~ TRUST ME ~
By Pan_Rae
41.9K 3.6K 1.1K
m-pregnant BinHao Crd cv photo; More
trust me ~ 1.
trust me ~ 2.
trust me ~ 3.
trust me ~ 4.
trust me ~ 5.
trust me ~ 6.
trust me ~ 7. ***
trust me ~ 9.
trust me ~ 10. ***
trust me ~ 11. ***
trust me ~ 12.
trust me ~ 13.
trust me ~ 14.
trust me ~ 15.
trust me ~ 16.
trust me ~ 17.
trust me ~ 18.
trust me ~ 19. ***
trust me ~ 20.
trust me ~ 21.
trust me ~ 22.
trust me ~ 23. ***
trust me ~ 24.
trust me ~ 25.
trust me ~ 26.
trust me ~ 27.
trust me ~ 28.
trust me ~ 29.
trust me ~ 30. Final
* New Fiction *
trust me ~ 8.
1K 103 15
By Pan_Rae
Uni
" မောင်ပေးတဲ့မွေးနေ့လက်ဆောင်ကိုကြိုက်ရဲ့လား ''
" အောင်မာ မောင်ကငါ့ကိုဘာပေးတာမို့ ဘာကိုကြိုက်ရမှာလဲ မွေးနေ့ရှင်ကိုမပေးဘဲ သူကယူသွားပြီးတော့ ဆောင်းဟန်ဘင်း! "
" အလကားစတာပါ မောင်လက်ဆောင်ပြင်လာပါတယ် ''
" ဘယ်မှာလဲ ပြ ''
ဟန်ဘင်းက ခုံပေါ်မှာတင်ကာလှန်းထားတဲ့ လွယ်အိတ်နှစ်လုံးထဲက သူ့လွယ်အိတ်ကိုသွားယူလိုက်တယ်။ ပြီးနောက်အကျယ်ဆုံးအကန့်မှာ ဟိုရှာဒီရှာလုပ်ပြီး တစ်ခုခုတွေ့သွားတော့ ပြုံးကာထိုပစ္စည်းကိုထုတ်ပြလာတယ်။
" တော်သေးတယ် မိုးရေတွေမစိုကုန်လို့ ''
အနက်ရောင်လေးထောင့်ဘူးရှည်လေးကို လက်ထဲကမ်းပေးလာ​တော့ ယူပြီးတစ်ခါထဲဖွင့်ကြည့်လိုက်တယ်။ အထဲမှာမြင်ရတဲ့အရာကြောင့် ဆောင်းဟန်ဘင်းကိုဇက်ခနဲမော့ကြည့်ကာ မျက်မှောင်တို့အလိုအလျောက်ကြုံ့မိတော့သည်။
" ဒါကဘာလဲ ''
" မောင်လေ ''
" ဘာကိုမောင်လဲ ဆောင်းဟန်ဘင်း ဒီရက်ထဲအရမ်းတွေဆိုးနေပါလား...အင့်ဟယ်
အင့်...အင့် ''
လက်မောင်းကြီးတွေကို တဖြန်းဖြန်းနဲ့မြည်အောင်ကိုရိုက်ပေးလိုက်သည်။ သူ့ရဲ့ မြင်အပ်မမြင်အပ် မျိုးစုံပို့စ်ပေးထားတဲ့ပုံတွေကို ဘူးနဲ့သေချာကိုထည့်ထားတာဖြစ်သည်။ အပေါ်ပိုင်းဗလာနဲ့ အောက်မှာလဲ boxerတစ်ထည်ပဲပါတဲ့ ပုံတွေကနည်းတာမဟုတ် အပုံငါးဆယ်ကျော်လောက်ရှိရော့မည်။
" အာ့... နာတယ်လေဟာအိုရယ် ''
" ဒီထက်​တောင်လုပ်ချင်သေးတာ ဘာလို့အဲ့လောက်တောင်စနောက်ရတာကြိုက်နေတာလဲ ခုနကပဲ နောက်မဆိုးတော့ဘူးဆိုပြီး ခုကျပြောမရဆိုမရဖြစ်လာပြန်ပြီ ''
" မောင့်ကလေးလေးအတွက်သေချာပြင်ဆင်လာတာကို ဘာလို့စနောက်တယ်ထင်ရတာလဲလို့ မောင့်ပုံတွေကိုကြည့်ပြီး ဟာအိုဖြေလျှော့....အား....''
စူးစူးဝါးဝါးအသက်နက်ကြီးက အဆောင်ခန်းထဲပျံ့နှံ့လျက်။ လက်မောင်းကိုကုန်းကိုက်နေတဲ့အားကြောင့် သွားသေးသေးလေးတွေထဲ ဟန်ဘင်းလက်မောင်းသားတွေ ပါသွားပြီလားလို့တောင်ထင်ရတယ်။ သွားသေးပေမယ့်အားမသေးဘူး၊ ကျန်းဟာအိုက လက်တင်ပါတာမဟုတ် ပါးစပ်ပါ ပါတယ်။ အရမ်းဆိုးတာပဲ။
" တော်...တော်ပြီလေ ဟာအိုရယ် ''
ထိုတော့မှ တစ်ချက်အားပျင်းပျင်းကိုက်ပြီးလွှတ်ပေးလာသည်။ လက်မောင်းမှာလဲသွားရာအကွင်းလိုက်ကြီးနဲ့ဖြစ်နေပြီ။ ဒါတောင်မျက်ထောင့်နီလေးက မလျော့သေးဘူး။ ချစ်စရာကောင်းလို့ နှုတ်ခမ်းဖူးဖူးလေးကိုနမ်းတော့ လက်နဲ့ နှုတ်ခမ်းကိုပြန်သုတ်ပစ်သေးတာ။
" ညစ်ညစ်ပတ်ပတ်တွေ ဘယ်ကနေဘယ်လိုတတ်နေလဲ မောင် ''
" ဟာအိုကရော ဘယ်ကနေတတ်လဲ မောင့်ထက်တောင်အများကြီးသိနေသလိုပဲနော် ဟင်းဟင်း ''
" ထပ်အကိုက်ခံချင်ပြန်ပြီလား ''
" ခွေးပေါက်လေးလိုအမြဲတမ်း ကိုက်ချင်နေတော့တာပါလား ''
" မိုးတိတ်နေပြီ ပြန်တော့သွား.....''
" မောင့်ကိုဟာအိုက နှင်ထုတ်ပြီပေါ့လေ ''
" ဟုတ်တယ် နှင်ထုတ်တယ် ''
ညှိုးကျသွားတဲ့မျက်နှာလေးကြောင့် ဟာအိုစိတ်မကောင်းဖြစ်သွားရသည်။ သူလဲစိတ်ပေါက်ပေါက်နဲ့ ပြောလိုက်တာ ပဲ မောင်ကအသည်းငယ်ပြနေတာ။
" မောင်...''
".....''
" မောင်လို့ ''
" မောင်...ငါကတောင်းပန်ပါတယ်နော် အခန်းဖော်ကပြန်လာတော့မှာမောင်ရဲ့ နှစ်ယောက်ထဲနေတာလဲ အရမ်းကြာနေပြီလေနော် မောင်ကလိမ်မာတယ်မလားဟင် ''
ခေါင်းကိုတရစပ်ငြိမ့်ပြလာကာ လွယ်အိတ်ကိုပါ ကောက်လွယ်နေသည်။ပြီးနောက် ဟာအို့လက်ကိုဆွဲပြီး ရှေ့ကနေဦးဆောင်ကာ အခန်းပြင်ထွက်သွားလေသည်။
" အိမ်ကိုသေချာပြန်နော် မဟုတ်လဲ ဒရိုင်ဘာကိုဖုန်းဆက်ပြီးလာကြိုခိုင်းပါလား ''
" ရတယ်မောင် ကိုယ့်ဘာသာပဲ ပြန်လိုက်မယ်''
" မောင်ခုနက စိတ်မကောင်းဖြစ်သွားသေးလားဟင် ''
" မဖြစ်ပါဘူး မောင်ကအရမ်ဆိုးပါလားဆိုပြီးတွေးမိသွားလို့ပါ ''
" မောင့်ကိုငါက ဆိုးလဲချစ်တယ်နော် ''
" အင်းမောင်သိပါတယ် ဟိုပုံတွေသေချာသိမ်းထားနော်...လိုရင်သုံးရတာပေါ့ ''
" မောင့်! !! "
" ဟီးဟီး ချစ်လို့စတာ မောင့်အချစ်ကလေးလာပါအုံး မောင်ကဖက်ပါရစေအုံး ''
လက်ကိုဆန့်တန်းလာကာ ရင်ခွဲထဲသို့ဝင်စေသည်။ မောင့်ရင်ခွင်ဟာ ဘယ်အချိန်ပဲတိုးဝင်ဝင် နွေးထွေးမှုနဲ့ ကြိုဆိုစမြဲ။ ပြီးနောက်ဟာအို့ပါးကို ရှုံ့နမ်းကာ အိမ်ကိုပြန်သွားတော့သည်။
ဟန်ဘင်းဒရိုင်ဘာရဲ့ ဖုန်းဝင်လာတာမြင်ပေ
မယ့် ထုံးစံအတိုင်းမကိုင်ဖြစ်။ ကိုယ့်ဘာသာပဲအိမ်ကိုပြန်တော့မည်။ ထိုစဥ်ဘေးကနေကားတစ်စီးထိုးရပ်လာလေသည်။ သို့သော် သူ့ဘာသာရပ်တာပဲဆိုပြီး သိပ်ခေါင်းထဲမ
ထည့်ပါ ဆက်သာအရှေ့ကိုသွားနေလိုက်သည်။
" ဆောင်းဟန်ဘင်း ''
ကားထဲမှတစ်စုံတစ်​ယောက်ကထွက်လာကာ ဟန်ဘင်းကိုခေါ်လိုက်တဲ့အသံကြောင့် နောက်ကိုလှည့်ကြည့်မိသည်။ ဒါမနက်က သူနဲ့ဟာအိုကို သက်သက်ပြဿနာလာရှာတဲ့ကောင်ပဲ။ ဘာဖြစ်ချင်နေတာပါလိမ့်။
" ဘာလုပ်ဖို့ငါ့နာမည်ကိုခေါ်တာလဲ ''
" အသိပေးစရာရှိလို့လေ ''
" ကြီးကြီးကျယ်ကျယ် တွေလာပြောနေတာပဲ
ဆိုစမ်းပါအုံး အသိပေးစရာကဘာလဲ ''
" ကျွန်တော် ဟောင့်ကောကို သဘောကျတယ်အဲ့တာကြောင့် ကျွန်တော်ကသူ့ကိုရအောင်ယူမှာ ''
" စိတ်ကျန်းမာရေးဆေးရုံကနေ ဆရာဝန်တွေမသိအောင်လွတ်လာတာလား မင်းနာမည်တောင်ငါမသိဘူး ငါ့ချစ်သူကိုလာလုချင်နေတယ် ဟာအို့ကိုတော့မရဘူး ငါ့လက်သီးပဲရမယ် ယူမလား! "
" ခင်ဗျားနဲ့ရန်ဖြစ်ချင်နေတာနဲ့အတော်ပဲ တစ်ယောက်တစ်ချက်ဘယ်လိုလဲ ''
ဟန်ဘင်းအရှေ့က ကလေးအထာနဲ့ကောင်ကြောင့် အတော်လေးရယ်ချင်စိတ်ကိုထိန်းထားရသည်။ သူလုတိုင်းဟာအိုကိုရမှာမို့လား။ ဟာအိုက ဟန်ဘင်းကိုသိပ်ချစ်တာ လူတိုင်းသိတယ်။ ဟန်ဘင်းနဲ့ ချွမ်ရွေ့ အကြည့်ချင်းစစ်တိုက်ကာ ပွဲကြီးပွဲကောင်းဖြစ်ကြတော့မည်အပြု
" မောင့်...''
ဟာအို့ရဲ့အော်သံကြောင့် ဟန်ဘင်းကြောင်အနေတုန်းမှာပဲ ချွမ်ရွေ့ရဲ့ လက်သီးတစ်ချက်က ဟန်ဘင်းရဲ့ပါးစောင်သို့ ဝင်ရောက်လာသည်။ ရုတ်တရက်တိုက်ခိုက်ခံလိုက်ရတာကြောင့် ဟန်ဘင်းပြာခနဲ ဖြစ်သွားပေမယ့် မဆိုင်းမတွပါပဲ ချွမ်ရွေ့ထံသို့လက်သီးတစ်ချက်ပေးလိုက်သည်။ လေးငါးချက်ခန့်အပြန်အလှန် ထိုးနှက်နေတုန်းမှာပင် ဟာအိုကဝင်ရောက်လာကာ လူချင်းခွဲစေတော့သည်။
" ရှန်ချွမ်ရွေ့...မင်းငါ့တို့ကိုဘာလို့လိုက်နှောင့်ယှက်နေတာလဲ ''
" မသိဘူးလေ ဒီအတိုင်းအမြင်ကပ်လို့ ''
" ရူးနေတာမဟုတ်ရင် ကြောင်နေတာပဲ ငါတို့နဲ့မင်းက ဘာပတ်သက်စရာမှရှိမနေဘူးနော် ''
" ကျွန်တော်ကလဲ ခင်ဗျားနဲ့ မပတ်သက်ချင်ပါဘူး ဟောင့်ကောနဲ့ပဲ ပတ်သက်ချင်တာ ငါးချက်ပဲထိုးလိုက်ရတာ ပျင်းစရာကြီး နောက်လဲရန်ဖြစ်ချင်ရင်ထပ်လာခဲ့မယ် ''
ကားကိုဝူးခနဲမောင်းထွက်သွားတဲ့ ရှန်ချွမ်ရွေ့ကိုဟာအိုရောဟန်ဘင်းပါ ပါးစပ်အဟောင်းသားနဲ့ကြည့်နေမိသည်။
" တော်တော်ကြောင်တဲ့ အကောင်ပဲ လူကလက်တောက်လောက်နဲ့ ''
" မောင့် မျက်နှာအတော်အခြေနေဆိုးတာပဲ အဆောင်ကိုပြန်လိုက်ခဲ့ ဆေးထည့်ပေးမယ် ''
" နေဦး ဟာအိုက ဘယ်ကဘယ်လိုမောင့်နောက်လိုက်လာတာလဲ ''
" မောင့်ပိုက်ဆံအိတ်ကျန်ခဲ့​လို့လေ..
တကယ်ပဲ ဘာမှကို သေချာမစစ်ပဲ
ထွက်သွားတယ် အကောင်းထဲကအဆိုးလို့ပြောရမှာပဲ မဟုတ်ရင်ဘယ်လောက်တောင်အကြီးအကျယ်ရန်ဖြစ်နေကြမလဲမသိဘူး ခုတော့မောင့်မျက်နှာ စုတ်ပြတ်သတ်နေပြီ ''
" ဒီဒဏ်ရာလောက်ကိုမောင်ကအေးဆေး
သူလဲ မောင့်လက်သီးကို အဝစားလိုက်ရပါတယ်ဟာအိုရဲ့ ''
" မပြောနဲ့တော့ ဘယ်သူဘာဖြစ်ဖြစ် ငါ့ချစ်သူမထိခိုက်ဖို့ပဲ အရေးကြီးတယ်
လာ...လိုက်ခဲ့ ''
" ဟီး...ဟီး..''
ပါးစပ်ကနေလဲ ပွစိပွစိပြောကာ ဆူပူနေတဲ့ ချစ်သူလေးကို ပြုံးလျက်ကြည့်ရင်း ဟန်ဘင်းတစ်ယောက်အဆောင်သို့ ယောင်လည်လည်နဲ့ ပြန်ပါသွားရပြန်သည်။ ဒီတစ်ခါတော့ အားရပါးရထပ်နမ်းပြီးမှပြန်ရမယ်။
တစ်နေ့ထက်တစ်နေ့ ရှန်ချွမ်ရွေ့ ရဲ့မျိုးစုံနှောင့်ယှက်မှုတွေကို သူတို့နှစ်ယောက်သားခံနေရသည်။ အရင်ကကျောင်းပြင်ပမှာပဲ ပြဿနာရှာပေမယ့် ယခုနောက်ပိုင်း ကျောင်းတွင်းထဲထိလိုက်ကာ ဒုက္ခပေးတတ်သည်။ private ကျောင်းဆိုပေမယ့် ရှန်ချွမ်ရွေ့ ကတော့ ကျောင်းထဲကိုလွတ်လပ်စွာသွားလာခွင့်အပြည့်ရှိနေလေသည်။
ဟာအို့အနားကတောင် ဟန်ဘင်းမှာမခွာရဲ။
ဒီကောင် တရုတ်မှာကျောင်းမတက်ဘူးလားစာမသင်ဘူးလား၊ တစ်နေ့တစ်နေ့ ဘာလုပ်စရာမှမရှိဘဲ အားယားနေတာလား လို့တောင်တွေးမိလာသည်။ တစ်ပတ်ကိုအနည်းဆုံးသုံးရက်တော့ပေါ်လာတတ်တယ်။
ရှန်ဟိုင်းနဲ့ ဆိုးလ်ကိုအသွားအပြန်လုပ်နေတာ လေကြောင်းလုပ်ငန်းကို ရှာကျွေးနေတဲ့ကောင်။ ဟာအိုပြောပြလို့ ရှန်မျိုးရိုးဆိုတာ သူတို့နိုင်ငံမှာအတော်လေးအင်အားကြီးတဲ့ စံအိမ်မျိုးရိုးဆိုတာသိရတယ်။
တီဗွီကသတင်းထဲမှာတော့ တစ်ခါတစ်ရံ ဒီကောင်ပါလာတတ်တာသိသည်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ထင်တိုင်းကြဲ​နေတာ သူ့မိဘတွေမတားဘူးလားမသိ။
" ဟာအို...မောင်သိပ်စိတ်ပူတာပဲ ''
ခေါက်ဆွဲဘူးကိုစားနေတဲ့ဟာအို​တောင် စားနေရင်းရပ်သွားရသည်။ ဆိုင်းမဆင့်ဘုံမဆင့်ပြောလာပေမယ့် မောင့်စိတ်ကိုသိတာကြောင့် ဟာအိုမောင့်ခေါင်းလေးကိုပုတ်ပေးကာ ပြုံး၍ပြန်ဖြေမိသည်။
" သူ့ဘာသူဘာကြီးပဲ ဖြစ်နေပါစေ ငါမောင့်တစ်ယောက်ထဲကိုပဲချစ်တာမို့ မောင်ကစိတ်မပူနဲ့နော် ''
" အဲ့ကောင်က အရမ်းချောတာ ဟာအိုသူ့ဆီပါသွားရင်ဘယ်လိုလုပ်မလဲ ''
" အဲ့လိုဆို ငါ့ချစ်သူကရောမချောလို့လား ဒီကမ္ဘာပေါ်မှာ ဆောင်းဟန်ဘင်းလောက်ဘယ်သူမှမချောဘူး ဟုတ်ပြီလား အဓိက ချောတာမချောတာထက် ငါကမောင်ဖြစ်နေလို့ကိုချစ်တာ ''
" တကယ်လား ''
" တကယ်ပေါ့ ''
" နောက်မှသစ္စာမဖောက်ရဘူးနော် ''
" အဲ့လိုဘယ်တော့မှမဖြစ်စေရဘူး ''
စိတ်ပူပန်မှုတွေကို ပွေ့ဖက်ခြင်းတွေဖြင့် ချုပ်ငြိမ်းစေတယ်။ သစ္စာမဲ့ခြင်းကိုရွေးချယ်သွားတဲ့အခါ ခံနိုင်ရည်မရှိနိုင်လောက်ဘူး။
မောင်ကတော့ ခွင့်လွှတ်ဖို့ကိုတွေးနိုင်လိမ့်မယ်မထင်။ မောင်ကသိပ်ကိုအစွဲအလမ်းကြီးတာ။
ငါ့ရဲ့ သစ္စာတွေကတည်ခဲ့ပါတယ်၊ မောင်မမြင်ခဲ့ရုံပါ။ အတ္တကိုရှေ့တန်းတင်တဲ့မောင်က ခွင့်လွှတ်နားလည်ခြင်းကိုမမြင်နိုင်သရွေ့
စုံလုံးကန်းနေဦးမှာပဲ။
______________
ဟာအိုအဘွားတော်ကို ပြောပြီး ကားရပ်ထားတဲ့နေရာကိုသာထွက်လာခဲ့တယ်။ အဘွားကတော့ ဟိုရှန်ချွမ်ရွေ့နဲ့သာကျန်ခဲ့ပြီ။ အဲ့ဒီနေရာမှာ တစ်စက္ကန့် လောက် ထပ်နေရင်ကို မွန်းကြပ်လွန်းလို့ သေသွားနိုင်တယ်။ ရည်ရွယ်ချက်ရှိရှိ ကျရောက်လာတဲ့ အကြည့်တွေအပြောတွေရဲ့ ဒဏ်ကိုမခံနိုင်ဘူး။
တစ်ခုတည်းသောတွေးမိတဲ့မောင့်မျက်နှာချောချောကြောင့် ကားထဲဝင်ကာ video callခေါ်ဖို့ကိုပဲတွေးလိုက်တယ်။ တုန်ခါသံနှစ်ချက်မှာတင် ဖုန်းကိုင်လာတာမို့ မောင်လဲ ဟာအို့ကို လွမ်းနေလောက်တယ်။ ဖုန်းမျက်နှာပြင်မှာမြင်ရတဲ့မောင့်မျက်နှာလေးကြောင့် ဟာအို့တွေးမိတာက တကယ်ပဲ
ဟာအို့မှာမောင့်အပြင်မရှိဘူးဆိုတာပဲ။
နှစ်မိနစ်လောက်အထိဘာစကားမှမပြောဘဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေခဲ့ကြတယ်။ တစ်အောင့်နေမှ မောင့်ဘက်ကစပြီးစကားပြောလာခဲ့တယ်။
" ဒီအချိန်ကြီး အပြင်ရောက်နေတာလား
ဝတ်စုံပြည့်နဲ့ဆိုတော့ ''
ကားနောက်ခန်းမှာ အမှောင်ချထားပေမယ့် မျက်နှာနဲ့ အပေါ်ပိုင်းခန္ဓာကိုယ်တော့သေချာမြင်နေရတယ်။ မောင့်အပြောကို မလုံမလဲစိတ်ကြောင့် အိုးတိုးအန်းတန်းဖြစ်သွားရတယ်။ မောင်မကြိုက်တဲ့အရာကို လုပ်နေတော့ သူခိုးလူမိသလိုဖြစ်နေတာပေါ့လေ။
ဟာအိုချောင်းတစ်ချက်ဟန့်လိုက်ပြီး ပြုံးကာပြန်ဖြေလိုက်တယ်။
" အင်းညစာ စားပွဲတစ်ခုကိုရောက်နေတာမောင်ရော အခုဘာလုပ်နေလဲ ''
" ဟာအို့ကိုလွမ်းလို့ နှစ်ယောက်အတူရိုက်ထားတဲ့ပုံတွေကိုပြန်ကြည့်နေတာ ''
ပိုရန်ကော ဆိုတဲ့မျက်နှာပေးလုပ်ပြတော့ မောင်က ဟက်ဟက်ပက်ပက်ရယ်လာတယ်။
ထပ်ပြီးနှစ်ဦးသားတိတ်ဆတ်သွားပြန်ပြီ။
မောင်နဲ့ မျက်ဝန်းချင်းစုံတိုင်း မရိုးနိုင်တဲ့ ရင်ခုန်ခြင်းတွေကို ဖြစ်ပေါ်စေတယ်။ မောင့််ရဲ့ ညို့အားပျင်းတဲ့မျက်ဝန်းတွေကနေ ရုန်းထွက်ဖို့လဲ ခက်ခဲလွန်းတယ်။
" သန္ဓေလမ်းကြောင်းစစ်တာ ဒီတစ်ခေါက်လဲ အဆင်ပြေတယ်သိလား မောင် ''
" ရလဒ်ကောင်းမယ်ဆိုတာသိပြီးသားပါ ဒါနဲ့ မနက်ဖြန်ဆိုတစ်ပတ်ပြည့်ပြီလေ ပြန်လာခဲ့တော့နော် မောင်လွမ်းနေပြီ မောင်ကိုယ်ချင်းမစာပဲပြောတာမဟုတ်ပါဘူး ဟာအိုအဲ့ဒီနိုင်ငံမှာရှိနေသ၍ မောင်စိတ်မချနိုင်ဘူးကွာ ''
" ငါလဲလွမ်းပါတယ် ငါကအမြဲတမ်း
မောင်ရှိတဲ့အရပ်ကိုပဲ ပြန်လာမှာမို့
စိတ်ချနော် မောင် ''
ဒေါက်ဒေါက်!
ကားမှန်ကို လူတစ်ယောက်လက်နဲ့ လာခေါက်နေတာကြောင့် ဒရိုင်ဘာအကိုဖြစ်မယ်ဆိုပြီး ကားတံခါးကိုဖွင့်ကြည့်လိုက်တယ်။ သို့ပေမယ့် ဒရိုင်ဘာအကိုမဟုတ်ဘဲ ရှန်ချွမ်ရွေ့ ဖြစ်နေခဲ့တယ်။ မောင်နဲ့ပြောနေတဲ့ ဖုန်းကိုအမြန်ချလိုက်ပေမယ့် မမှီတော့ဘူး ရှန်ချွမ်ရွေ့ ရဲ့ ဟောင့်ကော ဆိုတဲ့ခေါ်သံက အရင်ဦးသွားခဲ့တယ်။
" ဟာအို! !! "
သွားပြီ မောင်ကြားသွားခဲ့ပြီ မောင်တော့ဘယ်လိုထင်သွားမလဲမသိပေမယ့် နောက်မှမောင်စိတ်ကျေနပ်လောက်တဲ့ ဖြေရှင်းချက်မျိုးတွေပေးရမှာပဲ။ ဖုန်းကိုချကာ ကားထဲက ဟာအို့ကို ခါးကိုင်းလျက်ကြည့်နေတဲ့ ရှန်ချွမ်ရွေ့ကို မျက်မှောင်ကြုံ့လျက် ကြည့်ရင်း။
" မင်းဘာလုပ်မလို့လဲ ''
" ဆောင်းဟန်ဘင်း နဲ့ ပြော​နေတာလား ဆောရီးမသိလိုက်လို့ အဟက် ''
" ကိစ္စမရှိပါဘူး မင်းရဲ့စိတ်ဓာတ်ကိုငါက သိပြီးသားမို့လို့ အခုဘာကိစ္စလဲပြော ''
" အဆင်ပြေမယ်ဆို သူ့ကိုပါတစ်ခါတည်းအိမ်လိုက်ပို့ပေးလို့ရမလား ''
" ဘယ်သူ့ကိုလဲ ''
ရှန်ချွမ်ရွေ့ လက်ညိုးထားပြတဲ့သူက ခုနကတစ်ဝိုင်းထဲအတူထိုင်နေခဲ့တဲ့ ချွမ်ရွေ့ ဘေးက ကောင်လေး။ အခုနကလိုပဲ ခေါင်းကိုတွင်တွင်ငုံ့ထားလျက်နဲ့။
" သူ့ကိုခေါ်သွားပေး ''
ထိုကောင်​လေးက ဇက်ကလေးစောင်း၍
ကြည့်လာကာ...
" မင်းပြောတော့ ငါ့ကိုလိုက်ပို့မယ်ဆို ''
" အခုမအားတော့လို့လေ ''
" အဲ့ဆိုလဲငါ့ဘာသာပြန်မယ် သူများကို
ဒုက္ခမပေးချင်ဘူး ''
" မရဘူး ''
" ရှန်ချွမ်ရွေ့! "
" လာမအော်နဲ့ လိုက်သွားဆိုလိုက်သွားတစ်ယောက်ထဲသွားမှာကို စိတ်မချဘူး ''
" ဟင် ''
ဟာအို ထိုကောင်လေးနဲ့ ရှန်ချွမ်ရွေ့ ရဲ့အ​ခြေအနေကိုအကဲခတ်နေလိုက်သည်။ ရှန်ချွမ်ရွေ့ က တကယ့်ကိုထင်တာထက် တဇွတ်ထိုးတဇောက်ကန်းပါလား။ လူတိုင်းကိုသူလုပ်ချင်သလိုလုပ်လို့ ရတယ်ထင်နေတာပဲ။
" ကျွန်တော့်ကိုအားမနာပါနဲ့ အတူလိုက်ခဲ့ပါ
တစ်ယောက်ထဲသွားတာထက်စာရင် အန္တရာယ်ကင်းတာပေါ့ အထူးသဖြင့်တစ်ချို့လူတွေလိုက်ပို့မှာထက်စာရင်လေ ''
ဘယ်နေရာ ရယ်စရာပါနေလို့လဲတော့မသိ
ရှန်ချွမ်ရွေ့က အားရပါးရရယ်နေလိုက်တာများ။
" တကယ့်ကို နှစ်ယောက်ကထင်ထားတဲ့ထက် တစ်မျိုးစီ စိတ်ဝင်စားဖို့ကောင်းတာပဲ''
ဒီလိုစကားမျိုးကို လူဆိုးကောင်လေးဆီက ထွက်လာလိမ့်မယ်လို့ ထယ်ရယ်ဘယ်တုန်းကမှမထင်ခဲ့ဖူးဘူး။ ကျန်းဟောင့်ဆိုတဲ့တစ်ယောက်ရဲ့ မျက်နှာတွင်လဲ အလိုမကျမှုတွေက အတိုင်းသား။ ထယ်ရယ့်စိတ်ထဲအဆင်မပြေဖြစ်လာတာကြောင့် ကားတံခါး
ဖွင့်လျက်ရှိနေတဲ့ ကျန်းဟောင့်ရဲ့ကားထဲ ဝင်ကာထိုင်လိုက်တော့ ကျန်းဟောင့်ကဟိုဘက်ကို အလိုက်တသိတိုးပေးတယ်။
ထယ်ရယ်ကားတံခါးကို ပြုတ်ထွက်မတတ်ဆောင့်ပိတ်လိုက်တော့ မနူးမနပ်တွေပါလားဆိုတဲ့ လှောင်ရိပ်ပါ​နေတဲ့ ရယ်သံတွေကိုမကြားရတော့ဘူး။ တစ်ခဏတော့ ခါးထောက်လျက် အပြင်ဘက်ခြမ်းမှာရပ်ကြည့်နေရင်း နောက်ကျ ထွက်သွားတော့တယ်။ ကျန်းဟောင့်ဆိုတဲ့သူကလဲ ထယ်ရယ့်ကိုဘာတစ်ခွန်းမှမေးမြန်းခြင်းမရှိ။
လူမှုရေးသိတတ်တာလား ​မေးစရာတွေပြည့်နေလို့ ဘယ်ကစမေးရမှန်းမသိဖြစ်နေလို့လားတော့မပြောတတ်ပါ။ ခဏနေကျ ကျန်းဟောင့်ရဲ့အဘွားတော်ကရောက်ချလာပြီး အနည်းငယ်မေးခွန်းလေးတွေဖြေလိုက်ရပေမယ့် အိမ်ကိုသေချာလေးလိုက်ပို့ပေးကြတယ်။ ကားပေါ်ကဆင်းတော့ ကျန်းဟောင့်ကပါလိုက်ဆင်းလာတယ်။
" အဘွား ခဏလေးစောင့်နော် ကျွန်တော်
သူ့ကိုပြောစရာလေးရှိလို့ ''
" အမြန်လုပ်နော် ဟောင့်ဟောင့် အချိန်က
ညနက်နေပြီ ''
" ဟေ့...ဒီမှာ ''
ခြံတံခါးကိုဖွင့်နေတဲ့ ထယ်ရယ်ရဲ့ လက်တွေကရပ်တန့်သွားကာ ကျန်းဟောင့်အားလှည့်ကြည့်လာတယ်။
" ငါကကျန်းဟောင့်ပါ ''
" ငါက ဂင်မ်ထယ်ရယ် ''
" ဟင်..ကိုရီးယားလူမျိုးလား ''
" ဟုတ်တယ်...''
" အာ..ငါကဆိုးလ်မှာကျောင်းတက်နေတာ''
" သိတယ် မင်းအကြောင်းငါအကုန်သိတယ်''
ဟာအိုအနည်းငယ်​တော့ အံ့သြမိသွားပေမယ့် သူထင်တာမှန်နေပြီလို့ ကောက်ချက်ချလိုက်တယ်။ အရှေ့မှာ မျက်နှာတည်နဲ့ ရပ်နေတဲ့ ထယ်ရယ်က ဟာအိုတစ်ခုခုပြောလာဖို့ကို အချိန်ပေးပြီးစောင့်ဆိုင်းနေတယ်။ ရှန်ချွမ်ရွေ့ ရဲ့တစ်စုံတစ်ရာလေးက အပေါ်ယံအနေအထားတောင် ထပ်တူကျနေတယ်လို့ ခံစားရတယ်။
" ပြောစရာရှိနေတာလား ''
" အင်းဟုတ်တယ် ''
" ပြောလေ ငါစောင့်နေတယ် ''
ဟာအိုသက်ပျင်းရှည်တစ်ခုချပြီးမှ တိုတိုနဲ့ လိုရင်းရောက်စေမယ့် စကားတစ်ခုကိုပြောလိုက်တယ်။
" ရှန်ချွမ်ရွေ့ က မကောင်းတဲ့လူပဲ ဒါကြောင့်
မချစ်မိစေနဲ့ ''
" ငါမချစ်ရင်သူ့ကိုဘယ်သူချစ်မှာလဲ
မင်းလား ''
" ငါကသူ့လိုလူကိုချစ်ရလောက်အောင်
မရူးသေးဘူး ''
" အင်းငါကတော့ လူဆိုးကောင်လေး
အပေါ် ရူးသွပ်နေမိပြီ ''
" တစ်ချို့ ရူးသွပ်ခြင်းတွေက အပေးရှိရင်အယူရှိတယ် အပေးကြီးပဲဆိုရင် ရူးသွပ်တာမဟုတ်ဘဲ ရူးမိုက်တာဖြစ်သွားပြီ မမိုက်ချင်စမ်းပါနဲ့ ဂင်မ်ထယ်ရယ် ''
" မိုက်တွင်းကနက်တယ် ငါခုန်ဆင်းချင်တယ်
ချောက်နက်ထဲမှာ ရှန်ချွမ်ရွေ့ရှိနေမယ်ထင်တယ် ''
တစ်ခါတစ်ရံပူလောင်နာကျင်ရတာကိုမှ လူတွေကတပ်မက်မိကြတယ်။ ထိုအရာမှာပျော်ဝင်တတ်ကြတယ်။ အသည်းနှလုံးတွေ တစ်ဖြေးဖြေး စုတ်ပြတ်သတ်လာရင်တောင် ဓားနဲ့ထပ်ပြီး မွှန်းပေးပါအုံးလို့ တောင်းဆိုနေတတ်ကြတယ်။ အချစ်ပေါ်ရူးမိုက်နေတာ ချောက်ကမ်းပါးအစွန်းကိုရောက်မှန်းမသိရောက်နေပြီ။
ဒါတောင် သူရူးတွေက ခုန်ဆင်းအုံးမှာတဲ့။ အပြစ်မတင်ချင်ပါဘူးလေ သူကိုယ်တိုင်လဲ နှလုံးသားကို မြှားဗဟိုချက်လို အဆိပ်မြှားတွေ ပစ်ဝင်လာဖို့ကို စောင့်နေခဲ့သေးတာပဲ။
သူရူးနဲ့ သူနှမ်း ဘယ်သူကမှ သာမနေပါဘူး။
ဘာကြောင့်ဆို နှစ်ယောက်လုံးက ရူးမိုက်နေကြတာပဲလေ။ သို့သော် မောင့်အပေါ်ရူးနှမ်းတဲ့ငါကတော့ အပေးရှိသ၍ အယူလဲရှိတယ်။
______________
" ဒီနေ့စိတ်တွေကိုပေါ့ပါးနေတာပဲကွာ..ဟားဟား ''
" အံမယ် ဘာတွေကိုအဲ့လောက်သဘောကျနေလဲသား ''
ဆိုဖာပေါ်ခြေပစ်လက်ပစ်ထိုင်နေတဲ့ချွမ်ရွေ့ရဲ့ဘေးကို မားက ကပ်ကာလာထိုင်တယ်။ မားရဲ့ပခုံးပေါ်ခေါင်းတင်လိုက်တော့ မားက
ချွမ်ရွေ့ဆံပင်ဝါလေးတွေကိုပွတ်သပ်ပေးလာတယ်။ လိုချင်တဲ့အရာတစ်ခုရှိလာတိုင်း နားလည်ရခက်တဲ့ လူဆိုးကောင်လေးအဖြစ်ကနေ ကြောင်ဝါလေးအဖြစ်သို့ကူးပြောင်းသွားတတ်တယ်။
သူ့ရဲ့ချစ်စရာကောင်းတဲ့ ဘက်ခြမ်းကို လူနှစ်ဦးအပေါ်တွင်သာပြသခဲ့ဖူးတယ်။ တစ်ဦးကမားဖြစ်ပြီးတော့ နောက်တစ်ဦးကတော့ မျက်လုံးထောင့်ကမှည့်နက်ကလေးနဲ့လူ။ သူကတော့သတိမထားမပါဘူး ချွမ်ရွေ့ကို လူဆိုးကောင်လေးအဖြစ်ပဲ သတ်မှတ်နေတာ။ သူကမှတကယ်နားလည်ရခက်တာ။
" မား....ကျွန်တော် ဟောင့်ကောကိုအပိုင်လိုချင်တယ်...သူနဲ့လက်ထပ်ချင်တယ် ''
" ရုတ်တရက်ကြီးပါလားသားရယ် သားတို့ကငယ်သေးတယ်လေကွယ် ''
" မသိဘူးဗျာ ကျွန်တော်သူ့ကိုလိုချင်နေပြီ
မားအမြန်တစ်ခုခုစီစဥ်ပေး ''
" သားကသူ့ကို အဲ့လောက်သဘောကျတာလား ဟင် ''
" ဟင့်အင်း စိတ်ဝင်စားဖို့ကောင်းလို့ ဒီအတိုင်း အပျော်ပေါ့ ''
" စေ့စပ်ပွဲ​လောက်စီစဥ်ပေးထားရင်ရော မားရဲ့သားလေးအဆင်ပြေမယ်မလား ''
" လက်ထပ်ပွဲကရော မား ''
" သူ့အလိုလို​ဖြစ်လာစေရမယ်လို့
မားအာမခံတယ် ''
ထပ်ပြီးပါးကို နမ်းကာထွက်သွားတဲ့ သားရဲ့မျက်နှာမှာမဲ့ပြုံးတွေဆင်နေခဲ့တာကိုတွေ့ရတယ်။ ဒါပေမယ့် သူမသားကမှ လိုချင်ပြီဆိုမှတော့ သူမက မရရတဲ့နည်းနဲ့ ဖြည့်စည်းပေးဖို့အချိန်တန်ပြီလေ။ မနက်ဖြန် ကျန်းမျိုးရိုးရဲ့ အိမ်တော်ကိုသွားရမှာပဲ။
______________
" ရှန်ချွမ်ရွေ့ မင်းငါ့ချစ်သူကို တစ်သက်မပိုင်စေရဘူး ''
" စိန်ခေါ်တာမျိုးကို သိပ်သဘောကျတာနော်
ဟောင့်ကောသာ ကျွန်တော့်ရင်ခွင်ထဲရောက်လာရင် ခင်ဗျား နှလုံးသားကို
ခွေးကျွေးပစ်ဖို့သာပြင်ထား ''
" ငါ့ချစ်သူသာ သူ့အလိုလိုငါ့အချစ်တွေအောက်က ရုန်းမထွက်နိုင်ခဲ့ရင်လဲ မင်းရဲ့နှလုံးသားကိုမီးကင်ပစ်ဖို့တွေးထား ''
အတ္တသမားတွေက စီးချင်းထိုးနေခဲ့ကြပြီ။ ကြိုးဝိုင်းထဲကလူနဲ့ ကြိုးဝိုင်းအပြင်ဘက်ကလူနှစ်ယောက်ဟာ နှလုံးသားကို တံစားခံအဖြစ်ထားထားရတယ်။ လောဘ၊ဒေါသကိုသာ ရှေ့တန်းတင်နေကြတဲ့ အတ္တသမားတွေဟာ ထိုသူနှစ်ယောက်ရဲ့ ခံစားချက်တွေကိုတော့လှည့်မကြည့်ခဲ့ကြဘူး။ နာကျင်စွာ ငိုရှိုက်နေခဲ့တာကိုလည်း လှည့်မကြည့်ခဲ့ကြပါဘူး။
______________
Trust me:
18.9.2023 Mon
❀ Pan_Rae ❀  
ဒီအပိုင်းမှာ ရှန်ချွမ်ရွေ့ ပြောတဲ့ မျက်လုံးထောင့်ကမှည့်နက်ကလေးဆိုတာ ဘယ်သူ့ကို့ပြောတာပါလိမ့်။
မနေ့က အိုတီပီနှစ်ခုလုံးရဲ့ မူးမန့်တွေ တနင့်တပိုးရထားတော့ လူကတိမ်တွေပေါ်မှာလွင့်နေတာနဲ့ အပ်ပဒိတ်တောင်မပေးနိုင်​တော့ဘူး><
သားနဲ့သားမက်ကို ချစ်လိုက်တာမှတုန်လို့:3
Zawgyi
" ဘယ်မှာလဲ ပြ ''
" ဒါကဘာလဲ ''
" မောင်လေ ''
အင့်...အင့် ''
" အာ့... နာတယ်လေဟာအိုရယ် ''
" ဟုတ်တယ် နှင်ထုတ်တယ် ''
" မောင်...''
".....''
" မောင်လို့ ''
" မောင့်! !! "
" ဆောင်းဟန်ဘင်း ''
" အသိပေးစရာရှိလို့လေ ''
" မောင့်...''
" နေဉီး ဟာအိုက ဘယ်ကဘယ်လိုမောင့်နောက်လိုက်လာတာလဲ ''
လာ...လိုက်ခဲ့ ''
" ဟီး...ဟီး..''
" တကယ်လား ''
" တကယ်ပေါ့ ''
စုံလုံးကန်းနေဉီးမှာပဲ။
______________
ထပ်ပြီးနှစ်ဉီးသားတိတ်ဆတ်သွားပြန်ပြီ။
" သန္ဓလေမ်းကြောင်းစစ်တာ ဒီတစ်ခေါက်လဲ အဆင်ပြေတယ်သိလား မောင် ''
စိတ်ချနော် မောင် ''
ဒေါက်ဒေါက်!
" ဟာအို! !! "
" မင်းဘာလုပ်မလို့လဲ ''
" ဘယ်သူ့ကိုလဲ ''
" သူ့ကိုခေါ်သွားပေး ''
ကြည့်လာကာ...
" အခုမအားတော့လို့လေ ''
ဒုက္ခမပေးချင်ဘူး ''
" မရဘူး ''
" ရှန်ချွမ်ရွေ့! "
" ဟင် ''
ညနက်နေပြီ ''
" ဟေ့...ဒီမှာ ''
" ငါကကျန်းဟောင့်ပါ ''
" ငါက ဂင်မ်ထယ်ရယ် ''
" ဟုတ်တယ်...''
" ပြောစရာရှိနေတာလား ''
" အင်းဟုတ်တယ် ''
" ပြောလေ ငါစောင့်နေတယ် ''
မချစ်မိစေနဲ့ ''
မင်းလား ''
မရူးသေးဘူး ''
အပေါ် ရူးသွပ်နေမိပြီ ''
______________
" လက်ထပ်ပွဲကရော မား ''
မားအာမခံတယ် ''
______________
ထိုလူနှစ်ယောက်ရဲ့ ခံစားချက်တွေကိုလှည့်မကြည့်ဘူး။ နာကျင်စွာ ငိုရှိုက်နေတာကိုလဲ
______________
Trust me:
18.9.2023 Mon
❀ PanSuKhat ❀
ဒီအပိုင်းမှာ ရှန်ချွမ်ရွေ့ ပြောတဲ့ မျက်လုံးထောင့်ကမှည့်နက်ကလေးဆိုတာ ဘယ်သူပါလိမ့်။ ^^
မနေ့က အိုတီပီနှစ်ခုလုံးရဲ့ မူးမန့်ကိုတနင့်တပိုးရထားတော့ တိမ်တွေပေါ်မှာလွင့်နေတာနဲ့ အပ်ပဒိတ်တောင်မပေးနိုင်ဘူးဖြစ်သွားတယ်><
သားနဲ့ သားမက်ကိုချစ်လိုက်တာမှတုန်နေတာပဲရှင်:3
Continue Reading
You'll Also Like
1.3M 51.6K 55
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
409K 12.3K 94
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
440K 11.3K 27
A Princess who got lost in the city she's not familiar with. A Bitch CEO who is cold outside but a softie if she's in the mood. When the Princess a...
1.1M 19.1K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...