~ TRUST ME ~

By Pan_Rae

41.9K 3.6K 1.1K

m-pregnant BinHao Crd cv photo; More

trust me ~ 1.
trust me ~ 2.
trust me ~ 3.
trust me ~ 4.
trust me ~ 5.
trust me ~ 6.
trust me ~ 7. ***
trust me ~ 8.
trust me ~ 9.
trust me ~ 10. ***
trust me ~ 11. ***
trust me ~ 12.
trust me ~ 13.
trust me ~ 14.
trust me ~ 16.
trust me ~ 17.
trust me ~ 18.
trust me ~ 19. ***
trust me ~ 20.
trust me ~ 21.
trust me ~ 22.
trust me ~ 23. ***
trust me ~ 24.
trust me ~ 25.
trust me ~ 26.
trust me ~ 27.
trust me ~ 28.
trust me ~ 29.
trust me ~ 30. Final
* New Fiction *

trust me ~ 15.

1K 142 24
By Pan_Rae


Uni

" ဂန်ဒယ်ဂျွန်း...အဲ့ကလေးကို
ငါ့ဆီခေါ်လာခဲ့....''

Ti~~

ဟန်ဘင်းရဲ့ ဖုန်းချသံအဆုံးမှာ ရှိုက်ကြီး
တငင်ငိုကြွေးနေသူဟာလဲ အသံတို့ တိတ်ကျ
သွားသည်။ ဟန်ဘင်း ခါးထောက်ကာ မျက်ရည်တို့ အလုအယက် သုတ်နေသူအား
ကြည့်နေလိုက်သည်။ ဒီလောက် အလျော့ပေးထားတာကိုတောင် ဒီကလေးအတွက်နဲ့
သူ့အား ဒူးထောက်မတတ် တောင်းပန်နေသူအား တစ်ဆိတ်လေးမှ နားမလည်နိုင်ပေ။

" ငါ့သားလေးကို ကောင်းကောင်းခေါ်လာ
ခိုင်းပါ ဟန်ဘင်း ''

" မင်းမရှည်နဲ့ သူတို့မင်းရဲ့သားကို ဘာမှ
မလုပ်ဘူး ''

" ဟန်ဘင်း ''

" ပြော...''

" မင်းက အခုငါတို့ကို ဘယ်ခေါ်သွားမှာလဲ ''

" ဆိုးလ်ကို...''

" အပြီးခေါ်သွားမှာလား...''

" ဟုတ်တယ်...''

" ဘာလို့လဲ...? "

" ဘာကိုမေးတာလဲ...''

ဟန်ဘင်းထံ ခေါင်းလေးစောင်းငဲ့ကြည့်ကာ
မရေမရာ မေးခွန်းတစ်ခုကို မေးလာခဲ့သည်။

" မင်းကငါ့ကို စိတ်နာတယ်ဆိုပြီး ဘာကြောင့်
ငါနဲ့ ထပ်ပြီးလာ ပတ်သက်တာလဲ ဟန်ဘင်း
အဲ့အစား ငါ့ကိုတစ်သက်လုံးမေ့ပစ်လိုက်တာ
ပိုကောင်းတယ် မဟုတ်ဘူးလား။ မင်းပဲပြောခဲ့တယ်လေဟန်ဘင်း ငါတို့နှစ်ယောက်ရဲ့ အမှတ်တရတွေကို တစ်လွှာချင်း ဖြတ်ထုတ်ပစ်မယ်ဆို ခုကျ ဘာလို့လဲ ''

ဆိုဖာပေါ်မှာ ကျူံ့ကျူံ့လေးထိုင်ကာ မေးနေသူရဲ့စကားကို နားထောင်နေရင်းနဲ့တောင် အ
သက်ရှူတို့ ကျပ်လာရတယ်။ ဘာလို့လဲ..ဘာကြောင့်လဲ။ မင်းကိုသိပ် စိတ်နာလို့ဆိုတာက
ခိုင်မာတဲ့ အကြောင်းပြချက် တစ်ခုတော့ ဟုတ်မနေဘူး။ သို့ပေမယ့် သူအရမ်းကိုမှ ဟာအို့အပေါ် နာကြည်းမိတာကိုတော့ သူသိသည်။

ချစ်တာပေါ့...ဟာအို့ကိုသူသိပ်ချစ်တာပေါ့။ သူအရမ်းကိုချစ်လွန်းလို့လဲ ရှန်ချွမ်ရွေ့နဲ့ ကွာရှင်းမယ့်အချိန်ကို သူစောင့်နေခဲ့တာ။ အချိန်တန်ရင် ဟန်ဘင်းရင်ခွင်ထဲကိုပဲ သူ့ချစ်သူလေးက ပြန်ဝင်လာမယ်ဆိုတာ သိနေခဲ့တယ်။ အခါနှောင်းမှ ပြန်လာမယ့်သူလေးကို ပညာနည်းနည်းပြကာ ကျီစားမယ်လို့
ခပ်ပေါ့ပေါ့လဲ တွေးခဲ့မိတယ်။

တတ်နိုင်သမျှ ယုံကြည်မှုတစ်ချို့ကိုလဲ ထားခဲ့တယ်။ အဲ့ယုံကြည်မှုဆိုတဲ့ အရာက သိပ်ကို ကြောက်စရာကောင်းအောင် လေးနက်လွန်းတယ်။ ထိုသို့သောယုံကြည်မှုကို ဟာအို့ထံ ဟန်ဘင်းပေးထားခဲ့တယ်။ ဟာအိုကလဲ သစ္စာရှိရှိ စောင့်ထိန်းလိမ့်မယ်လို့လဲ
သူထင်ခဲ့မိတယ်။

သို့သော် သူထားရှိခဲ့တဲ့ သစ္စာတရားတွေ၊ ယုံကြည်မှုတွေကို တစ်စစီ စုတ်ပြတ်သတ်အောင် ရိုက်ချိုးခဲ့တယ်။ ဖောက်ဖျက်ခဲ့တဲ့
သစ္စာတရားမှာ ဟန်ဘင်းရဲ့ လေးနက်တဲ့
ချစ်ခြင်းတရားတွေပါ ပါဝင်နေခဲ့တယ်။ အစွမ်းကုန် ချစ်ပြခဲ့ပေမယ့် ပြန်ရလိုက်တာက နောက်ကွယ်မှာထဲက သူတို့ရဲ့ ဖြစ်ပျက်ခဲ့မှုတွေ။

သိသိခြင်း တုန်လှုပ်ခြောက်ချားခဲ့ရတဲ့ ဟန်ဘင်းဟာ စိတ္တဇဆေးရုံက ဝေဒနာသည်တွေ
ထက်တောင် ပိုလို့ကျွမ်းနေခဲ့တယ်။ အရူးမီးဝိုင်းဖြစ်သလို ဗလာကျင်းသွားခဲ့တဲ့ ဦးနှောက်တွေကို အလုပ်လုပ်ဖို့ အချိန်အတော်ကြာ ကုစားခဲ့ရတယ်။ မျက်လုံးအိမ်တွေ ကျွတ်ထွက်သွားမတတ် ငိုကြွေးခဲ့ရတာတွေ
ဘယ်သူကများ မြင်နိုင်ခဲ့လို့လဲ။

ဘာကြောင့်ဆိုပြီး မရှိဘူး။ ဆယ်ဆမကနာကျင်ခဲ့ရတဲ့ ဟန်ဘင်းအတွက် တစ်ဆလောက်​တော့ သူ့ချစ်သူအား ဒဏ်ခတ်စေချင်တယ်။ သိပ်ချစ်လွန်းလို့ ဆိုတာကိုတော့
ဟန်ဘင်းရဲ့ ရင်ဘတ်ထဲမှာသာ မမြင်နိုင်အောင် ဖွက်လို့သိမ်းထားမယ်။ ပိုနာကျင်ရတဲ့
သူဟာ ကိုယ်ဖြစ်ဖို့ကိုသာ ရွေးချယ်ခဲ့တယ်။
သူ့လောင်းရိပ်အောက်မှာ ထားခြင်းက သူ့အတွက် ရင်အေးရစေမှာ။

တစ်ပါးသူနဲ့ရတဲ့ကလေးကို မေတ္တာကြီးပြီး
ချစ်ပြရလောက်အောင် ဟန်ဘင်းဟာ သူတော်ကောင်း တစ်ယောက် ဟုတ်မနေဘူး။ သူ့အကန့် ကိုယ့်အကန့်ခွဲမယ်။ သူ့အချစ်ကိုဟာအိုမသိအောင် တိတ်တိတ်ကလေးသာပေးမယ်။ ဒါဟာ သူ့သားအတွက် ငိုကြွေးနေတဲ့ မျက်နှာလေးကို မြင်လိုက်ရချိန်မှာ နောက်ဆုံးချမိတဲ့ ဆုံးဖြတ်ချက် တစ်ခုပါပဲ။

" ငါတောင် နာကျင်ခဲ့ရသေးတာကပဲ မင်းရော ငါ့ဆီမှာ တစ်ကြိမ်တစ်ခါလောက် နာကျင်မှုကို မခံစားချင်ဘူးလား ''

မောင့်အပြောမှာ ဟားတိုက်ရယ်ချင်စိတ်ကို
ဟာအို မနည်းထိန်းထားရတယ်။ နာကျင်မှုတွေများလွန်းလို့ ထုံ​နေတဲ့သူကို ထပ်ပြီး နာကျင်မှုတွေ ပေးတော့ရော ဘာထူးမှာလဲ။
မောင်က မုန်းတယ်လို့ ပြောဖို့ လက်တစ်ကမ်းတောင် မလိုတော့တဲ့ အခြေအနေမှာ ရရာ
ကောက်ရိုးမျှင်လေး တစ်ချောင်းဆိုရင်တောင် သူကဆွဲထားမိဦးမှာ။

မောင့်အနားမှာ သူသိပ်နေချင်တယ်။ မရွေးချယ်နိုင်ခဲ့တဲ့အတွက် ရှက်ရွံ့နေခဲ့ပေမယ့်
​မောင်ကထပ်ပြီး နာကျင်မှုတွေပေးဖို့ သူ့အနားကိုခေါ်ထားမှာပါတဲ့။ ပုခုံးလေးမမှီရရင်တောင် လက်ကလေးကို ဆုပ်ကိုင်ခွင့်မရတော့ရင်တောင် အရင်လိုအလွမ်းဒဏ်တော့
သင့်မခံနိုင်တော့ဘူး။ နာကျင်မှုဒဏ်ကိုသာ
မျက်စိစုံမှိတ်ပြီး လက်ခံတော့မယ်။

မောင့်အချစ်ကို မရတော့ရင်တောင် မောင့်အတ္တသစ်ပင်ရိပ်အောက် ပူလောင်မှုကို ခံစားဖို့ဟာအို အဆင်သင့်ဖြစ်နေခဲ့တယ်။ သိပ်ချစ်လို့....ချစ်ရသူဆီက နာကျင်မှုတွေကို လက်ခံဖို့ သိပ်ချစ်လို့ဆိုတဲ့ အကြောင်းပြချက် တစ်ခုသာ လိုအပ်ပါတယ်။

" ငါဦးလေးကြီးတို့ လင်မယားနဲ့ ဆရာမလေးကိုနှုတ်ဆက်ရအုံးမယ် ''

" အရေးပါမနေဘူး...''

" သူတို့က ငါ့အသက်ရဲ့ ကယ်တင်ရှင်တွေ ''

" အိုး...အဲ့လောက်တောင် ကြီးမြတ်တယ်လား...''

မောင့်နှုတ်ခမ်း ချွန်ချွန်လေးတွေကို စက်ဝိုင်းပုံသဏ္ဍာန် ဝိုင်းလျက် တအံ့တသြ ပြုမူကာ
ခနဲ့ပြသည်။ ဟာအိုဟက်ခနဲ ရယ်မိသည်။ မောင်ကသိပ်ချစ်စရာ ကောင်းတာပဲ။ ထိုနှုတ်ခမ်းလေးတွေက ဟာအိုနှုတ်ခမ်းပေါ် နူးညံ့စွာ ကျရောက်မှုတွေကို မလွမ်းဘူးပြောရင် ဟာအိုလိမ်တာ။

" အင်းဟုတ်တယ် သူတို့သာပေါ်မလာခဲ့ရင်
ငါက သေပစ်​တော့မို့ ဟန်ဘင်းရဲ့...''

ဟာအို့စကားအဆုံးမှာ အမူအရာတို့ ကင်းမဲ့လျက် မောင်ကငြိမ်ကျသွားတယ်။ မျက်ဝန်း
ချင်း အတော်ကြာစုံမိတဲ့အခါမှာ ဂနာမငြိမ်တဲ့ မောင့်ရဲ့ မျက်စံအိမ်တွေကို တွေ့ရတယ်။
အထက်အောက် လှုပ်ရှား​နေတဲ့ လည်စလုတ်ဟာလဲ တည်ငြိမ်မနေ။ မောင်ဘာတွေများတွေးနေ​ပါလိမ့်။

တော်ပါသေးရဲ့... တကယ့်ကိုတော်ပါသေးရဲ့။ မဟုတ်ရင် မျက်စိရှေ့မှာ အနှီ မျက်ဝန်းအောက်က မှည့်နက်လေးနဲ့ ကောင်ငယ်​လေးအား သူထပ်တွေ့ဖို့ ရှိနိုင်ပါ့မလားလေ။

ဆယ်မိနစ်ခန့်မျှ သူတို့နှစ်ယောက်ကြား တိတ်ဆိတ်မှုတွေ ကြီးစိုးနေရာမှ ဟန်ဘင်းရဲ့
ခြံဝန်းအတွင်းသို့ ကားဝင်လာတဲ့အသံ ကြားမှ ပြိုင်တူ ထ,ရပ်မိသည်။

မောင့်PAဆိုသူက သားကိုပွေ့ချီလျက် အိမ်ထဲသို့ ဝင်လာလေသည်။ ဟာအိုသားကို တွေ့တာနဲ့ ဆိုဖာရှေ့စားပွဲတွေကိုပါ ကျော်ကာ အ​ပြေးသွားမိသည်။ နှစ်ခြိုက်စွာ အိပ်မောကျနေတဲ့ သားမျက်နှာလေးက ဟာအို့ရဲ့ အေးချမ်းရာ​လေး။ ထိုသူ့ဆီမှ သားကို လက်လွှဲယူကာ ဆိုဖာသို့ ပြန်သွားပြီး ပေါင်ပေါ်တင်လျက် ငြိမ်ငြိမ်လေး ကြည့်နေမိသည်။ မျက်ရည်ကြည်လေးတွေလဲ ရစ်သိုင်းရင်းပေါ့။

အဲ့က​လေးနဲ့ သူ့ချစ်သူကို တွဲမြင်ရတာက ဟန်ဘင်းအတွက် နေလို လလိုပူစေတယ်။
အပြစ်မဲ့တဲ့က​လေးမှန်းသိပေမယ့် ရှန်ချွမ်ရွေ့ နဲ့ရတဲ့ကလေးဆိုတဲ့ အတွေးဝင်လာတာနဲ့
တစ်ပြိုင်နက် အရာအားလုံးကို ပေါက်ခွဲပစ်ချင်လာတယ်။ ရုပ်ကိုသေချာ ခွဲမရသေးပေ
မယ့် ဒီကလေးရဲ့ မျက်နှာကျက ဟာအိုနဲ့အတော်လေးတူတယ်ပြောရမယ်။

တကယ်တမ်း ဒီလိုမြင်ကွင်းမျိုးက ဟန်ဘင်းနဲ့ရတဲ့ သွေးသားအတွက်မှ ဖြစ်သင့်တာ မဟုတ်ဘူးလား။ အသည်းနှလုံးတွေကို လက်နဲ့ချေပစ်နေသလို ခံစားလာရတော့ စေ့စေ့​ကြည့်နေမိရာမှ မျက်နှာကိုလွှဲပစ်လိုက်သည်။

" အကိုလေးရဲ့ဘေးခြံက လင်မယားနဲ့ သမားတော်အမျိုးသမီးဆီက ကလေးကို
မနည်းဆွဲထုတ်လာခဲ့ရတယ်။ ကျွန်တော်လူအင်အားခေါ်သွားမိလို့ မဟုတ်ရင် ထင်းခွဲတဲ့ ပုဆိန်နဲ့ အဲ့လူကြီး ခုတ်တာ ခံနေရတော့မှာ ''

ဟာအိုနဲ့ကလေးအတွက် တွေးပေးကြတဲ့ ထိုလူသုံးယောက်ကြောင့် မျက်ရည်မိုးတွေ ထပ်မံ၍ သွန်းဖြိုးလာရတယ်။ မိသားစုအရင်းတွေဆီကတောင် မရခဲ့ဖူးတဲ့ မေတ္တာတွေ၊ စေတနာတွေကိုရခဲ့တာမို့ ထိုလူတွေဟာလဲ ဟာအို့အတွက် တစ်စိတ်တစ်ပိုင်းသော တန်ဖိုးထားရာတွေ ဖြစ်သည်။

" သူတို့ကိုတော့ ခင်ဗျားတို့ ဘာမှမလုပ်ခဲ့ဘူးမလား သူတို့ကိုထိခိုက်အောင် လုပ်တာမျိုးတော့ ငါသည်းမခံနိုင်ဘူးနော်ဟန်ဘင်း မင်းလူတွေကိုပြောပေးထားပါ ငါတောင်းဆိုတယ် ''

" ငါ့လူတွေက လူမိုက်တွေမဟုတ်ဘူး ကျန်းဟာအို.... မိုက်စရာရှိမှ မိုက်တာ မင်းရဲ့ ဦးလေးကြီးတို့ဆိုတာတွေကသာ လူမိုက်မဟုတ်ဘူးလား ပုဆိန်တောင်ကိုင်တယ်ဆိုတော့ ''

" မင်းမှာအဲ့လောက်ဦးနှောက် မရှိပါလားလို့
ဒီတစ်ခါတကယ်တွေးမိသွားပြီ ဆောင်းဟန်ဘင်း ''

" အဟက်...''

စကားကို စိတ်​ပျက်စရာကောင်းအောင် ပြောတတ်ဖို့ ဒီတစ်နှစ်အတွင်း ဘယ်လိုများ သင်ထားပါလိမ့်။ ချစ်လွန်းလို့သာ အပြစ်မမြင်တာ ဆောင်းဟန်ဘင်း ဂျစ်ပုံက လူကြီးဆန်ဆန် ဂျစ်တိုက်ခြင်းမျိုး။ ရင့်ကျက်လာပုံက
လွန်လွန်းသွားတယ်ထင်ပါ့ စိတ်ပျက်စရာ
တောင်ကောင်းလာတယ်။ မျက်နှာချောချော
ကို လက်သည်းတိတိလေးတွေနဲ့ ကုပ်ဖဲ့ပစ်ချင်စိတ်ကို မနည်းထိန်းထားရတယ်။

အိပ်ပျော်နေတဲ့ သားလေးအား ပွေ့ချီကာ ထတော့ ပြန်ထိုင်နေတဲ့ ဟန်ဘင်းကပါ လိုက်ထ,
လာတယ်။ ဟာအို မျက်လုံးဝင့်ကြည့်တော့
သူမဟုတ်သလို တောင်ကြည့်မြောက်ကြည့်
နဲ့ သူ့PAကို ဟိုဟာခိုင်းသလို ဒီဟာခိုင်းသလို
ကလုပ်နေသေးတာ။

ခုနကဟာအို အိပ်နေခဲ့တဲ့ ကုတင်ထက် သားလေးကို တင်ကာ သိပ်လိုက်တယ်။ သားလေးရဲ့ နဖူးပြင်သေးသေးလေးကို ဖွဖွနမ်းလိုက်တာကို တံခါးအပြင်ဘက်က ဟန်ဘင်းက ကြည့်နေခဲ့တယ်။

ဟန်ဘင်းရဲ့ မျက်လုံးတွေဟာ ဝေဝါးနေခဲ့တယ်။ ဒယ်ဂျွန်းကို စကားတွေ ပြောနေပေ
မယ့် အက်ရှရှသာ ထွက်နေတယ်။ ဒယ်ဂျွန်း
ဟာလဲ အခြေအနေကို ရိပ်မိကာ ခေါင်းတ
ငြိမ့်ငြိမ့် လုပ်ရင်း...

" Boss နားလိုက်ပါ..ကျွန်တော်အားလုံး
အဆင်ပြေအောင် ကြည့်လုပ်ပေးပါ့မယ်..''

" အင်းကျေးဇူးပဲ ဒယ်ဂျွန်းဟျောင်း...''

ဟန်ဘင်းရဲ့ ဟျောင်းဆိုတဲ့ခေါ်သံမှာ
ဒယ်ဂျွန်း ဟာစိတ်လှုပ်ရှား သွားရတယ်။ ဒါဟာ သူ့အား အစ်ကိုကြီးတစ်ယောက် အဖြစ်
သတ်မှတ်ကာ အားကိုးချင်တဲ့ အခါတိုင်း ခေါ်တတ်တဲ့ အသုံးအနှုန်းဖြစ်တယ်။ ဒီကောင်​လေးက သိပ်ကိုဆိုးတယ်လို့ ထင်ရပေမယ့်
တကယ်က အရွယ်နဲ့ မလိုက်အောင် အချစ်ကြီးတဲ့ သူမျိုး။ အချစ်မှာ အတ္တတွေကပ်ပါ
လာတော့ သူ့ချစ်သူကို စိတ်ဆင်းရဲအောင်
လုပ်ဖို့ကြိုးစားနေခဲ့တာ။ တားဖို့မတွေးမိဘူး
သူ့ရှေ့မှာတင် တစ်နှစ်ကျော် အရူးတစ်ပိုင်းဖြစ်ခဲ့ရတဲ့ အပြုံးချိုချိုလေးနဲ့ ကောင်​လေးရဲ့
ပုံရိပ်က သူ့မျက်လုံးထဲက မထွက်နိုင်အောင်နေရာယူထားတယ်။ အချစ်ကြီးလို့ အမျက်ကြီးလိုက်ကြပုံများ။

________________

ဆိုးလ်သို့မသွားခင် ဟာအို့တို့သားအဖကို စောင့်ရှောက်ပေးခဲ့တဲ့ ဦးလေးကြီးတို့ လင်မယားနဲ့ ဆရာမလေးအား နှုတ်ဆက်ခဲ့ချင်တာကြောင့် ဟန်ဘင်းဆီ ခခ,ယယ တောင်းဆိုခဲ့ရသေးတယ်။ ဒါတောင်သူက အချိန်ကုန်တယ်ဆိုပြီး တစ်လမ်းလုံး ဘေးကနေ နားညီးလာသေးတာ။

ခြံရှေ့ကားရပ်တော့ ထုံးစံတိုင်း ဦးလေးကြီးကပဲ ခြံတံခါး ဖွင့်ကာထွက်လာတယ်။ ဟာအို့ကိုမြင်တာနဲ့ သူ့အမျိုးသမီးအား လှမ်းခေါ်တော့ အဒေါ်ကြီးအပြင် ဟာအို့အိမ်မှာ စောင့်တဲ့အနေနဲ့ မနေ့ညကအိပ်နေတာ ဖြစ်ပုံရတဲ့
ဆရာမလေးကလဲ ထွက်လာခဲ့တယ်။ အဒေါ်ကြီးရဲ့ မျက်နှာကလဲ ငိုထားလို့များလား အမ်းလို့နေတယ်။ ထိုသို့ဆိုတော့ ဟာအို့ အားနာစိတ်တွေ​က မျက်ရည်အဖြစ်သို့ ကူးပြောင်းတယ်။

" ဘယ်တွေရောက်နေတာလဲ ကလေးရယ်
အဒေါ်တို့မှာ လိုက်ရှာ လိုက်ရတာ...မနေ့က
ဟိုကားပေါ်က လူငယ်နဲ့ တခြားလူတွေအများကြီးက နူလ်ဘင်းလေးကို လာဆွဲခေါ်ကြတယ်ကွယ်...ခုအားလုံးအဆင်ပြေပြီမလားဟင်...''

ဟာအို့ရဲ့ မျက်နှာလေးကို ဖွဖွကိုင်ကာ အဒေါ်ကြီးက ဆိုလာတယ်။ ဟာအို့လက်ထဲက သားလေးကိုလဲ ဦးလေးကြီးမှ ပွေ့ယူသွားတယ်။ သားက ဦးလေးကြီးတို့ကို ရင်းနှီးနေတာကြောင့် ကားပေါ်မှာလို မဟုတ် တခစ်ခစ်
နဲ့ ရယ်မောနေတယ်။

ဟာအို စကားလုံးတွေကို စီရင်းနဲ့ တံတွေးတွေမြိုချနေမိတာ အကြိမ်ကြိမ်။ ဖြတ်တောက်ဖို့ခက်တဲ့ သံယောဇဉ် တွေထဲမှာ မိသားစုသဖွယ် နွေးထွေးတဲ့ သံယောဇဉ် တွေကလဲ ခိုင်မာတဲ့ ကြိုးတစ်ချောင်းလိုပဲ။
အားလုံးကို ထားခဲ့တော့မှာဆိုတဲ့ အဓိပ္ပာယ်
ကိုရည်ညွှန်းနေတဲ့ စကားလုံးတွေကို ဟာအို့ပါးစပ်က ဘယ်လိုဘယ်ပုံ ထုတ်ဖော်ပြောပြ
ရမည်လဲ။

မောင့်ရဲ့ လောင်းရိပ်ကိုရောက်သွားရင် ပြန်
ထွက်လာဖို့ဆိုတာ လွယ်မှာမဟုတ်တော့ဘူး။
မောင့်စိတ်ကို ဟာအိုသိတယ်။ ရုန်းမရအောင်
ချည်တော့မယ်ဆိုတာလဲ ဟာအိုသိနေတယ်။
ဒါပေမယ့် ကိုယ်တိုင်အချည်ခံဖို့ ရွေးချယ်တဲ့
အခါ စွန့်လွှတ်ရမယ့် ကြေးတွေကလဲ များလိုက်တာ။

" အခုလာတာ..ဦးလေးနဲ့အဒေါ်ရော..ဆရာမလေးကိုရော..ကျွန်တော် လာနှုတ်ဆက်တာပါ''

" ..... ''

တုံ့ပြန်မှုတွေက တိတ်ဆိတ်လွန်းတယ်။ ဟာအိုအပါအဝင် အားလုံးရဲ့ မျက်နှာဟာ ပြိုတော့မယ့်မိုးတွေလို ဖြစ်လာခဲ့တယ်။ တစ်နှစ်ဆိုတဲ့ အချိန်လေးအတွင်းမှာ ရရှိခဲ့တဲ့ မေတ္တာတရားတွေကို ဟာအိုက တန်ဖိုးမထားသလိုများ ဖြစ်နေခဲ့ပြီလား မသိ။

အဒေါ်ကြီးရော ဆရာမလေးရောက အသံတိတ် ရှိုက်ငိုလို့နေကြသလို ဦးလေးကြီးကလဲ မျက်ရည်တွေ အဝိုင်းသားနဲ့ ဟာအို့အား
နားမလည်သလို ကြည့်လာခဲ့တယ်။ အရှေ့ကလူသုံးယောက်အား ဟာအိုသိမ်းကျုံးကာ
ပွေ့ဖက်လိုက်တယ်။ ခွဲရတော့မယ့်အခါ ကျလာတဲ့ မျက်ရည်တွေက အပူဆုံးပဲနေမယ်။

ဟာအိုတို့အား ကားပေါ်ကနေ စောင့်ကြည့်နေသူမှာလဲ ရင်ထဲမချိအောင် ခံစားနေရတယ်။ အားလုံးကို ဟန်ဘင်း တောင်းပန်ပါတယ်။
နားလည်ရခက်တဲ့ ဟန်ဘင်းက ကိုယ့်ကိုယ်ကို တောင် ရှာဖွေနေဆဲ။

" ကျွန်တော့်ကိုပိုင်တဲ့လူက ပြန်လာခေါ်နေပြီမို့ ကျွန်တော်ပြန်လိုက်သွားရတော့မယ်...
ဟင့်....အားလုံးကိုတောင်းပန်ပါတယ်...''

အဒေါ်ကြီးတို့မှ နားလည်သလို ခေါင်းငြိမ့်ပြရင်း ဟာအို့ခေါင်းလေးအား ပုတ်ပေးလာတယ်။

" ဟောင့်ဟောင့် ...ကောင်လေး....သားအဖနှစ်ယောက်စလုံး ကျန်းမာရေးကို ဂရုစိုက်နော်..ဟင့်...အဒေါ်တို့ကိုလဲ မေ့မသွားနဲ့ကွယ်....ပြန်လာလို့ရရင် ပြန်ခဲ့နော်... အဒေါ်တို့မျှော်နေမယ်...ငါ့သားလေးကို ဆုံးရှုံးရတာထက်ပိုဆိုးတယ် ကောင်စုတ်လေးရယ်...''

အဒေါ်ကြီးက ပြောလဲပြော ရှိုက်ကြီးတငင်ငို
ကြွေးနေတော့ ဟာအိုခေါင်းကိုသာ တွင်တွင်
ငုံ့ထားမိတယ်။ ဆရာမလေးကလဲ ဟာအို့ရဲ့ဆံပင်လေးတွေကို သပ်တင်ပေးကာ ဂရုဏာ
ထားလျက်ဆိုတယ်။

" ရွေးချယ်ပြီးရင်လဲ နောက်ပြန်မဆုတ်နဲ့
ဟောင့်ဟောင့် အစ်မတို့က မင်းနဲ့ကလေး
အပေါ် သံယောဇဉ် သိပ်ရှိတယ်ဆိုတာ သိထားရင် တစ်နေ့တော့ ပြန်လာခဲ့ပါဦး..''

" ဟုတ်ကဲ့ပါ...အားလုံးကို ကျွန်တော့် မိသားစုအရင်းတွေလို ချစ်ပါတယ်...
ဟင့်...သားလေးနဲ့အတူ ရောက်အောင်
ပြန်ခဲ့ပါမယ်...အားလုံးရဲ့ စေတနာတွေကို
စော်ကားမိသလိုဖြစ်ခဲ့ရင် ကျွန်တော် တောင်းပန်ပါတယ်...''

" မဟုတ်တာ...မဟုတ်တာ...ဟောင့်ဟောင့်
မှားတာဘာမှမရှိပါဘူးကွယ်...ကောင်လေး
လမ်းခရီးမဖြောင့်ဘဲ ဖြစ်မယ် မိန်းမ ကလေးကိုပြန်ပေးကြရအောင်...''

သားလေးအား တရှုံ့ရှုံ့နမ်းကာ ငိုနေတဲ့ အဒေါ်ကြီးအား ဟာအို စိတ်မကောင်းစွာ
ကြည့်မိတယ်။ အားနာလွန်းလို့ ဘာစကားတွေကို ပြောရမှန်းတောင် မသိတော့ပါဘူးလေ။

" ဆရာမလေး...ကျွန်တော့်ရဲ့ ဒီအိမ်ကို အပ်ခဲ့ပါတယ်...လိုအပ်တဲ့အခါ အကုန်လုံး ကြိုက်သလိုစီမံလို့လဲ ရပါတယ် ''

နောက်ဆုံးအကြိမ်ပွေ့ဖက်ပြီးတာနဲ့ သားကို
ဆရာမလေးဆီမှ လက်လွှဲယူကာ ဟန်ဘင်း
ကားပေါ်သို့တက်လာလိုက်သည်။ ကျန်ခဲ့ရသူတွေကို လက်ပြကာ နှုတ်ဆက်တော့လဲ
ဟာအို မျက်ရည်တွေအတော မသတ်နိုင်တော့။

ဟန်ဘင်းက ငိုနေတဲ့ ဟာအို့ဘက်လှည့်ကာ
လက်ကိုင်ပုဝါ တစ်ထည်ကို ကမ်းပေးလာတယ်။ ပုဝါကမ်းလာသူရဲ့ ဘက်ကိုမကြည့်ဘဲ လက်ထဲကပုဝါအား ယူလိုက်တယ်။

" မင်းလောက် မျက်ရည်ပေါတဲ့သူ တစ်ခါမှ
မမြင်ဖူးဘူး...''

" အခုမြင်ဖူးပြီမလား...ဘာကြောင့်ဆိုတာ
မမေးဘဲ ခနဲ့ဖို့ဘဲတွေးမနေနဲ့...''

" ငါကဒါလေးပြောတာကို အဖြစ်သည်း​နေ
တယ်...ရုပ်ရှင်တကား ကြည့်နေရသလိုပဲ..ဘာတွေမှန်းမသိဘူး..''

စာနာ နားလည်စိတ်မရှိတဲ့ စကားတွေကို ဆို
နေသူထံ အာရုံပေးမနေတော့ဘူး။ ကားပြတင်းပေါက်ဘက် လှည့်ကာ ပေါင်ပေါ် ငိုက်မြည်းနေတဲ့ သားလေးအား တင်ပါးလေး ပုတ်ပေးလျက် ချော့သိပ်နေလိုက်တယ်။

မြို့ပြင်က ရွာလေးဟာ သူ့အတွက် အမှတ်တရတွေ ပြည့်နှက်နေခဲ့ပါတယ်။ အထူးသဖြင့် သူ့ရဲ့ အဖိုးတန်သားလေးအား
ကောင်းမွန်စွာ၊ အန္တရယ်ကင်းစွာ မွေးထုတ်
နိုင်ခဲ့တဲ့ နေရာလေးလဲဖြစ်တယ်။ သူသိပ်
ချစ်တဲ့ သူအား နေ့နေ့ညည မျှော်နေခဲ့ရတဲ့
နေရာလေးလဲ ဖြစ်ခဲ့ပါတယ်။

________________

" မင်းရဲ့ကလေးကို ဟိုဘက်ခန်းမှာသိပ် ''

" မဖြစ်ပါဘူး...သားလေးက သန်းခေါင်ကျော်ရင် နို့ဆာလို့ တရေးနိုးပြီး
အော်ငိုတတ်တယ် ငါဘေးမှာ ရှိနေမှရမှာ..''

" အော်ငိုရင်လဲ ဟိုဘက်အခန်းကို သွားလိုက်ရုံပဲလေ...ဘယ်လောက်ဝေးနေလို့လဲ ''

" မရပါဘူး..ငါရင်ခွင်ထဲမှာ သိပ်မှ သေချာအိပ်ပျော်တာ...''

" ဒါဆိုဟိုနေ့ကကျရော..အိပ်နေတာမှ ပိုးလို့
ပက်လက်..မင်း​တောင်သတိမရဘူး..''

" အဲ့တာက အကြီးအကျယ်ငိုလိုက်ရလို့လေ
အဲ့တော့ ပင်ပန်းပြီး ကလေးက အိပ်ပျော်သွားတာ ''

" တော်တော် အလှုပ်ရှုပ်တယ်...''

ခါးထောက်လျက် ပါးစိပါးစပ် များနေသူကို
ပြန်ချေပ ဖို့စကားလုံးတွေ အသည်းအသန်
ရှာနေရတယ်။ ကလေးက ခုမှလေးလပဲ ရှိသေးတာ မွေးဖခင်နဲ့ ခွဲပြီး အိပ်လို့ ဘယ်လို
အဆင်ပြေမှာလဲ။ သပ်သပ်မဲ့ လာရစ်နေတာ။

" ငါ့ကိုထပ်ပြီး စကားတွေပြောရအောင်
မလုပ်နဲ့ ကျန်းဟာအို...မင်းငါ့အခန်းမှာအိပ်
မင်းရဲ့သားကို ဟိုဘက်အခန်းမှာထား...ဒါပဲပြောမယ်...''

ဝုန်း.!!

" အင့်...''

ပြောလဲပြော စားပွဲခုံအား ဆောင့်ကန်ချလိုက်
တဲ့ ဟန်ဘင်းကြောင့် ဟာအို့ကိုယ်လေးတောင် တုန်တက်သွားမိတယ်။ စိတ်လိုက် မာန်ပါနဲ့ ဘာတွေဖြစ်ပြနေမှန်း မသိဘူး။

နောက်ဆုံးတော့လဲ ကောင်စုတ်လေးရဲ့ အလိုကျ သားကို ဘေးခန်းမှာထားပြီး ဟာအိုက သူနဲ့အတူတစ်ခန်းနေရတယ်။

ဟာအို့ ဘေးမှာ အိပ်စက်တဲ့သူဟာ မောင်ဆိုတဲ့ အသိနဲ့တင် နာကျင်ရတယ်ဆိုရင်တောင်
စိတ်ကိုလုံခြုံနေစေမိတယ် ဆိုတာကိုတော့
ငြင်းမရဘူး။ ပထမဆုံး အတူအိပ်စက်တဲ့
ညမှာ အူကြောင်ကြောင်နိုင်စွာ ရင်ဖိုနေမိတယ်။ သို့သော် မောင့်ရဲ့စကား တစ်ခွန်းကြောင့် ကိုယ့်ဘဝကိုယ် ရွံရှာမိသွားစေတယ်။

" သူများနဲ့ အိပ်ဖူးတဲ့သူရဲ့ ခန္ဓာကိုယ်ကို
ငါမထိဘူး..ငါကသန့်သန့်လေးပဲ ကြိုက်တာ''

မောင်ပြောသလိုပါပဲ ဟာအိုက မျက်ရည်တွေ
သိပ်ပေါတယ်။ ကိုယ့်ကိုယ်ကို သနားလိုက်တာလို့တောင် ပြောမိလာတယ်။ မောင်က စကားနဲ့ပဲပြောလိုက်တာ နားနဲ့ ကြားရတဲ့ငါက နှလုံးအိမ်မှာ စုတ်ပြတ်နေတာပဲ။ ငဲ့ကြည့်
ပါဦးလို့လဲ မပြောချင်တော့ဘူး။ အဆုံးထိ
စိတ်ဆင်းရဲစရာ ကိစ္စတွေကိုပေးလိုက်ပါ တော့။

နောက်နေ့ကျ ရှေ့နေ့အစုံအလင်နဲ့ ဟာအို့အား ဟန်ဘင်းက တရားဝင်လက်ထပ်ယူလေသည်။ မောင်နဲ့ဟာအိုက တရားဝင် အကြင်ခင်ပွန်းတွေ ဖြစ်လို့သွားလေပြီ။ တစ်ချိန်က ကြည်နူးစရာကောင်းတဲ့ လက်မှတ်လေးနှစ်ခုက သူတို့အတွက် ဘဝကြီးပဲ။ ယခုမှာတော့ အေးစက်စက်နှင့်။ ဝတ္တရားကြီး
တစ်ခု လုပ်နေရသလို မောင့်မျက်နှာကလဲ
တုံ့ပြန်မှုကင်းမဲ့စွာ။

ခြောက်ကပ်လွန်းတဲ့ အကျဥ်းချုံး လက်ထပ်ပွဲလေးအပြီးမှာလဲ ပုံမှန်လိုပဲ။ သို့သော် တင်းကြပ်တဲ့ စည်းကမ်းတွေကို ချမှတ်လာတယ်။
မလိုအပ်ပဲ အပြင်ကိုထွက်တာကိုလဲ တားမြစ်လာတယ်။ ဟာအို့ကိုလဲ လျစ်လျူရှုလာတယ်။ ထိုသို့ဆိုလျှင်လဲ ဟာအို ဘာမဟုတ်တာလုပ်လဲဆိုတာကို အချိန်ပြည့် စောင့်
ကြည့်နေပြန် သေးတယ်။

ယမကာတွေသောက်ပြီး လူမှန်းမသိအောင်
မူးနေခြင်းမျိုးမရှိဘဲနဲ့ သပ်သပ် အနိုင်ပိုင်းတဲ့
စကားတွေဆိုလာတတ်တယ်။ မထင်ရင် မထင်သလို မြင်မြင်သမျှ ပေါက်ခွဲကာ ဒေါသတွေကြီးနေတတ်တယ်။ အရင်က ကိစ္စတွေကို အစဖော်ကာ သမုတ်တယ်၊ ခနဲ့တယ်။

' ရှန်ချွမ်ရွေ့ ကို သိပ်ချစ်တာမလား...
လိုက်သွားလေ...ငါ့ကိုအဲ့လောက်ကြောက်နေရင်သူ့နောက်လိုက်သွား...အေ့...ဒါပေမယ့်
မှတ်ထား ကျန်းဟာအို.... ဒီတစ်ခါဆို ငါက
မင်းကို သတ်ပစ်တော့မှာ..အေ့...ပြီးရင် ငါလဲ
သေပစ်လိုက်မယ်..ဟားဟား...'

တစ်ခါတစ်လေ ကြောက်လွန်းလို့ သားကို
ခေါ်ကာ ထွက်ပြေးသွားချင်မိတယ်။ သို့ပေ
မယ့် ဆောင်းဟန်ဘင်းဆီက ဘယ်လိုလွတ်မြောက်နိုင်မှာတဲ့လဲ။ အသားကို တစ်ချက်မထိပဲ စကားနဲ့ နာအောင်လုပ်တာက
ပို၍အထိနာစေတယ်။

' မင်းတို့သားအဖက သိပ်စိတ်ပျက်ဖို့ ကောင်းတယ် ငါ့မျက်စိရှေ့က ထွက်သွားကြစမ်း! ! '

လူမသိ သူမသိ ကြိတ်ငိုရတဲ့ ညတွေက စိပ်လာခဲ့တယ်။

' ငိုလေ ငိုပေါ့...ဘယ်လောက်ပဲမင်းငိုနေ
ငိုနေ....ငါ့လောက်မင်းက မနာကျင်ရသေးပါဘူး...ကျန်းဟာအို ရဲ့...'

ထိုသို့ပြောလာလျှင် ကောင်စုတ်လေးအား
သိပ်မုန်းပစ်ချင်တာပဲ။ ဒါပေမယ့် သူမှ မမုန်းရက်နိုင်တာ။

' မင်းချက်တာ မင်းဘာသာစား...အပိုအလုပ်တွေ လုပ်မနေနဲ့..စိတ်ကုန်ဖို့ကောင်းတယ် '

မောင်များ စားမလားဆိုပြီး စိတ်လိုလက်ရ ချက်ခဲ့ပေမယ့် တို့ထိခြင်းတောင် မရှိလို့ သွန်ပစ်ခဲ့ရတဲ့ ဟင်းခွက်တွေကလဲ အားနာစရာတောင် ကောင်းတယ်။

နှစ်တွေကြာသွားတာတောင် ပြောင်းလဲမသွားတဲ့ ခနဲ့တဲ့စကားတွေက ယခုချိန်ထိ ရပ်တန့်မသွားဘူး။

" ဘာလို့လဲ...ဘာလို့ထပ်ပြီးသူပဲလဲ..!!''

" ဟန်...ဟန်ဘင်း ''

" ငါ့ကိုရူးအောင်လုပ်နေတာလား ကျန်းဟာအို...ဟမ်! ငါရူးသွားတာကိုမြင်ချင်နေတာလား ပြောစမ်းပါ! ! "

" မင်းဘာပြောချင်နေမှန်း..ငါ..ငါမှမသိတာ
ဟန်ဘင်းရယ်...''

" မသိဘူး..ဟုတ်လား..အဲ့ဒီမင်းရဲ့ အရင်ယောကျာ်းနဲ့တွေ့ပြီး ပျော်ပါးနေတာကို ဘာမှမသိသလို ဘာအပြစ်မှလုပ်မထားသလို..ဘယ်လိုများမင်းမေးရက်ရတာလဲ..ဟမ်! ! "

ဟန်ဘင်းရဲ့တဲ့တိုးဆန်တဲ့ ကြောက်ဖို့ကောင်းတဲ့စကားအသုံးအနှုန်းမှာ ဟာအိုမျက်ရည်တွေတာကျိုးသလိုစီးဆင်းလာရသည်။ ဟင့်အင်း မောင်ငါ့ကိုအဲ့လိုမပြောပါနဲ့။ ငါ ငါကြောက်လို့ပါ။ ဒီလောက်နဲ့တင်ငါနောင်တရနေပါပြီ။ ငါ့ကိုဒီအကြောင်းအရာတွေနဲ့ ထပ်ပြီးမသတ်ပါနဲ့တော့။

ပုခုံးကို ဆုပ်ကိုင်ကာ မေးနေတဲ့ မောင့်ရဲ့လက်တွေက ပိုလို့တင်းကျပ်လာတာနဲ့ အမျှ
ဟာအို့ရဲ့ ကြောက်စိတ်တွေက ပိုလို့ကြီးစိုးလာတယ်။ အခုချိန် မောင်က ရိုက်ပစ်လိုက်ရင်တောင် ဟာအို့ဘက်က ငြိမ်ခံနေရုံကလွဲပြီး ဘာမှမလုပ်နိုင်ဘူး။ အသားကိုနာအောင်
ရိုက်ဖို့ကို မျှော်လင့်နေမိတယ်။ စကားနဲ့ ထိုးစစ်ဆင်တာကိုတော့ မခံနိုင်ဘူး။

ရှန်ချွမ်ရွေ့ က မောင်နဲ့သူ့ရဲ့ ရေစက်ဆိုးတဲ့။
မောင် တဖွဖွပြောခဲ့တယ်။ သူနဲ့ ထပ်ပြီး မတွေ့ဖို့နဲ့ မပတ်သက်ဖို့ကို။ ဟာအိုက မောင့်စကားကို နားမထောင် မိပြန်ဘူး။ အဲ့တော့
ထပ်ပြီး နာကျင်စရာတွေကို သဲ့ယူရုံပဲပေါ့။

________________

Trust me:

13.10.2023 Fri
❀ PanSuKhat ❀

Zawgyi

" ဂန္ဒယ္ဂြၽန္း...အဲ့ကေလးကို
ငါ့ဆီေခၚလာခဲ့....''

Ti~~

ဟန္ဘင္းရဲ့ ဖုန္းခ်သံအဆံုးမွာ ရိႈက္ႀကီး
တငင္ငိုေႂကြးေနသူဟာလဲ အသံတို႔ တိတ္က်
သြားသည္။ ဟန္ဘင္း ခါးေထာက္ကာ မ်က္ရည္တို႔ အလုအယက္ သုတ္ေနသူအား
ၾကည့္ေနလိုက္သည္။ ဒီေလာက္ အေလ်ာ့ေပးထားတာကိုေတာင္ ဒီကေလးအတြက္နဲ႔
သူ႔အား ဒူးေထာက္မတတ္ ေတာင္းပန္ေနသူအား တစ္ဆိတ္ေလးမွ နားမလည္ႏိုင္ေပ။

" ငါ့သားေလးကို ေကာင္းေကာင္းေခၚလာ
ခိုင္းပါ ဟန္ဘင္း ''

" မင္းမရွည္နဲ႔ သူတို႔မင္းရဲ့သားကို ဘာမွ
မလုပ္ဘူး ''

" ဟန္ဘင္း ''

" ေျပာ...''

" မင္းက အခုငါတို႔ကို ဘယ္ေခၚသြားမွာလဲ ''

" ဆိုးလ္ကို...''

" အၿပီးေခၚသြားမွာလား...''

" ဟုတ္တယ္...''

" ဘာလို႔လဲ...? "

" ဘာကိုေမးတာလဲ...''

ဟန္ဘင္းထံ ေခါင္းေလးေစာင္းငဲ့ၾကည့္ကာ
မေရမရာ ေမးခြန္းတစ္ခုကို ေမးလာခဲ့သည္။

" မင္းကငါ့ကို စိတ္နာတယ္ဆိုၿပီး ဘာေၾကာင့္
ငါနဲ႔ ထပ္ၿပီးလာ ပတ္သက္တာလဲ ဟန္ဘင္း
အဲ့အစား ငါ့ကိုတစ္သက္လံုးေမ့ပစ္လိုက္တာ
ပိုေကာင္းတယ္ မဟုတ္ဘူးလား။ မင္းပဲေျပာခဲ့တယ္ေလဟန္ဘင္း ငါတို႔ႏွစ္ေယာက္ရဲ့ အမွတ္တရေတြကို တစ္လႊာခ်င္း ျဖတ္ထုတ္ပစ္မယ္ဆို ခုက် ဘာလို႔လဲ ''

ဆိုဖာေပၚမွာ က်ူံ႔က်ူံ႔ေလးထိုင္ကာ ေမးေနသူရဲ့စကားကို နားေထာင္ေနရင္းနဲ႔ေတာင္ အ
သက္ရႉတို႔ က်ပ္လာရတယ္။ ဘာလို႔လဲ..ဘာေၾကာင့္လဲ။ မင္းကိုသိပ္ စိတ္နာလို႔ဆိုတာက
ခိုင္မာတဲ့ အေၾကာင္းျပခ်က္ တစ္ခုေတာ့ ဟုတ္မေနဘူး။ သို႔ေပမယ့္ သူအရမ္းကိုမွ ဟာအို႔အေပၚ နာၾကည္းမိတာကိုေတာ့ သူသိသည္။

ခ်စ္တာေပါ့...ဟာအို႔ကိုသူသိပ္ခ်စ္တာေပါ့။ သူအရမ္းကိုခ်စ္လြန္းလို႔လဲ ရွန္ခြၽမ္ေရြ့နဲ႔ ကြာရွင္းမယ့္အခ်ိန္ကို သူေစာင့္ေနခဲ့တာ။ အခ်ိန္တန္ရင္ ဟန္ဘင္းရင္ခြင္ထဲကိုပဲ သူ႔ခ်စ္သူေလးက ျပန္ဝင္လာမယ္ဆိုတာ သိေနခဲ့တယ္။ အခါေနွာင္းမွ ျပန္လာမယ့္သူေလးကို ပညာနည္းနည္းျပကာ က်ီစားမယ္လို႔
ခပ္ေပါ့ေပါ့လဲ ေတြးခဲ့မိတယ္။

တတ္ႏိုင္သမ်ွ ယံုၾကည္မႈတစ္ခ်ိဳ႕ကိုလဲ ထားခဲ့တယ္။ အဲ့ယံုၾကည္မႈဆိုတဲ့ အရာက သိပ္ကို ေၾကာက္စရာေကာင္းေအာင္ ေလးနက္လြန္းတယ္။ ထိုသို႔ေသာယံုၾကည္မႈကို ဟာအို႔ထံ ဟန္ဘင္းေပးထားခဲ့တယ္။ ဟာအိုကလဲ သစၥာရိွရိွ ေစာင့္ထိန္းလိမ့္မယ္လို႔လဲ
သူထင္ခဲ့မိတယ္။

သို႔ေသာ္ သူထားရိွခဲ့တဲ့ သစၥာတရားေတြ၊ ယံုၾကည္မႈေတြကို တစ္စစီ စုတ္ျပတ္သတ္ေအာင္ ရိုက္ခ်ိဳးခဲ့တယ္။ ေဖာက္ဖ်က္ခဲ့တဲ့
သစၥာတရားမွာ ဟန္ဘင္းရဲ့ ေလးနက္တဲ့
ခ်စ္ျခင္းတရားေတြပါ ပါဝင္ေနခဲ့တယ္။ အစြမ္းကုန္ ခ်စ္ျပခဲ့ေပမယ့္ ျပန္ရလိုက္တာက ေနာက္ကြယ္မွာထဲက သူတို႔ရဲ့ ျဖစ္ပ်က္ခဲ့မႈေတြ။

သိသိျခင္း တုန္လႈပ္ေျခာက္ခ်ားခဲ့ရတဲ့ ဟန္ဘင္းဟာ စိတၲဇေဆးရံုက ေဝဒနာသည္ေတြ
ထက္ေတာင္ ပိုလို႔ကြၽမ္းေနခဲ့တယ္။ အရူးမီးဝိုင္းျဖစ္သလို ဗလာက်င္းသြားခဲ့တဲ့ ၪီးေနွာက္ေတြကို အလုပ္လုပ္ဖို႔ အခ်ိန္အေတာ္ၾကာ ကုစားခဲ့ရတယ္။ မ်က္လံုးအိမ္ေတြ ကြၽတ္ထြက္သြားမတတ္ ငိုေႂကြးခဲ့ရတာေတြ
ဘယ္သူကမ်ား ျမင္ႏိုင္ခဲ့လို႔လဲ။

ဘာေၾကာင့္ဆိုၿပီး မရိွဘူး။ ဆယ္ဆမကနာက်င္ခဲ့ရတဲ့ ဟန္ဘင္းအတြက္ တစ္ဆေလာက္​ေတာ့ သူ႔ခ်စ္သူအား ဒဏ္ခတ္ေစခ်င္တယ္။ သိပ္ခ်စ္လြန္းလို႔ ဆိုတာကိုေတာ့
ဟန္ဘင္းရဲ့ ရင္ဘတ္ထဲမွာသာ မျမင္ႏိုင္ေအာင္ ဖြက္လို႔သိမ္းထားမယ္။ ပိုနာက်င္ရတဲ့
သူဟာ ကိုယ္ျဖစ္ဖို႔ကိုသာ ေရြးခ်ယ္ခဲ့တယ္။
သူ႔ေလာင္းရိပ္ေအာက္မွာ ထားျခင္းက သူ႔အတြက္ ရင္ေအးရေစမွာ။

တစ္ပါးသူနဲ႔ရတဲ့ကေလးကို ေမတၲာႀကီးၿပီး
ခ်စ္ျပရေလာက္ေအာင္ ဟန္ဘင္းဟာ သူေတာင္ေကာင္း တစ္ေယာက္ ဟုတ္မေနဘူး။
သူ႔အကန္႔ ကိုယ့္အကန္႔ခြဲမယ္။ သူ႔အခ်စ္ကို
ဟာအိုမသိေအာင္ တိတ္တိတ္ကေလးသာ
ေပးမယ္။ ဒါဟာ သူ႔သားအတြက္ ငိုေႂကြးေနတဲ့ မ်က္ႏွာေလးကို ျမင္လိုက္ရခ်ိန္မွာ ေနာက္ဆံုးခ်မိတဲ့ ဆံုးျဖတ္ခ်က္ တစ္ခုပါပဲ။

" ငါေတာင္ နာက်င္ခဲ့ရေသးတာကပဲ မင္းေရာ ငါ့ဆီမွာ တစ္ႀကိမ္တစ္ခါေလာက္ နာက်င္မႈကို မခံစားခ်င္ဘူးလား ''

ေမာင့္အေျပာမွာ ဟားတိုက္ရယ္ခ်င္စိတ္ကို
ဟာအို မနည္းထိန္းထားရတယ္။ နာက်င္မႈေတြမ်ားလြန္းလို႔ ထံု​ေနတဲ့သူကို ထပ္ၿပီး နာက်င္မႈေတြ ေပးေတာ့ေရာ ဘာထူးမွာလဲ။
ေမာင္က မုန္းတယ္လို႔ ေျပာဖို႔ လက္တစ္ကမ္းေတာင္ မလိုေတာ့တဲ့ အေျခအေနမွာ ရရာ
ေကာက္ရိုးမ်ွင္ေလး တစ္ေခ်ာင္းဆိုရင္ေတာင္ သူကဆြဲထားမိၪီးမွာ။

ေမာင့္အနားမွာ သူသိပ္ေနခ်င္တယ္။ မေရြးခ်ယ္ႏိုင္ခဲ့တဲ့အတြက္ ရွက္ရြံ႔ေနခဲ့ေပမယ့္
​ေမာင္ကထပ္ၿပီး နာက်င္မႈေတြေပးဖို႔ သူ႔အနားကိုေခၚထားမွာပါတဲ့။ ပုခံုးေလးမမွီရရင္ေတာင္ လက္ကေလးကို ဆုပ္ကိုင္ခြင့္မရေတာ့ရင္ေတာင္ အရင္လိုအလြမ္းဒဏ္ေတာ့
သင့္မခံႏိုင္ေတာ့ဘူး။ နာက်င္မႈဒဏ္ကိုသာ
မ်က္စိစံုမိွတ္ၿပီး လက္ခံေတာ့မယ္။

ေမာင့္အခ်စ္ကို မရေတာ့ရင္ေတာင္ ေမာင့္အတၲသစ္ပင္ရိပ္ေအာက္ ပူေလာင္မႈကို ခံစားဖို႔ဟာအို အဆင္သင့္ျဖစ္ေနခဲ့တယ္။ သိပ္ခ်စ္လို႔....ခ်စ္ရသူဆီက နာက်င္မႈေတြကို လက္ခံဖို႔ သိပ္ခ်စ္လို႔ဆိုတဲ့ အေၾကာင္းျပခ်က္ တစ္ခုသာ လိုအပ္ပါတယ္။

" ငါၪီးေလးႀကီးတို႔ လင္မယားနဲ႔ ဆရာမေလးကိုႏႈတ္ဆက္ရအံုးမယ္ ''

" အေရးပါမေနဘူး...''

" သူတို႔က ငါ့အသက္ရဲ့ ကယ္တင္ရွင္ေတြ ''

" အိုး...အဲ့ေလာက္ေတာင္ ႀကီးျမတ္တယ္လား...''

ေမာင့္ႏႈတ္ခမ္း ခြၽန္ခြၽန္ေလးေတြကို စက္ဝိုင္းပံုသ႑ာန္ ဝိုင္းလ်က္ တအံ့တၾသ ျပဳမူကာ
ခနဲ႔ျပသည္။ ဟာအိုဟက္ခနဲ ရယ္မိသည္။ ေမာင္ကသိပ္ခ်စ္စရာ ေကာင္းတာပဲ။ ထိုႏႈတ္ခမ္းေလးေတြက ဟာအိုႏႈတ္ခမ္းေပၚ ႏူးညံ့စြာ က်ေရာက္မႈေတြကို မလြမ္းဘူးေျပာရင္ ဟာအိုလိမ္တာ။

" အင္းဟုတ္တယ္ သူတို႔သာေပၚမလာခဲ့ရင္
ငါက ေသပစ္​ေတာ့မို႔ ဟန္ဘင္းရဲ့...''

ဟာအို႔စကားအဆံုးမွာ အမူအရာတို႔ ကင္းမဲ့လ်က္ ေမာင္ကၿငိမ္က်သြားတယ္။ မ်က္ဝန္း
ခ်င္း အေတာ္ၾကာစံုမိတဲ့အခါမွာ ဂနာမၿငိမ္တဲ့ ေမာင့္ရဲ့ မ်က္စံအိမ္ေတြကို ေတြ့ရတယ္။
အထက္ေအာက္ လႈပ္ရွား​ေနတဲ့ လည္စလုတ္ဟာလဲ တည္ၿငိမ္မေန။ ေမာင္ဘာေတြမ်ားေတြးေန​ပါလိမ့္။

ေတာ္ပါေသးရဲ့... တကယ့္ကိုေတာ္ပါေသးရဲ့။ မဟုတ္ရင္ မ်က္စိေရ႔ွမွာ အႏွီ မ်က္ဝန္းေအာက္က မွည့္နက္ေလးနဲ႔ ေကာင္ငယ္​ေလးအား သူထပ္ေတြ့ဖို႔ ရိွႏိုင္ပါ့မလားေလ။

ဆယိမိနစ္ခန္႔မ်ွ သူတို႔ႏွစ္ေယာက္ၾကား တိတ္ဆိတ္မႈေတြ ႀကီးစိုးေနရာမွ ဟန္ဘင္းရဲ့
ၿခံဝန္းအတြင္းသို႔ ကားဝင္လာတဲ့အသံ ၾကားမွ ၿပိဳင္တူ ထ,ရပ္မိသည္။

ေမာင့္PAဆိုသူက သားကိုေပြ့ခ်ီလ်က္ အိမ္ထဲသို႔ ဝင္လာေလသည္။ ဟာအိုသားကို ေတြ့တာနဲ႔ ဆိုဖာေရ႔ွစားပြဲေတြကိုပါ ေက်ာ္ကာ အ​ေျပးသြားမိသည္။ ႏွစ္ၿခိဳက္စြာ အိပ္ေမာက်ေနတဲ့ သားမ်က္ႏွာေလးက ဟာအို႔ရဲ့ ေအးခ်မ္းရာ​ေလး။ ထိုသူ႔ဆီမွ သားကို လက္လႊဲယူကာ ဆိုဖာသို႔ ျပန္သြားၿပီး ေပါင္ေပၚတင္လ်က္ ၿငိမ္ၿငိမ္ေလး ၾကည့္ေနမိသည္။ မ်က္ရည္ၾကည္ေလးေတြလဲ ရစ္သိုင္းရင္းေပါ့။

အဲ့က​ေလးနဲ႔ သူ႔ခ်စ္သူကို တြဲျမင္ရတာက ဟန္ဘင္းအတြက္ ေနလို လလိုပူေစတယ္။
အျပစ္မဲ့တဲ့က​ေလးမွန္းသိေပမယ့္ ရွန္ခြၽမ္ေရြ့ နဲ႔ရတဲ့ကေလးဆိုတဲ့ အေတြးဝင္လာတာနဲ႔
တစ္ၿပိဳင္နက္ အရာအားလံုးကို ေပါက္ခြဲပစ္ခ်င္လာတယ္။ ရုပ္ကိုေသခ်ာ ခြဲမရေသးေပ
မယ့္ ဒီကေလးရဲ့ မ်က္ႏွာက်က ဟာအိုနဲ႔အေတာ္ေလးတူတယ္ေျပာရမယ္။

တကယ္တမ္း ဒီလိုျမင္ကြင္းမ်ိဳးက ဟန္ဘင္းနဲ႔ရတဲ့ ေသြးသားအတြက္မွ ျဖစ္သင့္တာ မဟုတ္ဘူးလား။ အသည္းႏွလံုးေတြကို လက္နဲ႔ေခ်ပစ္ေနသလို ခံစားလာရေတာ့ ေစ့ေစ့​ၾကည့္ေနမိရာမွ မ်က္ႏွာကိုလႊဲပစ္လိုက္သည္။

" အကိုေလးရဲ့ေဘးၿခံက လင္မယားနဲ႔ သမားေတာ္အမ်ိဳးသမီးဆီက ကေလးကို
မနည္းဆြဲထုတ္လာခဲ့ရတယ္။ ကြၽန္ေတာ္လူအင္အားေခၚသြားမိလို႔ မဟုတ္ရင္ ထင္းခြဲတဲ့ ပုဆိန္နဲ႔ အဲ့လူႀကီး ခုတ္တာ ခံေနရေတာ့မွာ ''

ဟာအိုနဲ႔ကေလးအတြက္ ေတြးေပးၾကတဲ့ ထိုလူသံုးေယာက္ေၾကာင့္ မ်က္ရည္မိုးေတြ ထပ္မံ၍ သြန္းၿဖိဳးလာရတယ္။ မိသားစုအရင္းေတြဆီကေတာင္ မရခဲ့ဖူးတဲ့ ေမတၲာေတြ၊ ေစတနာေတြကိုရခဲ့တာမို႔ ထိုလူေတြဟာလဲ ဟာအို႔အတြက္ တစ္စိတ္တစ္ပိုင္းေသာ တန္ဖိုးထားရာေတြ ျဖစ္သည္။

" သူတို႔ကိုေတာ့ ခင္ဗ်ားတို႔ ဘာမွမလုပ္ခဲ့ဘူးမလား သူတို႔ကိုထိခိုက္ေအာင္ လုပ္တာမ်ိဳးေတာ့ ငါသည္းမခံႏိုင္ဘူးေနာ္ဟန္ဘင္း မင္းလူေတြကိုေျပာေပးထားပါ ငါေတာင္းဆိုတယ္ ''

" ငါ့လူေတြက လူမိုက္ေတြမဟုတ္ဘူး က်န္းဟာအို.... မိုက္စရာရိွမွ မိုက္တာ မင္းရဲ့ ၪီးေလးႀကီးတို႔ဆိုတာေတြကသာ လူမိုက္မဟုတ္ဘူးလား ပုဆိန္ေတာင္ကိုင္တယ္ဆိုေတာ့ ''

" မင္းမွာအဲ့ေလာက္ၪီးေနွာက္ မရိွပါလားလို႔
ဒီတစ္ခါတကယ္ေတြးမိသြားၿပီ ေဆာင္းဟန္ဘင္း ''

" အဟက္...''

စကားကို စိတ္​ပ်က္စရာေကာင္းေအာင္ ေျပာတတ္ဖို႔ ဒီတစ္ႏွစ္အတြင္း ဘယ္လိုမ်ား သင္ထားပါလိမ့္။ ခ်စ္လြန္းလို႔သာ အျပစ္မျမင္တာ ေဆာင္းဟန္ဘင္း ဂ်စ္ပံုက လူႀကီးဆန္ဆန္ ဂ်စ္တိုက္ျခင္းမ်ိဳး။ ရင့္က်က္လာပံုက
လြန္လြန္းသြားတယ္ထင္ပါ့ စိတ္ပ်က္စရာ
ေတာင္ေကာင္းလာတယ္။ မ်က္ႏွာေခ်ာေခ်ာ
ကို လက္သည္းတိတိေလးေတြနဲ႔ ကုပ္ဖဲ့ပစ္ခ်င္စိတ္ကို မနည္းထိန္းထားရတယ္။

အိပ္ေပ်ာ္ေနတဲ့ သားေလးအား ေပြ့ခ်ီကာ ထေတာ့ ျပန္ထိုင္ေနတဲ့ ဟန္ဘင္းကပါ လိုက္ထ,
လာတယ္။ ဟာအို မ်က္လံုးဝင့္ၾကည့္ေတာ့
သူမဟုတ္သလို ေတာင္ၾကည့္ေျမာက္ၾကည့္
နဲ႔ သူ႔PAကို ဟိုဟာခိုင္းသလို ဒီဟာခိုင္းသလို
ကလုပ္ေနေသးတာ။

ခုနကဟာအို အိပ္ေနခဲ့တဲ့ ကုတင္ထက္ သားေလးကို တင္ကာ သိပ္လိုက္တယ္။ သားေလးရဲ့ နဖူးျပင္ေသးေသးေလးကို ဖြဖြနမ္းလိုက္တာကို တံခါးအျပင္ဘက္က ဟန္ဘင္းက ၾကည့္ေနခဲ့တယ္။

ဟန္ဘင္းရဲ့ မ်က္လံုးေတြဟာ ေဝဝါးေနခဲ့တယ္။ ဒယ္ဂြၽန္းကို စကားေတြ ေျပာေနေပ
မယ့္ အက္ရွရွသာ ထြက္ေနတယ္။ ဒယ္ဂြၽန္း
ဟာလဲ အေျခအေနကို ရိပ္မိကာ ေခါင္းတ
ၿငိမ့္ၿငိမ့္ လုပ္ရင္း...

" Boss နားလိုက္ပါ..ကြၽန္ေတာ္အားလံုး
အဆင္ေျပေအာင္ ၾကည့္လုပ္ေပးပါ့မယ္..''

" အင္းေက်းဇူးပဲ ဒယ္ဂြၽန္းေဟ်ာင္း...''

ဟန္ဘင္းရဲ့ ေဟ်ာင္းဆိုတဲ့ေခၚသံမွာ
ဒယ္ဂြၽန္း ဟာစိတ္လႈပ္ရွား သြားရတယ္။ ဒါဟာ သူ႔အား အစ္ကိုႀကီးတစ္ေယာက္ အျဖစ္
သတ္မွတ္ကာ အားကိုးခ်င္တဲ့ အခါတိုင္း ေခၚတတ္တဲ့ အသံုးအႏႈန္းျဖစ္တယ္။ ဒီေကာင္​ေလးက သိပ္ကိုဆိုးတယ္လို႔ ထင္ရေပမယ့္
တကယ္က အရြယ္နဲ႔ မလိုက္ေအာင္ အခ်စ္ႀကီးတဲ့ သူမ်ိဳး။ အခ်စ္မွာ အတၲေတြကပ္ပါ
လာေတာ့ သူ႔ခ်စ္သူကို စိတ္ဆင္းရဲေအာင္
လုပ္ဖို႔ႀကိဳးစားေနခဲ့တာ။ တားဖို႔မေတြးမိဘူး
သူ႔ေရ႔ွမွာတင္ တစ္ႏွစ္ေက်ာ္ အရူးတစ္ပိုင္းျဖစ္ခဲ့ရတဲ့ အၿပံဳးခ်ိဳခ်ိဳေလးနဲ႔ ေကာင္​ေလးရဲ့
ပံုရိပ္က သူ႔မ်က္လံုးထဲက မထြက္ႏိုင္ေအာင္ေနရာယူထားတယ္။ အခ်စ္ႀကီးလို႔ အမ်က္ႀကီးလိုက္ၾကပံုမ်ား။

________________

ဆိုးလ္သို႔မသြားခင္ ဟာအို႔တို႔သားအဖကို ေစာင့္ေရွာက္ေပးခဲ့တဲ့ ၪီးေလးႀကီးတို႔ လင္မယားနဲ႔ ဆရာမေလးအား ႏႈတ္ဆက္ခဲ့ခ်င္တာေၾကာင့္ ဟန္ဘင္းဆီ ခခ,ယယ ေတာင္းဆိုခဲ့ရေသးတယ္။ ဒါေတာင္သူက အခ်ိန္ကုန္တယ္ဆိုၿပီး တစ္လမ္းလံုး ေဘးကေန နားညီးလာေသးတာ။

ၿခံေရ႔ွကားရပ္ေတာ့ ထံုးစံတိုင္း ၪီးေလးႀကီးကပဲ ၿခံတံခါး ဖြင့္ကာထြက္လာတယ္။ ဟာအို႔ကိုျမင္တာနဲ႔ သူ႔အမ်ိဳးသမီးအား လွမ္းေခၚေတာ့ အေဒၚႀကီးအျပင္ ဟာအို႔အိမ္မွာ ေစာင့္တဲ့အေနနဲ႔ မေန့ညကအိပ္ေနတာ ျဖစ္ပံုရတဲ့
ဆရာမေလးကလဲ ထြက္လာခဲ့တယ္။ အေဒၚႀကီးရဲ့ မ်က္ႏွာကလဲ ငိုထားလို႔မ်ားလား အမ္းလို႔ေနတယ္။ ထိုသို႔ဆိုေတာ့ ဟာအို႔ အားနာစိတ္ေတြ​က မ်က္ရည္အျဖစ္သို႔ ကူးေျပာင္းတယ္။

" ဘယ္ေတြေရာက္ေနတာလဲ ကေလးရယ္
အေဒၚတို႔မွာ လိုက္ရွာ လိုက္ရတာ...မေန့က
ဟိုကားေပၚက လူငယ္နဲ႔ တျခားလူေတြအမ်ားႀကီးက ႏူလ္ဘင္းေလးကို လာဆြဲေခၚၾကတယ္ကြယ္...ခုအားလံုးအဆင္ေျပၿပီမလားဟင္...''

ဟာအို႔ရဲ့ မ်က္ႏွာေလးကို ဖြဖြကိုင္ကာ အေဒၚႀကီးက ဆိုလာတယ္။ ဟာအို႔လက္ထဲက သားေလးကိုလဲ ၪီးေလးႀကီးမွ ေပြ့ယူသြားတယ္။ သားက ၪီးေလးႀကီးတို႔ကို ရင္းႏွီးေနတာေၾကာင့္ ကားေပၚမွာလို မဟုတ္ တခစ္ခစ္
နဲ႔ ရယ္ေမာေနတယ္။

ဟာအို စကားလံုးေတြကို စီရင္းနဲ႔ တံေတြးေတြၿမိဳခ်ေနမိတာ အႀကိမ္ႀကိမ္။ ျဖတ္ေတာက္ဖို႔ခက္တဲ့ သံေယာဇဉ္ ေတြထဲမွာ မိသားစုသဖြယ္ ေနြးေထြးတဲ့ သံေယာဇဉ္ ေတြကလဲ ခိုင္မာတဲ့ ႀကိဳးတစ္ေခ်ာင္းလိုပဲ။
အားလံုးကို ထားခဲ့ေတာ့မွာဆိုတဲ့ အဓိပၸာယ္
ကိုရည္ၫႊန္းေနတဲ့ စကားလံုးေတြကို ဟာအို႔ပါးစပ္က ဘယ္လိုဘယ္ပံု ထုတ္ေဖာ္ေျပာျပ
ရမည္လဲ။

ေမာင့္ရဲ့ ေလာင္းရိပ္ကိုေရာက္သြားရင္ ျပန္
ထြက္လာဖို႔ဆိုတာ လြယ္မွာမဟုတ္ေတာ့ဘူး။
ေမာင့္စိတ္ကို ဟာအိုသိတယ္။ ရုန္းမရေအာင္
ခ်ည္ေတာ့မယ္ဆိုတာလဲ ဟာအိုသိေနတယ္။
ဒါေပမယ့္ ကိုယ္တိုင္အခ်ည္ခံဖို႔ ေရြးခ်ယ္တဲ့
အခါ စြန္႔လႊတ္ရမယ့္ ေၾကးေတြကလဲ မ်ားလိုက္တာ။

" အခုလာတာ..ၪီးေလးနဲ႔အေဒၚေရာ..ဆရာမေလးကိုေရာ..ကြၽန္ေတာ္ လာႏႈတ္ဆက္တာပါ''

" ..... ''

တံု႔ျပန္မႈေတြက တိတ္ဆိတ္လြန္းတယ္။ ဟာအိုအပါအဝင္ အားလံုးရဲ့ မ်က္ႏွာဟာ ၿပိဳေတာ့မယ့္မိုးေတြလို ျဖစ္လာခဲ့တယ္။ တစ္ႏွစ္ဆိုတဲ့ အခ်ိန္ေလးအတြင္းမွာ ရရိွခဲ့တဲ့ ေမတၲာတရားေတြကို ဟာအိုက တန္ဖိုးမထားသလိုမ်ား ျဖစ္ေနခဲ့ၿပီလား မသိ။

အေဒၚႀကီးေရာ ဆရာမေလးေရာက အသံတိတ္ ရိႈက္ငိုလို႔ေနၾကသလို ၪီးေလးႀကီးကလဲ မ်က္ရည္ေတြ အဝိုင္းသားနဲ႔ ဟာအို႔အား
နားမလည္သလို ၾကည့္လာခဲ့တယ္။ အေရ႔ွကလူသံုးေယာက္အား ဟာအိုသိမ္းက်ံဳးကာ
ေပြ့ဖက္လိုက္တယ္။ ခြဲရေတာ့မယ့္အခါ က်လာတဲ့ မ်က္ရည္ေတြက အပူဆံုးပဲေနမယ္။

ဟာအိုတို႔အား ကားေပၚကေန ေစာင့္ၾကည့္ေနသူမွာလဲ ရင္ထဲမခ်ိေအာင္ ခံစားေနရတယ္။ အားလံုးကို ဟန္ဘင္း ေတာင္းပန္ပါတယ္။
နားလည္ရခက္တဲ့ ဟန္ဘင္းက ကိုယ့္ကိုယ္ကို ေတာင္ ရွာေဖြေနဆဲ။

" ကြၽန္ေတာ့္ကိုပိုင္တဲ့လူက ျပန္လာေခၚေနၿပီမို႔ ကြၽန္ေတာ္ျပန္လိုက္သြားရေတာ့မယ္...
ဟင့္....အားလံုးကိုေတာင္းပန္ပါတယ္...''

အေဒၚႀကီးတို႔မွ နားလည္သလို ေခါင္းၿငိမ့္ျပရင္း ဟာအို႔ေခါင္းေလးအား ပုတ္ေပးလာတယ္။

" ေဟာင့္ေဟာင့္ ...ေကာင္ေလး....သားအဖႏွစ္ေယာက္စလံုး က်န္းမာေရးကို ဂရုစိုက္ေနာ္..ဟင့္...အေဒၚတို႔ကိုလဲ ေမ့မသြားနဲ႔ကြယ္....ျပန္လာလို႔ရရင္ ျပန္ခဲ့ေနာ္... အေဒၚတို႔ေမ်ွာ္ေနမယ္...ငါ့သားေလးကို ဆံုးရႈံးရတာထက္ပိုဆိုးတယ္ ေကာင္စုတ္ေလးရယ္...''

အေဒၚႀကီးက ေျပာလဲေျပာ ရိႈက္ႀကီးတငင္ငို
ေႂကြးေနေတာ့ ဟာအိုေခါင္းကိုသာ တြင္တြင္
ငံု႔ထားမိတယ္။ ဆရာမေလးကလဲ ဟာအို႔ရဲ့ဆံပင္ေလးေတြကို သပ္တင္ေပးကာ ဂရုဏာ
ထားလ်က္ဆိုတယ္။

" ေရြးခ်ယ္ၿပီးရင္လဲ ေနာက္ျပန္မဆုတ္နဲ႔
ေဟာင့္ေဟာင့္ အစ္မတို႔က မင္းနဲ႔ကေလး
အေပၚ သံေယာဇဉ္ သိပ္ရိွတယ္ဆိုတာ သိထားရင္ တစ္ေန့ေတာ့ ျပန္လာခဲ့ပါၪီး..''

" ဟုတ္ကဲ့ပါ...အားလံုးကို ကြၽန္ေတာ့္ မိသားစုအရင္းေတြလို ခ်စ္ပါတယ္...
ဟင့္...သားေလးနဲ႔အတူ ေရာက္ေအာင္
ျပန္ခဲ့ပါမယ္...အားလံုးရဲ့ ေစတနာေတြကို
ေစာ္ကားမိသလိုျဖစ္ခဲ့ရင္ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္...''

" မဟုတ္တာ...မဟုတ္တာ...ေဟာင့္ေဟာင့္
မွားတာဘာမွမရိွပါဘူးကြယ္...ေကာင္ေလး
လမ္းခရီးမေျဖာင့္ဘဲ ျဖစ္မယ္ မိန္းမ ကေလးကိုျပန္ေပးၾကရေအာင္...''

သားေလးအား တရႈံ႔ရႈံ႔နမ္းကာ ငိုေနတဲ့ အေဒၚႀကီးအား ဟာအို စိတ္မေကာင္းစြာ
ၾကည့္မိတယ္။ အားနာလြန္းလို႔ ဘာစကားေတြကို ေျပာရမွန္းေတာင္ မသိေတာ့ပါဘူးေလ။

" ဆရာမေလး...ကြၽန္ေတာ့္ရဲ့ ဒီအိမ္ကို အပ္ခဲ့ပါတယ္...လိုအပ္တဲ့အခါ အကုန္လံုး ႀကိဳက္သလိုစီမံလို႔လဲ ရပါတယ္ ''

ေနာက္ဆံုးအႀကိမ္ေပြ့ဖက္ၿပီးတာနဲ႔ သားကို
ဆရာမေလးဆီမွ လက္လႊဲယူကာ ဟန္ဘင္း
ကားေပၚသို႔တက္လာလိုက္သည္။ က်န္ခဲ့ရသူေတြကို လက္ျပကာ ႏႈတ္ဆက္ေတာ့လဲ
ဟာအို မ်က္ရည္ေတြအေတာ မသတ္ႏိုင္ေတာ့။

ဟန္ဘင္းက ငိုေနတဲ့ ဟာအို႔ဘက္လွည့္ကာ
လက္ကိုင္ပုဝါ တစ္ထည္ကို ကမ္းေပးလာတယ္။ ပုဝါကမ္းလာသူရဲ့ ဘက္ကိုမၾကည့္ဘဲ လက္ထဲကပုဝါအား ယူလိုက္တယ္။

" မင္းေလာက္ မ်က္ရည္ေပါတဲ့သူ တစ္ခါမွ
မျမင္ဖူးဘူး...''

" အခုျမင္ဖူးၿပီမလား...ဘာေၾကာင့္ဆိုတာ
မေမးဘဲ ခနဲ႔ဖို႔ဘဲေတြးမေနနဲ႔...''

" ငါကဒါေလးေျပာတာကို အျဖစ္သည္း​ေန
တယ္...ရုပ္ရွင္တကား ၾကည့္ေနရသလိုပဲ..ဘာေတြမွန္းမသိဘူး..''

စာနာ နားလည္စိတ္မရိွတဲ့ စကားေတြကို ဆို
ေနသူထံ အာရံုေပးမေနေတာ့ဘူး။ ကားျပတင္းေပါက္ဘက္ လွည့္ကာ ေပါင္ေပၚ ငိုက္ျမည္းေနတဲ့ သားေလးအား တင္ပါးေလး ပုတ္ေပးလ်က္ ေခ်ာ့သိပ္ေနလိုက္တယ္။

ၿမိဳ႔ျပင္က ရြာေလးဟာ သူ႔အတြက္ အမွတ္တရေတြ ျပည့္ႏွက္ေနခဲ့ပါတယ္။ အထူးသျဖင့္ သူ႔ရဲ့ အဖိုးတန္သားေလးအား
ေကာင္းမြန္စြာ၊ အႏၲရယ္ကင္းစြာ ေမြးထုတ္
ႏိုင္ခဲ့တဲ့ ေနရာေလးလဲျဖစ္တယ္။ သူသိပ္
ခ်စ္တဲ့ သူအား ေန့ေန့ညည ေမ်ွာ္ေနခဲ့ရတဲ့
ေနရာေလးလဲ ျဖစ္ခဲ့ပါတယ္။

________________

" မင္းရဲ့ကေလးကို ဟိုဘက္ခန္းမွာသိပ္ ''

" မျဖစ္ပါဘူး...သားေလးက သန္းေခါင္ေက်ာ္ရင္ ႏို႔ဆာလို႔ တေရးႏိုးၿပီး
ေအာ္ငိုတတ္တယ္ ငါေဘးမွာ ရိွေနမွရမွာ..''

" ေအာ္ငိုရင္လဲ ဟိုဘက္အခန္းကို သြားလိုက္ရံုပဲေလ...ဘယ္ေလာက္ေဝးေနလို႔လဲ ''

" မရပါဘူး..ငါရင္ခြင္ထဲမွာ သိပ္မွ ေသခ်ာအိပ္ေပ်ာ္တာ...''

" ဒါဆိုဟိုေန့ကက်ေရာ..အိပ္ေနတာမွ ပိုးလို႔
ပက္လက္..မင္း​ေတာင္သတိမရဘူး..''

" အဲ့တာက အႀကီးအက်ယ္ငိုလိုက္ရလို႔ေလ
အဲ့ေတာ့ ပင္ပန္းၿပီး ကေလးက အိပ္ေပ်ာ္သြားတာ ''

" ေတာ္ေတာ္ အလႈပ္ရႈပ္တယ္...''

ခါးေထာက္လ်က္ ပါးစိပါးစပ္ မ်ားေနသူကို
ျပန္ေခ်ပ ဖို႔စကားလံုးေတြ အသည္းအသန္
ရွာေနရတယ္။ ကေလးက ခုမွေလးလပဲ ရိွေသးတာ ေမြးဖခင္နဲ႔ ခြဲၿပီး အိပ္လို႔ ဘယ္လို
အဆင္ေျပမွာလဲ။ သပ္သပ္မဲ့ လာရစ္ေနတာ။

" ငါ့ကိုထပ္ၿပီး စကားေတြေျပာရေအာင္
မလုပ္နဲ႔ က်န္းဟာအို...မင္းငါ့အခန္းမွာအိပ္
မင္းရဲ့သားကို ဟိုဘက္အခန္းမွာထား...ဒါပဲေျပာမယ္...''

ဝုန္း.!!

" အင့္...''

ေျပာလဲေျပာ စားပြဲခံုအား ေဆာင့္ကန္ခ်လိုက္
တဲ့ ဟန္ဘင္းေၾကာင့္ ဟာအို႔ကိုယ္ေလးေတာင္ တုန္တက္သြားမိတယ္။ စိတ္လိုက္ မာန္ပါနဲ႔ ဘာေတျြဖစ္ျပေနမွန္း မသိဘူး။

ေနာက္ဆံုးေတာ့လဲ ေကာင္စုတ္ေလးရဲ့ အလိုက် သားကို ေဘးခန္းမွာထားၿပီး ဟာအိုက သူနဲ႔အတူတစ္ခန္းေနရတယ္။

ဟာအို႔ ေဘးမွာ အိပ္စက္တဲ့သူဟာ ေမာင္ဆိုတဲ့ အသိနဲ႔တင္ နာက်င္ရတယ္ဆိုရင္ေတာင္
စိတ္ကိုလံုၿခံဳေနေစမိတယ္ ဆိုတာကိုေတာ့
ျငင္းမရဘူး။ ပထမဆံုး အတူအိပ္စက္တဲ့
ညမွာ အူေၾကာင္ေၾကာင္ႏိုင္စြာ ရင္ဖိုေနမိတယ္။ သို႔ေသာ္ ေမာင့္ရဲ့စကား တစ္ခြန္းေၾကာင့္ ကိုယ့္ဘဝကိုယ္ ရြံရွာမိသြားေစတယ္။

" သူမ်ားနဲ႔ အိပ္ဖူးတဲ့သူရဲ့ ခႏၶာကိုယ္ကို
ငါမထိဘူး..ငါကသန္႔သန္႔ေလးပဲ ႀကိဳက္တာ''

ေမာင္ေျပာသလိုပါပဲ ဟာအိုက မ်က္ရည္ေတြ
သိပ္ေပါတယ္။ ကိုယ့္ကိုယ္ကို သနားလိုက္တာလို႔ေတာင္ ေျပာမိလာတယ္။ ေမာင္က စကားနဲ႔ပဲေျပာလိုက္တာ နားနဲ႔ ၾကားရတဲ့ငါက ႏွလံုးအိမ္မွာ စုတ္ျပတ္ေနတာပဲ။ ငဲ့ၾကည့္
ပါၪီးလို႔လဲ မေျပာခ်င္ေတာ့ဘူး။ အဆံုးထိ
စိတ္ဆင္းရဲစရာ ကိစၥေတြကိုေပးလိုက္ပါ ေတာ့။

ေနာက္ေန့က် ေရ႔ွေန့အစံုအလင္နဲ႔ ဟာအို႔အား ဟန္ဘင္းက တရားဝင္လက္ထပ္ယူေလသည္။ ေမာင္နဲ႔ဟာအိုက တရားဝင္ အၾကင္ခင္ပြန္းေတြ ျဖစ္လို႔သြားေလၿပီ။ တစ္ခ်ိန္က ၾကည္ႏူးစရာေကာင္းတဲ့ လက္မွတ္ေလးႏွစ္ခုက သူတို႔အတြက္ ဘဝႀကီးပဲ။ ယခုမွာေတာ့ ေအးစက္စက္ႏွင့္။ ဝတၲရားႀကီး
တစ္ခု လုပ္ေနရသလို ေမာင့္မ်က္ႏွာကလဲ
တံု႔ျပန္မႈကင္းမဲ့စြာ။

ေျခာက္ကပ္လြန္းတဲ့ အက်ဥ္းခ်ံဳး လက္ထပ္ပြဲေလးအၿပီးမွာလဲ ပံုမွန္လိုပဲ။ သို႔ေသာ္ တင္းၾကပ္တဲ့ စည္းကမ္းေတြကို ခ်မွတ္လာတယ္။
မလိုအပ္ပဲ အျပင္ကိုထြက္တာကိုလဲ တားျမစ္လာတယ္။ ဟာအို႔ကိုလဲ လ်စ္လ်ူရႈလာတယ္။ ထိုသို႔ဆိုလ်ွင္လဲ ဟာအို ဘာမဟုတ္တာလုပ္လဲဆိုတာကို အခ်ိန္ျပည့္ ေစာင့္
ၾကည့္ေနျပန္ ေသးတယ္။

ယမကာေတြေသာက္ၿပီး လူမွန္းမသိေအာင္
မူးေနျခင္းမ်ိဳးမရိွဘဲနဲ႔ သပ္သပ္ အႏိုင္ပိုင္းတဲ့
စကားေတြဆိုလာတတ္တယ္။ မထင္ရင္ မထင္သလို ျမင္ျမင္သမ်ွ ေပါက္ခြဲကာ ေဒါသေတြႀကီးေနတတ္တယ္။ အရင္က ကိစၥေတြကို အစေဖာ္ကာ သမုတ္တယ္၊ ခနဲ႔တယ္။

' ရွန္ခြၽမ္ေရြ့ ကို သိပ္ခ်စ္တာမလား...
လိုက္သြားေလ...ငါ့ကိုအဲ့ေလာက္ေၾကာက္ေနရင္သူ႔ေနာက္လိုက္သြား...ေအ့...ဒါေပမယ့္
မွတ္ထား က်န္းဟာအို.... ဒီတစ္ခါဆို ငါက
မင္းကို သတ္ပစ္ေတာ့မွာ..ေအ့...ၿပီးရင္ ငါလဲ
ေသပစ္လိုက္မယ္..ဟားဟား...'

တစ္ခါတစ္ေလ ေၾကာက္လြန္းလို႔ သားကို
ေခၚကာ ထြက္ေျပးသြားခ်င္မိတယ္။ သို႔ေပ
မယ့္ ေဆာင္းဟန္ဘင္းဆီက ဘယ္လိုလြတ္ေျမာက္ႏိုင္မွာတဲ့လဲ။ အသားကို တစ္ခ်က္မထိပဲ စကားနဲ႔ နာေအာင္လုပ္တာက
ပို၍အထိနာေစတယ္။

' မင္းတို႔သားအဖက သိပ္စိတ္ပ်က္ဖို႔ ေကာင္းတယ္ ငါ့မ်က္စိေရ႔ွက ထြက္သြားၾကစမ္း! ! '

လူမသိ သူမသိ ႀကိတ္ငိုရတဲ့ ညေတြက စိပ္လာခဲ့တယ္။

' ငိုေလ ငိုေပါ့...ဘယ္ေလာက္ပဲမင္းငိုေန
ငိုေန....ငါ့ေလာက္မင္းက မနာက်င္ရေသးပါဘူး...က်န္းဟာအို ရဲ့...'

ထိုသို႔ေျပာလာလ်ွင္ ေကာင္စုတ္ေလးအား
သိပ္မုန္းပစ္ခ်င္တာပဲ။ ဒါေပမယ့္ သူမွ မမုန္းရက္ႏိုင္တာ။

' မင္းခ်က္တာ မင္းဘာသာစား...အပိုအလုပ္ေတြ လုပ္မေနနဲ႔..စိတ္ကုန္ဖို႔ေကာင္းတယ္ '

ေမာင္မ်ား စားမလားဆိုၿပီး စိတ္လိုလက္ရ ခ်က္ခဲ့ေပမယ့္ တို႔ထိျခင္းေတာင္ မရိွလို႔ သြန္ပစ္ခဲ့ရတဲ့ ဟင္းခြက္ေတြကလဲ အားနာစရာေတာင္ ေကာင္းတယ္။

ႏွစ္ေတြၾကာသြားတာေတာင္ ေျပာင္းလဲမသြားတဲ့ ခနဲ႔တဲ့စကားေတြက ယခုခ်ိန္ထိ ရပ္တန္႔မသြားဘူး။

" ဘာလို႔လဲ...ဘာလို႔ထပ္ၿပီးသူပဲလဲ..!!''

" ဟန္...ဟန္ဘင္း ''

" ငါ့ကိုရူးေအာင္လုပ္ေနတာလား က်န္းဟာအို...ဟမ္! ငါရူးသြားတာကိုျမင္ခ်င္ေနတာလား ေျပာစမ္းပါ! ! "

" မင္းဘာေျပာခ်င္ေနမွန္း..ငါ..ငါမွမသိတာ
ဟန္ဘင္းရယ္...''

" မသိဘူး..ဟုတ္လား..အဲ့ဒီမင္းရဲ့ အရင္ေယာက်ာ္းနဲ႔ေတြ့ၿပီး ေပ်ာ္ပါးေနတာကို ဘာမွမသိသလို ဘာအျပစ္မွလုပ္မထားသလို..ဘယ္လိုမ်ားမင္းေမးရက္ရတာလဲ..ဟမ္! ! "

ဟန္ဘင္းရဲ့တဲ့တိုးဆန္တဲ့ ေၾကာက္ဖို႔ေကာင္းတဲ့စကားအသံုးအႏႈန္းမွာ ဟာအိုမ်က္ရည္ေတြတာက်ိဳးသလိုစီးဆင္းလာရသည္။ ဟင့္အင္း ေမာင္ငါ့ကိုအဲ့လိုမေျပာပါနဲ႔။ ငါ ငါေၾကာက္လို႔ပါ။ ဒီေလာက္နဲ႔တင္ငါေနာင္တရေနပါၿပီ။ ငါ့ကိုဒီအေၾကာင္းအရာေတြနဲ႔ ထပ္ၿပီးမသတ္ပါနဲ႔ေတာ့။

ပုခံုးကို ဆုပ္ကိုင္ကာ ေမးေနတဲ့ ေမာင့္ရဲ့လက္ေတြက ပိုလို႔တင္းက်ပ္လာတာနဲ႔ အမ်ွ
ဟာအို႔ရဲ့ ေၾကာက္စိတ္ေတြက ပိုလို႔ႀကီးစိုးလာတယ္။ အခုခ်ိန္ ေမာင္က ရိုက္ပစ္လိုက္ရင္ေတာင္ ဟာအို႔ဘက္က ၿငိမ္ခံေနရံုကလြဲၿပီး ဘာမွမလုပ္ႏိုင္ဘူး။ အသားကိုနာေအာင္
ရိုက္ဖို႔ကို ေမ်ွာလင့္ေနမိတယ္။ စကားနဲ႔ ထိုးစစ္ဆင္တာကိုေတာ့ မခံႏိုင္ဘူး။

ရွန္ခြၽမ္ေရြ့ က ေမာင္နဲ႔သူ႔ရဲ့ ေရစက္ဆိုးတဲ့။
ေမာင္ တဖြဖြေျပာခဲ့တယ္။ သူနဲ႔ ထပ္ၿပီး မေတြ့ဖို႔နဲ႔ မပတ္သက္ဖို႔ကို။ ဟာအိုက ေမာင့္စကားကို နားမေထာင္ မိျပန္ဘူး။ အဲ့ေတာ့
ထပ္ၿပီး နာက်င္စရာေတြကို သဲ့ယူရံုပဲေပါ့။

________________

Trust me:

13.10.2023 Fri
❀ PanSuKhat ❀

Continue Reading

You'll Also Like

2.1K 278 5
I pick my poison and it's you Nothing could kill me like you do
45.8K 760 21
in the year 2099, there has been a long-lasting peace thanks to the Power Rangers of the past but now that peace is threatened, and the Darkness retu...
85.6K 3.8K 10
Mo Dou Zu Shi fan fiction ဒီကသာသာ ​ေပါက္​စက ခုမွ Fic စ​ေရးတာမို႔ စာလံုး​ေပါင္​းမွားရင္​ သည္​းခံ​ေပးပါ​ေနာ္​ 😊😊
23.9K 1K 11
i could say i don't love you, but i love the ocean & its waves sound just like your heartbeat. 𝖎𝖓 𝖜𝖍𝖎𝖈𝖍 .... fake dating his brother's best...