အပိုင်း (၁၄၃) အတွင်းစိတ် မြင်ကွင်းများ
မှောင်မည်းနေသော အခန်းကျယ်ကြီး၏ အလယ်တည့်တည့်ရှိ ကြက်သွေးရောင် အိပ်ရာအကြီးကြီးပေါ်တွင် အနောက်တိုင်းဝတ်စုံဝတ်ထားသော လူတစ်ယောက် လှဲလျောင်းနေသည်။
ထိုလူ၏ ဝတ်စုံသည် ဒီဇိုင်နာချုပ်ဖြစ်ပြီး ငေးမောသွားရလောက်အောင် ကျော့ရှင်းသည်။ လည်ပင်းမှ ဖဲပြားပုံလည်စည်းမှ စ၍ လက်ချောင်းရှည်များကို ဖုန်းအုပ်ပေးထားသော အဖြူရောင် လက်အိတ်တို့အလယ် တောက်ပြောင်နေသော အသစ်စက်စက် သားရည်ဖိနပ်တို့အဆုံး အရာအားလုံး ခြောက်ပစ်ကင်း ပြီးပြည့်စုံနေသည်။
အဖြူရောင်လက်အိတ်ဝတ်ထားသော လက်ထဲတွင် ပွင့်ဖတ်များပေါ်တွင် ကြည်လင်သော သလင်းကျောက်များလို နှင်းစက်များ တွဲလွဲခိုနေသည့် လှပသော နှင်းဆီပန်းတစ်ပွင့်ကို ကိုင်ထားသည်။ ထိုလူ၏ မျက်လုံးသည် မှေးမှိတ်ထားပြီး ချောမောသော မျက်နှာသည် နတ်ဘုရားတစ်ပါးကဲ့သို့ ကြည့်ကောင်းလှသည်။
နှုတ်ခမ်းပါးပါးတစ်စုံ၏ ထောင့်များသည် ကွေးတက်နေကာ လှပခမ်းနားသော အိပ်မက်ထဲတွင် ချိန်းတွေ့ဖို့ တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေသည်။ အချိန်များ ကုန်လာလေပြီ ထိုလူ၏ ကွေးနေသော နှုတ်ခမ်းတစ်စုံသည် တဖြည်းဖြည်း ဖြောင့်တန်းလာကာ မျက်နှာသေကြီးဖြစ်သွားပြီး မျက်လုံးမှိတ်လိုက်သည်။
မကောင်းဆိုးဝါးသည် ကျန်းလော့၏ အိပ်မက်ထဲသို့ မဝင်နိုင်တော့ပေ။ သူ၏ရန်သူလည်းဖြစ် ချစ်ရသူလည်းဖြစ်သူကို အိပ်မက်ထဲတွင် မပိုင်ဆိုင်နိုင်တော့ပေ။ ချီယုံသည် မည်းမှောင်နေသော မျက်လုံးများဖြင့် အိပ်ရာပေါ်မှထလိုက်ပြီး ကျက်သရေရှိစွာ ကုတင်အစွန်းတွင် မတ်မတ်ထိုင်လိုက်သည်။ လက်ထဲမှ နှင်းဆီပန်းကို လိမ်ချိုးပစ်လိုက်သည်။ နှင်းဆီပန်းသည် နွမ်းသွားပြီး လက်ချောင်းသွယ်သွယ်များထဲတွင် လုံးဝခြောက်သွေ့သွားသည်။
မကောင်းဆိုးဝါးသည် လေးတိလေးကန်နှင့် ထရပ်လိုက်ပြီး နှင်းဆီပန်းကို အိပ်ရာပေါ်သို့ ပစ်ထုတ်လိုက်သည်။ ထို့နောက် ဂရုမစိုက်သလို အပြင်ဘက်သို့ လျှောက်ထွက်သွားသည်။ အိပ်ခန်းတံခါးကို ဆွဲဖွင့်လိုက်သောအခါ ညှီစို့စို့အနံ့ကို ရလိုက်သည်။ ကောရစ်တာတလျှောက်လုံးတွင် သွေးများဖုံးလွှမ်းနေကာ မကောင်းဆိုးဝါး၏ ပြောင်လက်နေသော သားရေဖိနပ်အသစ်နားထိ သွေးများ တစ်စက်ချင်း တိုးလာနေသည်။
မကောင်းဆိုးဝါးသည် ကော်ရစ်တာတစ်ခုလုံးပြည့်နေသော အလောင်းများကို ကြည့်ရန် မျက်လုံးပင့်လိုက်သည်။ မရေမတွက်နိုင်သော လူများ၏ ခေါင်းများ ခြေလက်များနှင့် ခန္ဓာကိုယ်များသည် ကော်ရစ်တာတွင် အပိုင်းပိုင်းပြတ်ကာ စုပုံနေသည်။ သို့သော် အလောင်းများကို ဘေးနှစ်ဖက်တွင် စုပုံ၍ အလယ်တည့်တည့်တွင် လူတစ်ယောက်သွားနိုင်သော လမ်းတစ်ခုတော့ ရှိနေသေးသည်။
လူများကို အစုလိုက်အပြုံလိုက်သတ်ထားသောကြောင့် အလောင်းများ၏အောက်တွင် သွေးများသည် ကောဇောကြီးတစ်ချပ်ခင်းထားသလို နီရဲနေကာ တချို့နေရာများတွင် သွေးများခြောက်နေပြီဖြစ်သောကြောင့် မည်းပင်မည်းနေပြီဖြစ်သည်။
ကော်ရစ်တာအဆုံးတွင် ချီ(ချီယုံ)မိသားစုဝင်များအများအပြားသည် ကြောက်လန့်နေပြီး ဖြူဆုတ်နေသော မျက်နှာများဖြင့် ကယောင်ကတမ်း ဟိုကြည့်သည်ကြည့်ဖြစ်နေကြသည်။ သူတို့အားလုံး ချီယုံ့ကို မြင်သောအခါ သူတို့မျက်လုံးများ ပြူးကျယ်သွားကာ သေလိုက်ချင်လောက်အောင် ကြောက်လန့်ပြီး ထွက်ပြေးချင်ကြသည်။
"ထပ်ဖြစ်ပြန်ပြီ ထပ်ရောက်လာပြန်ပြီ ဒီစောက်ရူးကို ထပ်ပြီး အိပ်မက်မက်ပြန်ပြီဟ"
"ငါ သူသတ်တာ မခံချင်တော့ဘူး အရမ်းနာတယ် ကျေးဇူးပြုပြီး တစ်ယောက်ယောက် ငါ့ကိုနိုးပေးကြပါ"
တချို့သော လူများသည် ကြောက်ရွံ့စွာ အော်ငိုနေကြပြီး သူတို့ခြေထောက်များသည် ပျော့ခွေနေကာ နောက်ပြန်လဲကျသွားကြသည်။
"ဘာမှားနေလို့လဲ"
ချီယုံသည် အပြစ်ကင်းရိုးသားသော အသံဖြင့် ပြောလိုက်သည်။
"ကျွန်တော့်ကိုတွေ့တာနဲ့ ဘာလို့ ပြေးနေရတာလဲဗျာ"
ပြောနေရင်း ရှေ့တိုးသွားသည်။
"ရှပ် ရှပ် ရှပ်"
သူသည် ချောမွေ့စွာရယ်မောလိုက်ပြီး
"မင်းတို့အားလုံးက ကျွန်တော့်ကို မကြိုဆိုဘူးပဲ"
ထိုခြေသံများသည် သေခြင်းတရားနီးကပ်လာသလို အသံကဲ့သို့ ခြောက်ခြားစရာကောင်းနေပြီး မကောင်းဆိုးဝါး၏ ချောမောဖြူလျော်သော မျက်နှာသည် ပို၍ စိတ်လှုပ်ရှားလာပုံပေါ်လာပြီး ပြုံးဖြဲဖြဲဖြစ်လာသည်။ သူသည် လက်များကို အကျယ်ကြီးဖြစ်အောင် ကားလိုက်ပြီး တောင်လိုပုံနေသော အလောင်းများကြားတွင် မျှော်လင့်တကြီး ပြောလိုက်သည်။
"ကျွန်တော်တို့ အိပ်မက်ထဲမှာ ပြန်တွေ့ရတာ ပျော်ရဲ့လား"
မပြေးနိုင်တာကိုတောင် ဇွတ်ရုန်းကန်၍ ပြေးချင်နေသော ကြောက်လန့်နေသော လူများကို ကြည့်၍ မကောင်းဆိုးဝါး၏ မျက်လုံးများသည် ပျော်ရွှင်ကျေနပ်မှုကြောင့် မှိတ်ကျသွားကာ သူ့ကိုယ်သူပြောလိုက်သည်။
"ဘယ်သူကများ ငါ့ရဲ့ ဖူးရန်လေးကို ဒီညလာမတွေ့နိုင်အောင် လုပ်လိုက်တာလဲကွာ"
"ဒီတော့ ကျုပ်မင်းတို့နဲ့ပဲ လာကစားရတော့တာပေါ့"
ချီယုံသည် စိတ်အခြေအနေဆိုးလာတိုင်း၊ စိတ်အခြေအနေအလွန်ကောင်းနေတိုင်း၊ စိတ်အခြေအနေကောင်းတာလဲမဟုတ် ဆိုးတာလဲ မဟုတ် ဖြစ်နေတိုင်း ချီ(ချီယုံ)မိသားစုကို အိပ်မက်ထဲ ဆွဲသွင်းမည်သာ ဖြစ်သည်။
ဤအိပ်မက်ကမ္ဘာထဲတွင် ထပ်ကာထပ်ကာ သတ်ထားသော ချီ(ချီယုံ)မိသားစု၏ အလောင်းများနှင့် ပြည့်ကျပ်စုပုံနေသည်။ ဤနေရာသည် ချီယုံ ထိုသူများကို စီရင်သည့် ဧဒင်ဥယျာဉ်ဖြစ်သည်။
ချီ(ချီယုံ)မိသားစုဝင်တိုင်းသည် သူတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို အလောင်းပုံထဲတွင် တစ်ခုမက တွေ့မြင်နေရသည်။
ဟုတ်တာပေါ့ ချီယုံသည် ကစားပွဲကို ပို၍ စိတ်ဝင်စားစရာကောင်းအောင် ချီ(ချီယုံ)မိသားစုနှင့် တစ်ကြိမ်ဆော့ကစားပြီးတိုင်း အိပ်မက်ထဲမှ မှတ်ဉာဏ်များကို နိုးလာလျှင်မမှတ်မိအောင် သေချာစီမံထားသည်။ သို့သော် ချီ(ချီယုံ)မိသားစုဝင်တိုင်းသည် သူတို့အလွန်ကြောက်ဖို့ကောင်းသော အိပ်မက်မက်ခဲ့သည်ကိုသာ သတိရကြပြီး အိပ်မက်ဆိုး၏ အကြောင်းအရာများကိုတော့ မမှတ်မိကြပေ။ ထို့ကြောင့် သူတို့သည် မအိပ်ဘဲနေဖို့ မစဉ်းစားမိကြပေ။ အချိန်တန်လျှင် အိပ်ပျော်သွားကြကာ အိပ်မက်ထဲသို့ ဆွဲသွင်းခြင်းခံလိုက်ရသည်။ အိပ်မက်ထဲရောက်ပြီးချီယုံသူတို့ကို အိပ်မက်ဆိုးများထဲသွင်း၍ ဆော့ကစားနေသည်ကို သတိရပြီးဖြစ်သွားသော မျက်နှာများကို ချီယုံက အရသာခံပြီး တစိမ့်စိမ့်ကြည့်တတ်သည်။
အိပ်မက်ဆိုးတစ်ခုချင်းစီတိုင်းသည် ကြောင်နှင့်ကြွက်ကစားနည်းကဲ့သို့ အလွယ်လေး ကြွက်ဖမ်းနေရသလိုပင်။ ချီကျုံးယဲ့သည် ကြွက်တွေထဲမှ တစ်ကောင်ဖြစ်သည်။
သူသည် အိပ်မက်ဆိုးမှ နိုးလာသည့် အချိန်တိုင်း တဆတ်ဆတ်တုန်နေသော ရင်ဘတ်ကိုဖိကာ သေခြင်းတရားမှ သီသီလေးလွတ်လာသလို ကြောက်ရွံ့သည့် ခံစားချက်ကို မှတ်မိနေတတ်သည်။ သို့သော် ဘာအိပ်မက်မက်ခဲ့သည်ကိုတော့ မမှတ်မိပေ။ အိပ်မက်ထဲသွင်းခံလိုက်ရမှ ယခင်အိပ်မက်များကို ပြန်သတိရသောအခါ သူ့ဝိဉာဉ်ပင် ပြိုကွဲလုဖြစ်အောင် ကြောက်ရွံ့သွားတော့သည်။
ချီကျုံးယဲ့ သည် တုန်ယင်နေကာ သူ့မျက်လုံးများသည် ကြောက်ရွံ့မှုကြောင့် ထိတ်ပြာနေပြီး သူ့ဘေးမှ သူ့ဇနီးသည် ကြောက်လန့်ပြီး အော်ဟစ်နေသည်။
"ကျုံးယဲ့ ကျွန်မတို့ဘာလုပ်ကြမလဲ ကျွန်မတို့ အိပ်မက်ဆိုးမက်ပြန်ပြီ ရှင်က အိမ်တော်အကြီးအကဲလေ တစ်ခုခုလုပ်ပါဦး ............."
"ငါက ဘာလုပ်နိုင်မှာတုန်း"
ချီကျုံးယဲ့သည် သူတို့နားကပ်လာသော ချီယုံ့ကို မြင်သည်နှင့် အသံတုန်တုန်ဖြင့် အော်ပစ်လိုက်သည်။
လူဆိုးကောင်သည် ဒီနေ့ညတွင် အပြစ်ပြောစရာမရှိအောင်ကို ဝတ်စားပြင်ဆင်ထားသည်။ သူ့ပုံစံသည် ပါတီပွဲအကြီးကြီးတက်မည့်ပုံပေါ်နေကာ သူ့ခြေထောက်အောက်မှ အလောင်းပုံကြီးသာ မရှိလျှင် သူ့နောက်သို့ လူဘယ်လောက်များ လိုက်နေမည်လဲ မတွေးနိုင်ပေ။
သို့သော် ချီကျုံးယဲ့သည် ကြောက်လန့်တကြားနောက်ဆုတ်သွားပြီး သူ့နှလုံးသားသည် ပေါက်ထွက်မထွက် မတအားခုန်လှုပ်နေသည်။
မကောင်းဆိုးဝါးသည် သာယာမှုကို မျှော်လင့်နေသော အသံဖြင့် ပြောလိုက်သည်။
"ကစားပွဲ.................စပြီ"
..................................................
ကျန်းလော့နိုးလာသည်နှင့် ပထမဆုံးလုပ်ခဲ့သည့်အရာမှာ သူ့ခေါင်းအုံးအောက်မှ ဖူလုကို ကြည့်ခြင်းဖြစ်သည်။ အဆောင်ခုနှစ်ခုရှစ်ခုလောက် ပြာကျနေတာမြင်သောအခါ ကျန်းလော့သည် ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
'ချီယုံ ချီယုံ ဒီတစ်ခေါက်က မင်းသူများအိပ်မက်ထဲဝင်ဖို့ ကျရှုံးတာ ပထမဆုံးအကြိမ် ဟုတ်တယ်မလား'
'ဒါတောင် မင်းက ထပ်ခါထပ်ခါ ဝင်ရဲသေးတယ်'
သူ့ဘေးမှ အိပ်ပျော်နေသော ဂျင်ဆင်းကလေးလေးသည် လူးလွန့်လာကာ သူ့ရယ်သံကြောင့် နိုးလာပြီး အိပ်ချင်မူးတူးမျက်လုံးများ ဖွင့်လိုက်ကာ
"ဖေ ဖေ.............."
ကျန်းလော့သည် ခနလောက် အရယ်ရပ်သွားသည်။ အိပ်ရာပေါ်မှထကာ အဝတ်အစားလဲပြီး ခြံဝန်းထဲတွင် ခနလောက်ပတ်ပြေးလိုက်သည်။ မနက်စောစောတွင် အားကစားလုပ်ရင်း နေပူဆာလှုံနေသည်။ တစ်နာရီကြာပြီးနောက် ချွေးပြန်နေသော ပုံစံဖြင့် အခန်းသို့ပြန်သွားလိုက်သည်။
ရေချိုးပြီးနောက် မနက်စာစားရန် လန်းဆန်းစွာ ထွက်သွားခဲ့သည်။ အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည်လည်း မနက်စာစားနေတာဖြစ်ပြီး ကျန်းလော့သည် ပူနွေးသော ခေါက်ဆွဲပန်းကန်ကိုယူ၍ လောင်ကျီဘေးတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် မေးလိုက်သည်။
"မနေ့က ခင်များပြောတဲ့ ဝိဉာဉ်စုပ်ဆွဲပြားရဲ့စွမ်းအားက တစ်စုံတစ်ယောက်ရဲ့ ဝိဉာဉ်ထဲကို ဖောက်ဝင်နိုင်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ"
"လုံးစေ့ပတ်စေ့ သေချာပြောရရင်ကွာ"
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် ခနလောက်တွေးပြီး ပြောလိုက်သည်။
"လူတစ်ယောက်ရဲ့နောက်ဆုံးအချိန်မှာ ပေါ်လာတတ်တဲ့ တစ်ဘဝစာ မှတ်ဉာဏ်တွေအကြောင်းကြားဖူးလား ပြီးတော့ တချို့မှတ်ဉာဏ်တွေက နက်ရှိုင်းလွန်းလို့ ဝိဉာဉ်ထဲမှာတောင် မှတ်ထားသလိုမျိုး ဖြစ်နေတာ ငါပြောတဲ့ ဝိဉာဉ်နယ်မြေဆိုတာ စိတ်ဝိဉာဉ်အတွင်းစိတ်ကို ပြောချင်တာကာ ပြောရရင် အတွင်းစိတ်ပေါ့ ငါတို့ဘဝထဲမှာ အများဆုံးထိတွေ့ရတာမျိုး ဒါမှမဟုတ်ရင် တစ်ဘဝစာလုံးအတွက် အရေးကြီးတာမျိုး ကျုပ်တစ်ဘဝလုံး လက်နက်လုပ်တဲ့ ပန်းပဲပညာနဲ့အချိန်ကုန်ခဲ့တယ်ကွာ ဒီတော့ ကျုပ်အကြောင်းပြောမယ်ဆိုပါစို့ ကျုပ်ဝိဉာဉ်နယ်မြေထဲက မြင်ကွင်းက လက်နက်လုပ်တဲ့ ပစ္စည်းတွေဖြစ်မယ် အဲ့ဒါအပြင် ကျုပ်က ငါးတွေကို သဘောကျသေးတယ်ဆိုရင် ကျုပ်အတွင်းပိုင်း မြင်ကွင်းထဲမှာ ငါးတွေပျံနေတာလဲ မြင်ချင်မြင်ရနိုင်တယ် ဒါမျိုးကို ပြောတာ"
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် ချောင်းဟန့်လိုက်ပြီး
"မင်းအဲ့တာကို မယုံနိုင်မဖြစ်နဲ့ နေ့ရက်တိုင်းက အိပ်မက်လိုပဲကွ အိပ်မက်ဆိုတာက တကယ့်ကို သဘာဝလွန်ပုံစံမျိုးပဲ အဲ့ဒီ ဝိဉာဉ်နယ်မြေထဲက မြင်ကွင်းက တကယ့်ကို အိပ်မက်လိုပဲ"
ကျန်းလော့သည် အတွေးများသွားပြီး
"ဒီလိုကိုး နားလည်ပါပြီ"
"အဲ့တာကို သုံးဖို့နည်းလမ်းအတွက်က"
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် သူ့ပန်းကန်ဘေးတွင် တူကို ချလိုက်ပြီး အသံကိုနှိမ့်၍ ပြောလိုက်သည်။
"ဒါက နည်းနည်းတော့ အဆင်မပြေဖြစ်လိမ့်မယ် တစ်စုံတစ်ယောက်ရဲ့ အတွင်းပိုင်းကို မြင်ချင်ရင် မင်းမြင်ချင်တဲ့လူက ဆွဲပြားကို ထိလိုက်မှ မင်းမြင်ရမှာ"
'ဒါကတကယ်ကြီး အဆင်မပြေဘူးပဲ'
ကျန်းလော့သည် ခေါင်းညိတ်လိုက်ပြီး အစားဆက်စားနေလိုက်သည်။
'ဒါပေမဲ့ အဲ့လောက်ကြီးခက်ခဲနေတာမျိုးလဲ မဟုတ်ပါဘူး'
ကျန်းလော့သည် ဆယ်နာရီထိုးလျှင် ရေစိမ်မည်ဖြစ်ပြီး ထိုအချိန်သည် ကံကြမ္မာယုံသူရောက်လာမည့် အချိန်ဖြစ်သည်။ ကျန်းလော့သည် အလွန်အတင့်ရဲပြီး ကံကြမ္မာယုံသူကို သတ်ချင်နေသည်။ ထိုသို့ သတ်ရန်လည်း ကံကြမ္မာယုံသူ မည်မျှ သန်မာသည်ကို သိရန်လိုအပ်ပြီး ကံကြမ္မာယုံသူ၏အားနည်းချက်များကိုလည်း သိမှဖြစ်ပေမည်။
ကျန်းလော့သည် သေခြင်းရှင်ခြင်းကြား စွန့်စားရသည်ကို ကြိုက်နှစ်သက်ပြီး ယနေ့တွင် သူသည် ကံကြမ္မာယုံသူ၏ အတွင်းပိုင်းကို ကြည့်ရန် စီစဉ်ထားသည်။
ကျန်းလော့သည် လက်သီးဆုပ်၍ ကံကြမ္မာယုံသူကို သူ့နားဆွဲကို ထိစေရန် အစီအစဉ်ဆွဲနေသည်။ အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် ကျန်းလော့ကို ဒီနေ့ မည်သူ့စိတ်ထဲဝင်ကြည့်မည်လဲဟု မေးမလို့လုပ်နေတုန်းတွင် ရုတ်တရက် မတ်ခနဲဖြစ်သွားကာ
"ကောင်းကင်သခင်"
ဖုန်းလီသည် ဖြေးညှင်းစွာ လျှောက်လာကာ သူတို့ဘေးဝင်ထိုင်လိုက်သည်။
ကျန်းလော့သည် ဖုန်းလီဘက်လှည့်၍ ပြုံးပြလိုက်ကာ
"ဆရာ"
ထို့နောက် သူသည် အနည်းငယ် တွေဝေရှုပ်ထွေးစွာ မျက်ခုံးတွန့်၍ အစားဆက်စားနေသည်။
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် သူ့ကို ခနခနလှည့်ကြည့်ပြီးနောက် ကျန်းလော့၏ သရုပ်ဆောင်စွမ်းရည်ကို ရင်ထဲအသည်းထဲမှ လှိုက်လှိုက်လှဲလှဲ လေးစားမိသွားသည်။ ဖုန်းလီသည်လည်း ကျန်းလော့ကို ကြည့်နေသည်။ ကောင်လေး၏ ဆံပင်သည် ငုံ့လိုက်တိုင်း နားနောက်မှ လျောလျောကျနေသည်။
ဆံပင်ကို နားနောက်သို့ မည်သို့ပြန်သပ်သပ် ဆံပင်ချည်တချို့သည် သူ့မျက်နှာပေါ်သို့ ပြန်ကျလာနေဆဲဖြစ်သည်။
ဖုန်းလီသည် ထိုအရာကို ကြည့်၍ မျက်မှောင်ကြုတ်လိုက်ကာ
"မင်းစားလို့ပြီးရင် ကတ်ကြေးတစ်လက်ယူလာခဲ့ ဆရာမင်းဆံပင်ကိုညှပ်ပေးမယ်"
ကျန်းလော့၏ မျက်လုံးများသည် တောက်ပသွားပြီး ဖုန်းလီဘက်သို့ လှည့်င ပြုံးပြလိုက်ကာ
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ"
#########################
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။
Zawgyi
အပိုင္း (၁၄၃) အတြင္းစိတ္ ျမင္ကြင္းမ်ား
ေမွာင္မည္းေနေသာ အခန္းက်ယ္ႀကီး၏ အလယ္တည့္တည့္ရွိ ၾကက္ေသြးေရာင္ အိပ္ရာအႀကီးႀကီးေပၚတြင္ အေနာက္တိုင္းဝတ္စုံဝတ္ထားေသာ လူတစ္ေယာက္ လွဲေလ်ာင္းေနသည္။
ထိုလူ၏ ဝတ္စုံသည္ ဒီဇိုင္နာခ်ဳပ္ျဖစ္ၿပီး ေငးေမာသြားရေလာက္ေအာင္ ေက်ာ့ရွင္းသည္။ လည္ပင္းမွ ဖဲျပားပုံလည္စည္းမွ စ၍ လက္ေခ်ာင္းရွည္မ်ားကို ဖုန္းအုပ္ေပးထားေသာ အျဖဴေရာင္ လက္အိတ္တို႔အလယ္ ေတာက္ေျပာင္ေနေသာ အသစ္စက္စက္ သားရည္ဖိနပ္တို႔အဆုံး အရာအားလုံး ေျခာက္ပစ္ကင္း ၿပီးျပည့္စုံေနသည္။
အျဖဴေရာင္လက္အိတ္ဝတ္ထားေသာ လက္ထဲတြင္ ပြင့္ဖတ္မ်ားေပၚတြင္ ၾကည္လင္ေသာ သလင္းေက်ာက္မ်ားလို ႏွင္းစက္မ်ား တြဲလြဲခိုေနသည့္ လွပေသာ ႏွင္းဆီပန္းတစ္ပြင့္ကို ကိုင္ထားသည္။ ထိုလူ၏ မ်က္လုံးသည္ ေမွးမွိတ္ထားၿပီး ေခ်ာေမာေသာ မ်က္ႏွာသည္ နတ္ဘုရားတစ္ပါးကဲ့သို႔ ၾကည့္ေကာင္းလွသည္။
ႏႈတ္ခမ္းပါးပါးတစ္စုံ၏ ေထာင့္မ်ားသည္ ေကြးတက္ေနကာ လွပခမ္းနားေသာ အိပ္မက္ထဲတြင္ ခ်ိန္းေတြ႕ဖို႔ တစ္စုံတစ္ေယာက္ကို ေစာင့္ဆိုင္းေနသည္။ အခ်ိန္မ်ား ကုန္လာေလၿပီ ထိုလူ၏ ေကြးေနေသာ ႏႈတ္ခမ္းတစ္စုံသည္ တျဖည္းျဖည္း ေျဖာင့္တန္းလာကာ မ်က္ႏွာေသႀကီးျဖစ္သြားၿပီး မ်က္လုံးမွိတ္လိုက္သည္။
မေကာင္းဆိုးဝါးသည္ က်န္းေလာ့၏ အိပ္မက္ထဲသို႔ မဝင္ႏိုင္ေတာ့ေပ။ သူ၏ရန္သူလည္းျဖစ္ ခ်စ္ရသူလည္းျဖစ္သူကို အိပ္မက္ထဲတြင္ မပိုင္ဆိုင္ႏိုင္ေတာ့ေပ။ ခ်ီယုံသည္ မည္းေမွာင္ေနေသာ မ်က္လုံးမ်ားျဖင့္ အိပ္ရာေပၚမွထလိုက္ၿပီး က်က္သေရရွိစြာ ကုတင္အစြန္းတြင္ မတ္မတ္ထိုင္လိုက္သည္။ လက္ထဲမွ ႏွင္းဆီပန္းကို လိမ္ခ်ိဳးပစ္လိုက္သည္။ ႏွင္းဆီပန္းသည္ ႏြမ္းသြားၿပီး လက္ေခ်ာင္းသြယ္သြယ္မ်ားထဲတြင္ လုံးဝေျခာက္ေသြ႕သြားသည္။
မေကာင္းဆိုးဝါးသည္ ေလးတိေလးကန္ႏွင့္ ထရပ္လိုက္ၿပီး ႏွင္းဆီပန္းကို အိပ္ရာေပၚသို႔ ပစ္ထုတ္လိုက္သည္။ ထို႔ေနာက္ ဂ႐ုမစိုက္သလို အျပင္ဘက္သို႔ ေလွ်ာက္ထြက္သြားသည္။ အိပ္ခန္းတံခါးကို ဆြဲဖြင့္လိုက္ေသာအခါ ညႇီစို႔စို႔အနံ႔ကို ရလိုက္သည္။ ေကာရစ္တာတေလွ်ာက္လုံးတြင္ ေသြးမ်ားဖုံးလႊမ္းေနကာ မေကာင္းဆိုးဝါး၏ ေျပာင္လက္ေနေသာ သားေရဖိနပ္အသစ္နားထိ ေသြးမ်ား တစ္စက္ခ်င္း တိုးလာေနသည္။
မေကာင္းဆိုးဝါးသည္ ေကာ္ရစ္တာတစ္ခုလုံးျပည့္ေနေသာ အေလာင္းမ်ားကို ၾကည့္ရန္ မ်က္လုံးပင့္လိုက္သည္။ မေရမတြက္ႏိုင္ေသာ လူမ်ား၏ ေခါင္းမ်ား ေျခလက္မ်ားႏွင့္ ခႏၶာကိုယ္မ်ားသည္ ေကာ္ရစ္တာတြင္ အပိုင္းပိုင္းျပတ္ကာ စုပုံေနသည္။ သို႔ေသာ္ အေလာင္းမ်ားကို ေဘးႏွစ္ဖက္တြင္ စုပုံ၍ အလယ္တည့္တည့္တြင္ လူတစ္ေယာက္သြားႏိုင္ေသာ လမ္းတစ္ခုေတာ့ ရွိေနေသးသည္။
လူမ်ားကို အစုလိုက္အၿပဳံလိုက္သတ္ထားေသာေၾကာင့္ အေလာင္းမ်ား၏ေအာက္တြင္ ေသြးမ်ားသည္ ေကာေဇာႀကီးတစ္ခ်ပ္ခင္းထားသလို နီရဲေနကာ တခ်ိဳ႕ေနရာမ်ားတြင္ ေသြးမ်ားေျခာက္ေနၿပီျဖစ္ေသာေၾကာင့္ မည္းပင္မည္းေနၿပီျဖစ္သည္။
ေကာ္ရစ္တာအဆုံးတြင္ ခ်ီ(ခ်ီယုံ)မိသားစုဝင္မ်ားအမ်ားအျပားသည္ ေၾကာက္လန႔္ေနၿပီး ျဖဴဆုတ္ေနေသာ မ်က္ႏွာမ်ားျဖင့္ ကေယာင္ကတမ္း ဟိုၾကည့္သည္ၾကည့္ျဖစ္ေနၾကသည္။ သူတို႔အားလုံး ခ်ီယုံ႔ကို ျမင္ေသာအခါ သူတို႔မ်က္လုံးမ်ား ျပဴးက်ယ္သြားကာ ေသလိုက္ခ်င္ေလာက္ေအာင္ ေၾကာက္လန႔္ၿပီး ထြက္ေျပးခ်င္ၾကသည္။
"ထပ္ျဖစ္ျပန္ၿပီ ထပ္ေရာက္လာျပန္ၿပီ ဒီေစာက္႐ူးကို ထပ္ၿပီး အိပ္မက္မက္ျပန္ၿပီဟ"
"ငါ သူသတ္တာ မခံခ်င္ေတာ့ဘူး အရမ္းနာတယ္ ေက်းဇူးျပဳၿပီး တစ္ေယာက္ေယာက္ ငါ့ကိုႏိုးေပးၾကပါ"
တခ်ိဳ႕ေသာ လူမ်ားသည္ ေၾကာက္႐ြံ႕စြာ ေအာ္ငိုေနၾကၿပီး သူတို႔ေျခေထာက္မ်ားသည္ ေပ်ာ့ေခြေနကာ ေနာက္ျပန္လဲက်သြားၾကသည္။
"ဘာမွားေနလို႔လဲ"
ခ်ီယုံသည္ အျပစ္ကင္း႐ိုးသားေသာ အသံျဖင့္ ေျပာလိုက္သည္။
"ကြၽန္ေတာ့္ကိုေတြ႕တာနဲ႔ ဘာလို႔ ေျပးေနရတာလဲဗ်ာ"
ေျပာေနရင္း ေရွ႕တိုးသြားသည္။
"ရွပ္ ရွပ္ ရွပ္"
သူသည္ ေခ်ာေမြ႕စြာရယ္ေမာလိုက္ၿပီး
"မင္းတို႔အားလုံးက ကြၽန္ေတာ့္ကို မႀကိဳဆိုဘူးပဲ"
ထိုေျခသံမ်ားသည္ ေသျခင္းတရားနီးကပ္လာသလို အသံကဲ့သို႔ ေျခာက္ျခားစရာေကာင္းေနၿပီး မေကာင္းဆိုးဝါး၏ ေခ်ာေမာျဖဴေလ်ာ္ေသာ မ်က္ႏွာသည္ ပို၍ စိတ္လႈပ္ရွားလာပုံေပၚလာၿပီး ၿပဳံးၿဖဲၿဖဲျဖစ္လာသည္။ သူသည္ လက္မ်ားကို အက်ယ္ႀကီးျဖစ္ေအာင္ ကားလိုက္ၿပီး ေတာင္လိုပုံေနေသာ အေလာင္းမ်ားၾကားတြင္ ေမွ်ာ္လင့္တႀကီး ေျပာလိုက္သည္။
"ကြၽန္ေတာ္တို႔ အိပ္မက္ထဲမွာ ျပန္ေတြ႕ရတာ ေပ်ာ္ရဲ႕လား"
မေျပးႏိုင္တာကိုေတာင္ ဇြတ္႐ုန္းကန္၍ ေျပးခ်င္ေနေသာ ေၾကာက္လန႔္ေနေသာ လူမ်ားကို ၾကည့္၍ မေကာင္းဆိုးဝါး၏ မ်က္လုံးမ်ားသည္ ေပ်ာ္႐ႊင္ေက်နပ္မႈေၾကာင့္ မွိတ္က်သြားကာ သူ႔ကိုယ္သူေျပာလိုက္သည္။
"ဘယ္သူကမ်ား ငါ့ရဲ႕ ဖူးရန္ေလးကို ဒီညလာမေတြ႕ႏိုင္ေအာင္ လုပ္လိုက္တာလဲကြာ"
"ဒီေတာ့ က်ဳပ္မင္းတို႔နဲ႔ပဲ လာကစားရေတာ့တာေပါ့"
ခ်ီယုံသည္ စိတ္အေျခအေနဆိုးလာတိုင္း၊ စိတ္အေျခအေနအလြန္ေကာင္းေနတိုင္း၊ စိတ္အေျခအေနေကာင္းတာလဲမဟုတ္ ဆိုးတာလဲ မဟုတ္ ျဖစ္ေနတိုင္း ခ်ီ(ခ်ီယုံ)မိသားစုကို အိပ္မက္ထဲ ဆြဲသြင္းမည္သာ ျဖစ္သည္။
ဤအိပ္မက္ကမာၻထဲတြင္ ထပ္ကာထပ္ကာ သတ္ထားေသာ ခ်ီ(ခ်ီယုံ)မိသားစု၏ အေလာင္းမ်ားႏွင့္ ျပည့္က်ပ္စုပုံေနသည္။ ဤေနရာသည္ ခ်ီယုံ ထိုသူမ်ားကို စီရင္သည့္ ဧဒင္ဥယ်ာဥ္ျဖစ္သည္။
ခ်ီ(ခ်ီယုံ)မိသားစုဝင္တိုင္းသည္ သူတို႔၏ ခႏၶာကိုယ္အစိတ္အပိုင္းမ်ားကို အေလာင္းပုံထဲတြင္ တစ္ခုမက ေတြ႕ျမင္ေနရသည္။
ဟုတ္တာေပါ့ ခ်ီယုံသည္ ကစားပြဲကို ပို၍ စိတ္ဝင္စားစရာေကာင္းေအာင္ ခ်ီ(ခ်ီယုံ)မိသားစုႏွင့္ တစ္ႀကိမ္ေဆာ့ကစားၿပီးတိုင္း အိပ္မက္ထဲမွ မွတ္ဉာဏ္မ်ားကို ႏိုးလာလွ်င္မမွတ္မိေအာင္ ေသခ်ာစီမံထားသည္။ သို႔ေသာ္ ခ်ီ(ခ်ီယုံ)မိသားစုဝင္တိုင္းသည္ သူတို႔အလြန္ေၾကာက္ဖို႔ေကာင္းေသာ အိပ္မက္မက္ခဲ့သည္ကိုသာ သတိရၾကၿပီး အိပ္မက္ဆိုး၏ အေၾကာင္းအရာမ်ားကိုေတာ့ မမွတ္မိၾကေပ။ ထို႔ေၾကာင့္ သူတို႔သည္ မအိပ္ဘဲေနဖို႔ မစဥ္းစားမိၾကေပ။ အခ်ိန္တန္လွ်င္ အိပ္ေပ်ာ္သြားၾကကာ အိပ္မက္ထဲသို႔ ဆြဲသြင္းျခင္းခံလိုက္ရသည္။ အိပ္မက္ထဲေရာက္ၿပီးခ်ီယုံသူတို႔ကို အိပ္မက္ဆိုးမ်ားထဲသြင္း၍ ေဆာ့ကစားေနသည္ကို သတိရၿပီးျဖစ္သြားေသာ မ်က္ႏွာမ်ားကို ခ်ီယုံက အရသာခံၿပီး တစိမ့္စိမ့္ၾကည့္တတ္သည္။
အိပ္မက္ဆိုးတစ္ခုခ်င္းစီတိုင္းသည္ ေၾကာင္ႏွင့္ႂကြက္ကစားနည္းကဲ့သို႔ အလြယ္ေလး ႂကြက္ဖမ္းေနရသလိုပင္။ ခ်ီက်ဳံးယဲ့သည္ ႂကြက္ေတြထဲမွ တစ္ေကာင္ျဖစ္သည္။
သူသည္ အိပ္မက္ဆိုးမွ ႏိုးလာသည့္ အခ်ိန္တိုင္း တဆတ္ဆတ္တုန္ေနေသာ ရင္ဘတ္ကိုဖိကာ ေသျခင္းတရားမွ သီသီေလးလြတ္လာသလို ေၾကာက္႐ြံ႕သည့္ ခံစားခ်က္ကို မွတ္မိေနတတ္သည္။ သို႔ေသာ္ ဘာအိပ္မက္မက္ခဲ့သည္ကိုေတာ့ မမွတ္မိေပ။ အိပ္မက္ထဲသြင္းခံလိုက္ရမွ ယခင္အိပ္မက္မ်ားကို ျပန္သတိရေသာအခါ သူ႔ဝိဉာဥ္ပင္ ၿပိဳကြဲလုျဖစ္ေအာင္ ေၾကာက္႐ြံ႕သြားေတာ့သည္။
ခ်ီက်ဳံးယဲ့ သည္ တုန္ယင္ေနကာ သူ႔မ်က္လုံးမ်ားသည္ ေၾကာက္႐ြံ႕မႈေၾကာင့္ ထိတ္ျပာေနၿပီး သူ႔ေဘးမွ သူ႔ဇနီးသည္ ေၾကာက္လန႔္ၿပီး ေအာ္ဟစ္ေနသည္။
"က်ဳံးယဲ့ ကြၽန္မတို႔ဘာလုပ္ၾကမလဲ ကြၽန္မတို႔ အိပ္မက္ဆိုးမက္ျပန္ၿပီ ရွင္က အိမ္ေတာ္အႀကီးအကဲေလ တစ္ခုခုလုပ္ပါဦး ............."
"ငါက ဘာလုပ္ႏိုင္မွာတုန္း"
ခ်ီက်ဳံးယဲ့သည္ သူတို႔နားကပ္လာေသာ ခ်ီယုံ႔ကို ျမင္သည္ႏွင့္ အသံတုန္တုန္ျဖင့္ ေအာ္ပစ္လိုက္သည္။
လူဆိုးေကာင္သည္ ဒီေန႔ညတြင္ အျပစ္ေျပာစရာမရွိေအာင္ကို ဝတ္စားျပင္ဆင္ထားသည္။ သူ႔ပုံစံသည္ ပါတီပြဲအႀကီးႀကီးတက္မည့္ပုံေပၚေနကာ သူ႔ေျခေထာက္ေအာက္မွ အေလာင္းပုံႀကီးသာ မရွိလွ်င္ သူ႔ေနာက္သို႔ လူဘယ္ေလာက္မ်ား လိုက္ေနမည္လဲ မေတြးႏိုင္ေပ။
သို႔ေသာ္ ခ်ီက်ဳံးယဲ့သည္ ေၾကာက္လန႔္တၾကားေနာက္ဆုတ္သြားၿပီး သူ႔ႏွလုံးသားသည္ ေပါက္ထြက္မထြက္ မတအားခုန္လႈပ္ေနသည္။
မေကာင္းဆိုးဝါးသည္ သာယာမႈကို ေမွ်ာ္လင့္ေနေသာ အသံျဖင့္ ေျပာလိုက္သည္။
"ကစားပြဲ.................စၿပီ"
..................................................
က်န္းေလာ့ႏိုးလာသည္ႏွင့္ ပထမဆုံးလုပ္ခဲ့သည့္အရာမွာ သူ႔ေခါင္းအုံးေအာက္မွ ဖူလုကို ၾကည့္ျခင္းျဖစ္သည္။ အေဆာင္ခုႏွစ္ခုရွစ္ခုေလာက္ ျပာက်ေနတာျမင္ေသာအခါ က်န္းေလာ့သည္ ေပ်ာ္႐ႊင္စြာ ရယ္ေမာလိုက္သည္။
'ခ်ီယုံ ခ်ီယုံ ဒီတစ္ေခါက္က မင္းသူမ်ားအိပ္မက္ထဲဝင္ဖို႔ က်ရႈံးတာ ပထမဆုံးအႀကိမ္ ဟုတ္တယ္မလား'
'ဒါေတာင္ မင္းက ထပ္ခါထပ္ခါ ဝင္ရဲေသးတယ္'
သူ႔ေဘးမွ အိပ္ေပ်ာ္ေနေသာ ဂ်င္ဆင္းကေလးေလးသည္ လူးလြန႔္လာကာ သူ႔ရယ္သံေၾကာင့္ ႏိုးလာၿပီး အိပ္ခ်င္မူးတူးမ်က္လုံးမ်ား ဖြင့္လိုက္ကာ
"ေဖ ေဖ.............."
က်န္းေလာ့သည္ ခနေလာက္ အရယ္ရပ္သြားသည္။ အိပ္ရာေပၚမွထကာ အဝတ္အစားလဲၿပီး ၿခံဝန္းထဲတြင္ ခနေလာက္ပတ္ေျပးလိုက္သည္။ မနက္ေစာေစာတြင္ အားကစားလုပ္ရင္း ေနပူဆာလႈံေနသည္။ တစ္နာရီၾကာၿပီးေနာက္ ေခြၽးျပန္ေနေသာ ပုံစံျဖင့္ အခန္းသို႔ျပန္သြားလိုက္သည္။
ေရခ်ိဳးၿပီးေနာက္ မနက္စာစားရန္ လန္းဆန္းစြာ ထြက္သြားခဲ့သည္။ အသုဘပစၥည္းအေရာင္းဆိုင္ပိုင္ရွင္သည္လည္း မနက္စာစားေနတာျဖစ္ၿပီး က်န္းေလာ့သည္ ပူေႏြးေသာ ေခါက္ဆြဲပန္းကန္ကိုယူ၍ ေလာင္က်ီေဘးတြင္ ဝင္ထိုင္လိုက္သည္။ ထို႔ေနာက္ ေမးလိုက္သည္။
"မေန႔က ခင္မ်ားေျပာတဲ့ ဝိဉာဥ္စုပ္ဆြဲျပားရဲ႕စြမ္းအားက တစ္စုံတစ္ေယာက္ရဲ႕ ဝိဉာဥ္ထဲကို ေဖာက္ဝင္ႏိုင္တယ္ဆိုတာ ဘာကို ဆိုလိုတာလဲ"
"လုံးေစ့ပတ္ေစ့ ေသခ်ာေျပာရရင္ကြာ"
အသုဘပစၥည္းအေရာင္းဆိုင္ပိုင္ရွင္သည္ ခနေလာက္ေတြးၿပီး ေျပာလိုက္သည္။
"လူတစ္ေယာက္ရဲ႕ေနာက္ဆုံးအခ်ိန္မွာ ေပၚလာတတ္တဲ့ တစ္ဘဝစာ မွတ္ဉာဏ္ေတြအေၾကာင္းၾကားဖူးလား ၿပီးေတာ့ တခ်ိဳ႕မွတ္ဉာဏ္ေတြက နက္ရႈိင္းလြန္းလို႔ ဝိဉာဥ္ထဲမွာေတာင္ မွတ္ထားသလိုမ်ိဳး ျဖစ္ေနတာ ငါေျပာတဲ့ ဝိဉာဥ္နယ္ေျမဆိုတာ စိတ္ဝိဉာဥ္အတြင္းစိတ္ကို ေျပာခ်င္တာကာ ေျပာရရင္ အတြင္းစိတ္ေပါ့ ငါတို႔ဘဝထဲမွာ အမ်ားဆုံးထိေတြ႕ရတာမ်ိဳး ဒါမွမဟုတ္ရင္ တစ္ဘဝစာလုံးအတြက္ အေရးႀကီးတာမ်ိဳး က်ဳပ္တစ္ဘဝလုံး လက္နက္လုပ္တဲ့ ပန္းပဲပညာနဲ႔အခ်ိန္ကုန္ခဲ့တယ္ကြာ ဒီေတာ့ က်ဳပ္အေၾကာင္းေျပာမယ္ဆိုပါစို႔ က်ဳပ္ဝိဉာဥ္နယ္ေျမထဲက ျမင္ကြင္းက လက္နက္လုပ္တဲ့ ပစၥည္းေတြျဖစ္မယ္ အဲ့ဒါအျပင္ က်ဳပ္က ငါးေတြကို သေဘာက်ေသးတယ္ဆိုရင္ က်ဳပ္အတြင္းပိုင္း ျမင္ကြင္းထဲမွာ ငါးေတြပ်ံေနတာလဲ ျမင္ခ်င္ျမင္ရႏိုင္တယ္ ဒါမ်ိဳးကို ေျပာတာ"
အသုဘပစၥည္းအေရာင္းဆိုင္ပိုင္ရွင္သည္ ေခ်ာင္းဟန႔္လိုက္ၿပီး
"မင္းအဲ့တာကို မယုံႏိုင္မျဖစ္နဲ႔ ေန႔ရက္တိုင္းက အိပ္မက္လိုပဲကြ အိပ္မက္ဆိုတာက တကယ့္ကို သဘာဝလြန္ပုံစံမ်ိဳးပဲ အဲ့ဒီ ဝိဉာဥ္နယ္ေျမထဲက ျမင္ကြင္းက တကယ့္ကို အိပ္မက္လိုပဲ"
က်န္းေလာ့သည္ အေတြးမ်ားသြားၿပီး
"ဒီလိုကိုး နားလည္ပါၿပီ"
"အဲ့တာကို သုံးဖို႔နည္းလမ္းအတြက္က"
အသုဘပစၥည္းအေရာင္းဆိုင္ပိုင္ရွင္သည္ သူ႔ပန္းကန္ေဘးတြင္ တူကို ခ်လိုက္ၿပီး အသံကိုႏွိမ့္၍ ေျပာလိုက္သည္။
"ဒါက နည္းနည္းေတာ့ အဆင္မေျပျဖစ္လိမ့္မယ္ တစ္စုံတစ္ေယာက္ရဲ႕ အတြင္းပိုင္းကို ျမင္ခ်င္ရင္ မင္းျမင္ခ်င္တဲ့လူက ဆြဲျပားကို ထိလိုက္မွ မင္းျမင္ရမွာ"
'ဒါကတကယ္ႀကီး အဆင္မေျပဘူးပဲ'
က်န္းေလာ့သည္ ေခါင္းညိတ္လိုက္ၿပီး အစားဆက္စားေနလိုက္သည္။
'ဒါေပမဲ့ အဲ့ေလာက္ႀကီးခက္ခဲေနတာမ်ိဳးလဲ မဟုတ္ပါဘူး'
က်န္းေလာ့သည္ ဆယ္နာရီထိုးလွ်င္ ေရစိမ္မည္ျဖစ္ၿပီး ထိုအခ်ိန္သည္ ကံၾကမၼာယုံသူေရာက္လာမည့္ အခ်ိန္ျဖစ္သည္။ က်န္းေလာ့သည္ အလြန္အတင့္ရဲၿပီး ကံၾကမၼာယုံသူကို သတ္ခ်င္ေနသည္။ ထိုသို႔ သတ္ရန္လည္း ကံၾကမၼာယုံသူ မည္မွ် သန္မာသည္ကို သိရန္လိုအပ္ၿပီး ကံၾကမၼာယုံသူ၏အားနည္းခ်က္မ်ားကိုလည္း သိမွျဖစ္ေပမည္။
က်န္းေလာ့သည္ ေသျခင္းရွင္ျခင္းၾကား စြန႔္စားရသည္ကို ႀကိဳက္ႏွစ္သက္ၿပီး ယေန႔တြင္ သူသည္ ကံၾကမၼာယုံသူ၏ အတြင္းပိုင္းကို ၾကည့္ရန္ စီစဥ္ထားသည္။
က်န္းေလာ့သည္ လက္သီးဆုပ္၍ ကံၾကမၼာယုံသူကို သူ႔နားဆြဲကို ထိေစရန္ အစီအစဥ္ဆြဲေနသည္။ အသုဘပစၥည္းအေရာင္းဆိုင္ပိုင္ရွင္သည္ က်န္းေလာ့ကို ဒီေန႔ မည္သူ႔စိတ္ထဲဝင္ၾကည့္မည္လဲဟု ေမးမလို႔လုပ္ေနတုန္းတြင္ ႐ုတ္တရက္ မတ္ခနဲျဖစ္သြားကာ
"ေကာင္းကင္သခင္"
ဖုန္းလီသည္ ေျဖးညႇင္းစြာ ေလွ်ာက္လာကာ သူတို႔ေဘးဝင္ထိုင္လိုက္သည္။
က်န္းေလာ့သည္ ဖုန္းလီဘက္လွည့္၍ ၿပဳံးျပလိုက္ကာ
"ဆရာ"
ထို႔ေနာက္ သူသည္ အနည္းငယ္ ေတြေဝရႈပ္ေထြးစြာ မ်က္ခုံးတြန႔္၍ အစားဆက္စားေနသည္။
အသုဘပစၥည္းအေရာင္းဆိုင္ပိုင္ရွင္သည္ သူ႔ကို ခနခနလွည့္ၾကည့္ၿပီးေနာက္ က်န္းေလာ့၏ သ႐ုပ္ေဆာင္စြမ္းရည္ကို ရင္ထဲအသည္းထဲမွ လႈိက္လႈိက္လွဲလွဲ ေလးစားမိသြားသည္။ ဖုန္းလီသည္လည္း က်န္းေလာ့ကို ၾကည့္ေနသည္။ ေကာင္ေလး၏ ဆံပင္သည္ ငုံ႔လိုက္တိုင္း နားေနာက္မွ ေလ်ာေလ်ာက်ေနသည္။
ဆံပင္ကို နားေနာက္သို႔ မည္သို႔ျပန္သပ္သပ္ ဆံပင္ခ်ည္တခ်ိဳ႕သည္ သူ႔မ်က္ႏွာေပၚသို႔ ျပန္က်လာေနဆဲျဖစ္သည္။
ဖုန္းလီသည္ ထိုအရာကို ၾကည့္၍ မ်က္ေမွာင္ၾကဳတ္လိုက္ကာ
"မင္းစားလို႔ၿပီးရင္ ကတ္ေၾကးတစ္လက္ယူလာခဲ့ ဆရာမင္းဆံပင္ကိုညႇပ္ေပးမယ္"
က်န္းေလာ့၏ မ်က္လုံးမ်ားသည္ ေတာက္ပသြားၿပီး ဖုန္းလီဘက္သို႔ လွည့္င ၿပဳံးျပလိုက္ကာ
"ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ ဆရာ"
#########################
Telegram မွာ အၿပီးအထိ တင္ၿပီးပါၿပီေနာ္။