~ TRUST ME ~

By Pan_Rae

41.9K 3.6K 1.1K

m-pregnant BinHao Crd cv photo; More

trust me ~ 1.
trust me ~ 2.
trust me ~ 3.
trust me ~ 4.
trust me ~ 5.
trust me ~ 6.
trust me ~ 7. ***
trust me ~ 8.
trust me ~ 9.
trust me ~ 10. ***
trust me ~ 11. ***
trust me ~ 12.
trust me ~ 13.
trust me ~ 14.
trust me ~ 15.
trust me ~ 17.
trust me ~ 18.
trust me ~ 19. ***
trust me ~ 20.
trust me ~ 21.
trust me ~ 22.
trust me ~ 23. ***
trust me ~ 24.
trust me ~ 25.
trust me ~ 26.
trust me ~ 27.
trust me ~ 28.
trust me ~ 29.
trust me ~ 30. Final
* New Fiction *

trust me ~ 16.

1.1K 149 67
By Pan_Rae


Uni

ဂင်မ်ထယ်ရယ်ကို ဆိုးလ်ရဲ့ ကော်ဖီဆိုင် တစ်
ဆိုင်မှာ တွေ့လိုက်တယ်ဆိုတဲ့ ချွမ်ရွေ့ လူယုံရဲ့စကားကြောင့် ဆိုးလ်ကို အစောဆုံး flight
နဲ့ ဆင်းလာခဲ့သည်။ ထို ကော်ဖီဆိုင်အနီးက ရပ်ကွက်တစ်ခုထဲတွင် နေထိုင်တာဖြစ်ပုံရတာကြောင့် ချွမ်ရွေ့ကိုယ်တိုင် ထိုရပ်ကွက်ကို
လမ်းကြားတွေပါမကျန် စုံစမ်းခဲ့ပေမယ့် ဂင်မ်
ထယ်ရယ် နဲ့ပတ်သက်ပြီး အစအနတောင် မသိရ။

အဲ့ဒီရပ်ကွက်ကမဟုတ်လဲ တခြားကနေ ဒီ
ကော်ဖီဆိုင်မှာများ လာထိုင်နိုင်မလား ဆိုပြီး
နေ့တိုင်း လာထိုင်စောင့်ပေမယ့်လဲ ဘာအရိပ်
အယောင်မှကို မတွေ့ရ။ ဂင်မ်ထယ်ရယ် ရဲ့
ပုန်းကွယ်နိုင်စွမ်းက လက်ဖျားခါလောက်တယ်။ ဒီကိုယ်လုံးသေးသေးလေးက လစ်ခနဲ
ပြေးထွက်ထွက်သွားတာ ဘာလေးမှန်းကိုမသိ သူ့ကိုရူးအောင်လုပ်​နေတာ။

ဒီနေ့လဲ ပေါ်မလာတဲ့သူကို စောင့်ရတာနဲ့ အချိန်ကုန်သွားပြန်ပြီ။ မသေချာတာမို့ ရှန်ဟိုင်းကိုသာ ပြန်တော့ဖို့ စဉ်းစားမိသည်။ သူ့လူတွေကိုသာ ဆက်စောင့်ပြီး အခြေအနေ
ကြည့်ခိုင်းထားရတော့မှာပဲ။ ဒရိုင်ဘာ တံခါး
ဖွင့်ပေးတဲ့ ကားထဲ ဝင်တော့မည်အပြု မြင်ကွင်းရှေ့ကနေ ဖြတ်ပြေးသွားတဲ့ အဝါရောင် ဟူဒီလေးနဲ့ အရိပ်လေး တစ်ခု။

" ဟင်...ဂင်မ်ထယ်ရယ် ''

စိတ်လှုပ်ရှားမှုကြောင့် ပတ်ဝန်းကျင်ကို မေ့ကာ ထိုအရိပ်လေးနောက် ပြေးလိုက်သွားမိ
သည်။ အနောက်ကလှမ်းခေါ်တဲ့ ဒရိုင်ဘာနဲ့
သူ့လူတွေရဲ့ အသံကိုလဲ နားမယောင်နိုင်​တော့ဘူး။ အခုမှ မဖမ်းနိုင်ရင် နောက်ဘယ်​တော့များမှ ဖမ်းမိနိုင်မယ် မသိဘူး။

အတော်လေး လှမ်းတဲ့ နေရာမှာ ဖြစ်တာကြောင့် အော်ခေါ်နေတာကိုတောင် မကြားရဘူးထင်တယ်။ Gym တစ်ခုရဲ့အရှေ့မှာ
ရပ်သွားတာကြောင့် သူပါမလှမ်းမကမ်းကနေ လိုက်ရပ်ကာ ခဏအမောဖြေနေရတယ်။ ပြီးနောက် သူ အကို့အနားကို လှမ်းသွားဖို့ ပြင်တဲ့ အချိန်မှာပဲ ထိုGym ဆိုင်ထဲမှ ​ထွက်လာတဲ့ ချိုင်းပြတ် တီရှပ်နဲ့ ဘောင်းဘီတိုဝတ်ထားတဲ့ ကောင်​လေးတစ်ယောက်အားပြုံးပြကာ ရယ်ရယ်မောမော စကားပြောနေတာကို တွေ့ရတယ်။

ချွမ်ရွေ့ လက်ထဲမှာတုန်းက သိပ်လှတဲ့ ပါး
ချိုင့်လေးတွေကို ထုတ်မပြနိုင် လောက်အောင် စိတ်ညစ်စရာတွေသာ ကြုံခဲ့ရတဲ့ အကိုက ခုတော့ တစ်ပါးသူကို အပြုံးတွေဖောဖောသီသီ ပေးနေခဲ့တယ်။ ချွမ်ရွေ့ ရဲ့
ခြေလှမ်းတွေက တုံ့ခနဲပဲ။

" ပင်ပန်းနေပြီလား...အင့်...Green tea
ဝယ်လာခဲ့တယ်..သောက်လိုက်အုံး....''

ထယ်ရယ့်လက်ထဲက ဘူးလေးကိုယူကာ
တစ်ကြိုက်တည်း မော့ချနေတဲ့ ကောင်​လေးကြောင့် သဘောတကျ ရယ်မိတယ်။ ပြီး
နောက် ထယ်ရယ့်မျက်နှာရှေ့ သူ့မျက်နှာ​လေးကို ထိုးပေးကာ လူလည်စကားလေးတွေကို ဆိုလာတယ်။

" ပင်ပန်းတယ် ချွေးတွေတောင် ထွက်နေပြီ
ဟျောင်း သုပ်ပေးမှ ဖြစ်မှာ...''

သူ့မျက်နှာပေါ်က ချွေးစလေးတွေကို လက်
ကောက်ဝတ်နားက ဟူဒီအင်္ကျီစနဲ့ သုပ်ပေးတော့ ပြုံးပြုံးလေး ငြိမ်ခံနေတာ။ ချစ်စရာ
ကောင်းတဲ့ ဝက်ဝံပေါက်​လေးရဲ့ နှာခေါင်း
လေးကို ဖွဖွလိမ်ဆွဲ ပေးတော့ မျက်နှာ​​လေးက စူပုပ်လို့ အလိုမကျဖြစ်ပြသေးတာ။

" Gymဆော့တာက နည်းနည်း ချွေးထွက်တိုင်းသုပ်ခိုင်း ချင်တာက များများပါလား ''

" ဟျောင်းဆီက အသားယူရဖို့ ကြိတ်ကြံရတဲ့
နည်းလမ်းတွေထဲက တစ်ခုလို့သာ မှတ်ထားလိုက် ''

နဖူးကိုလက်နဲ့ တွန်းလိုက်တော့ ထယ်ရယ့်လက်ကလေးကို ဆုပ်ကိုင်လာတဲ့ ကောင်လေး။ တစ်နေရာရာက လူတစ်ယောက်ကလဲ
လက်သီးဆုပ်တွေ တင်းခနဲ ဖြစ်လာလေသည်။

" ကျွန်တော့်ကို ဘယ်တော့အဖြေပေးမှာလဲ
ဟျောင်း....''

" ဒါတွေမစဉ်းစားချင်သေးဘူးလို့ ဟျောင်းပြောခဲ့တယ်မလားလေ ''

" ဟျောင်းက ကျွန်တော့်ကို ကြိုးရှည်ရှည်နဲ့
လှန်ထားတာပဲဗျာ...''

" ဟျောင်းဘယ်သူ့ကိုမှ အဲ့လိုမလုပ်ခဲ့ရပါ
ဘူး ''

သူကသာ ထိုသို့ အပြုလုပ်ခံခဲ့ရဖူးတဲ့သူ တစ်
ယောက်ဆိုတာ ဒီကောင်လေးမှ သိမနေပါဘဲလေ။ ဆုပ်ကိုင်ထားတဲ့ ထယ်ရယ့် လက်လေးအား ရင်ဘတ်နားမှာကပ်လို့ ထယ်ရယ့် မျက်နှာရှေ့ ငုံ့ကျလာကာ ပါးပြင်အား အနမ်း
ပေးတော့မို့ ပြင်နေတဲ့ ကောင်လေးကြောင့်
ထယ်ရယ် အနောက်ကို ဆုပ်ဖို့ ပြင်နေတုန်းမှာပဲ ရုတ်တရက် ဝင်ရောက်လာတဲ့ လူတစ်ယောက်ကြောင့် အထိတ်ထိတ် အလန့်လန့်
ဖြစ်သွားရသည်။

ခွပ်!! ခွပ်! !

" မင်းကများ ငါ့လူကို...တောက်ခ်...''

" ခင်ဗျား ကရော...ဘယ်ကကောင်လဲ..''

ခွပ်!!

သူတစ်ပြန် ကိုယ်တစ်ပြန် ထိုးကြိတ်နေကြတာကို ရပ်ကြည့်နေမိရာမှ ဝင်ဆွဲရမယ် ဆိုတဲ့
အသိကဝင်လာတော့သည်။

" နှစ်ယောက်လုံး ခုချက်ချင်း တော်လိုက်တော့...''

ထယ်ရယ်အတင်းကာရော ကြားဝင်ဖြေရှင်းမှ ရန်ပွဲကနေ မျက်စောင်း တပြင်ပြင်နဲ့ ငြိမ်သက်သွားကြသည်။ အခုဖြစ်နေတာကို လိုက်မှီဖို့ မနည်းစဥ်းစားနေရသည်။ ချွမ်ရွေ့က ဘယ်လိုလုပ် ဒီနေရာကို ရောက်နေခဲ့တာလဲ။ ခုနက မြင်ကွင်းတွေကိုများ မြင်သွားလား မသိဘူး။

" ဂွန်းနု...အဆင်ပြေရဲ့လား... ''

မျက်နှာတည့်တည့်ကို အထိုးခံရတာချင်း အတူတူ အကိုကသူ့ဘက်ကို တစ်ချက်လေးတောင် လှည့်ကြည့်မလာဘူး။ သူ့ကိုနမ်းဖို့
လုပ်နေခဲ့တဲ့ ကောင်ကိုသာ တနုတယ ဂရုစိုက်ပေးနေသည်။

" ပြေပါတယ်ဟျောင်း...ဒီလူကဘယ်သူလဲ ''

" မင်းကရော..ဘယ်ကကောင်လဲ...''

" သူကငါ့ချစ်သူပဲ ရှန်ချွမ်ရွေ့.... ''

" ..... ''

ထယ်ရယ့်ရဲ့စကားကြောင့် ဂွန်းနုရော ချွမ်ရွေ့ ပါ ထယ်ရယ့်ထံ ကြောင်စီစီ ကြည့်လာကြသည်။ မျက်နှာထားကို တည်တင်းရတာ
အသက်ကိုတောင် ဝဝ မရှူနိုင်သည်အထိ။
ကန်ရေပြင်လို ငြိမ်သက်တဲ့ စကားတွေကို
ဆိုရတော့မယ့် အခါမှာ တုန်လှုပ်နေတဲ့ ကြောက်စိတ်တွေကို အတတ်နိုင်ဆုံး ချိုးနှိမ်
ထားရသည်။

အံ့သြလျက်ကြည့်နေသူနဲ့ မျက်ဝန်းခြင်း ဆုံမိ
တော့ တစ်ချိန်က ရင်နာစရာ ဇာတ်လမ်းတွေက ထယ်ရယ့်ဦးနှောက်ထဲ တန်းစီ ပေါ်လာခဲ့တယ်။ ငိုရအောင် သိပ်လုပ်တဲ့ လူဆိုးလေးက
ခုလဲ သူ့ရှေ့တစ်ဖန် ပေါ်လာပြန်သည်။ ဒီလေးနှစ်အတွင်း သူသိပ်ကို ပြေးနိုင်နေပြီ
ထင်ခဲ့တာ။

သုံးလတစ်ခါ ရပ်ကွက်မျိုးစုံကို ပြောင်းရွှေ့နေထိုင်ကာ ဂင်မ်ထယ်ရယ် ဆိုတဲ့ နာမည်ကိုလဲ ဘယ်သူမှမသိနိုင်အောင် သိုသိပ်လျက်နေခဲ့သည်။ လွန်ခဲ့တဲ့ နှစ်နှစ်က ဆုံးသွားတဲ့ အဘိုးဖြစ်သူကြောင့် စိတ်ဓာတ်တွေကျနေခဲ့တဲ့
အချိန် ပတ်ဂွန်းနုဆိုတဲ့ ကျောင်းသားလေးက
သူ့အနားရောက်လာကာ ဖေးမပေးသည်။

ဒီကောင်​လေးကို သံယောဇဉ် တွယ်မိတာကြောင့် ဘယ်အရပ်ကိုပဲပြောင်းနေခဲ့ပါစေ
ထိုကောင်​လေးအနားကို တော့ ရောက်အောင်
သွားခဲ့သည်။ ထယ်ရယ့်ဘ​က်က အဖြူရောင်
သံယောဇဉ်ကြိုးအား ထိုကောင်​လေးမှ အရောင်ဆိုးချင်လာတဲ့ အခါမှာလဲ ဘာတုံ့ပြန်မှုမှ မပေးမိပါ။

နှလုံးသားချင်း ရင်းနှီးသွားရင် ထိုးစိုက်မယ့်
ဓားတွေက အချိန်နဲ့ တပြေးညီ ရောက်လာ လိမ့်မယ်ဆိုတာ ထယ်ရယ်ကိုယ်တိုင် ကိုယ်
တွေ့သိရှိခဲ့ရတာ ဖြစ်သည်။ ဒီအတိုင်း​လေး
နေထိုင်သွားရင် အဆင်ပြေပြီလို့ ထင်ခဲ့ပေ
မယ့် ခုလို အခြေအနေကို ရောက်လာပြန်တော့လဲ ဖြေရှင်းရုံပေါ့ ဘာတတ်နိုင်မှာလဲ။

" အခု...အကိုကဘာပြောလိုက်တာ..ဒီကောင်က အကို့ချစ်သူလို့ ပြောလိုက်တာလား..''

" အင်း..မင်းကြားတဲ့ အတိုင်းပဲ...''

" လိမ်တာ...''

" ဘာ...!! "

" အကိုလိမ်နေတာ...အကိုက ကျွန်တော်ကလွဲပြီး ဘယ်သူ့ကိုမှ မချစ်နိုင်ဘူးဆိုတာ ကျွန်တော်သိသားပဲ...လာလိမ်မနေနဲ့ မပီပြင်ဘူး အကို...''

ဒီကောင်လေး ကိုရီးယား စကားပြောတဲ့
လေယူလေသိမ်းက အရမ်းကောင်းလာတာပဲ။ စကားတွေအများကြီးကိုတောင် မထစ်တမ်း ပြောတတ်လာတယ်။ ရူးကြောင် ကြောင်နိုင်တဲ့ ဂင်မ်ထယ်ရယ် က ဒါကို ဂုဏ်ယူစရာလို တွေးနေပြန်သေးတာ။

ချွမ်ရွေ့ ရဲ့စကားကြောင့် ဘေးက ပတ်ဂွန်းနုကရှူးရှူးရှားရှား ဖြစ်လာတယ်။ အ​ခြေအနေကို ရိပ်မိတဲ့ ဂွန်းနုက ထယ်ရယ့် ကိုသူ့ရင်ခွင်ထဲသို့ ဆွဲထည့်လိုက်တော့ ချွမ်ရွေ့ မျက်လုံးတွေက မီးတောက်သဖွယ် ရဲတောက်လာတယ်။

" ကျွန်တော်က ဟျောင်းရဲ့ ချစ်သူလို့
ဟျောင်းကိုယ်တိုင်က ခင်ဗျားကို ပြောနေတယ်လေ...ယုံတာမယုံတာ ခင်ဗျားအပိုင်း
ခုတော့ ကျွန်တော်တို့ ပျော်ရွှင်စရာ အချိန်တွေ ကုန်ဆုံးသွားမှာစိုးလို့ ပြန်ခွင့်ပြုဦး..
ဪဒီနေ့ ပွဲကို မေ့ပေးလိုက်မယ် ကျွန်တော်
ကလူကောင်း​လေးမို့လို့လေ...''

" ဂွန်းနု ငါမင်းကိုဆေးထည့်ပေးမယ်...
အမြန်ပြန်ရအောင်...''

" သွားပြီနော်....ဘရို...''

ထွက်သွားတဲ့ ကျောပြင် နှစ်ခုကို ကြည့်ပြီး
ချွမ်ရွေ့ ခုထိ နေရာမှာတင် မလှုပ်မယှက် ရပ်နေမိတုန်း။ အကိုက ဘယ်က သတ္တိတွေနဲ့
သူ့ကို ကျောခိုင်းသွားနိုင်ရတာ တဲ့လဲ။ သူဝုန်းဒိုင်းကြဲပြရင် သူ့ကိုကြောက်ပြီး သူနဲ့ ပြန်
လိုက်နိုင်တယ်လို့ ထင်ခဲ့ပေမယ့် ခုပြောသွားတဲ့စကားတွေကိုတောင် ပြန်ကြားယောင်ရင်း
ကြောင်အ,နေမိတယ်။

တစ်ချိန်က ဂင်မ်ထယ်ရယ် ကအဲ့လို ဟုတ်မနေပါဘူး။ သူတစ်ချက် အော်လိုက်ရင်တောင်
တုန်တက်သွားတဲ့ထိ နိုင်စားလို့ရတဲ့ သူမျိုး။
မျက်ဝန်းထဲက မျက်ရည်ကြည်တွေ ပါးပြင်ပေါ်သို့ ခ,နေတာကို တောင် သတိမထားမိဘူး။ ဝဋ်လည်တာ ဆိုရင်တောင် အကို့တွက်
နောက်တစ်ယောက် ပေါ်လာမှာမျိုးကိုတော့
ချွမ်ရွေ့ လုံးဝမလိုလားဘူး။

အစက အကို့အနားကို လူလိမ်မာ​လေး အဖြစ် ပြန်လာတော့မို့ပဲ။ ခုတော့ အရင်လို
လူဆိုးကောင်​လေးအဖြစ်သာ တည်ရှိနေရအုံးမယ်။ ဂင်မ်ထယ်ရယ် က ပြောရခက်လို့လေ။ မဟုတ်ရင် သူလဲ ဘယ်ဆိုးချင်ပါ့မလဲ။
ချစ်တယ်ဆိုတဲ့ အရာကို အကို့ဆီက မရမချင်း ဇွဲရှိရှိ လိုက်နှောင့်ယှက်ရအုံးမယ်။

ရှန်ချွမ်ရွေ့ ကဆိုးတာ မဟုတ်ဘူး။
ဂင်မ်ထယ်ရယ် က ပြန်မချစ်တာ။

______________

" ပြောလေ...!! ကျန်းဟာအို မင်းဘာကြောင့်
တိတ်နေတာလဲ...ဟမ်!! "

" ငါပြောရင်ရော...မင်းကယုံမှာမို့လား ''

" ဘာပြောတယ်...?''

" ဟုတ်တယ်လေ ငါပြောရင်ရော မင်းက
ယုံမှာမို့လို့လား...တစ်ချိန်လုံး မင်းထင်သလို
မင်း မြင်သလိုသာ စွပ်စွဲနေခဲ့တာမဟုတ်ဘူးလား ''

တုန်ရီနေတဲ့ ခန္ဓာကိုယ်ကို လစ်လျူရှုပြီး
ဟာအိုမောင့် စွပ်စွဲချက်တွေအား ခွန်းတုံ့ပြန်မိတယ်။ ဒီလေးနှစ်ကျော်ကာလထိ ဆောင်းဟန်ဘင်း ရဲ့ အတွေးတွေက ပြောင်းလဲမသွားသေးဘူး။ သူမြင်တာကသာ အမှန်၊ သူထင်တာကသာ အမှန်ဆိုပြီး သတ်မှတ်ထားတာ။ တကယ်စိတ်ကုန်ဖို့ကောင်းတယ်။ မုန်း
တယ်ဆိုပြီး ပြောလာမှာကို ကြောက်လို့ အတတ်နိုင်ဆုံး သည်းခံပြီး နေပေမယ့် ခုချိန်ထိ သူ့အတ္တတွေက သူ့ကိုနှိပ်စက်နေမှန်း မသိသေးဘူး။

" စွပ်စွဲတယ်ဆိုတာ မင်းဘက်ကမှန်နေခဲ့တာ
ရှိလို့လား...မင်းငါ့ကိုတောင် ထားပြီး ရွေးချယ်ခဲ့တဲ့သူနဲ့ ထပ်ပြီးအတူရှိနေတာ တွေ့ရတာ ငါဘယ်လောက်ရင်ပူရတယ်မှတ်လဲ...
မင်းနည်းနည်းလေးတောင် ငါ့ဘက်ကို မတွေးဘူးလား ကျန်းဟာအိုရဲ့...''

သုံးယောက်အတူ ရှိနေတဲ့ ဓာတ်ပုံတစ်ပုံက
ဟန်ဘင်းအတွက် သိပ်ကိုစိတ်ခြောက်ခြား
သွားစေနိုင်တယ်။ ထပ်ပြီးများ ဆုံးရှုံးရတော့
မှာလား။ သူချစ်ရတဲ့သူက သူ့အနားကနေ
ထပ်ပြီး ထွက်သွားတော့မှာလား ဆိုပြီး တစ်လမ်းလုံးတွေးလာရတာ ကားအက်စီးဒန့် တောင် မဖြစ်ရုံတမယ်ပဲ။

မျက်ရည်သိပ်ပေါတဲ့ ကောင်လေးငိုကြွေးတာ
မြင်ရတိုင်း သူ့ရင်ဘတ်ထဲမှာပါ အတူလိုက်ငို
နေမိတာကို မမြင်ပါဘူးလေ။ အိပ်ယာပေါ် လှဲလိုက်တာနဲ့ ဘေးက ကျောပြင်လေးကို ကြည့်ရင်း မျက်ရည်တွေကျနေရတာကိုလဲ ဘယ်သူကမှ သိမနေဘူး။ မျက်ရည်ဆိုတာ ခံစားချက်တွေ ရဲ့အစပျိုးရာ။ အမှားကိုသာ လက်ခံပြီး နာကျင်မှုတွေ ပေးနေရတာရော သူ့အတွက် လွယ်ကူနေခဲ့မယ်ထင်လား။

မချစ်ဟန်ဆောင်နေတာမဟုတ်ဘူး။ မချစ်ပြရဲတော့တာ။ သေလောက်အောင် ချစ်ပြရင်
သေလောက်အောင် နာကျင်ရတယ်။ တိတ်တိတ်လေးသာ အချစ်တွေပေးရင် တိတ်
ဆိတ်ငြင်သာတဲ့ နာကျင်မှုတွေပဲ ရလိမ့်မယ်လို့ထင်ခဲ့တယ်။ ခုလို တိတ်ဆိတ်ပြတော့လဲ
ခြောက်ကပ်တဲ့ အထီးကျန်ဆန်တဲ့ နာကျင်မှုတွေကိုရပြန်တယ်။ မောင်ဘယ်လိုလုပ်ရပါ့
မလဲ။

ငိုနေရင်ရော ဟာအိုကသနားမှာလား။ ထပ်ပြီး မဖြစ်တော့ဘူးဆိုတဲ့ ဂတိတွေ ပေးမှာလား။ ပြီးရင် ဂတိတွေကို ထပ်မံချိုးဖောက်
ဦးမှာလား။ သေချာစဉ်းစားရင် မောင့်ဘက်ကလဲ ဒဏ်ရာတွေကြီးပါပဲ အချစ်ရဲ့ ။

" နောင်တတွေကို အလျော်ပေးတဲ့ အနေနဲ့
မင်းရဲ့ဘေးမှာ ဒီလေးနှစ်လုံး ရှိနေပေးခဲ့တယ် ဟန်ဘင်း... တစ်နေ့နေ့ မင်းငါ့ကိုများ
ခွင့်လွှတ်လာမလား ဆိုတဲ့စိတ်ကို ငါတစ်လျှောက်လုံး မျှော်လင့်ချက်အဖြစ်ထားခဲ့တယ်။ ဒါပေမယ့် မင်းကငါ့ကိုလုံးဝ မမြင်ဘူး။ မင်းအတ္တနဲ့ပဲ စုံလုံးကန်းနေခဲ့တာ။ ''

သိမ်ဝင်သွားတဲ့ စကားသံတွေအဆုံးမှာ ရှိုက်သံတစ်ချို့ပါ ကပ်ငြိလာတယ်။ ဟာအို့ မျက်လုံးတွေနာတယ်။ ငိုရလို့ အရမ်းကိုနာတယ်။ ရင်ဘတ်ထဲက ပိုနာတယ်။ မောင်က ခုချိန်ထိ နားမလည်ပေးနိုင်ဘူး ဆိုတာသိရလေစူးနစ်နေအောင် နာကျင်ရလေပဲ။ ဟာအို့ရဲ့အမှားကိုသာ မောင်ကမြင်တယ်။ ဟာအို့ရဲ့ အချစ်တွေကိုတော့ မောင်ကမမြင်ဘူး။

သိပ်ချစ်တယ်လို့  တဖွဖွပြောချင်တယ်။
ဟာအို့ ပေါင်ပေါ် ခေါင်းအုံးအိပ်ကာ
ချစ်စကားတွေ တီတီတာတာ ပြောတတ်တဲ့
ကောင်လေးကို ပြန်လိုချင်တယ်။ သေလောက်အောင် ရှင်းပြလဲ နားမဝင်ဘဲ ရှိနေတဲ့သူကို ဟာအိုဘယ်လို လုပ်ရမလဲ။ ငါ့ကိုယုံကြည်ပေးပါလို့ တောင်းဆိုရတာ များလွန်းလို့ နှုတ်ကတောင် မထွက်ချင်တော့ဘူး။

" ငါက မင်းကိုမမြင်ဘူးလို့ ဘာကြောင့် ပြောရတာလဲ ကျန်းဟာအို ''

" မဟုတ်လို့လား မင်းငါ့ကိုနည်းနည်းလေးမှ မမြင်ဘူး..နားမလည်ဘူး.... ယုံကြည်မပေးဘူးလေ....ဆောင်းဟန်ဘင်းရဲ့..!! "

" ယုံကြည်မပေးဘူး...အဟက်...သိပ်ရယ်စရာကောင်းတာပါလား...''

ရယ်သံအဆုံးမှာမောင်က ခြေလှမ်းကျဲတွေနဲ့
အဝတ်ဗီရို ရှိရာသို့ သွားသည်။ ပြီးနောက်
ထိုထဲက တစ်စုံတစ်ခုအား ထုတ်ယူလာကာ
ကုတင်ပေါ်က ဟာအို့ဆီသို့ပြန်လာ ​လေသည်။ ဟာအိုမျက်စိရှေ့သို့ ထိုတစ်စုံတစ်ခု
လေးရောက်လာတဲ့ အခါ စဉ်းစားမရတဲ့
အတွေးတို့ ဝင်လာမိသည်။

" ဒီမှာကြည့်စမ်း!! မင်းမျက်လုံးနဲ့ ဒါကို သေချာကြည့်စမ်းပါ....''

ဟိုနေ့က ဟာအိုရုတ်တရက် တွေ့လိုက်ရတဲ့
ဟာအိုတို့ကြားက အမှတ်တရ ဆွဲကြိုးလေး။
ဒါကို မောင်က ဘာကြောင့် ဟာအို့ထံ ရုတ်
ရုတ်သဲသဲ ပုံစံနဲ့ လာပြနေရတာလဲ။

" ငါမင်းအပေါ် ဘယ်လောက်ထိ ယုံကြည်မှုတွေ ထားခဲ့သလဲ ဆိုတာ...ဒီဆွဲကြိုးက သက်သေတစ်ခုအဖြစ်ပါတယ်။ ဒီ့ထက်ပိုတဲ့
ယုံကြည်မှုတွေကိုလဲ မင်းကိုပေးခဲ့တယ်။ ဒါပေမယ့် မင်းရဲ့ စောက်ရေးမပါတဲ့ ရွေးချယ်မှုကပဲ အဲ့ယုံကြည်မှုတွေကို ကမ်းပါးပြိုသလို
ဖြိုချပစ်လိုက်တာ...''

" အဲ့ဆွဲကြိုးက မင်းကိုယ်တိုင်ပဲ လွှင့်ပစ်ခဲ့တာလေ အဲ့အချိန်ထဲကငါ့ကို နောင်တတွေနဲ့ ရှင်သန်ရအောင် လုပ်ထားခဲ့ပြီးပြီလေ
ထပ်ပြီး ငါမင်းကို ဘယ်လောက်ထိ ပေးဆပ်
နေရအုံးမှာလဲ...ဟန်ဘင်းရဲ့....ဟင့် ''

" ငါနာကျင်ရသလောက်..မင်းလဲနာကျင်ရမှာပေါ့ ကျန်းဟာအိုရဲ့...!! "

" ငါက မင်းနာကျင်ရတာထက်တောင် ပိုနေပြီ
စိတ္တဇကောင်ရဲ့....!''

ဟာအိုဘေးနားက ခေါင်းအုံးတစ်လုံးနဲ့ ဟန်ဘင်း ဆီသို့ ပစ်ပေါက်လိုက်သည်။ ဒီလောက်
လွဲနေရရင် တော်ပြီပေါ့။ ဘယ်လောက်ထိ အရူးလိုမောင့်ကို ရေငုံနှုတ်ပိတ်ပြီး သည်းခံ
နေရမှာလဲ။

" မင်းအဲ့လောက် မယုံနိုင်ရင် သားကို DNAစစ်လိုက်လေ...စစ်လိုက် !! ဒီလေးနှစ်လုံး ငါပြောသမျှ ငါရှင်းပြသမျှ မင်းနားမဝင်ဘူး...မင်းကကြီးပဲ အမှန်လို့ ဘာကြောင့် သတ်မှတ်နေရတာလဲ...ငါလဲ ခံစားချက် ရှိတယ် ငါလဲ နာတတ်တယ်...ဆောင်းဟန်ဘင်း
ရဲ့...!! "

လက်ထဲက ဆွဲကြိုးအား ကြမ်းပြင်ပေါ်သို့ ပစ်ချကာ ဒေါသတကြီး ငိုရှိုက်နေသူရဲ့ ပုခုံးနှစ်ဖက်ကို တင်းကြပ်နေအောင် ပြန်လည် ဆုပ်ကိုင်လိုက်သည်။ ဟာအိုက အသိစိတ်ကပ်မနေသလို မျက်ရည်လည်ရွဲနဲ့ သူ့ထံ
ကြည့် လာခဲ့တယ်။ သူလုံးဝ ကြောက်ရွံ့နေခဲ့တဲ့ အရာကို ပြောပြဖို့ တွန့်ဆုတ်မနေတော့ဘူး။ ဒီအရာကြီးက သူ့အိပ်မက်ထဲထိ ခြောက်လှန့်နေတာကို သူနေ့နေ့ညည ခံစားခဲ့ရတာ သူသာလျှင်သိသည်။

" မစစ်ဘူး...မစစ်နိုင်ဘူး...ရှန်ချွမ်ရွေ့ နဲ့ ရတဲ့
ကလေးဆိုတာကို ဆေးစစ်ချက်အဖြေမှာသာ
ထပ်မြင်ရရင် ငါဒီ့ထက်ပိုပြီး ရူးသေမှာ...
မလုပ်နိုင်ဘူး... ငါအဲ့လိုမလုပ်နိုင်ဘူး..
အား....!! ငါ့ကို ဘာကြောင့် ဒီလို စိတ်ဒဏ်ရာ
မျိုးပေးရတာလဲ ကျန်းဟာအိုရယ်...''

မှန်တင်ခုံပေါ်က ပစ္စည်းမှန်သမျှကို တွန်းတိုက်ချကာ ပေါက်ကွဲနေပြန်သည်။ Brand
ရေမွှေးပုလင်းတွေကလဲ အစိတ်အစိတ် အမွှာမွှာ ကွဲကြေလို့။ ပြိုင်တူ ငိုကြွေးသံတွေက
ရင်ဘတ်ထဲက သူမတူတဲ့ ဒဏ်ရာမျိုးစုံကို
ကုစားမပေးနိုင်ဘူး။ ရူးနေပြီ...နှစ်ယောက်
လုံးရူးနေကြပြီ။ ချစ်လွန်းလို့ရူးကြတဲ့ အချစ်ရူးတွေ ဖြစ်ကုန်ကြပြီ။

မှားတယ် နှစ်ဦးစလုံးဟာ မှားနေကြတယ်။
သို့ပေမယ့် အမှားပြုလုပ်သူ နောက်ကို အမှား
ကျူးလွန်သူက လိုက်နေတဲ့အခါမှာ အမှန်တရားဆိုတာ ခပ်ရေးရေးသာ ပေါ်တဲ့ မြူမှုန်
စ,လေးလို။ မျက်ရည်တွေသာ အဖတ်တင်တဲ့
သူတို့ဘဝမှာ ရှေ့ဆက်ဖို့ဆိုတာ လွယ်ကူပါ့မလား။ ခိုင်မာတဲ့ ဆုံးဖြတ်ချက် ကို ချတဲ့အခါမှာရော တစ်ဖက်လူက လက်ခံမှာတဲ့လား။

" ဟန်ဘင်း...ငါ့ကိုလွှတ်ချလိုက်ပါတော့ ''

လေးနှစ်အတွင်း ပြောင်းလဲမသွားတဲ့ အိမ်ထောင်ရေးဟာ အမှားတွေကိုသာ အခြေယူလို့ တည်ဆောက်ထားတဲ့အခါ ပြိုလဲ ယိုင်နဲ့ဖို့ လက်တစ်ကမ်းအလိုမှာ။ ရွေးချယ်မှု မှားယွင်းပြီးဆိုထဲက သာယာတဲ့ဘဝကို မျှော်လင့်မနေသင့်ကြောင်း သင်ခန်းစာ ရလိုက်သလိုပဲ။ အချစ်တွေကို ဟာအို တစ်ယောက်ထဲက ပေးနေရတာ ရှက်စရာတောင် ကောင်းလာပြီ။

" ငါလဲအရမ်းပင်ပန်းနေပြီ ဟန်ဘင်း....
ငါ့ကို ငါ့ဘဝနဲ့ငါ လွှတ်ထားလိုက်ပါတော့...
တောင်းဆိုပါတယ်...ဆက်ပြီး မင်းအနားနေဖို့ငါ့မှာ အားအင်တွေမရှိတော့ဘူး....ရှေ့ဆက်ပြီး ဒီလိုပုံစံနဲ့ ငါတို့အဆင်ပြေနိုင်မှာမဟုတ်ဘူး...မင်းထင်မြင်သမျှကိုသာ အမှန်လို့ မှတ်ချင်လဲ မှတ်လိုက်တော့...''

ဟာအိုကသာ အားယူလျက် စကားတွေကို
တရဆက် ပြောနေပေမယ့် ရှေ့က မောင်ကတော့ အမူအရာတစ်ချက် ပြောင်းသွားခြင်းမရှိဘဲ ဟာအို့စကားတွေအား နားထောင်နေခဲ့သည်။ အခန်းရဲ့ လေထုကအေးစက်လာသည်။ ပစ်ချထားတဲ့ ကော်ရုပ်တရုပ်နှယ် ငြိမ်သက်နေတဲ့ မောင်က မျက်ရည်တွေဒရဟော
ပါးပြင်ပေါ် ဆင်းသက်နေတာကိုတောင် သတိထားမိပုံမရ။

ပုခုံးပေါ်က လက်အစုံဟာ ပြေကျသွားသည်။
ကြောင်အ,စွာ ကြည့်နေတဲ့ ဟာအို့ကို မျက်ဝန်းတွေ ​မှေးကျဥ်းလျက် ပြန်ကြည့်ရင်း
ခြေလှမ်းတွေကို တဖြေးဖြေး အနောက်ဆုတ်ကာ တံခါးဆီသို့ ဦးတည်သွားသည်။ ပြီးနောက် အခန်းအပြင်ထွက်ကာ တံခါးကို အုန်းခနဲ မြည်အောင် ပိတ်သွားတော့သည်။

ဟာအို ကြောက်စိတ်ကြောင့် အလန့်တကြား
အခန်းတံခါး နားဆီပြေးသွားပေမယ့် တံခါးကို အပြင်ကနေ လော့ချနေတဲ့ အသံကြောင့်
ကမ္ဘာကြီး တစ်ခုလုံး ရပ်တန့်သွားသလိုပင်။
မောင်က ဘယ်လိုပုံစံနဲ့ အရူးထနေပြန်ပြီလဲ။
ဟာအိုထင်နေသလိုတော့ မဟုတ်ဘူးမလား။

ဒုန်း!! ဒုန်း!!

" ဆောင်းဟန်ဘင်း! ! မင်းအခုဘာလုပ်တာလဲ...ခုချက်ချင်း တံခါးကို ပြန်ဖွင့်ပေးစမ်း!!''

" မင်းငါ့ဆီက ထွက်ပြေးတော့မလို စကားတွေပြောနေတာ ငါမခံနိုင်ဘူး....ကျန်းဟာအို
ဒီထဲမှာပဲ မင်းနေရမယ်...ငါပြောထားတယ်မလား ငါ့နားက မင်းထပ်ပြီး ထွက်သွားလို့
မရဘူးလို့...''

" အဓိပ္ပာယ် မရှိတာတွေ လုပ်မနေနဲ့ ဟန်ဘင်း
ငါ့ကိုတံခါးဖွင့်ပေးစမ်းပါ...အပြင်က သားလေးအရမ်းကြောက်သွားလိမ့်မယ်..ဟန်ဘင်း..ဟင့်...''

" မင်းရဲ့သားကို ငါသေချာကြည့်ပေးထားမှာပေါ့ စိတ်မပူပါနဲ့ ..... လောကကြီးနဲ့ အဆက်သွယ်ပြတ်ပြီး...အရူးလိုဖြစ်ရတဲ့ နေ့ရက်မျိုးတွေကို တစ်ခဏလောက် ခံစားကြည့်လိုက်.''

ဟန်ဘင်းပြောနေရင်းနဲ့ အိပ်ဆေးတွေ ညစဥ်ညတိုင်းသောက်ခဲ့ရတဲ့နေ့တွေ၊ လက်ကောက်
ဝတ်ပေါ် ဓားသွားထက်ထက်တွေကို တင်ကာ
လှီးမလိုဖြစ်ခဲ့ရတဲ့ နေ့ရက်တွေကို ပြန်တွေးမိသွားတယ်။ သူအတ္တကြီးတယ်ဆိုတာ သူ့အချစ်က​လေးပေးတဲ့ စိတ်ဒဏ်ရာ လောက်
ကြောက်ဖို့ မကောင်းသေးပါဘူးလေ။ တစ်သက်လုံး ဘယ်သူမှ မသိအောင် သိမ်းဆည်းသွားမယ့် ထိုမှတ်ဉာဏ်တွေက
အခုမှ ဖွင့်ဟ,မိတော့သည်။

" ဟန်ဘင်း...ဟန်ဘင်း...!! "

အခန်းထဲက ချစ်ရသူရဲ့ အော်သံတွေအား
လျစ်လျူရှုကာ တီဗွီစင်ရှေ့က ဆိုဖာပေါ်မှာ သူ့အား ကြောင်ကြည့်နေတဲ့ ကလေးလေးအား ပထမဆုံးအကြိမ် ပြုံးပြမိတယ်။ မျက်လုံးလေးတွေ ဝိုင်းစက်သွားအောင် အံ့သြသွားတဲ့ ထိုကလေးဟာ သူ့ထံပြေးလာခဲ့တယ်။

" ဒယ်ဒီ..."

ထိုခေါ်သံအား မတားမိတော့ဘူး။ ကလေးလေးနဲ့ အရပ်ကိုတန်းတူဖြစ်အောင် ထိုင်ချလိုက်တော့ ကလေးလေးက သူ့အား ဖက်တွယ်လာတယ်။ ဟန်ဘင်းကတော့ လက်နှစ်ဖက်ကို ဘေးဘက်သာ ကပ်ထားမိတယ်။
ပြန်လည် ပွေ့ဖက်ပေးဖို့ထိ သူမရဲဘူး။

" ဒယ်ဒီ...ပါပါးက အထဲမှာ ဘာလုပ်နေတာလဲဟင်...''

" မင်းက ဘာလုပ်မို့လဲ...?''

" ဟို...သားသား ဗိုက်ဆာလို့...''

ဟန်ဘင်း မျက်ခုံးတစ်ဖက်ကို ပင့်ပြလိုက်တော့ ပိုးစားနေတဲ့ သွားလေးတွေနဲ့ ဟီးခနဲ
ရယ်ပြလာသည်။ အခုချိန် သူ့ပါပါးကို အခန်းထဲချုပ်ထား မိတာဆိုတော့ ဒီကလေးရဲ့ ဝေယျာဝေစ္စ တွေကို သူပဲလုပ်ပေးရတော့မှာပေါ့။ တစ်ခုအပေါ် သူရူးလုပ်ရင် တစ်ခုအပေါ်တော့ သူကောင်းဖြစ်ပေးရမယ် မဟုတ်လား။

" မင်းပါပါး နေမကောင်းဘူး.... ဗိုက်ဆာရင်
ငါနဲ့လိုက်ခဲ့...''

" ဟုတ်ကဲ့ ဒယ်ဒီ...''

ဟန်ဘင်းရဲ့ လက်သန်းအား ချိတ်တွယ်လာတဲ့ လက်သေးသေးလေးကြောင့် ဟန်ဘင်း
သွေးပြန်ကြောတွေ ကပြောင်းကပြန် စီးဆင်းသွားသလို။ ဒီကလေးနဲ့ စတွေ့ချိန်ထဲက အထိအတွေ့မရှိခဲ့တာကြောင့် ဖြစ်လိမ့်မည်ဟု ထင်မှတ်မိခဲ့သည်။ သို့သော်သူမသိတာက သွေးက စကားပြောတာ ဖြစ်ကြောင်း
ကိုပေါ့။

______________

ဟာအို အခန်းထောင့်က တိုင်ကပ်နာရီကို
ကြည့်လိုက်တော့ ည၉နာရီ ဆိုတဲ့ အချိန်ကို
ရောက်နေလေပြီ။ အသံလုံတဲ့ အခန်းတွေ ဖြစ်တာကြောင့် ပြင်ပကအသံရော အတွင်းထဲကအသံရော တော်ရုံ ကြားနိုင်ဖို့မလွယ်။
သားနဲ့ ဟန်ဘင်းရဲ့အခြေအနေက ဘယ်လို
ဖြစ်နေမလဲ။ မောင်က သူ့သားလေးကို ဆူပူ
ရိုက်နှက်နေမလားတွေးရင်း စိတ်ပူမှူနှုန်းက
မြင့်တက်လာရသည်။

" ဒယ်ဒီ...သားသား အိပ်ချင်ပြီ...''

ကြာလာတော့ ထိုကလေးဆီက ဒယ်ဒီလို့ အ
ခေါ်ခံရတာက သိပ်ပြီးနားဝင်မဆိုးတော့ဘူး။
နားတောင်ယဥ်လာသလိုပဲ။ သူက အရောဝင်မိတာနဲ့ တစ်တောက်တောက် လိုက်ကပ်နေတော့တာကြောင့် အစမှာ စိတ်ရှုပ်မိပေမယ့်
ခုတော့ နေသားကျစ ပြုလာလေပြီ။

" အိပ်ချင်ရင် ကိုယ့်အခန်းကိုယ် သွားအိပ်လေကွ...''

" ပါပါးက အမြဲတမ်း အိပ်ခါနီးတိုင်း သားသားကိုချော့သိပ်တယ်...အဲ့တော့မှ သားသားက အိပ်ပျော်တာ ဒယ်ဒီရဲ့...''

ဒီကလေးက ဒီလောက်တောင် စကားတတ်တာလား။ နှုတ်ခမ်းကို ထော်ကာ ပြောနေပုံက
ဟန်ဘင်းကို မသိစိတ်က အသည်းယားစေတယ်။ ဒေါသအပူမီးတွေတောင် ချုပ်ငြိမ်းသွားသလို တစ်မဟုတ်ချင်း ပြောင်းလဲသွားတဲ့ ဟန်ဘင်းရဲ့စိတ်ကြောင့် ကိုယ့်ကိုကိုယ်
တောင် လန့်လာမိတယ်။

" အဲ့တော့ငါက ဘာလုပ်ပေးရမှာလဲ ''

" ဒယ်ဒီ သားသားကို ချော့သိပ်ပါလားဟင် ''

မျှော်လင့်နေသလို မျက်နှာပေးလေးနဲ့ ဒီကလေးက အတော် စိတ်မခိုင်အောင် လုပ်နိုင်တာပဲ။

" မင်းကအတော် အလုပ်ရှုပ်တဲ့ ကလေးပဲ...
တက်တက်..မင်းကုတင်ပေါ်ကို တက်... ငါဘေးနားရှိနေမယ်...''

ဟန်ဘင်းစကားအဆုံး လစ်ခနဲပြေးတက်သွားသည်။ ပြီးနောက် ဟန်ဘင်းဘက် လှည့်ကာ ပြုံးပြုံးလေး နဲ့ မျက်လုံးကို အသာမှိတ်ထားသည်။

" ဒယ်ဒီ....''

" ကျစ်..ဘာလဲကွာ...''

" သားသားကျောလေးကို ပုတ်ပေးပါအုံး...
သားသားအဲ့လိုမှ....သေချာအိပ်ပျော်တာ..''

ပါးစပ်ကသာ ငြင်းဆိုချင်ပေမယ့် ဟန်ဘင်းရဲ့ လက်ဖဝါးတွေက ထိုက​လေးရဲ့ ကျောပြင်သေးသေးလေးပေါ်သို့ ကျရောက်သွားလေသည်။

" ဟူး....ပါပါး နေမြန်မြန်ကောင်းမှဖြစ်မယ်
ဒယ်ဒီက သားသားကို ညစာလဲ ပြင်ပေးတယ်ဆိုတာရော...ချော့လဲသိပ်တယ်ဆိုတာရော..
ပြောပြရအုံးမှာ....''

ဆစ်ခနဲ ဖြစ်သွားတဲ့ နှလုံးအိမ်က မညာချင်ပဲ
ညာနေတဲ့ ဟန်ဘင်းအား သတိပေးနေတယ်။
ဒီကလေးဟာ...ဟန်ဘင်းနဲ့များ...

______________

Trust me:

14.10.2023 Sat
❀ PanSuKhat ❀  

လူဆိုးကောင်လေးတွေလဲ အသဲနဲ့ပါ ><

Daily Update ပေးရင် စိတ်ဆိုးမှာလား^^

Zawgyi

ဂင္မ္ထယ္ရယ္ကို ဆိုးလ္ရဲ့ ေကာ္ဖီဆိုင္ တစ္
ဆိုင္မွာ ေတြ့လိုက္တယ္ဆိုတဲ့ ခြၽမ္ေရြ့ လူယံုရဲ့စကားေၾကာင့္ ဆိုးလ္ကို အေစာဆံုး flight
နဲ႔ ဆင္းလာခဲ့သည္။ ထို ေကာ္ဖီဆိုင္အနီးက ရပ္ကြက္တစ္ခုထဲတြင္ ေနထိုင္တာျဖစ္ပံုရတာေၾကာင့္ ခြၽမ္ေရြ့ကိုယ္တိုင္ ထိုရပ္ကြက္ကို
လမ္းၾကားေတြပါမက်န္ စံုစမ္းခဲ့ေပမယ့္ ဂင္မ္
ထယ္ရယ္ နဲ႔ပတ္သက္ၿပီး အစအနေတာင္ မသိရ။

အဲ့ဒီရပ္ကြက္ကမဟုတ္လဲ တျခားကေန ဒီ
ေကာ္ဖီဆိုင္မွာမ်ား လာထိုင္ႏိုင္မလား ဆိုၿပီး
ေန့တိုင္း လာထိုင္ေစာင့္ေပမယ့္လဲ ဘာအရိပ္
အေယာင္မွကို မေတြ့ရ။ ဂင္မ္ထယ္ရယ္ ရဲ့
ပုန္းကြယ္ႏိုင္စြမ္းက လက္ဖ်ားခါေလာက္တယ္။ ဒီကိုယ္လံုးေသးေသးေလးက လစ္ခနဲ
ေျပးထြက္ထြက္သြားတာ ဘာေလးမွန္းကိုမသိ သူ႔ကိုရူးေအာင္လုပ္​ေနတာ။

ဒီေန့လဲ ေပၚမလာတဲ့သူကို ေစာင့္ရတာနဲ႔ အခ်ိန္ကုန္သြားျပန္ၿပီ။ မေသခ်ာတာမို႔ ရွန္ဟိုင္းကိုသာ ျပန္ေတာ့ဖို႔ စဉ္းစားမိသည္။ သူ႔လူေတြကိုသာ ဆက္ေစာင့္ၿပီး အေျခအေန
ၾကၫ့္ခိုင္းထားရေတာ့မွာပဲ။ ဒရိုင္ဘာ တံခါး
ဖြင့္ေပးတဲ့ ကားထဲ ဝင္ေတာ့မည္အျပဳ ျမင္ကြင္းေရ႔ွကေန ျဖတ္ေျပးသြားတဲ့ အဝါေရာင္ ဟူဒီေလးနဲ႔ အရိပ္ေလး တစ္ခု။

" ဟင္...ဂင္မ္ထယ္ရယ္ ''

စိတ္လႈပ္ရွားမႈေၾကာင့္ ပတ္ဝန္းက်င္ကို ေမ့ကာ ထိုအရိပ္ေလးေနာက္ ေျပးလိုက္သြားမိ
သည္။ အေနာက္ကလွမ္းေခၚတဲ့ ဒရိုင္ဘာနဲ႔
သူ႔လူေတြရဲ့ အသံကိုလဲ နားမေယာင္ႏိုင္​ေတာ့ဘူး။ အခုမွ မဖမ္းႏိုင္ရင္ ေနာက္ဘယ္​ေတာ့မ်ားမွ ဖမ္းမိႏိုင္မယ္ မသိဘူး။

အေတာ္ေလး လွမ္းတဲ့ ေနရာမွာ ျဖစ္တာေၾကာင့္ ေအာ္ေခၚေနတာကိုေတာင္ မၾကားရဘူးထင္တယ္။ Gym တစ္ခုရဲ့အေရ႔ွမွာ
ရပ္သြားတာေၾကာင့္ သူပါမလွမ္းမကမ္းကေန လိုက္ရကာ ခဏအေမာေျဖေနရတယ္။ ၿပီးေနာက္ သူ အကို႔အနားကို လွမ္းသြားဖို႔ ျပင္တဲ့ အခ်ိန္မွာပဲ ထိုGym ဆိုင္ထဲမွ ​ထြက္လာတဲ့ ခ်ိဳင္းျပတ္ တီရွပ္နဲ႔ ေဘာင္းဘီတိုဝတ္ထားတဲ့ ေကာင္​ေလးတစ္ေယာက္အားၿပံဳးျပကာ ရယ္ရယ္ေမာေမာ စကားေျပာေနတာကို ေတြ့ရတယ္။

ခြၽမ္ေရြ့ လက္ထဲမွာတုန္းက သိပ္လွတဲ့ ပါး
ခ်ိဳင့္ေလးေတြကို ထုတ္မျပႏိုင္ ေလာက္ေအာင္ စိတ္ညစ္စရာေတြသာ ႀကံဳခဲ့ရတဲ့ အကိုက ခုေတာ့ တစ္ပါးသူကို အၿပံဳးေတြေဖာေဖာသီသီ ေပးေနခဲ့တယ္။ ခြၽမ္ေရြ့ ရဲ့
ေျခလွမ္းေတြက တံု႔ခနဲပဲ။

" ပင္ပန္းေနၿပီလား...အင့္...Green tea
ဝယ္လာခဲ့တယ္..ေသာက္လိုက္အံုး....''

ထယ္ရယ့္လက္ထဲက ဘူးေလးကိုယူကာ
တစ္ႀကိဳက္တည္း ေမာ့ခ်ေနတဲ့ ေကာင္​ေလးေၾကာင့္ သေဘာတက် ရယ္မိတယ္။ ၿပီး
ေနာက္ ထယ္ရယ့္မ်က္ႏွာေရ႔ွ သူ႔မ်က္ႏွာ​ေလးကို ထိုးေပးကာ လူလည္စကားေလးေတြကို ဆိုလာတယ္။

" ပင္ပန္းတယ္ ေခြၽးေတြေတာင္ ထြက္ေနၿပီ
ေဟ်ာင္း သုပ္ေပးမွ ျဖစ္မွာ...''

သူ႔မ်က္ႏွာေပၚက ေခြၽးစေလးေတြကို လက္
ေကာက္ဝတ္နားက ဟူဒီအက်ႌစနဲ႔ သုပ္ေပးေတာ့ ၿပံဳးၿပံဳးေလး ၿငိမ္ခံေနတာ။ ခ်စ္စရာ
ေကာင္းတဲ့ ဝက္ဝံေပါက္​ေလးရဲ့ ႏွာေခါင္း
ေလးကို ဖြဖြလိမ္ဆြဲ ေပးေတာ့ မ်က္ႏွာ​​ေလးက စူပုပ္လို႔ အလိုမက်ျဖစ္ျပေသးတာ။

" Gymေဆာ့တာက နည္းနည္း ေခြၽးထြက္တိုင္းသုပ္ခိုင္း ခ်င္တာက မ်ားမ်ားပါလား ''

" ေဟ်ာင္းဆီက အသားယူရဖို႔ ႀကိတ္ႀကံရတဲ့
နည္းလမ္းေတြထဲက တစ္ခုလို႔သာ မွတ္ထားလိုက္ ''

နဖူးကိုလက္နဲ႔ တြန္းလိုက္ေတာ့ ထယ္ရယ့္လက္ကေလးကို ဆုပ္ကိုင္လာတဲ့ ေကာင္ေလး။ တစ္ေနရာရာက လူတစ္ေယာက္ကလဲ
လက္သီးဆုပ္ေတြ တင္းခနဲ ျဖစ္လာေလသည္။

" ကြၽန္ေတာ့္ကို ဘယ္ေတာ့အေျဖေပးမွာလဲ
ေဟ်ာင္း....''

" ဒါေတြမစဉ္းစားခ်င္ေသးဘူးလို႔ ေဟ်ာင္းေျပာခဲ့တယ္မလားေလ ''

" ေဟ်ာင္းက ကြၽန္ေတာ့္ကို ႀကိဳးရွည္ရွည္နဲ႔
လွန္ထားတာပဲဗ်ာ...''

" ေဟ်ာင္းဘယ္သူ႔ကိုမွ အဲ့လိုမလုပ္ခဲ့ရပါ
ဘူး ''

သူကသာ ထိုသို႔ အျပဳလုပ္ခံခဲ့ရဖူးတဲ့သူ တစ္
ေယာက္ဆိုတာ ဒီေကာင္ေလးမွ သိမေနပါဘဲေလ။ ဆုပ္ကိုင္ထားတဲ့ ထယ္ရယ့္ လက္ေလးအား ရင္ဘတ္နားမွာကပ္လို႔ ထယ္ရယ့္ မ်က္ႏွာေရ႔ွ ငံု႔က်လာကာ ပါးျပင္အား အနမ္း
ေပးေတာ့မို႔ ျပင္ေနတဲ့ ေကာင္ေလးေၾကာင့္
ထယ္ရယ္ အေနာက္ကို ဆုပ္ဖို႔ ျပင္ေနတုန္းမွာပဲ ရုတ္တရက္ ဝင္ေရာက္လာတဲ့ လူတစ္ေယာက္ေၾကာင့္ အထိတ္ထိတ္ အလန႔္လန႔္
ျဖစ္သြားရသည္။

ခြပ္!! ခြပ္! !

" မင္းကမ်ား ငါ့လူကို...ေတာက္ခ္...''

" ခင္ဗ်ား ကေရာ...ဘယ္ကေကာင္လဲ..''

ခြပ္!!

သူတစ္ျပန္ ကိုယ္တစ္ျပန္ ထိုးႀကိတ္ေနၾကတာကို ရပ္ၾကည့္ေနမိရာမွ ဝင္ဆြဲရမယ္ ဆိုတဲ့
အသိကဝင္လာေတာ့သည္။

" ႏွစ္ေယာက္လံုး ခုခ်က္ခ်င္း ေတာ္လိုက္ေတာ့...''

ထယ္ရယ္အတင္းကာေရာ ၾကားဝင္ေျဖရွင္းမွ ရန္ပြဲကေန မ်က္ေစာင္း တျပင္ျပင္နဲ႔ ၿငိမ္သက္သြားၾကသည္။ အခုျဖစ္ေနတာကို လိုက္မွီဖို႔ မနည္းစဥ္းစားေနရသည္။ ခြၽမ္ေရြ့က ဘယ္လိုလုပ္ ဒီေနရာကို ေရာက္ေနခဲ့တာလဲ။ ခုနက ျမင္ကြင္းေတြကိုမ်ား ျမင္သြားလား မသိဘူး။

" ဂြန္းႏု...အဆင္ေျပရဲ့လား... ''

မ်က္ႏွာတည့္တည့္ကို အထိုးခံရတာခ်င္း အတူတူ အကိုကသူ႔ဘက္ကို တစ္ခ်က္ေလးေတာင္ လွည့္ၾကည့္မလာဘူး။ သူ႔ကိုနမ္းဖို႔
လုပ္ေနခဲ့တဲ့ ေကာင္ကိုသာ တႏုတယ ဂရုစိုက္ေပးေနသည္။

" ေျပပါတယ္ေဟ်ာင္း...ဒီလူကဘယ္သူလဲ ''

" မင္းကေရာ..ဘယ္ကေကာင္လဲ...''

" သူကငါ့ခ်စ္သူပဲ ရွန္ခြၽမ္ေရြ့.... ''

" ..... ''

ထယ္ရယ့္ရဲ့စကားေၾကာင့္ ဂြန္းႏုေရာ ခြၽမ္ေရြ့ ပါ ထယ္ရယ့္ထံ ေၾကာင္စီစီ ၾကည့္လာၾကသည္။ မ်က္ႏွာထားကို တည္တင္းရတာ
အသက္ကိုေတာင္ ဝဝ မရႉႏိုင္သည္အထိ။
ကန္ေရျပင္လို ၿငိမ္သက္တဲ့ စကားေတြကို
ဆိုရေတာ့မယ့္ အခါမွာ တုန္လႈပ္ေနတဲ့ ေၾကာက္စိတ္ေတြကို အတတ္ႏိုင္ဆံုး ခ်ိဳးႏိွမ္
ထားရသည္။

အံ့ၾသလ်က္ၾကည့္ေနသူနဲ႔ မ်က္ဝန္းျခင္း ဆံုမိ
ေတာ့ တစ္ခ်ိန္က ရင္နာစရာ ဇာတ္လမ္းေတြက ထယ္ရယ့္ၪီးေနွာက္ထဲ တန္းစီ ေပၚလာခဲ့တယ္။ ငိုရေအာင္ သိပ္လုပ္တဲ့ လူဆိုးေလးက
ခုလဲ သူ႔ေရ႔ွတစ္ဖန္ ေပၚလာျပန္သည္။ ဒီေလးႏွစ္အတြင္း သူသိပ္ကို ေျပးႏိုင္ေနၿပီ
ထင္ခဲ့တာ။

သံုးလတစ္ခါ ရပ္ကြက္မ်ိဳးစံုကို ေျပာင္းေရႊ့ေနထိုင္ကာ ဂင္မ္ထယ္ရယ္ ဆိုတဲ့ နာမည္ကိုလဲ ဘယ္သူမွမသိႏိုင္ေအာင္ သိုသိပ္လ်က္ေနခဲ့သည္။ လြန္ခဲ့တဲ့ ႏွစ္ႏွစ္က ဆံုးသြားတဲ့ အဘိုးျဖစ္သူေၾကာင့္ စိတ္ဓာတ္ေတြက်ေနခဲ့တဲ့
အခ်ိန္ ပတ္ဂြန္းႏုဆိုတဲ့ ေက်ာင္းသားေလးက
သူ႔အနားေရာက္လာကာ ေဖးမေပးသည္။

ဒီေကာင္​ေလးကို သံေယာဇဉ္ တြယ္မိတာေၾကာင့္ ဘယ္အရပ္ကိုပဲေျပာင္းေနခဲ့ပါေစ
ထိုေကာင္​ေလးအနားကို ေတာ့ ေရာက္ေအာင္
သြားခဲ့သည္။ ထယ္ရယ့္ဘ​က္က အျဖဴေရာင္
သံေယာဇဉ္ႀကိဳးအား ထိုေကာင္​ေလးမွ အေရာင္ဆိုးခ်င္လာတဲ့ အခါမွာလဲ ဘာတံု႔ျပန္မႈမွ မေပးမိပါ။

ႏွလံုးသားခ်င္း ရင္းႏွီးသြားရင္ ထိုးစိုက္မယ့္
ဓားေတြက အခ်ိန္နဲ႔ တေျပးညီ ေရာက္လာ လိမ့္မယ္ဆိုတာ ထယ္ရယ္ကိုယ္တိုင္ ကိုယ္
ေတြ့သိရိွခဲ့ရတာ ျဖစ္သည္။ ဒီအတိုင္း​ေလး
ေနထိုင္သြားရင္ အဆင္ေျပၿပီလို႔ ထင္ခဲ့ေပ
မယ့္ ခုလို အေျခအေနကို ေရာက္လာျပန္ေတာ့လဲ ေျဖရွင္းရံုေပါ့ ဘာတတ္ႏိုင္မွာလဲ။

" အခု...အကိုကဘာေျပာလိုက္တာ..ဒီေကာင္က အကို႔ခ်စ္သူလို႔ ေျပာလိုက္တာလား..''

" အင္း..မင္းၾကားတဲ့ အတိုင္းပဲ...''

" လိမ္တာ...''

" ဘာ...!! "

" အကိုလိမ္ေနတာ...အကိုက ကြၽန္ေတာ္ကလြဲၿပီး ဘယ္သူ႔ကိုမွ မခ်စ္ႏိုင္ဘူးဆိုတာ ကြၽန္ေတာ္သိသားပဲ...လာလိမ္မေနနဲ႔ မပီျပင္ဘူး အကို...''

ဒီေကာင္ေလး ကိုရီးယား စကားေျပာတဲ့
ေလယူေလသိမ္းက အရမ္းေကာင္းလာတာပဲ။ စကားေတြအမ်ားႀကီးကိုေတာင္ မထစ္တမ္း ေျပာတတ္လာတယ္။ ရူးေၾကာင္ ေၾကာင္ႏိုင္တဲ့ ဂင္မ္ထယ္ရယ္ က ဒါကို ဂုဏ္ယူစရာလို ေတြးေနျပန္ေသးတာ။

ခြၽမ္ေရြ့ ရဲ့စကားေၾကာင့္ ေဘးက ပတ္ဂြန္းႏုကရႉးရႉးရွားရွား ျဖစ္လာတယ္။ အ​ေျခအေနကို ရိပ္မိတဲ့ ဂြန္းႏုက ထယ္ရယ့္ ကိုသူ႔ရင္ခြင္ထဲသို႔ ဆြဲထည့္လိုက္ေတာ့ ခြၽမ္ေရြ့ မ်က္လံုးေတြက မီးေတာက္သဖြယ္ ရဲေတာက္လာတယ္။

" ကြၽန္ေတာ္က ေဟ်ာင္းရဲ့ ခ်စ္သူလို႔
ေဟ်ာင္းကိုယ္တိုင္က ခင္ဗ်ားကို ေျပာေနတယ္ေလ...ယံုတာမယံုတာ ခင္ဗ်ားအပိုင္း
ခုေတာ့ ကြၽန္ေတာ္တို႔ ေပ်ာ္ရႊင္စရာ အခ်ိန္ေတြ ကုန္ဆံုးသြားမွာစိုးလို႔ ျပန္ခြင့္ျပဳၪီး..
ဪဒီေန့ ပြဲကို ေမ့ေပးလိုက္မယ္ ကြၽန္ေတာ္
ကလူေကာင္း​ေလးမို႔လို႔ေလ...''

" ဂြန္းႏု ငါမင္းကိုေဆးထည့္ေပးမယ္...
အျမန္ျပန္ရေအာင္...''

" သြားၿပီေနာ္....ဘရို...''

ထြက္သြားတဲ့ ေက်ာျပင္ ႏွစ္ခုကို ၾကည့္ၿပီး
ခြၽမ္ေရြ့ ခုထိ ေနရာမွာတင္ မလႈပ္မယွက္ ရပ္ေနမိတုန္း။ အကိုက ဘယ္က သတၲိေတြနဲ႔
သူ႔ကို ေက်ာခိုင္းသြားႏိုင္ရတာ တဲ့လဲ။ သူဝုန္းဒိုင္းႀကဲျပရင္ သူ႔ကိုေၾကာက္ၿပီး သူနဲ႔ ျပန္
လိုက္ႏိုင္တယ္လို႔ ထင္ခဲ့ေပမယ့္ ခုေျပာသြားတဲ့စကားေတြကိုေတာင္ ျပန္ၾကားေယာင္ရင္း
ေၾကာင္အ,ေနမိတယ္။

တစ္ခ်ိန္က ဂင္မ္ထယ္ရယ္ ကအဲ့လို ဟုတ္မေနပါဘူး။ သူတစ္ခ်က္ ေအာ္လိုက္ရင္ေတာင္
တုန္တက္သြားတဲ့ထိ ႏိုင္စားလို႔ရတဲ့ သူမ်ိဳး။
မ်က္ဝန္းထဲက မ်က္ရည္ၾကည္ေတြ ပါးျပင္ေပၚသို႔ ခ,ေနတာကို ေတာင္ သတိမထားမိဘူး။ ဝဋ္လည္တာ ဆိုရင္ေတာင္ အကို႔တြက္
ေနာက္တစ္ေယာက္ ေပၚလာမွာမ်ိဳးကိုေတာ့
ခြၽမ္ေရြ့ လံုးဝမလိုလားဘူး။

အစက အကို႔အနားကို လူလိမ္မာ​ေလး အျဖစ္ ျပန္လာေတာ့မို႔ပဲ။ ခုေတာ့ အရင္လို
လူဆိုးေကာင္​ေလးအျဖစ္သာ တည္ရိွေနရအံုးမယ္။ ဂင္မ္ထယ္ရယ္ က ေျပာရခက္လို႔ေလ။ မဟုတ္ရင္ သူလဲ ဘယ္ဆိုးခ်င္ပါ့မလဲ။
ခ်စ္တယ္ဆိုတဲ့ အရာကို အကို႔ဆီက မရမခ်င္း ဇြဲရိွရိွ လိုက္ေနွာင့္ယွက္ရအံုးမယ္။

ရွန္ခြၽမ္ေရြ့ ကဆိုးတာ မဟုတ္ဘူး။
ဂင္မ္ထယ္ရယ္ က ျပန္မခ်စ္တာ။

______________

" ေျပာေလ...!! က်န္းဟာအို မင္းဘာေၾကာင့္
တိတ္ေနတာလဲ...ဟမ္!! "

" ငါေျပာရင္ေရာ...မင္းကယံုမွာမို႔လား ''

" ဘာေျပာတယ္...?''

" ဟုတ္တယ္ေလ ငါေျပာရင္ေရာ မင္းက
ယံုမွာမို႔လို႔လား...တစ္ခ်ိန္လံုး မင္းထင္သလို
မင္း ျမင္သလိုသာ စြပ္စြဲေနခဲ့တာမဟုတ္ဘူးလား ''

တုန္ရီေနတဲ့ ခႏၶာကိုယ္ကို လစ္လ်ူရႈၿပီး
ဟာအိုေမာင့္ စြပ္စြဲခ်က္ေတြအား ခြန္းတံု႔ျပန္မိတယ္။ ဒီေလးႏွစ္ေက်ာ္ကာလထိ ေဆာင္းဟန္ဘင္း ရဲ့ အေတြးေတြက ေျပာင္းလဲမသြားေသးဘူး။ သူျမင္တာကသာ အမွန္၊ သူထင္တာကသာ အမွန္ဆိုၿပီး သတ္မွတ္ထားတာ။ တကယ္စိတ္ကုန္ဖို႔ေကာင္းတယ္။ မုန္း
တယ္ဆိုၿပီး ေျပာလာမွာကို ေၾကာက္လို႔ အတတ္ႏိုင္ဆံုး သည္းခံၿပီး ေနေပမယ့္ ခုခ်ိန္ထိ သူ႔အတၲေတြက သူ႔ကိုႏိွပ္စက္ေနမွန္း မသိေသးဘူး။

" စြပ္စြဲတယ္ဆိုတာ မင္းဘက္ကမွန္ေနခဲ့တာ
ရိွလို႔လား...မင္းငါ့ကိုေတာင္ ထားၿပီး ေရြးခ်ယ္ခဲ့တဲ့သူနဲ႔ ထပ္ၿပီးအတူရိွေနတာ ေတြ့ရတာ ငါဘယ္ေလာက္ရင္ပူရတယ္မွတ္လဲ...
မင္းနည္းနည္းေလးေတာင္ ငါ့ဘက္ကို မေတြးဘူးလား က်န္းဟာအိုရဲ့...''

သံုးေယာက္အတူ ရိွေနတဲ့ ဓာတ္ပံုတစ္ပံုက
ဟန္ဘင္းအတြက္ သိပ္ကိုစိတ္ေျခာက္ျခား
သြားေစႏိုင္တယ္။ ထပ္ၿပီးမ်ား ဆံုးရႈံးရေတာ့
မွာလား။ သူခ်စ္ရတဲ့သူက သူ႔အနားကေန
ထပ္ၿပီး ထြက္သြားေတာ့မွာလား ဆိုၿပီး တစ္လမ္းလံုးေတြးလာရတာ ကားအက္စီးဒန႔္ ေတာင္ မျဖစ္ရံုတမယ္ပဲ။

မ်က္ရည္သိပ္ေပါတဲ့ ေကာင္ေလးငိုေႂကြးတာ
ျမင္ရတိုင္း သူ႔ရင္ဘတ္ထဲမွာပါ အတူလိုက္ငို
ေနမိတာကို မျမင္ပါဘူးေလ။ အိပ္ယာေပၚ လွဲလိုက္တာနဲ႔ ေဘးက ေက်ာျပင္ေလးကို ၾကၫ့္ရင္း မ်က္ရည္ေတြက်ေနရတာကိုလဲ ဘယ္သူကမွ သိမေနဘူး။ မ်က္ရည္ဆိုတာ ခံစားခ်က္ေတြ ရဲ့အစပ်ိဳးရာ။ အမွားကိုသာ လက္ခံၿပီး နာက်င္မႈေတြ ေပးေနရတာေရာ သူ႔အတြက္ လြယ္ကူေနခဲ့မယ္ထင္လား။

မခ်စ္ဟန္ေဆာင္ေနတာမဟုတ္ဘူး။ မခ်စ္ျပရဲေတာ့တာ။ ေသေလာက္ေအာင္ ခ်စ္ျပရင္
ေသေလာက္ေအာင္ နာက်င္ရတယ္။ တိတ္တိတ္ေလးသာ အခ်စ္ေတြေပးရင္ တိတ္
ဆိတ္ျငင္သာတဲ့ နာက်င္မႈေတြပဲ ရလိမ့္မယ္လို႔ထင္ခဲ့တယ္။ ခုလို တိတ္ဆိတ္ျပေတာ့လဲ
ေျခာက္ကပ္တဲ့ အထီးက်န္ဆန္တဲ့ နာက်င္မႈေတြကိုရျပန္တယ္။ ေမာင္ဘယ္လိုလုပ္ရပါ့
မလဲ။

ငိုေနရင္ေရာ ဟာအိုကသနားမွာလား။ ထပ္ၿပီး မျဖစ္ေတာ့ဘူးဆိုတဲ့ ဂတိေတြ ေပးမွာလား။ ၿပီးရင္ ဂတိေတြကို ထပ္မံခ်ိဳးေဖာက္
ဦးမွာလား။ ေသခ်ာစဉ္းစားရင္ ေမာင့္ဘက္ကလဲ ဒဏ္ရာေတြႀကီးပါပဲ အခ်စ္ရဲ့ ။

" ေနာင္တေတြကို အေလ်ာ္ေပးတဲ့ အေနနဲ႔
မင္းရဲ့ေဘးမွာ ဒီေလးႏွစ္လံုး ရိွေနေပးခဲ့တယ္ ဟန္ဘင္း... တစ္ေန့ေန့ မင္းငါ့ကိုမ်ား
ခြင့္လႊတ္လာမလား ဆိုတဲ့စိတ္ကို ငါတစ္ေလ်ွာက္လံုး ေမ်ွာ္လင့္ခ်က္အျဖစ္ထားခဲ့တယ္။ ဒါေပမယ့္ မင္းကငါ့ကိုလံုးဝ မျမင္ဘူး။ မင္းအတၲနဲ႔ပဲ စံုလံုးကန္းေနခဲ့တာ။ ''

သိမ္ဝင္သြားတဲ့ စကားသံေတြအဆံုးမွာ ရိႈက္သံတစ္ခ်ိဳ႕ပါ ကပ္ၿငိလာတယ္။ ဟာအို႔ မ်က္လံုးေတြနာတယ္။ ငိုရလို႔ အရမ္းကိုနာတယ္။ ရင္ဘတ္ထဲက ပိုနာတယ္။ ေမာင္က ခုခ်ိန္ထိ နားမလည္ေပးႏိုင္ဘူး ဆိုတာသိရေလစူးနစ္ေနေအာင္ နာက်င္ရေလပဲ။ ဟာအို႔ရဲ့အမွားကိုသာ ေမာင္ကျမင္တယ္။ ဟာအို႔ရဲ့ အခ်စ္ေတြကိုေတာ့ ေမာင္ကမျမင္ဘူး။

သိပ္ခ်စ္တယ္လို႔  တဖြဖြေျပာခ်င္တယ္။
ဟာအို႔ ေပါင္ေပၚ ေခါင္းအံုးအိပ္ကာ
ခ်စ္စကားေတြ တီတီတာတာ ေျပာတတ္တဲ့
ေကာင္ေလးကို ျပန္လိုခ်င္တယ္။ ေသေလာက္ေအာင္ ရွင္းျပလဲ နားမဝင္ဘဲ ရိွေနတဲ့သူကို ဟာအိုဘယ္လို လုပ္ရမလဲ။ ငါ့ကိုယံုၾကည္ေပးပါလို႔ ေတာင္းဆိုရတာ မ်ားလြန္းလို႔ ႏႈတ္ကေတာင္ မထြက္ခ်င္ေတာ့ဘူး။

" ငါက မင္းကိုမျမင္ဘူးလို႔ ဘာေၾကာင့္ ေျပာရတာလဲ က်န္းဟာအို ''

" မဟုတ္လို႔လား မင္းငါ့ကိုနည္းနည္းေလးမွ မျမင္ဘူး..နားမလည္ဘူး.... ယံုၾကည္မေပးဘူးေလ....ေဆာင္းဟန္ဘင္းရဲ့..!! "

" ယံုၾကည္မေပးဘူး...အဟက္...သိပ္ရယ္စရာေကာင္းတာပါလား...''

ရယ္သံအဆံုးမွာေမာင္က ေျခလွမ္းက်ဲေတြနဲ႔
အဝတ္ဗီရို ရိွရာသို႔ သြားသည္။ ၿပီးေနာက္
ထိုထဲက တစ္စံုတစ္ခုအား ထုတ္ယူလာကာ
ကုတင္ေပၚက ဟာအို႔ဆီသို႔ျပန္လာ ​ေလသည္။ ဟာအိုမ်က္စိေရ႔ွသို႔ ထိုတစ္စံုတစ္ခု
ေလးေရာက္လာတဲ့ အခါ စဉ္းစားမရတဲ့
အေတြးတို႔ ဝင္လာမိသည္။

" ဒီမွာၾကၫ့္စမ္း!! မင္းမ်က္လံုးနဲ႔ ဒါကို ေသခ်ာၾကၫ့္စမ္းပါ....''

ဟိုေန့က ဟာအိုရုတ္တရက္ ေတြ့လိုက္ရတဲ့
ဟာအိုတို႔ၾကားက အမွတ္တရ ဆြဲႀကိဳးေလး။
ဒါကို ေမာင္က ဘာေၾကာင့္ ဟာအို႔ထံ ရုတ္
ရုတ္သဲသဲ ပံုစံနဲ႔ လာျပေနရတာလဲ။

" ငါမင္းအေပၚ ဘယ္ေလာက္ထိ ယံုၾကည္မႈေတြ ထားခဲ့သလဲ ဆိုတာ...ဒီဆြဲႀကိဳးက သက္ေသတစ္ခုအျဖစ္ပါတယ္။ ဒီ့ထက္ပိုတဲ့
ယံုၾကည္မႈေတြကိုလဲ မင္းကိုေပးခဲ့တယ္။ ဒါေပမယ့္ မင္းရဲ့ ေစာက္ေရးမပါတဲ့ ေရြးခ်ယ္မႈကပဲ အဲ့ယံုၾကည္မႈေတြကို ကမ္းပါးၿပိဳသလို
ၿဖိဳခ်ပစ္လိုက္တာ...''

" အဲ့ဆြဲႀကိဳးက မင္းကိုယ္တိုင္ပဲ လႊင့္ပစ္ခဲ့တာေလ အဲ့အခ်ိန္ထဲကငါ့ကို ေနာင္တေတြနဲ႔ ရွင္သန္ရေအာင္ လုပ္ထားခဲ့ၿပီးၿပီေလ
ထပ္ၿပီး ငါမင္းကို ဘယ္ေလာက္ထိ ေပးဆပ္
ေနရအံုးမွာလဲ...ဟန္ဘင္းရဲ့....ဟင့္ ''

" ငါနာက်င္ရသေလာက္..မင္းလဲနာက်င္ရမွာေပါ့ က်န္းဟာအိုရဲ့...!! "

" ငါက မင္းနာက်င္ရတာထက္ေတာင္ ပိုေနၿပီ
စိတၲဇေကာင္ရဲ့....!''

ဟာအိုေဘးနားက ေခါင္းအံုးတစ္လံုးနဲ႔ ဟန္ဘင္း ဆီသို႔ ပစ္ေပါက္လိုက္သည္။ ဒီေလာက္
လြဲေနရရင္ ေတာ္ၿပီေပါ့။ ဘယ္ေလာက္ထိ အရူးလိုေမာင့္ကို ေရငံုႏႈတ္ပိတ္ၿပီး သည္းခံ
ေနရမွာလဲ။

" မင္းအဲ့ေလာက္ မယံုႏိုင္ရင္ သားကို DNAစစ္လိုက္ေလ...စစ္လိုက္ !! ဒီေလးႏွစ္လံုး ငါေျပာသမ်ွ ငါရွင္းျပသမ်ွ မင္းနားမဝင္ဘူး...မင္းကႀကီးပဲ အမွန္လို႔ ဘာေၾကာင့္ သတ္မွတ္ေနရတာလဲ...ငါလဲ ခံစားခ်က္ ရိွတယ္ ငါလဲ နာတတ္တယ္...ေဆာင္းဟန္ဘင္း
ရဲ့...!! "

လက္ထဲက ဆြဲႀကိဳးအား ၾကမ္းျပင္ေပၚသို႔ ပစ္ခ်ကာ ေဒါသတႀကီး ငိုရိႈက္ေနသူရဲ့ ပုခံုးႏွစ္ဖက္ကို တင္းၾကပ္ေနေအာင္ ျပန္လည္ ဆုပ္ကိုင္လိုက္သည္။ ဟာအိုက အသိစိတ္ကပ္မေနသလို မ်က္ရည္လည္ရြဲနဲ႔ သူ႔ထံ
ၾကည့္ လာခဲ့တယ္။ သူလံုးဝ ေၾကာက္ရြံ႔ေနခဲ့တဲ့ အရာကို ေျပာျပဖို႔ တြန္႔ဆုတ္မေနေတာ့ဘူး။ ဒီအရာႀကီးက သူ႔အိပ္မက္ထဲထိ ေျခာက္လွန္႔ေနတာကို သူေန့ေန့ညည ခံစားခဲ့ရတာ သူသာလ်ွင္သိသည္။

" မစစ္ဘူး...မစစ္ႏိုင္ဘူး...ရွန္ခြၽမ္ေရြ့ နဲ႔ ရတဲ့
ကေလးဆိုတာကို ေဆးစစ္ခ်က္အေျဖမွာသာ
ထပ္ျမင္ရရင္ ငါဒီ့ထက္ပိုၿပီး ရူးေသမွာ...
မလုပ္ႏိုင္ဘူး... ငါအဲ့လိုမလုပ္ႏိုင္ဘူး..
အား....!! ငါ့ကို ဘာေၾကာင့္ ဒီလို စိတ္ဒဏ္ရာ
မ်ိဳးေပးရတာလဲ က်န္းဟာအိုရယ္...''

မွန္တင္ခံုေပၚက ပစၥည္းမွန္သမ်ွကို တြန္းတိုက္ခ်ကာ ေပါက္ကြဲေနျပန္သည္။ Brand
ေရေမႊးပုလင္းေတြကလဲ အစိတ္အစိတ္ အမႊာမႊာ ကြဲေၾကလို႔။ ၿပိဳင္တူ ငိုေႂကြးသံေတြက
ရင္ဘတ္ထဲက သူမတူတဲ့ ဒဏ္ရာမ်ိဳးစံုကို
ကုစားမေပးႏိုင္ဘူး။ ရူးေနၿပီ...ႏွစ္ေယာက္
လံုးရူးေနၾကၿပီ။ ခ်စ္လြန္းလို႔ရူးၾကတဲ့ အခ်စ္ရူးေတြ ျဖစ္ကုန္ၾကၿပီ။

မွားတယ္ ႏွစ္ၪီးစလံုးဟာ မွားေနၾကတယ္။
သို႔ေပမယ့္ အမွားျပဳလုပ္သူ ေနာက္ကို အမွား
က်ူးလြန္သူက လိုက္ေနတဲ့အခါမွာ အမွန္တရားဆိုတာ ခပ္ေရးေရးသာ ေပၚတဲ့ ျမဴမႈန္
စ,ေလးလို။ မ်က္ရည္ေတြသာ အဖတ္တင္တဲ့
သူတို႔ဘဝမွာ ေရ႔ွဆက္ဖို႔ဆိုတာ လြယ္ကူပါ့မလား။ ခိုင္မာတဲ့ ဆံုးျဖတ္ခ်က္ ကို ခ်တဲ့အခါမွာေရာ တစ္ဖက္လူက လက္ခံမွာတဲ့လား။

" ဟန္ဘင္း...ငါ့ကိုလႊတ္ခ်လိုက္ပါေတာ့ ''

ေလးႏွစ္အတြင္း ေျပာင္းလဲမသြားတဲ့ အိမ္ေထာင္ေရးဟာ အမွားေတြကိုသာ အေျခယူလို႔ တည္ေဆာက္ထားတဲ့အခါ ၿပိဳလဲ ယိုင္နဲ႔ဖို႔ လက္တစ္ကမ္းအလိုမွာ။ ေရြးခ်ယ္မႈ မွားယြင္းၿပီးဆိုထဲက သာယာတဲ့ဘဝကို ေမ်ွာ္လင့္မေနသင့္ေၾကာင္း သင္ခန္းစာ ရလိုက္သလိုပဲ။ အခ်စ္ေတြကို ဟာအို တစ္ေယာက္ထဲက ေပးေနရတာ ရွက္စရာေတာင္ ေကာင္းလာၿပီ။

" ငါလဲအရမ္းပင္ပန္းေနၿပီ ဟန္ဘင္း....
ငါ့ကို ငါ့ဘဝနဲ႔ငါ လႊတ္ထားလိုက္ပါေတာ့...
ေတာင္းဆိုပါတယ္...ဆက္ၿပီး မင္းအနားေနဖို႔ငါ့မွာ အားအင္ေတြမရိွေတာ့ဘူး....ေရ႔ွဆက္ၿပီး ဒီလိုပံုစံနဲ႔ ငါတို႔အဆင္ေျပႏိုင္မွာမဟုတ္ဘူး...မင္းထင္ျမင္သမ်ွကိုသာ အမွန္လို႔ မွတ္ခ်င္လဲ မွတ္လိုက္ေတာ့...''

ဟာအိုကသာ အားယူလ်က္ စကားေတြကို
တရဆက္ ေျပာေနေပမယ့္ ေရ႔ွက ေမာင္ကေတာ့ အမူအရာတစ္ခ်က္ ေျပာင္းသြားျခင္းမရိွဘဲ ဟာအို႔စကားေတြအား နားေထာင္ေနခဲ့သည္။ အခန္းရဲ့ ေလထုကေအးစက္လာသည္။ ပစ္ခ်ထားတဲ့ ေကာ္ရုပ္တရုပ္ႏွယ္ ၿငိမ္သက္ေနတဲ့ ေမာင္က မ်က္ရည္ေတြဒရေဟာ
ပါးျပင္ေပၚ ဆင္းသက္ေနတာကိုေတာင္ သတိထားမိပံုမရ။

ပုခံုးေပၚက လက္အစံုဟာ ေျပက်သြားသည္။
ေၾကာင္အ,စြာ ၾကည့္ေနတဲ့ ဟာအို႔ကို မ်က္ဝန္းေတြ ​ေမွးက်ဥ္းလ်က္ ျပန္ၾကည့္ရင္း
ေျခလွမ္းေတြကို တေျဖးေျဖး အေနာက္ဆုတ္ကာ တံခါးဆီသို႔ ၪီးတည္သြားသည္။ ၿပီးေနာက္ အခန္းအျပင္ထြက္ကာ တံခါးကို အုန္းခနဲ ျမည္ေအာင္ ပိတ္သြားေတာ့သည္။

ဟာအို ေၾကာက္စိတ္ေၾကာင့္ အလန္႔တၾကား
အခန္းတံခါး နားဆီေျပးသြားေပမယ့္ တံခါးကို အျပင္ကေန ေလာ့ခ်ေနတဲ့ အသံေၾကာင့္
ကမ႓ာႀကီး တစ္ခုလံုး ရပ္တန္႔သြားသလိုပင္။
ေမာင္က ဘယ္လိုပံုစံနဲ႔ အရူးထေနျပန္ၿပီလဲ။
ဟာအိုထင္ေနသလိုေတာ့ မဟုတ္ဘူးမလား။

ဒုန္း!! ဒုန္း!!

" ေဆာင္းဟန္ဘင္း! ! မင္းအခုဘာလုပ္တာလဲ...ခုခ်က္ခ်င္း တံခါးကို ျပန္ဖြင့္ေပးစမ္း!!''

" မင္းငါ့ဆီက ထြက္ေျပးေတာ့မလို စကားေတြေျပာေနတာ ငါမခံႏိုင္ဘူး....က်န္းဟာအို
ဒီထဲမွာပဲ မင္းေနရမယ္...ငါေျပာထားတယ္မလား ငါ့နားက မင္းထပ္ၿပီး ထြက္သြားလို႔
မရဘူးလို႔...''

" အဓိပၸာယ္ မရိွတာေတြ လုပ္မေနနဲ႔ ဟန္ဘင္း
ငါ့ကိုတံခါးဖြင့္ေပးစမ္းပါ...အျပင္က သားေလးအရမ္းေၾကာက္သြားလိမ့္မယ္..ဟန္ဘင္း..ဟင့္...''

" မင္းရဲ့သားကို ငါေသခ်ာၾကည့္ေပးထားမွာေပါ့ စိတ္မပူပါနဲ႔ ..... ေလာကႀကီးနဲ႔ အဆက္သြယ္ျပတ္ၿပီး...အရူးလိုျဖစ္ရတဲ့ ေန့ရက္မ်ိဳးေတြကို တစ္ခဏေလာက္ ခံစားၾကည့္လိုက္.''

ဟန္ဘင္းေျပာေနရင္းနဲ႔ အိပ္ေဆးေတြ ညစဥ္ညတိုင္းေသာက္ခဲ့ရတဲ့ေန့ေတြ၊ လက္ေကာက္
ဝတ္ေပၚ ဓားသြားထက္ထက္ေတြကို တင္ကာ
လွီးမလိုျဖစ္ခဲ့ရတဲ့ ေန့ရက္ေတြကို ျပန္ေတြးမိသြားတယ္။ သူအတၲႀကီးတယ္ဆိုတာ သူ႔အခ်စ္က​ေလးေပးတဲ့ စိတ္ဒဏ္ရာ ေလာက္
ေၾကာက္ဖို႔ မေကာင္းေသးပါဘူးေလ။ တစ္သက္လံုး ဘယ္သူမွ မသိေအာင္ သိမ္းဆည္းသြားမယ့္ ထိုမွတ္ဉာဏ္ေတြက
အခုမွ ဖြင့္ဟ,မိေတာ့သည္။

" ဟန္ဘင္း...ဟန္ဘင္း...!! "

အခန္းထဲက ခ်စ္ရသူရဲ့ ေအာ္သံေတြအား
လ်စ္လ်ူရႈကာ တီဗြီစင္ေရ႔ွက ဆိုဖာေပၚမွာ သူ႔အား ေၾကာင္ၾကည့္ေနတဲ့ ကေလးေလးအား ပထမဆံုးအႀကိမ္ ၿပံဳးျပမိတယ္။ မ်က္လံုးေလးေတြ ဝိုင္းစက္သြားေအာင္ အံ့ၾသသြားတဲ့ ထိုကေလးဟာ သူ႔ထံေျပးလာခဲ့တယ္။

" ဒယ္ဒီ..."

ထိုေခၚသံအား မတားမိေတာ့ဘူး။ ကေလးေလးနဲ႔ အရပ္ကိုတန္းတူျဖစ္ေအာင္ ထိုင္ခ်လိုက္ေတာ့ ကေလးေလးက သူ႔အား ဖက္တြယ္လာတယ္။ ဟန္ဘင္းကေတာ့ လက္ႏွစ္ဖက္ကို ေဘးဘက္သာ ကပ္ထားမိတယ္။
ျပန္လည္ ေပြ့ဖက္ေပးဖို႔ထိ သူမရဲဘူး။

" ဒယ္ဒီ...ပါပါးက အထဲမွာ ဘာလုပ္ေနတာလဲဟင္...''

" မင္းက ဘာလုပ္မို႔လဲ...?''

" ဟို...သားသား ဗိုက္ဆာလို႔...''

ဟန္ဘင္း မ်က္ခံုးတစ္ဖက္ကို ပင့္ျပလိုက္ေတာ့ ပိုးစားေနတဲ့ သြားေလးေတြနဲ႔ ဟီးခနဲ
ရယ္ျပလာသည္။ အခုခ်ိန္ သူ႔ပါပါးကို အခန္းထဲခ်ဳပ္ထား မိတာဆိုေတာ့ ဒီကေလးရဲ့ ေဝယ်ာေဝစၥ ေတြကို သူပဲလုပ္ေပးရေတာ့မွာေပါ့။ တစ္ခုအေပၚ သူရူးလုပ္ရင္ တစ္ခုအေပၚေတာ့ သူေကာင္းျဖစ္ေပးရမယ္ မဟုတ္လား။

" မင္းပါပါး ေနမေကာင္းဘူး.... ဗိုက္ဆာရင္
ငါနဲ႔လိုက္ခဲ့...''

" ဟုတ္ကဲ့ ဒယ္ဒီ...''

ဟန္ဘင္းရဲ့ လက္သန္းအား ခ်ိတ္တြယ္လာတဲ့ လက္ေသးေသးေလးေၾကာင့္ ဟန္ဘင္း
ေသြးျပန္ေၾကာေတြ ကေျပာင္းကျပန္ စီးဆင္းသြားသလို။ ဒီကေလးနဲ႔ စေတြ့ခ်ိန္ထဲက အထိအေတြ့မရိွခဲ့တာေၾကာင့္ ျဖစ္လိမ့္မည္ဟု ထင္မွတ္မိခဲ့သည္။ သို႔ေသာ္သူမသိတာက ေသြးက စကားေျပာတာ ျဖစ္ေၾကာင္း
ကိုေပါ့။

______________

ဟာအို အခန္းေထာင့္က တိုင္ကပ္နာရီကို
ၾကည့္လိုက္ေတာ့ ည၉နာရီ ဆိုတဲ့ အခ်ိန္ကို
ေရာက္ေနေလၿပီ။ အသံလံုတဲ့ အခန္းေတြ ျဖစ္တာေၾကာင့္ ျပင္ပကအသံေရာ အတြင္းထဲကအသံေရာ ေတာ္ရံု ၾကားႏိုင္ဖို႔မလြယ္။
သားနဲ႔ ဟန္ဘင္းရဲ့အေျခအေနက ဘယ္လို
ျဖစ္ေနမလဲ။ ေမာင္က သူ႔သားေလးကို ဆူပူ
ရိုက္ႏွက္ေနမလားေတြးရင္း စိတ္ပူမွဴႏႈန္းက
ျမင့္တက္လာရသည္။

" ဒယ္ဒီ...သားသား အိပ္ခ်င္ၿပီ...''

ၾကာလာေတာ့ ထိုကေလးဆီက ဒယ္ဒီလို႔ အ
ေခၚခံရတာက သိပ္ၿပီးနားဝင္မဆိုးေတာ့ဘူး။
နားေတာင္ယဥ္လာသလိုပဲ။ သူက အေရာဝင္မိတာနဲ႔ တစ္ေတာက္ေတာက္ လိုက္ကပ္ေနေတာ့တာေၾကာင့္ အစမွာ စိတ္ရႈပ္မိေပမယ့္
ခုေတာ့ ေနသားက်စ ျပဳလာေလၿပီ။

" အိပ္ခ်င္ရင္ ကိုယ့္အခန္းကိုယ္ သြားအိပ္ေလကြ...''

" ပါပါးက အၿမဲတမ္း အိပ္ခါနီးတိုင္း သားသားကိုေခ်ာ့သိပ္တယ္...အဲ့ေတာ့မွ သားသားက အိပ္ေပ်ာ္တာ ဒယ္ဒီရဲ့...''

ဒီကေလးက ဒီေလာက္ေတာင္ စကားတတ္တာလား။ ႏႈတ္ခမ္းကို ေထာ္ကာ ေျပာေနပံုက
ဟန္ဘင္းကို မသိစိတ္က အသည္းယားေစတယ္။ ေဒါသအပူမီးေတြေတာင္ ခ်ဳပ္ၿငိမ္းသြားသလို တစ္မဟုတ္ခ်င္း ေျပာင္းလဲသြားတဲ့ ဟန္ဘင္းရဲ့စိတ္ေၾကာင့္ ကိုယ့္ကိုကိုယ္
ေတာင္ လန္႔လာမိတယ္။

" အဲ့ေတာ့ငါက ဘာလုပ္ေပးရမွာလဲ ''

" ဒယ္ဒီ သားသားကို ေခ်ာ့သိပ္ပါလားဟင္ ''

ေမ်ွာ္လင့္ေနသလို မ်က္ႏွာေပးေလးနဲ႔ ဒီကေလးက အေတာ္ စိတ္မခိုင္ေအာင္ လုပ္ႏိုင္တာပဲ။

" မင္းကအေတာ္ အလုပ္ရႈပ္တဲ့ ကေလးပဲ...
တက္တက္..မင္းကုတင္ေပၚကို တက္... ငါေဘးနားရိွေနမယ္...''

ဟန္ဘင္းစကားအဆံုး လစ္ခနဲေျပးတက္သြားသည္။ ၿပီးေနာက္ ဟန္ဘင္းဘက္ လွည့္ကာ ၿပံဳးၿပံဳးေလး နဲ႔ မ်က္လံုးကို အသာမိွတ္ထားသည္။

" ဒယ္ဒီ....''

" က်စ္..ဘာလဲကြာ...''

" သားသားေက်ာေလးကို ပုတ္ေပးပါအံုး...
သားသားအဲ့လိုမွ....ေသခ်ာအိပ္ေပ်ာ္တာ..''

ပါးစပ္ကသာ ျငင္းဆိုခ်င္ေပမယ့္ ဟန္ဘင္းရဲ့ လက္ဖဝါးေတြက ထိုက​ေလးရဲ့ ေက်ာျပင္ေသးေသးေလးေပၚသို႔ က်ေရာက္သြားေလသည္။

" ဟူး....ပါပါး ေနျမန္ျမန္ေကာင္းမျွဖစ္မယ္
ဒယ္ဒီက သားသားကို ညစာလဲ ျပင္ေပးတယ္ဆိုတာေရာ...ေခ်ာ့လဲသိပ္တယ္ဆိုတာေရာ..
ေျပာျပရအံုးမွာ....''

ဆစ္ခနဲ ျဖစ္သြားတဲ့ ႏွလံုးအိမ္က မညာခ်င္ပဲ
ညာေနတဲ့ ဟန္ဘင္းအား သတိေပးေနတယ္။
ဒီကေလးဟာ...ဟန္ဘင္းနဲ႔မ်ား...

______________

Trust me:

14.10.2023 Sat
❀ PanSuKhat ❀  

လူဆိုးေကာင္ေလးေတြလဲ အသဲနဲ႔ပါ ><

Daily Update ေပးရင္ စိတ္ဆိုးမွာလား^^

Continue Reading

You'll Also Like

207K 9.5K 27
Hyunjin is a bad boy. Seungmin is a pure innocent angel. What happens when they accidentally meet at a party and the two have different intentions...
7.8K 638 5
ဘယ်လိုဖြစ်ပြီး ဒီလောက်လှတဲ့လူက လောကကြီးမှာရှိနေရတာလဲ? Kim Gyuvin X Shen Quanrui
23.9K 1K 11
i could say i don't love you, but i love the ocean & its waves sound just like your heartbeat. 𝖎𝖓 𝖜𝖍𝖎𝖈𝖍 .... fake dating his brother's best...
382K 6.3K 79
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...