ဒီအပြစ်သားက ရှင်သန်လို...(၂)...

By Swae_Nyoe

114K 18K 475

ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။ More

အခန်း ၁၁၁
အခန်း ၁၁၂
အခန်း ၁၁၃
အခန်း ၁၁၄
အခန်း ၁၁၅
အခန်း ၁၁၆
အခန်း ၁၁၇
အခန်း ၁၁၈
အခန်း ၁၁၉
အခန်း ၁၂၀
အခန်း ၁၂၁
အခန်း ၁၂၂
အခန်း ၁၂၃
အခန်း ၁၂၄
အခန်း ၁၂၅
အခန်း ၁၂၆
အခန်း ၁၂၇
အခန်း ၁၂၈
အခန်း ၁၂၉
အခန်း ၁၃၀
အခန်း ၁၃၁
အခန်း ၁၃၂
အခန်း ၁၃၃
အခန်း ၁၃၄
အခန်း ၁၃၅
အခန်း ၁၃၆
အခန်း ၁၃၇
အခန်း ၁၃၈
အခန်း ၁၃၉
အခန်း ၁၄၀
အခန်း ၁၄၁
အခန်း ၁၄၂
အခန်း ၁၄၃
အခန်း ၁၄၄
အခန်း ၁၄၅
အခန်း ၁၄၆
အခန်း ၁၄၇
အခန်း ၁၄၈
အခန်း ၁၄၉
အခန်း ၁၅၀
အခန်း ၁၅၁
အခန်း ၁၅၂
အခန်း ၁၅၃
အခန်း ၁၅၄
အခန်း ၁၅၅
အခန်း ၁၅၆
အခန်း ၁၅၇
အခန်း ၁၅၈
အခန်း ၁၅၉
အခန်း ၁၆၀
အခန်း ၁၆၂
အခန်း ၁၆၃
အခန်း ၁၆၄
အခန်း ၁၆၅
အခန်း ၁၆၆
အခန်း ၁၆၇
အခန်း ၁၆၈
အခန်း ၁၆၉
အခန်း (၁၇၀)
အခန်း (၁၇၁)
အခန်း (၁၇၂)
အခန်း (၁၇၃)
အခန်း ၁၇၄
အခန်း ၁၇၅
အခန်း ၁၇၆
အခန်း ၁၇၇
အခန်း ၁၇၈
အခန်း ၁၇၉
အခန်း ၁၈၀
အခန်း ၁၈၁
အခန်း ၁၈၂
အခန်း ၁၈၃
အခန်း ၁၈၄
အခန်း ၁၈၅
အခန်း ၁၈၆
အခန်း ၁၈၇
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
အခန်း ၁၈၈
အခန်း ၁၈၉
အခန်း ၁၉၀
အခန်း ၁၉၁
အခန်း ၁၉၂
အခန်း ၁၉၃
အခန်း ၁၉၄
အခန်း ၁၉၅
အခန်း ၁၉၆
အခန်း ၁၉၇
အခန်း ၁၉၈
အခန်း ၁၉၉
အခန်း ၂၀၀
အခန်း (၂၀၁)
အခန်း ၂၀၂
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
အခန်း ၂၀၃
အခန်း ၂၀၄
အခန်း ၂၀၅
အခန်း ၂၀၆
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
အခန်း ၂၀၇
အခန်း ၂၀၈
🌧️ချစ်ခြင်းမေတ္တာများနှင့် မိုးရာသီပရိုမိုးရှင်း🌧️
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️

အခန်း ၁၆၁

1.1K 170 0
By Swae_Nyoe

အပိုင်း (၁၆၁) ကိုယ်ဝန်ဆောင် အမျိုးသမီး

ဒုတိယစည်းမျဉ်းကို ဖတ်ကြည့်ပြီးနောက် ကျန်းလော့အမူအယာသည် အနည်းငယ် ထူးဆန်းသွားသည်။ ထိုစည်းမျဉ်းသည် သူ့ကို အံ့ဩသွားစေပြီး ကာလကြာရှည်စွာ ကံမကောင်းလာသော လူတစ်ယောက်အနေဖြင့် တစ်ခေါက်ပြီး တစ်ခေါက်ကံကောင်းခြင်းတွေ ကြုံလာရသောအခါ သူ့ကိုယ်သူ အနည်းသံသယဖြစ်လာပြီး ကျန်းလော့သည် သူ့ကိုယ်သူ ဒီလောက်ကံကောင်းလိမ့်မည်ဟု မယုံရဲပေ။ ပိုင်ယဲ့ဖုန်းအခန်းထဲမှ တွေ့ကရာကောက်ယူခဲ့သည့် ပစ္စည်းနှစ်ခုက ဤမျှကံကောင်းစေလိမ့်မည်ဟု မယုံတစ်ဝက် ယုံတစ်ဝက်ဖြစ်လာသည်။

သူ့မျက်နှာသည် ထူးဆန်းသည်ထက် ပိုထူးဆန်းလာကာ သူ့အိတ်ထဲမှ ပိုက်ဆံများကို ထုတ်၍ ရေတွက်လိုက်ရာ ဒေါ်လာငါးရာ ရှိသည်။ မများသော်လည်း မနည်းပေ။ သူ့အတွက်သုံးပြီးလျှင် တခြားသူများကို မျှပေးဖို့ကတစ်ယောက်စာသာ ရှိတော့သည်။ သို့သော် သူလှည့်ကြည့်လိုက်သောအခါ စိုင်လောင်အာတစ်ယောက် ပိုက်ဆံအိတ်ထုတ်၍ လူတိုင်းကို ပိုက်ဆံဝေပေးနေသည်ကို မြင်လိုက်ရသည်။

"ပိုက်ဆံမရှိတဲ့သူ ဘယ်သူရှိသေးလဲ ငါ့အိပ်မက်ထဲက ဇာတ်ကောင်က ပိုက်ဆံရှိတယ်လေ အားလုံးအတွက် ပိုက်ဆံထုတ်ပေးလို့ရတယ်"

"......."

ကျန်းလော့သည် လူတိုင်းမတူညီသော အခြေအနေများရှိကြောင်း သဘောပေါက်သွားပြီး သူ၏ အံ့ဩနေသော စိတ်ကို ပြန်၍ သိမ်းထားလိုက်ကာ သူပိုင်ဆိုင်သည့် ဒေါ်လာငါးရာကို အသာလေး ပြန်သိမ်းလိုက်သည်။ ထို့နောက် စိုင်လောင်အာ ဝေပေးသော စာအိတ်နီကို ဝင်ယူလိုက်သည်။

"မိနစ်နှစ်ဆယ်တိုင်း ဆိုင်တံခါးတွေပွင့်လာပြီး ဆိုင်ပိုင်ရှင်တွေ အပြင်ထွက်လာမယ်တဲ့ ကြည့်ရတာ ဆိုင်ရှင်တွေအားလုံးက လူတွေကို ဒုက္ခပေးမဲ့ သရဲတွေပဲ ဖြစ်ရမယ်"

ကျန်းလော့သည် သူ့ကိုယ်သူတွေးကြည့်လိုက်သည်။

"ဒီတော့ မိနစ်နှစ်ဆယ် မရောက်ခင်ထိ ငါတို့ဘေးကင်းမှာပဲ ဒါပေမဲ့ မိနစ်နှစ်ဆယ်ကုန်သွားတိုင်း ငါတို့ဝင်ကြည့်နေတဲ့ ဆိုင်တွေက တံခါးပိတ်သွားပြီး ဆိုင်ထဲမှာ ရှိတယ် ဝယ်သူတိုင်းကို ဆိုင်ရှင်တွေက သတ်ပစ်လိမ့်မယ် ပြီးရင်သူတို့က ဆိုင်ထဲက ထွက်လာပြီး မောလ်လမ်းပေါ်မှာ ရှိနေတဲ့ လူတိုင်းကို လိုက်သတ်မှာပဲ မိနစ်နှစ်ဆယ်က ပုံသေသတ်မှတ်ထားတဲ့အချိန်ဆိုပေမဲ့ သူတို့ အချိန်စရေတွက်တဲ့အချိန်ကို ငါတို့မသိဘူး ဒီတော့ ငါတို့ဘာဖြစ်မလဲ စောင့်ကြည့်ဖို့ပဲ တတ်နိုင်တော့တယ်"

မောလ်ထဲတွင် နာရီမရှိသော်လည်း ကံကောင်းစွာပင် လူတိုင်းတွင် ဖုန်းရှိကြသည်။ ငွေများ ခွဲဝေပေးပြီးနောက် လူရှစ်ယောက်သည် ချက်ချင်းလူခွဲပြီး သူတို့နှင့် အသင့်တော်ဆုံးဖြစ်မည့် အဝတ်များ ရှာကြရန် ဆိုင်များကို လိုက်ကြည့်ကြသည်။

ဘယ်လိုအဝတ်မျိုးက သင်နဲ့ အသင့်တော်ဆုံးဖြစ်မလဲ

သေချာပေါက် မင်းတို့နဲ့ တော်တဲ့ အဝတ်ပေါ့

ကောကျူသည် ကျိုးကျုံးချိုးနှင့် စိုင်လောင်အာတို့နောက်မှ လိုက်သွားသော်လည်း လမ်းတွင် အမျိုးသားဝတ် ဆိုင်တစ်ဆိုင်ကိုတွေ့ပြီး သူ့အကြည့်သည် ထိုဆိုင်သို့ ရောက်သွားကာ ခြေလှမ်းရပ်သွားတော့သည်။ ဆိုင်အရှေ့ဘက်မျက်နှာစာတွင် ကြည်လင်နေသော မှန်နံရံကြီးရှိကာ နံရံနောက်တွင် ပလက်စတစ် အမျိုးသားအရုပ်ရှိသည်။ ထိုအမျိုးသားမော်ဒယ်အရုပ်သည် သူ့အစ်ကို ကောဝူချန်နှင့် တူနေသည်။

ကောကျူသည် အတွေးနက်နေပြီး ထိုင်းမှိုင်းသွားသလို ဖြစ်သွားသည်။ သူသည် ထိုအမျိုးသားမော်ဒယ်အရုပ်သည် သူ့ကို နှုတ်ခမ်းကွေး၍ ပြုံးပြနေသလို မြင်လိုက်ရသည်။ ထိုအရုပ် ပြုံးလိုက်သောအခါ ကောဝူချန်နှင့် ပိုတူလာလေသည်။ ကောကျူသည် အတွေးထဲမှ နိုးလာပြီး မျက်လုံးများမှိတ်၍ ပြန်ကြည့်လိုက်သောအခါ အမျိုးသားမော်ဒယ်ရုပ်၏ ပါးစပ်ထောင့်တွင် မွန်းကြပ်ဖွယ်အပြုံးတစ်ခုကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူသည် ခဏလောက် တွေဝေနေပြီးမှ ထိုအမျိုးသားဝတ် အဝတ်အစားဆိုင်ထဲသို့ ဝင်သွားသည်။

သူ အပါအဝင် ဆိုင်ထဲမှ တစ်ဒါဇင်လောက်ရှိသော ဈေးဝယ်များသည် စိတ်သောကရောက်နေသော အကြည့်များဖြင့် အမျိုးသားဝတ်ပစ္စည်း အရောင်းဆိုင်ထဲတွင် လှည့်ပတ်ကြည့်နေကြသည်။

အခန်းတစ်ဖက်ခြမ်းတွင် ကျန်းလော့၏ လက်ချောင်းများသည် သူ့အတွက် အဝတ်ရှာနေပြီး လုယုံရိနှင့် တစ်ဆိုင်ထဲပင် ဝင်ကြည့်နေသည်။ ဆိုင်ရှင်သည် ကောင်တာနောက်တွင် ထိုင်နေကာ သူတို့၏လှုပ်ရှားမှုတိုင်းကို မြွေပွေးတစ်ကောင်လို သေချာလိုက်ကြည့်နေသည်။

ကျန်းလော့သည် ပထမဆုံးအတန်းကြည့်၍ ပြီးသွားပြီးနောက် ရုတ်တရက် မောလ်ထဲတွင် သတိပေးခေါင်းလောင်းမ်းသံတစ်သံ မြည်သွားသည်။ သူ့ဝိညာဉ်သည်ပင် ရုတ်တရက် တင်းကျပ်သွားသလို ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အပြင်ထွက်သွားကြရသည်။

အမျိုးသားဝတ်အဝတ်အစားများရောင်းသည့် မျက်စောင်းထိုးမှဆိုင်ကို ကြည့်၍ မီးများ ပြတ်သွားသည်။ ဆိုင်ထဲမှ မော်ဒယ်အရုပ်သည် တောင့်တင်းစွာ လှုပ်ရှားလာပြီး ခေါင်းလှည့်လိုက်ပြီး သူ၏ အရုပ်မျက်လုံးများသည် ဆိုင်ထဲမှ ဈေးဝယ်များကို တောင့်တောင့်ကြီး လိုက်ကြည့်နေကြသည်။ ဆိုင်ကောင်တာနောက်တွင် ထိုင်နေသော ဆိုင်ရှင်၏ မျက်နှာတွင် ရက်စက်သော အပြုံးပေါ်လာပြီး ခုံပေါ်မှထပြီး စားပွဲခုံအောက်မှ ပုဆိန်ကြီးတစ်လက်ကို ထုတ်လိုက်သည်။ ဈေးဝယ်များသည် ကြောက်လာပြီး ဆိုင်ရှေ့တွင် ပိတ်သွားသော တံခါးဆီသို့ ပြေးသွားကြကာ အသည်းအသန်ထုပြီး ဖွင့်ခိုင်းနေကြသည်။

"ကယ်ကြပါ"

"တံခါးဖွင့် မြန်မြန်ဖွင့်ပေးပါ"

တခြားဆိုင်များတွင် ရှိနေသော ဈေးဝယ်များသည်လည်း စိတ်ပင်ပန်းစွာ ပိတ်မိနေကြသည်။ ထိုနေရာတွင် ပွဲအကြီးကြီး ဖြစ်နေသလို စည်ကားနေပြီး အခန်းထဲမှ လူများအားလုံး၏ မျက်လုံးများထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ကိန်းအောင်းနေကြသည်။ သို့သော် သူတို့၏ ကူပါကယ်ပါ အသံများကို မည်သူကမှ မတုံ့ပြန်ကြပေ။

ကျန်းလော့နှင့် လုယုံရိတို့၏ မျက်နှာသည် အမျိုးသားဝတ်ဆိုင်တစ်ဆိုင်ထဲတွင် ပိတ်မိနေသော ကောကျူကို မြင်လိုက်သောအခါ အလွန် မျက်နှာပျက်သွားကြသည်။ နည်းနည်းမှ မတုံ့ဆိုင်းကြပဲ ပိတ်ထားသော မှန်တခါးကို အပြင်းအထန်ထု၍ အော်လိုက်သည်။

"ကောကျူ"

သို့သော် ထိုမှန်တံခါးသည် စိတ်ကဲ့သို့မာကျောကာ မည်မျှအားကုန်သုံးပြီး ထုနှက်ပါစေ ကွဲထွက်မသွားပေ။ ကျန်းလော့သည် ခေါင်းလှည့်၍ ဆိုင်ရှင်ကို ဒေါသထိန်း၍ အမိန့်ပေးလိုက်သည်။

"တံခါးဖွင့်စမ်း"

သူ့ကို ခြိမ်းခြောက်သော လူသားကို ပထမဆုံးမြင်ဖူးသော ဆိုင်ရှင်သည် နှစ်ကြိမ်လောက် နှာမှုတ်လိုက်ပြီး

"ဒီတံခါးက ငါတို့ ဖွင့်လို့မရဘူး"

ကျန်းလော့သည် ဒေါသဆက်မထိန်းထားနိုင်တော့ဘဲ ကောကျူရှိနေသော ဆိုင်ကိုကြည့်၍ လက်သီးတင်းတင်းဆုပ်ထားသည်။

အမျိုးသားဝတ်အင်္ကျီဆိုင်ထဲတွင် ကော်လူရုပ်နှင့် ဆိုင်ရှင်တို့သည် ဈေးဝယ်များကို ဝိုင်းထားကြသည်။ ကျန်းလော့သည် ကလေးတစ်ယောက်ကို ကာကွယ်ပေးနေသော ကောကျူကို မြင်သောအခါ သူ့ကိုကယ်ရန် ဘာလုပ်ရမှန်းမသိ ဖြစ်လာသည်။ ကောကျူ ကာကွယ်ပေးထားသောကလေးသည် ကြောက်လန့်စွာ ငိုကြွေးနေပြီး ကောကျူကို ဆိုင်ရှင်၏ လက်ထဲမှ ပုဆိန်ရှိရာသို့ တွန်းလွတ်ပစ်လိုက်သည်။

အသားကို ဖြတ်သွားသော ပုဆိန်အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရကာ လေချွန်သံလို ရွှီးခနဲအသံနှင့်အတူ ကောကျူ၏ ခေါင်းသည် တံခါးနားထိ နှစ်ပတ်လောက် လှိမ့်ထွက်သွားသည်။ ကောကျူ၏ ထိတ်လန့်တုန်လုပ်နေသော မျက်နှာသည် ကျန်းလော့အမြင်အာရုံထဲတွင် လုံးဝဆွဲထင်သွားတော့သည်။

ခေါင်းမဲ့ခန္ဓာကိုယ်သည် ဆိုင်ကြမ်းပြင်ကို သွေးများ အိုင်ထွန်းသွားစေသည်။

ကျန်းလော့၏ အမူအယာသည် အေးခဲတောင့်တင်းသွားပြီး သွေးမှုန်များကြားတွင် အော်ဟစ်ငိုယိုနေကြသော ယောက်ျားမိန်းမ ကလေးများကို ငေးကြည့်နေသည်။ ထိုသူများသည် ကယ်ပေးကြရန် အော်ဟစ်နေပြီး အသတ်ခံလိုက်ကြရသောကြောင့် တံခါးနားတွင် တအိအိ လဲပြိုသွားကြသည်။ လုယုံရိသည် မယုံနိုင်စွာ နောက်ဆုတ်သွားပြီး

"ကောကျူ ... သေသွားပြီလား"

ဆိုင်ရှင်နှင့် ကော်ရုပ်တို့သည် သွေးဆာနေကြပြီး လူတိုင်းကို ဆက်တိုက် သတ်ဖြတ်၍ မှန်တံခါးကို သွေးများ ဖုံးလွှမ်းသွားစေခဲ့သည်။ သူတို့ ဆိုင်ထဲမှ လူတိုင်းကို သတ်ပြီးသောအခါ တံခါးပွင့်လာသည်။ ဆိုင်ရှင်သည် ပုဆိန်ဆွဲ၍ အကြင်နာမဲ့သည့် မျက်နှထားနှင့် ထွက်လာကာ ကော်ရုပ်သည်လည်း ဆိုင်ထဲသို့ မဝင်ရသေးသော လူများစွာကို ဒေါသတကြီး လိုက်ကြည့်နေသည်။ ကျန်းလော့လက်များကို ရုတ်တရက် လုယုံရိက တင်းတင်းကျပ်ကျပ် ဆွဲကိုင်လာကာ သူ့အသံသည် တုန်ခါနေသည်။

"ကျန်းလော့ ကျိုးကျုံးချိုးနဲ့ စိုင်လောင်အာတို့ အခုထိ အပြင်ဘက်မှာပဲ ရှိသေးတယ်"

ကျန်းလော့သည် ချက်ချင်း အာရုံပြောင်းသွားပြီး လုယုံရိလက်ညှိုးနောက်သို့ကြည့်လိုက်သည်။ ကျိုးကျုံးချိုးသည် မာန်တင်းထားသော မျက်နှာဖြင့် စိုင်လောင်အာကို ဆိုင်ထဲသို့ ဝင်ရန်လုပ်လိုက်သော်လည်း သူတို့ရွေးမိသော ဆိုင်မှာ အလွန်သေးသောကြောင့် မတတ်နိုင်စွာ နောက်တစ်ဆိုင်ထွက်ရွေးရန် လျင်မြန်စွာ ထွက်ခဲ့ကြသည်။ သူတို့နောက်တစ်ဆိုင်ရှာတွေ့ပြီး ဝင်ရန်လုပ်သောအခါ ရုတ်တရက် သတိပေးခေါင်းလောင်းသံမြည်လာပြန်သည်။

စိုင်လောင်အာသည် ကော်ရုပ်တစ်ရုပ်ထံမှ လွတ်မြောက်ရန် တိုက်ခိုက်နေပြီး သူတို့ဘယ်ဘက်နားလေးမှ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်သည် ကြီးမား လုံးဝန်းသော ဗိုက်ကြီးဖြင့် အကူအညီအော်တောင်းနေသည်။

"ဖာ့ခ်"

ကျိုးကျုံးချိုးသည် အလွန်ဒေါသထွက်နေသည်။

"ဒီလောက်အန္တာရာယ်များတဲ့နေရာကို ကိုယ်ဝန်သည်က ဘာကိစ္စလာရတာတုန်း"

ထိုသို့ပြောပြီးနောက် စိုင်လောင်အာနှင့် သူမတို့သည် ကြောက်လန့်တုန်လှုပ်နေသော ကိုယ်ဝန်ဆောင်အမျိုးသမီးကို အမြန်ပြေးဆွဲပြီး ထွက်ပြေးကြသည်။ သို့သော် ထိုကိုယ်ဝန်ဆောင်အမျိုးသမီးသည် အလွန်နှေးကွေးစွာပြေးနေပြီး ကျိုးကျုံးချိုးသည် သူမကို ဆွဲပြီး အကြမ်းပတမ်း မပြေးဝံ့ပေ။ သူမဗိုက်ထဲမှ ကိုယ်ဝန် တစ်ခုခုဖြစ်သွားမှာ ကြောက်ရွံ့နေသည်။

သူတို့သုံးယောက်တွဲသည် ကော်လူရုပ်တစ်ရုပ်ထံမှ ဖမ်းမိသွားကြသောအခါ နောက်လှန်လဲကျတော့မလို ဖြစ်သွားကြပြီး ကျိုးကျုံးချိုးသည် အံကြိတ်၍ ပြောလိုက်သည်။

"စိုင်လောင်အာ မင်း သူမကိုခေါ်ပြီး အရင်ပြေး ငါမင်းတို့အတွက် အချိန်ဆွဲထားပေးမယ်"

"ကျိုး"

စိုင်လောင်အာ၏ မျက်လုံးများသည် နီရဲလာပြီး ကျိုးကျုံးချိုးကို လှည့်ကြည့်၍ ထွက်ပြေးသွားသည်။ သူသည် သက်ပြင်းချလိုက်ပြီး ကျိုးကျုံးချိုး၏ စတေးခံမှုကို အလဟဿဖြစ်စေလို့ မဖြစ်ကြောင်း နားလည်ထားသည်။ သူ့မျက်ရည်များကို သုတ်၍ ကိုယ်ဝန်ဆောင် အမျိုးသမီးကို ဆွဲ၍ ဆက်ပြေးသည်။ သူသည် ကြောက်ရွံ့နေသော အမျိုးသမီးကိုလည်း အားပေးကာ

"မကြောက်ပါနဲ့ ကျွန်တော် မင်းကို ကာကွယ်ပေးပါ့မယ်"

"သရဲများ ထွက်လာတာက အချိန်အကန့်အသတ်ရှိတယ် ကျွန်တော်တို့ မြန်မြန်ပြေးနိုင်ရင် လုံခြုံမှာပါ"

ကိုယ်ဝန်ဆောင်အမျိုးသမီးသည် သူ့ကိုမော့ကြည့်လာသောကြောင့် စိုင်လောင်အာသည် သူမကိုပြုံးပြလိုက်သည့် အချိန်တွင် သူမသည် သူ့ကို ရှေ့သို့တွန်းလွတ်ပစ်လိုက်သည်။ စိုင်လောင်အာသည် ကြောင်အစွာ ရှေ့သို့ပစ်လဲသွားပြီး သူ့ရင်ဘတ်ကို ကော်လူရုပ်၏ လက်တစ်ဖက်က ဖောက်ဝင်သွားတော့သည်။

သူသည် ပါးစပ်အပြည့် သွေးများအန်ထုတ်လိုက်ပြီး ပင်လယ်ပြာရောင် မျက်လုံးများသည် နားမလည်နိုင်သော အကြည့်များဖြင့် ရှုပ်ထွေးနေသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးသည် သူ့ကိုတစ်ချက်မှ ပြန်လှည့်မကြည့်ဘဲ လူသားဒိုင်းလုပ်ပြီးသည်နှင့် ချက်ချင်းလှည့်ပြေးသွားသည်။ သူမသည် စိုင်လောင်အာတို့ တွဲထားတုန်းကထက် ပို၍ မြန်မြန်ပြေးသွားသည်။

"အရမ်းနာတာပဲ.."

စိုင်လောင်အာသည် ပါးစပ်အပြည့် သွေးတစ်လုပ် ထပ်အန်ပြီး မျက်ဝန်းပြာလဲ့လဲ့တို့သည် မီးခိုးရောင်ပြောင်းသွားကာ

"ဒီတော့ သေခြင်းတရားက ဒီလိုနာကျင်ရတာပါလား.. အရမ်းနာတယ်"

ဖြည်းဖြည်းချင်း သူ့ခေါင်းသည် အသက်မရှိတော့ဘဲ အောက်စိုက်သွားတော့သည်။ ဆိုင်အပြင်ဘက်တွင် လူများ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံနေရသည်။ ကျန်းလော့သည် ဤရုန်းကန် ပြေးလွှားနေရသော မြင်ကွင်းသည် အလွန်စိတ်လှုပ်ရှားစရာကောင်းကြောင်း တွေ့မြင်သည်။ သို့သော် စိုင်လောင်အာနှင့် ကျိုးကျုံးချိုးတို့ အလောင်းကောင်များ ဖြစ်သွားပုံကို ကြည့်ပြီး အဝတ်ဆိုင်တွင် ခေါင်းဖြတ်ခံလိုက်ရသော ကောကျူကို မြင်ယောင်ကာ သူ့နှလုံးသားထဲမှ နှစ်လိုသည့်လှုပ်ရှားမှုသည် ပြောင်းလဲသွားပြီး သူ့နှုတ်ခမ်းထောင့်များသည် စိတ်ဓာတ်ကျစွာ အောက်သို့ ကုတ်သွားတော့သည်။ သူ့မျက်ဝန်းများသည် ရှေ့သို့ ရှင်းရှင်းလင်းလင်း မမြင်ရတော့အောင် ဝေဝါးလာသည်။

လူသားချင်းစာနာမှု၊ တစ္ဆေသရဲများနှင့် မိစ္ဆာများ ဒါတွေအားလုံးသည် ချီယုံဖြစ်စေချင်သော အနာဂတ်တိုင်းပြည် ဖြစ်သည်။ အကယ်၍ အနာဂတ်သာ ဒီလိုပုံစံမျိုးဆိုပါလျှင် သူ့သူငယ်ချင်းများသည် သူတို့၏ အနစ်နာခံလိုသည့် စိတ်ရင်းအခံကြောင့် အရင်ဆုံး သေကြမည်မှာ သေချာသည်။ လုယုံရိသည် ငိုရှိုက်ရင်း စိတ်ထိန်းကာ ကျန်းလော့ကိုရော သူ့ကိုယ်သူပါ မည်သို့ နှစ်သိမ့်ရမည်မသိ ဖြစ်နေပြီး ထပ်တလဲလဲပြောနေသည်။

"အိပ်မက်ဖြစ်နေတာ ကောင်းတယ် အိပ်မက်ဖြစ်နေလို့ တော်သေးတယ်..........."

'ဟုတ်တယ် အိပ်မက်ဖြစ်နေတာ ကောင်းတယ်'

'ဒါပေမဲ့ အိပ်မက် မဟုတ်ဘဲ တကယ် အစစ်အမှန် ဖြစ်လာမယ်ဆိုရင်ရော'

...

နောက်ဆုံးတွင် အပြင်ဘက်တွင် အသက်ရှင်ကျန်သူ တစ်ဦးတည်းသာရှိတော့သည်။ ထိုသူသည် ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်သည်။ ဆိုင်ရှင်သည် ပုဆိန်ကို မြောက်၍ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အပိုင်းပိုင်းဖြတ်ချင်သည့် အပြုံးကြီးဖြင့် ရှေ့တိုးလာသည်။ သို့သော် သူမသည် ကြောက်ရွံ့စွာဖြင့် ဆိုင်ရှင်ကို ကြည့်လိုက်ပြီး ရုတ်တရက် တုန်ယင်လာကာ

"ခဏလေး ဒီမောလ်က ဆိုင်ရှင်တစ်ယောက်က ကလေးတွေကို စားရတာ ကြိုက်တယ်လို့ကြားဖူးတယ် ပြီးတော့ ကျွန်မဗိုက်ထဲမှာ ကလေး ရှိတယ် တကယ်လို့ ရှင်ကျွန်မကို မသတ်ရင် ဒီကလေး မွေးပြီးတာနဲ့ ရှင့်ဆီကို ခေါ်လာပေးမယ် ကျေးဇူးပြုပြီး ချမ်းသာပေးပါ ကျေးဇူးပြုပြီး ချမ်းသာပေးပါ"

ကိုယ်ဝန်ဆောင်အမျိုးသမီးသည် ဝပ်တွားခယစွာ ဒူးထောက်တောင်းပန်နေသည်။ သူမပုံစံသည် ရှုပ်ပွနေသော ဆံပင်များနှင့် နီရဲယောင်ဖောင်းနေသော မျက်လုံးများကြောင့် သနားစရာကောင်းနေသောလည်း သူမပြောတာ ကြားပြီးနောက် သနားစိတ်တို့ ပျောက်သွားရသည်။

ဆိုင်ရှင်၏ ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးများသည် သူမကို စေ့စေ့စပ်စပ်ကြည့်နေကာ ထို့နောက် သူမဝမ်းဗိုက်ကို လောဘတကြီးကြည့်လိုက်ပြီး သူမကို သတ်ရမည်လား အရသာရှိသော ကလေးကို စောင့်လိုက်ရမည်လား စဉ်းစားနေသည်။

သို့သော် သူသေချာစဉ်းစားနေချိန်တွင် မောလ်ထဲတွင် သတိပေးခေါင်းလောင်းသံအကျယ်ကြီး နောက်တစ်ခေါက် ထပ်မြည်လာလေသည်။ ဆိုင်ရှင်သည် ကိုယ်ဝန်ဆောင်အမျိုးသမီးကို ကြည့်၍ တွန့်ဆုတ်စွာပြောလိုက်သည်။ ထို့နောက် ကျောချမ်းဖွယ်အသံဖြင့် သတိပေးလိုက်သည်။

"ကလေးမွေးပြီးတာနဲ့ ကျုပ်ကိုလာပေးဖို့ သတိရ"

ကိုယ်ဝန်ဆောင် အမျိုးသမီးသည် ပျော်ရွှင်စွာ ပြုံးလိုက်မိပြီး သူပါးစပ်ကို အုပ်၍ အထပ်ထပ်အခါခါ ခေါင်းညိတ်နေသည်။ ဆိုင်ရှင်နှင့် ကော်လူရုပ်တို့သည် အမျိုးသားဝတ်များ ရောင်းသည့်ဆိုင်ထဲသို့ ပြန်ဝင်သွားကြသည်။ ဆိုင်ရှင်သည် ပုံမှန်အတိုင်း ကောင်တာနောက်တွင် ဝင်ထိုင်ပြီး ကော်လူရုပ်သည်လည်း သူရပ်ရမည့်နေရာတွင် ဝင်ရပ်နေလိုက်ကာ အရင်ကနှင့် ဘာမှ မခြားနား ဘာမှဖြစ်မသွားသည့်နှယ်။

အမျိုးမျိုးသော ဆိုင်တံခါးများအားလုံး ပြန်ဖွင့်လာလေပြီ။

ကျန်းလော့သည် ကြမ်းပြင်ပေါ်မှ အလောင်းများကို ကြည့်၍ စက္ကန့်အနည်းငယ်ကြာအောင် အတွေးထဲနှစ်နေပြီး အချိန်ကြည့်ရန် ဖုန်းထုတ်လိုက်သည်။

"နောက်ထပ် မိနစ်နှစ်ဆယ်က ကိုးနာရီ ငါးဆယ့်ခြောက်မိနစ်မှာ စမှာ"

"ပြီးတော့ အဲဒီမိနစ်နှစ်ဆယ်အတွင်း ငါတို့ အဝတ်အစား အရင်ရှာပြီး ဓာတ်လှေကားပေါ် အမြန်တက်ရမယ်"

လုယုံရိသည် စိတ်ခံစားချက်များကို ထိန်းထားပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် အံကိုတင်းတင်းကြိတ်၍ ကြမ်းပြင်ပေါ်မှ သူငယ်ချင်းများ၏ အလောင်းများကို လျစ်လျူရှု၍ အဝတ်ဆိုင်ထဲသို့ ဝင်သွားသည်။

မိနစ်နှစ်ဆယ်အတွင်း သူတို့ ကျန်နေသေးသော ငါးယောက်လုံး အဝတ်ကိုယ်စီ ရှာတွေ့ခဲ့ကြသည်။ ကျန်းလော့၏ အဝတ်များသည် ရှာရအခက်ခဲဆုံးဖြစ်ကာ ကျော့ရှင်းသော အနက်ရောင်ဝတ်စုံသည် ကော်ရုပ်မော်ဒယ်ဝတ်ဆင်ထားသောကြောင့် ချွတ်ယူခဲ့ရသည်။ ဆိုင်ရှင်ကို ငွေရှင်းပေးပြီးနောက် နောက်ဆုံးတစ်မိနစ်အလိုတွင် ဓာတ်လှေကားဆီသို့ အမြန်ပြေးသွားကြရတော့သည်။ ဓာတ်လှေကားပေါ်တွင် စိုင်လောင်အာနှင့် ကျိုးကျုံးချိုးတို့ကို သတ်ခဲ့သော ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် အခြား ပူပန်နေပုံပေါက်သော သက်လတ်ပိုင်း လူနှစ်ယောက် ရှိနေသည်။

ဓာတ်လှေကားထဲတွင် ခလုတ်များမရှိသော်လည်း မိနစ်နှစ်ဆယ်ကြာပြီးနောက် သတိပေးခေါင်းလောင်းသံ ထပ်မြည်လာပြီး ဓာတ်လှေကားသည် သူ့အလိုလို တံခါးပိတ်သွားကာ အပေါ်သို့ တက်သွားသည်။

နှစ်လွှာ... သုံးလွှာ... ဓာတ်လှေကားသည် ငါးလွှာတွင် ရပ်တန့်သွားသည်။

ဓာတ်လှေကားတံခါးသည်ပွင့်သွားပြီး အနီရောင်အားကစားခန်းမ အမှတ်အသားပေါ်လာကာ ကျပ်ထုပ်နေသော အားကစားဝတ်စုံနှင့် ကိုယ်လုံးကိုယ်ပေါက်လှသော အမျိူးသမီးနှစ်ယောက်တို့ ဓာတ်လှေကားရှေ့တွင် ရပ်နေကြသည်။ နှစ်ယောက်လုံးသည် ပြုံးရွှင်နေပြီး ဆံပင်အဖြောင့်နှင့် တစ်ယောက်က

"ကျွန်မတို့ ဒီအထပ်မှာ ကျွန်မတို့ရဲ့ ကြံ့ခိုင်းခြင်း အစီအစဉ်နဲ့ပတ်သက်ပြီး လူသုံးယောက် နေခဲ့ရပါမယ်"

နောက်ထပ် ဆံပင်အကောက်နှင့်အမျိုးသမီးက ပြုံး၍ ပြောသည်။

"ဟုတ်ပါတယ် ကျွန်မတို့မှာ အတော်ဆုံး ထရိန်နာတွေရှိပါတယ် ပြီးတော့လဲ အကောင်းဆုံးဆိုတဲ့ စက်တွေလည်း တပ်ဆင်ပေးထားပြီးတော့ ဒီပရိုဂရမ်ကနေ လုံးဝကျန်းမာစေမဲ့ နည်းလမ်းကောင်းတွေ ကြုံတွေ့ကြရမှာပါ အကယ်၍ ရှင်တို့ ဒီအထပ်မှာ မဆင်းဘူးဆိုရင် ဒီအထပ်လောက် ဘယ်အထပ်ကမှ လုံခြုံမှာ မဟုတ်ပါဘူး"

ဆံပင်အဖြောင့်နှင့် အမျိုးသမီး၏ မျက်လုံးများသည် ဖြားယောင်းနေသလို ပြီတီတီဖြစ်နေကာ သူမ၏ အနီရောင်နှုတ်ခမ်းတို့သည် သွေးများစွန်းထင်းနေသလို နီရဲနေပြီး ကွေးတက်သွားကာ

"ကျွန်မတို့မှာ အနှိပ်ဝန်ဆောင်မှုလည်းရှိပါသေးတယ် ပထမဆုံးလာတဲ့ အဖွဲ့ဝင်တွေကို တစ်ခေါက်တိတိ ဖရီးဝန်ဆောင်မှု ပေးမှာပါ"

သက်လတ်ပိုင်း အမျိုးသားနှစ်ယောက်တို့သည် ဓာတ်လှေကားထဲမှ ထွက်လိုက်ကြပြီးမှ စိတ်ကယောင်ချောက်ချား ဖြစ်လာကြကာ မေးလိုက်သည်။

"ဒီမှာ တကယ်ပဲ လုံခြုံပါ့မလား"

"သေချာတာပေါ့"

ဆံပင်ကောက်ကောက်နှင့် အမျိုးသမီးသည် အတည်ပြုသလို ပြောလိုက်ပြီး

"ပြီးတော့ တကယ်လို့ မင်းကံကောင်းရင် ကျွန်မတို့ရဲ့ စတိုးဆိုင်တွေမှာ အထူးဝန်ဆောင်မှုတွေတောင် ရနိုင်ပါသေးတယ်"

ထိုစကားများကို ကြားပြီးနောက် သက်လတ်ပိုင်း လူနှစ်ယောက်တို့သည် စိတ်ဆုံးဖြတ်လိုက်ကြပြီး ဓာတ်လှေကားမှ အတူတူထွက်သွားကြတော့သည်။ သုံးယောက်ပြောထားသောကြောင့် တစ်ယောက်လိုနေသေးသည်။ အမြဲတမ်း ကံကောင်းကြောင်း ကိုယ့်ကိုယ်ကို ဂုဏ်ယူလေ့ရှိသော လုယုံရိသည်..

"ငါသွားမယ်"

ကျန်းလော့သည် လူတိုင်း၏နောက်တွင်ပုန်းနေသော ကိုယ်ဝန်ဆောင်အမျိုးသမီးကို ကြည့်နေကာ ထိုအမျိုးသမီးသည် အားကစားခန်းမမှ အမျိုးသမီးနှစ်ယောက် ပြောသည်များကြောင့် စိတ်လှုပ်ရှားပုံမရပေ။ ဟုတ်ပေသည် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်က မည်သို့ လေ့ကျင့်ခန်း လုပ်နိုင်ပါမည်နည်း။ သူ့အကြည့်များသည် ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ဗိုက်ဆီသို့ အကြည့်ရောက်သွားသည်။

ကျန်းလော့သည် လုယုံရိကို တားရန် ကြိုးစားချင်သော်လည်း ကျန်သည် ဝမ်ယမ်လန် ယယ်ရွှင်နှင့် ခွမ့်ကျိန်းတို့သည် လုယုံရိလို ကံမကောင်းကြပေ။ ထို့အပြင် သူသည်လည်း ကံအဆိုးဆုံးအဖြစ် သတ်မှတ်ခံထားရပြီး တကယ်လည်း ကံမကောင်းနေပေ။ နောက်ဆုံးတွင် သူသည် လုယုံရိကို ရွှန်ရှင်းအားကစားခန်းမ အဖွဲ့ဝင်ကတ်ကိုသာ ထုတ်၍ ပေးလိုက်သည်။

"ငါတို့ သတင်းပို့တာ စောင့်"

လုယုံရိသည် ယုံကြည်မှုရှိသော အပြုံးဖြင့် သူတို့ကို 'အိုကေ' ဟုပြောပြီး ဓာတ်လှေကားထဲမှ ထွက်သွားသည်။ သူထွက်သွားသည်နှင့် ဓာတ်လှေကားသည် ဖြည်းဖြည်းချင်း တံခါးပိတ်သွားကာ အားကစားခန်းမ သင်္ကေတကို စိုးရိမ်ကြောင့်ကြမှု၏ အငွေ့အသက်ကြီးကဲ့သို့စိုက်ကြည့်နေသည်။

'ဒီနေရာက ... ဒီလောက် ကြောက်စရာကောင်းလို့လား ငါတော့ မထင်ပါဘူး'

.........

ဤတစ်ကြိမ်တွင် ဓာတ်လှေကားသည် ဆက်တိုက် အပေါ်သို့ တက်နေသည်။ ဓာတ်လှေကားသည် အချို့သော အလွှာများတွင် ရပ်သွားပြီး တံခါးပွင့်မလာဘဲ ဆက်၍ နှေးကွေးစွာ တက်နေသည်။ ကျန်းလော့သည် သူတို့ဖြတ်လာခဲ့သော အထပ်များကိုသာ ကြည့်နေကာ သူတို့သည် ၁၀လွှာသို့ရောက်ခါနီးနေပြီဖြစ်သည်။ ထို့နောက် ကိုယ်ဝန်ဆောင် အမျိုးသမီးဘက်သို့ တမင်တကာ လှည့်လိုက်ပြန်သည်။

ကိုယ်ဝန်ဆောင် အမျိုးသမီးသည် သူလှည့်ကြည့်လိုက်တာနှင့် တောင့်ခနဲဖြစ်သွားကာ အကြင်နာကင်းမဲ့မှုအချို့ သူမမျက်လုံးထဲတွင် ပေါ်လာပြီး ချက်ချင်း ပြန်နူးညံ့သွားသည်။

"ကျွန်မကိုပဲ ဘာလို့ ဆက်တိုက်ကြည့်နေတာလဲ ရှောင်ကောကော"

ကျန်းလော့သည် သူမကိုပြုံးပြလိုက်ပြီး ရုတ်တရက် သူမဗိုက်ကို သွားထိလိုက်သည်။ ပိန်ပါးသော လက်ချောင်းများသည် ဗိုက်နှင့် အနည်းငယ်သာ ဝေးတော့ပြီး လက်တစ်ချောင်းကတော့ ချက်နားသို့ ထိမိနေကာ သူမအသားထဲသို့ အချိန်မရွေးဖောက်ဝင်သွားမတတ်ဖြစ်နေကာ ကြောက်မက်ဖွယ်ကောင်းသည့် ကိစ္စသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်သွားနိုင်ပေသည်။

ကိုယ်ဝန်ဆောင် အမျိုးသမီး၏ မျက်ဆံများသည် ကျုံ့ဝင်သွားပြီး ကြောက်လန့်စွာပြောသည်။

"ရှင်ဘာလုပ်ချင်တာလဲ"

ဝမ်ယမ်လန်နှင့် ယယ်ရွှင်တို့သည် ပူဆွေးနေကြတုန်း ဖြစ်သော်လည်း ကျန်းလော့ကို အံ့ဩစွာ ပြန်လှည့်ကြည့်လိုက်ကြသည်။

"ဒါက ကလေးလေးမလား ဟုတ်လား"

ကျန်းလော့သည် နူးညံ့သော မျက်နှာထားနှင့် မျက်လုံးများသည် အောက်သို့ စိုက်ကြည့်နေကာ မျက်တောင်များသည် မျက်နှာပေါ်သို့ အရိပ်ဖျော့ဖျော့ထင်နေစေသည်။

"ဒီထဲကဟာလေးက ယောက်ျားလေး ဖြစ်မလား မိန်းကလေးဖြစ်မလားတော့ ကျုပ်မသိဘူး"

ကိုယ်ဝန်ဆောင် အမျိုးသမီးသည် သူမဗိုက်ကို ဆက်တိုက် ကာကွယ်ထားပြီး သူ့လက်များကို ရှောင်ဖို့ပဲ ကြိုးစားနေသည်။ သို့သော် လှပသောအမျိုးသားသည် နတ်ဆိုးတစ်ကောင်ကဲ့သို့ ဖြစ်နေကာ သူ့လက်ကို ကိုယ်ဝန်ဆောင် အမျိုးသမီး၏ ဗိုက်တွင် မြဲမြံစွာ တင်ထားသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးသည် ကျောတစ်လျှောက်လုံး စိမ့်တက်လာကာ ကြောက်ကြောက်လန့်လန့်နှင့် တုန်ယင်နေသည်။

ထိုလက်သည် သူမဗိုက်ကို အားနှင့် ညှစ်ပစ်လာသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးသည် ကြောက်လွန်းလို့ အသံပျောက်မတတ် အော်ဟစ်လာသည်။

"သူ့ကို ဒီထဲက ထုတ်ပေးကြပါ သူ့ကို ကျွန်မဗိုက်ကို မထိခိုင်းပါနဲ့ ငါ့ဗိုက် နာတယ် ငါ့ဗိုက်.."

ဝမ်ယမ်လန်နှင့် ယယ်ရွှင်တို့သည် ကြောင်အအနှင့် ကျန်းလော့လက်မောင်းကို အလျင်အမြန် ဆွဲလိုက်ကြပြီး သောကရောက်စွာ ပြောသည်။

"ကျန်းလော့ မင်းစိတ်ဆိုးနေမှာ ငါတို့သိပါတယ် ဒါပေမဲ့ မင်းလက်ကို လွတ်လိုက်ပါကွာ ကျုံးချိုးနဲ့ စိုင်လောင်အာတို့ သေသွားတာက သူ့ဗိုက်ထဲက ကလေးနဲ့ ဘာမှမဆိုင်ဘူးလေ ကလေးက အပြစ်မရှိပါဘူး"

"ကလေးတဲ့လား"

ကျန်းလော့သည် အထင်သေးစွာ ကြည့်လိုက်ပြီး

"သူ့ဗိုက်ထဲမှာ တကယ်ကလေးတစ်ယောက်ရှိမှပဲ ဒီဆင်ခြေက အလုပ်ဖြစ်လိမ့်မယ် ဒါပေမဲ့ သူမကို ကြည့်လိုက်စမ်းပါ သူ့ဗိုက်ထဲမှာ တကယ်ရော ကလေးရှိလို့လား"

သူ့သူငယ်ချင်းများသည် အလျင်အစလို ကိုယ်ဝန်ဆောင် အမျိုးသမီး၏ ဗိုက်ကိုကြည့်လိုက်ကြကာ အလွန်ထိတ်လန့်သွားပြီး ကျန်းလာ့ကို နောက်ကို ဆွဲခေါ်ဖို့ပင် မေ့သွားကြသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီး၏ ဗိုက်သည် ကျန်းလာ့၏ ညှစ်ထားမှုကြောင့် ချိုင့်ဝင်နေသည်။ ထိုအချင်းအရာသည် ဗိုက်သာဆိုလျှင် ထိုသို့ချိုင့်ဝင်မှာမဟုတ်ပေ။ ရှင်းလင်းနေသည်မှာ..

ကျန်းလာ့၏ လက်သည် အလွန်ပြင်းပြင်းပြပြ ဖိညှစ်လိုက်သောကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး၏ ဂါဝန်အောက်မှ ချည်ခေါင်းအုံးတစ်လုံး ဓာတ်လှေကား ကြမ်းပြင်ပေါ်သို့ ကျလာတော့သည်။

######

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

Zawgyi

အပိုင္း (၁၆၁) ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီး

ဒုတိယစည္းမ်ဥ္းကို ဖတ္ၾကည့္ၿပီးေနာက္ က်န္းေလာ့အမူအယာသည္ အနည္းငယ္ ထူးဆန္းသြားသည္။ ထိုစည္းမ်ဥ္းသည္ သူ႔ကို အံ့ဩသြားေစၿပီး ကာလၾကာရွည္စြာ ကံမေကာင္းလာေသာ လူတစ္ေယာက္အေနျဖင့္ တစ္ေခါက္ၿပီး တစ္ေခါက္ကံေကာင္းျခင္းေတြ ႀကဳံလာရေသာအခါ သူ႔ကိုယ္သူ အနည္းသံသယျဖစ္လာၿပီး က်န္းေလာ့သည္ သူ႔ကိုယ္သူ ဒီေလာက္ကံေကာင္းလိမ့္မည္ဟု မယုံရဲေပ။ ပိုင္ယဲ့ဖုန္းအခန္းထဲမွ ေတြ႕ကရာေကာက္ယူခဲ့သည့္ ပစၥည္းႏွစ္ခုက ဤမွ်ကံေကာင္းေစလိမ့္မည္ဟု မယုံတစ္ဝက္ ယုံတစ္ဝက္ျဖစ္လာသည္။

သူ႔မ်က္ႏွာသည္ ထူးဆန္းသည္ထက္ ပိုထူးဆန္းလာကာ သူ႔အိတ္ထဲမွ ပိုက္ဆံမ်ားကို ထုတ္၍ ေရတြက္လိုက္ရာ ေဒၚလာငါးရာ ရွိသည္။ မမ်ားေသာ္လည္း မနည္းေပ။ သူ႔အတြက္သုံးၿပီးလွ်င္ တျခားသူမ်ားကို မွ်ေပးဖို႔ကတစ္ေယာက္စာသာ ရွိေတာ့သည္။ သို႔ေသာ္ သူလွည့္ၾကည့္လိုက္ေသာအခါ စိုင္ေလာင္အာတစ္ေယာက္ ပိုက္ဆံအိတ္ထုတ္၍ လူတိုင္းကို ပိုက္ဆံေဝေပးေနသည္ကို ျမင္လိုက္ရသည္။

"ပိုက္ဆံမရွိတဲ့သူ ဘယ္သူရွိေသးလဲ ငါ့အိပ္မက္ထဲက ဇာတ္ေကာင္က ပိုက္ဆံရွိတယ္ေလ အားလုံးအတြက္ ပိုက္ဆံထုတ္ေပးလို႔ရတယ္"

"......."

က်န္းေလာ့သည္ လူတိုင္းမတူညီေသာ အေျခအေနမ်ားရွိေၾကာင္း သေဘာေပါက္သြားၿပီး သူ၏ အံ့ဩေနေသာ စိတ္ကို ျပန္၍ သိမ္းထားလိုက္ကာ သူပိုင္ဆိုင္သည့္ ေဒၚလာငါးရာကို အသာေလး ျပန္သိမ္းလိုက္သည္။ ထို႔ေနာက္ စိုင္ေလာင္အာ ေဝေပးေသာ စာအိတ္နီကို ဝင္ယူလိုက္သည္။

"မိနစ္ႏွစ္ဆယ္တိုင္း ဆိုင္တံခါးေတြပြင့္လာၿပီး ဆိုင္ပိုင္ရွင္ေတြ အျပင္ထြက္လာမယ္တဲ့ ၾကည့္ရတာ ဆိုင္ရွင္ေတြအားလုံးက လူေတြကို ဒုကၡေပးမဲ့ သရဲေတြပဲ ျဖစ္ရမယ္"

က်န္းေလာ့သည္ သူ႔ကိုယ္သူေတြးၾကည့္လိုက္သည္။

"ဒီေတာ့ မိနစ္ႏွစ္ဆယ္ မေရာက္ခင္ထိ ငါတို႔ေဘးကင္းမွာပဲ ဒါေပမဲ့ မိနစ္ႏွစ္ဆယ္ကုန္သြားတိုင္း ငါတို႔ဝင္ၾကည့္ေနတဲ့ ဆိုင္ေတြက တံခါးပိတ္သြားၿပီး ဆိုင္ထဲမွာ ရွိတယ္ ဝယ္သူတိုင္းကို ဆိုင္ရွင္ေတြက သတ္ပစ္လိမ့္မယ္ ၿပီးရင္သူတို႔က ဆိုင္ထဲက ထြက္လာၿပီး ေမာလ္လမ္းေပၚမွာ ရွိေနတဲ့ လူတိုင္းကို လိုက္သတ္မွာပဲ မိနစ္ႏွစ္ဆယ္က ပုံေသသတ္မွတ္ထားတဲ့အခ်ိန္ဆိုေပမဲ့ သူတို႔ အခ်ိန္စေရတြက္တဲ့အခ်ိန္ကို ငါတို႔မသိဘူး ဒီေတာ့ ငါတို႔ဘာျဖစ္မလဲ ေစာင့္ၾကည့္ဖို႔ပဲ တတ္ႏိုင္ေတာ့တယ္"

ေမာလ္ထဲတြင္ နာရီမရွိေသာ္လည္း ကံေကာင္းစြာပင္ လူတိုင္းတြင္ ဖုန္းရွိၾကသည္။ ေငြမ်ား ခြဲေဝေပးၿပီးေနာက္ လူရွစ္ေယာက္သည္ ခ်က္ခ်င္းလူခြဲၿပီး သူတို႔ႏွင့္ အသင့္ေတာ္ဆုံးျဖစ္မည့္ အဝတ္မ်ား ရွာၾကရန္ ဆိုင္မ်ားကို လိုက္ၾကည့္ၾကသည္။

ဘယ္လိုအဝတ္မ်ိဳးက သင္နဲ႔ အသင့္ေတာ္ဆုံးျဖစ္မလဲ

ေသခ်ာေပါက္ မင္းတို႔နဲ႔ ေတာ္တဲ့ အဝတ္ေပါ့

ေကာက်ဴသည္ က်ိဳးက်ဳံးခ်ိဳးႏွင့္ စိုင္ေလာင္အာတို႔ေနာက္မွ လိုက္သြားေသာ္လည္း လမ္းတြင္ အမ်ိဳးသားဝတ္ ဆိုင္တစ္ဆိုင္ကိုေတြ႕ၿပီး သူ႔အၾကည့္သည္ ထိုဆိုင္သို႔ ေရာက္သြားကာ ေျခလွမ္းရပ္သြားေတာ့သည္။ ဆိုင္အေရွ႕ဘက္မ်က္ႏွာစာတြင္ ၾကည္လင္ေနေသာ မွန္နံရံႀကီးရွိကာ နံရံေနာက္တြင္ ပလက္စတစ္ အမ်ိဳးသားအ႐ုပ္ရွိသည္။ ထိုအမ်ိဳးသားေမာ္ဒယ္အ႐ုပ္သည္ သူ႔အစ္ကို ေကာဝူခ်န္ႏွင့္ တူေနသည္။

ေကာက်ဴသည္ အေတြးနက္ေနၿပီး ထိုင္းမႈိင္းသြားသလို ျဖစ္သြားသည္။ သူသည္ ထိုအမ်ိဳးသားေမာ္ဒယ္အ႐ုပ္သည္ သူ႔ကို ႏႈတ္ခမ္းေကြး၍ ၿပဳံးျပေနသလို ျမင္လိုက္ရသည္။ ထိုအ႐ုပ္ ၿပဳံးလိုက္ေသာအခါ ေကာဝူခ်န္ႏွင့္ ပိုတူလာေလသည္။ ေကာက်ဴသည္ အေတြးထဲမွ ႏိုးလာၿပီး မ်က္လုံးမ်ားမွိတ္၍ ျပန္ၾကည့္လိုက္ေသာအခါ အမ်ိဳးသားေမာ္ဒယ္႐ုပ္၏ ပါးစပ္ေထာင့္တြင္ မြန္းၾကပ္ဖြယ္အၿပဳံးတစ္ခုကို ရွင္းရွင္းလင္းလင္း ျမင္ေနရသည္။ သူသည္ ခဏေလာက္ ေတြေဝေနၿပီးမွ ထိုအမ်ိဳးသားဝတ္ အဝတ္အစားဆိုင္ထဲသို႔ ဝင္သြားသည္။

သူ အပါအဝင္ ဆိုင္ထဲမွ တစ္ဒါဇင္ေလာက္ရွိေသာ ေဈးဝယ္မ်ားသည္ စိတ္ေသာကေရာက္ေနေသာ အၾကည့္မ်ားျဖင့္ အမ်ိဳးသားဝတ္ပစၥည္း အေရာင္းဆိုင္ထဲတြင္ လွည့္ပတ္ၾကည့္ေနၾကသည္။

အခန္းတစ္ဖက္ျခမ္းတြင္ က်န္းေလာ့၏ လက္ေခ်ာင္းမ်ားသည္ သူ႔အတြက္ အဝတ္ရွာေနၿပီး လုယုံရိႏွင့္ တစ္ဆိုင္ထဲပင္ ဝင္ၾကည့္ေနသည္။ ဆိုင္ရွင္သည္ ေကာင္တာေနာက္တြင္ ထိုင္ေနကာ သူတို႔၏လႈပ္ရွားမႈတိုင္းကို ေႁမြေပြးတစ္ေကာင္လို ေသခ်ာလိုက္ၾကည့္ေနသည္။

က်န္းေလာ့သည္ ပထမဆုံးအတန္းၾကည့္၍ ၿပီးသြားၿပီးေနာက္ ႐ုတ္တရက္ ေမာလ္ထဲတြင္ သတိေပးေခါင္းေလာင္းမ္းသံတစ္သံ ျမည္သြားသည္။ သူ႔ဝိညာဥ္သည္ပင္ ႐ုတ္တရက္ တင္းက်ပ္သြားသလို ပတ္ဝန္းက်င္ကို ၾကည့္လိုက္ၿပီး အျပင္ထြက္သြားၾကရသည္။

အမ်ိဳးသားဝတ္အဝတ္အစားမ်ားေရာင္းသည့္ မ်က္ေစာင္းထိုးမွဆိုင္ကို ၾကည့္၍ မီးမ်ား ျပတ္သြားသည္။ ဆိုင္ထဲမွ ေမာ္ဒယ္အ႐ုပ္သည္ ေတာင့္တင္းစြာ လႈပ္ရွားလာၿပီး ေခါင္းလွည့္လိုက္ၿပီး သူ၏ အ႐ုပ္မ်က္လုံးမ်ားသည္ ဆိုင္ထဲမွ ေဈးဝယ္မ်ားကို ေတာင့္ေတာင့္ႀကီး လိုက္ၾကည့္ေနၾကသည္။ ဆိုင္ေကာင္တာေနာက္တြင္ ထိုင္ေနေသာ ဆိုင္ရွင္၏ မ်က္ႏွာတြင္ ရက္စက္ေသာ အၿပဳံးေပၚလာၿပီး ခုံေပၚမွထၿပီး စားပြဲခုံေအာက္မွ ပုဆိန္ႀကီးတစ္လက္ကို ထုတ္လိုက္သည္။ ေဈးဝယ္မ်ားသည္ ေၾကာက္လာၿပီး ဆိုင္ေရွ႕တြင္ ပိတ္သြားေသာ တံခါးဆီသို႔ ေျပးသြားၾကကာ အသည္းအသန္ထုၿပီး ဖြင့္ခိုင္းေနၾကသည္။

"ကယ္ၾကပါ"

"တံခါးဖြင့္ ျမန္ျမန္ဖြင့္ေပးပါ"

တျခားဆိုင္မ်ားတြင္ ရွိေနေသာ ေဈးဝယ္မ်ားသည္လည္း စိတ္ပင္ပန္းစြာ ပိတ္မိေနၾကသည္။ ထိုေနရာတြင္ ပြဲအႀကီးႀကီး ျဖစ္ေနသလို စည္ကားေနၿပီး အခန္းထဲမွ လူမ်ားအားလုံး၏ မ်က္လုံးမ်ားထဲတြင္ ေၾကာက္႐ြံ႕ထိတ္လန႔္မႈမ်ား ကိန္းေအာင္းေနၾကသည္။ သို႔ေသာ္ သူတို႔၏ ကူပါကယ္ပါ အသံမ်ားကို မည္သူကမွ မတုံ႔ျပန္ၾကေပ။

က်န္းေလာ့ႏွင့္ လုယုံရိတို႔၏ မ်က္ႏွာသည္ အမ်ိဳးသားဝတ္ဆိုင္တစ္ဆိုင္ထဲတြင္ ပိတ္မိေနေသာ ေကာက်ဴကို ျမင္လိုက္ေသာအခါ အလြန္ မ်က္ႏွာပ်က္သြားၾကသည္။ နည္းနည္းမွ မတုံ႔ဆိုင္းၾကပဲ ပိတ္ထားေသာ မွန္တခါးကို အျပင္းအထန္ထု၍ ေအာ္လိုက္သည္။

"ေကာက်ဴ"

သို႔ေသာ္ ထိုမွန္တံခါးသည္ စိတ္ကဲ့သို႔မာေက်ာကာ မည္မွ်အားကုန္သုံးၿပီး ထုႏွက္ပါေစ ကြဲထြက္မသြားေပ။ က်န္းေလာ့သည္ ေခါင္းလွည့္၍ ဆိုင္ရွင္ကို ေဒါသထိန္း၍ အမိန႔္ေပးလိုက္သည္။

"တံခါးဖြင့္စမ္း"

သူ႔ကို ၿခိမ္းေျခာက္ေသာ လူသားကို ပထမဆုံးျမင္ဖူးေသာ ဆိုင္ရွင္သည္ ႏွစ္ႀကိမ္ေလာက္ ႏွာမႈတ္လိုက္ၿပီး

"ဒီတံခါးက ငါတို႔ ဖြင့္လို႔မရဘူး"

က်န္းေလာ့သည္ ေဒါသဆက္မထိန္းထားႏိုင္ေတာ့ဘဲ ေကာက်ဴရွိေနေသာ ဆိုင္ကိုၾကည့္၍ လက္သီးတင္းတင္းဆုပ္ထားသည္။

အမ်ိဳးသားဝတ္အက်ႌဆိုင္ထဲတြင္ ေကာ္လူ႐ုပ္ႏွင့္ ဆိုင္ရွင္တို႔သည္ ေဈးဝယ္မ်ားကို ဝိုင္းထားၾကသည္။ က်န္းေလာ့သည္ ကေလးတစ္ေယာက္ကို ကာကြယ္ေပးေနေသာ ေကာက်ဴကို ျမင္ေသာအခါ သူ႔ကိုကယ္ရန္ ဘာလုပ္ရမွန္းမသိ ျဖစ္လာသည္။ ေကာက်ဴ ကာကြယ္ေပးထားေသာကေလးသည္ ေၾကာက္လန႔္စြာ ငိုေႂကြးေနၿပီး ေကာက်ဴကို ဆိုင္ရွင္၏ လက္ထဲမွ ပုဆိန္ရွိရာသို႔ တြန္းလြတ္ပစ္လိုက္သည္။

အသားကို ျဖတ္သြားေသာ ပုဆိန္အသံကို ရွင္းရွင္းလင္းလင္း ၾကားလိုက္ရကာ ေလခြၽန္သံလို ႐ႊီးခနဲအသံႏွင့္အတူ ေကာက်ဴ၏ ေခါင္းသည္ တံခါးနားထိ ႏွစ္ပတ္ေလာက္ လွိမ့္ထြက္သြားသည္။ ေကာက်ဴ၏ ထိတ္လန႔္တုန္လုပ္ေနေသာ မ်က္ႏွာသည္ က်န္းေလာ့အျမင္အာ႐ုံထဲတြင္ လုံးဝဆြဲထင္သြားေတာ့သည္။

ေခါင္းမဲ့ခႏၶာကိုယ္သည္ ဆိုင္ၾကမ္းျပင္ကို ေသြးမ်ား အိုင္ထြန္းသြားေစသည္။

က်န္းေလာ့၏ အမူအယာသည္ ေအးခဲေတာင့္တင္းသြားၿပီး ေသြးမႈန္မ်ားၾကားတြင္ ေအာ္ဟစ္ငိုယိုေနၾကေသာ ေယာက္်ားမိန္းမ ကေလးမ်ားကို ေငးၾကည့္ေနသည္။ ထိုသူမ်ားသည္ ကယ္ေပးၾကရန္ ေအာ္ဟစ္ေနၿပီး အသတ္ခံလိုက္ၾကရေသာေၾကာင့္ တံခါးနားတြင္ တအိအိ လဲၿပိဳသြားၾကသည္။ လုယုံရိသည္ မယုံႏိုင္စြာ ေနာက္ဆုတ္သြားၿပီး

"ေကာက်ဴ ... ေသသြားၿပီလား"

ဆိုင္ရွင္ႏွင့္ ေကာ္႐ုပ္တို႔သည္ ေသြးဆာေနၾကၿပီး လူတိုင္းကို ဆက္တိုက္ သတ္ျဖတ္၍ မွန္တံခါးကို ေသြးမ်ား ဖုံးလႊမ္းသြားေစခဲ့သည္။ သူတို႔ ဆိုင္ထဲမွ လူတိုင္းကို သတ္ၿပီးေသာအခါ တံခါးပြင့္လာသည္။ ဆိုင္ရွင္သည္ ပုဆိန္ဆြဲ၍ အၾကင္နာမဲ့သည့္ မ်က္ႏွထားႏွင့္ ထြက္လာကာ ေကာ္႐ုပ္သည္လည္း ဆိုင္ထဲသို႔ မဝင္ရေသးေသာ လူမ်ားစြာကို ေဒါသတႀကီး လိုက္ၾကည့္ေနသည္။ က်န္းေလာ့လက္မ်ားကို ႐ုတ္တရက္ လုယုံရိက တင္းတင္းက်ပ္က်ပ္ ဆြဲကိုင္လာကာ သူ႔အသံသည္ တုန္ခါေနသည္။

"က်န္းေလာ့ က်ိဳးက်ဳံးခ်ိဳးနဲ႔ စိုင္ေလာင္အာတို႔ အခုထိ အျပင္ဘက္မွာပဲ ရွိေသးတယ္"

က်န္းေလာ့သည္ ခ်က္ခ်င္း အာ႐ုံေျပာင္းသြားၿပီး လုယုံရိလက္ညႇိဳးေနာက္သို႔ၾကည့္လိုက္သည္။ က်ိဳးက်ဳံးခ်ိဳးသည္ မာန္တင္းထားေသာ မ်က္ႏွာျဖင့္ စိုင္ေလာင္အာကို ဆိုင္ထဲသို႔ ဝင္ရန္လုပ္လိုက္ေသာ္လည္း သူတို႔ေ႐ြးမိေသာ ဆိုင္မွာ အလြန္ေသးေသာေၾကာင့္ မတတ္ႏိုင္စြာ ေနာက္တစ္ဆိုင္ထြက္ေ႐ြးရန္ လ်င္ျမန္စြာ ထြက္ခဲ့ၾကသည္။ သူတို႔ေနာက္တစ္ဆိုင္ရွာေတြ႕ၿပီး ဝင္ရန္လုပ္ေသာအခါ ႐ုတ္တရက္ သတိေပးေခါင္းေလာင္းသံျမည္လာျပန္သည္။

စိုင္ေလာင္အာသည္ ေကာ္႐ုပ္တစ္႐ုပ္ထံမွ လြတ္ေျမာက္ရန္ တိုက္ခိုက္ေနၿပီး သူတို႔ဘယ္ဘက္နားေလးမွ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးတစ္ေယာက္သည္ ႀကီးမား လုံးဝန္းေသာ ဗိုက္ႀကီးျဖင့္ အကူအညီေအာ္ေတာင္းေနသည္။

"ဖာ့ခ္"

က်ိဳးက်ဳံးခ်ိဳးသည္ အလြန္ေဒါသထြက္ေနသည္။

"ဒီေလာက္အႏၲာရာယ္မ်ားတဲ့ေနရာကို ကိုယ္ဝန္သည္က ဘာကိစၥလာရတာတုန္း"

ထိုသို႔ေျပာၿပီးေနာက္ စိုင္ေလာင္အာႏွင့္ သူမတို႔သည္ ေၾကာက္လန႔္တုန္လႈပ္ေနေသာ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးကို အျမန္ေျပးဆြဲၿပီး ထြက္ေျပးၾကသည္။ သို႔ေသာ္ ထိုကိုယ္ဝန္ေဆာင္အမ်ိဳးသမီးသည္ အလြန္ေႏွးေကြးစြာေျပးေနၿပီး က်ိဳးက်ဳံးခ်ိဳးသည္ သူမကို ဆြဲၿပီး အၾကမ္းပတမ္း မေျပးဝံ့ေပ။ သူမဗိုက္ထဲမွ ကိုယ္ဝန္ တစ္ခုခုျဖစ္သြားမွာ ေၾကာက္႐ြံ႕ေနသည္။

သူတို႔သုံးေယာက္တြဲသည္ ေကာ္လူ႐ုပ္တစ္႐ုပ္ထံမွ ဖမ္းမိသြားၾကေသာအခါ ေနာက္လွန္လဲက်ေတာ့မလို ျဖစ္သြားၾကၿပီး က်ိဳးက်ဳံးခ်ိဳးသည္ အံႀကိတ္၍ ေျပာလိုက္သည္။

"စိုင္ေလာင္အာ မင္း သူမကိုေခၚၿပီး အရင္ေျပး ငါမင္းတို႔အတြက္ အခ်ိန္ဆြဲထားေပးမယ္"

"က်ိဳး"

စိုင္ေလာင္အာ၏ မ်က္လုံးမ်ားသည္ နီရဲလာၿပီး က်ိဳးက်ဳံးခ်ိဳးကို လွည့္ၾကည့္၍ ထြက္ေျပးသြားသည္။ သူသည္ သက္ျပင္းခ်လိုက္ၿပီး က်ိဳးက်ဳံးခ်ိဳး၏ စေတးခံမႈကို အလဟႆျဖစ္ေစလို႔ မျဖစ္ေၾကာင္း နားလည္ထားသည္။ သူ႔မ်က္ရည္မ်ားကို သုတ္၍ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးကို ဆြဲ၍ ဆက္ေျပးသည္။ သူသည္ ေၾကာက္႐ြံ႕ေနေသာ အမ်ိဳးသမီးကိုလည္း အားေပးကာ

"မေၾကာက္ပါနဲ႔ ကြၽန္ေတာ္ မင္းကို ကာကြယ္ေပးပါ့မယ္"

"သရဲမ်ား ထြက္လာတာက အခ်ိန္အကန႔္အသတ္ရွိတယ္ ကြၽန္ေတာ္တို႔ ျမန္ျမန္ေျပးႏိုင္ရင္ လုံၿခဳံမွာပါ"

ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးသည္ သူ႔ကိုေမာ့ၾကည့္လာေသာေၾကာင့္ စိုင္ေလာင္အာသည္ သူမကိုၿပဳံးျပလိုက္သည့္ အခ်ိန္တြင္ သူမသည္ သူ႔ကို ေရွ႕သို႔တြန္းလြတ္ပစ္လိုက္သည္။ စိုင္ေလာင္အာသည္ ေၾကာင္အစြာ ေရွ႕သို႔ပစ္လဲသြားၿပီး သူ႔ရင္ဘတ္ကို ေကာ္လူ႐ုပ္၏ လက္တစ္ဖက္က ေဖာက္ဝင္သြားေတာ့သည္။

သူသည္ ပါးစပ္အျပည့္ ေသြးမ်ားအန္ထုတ္လိုက္ၿပီး ပင္လယ္ျပာေရာင္ မ်က္လုံးမ်ားသည္ နားမလည္ႏိုင္ေသာ အၾကည့္မ်ားျဖင့္ ရႈပ္ေထြးေနသည္။ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးသည္ သူ႔ကိုတစ္ခ်က္မွ ျပန္လွည့္မၾကည့္ဘဲ လူသားဒိုင္းလုပ္ၿပီးသည္ႏွင့္ ခ်က္ခ်င္းလွည့္ေျပးသြားသည္။ သူမသည္ စိုင္ေလာင္အာတို႔ တြဲထားတုန္းကထက္ ပို၍ ျမန္ျမန္ေျပးသြားသည္။

"အရမ္းနာတာပဲ.."

စိုင္ေလာင္အာသည္ ပါးစပ္အျပည့္ ေသြးတစ္လုပ္ ထပ္အန္ၿပီး မ်က္ဝန္းျပာလဲ့လဲ့တို႔သည္ မီးခိုးေရာင္ေျပာင္းသြားကာ

"ဒီေတာ့ ေသျခင္းတရားက ဒီလိုနာက်င္ရတာပါလား.. အရမ္းနာတယ္"

ျဖည္းျဖည္းခ်င္း သူ႔ေခါင္းသည္ အသက္မရွိေတာ့ဘဲ ေအာက္စိုက္သြားေတာ့သည္။ ဆိုင္အျပင္ဘက္တြင္ လူမ်ား တစ္ေယာက္ၿပီး တစ္ေယာက္ အသတ္ခံေနရသည္။ က်န္းေလာ့သည္ ဤ႐ုန္းကန္ ေျပးလႊားေနရေသာ ျမင္ကြင္းသည္ အလြန္စိတ္လႈပ္ရွားစရာေကာင္းေၾကာင္း ေတြ႕ျမင္သည္။ သို႔ေသာ္ စိုင္ေလာင္အာႏွင့္ က်ိဳးက်ဳံးခ်ိဳးတို႔ အေလာင္းေကာင္မ်ား ျဖစ္သြားပုံကို ၾကည့္ၿပီး အဝတ္ဆိုင္တြင္ ေခါင္းျဖတ္ခံလိုက္ရေသာ ေကာက်ဴကို ျမင္ေယာင္ကာ သူ႔ႏွလုံးသားထဲမွ ႏွစ္လိုသည့္လႈပ္ရွားမႈသည္ ေျပာင္းလဲသြားၿပီး သူ႔ႏႈတ္ခမ္းေထာင့္မ်ားသည္ စိတ္ဓာတ္က်စြာ ေအာက္သို႔ ကုတ္သြားေတာ့သည္။ သူ႔မ်က္ဝန္းမ်ားသည္ ေရွ႕သို႔ ရွင္းရွင္းလင္းလင္း မျမင္ရေတာ့ေအာင္ ေဝဝါးလာသည္။

လူသားခ်င္းစာနာမႈ၊ တေစၦသရဲမ်ားႏွင့္ မိစာၦမ်ား ဒါေတြအားလုံးသည္ ခ်ီယုံျဖစ္ေစခ်င္ေသာ အနာဂတ္တိုင္းျပည္ ျဖစ္သည္။ အကယ္၍ အနာဂတ္သာ ဒီလိုပုံစံမ်ိဳးဆိုပါလွ်င္ သူ႔သူငယ္ခ်င္းမ်ားသည္ သူတို႔၏ အနစ္နာခံလိုသည့္ စိတ္ရင္းအခံေၾကာင့္ အရင္ဆုံး ေသၾကမည္မွာ ေသခ်ာသည္။ လုယုံရိသည္ ငိုရႈိက္ရင္း စိတ္ထိန္းကာ က်န္းေလာ့ကိုေရာ သူ႔ကိုယ္သူပါ မည္သို႔ ႏွစ္သိမ့္ရမည္မသိ ျဖစ္ေနၿပီး ထပ္တလဲလဲေျပာေနသည္။

"အိပ္မက္ျဖစ္ေနတာ ေကာင္းတယ္ အိပ္မက္ျဖစ္ေနလို႔ ေတာ္ေသးတယ္..........."

'ဟုတ္တယ္ အိပ္မက္ျဖစ္ေနတာ ေကာင္းတယ္'

'ဒါေပမဲ့ အိပ္မက္ မဟုတ္ဘဲ တကယ္ အစစ္အမွန္ ျဖစ္လာမယ္ဆိုရင္ေရာ'

...

ေနာက္ဆုံးတြင္ အျပင္ဘက္တြင္ အသက္ရွင္က်န္သူ တစ္ဦးတည္းသာရွိေတာ့သည္။ ထိုသူသည္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးျဖစ္သည္။ ဆိုင္ရွင္သည္ ပုဆိန္ကို ေျမာက္၍ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးကို အပိုင္းပိုင္းျဖတ္ခ်င္သည့္ အၿပဳံးႀကီးျဖင့္ ေရွ႕တိုးလာသည္။ သို႔ေသာ္ သူမသည္ ေၾကာက္႐ြံ႕စြာျဖင့္ ဆိုင္ရွင္ကို ၾကည့္လိုက္ၿပီး ႐ုတ္တရက္ တုန္ယင္လာကာ

"ခဏေလး ဒီေမာလ္က ဆိုင္ရွင္တစ္ေယာက္က ကေလးေတြကို စားရတာ ႀကိဳက္တယ္လို႔ၾကားဖူးတယ္ ၿပီးေတာ့ ကြၽန္မဗိုက္ထဲမွာ ကေလး ရွိတယ္ တကယ္လို႔ ရွင္ကြၽန္မကို မသတ္ရင္ ဒီကေလး ေမြးၿပီးတာနဲ႔ ရွင့္ဆီကို ေခၚလာေပးမယ္ ေက်းဇူးျပဳၿပီး ခ်မ္းသာေပးပါ ေက်းဇူးျပဳၿပီး ခ်မ္းသာေပးပါ"

ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးသည္ ဝပ္တြားခယစြာ ဒူးေထာက္ေတာင္းပန္ေနသည္။ သူမပုံစံသည္ ရႈပ္ပြေနေသာ ဆံပင္မ်ားႏွင့္ နီရဲေယာင္ေဖာင္းေနေသာ မ်က္လုံးမ်ားေၾကာင့္ သနားစရာေကာင္းေနေသာလည္း သူမေျပာတာ ၾကားၿပီးေနာက္ သနားစိတ္တို႔ ေပ်ာက္သြားရသည္။

ဆိုင္ရွင္၏ ေၾကာက္မက္ဖြယ္ေကာင္းေသာ မ်က္လုံးမ်ားသည္ သူမကို ေစ့ေစ့စပ္စပ္ၾကည့္ေနကာ ထို႔ေနာက္ သူမဝမ္းဗိုက္ကို ေလာဘတႀကီးၾကည့္လိုက္ၿပီး သူမကို သတ္ရမည္လား အရသာရွိေသာ ကေလးကို ေစာင့္လိုက္ရမည္လား စဥ္းစားေနသည္။

သို႔ေသာ္ သူေသခ်ာစဥ္းစားေနခ်ိန္တြင္ ေမာလ္ထဲတြင္ သတိေပးေခါင္းေလာင္းသံအက်ယ္ႀကီး ေနာက္တစ္ေခါက္ ထပ္ျမည္လာေလသည္။ ဆိုင္ရွင္သည္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးကို ၾကည့္၍ တြန႔္ဆုတ္စြာေျပာလိုက္သည္။ ထို႔ေနာက္ ေက်ာခ်မ္းဖြယ္အသံျဖင့္ သတိေပးလိုက္သည္။

"ကေလးေမြးၿပီးတာနဲ႔ က်ဳပ္ကိုလာေပးဖို႔ သတိရ"

ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးသည္ ေပ်ာ္႐ႊင္စြာ ၿပဳံးလိုက္မိၿပီး သူပါးစပ္ကို အုပ္၍ အထပ္ထပ္အခါခါ ေခါင္းညိတ္ေနသည္။ ဆိုင္ရွင္ႏွင့္ ေကာ္လူ႐ုပ္တို႔သည္ အမ်ိဳးသားဝတ္မ်ား ေရာင္းသည့္ဆိုင္ထဲသို႔ ျပန္ဝင္သြားၾကသည္။ ဆိုင္ရွင္သည္ ပုံမွန္အတိုင္း ေကာင္တာေနာက္တြင္ ဝင္ထိုင္ၿပီး ေကာ္လူ႐ုပ္သည္လည္း သူရပ္ရမည့္ေနရာတြင္ ဝင္ရပ္ေနလိုက္ကာ အရင္ကႏွင့္ ဘာမွ မျခားနား ဘာမွျဖစ္မသြားသည့္ႏွယ္။

အမ်ိဳးမ်ိဳးေသာ ဆိုင္တံခါးမ်ားအားလုံး ျပန္ဖြင့္လာေလၿပီ။

က်န္းေလာ့သည္ ၾကမ္းျပင္ေပၚမွ အေလာင္းမ်ားကို ၾကည့္၍ စကၠန႔္အနည္းငယ္ၾကာေအာင္ အေတြးထဲႏွစ္ေနၿပီး အခ်ိန္ၾကည့္ရန္ ဖုန္းထုတ္လိုက္သည္။

"ေနာက္ထပ္ မိနစ္ႏွစ္ဆယ္က ကိုးနာရီ ငါးဆယ့္ေျခာက္မိနစ္မွာ စမွာ"

"ၿပီးေတာ့ အဲဒီမိနစ္ႏွစ္ဆယ္အတြင္း ငါတို႔ အဝတ္အစား အရင္ရွာၿပီး ဓာတ္ေလွကားေပၚ အျမန္တက္ရမယ္"

လုယုံရိသည္ စိတ္ခံစားခ်က္မ်ားကို ထိန္းထားၿပီး ေခါင္းညိတ္လိုက္သည္။ ထို႔ေနာက္ အံကိုတင္းတင္းႀကိတ္၍ ၾကမ္းျပင္ေပၚမွ သူငယ္ခ်င္းမ်ား၏ အေလာင္းမ်ားကို လ်စ္လ်ဴရႈ၍ အဝတ္ဆိုင္ထဲသို႔ ဝင္သြားသည္။

မိနစ္ႏွစ္ဆယ္အတြင္း သူတို႔ က်န္ေနေသးေသာ ငါးေယာက္လုံး အဝတ္ကိုယ္စီ ရွာေတြ႕ခဲ့ၾကသည္။ က်န္းေလာ့၏ အဝတ္မ်ားသည္ ရွာရအခက္ခဲဆုံးျဖစ္ကာ ေက်ာ့ရွင္းေသာ အနက္ေရာင္ဝတ္စုံသည္ ေကာ္႐ုပ္ေမာ္ဒယ္ဝတ္ဆင္ထားေသာေၾကာင့္ ခြၽတ္ယူခဲ့ရသည္။ ဆိုင္ရွင္ကို ေငြရွင္းေပးၿပီးေနာက္ ေနာက္ဆုံးတစ္မိနစ္အလိုတြင္ ဓာတ္ေလွကားဆီသို႔ အျမန္ေျပးသြားၾကရေတာ့သည္။ ဓာတ္ေလွကားေပၚတြင္ စိုင္ေလာင္အာႏွင့္ က်ိဳးက်ဳံးခ်ိဳးတို႔ကို သတ္ခဲ့ေသာ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးႏွင့္ အျခား ပူပန္ေနပုံေပါက္ေသာ သက္လတ္ပိုင္း လူႏွစ္ေယာက္ ရွိေနသည္။

ဓာတ္ေလွကားထဲတြင္ ခလုတ္မ်ားမရွိေသာ္လည္း မိနစ္ႏွစ္ဆယ္ၾကာၿပီးေနာက္ သတိေပးေခါင္းေလာင္းသံ ထပ္ျမည္လာၿပီး ဓာတ္ေလွကားသည္ သူ႔အလိုလို တံခါးပိတ္သြားကာ အေပၚသို႔ တက္သြားသည္။

ႏွစ္လႊာ... သုံးလႊာ... ဓာတ္ေလွကားသည္ ငါးလႊာတြင္ ရပ္တန႔္သြားသည္။

ဓာတ္ေလွကားတံခါးသည္ပြင့္သြားၿပီး အနီေရာင္အားကစားခန္းမ အမွတ္အသားေပၚလာကာ က်ပ္ထုပ္ေနေသာ အားကစားဝတ္စုံႏွင့္ ကိုယ္လုံးကိုယ္ေပါက္လွေသာ အမ်ိဴးသမီးႏွစ္ေယာက္တို႔ ဓာတ္ေလွကားေရွ႕တြင္ ရပ္ေနၾကသည္။ ႏွစ္ေယာက္လုံးသည္ ၿပဳံး႐ႊင္ေနၿပီး ဆံပင္အေျဖာင့္ႏွင့္ တစ္ေယာက္က

"ကြၽန္မတို႔ ဒီအထပ္မွာ ကြၽန္မတို႔ရဲ႕ ႀကံ့ခိုင္းျခင္း အစီအစဥ္နဲ႔ပတ္သက္ၿပီး လူသုံးေယာက္ ေနခဲ့ရပါမယ္"

ေနာက္ထပ္ ဆံပင္အေကာက္ႏွင့္အမ်ိဳးသမီးက ၿပဳံး၍ ေျပာသည္။

"ဟုတ္ပါတယ္ ကြၽန္မတို႔မွာ အေတာ္ဆုံး ထရိန္နာေတြရွိပါတယ္ ၿပီးေတာ့လဲ အေကာင္းဆုံးဆိုတဲ့ စက္ေတြလည္း တပ္ဆင္ေပးထားၿပီးေတာ့ ဒီပ႐ိုဂရမ္ကေန လုံးဝက်န္းမာေစမဲ့ နည္းလမ္းေကာင္းေတြ ႀကဳံေတြ႕ၾကရမွာပါ အကယ္၍ ရွင္တို႔ ဒီအထပ္မွာ မဆင္းဘူးဆိုရင္ ဒီအထပ္ေလာက္ ဘယ္အထပ္ကမွ လုံၿခဳံမွာ မဟုတ္ပါဘူး"

ဆံပင္အေျဖာင့္ႏွင့္ အမ်ိဳးသမီး၏ မ်က္လုံးမ်ားသည္ ျဖားေယာင္းေနသလို ၿပီတီတီျဖစ္ေနကာ သူမ၏ အနီေရာင္ႏႈတ္ခမ္းတို႔သည္ ေသြးမ်ားစြန္းထင္းေနသလို နီရဲေနၿပီး ေကြးတက္သြားကာ

"ကြၽန္မတို႔မွာ အႏွိပ္ဝန္ေဆာင္မႈလည္းရွိပါေသးတယ္ ပထမဆုံးလာတဲ့ အဖြဲ႕ဝင္ေတြကို တစ္ေခါက္တိတိ ဖရီးဝန္ေဆာင္မႈ ေပးမွာပါ"

သက္လတ္ပိုင္း အမ်ိဳးသားႏွစ္ေယာက္တို႔သည္ ဓာတ္ေလွကားထဲမွ ထြက္လိုက္ၾကၿပီးမွ စိတ္ကေယာင္ေခ်ာက္ခ်ား ျဖစ္လာၾကကာ ေမးလိုက္သည္။

"ဒီမွာ တကယ္ပဲ လုံၿခဳံပါ့မလား"

"ေသခ်ာတာေပါ့"

ဆံပင္ေကာက္ေကာက္ႏွင့္ အမ်ိဳးသမီးသည္ အတည္ျပဳသလို ေျပာလိုက္ၿပီး

"ၿပီးေတာ့ တကယ္လို႔ မင္းကံေကာင္းရင္ ကြၽန္မတို႔ရဲ႕ စတိုးဆိုင္ေတြမွာ အထူးဝန္ေဆာင္မႈေတြေတာင္ ရႏိုင္ပါေသးတယ္"

ထိုစကားမ်ားကို ၾကားၿပီးေနာက္ သက္လတ္ပိုင္း လူႏွစ္ေယာက္တို႔သည္ စိတ္ဆုံးျဖတ္လိုက္ၾကၿပီး ဓာတ္ေလွကားမွ အတူတူထြက္သြားၾကေတာ့သည္။ သုံးေယာက္ေျပာထားေသာေၾကာင့္ တစ္ေယာက္လိုေနေသးသည္။ အၿမဲတမ္း ကံေကာင္းေၾကာင္း ကိုယ့္ကိုယ္ကို ဂုဏ္ယူေလ့ရွိေသာ လုယုံရိသည္..

"ငါသြားမယ္"

က်န္းေလာ့သည္ လူတိုင္း၏ေနာက္တြင္ပုန္းေနေသာ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးကို ၾကည့္ေနကာ ထိုအမ်ိဳးသမီးသည္ အားကစားခန္းမမွ အမ်ိဳးသမီးႏွစ္ေယာက္ ေျပာသည္မ်ားေၾကာင့္ စိတ္လႈပ္ရွားပုံမရေပ။ ဟုတ္ေပသည္ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးတစ္ေယာက္က မည္သို႔ ေလ့က်င့္ခန္း လုပ္ႏိုင္ပါမည္နည္း။ သူ႔အၾကည့္မ်ားသည္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီး၏ ဗိုက္ဆီသို႔ အၾကည့္ေရာက္သြားသည္။

က်န္းေလာ့သည္ လုယုံရိကို တားရန္ ႀကိဳးစားခ်င္ေသာ္လည္း က်န္သည္ ဝမ္ယမ္လန္ ယယ္႐ႊင္ႏွင့္ ခြမ့္က်ိန္းတို႔သည္ လုယုံရိလို ကံမေကာင္းၾကေပ။ ထို႔အျပင္ သူသည္လည္း ကံအဆိုးဆုံးအျဖစ္ သတ္မွတ္ခံထားရၿပီး တကယ္လည္း ကံမေကာင္းေနေပ။ ေနာက္ဆုံးတြင္ သူသည္ လုယုံရိကို ႐ႊန္ရွင္းအားကစားခန္းမ အဖြဲ႕ဝင္ကတ္ကိုသာ ထုတ္၍ ေပးလိုက္သည္။

"ငါတို႔ သတင္းပို႔တာ ေစာင့္"

လုယုံရိသည္ ယုံၾကည္မႈရွိေသာ အၿပဳံးျဖင့္ သူတို႔ကို 'အိုေက' ဟုေျပာၿပီး ဓာတ္ေလွကားထဲမွ ထြက္သြားသည္။ သူထြက္သြားသည္ႏွင့္ ဓာတ္ေလွကားသည္ ျဖည္းျဖည္းခ်င္း တံခါးပိတ္သြားကာ အားကစားခန္းမ သေကၤတကို စိုးရိမ္ေၾကာင့္ၾကမႈ၏ အေငြ႕အသက္ႀကီးကဲ့သို႔စိုက္ၾကည့္ေနသည္။

'ဒီေနရာက ... ဒီေလာက္ ေၾကာက္စရာေကာင္းလို႔လား ငါေတာ့ မထင္ပါဘူး'

.........

ဤတစ္ႀကိမ္တြင္ ဓာတ္ေလွကားသည္ ဆက္တိုက္ အေပၚသို႔ တက္ေနသည္။ ဓာတ္ေလွကားသည္ အခ်ိဳ႕ေသာ အလႊာမ်ားတြင္ ရပ္သြားၿပီး တံခါးပြင့္မလာဘဲ ဆက္၍ ေႏွးေကြးစြာ တက္ေနသည္။ က်န္းေလာ့သည္ သူတို႔ျဖတ္လာခဲ့ေသာ အထပ္မ်ားကိုသာ ၾကည့္ေနကာ သူတို႔သည္ ၁၀လႊာသို႔ေရာက္ခါနီးေနၿပီျဖစ္သည္။ ထို႔ေနာက္ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးဘက္သို႔ တမင္တကာ လွည့္လိုက္ျပန္သည္။

ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးသည္ သူလွည့္ၾကည့္လိုက္တာႏွင့္ ေတာင့္ခနဲျဖစ္သြားကာ အၾကင္နာကင္းမဲ့မႈအခ်ိဳ႕ သူမမ်က္လုံးထဲတြင္ ေပၚလာၿပီး ခ်က္ခ်င္း ျပန္ႏူးညံ့သြားသည္။

"ကြၽန္မကိုပဲ ဘာလို႔ ဆက္တိုက္ၾကည့္ေနတာလဲ ေရွာင္ေကာေကာ"

က်န္းေလာ့သည္ သူမကိုၿပဳံးျပလိုက္ၿပီး ႐ုတ္တရက္ သူမဗိုက္ကို သြားထိလိုက္သည္။ ပိန္ပါးေသာ လက္ေခ်ာင္းမ်ားသည္ ဗိုက္ႏွင့္ အနည္းငယ္သာ ေဝးေတာ့ၿပီး လက္တစ္ေခ်ာင္းကေတာ့ ခ်က္နားသို႔ ထိမိေနကာ သူမအသားထဲသို႔ အခ်ိန္မေ႐ြးေဖာက္ဝင္သြားမတတ္ျဖစ္ေနကာ ေၾကာက္မက္ဖြယ္ေကာင္းသည့္ ကိစၥသည္ မ်က္စိတစ္မွိတ္အတြင္း ျဖစ္သြားႏိုင္ေပသည္။

ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီး၏ မ်က္ဆံမ်ားသည္ က်ဳံ႕ဝင္သြားၿပီး ေၾကာက္လန႔္စြာေျပာသည္။

"ရွင္ဘာလုပ္ခ်င္တာလဲ"

ဝမ္ယမ္လန္ႏွင့္ ယယ္႐ႊင္တို႔သည္ ပူေဆြးေနၾကတုန္း ျဖစ္ေသာ္လည္း က်န္းေလာ့ကို အံ့ဩစြာ ျပန္လွည့္ၾကည့္လိုက္ၾကသည္။

"ဒါက ကေလးေလးမလား ဟုတ္လား"

က်န္းေလာ့သည္ ႏူးညံ့ေသာ မ်က္ႏွာထားႏွင့္ မ်က္လုံးမ်ားသည္ ေအာက္သို႔ စိုက္ၾကည့္ေနကာ မ်က္ေတာင္မ်ားသည္ မ်က္ႏွာေပၚသို႔ အရိပ္ေဖ်ာ့ေဖ်ာ့ထင္ေနေစသည္။

"ဒီထဲကဟာေလးက ေယာက္်ားေလး ျဖစ္မလား မိန္းကေလးျဖစ္မလားေတာ့ က်ဳပ္မသိဘူး"

ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးသည္ သူမဗိုက္ကို ဆက္တိုက္ ကာကြယ္ထားၿပီး သူ႔လက္မ်ားကို ေရွာင္ဖို႔ပဲ ႀကိဳးစားေနသည္။ သို႔ေသာ္ လွပေသာအမ်ိဳးသားသည္ နတ္ဆိုးတစ္ေကာင္ကဲ့သို႔ ျဖစ္ေနကာ သူ႔လက္ကို ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီး၏ ဗိုက္တြင္ ၿမဲၿမံစြာ တင္ထားသည္။ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးသည္ ေက်ာတစ္ေလွ်ာက္လုံး စိမ့္တက္လာကာ ေၾကာက္ေၾကာက္လန႔္လန႔္ႏွင့္ တုန္ယင္ေနသည္။

ထိုလက္သည္ သူမဗိုက္ကို အားႏွင့္ ညႇစ္ပစ္လာသည္။ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးသည္ ေၾကာက္လြန္းလို႔ အသံေပ်ာက္မတတ္ ေအာ္ဟစ္လာသည္။

"သူ႔ကို ဒီထဲက ထုတ္ေပးၾကပါ သူ႔ကို ကြၽန္မဗိုက္ကို မထိခိုင္းပါနဲ႔ ငါ့ဗိုက္ နာတယ္ ငါ့ဗိုက္.."

ဝမ္ယမ္လန္ႏွင့္ ယယ္႐ႊင္တို႔သည္ ေၾကာင္အအႏွင့္ က်န္းေလာ့လက္ေမာင္းကို အလ်င္အျမန္ ဆြဲလိုက္ၾကၿပီး ေသာကေရာက္စြာ ေျပာသည္။

"က်န္းေလာ့ မင္းစိတ္ဆိုးေနမွာ ငါတို႔သိပါတယ္ ဒါေပမဲ့ မင္းလက္ကို လြတ္လိုက္ပါကြာ က်ဳံးခ်ိဳးနဲ႔ စိုင္ေလာင္အာတို႔ ေသသြားတာက သူ႔ဗိုက္ထဲက ကေလးနဲ႔ ဘာမွမဆိုင္ဘူးေလ ကေလးက အျပစ္မရွိပါဘူး"

"ကေလးတဲ့လား"

က်န္းေလာ့သည္ အထင္ေသးစြာ ၾကည့္လိုက္ၿပီး

"သူ႔ဗိုက္ထဲမွာ တကယ္ကေလးတစ္ေယာက္ရွိမွပဲ ဒီဆင္ေျခက အလုပ္ျဖစ္လိမ့္မယ္ ဒါေပမဲ့ သူမကို ၾကည့္လိုက္စမ္းပါ သူ႔ဗိုက္ထဲမွာ တကယ္ေရာ ကေလးရွိလို႔လား"

သူ႔သူငယ္ခ်င္းမ်ားသည္ အလ်င္အစလို ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီး၏ ဗိုက္ကိုၾကည့္လိုက္ၾကကာ အလြန္ထိတ္လန႔္သြားၿပီး က်န္းလာ့ကို ေနာက္ကို ဆြဲေခၚဖို႔ပင္ ေမ့သြားၾကသည္။ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီး၏ ဗိုက္သည္ က်န္းလာ့၏ ညႇစ္ထားမႈေၾကာင့္ ခ်ိဳင့္ဝင္ေနသည္။ ထိုအခ်င္းအရာသည္ ဗိုက္သာဆိုလွ်င္ ထိုသို႔ခ်ိဳင့္ဝင္မွာမဟုတ္ေပ။ ရွင္းလင္းေနသည္မွာ..

က်န္းလာ့၏ လက္သည္ အလြန္ျပင္းျပင္းျပျပ ဖိညႇစ္လိုက္ေသာေၾကာင့္ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီး၏ ဂါဝန္ေအာက္မွ ခ်ည္ေခါင္းအုံးတစ္လုံး ဓာတ္ေလွကား ၾကမ္းျပင္ေပၚသို႔ က်လာေတာ့သည္။

######

Telegram မွာ အၿပီးအထိ တင္ၿပီးပါၿပီေနာ္။

Continue Reading

You'll Also Like

257K 34.2K 131
ဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင်
15.4K 1.6K 15
The demon venerable's wishful desire Author - Mo Xi Ke 112 chapters+ 3 extras Start date- 27.2.2022 I don't own this novel.Just fun translation. Full...
3.3K 297 9
Author _ 池总渣 (chí zǒng zhā) Content tag _ Unrequited love ,Happy Enemies to lover ( do not own all of these novel and photo 🤝 ) #Shi Ke...
58.3K 9.2K 42
Associated Names 田园日常[重生] Author(s) Li Song Ru 李松儒 Status in COO 170 Chapters + 5 extras