Uni
' ရှန်ချွမ်ရွေ့ နှင့် ကျန်းဟောင့် တရားဝင်
ကွာရှင်းပြတ်စဲခြင်း '
သတင်းခေါင်းစဥ်ကိုမြင်လိုက်ရတဲ့ ဟန်ဘင်းအတွက် ကိုယ့်မျက်လုံးကိုယ်မယုံနိုင်ဖြစ်ရတယ်။ မျက်လုံးနှစ်ဖက်ကိုပွတ်ပြီး ပြန်ကြည့်တော့လဲ ဒီခေါင်းစဥ်ပဲ။ ဟာအိုနဲ့ ချွမ်ရွေ့က ကွာရှင်းလိုက်ပြီဟုတ်လား။ သူထင်ထားတာထက် စောနေရအောင် ဘာတွေဖြစ်ကြတာလဲ။
သတင်းကို ကိုရီးယားဘာသာပြန်နဲ့ ဖတ်နေတာမို့ မှန်ကန်ပါ့မလားတွေးနေမိပေမယ့် တစ်ချို့သော ကိုရီးယား website တွေကလဲ အလားတူ သတင်းကိုပဲတင်ထားတွေ့ရတယ်။ ပိုသေချာတာက ကွာရှင်းစာချုပ်ကိုပါ ရှန်ချွမ်ရွေ့က ရိုက်ပြီး SNSပေါ်တင်ထားခြင်းဖြစ်သည်။
ထပ်ပြီး သတင်းရဲ့ အောက်ဆုံးကိုသာ ဆက်မဖတ်မိရင် ကောင်းလိမ့်မည်ဟု တွေ့လိုက်မိသည်။
' ကိုယ်ဝန်ခြောက်လ အတွက်ပါ လျော်ကြေးငွေပေးခဲ့ပေမယ့် လက်ခံခြင်းမရှိခဲ့တဲ့ ကျန်းသခင်လေး ' ဆိုတဲ့စာသားက ဖုန်းကိုပါ ရိုက်ခွဲပစ်ဖို့ထိ တွန်းအားဖြစ်စေခဲ့သည်။ နောက်ဆုံးအချိန်ထိ ယုံကြည်ပေးဖို့ကြိုးစားခဲ့တာတောင် ကျန်းဟာအို မင်းမို့ငါ့အပေါ် လုပ်ရက်တယ်။
ခြောက်လဆိုထဲက သူတို့က ဘယ်အချိန်ထဲက ငါ့နောက်ကွယ်မှာ။
" အား.....!!!! "
" အကုန်လုံးက တကယ့်ကို စောက်ရေးမပါတာပဲ...ကျန်းဟာအို! ! မင်းသိပ်ရက်စက်တယ်ကွာ...ငါ့မှာမင်းကိုစောက်ရမ်းချစ်ခဲ့ရတာ မင်းငါ့အပေါ် တစ်လျှောက်လုံး စောက်ရေးမပါတာတွေပဲ လုပ်နေခဲ့တာပဲ အား....!! "
ဒီတစ်ခါကျတဲ့ မျက်ရည်က နာကျည်းမှုကနေဖြစ်တည်လာတယ်။ ငါ့အပေါ်လုပ်ရက်လေခြင်းဆိုတာကြီးကို တွေးမိတိုင်း ဟန်ဘင်း အော့နှလုံးနာရတယ်။ ဟန်ဘင်းရှေ့က
မြင်မြင်သမျှ အရာဝတ္တု အကုန်လုံးက တစစီ
ကျိုးပဲ့လို့။ ဒေါသတွေကို ထိုအရာဝတ္ထုတွေပေါ်မှာ ပုံချနေမိတယ်။
စုတ်ပြတ်သတ်နေတဲ့ မှန်ကွဲရာတွေနဲ့ဖုန်းလေးက အဝင်ကောလ်တစ်ခုကြောင့် ရုန်းကန်ကာ
တုန်ခါနေတယ်။ ဒေါသကို ခတ္တခဏ ချိုးနှိမ်ကာ ဖုန်းကိုဆွဲယူလိုက်တော့ စခရင်ကနေ မသဲမကွဲမြင်နေရတဲ့ contact name ကြောင့်
အဖေ့ဆီကမှန်းသိလိုက်သည်။
" ဟယ်လို.... အဖေ ''
" သား...အဆင်ပြေရဲ့လား ''
" မပြေဘူး အဖေ....''
ရှိုက်ငိုသံတွေစွပ်လျက် ဖြေနေတဲ့ အသံ
ကြောင့် အဖေကလဲ ဖုန်းထဲကနေ သက်ပြင်းရှည်တွေချလာတယ်။
" အဖေသိရသလောက် သူအခုရှန်အိမ်တော်
ကနေ အပြီးဆင်းသွားပြီတဲ့ သူ့အဘွားအိမ်မှာလဲ မရှိဘူး ကိုရီးယားကိုလာမယ်လို့တော့ ထင်တယ် သားကိုများ ရှာမလား မသိနိုင်ဘူး သား...အခုဘာလုပ်ချင်လဲ ဘာဖြစ်ချင်လဲ အဖေ့ကိုပြော...''
" ကျွန်တော်....ကျွန်တော် ''
" အင်းပြော သား ဘာဖြစ်ချင်လဲ ''
ဟန်ဘင်း ဝရန်တာဘက်ကို ခြေလှမ်းပြီး ကြည်လင်နေတဲ့ ကောင်းကင်ကြီးကို မော့ ကြည့်လိုက်တယ်။ စိတ်တိုတယ် ဒေါသဖြစ်တယ်။ ကျန်းဟာအိုကြောင့် စိတ်အနှောင့်အယှက်တွေဖြစ်ရတယ်။ ကိုယ့်ချစ်သူက တစ်ပါးသူရဲ့သွေးသားကိုလွယ်ထားတာပဲ။
ဟန်ဘင်းဘဝမှာ အဖြစ်ချင်ဆုံးဆန္ဒလေးကို
ရိုက်ချိုးခံလိုက်ရတာ။ ဟန်ဘင်းနဲ့တူတဲ့ ကလေးလေးကို မွေးပေးမယ်ဆိုပြီး ဘာကြောင့် မျှော်လင့်ချက်တွေပေးခဲ့ရတာလဲ။ အချိန်တန် ကိုယ့်ရင်ခွင်ထဲပြန်ရောက်လာ
လိမ့်မယ်ဆိုပြီး ထင်ခဲ့လို့ လွှတ်ထားပေးမိတာ
မှားသွားခဲ့ပြီ။ မဟုတ်ဘူး မမှားခင်ထဲက မှန်မနေခဲ့တာ။
သူ့ချစ်သူကို ငြိမ်းချမ်းစွာ ပြန်ခေါ်မယ်ဆိုတဲ့
အတွေးကိုလဲ ဖျက်ဆီးခံလိုက်ရတာ။ သူဘာဆက်လုပ်ရမလဲ။ ခေါင်းထဲမှာ ဗလာကျင်းလျက်။ ဘယ်အရာကဖြစ်နိုင်သလဲ ဖြစ်သင့်သလဲဆိုတာ သူမသိဘူး။ မပတ်သက်ချင်ဆုံးသူရဲ့ သွေးသားကို လက်ခံပေးရလောက်အောင်ထိ သူက သဘောကောင်းမနေဘူး။
" အဖေ...''
" ပြောသား..''
" ကျွန်တော့်အနားမှာ သူ့ကိုခေါ်ထားချင်တယ် ဒါပေမယ့်...''
" အင်း ''
" အခုမဟုတ်သေးဘူး...သူ့ဘာသူ တစ်ယောက်ထဲ ဖြတ်သန်းပါစေအုံး ခြောက်လ
တောင်ရှိနေတဲ့ ကိုယ်ဝန်နဲ့လေ အဟက်...''
ထပ်မံ၍ အဖေ့ရဲ့ သက်ပြင်းချသံက ဘာကို
ရည်ရွယ်သလဲမသိဘူး။ သိုပေမယ့် သူလုပ်တာမှန်တယ်လို့ သတ်မှတ်လိုက်ပြီ။ ဒီလောက် နဲ့တော့ မောင်ရူးရသလောက် မင်း
မရူးသေးပါဘူး အချစ်ရယ်။ မင်းကပင်ပန်းရုံပဲ မောင်ကသေပစ်ချင်တာ။
အများကြီး မောင်အလျှော့ပေးခဲ့ပါတယ်။
နာကျင်ရတာချင်း တူရင်တောင် မောင်ကဓားတစ်ချောင်းပိုစိုက်ခံရတာပါ။ ဘွဲ့ရတော့မှာ မလိုတော့ဘူးအချစ်ရေ မောင်မင်းကိုပြန်သိမ်းဖို့လာခဲ့မယ်။ ခုတော့ မင်းဘဝနဲ့ မင်းရှိစေဦးပေါ့။ မောင့်ယုံကြည်မှုကို အလွဲသုံးစားလုပ်သွားတဲ့ အချစ်ကို အပြစ်ပေးစရာဒီတစ်နည်းပဲရှိတယ်ကွယ်။
" သူ့ကိုလိုက်ရှာပြီး ဘာတွေလုပ်နေသလဲ
အဖေကပဲစောင့်ကြည့်ပေးပါအုံး...''
" အဖေ့လူတွေကို သားယုံထားလိုက်.... ''
" သူရက်စက်တာတွေ သိပ်များတာပဲအဖေရယ် ကျွန်တော် သူ့ကိုဘယ်လိုလုပ်ရပါ့မလဲ ''
" နာကျင်ရတာကိုသိရင် နှလုံးသားမှာမှတ်ထားလိုက် မျက်ရည်ကျပြီး ပျော့ညံ့နေရင် ကောင်းမွန်တဲ့ အရာတွေကို လက်လွှတ်ရလိမ့်မယ် ခုတော့သားအနားယူဖို့လိုနေပြီ ''
အဖေနဲ့ဖုန်းပြောလို့အပြီးမှာ ဟန်ဘင်းစိတ်ထဲ
ပေါ့ပါးသွားရတယ်။ ဟုတ်တယ် သူအနားယူဖို့လိုတယ်။ သူစိတ်ထဲရှုပ်ထွေးနေတာတွေကို
အနားယူအိပ်စက်ခြင်းနဲ့ ဖြေဖျောက်ရမယ်။
_____________
" တကယ်ကြီး လျော်ကြေးငွေကိုမယူတော့ဘူးလား ကော...''
" ဒီကလေးက မင်းနဲ့မှမဆိုင်တာ ဘာကြောင့်မင်းကအလျော်ပေးနေရတာလဲ ''
" ဟုတ်တယ်လေသားရဲ့ ကိုယ်နဲ့မဆိုင်တာအတွက်ဘာမှ တစ်ပြားတစ်ချက်ပေးနေစရာမလိုဘူး ''
" မား...!! ခဏလောက် ဝင်မပါပဲ နေပေးလို့
ရမလား ''
ချွမ်ရွေ့ အပြောကြောင့် ရှန်သခင်မက ဒေါသကိုမြိုသိပ်လိုက်ရသလို အသက်ရှူသံတွေက ပြင်းထန်နေလေသည်။
" မင်းရဲ့မားပြောတာမှန်တယ် ကွာရှင်းတဲ့အတွက်ရော ကိုယ်ဝန်အတွက်ရော ဘာမှမပေးနဲ့ ငါလဲမလိုချင်ဘူး ''
ဆိုဖာပေါ်မှာ ခေါင်းကိုသာငုံ့ထားလျက် ဘယ်သူ့ကိုမှကြည့်မနေဘဲ ပြောလာတဲ့သူကို ချွမ်ရွေ့ တကယ်အံ့သြရသည်။ သူ့အဘွားကလဲ
အမွေဖြတ်ဆိုတဲ့ စာရင်းထဲထည့်လိုက်ပြီလေ။ ခုချိန် ချွမ်ရွေ့မှ မပေးရင် သူကဘယ်ကပိုက်ဆံတွေနဲ့ ဆက်ပြီးရှင်သန်စားသောက်နေမှာမို့လဲ။
ကိုယ်နဲ့မဆိုင်ပေမယ့် တစ်ခဏတာ ဘဝကို
ကစားမိခဲ့တဲ့အတွက် အနည်းငယ်တော့ စိတ်
ကောင်းထားပေးရမယ်လို့ ချွမ်ရွေ့ ထင်တယ်။ ရှေ့နေရဲ့ အရှေ့မှာ ပိုင်ဆိုင်ခွင့် အပြင်
လျော်ကြေးငွေပါ ဘာတစ်ခုမှ မယူတဲ့အကြောင်း ပြောပြီး လက်မှတ်ထိုးခဲ့တာကြောင့် ချွမ်ရွေ့ ကြောင်အ,မိ သွားပေမယ့် ဒီလူ့ရဲ့ မာနကြီးပုံကိုလဲ သူသိထားတာမို့ ဆက်လဲမပြောချင်တော့ဘူး။
" ကောင်းပြီလေ ဒါဆိုလဲ ကောရဲ့ သဘောပဲ''
" ငါသွားတော့မယ် ''
" ဒီတစ်ညတောင် မအိပ်တော့ဘူးလား မနက်ထဲက ကောဗိုက်အောင့်လို့ အစောကြီးထ ထားရတာလေ ''
" တစ်စက္ကန့် တောင်မနေချင်တော့လို့
သွားခွင့်ပြု ''
" ထင်ကိုမထင်ဘူး ဒီလောက်အချိုးမပြေ
ဖြစ်လိမ့်မယ်လို့ ''
" မား...!! ကျစ် ...''
ရှန်သခင်မရဲ့ တီးတိုးအပြစ်တင်သံတွေကို လျစ်လျူရှုကာ အပေါ်ထပ်ကိုသာ တက်သွား
လိုက်သည်။ အနောက်ကနေ ရှန်ချွမ်ရွေ့ လိုက်လာမှန်းတော့ သိသည်။
" လိုက်ပို့ပေးမယ်...''
" မလိုဘူး! ! "
" မာနကြီးတာလဲ နေရာတကာမကောင်းဘူးနော်ကော ''
ဟာအို ချွမ်ရွေ့ထံ စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ ခုချိန်မှာ မမြင်ချင်ဆုံးအရာက
ရှန်ချွမ်ရွေ့ ဆိုပိုမှန်မယ်။ ဒီလောက်ထိ လုပ်ထားပြီးမှ ဒီလိုစကားတွေ လာပြောနေတော့ရော ဘာထူးမှာလဲ။
" အဲ့မာနကိုလဲ မင်းကရိုက်ချိုးပြီးပြီ မဟုတ်လား ဘာတွေထပ်ပြီး ဖြစ်ချင်သေးတာလဲ ''
" ကျွန်တော်က ကောင်းကောင်းမွန်မွန်ပြောနေတာလေကော ဒီလောက်တောင် နားလည်ပေးလို့မရဘူးလား ''
" နားမလည်ဘူး မင်းကိုနားမလည်ဘူး ထပ်ပြီးလဲ ဘာဆိုဘာမှမပြောချင်ဘူး ငါ့ဘာသာ သွားမယ် လိုက်ပို့စရာလဲမလိုဘူး''
Luggage ကိုဆွဲကာ ထွက်သွားတဲ့ ကျန်းဟောင့်နောက်ကို ချွမ်ရွေ့ ခြေလှမ်းကျဲတွေနဲ့
အမြန်လိုက်ရသည်။ ဗိုက်ထဲမှာလဲ ကလေးရှိနေတာတောင် ဘယ်လို မြန်အောင်လျှောက်တာပါလိမ့်။ ဒီလူက တကယ့်ကို အကြောတင်းပဲ။ သွားရင်းနဲ့ ခြံရှေ့တောင် ရောက်လို့နေပြီ။ နောက်ကလှမ်းခေါ်လဲ
လှည့်မကြည့်။ အရှေ့ကနေ ခြံဝင်းစောင့်ကို
ပိတ်တားခိုင်းမှ ရပ်တော့တယ်။
" ဒရိုင်ဘာ နဲ့သွား...''
" မသွားဘူး...''
" ကျွန်တော့်စကားကိုနားထောင် ''
" မင်းရဲ့အမိန့်တွေကို ဂင်မ်ထယ်ရယ် ဆီပဲ
သွားပေး ငါ့ကိုတော့ မရဘူး ''
ဂင်မ်ထယ်ရယ် ရဲ့နာမည်ကိုကြားတာနဲ့ ငူငူ
ကြီးဖြစ်သွားတဲ့ ရှန်ချွမ်ရွေ့ကို ကြည့်ပြီး ဟာအို အားရပါးရ ရယ်လိုက်မိသည်။ ထိုတော့မှ
ဟာအို့ထံ စိုက်ကြည့်လာတဲ့ ချွမ်ရွေ့ကို ပြန်လည်စိုက်ကြည့်ကာ။
" လူတိုင်းကနာတတ်တယ် ကိုယ်ခံရမှ နာတယ်မမှတ်နဲ့ ချွမ်ရွေ့....ဂင်မ်ထယ်ရယ်
ဝေးဝေးပြေးနိုင်ပါစေ ငါဆုတောင်းပေးနေတယ် မင်းလက်ထဲသာ ရောက်ရင် သူလဲငါတို့လို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားလိမ့်မယ် ငါသွားပြီ ''
ဗိုက်ကိုဖိကိုင်ကာ တက်စီလှမ်းတားနေတဲ့သူကိုလဲ အဖတ်မလုပ်နိုင်တော့ဘူး။ ရင်ဘတ်ထဲက နာကျင်မှုက နာမည်လေးကြားရုံနဲ့
တစ်ဆစ်ဆစ်ပဲ။ ငယ်ရွယ်စဥ်အချိန်တည်းက
မိဘတွေခရီးသွားရင်တောင် သတိရဖို့ မတွေးခဲ့ဖူးတဲ့အထိ အသည်းမာတဲ့ ချွမ်ရွေ့က ချစ်တယ်ဆိုတဲ့ ဖြစ်တည်မှုတွေနဲ့ လူသားလေးကိုတော့ သေလောက်အောင် လွမ်းတတ်နေပြီ။
လူအင်အားမျိုးစုံသုံးပြီး လိုက်ရှာနေပေမယ့်
ယခုချိန်ထိ မတွေ့သေး။ မုန်းတယ်ဆိုတဲ့စကားက သူ့ရဲ့ အိပ်မက်တွေထိ လိုက်ပြီး
ခြောက်လှန့်နေခဲ့တယ်။ မချစ်တော့ရင်တောင် မမုန်းစေချင်ဘူး။ ဒီတစ်ကြိမ်ပြန်တွေ့ရင်တော့ ကိုရီးယားဘာသာပြဆရာလေးရဲ့ လိမ်မာတဲ့ ကျောင်းသားလေးအဖြစ်နေပါ့မယ်။ ချစ်မြဲတိုင်းတော့ ချစ်ပေးပါဦး အကို။
_____________
နောက်ဆုံးအနေနဲ့ ကျန်းစံအိမ်ထဲဝင်ပြီး အဘွားတော်ကို နှုတ်ဆက်ဖို့ထွက်လာခဲ့တယ်။ ခြံဝင်းထဲဝင်လာတဲ့သူ့ကိုမြင်တာနဲ့
အဘွားက အပေါ်ထပ်အခန်းကိုဝင်ကာ တံခါး
ကို ဆောင့်ပိတ်သွားတယ်။ ဒီအခြေအနေနဲ့ဆို
သူမရဲ့ လောဘတွေတောင် အချိန်အကြာကြီး အဓွန့်မရှည်နိုင်ခဲ့တာကြောင့် ဟာအို့ကို
အတော်လေး စိတ်ပျက်နေမှာပဲ။
သေချာပါက်ရအောင် ဒီအနေအထားကို ဖျက်ဆီး မယ်လို့ဟာအိုတွေးပြီးရင် ဖြစ်အောင်လုပ်ရမှာပဲ။ တစ်ခါတစ်လေ ဘယ်သူ့
အတွက်မှမတွေးပဲ တစ်ကိုယ်ကောင်းဆန်ပစ်ချင်တယ်။ အဘွားဖြစ်သူရဲ့ အခန်းရှေ့သွားကာ တံခါးလေးအား ဖွဖွကိုင်လျက်မျက်ရည် တို့ကျမိတယ်။
မိဘတွေမရှိထဲက ဘေးမှာ ရှိပေးခဲ့တာ
ကြောင့် အားနာစိတ်တွေတော့ဝင်မိတယ်။
ကန့်လန့်ဖြတ်မျဥ်းတွေက အရှိန်ပြင်းစွာ ဖြတ်ပြေးလာရင် အရာအားလုံး ပိတ်ဆို့သွားနိုင်တယ်။ နောက်တစ်ကြိမ်တော့ ကိုယ့်ကိုယ်ကို
ဒဏ်ရာ တွေထပ်မပေးချင်တော့ဘူး။
" အဘွား...ကျွန်တော့်ကို ခွင့်မလွှတ်နိုင်ဘူး
ဆိုရင်တောင် ကျန်းမာရေးတော့ ဂရုစိုက်ပါနော် သမားတော်ပေးတဲ့ ဆေးတွေလဲသေချာသောက်ပါ။ လုပ်ငန်းတွေကိုလဲ ကိုယ်တိုင်အပင်ပန်းခံပြီး မဦးစီးပါနဲ့။ အနားမှာသေချာပြုစုပေးဖို့ ဝမ်းကွဲဒေါ်လေးတို့ကိုလဲကျွန်တော် မှာခဲ့ပါတယ်။ ထပ်မတွေ့ချင်ရင်တောင် ဗိုက်ထဲက ကလေးလေးနဲ့အတူ
ပြန်လာခဲ့ပါဦးမယ်... ကျွန်တော်သွားတော့မယ်နော်...''
မျက်ရည်ကြည်တွေကို သုပ်လျက် ပါလာတဲ့
Luggage အသေးလေးကိုဆွဲကာ အပြင်သို့ပြန်ထွက်မည်အပြု။
" ချန်းလျန်...!! သူ့ကိုလိုက်ပို့ပေးလိုက် ''
" ဟုတ်ကဲ့ သခင်မကြီး ''
အိမ်တော်ရဲ့ ဒရိုင်ဘာအား အခန်းထဲကထွက်ကာ အမိန့်ပေးလိုက်တဲ့ အဘွားကြောင့် ဝေ့ဝဲနေသေးတဲ့ မျက်ရည်တွေကြားကနေ ပြုံးမိသေးသည်။ ကိုယ်ဝန် နဲ့ မြေးကို တစ်ချက်တော့လှည့်ကြည့် ပေးသားပဲ။ မဟုတ်ရင် ရှန်အိမ်က ကားနဲ့မလာမိတဲ့ အကျိုးကြောင့် အပြန်လဲ တက်စီနဲ့ပဲ သွားရတော့မှာ။
" သခင်လေး...ဘယ်ကိုသွားမလဲခင်ဗျ ''
" ကားဂိတ်ကိုပဲ ပို့ပေးပါ ''
" ဟုတ်ကဲ့ပါ သခင်လေး...''
ကားဂိတ်ကိုရောက်တာနဲ့ တစ်ပြိုင်နက် မြို့ပြင်ကိုသွားမယ့်ကားကလဲ တစ်ကျော့ပြန်
ဆိုက်ရောက်လာတယ်။ အိမ်တော်က ဒရိုင်ဘာ မောင်းထွက်သွားတာကို တစ်အောင့်
စောင့်နေပြီးမှ ကားပေါ်ကိုတက်ရတယ်။ မြို့ပြင်မှာ လူခြေနည်းတဲ့ ရွာလေးတစ်ခုရှိတယ်။ ခိုးဆိုးလုယက်မှုကင်းတဲ့ အေးချမ်းတဲ့ရွာလေး။ ဟာအို့ရဲ့ ကိုယ်ဝန်သည်ဘဝကို အဲ့နေရာမှာပဲကုန်ဆုံးဖို့ တွေးထားမိတယ်။
လုံးချင်းအိမ်လေးတစ်လုံးကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ထဲက အရစ်ကျနဲ့ဝယ်ထားတာဖြစ်ပြီး ခြံဝန်းလေးလဲ ပါတာမို့ သီးပင်စားပင်အနည်းငယ်စိုက်မယ်လို့ တွေးထားမိတယ်။ ကျန်းမျိုးရိုး သမားတော်ရဲ့ ညီမဖြစ်သူလဲဖြစ်၊ အမျိုးသမီးသမားတော်လဲဖြစ်သူက ထိုရွာမှာရှိနေတာမို့ ကလေးမွေးဖွားဖို့ကိစ္စတွေလဲဘာမှ ပူမနေရဘူး။
ယောကျာ်းလေး ကိုယ်ဝန်ဆောင်သည် ဖြစ်တာကြောင့် အနည်းငယ်တော့ ကြောက်စိတ်
ဝင်မိပေမယ့် မောင့်သွေးသားပဲလေဆိုတဲ့ အတွေးက ထိုကြောက်စိတ်တွေကို တစ်မဟုတ်ချင်း အနိုင်ယူသွားတယ်။ ဟိုတစ်ကြိမ် ဟာအို့ကို ကူညီပေးခဲ့လို့ အဘွားရဲ့ အပြစ်တင်ခြင်းကို သမားတော်ကြီးခံခဲ့ရပေ
မယ့် ဟာအို့အပေါ် သွေးရင်းတစ်ယောက်လို သံယောဇဉ် ထားကာ ယခုချိန်ထိ တတ်နိုင်သလောက် ကူညီပေးနေတုန်းဖြစ်သည်။
ဗိုက်ပူပူလေးပေါ် လက်တင်ကာ ပြုံးမိတယ်။
အခုလိုကူညီပေးနေသူတွေသာ မရှိခဲ့ရင် ဟာအို တစ်ယောက်ထဲ ဘယ်လိုလုပ်ရပါ့မလဲ။ တစ်ချိန်က စိတ်ကူးဖူးခဲ့သလို ကိုယ်ဝန်ဆောင်ချိန် မောင်ကအနားမှာမှ ရှိမနေဘဲလေ။ morning sickness တွေကို အံကြိတ်ပြီး ဖြတ်ကျော်ခဲ့ရတယ်။
ကိုယ်ဝန်နဲ့ ပတ်သက်ပြီး စစ်ဆေးတော့လဲ
တစ်ယောက်ထဲပဲ။ အိမ်ထောင်ဘက်ရဲ့ နွေးထွေးမှုတွေကို လိုအပ်နေချိန်မှာ လွယ်အိတ်ထဲ အမြဲထည့်ထားခဲ့တဲ့ နှစ်ယောက်အတူရိုက်ထားတဲ့ polaroid လေးတွေသာ ပြန်ကြည့်ရင်း စိတ်ဖြေခဲ့ရတယ်။ ဗိုက်ထဲက ကလေးလေးရဲ့ လှုပ်ရှားသံတွေကို အတူတူ
နားထောင်ပေးမယ့် မောင်ကရှိမနေဘူး။
အထီးကျန်လွန်းလို့ ငိုချင်လာရင် အောက်နှုတ်ခမ်းကိုသာ နာနာဖိကိုက်ထားမိတယ်။
မောင်ရော အခုလောက်ဆို သတင်းတွေကိုတွေ့ပြီးနေလောက်ပြီထင်တယ်။ မဟုတ်လဲ
ဟာအိုနဲ့ပတ်သက်ပြီး ဘာမှမသိချင်လို့ဆိုပြီး
လျစ်လျူရှုထားလေမလား။ အဲ့လိုပဲဖြစ်ဖို့
မျှော်လင့်ပါတယ်။ မဟုတ်ရင် ကောင်ဆိုးလေးက ထင်ချင်တာတွေ ထင်နေဦးမှာ။
မြို့ပြင်ကိုထွက်တာနဲ့ ရွာကိုလှမ်းမြင်နေရပြီ။
ပေ၅၀ လောက်အကွာမှ ခြံသေးသေးလေး တစ်ခြံလောက်သာ ရှိတာမို့ လူနေအိမ်လည်း
ကျဲလွန်းသည်။ ရွာထဲအတော်ကြာ လျှောက်လိုက်ရတော့ ဗိုက်ကစူးကနဲ အောင့်တက်လာသည်။
" အာ့...''
ခြေလှမ်း မှန်မှန်နဲ့ထိန်းလျှောက်ကာ ဝယ်ထားတဲ့ အိမ်လေးဆီရောက်တော့ သတိရလိုက်တာက ဘေးခြံက ဦးလေးကြီးလင်မယားကို အရင်အိမ်ရှင်က သော့အပ်ထားတယ်ဆိုတာပဲ။ ဒီဘေးခြံကတော့ တခြားအိမ်တွေထက်စာရင် အရမ်းကြီးဝေးမနေလို့တော်ကာကျတယ်။
" ဦးလေးဗျ...''
ပန်းပင်ရေလောင်းနေတဲ့ ဦးလေးကြီးကို ခြံရှေ့ကနေ လှမ်းခေါ်တော့ ရေပုံးကို အောက်ချကာ ခြံတံခါးဖွင့်လာတယ်။
" ဘာကိစ္စရှိလို့လဲ ကောင်လေး ''
ဒေသိယ စကားသံဝဲဝဲနဲ့မို့ မနည်းနားထောင်နေရတယ်။
" ကျွန်တော်က ဟိုဘက်အိမ်ကို ပြန်ဝယ်လိုက်တဲ့သူပါ အရင်အိမ်ရှင်က ဦးလေးတို့ဆီသော့အပ်ထားခဲ့မယ်ဆိုလို့ လာယူတာပါဗျ ''
" ဪ အေးအေး ခဏလေးနေအုံးနော်
ဦးလေးသွားယူပေးမယ် ကိုယ်ဝန်နဲ့ မို့လား
ဒီခုံမှာ ခဏလာထိုင်နားနေ ''
" ခင်ဗျာ...ဟုတ်..ဟုတ်ကဲ့ ''
ခြံထဲက ဒန်းလေးမှာ ထိုင်ခိုင်းတာကြောင့် သွားထိုင်ပြီး စောင့်နေလိုက်တယ်။ ဟာအို့မှာ ကိုယ်ဝန်နဲ့ဆိုတာ ဘယ်လိုသိနေတာပါလိမ့်။
ခြံတံခါးရဲ့အကွယ်နဲ့ ဗိုက်ကိုလဲမြင်ရတာမှ
မဟုတ်တာ။ တစ်အောင့်အကြာ သော့တွဲတစ်ခုကိုကိုင်လျက် ထွက်လာတဲ့ဦးလေးကြီးနဲ့အတူ ဘေးမှာ အဒေါ်ကြီးတစ်ယောက်ပါ ပါလာတယ်။
" ကောင်လေး ဒီမှာ သော့ ''
" ကျေးဇူးတင်ပါတယ် ဗျ ''
" တစ်ခုခုလိုအပ်တာရှိရင် အဒေါ်တို့ကိုပြောနော် ကိုယ်ဝန်ဆောင်တာနဲ့ ပတ်သက်ရင် အဒေါ်က ကောင်းကောင်းသိတယ်။ စားဖို့သောက်ဖို့ကိုလဲ ဘာမှမပူနဲ့ ဆရာမလေးပြောပြထားလို့ ကူညီဖို့အဆင်သင့်ပဲ ''
" ဆရာမလေးဆိုတာက..''
" သမားတော်ကိုပြောတာလေ
ကောင်လေးရဲ့ ''
" ဪ ဟုတ်ကဲ့ ကျေးဇူးပါဗျ ကျွန်တော့်ကို
ခွင့်ပြုပါဦးနော် ''
လက်စသတ်တော့ သမားတော်ကြီးရဲ့ ညီမက ပြောပြထားတာပဲ။ ဒီလိုဆိုတော့လဲ ထပ်ပြီး ကူညီမယ့်သူတွေ ရတာပေါ့လေ။ ကိုယ့်အားကိုယ်ကိုး ဖို့တွေးတိုင်း သိမ်ငယ်စိတ်တွေဝင်လာတာမို့ တစ်ယောက်ထဲတော့ လုံးဝ
မဖြစ်တာကို ဟာအိုသိသည်။ မောင့်ရဲ့ထွေးပွေ့မှုနဲ့ ဘေးလူတွေရဲ့ ကူညီဖေးမမှုက အတိုင်းအဆ မရှိ ကွာခြားတယ်ဆိုပေမယ့်လဲ
ယခုအချိန်မှာတော့ အားကိုးစရာသူတို့ပဲ ရှိတာ။ အကုန်လုံးကို နောက်မှ ကျေးဇူးဆပ်ရမယ်။
_____________
ချလပ်!!
တစ်လလောက်အကြာမှာ ပိုပြီးသတိထားမိလာတဲ့ ကင်မရာရိုက်ချက်အသံ။ ဟာအို အသံလာရာကို လိုက်ရှာကြည့်ပေမယ့်လဲ ဘာဆိုဘာမှမတွေ့။ တစ်ခါတရံ ကင်မရာမီးပါပွင့်သွားသလိုဖြစ်တာကို သတိထားမိတယ်။ ပုံမှန်ပဲလို့တွေးနေပေမယ့်လဲ ဟုတ်မနေဘူး။ ခုနှစ်လကျော်ဆိုတဲ့အနေအထားမှာ မွေးဖွားဖို့က တစ်ရက်ပြီးတစ်ရက် နီးလာလေပြီ။
ကိုယ်ဝန်စလွယ်ချိန်တုန်းကလို အော့အန်တာတွေပါ ပြန်ဖြစ်လာတတ်တယ်။ ချဥ်ခြင်းတက်တဲ့ အခါတိုင်း ဟာအိုစားချင်သမျှကို ဘေးအိမ်ကအဒေါ်ကြီးကပဲ ဒိုင်ခံလုပ်ပေးတယ်။ အရင်ရက်က အဝတ်လျှော်စက်လေး
ဝယ်ထားလိုက်မိလို့ မဟုတ်ရင် ဟာအို့အဝတ်တွေကို ကူလျှော်ပေးနေတာကြည့်ပြီး စိတ်ထဲအားနာစိတ်တွေဝင်ရတာ အခါခါ။
သားသမီးနှစ်ယောက်လုံးက အိမ်ထောင်ရပ်သားကျနေတာကြောင့် နှစ်ယောက်တည်း ဖြစ်နေတဲ့ ဦးလေးကြီးတို့ လင်မယားအတွက်
ဟာအိုက သားလေးတစ်ယောက်ကောက်ရသလိုဖြစ်နေကြတာ။ ကလေးလေးမွေးလာရင် ကူထိန်းပေးကြမယ်ဆိုပြီး ပြောနေတော့
မောင်နဲ့အတူ ရှိခဲ့ဖူးတဲ့ အရပ်ကိုသာပြန်မယ့်
ဟာအိုက တကယ့်ကို တစ်ကိုယ်ကောင်းဆန်တာပဲ။
ဒီနေ့က အက်ထရာဆောင်းရိုက်ရမယ့် နေ့မို့
ရွာနဲ့နီးတဲ့ မြို့ပြင်ဘက်ခြမ်းက ဆေးရုံကို ရောက်နေခဲ့တယ်။ ကလေးက ဘယ်လိင်အမျိုးအစားလဲဆိုတာ သိရတော့မယ်လို့တော့ပြောတယ်။ အဒေါ်ကြီးနဲ့ သမားတော်ရဲ့ညီမက အဖော်အနေနဲ့ လိုက်ပေးကြတယ်။
ဟာအိုက မသိချင်ဘူးငြင်းပေမယ့်လဲမရ။
" ဘာလေးလဲ သိရပြီရှင့် ''
Transducerကို ဗိုက်မှာကပ်ကာ resultကို
ကြည့်နေရင်း ဆရာဝန်အမျိုးသမီးကပြုံးပြကာဆိုလာသည်။
" မပြောပါနဲ့ ဆရာမ ''
" ရှင်...''
ဟာအို့ရဲ့စကားကြောင့် ဆရာဝန်နဲ့အတူ သမားတော်ရဲ့ညီမကပါ နားမလည်သလို
ကြည့်လာလေသည်။ ဟာအိုသက်ပျင်းတစ်ချက်ချရင်း ဘာကြောင့်ဆိုတာပြန်ဖြေလိုက်သည်။
" ဘာလေးပဲဖြစ်နေနေ ကျွန်တော်က ချစ်မှာမို့ မသိချင်လို့ပါ ဒေါက်တာ ''
" ထားလိုက်ပါတော့ ဒေါက်တာ ကလေးက
ကျန်းမာတယ်မဟုတ်လားဟင် ''
" ကျန်းမာပါတယ် အနေအထားလဲမှန်တယ် ''
" ဒါဆို ကျန်းဟောင့် ပြောသလိုပဲ လုပ်လိုက်ပါ ''
" ဟုတ်ကဲ့ပါရှင် ''
ချလပ်!!
ဆေးရုံကနေအထွက် ထပ်ပြီးကြားလိုက်ရတဲ့
အသံကြောင့် အသံလားရာကြည့်မိတော့
Mask အမဲရောင် တပ်ထားတဲ့လူတစ်ယောက်က ကင်မရာကိုအိတ်ထဲ ထည့်ကာ ပြေးထွက်သွားသည်။ အစထဲက သင်္ကာမကင်းဖြစ်နေခဲ့တာ ခုတော့ပိုလို့တောင် မလုံခြုံတော့သလို ခံစားမိလာတယ်။
လူကောင်းလား လူဆိုးလားမသိပေမယ့် ဟာအို့ကလေးကို ထိခိုက်စေမယ့်အရာမျိုး မဖြစ်ဖို့တော့မျှော်လင့်တယ်။
_____________
လပ်တော့စခရင်ကနေ မြင်နေရတဲ့ ပုံရိပ်လေး ဗိုက်ကလေးပူနေပုံက တကယ့်ကို အသည်းယားစရာပဲ။ စိတ်နာပေမယ့် ချစ်စရာကောင်းလိုက်တာဆိုတာကိုတော့
ဟန်ဘင်း ပါးစပ်ကနေ မချတမ်းပြောနေမိတယ်။
ဗိုက်လေးကို အုပ်ကိုင်ကာ လှုပ်တုပ်လှုပ်တုပ်
နဲ့လမ်းလျှောက်နေတဲ့ စက္ကန့်ပိုင်းစာ ဗွီဒီယိုလေးတွေ ၊ သစ်ပင်တွေအကွယ်က ရိုက်ထားရလို့ မကြည်မလင်ဖြစ်နေတဲ့ စူပုတ်ပုတ် မျက်နှာလေးနဲ့ ပုံလေးတွေ၊ စာအုပ်လေးကိုင်ကာ ဗိုက်ထဲက ကလေးကို ဖတ်ပြနေတဲ့ ပုံလေးတွေက တကယ့်ကို အနုပညာဆန်တဲ့
လှပမှုတွေပဲ။
ကိုယ့်သွေးသားနဲ့သာ ထိုသို့မြင်ရရင် ဘယ်လောက်တောင်ကောင်းလိမ့်မလဲလေ။
တစ်ယောက်တည်း ဟုတ်မနေတာတွေ့တော့လဲ စိတ်သက်သာရာရတယ်။ တစ်ခြားသူရဲ့သွေးသားဖြစ်နေရင်တောင် ယခုချိန်လွယ်ထားရတာက သူချစ်ရတဲ့သူ။
ရှန်ချွမ်ရွေ့ ကိုဒီတိုင်း လွှတ်ထားပေးနေတယ်ဆိုတာ အချိန်တစ်ခုကို စောင့်နေလို့ပဲ။ စိန်ခေါ်တာကို လုပ်နိုင်ကြောင်းပြသွားတဲ့ ချွမ်ရွေ့ က အတော်လေး အနိုင်ယူစိတ်ပြင်းလွန်းတယ်။ အလိုအတူ အလိုပါက ကျန်းဟာအို။
စိတ်တိုပေမယ့် ဘယ်တော့မှတော့ မေ့မရဘူး။ ရအောင်ကိုအနားမှာ ခေါ်ထားဦးမှာ။
ဒီတစ်ခါဆို ဘယ်မှထွက်ပြေးခွင့်မပြုဘူး။
မနက်ဖြန်ဆို ခုတက်နေတဲ့ ကျောင်းမှာ အောင်လက်မှတ်ယူရတော့မယ်။ နောက်လထဲမှာ အဖေ့ဆီပြန်ပြီး လုပ်ငန်းထဲကို အလုပ်သင်အနေနဲ့ ဝင်ရမယ်။ တစ်ဖြေးဖြေး
နီးကပ်လာတဲ့ အချိန်တွေကြောင့် ရင်မောရတယ်။ သူ့ကိုယ်သူ သေချာအောင် ပြန်မမေး
ရသေးဘူး။ ကိုယ့်သွေးသားမဟုတ်မှန်းသိနေရက်နဲ့ လက်ခံမှာလား။ ငါ့အတ္တတွေနဲ့ သူ့ကို
ပိုပြီး ပင်ပန်းရအောင်လုပ်မှာလား။ ဒီလိုဆို
ငါခံစားခဲ့ရတာတွေကလဲ ဟာသတွေမှ ဟုတ်
မနေခဲ့တာ။
ဟန်ဘင်းစိတ်ရှုပ်ရှုပ်နဲ့ လပ်တော့ကို ပိတ်ချလိုက်တယ်။ ထပ်စဥ်းစားရင် ခေါင်းပိုရှုပ်တယ်။ အဓိက ဟာအို့ကို သူပြန်သိမ်းနိုင်ဖို့ပဲ။
အဖေ့ကိုသူပြောခဲ့ဖူးသလို ပိုပြီး နာကျင်ရတဲ့သူဟာ သူသာလျှင်ဖြစ်ချင်တယ်။
_____________
ဟာအို ကြောက်စိတ်တွေကြောင့် ချွေးစေးတွေက ခေါင်းအစခြေအဆုံးစီးဆင်းနေတယ်။ နာကျင်မှုက အတိုင်းအဆမဲ့ပဲ။ ဆရာဝန်နဲ့Due dateယူထားပေမယ့် မွေးဖွားရက် မတိုင်မီ ညသန်းခေါင်ကျော်ကြီး အမှတ်မထင် နာလာတဲ့ဗိုက်ကြောင့် သမားတော်ရဲ့ ညီမဖြစ်သူကိုသာဖုန်းဆက်ပြီး ခေါ်ရတယ်။ ထိုတော့မှ ဘေးခြံက ဦးလေးကြီးတို့လင်မယားကပါ အိပ်ပျော်နေရာမှ နိုးလာပြီး ဆေးရုံကို အလျင်မှီအောင် ပို့ကြတယ်။
နာကျင်လွန်းတဲ့ အရှိန်က တစ်ကိုယ်လုံးမှာ ရှိတဲ့ အားအင်တွေအကုန်လုံးကို ဆုပ်ယူသွားသလိုပဲ။ မျက်ရည်တွေက ဖြိုင်ဖြိုင်ကျလျက်
အသံထွက်ပြီး နာကျင်မှုကို ဖော်ပြဖို့တောင်
အားမရှိတော့ဘူး။ ခွဲခန်းထဲဝင်ကာ မေ့ဆေးမပေးခင် အချိန်ထိ မောင့်မျက်နှာကိုသာ မြင်၍ မောင့်ကိုသာ တမ်းတနေမိတယ်။
မောင်ရေငါ့ကို ကယ်ပါဦး။ ငါအရမ်းကြောက်တယ် မောင့်ရဲ့ကလေးလေးကို မမွေးပေးနိုင်မှာငါသိပ်ကြောက်တယ် မောင်ရယ်။ ငါ့အသက် ပါသွားခဲ့ရင်တောင် မောင့်သွေးသားလေးကိုတော့ ထားခဲ့ချင်တယ်။ မေ့မျောခြင်းကသာ စိုးရိမ့်ကြောင့်ကျမှုတွေကို သယ်ဆောင်လို့သွားတယ်။
သုံးနာရီခန့်အကြာမှာ ထွက်ပေါ်လာတဲ့ ကလေးငိုသံက ခွဲခန်းအပြင်ဘက်မှာစောင့်နေတဲ့ လူသုံးယောက်အား အပြုံးပန်းတွေဝေလာစေသည်။
" ယောကျာ်း လေးမွေးပါတယ်ရှင် ကလေးရော လူကြီးရောကျန်းမာပါတယ် ''
ရင်ခွင်ထဲက သားလေးအားကြည့်ရင်း မျက်ရည်ကျရတယ်။ တော်ပါသေးရဲ့
တကယ့်ကိုတော်ပါသေးရဲ့။ နဖူးသေးသေးလေးအား ဖွဖွနမ်းရင်း ပြုံးလိုက်ကာ...
" ဆောင်းနူလ်ဘင်း...ဒယ်ဒီနဲ့ပါးရဲ့သားလေး
ဆောင်းနူလ်ဘင်း... ''
_____________
Trust me:
7.10.2023 Sat
❀ PanSuKhat ❀
Zawgyi
' ရွန္ခြၽမ္ေရြ့ ႏွင့္ က်န္းေဟာင့္ တရားဝင္
ကြာရွင္းျပတ္စဲျခင္း '
သတင္းေခါင္းစဥ္ကိုျမင္လိုက္ရတဲ့ ဟန္ဘင္းအတြက္ ကိုယ့္မ်က္လံုးကိုယ္မယံုႏိုင္ျဖစ္ရတယ္။ မ်က္လံုးႏွစ္ဖက္ကိုပြတ္ၿပီး ျပန္ၾကည့္ေတာ့လဲ ဒီေခါင္းစဥ္ပဲ။ ဟာအိုနဲ႔ ခြၽမ္ေရြ့က ကြာရွင္းလိုက္ၿပီဟုတ္လား။ သူထင္ထားတာထက္ ေစာေနရေအာင္ ဘာေတျြဖစ္ၾကတာလဲ။
သတင္းကို ကိုရီးယားဘာသာျပန္နဲ႔ ဖတ္ေနတာမို႔ မွန္ကန္ပါ့မလားေတြးေနမိေပမယ့္ တစ္ခ်ိဳ႕ေသာ ကိုရီးယား website ေတြကလဲ အလားတူ သတင္းကိုပဲတင္ထားေတြ့ရတယ္။ ပိုေသခ်ာတာက ကြာရွင္းစာခ်ဳပ္ကိုပါ ရွန္ခြၽမ္ေရြ့က ရိုက္ၿပီး SNSေပၚတင္ထားျခင္းျဖစ္သည္။
ထပ္ၿပီး သတင္းရဲ့ ေအာက္ဆံုးကိုသာ ဆက္မဖတ္မိရင္ ေကာင္းလိမ့္မည္ဟု ေတြ့လိုက္မိသည္။
' ကိုယ္ဝန္ေျခာက္လ အတြက္ပါ ေလ်ာ္ေၾကးေငြေပးခဲ့ေပမယ့္ လက္ခံျခင္းမရိွခဲ့တဲ့ က်န္းသခင္ေလး ' ဆိုတဲ့စာသားက ဖုန္းကိုပါ ရိုက္ခြဲပစ္ဖို႔ထိ တြန္းအားျဖစ္ေစခဲ့သည္။ ေနာက္ဆံုးအခ်ိန္ထိ ယံုၾကည္ေပးဖို႔ႀကိဳးစားခဲ့တာေတာင္ က်န္းဟာအို မင္းမို႔ငါ့အေပၚ လုပ္ရက္တယ္။
ေျခာက္လဆိုထဲက သူတို႔က ဘယ္အခ်ိန္ထဲက ငါ့ေနာက္ကြယ္မွာ။
" အား.....!!!! "
" အကုန္လံုးက တကယ့္ကို ေစာက္ေရးမပါတာပဲ...က်န္းဟာအို! ! မင္းသိပ္ရက္စက္တယ္ကြာ...ငါ့မွာမင္းကိုေစာက္ရမ္းခ်စ္ခဲ့ရတာ မင္းငါ့အေပၚ တစ္ေလ်ွာက္လံုး ေစာက္ေရးမပါတာေတြပဲ လုပ္ေနခဲ့တာပဲ အား....!! "
ဒီတစ္ခါက်တဲ့ မ်က္ရည္က နာက်ည္းမႈကေနျဖစ္တည္လာတယ္။ ငါ့အေပၚလုပ္ရက္ေလျခင္းဆိုတာႀကီးကို ေတြးမိတိုင္း ဟန္ဘင္း ေအာ့ႏွလံုးနာရတယ္။ ဟန္ဘင္းေရ႔ွက
ျမင္ျမင္သမ်ွ အရာဝတၲု အကုန္လံုးက တစစီ
က်ိဳးပဲ့လို႔။ ေဒါသေတြကို ထိုအရာဝတၴုေတြေပၚမွာ ပံုခ်ေနမိတယ္။
စုတ္ျပတ္သတ္ေနတဲ့ မွန္ကြဲရာေတြနဲ႔ဖုန္းေလးက အဝင္ေကာလ္တစ္ခုေၾကာင့္ ရုန္းကန္ကာ
တုန္ခါေနတယ္။ ေဒါသကို ခတၲခဏ ခ်ိဳးႏိွမ္ကာ ဖုန္းကိုဆြဲယူလိုက္ေတာ့ စခရင္ကေန မသဲမကြဲျမင္ေနရတဲ့ contact name ေၾကာင့္
အေဖ့ဆီကမွန္းသိလိုက္သည္။
" ဟယ္လို.... အေဖ ''
" သား...အဆင္ေျပရဲ့လား ''
" မေျပဘူး အေဖ....''
ရိႈက္ငိုသံေတြစြပ္လ်က္ ေျဖေနတဲ့ အသံ
ေၾကာင့္ အေဖကလဲ ဖုန္းထဲကေန သက္ျပင္းရွည္ေတြခ်လာတယ္။
" အေဖသိရသေလာက္ သူအခုရွန္အိမ္ေတာ္
ကေန အၿပီးဆင္းသြားၿပီတဲ့ သူ႔အဘြားအိမ္မွာလဲ မရိွဘူး ကိုရီးယားကိုလာမယ္လို႔ေတာ့ ထင္တယ္ သားကိုမ်ား ရွာမလား မသိႏိုင္ဘူး သား...အခုဘာလုပ္ခ်င္လဲ ဘာျဖစ္ခ်င္လဲ အေဖ့ကိုေျပာ...''
" ကြၽန္ေတာ္....ကြၽန္ေတာ္ ''
" အင္းေျပာ သား ဘာျဖစ္ခ်င္လဲ ''
ဟန္ဘင္း ဝရန္တာဘက္ကို ေျခလွမ္းၿပီး ၾကည္လင္ေနတဲ့ ေကာင္းကင္ႀကီးကို ေမာ့ ၾကည့္လိုက္တယ္။ စိတ္တိုတယ္ ေဒါသျဖစ္တယ္။ က်န္းဟာအိုေၾကာင့္ စိတ္အေနွာင့္အယွက္ေတျြဖစ္ရတယ္။ ကိုယ့္ခ်စ္သူက တစ္ပါးသူရဲ့ေသြးသားကိုလြယ္ထားတာပဲ။
ဟန္ဘင္းဘဝမွာ အျဖစ္ခ်င္ဆံုးဆႏၵေလးကို
ရိုက္ခ်ိဳးခံလိုက္ရတာ။ ဟန္ဘင္းနဲ႔တူတဲ့ ကေလးေလးကို ေမြးေပးမယ္ဆိုၿပီး ဘာေၾကာင့္ ေမ်ွာ္လင့္ခ်က္ေတြေပးခဲ့ရတာလဲ။ အခ်ိန္တန္ ကိုယ့္ရင္ခြင္ထဲျပန္ေရာက္လာ
လိမ့္မယ္ဆိုၿပီး ထင္ခဲ့လို႔ လႊတ္ထားေပးမိတာ
မွားသြားခဲ့ၿပီ။ မဟုတ္ဘူး မမွားခင္ထဲက မွန္မေနခဲ့တာ။
သူ႔ခ်စ္သူကို ၿငိမ္းခ်မ္းစြာ ျပန္ေခၚမယ္ဆိုတဲ့
အေတြးကိုလဲ ဖ်က္ဆီးခံလိုက္ရတာ။ သူဘာဆက္လုပ္ရမလဲ။ ေခါင္းထဲမွာ ဗလာက်င္းလ်က္။ ဘယ္အရာကျဖစ္ႏိုင္သလဲ ျဖစ္သင့္သလဲဆိုတာ သူမသိဘူး။ မပတ္သက္ခ်င္ဆံုးသူရဲ့ ေသြးသားကို လက္ခံေပးရေလာက္ေအာင္ထိ သူက သေဘာေကာင္းမေနဘူး။
" အေဖ...''
" ေျပာသား..''
" ကြၽန္ေတာ့္အနားမွာ သူ႔ကိုေခၚထားခ်င္တယ္ ဒါေပမယ့္...''
" အင္း ''
" အခုမဟုတ္ေသးဘူး...သူ႔ဘာသူ တစ္ေယာက္ထဲ ျဖတ္သန္းပါေစအံုး ေျခာက္လ
ေတာင္ရိွေနတဲ့ ကိုယ္ဝန္နဲ႔ေလ အဟက္...''
ထပ္မံ၍ အေဖ့ရဲ့ သက္ျပင္းခ်သံက ဘာကို
ရည္ရြယ္သလဲမသိဘူး။ သိုေပမယ့္ သူလုပ္တာမွန္တယ္လို႔ သတ္မွတ္လိုက္ၿပီ။ ဒီေလာက္ နဲ႔ေတာ့ ေမာင္ရူးရသေလာက္ မင္း
မရူးေသးပါဘူး အခ်စ္ရယ္။ မင္းကပင္ပန္းရံုပဲ ေမာင္ကေသပစ္ခ်င္တာ။
အမ်ားႀကီး ေမာင္အေလ်ွာ့ေပးခဲ့ပါတယ္။
နာက်င္ရတာခ်င္း တူရင္ေတာင္ ေမာင္ကဓားတစ္ေခ်ာင္းပိုစိုက္ခံရတာပါ။ ဘြဲ႔ရေတာ့မွာ မလိုေတာ့ဘူးအခ်စ္ေရ ေမာင္မင္းကိုျပန္သိမ္းဖို႔လာခဲ့မယ္။ ခုေတာ့ မင္းဘဝနဲ႔ မင္းရိွေစၪီးေပါ့။ ေမာင့္ယံုၾကည္မႈကို အလြဲသံုးစားလုပ္သြားတဲ့ အခ်စ္ကို အျပစ္ေပးစရာဒီတစ္နည္းပဲရိွတယ္ကြယ္။
" သူ႔ကိုလိုက္ရွာၿပီး ဘာေတြလုပ္ေနသလဲ
အေဖကပဲေစာင့္ၾကည့္ေပးပါအံုး...''
" အေဖ့လူေတြကို သားယံုထားလိုက္.... ''
" သူရက္စက္တာေတြ သိပ္မ်ားတာပဲအေဖရယ္ ကြၽန္ေတာ္ သူ႔ကိုဘယ္လိုလုပ္ရပါ့မလဲ ''
" နာက်င္ရတာကိုသိရင္ ႏွလံုးသားမွာမွတ္ထားလိုက္ မ်က္ရည္က်ၿပီး ေပ်ာ့ညံ့ေနရင္ ေကာင္းမြန္တဲ့ အရာေတြကို လက္လႊတ္ရလိမ့္မယ္ ခုေတာ့သားအနားယူဖို႔လိုေနၿပီ ''
အေဖနဲ႔ဖုန္းေျပာလို႔အၿပီးမွာ ဟန္ဘင္းစိတ္ထဲ
ေပါ့ပါးသြားရတယ္။ ဟုတ္တယ္ သူအနားယူဖို႔လိုတယ္။ သူစိတ္ထဲရႈပ္ေထြးေနတာေတြကို
အနားယူအိပ္စက္ျခင္းနဲ႔ ေျဖေဖ်ာက္ရမယ္။
_____________
" တကယ္ႀကီး ေလ်ာ္ေၾကးေငြကိုမယူေတာ့ဘူးလား ေကာ...''
" ဒီကေလးက မင္းနဲ႔မွမဆိုင္တာ ဘာေၾကာင့္မင္းကအေလ်ာ္ေပးေနရတာလဲ ''
" ဟုတ္တယ္ေလသားရဲ့ ကိုယ္နဲ႔မဆိုင္တာအတြက္ဘာမွ တစ္ျပားတစ္ခ်က္ေပးေနစရာမလိုဘူး ''
" မား...!! ခဏေလာက္ ဝင္မပါပဲ ေနေပးလို႔
ရမလား ''
ခြၽမ္ေရြ့ အေျပာေၾကာင့္ ရွန္သခင္မက ေဒါသကိုၿမိဳသိပ္လိုက္ရသလို အသက္ရႉသံေတြက ျပင္းထန္ေနေလသည္။
" မင္းရဲ့မားေျပာတာမွန္တယ္ ကြာရွင္းတဲ့အတြက္ေရာ ကိုယ္ဝန္အတြက္ေရာ ဘာမွမေပးနဲ႔ ငါလဲမလိုခ်င္ဘူး ''
ဆိုဖာေပၚမွာ ေခါင္းကိုသာငံု႔ထားလ်က္ ဘယ္သူ႔ကိုမွၾကည့္မေနဘဲ ေျပာလာတဲ့သူကို ခြၽမ္ေရြ့ တကယ္အံ့ၾသရသည္။ သူ႔အဘြားကလဲ
အေမျြဖတ္ဆိုတဲ့ စာရင္းထဲထည့္လိုက္ၿပီေလ။ ခုခ်ိန္ ခြၽမ္ေရြ့မွ မေပးရင္ သူကဘယ္ကပိုက္ဆံေတြနဲ႔ ဆက္ၿပီးရွင္သန္စားေသာက္ေနမွာမို႔လဲ။
ကိုယ္နဲ႔မဆိုင္ေပမယ့္ တစ္ခဏတာ ဘဝကို
ကစားမိခဲ့တဲ့အတြက္ အနည္းငယ္ေတာ့ စိတ္
ေကာင္းထားေပးရမယ္လို႔ ခြၽမ္ေရြ့ ထင္တယ္။ ေရ႔ွေနရဲ့ အေရ႔ွမွာ ပိုင္ဆိုင္ခြင့္ အျပင္
ေလ်ာ္ေၾကးေငြပါ ဘာတစ္ခုမွ မယူတဲ့အေၾကာင္း ေျပာၿပီး လက္မွတ္ထိုးခဲ့တာေၾကာင့္ ခြၽမ္ေရြ့ ေၾကာင္အ,မိ သြားေပမယ့္ ဒီလူ႔ရဲ့ မာနႀကီးပံုကိုလဲ သူသိထားတာမို႔ ဆက္လဲမေျပာခ်င္ေတာ့ဘူး။
" ေကာင္းၿပီေလ ဒါဆိုလဲ ေကာရဲ့ သေဘာပဲ''
" ငါသြားေတာ့မယ္ ''
" ဒီတစ္ညေတာင္ မအိပ္ေတာ့ဘူးလား မနက္ထဲက ေကာဗိုက္ေအာင့္လို႔ အေစာႀကီးထ ထားရတာေလ ''
" တစ္စကၠန႔္ ေတာင္မေနခ်င္ေတာ့လို႔
သြားခြင့္ျပဳ ''
" ထင္ကိုမထင္ဘူး ဒီေလာက္အခ်ိဳးမေျပ
ျဖစ္လိမ့္မယ္လို႔ ''
" မား...!! က်စ္ ...''
ရွန္သခင္မရဲ့ တီးတိုးအျပစ္တင္သံေတြကို လ်စ္လ်ူရႈကာ အေပၚထပ္ကိုသာ တက္သြား
လိုက္သည္။ အေနာက္ကေန ရွန္ခြၽမ္ေရြ့ လိုက္လာမွန္းေတာ့ သိသည္။
" လိုက္ပို႔ေပးမယ္...''
" မလိုဘူး! ! "
" မာနႀကီးတာလဲ ေနရာတကာမေကာင္းဘူးေနာ္ေကာ ''
ဟာအို ခြၽမ္ေရြ့ထံ စူးစူးဝါးဝါး စိုက္ၾကည့္လိုက္သည္။ ခုခ်ိန္မွာ မျမင္ခ်င္ဆံုးအရာက
ရွန္ခြၽမ္ေရြ့ ဆိုပိုမွန္မယ္။ ဒီေလာက္ထိ လုပ္ထားၿပီးမွ ဒီလိုစကားေတြ လာေျပာေနေတာ့ေရာ ဘာထူးမွာလဲ။
" အဲ့မာနကိုလဲ မင္းကရိုက္ခ်ိဳးၿပီးၿပီ မဟုတ္လား ဘာေတြထပ္ၿပီး ျဖစ္ခ်င္ေသးတာလဲ ''
" ကြၽန္ေတာ္က ေကာင္းေကာင္းမြန္မြန္ေျပာေနတာေလေကာ ဒီေလာက္ေတာင္ နားလည္ေပးလို႔မရဘူးလား ''
" နားမလည္ဘူး မင္းကိုနားမလည္ဘူး ထပ္ၿပီးလဲ ဘာဆိုဘာမွမေျပာခ်င္ဘူး ငါ့ဘာသာ သြားမယ္ လိုက္ပို႔စရာလဲမလိုဘူး''
Luggage ကိုဆြဲကာ ထြက္သြားတဲ့ က်န္းေဟာင့္ေနာက္ကို ခြၽမ္ေရြ့ ေျခလွမ္းက်ဲေတြနဲ႔
အျမန္လိုက္ရသည္။ ဗိုက္ထဲမွာလဲ ကေလးရိွေနတာေတာင္ ဘယ္လို ျမန္ေအာင္ေလ်ွာက္တာပါလိမ့္။ ဒီလူက တကယ့္ကို အေၾကာတင္းပဲ။ သြားရင္းနဲ႔ ၿခံေရ႔ွေတာင္ ေရာက္လို႔ေနၿပီ။ ေနာက္ကလွမ္းေခၚလဲ
လွည့္မၾကည့္။ အေရ႔ွကေန ၿခံဝင္းေစာင့္ကို
ပိတ္တားခိုင္းမွ ရပ္ေတာ့တယ္။
" ဒရိုင္ဘာ နဲ႔သြား...''
" မသြားဘူး...''
" ကြၽန္ေတာ့္စကားကိုနားေထာင္ ''
" မင္းရဲ့အမိန္႔ေတြကို ဂင္မ္ထယ္ရယ္ ဆီပဲ
သြားေပး ငါ့ကိုေတာ့ မရဘူး ''
ဂင္မ္ထယ္ရယ္ ရဲ့နာမည္ကိုၾကားတာနဲ႔ ငူငူ
ႀကီးျဖစ္သြားတဲ့ ရွန္ခြၽမ္ေရြ့ကို ၾကည့္ၿပီး ဟာအို အားရပါးရ ရယ္လိုက္မိသည္။ ထိုေတာ့မွ
ဟာအို႔ထံ စိုက္ၾကည့္လာတဲ့ ခြၽမ္ေရြ့ကို ျပန္လည္စိုက္ၾကည့္ကာ။
" လူတိုင္းကနာတတ္တယ္ ကိုယ္ခံရမွ နာတယ္မမွတ္နဲ႔ ခြၽမ္ေရြ့....ဂင္မ္ထယ္ရယ္
ေဝးေဝးေျပးႏိုင္ပါေစ ငါဆုေတာင္းေပးေနတယ္ မင္းလက္ထဲသာ ေရာက္ရင္ သူလဲငါတို႔လို အစိတ္စိတ္အႁမြွာႁမြွာ ျဖစ္သြားလိမ့္မယ္ ငါသြားၿပီ ''
ဗိုက္ကိုဖိကိုင္ကာ တက္စီလွမ္းတားေနတဲ့သူကိုလဲ အဖတ္မလုပ္ႏိုင္ေတာ့ဘူး။ ရင္ဘတ္ထဲက နာက်င္မႈက နာမည္ေလးၾကားရံုနဲ႔
တစ္ဆစ္ဆစ္ပဲ။ ငယ္ရြယ္စဥ္အခ်ိန္တည္းက
မိဘေတြခရီးသြားရင္ေတာင္ သတိရဖို႔ မေတြးခဲ့ဖူးတဲ့အထိ အသည္းမာတဲ့ ခြၽမ္ေရြ့က ခ်စ္တယ္ဆိုတဲ့ ျဖစ္တည္မႈေတြနဲ႔ လူသားေလးကိုေတာ့ ေသေလာက္ေအာင္ လြမ္းတတ္ေနၿပီ။
လူအင္အားမ်ိဳးစံုသံုးၿပီး လိုက္ရွာေနေပမယ့္
ယခုခ်ိန္ထိ မေတြ့ေသး။ မုန္းတယ္ဆိုတဲ့စကားက သူ႔ရဲ့ အိပ္မက္ေတြထိ လိုက္ၿပီး
ေျခာက္လွန္႔ေနခဲ့တယ္။ မခ်စ္ေတာ့ရင္ေတာင္ မမုန္းေစခ်င္ဘူး။ ဒီတစ္ႀကိမ္ျပန္ေတြ့ရင္ေတာ့ ကိုရီးယားဘာသာျပဆရာေလးရဲ့ လိမ္မာတဲ့ ေက်ာင္းသားေလးအျဖစ္ေနပါ့မယ္။ ခ်စ္ၿမဲတိုင္းေတာ့ ခ်စ္ေပးပါၪီး အကို။
_____________
ေနာက္ဆံုးအေနနဲ႔ က်န္းစံအိမ္ထဲဝင္ၿပီး အဘြားေတာ္ကို ႏႈတ္ဆက္ဖို႔ထြက္လာခဲ့တယ္။ ၿခံဝင္းထဲဝင္လာတဲ့သူ႔ကိုျမင္တာနဲ႔
အဘြားက အေပၚထပ္အခန္းကိုဝင္ကာ တံခါး
ကို ေဆာင့္ပိတ္သြားတယ္။ ဒီအေျခအေနနဲ႔ဆို
သူမရဲ့ ေလာဘေတြေတာင္ အခ်ိန္အၾကာႀကီး အဓြန္႔မရွည္ႏိုင္ခဲ့တာေၾကာင့္ ဟာအို႔ကို
အေတာ္ေလး စိတ္ပ်က္ေနမွာပဲ။
ေသခ်ာပါက္ရေအာင္ ဒီအေနအထားကို ဖ်က္ဆီး မယ္လို႔ဟာအိုေတြးၿပီးရင္ ျဖစ္ေအာင္လုပ္ရမွာပဲ။ တစ္ခါတစ္ေလ ဘယ္သူ႔
အတြက္မွမေတြးပဲ တစ္ကိုယ္ေကာင္းဆန္ပစ္ခ်င္တယ္။ အဘြားျဖစ္သူရဲ့ အခန္းေရ႔ွသြားကာ တံခါးေလးအား ဖြဖြကိုင္လ်က္မ်က္ရည္ တို႔က်မိတယ္။
မိဘေတြမရိွထဲက ေဘးမွာ ရိွေပးခဲ့တာ
ေၾကာင့္ အားနာစိတ္ေတြေတာ့ဝင္မိတယ္။
ကန္႔လန္႔ျဖတ္မ်ဥ္းေတြက အရိွန္ျပင္းစြာ ျဖတ္ေျပးလာရင္ အရာအားလံုး ပိတ္ဆို႔သြားႏိုင္တယ္။ ေနာက္တစ္ႀကိမ္ေတာ့ ကိုယ့္ကိုယ္ကို
ဒဏ္ရာ ေတြထပ္မေပးခ်င္ေတာ့ဘူး။
" အဘြား...ကြၽန္ေတာ့္ကို ခြင့္မလႊတ္ႏိုင္ဘူး
ဆိုရင္ေတာင္ က်န္းမာေရးေတာ့ ဂရုစိုက္ပါေနာ္ သမားေတာ္ေပးတဲ့ ေဆးေတြလဲေသခ်ာေသာက္ပါ။ လုပ္ငန္းေတြကိုလဲ ကိုယ္တိုင္အပင္ပန္းခံၿပီး မၪီးစီးပါနဲ႔။ အနားမွာေသခ်ာျပဳစုေပးဖို႔ ဝမ္းကြဲေဒၚေလးတို႔ကိုလဲကြၽန္ေတာ္ မွာခဲ့ပါတယ္။ ထပ္မေတြ့ခ်င္ရင္ေတာင္ ဗိုက္ထဲက ကေလးေလးနဲ႔အတူ
ျပန္လာခဲ့ပါၪီးမယ္... ကြၽန္ေတာ္သြားေတာ့မယ္ေနာ္...''
မ်က္ရည္ၾကည္ေတြကို သုပ္လ်က္ ပါလာတဲ့
Luggage အေသးေလးကိုဆြဲကာ အျပင္သို႔ျပန္ထြက္မည္အျပဳ။
" ခ်န္းလ်န္...!! သူ႔ကိုလိုက္ပို႔ေပးလိုက္ ''
" ဟုတ္ကဲ့ သခင္မႀကီး ''
အိမ္ေတာ္ရဲ့ ဒရိုင္ဘာအား အခန္းထဲကထြက္ကာ အမိန္႔ေပးလိုက္တဲ့ အဘြားေၾကာင့္ ေဝ့ဝဲေနေသးတဲ့ မ်က္ရည္ေတြၾကားကေန ၿပံဳးမိေသးသည္။ ကိုယ္ဝန္ နဲ႔ ေျမးကို တစ္ခ်က္ေတာ့လွည့္ၾကည့္ ေပးသားပဲ။ မဟုတ္ရင္ ရွန္အိမ္က ကားနဲ႔မလာမိတဲ့ အက်ိဳးေၾကာင့္ အျပန္လဲ တက္စီနဲ႔ပဲ သြားရေတာ့မွာ။
" သခင္ေလး...ဘယ္ကိုသြားမလဲခင္ဗ် ''
" ကားဂိတ္ကိုပဲ ပို႔ေပးပါ ''
" ဟုတ္ကဲ့ပါ သခင္ေလး...''
ကားဂိတ္ကိုေရာက္တာနဲ႔ တစ္ၿပိဳင္နက္ ၿမိဳ႔ျပင္ကိုသြားမယ့္ကားကလဲ တစ္ေက်ာ့ျပန္
ဆိုက္ေရာက္လာတယ္။ အိမ္ေတာ္က ဒရိုင္ဘာ ေမာင္းထြက္သြားတာကို တစ္ေအာင့္
ေစာင့္ေနၿပီးမွ ကားေပၚကိုတက္ရတယ္။ ၿမိဳ႔ျပင္မွာ လူေျခနည္းတဲ့ ရြာေလးတစ္ခုရိွတယ္။ ခိုးဆိုးလုယက္မႈကင္းတဲ့ ေအးခ်မ္းတဲ့ရြာေလး။ ဟာအို႔ရဲ့ ကိုယ္ဝန္သည္ဘဝကို အဲ့ေနရာမွာပဲကုန္ဆံုးဖို႔ ေတြးထားမိတယ္။
လံုးခ်င္းအိမ္ေလးတစ္လံုးကို လြန္ခဲ့တဲ့ တစ္ႏွစ္ေက်ာ္ေလာက္ထဲက အရစ္က်နဲ႔ဝယ္ထားတာျဖစ္ၿပီး ၿခံဝန္းေလးလဲ ပါတာမို႔ သီးပင္စားပင္အနည္းငယ္စိုက္မယ္လို႔ ေတြးထားမိတယ္။ က်န္းမ်ိဳးရိုး သမားေတာ္ရဲ့ ညီမျဖစ္သူလဲျဖစ္၊ အမ်ိဳးသမီးသမားေတာ္လဲျဖစ္သူက ထိုရြာမွာရိွေနတာမို႔ ကေလးေမြးဖြားဖို႔ကိစၥေတြလဲဘာမွ ပူမေနရဘူး။
ေယာက်ာ္းေလး ကိုယ္ဝန္ေဆာင္သည္ ျဖစ္တာေၾကာင့္ အနည္းငယ္ေတာ့ ေၾကာက္စိတ္
ဝင္မိေပမယ့္ ေမာင့္ေသြးသားပဲေလဆိုတဲ့ အေတြးက ထိုေၾကာက္စိတ္ေတြကို တစ္မဟုတ္ခ်င္း အႏိုင္ယူသြားတယ္။ ဟိုတစ္ႀကိမ္ ဟာအို႔ကို ကူညီေပးခဲ့လို႔ အဘြားရဲ့ အျပစ္တင္ျခင္းကို သမားေတာ္ႀကီးခံခဲ့ရေပ
မယ့္ ဟာအို႔အေပၚ ေသြးရင္းတစ္ေယာက္လို သံေယာဇဉ္ ထားကာ ယခုခ်ိန္ထိ တတ္ႏိုင္သေလာက္ ကူညီေပးေနတုန္းျဖစ္သည္။
ဗိုက္ပူပူေလးေပၚ လက္တင္ကာ ၿပံဳးမိတယ္။
အခုလိုကူညီေပးေနသူေတြသာ မရိွခဲ့ရင္ ဟာအို တစ္ေယာက္ထဲ ဘယ္လိုလုပ္ရပါ့မလဲ။ တစ္ခ်ိန္က စိတ္ကူးဖူးခဲ့သလို ကိုယ္ဝန္ေဆာင္ခ်ိန္ ေမာင္ကအနားမွာမွ ရိွမေနဘဲေလ။ morning sickness ေတြကို အံႀကိတ္ၿပီး ျဖတ္ေက်ာ္ခဲ့ရတယ္။
ကိုယ္ဝန္နဲ႔ ပတ္သက္ၿပီး စစ္ေဆးေတာ့လဲ
တစ္ေယာက္ထဲပဲ။ အိမ္ေထာင္ဘက္ရဲ့ ေနြးေထြးမႈေတြကို လိုအပ္ေနခ်ိန္မွာ လြယ္အိတ္ထဲ အၿမဲထၫ့္ထားခဲ့တဲ့ ႏွစ္ေယာက္အတူရိုက္ထားတဲ့ polaroid ေလးေတြသာ ျပန္ၾကည့္ရင္း စိတ္ေျဖခဲ့ရတယ္။ ဗိုက္ထဲက ကေလးေလးရဲ့ လႈပ္ရွားသံေတြကို အတူတူ
နားေထာင္ေပးမယ့္ ေမာင္ကရိွမေနဘူး။
အထီးက်န္လြန္းလို႔ ငိုခ်င္လာရင္ ေအာက္ႏႈတ္ခမ္းကိုသာ နာနာဖိကိုက္ထားမိတယ္။
ေမာင္ေရာ အခုေလာက္ဆို သတင္းေတြကိုေတြ့ၿပီးေနေလာက္ၿပီထင္တယ္။ မဟုတ္လဲ
ဟာအိုနဲ႔ပတ္သက္ၿပီး ဘာမွမသိခ်င္လို႔ဆိုၿပီး
လ်စ္လ်ူရႈထားေလမလား။ အဲ့လိုပဲျဖစ္ဖို႔
ေမ်ွာ္လင့္ပါတယ္။ မဟုတ္ရင္ ေကာင္ဆိုးေလးက ထင္ခ်င္တာေတြ ထင္ေနၪီးမွာ။
ၿမိဳ႔ျပင္ကိုထြက္တာနဲ႔ ရြာကိုလွမ္းျမင္ေနရၿပီ။
ေပ၅၀ ေလာက္အကြာမွ ၿခံေသးေသးေလး တစ္ၿခံေလာက္သာ ရိွတာမို႔ လူေနအိမ္လည္း
က်ဲလြန္းသည္။ ရြာထဲအေတာ္ၾကာ ေလ်ွာက္လိုက္ရေတာ့ ဗိုက္ကစူးကနဲ ေအာင့္တက္လာသည္။
" အာ့...''
ေျခလွမ္း မွန္မွန္နဲ႔ထိန္းေလ်ွာက္ကာ ဝယ္ထားတဲ့ အိမ္ေလးဆီေရာက္ေတာ့ သတိရလိုက္တာက ေဘးၿခံက ၪီးေလးႀကီးလင္မယားကို အရင္အိမ္ရွင္က ေသာ့အပ္ထားတယ္ဆိုတာပဲ။ ဒီေဘးၿခံကေတာ့ တျခားအိမ္ေတြထက္စာရင္ အရမ္းႀကီးေဝးမေနလို႔ေတာ္ကာက်တယ္။
" ၪီးေလးဗ်...''
ပန္းပင္ေရေလာင္းေနတဲ့ ၪီးေလးႀကီးကို ၿခံေရ႔ွကေန လွမ္းေခၚေတာ့ ေရပံုးကို ေအာက္ခ်ကာ ၿခံတံခါးဖြင့္လာတယ္။
" ဘာကိစၥရိွလို႔လဲ ေကာင္ေလး ''
ေဒသိယ စကားသံဝဲဝဲနဲ႔မို႔ မနည္းနားေထာင္ေနရတယ္။
" ကြၽန္ေတာ္က ဟိုဘက္အိမ္ကို ျပန္ဝယ္လိုက္တဲ့သူပါ အရင္အိမ္ရွင္က ၪီးေလးတို႔ဆီေသာ့အပ္ထားခဲ့မယ္ဆိုလို႔ လာယူတာပါဗ် ''
" ဪ ေအးေအး ခဏေလးေနအံုးေနာ္
ၪီးေလးသြားယူေပးမယ္ ကိုယ္ဝန္နဲ႔ မို႔လား
ဒီခံုမွာ ခဏလာထိုင္နားေန ''
" ခင္ဗ်ာ...ဟုတ္..ဟုတ္ကဲ့ ''
ၿခံထဲက ဒန္းေလးမွာ ထိုင္ခိုင္းတာေၾကာင့္ သြားထိုင္ၿပီး ေစာင့္ေနလိုက္တယ္။ ဟာအို႔မွာ ကိုယ္ဝန္နဲ႔ဆိုတာ ဘယ္လိုသိေနတာပါလိမ့္။
ၿခံတံခါးရဲ့အကြယ္နဲ႔ ဗိုက္ကိုလဲျမင္ရတာမွ
မဟုတ္တာ။ တစ္ေအာင့္အၾကာ ေသာ့တြဲတစ္ခုကိုကိုင္လ်က္ ထြက္လာတဲ့ၪီးေလးႀကီးနဲ႔အတူ ေဘးမွာ အေဒၚႀကီးတစ္ေယာက္ပါ ပါလာတယ္။
" ေကာင္ေလး ဒီမွာ ေသာ့ ''
" ေက်းဇူးတင္ပါတယ္ ဗ် ''
" တစ္ခုခုလိုအပ္တာရိွရင္ အေဒၚတို႔ကိုေျပာေနာ္ ကိုယ္ဝန္ေဆာင္တာနဲ႔ ပတ္သက္ရင္ အေဒၚက ေကာင္းေကာင္းသိတယ္။ စားဖို႔ေသာက္ဖို႔ကိုလဲ ဘာမွမပူနဲ႔ ဆရာမေလးေျပာျပထားလို႔ ကူညီဖို႔အဆင္သင့္ပဲ ''
" ဆရာမေလးဆိုတာက..''
" သမားေတာ္ကိုေျပာတာေလ
ေကာင္ေလးရဲ့ ''
" ဪ ဟုတ္ကဲ့ ေက်းဇူးပါဗ် ကြၽန္ေတာ့္ကို
ခြင့္ျပဳပါၪီးေနာ္ ''
လက္စသတ္ေတာ့ သမားေတာ္ႀကီးရဲ့ ညီမက ေျပာျပထားတာပဲ။ ဒီလိုဆိုေတာ့လဲ ထပ္ၿပီး ကူညီမယ့္သူေတြ ရတာေပါ့ေလ။ ကိုယ့္အားကိုယ္ကိုး ဖို႔ေတြးတိုင္း သိမ္ငယ္စိတ္ေတြဝင္လာတာမို႔ တစ္ေယာက္ထဲေတာ့ လံုးဝ
မျဖစ္တာကို ဟာအိုသိသည္။ ေမာင့္ရဲ့ေထြးေပြ့မႈနဲ႔ ေဘးလူေတြရဲ့ ကူညီေဖးမမႈက အတိုင္းအဆ မရိွ ကြာျခားတယ္ဆိုေပမယ့္လဲ
ယခုအခ်ိန္မွာေတာ့ အားကိုးစရာသူတို႔ပဲ ရိွတာ။ အကုန္လံုးကို ေနာက္မွ ေက်းဇူးဆပ္ရမယ္။
_____________
ခ်လပ္!!
တစ္လေလာက္အၾကာမွာ ပိုၿပီးသတိထားမိလာတဲ့ ကင္မရာရိုက္ခ်က္အသံ။ ဟာအို အသံလာရာကို လိုက္ရွာၾကည့္ေပမယ့္လဲ ဘာဆိုဘာမွမေတြ့။ တစ္ခါတရံ ကင္မရာမီးပါပြင့္သြားသလိုျဖစ္တာကို သတိထားမိတယ္။ ပံုမွန္ပဲလို႔ေတြးေနေပမယ့္လဲ ဟုတ္မေနဘူး။ ခုႏွစ္လေက်ာ္ဆိုတဲ့အေနအထားမွာ ေမြးဖြားဖို႔က တစ္ရက္ၿပီးတစ္ရက္ နီးလာေလၿပီ။
ကိုယ္ဝန္စလြယ္ခ်ိန္တုန္းကလို ေအာ့အန္တာေတြပါ ျပန္ျဖစ္လာတတ္တယ္။ ခ်ဥ္ျခင္းတက္တဲ့ အခါတိုင္း ဟာအိုစားခ်င္သမ်ွကို ေဘးအိမ္ကအေဒၚႀကီးကပဲ ဒိုင္ခံလုပ္ေပးတယ္။ အရင္ရက္က အဝတ္ေလ်ွာ္စက္ေလး
ဝယ္ထားလိုက္မိလို႔ မဟုတ္ရင္ ဟာအို႔အဝတ္ေတြကို ကူေလ်ွာ္ေပးေနတာၾကည့္ၿပီး စိတ္ထဲအားနာစိတ္ေတြဝင္ရတာ အခါခါ။
သားသမီးႏွစ္ေယာက္လံုးက အိမ္ေထာင္ရပ္သားက်ေနတာေၾကာင့္ ႏွစ္ေယာက္တည္း ျဖစ္ေနတဲ့ ၪီးေလးႀကီးတို႔ လင္မယားအတြက္
ဟာအိုက သားေလးတစ္ေယာက္ေကာက္ရသလိုျဖစ္ေနၾကတာ။ ကေလးေလးေမြးလာရင္ ကူထိန္းေပးၾကမယ္ဆိုၿပီး ေျပာေနေတာ့
ေမာင္နဲ႔အတူ ရိွခဲ့ဖူးတဲ့ အရပ္ကိုသာျပန္မယ့္
ဟာအိုက တကယ့္ကို တစ္ကိုယ္ေကာင္းဆန္တာပဲ။
ဒီေန့က အက္ထရာေဆာင္းရိုက္ရမယ့္ ေန့မို႔
ရြာနဲ႔နီးတဲ့ ၿမိဳ႔ျပင္ဘက္ျခမ္းက ေဆးရံုကို ေရာက္ေနခဲ့တယ္။ ကေလးက ဘယ္လိင္အမ်ိဳးအစားလဲဆိုတာ သိရေတာ့မယ္လို႔ေတာ့ေျပာတယ္။ အေဒၚႀကီးနဲ႔ သမားေတာ္ရဲ့ညီမက အေဖာ္အေနနဲ႔ လိုက္ေပးၾကတယ္။
ဟာအိုက မသိခ်င္ဘူးျငင္းေပမယ့္လဲမရ။
" ဘာေလးလဲ သိရၿပီရွင့္ ''
Transducerကို ဗိုက္မွာကပ္ကာ resultကို
ၾကည့္ေနရင္း ဆရာဝန္အမ်ိဳးသမီးကၿပံဳးျပကာဆိုလာသည္။
" မေျပာပါနဲ႔ ဆရာမ ''
" ရွင္...''
ဟာအို႔ရဲ့စကားေၾကာင့္ ဆရာဝန္နဲ႔အတူ သမားေတာ္ရဲ့ညီမကပါ နားမလည္သလို
ၾကည့္လာေလသည္။ ဟာအိုသက္ပ်င္းတစ္ခ်က္ခ်ရင္း ဘာေၾကာင့္ဆိုတာျပန္ေျဖလိုက္သည္။
" ဘာေလးပဲျဖစ္ေနေန ကြၽန္ေတာ္က ခ်စ္မွာမို႔ မသိခ်င္လို႔ပါ ေဒါက္တာ ''
" ထားလိုက္ပါေတာ့ ေဒါက္တာ ကေလးက
က်န္းမာတယ္မဟုတ္လားဟင္ ''
" က်န္းမာပါတယ္ အေနအထားလဲမွန္တယ္ ''
" ဒါဆို က်န္းေဟာင့္ ေျပာသလိုပဲ လုပ္လိုက္ပါ ''
" ဟုတ္ကဲ့ပါရွင္ ''
ခ်လပ္!!
ေဆးရံုကေနအထြက္ ထပ္ၿပီးၾကားလိုက္ရတဲ့
အသံေၾကာင့္ အသံလားရာၾကည့္မိေတာ့
Mask အမဲေရာင္ တပ္ထားတဲ့လူတစ္ေယာက္က ကင္မရာကိုအိတ္ထဲ ထည့္ကာ ေျပးထြက္သြားသည္။ အစထဲက သကၤာမကင္းျဖစ္ေနခဲ့တာ ခုေတာ့ပိုလို႔ေတာင္ မလံုၿခံဳေတာ့သလို ခံစားမိလာတယ္။
လူေကာင္းလား လူဆိုးလားမသိေပမယ့္ ဟာအို႔ကေလးကို ထိခိုက္ေစမယ့္အရာမ်ိဳး မျဖစ္ဖို႔ေတာ့ေမ်ွာ္လင့္တယ္။
_____________
လပ္ေတာ့စခရင္ကေန ျမင္ေနရတဲ့ ပံုရိပ္ေလး ဗိုက္ကေလးပူေနပံုက တကယ့္ကို အသည္းယားစရာပဲ။ စိတ္နာေပမယ့္ ခ်စ္စရာေကာင္းလိုက္တာဆိုတာကိုေတာ့
ဟန္ဘင္း ပါးစပ္ကေန မခ်တမ္းေျပာေနမိတယ္။
ဗိုက္ေလးကို အုပ္ကိုင္ကာ လႈပ္တုပ္လႈပ္တုပ္
နဲ႔လမ္းေလ်ွာက္ေနတဲ့ စကၠန္႔ပိုင္းစာ ဗြီဒီယိုေလးေတြ ၊ သစ္ပင္ေတြအကြယ္က ရိုက္ထားရလို႔ မၾကည္မလင္ျဖစ္ေနတဲ့ စူပုတ္ပုတ္ မ်က္ႏွာေလးနဲ႔ ပံုေလးေတြ၊ စာအုပ္ေလးကိုင္ကာ ဗိုက္ထဲက ကေလးကို ဖတ္ျပေနတဲ့ ပံုေလးေတြက တကယ့္ကို အႏုပညာဆန္တဲ့
လွပမႈေတြပဲ။
ကိုယ့္ေသြးသားနဲ႔သာ ထိုသို႔ျမင္ရရင္ ဘယ္ေလာက္ေတာင္ေကာင္းလိမ့္မလဲေလ။
တစ္ေယာက္တည္း ဟုတ္မေနတာေတြ့ေတာ့လဲ စိတ္သက္သာရာရတယ္။ တစ္ျခားသူရဲ့ေသြးသားျဖစ္ေနရင္ေတာင္ ယခုခ်ိန္လြယ္ထားရတာက သူခ်စ္ရတဲ့သူ။
ရွန္ခြၽမ္ေရြ့ ကိုဒီတိုင္း လႊတ္ထားေပးေနတယ္ဆိုတာ အခ်ိန္တစ္ခုကို ေစာင့္ေနလို႔ပဲ။ စိန္ေခၚတာကို လုပ္ႏိုင္ေၾကာင္းျပသြားတဲ့ ခြၽမ္ေရြ့ က အေတာ္ေလး အႏိုင္ယူစိတ္ျပင္းလြန္းတယ္။ အလိုအတူ အလိုပါက က်န္းဟာအို။
စိတ္တိုေပမယ့္ ဘယ္ေတာ့မွေတာ့ ေမ့မရဘူး။ ရေအာင္ကိုအနားမွာ ေခၚထားၪီးမွာ။
ဒီတစ္ခါဆို ဘယ္မွထြက္ေျပးခြင့္မျပဳဘူး။
မနက္ျဖန္ဆို ခုတက္ေနတဲ့ ေက်ာင္းမွာ ေအာင္လက္မွတ္ယူရေတာ့မယ္။ ေနာက္လထဲမွာ အေဖ့ဆီျပန္ၿပီး လုပ္ငန္းထဲကို အလုပ္သင္အေနနဲ႔ ဝင္ရမယ္။ တစ္ေျဖးေျဖး
နီးကပ္လာတဲ့ အခ်ိန္ေတြေၾကာင့္ ရင္ေမာရတယ္။ သူ႔ကိုယ္သူ ေသခ်ာေအာင္ ျပန္မေမး
ရေသးဘူး။ ကိုယ့္ေသြးသားမဟုတ္မွန္းသိေနရက္နဲ႔ လက္ခံမွာလား။ ငါ့အတၲေတြနဲ႔ သူ႔ကို
ပိုၿပီး ပင္ပန္းရေအာင္လုပ္မွာလား။ ဒီလိုဆို
ငါခံစားခဲ့ရတာေတြကလဲ ဟာသေတြမွ ဟုတ္
မေနခဲ့တာ။
ဟန္ဘင္းစိတ္ရႈပ္ရႈပ္နဲ႔ လပ္ေတာ့ကို ပိတ္ခ်လိုက္တယ္။ ထပ္စဥ္းစားရင္ ေခါင္းပိုရႈပ္တယ္။ အဓိက ဟာအို႔ကို သူျပန္သိမ္းႏိုင္ဖို႔ပဲ။
အေဖ့ကိုသူေျပာခဲ့ဖူးသလို ပိုၿပီး နာက်င္ရတဲ့သူဟာ သူသာလ်ွင္ျဖစ္ခ်င္တယ္။
_____________
ဟာအို ေၾကာက္စိတ္ေတြေၾကာင့္ ေခြၽးေစးေတြက ေခါင္းအစေျခအဆံုးစီးဆင္းေနတယ္။ နာက်င္မႈက အတိုင္းအဆမဲ့ပဲ။ ဆရာဝန္နဲ႔Due dateယူထားေပမယ့္ ေမြးဖြားရက္ မတိုင္မီ ညသန္းေခါင္ေက်ာ္ႀကီး အမွတ္မထင္ နာလာတဲ့ဗိုက္ေၾကာင့္ သမားေတာ္ရဲ့ ညီမျဖစ္သူကိုသာဖုန္းဆက္ၿပီး ေခၚရတယ္။ ထိုေတာ့မွ ေဘးၿခံက ၪီးေလးႀကီးတို႔လင္မယားကပါ အိပ္ေပ်ာ္ေနရာမွ ႏိုးလာၿပီး ေဆးရံုကို အလ်င္မွီေအာင္ ပို႔ၾကတယ္။
နာက်င္လြန္းတဲ့ အရိွန္က တစ္ကိုယ္လံုးမွာ ရိွတဲ့ အားအင္ေတြအကုန္လံုးကို ဆုပ္ယူသြားသလိုပဲ။ မ်က္ရည္ေတြက ၿဖိဳင္ၿဖိဳင္က်လ်က္
အသံထြက္ၿပီး နာက်င္မႈကို ေဖာ္ျပဖို႔ေတာင္
အားမရိွေတာ့ဘူး။ ခြဲခန္းထဲဝင္ကာ ေမ့ေဆးမေပးခင္ အခ်ိန္ထိ ေမာင့္မ်က္ႏွာကိုသာ ျမင္၍ ေမာင့္ကိုသာ တမ္းတေနမိတယ္။
ေမာင္ေရငါ့ကို ကယ္ပါၪီး။ ငါအရမ္းေၾကာက္တယ္ ေမာင့္ရဲ့ကေလးေလးကို မေမြးေပးႏိုင္မွာငါသိပ္ေၾကာက္တယ္ ေမာင္ရယ္။ ငါ့အသက္ ပါသြားခဲ့ရင္ေတာင္ ေမာင့္ေသြးသားေလးကိုေတာ့ ထားခဲ့ခ်င္တယ္။ ေမ့ေမ်ာျခင္းကသာ စိုးရိမ့္ေၾကာင့္က်မႈေတြကို သယ္ေဆာင္လို႔သြားတယ္။
သံုးနာရီခန္႔အၾကာမွာ ထြက္ေပၚလာတဲ့ ကေလးငိုသံက ခြဲခန္းအျပင္ဘက္မွာေစာင့္ေနတဲ့ လူသံုးေယာက္အား အၿပံဳးပန္းေတြေဝလာေစသည္။
" ေယာက်ာ္း ေလးေမြးပါတယ္ရွင္ ကေလးေရာ လူႀကီးေရာက်န္းမာပါတယ္ ''
ရင္ခြင္ထဲက သားေလးအားၾကည့္ရင္း မ်က္ရည္က်ရတယ္။ ေတာ္ပါေသးရဲ့
တကယ့္ကိုေတာ္ပါေသးရဲ့။ နဖူးေသးေသးေလးအား ဖြဖြနမ္းရင္း ၿပံဳးလိုက္ကာ...
" ေဆာင္းႏူလ္ဘင္း...ဒယ္ဒီနဲ႔ပါးရဲ့သားေလး
ေဆာင္းႏူလ္ဘင္း... ''
_____________
Trust me:
7.10.2023 Sat
❀ PanSuKhat ❀