အပိုင်း (၁၄၆) မကောင်းဆိုးဝါး လေပြင်းတိုက်
ထိုအဖြေဖြေပြီးနောက် ဖုန်းလီသည် သာမန်ကာလျှံကာပြောလိုက်သည်။
"အချစ်ဆိုတာ စိတ်ရှုပ်ထွေးမှုနဲ့ အားနည်းချက်ဆိုတာ မင်းနားလည်ဖို့ ငါမျှော်လင့်တယ် မင်းတခြားလူတွေကြောင့် လမ်းမလွှဲသွားစေနဲ့"
ဖုန်းလီသည် အမြဲတမ်း လူရိုးလူဖြောင့်ကြီးတစ်ယောက်ဖြစ်ပြီး အချစ်ကိစ္စများကို လုံးဝမကြိုက်သော သူဖြစ်သည်။ ကျန်းလော့သည် ထိုလူရိုးကြီး၏ အထာကို နပ်နေပြီဖြစ်ကာ ကျွမ်းကျင်စွာ ပူးပေါင်းပေးလိုက်သည်။
"ဆရာပြောတာ မှန်ပါတယ် "
သူ့တပည့်၏ တက်ကြွသော အဖြေကို ကြားသောအခါ ဖုန်းလီသည် ခနလောက် တိတ်ဆိတ်သွားပြီး
"မင်းကို လုပ်ကြံတဲ့ မိသားစုနှစ်ခုကို ထျန်းရှိဖူက ကောင်းကောင်းကြီး သင်ခန်းစာပေးပြီးသွားပြီ သူတို့မင်းကိုယ်ပေါ်ကို လက်ညှိုးတစ်ချောင်းတောင် တင်ရဲတော့မှာ မဟုတ်ဘူး"
ကျန်းလော့သည် တိတ်ဆိတ်စွာ နားထောင်နေပြီး အထင်သေးစွာ တွေးလိုက်သည်။
'မင်းခွင့်ပြုချက်မရှိရင် အရင်ကထဲက သူတို့ငါ့ကို လက်တင်ရဲမှာ မဟုတ်ဘူးကွ'
သို့သော် အပြင်ဘက်တွင် အလွန်ကျေးဇူးတင်နေသော ပုံဖြင့် ပြောလိုက်သည်။
"ဆရာ့ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်ဆရာ"
"မင်းရဲ့ ယွမ်ယန်ကို ဖျက်ဆီးသွားတဲ့ မကောင်းဆိုးဝါးအတွက်ကတော့ "
ဖုန်းလီ၏ အသက်ရှူသံများသည် အေးစက်သွားပြီး
"ဒင်းကိုငါကိုယ်တိုင် သတ်ပစ်မယ်"
ဆန့်ကျင်ဘက်တွင် ဖုန်းလီသည် ချီယုံအပေါ်တွင် လေးစားမှုတချို့ရှိခဲ့သည်။ အသက်ရှင်စဉ်က ပါရမီရှင်အားလုံးကို လွှမ်းမိုးသွားသော အလွန်အရည်အချင်းရှိသည့် လူတစ်ယောက်အနေနှင့် သေဆုံးပြီးတာတောင် စွမ်းအားများလျော့ကျမသွားသော သူကို အမြင်ကောင်းများ ရှိခဲ့သည်။ သို့သော် သူ့လေးစားမှုသည် အာဃတပြင်းထန်လွန်းပြီး စွမ်းအားအရှိန်အဝါအလွန်ကြီးသော လက်နက်ဝိဉာဉ်အဖြစ်သုံးလို့ရသော မကောင်းဆိုးဝါးကိုသာ ဖြစ်သည်၊
သို့သော် ချီယုံသည် ကျန်းလော့ကို ထပ်ခါ ထပ်ခါ ထိပါးလာသောအခါ မကောင်းဆိုးဝါးအကြောင်းတွေးတိုင်း လူသတ်ချင်စိတ်များ ပြင်းပြလာတော့သည်။
ကျန်းလော့ကို ချီယုံနှင့် ထပ်တွေ့လျှင် ခြေထောက်များရိုက်ချိုးပစ်မည်ဟု ပြောခဲ့ဖူးသော်လည်း ကျန်းလော့ ခြေထောက်များကို ရိုက်မချိုးခဲ့ပေ။ ဖုန်းလီသည် ကျန်းလော့ သူစကားနားမထောင်ခဲ့တုန်းက ခြေထောက်ချိုးမပစ်ခဲ့ခြင်းသည် ကျန်းလော့သည် သူ့အမှားသူသိပြီး မျက်ရည်လည်ရွှဲဖြင့် တောင်းပန်ခဲ့သောကြောင့် ဖြစ်သည်။သူသည် ကျန်းလော့ကို သူ့စကားသူပြန်မှတ်မိအောင် ခြေထောက်ရိုက်ချိုးပြီး တစ်လလောက်ပိတ်ထားပြီးမှ လျန်အိမ်တော်ကို ခေါ်သွားပြီး ခြေထောက်ကို ပြန်ကုပေးဖို့ စဉ်းစားထားခြင်းဖြစ်သည်။
ဖုန်းလီ၏ တပည့်များကို ဂရုတစိုက်ရှိသည်မှာ အလွန်ရှားပါးသည်။ အဘယ့်ကြောင့်ဆိုသော် သူ့တပည့်ဖြစ်လာသူတိုင်းသည် စနစ်တကျရွေးချယ်ထားပြီး အားလုံးတွင် လက်တွေ့မလုပ်ကြဖူးကြရုံ အကုန်တတ်မြောက်ပြီးသားသူများ ဖြစ်ကြကာ သူတို့တွင် ပါရမီနှင့် အခြေခံခိုင်မာမှုများ ရှိကြကာ မျက်နှာလွှဲ၍ ရကြသည်။
ဖုန်းလီအတွက် သူတို့ကို အခြေခံမှစပြီး သင်ပေးနေစရာမလိုဘဲ သူတို့ကု အပြင်လောကတွင် အတွေ့အကြုံယူဖို့ စေလွှတ်ရုံသာ ရှိကာ နားမလည်တာကို ရှင်းပြပေးရင် ရပြီဖြစ်သည်။ သူ၏ ထိုတပည့်များသည် ဖုန်းလီကို ဖင်တုန်အောင်ကြောက်ကြကာ ဖုန်းလီတားမြစ်ထားသော ကိစ္စများကို မလုပ်ဝံ့ကြသလို အတတ်နိင်ဆုံး သူ့ရှေ့မရောက်အောင်နေကြပြီး သူတို့ထံမှ ဘာအပြစ်လုပ်ထားပြီဆိုတာ မကြားရသလောက် ရှားပါးသည်။ သူတို့ကို ဖုန်းလီက ကျန်းလော့နှင့် ထူးမခြားနားစွာ ခြိမ်းခြောက်ထားသောကြောင့် သေအောင်ကြောက်ကြခြင်းဖြစ်ကြသည်။
ကျန်းလော့ကတော့ ဖုန်းလီကို တခြားတပည့်များနှင့်မတူစွာ အချိန်တိုင်း စိတ်ပူအောင်လုပ်နိုင်သည်။ ကျန်းလော့သည် အလွန်ပါရမီပါသော သူဖြစ်ကာ ချန်ပိ၏ လက်ထဲတွင် နှစ်နှစ်ဆယ်လောက် နောက်ကျကျန်ခဲ့ရသည်။ ဖုန်းလီသည် ကျန်းလော့ သူ့လက်ထဲရောက်လာသောအခါ အစကနေစပြီး သင်ပေးဖို့ ကြံရွယ်ထားသော်လည်း တပည့်ကောင်းလေးက မကောင်းဆိုးဝါးတစ်ကောင်ကြောင့် လမ်းလွှဲသွားကာ ဖုန်းလီကို စိတ်တိုအောင် လုပ်သွားသည်။
ထို့ကြောင့် ဖုန်းလီသည် သူ့ကို တခြားတပည့်များထက် ပိုအာရုံစိုက်ပေးပြီး တင်းကျပ်နေခြင်းဖြစ်သည်။ ဖုန်းလီသည် ဘယ်တုန်းကမှ တပည့်တစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျ အများကြီး သင်မပေးခဲ့ဖူးပေ။ ထို့ကြောင့် ကျန်းလော့ကို စာအုပ်များ ဖတ်ခိုင်းခြင်းနှင့် ဖူလုများ ရေးဆွဲခိုင်းခြင်းကလွဲလျှင် ဘယ်လိုသင်ရမလဲ မသိသေးပေ။
ကျန်းလော့ကို သူဂရုစိုက်လေ ပို၍ ထိန်းချုပ်လေဖြစ်နေသည်။ သူသည် ကျန်းလော့၏ ဝတ်စားဆင်ယင်ပုံ ဆံပင်အတိုအရှည်နှင့် နားဆွဲများအထိ အကုန်လိုက်၍ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ချင်နေသည်။ ချီယုံနှင့် ကျန်းလော့၏ တစ်ညတာကို သိပြီးနောက်တွင် သူဘယ်လိုမှ ဒီတိုင်းမနေနိုင်တော့ပေ။
ချီယုံသည် သေချာပေါက်သေရမည်ဖြစ်ပြီး သူ့ဝိဉာဉ်ကို ပြန်ဝင်စားလို့အရအောင် အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် လုပ်ဖြစ်မည်။
သိုသော် သူထိုသို့ပြောလိုက်ပြီးနောက် မကောင်းဆိုးဝါးနှင့် ဝေးကွာနေပြီးဖြစ်သော သူ့တပည့်သည် သူ့ဘက်လှည့်၍ သိမ်မွေ့စွာ ပြုံးပြကာ
"ဆရာ ဆရာကိုယ်တိုင် လုပ်စရာမလိုပါဘူး"
ခန့်ညားသော ကောင်းကင်သခင်၏ မျက်ခုံးသည် ယောင်ယောင်လေး တွန့်သွားသည်။ ဆံပင်အနက်ရောင်ကောင်လေး၏ မျက်ခုံးများသည် လောကကြီးအတွက် ဖြောင့်မတ်မှန်ကန်သော တရားမျှတမှုရှာပေးမည့် ပုံပေါ်နေကာ
"ကျွန်တော်အခုအမှန်ကို မြင်နိုင်နေပါပြီ အခုကျွန်တော်ပြန်ကြည့်လိုက်ရင် အရင်က ကျွန်တော်က သနားစရာကောင်းပြီး ရယ်စရာကောင်းနေတာ ခံစားမိပါတယ် လောကကြီးအတွက် မကောင်းဆိုးဝါးတွေကို ရှင်းပစ်ဖို့ ကျွန်တော် နာနာခံခံနဲ့ ဖြောင့်ဖြောင့်မတ်မတ် လုပ်ဆောင်မှာပါ ဆရာ့ကို ဒီလိုကိစ္စမျိုးအတွက် ဒုက္ခမပေးချင်ပါဘူး ကျွန်တော်ပဲ လုပ်ပါ့မယ်......."
သူ့မျက်ခုံးများသည် လေးကိုင်းသဏ္ဍာန် တွန့်ကွေးသွားပြီး သူ့နှုတ်ခမ်းများသည် အဓိပ္ပာယ်ပါပါ ပြုံးလိုက်၍
"သူ့ကို ကျွန်တော့လက်နဲ့ ကိုယ်တိုင်သတ်မှာပါ"
လေတိုက်ခြင်းသည် ပြင်းသည်ထက်ပြင်းထန်လာသည်။ ထင်းပုံပေါ်တွင် အုပ်ထားသော ပလက်စတစ် တာလပတ်သည် လေပြင်းကြောင့် လွှင့်ထွက်သွားကာ ရုတ်တရက် ၎င်းကို ဖိထားသော အုတ်ခဲများ လွှင့်စင်ကျလာကာ ထိုအုတ်ခဲသည် လေပြင်းကြောင့် လွှင့်စင်သွားပြိး ဖုန်းလီခေါင်းတည့်တည့်ကို ဝင်တိုက်သွားသည်။
ဖုန်းလီသည် အချိန်မှီနောက်ဆုတ်လိုက်သည်။ အနီရောင်အုတ်နီခဲသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျသွားပြီး အုတ်ခဲသည် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသည်။ ကျန်းလော့သည် လေတိုက်ထဲတွင် ရုတ်တရက် အေးစိမ့်လာကာ
"ဆရာ အရင်ဆုံး ပြန်ကြရအောင်ဗျာ"
ဖုန်းလီသည် မြေပြင်ပေါ်မှ အုတ်ခဲကို ကြည့်၍ ခေါင်းညိတ်လိုက်သည်။ ရုတ်တရက်တောင်ပေါ်တွင် လေပြင်းတိုက်လာကာ တနေ့လုံး ဆက်တိုက် မရပ်တမ်းတိုက်နေသည်။
ထိုအချိန်တွင် တာအိုဆရာတော်ဝေ့ဟယ်သည် ယနေ့အတွက် ကျန်းလော့တစ်ယောက် အချိန်ပြည့်အောင် ရေမစိမ်ရသေးတာ သတိရသွားသည်။ လေပြင်းသည် မြေပြင်ပေါ်တွင် လေပွေကဲ့သို့ ဆက်တိုက်လှည့်ပတ်တိုက်နေသောကြောင့် ကျန်းလော့ကို ရေပူစမ်းကန်သို့ ပြန်သွားရန် ပြောလို့မဖြစ်တော့ပေ။
ကျန်းလော့သည် အိမ်ထဲတွင် တစ်ယောက်ထဲ ဘာမှ လုပ်စရာမရှိသောကြောင့် ယင်ယန်လက်ကောက်မှ ရာသီခွင် ဆယ့်နှစ်ခုကို ဆင့်ခေါ်ခြင်းအား လေ့ကျင့်နေလိုက်သည်။ နဂါးမှလွဲ၍ တခြားသော ရာသီခွင်များကို ဆင့်ခေါ်ပြီးသွားလေပြီ။ မျောက်ကိုဆင့်ခေါ်၍ ပေါ်လာသည်နှင့် မျောက်သည် သူ့မုတ်ဆိတ်ကို မှုတ်၍ ကျန်းလော့ကို စိုက်ကြည့်နေပြီး ရင်းနှီးလာကာ စတင်ခုန်ပေါက်တော့သည်။ ထို့နောက် နာရီဝက်လောက်ကြာအောင် သူ့ကို လက်ညှိုးထိုး၍ စူးရှစွာ အော်ဟစ်နေပြီး သူဆင့်ခေါ်ခဲ့သော ကြက်သည်ပင် ဒီကောင့်လောက် ဆူဆူညံညံ မလုပ်ဟု ထင်မိသည်။
ကျန်းလော့သည် ဒီကောင်ဘာပြောနေလဲသိနိုင်ပြီး ဆိုလိုရင်းကိုလည်း နားလည်နိုင်သည်။ ထိုမျောက်သည် သူ့ကို ဆူနေခြင်းဖြစ်သည်။
"ပထမဆုံးဆင့်ခေါ်တဲ့ သတ္တဝါက ငါမဟုတ်ဘူးထားလိုက်တော့ ဒုတိယမြောက်ဆင့်ခေါ်တာလည်း ငါမဟုတ်ပြန်ဘူး တတိယမြောက်ကတောင် ငါမဟုတ်ဘူး မင်းမှာ နည်းနည်းမှ အမြင်မရှိတာ သိသာတယ်"
မိနစ်တော်တော်များများကြာပြီးနောက် ကျန်းလော့၏ သေးငယ်သော အိမ်လေးသည် ဗြောင်းဆန်နေအောင် ရှုပ်ပွသွားခဲ့ပြီး ကျန်းလော့သည် နားထင်များ တဒိန်းဒိန်းမြည်အောင် ကိုက်လာကာ အမူအယာမဲ့စွာထရပ်လိုက်သည်။ ထို့နောက် မျောက်ကို ဖမ်းပြီးလက်ကောက်ထဲ ပြန်ထည့်ဖို့ အဆင်သင့်ပြင်လိုက်သည်။
မျောက်သည် ဗီဒိုအမိုးပေါ်တွင် ဆောင့်ကြောင့်ထိုင်နေကာ ကျန်းလော့ကို အထင်အမြင်သေးစွာ ကြည့်နေလေသည်။
အကြာကြီး ပြေးတိုင်းလိုက်တိုင်းဆော့ပြီးနောက် ကျန်းလော့သည် မျောက်ကို ယင်ယန်လက်ကောက်ထဲသို့ အောင်အောင်မြင်မြင်ပြန်ထည့်လိုက်နိုင်သည်။ ထို့နောက် အခန်းကို ပြန်ရှင်းရတော့သည်။
ယင်ယန်လက်ကောက်ကို ကံကြမ္မာစောင့်ရှောက်သူတို့ ပြုလုပ်ထားသည် ဆိုသော်လည်း ယင်ယန်လက်ကောက်၏ အတွင်းရော အပြင်ရော ကျန်းလော့ကိုယ်ပိုင်ပစ္စည်းအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။ ကံကြမ္မာစောင့်ရှောက်သူတို့က ကျန်းလော့ကို အဘယ့်ကြောင့် ဤလက်ကောက်ပေးသည်ကို မသိသော်လည်း ကျန်းလော့ကတော့ ဘယ်လိုအကြောင်းမျိုးကြောင့်နဲ့မှ ပြန်ပေးမှာ မဟုတ်ပေ။
ကျန်းလော့သည် နဂါးကို ဆင့်ခေါ်နိုင်မည့် ရက်ကို စိတ်ရှည်စွာ စောင့်နေသည်။
နေ့လည်ခင်းတွင် အနည်းငယ်စောနေသေးသောကြောင့် ကျန်းလော့သည် တရေးထပ်အိပ်လိုက်သည်။ အိပ်လို့မရအောင် စိတ်မသက်မသာဖြစ်မှုကြီးကို ခံစားနေရသောကြောင့် ကျန်းလော့သည် တစ်နာရီလောက်သာ အိပ်ပြီး ပြန်နိုးလာခဲ့သည်။ မည်သို့ပြန်အိပ်ဖို့ ကြိုးစားကြိုးစား မအိပ်ချင်တော့ပေ။
အစ်ကိုကြီး"
တံခါးခေါက်သံနှင့်အတူ ခေါ်သံကိုကြားလိုက်ရသည်။
'လျန်ရွှီက ဒီကိုဘာလာလုပ်တာလဲ'
ကျန်းလော့ အိပ်ရာပေါ်မှ ထလိုက်ပြီး တံခါးသွားဖွင့်ပေးလိုက်သည်။ လျန်ရွှီသည် အထဲဝင်လာပြီး သူမတစ်ကိုယ်လုံးကို လုံနေအောင် ထုပ်ထားကာ တုန်ယင်နေသည်။ ကျန်းလော့ တံခါးပိတ်လိုက်သည်နှင့် သူမသည် လက်ထဲမှ ပစ္စည်းများကို စားပွဲပေါ်ချလိုက်သည်။
ကျန်းလော့သည် သူမတင်လိုက်သော စားပွဲပေါ်မှ စာအုပ်များနှင့် မုန့်ထုပ်များကို သေချာကြည့်နေသည်။ လျန်ရွှီ၏ နှာခေါင်းထိပ်လေးသည် နီရဲနေကာ သူမဆံပင်သည် ရှုပ်ပွနေသည်။ သို့သော် သူမ၏ အပြုံးကတော့ ထုံးစံအတိုင်း သိမ်မွေ့နေဆဲဖြစ်ကာ
"ဒီရက်တွေမှာ အစ်ကိုကြီး ပျင်းနေတာ မြင်လို့လေ ညီမ အစ်ကိုကြီးအတွက် စာအုပ်တွေ ယူလာပေးတာ"
ကျန်းလော့သည် ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းမရှိဘဲ သူမကို ပေါ့ပါးစွာ ကျေးဇူးတင်စကားပြောလိုက်သည်။
လျန်ရွှီသည် သူ့ကို စိတ်ဝင်တစားကြည့်ပြီး တိုးဖွဖွပြောလာသည်။
"အစ်ကိုကြီး အစ်ကိုကြီး ဒီရက်ပိုင်း တော်တော် ပြောင်းလဲသွားတယ်.............."
လေထန်နေသောကြောင့် ကျန်းလော့သည် လျန်ရွှီကို လက်ဖက်ရည်တစ်ခွက်လုပ်ပေးလိုက်သည်။
လျန်ရွှီသည် ရေနွေးခွက်ကို ယူပြီး တစ်ငုံလောက်သောက်လိုက်ကာ အပြင်ဘက်မှ လေတိုက်နေသည်ကိုကြည့်၍
"ဒီနေ့ရာသီဥတုကြီးက ထူးဆန်းလိုက်တာနော် အရင်က နှင်းမုန်တိုင်းတိုက်တယ် အခုကျတော့ လေပြင်းမုန်တိုင်းတဲ့ တစ်ခုပြီးတစ်ခု ဖြစ်နေတော့တာပဲ"
ကျန်းလော့က ပြောသည်။
"အရင်နှစ်တွေတုန်းက နှင်းမုန်တိုင်း မတိုက်ဖူးဘူးလား"
"မတိုက်ဖူးဘူး"
လျန်ရွှီသည် ခေါင်းယမ်းပြ၍
"နှင်းတွေ အရမ်းကျတာမျိုးက ဒီနှစ်မှပဲ မြင်ဖူးတာ ညီမမွေးထဲက ဒီလိုမျိုးတွေ တစ်ခါမှ မကြုံဖူးသေးဘူး"
ကျန်းလော့သည် ပြုံးလိုက်ပြီး
"တွမ့်ကျီတို့သုံးယောက်ရော ဘယ်လိုနေသေးလဲ"
လျန်ရွှီသည် သူတို့အကြောင်းပြောရင်း အကြိမ်ကြိမ်အခါ သက်ပြင်းချနေသည်။
"အရင်ကနဲ့ အတူတူပါပဲ ညီမနည်းလမ်းပေါင်းစုံသုံးပြီး ကြိုးစားပြီးပြီ သူတို့ကို အခုထိ မနှိုးနိုင်သေးဘူး"
"ဘယ်လို နည်းလမ်းတွေ သုံးတာလဲ"
ကျန်းလော့သည် အတွေးများနေသည်။
လျန်ရွှီသာည် ခေါင်းညိတ်ပြလိုက်ပြီး ကျန်းလော့က ထပ်မေးသည်။
"တာအိုဆရာတော် ဝေ့ဟယ်ရော သူတို့ကို ကုသပေးသေးလား"
"ကုပေးတယ်"
လျန်ရွှီ၏လေသံသည် အနည်းငယ်လေးလံနေပြီး သူမအပြုံးသည် ပျောက်ကွယ်သွားကာ
"ညီမက ဆရာဦးလေးကို ညီမကူပေးမယ်လို့ပြောပေမဲ့ ဆရာဦးလေးက ညီမကို မကူခိုင်းဘူး၊ အခုဆို ရက်တောင် တော်တော်ကြာနေပြီ အခုထိဘာမှတိုးတက်မလာဘူး အစ်ကိုကြီးရယ် ဆရာဦးလေးတောင် ဘာမှမလုပ်ပေးနိုင်တော့ရင် ညီမတို့ လုပ်နိုင်တာ မရှိတော့ဘူး"
ကျန်းလော့သည် သူ့ခွက်ထဲမှ ရေနွေးနှစ်ငုံလောက် သောက်ပြီး
"မင်းသာ ဒီလိုလူနာမျိုးကို ကုသရတော့မယ်ဆိုရင် ဘယ်လိုကုပေးမလဲ"
"နည်းလမ်းတွေကတော့ အများကြီး ရှိတယ် ဒါပေမဲ့ အဲ့ဒီနည်းလမ်းတွေက အချိန်တိုင်း အလုပ်မဖြစ်ဘူးရယ်၊ ပထမဆုံး ညီမတို့ သူတို့ရဲ့ ဝိဉာဉ်ကို ဘယ်လို အခြေအနေမျိုးရောက်နေလဲဆိုတာနဲ့ အရင်က ဒဏ်ရာရဖူးမရဖူး သေချာ စစ်ဆေးမယ် ပြီးရင်တော့ သွေးယူပြီး ဂါထာတွေ ရုပ်ထုတွေ ..................... အားလုံးနဲ့ ကြိုးစားလို့ရသမျှ နည်းပေါင်းစုံသုံးပြီး ကုမယ် "
"သွေးယူတာလား"
ကျန်းလော့သည် ဒီတိုင်း မေးသလိုမျိုး မေးလိုက်သည်။ လျန်ရွှီက ပြုံး၍ ဩ
"နတ်ဆေးပညာရပ်မှာ အရေပြား၊ ဆံပင်နဲ့ သွေး ပြီးတော့ လူတစ်ယောက်ရဲ့ အသားတွေက အရေးပါပြီး အဓိကကျတဲ့ ပစ္စည်းတွေပဲ"
'ဒီတော့် သူတို့ကို ကုသရမယ်ဆိုရင် တွမ့်ကျီတို့ဆီက သွေးထုတ်ကြည့်ဖို့လိုမှာပေါ့'
သို့သော် ကျန်းလော့ သူတို့သုံးယောက်ကို စစ်ဆေးကြည့်တုန်းက သူတို့လက်ချောင်းထိပ်များတွင် မည်သည့်ဒဏ်ရာမှ ရှိမနေပေ။ ထိုစက္ကူလူသုံးယောက်တွင် နည်းနည်းမှပျက်ဆီးမနေပေ။
'ဟုတ်သားပဲ လိရှောင်းကလည်း စက္ကူလူသားပဲဟာ'
ကျန်းလော့သည် သူတို့ မည်သို့ နိုးထနေသေးပြီး အသက်ရှိသည့် လူနှင့်တူနေမှန်း မသိပေ။ စက္ကူလူသားများသည် ဒီတိုင်း စာရွက်သက်သက်သာ ဖြစ်ပြီး သူတို့အရေပြားသည် ဖောင်းနေသော စက္ကူဘောလုံးနှင့်တူကာ အပ်နှင့်ထိုးလိုက်သည်နှင့် သူတို့ကိုယ်ထဲမှ လေများထွက်သွားမှာဖြစ်ကာ မည်သို့ အသွေးအသားများ ရှိနိုင်ပါမည်နည်း။
ဖြစ်နိုင်သည်မှာ စက္ကူလူသားများသည် အနည်းငယ် ဒဏ်ရာရသွားသည်နှင့် သူတို့၏မူရင်းစက္ကူပုံများအဖြစ်သို့ ပြန်ရောက်သွားခြင်းဖြစ်မည်။
ကျန်းလော့သည် လျန်ရွှီကို အတွေးများစွာ ကြည့်လိုက်ပြီး သူမယူလာသော စာအုပ်များဆီသို့ စကားလွှဲလိုက်သည်။ လျန်ရွှီသည် သူမလက်ထဲမှ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး သူမစာအုပ်များအကြောင်း ကျန်းလော့ကို ဆက်တိုက်ရှင်းပြနေသည်။ ကျန်းလော့သည် သတိမထားမိဘဲ စားပွဲကို တွန်းလိုက်သော်အခါ စားပွဲအစွန်းနားမှ လက်ဖက်ရည်ခွက်သည် ကြမ်းပြင်ပေါ်သို့ မှောက်ကျသွားကာ ကွဲသွားတော့သည်။
"အား"
လျန်ရွှီသည် လန့်အော်လိုက်ပြီး ချက်ချင်း ကြမ်းပြင်ပေါ် ဆောင့်ကြောင့်ထိုင်လိုက်ကာ အကွဲစများကို ကောက်နေသည်။
"အစ်ကိုကြီး ညီမတကယ်ကို စိတ်မကောင်းပါဘူး တောင်းပန်ပါတယ်နော်"
ကျန်းလော့သည် သူမနှင့်အတူ သန့်ရှင်းရေးလုပ်လိုက်ပြီး သဘောကောင်းစွာ ပြောလိုက်သည်။
"ရတယ် ရတယ် မင်းသာ လက်မရှအောင်ဂရုစိုက် "
သူ့ပါးစပ်မှ ထိုစကားများ ထွက်သွားပြီး မကြာလိုက်ပေ လျန်ရွှီ၏လက်ချောင်းထိပ်လေး ရှသွားပြီး ကြက်သွေးရောင်သွေးနီနီများ ဖြာထွက်လာသည်။ ထို့နောက်သူမသည် လက်ကို ရုတ်လိုက်ပြီး နာကျင်သွားပုံဖြင့် အသံသေးသေးလေး ထွက်လာသည်။
ကျန်းလော့သည် ဆေးသေတ္တာသွားယူကာ သူမကို ဆေးထည့်ပေးလိုက်သည်။
သူမသည် အလွန်ရှက်ရွံ့နေကာ ဆေးထည့်ပြီးသည်နှင့် အလျင်စလို ထွက်သွားတော့သည်။
ကျန်းလော့သည် သွေးများပေနေသော တစ်ရှူးကို အမှိုက်ပုံးထဲသို့ ပစ်လိုက်ပြီး ပွစိပွစိပြောလိုက်သည်။
"လျန်ရွှီက စက္ကူလူသားမဟုတ်ဘူးပဲ"
ထိုစံအိမ်တွင် သူနှင့် လျန်မောင်နှမသုံးယောက် ချီယုံနှင့် အိမ်တော်ထိန်းယန်တို့မှလွဲ၍ ကျန်သော အရာများအားလုံးကို ကံကြမ္မာယုံသူ ကြံစည်ထားတာ ဖြစ်မှာ ကြောက်မိသည်။
............................................
ပြတင်းပေါက်အပြင်ဘက်တွင် လေပြင်းတိုက်နေကာ ဖုန်မှုန့်များလား တကယ့်တိမ်များလားမသိရအောင် အမြင်မသဲကွဲတော့ပေ။ အစီအရင်ကို ဖျက်ဆီးပြီး တောင်ထဲသို့ ဝင်လာကထဲက သခင့်မျက်နှာသည် မှုန်မှိုင်းနေခဲ့သည်။ ကောဝူချန်သည် ချီယုံ့မျက်နှာအမူအယာကို ကြည့်ပြီး တစ်ခုခုတော့ ဖြစ်နေပြီဖြစ်ကြောင်း အာရုံရလိုက်ကာ ယောင်ယောင်လေးပြုံး၍ အကြံပေးလိုက်သည်။
"သခင် ကျွန်တော့်မှာ နည်းလမ်းတစ်ခုရှိတယ်ဗျ..............."
သူသည် ရှေ့တိုးလိုက်ပြီး သူ့နည်းလမ်းကို တိုးတိုးလေးပြောပြလိုက်သည်။
"သခင် အေးအေးသက်သာနေပြီး ဒီကိစ္စကို ကျွန်တော့်ကိုလွှဲထားလိုက်ရင် ကျွန်တော် သခင်လေးကျန်းကို သခင့်ကို အလူးအလဲကြွေသွားအောင် လုပ်ပေးပါ့မယ်"
'ငါ့ကို လုံးဝ တွယ်ကပ်ရင်းနှီးချင်လာမှာလား'
ကျန်းလော့၏ သူ့ကိုသာယာမှုပေးရန် အသည်းအသန်တောင်းဆိုနေမည့် ပုံကို တွေးကြည့်ပြီး မကောင်းဆိုးဝါး၏ ခြေချိတ်ထိုင်နေသော ပြောင်လက်နေသော သားရေဖိနပ်ဝတ်ထားသော ခြေတံရှည်များသည် မသိမသာ လွှဲယမ်းသွားပြီး ခေါင်းမော့၍ ချီယုံမပီသစွာ ခိုးခိုးခစ်ခစ် ရယ်မောလိုက်သည်။
သူသည် ကောဝူချန်၏ စွမ်းရည်များကြောင့် အမြဲတမ်း သက်တောင့်သက်သာဖြင့် ကိစ္စများ ပြီးဆုံးသွားတတ်သည်ကို သတိရသွားသည်။
"ဒါဆိုလည်း ဒီကိစ္စကို မင်းကိုလွှဲလိုက်တော့မယ်"
###########################
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။
Zawgyi
အပိုင္း (၁၄၆) မေကာင္းဆိုးဝါး ေလျပင္းတိုက္
ထိုအေျဖေျဖၿပီးေနာက္ ဖုန္းလီသည္ သာမန္ကာလွ်ံကာေျပာလိုက္သည္။
"အခ်စ္ဆိုတာ စိတ္ရႈပ္ေထြးမႈနဲ႔ အားနည္းခ်က္ဆိုတာ မင္းနားလည္ဖို႔ ငါေမွ်ာ္လင့္တယ္ မင္းတျခားလူေတြေၾကာင့္ လမ္းမလႊဲသြားေစနဲ႔"
ဖုန္းလီသည္ အၿမဲတမ္း လူ႐ိုးလူေျဖာင့္ႀကီးတစ္ေယာက္ျဖစ္ၿပီး အခ်စ္ကိစၥမ်ားကို လုံးဝမႀကိဳက္ေသာ သူျဖစ္သည္။ က်န္းေလာ့သည္ ထိုလူ႐ိုးႀကီး၏ အထာကို နပ္ေနၿပီျဖစ္ကာ ကြၽမ္းက်င္စြာ ပူးေပါင္းေပးလိုက္သည္။
"ဆရာေျပာတာ မွန္ပါတယ္ "
သူ႔တပည့္၏ တက္ႂကြေသာ အေျဖကို ၾကားေသာအခါ ဖုန္းလီသည္ ခနေလာက္ တိတ္ဆိတ္သြားၿပီး
"မင္းကို လုပ္ႀကံတဲ့ မိသားစုႏွစ္ခုကို ထ်န္းရွိဖူက ေကာင္းေကာင္းႀကီး သင္ခန္းစာေပးၿပီးသြားၿပီ သူတို႔မင္းကိုယ္ေပၚကို လက္ညႇိဳးတစ္ေခ်ာင္းေတာင္ တင္ရဲေတာ့မွာ မဟုတ္ဘူး"
က်န္းေလာ့သည္ တိတ္ဆိတ္စြာ နားေထာင္ေနၿပီး အထင္ေသးစြာ ေတြးလိုက္သည္။
'မင္းခြင့္ျပဳခ်က္မရွိရင္ အရင္ကထဲက သူတို႔ငါ့ကို လက္တင္ရဲမွာ မဟုတ္ဘူးကြ'
သို႔ေသာ္ အျပင္ဘက္တြင္ အလြန္ေက်းဇူးတင္ေနေသာ ပုံျဖင့္ ေျပာလိုက္သည္။
"ဆရာ့ရဲ႕ ၾကင္နာမႈအတြက္ ေက်းဇူးတင္ပါတယ္ဆရာ"
"မင္းရဲ႕ ယြမ္ယန္ကို ဖ်က္ဆီးသြားတဲ့ မေကာင္းဆိုးဝါးအတြက္ကေတာ့ "
ဖုန္းလီ၏ အသက္ရႉသံမ်ားသည္ ေအးစက္သြားၿပီး
"ဒင္းကိုငါကိုယ္တိုင္ သတ္ပစ္မယ္"
ဆန႔္က်င္ဘက္တြင္ ဖုန္းလီသည္ ခ်ီယုံအေပၚတြင္ ေလးစားမႈတခ်ိဳ႕ရွိခဲ့သည္။ အသက္ရွင္စဥ္က ပါရမီရွင္အားလုံးကို လႊမ္းမိုးသြားေသာ အလြန္အရည္အခ်င္းရွိသည့္ လူတစ္ေယာက္အေနႏွင့္ ေသဆုံးၿပီးတာေတာင္ စြမ္းအားမ်ားေလ်ာ့က်မသြားေသာ သူကို အျမင္ေကာင္းမ်ား ရွိခဲ့သည္။ သို႔ေသာ္ သူ႔ေလးစားမႈသည္ အာဃတျပင္းထန္လြန္းၿပီး စြမ္းအားအရွိန္အဝါအလြန္ႀကီးေသာ လက္နက္ဝိဉာဥ္အျဖစ္သုံးလို႔ရေသာ မေကာင္းဆိုးဝါးကိုသာ ျဖစ္သည္၊
သို႔ေသာ္ ခ်ီယုံသည္ က်န္းေလာ့ကို ထပ္ခါ ထပ္ခါ ထိပါးလာေသာအခါ မေကာင္းဆိုးဝါးအေၾကာင္းေတြးတိုင္း လူသတ္ခ်င္စိတ္မ်ား ျပင္းျပလာေတာ့သည္။
က်န္းေလာ့ကို ခ်ီယုံႏွင့္ ထပ္ေတြ႕လွ်င္ ေျခေထာက္မ်ား႐ိုက္ခ်ိဳးပစ္မည္ဟု ေျပာခဲ့ဖူးေသာ္လည္း က်န္းေလာ့ ေျခေထာက္မ်ားကို ႐ိုက္မခ်ိဳးခဲ့ေပ။ ဖုန္းလီသည္ က်န္းေလာ့ သူစကားနားမေထာင္ခဲ့တုန္းက ေျခေထာက္ခ်ိဳးမပစ္ခဲ့ျခင္းသည္ က်န္းေလာ့သည္ သူ႔အမွားသူသိၿပီး မ်က္ရည္လည္႐ႊဲျဖင့္ ေတာင္းပန္ခဲ့ေသာေၾကာင့္ ျဖစ္သည္။သူသည္ က်န္းေလာ့ကို သူ႔စကားသူျပန္မွတ္မိေအာင္ ေျခေထာက္႐ိုက္ခ်ိဳးၿပီး တစ္လေလာက္ပိတ္ထားၿပီးမွ လ်န္အိမ္ေတာ္ကို ေခၚသြားၿပီး ေျခေထာက္ကို ျပန္ကုေပးဖို႔ စဥ္းစားထားျခင္းျဖစ္သည္။
ဖုန္းလီ၏ တပည့္မ်ားကို ဂ႐ုတစိုက္ရွိသည္မွာ အလြန္ရွားပါးသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ သူ႔တပည့္ျဖစ္လာသူတိုင္းသည္ စနစ္တက်ေ႐ြးခ်ယ္ထားၿပီး အားလုံးတြင္ လက္ေတြ႕မလုပ္ၾကဖူးၾက႐ုံ အကုန္တတ္ေျမာက္ၿပီးသားသူမ်ား ျဖစ္ၾကကာ သူတို႔တြင္ ပါရမီႏွင့္ အေျခခံခိုင္မာမႈမ်ား ရွိၾကကာ မ်က္ႏွာလႊဲ၍ ရၾကသည္။
ဖုန္းလီအတြက္ သူတို႔ကို အေျခခံမွစၿပီး သင္ေပးေနစရာမလိုဘဲ သူတို႔ကု အျပင္ေလာကတြင္ အေတြ႕အႀကဳံယူဖို႔ ေစလႊတ္႐ုံသာ ရွိကာ နားမလည္တာကို ရွင္းျပေပးရင္ ရၿပီျဖစ္သည္။ သူ၏ ထိုတပည့္မ်ားသည္ ဖုန္းလီကို ဖင္တုန္ေအာင္ေၾကာက္ၾကကာ ဖုန္းလီတားျမစ္ထားေသာ ကိစၥမ်ားကို မလုပ္ဝံ့ၾကသလို အတတ္နိင္ဆုံး သူ႔ေရွ႕မေရာက္ေအာင္ေနၾကၿပီး သူတို႔ထံမွ ဘာအျပစ္လုပ္ထားၿပီဆိုတာ မၾကားရသေလာက္ ရွားပါးသည္။ သူတို႔ကို ဖုန္းလီက က်န္းေလာ့ႏွင့္ ထူးမျခားနားစြာ ၿခိမ္းေျခာက္ထားေသာေၾကာင့္ ေသေအာင္ေၾကာက္ၾကျခင္းျဖစ္ၾကသည္။
က်န္းေလာ့ကေတာ့ ဖုန္းလီကို တျခားတပည့္မ်ားႏွင့္မတူစြာ အခ်ိန္တိုင္း စိတ္ပူေအာင္လုပ္ႏိုင္သည္။ က်န္းေလာ့သည္ အလြန္ပါရမီပါေသာ သူျဖစ္ကာ ခ်န္ပိ၏ လက္ထဲတြင္ ႏွစ္ႏွစ္ဆယ္ေလာက္ ေနာက္က်က်န္ခဲ့ရသည္။ ဖုန္းလီသည္ က်န္းေလာ့ သူ႔လက္ထဲေရာက္လာေသာအခါ အစကေနစၿပီး သင္ေပးဖို႔ ႀကံ႐ြယ္ထားေသာ္လည္း တပည့္ေကာင္းေလးက မေကာင္းဆိုးဝါးတစ္ေကာင္ေၾကာင့္ လမ္းလႊဲသြားကာ ဖုန္းလီကို စိတ္တိုေအာင္ လုပ္သြားသည္။
ထို႔ေၾကာင့္ ဖုန္းလီသည္ သူ႔ကို တျခားတပည့္မ်ားထက္ ပိုအာ႐ုံစိုက္ေပးၿပီး တင္းက်ပ္ေနျခင္းျဖစ္သည္။ ဖုန္းလီသည္ ဘယ္တုန္းကမွ တပည့္တစ္ေယာက္ကို ကိုယ္တိုင္ကိုယ္က် အမ်ားႀကီး သင္မေပးခဲ့ဖူးေပ။ ထို႔ေၾကာင့္ က်န္းေလာ့ကို စာအုပ္မ်ား ဖတ္ခိုင္းျခင္းႏွင့္ ဖူလုမ်ား ေရးဆြဲခိုင္းျခင္းကလြဲလွ်င္ ဘယ္လိုသင္ရမလဲ မသိေသးေပ။
က်န္းေလာ့ကို သူဂ႐ုစိုက္ေလ ပို၍ ထိန္းခ်ဳပ္ေလျဖစ္ေနသည္။ သူသည္ က်န္းေလာ့၏ ဝတ္စားဆင္ယင္ပုံ ဆံပင္အတိုအရွည္ႏွင့္ နားဆြဲမ်ားအထိ အကုန္လိုက္၍ တင္းတင္းက်ပ္က်ပ္ ထိန္းခ်ဳပ္ခ်င္ေနသည္။ ခ်ီယုံႏွင့္ က်န္းေလာ့၏ တစ္ညတာကို သိၿပီးေနာက္တြင္ သူဘယ္လိုမွ ဒီတိုင္းမေနႏိုင္ေတာ့ေပ။
ခ်ီယုံသည္ ေသခ်ာေပါက္ေသရမည္ျဖစ္ၿပီး သူ႔ဝိဉာဥ္ကို ျပန္ဝင္စားလို႔အရေအာင္ အစိတ္စိတ္အမႊာမႊာ ျဖစ္ေအာင္ လုပ္ျဖစ္မည္။
သိုေသာ္ သူထိုသို႔ေျပာလိုက္ၿပီးေနာက္ မေကာင္းဆိုးဝါးႏွင့္ ေဝးကြာေနၿပီးျဖစ္ေသာ သူ႔တပည့္သည္ သူ႔ဘက္လွည့္၍ သိမ္ေမြ႕စြာ ၿပဳံးျပကာ
"ဆရာ ဆရာကိုယ္တိုင္ လုပ္စရာမလိုပါဘူး"
ခန႔္ညားေသာ ေကာင္းကင္သခင္၏ မ်က္ခုံးသည္ ေယာင္ေယာင္ေလး တြန႔္သြားသည္။ ဆံပင္အနက္ေရာင္ေကာင္ေလး၏ မ်က္ခုံးမ်ားသည္ ေလာကႀကီးအတြက္ ေျဖာင့္မတ္မွန္ကန္ေသာ တရားမွ်တမႈရွာေပးမည့္ ပုံေပၚေနကာ
"ကြၽန္ေတာ္အခုအမွန္ကို ျမင္ႏိုင္ေနပါၿပီ အခုကြၽန္ေတာ္ျပန္ၾကည့္လိုက္ရင္ အရင္က ကြၽန္ေတာ္က သနားစရာေကာင္းၿပီး ရယ္စရာေကာင္းေနတာ ခံစားမိပါတယ္ ေလာကႀကီးအတြက္ မေကာင္းဆိုးဝါးေတြကို ရွင္းပစ္ဖို႔ ကြၽန္ေတာ္ နာနာခံခံနဲ႔ ေျဖာင့္ေျဖာင့္မတ္မတ္ လုပ္ေဆာင္မွာပါ ဆရာ့ကို ဒီလိုကိစၥမ်ိဳးအတြက္ ဒုကၡမေပးခ်င္ပါဘူး ကြၽန္ေတာ္ပဲ လုပ္ပါ့မယ္......."
သူ႔မ်က္ခုံးမ်ားသည္ ေလးကိုင္းသ႑ာန္ တြန႔္ေကြးသြားၿပီး သူ႔ႏႈတ္ခမ္းမ်ားသည္ အဓိပၸာယ္ပါပါ ၿပဳံးလိုက္၍
"သူ႔ကို ကြၽန္ေတာ့လက္နဲ႔ ကိုယ္တိုင္သတ္မွာပါ"
ေလတိုက္ျခင္းသည္ ျပင္းသည္ထက္ျပင္းထန္လာသည္။ ထင္းပုံေပၚတြင္ အုပ္ထားေသာ ပလက္စတစ္ တာလပတ္သည္ ေလျပင္းေၾကာင့္ လႊင့္ထြက္သြားကာ ႐ုတ္တရက္ ၎ကို ဖိထားေသာ အုတ္ခဲမ်ား လႊင့္စင္က်လာကာ ထိုအုတ္ခဲသည္ ေလျပင္းေၾကာင့္ လႊင့္စင္သြားၿပိး ဖုန္းလီေခါင္းတည့္တည့္ကို ဝင္တိုက္သြားသည္။
ဖုန္းလီသည္ အခ်ိန္မွီေနာက္ဆုတ္လိုက္သည္။ အနီေရာင္အုတ္နီခဲသည္ ေျမျပင္ေပၚသို႔ ျပင္းထန္စြာ က်သြားၿပီး အုတ္ခဲသည္ အစိတ္စိတ္အမႊာမႊာ ကြဲထြက္သြားသည္။ က်န္းေလာ့သည္ ေလတိုက္ထဲတြင္ ႐ုတ္တရက္ ေအးစိမ့္လာကာ
"ဆရာ အရင္ဆုံး ျပန္ၾကရေအာင္ဗ်ာ"
ဖုန္းလီသည္ ေျမျပင္ေပၚမွ အုတ္ခဲကို ၾကည့္၍ ေခါင္းညိတ္လိုက္သည္။ ႐ုတ္တရက္ေတာင္ေပၚတြင္ ေလျပင္းတိုက္လာကာ တေန႔လုံး ဆက္တိုက္ မရပ္တမ္းတိုက္ေနသည္။
ထိုအခ်ိန္တြင္ တာအိုဆရာေတာ္ေဝ့ဟယ္သည္ ယေန႔အတြက္ က်န္းေလာ့တစ္ေယာက္ အခ်ိန္ျပည့္ေအာင္ ေရမစိမ္ရေသးတာ သတိရသြားသည္။ ေလျပင္းသည္ ေျမျပင္ေပၚတြင္ ေလေပြကဲ့သို႔ ဆက္တိုက္လွည့္ပတ္တိုက္ေနေသာေၾကာင့္ က်န္းေလာ့ကို ေရပူစမ္းကန္သို႔ ျပန္သြားရန္ ေျပာလို႔မျဖစ္ေတာ့ေပ။
က်န္းေလာ့သည္ အိမ္ထဲတြင္ တစ္ေယာက္ထဲ ဘာမွ လုပ္စရာမရွိေသာေၾကာင့္ ယင္ယန္လက္ေကာက္မွ ရာသီခြင္ ဆယ့္ႏွစ္ခုကို ဆင့္ေခၚျခင္းအား ေလ့က်င့္ေနလိုက္သည္။ နဂါးမွလြဲ၍ တျခားေသာ ရာသီခြင္မ်ားကို ဆင့္ေခၚၿပီးသြားေလၿပီ။ ေမ်ာက္ကိုဆင့္ေခၚ၍ ေပၚလာသည္ႏွင့္ ေမ်ာက္သည္ သူ႔မုတ္ဆိတ္ကို မႈတ္၍ က်န္းေလာ့ကို စိုက္ၾကည့္ေနၿပီး ရင္းႏွီးလာကာ စတင္ခုန္ေပါက္ေတာ့သည္။ ထို႔ေနာက္ နာရီဝက္ေလာက္ၾကာေအာင္ သူ႔ကို လက္ညႇိဳးထိုး၍ စူးရွစြာ ေအာ္ဟစ္ေနၿပီး သူဆင့္ေခၚခဲ့ေသာ ၾကက္သည္ပင္ ဒီေကာင့္ေလာက္ ဆူဆူညံညံ မလုပ္ဟု ထင္မိသည္။
က်န္းေလာ့သည္ ဒီေကာင္ဘာေျပာေနလဲသိႏိုင္ၿပီး ဆိုလိုရင္းကိုလည္း နားလည္ႏိုင္သည္။ ထိုေမ်ာက္သည္ သူ႔ကို ဆူေနျခင္းျဖစ္သည္။
"ပထမဆုံးဆင့္ေခၚတဲ့ သတၱဝါက ငါမဟုတ္ဘူးထားလိုက္ေတာ့ ဒုတိယေျမာက္ဆင့္ေခၚတာလည္း ငါမဟုတ္ျပန္ဘူး တတိယေျမာက္ကေတာင္ ငါမဟုတ္ဘူး မင္းမွာ နည္းနည္းမွ အျမင္မရွိတာ သိသာတယ္"
မိနစ္ေတာ္ေတာ္မ်ားမ်ားၾကာၿပီးေနာက္ က်န္းေလာ့၏ ေသးငယ္ေသာ အိမ္ေလးသည္ ေျဗာင္းဆန္ေနေအာင္ ရႈပ္ပြသြားခဲ့ၿပီး က်န္းေလာ့သည္ နားထင္မ်ား တဒိန္းဒိန္းျမည္ေအာင္ ကိုက္လာကာ အမူအယာမဲ့စြာထရပ္လိုက္သည္။ ထို႔ေနာက္ ေမ်ာက္ကို ဖမ္းၿပီးလက္ေကာက္ထဲ ျပန္ထည့္ဖို႔ အဆင္သင့္ျပင္လိုက္သည္။
ေမ်ာက္သည္ ဗီဒိုအမိုးေပၚတြင္ ေဆာင့္ေၾကာင့္ထိုင္ေနကာ က်န္းေလာ့ကို အထင္အျမင္ေသးစြာ ၾကည့္ေနေလသည္။
အၾကာႀကီး ေျပးတိုင္းလိုက္တိုင္းေဆာ့ၿပီးေနာက္ က်န္းေလာ့သည္ ေမ်ာက္ကို ယင္ယန္လက္ေကာက္ထဲသို႔ ေအာင္ေအာင္ျမင္ျမင္ျပန္ထည့္လိုက္ႏိုင္သည္။ ထို႔ေနာက္ အခန္းကို ျပန္ရွင္းရေတာ့သည္။
ယင္ယန္လက္ေကာက္ကို ကံၾကမၼာေစာင့္ေရွာက္သူတို႔ ျပဳလုပ္ထားသည္ ဆိုေသာ္လည္း ယင္ယန္လက္ေကာက္၏ အတြင္းေရာ အျပင္ေရာ က်န္းေလာ့ကိုယ္ပိုင္ပစၥည္းအျဖစ္ သတ္မွတ္ထားၿပီးျဖစ္သည္။ ကံၾကမၼာေစာင့္ေရွာက္သူတို႔က က်န္းေလာ့ကို အဘယ့္ေၾကာင့္ ဤလက္ေကာက္ေပးသည္ကို မသိေသာ္လည္း က်န္းေလာ့ကေတာ့ ဘယ္လိုအေၾကာင္းမ်ိဳးေၾကာင့္နဲ႔မွ ျပန္ေပးမွာ မဟုတ္ေပ။
က်န္းေလာ့သည္ နဂါးကို ဆင့္ေခၚႏိုင္မည့္ ရက္ကို စိတ္ရွည္စြာ ေစာင့္ေနသည္။
ေန႔လည္ခင္းတြင္ အနည္းငယ္ေစာေနေသးေသာေၾကာင့္ က်န္းေလာ့သည္ တေရးထပ္အိပ္လိုက္သည္။ အိပ္လို႔မရေအာင္ စိတ္မသက္မသာျဖစ္မႈႀကီးကို ခံစားေနရေသာေၾကာင့္ က်န္းေလာ့သည္ တစ္နာရီေလာက္သာ အိပ္ၿပီး ျပန္ႏိုးလာခဲ့သည္။ မည္သို႔ျပန္အိပ္ဖို႔ ႀကိဳးစားႀကိဳးစား မအိပ္ခ်င္ေတာ့ေပ။
အစ္ကိုႀကီး"
တံခါးေခါက္သံႏွင့္အတူ ေခၚသံကိုၾကားလိုက္ရသည္။
'လ်န္႐ႊီက ဒီကိုဘာလာလုပ္တာလဲ'
က်န္းေလာ့ အိပ္ရာေပၚမွ ထလိုက္ၿပီး တံခါးသြားဖြင့္ေပးလိုက္သည္။ လ်န္႐ႊီသည္ အထဲဝင္လာၿပီး သူမတစ္ကိုယ္လုံးကို လုံေနေအာင္ ထုပ္ထားကာ တုန္ယင္ေနသည္။ က်န္းေလာ့ တံခါးပိတ္လိုက္သည္ႏွင့္ သူမသည္ လက္ထဲမွ ပစၥည္းမ်ားကို စားပြဲေပၚခ်လိုက္သည္။
က်န္းေလာ့သည္ သူမတင္လိုက္ေသာ စားပြဲေပၚမွ စာအုပ္မ်ားႏွင့္ မုန႔္ထုပ္မ်ားကို ေသခ်ာၾကည့္ေနသည္။ လ်န္႐ႊီ၏ ႏွာေခါင္းထိပ္ေလးသည္ နီရဲေနကာ သူမဆံပင္သည္ ရႈပ္ပြေနသည္။ သို႔ေသာ္ သူမ၏ အၿပဳံးကေတာ့ ထုံးစံအတိုင္း သိမ္ေမြ႕ေနဆဲျဖစ္ကာ
"ဒီရက္ေတြမွာ အစ္ကိုႀကီး ပ်င္းေနတာ ျမင္လို႔ေလ ညီမ အစ္ကိုႀကီးအတြက္ စာအုပ္ေတြ ယူလာေပးတာ"
က်န္းေလာ့သည္ ေပ်ာ္႐ႊင္ျခင္း ဝမ္းနည္းျခင္းမရွိဘဲ သူမကို ေပါ့ပါးစြာ ေက်းဇူးတင္စကားေျပာလိုက္သည္။
လ်န္႐ႊီသည္ သူ႔ကို စိတ္ဝင္တစားၾကည့္ၿပီး တိုးဖြဖြေျပာလာသည္။
"အစ္ကိုႀကီး အစ္ကိုႀကီး ဒီရက္ပိုင္း ေတာ္ေတာ္ ေျပာင္းလဲသြားတယ္.............."
ေလထန္ေနေသာေၾကာင့္ က်န္းေလာ့သည္ လ်န္႐ႊီကို လက္ဖက္ရည္တစ္ခြက္လုပ္ေပးလိုက္သည္။
လ်န္႐ႊီသည္ ေရေႏြးခြက္ကို ယူၿပီး တစ္ငုံေလာက္ေသာက္လိုက္ကာ အျပင္ဘက္မွ ေလတိုက္ေနသည္ကိုၾကည့္၍
"ဒီေန႔ရာသီဥတုႀကီးက ထူးဆန္းလိုက္တာေနာ္ အရင္က ႏွင္းမုန္တိုင္းတိုက္တယ္ အခုက်ေတာ့ ေလျပင္းမုန္တိုင္းတဲ့ တစ္ခုၿပီးတစ္ခု ျဖစ္ေနေတာ့တာပဲ"
က်န္းေလာ့က ေျပာသည္။
"အရင္ႏွစ္ေတြတုန္းက ႏွင္းမုန္တိုင္း မတိုက္ဖူးဘူးလား"
"မတိုက္ဖူးဘူး"
လ်န္႐ႊီသည္ ေခါင္းယမ္းျပ၍
"ႏွင္းေတြ အရမ္းက်တာမ်ိဳးက ဒီႏွစ္မွပဲ ျမင္ဖူးတာ ညီမေမြးထဲက ဒီလိုမ်ိဳးေတြ တစ္ခါမွ မႀကဳံဖူးေသးဘူး"
က်န္းေလာ့သည္ ၿပဳံးလိုက္ၿပီး
"တြမ့္က်ီတို႔သုံးေယာက္ေရာ ဘယ္လိုေနေသးလဲ"
လ်န္႐ႊီသည္ သူတို႔အေၾကာင္းေျပာရင္း အႀကိမ္ႀကိမ္အခါ သက္ျပင္းခ်ေနသည္။
"အရင္ကနဲ႔ အတူတူပါပဲ ညီမနည္းလမ္းေပါင္းစုံသုံးၿပီး ႀကိဳးစားၿပီးၿပီ သူတို႔ကို အခုထိ မႏႈိးႏိုင္ေသးဘူး"
"ဘယ္လို နည္းလမ္းေတြ သုံးတာလဲ"
က်န္းေလာ့သည္ အေတြးမ်ားေနသည္။
လ်န္႐ႊီသာည္ ေခါင္းညိတ္ျပလိုက္ၿပီး က်န္းေလာ့က ထပ္ေမးသည္။
"တာအိုဆရာေတာ္ ေဝ့ဟယ္ေရာ သူတို႔ကို ကုသေပးေသးလား"
"ကုေပးတယ္"
လ်န္႐ႊီ၏ေလသံသည္ အနည္းငယ္ေလးလံေနၿပီး သူမအၿပဳံးသည္ ေပ်ာက္ကြယ္သြားကာ
"ညီမက ဆရာဦးေလးကို ညီမကူေပးမယ္လို႔ေျပာေပမဲ့ ဆရာဦးေလးက ညီမကို မကူခိုင္းဘူး၊ အခုဆို ရက္ေတာင္ ေတာ္ေတာ္ၾကာေနၿပီ အခုထိဘာမွတိုးတက္မလာဘူး အစ္ကိုႀကီးရယ္ ဆရာဦးေလးေတာင္ ဘာမွမလုပ္ေပးႏိုင္ေတာ့ရင္ ညီမတို႔ လုပ္ႏိုင္တာ မရွိေတာ့ဘူး"
က်န္းေလာ့သည္ သူ႔ခြက္ထဲမွ ေရေႏြးႏွစ္ငုံေလာက္ ေသာက္ၿပီး
"မင္းသာ ဒီလိုလူနာမ်ိဳးကို ကုသရေတာ့မယ္ဆိုရင္ ဘယ္လိုကုေပးမလဲ"
"နည္းလမ္းေတြကေတာ့ အမ်ားႀကီး ရွိတယ္ ဒါေပမဲ့ အဲ့ဒီနည္းလမ္းေတြက အခ်ိန္တိုင္း အလုပ္မျဖစ္ဘူးရယ္၊ ပထမဆုံး ညီမတို႔ သူတို႔ရဲ႕ ဝိဉာဥ္ကို ဘယ္လို အေျခအေနမ်ိဳးေရာက္ေနလဲဆိုတာနဲ႔ အရင္က ဒဏ္ရာရဖူးမရဖူး ေသခ်ာ စစ္ေဆးမယ္ ၿပီးရင္ေတာ့ ေသြးယူၿပီး ဂါထာေတြ ႐ုပ္ထုေတြ ..................... အားလုံးနဲ႔ ႀကိဳးစားလို႔ရသမွ် နည္းေပါင္းစုံသုံးၿပီး ကုမယ္ "
"ေသြးယူတာလား"
က်န္းေလာ့သည္ ဒီတိုင္း ေမးသလိုမ်ိဳး ေမးလိုက္သည္။ လ်န္႐ႊီက ၿပဳံး၍ ဩ
"နတ္ေဆးပညာရပ္မွာ အေရျပား၊ ဆံပင္နဲ႔ ေသြး ၿပီးေတာ့ လူတစ္ေယာက္ရဲ႕ အသားေတြက အေရးပါၿပီး အဓိကက်တဲ့ ပစၥည္းေတြပဲ"
'ဒီေတာ့္ သူတို႔ကို ကုသရမယ္ဆိုရင္ တြမ့္က်ီတို႔ဆီက ေသြးထုတ္ၾကည့္ဖို႔လိုမွာေပါ့'
သို႔ေသာ္ က်န္းေလာ့ သူတို႔သုံးေယာက္ကို စစ္ေဆးၾကည့္တုန္းက သူတို႔လက္ေခ်ာင္းထိပ္မ်ားတြင္ မည္သည့္ဒဏ္ရာမွ ရွိမေနေပ။ ထိုစကၠဴလူသုံးေယာက္တြင္ နည္းနည္းမွပ်က္ဆီးမေနေပ။
'ဟုတ္သားပဲ လိေရွာင္းကလည္း စကၠဴလူသားပဲဟာ'
က်န္းေလာ့သည္ သူတို႔ မည္သို႔ ႏိုးထေနေသးၿပီး အသက္ရွိသည့္ လူႏွင့္တူေနမွန္း မသိေပ။ စကၠဴလူသားမ်ားသည္ ဒီတိုင္း စာ႐ြက္သက္သက္သာ ျဖစ္ၿပီး သူတို႔အေရျပားသည္ ေဖာင္းေနေသာ စကၠဴေဘာလုံးႏွင့္တူကာ အပ္ႏွင့္ထိုးလိုက္သည္ႏွင့္ သူတို႔ကိုယ္ထဲမွ ေလမ်ားထြက္သြားမွာျဖစ္ကာ မည္သို႔ အေသြးအသားမ်ား ရွိႏိုင္ပါမည္နည္း။
ျဖစ္ႏိုင္သည္မွာ စကၠဴလူသားမ်ားသည္ အနည္းငယ္ ဒဏ္ရာရသြားသည္ႏွင့္ သူတို႔၏မူရင္းစကၠဴပုံမ်ားအျဖစ္သို႔ ျပန္ေရာက္သြားျခင္းျဖစ္မည္။
က်န္းေလာ့သည္ လ်န္႐ႊီကို အေတြးမ်ားစြာ ၾကည့္လိုက္ၿပီး သူမယူလာေသာ စာအုပ္မ်ားဆီသို႔ စကားလႊဲလိုက္သည္။ လ်န္႐ႊီသည္ သူမလက္ထဲမွ လက္ဖက္ရည္ခြက္ကို ခ်လိုက္ၿပီး သူမစာအုပ္မ်ားအေၾကာင္း က်န္းေလာ့ကို ဆက္တိုက္ရွင္းျပေနသည္။ က်န္းေလာ့သည္ သတိမထားမိဘဲ စားပြဲကို တြန္းလိုက္ေသာ္အခါ စားပြဲအစြန္းနားမွ လက္ဖက္ရည္ခြက္သည္ ၾကမ္းျပင္ေပၚသို႔ ေမွာက္က်သြားကာ ကြဲသြားေတာ့သည္။
"အား"
လ်န္႐ႊီသည္ လန႔္ေအာ္လိုက္ၿပီး ခ်က္ခ်င္း ၾကမ္းျပင္ေပၚ ေဆာင့္ေၾကာင့္ထိုင္လိုက္ကာ အကြဲစမ်ားကို ေကာက္ေနသည္။
"အစ္ကိုႀကီး ညီမတကယ္ကို စိတ္မေကာင္းပါဘူး ေတာင္းပန္ပါတယ္ေနာ္"
က်န္းေလာ့သည္ သူမႏွင့္အတူ သန႔္ရွင္းေရးလုပ္လိုက္ၿပီး သေဘာေကာင္းစြာ ေျပာလိုက္သည္။
"ရတယ္ ရတယ္ မင္းသာ လက္မရွေအာင္ဂ႐ုစိုက္ "
သူ႔ပါးစပ္မွ ထိုစကားမ်ား ထြက္သြားၿပီး မၾကာလိုက္ေပ လ်န္႐ႊီ၏လက္ေခ်ာင္းထိပ္ေလး ရွသြားၿပီး ၾကက္ေသြးေရာင္ေသြးနီနီမ်ား ျဖာထြက္လာသည္။ ထို႔ေနာက္သူမသည္ လက္ကို ႐ုတ္လိုက္ၿပီး နာက်င္သြားပုံျဖင့္ အသံေသးေသးေလး ထြက္လာသည္။
က်န္းေလာ့သည္ ေဆးေသတၱာသြားယူကာ သူမကို ေဆးထည့္ေပးလိုက္သည္။
သူမသည္ အလြန္ရွက္႐ြံ႕ေနကာ ေဆးထည့္ၿပီးသည္ႏွင့္ အလ်င္စလို ထြက္သြားေတာ့သည္။
က်န္းေလာ့သည္ ေသြးမ်ားေပေနေသာ တစ္ရႉးကို အမႈိက္ပုံးထဲသို႔ ပစ္လိုက္ၿပီး ပြစိပြစိေျပာလိုက္သည္။
"လ်န္႐ႊီက စကၠဴလူသားမဟုတ္ဘူးပဲ"
ထိုစံအိမ္တြင္ သူႏွင့္ လ်န္ေမာင္ႏွမသုံးေယာက္ ခ်ီယုံႏွင့္ အိမ္ေတာ္ထိန္းယန္တို႔မွလြဲ၍ က်န္ေသာ အရာမ်ားအားလုံးကို ကံၾကမၼာယုံသူ ႀကံစည္ထားတာ ျဖစ္မွာ ေၾကာက္မိသည္။
............................................
ျပတင္းေပါက္အျပင္ဘက္တြင္ ေလျပင္းတိုက္ေနကာ ဖုန္မႈန႔္မ်ားလား တကယ့္တိမ္မ်ားလားမသိရေအာင္ အျမင္မသဲကြဲေတာ့ေပ။ အစီအရင္ကို ဖ်က္ဆီးၿပီး ေတာင္ထဲသို႔ ဝင္လာကထဲက သခင့္မ်က္ႏွာသည္ မႈန္မႈိင္းေနခဲ့သည္။ ေကာဝူခ်န္သည္ ခ်ီယုံ႔မ်က္ႏွာအမူအယာကို ၾကည့္ၿပီး တစ္ခုခုေတာ့ ျဖစ္ေနၿပီျဖစ္ေၾကာင္း အာ႐ုံရလိုက္ကာ ေယာင္ေယာင္ေလးၿပဳံး၍ အႀကံေပးလိုက္သည္။
"သခင္ ကြၽန္ေတာ့္မွာ နည္းလမ္းတစ္ခုရွိတယ္ဗ်..............."
သူသည္ ေရွ႕တိုးလိုက္ၿပီး သူ႔နည္းလမ္းကို တိုးတိုးေလးေျပာျပလိုက္သည္။
"သခင္ ေအးေအးသက္သာေနၿပီး ဒီကိစၥကို ကြၽန္ေတာ့္ကိုလႊဲထားလိုက္ရင္ ကြၽန္ေတာ္ သခင္ေလးက်န္းကို သခင့္ကို အလူးအလဲေႂကြသြားေအာင္ လုပ္ေပးပါ့မယ္"
'ငါ့ကို လုံးဝ တြယ္ကပ္ရင္းႏွီးခ်င္လာမွာလား'
က်န္းေလာ့၏ သူ႔ကိုသာယာမႈေပးရန္ အသည္းအသန္ေတာင္းဆိုေနမည့္ ပုံကို ေတြးၾကည့္ၿပီး မေကာင္းဆိုးဝါး၏ ေျခခ်ိတ္ထိုင္ေနေသာ ေျပာင္လက္ေနေသာ သားေရဖိနပ္ဝတ္ထားေသာ ေျခတံရွည္မ်ားသည္ မသိမသာ လႊဲယမ္းသြားၿပီး ေခါင္းေမာ့၍ ခ်ီယုံမပီသစြာ ခိုးခိုးခစ္ခစ္ ရယ္ေမာလိုက္သည္။
သူသည္ ေကာဝူခ်န္၏ စြမ္းရည္မ်ားေၾကာင့္ အၿမဲတမ္း သက္ေတာင့္သက္သာျဖင့္ ကိစၥမ်ား ၿပီးဆုံးသြားတတ္သည္ကို သတိရသြားသည္။
"ဒါဆိုလည္း ဒီကိစၥကို မင္းကိုလႊဲလိုက္ေတာ့မယ္"
###########################
Telegram မွာ အၿပီးအထိ တင္ၿပီးပါၿပီေနာ္။