အပိုင်း (၁၅၉) သူငယ်ချင်းများ ဆုံရပ်
ဒီတစ်ကြိမ်တွင် ကျန်းလော့သတိပေးစရာမလိုတော့အောင်ပင် လုယုံရိသည် အသံတစ်စက်မှ မထွက်တော့ပေ။ သူတို့သည် အချိန်အကြာကြီး တံခါးရှေ့တွင် ရပ်နေပြီး သူတို့ခြေထောက်များ ထုံလာကာ ရေဆိုးများထဲ နှစ်နေရာမှ အေးစက်လာတော့မှ လူနှစ်ယောက်သည် အိပ်ရာနားသို့ ဖြည်းဖြည်းချင်း ရွေ့လျားသွားတော့သည်။
နောက်ဆုံးတွင် နူးညံ့သော အိပ်ရာပေါ်ထိုင်မိတော့မှ နှစ်ယောက်လုံး စိတ်သက်သာရာရစွာ ပြိုင်တူ သက်ပြင်းချလိုက်မိကြသည်။ လုယုံရိသည် အခုမှ အနားရသွားသောကြောင့် သက်ပြင်းချတာ ဖြစ်ပြီး ကျန်းလော့ကတော့ အသက်အန္တာရာယ်မှ လွတ်မြောက်သွားသောကြောင့် စိတ်ပေါ့ပါးသွားတာဖြစ်သည်။
အမှောင်ထဲတွင် ဆံပင်အနက်နှင့်ကောင်လေး၏ မျက်လုံးတို့သည် တောက်ပနေသည်။ သူသည် ရင်ဘတ်ပေါ်လက်တင်၍ သူ့နှလုံးခုန်သံကို နားထောင်ကြည့်သည်။ နှလုံးခုန်သံတစ်ချက်တိုင်းသည် စိတ်လှုပ်ရှားမှုကြောင့် အားမာန်အပြည့်နှင့် ခုန်လှုပ်နေသည်။
'အရမ်းမိုက်တာပဲ'
သေခြင်းတရား၏ ခြိမ်းခြောက်မှု မရှိတာတောင် ဤကဲ့သို့ သေခြင်းရှင်ခြင်းကြား ပြေးလွှားရုန်းကန်ရခြင်းသည် ကျန်းလော့၏ စိတ်ခံစားချက်များ ကို အထွပ်အထိပ်သို့ ရောက်သွားစေကာ သူ့ကို အဆုံးစွန်ထိ စိတ်လှုပ်ရှားစေသည်။ သူသည် မထိန်းချုပ်နိုင်စွာ ဇွတ်ကွေးတက်နေသော နှုတ်ခမ်းထောင့်များကြောင့် ပါးစပ်ကို ကွယ်ထားရသည်။ သို့သော် သူ့ပုခုံးများကတော့ မသိမသာ တုန်ယင်နေလေသည်။
'ဒါက ချီယုံပြောတဲ့ အကျိုးမရှိပေမဲ့ ဆက်တိုက်လိုက်နေမယ် ဆိုတာမျိုးလား'
'တကယ့်ကို ချီယုံရဲ့ သောက်ရူးလုပ်ကွက်မှန်း အရမ်းသိသာတယ်'
'ဒါပေမဲ့ ဒီကောင် အရမ်းတော်နေတာတော့ ငါဝန်ခံရမှာပဲ'
ကျန်းလော့သည် သူ့မျက်နှာကို တစ်ချက်လောက်ဖြစ်ဖြစ် ပိတ်ထိုးပစ်လိုက်ချင်သော်လည်း အခုက အိပ်မက်ထဲမှာ ဖြစ်နေသည်။ ကျန်းလော့မျက်နှာသည် အနီရောင် ခပ်ရဲရဲလေး ဖြစ်သွားပြီး မကြာလိုက်ပေ ချက်ချင်းနီးပါး ပြန်ငြိမ်သွားသည်။ သူ့ဖုန်းကို ထုတ်လိုက်ပြီး လုယုံရိနှင့် အွန်လိုင်းပေါ်မှ စာရိုက်ပြီး စကားပြောလိုက်သည်။
[ကျန်းလော့ : အသံလုံးဝမထွက်နဲ့ အပြင်မှာ တစ်ခုခု ရှိနေနိုင်သေးတယ်]
[လုယုံရိ : ဒီအိပ်မက်ကြီးက ကြောက်စရာကောင်းလိုက်တာ ငါနှလုံးသားလေး လည်ချောင်းထဲက ခုန်ထွက်လာတော့မယ်ကွ]
[လုယုံရိ : ဒါနဲ့ စကားမစပ် ကျန်းလော့ အဲ့ဒီသရဲက ဘာလို့ မင်းကို ဇနီးလေးလို့ ဆက်တိုက်ခေါ်နေတာလဲ]
[ကျန်းလော့ : မသိဘူးလေ သရဲတွေက အကန်းတွေလေကွာ ဟုတ်တယ်မို့လား လုယုံရိ မင်းကရော ဘာလို့ အိပ်မက်ထဲ အတူတူရောက်လာကြရတာတုန်း ]
လုယုံရိသည် သူတို့အားလုံး အိပ်မက်တစ်ခုထဲတွင် အတူတူ ပိတ်မိနေသည်နှင့် ပတ်သက်ပြီး ဂရုမစိုက်မိပေ။
ထိုသို့သော ရလဒ်မျိုးသည် တစ်စုံတစ်ယောက်က တစ်ခုခု လုပ်လိုက်မှသာ ဖြစ်နိုင်တာမျိုး ဖြစ်သည်။ သို့သော် မအိပ်ပျော်သွားခင်တုန်းက သူတို့အားလုံး လုယုံရိ၏ တိုက်ခန်းတွင် ရှိနေကြခြင်းဖြစ်ပြီး တံခါးသည်လည်း သေချာ လော့ချထားခဲ့သည်။ ထို့ကြောင့်အပြင်ဘက်မှ ကျူးကျော်ဝင်လာနိုင်စရာအကြောင်း မရှိဘဲ အထဲမှ လူတစ်ယောက်ယောက်ကသာ သူတို့ကို တစ်ခုခုလုပ်ရန် အခွင့်အရေးရှိနိုင်လေသည်။
သို့သော် မည်သူက သူတို့ကို လုပ်ကြံပါမည်နည်း။
တိုက်ခန်းတစ်ခုလုံးတွင် လုယုံရိ ယုံကြည်ရသည့် သူများသာ ရှိလေသည်။ အဖြေသည် လုယုံရိ၏ နှာခေါင်းအောက်တွင်ရှိနေသော်လည်း လုယုံရိသည် ထိုအဖြေကို မယုံကြည်ချင်ပေ။ သူ့ပုံစံသည် တွေဝေငေးငိုင်နေပြီး မယုံနိုင်စွာ ကျန်းလော့ကို ခေါင်းယမ်းပြသည်။
'စီကွေး ......................... မင်းလား'
ကျန်းလော့သည် နောက်ထပ်မေးခွန်းများ ထပ်မမေးတော့ပေ။
[ကျန်းလော့ : မနက်လင်းရင် စိုင်လောင်အာနဲ့ တခြားသူတွေကို သွားရှာကြတာပေါ့ကွာ]
...................................
သုံးလွှာမှ ဆင်းလာသော ပိုင်ယဲ့ဖုန်းသည် အခန်း ၂၀၃ ရှေ့တွင်ရပ်နေသော အမည်းရောင်ပုံရိပ်ရှိရာသို့ ပြန်သွားခဲ့သည်။ ထိုပုံရိပ်က မေးသည်။
"သွားပြီလား"
ပိုင်ယဲ့ဖုန်းက စိတ်ပျက်စွာပြောသည်။
"မင်းသူ့ကို ခြောက်လိုက်တာပဲကွ"
"ငါကသူ့ကို ခြောက်တာလား"
အနက်ရောင်ပုံရိပ်သည် ရှေ့တိုးလာပြီး ကော်ရစ်တာမှ မီးရောင်သည် သူ့ကိုယ်ပေါ်သို့ ဖြာကျသွားကာ ချောမောခန့်ညားသော မျက်နှာပေါ်လာသည်။
"သူ့ကို ခြောက်လိုက်တဲ့သူက မင်းမဟုတ်ဘူးလား"
ပိုင်ယဲ့ဖုန်းသည်လည်း အလင်းရောင်ရှိရာသို့ တိုးလာကာ သူနှင့် ချင်းဖန်တို့သည် တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေကြပြီး ရုတ်တရက် ကိုယ်ကို ကွေး၍ ဗိုက်ကိုဖိကာ အူလှိုက်သည်းလှိုက် ရယ်မောကြတော့သည်။
သူတို့၏လှုပ်ရှားမှုများသည် ထပ်တူညီနေကြပြီး ရယ်သံသည်ပင် တစ်ထပ်ထဲ ကျနေကာ လူတစ်ယောက်ထဲမှ အော်ရယ်နေသလို ဖြစ်နေသည်။ လူနှစ်ယောက်သည် ခနကြာအောင် ရယ်မောကြပြီးနောက် ပြိုင်တူ အရယ်ရပ်လိုက်ကြသည်။ ပိုင်ယဲ့ဖုန်းသည် နံရံကိုမှီနေပြီး သူ့မျက်နာထပ်မှ ရူးသွပ်မှုများ ပျောက်ကွယ်သွားကာ သူ့နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်။ ကော်ရစ်တာမှ အလင်းရိပ်သည် သူ့နှာတံစင်းစင်းပေါ်သို့ ဖြာကျနေကာ အရှိန်အဝါတစ်ခု ထွန်းလင်းနေသလိုပင်။
"သူကတော့ ငါတို့ ခြိမ်းခြောက်လို့ ကြောက်သွားတာနေမယ်ကွ"
သူသည် ဆိုးယုတ်စွာ ပြုံးလိုက်ပြီး
"ကြည့်ရတာ ငါတို့ အောင်မြင်သွားပြီထင်တယ်နော်"
........................
လူများအားလုံးသည် ညအချိန်ထက် နေ့ခင်းဘက်တွင် ပို၍ လုံခြုံသလို ခံစားကြရသည်။ မနက်လင်းလင်းချင်း ကျန်းလော့သည် ခုနှစ်နာရီ ခွဲပြီးသည်အထိ အေးအေးဆေးဆေး ထိုင်စောင့်တော့သည်။ ခုနှစ်နာရီခွဲသည်နှင့် ကျန်းလော့သည် အောက်ထပ်မှ အခန်းတံခါးပိတ်သံကို ကြားလိုက်ရသည်။
'ပိုင်ယဲ့ဖုန်း အလုပ်သွားပြီ'
နောက်ထပ်နာရီဝက်လောက် စိတ်ရှည်စွာ စောင့်ပြီးနောက် ကျန်းလော့နှင့် လုယုံရိတို့သည် ပထမထပ်သို့ သတိကြီးကြီး ကပ်၍ ဆင်းသွားကြသည်။ ကျန်းလော့သည် လူမရှိတော့သော အခန်း ၂၀၃ မှ တံခါးကို အသာလေး တွန်းဖွင့်လိုက်သည်။ သူသည် လုယုံရိကို တံခါးအပြင်ဘက်တွင် စောင့်နေဖို့ပြောကာ အခန်းတစ်ခုလုံး ဗီဒိုများနှင့် စင်များပါ မကျန်အောင် မြေလှန်ရှာတော့သည်။ သူသည် ငွေသားအပြင် ပိုင်ယဲ့ဖုန်း ခေါင်းအုံးအောက်မှ ရွှေရောင်နှင့် အနက်ရောင်ရောစပ်ထားသော ကတ်တစ်ကတ်ကိုလည်း တွေ့ခဲ့သည်။
ထိုကတ်တွင် စာလုံးငါးလုံးပါပြီး ထိုစာလုံးများသည် နာမည်တစ်ခု ဖြစ်ပုံရသည်။
"ရွှန်းရှင်း အားကစားခန်းမ"
'ဂျင်မ် ကတ်ကိုး'
ကျန်းလော့သည် ထိုကတ်ကို အသုံးဝင်ဝင် မဝင်ဝင် လိုအပ်လာလျှင် သုံးရန် ယူသွားလိုက်သည်။ နောက်ထပ် တခြားဘာမှ အသုံမဝင်တာ မတွေ့သောအခါ တံခါးအပြင်သို့ ထွက်သွားပြီး လုယုံရိနှင့် အတူ ပျော်ရွှင်ဖွယ် တည်းခိုခန်းလေးဆိုသည့် တစ်စက်မှ ပျော်စရာကောင်းမနေသော နေရာမှ ထွက်လာကြသည်။
တည်းခိုခန်းပိုင်ရှင်သည် မြေညီထပ်မှ ဧည့်ကြိုကောင်တာတွင် ထိုင်နေဆဲဖြစ်ပြီး သူတို့နှစ်ယောက် အပြင်ထွက်မည်ကို မြင်သောအခါ သူ့မျက်လုံးများတွင် ရက်စက်သည့် အရိပ်အယောင်ပေါ်လာပြီး သူတို့ကို ဝါးမျိုပစ်လိုက်ချင်သည့် ပုံမျိုးနှင့် ကြည့်နေသည်။ ထိုမျက်လုံးများဖြင့် သူတို့ ဟိုတယ်ထဲမှ ထွက်သွားသည့်အချိန်ထိ လိုက်ကြည့်နေကာ အကြည့်နှင့်ပင် သူတို့နောက်ကျောများကို ထိုးခွဲပြီး သတ်ပစ်လိုက်ချင်သည့် နှယ်။
လုယုံရိသည် ထိုနေရာမှ ထွက်လာရင်း ကျောချမ်းလာသောကြောင့် ကျန်းလော့နား ကပ်၍ လျှောက်လာသည်။ ဟိုတယ်အပြင်ဘက်မှ လောကသည် အစစ်အမှန်လောကနှင့် ဘာမှသိပ် ခြားနားမနေသော်လည်း အမြဲလိုလို လူပြည့်နေခဲ့သော လမ်းမထက်တွင် လူများ ပြောက်တိပြောက်ကြားသာ တွေ့ရတော့ပြီး လမ်းထောင့်များတွင် သွေးကွက်များကို လည်း တွေ့ရသည်။
အိမ်တချို့၏ တံခါးများသည် လုံးဝပွင့်နေပြီး အပြင်ဘက်မှ အိမ်နောက်ဖေးအထိ လှမ်းမြင်နေရအောင်သည်ကို ကြည့်လျှင် ဤအိမ်များသည် ရက်စက်သော အခြေအနေများနှင့် ကြုံတွေ့ခဲ့ရကြောင်း သိသာသည်။ အိမ်များသည် လူမရှိကြတော့ဘဲ ခြောက်ကပ်နေသောလည်း ဖြတ်သွားဖြတ်လာများကတော့ ထိုသို့ ဖြစ်နေခြင်းကို ဘာမှ မထူးဆန်းကြတော့သလို ကိုယ့်အလုပ်ကိုယ်လုပ်နေကြသည်။
ကြည့်လေ ကြောက်လာလေ ဖြစ်ပြီး ပို၍ အတွေးများလာရသည်။ ကျန်းလော့နှင့် လုယုံရိတို့သည် လမ်းဘေးတွင် ရပ်ကာ တက္ကစီတစ်စီးတားလိုက်ပြီး သူတို့နှစ်ယောက် ကားပေါ်မတက်ခင် ဒရိုင်ဘာကို လူဆိုတာ သေချာအောင် အကြာကြီး စစ်ဆေးပြီးမှ ကားပေါ်တက်လိုက်ကြသည်။ ဒရိုင်ဘာက မေးသည်။
"ဘယ်ကိုသွားမှာလဲ"
ကျန်းလော့သည် စိုင်လောင်အာ၏ လိပ်စာကို ရွတ်ပြလိုက်သည်။ သူတို့အားလုံးထဲတွင် စိုင်လောင်အာက အလုံခြုံဆုံးဖြစ်သောကြောင့် တစ်အုပ်စုလုံးသည် ကျန်းလော့အကြံအတိုင်း ဒီမနက်တွင် စိုင်လောင်အာနေရာတွင် တွေ့ကြမည်ဟု ဆုံးဖြတ်လိုက်ကြသည်။
တက္ကစီဒရိုင်ဘာသည် သူတို့ပြောသည့် နေရာသို့ မောင်းနေရင်း နောက်ကြည့်မှန်မှ သူတို့ကို ကြည့်၍
"မင်းတို့က ဒီမြို့က မဟုတ်ဘူးလား"
ကျန်းလော့နှင့် လုယုံရိတို့သည် အချင်းချင်း ကြည့်လိုက်ပြီး တိတ်ဆိတ်နေကြသည်။
"အိုး ကျုပ်က မင်းတို့ ပျော်ရွှင်ခြင်း တည်းခိုခန်းထဲက ထွက်လာတာ မြင်လိုက်လို့မေးတာပါ"
ဒရိုင်ဘာသည် စကားလုံးမရွေးဘဲ ပြောချင်သလို ပြောနေသည်။
"မြို့ထဲက လူတွေဆိုရင် ပျော်ရွှင်ခြင်းလေး တည်းခိုခန်းမှာ မနေရဲကြဘူးလေ"
ကျန်းလော့သည် ထိုစကားကြားသည်နှင့် ပါးစပ်ဖွင့်လာပြီး မေးလိုက်သည်။
"အဲ့ဒီဟိုတယ်လေးက ဘာဖြစ်နေလို့လဲ"
ဒရိုင်ဘာသည် သူတို့ကို နောက်ထပ်နှစ်ကြိမ်လောက် ကြည့်လိုက်ပြီး ရုတ်တရက် ကြောက်စရာကောင်းအောင် ပြုံး၍
"ဒီဟိုတယ်မှာ လူတွေအများကြီး သေထားတာလေ ဒီမြို့ကမဟုတ်တဲ့ သေမှာမကြောက်တဲ့သူတွေလောက်ပဲ အဲ့ဒီမှာ နေကြတာ"
နောက်ကြည့်မှန်တွင် သွေးစွန်းနေသော ဟာရူအိ အရုပ်လေးတစ်ရုပ်ကို ချိတ်ဆွဲထားသည်။ ထိုအရုပ်လေးတွင် အင်္ဂါငါးရပ်မပါနေပဲ ဗလာကြီးဖြစ်နေသည်။ လုယုံရိသည် ထိုအရုပ်ကို လက်ညှိုးထိုးပြပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။
"အဲ့တာက ဘာကြီးလဲ"
ဒရိုင်ဘာသည် အရုပ်ကို မြတ်နိုးစွာ ထိ၍ ပြောသည်။
"ဒါလေးက အမဲလိုက်အိမ်တော်အဆောက်အဦးမှာ ရခဲ့တဲ့ သက်ကယ်အဆောင်လေးလေ"
'တစ္ဆေအဆောက်အဦးကြီးလား'
ကျန်းလော့သည် နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးဖို့ကြိုးစားလိုက်သည်။ သို့သော် ဒရိုင်ဘာသည် ကားမောင်းခြင်းတွင် အာရုံစိုက်နေပြီး သူတို့ကို ထပ်၍ စကားမပြောတော့ပေ။
တစ်နာရီကြာပြီးနောက် သူတို့သည် စိုင်လောင်အာနေသည့် ခမ်းနားကြီးကျယ်သော ဟိုတယ်ကြီးဆီသို့ ရောက်လာကြသည်။ ဟိုတယ်သည် မြို့လယ်ခေါင်တွင်ရှိနေပြီး လူများစွာ ဝင်လိုက်ထွက်လိုက်ဖြင့် စည်ကားလှသည်။ သက်ရှိလူများပြားမှုကြောင့် ဟိုတယ်ထဲမှ လေထုကို အမှောင်ထုမှ သန့်စင်ပေးနေသလို ဖြစ်နေသည်။
စိုင်လောင်အာသည် သူတို့ကို အောက်ထပ်တွင် လာစောင့်နေပြီး ကျန်းလော့နှင့် လုယုံရိမှလွဲ၍ အားလုံးသည် အစောကြီးရောက်နှင့်နေကြသည်။ စိုင်လောင်အာသည် သူတို့အားလုံးကို အခန်းစီသို့ခေါ်သွားကာ လူတိုင်းသည် အခန်းသို့ရောက်သည်နှင့် စိတ်တိုဒေါသထွက်နေသည်များကို ဖြည်ချပစ်ကြကာ အိပ်မက်၏ ဆိုလိုရင်းကို သိချင်လာသည်။
"ငါမနေ့က နိုးလာတော့ ကြိုးစားကြည့်သေးတယ် ငါ့ကိုယ်ငါ ဆွဲဆိတ်တာ နာတယ်ဟ ပြီးတော့ အာရုံငါးပါးကလည်း အရမ်းကို အစစ်အမှန်အတိုင်း ကောင်းနေသေးတယ် အဲ့တာကြောင့်ကွာ ငါ့ကိုယ်ငါ အိပ်မက်မက်နေတာ ဟုတ်မဟုတ် ကိုယ့်ဟာကိုယ် သေချာအောင်လုပ်နေရင်း နေရင်းနဲ့ကို ပြန်ပြီး ရှုပ်ထွေးလာပြန်ရော ငါ့ကိုယ်ငါ ဘယ်လောက်ပဲ ဆွဲဆိတ်ဆိတ် ငါလုံးဝနိုးမသွားဘူး"
"ပြီးတော့လည်း ငါတို့သင်ထားတာတွေ တစ်ခုမှ ထုတ်သုံးလို့မရနေဘူး"
ကျိုးကျုံးချိုးကပြောသည်။
"ငါ ဝိဉာဉ်ခန္ဓာပူးတွဲကျင့်ကြံခြင်းအတတ်ကို လေ့ကျင့်ထားတာပေမဲ့ အဲ့ဒါက ဒီအိပ်မက်ကမ္ဘာထဲမှာ လုံးဝအသုံးမဝင်ဘူး ငါသရဲတွေနဲ့ ရင်ဆိုင်ရတာနဲ့ ပြေးပုန်းဖို့ပဲ လုပ်ရတယ် ငါတကယ်ကြီး သူတို့ကို ဘာမှပြန်မလုပ်နိုင်ဘူး"
ယယ်ရွှင်က ရုတ်တရက် ပြောသည်။
"ငါတို့အားလုံး အိပ်မက်တစ်ခုထဲကို အတူတူရောက်လာတာ ထူးဆန်းတယ်လို့် မထင်မိကြဘူးလား"
လူတိုင်းသည် စကားပြောရပ်သွားကြပြီး ယယ်ရွှင်ကို တိတ်ဆိတ်စွာ ကြည့်လိုက်ကြသည်။ အကြည့်များအားလုံးသည် ရှင်းရှင်းလင်းလင်း သိနေကြသလိုဖြစ်သော်လည်း ထုတ်မပြောကြပေ။ ဝမ်ယမ်လန်က ပေါ့ပါးစွာ ပြောသည်။
"ပြောရရင် ငါတို့အားလုံး မနေ့ညက လုယုံရိတိုက်ခန်းမှာပဲ နေကြတာလေ ငါတို့အားလုံးဒီထဲကိုရောက်လာတယ် စီကွေးကလွဲပြီးတော့ပေါ့ သူငါတို့ကို အိပ်မက်ကမ္ဘာထဲ သွင်းလိုက်တယ်ဆိုတာ ရှင်းနေတာပဲလေ"
လုယုံရိသည် ခနကြာအောင် တိတ်ဆိတ်နေပြီး
"................ သူက ဘာလို့ ဒီလိုလုပ်ရတာလဲကွာ"
ပထမဆုံးအကြိမ်အဖြစ် လုယုံရိသည် ညီအစ်ကိုလို ခင်ရသည့်သူထံမှ သစ္စာဖောက်ခြင်း ခံလိုက်ရသည်။ လုယုံရိသည် ခေါင်းငုံပြီး လက်သီးတင်းတင်း ဆုပ်ထားရာ လက်သည်းများ လက်ဖဝါးတွင် စိုက်ဝင်သွားကြသည်။ သူနှာခေါင်းထိပ်သည် နီရဲပြီး ပွရှုံ့ပွရှုံ့ ဖြစ်လာကာ
"ငါတို့ သူ့ကို ဒီလောက်တောင် ယုံကြည်ပေးခဲ့တာကို အခုတော့ အားလုံးက အလိမ်အညာဖြစ်သွားပြီလား ဒါတွေ ဒါတွေအားလုံး ငါ့အပြစ်ပါကွာ ငါသာ သူ့ကို တိုက်ခန်းကို ခေါ်မလာခဲ့ရင် ဒီလို ဖြစ်လာမှာ မဟုတ်ဘူး"
သို့နှင့် လုယုံရိသည် အင့်ခနဲ ရှိုက်လိုက်ပြီး အင်္ကျီလက်ဖြင့် မျက်ရည်သုတ်ကာ ဝမ်းနည်းနေရင်းကနေ ဒေါသထွက်လာသည်။
"ငါ အပြင်ရောက်လို့ကတော့ ဘာလို့ သစ္စာဖောက်ရတာလဲ သွားမေးမယ် စီကွေးရားးးး"
ကျန်းလော့သည် သူ့ပုခုံးကို ပုတ်လိုက်ပြီး မီးထဲ ဆီလောင်းလိုက်သည်။
"လုယုံရိ စီကွေးရဲ့ တခြားနာမည်ကို သိလား"
လုယုံရိမျက်နှာသည် မီးတောက်နေသလို နီရဲခက်ထန်နေပြီး တွေဝေစွာ ပြေလိုက်သည်။
"ကျောင်းကျောင်း လား"
"...................."
ကျန်းလော့သည် ခနလောက် ဆွံ့အသွားပြီး ပြောလိုက်သည်။
"ငါက သူမှတ်ဉာဏ်မပျောက်ခင်တုန်းက နာမည်ကို ပြောနေတာကွ"
လုယုံရိသည် ခေါင်းယမ်းလိုက်ပြီဂ
"မသိဘူးလေ"
"သူ့နာမည်က ထန်ပိ"
ကျန်းလော့သည် အေးအေးသက်သာ ပြောလိုက်သည်။
"ပြီးတော့ သူက ငါတို့ အနုပညာလောက မစ်ရှင် အောင်အောင်မြင်မြင် ပြီးသွားတုန်းထဲက မှတ်ဉာဏ်ပြန်ရသွားတာ သူ့ကိုယ်သူ ထန်ပိ လို့ခေါ်တာကို ငါ့နားနဲ့ ဆက်ဆက်ကြားလိုက်တာ ဒါပေမဲ့ သူက ဘာအကြောင်းကြောင့်နဲ့ မှတ်ဉာဏ်ပြန်မရသေးသလို ဟန်ဆောင်ပြီး ငါတို့နဲ့ နေနေသေးတာလဲတော့ မသိဘူး ပြီးတော့ ငါမင်းကို မပြောပြတာကာ သူဘာလုပ်ချင်နေတာလဲ သိချင်လို့လေ တောင်းပန်ပါတယ်ကွာ"
လုယုံရိသည် သူ့ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ ယယ်ရွှင်သည် တိတ်တဆိတ် လက်မြောက်လိုက်သည်။ လုယုံရိသည် မယုံနိုင်စွာ လှည့်ကြည့်လိုက်ပြန်သည်။ ယယ်ရွှင်သည် သူ့ကို အပြစ်ရှိသလို ကြည့်နေသည်။
"ကျန်းလော့ ငါ့ကို အဲ့ဒီအကြောင်း ပြောပြတယ်ရယ် မင်းကို အမှန်အတိုင်း မပြောပြဖို့ ငါတို့နှစ်ယောက် ဆွေးနွေးပြီး သဘောတူလိုက်တာ ဘာလို့လဲဆိုတော့ မင်းက တစ်ခုခုတွေးနေရင် မင်းမျက်နှာမှာ အကုန်ပေါ်နေတတ်တယ်လေ အဲ့တာကြောင့် မင်းကိုပြောလိုက်ရင် ခနလေးနဲ့ ပေါ်သွားမှာ အိုး ငါတို့က မင်းကို တုံးတယ်လို့ ပြောတာမဟုတ်ပါဘူးနော် ဒါပေမဲ့ တကယ်လည်း မင်းက သိပ်မလည်ဘူးလေကွာ................."
"ငါသာ မင်းကို ဒီလျှို့ဝှက်ချက်ကြီးကို ပြောပြလိုက်ရင် စီကွေးက တစ်ရက်ထဲနဲ့ သေချာပေါက် ရိပ်မိသွားမှာကွ"
ယယ်ရွှင်သည် လုယုံရိ၏ မီးဝင်းဝင်းတောက်နေသော အကြည့်များကို သတိထားမိပြီး အသံတိုးသွားကာ ခွမ့်ကျိန်းနောက်သို့ ဝင်ပုန်းလိုက်သည်။ ထို့နောက် သူသည် စိတ်လှုပ်ရှားလွန်သွားသောကြောင့် စကားပြောတာ မြန်သည်ထက်မြန်လာသည်။
"စီကွေး မရိပ်မိသွားဖို့ ငါတို့အားလုံး အတူတူပေါင်းပြီး မင်းကို မပြောပဲထားထား ............"
လုယုံရိသည် အတော်ကြာအောင် တောင့်တောင့်ကြီး ကြောင်အနေပြီး သူမျက်နှာကို ပွတ်သုတ်၍ အသည်းအသန် ရယ်မောလာသည်။
"ရတယ် ရတယ် မင်းတို့ စီကွေး မှတ်ဉာဏ်တွေ ပြန်ရတာ သိပြီးပြီမို့လား ဟားဟားဟား ရတယ် အဆင်ပြေတယ် မင်းတို့နဲ့ ဘာမှ မဆိုင်ဘူး"
သူ့အပြုံးသည် တဖြည်းဖြည်း ထူးဆန်းလာကာ သူသည် လက်သီးကိုတင်းကျစ်နေအောင် ဆုပ်ထားပြီး သူ့မျက်လုံးများသည် မီးတောက်များ ထွက်လာမတတ်ဖြစ်နေသည်။
"ဒါတွေအားလုံး စီကွေးကြောင့်ပဲ ..................... မဟုတ်သေးဘူး သူနာမည်က အကြောသေနေတဲ့ နာကျင်မှု ဟုတ်လား အကြောသေနေတဲ့ နာကျင်မှု အဲ့မှာ တစ်သက်လုံး နာနေလိုက်တော့ ငါပြန်ရောက်လို့ကတော့ တကယ်အကြောသေသွားအောင် ရိုက်ပစ်မယ်"
"ဘာတဲ့ ငါ့ဆီမှာလာကပ်ပြီး အတိတ်မေ့ချင်ယောင်ဆောင်ပြီး ငါ့အိမ်မှာ စားလိုက် အိပ်လိုက် အသက်ရှင်နေလိုက်သေးတယ် ဟားဟား"
လုယုံရိသည် အံတင်းတင်းကြိတ်၍ တွေးလေ ဒေါသထွက်နေလေဖြစ်ကာ
"ငါပြန်ရောက်သွားလို့တော့ သူ့ကို မေးကြည့်ရမယ် သူသာ ငါလှည့်စားတာ ခံရရင် ငါ့ကို ဘာလုပ်မလဲလို့ ချီး"
လုယုံရိ၏ အခြေအနေသည် လုံးဝသွားရှုပ်လို့ ရမည့်အနေအထား ဟုတ်မနေပေ။ ထို့ကြောင့် ကျန်းလော့သည် ပညာရှိစွာ သူ့နားမှ ခြေတစ်လှမ်းဆုတ်လိုက်ပြီး ကောကျူကို တခြားကိစ္စတစ်ခု ပြောင်း၍ ပြောလိုက်သည်။
"ကောကျူ မင်း ပိုင်လု ဘုရားကျောင်းလို့ ခေါ်တဲ့ ဘုရားကျောင်း တစ်ကျောင်းကို သိလား"
"ပိုင်လု ဘုရားကျောင်းလား"
ကောကျူသည် အနည်းငယ် တွန့်ဆုတ်ဆုတ် ဖြစ်သွားပြီး သူ့ကို အလွန်သိချင်စိတ်ပြင်းပြကာ ပြန်မေးလာသည်။
"မင်းအဲ့ဒီနာမည်ကို ဘယ်က ကြားလာတာလဲ "
ကျန်းလော့သည် ကောကျူသိနေတာကို မြင်သောအခါ အလွန်ဝမ်းသာသွားသည်။
"ငါဘယ်ကသိလာတာ မမေးပါနဲ့ကွာ ဒါပေမဲ့ အခု အဲ့ဒီဘုရားကျောင်း ဘယ်မှာ ရှိလဲ သိလား ဘာလို့ ငါအဲ့ဘုရားကျောင်းကို အရင်တုန်းက မကြားဖူးတာလဲ"
ကောကျူက ပြောသည်။၊
"ပိုင်လုဘုရားကျောင်းက ငါအရင်က နေခဲ့တဲ့ ဗုဓ္ဒဘုရားကျောင်းပဲ"
ကျန်းလော့သည် ကြောင်အသွားပြီး
"မင်းနေခဲ့တဲ့ ဘုရားကျောင်းက ကျို့ခန်း ဘုရားကျောင်းမဟုတ်ဘူးလား အိမ်တော်ကြီး ခြောက်ခုထဲက ဗုဓ္ဒကိုးကွယ် ကျင့်ကြံမှုကို ကိုယ်စားပြုတဲ့ တစ်ခု လေ"
ထို ကျို့ခန်း ဘုရားကျောင်းမှ တပည့်များကို "ကော" ဟုခေါ်ကြပြီး လူအများကတော့ "ဗုဒ္ဓဝင်ကော" ဟုလည်း ခေါ်ကြသေးသည်။
"အခုတော့ ကျို့ခန်းဘုရားကျောင်း လို့ခေါ်တယ်"
ကောကျူက စိတ်ရှည်စွာ ပြောသည်။
"ငါက ဗုဒ္ဓဖွဲ့အစည်းမှာ ကြီးပြင်းလာရတော့ အပြင်လူတွေ မသိတာတော်တော်များများကို ငါသိထားတယ်ကွ အခုတော့ ကျို့ခန်းဘုရားကျောင်းက ကျို့ခန်းဘုရားကျောင်းလို့ ခေါ်ပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ရာကျော်လောက်က "ပိုင်လု"ဘုရားကျောင်းလို့ခေါ်ခဲ့ကြတယ်"
########################
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။
Zawgyi
အပိုင္း (၁၅၉) သူငယ္ခ်င္းမ်ား ဆုံရပ္
ဒီတစ္ႀကိမ္တြင္ က်န္းေလာ့သတိေပးစရာမလိုေတာ့ေအာင္ပင္ လုယုံရိသည္ အသံတစ္စက္မွ မထြက္ေတာ့ေပ။ သူတို႔သည္ အခ်ိန္အၾကာႀကီး တံခါးေရွ႕တြင္ ရပ္ေနၿပီး သူတို႔ေျခေထာက္မ်ား ထုံလာကာ ေရဆိုးမ်ားထဲ ႏွစ္ေနရာမွ ေအးစက္လာေတာ့မွ လူႏွစ္ေယာက္သည္ အိပ္ရာနားသို႔ ျဖည္းျဖည္းခ်င္း ေ႐ြ႕လ်ားသြားေတာ့သည္။
ေနာက္ဆုံးတြင္ ႏူးညံ့ေသာ အိပ္ရာေပၚထိုင္မိေတာ့မွ ႏွစ္ေယာက္လုံး စိတ္သက္သာရာရစြာ ၿပိဳင္တူ သက္ျပင္းခ်လိုက္မိၾကသည္။ လုယုံရိသည္ အခုမွ အနားရသြားေသာေၾကာင့္ သက္ျပင္းခ်တာ ျဖစ္ၿပီး က်န္းေလာ့ကေတာ့ အသက္အႏၲာရာယ္မွ လြတ္ေျမာက္သြားေသာေၾကာင့္ စိတ္ေပါ့ပါးသြားတာျဖစ္သည္။
အေမွာင္ထဲတြင္ ဆံပင္အနက္ႏွင့္ေကာင္ေလး၏ မ်က္လုံးတို႔သည္ ေတာက္ပေနသည္။ သူသည္ ရင္ဘတ္ေပၚလက္တင္၍ သူ႔ႏွလုံးခုန္သံကို နားေထာင္ၾကည့္သည္။ ႏွလုံးခုန္သံတစ္ခ်က္တိုင္းသည္ စိတ္လႈပ္ရွားမႈေၾကာင့္ အားမာန္အျပည့္ႏွင့္ ခုန္လႈပ္ေနသည္။
'အရမ္းမိုက္တာပဲ'
ေသျခင္းတရား၏ ၿခိမ္းေျခာက္မႈ မရွိတာေတာင္ ဤကဲ့သို႔ ေသျခင္းရွင္ျခင္းၾကား ေျပးလႊား႐ုန္းကန္ရျခင္းသည္ က်န္းေလာ့၏ စိတ္ခံစားခ်က္မ်ား ကို အထြပ္အထိပ္သို႔ ေရာက္သြားေစကာ သူ႔ကို အဆုံးစြန္ထိ စိတ္လႈပ္ရွားေစသည္။ သူသည္ မထိန္းခ်ဳပ္ႏိုင္စြာ ဇြတ္ေကြးတက္ေနေသာ ႏႈတ္ခမ္းေထာင့္မ်ားေၾကာင့္ ပါးစပ္ကို ကြယ္ထားရသည္။ သို႔ေသာ္ သူ႔ပုခုံးမ်ားကေတာ့ မသိမသာ တုန္ယင္ေနေလသည္။
'ဒါက ခ်ီယုံေျပာတဲ့ အက်ိဳးမရွိေပမဲ့ ဆက္တိုက္လိုက္ေနမယ္ ဆိုတာမ်ိဳးလား'
'တကယ့္ကို ခ်ီယုံရဲ႕ ေသာက္႐ူးလုပ္ကြက္မွန္း အရမ္းသိသာတယ္'
'ဒါေပမဲ့ ဒီေကာင္ အရမ္းေတာ္ေနတာေတာ့ ငါဝန္ခံရမွာပဲ'
က်န္းေလာ့သည္ သူ႔မ်က္ႏွာကို တစ္ခ်က္ေလာက္ျဖစ္ျဖစ္ ပိတ္ထိုးပစ္လိုက္ခ်င္ေသာ္လည္း အခုက အိပ္မက္ထဲမွာ ျဖစ္ေနသည္။ က်န္းေလာ့မ်က္ႏွာသည္ အနီေရာင္ ခပ္ရဲရဲေလး ျဖစ္သြားၿပီး မၾကာလိုက္ေပ ခ်က္ခ်င္းနီးပါး ျပန္ၿငိမ္သြားသည္။ သူ႔ဖုန္းကို ထုတ္လိုက္ၿပီး လုယုံရိႏွင့္ အြန္လိုင္းေပၚမွ စာ႐ိုက္ၿပီး စကားေျပာလိုက္သည္။
[က်န္းေလာ့ : အသံလုံးဝမထြက္နဲ႔ အျပင္မွာ တစ္ခုခု ရွိေနႏိုင္ေသးတယ္]
[လုယုံရိ : ဒီအိပ္မက္ႀကီးက ေၾကာက္စရာေကာင္းလိုက္တာ ငါႏွလုံးသားေလး လည္ေခ်ာင္းထဲက ခုန္ထြက္လာေတာ့မယ္ကြ]
[လုယုံရိ : ဒါနဲ႔ စကားမစပ္ က်န္းေလာ့ အဲ့ဒီသရဲက ဘာလို႔ မင္းကို ဇနီးေလးလို႔ ဆက္တိုက္ေခၚေနတာလဲ]
[က်န္းေလာ့ : မသိဘူးေလ သရဲေတြက အကန္းေတြေလကြာ ဟုတ္တယ္မို႔လား လုယုံရိ မင္းကေရာ ဘာလို႔ အိပ္မက္ထဲ အတူတူေရာက္လာၾကရတာတုန္း ]
လုယုံရိသည္ သူတို႔အားလုံး အိပ္မက္တစ္ခုထဲတြင္ အတူတူ ပိတ္မိေနသည္ႏွင့္ ပတ္သက္ၿပီး ဂ႐ုမစိုက္မိေပ။
ထိုသို႔ေသာ ရလဒ္မ်ိဳးသည္ တစ္စုံတစ္ေယာက္က တစ္ခုခု လုပ္လိုက္မွသာ ျဖစ္ႏိုင္တာမ်ိဳး ျဖစ္သည္။ သို႔ေသာ္ မအိပ္ေပ်ာ္သြားခင္တုန္းက သူတို႔အားလုံး လုယုံရိ၏ တိုက္ခန္းတြင္ ရွိေနၾကျခင္းျဖစ္ၿပီး တံခါးသည္လည္း ေသခ်ာ ေလာ့ခ်ထားခဲ့သည္။ ထို႔ေၾကာင့္အျပင္ဘက္မွ က်ဴးေက်ာ္ဝင္လာႏိုင္စရာအေၾကာင္း မရွိဘဲ အထဲမွ လူတစ္ေယာက္ေယာက္ကသာ သူတို႔ကို တစ္ခုခုလုပ္ရန္ အခြင့္အေရးရွိႏိုင္ေလသည္။
သို႔ေသာ္ မည္သူက သူတို႔ကို လုပ္ႀကံပါမည္နည္း။
တိုက္ခန္းတစ္ခုလုံးတြင္ လုယုံရိ ယုံၾကည္ရသည့္ သူမ်ားသာ ရွိေလသည္။ အေျဖသည္ လုယုံရိ၏ ႏွာေခါင္းေအာက္တြင္ရွိေနေသာ္လည္း လုယုံရိသည္ ထိုအေျဖကို မယုံၾကည္ခ်င္ေပ။ သူ႔ပုံစံသည္ ေတြေဝေငးငိုင္ေနၿပီး မယုံႏိုင္စြာ က်န္းေလာ့ကို ေခါင္းယမ္းျပသည္။
'စီေကြး ......................... မင္းလား'
က်န္းေလာ့သည္ ေနာက္ထပ္ေမးခြန္းမ်ား ထပ္မေမးေတာ့ေပ။
[က်န္းေလာ့ : မနက္လင္းရင္ စိုင္ေလာင္အာနဲ႔ တျခားသူေတြကို သြားရွာၾကတာေပါ့ကြာ]
...................................
သုံးလႊာမွ ဆင္းလာေသာ ပိုင္ယဲ့ဖုန္းသည္ အခန္း ၂၀၃ ေရွ႕တြင္ရပ္ေနေသာ အမည္းေရာင္ပုံရိပ္ရွိရာသို႔ ျပန္သြားခဲ့သည္။ ထိုပုံရိပ္က ေမးသည္။
"သြားၿပီလား"
ပိုင္ယဲ့ဖုန္းက စိတ္ပ်က္စြာေျပာသည္။
"မင္းသူ႔ကို ေျခာက္လိုက္တာပဲကြ"
"ငါကသူ႔ကို ေျခာက္တာလား"
အနက္ေရာင္ပုံရိပ္သည္ ေရွ႕တိုးလာၿပီး ေကာ္ရစ္တာမွ မီးေရာင္သည္ သူ႔ကိုယ္ေပၚသို႔ ျဖာက်သြားကာ ေခ်ာေမာခန႔္ညားေသာ မ်က္ႏွာေပၚလာသည္။
"သူ႔ကို ေျခာက္လိုက္တဲ့သူက မင္းမဟုတ္ဘူးလား"
ပိုင္ယဲ့ဖုန္းသည္လည္း အလင္းေရာင္ရွိရာသို႔ တိုးလာကာ သူႏွင့္ ခ်င္းဖန္တို႔သည္ တစ္ေယာက္ႏွင့္တစ္ေယာက္ စိုက္ၾကည့္ေနၾကၿပီး ႐ုတ္တရက္ ကိုယ္ကို ေကြး၍ ဗိုက္ကိုဖိကာ အူလႈိက္သည္းလႈိက္ ရယ္ေမာၾကေတာ့သည္။
သူတို႔၏လႈပ္ရွားမႈမ်ားသည္ ထပ္တူညီေနၾကၿပီး ရယ္သံသည္ပင္ တစ္ထပ္ထဲ က်ေနကာ လူတစ္ေယာက္ထဲမွ ေအာ္ရယ္ေနသလို ျဖစ္ေနသည္။ လူႏွစ္ေယာက္သည္ ခနၾကာေအာင္ ရယ္ေမာၾကၿပီးေနာက္ ၿပိဳင္တူ အရယ္ရပ္လိုက္ၾကသည္။ ပိုင္ယဲ့ဖုန္းသည္ နံရံကိုမွီေနၿပီး သူ႔မ်က္နာထပ္မွ ႐ူးသြပ္မႈမ်ား ေပ်ာက္ကြယ္သြားကာ သူ႔ႏႈတ္ခမ္းေထာင့္မ်ား ေကြးတက္သြားသည္။ ေကာ္ရစ္တာမွ အလင္းရိပ္သည္ သူ႔ႏွာတံစင္းစင္းေပၚသို႔ ျဖာက်ေနကာ အရွိန္အဝါတစ္ခု ထြန္းလင္းေနသလိုပင္။
"သူကေတာ့ ငါတို႔ ၿခိမ္းေျခာက္လို႔ ေၾကာက္သြားတာေနမယ္ကြ"
သူသည္ ဆိုးယုတ္စြာ ၿပဳံးလိုက္ၿပီး
"ၾကည့္ရတာ ငါတို႔ ေအာင္ျမင္သြားၿပီထင္တယ္ေနာ္"
........................
လူမ်ားအားလုံးသည္ ညအခ်ိန္ထက္ ေန႔ခင္းဘက္တြင္ ပို၍ လုံၿခဳံသလို ခံစားၾကရသည္။ မနက္လင္းလင္းခ်င္း က်န္းေလာ့သည္ ခုႏွစ္နာရီ ခြဲၿပီးသည္အထိ ေအးေအးေဆးေဆး ထိုင္ေစာင့္ေတာ့သည္။ ခုႏွစ္နာရီခြဲသည္ႏွင့္ က်န္းေလာ့သည္ ေအာက္ထပ္မွ အခန္းတံခါးပိတ္သံကို ၾကားလိုက္ရသည္။
'ပိုင္ယဲ့ဖုန္း အလုပ္သြားၿပီ'
ေနာက္ထပ္နာရီဝက္ေလာက္ စိတ္ရွည္စြာ ေစာင့္ၿပီးေနာက္ က်န္းေလာ့ႏွင့္ လုယုံရိတို႔သည္ ပထမထပ္သို႔ သတိႀကီးႀကီး ကပ္၍ ဆင္းသြားၾကသည္။ က်န္းေလာ့သည္ လူမရွိေတာ့ေသာ အခန္း ၂၀၃ မွ တံခါးကို အသာေလး တြန္းဖြင့္လိုက္သည္။ သူသည္ လုယုံရိကို တံခါးအျပင္ဘက္တြင္ ေစာင့္ေနဖို႔ေျပာကာ အခန္းတစ္ခုလုံး ဗီဒိုမ်ားႏွင့္ စင္မ်ားပါ မက်န္ေအာင္ ေျမလွန္ရွာေတာ့သည္။ သူသည္ ေငြသားအျပင္ ပိုင္ယဲ့ဖုန္း ေခါင္းအုံးေအာက္မွ ေ႐ႊေရာင္ႏွင့္ အနက္ေရာင္ေရာစပ္ထားေသာ ကတ္တစ္ကတ္ကိုလည္း ေတြ႕ခဲ့သည္။
ထိုကတ္တြင္ စာလုံးငါးလုံးပါၿပီး ထိုစာလုံးမ်ားသည္ နာမည္တစ္ခု ျဖစ္ပုံရသည္။
"႐ႊန္းရွင္း အားကစားခန္းမ"
'ဂ်င္မ္ ကတ္ကိုး'
က်န္းေလာ့သည္ ထိုကတ္ကို အသုံးဝင္ဝင္ မဝင္ဝင္ လိုအပ္လာလွ်င္ သုံးရန္ ယူသြားလိုက္သည္။ ေနာက္ထပ္ တျခားဘာမွ အသုံမဝင္တာ မေတြ႕ေသာအခါ တံခါးအျပင္သို႔ ထြက္သြားၿပီး လုယုံရိႏွင့္ အတူ ေပ်ာ္႐ႊင္ဖြယ္ တည္းခိုခန္းေလးဆိုသည့္ တစ္စက္မွ ေပ်ာ္စရာေကာင္းမေနေသာ ေနရာမွ ထြက္လာၾကသည္။
တည္းခိုခန္းပိုင္ရွင္သည္ ေျမညီထပ္မွ ဧည့္ႀကိဳေကာင္တာတြင္ ထိုင္ေနဆဲျဖစ္ၿပီး သူတို႔ႏွစ္ေယာက္ အျပင္ထြက္မည္ကို ျမင္ေသာအခါ သူ႔မ်က္လုံးမ်ားတြင္ ရက္စက္သည့္ အရိပ္အေယာင္ေပၚလာၿပီး သူတို႔ကို ဝါးမ်ိဳပစ္လိုက္ခ်င္သည့္ ပုံမ်ိဳးႏွင့္ ၾကည့္ေနသည္။ ထိုမ်က္လုံးမ်ားျဖင့္ သူတို႔ ဟိုတယ္ထဲမွ ထြက္သြားသည့္အခ်ိန္ထိ လိုက္ၾကည့္ေနကာ အၾကည့္ႏွင့္ပင္ သူတို႔ေနာက္ေက်ာမ်ားကို ထိုးခြဲၿပီး သတ္ပစ္လိုက္ခ်င္သည့္ ႏွယ္။
လုယုံရိသည္ ထိုေနရာမွ ထြက္လာရင္း ေက်ာခ်မ္းလာေသာေၾကာင့္ က်န္းေလာ့နား ကပ္၍ ေလွ်ာက္လာသည္။ ဟိုတယ္အျပင္ဘက္မွ ေလာကသည္ အစစ္အမွန္ေလာကႏွင့္ ဘာမွသိပ္ ျခားနားမေနေသာ္လည္း အၿမဲလိုလို လူျပည့္ေနခဲ့ေသာ လမ္းမထက္တြင္ လူမ်ား ေျပာက္တိေျပာက္ၾကားသာ ေတြ႕ရေတာ့ၿပီး လမ္းေထာင့္မ်ားတြင္ ေသြးကြက္မ်ားကို လည္း ေတြ႕ရသည္။
အိမ္တခ်ိဳ႕၏ တံခါးမ်ားသည္ လုံးဝပြင့္ေနၿပီး အျပင္ဘက္မွ အိမ္ေနာက္ေဖးအထိ လွမ္းျမင္ေနရေအာင္သည္ကို ၾကည့္လွ်င္ ဤအိမ္မ်ားသည္ ရက္စက္ေသာ အေျခအေနမ်ားႏွင့္ ႀကဳံေတြ႕ခဲ့ရေၾကာင္း သိသာသည္။ အိမ္မ်ားသည္ လူမရွိၾကေတာ့ဘဲ ေျခာက္ကပ္ေနေသာလည္း ျဖတ္သြားျဖတ္လာမ်ားကေတာ့ ထိုသို႔ ျဖစ္ေနျခင္းကို ဘာမွ မထူးဆန္းၾကေတာ့သလို ကိုယ့္အလုပ္ကိုယ္လုပ္ေနၾကသည္။
ၾကည့္ေလ ေၾကာက္လာေလ ျဖစ္ၿပီး ပို၍ အေတြးမ်ားလာရသည္။ က်န္းေလာ့ႏွင့္ လုယုံရိတို႔သည္ လမ္းေဘးတြင္ ရပ္ကာ တကၠစီတစ္စီးတားလိုက္ၿပီး သူတို႔ႏွစ္ေယာက္ ကားေပၚမတက္ခင္ ဒ႐ိုင္ဘာကို လူဆိုတာ ေသခ်ာေအာင္ အၾကာႀကီး စစ္ေဆးၿပီးမွ ကားေပၚတက္လိုက္ၾကသည္။ ဒ႐ိုင္ဘာက ေမးသည္။
"ဘယ္ကိုသြားမွာလဲ"
က်န္းေလာ့သည္ စိုင္ေလာင္အာ၏ လိပ္စာကို ႐ြတ္ျပလိုက္သည္။ သူတို႔အားလုံးထဲတြင္ စိုင္ေလာင္အာက အလုံၿခဳံဆုံးျဖစ္ေသာေၾကာင့္ တစ္အုပ္စုလုံးသည္ က်န္းေလာ့အႀကံအတိုင္း ဒီမနက္တြင္ စိုင္ေလာင္အာေနရာတြင္ ေတြ႕ၾကမည္ဟု ဆုံးျဖတ္လိုက္ၾကသည္။
တကၠစီဒ႐ိုင္ဘာသည္ သူတို႔ေျပာသည့္ ေနရာသို႔ ေမာင္းေနရင္း ေနာက္ၾကည့္မွန္မွ သူတို႔ကို ၾကည့္၍
"မင္းတို႔က ဒီၿမိဳ႕က မဟုတ္ဘူးလား"
က်န္းေလာ့ႏွင့္ လုယုံရိတို႔သည္ အခ်င္းခ်င္း ၾကည့္လိုက္ၿပီး တိတ္ဆိတ္ေနၾကသည္။
"အိုး က်ဳပ္က မင္းတို႔ ေပ်ာ္႐ႊင္ျခင္း တည္းခိုခန္းထဲက ထြက္လာတာ ျမင္လိုက္လို႔ေမးတာပါ"
ဒ႐ိုင္ဘာသည္ စကားလုံးမေ႐ြးဘဲ ေျပာခ်င္သလို ေျပာေနသည္။
"ၿမိဳ႕ထဲက လူေတြဆိုရင္ ေပ်ာ္႐ႊင္ျခင္းေလး တည္းခိုခန္းမွာ မေနရဲၾကဘူးေလ"
က်န္းေလာ့သည္ ထိုစကားၾကားသည္ႏွင့္ ပါးစပ္ဖြင့္လာၿပီး ေမးလိုက္သည္။
"အဲ့ဒီဟိုတယ္ေလးက ဘာျဖစ္ေနလို႔လဲ"
ဒ႐ိုင္ဘာသည္ သူတို႔ကို ေနာက္ထပ္ႏွစ္ႀကိမ္ေလာက္ ၾကည့္လိုက္ၿပီး ႐ုတ္တရက္ ေၾကာက္စရာေကာင္းေအာင္ ၿပဳံး၍
"ဒီဟိုတယ္မွာ လူေတြအမ်ားႀကီး ေသထားတာေလ ဒီၿမိဳ႕ကမဟုတ္တဲ့ ေသမွာမေၾကာက္တဲ့သူေတြေလာက္ပဲ အဲ့ဒီမွာ ေနၾကတာ"
ေနာက္ၾကည့္မွန္တြင္ ေသြးစြန္းေနေသာ ဟာ႐ူအိ အ႐ုပ္ေလးတစ္႐ုပ္ကို ခ်ိတ္ဆြဲထားသည္။ ထိုအ႐ုပ္ေလးတြင္ အဂၤါငါးရပ္မပါေနပဲ ဗလာႀကီးျဖစ္ေနသည္။ လုယုံရိသည္ ထိုအ႐ုပ္ကို လက္ညႇိဳးထိုးျပၿပီး အသံတိုးတိုးျဖင့္ ေမးလိုက္သည္။
"အဲ့တာက ဘာႀကီးလဲ"
ဒ႐ိုင္ဘာသည္ အ႐ုပ္ကို ျမတ္ႏိုးစြာ ထိ၍ ေျပာသည္။
"ဒါေလးက အမဲလိုက္အိမ္ေတာ္အေဆာက္အဦးမွာ ရခဲ့တဲ့ သက္ကယ္အေဆာင္ေလးေလ"
'တေစၦအေဆာက္အဦးႀကီးလား'
က်န္းေလာ့သည္ ေနာက္ထပ္ေမးခြန္းတစ္ခု ထပ္ေမးဖို႔ႀကိဳးစားလိုက္သည္။ သို႔ေသာ္ ဒ႐ိုင္ဘာသည္ ကားေမာင္းျခင္းတြင္ အာ႐ုံစိုက္ေနၿပီး သူတို႔ကို ထပ္၍ စကားမေျပာေတာ့ေပ။
တစ္နာရီၾကာၿပီးေနာက္ သူတို႔သည္ စိုင္ေလာင္အာေနသည့္ ခမ္းနားႀကီးက်ယ္ေသာ ဟိုတယ္ႀကီးဆီသို႔ ေရာက္လာၾကသည္။ ဟိုတယ္သည္ ၿမိဳ႕လယ္ေခါင္တြင္ရွိေနၿပီး လူမ်ားစြာ ဝင္လိုက္ထြက္လိုက္ျဖင့္ စည္ကားလွသည္။ သက္ရွိလူမ်ားျပားမႈေၾကာင့္ ဟိုတယ္ထဲမွ ေလထုကို အေမွာင္ထုမွ သန႔္စင္ေပးေနသလို ျဖစ္ေနသည္။
စိုင္ေလာင္အာသည္ သူတို႔ကို ေအာက္ထပ္တြင္ လာေစာင့္ေနၿပီး က်န္းေလာ့ႏွင့္ လုယုံရိမွလြဲ၍ အားလုံးသည္ အေစာႀကီးေရာက္ႏွင့္ေနၾကသည္။ စိုင္ေလာင္အာသည္ သူတို႔အားလုံးကို အခန္းစီသို႔ေခၚသြားကာ လူတိုင္းသည္ အခန္းသို႔ေရာက္သည္ႏွင့္ စိတ္တိုေဒါသထြက္ေနသည္မ်ားကို ျဖည္ခ်ပစ္ၾကကာ အိပ္မက္၏ ဆိုလိုရင္းကို သိခ်င္လာသည္။
"ငါမေန႔က ႏိုးလာေတာ့ ႀကိဳးစားၾကည့္ေသးတယ္ ငါ့ကိုယ္ငါ ဆြဲဆိတ္တာ နာတယ္ဟ ၿပီးေတာ့ အာ႐ုံငါးပါးကလည္း အရမ္းကို အစစ္အမွန္အတိုင္း ေကာင္းေနေသးတယ္ အဲ့တာေၾကာင့္ကြာ ငါ့ကိုယ္ငါ အိပ္မက္မက္ေနတာ ဟုတ္မဟုတ္ ကိုယ့္ဟာကိုယ္ ေသခ်ာေအာင္လုပ္ေနရင္း ေနရင္းနဲ႔ကို ျပန္ၿပီး ရႈပ္ေထြးလာျပန္ေရာ ငါ့ကိုယ္ငါ ဘယ္ေလာက္ပဲ ဆြဲဆိတ္ဆိတ္ ငါလုံးဝႏိုးမသြားဘူး"
"ၿပီးေတာ့လည္း ငါတို႔သင္ထားတာေတြ တစ္ခုမွ ထုတ္သုံးလို႔မရေနဘူး"
က်ိဳးက်ဳံးခ်ိဳးကေျပာသည္။
"ငါ ဝိဉာဥ္ခႏၶာပူးတြဲက်င့္ႀကံျခင္းအတတ္ကို ေလ့က်င့္ထားတာေပမဲ့ အဲ့ဒါက ဒီအိပ္မက္ကမာၻထဲမွာ လုံးဝအသုံးမဝင္ဘူး ငါသရဲေတြနဲ႔ ရင္ဆိုင္ရတာနဲ႔ ေျပးပုန္းဖို႔ပဲ လုပ္ရတယ္ ငါတကယ္ႀကီး သူတို႔ကို ဘာမွျပန္မလုပ္ႏိုင္ဘူး"
ယယ္႐ႊင္က ႐ုတ္တရက္ ေျပာသည္။
"ငါတို႔အားလုံး အိပ္မက္တစ္ခုထဲကို အတူတူေရာက္လာတာ ထူးဆန္းတယ္လို႔္ မထင္မိၾကဘူးလား"
လူတိုင္းသည္ စကားေျပာရပ္သြားၾကၿပီး ယယ္႐ႊင္ကို တိတ္ဆိတ္စြာ ၾကည့္လိုက္ၾကသည္။ အၾကည့္မ်ားအားလုံးသည္ ရွင္းရွင္းလင္းလင္း သိေနၾကသလိုျဖစ္ေသာ္လည္း ထုတ္မေျပာၾကေပ။ ဝမ္ယမ္လန္က ေပါ့ပါးစြာ ေျပာသည္။
"ေျပာရရင္ ငါတို႔အားလုံး မေန႔ညက လုယုံရိတိုက္ခန္းမွာပဲ ေနၾကတာေလ ငါတို႔အားလုံးဒီထဲကိုေရာက္လာတယ္ စီေကြးကလြဲၿပီးေတာ့ေပါ့ သူငါတို႔ကို အိပ္မက္ကမာၻထဲ သြင္းလိုက္တယ္ဆိုတာ ရွင္းေနတာပဲေလ"
လုယုံရိသည္ ခနၾကာေအာင္ တိတ္ဆိတ္ေနၿပီး
"................ သူက ဘာလို႔ ဒီလိုလုပ္ရတာလဲကြာ"
ပထမဆုံးအႀကိမ္အျဖစ္ လုယုံရိသည္ ညီအစ္ကိုလို ခင္ရသည့္သူထံမွ သစၥာေဖာက္ျခင္း ခံလိုက္ရသည္။ လုယုံရိသည္ ေခါင္းငုံၿပီး လက္သီးတင္းတင္း ဆုပ္ထားရာ လက္သည္းမ်ား လက္ဖဝါးတြင္ စိုက္ဝင္သြားၾကသည္။ သူႏွာေခါင္းထိပ္သည္ နီရဲၿပီး ပြရႈံ႕ပြရႈံ႕ ျဖစ္လာကာ
"ငါတို႔ သူ႔ကို ဒီေလာက္ေတာင္ ယုံၾကည္ေပးခဲ့တာကို အခုေတာ့ အားလုံးက အလိမ္အညာျဖစ္သြားၿပီလား ဒါေတြ ဒါေတြအားလုံး ငါ့အျပစ္ပါကြာ ငါသာ သူ႔ကို တိုက္ခန္းကို ေခၚမလာခဲ့ရင္ ဒီလို ျဖစ္လာမွာ မဟုတ္ဘူး"
သို႔ႏွင့္ လုယုံရိသည္ အင့္ခနဲ ရႈိက္လိုက္ၿပီး အက်ႌလက္ျဖင့္ မ်က္ရည္သုတ္ကာ ဝမ္းနည္းေနရင္းကေန ေဒါသထြက္လာသည္။
"ငါ အျပင္ေရာက္လို႔ကေတာ့ ဘာလို႔ သစၥာေဖာက္ရတာလဲ သြားေမးမယ္ စီေကြးရားးးး"
က်န္းေလာ့သည္ သူ႔ပုခုံးကို ပုတ္လိုက္ၿပီး မီးထဲ ဆီေလာင္းလိုက္သည္။
"လုယုံရိ စီေကြးရဲ႕ တျခားနာမည္ကို သိလား"
လုယုံရိမ်က္ႏွာသည္ မီးေတာက္ေနသလို နီရဲခက္ထန္ေနၿပီး ေတြေဝစြာ ေျပလိုက္သည္။
"ေက်ာင္းေက်ာင္း လား"
"...................."
က်န္းေလာ့သည္ ခနေလာက္ ဆြံ႕အသြားၿပီး ေျပာလိုက္သည္။
"ငါက သူမွတ္ဉာဏ္မေပ်ာက္ခင္တုန္းက နာမည္ကို ေျပာေနတာကြ"
လုယုံရိသည္ ေခါင္းယမ္းလိုက္ၿပီဂ
"မသိဘူးေလ"
"သူ႔နာမည္က ထန္ပိ"
က်န္းေလာ့သည္ ေအးေအးသက္သာ ေျပာလိုက္သည္။
"ၿပီးေတာ့ သူက ငါတို႔ အႏုပညာေလာက မစ္ရွင္ ေအာင္ေအာင္ျမင္ျမင္ ၿပီးသြားတုန္းထဲက မွတ္ဉာဏ္ျပန္ရသြားတာ သူ႔ကိုယ္သူ ထန္ပိ လို႔ေခၚတာကို ငါ့နားနဲ႔ ဆက္ဆက္ၾကားလိုက္တာ ဒါေပမဲ့ သူက ဘာအေၾကာင္းေၾကာင့္နဲ႔ မွတ္ဉာဏ္ျပန္မရေသးသလို ဟန္ေဆာင္ၿပီး ငါတို႔နဲ႔ ေနေနေသးတာလဲေတာ့ မသိဘူး ၿပီးေတာ့ ငါမင္းကို မေျပာျပတာကာ သူဘာလုပ္ခ်င္ေနတာလဲ သိခ်င္လို႔ေလ ေတာင္းပန္ပါတယ္ကြာ"
လုယုံရိသည္ သူ႔ကို ထိတ္လန႔္စြာ ၾကည့္လိုက္သည္။ ယယ္႐ႊင္သည္ တိတ္တဆိတ္ လက္ေျမာက္လိုက္သည္။ လုယုံရိသည္ မယုံႏိုင္စြာ လွည့္ၾကည့္လိုက္ျပန္သည္။ ယယ္႐ႊင္သည္ သူ႔ကို အျပစ္ရွိသလို ၾကည့္ေနသည္။
"က်န္းေလာ့ ငါ့ကို အဲ့ဒီအေၾကာင္း ေျပာျပတယ္ရယ္ မင္းကို အမွန္အတိုင္း မေျပာျပဖို႔ ငါတို႔ႏွစ္ေယာက္ ေဆြးေႏြးၿပီး သေဘာတူလိုက္တာ ဘာလို႔လဲဆိုေတာ့ မင္းက တစ္ခုခုေတြးေနရင္ မင္းမ်က္ႏွာမွာ အကုန္ေပၚေနတတ္တယ္ေလ အဲ့တာေၾကာင့္ မင္းကိုေျပာလိုက္ရင္ ခနေလးနဲ႔ ေပၚသြားမွာ အိုး ငါတို႔က မင္းကို တုံးတယ္လို႔ ေျပာတာမဟုတ္ပါဘူးေနာ္ ဒါေပမဲ့ တကယ္လည္း မင္းက သိပ္မလည္ဘူးေလကြာ................."
"ငါသာ မင္းကို ဒီလွ်ိဳ႕ဝွက္ခ်က္ႀကီးကို ေျပာျပလိုက္ရင္ စီေကြးက တစ္ရက္ထဲနဲ႔ ေသခ်ာေပါက္ ရိပ္မိသြားမွာကြ"
ယယ္႐ႊင္သည္ လုယုံရိ၏ မီးဝင္းဝင္းေတာက္ေနေသာ အၾကည့္မ်ားကို သတိထားမိၿပီး အသံတိုးသြားကာ ခြမ့္က်ိန္းေနာက္သို႔ ဝင္ပုန္းလိုက္သည္။ ထို႔ေနာက္ သူသည္ စိတ္လႈပ္ရွားလြန္သြားေသာေၾကာင့္ စကားေျပာတာ ျမန္သည္ထက္ျမန္လာသည္။
"စီေကြး မရိပ္မိသြားဖို႔ ငါတို႔အားလုံး အတူတူေပါင္းၿပီး မင္းကို မေျပာပဲထားထား ............"
လုယုံရိသည္ အေတာ္ၾကာေအာင္ ေတာင့္ေတာင့္ႀကီး ေၾကာင္အေနၿပီး သူမ်က္ႏွာကို ပြတ္သုတ္၍ အသည္းအသန္ ရယ္ေမာလာသည္။
"ရတယ္ ရတယ္ မင္းတို႔ စီေကြး မွတ္ဉာဏ္ေတြ ျပန္ရတာ သိၿပီးၿပီမို႔လား ဟားဟားဟား ရတယ္ အဆင္ေျပတယ္ မင္းတို႔နဲ႔ ဘာမွ မဆိုင္ဘူး"
သူ႔အၿပဳံးသည္ တျဖည္းျဖည္း ထူးဆန္းလာကာ သူသည္ လက္သီးကိုတင္းက်စ္ေနေအာင္ ဆုပ္ထားၿပီး သူ႔မ်က္လုံးမ်ားသည္ မီးေတာက္မ်ား ထြက္လာမတတ္ျဖစ္ေနသည္။
"ဒါေတြအားလုံး စီေကြးေၾကာင့္ပဲ ..................... မဟုတ္ေသးဘူး သူနာမည္က အေၾကာေသေနတဲ့ နာက်င္မႈ ဟုတ္လား အေၾကာေသေနတဲ့ နာက်င္မႈ အဲ့မွာ တစ္သက္လုံး နာေနလိုက္ေတာ့ ငါျပန္ေရာက္လို႔ကေတာ့ တကယ္အေၾကာေသသြားေအာင္ ႐ိုက္ပစ္မယ္"
"ဘာတဲ့ ငါ့ဆီမွာလာကပ္ၿပီး အတိတ္ေမ့ခ်င္ေယာင္ေဆာင္ၿပီး ငါ့အိမ္မွာ စားလိုက္ အိပ္လိုက္ အသက္ရွင္ေနလိုက္ေသးတယ္ ဟားဟား"
လုယုံရိသည္ အံတင္းတင္းႀကိတ္၍ ေတြးေလ ေဒါသထြက္ေနေလျဖစ္ကာ
"ငါျပန္ေရာက္သြားလို႔ေတာ့ သူ႔ကို ေမးၾကည့္ရမယ္ သူသာ ငါလွည့္စားတာ ခံရရင္ ငါ့ကို ဘာလုပ္မလဲလို႔ ခ်ီး"
လုယုံရိ၏ အေျခအေနသည္ လုံးဝသြားရႈပ္လို႔ ရမည့္အေနအထား ဟုတ္မေနေပ။ ထို႔ေၾကာင့္ က်န္းေလာ့သည္ ပညာရွိစြာ သူ႔နားမွ ေျခတစ္လွမ္းဆုတ္လိုက္ၿပီး ေကာက်ဴကို တျခားကိစၥတစ္ခု ေျပာင္း၍ ေျပာလိုက္သည္။
"ေကာက်ဴ မင္း ပိုင္လု ဘုရားေက်ာင္းလို႔ ေခၚတဲ့ ဘုရားေက်ာင္း တစ္ေက်ာင္းကို သိလား"
"ပိုင္လု ဘုရားေက်ာင္းလား"
ေကာက်ဴသည္ အနည္းငယ္ တြန႔္ဆုတ္ဆုတ္ ျဖစ္သြားၿပီး သူ႔ကို အလြန္သိခ်င္စိတ္ျပင္းျပကာ ျပန္ေမးလာသည္။
"မင္းအဲ့ဒီနာမည္ကို ဘယ္က ၾကားလာတာလဲ "
က်န္းေလာ့သည္ ေကာက်ဴသိေနတာကို ျမင္ေသာအခါ အလြန္ဝမ္းသာသြားသည္။
"ငါဘယ္ကသိလာတာ မေမးပါနဲ႔ကြာ ဒါေပမဲ့ အခု အဲ့ဒီဘုရားေက်ာင္း ဘယ္မွာ ရွိလဲ သိလား ဘာလို႔ ငါအဲ့ဘုရားေက်ာင္းကို အရင္တုန္းက မၾကားဖူးတာလဲ"
ေကာက်ဴက ေျပာသည္။၊
"ပိုင္လုဘုရားေက်ာင္းက ငါအရင္က ေနခဲ့တဲ့ ဗုဓၵဘုရားေက်ာင္းပဲ"
က်န္းေလာ့သည္ ေၾကာင္အသြားၿပီး
"မင္းေနခဲ့တဲ့ ဘုရားေက်ာင္းက က်ိဳ႕ခန္း ဘုရားေက်ာင္းမဟုတ္ဘူးလား အိမ္ေတာ္ႀကီး ေျခာက္ခုထဲက ဗုဓၵကိုးကြယ္ က်င့္ႀကံမႈကို ကိုယ္စားျပဳတဲ့ တစ္ခု ေလ"
ထို က်ိဳ႕ခန္း ဘုရားေက်ာင္းမွ တပည့္မ်ားကို "ေကာ" ဟုေခၚၾကၿပီး လူအမ်ားကေတာ့ "ဗုဒၶဝင္ေကာ" ဟုလည္း ေခၚၾကေသးသည္။
"အခုေတာ့ က်ိဳ႕ခန္းဘုရားေက်ာင္း လို႔ေခၚတယ္"
ေကာက်ဴက စိတ္ရွည္စြာ ေျပာသည္။
"ငါက ဗုဒၶဖြဲ႕အစည္းမွာ ႀကီးျပင္းလာရေတာ့ အျပင္လူေတြ မသိတာေတာ္ေတာ္မ်ားမ်ားကို ငါသိထားတယ္ကြ အခုေတာ့ က်ိဳ႕ခန္းဘုရားေက်ာင္းက က်ိဳ႕ခန္းဘုရားေက်ာင္းလို႔ ေခၚေပမဲ့ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ရာေက်ာ္ေလာက္က "ပိုင္လု"ဘုရားေက်ာင္းလို႔ေခၚခဲ့ၾကတယ္"
########################
Telegram မွာ အၿပီးအထိ တင္ၿပီးပါၿပီေနာ္။