ဒီအပြစ်သားက ရှင်သန်လို...(၂)...

By Swae_Nyoe

114K 18K 475

ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။ More

အခန်း ၁၁၁
အခန်း ၁၁၂
အခန်း ၁၁၃
အခန်း ၁၁၄
အခန်း ၁၁၅
အခန်း ၁၁၆
အခန်း ၁၁၇
အခန်း ၁၁၈
အခန်း ၁၁၉
အခန်း ၁၂၀
အခန်း ၁၂၁
အခန်း ၁၂၂
အခန်း ၁၂၃
အခန်း ၁၂၄
အခန်း ၁၂၅
အခန်း ၁၂၆
အခန်း ၁၂၇
အခန်း ၁၂၈
အခန်း ၁၂၉
အခန်း ၁၃၀
အခန်း ၁၃၁
အခန်း ၁၃၂
အခန်း ၁၃၃
အခန်း ၁၃၄
အခန်း ၁၃၅
အခန်း ၁၃၆
အခန်း ၁၃၇
အခန်း ၁၃၈
အခန်း ၁၃၉
အခန်း ၁၄၀
အခန်း ၁၄၁
အခန်း ၁၄၂
အခန်း ၁၄၃
အခန်း ၁၄၄
အခန်း ၁၄၅
အခန်း ၁၄၆
အခန်း ၁၄၇
အခန်း ၁၄၈
အခန်း ၁၄၉
အခန်း ၁၅၀
အခန်း ၁၅၂
အခန်း ၁၅၃
အခန်း ၁၅၄
အခန်း ၁၅၅
အခန်း ၁၅၆
အခန်း ၁၅၇
အခန်း ၁၅၈
အခန်း ၁၅၉
အခန်း ၁၆၀
အခန်း ၁၆၁
အခန်း ၁၆၂
အခန်း ၁၆၃
အခန်း ၁၆၄
အခန်း ၁၆၅
အခန်း ၁၆၆
အခန်း ၁၆၇
အခန်း ၁၆၈
အခန်း ၁၆၉
အခန်း (၁၇၀)
အခန်း (၁၇၁)
အခန်း (၁၇၂)
အခန်း (၁၇၃)
အခန်း ၁၇၄
အခန်း ၁၇၅
အခန်း ၁၇၆
အခန်း ၁၇၇
အခန်း ၁၇၈
အခန်း ၁၇၉
အခန်း ၁၈၀
အခန်း ၁၈၁
အခန်း ၁၈၂
အခန်း ၁၈၃
အခန်း ၁၈၄
အခန်း ၁၈၅
အခန်း ၁၈၆
အခန်း ၁၈၇
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
အခန်း ၁၈၈
အခန်း ၁၈၉
အခန်း ၁၉၀
အခန်း ၁၉၁
အခန်း ၁၉၂
အခန်း ၁၉၃
အခန်း ၁၉၄
အခန်း ၁၉၅
အခန်း ၁၉၆
အခန်း ၁၉၇
အခန်း ၁၉၈
အခန်း ၁၉၉
အခန်း ၂၀၀
အခန်း (၂၀၁)
အခန်း ၂၀၂
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
အခန်း ၂၀၃
အခန်း ၂၀၄
အခန်း ၂၀၅
အခန်း ၂၀၆
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
အခန်း ၂၀၇
အခန်း ၂၀၈
🌧️ချစ်ခြင်းမေတ္တာများနှင့် မိုးရာသီပရိုမိုးရှင်း🌧️
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️

အခန်း ၁၅၁

1.2K 229 2
By Swae_Nyoe

အပိုင်း (၁၅၁) မျက်လုံးများ

ကျန်းလော့သည် တစ်ခါလှမ်းလျှင် ခြေလှမ်းသေးသေးသာ လှမ်းနေပြီး ကံကြမ္မာယုံသူထံသို့ ဖြေးဖြေးချင်းလျှောက်သွားသည်။ သူ့မျက်နှာကို အောက်သို့ တွင်တွင်ငုံ့ထားပြီး ဗိုက်ကိုကွယ်ထားသည်။ သူ့မျက်နှာသည် လေအေးတို့ကြောင့် ဖြူဖျော့နေကာ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသောကြောင့် နာကျင်မှုကို မထိန်းချုပ်နိုင်သော မျက်နှာမျိုးဖြင့်

"ကံကြမ္မာယုံသူ တာအိုဆရာတော် ဝေ့ဟယ်"

ညအမှောင်သည် ပြင်းပြင်းပြပြ နက်ဆွေးနေသောကြောင့် ကျန်းလော့မည်မျှ ဒဏ်ရာရထားသည်ကို မည်သူကမှ မမြင်နိုင်ပေ။ သို့သော် သူတို့သည် ကျန်းလော့ မျက်နှာနှင့် ခန္ဓာကိုယ်မှ သွေးများကိုတော့ မြင်နိုင်ပေသည်။

ထို့အပြင် ချီယုံ့လက်တစ်ဖက်ပင် ကျိုးသွားရာ ကျန်းလော့ဆိုလျှင် မည်မျှ ဒဏ်ရာပြင်းမည်မှန်း တွေးကြည့်စရာပင် မလိုချေ။

'ပြန်ရောက်လာတာပဲ တော်သေးတယ်'

တာအိုဆရာတော်ဝေ့ဟယ်သည် ကျန်းလော့ကိုမြင်ပြီး စိတ်အေးသွားကာ

"မြန်မြန် မြန်မြန် ကောင်းကင်သခင် ကျိယောင်ဇီ သူ့ကို ခေါ်သွားကြ ငါလိုက်ကြည့်ပေးမယ်"

"စိတ်ပူစရာမလိုပါဘူးဗျာ"

ကျန်းလော့သည် အားနည်းစွာ ပြုံးလိုက်ပြီး သူ့အသံသည် အသက်မရှူနိုင်ပဲ အမောဖောက်နေသော အသံနှင့်တူနေကာ

"ဒီဒဏ်ရာတွေက မသေနိုင်လောက်ပါဘူးဗျာ အားလုံးအပေါ်ယံတွေပဲ ဂျင်ဆင်းဝိဉာဉ်သုံးပြီး ကုလိုက်လို့ရပါတယ်" အသုဘပစ္စည်း အရောင်းဆိုင်ပိုင်ရှင်သည် ကြောင်သွားပြီးမှ နည်းနည်း စိတ်သက်သာသွားသည်

"မင်းဆီမှာ ဂျင်ဆင်းဝိဉာဉ်ရှိတာ မေ့တော့မလို့ ဆရာတော် ဝေ့ဟယ် အဲ့ဒီဝိဉာဉ်က နှစ်ငါးရာသက်တမ်းရှိနေပြီ သူသာ အဲ့တာစားလိုက်ရင် ကျန်းလော့က ဆရာတော့်ကို အနောက်အယှက်ပေးစရာမလိုတော့ဘူး

"နှစ်ငါးရာသက်တမ်းရှိ ဂျင်ဆင်းဝိဉာဉ်လား ဖြစ်နိုင်တယ် ဖြစ်နိုင်တယ် သေချာပေါက် ကျုပ်စိတ်ပူစရာမလိုတော့ဘူး"

တာအိုဆရာတော် ဝေ့ဟယ်သည် စိတ်ချစွာ သက်ပြင်းချလိုက်ပြီး

"အိုက်ယား နှေးတုံ့နှေးတုံ့လုပ်မနေနဲ့ ပြန်ကြစို့ အဲ့ဒီ လမ်းဖြတ်ကူးမဲ့ သရဲအကောင်တစ်ရာလည်း မရှိတော့ဘူး ကျန်းလော့ ဒဏ်ရာတွေကုဖို့ အထဲမြန်မြန်သွားရအောင် လာ လာ"

ကျန်းလော့သည် ကံကြမ္မာယုံသူကို ထပ်ကြည့်လိုက်ပြီး နူးညံ့စွာ သက်ပြင်းချလိုက်သည်။

"ကံကြမ္မာယုံသူ ကျွန်တော် သူ့ကို အနိုင်မယူနိုင်ခဲ့ဘူး"

"မင်းလုပ်တာကောင်းတယ်"

ကံကြမ္မာယုံသူသည် သူ့ကိုသေချာကြည့်၍ ကြင်နာစွာ ပြုံးပြကာ

"မင်းထက် ဘယ်သူမှ ပိုကောင်းအောင် လုပ်နိုင်မှာ မဟုတ်ဘူး"

ကျန်းလော့ကို ချီးကျူးပြီး မိစ္ဆာတစ်ရာဝိုင်းရံနေသော ချီယုံ့ကိုလှည့်ကြည့်လိုက်သည်။ ချီယုံ့၏ လက်ကျိုးနေသော ပုံရိပ်သည် မိစ္ဆာများကြားတွင် ထင်းနေပြီး မကောင်းဆိုးဝါးသည် သေလုမျောပါး ဒဏ်ရာရနေပုံမျိုး မပေါက်သော်လည်း ကံကြမ္မာယုံသူ၏ မျက်လုံးများသည် တောက်ပသွားတော့သည်။

"မင်းသူ့လက်တစ်ဖက်ကိုတောင် ချိုးပစ်နိုင်တယ်ဆိုတော့ တကယ့်ကို အံ့ဩစရာဖြစ်ရပ်ပဲကွ"

ကျန်းလော့သည် အခုမှ တိုးတက်လာဆဲ ကျောင်းသားတစ်ဦးသာ ဖြစ်တာတောင် ဤမှလောက် စွမ်းဆောင်နိုင်ခဲ့သည်။ သူသည် နာရီဝက်အတွင်း ဒီလိုအခြေအနေမျိုးရောက်အောင် လုပ်နိုင်ခဲ့သည်။ အကယ်၍ ကျန်းလော့သာ ဒီထက်ပိုတိုးတက်လာပြီး သန်မာသည်ထက် သန်မာလာပါလျှင် ချီယုံ့ကိုသတ်ဖို့က ပြဿနာအကြီးကြီး မဟုတ်တော့ပါချေ။

မည်သူမှ မလုပ်နိုင်တာကို ကျန်းလော့က လုပ်နိုင်ခဲ့သည်။ သူသည် လက်မြှောက်လိုက်ပြီးူ ကျန်းလော့ ပါးပေါ်မှသွေးများကို ညင်သာစွာ သုတ်ပေးလိုက်သည်။ ထို့နောက် သူ့အသံသည် ရေသေကဲ့သို့ တည်ငြိမ်ပြီး ပိုးသားကဲ့သို့ နူးညံ့နေကာ

"မင်း ဒီနေ့ကောင်းကောင်းလုပ်ခဲ့ပါတယ် ပြန်နားလိုက်တော့"

လူအုပ်ကြီးသည် ဖြေးဖြေးချင်းပြန်သွားကြသည်။ အကြီးအကဲများသည် ခြေလှမ်းကို နှေးနိုင်သမျှနှေးနှေးလျှောက်ကာ ကျန်းလော့ကို အဖော်ပြုပေးကြသည်။ ခြံဝန်းထဲရောက်ပြီးနောက် တာအိုဆရာတော် ဝေ့ဟယ်သည် ကျန်းလော့သူ့ကို မလိုတာ သေချာမှ ပြန်ထွက်သွားခဲ့သည်။

အခန်းထဲတွင် ဂျင်ဆင်းကလေးလေးသည် အိပ်ရာပေါ်တွင် လှဲ၍ သူ့ခြေထောက်ကို မိုးပေါ်ထောင်ကာ ဆော့နေသည်။ သူတို့ဝင်လာတာ မြင်သောအခါ မော့ကြည့်၍

"ဖေဖေ ပြန်လာပြီ"

"ဒါလေးက ဂျင်ဆင်းဝိဉာဉ်လား"

ကျိယောင်ဇီသည် ဂျင်ဆင်းကလေးလေးကို စပ်စုစွာ ကြည့်၍

"သေသေချာချာ ထိန်းသိမ်းထားတာပဲ ဖြူဖွေးပြီး ဝကစ်ကစ်လေးကွ"

ဂျင်ဆင်းကလေးလေးသည် သူမမြင်ဖူးသော သူစိမ်းမှ စိုက်ကြည့်ခံရသောကြောင့် ကြောက်လန့်သွားပြီး ချက်ချင်း နောက်ဆုတ်၍ စောင်ထဲဝင်ပုန်းကာ တုန်ယင်နေသည်။

ကျိယောင်ဇီက ပြောသည်။

"အိုး ကျန်းလော့ ဒီလောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာတောင် မင်းက အခုထိ ပုန်းနေတုန်းလား မင်းက တကယ့်ကို လိမ္မာတာပဲနော် "

'ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာတဲ့လား'

ဂျင်ဆင်းကလေးလေးသည် စောင်အောက်မှ ခေါင်းလေးထွက်ပြီး ချောင်းကြည့်လိုက်သည်။ ထို့နောက် ကျန်းလော့တစ်ကိုယ်လုံးကို သေချာ စိုက်ကြည့်၍ သူ့မျက်လုံးထဲတွင် အနည်းငယ်ရှုပ်ထွေးသွားသည်။

'ကျန်းလော့ ဒဏ်ရာရထားတယ်ဆို ဘာလို့ ဒဏ်ရာမတွေ့ရတာလဲ' (ဘီကော့စ် ဒယ်ဒီချီယုံက သူ့သွေးတွေနဲ့ပဲ သုတ်ပေးလိုက်လို့လေကွယ်)

'သွေးနည်းနည်းထွက်နေတာကလွဲရင် အားလုံးကျန်းမာနေပါသေးတယ်'

သူစကားပြောတော့မလို့ ရှိသေးသည် ကျန်းလော့က သူ့ကို စောင်ပုံထဲမှ ဖြတ်ခနဲ ဆွဲထုတ်လိုက်သည်။ ဂျင်ဆင်းကလေးလေးသည် လေပွေထဲပါသွားသလို ခံစားလိုက်ရကာ ဘာမှမပြောနိုင်လိုက်ခင် နှုတ်ခမ်းမွှေး တစ်မွှေးဆွဲဖြုတ်ခံလိုက်ရလေသည်။ ဂျင်ဆင်းကလေးလေးသည် ပြောမည့်စကားကို မေ့သွားကာ မျက်ရည်ဥကြီးများ တစ်လှိမ့်ချင်း ကျလာတော့သည်။ ကျန်းလော့သည် ဂျင်ဆင်းနှုတ်ခမ်းမွှေးကို ပါးစပ်ထဲထည့်ပြီး ဝါးစားလိုက်သည်။

သူ့မျက်နှာသည် မြင်နိုင်လောက်အောင်ပင် နီရဲသွားပြီး သူ့တစ်ကိုယ်လုံးမှ ချွေးများထွက်လာသည်။ သူသည် ဆေးကိုအလွန်အကျွံစားလိုက်သလို ဖြစ်သွားသည်။

ကျန်းလော့သည် လက်လွန်ကြက်သွန်ဖြစ်သွားကြောင်း ချက်ချင်းသဘောပေါက်သွားသော်လည်း သည်းခံနေရုံသာ တတ်နိုင်ပြီး မညည်းညူရဲပေ။ သူသည် ခန္ဓာကိုယ်ထဲမှ တစ်လှိမ့်လှိမ့်တက်လာသော အပူကိုတောင့်ခံရင်း ဂျင်ဆင်းကလေးလေး၏ မျက်ရည်များကို သွားရည်ခံကိုပင့်ပေးထားပြီး သေချာဖမ်းထားသည်။

'ဂျင်ဆင်းအဆီအနှစ်တွေ တစ်စက်လေးမှ အလေအလွင့်ဖြစ်လို့ မဖြစ်ဘူး'

သူ့မျက်နှာပေါ်မှ အကြည့်ကိုကြည့်၍ ကျိယောင်ဇီသည် သူနေကောင်းနေကြောင်း သိသွားကာ ဘာမှထပ်မမေးတော့ပေ။ နောက်ကျနေပြီဖြစ်သောကြောင့် ကျိယောင်ဇီသည် သမ်းဝေလိုက်ပြီး

"အခု မင်းအဆင်ပြေနေတယ်ဆိုတော့ ကျုပ်ပြန်အိပ်တော့မယ် မနက်ဖြန်မှတွေ့မယ်"

ကျန်းလော့သည် သူ့ကိုယဉ်ကျေးစွာ ကျေးဇူးတင်စကားပြောလိုက်ပြီဂ

"ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ"

ကျိယောင်ဇီသည် ပျင်းပျင်းရိရိ လက်ယမ်းပြလိုက်ပြီး တံခါးဆီသို့ အေးအေးဆေးဆေး လျှောက်သွားလိုက်သည်။ သူထွက်သွားသည်ကို ကြည့်နေရင်း ကျန်းလော့သည် ဖုန်းလီဆီသို့ အကြည့်ရောက်သွားသည်။

'သူကဘာလို့မသွားသေးတာတုန်း'

ဖုန်းလီသည် မထွက်သွားပဲ အခန်းထဲရှိ စားပွဲဘက်သို့ လျှောက်သွားကာ ထိုင်လိုက်သည်။ သူ့ကျောကို မတ်နေအောင် ဆန့်ထားပြီး ခန့်ညားသော မျက်နှာတစ်ဝက်သည် အရိပ်ထဲတွင် နှစ်မြုပ်နေသည်။

"ဒီကိုလာထိုင်"

ကျန်းလော့သည် သံသယလွန်ကဲစွာ ဖုန်းလီနားသို့ လျှောက်သွားလိုက်သည်။ အိမ်ထဲမှ မီးသီးများသည် နှစ်နှစ်ဆယ်နီးပါး ကြာပြီဖြစ်သောကြောင့် ဝါကျင့်ကျင့်အရောင်များ ဖြစ်နေကာ မီးရောင်သည် အလွန်မှိန်ပြီး ရှေးတုန်းက ဓာတ်ပုံများ ကဲ့သို့ အခန်းထဲကို ဝါကျင်ကျင်ကြီး ဖြာကျနေသည်။

ဖုန်းလီထံမှ အရက်နံ့ပြင်းပြင်း ရနေသေးသည်။

"ဆရာ"

ကျန်းလော့က စပြောလိုက်သည်။

"ဆရာ ပြန်မနားသေးဘူးလားဗျ"

ဖုန်းလီသည် ခေါင်းမော့ကြည့်လိုက်ပြီး အရိပ်ထဲမှ သူ့မျက်နှာကို သေချာမြင်လိုက်ရသည်။ မျက်နှာထားသည် သလင်းကျောက်ကဲ့သို့ မာထန်နေပြီး အေးစက်နေသည်။

"အဲ့တာကို အိပ်ရာပေါ်သွားချလိုက်"

ဂျင်ဆင်းက်လေးလေးသည် မွန်းကြပ်ဖွယ်အခြေအနေကို ကြည့်နေပြီး မျက်ရည်များကို အထဲပြန်သွင်းဖို့ကြိုးစားကာ အသက်အောင့်ထားသည်။ ထို့နောက် ရှိုက်နေပြီး ဂျင်ဆင်းအသေလေးလို ဟန်ဆောင်နေလိုက်သည်။

ကျန်းလော့သည် နာခံစွာဖြင့် ဂျင်ဆင်းကလေးလေးကို အိပ်ရာပေါ်ချပေးလိုက်ကာ ဖုန်းလီဆီ ပြန်သွားလိုက်သည်။ ဖုန်းလီက အေးစက်စွာ ပြောလိုက်သည်။

"မင်းဒီနေ့ အမှားတစ်ခုလုပ်ခဲ့တယ် ဘာအမှားလုပ်ခဲ့လဲ သိလား"

ကျန်းလော့၏ အပြုံးသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ခေါင်းငုံ့လိုက်သည်။

"ကျွန်တော် နားမလည်ပါဘူး"

ဖုန်းလီသည် အခန်းထဲကို ဖြေးညှင်းစွာ လိုက်ကြည့်ပြီး စားပွဲပေါ်တင်ထားသော ပန်းအိုးထဲမှ သစ်ကိုင်းခြောက်တစ်ခုကို ဆွဲထုတ်လိုက်သ်ည။ သူ့အသံသည် မာကျောနေကာ

"မင်း ဒီဲညကိစ္စမှာ အရင်စပြီး အဲ့ဒီကို မသွားခဲ့သင့်ဘူး ပြီးတော့လဲ တစ္ဆေတစ်ရာ မင်္ဂလာပွဲကြိုဆိုနေတဲ့ဆီကို သွားဖို့ ကံကြမ္မာယုံသူတစ်ယောက်ထဲကို မင်းကသွားခွင့်တောင်းခဲ့တယ်"

"မင်းရဲ့ဆရာက ငါ အဲ့ဒီကံကြမ္မာယုံသူ မဟုတ်ဘူး"

ဤစကားသည် အတော်လေး စိတ်ဝင်စားစရာကောင်းသော စကားဖြစ်သည်။

ဖုန်းလီကပြောသည်။

"မင်း လက်ကိုထုတ်ခဲ့"

သူသည် ကျန်းလော့၏ လက်ဖဝါးကို ရိုက်ဖို့ရည်ရွယ်ပြီး သစ်ကိုင်းခြောက်ကို ကိုင်လိုက်သည်။ ကျန်းလော့ နှလုံးသားသည် မပျော်ရွှင်စွာ သည်းခံနိုင်စိတ်ကုန်ဆုံးသွားပြီး တိုးတိုးလေး ပြောလိုက်သည်။

"ဆရာ ကျွန်တော် ......................"

'လက်ကိုထုတ်'

ဖုန်းလီက ပြောသည်။ သူ့လက်ထဲမှ သစ်ကိုင်းခြောက်သည် ကျန်းလော့လက်ဖဝါးကို ရိုက်ဖို့ချိန်ရွယ်ထားပြီးဖြစ်ကာ ဖုန်းလီသည် စကားအပိုတစ်ခွန်းမှ ထပ်မပြောပေ။ သို့သော် သူ့အပြုအမူသည် ရှင်းလင်းလွန်းသည် ။ ကျန်းလော့သာ စကားနားမထောင်ဘဲ ကလန်ကဆန်လုပ်နေလျှင် ဒီထက်ဆိုးမည်ဟု ခြိမ်းခြောက်နေသလို မျက်နှာတည်ကြီးနှင့်သာ စိုက်ကြည့်နေသည်။

ကျန်းလော့သည် ခနလောက်ကြာအောင် တိတ်ဆိတ်နေသော်လည်း နောက်ဆုံးတွင် လက်ကို ရှေ့သို့ ဆန့်ထုတ်ပေးလိုက်သည်။

"မင်းအစ်ကိုတွေအပြစ်လုပ်တိုင်း ငါသူတို့ကို ဆယ်ချက်ရိုက်တယ် မင်းကတော့ ပထမဆုံးအမှားလုပ်တာဆိုတော့ မင်းကို ငါးချက်ပဲ ရိုက်မယ်"

ဖုန်းလီသည် တစ်စက်လေးမှ သနားသည့်ပုံမပြဘဲ ကျန်းလော့လက်ဖဝါးကို သစ်ကိုင်းခြောက်နှင့် ရိုက်လိုက်သည်။ ကျန်းလော့သည် လက်ဖဝါးပေါ်မှ အနီရောင်အရှိုးရာကို ကြည့်ပြီး နာကျင်မှုက ဘာမှမဟုတ်ဘူး ဟုတွေးနေသည်။ သို့သော် ထိုသို့တွေးနေသော်လည်း သူ့လက်ဖဝါးကို ဟန်မဆောင်နိုင်စွာ ကွေးလိုက်မသည်။ ထို့နောက် ဇွတ်အတင်းပြန်ဆွဲဖြန့် ခံလိုက်ရလေသည်။

ကျန်းလော့၏ နှလုံးသားသည် ထိုအချိန်တွင် အနည်းငယ်ပင် ငြိမ်းချမ်းသာလို ခံစားနေရပြန်သည်။ သူသည် ဖုန်းလီပြောသော စကားနှစ်ခွန်းနှင့် ပတ်သတ်၍ အတွေးများနေသည်။ ထိုစကားများအရ ဖုန်းလီနှင့် ကံကြမ္မာယုံသူတို့သည် ပြဒါးတစ်လမ်း သံတစ်လမ်း လုံးဝ မသင့်မြတ်ကြသည်မှာ သေချာသွားသည်။ ဖုန်းလီသည် ကံကြမ္မာယုံသူကို လုံးဝသဘောမကျပေ။ ထို့ကြောင့် ကျန်းလော့သည် ထိုနှစ်ယောက် တိုက်ခိုက်အောင် ကြားထဲမှ ခလောက်ဆန်ပေးဖို့ တိတ်တိတ်လေး ဆုံးဖြတ်လိုက်သည်။

တစ်ချက် နှစ်ချက် သုံးချက် ဖုန်းလီသည် သူ့လက်ဖဝါးကို သုံးချက် ရိုက်ပြီးပြီဖြစ်သည်။ ကျန်းလော့သည် အချက်ရေတိုင်းကို သေချာလိုက်ရေထားသောကြောင့် သူ့လက်ကို သုံးချက်အရိုက်ခံရပြီးနောက် သူ့လက်သည် လုံးဝ ရိုက်လို့မဖြစ်တော့အောင် နီရဲလာသည်။ ဖုန်းလီသည် မျက်မှောင်ကြုတ်၍ အရိုက်ရပ်သွားပြီး

"မင်း အင်္ကျီလက်ကို မတင်လိုက်"

ကျန်းလော့သည် တုံ့ဆိုင်းသွားပြီး မလှုပ်တော့ပေ။ မကောင်းဆိုးဝါး ချန်ခဲ့သော အရာများသည် သူ့ကိုယ်ပေါ်တွင် ရစရာမရှိအောင် ပွထနေပြီး သူ့တကိုယ်လုံးကို အဝတ်နှင့်လုံအောင်ထုတ်ထားရသည်။ သူသာ အင်္ကျီလက် မတင်လိုက်လျှင် ဖုန်းလီတစ်ယောက် သေချာပေါက် သိသွားနိုင်သည်။

သူသည် အကြာကြီး ငြင်းဆန်လိုပုံဖြင့် ဒီတိုင်းထိုင်နေသည်။

'ဖုန်းလီရား ဘာလို့ဒီလောက် စိတ်ပျက်စရာကောင်းနေရတာလဲ'

ဖုန်းလီသည် သူ့တပည့်၏ မလှုပ်မယှက် ဖြစ်နေပုံကို မြင်သောအခါ သူ့ကိုကြောက်သွားသည်ဟု ထင်သွားသည်။ ထို့နောက် စိတ်ရှည်လက်ရှည်ဖြင့် သူကိုယ်တိုင် လက်ဆွဲ၍ အင်္ကျီကိုမပေးလိုက်သည်။ ဆောင်းတွင်းဖြစ်သောကြောင့် အဝတ်သုံးထပ်လောက် ဝတ်ထားသော ကျန်းလော့ကို စိတ်ရှည်စွာပင် အပေါ်အနွေးထည်မှ အောက်ဆုံးရှပ်အင်္ကျီအထိ လက်တံတောင်ထိ လိပ်တင်ပေးလိုက်သည်။

ကျန်းလော့၏ လက်ဖျံပေါ်သွားပြီး သစ်ကိုင်းခြောက်ကို ပြန်ကောက်ကိုင်လိုက်သည်။

ကျန်းလော့သည် သူ့လက်ကို ငုံ့ကြည့်လိုက်ရာ အံ့ဩလောက်အောင်ပင် အနမ်းရာများ တစ်ခုမှ မရှိတော့ပေ။ လုံးဝမရှိတော့တာမဟုတ်ပဲ သေချာကြည့်လျှင်တော့ ခပ်ရေးရေးမြင်ရသေးသည်။ ဂျင်ဆင်းကလေးလေး၏ နှုတ်ခမ်းမွှေး၏ အစွမ်းဖြစ်သည့်အပြင် အခန်းထဲမှ ဝါကျင့်ကျင့် မီးမှိန်မှိန်ကြောင့် ဖုန်းလီသည် သတိမထားမိခဲ့ပေ။ ကျန်းလော့သည် အလွန်ပူလောင်လာကာ အဝတ်ထူထူကြီး၏ အောက်ထဲတွင် ချွေးများနစ်နေပြီး တစ်ကိုယ်လုံး စေးကပ်စေးကပ်ဖြစ်နေသည်။

ကျန်းလော့သည် သူ့ကိုယ်သူ တိတ်တိတ်လေး ဆုံးမလိုက်သည်။ အနာဂတ်တွင် ဂျင်ဆင်းကို အများကြီးစားလို့မဖြစ်ကြောင်းနှင့် ဆေးလွန်လျှင် ဘေးဖြစ်မည်ဟူ၍ ဆက်တိုက် ရွတ်နေသည်။

နောက်ဆုံးနှစ်ချက်ရိုက်ပြီးနောက် ကျန်းလော့၏ လက်ဖျံသည် နီရဲသွားတော့သည်။ အနီရောင်အရှိုးရာနှစ်ကြောင်းသည် ဖြူဖွေးနေသော လက်ဖျံပေါ်တွင် ထင်းနေသည်။ အနီရောင် အရှိုးရာ ဘေးဘက်မှ အသားများသည် အနည်းငယ်ကြွတက်လာကာ လက်ဖျံတစ်ခုလုံး ယောင်ယမ်းလာသလို ဖြစ်သွားသည်။

ဖုန်းလီသည် ထိုသည်ကို မြင်ပြီး မျက်ခုံးတို့တွန့်သွားကာ သူ့တပည့်ငယ်လေး၏ မျက်နှာကို ကြည့်လိုက်သည်။

ကျန်းလော့သည် နာကျင်ပြီး ကြောက်ရွံ့နေပုံပေါ်ကာ သူ့နဖူးတွင် ချွေးသီးချွေးပေါက်များပါ ထွက်နေရှာသည်။ သူ့နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး သူ့မျက်ခမ်းများသည် တိုက်ပွဲထဲမှ ပြန်လာတုန်းကကဲ့သို့ ရဲရဲနီနေပြန်သည်။

လက်ဖျံတွင် အနည်းငယ်ယောင်ယမ်းနေသော ဒဏ်ရာနှစ်ခုသည် ကျန်းလော့ကို အလှလေးကို နှိပ်စက်သော မကောင်းသည့်လူဟု သူ့ကို သမုတ်နေသလို ဖုန်းလီခံစားလိုက်ရသည်။ ပိုပြီး သနားစရာကောင်းနေသည်မှာ ကျန်းလော့၏ လက်ဖဝါးဖြစ်ပြီး တစ်ဖက်လက်ဖဝါးနှင့် ယှဉ်လျှင် ယောင်ယမ်းနေတာ အလွန်သိသာလှသည်။

ဖုန်းလီ၏နှုတ်ခမ်းထောင့်များသည် နှုတ်ခမ်းတင်းတင်းစေ့လိုက်သောကြောင့် တဖြောင့်ထဲ ဖြစ်သွားသည်။

တကယ်တမ်းတွင် ယခင်တပည့်များကို ရိုက်နက်အပစ်ပေးသည့် စည်းမျဉ်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူ့တပည့်များသည် ဖုန်းလီရှေ့တွင် ဘယ်သောအခါမှ အမှားမလုပ်ရဲသောကြောင့်ဖြစ်သည်။ ထို့အပြင် ဖုန်းလီသည် သူတို့ကို ကောင်းကောင်းမလေ့လာလျှင် သုံးသပ်ခန်းထဲသို့ ပိတ်ထားရုံသာ အပြစ်ပေးသော်လည်း တပည့်များကတော့ ဖုန်းလီကို တစ်ခါအပြစ်ပေးရပြီးတိုင်း တုန်နေအောင် ကြောက်သွားလေ့ရှိသည်။

သို့သော် လိမ်ညာပြီး ဖုန်းလီသည် ကျန်းလော့ကို ငါးချက်ကြီးများတောင် ရိုက်ပစ်ခဲ့သည်။ သူ့အကြည့်များကို သတိပြုမိပုံပေါ်ကာ ကျန်းလော့သည် ဖုန်းလီကို မျက်လုံးရွှဲကြီးဖြ့် ကြည့်လိုက်ပြီး

"ဆရာ"

ပြတင်းပေါက်အပြင်ဘက်တွင် လေထန်နေပြီး ကောင်းကင်ကြီးသည် မှောင်မဲနေသည်။ ဖုန်းလီကိုယ်ပေါ်မှ ဝိုင်အနံ့ကို ပြင်းပြင်းပြပြရနေကာ လေတိုက်တိုင်း ထိုအနံ့သည် ကျန်းလော့ကို အိပ်ချင်လာသလို မူးဝေလာစေသလို ဖြစ်စေသည်။ အခန်းထဲမှ မီးသီးသည် လေတိုက်တိုင်း ယိမ်းသွားပြီး အရိပ်များသည်လည်း ရွေ့လျားနေကာ အခန်းသည် အနည်းငယ် မီးခိုးရောင်မှိုင်းမှိုင်း လောက်သာ လင်းတော့သည်။

ဤအလင်းရောင်အောက်တွင် ရုပ်ဆိုးသူတွေကိုတောင် ချစ်စရာကောင်းသည်ဟု မြင်လာနိုင်သည်။ အလင်းရောင်သည် ဘာကိုမှ သဲသဲကွဲကွဲမမြင်ရအောင် မှေးမှိန်နေသည်။

ကျန်းလော့၏ ပေါ့ပါးသော အကြည့်သည် ဝါကျင်ကျင် မှိန်ဖျော့ဖျော့ မီးရောင်အောက်တွင် မသဲကွဲစွာ ကြောက်ရွံ့နေသလိုဖြစ်နေသည်။

ဖုန်းလီသည် သူ့ကိုကြည့်နေပြီး မျက်လုံးများသည် ရုတ်တရက် မှောင်မိုက်သွားကာ ချက်ချင်းထရပ်လိုက်ပြီး သစ်ကိုင်းခြောက်ကို ပစ်ချလိုက်ပြီး ကျန်းလော့ကို စကားပြောရင်း အခန်းထဲက အလျင်စလို ထွက်သွားသည်။

"နောက်ကို ဒီလိုမျိုး မဖြစ်စေနဲ့"

ကျန်းလော့သည် ထိုအကြည့်ကြောင့် ရှုပ်ထွေးသွားပြီး ဖုန်းလီတံခါးပိတ်ခဲ့သည်ကို ကြည့်၍ မျက်မှောင်ကြုတ်သွားသည်။

"ဒီတစ်ယောက်က ချက်ချင်းကြီး ဘာဖြစ်သွားတာလဲဟ"

ဒါကြီးက အရမ်းကို သူ့ပုံစံမဟုတ်နေဘူး...................

ခနလောက်တွေးနေပြီးနောက် ကျန်းလော့သည် ရှေ့တိုးသွားပြီး တံခါးကို လော့ချလိုက်ကာ ပြတင်းပေါက်ကို ပိတ်လိုက်ပြီး အခန်းထဲသို့ လေအေးများ တစ်စက်မှမဝင်အောင် သေချာစစ်ဆေးလိုက်သည်။ သူသည် သံဘေစင်ထဲသို့ မီးအဆောင်တစ်ခုကို ပစ်ထည့်လိုက်ပြီး အိပ်ရာဘေးတွင်ရပ်၍ အဝတ်များ ချွတ်လိုက်သည်။

စောင်သည် အေးစက်နေသော်လည်း ကံကောင်းစွာပင် အိပ်ရာခင်းသည် ထူပြီး နူးညှံနေသောကြောင့် နွေးထွေးစေသည်။ ကျန်းလော့သည် အစထဲက အလွန်ပူလောင်နေပြီးဖြစ်ကာ စောင်အောက်ထဲတွင် ပို၍ ပူလာသောကြောင့် စောင်ဖယ်၍ လက်များနှင့် ယပ်ခပ်နေသည်။

နောက်ဆုံးတွင် ဘယ်လိုမှ သည်းမခံနိုင်တော့ပဲ အိပ်ရာပေါ်မှ ထလိုက်ကာ ရေနွေးအိုးထဲမှ ရေတစ်ဝက်လောက် ဇလုံထဲထည့်၍ သဘက်တစ်ထည်ကို ရေထဲနှစ်ကာ သူ့ကိုယ်သူ ရေပတ်တိုက်လိုက်သည်။ ဂျင်ဆင်းကလေးလေးသည် အိပ်ရာဘေးတွင် သနားစရာကောင်းစွာ ရပ်နေကာ သူ့သွားရည်ခံလေးပေါ်မှ မျက်ရည်များကို ရေနွေးထည့်ထားသော အနီရောင်ဇလုံကြီးထဲသို့ ဂရုတစိုက် ညှစ်ထည့်ပေးနေပြီး ငို၍ပြောသည်။

"ဖေဖေ ခုနက ကလေးလေးကို နှုတ်ခမ်းမွှေးဆွဲနှုတ်သွားတဲ့သူကို ကလေးလေး မမြင်လိုက်ရဘူး အဲ့တာဘယ်သူလဲဆိုတာ ကလေးလေးကို ပြောပြပါ့လားဟင်"

ကျန်းလော့သည် ဂရုမစိုက်စွာ ပြောလိုက်သည်။

"ကောင်းကင်သခင်ဖုန်း (ဖုန်းထျန်းရှိ) လုပ်တာ ငါ့မျက်လုံးနှစ်လုံးနဲ့ သေချာကို မြင်လိုက်တယ်"

"တကယ်ကြီး သူလုပ်တာပေါ့"

ဂျင်ဆင်းကလေးလေးသည် စိတ်ဆိုးသွားပြီး သူ့ဗိုက်လုံးလုံးလေးကို ပွတ်သပ်ကာ

"ဖေဖေ ဖေဖေ့ကို ကလေးလေးကိုယ်စား ကောင်းကင်သခင်ဖုန်းကို ကလေးလေး နှုတ်ခမ်းမွှေးတွေအစား မျက်ရည်တွေကိုသုံးပေးဖို့ ပြောပေးဖို့တောင်းဆိုထားတာလေ ဖေဖေ သူ့ကိုပြောပြလိုက်သေးလားဟင်"

ကျန်းလော့သည် ထိုကိစ္စကို လုံးဝမေ့လျော့နေကာ လေးနက်တည်ကြည်စွာ ပြောလိုက်သည်။

"ငါပြောလိုက်တယ် ဒါပေမဲ့ ကောင်းကင်သခင်က ငါ့ကို မယုံဘူး"

ဂျင်ဆင်းကလေးလေးသည် အငိုတိတ်သွားပြီး ဒေါသထွက်လာကာ

"သူ သူဘယ်လိုတောင် ဒီလိုလုပ်နိုင်ရတာလဲ"

ကျန်းလော့နှင့် ဂျင်ဆင်းကလေးလေးတို့သည် နှစ်ယောက်ပေါင်းပြီး တစ်ယောက်တစ်လှည့်စီ ကျန်းလော့ကို ကျိန်ဆဲနေကြပြီး ဆယ်မိနစ်ကြာမှ မော၍ ရပ်သွားကြသည်။ ဂျင်ဆင်းအဆီအနှစ်များပါသော ရေနှင့် တစ်ကိုယ်လုံးကို ရေပတ်တိုက်ပြီးနောက် ကျန်းလော့ကိုယ်ပေါ်မှ ကျန်ရှိနေသေးသော အမာရွတ်များ လုံးဝပျောက်ကွယ်သွားတော့သည်။ အမာရွတ်များသာမကပဲ အခြားသော ဓားရှရာ ပြတ်ရာများသည်လည်း ပျောက်ကွယ်သွားသည်။

ကျန်းလော့သည် သူ့ကိုယ်သူ အခွံခွာထားသော ကြက်ဥပြုတ်လို နူးညံ့သန့်ရှင်းသွားသလို ခံစားလိုက်ရသည်။

'အကြိမ်ပေါင်းများစွာ ရေချိုးတာထက်တောင် သန့်ရှင်းသွားသေးတယ်'

ကျန်းလော့သည် သူ့ဗိုက်ကို ငုံ့ကြည့်ပြီး ကံမကောင်းစွာ ပြောလိုက်သည်။

"မင်းရဲ့မျက်ရည်တွေက ဆံပင်တွေ ပိုသန်လာအောင်လုပ်ပေးတယ် နောက်ထပ် အေဘီအက်စ် နစ်ခုလောက် ထွက်လာအောင်ရော လုပ်မပေးနိုင်ဘူးလား"

ဂျင်ဆင်းကလေးလေးသည် မျက်လုံးလှိမ့်လိုက်ပြီး

"အိပ်မက်သာမက်နေလိုက်ပါတော့ ဖေဖေရေ"

ကျန်းလော့သည် သန့်ရှင်းသွားသော ကိုယ်ဖြင့် စောင်ပုံထဲပြန်တိုးဝင်လိုက်သည်။ ဤတစ်ကြိမ်တွင် ခုနကလောက် ပူမနေတော့ပေ။ သို့သော် တနေကုန်ပင်ပန်းထားရသော ကိစ္စများကို ပြန်တွေးမိပြီး လုံးဝအိပ်မရပေ။ ကျန်းလော့သည် မျက်စိကြောင်နေပြီး မျက်နှာကျက်ကို ငေးမောနေကာ သူ့ဘေးမှ ဂျင်ဆင်းကလေးလေးသည် ပါးစပ်ထဲမှ ပူစီဖောင်းများ မှုတ်ထုတ်နေကာ ဟောက်သံပိစိများတောင်ထွက်ပြီး အိပ်ပျော်နေလေပြီ။

သူသည် အတွေးများပြီး အိပ်ချင်စိတ်ပျောက်သွားတော့သည်။

ကျန်းလော့သည် ညဘက်မှာဖြစ်ခဲ့သည့် ကိစ္စများကို ပြန်တွေးကြည့်ရင်း ဖုန်းလီ၏ သူ့ကိုကြည့်သော ထူးဆန်းသော အကြည့်ကို သတိရသွားသည်။ ထိုအကြည့်သည် သူ့ကို တချိန်လုံး တစ်ခုခုမှားနေသလို ခံစားချက်များ ပေးစွမ်းနေသည်။

သူသည် ထိုအကြောင်းကို အကြာကြီးတွေးနေရင်း အိပ်ပျော်တော့မလိုလို ဖြစ်သွားသည့်အချိန်တွင် ရုတ်တရက် သူ့ဦ်းနှောက်သည် နှိုးကြွလာပြီး တစ်ခုခုကို ရုတ်တရက်ဆန်စွာ သဘောပေါက်သွားသည်။ ဖုန်းလီသူ့ကိုကြည့်သော အကြည့်သည့် ဆရာတစ်ယောက်က တပည့်တစ်ယောက်ကို ကြည့်သော အကြည့်မျိုး မဟုတ်ပေ။

ယောက်ျားတစ်ယောက်က ယောက်ျားတစ်ယောက်ကို ကြည့်သော အကြည့်နှင့် ပိုတူသည်။

####################

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

Zawgyi

အပိုင္း (၁၅၁) မ်က္လုံးမ်ား

က်န္းေလာ့သည္ တစ္ခါလွမ္းလွ်င္ ေျခလွမ္းေသးေသးသာ လွမ္းေနၿပီး ကံၾကမၼာယုံသူထံသို႔ ေျဖးေျဖးခ်င္းေလွ်ာက္သြားသည္။ သူ႔မ်က္ႏွာကို ေအာက္သို႔ တြင္တြင္ငုံ႔ထားၿပီး ဗိုက္ကိုကြယ္ထားသည္။ သူ႔မ်က္ႏွာသည္ ေလေအးတို႔ေၾကာင့္ ျဖဴေဖ်ာ့ေနကာ ျပင္းျပင္းထန္ထန္ ဒဏ္ရာရထားေသာေၾကာင့္ နာက်င္မႈကို မထိန္းခ်ဳပ္ႏိုင္ေသာ မ်က္ႏွာမ်ိဳးျဖင့္

"ကံၾကမၼာယုံသူ တာအိုဆရာေတာ္ ေဝ့ဟယ္"

ညအေမွာင္သည္ ျပင္းျပင္းျပျပ နက္ေဆြးေနေသာေၾကာင့္ က်န္းေလာ့မည္မွ် ဒဏ္ရာရထားသည္ကို မည္သူကမွ မျမင္ႏိုင္ေပ။ သို႔ေသာ္ သူတို႔သည္ က်န္းေလာ့ မ်က္ႏွာႏွင့္ ခႏၶာကိုယ္မွ ေသြးမ်ားကိုေတာ့ ျမင္ႏိုင္ေပသည္။

ထို႔အျပင္ ခ်ီယုံ႔လက္တစ္ဖက္ပင္ က်ိဳးသြားရာ က်န္းေလာ့ဆိုလွ်င္ မည္မွ် ဒဏ္ရာျပင္းမည္မွန္း ေတြးၾကည့္စရာပင္ မလိုေခ်။

'ျပန္ေရာက္လာတာပဲ ေတာ္ေသးတယ္'

တာအိုဆရာေတာ္ေဝ့ဟယ္သည္ က်န္းေလာ့ကိုျမင္ၿပီး စိတ္ေအးသြားကာ

"ျမန္ျမန္ ျမန္ျမန္ ေကာင္းကင္သခင္ က်ိေယာင္ဇီ သူ႔ကို ေခၚသြားၾက ငါလိုက္ၾကည့္ေပးမယ္"

"စိတ္ပူစရာမလိုပါဘူးဗ်ာ"

က်န္းေလာ့သည္ အားနည္းစြာ ၿပဳံးလိုက္ၿပီး သူ႔အသံသည္ အသက္မရႉႏိုင္ပဲ အေမာေဖာက္ေနေသာ အသံႏွင့္တူေနကာ

"ဒီဒဏ္ရာေတြက မေသႏိုင္ေလာက္ပါဘူးဗ်ာ အားလုံးအေပၚယံေတြပဲ ဂ်င္ဆင္းဝိဉာဥ္သုံးၿပီး ကုလိုက္လို႔ရပါတယ္" အသုဘပစၥည္း အေရာင္းဆိုင္ပိုင္ရွင္သည္ ေၾကာင္သြားၿပီးမွ နည္းနည္း စိတ္သက္သာသြားသည္

"မင္းဆီမွာ ဂ်င္ဆင္းဝိဉာဥ္ရွိတာ ေမ့ေတာ့မလို႔ ဆရာေတာ္ ေဝ့ဟယ္ အဲ့ဒီဝိဉာဥ္က ႏွစ္ငါးရာသက္တမ္းရွိေနၿပီ သူသာ အဲ့တာစားလိုက္ရင္ က်န္းေလာ့က ဆရာေတာ့္ကို အေနာက္အယွက္ေပးစရာမလိုေတာ့ဘူး

"ႏွစ္ငါးရာသက္တမ္းရွိ ဂ်င္ဆင္းဝိဉာဥ္လား ျဖစ္ႏိုင္တယ္ ျဖစ္ႏိုင္တယ္ ေသခ်ာေပါက္ က်ဳပ္စိတ္ပူစရာမလိုေတာ့ဘူး"

တာအိုဆရာေတာ္ ေဝ့ဟယ္သည္ စိတ္ခ်စြာ သက္ျပင္းခ်လိုက္ၿပီး

"အိုက္ယား ေႏွးတုံ႔ေႏွးတုံ႔လုပ္မေနနဲ႔ ျပန္ၾကစို႔ အဲ့ဒီ လမ္းျဖတ္ကူးမဲ့ သရဲအေကာင္တစ္ရာလည္း မရွိေတာ့ဘူး က်န္းေလာ့ ဒဏ္ရာေတြကုဖို႔ အထဲျမန္ျမန္သြားရေအာင္ လာ လာ"

က်န္းေလာ့သည္ ကံၾကမၼာယုံသူကို ထပ္ၾကည့္လိုက္ၿပီး ႏူးညံ့စြာ သက္ျပင္းခ်လိုက္သည္။

"ကံၾကမၼာယုံသူ ကြၽန္ေတာ္ သူ႔ကို အႏိုင္မယူႏိုင္ခဲ့ဘူး"

"မင္းလုပ္တာေကာင္းတယ္"

ကံၾကမၼာယုံသူသည္ သူ႔ကိုေသခ်ာၾကည့္၍ ၾကင္နာစြာ ၿပဳံးျပကာ

"မင္းထက္ ဘယ္သူမွ ပိုေကာင္းေအာင္ လုပ္ႏိုင္မွာ မဟုတ္ဘူး"

က်န္းေလာ့ကို ခ်ီးက်ဴးၿပီး မိစာၦတစ္ရာဝိုင္းရံေနေသာ ခ်ီယုံ႔ကိုလွည့္ၾကည့္လိုက္သည္။ ခ်ီယုံ႔၏ လက္က်ိဳးေနေသာ ပုံရိပ္သည္ မိစာၦမ်ားၾကားတြင္ ထင္းေနၿပီး မေကာင္းဆိုးဝါးသည္ ေသလုေမ်ာပါး ဒဏ္ရာရေနပုံမ်ိဳး မေပါက္ေသာ္လည္း ကံၾကမၼာယုံသူ၏ မ်က္လုံးမ်ားသည္ ေတာက္ပသြားေတာ့သည္။

"မင္းသူ႔လက္တစ္ဖက္ကိုေတာင္ ခ်ိဳးပစ္ႏိုင္တယ္ဆိုေတာ့ တကယ့္ကို အံ့ဩစရာျဖစ္ရပ္ပဲကြ"

က်န္းေလာ့သည္ အခုမွ တိုးတက္လာဆဲ ေက်ာင္းသားတစ္ဦးသာ ျဖစ္တာေတာင္ ဤမွေလာက္ စြမ္းေဆာင္ႏိုင္ခဲ့သည္။ သူသည္ နာရီဝက္အတြင္း ဒီလိုအေျခအေနမ်ိဳးေရာက္ေအာင္ လုပ္ႏိုင္ခဲ့သည္။ အကယ္၍ က်န္းေလာ့သာ ဒီထက္ပိုတိုးတက္လာၿပီး သန္မာသည္ထက္ သန္မာလာပါလွ်င္ ခ်ီယုံ႔ကိုသတ္ဖို႔က ျပႆနာအႀကီးႀကီး မဟုတ္ေတာ့ပါေခ်။

မည္သူမွ မလုပ္ႏိုင္တာကို က်န္းေလာ့က လုပ္ႏိုင္ခဲ့သည္။ သူသည္ လက္ေျမႇာက္လိုက္ၿပီးူ က်န္းေလာ့ ပါးေပၚမွေသြးမ်ားကို ညင္သာစြာ သုတ္ေပးလိုက္သည္။ ထို႔ေနာက္ သူ႔အသံသည္ ေရေသကဲ့သို႔ တည္ၿငိမ္ၿပီး ပိုးသားကဲ့သို႔ ႏူးညံ့ေနကာ

"မင္း ဒီေန႔ေကာင္းေကာင္းလုပ္ခဲ့ပါတယ္ ျပန္နားလိုက္ေတာ့"

လူအုပ္ႀကီးသည္ ေျဖးေျဖးခ်င္းျပန္သြားၾကသည္။ အႀကီးအကဲမ်ားသည္ ေျခလွမ္းကို ေႏွးႏိုင္သမွ်ေႏွးေႏွးေလွ်ာက္ကာ က်န္းေလာ့ကို အေဖာ္ျပဳေပးၾကသည္။ ၿခံဝန္းထဲေရာက္ၿပီးေနာက္ တာအိုဆရာေတာ္ ေဝ့ဟယ္သည္ က်န္းေလာ့သူ႔ကို မလိုတာ ေသခ်ာမွ ျပန္ထြက္သြားခဲ့သည္။

အခန္းထဲတြင္ ဂ်င္ဆင္းကေလးေလးသည္ အိပ္ရာေပၚတြင္ လွဲ၍ သူ႔ေျခေထာက္ကို မိုးေပၚေထာင္ကာ ေဆာ့ေနသည္။ သူတို႔ဝင္လာတာ ျမင္ေသာအခါ ေမာ့ၾကည့္၍

"ေဖေဖ ျပန္လာၿပီ"

"ဒါေလးက ဂ်င္ဆင္းဝိဉာဥ္လား"

က်ိေယာင္ဇီသည္ ဂ်င္ဆင္းကေလးေလးကို စပ္စုစြာ ၾကည့္၍

"ေသေသခ်ာခ်ာ ထိန္းသိမ္းထားတာပဲ ျဖဴေဖြးၿပီး ဝကစ္ကစ္ေလးကြ"

ဂ်င္ဆင္းကေလးေလးသည္ သူမျမင္ဖူးေသာ သူစိမ္းမွ စိုက္ၾကည့္ခံရေသာေၾကာင့္ ေၾကာက္လန႔္သြားၿပီး ခ်က္ခ်င္း ေနာက္ဆုတ္၍ ေစာင္ထဲဝင္ပုန္းကာ တုန္ယင္ေနသည္။

က်ိေယာင္ဇီက ေျပာသည္။

"အိုး က်န္းေလာ့ ဒီေလာက္ ျပင္းျပင္းထန္ထန္ ဒဏ္ရာရထားတာေတာင္ မင္းက အခုထိ ပုန္းေနတုန္းလား မင္းက တကယ့္ကို လိမၼာတာပဲေနာ္ "

'ျပင္းျပင္းထန္ထန္ ဒဏ္ရာရထားတာတဲ့လား'

ဂ်င္ဆင္းကေလးေလးသည္ ေစာင္ေအာက္မွ ေခါင္းေလးထြက္ၿပီး ေခ်ာင္းၾကည့္လိုက္သည္။ ထို႔ေနာက္ က်န္းေလာ့တစ္ကိုယ္လုံးကို ေသခ်ာ စိုက္ၾကည့္၍ သူ႔မ်က္လုံးထဲတြင္ အနည္းငယ္ရႈပ္ေထြးသြားသည္။

'က်န္းေလာ့ ဒဏ္ရာရထားတယ္ဆို ဘာလို႔ ဒဏ္ရာမေတြ႕ရတာလဲ' (ဘီေကာ့စ္ ဒယ္ဒီခ်ီယုံက သူ႔ေသြးေတြနဲ႔ပဲ သုတ္ေပးလိုက္လို႔ေလကြယ္)

'ေသြးနည္းနည္းထြက္ေနတာကလြဲရင္ အားလုံးက်န္းမာေနပါေသးတယ္'

သူစကားေျပာေတာ့မလို႔ ရွိေသးသည္ က်န္းေလာ့က သူ႔ကို ေစာင္ပုံထဲမွ ျဖတ္ခနဲ ဆြဲထုတ္လိုက္သည္။ ဂ်င္ဆင္းကေလးေလးသည္ ေလေပြထဲပါသြားသလို ခံစားလိုက္ရကာ ဘာမွမေျပာႏိုင္လိုက္ခင္ ႏႈတ္ခမ္းေမႊး တစ္ေမႊးဆြဲျဖဳတ္ခံလိုက္ရေလသည္။ ဂ်င္ဆင္းကေလးေလးသည္ ေျပာမည့္စကားကို ေမ့သြားကာ မ်က္ရည္ဥႀကီးမ်ား တစ္လွိမ့္ခ်င္း က်လာေတာ့သည္။ က်န္းေလာ့သည္ ဂ်င္ဆင္းႏႈတ္ခမ္းေမႊးကို ပါးစပ္ထဲထည့္ၿပီး ဝါးစားလိုက္သည္။

သူ႔မ်က္ႏွာသည္ ျမင္ႏိုင္ေလာက္ေအာင္ပင္ နီရဲသြားၿပီး သူ႔တစ္ကိုယ္လုံးမွ ေခြၽးမ်ားထြက္လာသည္။ သူသည္ ေဆးကိုအလြန္အကြၽံစားလိုက္သလို ျဖစ္သြားသည္။

က်န္းေလာ့သည္ လက္လြန္ၾကက္သြန္ျဖစ္သြားေၾကာင္း ခ်က္ခ်င္းသေဘာေပါက္သြားေသာ္လည္း သည္းခံေန႐ုံသာ တတ္ႏိုင္ၿပီး မညည္းညဴရဲေပ။ သူသည္ ခႏၶာကိုယ္ထဲမွ တစ္လွိမ့္လွိမ့္တက္လာေသာ အပူကိုေတာင့္ခံရင္း ဂ်င္ဆင္းကေလးေလး၏ မ်က္ရည္မ်ားကို သြားရည္ခံကိုပင့္ေပးထားၿပီး ေသခ်ာဖမ္းထားသည္။

'ဂ်င္ဆင္းအဆီအႏွစ္ေတြ တစ္စက္ေလးမွ အေလအလြင့္ျဖစ္လို႔ မျဖစ္ဘူး'

သူ႔မ်က္ႏွာေပၚမွ အၾကည့္ကိုၾကည့္၍ က်ိေယာင္ဇီသည္ သူေနေကာင္းေနေၾကာင္း သိသြားကာ ဘာမွထပ္မေမးေတာ့ေပ။ ေနာက္က်ေနၿပီျဖစ္ေသာေၾကာင့္ က်ိေယာင္ဇီသည္ သမ္းေဝလိုက္ၿပီး

"အခု မင္းအဆင္ေျပေနတယ္ဆိုေတာ့ က်ဳပ္ျပန္အိပ္ေတာ့မယ္ မနက္ျဖန္မွေတြ႕မယ္"

က်န္းေလာ့သည္ သူ႔ကိုယဥ္ေက်းစြာ ေက်းဇူးတင္စကားေျပာလိုက္ၿပီဂ

"ဂ႐ုစိုက္ေပးလို႔ ေက်းဇူးတင္ပါတယ္ဗ်ာ"

က်ိေယာင္ဇီသည္ ပ်င္းပ်င္းရိရိ လက္ယမ္းျပလိုက္ၿပီး တံခါးဆီသို႔ ေအးေအးေဆးေဆး ေလွ်ာက္သြားလိုက္သည္။ သူထြက္သြားသည္ကို ၾကည့္ေနရင္း က်န္းေလာ့သည္ ဖုန္းလီဆီသို႔ အၾကည့္ေရာက္သြားသည္။

'သူကဘာလို႔မသြားေသးတာတုန္း'

ဖုန္းလီသည္ မထြက္သြားပဲ အခန္းထဲရွိ စားပြဲဘက္သို႔ ေလွ်ာက္သြားကာ ထိုင္လိုက္သည္။ သူ႔ေက်ာကို မတ္ေနေအာင္ ဆန႔္ထားၿပီး ခန႔္ညားေသာ မ်က္ႏွာတစ္ဝက္သည္ အရိပ္ထဲတြင္ ႏွစ္ျမဳပ္ေနသည္။

"ဒီကိုလာထိုင္"

က်န္းေလာ့သည္ သံသယလြန္ကဲစြာ ဖုန္းလီနားသို႔ ေလွ်ာက္သြားလိုက္သည္။ အိမ္ထဲမွ မီးသီးမ်ားသည္ ႏွစ္ႏွစ္ဆယ္နီးပါး ၾကာၿပီျဖစ္ေသာေၾကာင့္ ဝါက်င့္က်င့္အေရာင္မ်ား ျဖစ္ေနကာ မီးေရာင္သည္ အလြန္မွိန္ၿပီး ေရွးတုန္းက ဓာတ္ပုံမ်ား ကဲ့သို႔ အခန္းထဲကို ဝါက်င္က်င္ႀကီး ျဖာက်ေနသည္။

ဖုန္းလီထံမွ အရက္နံ႔ျပင္းျပင္း ရေနေသးသည္။

"ဆရာ"

က်န္းေလာ့က စေျပာလိုက္သည္။

"ဆရာ ျပန္မနားေသးဘူးလားဗ်"

ဖုန္းလီသည္ ေခါင္းေမာ့ၾကည့္လိုက္ၿပီး အရိပ္ထဲမွ သူ႔မ်က္ႏွာကို ေသခ်ာျမင္လိုက္ရသည္။ မ်က္ႏွာထားသည္ သလင္းေက်ာက္ကဲ့သို႔ မာထန္ေနၿပီး ေအးစက္ေနသည္။

"အဲ့တာကို အိပ္ရာေပၚသြားခ်လိုက္"

ဂ်င္ဆင္းက္ေလးေလးသည္ မြန္းၾကပ္ဖြယ္အေျခအေနကို ၾကည့္ေနၿပီး မ်က္ရည္မ်ားကို အထဲျပန္သြင္းဖို႔ႀကိဳးစားကာ အသက္ေအာင့္ထားသည္။ ထို႔ေနာက္ ရႈိက္ေနၿပီး ဂ်င္ဆင္းအေသေလးလို ဟန္ေဆာင္ေနလိုက္သည္။

က်န္းေလာ့သည္ နာခံစြာျဖင့္ ဂ်င္ဆင္းကေလးေလးကို အိပ္ရာေပၚခ်ေပးလိုက္ကာ ဖုန္းလီဆီ ျပန္သြားလိုက္သည္။ ဖုန္းလီက ေအးစက္စြာ ေျပာလိုက္သည္။

"မင္းဒီေန႔ အမွားတစ္ခုလုပ္ခဲ့တယ္ ဘာအမွားလုပ္ခဲ့လဲ သိလား"

က်န္းေလာ့၏ အၿပဳံးသည္ ႐ုတ္တရက္ ေပ်ာက္ကြယ္သြားၿပီး ေခါင္းငုံ႔လိုက္သည္။

"ကြၽန္ေတာ္ နားမလည္ပါဘူး"

ဖုန္းလီသည္ အခန္းထဲကို ေျဖးညႇင္းစြာ လိုက္ၾကည့္ၿပီး စားပြဲေပၚတင္ထားေသာ ပန္းအိုးထဲမွ သစ္ကိုင္းေျခာက္တစ္ခုကို ဆြဲထုတ္လိုက္သ္ည။ သူ႔အသံသည္ မာေက်ာေနကာ

"မင္း ဒီဲညကိစၥမွာ အရင္စၿပီး အဲ့ဒီကို မသြားခဲ့သင့္ဘူး ၿပီးေတာ့လဲ တေစၦတစ္ရာ မဂၤလာပြဲႀကိဳဆိုေနတဲ့ဆီကို သြားဖို႔ ကံၾကမၼာယုံသူတစ္ေယာက္ထဲကို မင္းကသြားခြင့္ေတာင္းခဲ့တယ္"

"မင္းရဲ႕ဆရာက ငါ အဲ့ဒီကံၾကမၼာယုံသူ မဟုတ္ဘူး"

ဤစကားသည္ အေတာ္ေလး စိတ္ဝင္စားစရာေကာင္းေသာ စကားျဖစ္သည္။

ဖုန္းလီကေျပာသည္။

"မင္း လက္ကိုထုတ္ခဲ့"

သူသည္ က်န္းေလာ့၏ လက္ဖဝါးကို ႐ိုက္ဖို႔ရည္႐ြယ္ၿပီး သစ္ကိုင္းေျခာက္ကို ကိုင္လိုက္သည္။ က်န္းေလာ့ ႏွလုံးသားသည္ မေပ်ာ္႐ႊင္စြာ သည္းခံႏိုင္စိတ္ကုန္ဆုံးသြားၿပီး တိုးတိုးေလး ေျပာလိုက္သည္။

"ဆရာ ကြၽန္ေတာ္ ......................"

'လက္ကိုထုတ္'

ဖုန္းလီက ေျပာသည္။ သူ႔လက္ထဲမွ သစ္ကိုင္းေျခာက္သည္ က်န္းေလာ့လက္ဖဝါးကို ႐ိုက္ဖို႔ခ်ိန္႐ြယ္ထားၿပီးျဖစ္ကာ ဖုန္းလီသည္ စကားအပိုတစ္ခြန္းမွ ထပ္မေျပာေပ။ သို႔ေသာ္ သူ႔အျပဳအမူသည္ ရွင္းလင္းလြန္းသည္ ။ က်န္းေလာ့သာ စကားနားမေထာင္ဘဲ ကလန္ကဆန္လုပ္ေနလွ်င္ ဒီထက္ဆိုးမည္ဟု ၿခိမ္းေျခာက္ေနသလို မ်က္ႏွာတည္ႀကီးႏွင့္သာ စိုက္ၾကည့္ေနသည္။

က်န္းေလာ့သည္ ခနေလာက္ၾကာေအာင္ တိတ္ဆိတ္ေနေသာ္လည္း ေနာက္ဆုံးတြင္ လက္ကို ေရွ႕သို႔ ဆန႔္ထုတ္ေပးလိုက္သည္။

"မင္းအစ္ကိုေတြအျပစ္လုပ္တိုင္း ငါသူတို႔ကို ဆယ္ခ်က္႐ိုက္တယ္ မင္းကေတာ့ ပထမဆုံးအမွားလုပ္တာဆိုေတာ့ မင္းကို ငါးခ်က္ပဲ ႐ိုက္မယ္"

ဖုန္းလီသည္ တစ္စက္ေလးမွ သနားသည့္ပုံမျပဘဲ က်န္းေလာ့လက္ဖဝါးကို သစ္ကိုင္းေျခာက္ႏွင့္ ႐ိုက္လိုက္သည္။ က်န္းေလာ့သည္ လက္ဖဝါးေပၚမွ အနီေရာင္အရႈိးရာကို ၾကည့္ၿပီး နာက်င္မႈက ဘာမွမဟုတ္ဘူး ဟုေတြးေနသည္။ သို႔ေသာ္ ထိုသို႔ေတြးေနေသာ္လည္း သူ႔လက္ဖဝါးကို ဟန္မေဆာင္ႏိုင္စြာ ေကြးလိုက္မသည္။ ထို႔ေနာက္ ဇြတ္အတင္းျပန္ဆြဲျဖန႔္ ခံလိုက္ရေလသည္။

က်န္းေလာ့၏ ႏွလုံးသားသည္ ထိုအခ်ိန္တြင္ အနည္းငယ္ပင္ ၿငိမ္းခ်မ္းသာလို ခံစားေနရျပန္သည္။ သူသည္ ဖုန္းလီေျပာေသာ စကားႏွစ္ခြန္းႏွင့္ ပတ္သတ္၍ အေတြးမ်ားေနသည္။ ထိုစကားမ်ားအရ ဖုန္းလီႏွင့္ ကံၾကမၼာယုံသူတို႔သည္ ျပဒါးတစ္လမ္း သံတစ္လမ္း လုံးဝ မသင့္ျမတ္ၾကသည္မွာ ေသခ်ာသြားသည္။ ဖုန္းလီသည္ ကံၾကမၼာယုံသူကို လုံးဝသေဘာမက်ေပ။ ထို႔ေၾကာင့္ က်န္းေလာ့သည္ ထိုႏွစ္ေယာက္ တိုက္ခိုက္ေအာင္ ၾကားထဲမွ ခေလာက္ဆန္ေပးဖို႔ တိတ္တိတ္ေလး ဆုံးျဖတ္လိုက္သည္။

တစ္ခ်က္ ႏွစ္ခ်က္ သုံးခ်က္ ဖုန္းလီသည္ သူ႔လက္ဖဝါးကို သုံးခ်က္ ႐ိုက္ၿပီးၿပီျဖစ္သည္။ က်န္းေလာ့သည္ အခ်က္ေရတိုင္းကို ေသခ်ာလိုက္ေရထားေသာေၾကာင့္ သူ႔လက္ကို သုံးခ်က္အ႐ိုက္ခံရၿပီးေနာက္ သူ႔လက္သည္ လုံးဝ ႐ိုက္လို႔မျဖစ္ေတာ့ေအာင္ နီရဲလာသည္။ ဖုန္းလီသည္ မ်က္ေမွာင္ၾကဳတ္၍ အ႐ိုက္ရပ္သြားၿပီး

"မင္း အက်ႌလက္ကို မတင္လိုက္"

က်န္းေလာ့သည္ တုံ႔ဆိုင္းသြားၿပီး မလႈပ္ေတာ့ေပ။ မေကာင္းဆိုးဝါး ခ်န္ခဲ့ေသာ အရာမ်ားသည္ သူ႔ကိုယ္ေပၚတြင္ ရစရာမရွိေအာင္ ပြထေနၿပီး သူ႔တကိုယ္လုံးကို အဝတ္ႏွင့္လုံေအာင္ထုတ္ထားရသည္။ သူသာ အက်ႌလက္ မတင္လိုက္လွ်င္ ဖုန္းလီတစ္ေယာက္ ေသခ်ာေပါက္ သိသြားႏိုင္သည္။

သူသည္ အၾကာႀကီး ျငင္းဆန္လိုပုံျဖင့္ ဒီတိုင္းထိုင္ေနသည္။

'ဖုန္းလီရား ဘာလို႔ဒီေလာက္ စိတ္ပ်က္စရာေကာင္းေနရတာလဲ'

ဖုန္းလီသည္ သူ႔တပည့္၏ မလႈပ္မယွက္ ျဖစ္ေနပုံကို ျမင္ေသာအခါ သူ႔ကိုေၾကာက္သြားသည္ဟု ထင္သြားသည္။ ထို႔ေနာက္ စိတ္ရွည္လက္ရွည္ျဖင့္ သူကိုယ္တိုင္ လက္ဆြဲ၍ အက်ႌကိုမေပးလိုက္သည္။ ေဆာင္းတြင္းျဖစ္ေသာေၾကာင့္ အဝတ္သုံးထပ္ေလာက္ ဝတ္ထားေသာ က်န္းေလာ့ကို စိတ္ရွည္စြာပင္ အေပၚအေႏြးထည္မွ ေအာက္ဆုံးရွပ္အက်ႌအထိ လက္တံေတာင္ထိ လိပ္တင္ေပးလိုက္သည္။

က်န္းေလာ့၏ လက္ဖ်ံေပၚသြားၿပီး သစ္ကိုင္းေျခာက္ကို ျပန္ေကာက္ကိုင္လိုက္သည္။

က်န္းေလာ့သည္ သူ႔လက္ကို ငုံ႔ၾကည့္လိုက္ရာ အံ့ဩေလာက္ေအာင္ပင္ အနမ္းရာမ်ား တစ္ခုမွ မရွိေတာ့ေပ။ လုံးဝမရွိေတာ့တာမဟုတ္ပဲ ေသခ်ာၾကည့္လွ်င္ေတာ့ ခပ္ေရးေရးျမင္ရေသးသည္။ ဂ်င္ဆင္းကေလးေလး၏ ႏႈတ္ခမ္းေမႊး၏ အစြမ္းျဖစ္သည့္အျပင္ အခန္းထဲမွ ဝါက်င့္က်င့္ မီးမွိန္မွိန္ေၾကာင့္ ဖုန္းလီသည္ သတိမထားမိခဲ့ေပ။ က်န္းေလာ့သည္ အလြန္ပူေလာင္လာကာ အဝတ္ထူထူႀကီး၏ ေအာက္ထဲတြင္ ေခြၽးမ်ားနစ္ေနၿပီး တစ္ကိုယ္လုံး ေစးကပ္ေစးကပ္ျဖစ္ေနသည္။

က်န္းေလာ့သည္ သူ႔ကိုယ္သူ တိတ္တိတ္ေလး ဆုံးမလိုက္သည္။ အနာဂတ္တြင္ ဂ်င္ဆင္းကို အမ်ားႀကီးစားလို႔မျဖစ္ေၾကာင္းႏွင့္ ေဆးလြန္လွ်င္ ေဘးျဖစ္မည္ဟူ၍ ဆက္တိုက္ ႐ြတ္ေနသည္။

ေနာက္ဆုံးႏွစ္ခ်က္႐ိုက္ၿပီးေနာက္ က်န္းေလာ့၏ လက္ဖ်ံသည္ နီရဲသြားေတာ့သည္။ အနီေရာင္အရႈိးရာႏွစ္ေၾကာင္းသည္ ျဖဴေဖြးေနေသာ လက္ဖ်ံေပၚတြင္ ထင္းေနသည္။ အနီေရာင္ အရႈိးရာ ေဘးဘက္မွ အသားမ်ားသည္ အနည္းငယ္ႂကြတက္လာကာ လက္ဖ်ံတစ္ခုလုံး ေယာင္ယမ္းလာသလို ျဖစ္သြားသည္။

ဖုန္းလီသည္ ထိုသည္ကို ျမင္ၿပီး မ်က္ခုံးတို႔တြန႔္သြားကာ သူ႔တပည့္ငယ္ေလး၏ မ်က္ႏွာကို ၾကည့္လိုက္သည္။

က်န္းေလာ့သည္ နာက်င္ၿပီး ေၾကာက္႐ြံ႕ေနပုံေပၚကာ သူ႔နဖူးတြင္ ေခြၽးသီးေခြၽးေပါက္မ်ားပါ ထြက္ေနရွာသည္။ သူ႔ႏႈတ္ခမ္းမ်ားကို တင္းတင္းေစ့ထားၿပီး သူ႔မ်က္ခမ္းမ်ားသည္ တိုက္ပြဲထဲမွ ျပန္လာတုန္းကကဲ့သို႔ ရဲရဲနီေနျပန္သည္။

လက္ဖ်ံတြင္ အနည္းငယ္ေယာင္ယမ္းေနေသာ ဒဏ္ရာႏွစ္ခုသည္ က်န္းေလာ့ကို အလွေလးကို ႏွိပ္စက္ေသာ မေကာင္းသည့္လူဟု သူ႔ကို သမုတ္ေနသလို ဖုန္းလီခံစားလိုက္ရသည္။ ပိုၿပီး သနားစရာေကာင္းေနသည္မွာ က်န္းေလာ့၏ လက္ဖဝါးျဖစ္ၿပီး တစ္ဖက္လက္ဖဝါးႏွင့္ ယွဥ္လွ်င္ ေယာင္ယမ္းေနတာ အလြန္သိသာလွသည္။

ဖုန္းလီ၏ႏႈတ္ခမ္းေထာင့္မ်ားသည္ ႏႈတ္ခမ္းတင္းတင္းေစ့လိုက္ေသာေၾကာင့္ တေျဖာင့္ထဲ ျဖစ္သြားသည္။

တကယ္တမ္းတြင္ ယခင္တပည့္မ်ားကို ႐ိုက္နက္အပစ္ေပးသည့္ စည္းမ်ဥ္းမရွိေပ။ အဘယ္ေၾကာင့္ဆိုေသာ္ သူ႔တပည့္မ်ားသည္ ဖုန္းလီေရွ႕တြင္ ဘယ္ေသာအခါမွ အမွားမလုပ္ရဲေသာေၾကာင့္ျဖစ္သည္။ ထို႔အျပင္ ဖုန္းလီသည္ သူတို႔ကို ေကာင္းေကာင္းမေလ့လာလွ်င္ သုံးသပ္ခန္းထဲသို႔ ပိတ္ထား႐ုံသာ အျပစ္ေပးေသာ္လည္း တပည့္မ်ားကေတာ့ ဖုန္းလီကို တစ္ခါအျပစ္ေပးရၿပီးတိုင္း တုန္ေနေအာင္ ေၾကာက္သြားေလ့ရွိသည္။

သို႔ေသာ္ လိမ္ညာၿပီး ဖုန္းလီသည္ က်န္းေလာ့ကို ငါးခ်က္ႀကီးမ်ားေတာင္ ႐ိုက္ပစ္ခဲ့သည္။ သူ႔အၾကည့္မ်ားကို သတိျပဳမိပုံေပၚကာ က်န္းေလာ့သည္ ဖုန္းလီကို မ်က္လုံး႐ႊဲႀကီးျဖ့္ ၾကည့္လိုက္ၿပီး

"ဆရာ"

ျပတင္းေပါက္အျပင္ဘက္တြင္ ေလထန္ေနၿပီး ေကာင္းကင္ႀကီးသည္ ေမွာင္မဲေနသည္။ ဖုန္းလီကိုယ္ေပၚမွ ဝိုင္အနံ႔ကို ျပင္းျပင္းျပျပရေနကာ ေလတိုက္တိုင္း ထိုအနံ႔သည္ က်န္းေလာ့ကို အိပ္ခ်င္လာသလို မူးေဝလာေစသလို ျဖစ္ေစသည္။ အခန္းထဲမွ မီးသီးသည္ ေလတိုက္တိုင္း ယိမ္းသြားၿပီး အရိပ္မ်ားသည္လည္း ေ႐ြ႕လ်ားေနကာ အခန္းသည္ အနည္းငယ္ မီးခိုးေရာင္မႈိင္းမႈိင္း ေလာက္သာ လင္းေတာ့သည္။

ဤအလင္းေရာင္ေအာက္တြင္ ႐ုပ္ဆိုးသူေတြကိုေတာင္ ခ်စ္စရာေကာင္းသည္ဟု ျမင္လာႏိုင္သည္။ အလင္းေရာင္သည္ ဘာကိုမွ သဲသဲကြဲကြဲမျမင္ရေအာင္ ေမွးမွိန္ေနသည္။

က်န္းေလာ့၏ ေပါ့ပါးေသာ အၾကည့္သည္ ဝါက်င္က်င္ မွိန္ေဖ်ာ့ေဖ်ာ့ မီးေရာင္ေအာက္တြင္ မသဲကြဲစြာ ေၾကာက္႐ြံ႕ေနသလိုျဖစ္ေနသည္။

ဖုန္းလီသည္ သူ႔ကိုၾကည့္ေနၿပီး မ်က္လုံးမ်ားသည္ ႐ုတ္တရက္ ေမွာင္မိုက္သြားကာ ခ်က္ခ်င္းထရပ္လိုက္ၿပီး သစ္ကိုင္းေျခာက္ကို ပစ္ခ်လိုက္ၿပီး က်န္းေလာ့ကို စကားေျပာရင္း အခန္းထဲက အလ်င္စလို ထြက္သြားသည္။

"ေနာက္ကို ဒီလိုမ်ိဳး မျဖစ္ေစနဲ႔"

က်န္းေလာ့သည္ ထိုအၾကည့္ေၾကာင့္ ရႈပ္ေထြးသြားၿပီး ဖုန္းလီတံခါးပိတ္ခဲ့သည္ကို ၾကည့္၍ မ်က္ေမွာင္ၾကဳတ္သြားသည္။

"ဒီတစ္ေယာက္က ခ်က္ခ်င္းႀကီး ဘာျဖစ္သြားတာလဲဟ"

ဒါႀကီးက အရမ္းကို သူ႔ပုံစံမဟုတ္ေနဘူး...................

ခနေလာက္ေတြးေနၿပီးေနာက္ က်န္းေလာ့သည္ ေရွ႕တိုးသြားၿပီး တံခါးကို ေလာ့ခ်လိုက္ကာ ျပတင္းေပါက္ကို ပိတ္လိုက္ၿပီး အခန္းထဲသို႔ ေလေအးမ်ား တစ္စက္မွမဝင္ေအာင္ ေသခ်ာစစ္ေဆးလိုက္သည္။ သူသည္ သံေဘစင္ထဲသို႔ မီးအေဆာင္တစ္ခုကို ပစ္ထည့္လိုက္ၿပီး အိပ္ရာေဘးတြင္ရပ္၍ အဝတ္မ်ား ခြၽတ္လိုက္သည္။

ေစာင္သည္ ေအးစက္ေနေသာ္လည္း ကံေကာင္းစြာပင္ အိပ္ရာခင္းသည္ ထူၿပီး ႏူးညႇံေနေသာေၾကာင့္ ေႏြးေထြးေစသည္။ က်န္းေလာ့သည္ အစထဲက အလြန္ပူေလာင္ေနၿပီးျဖစ္ကာ ေစာင္ေအာက္ထဲတြင္ ပို၍ ပူလာေသာေၾကာင့္ ေစာင္ဖယ္၍ လက္မ်ားႏွင့္ ယပ္ခပ္ေနသည္။

ေနာက္ဆုံးတြင္ ဘယ္လိုမွ သည္းမခံႏိုင္ေတာ့ပဲ အိပ္ရာေပၚမွ ထလိုက္ကာ ေရေႏြးအိုးထဲမွ ေရတစ္ဝက္ေလာက္ ဇလုံထဲထည့္၍ သဘက္တစ္ထည္ကို ေရထဲႏွစ္ကာ သူ႔ကိုယ္သူ ေရပတ္တိုက္လိုက္သည္။ ဂ်င္ဆင္းကေလးေလးသည္ အိပ္ရာေဘးတြင္ သနားစရာေကာင္းစြာ ရပ္ေနကာ သူ႔သြားရည္ခံေလးေပၚမွ မ်က္ရည္မ်ားကို ေရေႏြးထည့္ထားေသာ အနီေရာင္ဇလုံႀကီးထဲသို႔ ဂ႐ုတစိုက္ ညႇစ္ထည့္ေပးေနၿပီး ငို၍ေျပာသည္။

"ေဖေဖ ခုနက ကေလးေလးကို ႏႈတ္ခမ္းေမႊးဆြဲႏႈတ္သြားတဲ့သူကို ကေလးေလး မျမင္လိုက္ရဘူး အဲ့တာဘယ္သူလဲဆိုတာ ကေလးေလးကို ေျပာျပပါ့လားဟင္"

က်န္းေလာ့သည္ ဂ႐ုမစိုက္စြာ ေျပာလိုက္သည္။

"ေကာင္းကင္သခင္ဖုန္း (ဖုန္းထ်န္းရွိ) လုပ္တာ ငါ့မ်က္လုံးႏွစ္လုံးနဲ႔ ေသခ်ာကို ျမင္လိုက္တယ္"

"တကယ္ႀကီး သူလုပ္တာေပါ့"

ဂ်င္ဆင္းကေလးေလးသည္ စိတ္ဆိုးသြားၿပီး သူ႔ဗိုက္လုံးလုံးေလးကို ပြတ္သပ္ကာ

"ေဖေဖ ေဖေဖ့ကို ကေလးေလးကိုယ္စား ေကာင္းကင္သခင္ဖုန္းကို ကေလးေလး ႏႈတ္ခမ္းေမႊးေတြအစား မ်က္ရည္ေတြကိုသုံးေပးဖို႔ ေျပာေပးဖို႔ေတာင္းဆိုထားတာေလ ေဖေဖ သူ႔ကိုေျပာျပလိုက္ေသးလားဟင္"

က်န္းေလာ့သည္ ထိုကိစၥကို လုံးဝေမ့ေလ်ာ့ေနကာ ေလးနက္တည္ၾကည္စြာ ေျပာလိုက္သည္။

"ငါေျပာလိုက္တယ္ ဒါေပမဲ့ ေကာင္းကင္သခင္က ငါ့ကို မယုံဘူး"

ဂ်င္ဆင္းကေလးေလးသည္ အငိုတိတ္သြားၿပီး ေဒါသထြက္လာကာ

"သူ သူဘယ္လိုေတာင္ ဒီလိုလုပ္ႏိုင္ရတာလဲ"

က်န္းေလာ့ႏွင့္ ဂ်င္ဆင္းကေလးေလးတို႔သည္ ႏွစ္ေယာက္ေပါင္းၿပီး တစ္ေယာက္တစ္လွည့္စီ က်န္းေလာ့ကို က်ိန္ဆဲေနၾကၿပီး ဆယ္မိနစ္ၾကာမွ ေမာ၍ ရပ္သြားၾကသည္။ ဂ်င္ဆင္းအဆီအႏွစ္မ်ားပါေသာ ေရႏွင့္ တစ္ကိုယ္လုံးကို ေရပတ္တိုက္ၿပီးေနာက္ က်န္းေလာ့ကိုယ္ေပၚမွ က်န္ရွိေနေသးေသာ အမာ႐ြတ္မ်ား လုံးဝေပ်ာက္ကြယ္သြားေတာ့သည္။ အမာ႐ြတ္မ်ားသာမကပဲ အျခားေသာ ဓားရွရာ ျပတ္ရာမ်ားသည္လည္း ေပ်ာက္ကြယ္သြားသည္။

က်န္းေလာ့သည္ သူ႔ကိုယ္သူ အခြံခြာထားေသာ ၾကက္ဥျပဳတ္လို ႏူးညံ့သန႔္ရွင္းသြားသလို ခံစားလိုက္ရသည္။

'အႀကိမ္ေပါင္းမ်ားစြာ ေရခ်ိဳးတာထက္ေတာင္ သန႔္ရွင္းသြားေသးတယ္'

က်န္းေလာ့သည္ သူ႔ဗိုက္ကို ငုံ႔ၾကည့္ၿပီး ကံမေကာင္းစြာ ေျပာလိုက္သည္။

"မင္းရဲ႕မ်က္ရည္ေတြက ဆံပင္ေတြ ပိုသန္လာေအာင္လုပ္ေပးတယ္ ေနာက္ထပ္ ေအဘီအက္စ္ နစ္ခုေလာက္ ထြက္လာေအာင္ေရာ လုပ္မေပးႏိုင္ဘူးလား"

ဂ်င္ဆင္းကေလးေလးသည္ မ်က္လုံးလွိမ့္လိုက္ၿပီး

"အိပ္မက္သာမက္ေနလိုက္ပါေတာ့ ေဖေဖေရ"

က်န္းေလာ့သည္ သန႔္ရွင္းသြားေသာ ကိုယ္ျဖင့္ ေစာင္ပုံထဲျပန္တိုးဝင္လိုက္သည္။ ဤတစ္ႀကိမ္တြင္ ခုနကေလာက္ ပူမေနေတာ့ေပ။ သို႔ေသာ္ တေနကုန္ပင္ပန္းထားရေသာ ကိစၥမ်ားကို ျပန္ေတြးမိၿပီး လုံးဝအိပ္မရေပ။ က်န္းေလာ့သည္ မ်က္စိေၾကာင္ေနၿပီး မ်က္ႏွာက်က္ကို ေငးေမာေနကာ သူ႔ေဘးမွ ဂ်င္ဆင္းကေလးေလးသည္ ပါးစပ္ထဲမွ ပူစီေဖာင္းမ်ား မႈတ္ထုတ္ေနကာ ေဟာက္သံပိစိမ်ားေတာင္ထြက္ၿပီး အိပ္ေပ်ာ္ေနေလၿပီ။

သူသည္ အေတြးမ်ားၿပီး အိပ္ခ်င္စိတ္ေပ်ာက္သြားေတာ့သည္။

က်န္းေလာ့သည္ ညဘက္မွာျဖစ္ခဲ့သည့္ ကိစၥမ်ားကို ျပန္ေတြးၾကည့္ရင္း ဖုန္းလီ၏ သူ႔ကိုၾကည့္ေသာ ထူးဆန္းေသာ အၾကည့္ကို သတိရသြားသည္။ ထိုအၾကည့္သည္ သူ႔ကို တခ်ိန္လုံး တစ္ခုခုမွားေနသလို ခံစားခ်က္မ်ား ေပးစြမ္းေနသည္။

သူသည္ ထိုအေၾကာင္းကို အၾကာႀကီးေတြးေနရင္း အိပ္ေပ်ာ္ေတာ့မလိုလို ျဖစ္သြားသည့္အခ်ိန္တြင္ ႐ုတ္တရက္ သူ႔ဦ္းေႏွာက္သည္ ႏႈိးႂကြလာၿပီး တစ္ခုခုကို ႐ုတ္တရက္ဆန္စြာ သေဘာေပါက္သြားသည္။ ဖုန္းလီသူ႔ကိုၾကည့္ေသာ အၾကည့္သည့္ ဆရာတစ္ေယာက္က တပည့္တစ္ေယာက္ကို ၾကည့္ေသာ အၾကည့္မ်ိဳး မဟုတ္ေပ။

ေယာက္်ားတစ္ေယာက္က ေယာက္်ားတစ္ေယာက္ကို ၾကည့္ေသာ အၾကည့္ႏွင့္ ပိုတူသည္။

####################

Telegram မွာ အၿပီးအထိ တင္ၿပီးပါၿပီေနာ္။

Continue Reading

You'll Also Like

15.4K 1.6K 15
The demon venerable's wishful desire Author - Mo Xi Ke 112 chapters+ 3 extras Start date- 27.2.2022 I don't own this novel.Just fun translation. Full...
60.9K 8.6K 52
#Author(s) -Bism #English Translator -IceCherry #Language -Korean #Associated Names -망나니는 살고 싶다 #Status In COO -85 Chapters (On going) I got permissi...
276K 49.8K 103
I rely on kisses to clear survival games. 90 Chapters + 9 Extras This is not my own. Totally Credited to original Author.
58.1K 9.2K 42
Associated Names 田园日常[重生] Author(s) Li Song Ru 李松儒 Status in COO 170 Chapters + 5 extras