင္း တည္ကာ ေကာင္းမြန္သည့္ Resources မ်ားကိုသာ ရွာေဖြေပးသည္။ ပင္ပန္းေသာ္လည္း သူမ၏ အက်ိဳးခံစားခြင့္မွာ အားထုတ္မွုႏွင့္ တိုက္ရိုက္အခ်ိဳးက်သည္။

အလုပ္မ်ားေနသည့္အခ်ိန္ကာလအတြင္းမွာပင္ 'Escape from Life' မွ သရဲမဂၤလာပြဲ ဒုတိယပိုင္းကို ထုတ္လႊင့္ျပသလာသည္။

ဒီအပတ္အတြင္း ရွန့္ေခ်ာင္၏ 'ငါ တစ္ခုစဥ္းစားမိတာ ရွိတယ္' ဟူေသာ စကားအေပၚ မူတည္ကာ အင္တာနက္အသုံးျပဳသူမ်ားက မ်ားစြာေသာ ဇာတ္ေၾကာင္းမ်ားကို မွန္းဆခဲ့ၾကၿပီး အခ်က္အလက္အေတာ္မ်ားမ်ားကိုပင္ မွန္ကန္ေအာင္ ခန့္မွန္းနိုင္ခဲ့ၾကသည္။ လူတိုင္းက အစီအစဥ္ထုတ္လႊင့္မွုကို ေစာင့္ဆိုင္းေနၾကျခင္းပင္။

အစီအစဥ္စတင္ ထုတ္လႊင့္ေလၿပီ။

ေန႔ႏွင့္ ညအၾကားရွိ ပတ္သက္မွုႏွင့္ စကၠဴ႐ုပ္မ်ားအေၾကာင္း ရွန့္ေခ်ာင္ ေျပာျပခ်ိန္တြင္ မွန္ကန္ေအာင္ ခန့္မွန္းနိုင္ခဲ့သူမ်ားမွာ ေပ်ာ္ရႊင္ေနၾကၿပီး မွန္ေအာင္ မမွန္းနိုင္သည့္ အင္တာနက္အသုံးျပဳသူမ်ားက သူမ၏ ဉာဏ္ေကာင္းပုံကို ခ်ီးက်ဴးၾကသည္။

သ႐ုပ္ေဆာင္မ်ားနည္းတူ ၾကည့္ရွုသူမ်ားက ဇာတ္ေၾကာင္း မည္သို႔ ဆက္ရမည္နည္းဟုစိတ္လွုပ္ရွားပူပန္ေနစဥ္မွာပင္ ရွန္ကၽြင့္ယီးက စကၠဴ႐ုပ္ကို ႏွစ္ပိုင္း ျဖဲလိုက္သည္ကို ျမင္လိုက္ရၿပီး သူ၏ နာမည္ေက်ာ္သီအိုရီျဖစ္သည့္ "စကၠဴ႐ုပ္မီးရွို႔ျခင္းအေၾကာင္း" ေျပာဆိုေနသည္။

အင္တာနက္အသုံးျပဳသူမ်ား - " ??? "

Barrage - " ဟားးးဟားးးဟားးးဟားးး"

ပရိုဂရမ္အဖြဲ႕သားမ်ား မူးေမ့လဲသြားေလာက္သည္။

"ဘယ္လို bug ေကာင္မ်ိဳးကို Show အဖြဲ႕က ဖိတ္မိတာလဲ?"

"ငါ့သားက တအားဉာဏ္ေကာင္းတာပဲ"

"စတိတ္စင္ ဘုရင္ေပမဲ့ အျပင္မွာေတာ့ လူရႊင္ေတာ္ပါ၊ ေက်းဇူးျပဳၿပီး နားလည္ေပးပါ"

ေၾကာက္ရြံ႕ထိတ္လန့္ေနသည့္ ေလထုမွာ ခ်က္ခ်င္းပင္ ေပ်ာက္ကြယ္သြားသည္။

ဤသည္ကို 'ေဟာ္ရာရွိုးဟု' လူတိုင္း သတ္မွတ္ထားေသာ္လည္း ပို၍ ပို၍ပင္ ရယ္ရႊင္ဖြယ္ေကာင္းလာသည္။ မူရင္းဇာတ္ညႊန္းႏွင့္ ေၾကာက္မက္ဖြယ္ အေျခအေနကို ထိန္းသိမ္းနိုင္ရန္ ပရိုဂရမ္အဖြဲ႕က ေရကုန္ေရခန္း ႀကိဳးစားသလို ဧည့္သ႐ုပ္ေဆာင္မ်ားကလည္း တန္ျပန္ဖ်က္ဆီးရန္ ႀကိဳးပမ္းသည္။

က်ီက်ားယို႔က နံရံေပၚ ေက်ာ္တက္ကာ ကင္မရာသမားကို ခ်န္ရစ္ထားခဲ့ၿပီးေနာက္ ရွန့္ေခ်ာင္က သူမ၏ အေႂကြေစ့အိတ္ကို ထုတ္ယူလာကာ မ်ားစြာေသာ သရဲႏွင္ပစၥည္းမ်ားကို ဆြဲထုတ္လာသည္။

လူတိုင္းက သရဲသတို႔သမီးႏွင့္ ပတ္သက္ၿပီး သူမ၏ ေကာက္ခ်က္ခ်နိုင္စြမ္းႏွင့္ တည္ၿငိမ္မွုအျပင္ ဉာဏ္ရည္ေၾကာင့္ အထင္ႀကီးသြားသည္။ အားလုံးက သူမဖန္ျဖစ္ၿပီျဖစ္ေၾကာင္း ေၾကညာလာခ်ိန္၌ သူမ ေဘာင္းဘီအိတ္ထဲမွ အေႂကြေစ့အိတ္ကို မ်က္ႏွာအမူအရာေျပာင္းလဲမွုမရွိပဲ ထုတ္ယူလာသည္ကို ျမင္လိုက္ရသည္။

မက္မြန္သား ဓါး???

ၾကည့္ရွူသူမ်ား - " ??? "

[အားးးးး... အဲ့ဒါ ငါ ေခ်ာင္ေခ်ာင္ဆီ ပို႔ေပးလိုက္တဲ့ ဓါး!!! ေခ်ာင္ေခ်ာင္ က်ားရို႔!! ဒါက ငါ့မ်ိဳးရိုးစဥ္ဆက္ လက္ဆင့္ကမ္းလာတဲ့ ေမွာ္ဓါး၊ မေကာင္းဆိုးဝါးအမ်ားႀကီးကို ႏွိမ္နင္းခဲ့ၿပီးၿပီ!! မေၾကာက္နဲ႔၊ လုပ္လိုက္ေတာ့!!!]

[နင္နဲ႔ နင္အိုင္ေဒါလ္နဲ႔က တကယ္ပဲ လိုက္ဖက္ပါတယ္]

[အိုင္က်ဴျမင့္ၿပီး တည္ၿငိမ္တဲ့ လူပုံရိပ္က ႐ုတ္တရက္ႀကီး ဘယ္ေရာက္သြားတာလဲ?]

[ဒါေပမယ့္ ခ်စ္စရာေလး... ဒါ ဘယ္လို ဒိုေရမြန္မ်ိဳးလဲ? ငါ သေဘာက်လိုက္တာ!!]

[သူက တကယ္ေတာ့ အံ့ဩစရာပဲ၊ သူက က်ိန္းေသေပါက္ သရဲေၾကာက္ေနေပမဲ့ အဓိကဇာတ္ေၾကာင္းကို ေဖာ္ထုတ္သြားနိုင္တယ္၊ ပိုေၾကာက္ေလ ပိုတည္ၿငိမ္ေလပဲ၊ ၾကည့္ရတာ သူက အဲ့လိုလူမ်ိဳးထင္တယ္]

[အစီအစဥ္ရဲ့ ဟာကြက္ကို အခြင့္ေကာင္းယူၿပီး သတို႔သမီးဟန္ေဆာင္ၿပီး အခ်ိန္ဆြဲေနခ်ိန္မွာ က်န္တဲ့သူေတြကို တကယ့္သတို႔သမီးအစစ္ကို အျပင္လိုက္ပို႔ခိုင္းတာက.... ဝိုး... ဒါ ဘယ္လိုေတာင္ ဉာဏ္ေျပးတဲ့ ဦးေႏွာက္လဲ?]

[ငါ့ ေခ်ာင္ေခ်ာင္က ဦးေႏွာက္မရွိဘူးလို႔ ေျပာတဲ့သူတိုင္းအတြက္ ငါ ျပန္စိတ္ပူမိၿပီ]

[ရွန္ကၽြင့္ယီးက ဟာသအတြက္ တာဝန္ယူၿပီး ရွန့္ေခ်ာင္က ဉာဏ္ပညာအတြက္ တာဝန္ယူတယ္၊ ဒီအစီအစဥ္ကေတာ့ တည္ၿငိမ္ေနပါၿပီ]

.....
"သရဲမဂၤလာပြဲ" ထုတ္လႊင့္မွုမွာ ေနာက္ထပ္တႀကိမ္ Hot Search တြင္ ေနရာယူလာျပန္သည္။ ပရိုဂရမ္အဖြဲ႕မွ ရင္းႏွီးျမဳပ္ႏွံသူမ်ားကလည္း ပိုက္ဆံသုံးေပးရန္ လိုလားသည္မို႔ Hot Search စာရင္းမွာ တည္ျမဲေနၿပီး အင္တာနက္တစ္ခုလုံး ထိုအေၾကာင္းအရာျဖင့္ ပလူပ်ံလ်က္ရွိသည္။ ရွန့္ေခ်ာင္၏ ဇာတ္ကြက္ေဖာ္ေဆာင္မွုႏွင့္ ပရိုဂရမ္အတြင္း လုပ္ေဆာင္မွုမ်ားအေၾကာင္း အမ်ားအျပား ေဆြးေႏြးလာၾကကာ ဖန္ျဖစ္လာေစရန္ ဆြဲေဆာင္လိုက္နိုင္သည္။

ေကာင္းမြန္သည့္ အေျခအေနမ်ိဳးတြင္ ရွန့္ေခ်ာင္၏ အလုပ္ဇယားမွာ ပို၍ပင္ မ်ားျပားလာသည္။ 'Escape from life' ႏွင့္ 'Starlight Junior' အတြက္ အပိုင္းသစ္မ်ား ရိုက္ကူးၿပီးစီးၿပီးသည့္ေနာက္ ေပ့မင္းဖန္က နိုင္ငံျခားရွိုးပြဲ တက္ေရာက္ၾကည့္ရွုရန္ ခရီးစဥ္ စီစဥ္ေပးသည္။ မည္သို႔ပင္ဆိုေစ ဖက္ရွင္အျမင္မွာ ေခတ္ႏွင့္အညီ လိုက္ေလ်ာညီေထြရွိရမည္ပင္။

ရွန့္ေခ်ာင္ခမ်ာ ေန႔တိုင္းလိုလို မအားလပ္ေအာင္ အလုပ္မ်ားလ်က္ရွိသည္။ ေဟာ့ရွီးက ရိုက္ကူးေရးအဖြဲ႕သို႔ ဝင္ေရာက္ေတာ့မည္ျဖစ္တာမို႔ အသစ္ထုတ္သည့္ အယ္လ္ဘမ္မွာ ရိုက္ကူးေရးမစတင္ခင္ ထြက္ရွိလာရမည္ျဖစ္သလို ရိုက္ကူးေရးအတြက္ အခ်ိန္ဇယားအားလုံးရွင္းထုတ္ထားရမည္ျဖစ္သည္။ထို႔ေၾကာင့္ အလုပ္မ်ားလြန္းလွသျဖင့္ အြန္လိုင္းေပၚတြင္ မျမင္ရသလို ပို႔စ္ပင္ တင္ျခင္းမရွိ၊ လူျမင္ကြင္းမွ လုံးလုံးေပ်ာက္ကြယ္လ်က္ရွိသည္။

ရွီးကြမ္းမ်ားမွာ ငိုႀကီးခ်က္မျဖင့္ သူတို႔ေပါင္ေပ့ကို ေန႔စဥ္လိုလို တမ္းတလ်က္ရွိသည္။

လ်န္ေရွာင္ထန္က ရွန့္ေခ်ာင္ထံ မက္ေဆ့ခ်္ပို႔ကာ ေမးျမန္းသည္။

"ေရွာင္ေခ်ာင္၊ ဒီတေလာ ငါ့သားနဲ႔ ေတြ႕ေသးလား?"

ရွန့္ေခ်ာင္ - "ငါ့ေလာင္ကုန္းကို မေတြ႕တာၾကာၿပီ"

လ်န္ေရွာင္ထန္ - "အို႔... ေယာကၡမေရာ ေခၽြးမပါ သနားစရာပဲ"

ရွန့္ေခ်ာင္ - "......"

ဒါက က်ိန္းေသေပါက္ကို ကမၻာေပၚတြင္ အေအးခ်မ္းဆုံးေသာ ေခၽြးမႏွင့္ ေယာကၡမ ဆက္ဆံေရးျဖစ္ေပမည္။

ေနာက္ဆုံးအႀကိမ္ ရိုက္ကူးေရးၿပီးသည့္ေန႔မွစကာ ႏွစ္ေယာက္သားက အခ်င္းခ်င္း ေတြ႕ဆုံခဲ့ျခင္းမရွိသလို မက္ေဆ့ခ်္ပင္ မပို႔ျဖစ္။ သူ အလုပ္မ်ားေနမွန္း သူမ နားလည္ကာ သူ႔အား မေႏွာင့္ယွက္လိုသလို သူ႔ဘက္မွလည္း စတင္ ဆက္သြယ္လာျခင္းမရွိေပ။

လ်န္ေရွာင္ထန္က ငိုညည္းေနဆဲ။ ေဟာ့ရွီး၏ Wechat profile ထဲ ရွန့္ေခ်ာင္ ဝင္လိုက္ကာ ဖုန္းကိုင္ရင္း ႏွစ္ခါမၽွ ေအာ္ျမည္လိုက္သည္။

သူမ လ်န္ေရွာင္ထန္ထံ အႀကံေတာင္းလိုက္သည္။

"နင့္သားဆီ ငါ ဖုန္းေခၚရင္ ေကာင္းမလား?"

လ်န္ေရွာင္ထန္ - "ေဟာ့ရွန့္ CP အဖြဲ႕အေနနဲ႔ ခ်က္ခ်င္း တိုက္ခိုက္ဖို႔ အမိန့္ေပးတယ္!"

အေၾကာင္းျပခ်က္ ရွာေတြ႕သြားသည့္ ရွန့္ေခ်ာင္က သတၱိေမြးကာ ဆယ္ရက္ေက်ာ္မၽွ မဆက္သြယ္ခဲ့သည့္ ဖုန္းနံပါတ္ထံ လွမ္းေခၚသည္။

ဖုန္းကိုင္လာသည္မွာ ခ်က္ခ်င္းဆိုသလိုပင္။ သူ႔ေလသံမွာ အနည္းငယ္ ပင္ပန္းေနပုံရသည္။ သို႔ရာတြင္ သူ႔ေလသံမွာ အနည္းငယ္ ေပ်ာ္ရႊင္သြားဟန္ကို သူမ ၾကားေနရသည္။

ရွန့္ေခ်ာင္က ခပ္ေပ်ာ္ေပ်ာ္ပင္ တီးတိုးဆိုလိုက္သည္။

"ေဟာ့ရွီး ရွင္အလုပ္မ်ားေနလား?"

"ငါ အခုေလဆိပ္မွာ၊ တ႐ုတ္ကို ခ်က္ခ်င္းျပန္လာေတာ့မလို႔"

"ကၽြန္မ ဒီတေလာ အလုပ္မ်ားေနတာ"

"အင္း၊ မင္း ပဲရစ္မွာ ရွိုးပြဲသြားၾကည့္မွန္း သိတယ္"

"မနက္ျဖန္က်ရင္ 'Escape from life'အတြက္ သြားရိုက္ကူးမွာ"

"ငါ ညေန ၇နာရီေလာက္ ျပန္ေရာက္မယ္"

"ဒါဆို ရွင္ ညစာအတူစားခ်င္လား?"

"အင္း... ငါ ပဲငံျပာရည္ေခါက္ဆြဲ စားခ်င္တယ္"

သူမ ကုတင္ေပၚမွ ထထိုင္လိုက္ကာ မ်က္ဝန္းမ်ားမွာ အျပဳံးေၾကာင့္ ပိတ္လုနီးပါး။

"ကၽြန္မ ရွင့္ကို ေစာင့္ေနမယ္"

****

Czytaj Dalej

To Też Polubisz

3.4M 215K 93
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
68.9K 5.2K 95
ဒီ​လောက်နှစ်​တွေအကြာကြီးကြာခဲ့တာ​​တောင် ကိုယ် အခုချိန်ထိ မင်းတစ်​ယောက်တည်းကိုပဲ သ​​​ဘောကျ​နေခဲ့တာပါ ...
650K 54.3K 32
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
123K 2.7K 29
Freen, a college student who is willing to drink herself to a end. Becky, a college student who goes to the bar to meet with her friends for her birt...