ဒီအပြစ်သားက ရှင်သန်လို...(၂)...

By Swae_Nyoe

114K 17.9K 475

ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။ More

အခန်း ၁၁၁
အခန်း ၁၁၂
အခန်း ၁၁၃
အခန်း ၁၁၄
အခန်း ၁၁၅
အခန်း ၁၁၆
အခန်း ၁၁၇
အခန်း ၁၁၈
အခန်း ၁၁၉
အခန်း ၁၂၀
အခန်း ၁၂၁
အခန်း ၁၂၂
အခန်း ၁၂၃
အခန်း ၁၂၄
အခန်း ၁၂၅
အခန်း ၁၂၆
အခန်း ၁၂၇
အခန်း ၁၂၈
အခန်း ၁၂၉
အခန်း ၁၃၀
အခန်း ၁၃၁
အခန်း ၁၃၂
အခန်း ၁၃၃
အခန်း ၁၃၄
အခန်း ၁၃၅
အခန်း ၁၃၆
အခန်း ၁၃၇
အခန်း ၁၃၉
အခန်း ၁၄၀
အခန်း ၁၄၁
အခန်း ၁၄၂
အခန်း ၁၄၃
အခန်း ၁၄၄
အခန်း ၁၄၅
အခန်း ၁၄၆
အခန်း ၁၄၇
အခန်း ၁၄၈
အခန်း ၁၄၉
အခန်း ၁၅၀
အခန်း ၁၅၁
အခန်း ၁၅၂
အခန်း ၁၅၃
အခန်း ၁၅၄
အခန်း ၁၅၅
အခန်း ၁၅၆
အခန်း ၁၅၇
အခန်း ၁၅၈
အခန်း ၁၅၉
အခန်း ၁၆၀
အခန်း ၁၆၁
အခန်း ၁၆၂
အခန်း ၁၆၃
အခန်း ၁၆၄
အခန်း ၁၆၅
အခန်း ၁၆၆
အခန်း ၁၆၇
အခန်း ၁၆၈
အခန်း ၁၆၉
အခန်း (၁၇၀)
အခန်း (၁၇၁)
အခန်း (၁၇၂)
အခန်း (၁၇၃)
အခန်း ၁၇၄
အခန်း ၁၇၅
အခန်း ၁၇၆
အခန်း ၁၇၇
အခန်း ၁၇၈
အခန်း ၁၇၉
အခန်း ၁၈၀
အခန်း ၁၈၁
အခန်း ၁၈၂
အခန်း ၁၈၃
အခန်း ၁၈၄
အခန်း ၁၈၅
အခန်း ၁၈၆
အခန်း ၁၈၇
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
အခန်း ၁၈၈
အခန်း ၁၈၉
အခန်း ၁၉၀
အခန်း ၁၉၁
အခန်း ၁၉၂
အခန်း ၁၉၃
အခန်း ၁၉၄
အခန်း ၁၉၅
အခန်း ၁၉၆
အခန်း ၁၉၇
အခန်း ၁၉၈
အခန်း ၁၉၉
အခန်း ၂၀၀
အခန်း (၂၀၁)
အခန်း ၂၀၂
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
အခန်း ၂၀၃
အခန်း ၂၀၄
အခန်း ၂၀၅
အခန်း ၂၀၆
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
အခန်း ၂၀၇
အခန်း ၂၀၈
🌧️ချစ်ခြင်းမေတ္တာများနှင့် မိုးရာသီပရိုမိုးရှင်း🌧️
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️

အခန်း ၁၃၈

1.5K 251 6
By Swae_Nyoe

အပိုင်း (၁၃၈) မင်းတောင်းဆိုတဲ့ အချက်တွေ

အိမ်ခြံဝန်းသည် သူတို့ရောက်နေသော နေရာနှင့် နီးနှီးလေးတွင် ရှိနေသည်။ သူပြန်သွားဖို့ ရွေးချယ်ပြီးမှတော့ ကျန်းလော့သည် ထျန်ပိရေကန်နှင့် ပတ်သက်၍ ဘာမှဂရုမစိုက်သလို ဟန်ဆောင်နေရမည်ဖြစ်သည်။ ထို့အပြင် သေချာစဉ်းစားကြည့်လျှင် သူသာ တုံ့ပြန်မှုမရှိ ခံစားချက်မရှိသော ပုံစံဖြင့် တသီးတခြားဖြစ်နေလျှင် မကောင်းဆိုးဝါးကို ကောင်းကောင်းအသုံးချရန် ဆွဲဆောင်နိုင်လိမ့်မည်ဖြစ်ပြီး ကျန်းလော့သည် ကျေကျေနပ်နပ်ကြီး အသုံးချခံမကောင်းဆိုးဝါးလေးကို ထိုင်ကြည့်နေလိုက်မည် ဖြစ်သည်။

သူ့ခံစားချက်များနှင့် သူ၏ စိတ်ထက်သန်ပြင်းပြမှု ခုနှစ်မျိုးကိုလည်း သန့်စင်ဆေးကြောခံလိုက်ရသောကြောင့် မကောင်းဆိုးဝါးကို သူ့စိတ်ဆန္ဒများ တိုးပွားလာအောင် မည်သို့ အသုံးချရမည် မသိတော့ပေ။

မကောင်းဆိုးဝါးကပဲ သူသဘောနှင့်သူ နည်းလမ်းစဉ်းစားပြီး သူ့ကို စိတ်ဆန္ဒတိုးပွားလာအောင် လုပ်မှပဲ ဖြစ်မည်။ ကျန်းလော့သည် ထပ်၍ လမ်းလျှောက် ရပ်သွားပြန်သည်။ သူရပ်လိုက်သောအခါ သူ့နောက်မှ လူတစ်စုသည်လည်း လိုက်ရပ်လိုက်သည်။

ကျန်းလော့သည် သူ့သူငယ်ချင်းများကို ခေါင်းစောင်းကြည့်လိုက်သည်။ သူလမ်းလျှောက်နေသည့် အတောအတွင်းတွင် ကျန်းလော့မျက်နှာသည် မည်သည့်အမူအယာမှ မရှိသလောက် တည်ငြိမ်နေခဲ့သည်။

သို့သော် ကျန်းလော့သည် သွေးများဆုံးရှုံးထားသောကြောင့် ဖြူရော်နေကာ ရှားရှားပါးပါး အားနည်းသည့်ပုံစံဖြစ်နေသည်။ တကယ်တော့ အားနည်းမှုသည် ခုနှစ်ပုံလောက်ကသာ အစစ်အမှန်ဖြစ်ပြီး သုံးပုံလောက်က အတုအယောင်ဖြစ်သည်။ အမြဲလိုလို ယုံကြည်အားကိုးရပြီး သန်မာသောတစ်စုံတစ်ယောက်က ရုတ်တရက်အားနည်းသွားသည်ကို မြင်ရသောအခါ လုယုံရိနှင့် တခြားသူများသည် စိတ်ဖိစီးလာကြသည်။

သို့သော် အကြောင်းပြချက်တချို့ကြောင့် ကျန်းလော့ကို မြင်ရသည်မှာ စတွေ့တုန်းကထက် အေးစက်သွားသလို ခံစားမိသည်။ သူတို့ကို စကားပြောနေသော်လည်း သူ့ပုံစံသည် သူတို့ကို တွေ့လို့ ပျော်ရွှင်နေပုံမရပဲ အကြာကြီး တိတ်ဆိတ်နေသည်။

ထိုအချိန်တွင် ကျန်းလော့က စကားထပ်ပြောလာသည်။

"ဒါနဲ့ မင်းတို့ ကံကြမ္မာယုံသူကို သိလား"

လူတိုင်းသည် အချင်းချင်းနားမလည်သလို ကြည့်လိုက်ပြီး

"................. အနာဂတ်ဟောပြောတဲ့သူတွေကို ပြောတာလား"

ကျိုးမိသားစု၏ ဆက်ခံသူဖြစ်သော ကျိုးကျုံးချိုးပင်လျှင် ထိုသူအကြောင်း လုံးဝမကြားဖူးပုံပေါ်နေကာ သူတို့သည် မတိုင်ပင်ရပါပဲ ဝမ်ယမ်လန်ဘက်သို့ လှည့်သွားကြသည်။ ဝမ်ယမ်လန်သည် သူတို့ထဲတွင် သတင်းအစုံဆုံးသူဖြစ်ပြီး ယခုသူကတောင် ပုံမှန်မဟုတ်စွာ တိတ်ဆိတ်နေသည်။

"ငါအဲ့ဒီလို နာမည်မျိုး တစ်ခါမှမကြားဖူးဘူး အဲ့တာ လူလား"

သူတို့အားလုံး ကံကြမ္မာယုံသူကို မသိကြသော်လည်း ထန်ပိ၏ လေဖြတ်ထားသလို မျက်နှာသေမှ မျက်လုံးများသည် ရုတ်တရက် ကျဉ်းမြောင်းသွားသည်။

ကျန်းလော့သည် ထိုအမူအယာကို ဖမ်းမိလိုက်ပြီး

"ဟုတ်တယ် သူက လူပဲ သူက လွန်ခဲ့တဲ့ နာရီအနည်းငယ်တုန်းက ငါနဲ့အတူတူ ထျန်ပိရေကန်ထဲမှာ ငါနဲ့အတူတူစိမ်ခဲ့သေးတယ်"

"ရေစိမ်ပြီးတော့ ငါတော်တော်လေး လန်းဆန်းသွားတယ်"

ကျန်းလော့သည် သူတို့ကို ပေါ့ပါးစွာကြည့်၍ ပြောလိုက်သည်။

"ဒါပေမဲ့ ငါအခု ဘာကိုမှ သိပ်စိတ်မဝင်စားဘူးဖြစ်နေတယ် ဘာမှလဲ မပြောချင်ဘူးဖြစ်နေတယ်"

သူသည် တကယ်ကြီး အကျင့်စရိုက်ပြောင်းလဲသွားသလို ဟန်ဆောင်ဖို့ ပြင်ဆင်နေသည်။

ကျန်းလော့သည် လုယုံရိတို့ကို သူဘာဖြစ်ခဲ့လဲ မပြောပြချင်ပေ။ ထိုအကြောင်းကို လူသိနည်းလေ ဝေ့ဟယ်နှင့် ကံကြမ္မာယုံသူတို့ သူပုံမှန်ပြန်ဖြစ်သွားကြောင်း မသိရလေအောင် လှည့်ဖြားနိုင်မှာဖြစ်သည်။

သူ့သူငယ်ချင်းများသည် အများကြီး မတွေးနေကြပဲ

"မင်းချမ်းနေလား လည်ပင်းနာနေလား"

"စကားမစပ် မင်းဘယ်လိုဒဏ်ရာရခဲ့လို့ ဒီလောက်သွေးတွေအများကြီးထွက်ရတာလဲ"

ကျန်းလော့သည် စကားအနည်းငယ်ပြောပြီးနောက် ကံကြမ္မာယုံသူ အဖြစ်သို့ ပြောင်းလဲသွားကာ သူ့အသံသည် တည်ငြိမ်သွားပြီး အသံထဲတွင် စိတ်အတက်အကျတစ်ခုမှ မပါဝင်တော့ကာ သူ့စကားလုံးများသည် ဂါရဝတရားနှင့် ပြည့်နှက်နေကာ လူတိုင်းကို လေးစားစွာ ဆက်ဆံနေသည့် အသံအဖြစ်ပြောင်းလဲသွားသည်။

ထန်ပိသည် သူပြောသည့်စကားများကို မှတ်ထားသော်လည်း သူနားထောင်လေ ပိုကြောက်လာလေ ဖြစ်လာသည်။

စိတ်ထဲမထားသော လစ်လျူရှုထားပြီးလျှောက်နေသည့်အချိန်တွင် ထန်ပိသည် အားအကြီးကြီးနှင့် အတွန်းခံလိုက်ရသလို ရုတ်တရက်လွှင့်ထွက်သွားပြီး အိမ်တော်ရှေ့ရှိ အစီအရင်သည် သူ့ကို အိမ်နှင့် မီတာဝေးဝေးအထိ ကြမ်းတမ်းစွာ တွန်းထုတ်ပစ်လိုက်သည်။ ထန်ပိသည် ရင်ဘက်ကို လက်နှင့်ဖိထားကာ တင်းတင်းစေ့ထားသော နှုတ်ခမ်းထောင့်မှ သွေးများ ကျလာသည်။ လုယုံရိသည် အထိတ်တလန့်အော်လိုက်သည်။

"စီကွေး"

ထန်ပိသည် သွေးများကို မြိုချလိုက်ကာ သူငယ်ချင်းများစိတ်မပူစေရန် ပြောလိုက်သည်။

"စီဝမ်ကွေးတွေက အစီအရင်ထဲ ဝင်လို့မရဘူး ဒီတော့ ငါမင်းတို့ကို တောင်အောက်မှာပဲ စောင့်လိုက်တော့မယ်"

ကျန်းလော့က ပြောသည်။

"တောင်အောက်ကို ဆင်းတဲ့လမ်းမှာလဲ အစီအရင်ရှိတယ်"

ထန်ပိက ပြောသည်။

"ရပါတယ် ငါ့မှာ အကြံတစ်ခုရှိတယ်"

သူသည် နောက်လှည့်ပြီး သူ့သခင်ကို ရှာရန် အလောတကြီး ထွက်ခွာသွားသည်။ ကျန်းလော့နှုတ်ခမ်းသည် ကျေနပ်စွာ ကွေးတက်သွားပြီး တစ်ချိန်ထဲမှာပင် သတိပေးလိုက်သည်။

"စီကွေး ငါ့သွေးတွေစွန်းနေတဲ့ နှင်းတွေနဲ့ ရေတွေကို တခြားသူတွေ မတွေ့သွားခင် ရှင်းပေးပါဦး"

ထန်ပိမျက်လုံးများသည် တောက်ပသွားပြီး ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ"

ဒီနေရာတွင် အစီအရင်များစွာ ရှိနေသည်။ သူရော သူ့သခင်ရော အထဲသို့ လုံးဝဝင်လို့မရနိုင်ပေ။ သို့သော် ကျန်းလော့၏သွေးများနှင့်ဆိုလျှင် သူတို့လုပ်လို့ရနိုင်တာအများကြီးရှိသည်။ အနည်းဆုံးတော့ သွေးကိုသုံးပြီး အိပ်မက်ထဲသို့ ဝင်သွားလို့ရသည်လေ။

ထန်ပိပျောက်ကွယ်သွားတာကို ကြည့်နေပြီးနောက် ကျန်းလော့သည် အကြည့်လွှဲလိုက်ပြီး အိမ်ထဲသို့မဝင်ခင် လုယုံရိနှင့် သူငယ်ချင်းများကို သူ့ဒဏ်ရာနှင့်ပတ်သက်ပြီး လုံးဝထုတ်မပြောရန် ပြောလိုက်သည်။

သူတို့ရောက်သည်နှင့် လျန်ရွှီသည် အပျော်လွန်ပြီး ကျိုးကျုံးချိုးကို ထွက်လာပြီးနှုတ်ဆက်သည်။ တာအိုဆရာတော်ဝေ့ဟယ်သည် လူငယ်လေးများကိုထွက်မတွေ့သော်လည်း တပည့်များကို ဧည့်သည်များကို သေချာဂရုစိုက်ရန် ညွှန်ထားသည်။

အိမ်ရှင်တစ်ယောက်အနေနှင့် လျန်ရွှီသည် သူ့တို့ကို အိမ်တော် တဝိုက်လိုက်ပြချင်သည်။ တောင်ထိပ်တွင် ဘာမှကြည့်စရာ လုပ်စရာ များများစားစားမရှိပေ။ ထို့ကြောင့် လျန်ရွှီသည် သူတို့ကို ထျန်ပိရေကန်၏ ရေပူစမ်းငယ်လေးကို လိုက်ပြချင်သည်။ သို့သော် ရှောင်ချန်ရေကန်လေးရှိရာ အနောက်ဘက်ခြံဝန်းသည် ပိတ်ထားပြီး သူတို့ကို ယနေ့တွင် ဝင်ခွင့်မပြုပေ။

ရေပူစမ်းကန်လေးကို အဘယ့်ကြောင့် ပိတ်ထားရလဲဆိုတာ် လျန်ရွှီမသိသောကြောင့် တာအိုဆရာတော် ဝေ့ဟယ်ဆီသို့ ဧည့်သည်များကို ဦးဆောင်ပြီး သွားမေးသည်။

"ဆရာဦးလေး တောင်နောက်က ရေပူစမ်းကန်ကို ဘာလို့ပိတ်ထားတာလဲ"

တာအိုဆရာတော်ဝေ့ဟယ်သည် အေးဆေးစွာ ပြန်ပြောသည်။

"ဒါကို မင်းရဲ့ အစ်ကိုကြီး ကျန်းလော့ကိုပဲ မေးရမှာ သူ့ခန္ဓာကိုယ်ထဲမှ အညစ်အကြေးတွေက များပြားလွန်းလို့ ကြောက်စရာကောင်းနေပြီ ဒီနေ့ ရေပူစမ်းကန်ကို သူသုံးပြီးတာနဲ့ အဲ့တာကို ပြန်ကောင်းလာအောင် ခနအနားပေးလိုက်ရတယ် အဲ့ဒီကန်က မနက်ဖြန် မင်းအစ်ကိုကြီးရဲ့ ခန္ဓာကိုယ်ကို ထပ်ပြီး သန့်စင်ပေးရဦးမှာလေ"

ကျန်းလော့သည် သူ့ကိုယ်သူ စိတ်ထဲမှ ပြောလိုက်သည်။

"သေချာသွားပြီ ငါတော့ မနက်ဖြန် ဒီရွံစရာရေထဲမှာ စိမ်ရဦးမှာပေါ့"

ကျန်းလော့မျက်နှာထားသည် သူတို့စကားဝိုင်းကို စိတ်မဝင်စားသည့် ပုံစံဖြင့် မပြောင်းသွားပေ။ သူ့ပုံစံသည် အရာရာတိုင်းကို လစ်လျုရှုထားပုံနှင့် တူနေသည်။

'အဲ့တာက အလုပ်ဖြစ်တယ်ဟ....................'

တာအိုဆရာတော်ဝေ့ဟယ်သည် သက်ပြင်းချလိုက်ပြီး သူ့ကို ထပ်မကြည့်တော့ပေ။

လျန်ရွှီသည် ကျန်းလော့က အရေးကြီးသည်ကိုသိသောကြောင့် ရှင်းပြချက်ကိုကြားပြီးသည်နှင့် နောက်ထပ် မေးခွန်းထပ်မမေးတော့ပေ။ သို့သော် သူမသည် ရှောင်ချန်ရေကန်ကိစ္စထက် တခြားအရာများကို မေးချင်နေတာ ရှိသေးသည်။ သူမပုံစံသည် တစ်ခုခုပြောချင်နေတာ ရှိသေးပုံပေါ်သောကြောင့် တခြားသူများသည် အလိုက်တသိ အခန်းထဲမှ ထွက်သွားပေးကြသည်။

ကျန်းလော့သည် ထွက်မသွားခင် သူ့လက်ကို လှုပ်လိုက်ရာ သတိမထားမိလောက်သော အလင်းတစ်ချက်လက်သွားပြီး ကြွက်တစ်ကောင်သည် ထောင့်တစ်ထောင့်မှ မသိမသာဝင်သွားသည်။ တံခါးများ လုံးဝပိတ်သွားပြီး မည်သူမှ မရှိသောအခါမှ လျန်ရွှီကပြောသည်။

"ဦးလေး သမီးနားမလည်တာ တစ်ခုရှိလို့"

တာအိုဆရာတာ်ဝေ့ဟယ်သည် လက်ဖက်ရည်ခွက်ကို အောက်ချ၍ သူမပြောမည့်အကြောင်းကို ခန့်မှန်းမိပုံရကာ မသိမသာ သက်ပြင်းချလိုက်သည်။

"ကောင်းပြီ ပြောကြည့်လေ"

"ဘာလို့ အကြီးအကဲတွေက သမီးတို့ကို ဆေးပညာကလွဲ၍ တခြားအရာတွေကို သင်ယူခွင့်မပြုတာလဲ သမီးတို့က ကအရေးကြုံလာရင် ကိုယ့်ကိုယ်ကိုတောင် မကာကွယ်နိုင်ဘူး ဒီတော့ သမီးတို့ တကယ်ကြီး အသက်အန္တာရာယ်ရှိတဲ့ အခြေအနေမျိုးဆို အသက်ရှင်နိုင်ပါတော့မလား"

မုန်တိုင်းထဲတွင် အန္တာရာယ်ကြုံလာပြီးထဲက လျန်ရွှီသည် ဤကိစ္စကို စိုးထိတ်နေခဲ့သည် ။ အဘယ့်ကြောင့်ဆိုသော် သူမသည် ကူကယ်ရာမဲ့နေချိန်တွင် လျန်မိသားစုသည် အနာဂတ်တွင် နာကျင်ရမည့်အခြေအနေကို မြင်ခဲ့ရသောကြောင့် ဖြစ်သည်။

"ဒီပုံအတိုင်းဆို သမီးတို့လျန်မိသားစု ထျန်ပိရေကန်ကို ဆက်ပြီး ထိန်းသိမ်းနိုင်ပါတော့မလား"

တာအိုဆရာတော် ဝေ့ဟယ်သည် တိတ်ဆိတ်စွာ နားထောင်နေပြီး သူမစကားဆုံးသောအခါ

"လျန်ရွှီ............."

လူအိုကြီးသည် သက်ပြင်းချ၍ နူးညံ့သည်ထက် နူးညံ့သော အသံဖြင့်

"လာ ဒီဦးလေးနားလာခဲ့"

လျန်ရွှီသည် နှုတ်ခမ်းစေ့လိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။

တာအိုဆရာတော် ဝေ့ဟယ်သည် သူမခေါင်းကို ပွတ်သပ်ပေးကာ ကြင်နာစွာ ပြောသည်။

"ဦးလေးရဲ့ အရင်ကစီနီယာတွေနဲ့ ဦးလေးတို့ မျိုးဆက်အပါအဝင်ပေါ့ တစ်ချိန်တုန်းက ဦးလေးတို့ မင်းတို့သင်ရတာတွေထက် အများကြီးသင်ယူခဲ့ရတယ် သူတို့တုန်းက အထက်လမ်းနတ်ဆေးပညာတင်မကဘူး ခန္ဓာကိုသန်မာအောင် ကျင့်ကြံခြင်းအတတ်ပညာနဲ့ ဖူလုရေးဆွဲခြင်းတွေပါ သင်ကြရတာ ပညာရပ်ငါးမျိုးလုံး တတ်မြောက်တဲ့သူက အရမ်းရှားတယ် ပညာရပ်ငါးမျိုးဆိုတာ တောင်တွေအကြောင်း၊ ဆေးပညာ၊ အနာဂတ်ဟောခြင်းအတတ်၊ နက္ခတ်ဗေဒနဲ့ နတ်ဘုရားပင့်ဖိတ်ခြင်းအတတ်ပညာတွေကိုပြောတာ"

"မင်းရဲ့စီနီယာဦးလေး လျန်ပန့်က လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ရွှမ်ရွှီလောကရဲ့ အကျော်ကြားဆုံး ဆရာတစ်ဆူဖြစ်ခဲ့တယ် "

"ဒါပေမဲ့ အချိန်တွေက မတူတော့ဘူးလေ"

တာအိုဆရာတော် ဝေ့ဟယ်သည် လျန်ရွှီကို ချစ်မြတ်နိုးစွာ ကြည့်ကာ သိမ်မွေ့စွာပြောလိုက်သည်။

"မင်းတို့မျိုးဆက်တွေကျတော့ တခြားပညာရပ်တွေသင်ဖို့ မသင့်တော်ဘူး"

လျန်ရွှီသည် မျက်မှောင်ကြုတ်လိုက်ပြီး

"မသင့်တော်ဘူးလို့ ဘယ်သူက ပြောတာလဲ"

တာအိုဆရာတော် ဝေ့ဟယ်သည် ထိုမေးခွန်းကို ပြန်ဖြေဖို့ ရှောင်လိုက်ပြီး လှည့်ပတ်ပြောလိုက်သည်။

"ဒါပေမဲ့ ကြောက်စရာမလိုဘူး သေခြင်းရှင်ခြင်း အရေးကိစ္စမျိုးကြုံလာရင် မင်းတို့ကို ကာကွယ်ပေးမဲ့လူတွေရှိလာလိမ့်မယ် သူတို့က မင်းတို့ကို သေးသေးလေးတောင် အထိခိုက်ခံရစေမှာ မဟုတ်ဘူး........... အဲ့ဒီအချိန်မှာ 'လုပ်ကိုလုပ်ရမယ်'ဆိုတဲ့ အချိန်ရောက်လာလိမ့်မယ် "

လျန်ရွှီသည် လုံးဝနားမလည်နိုင်သောကြောင့်

"ဦးလေး"

တာအိုဆရာတော် ဝေ့ဟယ်က ပြောသည်။

"သွားတော့"

လျန်ရွှီသည် အကြာကြီး မသွားချင်သွားချင် တွန့်ဆုတ်နေပြီးနောက် အခန်းထဲမှ နှေးကွေးစွာ ထွက်လာသည်။ ရွှေရောင်ကြွက်သည် သူမခြေထောက်နားမှဖြတ်၍ သူမနှင့်အတူ တခါးမှ ဖြတ်၍ ထွက်ပြေးသွားသည်။

ကျန်းလော့သည် စကားဝိုင်းတစ်ခုလုံးကို သေချာနားထောင်ခဲ့သည်။ သူ့လက်ချောင်းများသည် ရွှေရောင်ကြွက်၏ခေါင်းကို ချီးကျူးသည့်အနေဖြင့် ပွတ်သပ်ပေးနေပြီး ကြွက်သည် ခနလောက် ဇိမ်ခံကာ စာလုံးများအသွင်ပြောင်း၍ လက်ကောက်ထဲ ပြန်ဝင်သွားတော့သည်။

ကျန်းလော့သည် မျိုးနွယ်ကြီးခြောက်ခုသည် တစ်ခုချင်းစီတိုင်းတွင် လျှို့ဝှက်ချက်အများကြီး ရှိနေကြကြောင်း မထင်မှတ်ထားဘဲ ရှာတွေ့လိုက်သည်။

ထျန်းရှိဖူတွင် ဖုန်းလီ၏မိဘများအကြောင်းသည် တားမြစ်ထားသော အကြောင်းအရာဖြစ်ပြီး ပြန်လည်သုံးသပ်ခန်းများအောက်တွင် လူများကို ချုပ်နှောင်ထားသော အချုပ်ခန်းများရှိနေသည်။

ဗုဓ္ဒဘာသာကျောင်းတွင် ကောဝူချန်သည် ကျောင်းတော်ကို ပုန်ကန်ကာ သူ့ဆရာှနှင့် ဆရာဦးလေးများကို သတ်ပစ်လိုက်သည်။

ချီ(ချီယယ်)နှင့် ချီ(ချီယုံ)မိသားစုနှစ်ခုကတော့ ပြောဖို့မလိုတော့အောင် ကြံရာပါတွဲဖက်များဖြစ်ပြီး ခွဲမရသော မိသားစုနှစ်ခုဖြစ်ကြသည်။

လိုအင်လောဘ လိုအင်ဆန္ဒမျိုး မရှိဟု ထင်ရသော လျန်မျိုးနွယ်တောင်မှပဲ အပြင်လူများသိခွင့်မရှိသော လျှို့ဝှက်ချက်များ ရှိနေသေးသည်။

'သူတို့အားလုံးက နောက်ကွယ်မှာ ဆက်စပ်မှု ရှိနေမလားမသိဘူး'

ကျန်းလော့သည် ရောက်ရာပေါက်ရာ လျှောက်တွေးနေရင်း နာရီကြည့်လိုက်ရာ နာရီလက်တံသည် ခုနှစ်နာရီကို ညွှန်ပြနေကာ ဆောင်းတွင်းတွင် ခုနှစ်နာရီတွင် မှောင်နေပြီဖြစ်သည်။

အိပ်ရာဝင်ရန် အချိန်ရောက်ပေပြီ

ကျန်းလော့မျက်လုံးများသည် တစ်ခုခုကို မျှော်လင့်စောင့်စားနေသလို လင်းလက်တောက်ပလာကာ အိပ်ရာပေါ်သို့ အေးဆေးစွာ လှဲအိပ်လိုက်သည်။

အိပ်ရာပေါ်သို့ သေချာလှဲအိပ်ပြီးနောက် မှောင်မဲနေသော မျက်နှာကျက်ကို ကြည့်လိုက်ပြီး ပျင်းရိစွာ မျက်လုံးများပိတ်လိုက်သည်။

မကောင်းဆိုးဝါး အခွင့်ကောင်းယူနိုင်သော အချိန်ရောက်လာလေပြီ

အမှောင်ထဲတွင် လူငယ်လေး၏ နှုတ်ခမ်းထောင့်များသည် ခနလောက် ကော့တက်နေကာ ချက်ချင်း အေးစက်သော မျက်နှာသို့ပြောင်းလဲသွားသည်။

သူသတိပြန်ဝင်လာချိန်တွင် သူ့ခေါင်းပေါ်မှ ပန်ကာအသံကိုကြားနေရသည်။

"ခရက် ခရက်"

သူသည် ချက်ချင်း မျက်လုံးဖွင့် မကြည့်သော်လည်း ထိုစိတ်ပျက်စရာအသံသည် သူ့နားထဲတွင် ဆက်တိုက်ကြားနေရသည်။ ပန်ကာအသံအပြင်ကို သူ့ဘေးနားလေးတွင် တခြားလူများ၏ တီးတိုးပြောသံများနှင့် အခြားသော ဆူညံသံများကြားနေရသည်။ ထိုအသံများထဲတွင် လုယုံရိနှင့် ကျိုးကျုံးချိုးတို့၏ အသံလည်းပါသည်။

ချွေးနံ့နှင့် အစားအသောက်အနံ့များ လေထုထဲတွင် ပျံ့နှံ့နေကာ ရောယှက်နေသော အနံ့များသည် ငယ်ရွယ်ခြင်း၏ ပြယုဂ်တစ်ခုဖြစ်ကာ ကျန်းလော့သည် ထိုရနံ့များနှင့် အလွန်ရင်းနှီးနေသည်။

ကျန်းလော့လက်ချောင်းများလှုပ်ရှားသွားပြီး စားပွဲသည် ပြားကပ်နေပြီး ချောမွတ်နေသည်။ သူ့လက်ချောင်းများကို ရှေ့နည်းနည်းတိုးလိုက်သောအခါ စာအုပ်တစ်အုပ်ကို ထိမိသွားသည်။

စာသင်ခန်းထဲသို့ ရောက်နေခြင်းဖြစ်သည်။

ကျန်းလော့သည် နောက်ဆုံးတွင် မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူသည် စားပွဲပေါ်မှောက်အိပ်နေရာမှ ထလိုက်ပြီး တွေဝေရှုပ်ထွေးနေသော အမူအယာဖြင့် စာသင်ခန်းထဲကို လိုက်ကြည့်နေသည်။ ရင်းနှီးနေသော မျက်နှာများသည် သူ့ပတ်ပတ်လည်တွင် ရှိနေသည်။ ထိုသူများသည် ယယ်ရွှင်နှင့် တခြားသူငယ်ချင်းများဖြစ်သည်။

သို့သော် သူတို့ကျန်းလော့ကို ကြည့်နေကြသည့်ပုံစံမှာ ရွံရှာနေသော အကြည့်များဖြစ်သည်။ သူတို့သည် နှစ်ယောက်တစ်စု သုံးယောက်တစ်စု စုထိုင်နေကြကာ သူ့ကိုဖယ်ထားကြသည်။ လုယုံရိသည် သူ့ကို အကြိမ်နည်းနည်းလောက် လှည့်ကြည့်သည်။ ထိုသို့သော သဘောထားသည် ယခင်က မူလပိုင်ရှင်ကို သူတို့ဆက်ဆံသော သဘောထားဖြစ်သည်။

သရဲတစ်ကောင်အနေဖြင့် လူများကို အိပ်မက်ထဲတွင် ခြောက်လှန့်ခြင်းသည် သရဲတိုင်းတတ်မြောက်သော သင်စရာမလိုသည့် နည်းလမ်းဖြစ်သည်။ မကောင်းဆိုးဝါးတစ်ကောင်က လူတစ်ယောက်ကို အိပ်မက်ထဲသို့ ဆွဲသွင်းလိုက်သောအခါ အိပ်မက်ထဲမှ မြင်ကွင်းသည် ကျန်းလော့ရွေးချယ်သတ်မှတ်နိုင်တာမျိုး မဟုတ်တော့တာ ပုံမှန်ဖြစ်သည်။

'လွန်ခဲ့တဲ့ တစ်နှစ်က စာသင်ခန်းထဲကို ပြန်ရောက်လာတာလား'

"ကျောင်းသားတို့"

ရင်းနှီးနေသော အသံနိမ့်နိမ့်သည် အတန်းရှေ့ဆုံးမှ ကြားလိုက်ရသည်။

"မင်းတို့ရဲ့ နောက်ဆုံးတစ်ခေါက် သင်ခန်းစာကို ဆရာစစ်တော့မယ်နော်"

'ဒီအသံက.............'

ကျန်းလော့သည် မျက်မှောင်ကြုတ်သွားပြီး မော့ကြည့်လိုက်သည်။

မြွေပွေးကဲ့သို့ ကောက်ကျစ်သော မျက်လုံးတစ်စုံဖြင့် အကြည့်ချင်းဆုံသွားသည်။ ချီယုံသည် စမတ်ကျသော ဝတ်စုံတစ်စုံဝတ်ထားပြီး ကျန်းလော့ ရေကန်ထဲပစ်ထည့်လိုက်တာ ကြာပြီဖြစ်သော နှင်းဆီရင်ထိုးကို အံ့ဩစရာကောင်းစွာ သူ့ကိုယ်ပေါ်တွင်ပြန်တွေ့လိုက်ရသည်။ ထိုမျှမကသေးဘဲ မကောင်းဆိုးဝါးသည် ရွှေကိုင်းမျက်မှန်တစ်လက်ကို ဝတ်ဆင်ထားပြီး သူ့လက်ထဲတွင် ဆရာကိုင်ကြိမ်လုံးသေးလေးတစ်ချောင်းကိုင်ထားပြီး အဖြူရောင်လက်အိတ်အသစ်တစ်စုံကို ဝတ်ဆင်ထားကာ တကယ်ကြီး ဆရာတစ်ယောက်နှင့် တူနေသည်။

မျက်မှန်အောက်မှ မျက်ဝန်းတစ်စုံသည် ကျန်းလော့၏ ငေးကြည့်မှုကြောင့် လှိုင်းထန်သွားသလို ဖြစ်သွားသည်။

ပိုင်ဟွာတက္ကသိုလ်တွင် သင်ကြားရေးလက်ထောက် လုပ်ခဲ့သော ချီယုံသည် ဤပုံစံဖြစ်သည်ကို ကျန်းလော့ ပထမဆုံးမြင်လိုက်ရသည်။ သူ့ကို သေချာကြည့်ပြီးသော အခါ ကျန်းလော့သည် အော်ရယ်မိတော့မလို ဖြစ်သွားသည်။

'သူ့ကိုယ်သူ တကယ်ကြီး လူသားလို့ထင်နေတယ်လို့တော့ ငါ့ကိုလာမပြောနဲ့နော်'

သို့သော် ခံစားချက်မရှိတော့သော သူကဲ့သို့ ဟန်ဆောင်နေသော ကျန်းလော့သည် ချီယုံက သူ့ကို စိတ်မဝင်စားသကဲ့သို့ လုပ်ပြနေသော ချီယုံ့ကို တည်ငြိမ်စွာ ကြည့်နေသည်။ ခန့်ညားသော ဆရာသည် လက်ချောင်းများကို ပုတ်နေပြီး ရှည်လျားပြီး ပေါ့ပါးသော တုတ်ချောင်းကို ကျောင်းသားများကို ကြည့်၍ ဝေ့ယမ်းနေသည်။

သူသည် နူးညံ့စွာ ပြုံးလိုက်သော်လည်း ထိုအပြုံးသည် အန္တာရာယ်ရှိပြီး ထူးဆန်းနေသည်။

"ကျန်းလော့ ဆရာ့ကို နောက်ဆုံးသင်ခန်းစာရဲ့ အဖြေပြောပြ"

အတန်းသားများသည် အခန်းအလယ်မှာထိုင်နေသာ ကျန်းလော့ကို လှည့်ကြည့်ပြီး ကျန်းလော့ထဖြေမည့် အချိန်ကို စောင့်နေကြသည်။ ကျန်းလော့သည် ဖြေးညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး မျက်လွှာချ၍ တည်ငြိမ်သော အသံဖြင့်

"မသိပါဘူး"

"ဘယ်လိုတောင် မသိနိုင်ရတာလဲ"

ဆရာ့အသံသည် တိုးဝင်သွားပြီး သူ့အသံထဲတွင် ခက်ထန်မှု အချို့ကို ခံစားမိစေသည်။

"ဒီကိုလာခဲ့ စင်ပေါ်တက်"

ကျန်းလော့သည် ရပ်တန့်သွားပြီး စင်ပေါ်သို့ တက်ဖို့သွားလိုက်သည်။

သူသည် ချီယုံ့မျက်နှာအပြောင်းအလဲကိုကြည့်၍ သူ့ဘဝတွင် ဤမျှလောက် ပျော်တာမျိုး မဖြစ်ဖူးသလို ကြိတ်ရယ်နေသည်။

မကောင်းဆိုးဝါးနှင့် ဤကဲ့သို့ သိသိသာသာ လစ်လျူရှုသည့် ကစားနည်း ကစားခြင်းသည် သူတွေးထားသည်ထက် ပို၍ ပျော်စရာကောင်းနေသေးသည်။

ချီယုံသည် ကျန်းလော့သူနှင့် နီးလာသည်ကို စောင့်ကြည့်နေသည်။

ယခင်က မီးပွင့်ကဲ့သို့ လင်းလက်ခဲ့ဖူးသော ဆံပင်အနက်ရောင်နှင့် လူငယ်လေး၏ မျက်လုံးများသည် ယခုအချိန်တွင် အေးစက်နေကာ ခံစားချက်မဲ့နေကြသည်။ ထို့အပြင် ကောင်လေးသည် သူလုပ်ခိုင်းတာအကုန် ဘာမှလိုက်လံ ခံစားတွေးတောမနေဘဲ လုပ်ပေးမည့်ပုံဖြစ်နေသည်။

သို့သော် ချီယုံ့ကို ကြည့်နေသော မျက်လုံးများတွင် မမြင်ချိတ်တစ်ခုရှိနေပုံရကာ ချီယုံ၏ စိတ်အာရုံအလုံးစုံကို အပိုင်သိမ်းချင်သော ချီယုံအာရုံတစ်ခုလုံးကို သူသာအပိုင်လိုချင်သော စိတ်ဆန္ဒများ တိုးပွားလာကြောင်း ကာယကံရှင်သာ သိနိုင်သည်။

ထန်ပိသည် ဟွာပိကို ကျန်းလော့သည် ထျန်ပိရေကန်ထဲတွင် ကံကြမ္မာယုံသူနှင့် အတူစိမ်ခဲ့ကြောင်းပြောပြလိုက်သည်။ ထို့အပြင် ဟွာပိကို သူမုန်းသည့် ကျန်းလော့ ထျန်ပိရေကန်ထဲ စိမ်ပြီးနောက် တခြားသူတစ်ယောက်အဖြစ်ပြောင်းလဲသွားကြောင်း ပြောခဲ့သည်။

မကောင်းဆိုးဝါး၏ အပြုံးသည် ပို၍ ခက်ထန်လာကာ သူ့နှုတ်ခမ်းထောင့်များသည် ပိုပိုပြီး မြင့်တက်လာကာ သူ့လက်ချောင်းရှည်ရှည်များသည် စာသင်တုတ်ကို မြှောက်ဆော့နေသည်။ သူ့ပုံစံသည် ဆန်းကြယ်စွာ နတ်ဆိုးဆန်နေသော်လည်း အလွန်ဆွဲဆောင်မှုရှိနေသည်။

သူသည် ကျောက်သင်ပုန်းကို စာသင်တုတ်ဖြင့် အသာထိလိုက်ပြီး ခန့်ညားသော သင်ကြားရေးလက်ထောက်သည် ပေါ့ပါးစွာဖြင့် အသံကိုမြှင့်၍ ပြောလိုက်သည်။

"အရင်က သင်ခန်းစာကို မင်းမဖြေနိုင်မှတော့ ဒီမေးခွန်းရဲ့ အဖြေကို ချရေးလိုက်"

"မင်း ဒီတစ်ကြိမ်မှန်အောင်မရေးနိုင်ရင် .."

သူသည် အသံကို အရှည်ကြီး ဆွဲ၍ ပြောလိုက်သည်။

"ဒီဆရာက မင်းကို သေချာသီးသန့် သင်ကြားပေးရတော့မယ်"

ကျန်းလော့သည် ကျောက်သင်ပုန်းကို ကြည့်လိုက်သည်။

ကျောက်သင်ပုန်းပေါ်တွင် ထပ်ပေါင်းမေးခွန်းတစ်ခုရှိနေသည်။

"မင်းကို ဆရာက မှန်လောကထဲက ခေါ်ထုတ်ပေးခဲ့တုန်းက မင်းဆရာ့ကို ကတိပေးခဲ့တဲ့ အကြောင်းအရာတွေက ဘာတွေလဲ"

မေးခွန်းအောက်ဘက်တွင် အဖြေရေးရန် နေရာအကျယ်ကြီး ချန်ထားပေးသည်။

အောက်မှကျောင်းသားများထဲမှ မည်သူက လျှာရှည်ပြီး မေးခွန်းကို အကျယ်ကြီး အော်ဖတ်လိုက်သည် မသိပေ။

"ဘယ်အကြောင်းအရာကို .................... ဆရာ့ကို ကတိပေးခဲ့တာလဲ"

"ဟမ် အဲ့တာ ဘာကို ပြောချင်တာလဲ သိချင်လိုက်တာကွာ ဆရာက ကျန်းလော့နဲ့ တစ်ခုခုကို အတူတူညှိနှိုင်းထားတာ ရှိတာလား မသိဘူးရော"

ဤသို့သော ကိစ္စကြီးကို လူများရှေ့တွင် ဖော်ထုတ်ခံလိုက်ရသောအခါ ရှက်ရွံ့ပြီး ဘယ်ကိုပြေးပုန်းရမှန်းမသိ ဖြစ်သွားစေသည်။ မကောင်းဆိုးဝါးက သူ့ခံစားချက်များကို နှိုးဆွဖို့ ကြိုးစားနေမှန်း ကျန်းလော့သိသည်။ မကောင်းဆိုးဝါးသည် သူ့ကို ခံစားချက်ကင်းမဲ့နေသော အခြေအနေမှ ဆွဲထုတ်၍ သူ့ကို ပြဿနာရှာပြီး ပေါက်ကွဲလိုက်စေချင်နေသည်။

သို့သော် မကောင်းဆိုးဝါး ဒီလိုလုပ်လေ ကျန်းလော့သည် ရေသေကဲ့သို့ ခံစားချက်မရှိချင်ယောင်ဆောင်ချင်လေဖြစ်သည်။

အခုမှ အိပ်မက်စမက်တာဖြစ်သောကြောင့် ကျန်းလော့သည် အလျင်မလိုပဲ သူ၏ စနောက်ချင်သော ဉာဉ်ဆိုးလေးကို အလိုလိုက်ထားလိုက်သည်။

သူသည် မေးခွန်းကို ခနလောက်ကြည့်လိုက်ပြီး ချီယုံကသူ့ကို မရေးနိုင်လောက်ဖူးဟု တွေးထားမည်ကိုသိရာ မြေဖြူတောင့်ကို ကောက်ကိုင်လိုက်သည်။

ထို့နောက် မြေဖြူဖြင့် ကျောက်သင်ပုန်းပေါ် ရေးခြစ်နေသံသည် အခန်းထဲတွင် အားအင်ပြည့်ဝစွာ ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာသည်။

အောက်တွင်ထိုင်နေသော စောနက လျှာရှည်သော ကျောင်းသားသည် သူရေးသမျှကို လိုက်ဖတ်နေသည်။

"ဆရာက မေးတယ် ပြီးတော့ ကျွန်တော် လုပ်တယ် အချစ်ကိစ္စ"

ကျန်းလော့သည် မြေဖြူကို အောက်ချလိုက်ကာ ချီယုံ့ကို ကြည့်ရန် လှည့်လာပြီး သာမန်ကာလျှံကာ ပြောလိုက်သည်။

"ဒါတွေက ဆရာကျွန်တော့်ကို တောင်းဆိုထားတဲ့ အကြောင်းအရာတွေပါ"

#########################

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

Zawgyi

အပိုင္း (၁၃၈) မင္းေတာင္းဆိုတဲ့ အခ်က္ေတြ

အိမ္ၿခံဝန္းသည္ သူတို႔ေရာက္ေနေသာ ေနရာႏွင့္ နီးႏွီးေလးတြင္ ရွိေနသည္။ သူျပန္သြားဖို႔ ေ႐ြးခ်ယ္ၿပီးမွေတာ့ က်န္းေလာ့သည္ ထ်န္ပိေရကန္ႏွင့္ ပတ္သက္၍ ဘာမွဂ႐ုမစိုက္သလို ဟန္ေဆာင္ေနရမည္ျဖစ္သည္။ ထို႔အျပင္ ေသခ်ာစဥ္းစားၾကည့္လွ်င္ သူသာ တုံ႔ျပန္မႈမရွိ ခံစားခ်က္မရွိေသာ ပုံစံျဖင့္ တသီးတျခားျဖစ္ေနလွ်င္ မေကာင္းဆိုးဝါးကို ေကာင္းေကာင္းအသုံးခ်ရန္ ဆြဲေဆာင္ႏိုင္လိမ့္မည္ျဖစ္ၿပီး က်န္းေလာ့သည္ ေက်ေက်နပ္နပ္ႀကီး အသုံးခ်ခံမေကာင္းဆိုးဝါးေလးကို ထိုင္ၾကည့္ေနလိုက္မည္ ျဖစ္သည္။

သူ႔ခံစားခ်က္မ်ားႏွင့္ သူ၏ စိတ္ထက္သန္ျပင္းျပမႈ ခုႏွစ္မ်ိဳးကိုလည္း သန႔္စင္ေဆးေၾကာခံလိုက္ရေသာေၾကာင့္ မေကာင္းဆိုးဝါးကို သူ႔စိတ္ဆႏၵမ်ား တိုးပြားလာေအာင္ မည္သို႔ အသုံးခ်ရမည္ မသိေတာ့ေပ။

မေကာင္းဆိုးဝါးကပဲ သူသေဘာႏွင့္သူ နည္းလမ္းစဥ္းစားၿပီး သူ႔ကို စိတ္ဆႏၵတိုးပြားလာေအာင္ လုပ္မွပဲ ျဖစ္မည္။ က်န္းေလာ့သည္ ထပ္၍ လမ္းေလွ်ာက္ ရပ္သြားျပန္သည္။ သူရပ္လိုက္ေသာအခါ သူ႔ေနာက္မွ လူတစ္စုသည္လည္း လိုက္ရပ္လိုက္သည္။

က်န္းေလာ့သည္ သူ႔သူငယ္ခ်င္းမ်ားကို ေခါင္းေစာင္းၾကည့္လိုက္သည္။ သူလမ္းေလွ်ာက္ေနသည့္ အေတာအတြင္းတြင္ က်န္းေလာ့မ်က္ႏွာသည္ မည္သည့္အမူအယာမွ မရွိသေလာက္ တည္ၿငိမ္ေနခဲ့သည္။

သို႔ေသာ္ က်န္းေလာ့သည္ ေသြးမ်ားဆုံးရႈံးထားေသာေၾကာင့္ ျဖဴေရာ္ေနကာ ရွားရွားပါးပါး အားနည္းသည့္ပုံစံျဖစ္ေနသည္။ တကယ္ေတာ့ အားနည္းမႈသည္ ခုႏွစ္ပုံေလာက္ကသာ အစစ္အမွန္ျဖစ္ၿပီး သုံးပုံေလာက္က အတုအေယာင္ျဖစ္သည္။ အၿမဲလိုလို ယုံၾကည္အားကိုးရၿပီး သန္မာေသာတစ္စုံတစ္ေယာက္က ႐ုတ္တရက္အားနည္းသြားသည္ကို ျမင္ရေသာအခါ လုယုံရိႏွင့္ တျခားသူမ်ားသည္ စိတ္ဖိစီးလာၾကသည္။

သို႔ေသာ္ အေၾကာင္းျပခ်က္တခ်ိဳ႕ေၾကာင့္ က်န္းေလာ့ကို ျမင္ရသည္မွာ စေတြ႕တုန္းကထက္ ေအးစက္သြားသလို ခံစားမိသည္။ သူတို႔ကို စကားေျပာေနေသာ္လည္း သူ႔ပုံစံသည္ သူတို႔ကို ေတြ႕လို႔ ေပ်ာ္႐ႊင္ေနပုံမရပဲ အၾကာႀကီး တိတ္ဆိတ္ေနသည္။

ထိုအခ်ိန္တြင္ က်န္းေလာ့က စကားထပ္ေျပာလာသည္။

"ဒါနဲ႔ မင္းတို႔ ကံၾကမၼာယုံသူကို သိလား"

လူတိုင္းသည္ အခ်င္းခ်င္းနားမလည္သလို ၾကည့္လိုက္ၿပီး

"................. အနာဂတ္ေဟာေျပာတဲ့သူေတြကို ေျပာတာလား"

က်ိဳးမိသားစု၏ ဆက္ခံသူျဖစ္ေသာ က်ိဳးက်ဳံးခ်ိဳးပင္လွ်င္ ထိုသူအေၾကာင္း လုံးဝမၾကားဖူးပုံေပၚေနကာ သူတို႔သည္ မတိုင္ပင္ရပါပဲ ဝမ္ယမ္လန္ဘက္သို႔ လွည့္သြားၾကသည္။ ဝမ္ယမ္လန္သည္ သူတို႔ထဲတြင္ သတင္းအစုံဆုံးသူျဖစ္ၿပီး ယခုသူကေတာင္ ပုံမွန္မဟုတ္စြာ တိတ္ဆိတ္ေနသည္။

"ငါအဲ့ဒီလို နာမည္မ်ိဳး တစ္ခါမွမၾကားဖူးဘူး အဲ့တာ လူလား"

သူတို႔အားလုံး ကံၾကမၼာယုံသူကို မသိၾကေသာ္လည္း ထန္ပိ၏ ေလျဖတ္ထားသလို မ်က္ႏွာေသမွ မ်က္လုံးမ်ားသည္ ႐ုတ္တရက္ က်ဥ္းေျမာင္းသြားသည္။

က်န္းေလာ့သည္ ထိုအမူအယာကို ဖမ္းမိလိုက္ၿပီး

"ဟုတ္တယ္ သူက လူပဲ သူက လြန္ခဲ့တဲ့ နာရီအနည္းငယ္တုန္းက ငါနဲ႔အတူတူ ထ်န္ပိေရကန္ထဲမွာ ငါနဲ႔အတူတူစိမ္ခဲ့ေသးတယ္"

"ေရစိမ္ၿပီးေတာ့ ငါေတာ္ေတာ္ေလး လန္းဆန္းသြားတယ္"

က်န္းေလာ့သည္ သူတို႔ကို ေပါ့ပါးစြာၾကည့္၍ ေျပာလိုက္သည္။

"ဒါေပမဲ့ ငါအခု ဘာကိုမွ သိပ္စိတ္မဝင္စားဘူးျဖစ္ေနတယ္ ဘာမွလဲ မေျပာခ်င္ဘူးျဖစ္ေနတယ္"

သူသည္ တကယ္ႀကီး အက်င့္စ႐ိုက္ေျပာင္းလဲသြားသလို ဟန္ေဆာင္ဖို႔ ျပင္ဆင္ေနသည္။

က်န္းေလာ့သည္ လုယုံရိတို႔ကို သူဘာျဖစ္ခဲ့လဲ မေျပာျပခ်င္ေပ။ ထိုအေၾကာင္းကို လူသိနည္းေလ ေဝ့ဟယ္ႏွင့္ ကံၾကမၼာယုံသူတို႔ သူပုံမွန္ျပန္ျဖစ္သြားေၾကာင္း မသိရေလေအာင္ လွည့္ျဖားႏိုင္မွာျဖစ္သည္။

သူ႔သူငယ္ခ်င္းမ်ားသည္ အမ်ားႀကီး မေတြးေနၾကပဲ

"မင္းခ်မ္းေနလား လည္ပင္းနာေနလား"

"စကားမစပ္ မင္းဘယ္လိုဒဏ္ရာရခဲ့လို႔ ဒီေလာက္ေသြးေတြအမ်ားႀကီးထြက္ရတာလဲ"

က်န္းေလာ့သည္ စကားအနည္းငယ္ေျပာၿပီးေနာက္ ကံၾကမၼာယုံသူ အျဖစ္သို႔ ေျပာင္းလဲသြားကာ သူ႔အသံသည္ တည္ၿငိမ္သြားၿပီး အသံထဲတြင္ စိတ္အတက္အက်တစ္ခုမွ မပါဝင္ေတာ့ကာ သူ႔စကားလုံးမ်ားသည္ ဂါရဝတရားႏွင့္ ျပည့္ႏွက္ေနကာ လူတိုင္းကို ေလးစားစြာ ဆက္ဆံေနသည့္ အသံအျဖစ္ေျပာင္းလဲသြားသည္။

ထန္ပိသည္ သူေျပာသည့္စကားမ်ားကို မွတ္ထားေသာ္လည္း သူနားေထာင္ေလ ပိုေၾကာက္လာေလ ျဖစ္လာသည္။

စိတ္ထဲမထားေသာ လစ္လ်ဴရႈထားၿပီးေလွ်ာက္ေနသည့္အခ်ိန္တြင္ ထန္ပိသည္ အားအႀကီးႀကီးႏွင့္ အတြန္းခံလိုက္ရသလို ႐ုတ္တရက္လႊင့္ထြက္သြားၿပီး အိမ္ေတာ္ေရွ႕ရွိ အစီအရင္သည္ သူ႔ကို အိမ္ႏွင့္ မီတာေဝးေဝးအထိ ၾကမ္းတမ္းစြာ တြန္းထုတ္ပစ္လိုက္သည္။ ထန္ပိသည္ ရင္ဘက္ကို လက္ႏွင့္ဖိထားကာ တင္းတင္းေစ့ထားေသာ ႏႈတ္ခမ္းေထာင့္မွ ေသြးမ်ား က်လာသည္။ လုယုံရိသည္ အထိတ္တလန႔္ေအာ္လိုက္သည္။

"စီေကြး"

ထန္ပိသည္ ေသြးမ်ားကို ၿမိဳခ်လိုက္ကာ သူငယ္ခ်င္းမ်ားစိတ္မပူေစရန္ ေျပာလိုက္သည္။

"စီဝမ္ေကြးေတြက အစီအရင္ထဲ ဝင္လို႔မရဘူး ဒီေတာ့ ငါမင္းတို႔ကို ေတာင္ေအာက္မွာပဲ ေစာင့္လိုက္ေတာ့မယ္"

က်န္းေလာ့က ေျပာသည္။

"ေတာင္ေအာက္ကို ဆင္းတဲ့လမ္းမွာလဲ အစီအရင္ရွိတယ္"

ထန္ပိက ေျပာသည္။

"ရပါတယ္ ငါ့မွာ အႀကံတစ္ခုရွိတယ္"

သူသည္ ေနာက္လွည့္ၿပီး သူ႔သခင္ကို ရွာရန္ အေလာတႀကီး ထြက္ခြာသြားသည္။ က်န္းေလာ့ႏႈတ္ခမ္းသည္ ေက်နပ္စြာ ေကြးတက္သြားၿပီး တစ္ခ်ိန္ထဲမွာပင္ သတိေပးလိုက္သည္။

"စီေကြး ငါ့ေသြးေတြစြန္းေနတဲ့ ႏွင္းေတြနဲ႔ ေရေတြကို တျခားသူေတြ မေတြ႕သြားခင္ ရွင္းေပးပါဦး"

ထန္ပိမ်က္လုံးမ်ားသည္ ေတာက္ပသြားၿပီး ေခါင္းညိတ္လိုက္သည္။

"ေကာင္းၿပီ"

ဒီေနရာတြင္ အစီအရင္မ်ားစြာ ရွိေနသည္။ သူေရာ သူ႔သခင္ေရာ အထဲသို႔ လုံးဝဝင္လို႔မရႏိုင္ေပ။ သို႔ေသာ္ က်န္းေလာ့၏ေသြးမ်ားႏွင့္ဆိုလွ်င္ သူတို႔လုပ္လို႔ရႏိုင္တာအမ်ားႀကီးရွိသည္။ အနည္းဆုံးေတာ့ ေသြးကိုသုံးၿပီး အိပ္မက္ထဲသို႔ ဝင္သြားလို႔ရသည္ေလ။

ထန္ပိေပ်ာက္ကြယ္သြားတာကို ၾကည့္ေနၿပီးေနာက္ က်န္းေလာ့သည္ အၾကည့္လႊဲလိုက္ၿပီး အိမ္ထဲသို႔မဝင္ခင္ လုယုံရိႏွင့္ သူငယ္ခ်င္းမ်ားကို သူ႔ဒဏ္ရာႏွင့္ပတ္သက္ၿပီး လုံးဝထုတ္မေျပာရန္ ေျပာလိုက္သည္။

သူတို႔ေရာက္သည္ႏွင့္ လ်န္႐ႊီသည္ အေပ်ာ္လြန္ၿပီး က်ိဳးက်ဳံးခ်ိဳးကို ထြက္လာၿပီးႏႈတ္ဆက္သည္။ တာအိုဆရာေတာ္ေဝ့ဟယ္သည္ လူငယ္ေလးမ်ားကိုထြက္မေတြ႕ေသာ္လည္း တပည့္မ်ားကို ဧည့္သည္မ်ားကို ေသခ်ာဂ႐ုစိုက္ရန္ ၫႊန္ထားသည္။

အိမ္ရွင္တစ္ေယာက္အေနႏွင့္ လ်န္႐ႊီသည္ သူ႔တို႔ကို အိမ္ေတာ္ တဝိုက္လိုက္ျပခ်င္သည္။ ေတာင္ထိပ္တြင္ ဘာမွၾကည့္စရာ လုပ္စရာ မ်ားမ်ားစားစားမရွိေပ။ ထို႔ေၾကာင့္ လ်န္႐ႊီသည္ သူတို႔ကို ထ်န္ပိေရကန္၏ ေရပူစမ္းငယ္ေလးကို လိုက္ျပခ်င္သည္။ သို႔ေသာ္ ေရွာင္ခ်န္ေရကန္ေလးရွိရာ အေနာက္ဘက္ၿခံဝန္းသည္ ပိတ္ထားၿပီး သူတို႔ကို ယေန႔တြင္ ဝင္ခြင့္မျပဳေပ။

ေရပူစမ္းကန္ေလးကို အဘယ့္ေၾကာင့္ ပိတ္ထားရလဲဆိုတာ္ လ်န္႐ႊီမသိေသာေၾကာင့္ တာအိုဆရာေတာ္ ေဝ့ဟယ္ဆီသို႔ ဧည့္သည္မ်ားကို ဦးေဆာင္ၿပီး သြားေမးသည္။

"ဆရာဦးေလး ေတာင္ေနာက္က ေရပူစမ္းကန္ကို ဘာလို႔ပိတ္ထားတာလဲ"

တာအိုဆရာေတာ္ေဝ့ဟယ္သည္ ေအးေဆးစြာ ျပန္ေျပာသည္။

"ဒါကို မင္းရဲ႕ အစ္ကိုႀကီး က်န္းေလာ့ကိုပဲ ေမးရမွာ သူ႔ခႏၶာကိုယ္ထဲမွ အညစ္အေၾကးေတြက မ်ားျပားလြန္းလို႔ ေၾကာက္စရာေကာင္းေနၿပီ ဒီေန႔ ေရပူစမ္းကန္ကို သူသုံးၿပီးတာနဲ႔ အဲ့တာကို ျပန္ေကာင္းလာေအာင္ ခနအနားေပးလိုက္ရတယ္ အဲ့ဒီကန္က မနက္ျဖန္ မင္းအစ္ကိုႀကီးရဲ႕ ခႏၶာကိုယ္ကို ထပ္ၿပီး သန႔္စင္ေပးရဦးမွာေလ"

က်န္းေလာ့သည္ သူ႔ကိုယ္သူ စိတ္ထဲမွ ေျပာလိုက္သည္။

"ေသခ်ာသြားၿပီ ငါေတာ့ မနက္ျဖန္ ဒီ႐ြံစရာေရထဲမွာ စိမ္ရဦးမွာေပါ့"

က်န္းေလာ့မ်က္ႏွာထားသည္ သူတို႔စကားဝိုင္းကို စိတ္မဝင္စားသည့္ ပုံစံျဖင့္ မေျပာင္းသြားေပ။ သူ႔ပုံစံသည္ အရာရာတိုင္းကို လစ္လ်ဳရႈထားပုံႏွင့္ တူေနသည္။

'အဲ့တာက အလုပ္ျဖစ္တယ္ဟ....................'

တာအိုဆရာေတာ္ေဝ့ဟယ္သည္ သက္ျပင္းခ်လိုက္ၿပီး သူ႔ကို ထပ္မၾကည့္ေတာ့ေပ။

လ်န္႐ႊီသည္ က်န္းေလာ့က အေရးႀကီးသည္ကိုသိေသာေၾကာင့္ ရွင္းျပခ်က္ကိုၾကားၿပီးသည္ႏွင့္ ေနာက္ထပ္ ေမးခြန္းထပ္မေမးေတာ့ေပ။ သို႔ေသာ္ သူမသည္ ေရွာင္ခ်န္ေရကန္ကိစၥထက္ တျခားအရာမ်ားကို ေမးခ်င္ေနတာ ရွိေသးသည္။ သူမပုံစံသည္ တစ္ခုခုေျပာခ်င္ေနတာ ရွိေသးပုံေပၚေသာေၾကာင့္ တျခားသူမ်ားသည္ အလိုက္တသိ အခန္းထဲမွ ထြက္သြားေပးၾကသည္။

က်န္းေလာ့သည္ ထြက္မသြားခင္ သူ႔လက္ကို လႈပ္လိုက္ရာ သတိမထားမိေလာက္ေသာ အလင္းတစ္ခ်က္လက္သြားၿပီး ႂကြက္တစ္ေကာင္သည္ ေထာင့္တစ္ေထာင့္မွ မသိမသာဝင္သြားသည္။ တံခါးမ်ား လုံးဝပိတ္သြားၿပီး မည္သူမွ မရွိေသာအခါမွ လ်န္႐ႊီကေျပာသည္။

"ဦးေလး သမီးနားမလည္တာ တစ္ခုရွိလို႔"

တာအိုဆရာတာ္ေဝ့ဟယ္သည္ လက္ဖက္ရည္ခြက္ကို ေအာက္ခ်၍ သူမေျပာမည့္အေၾကာင္းကို ခန႔္မွန္းမိပုံရကာ မသိမသာ သက္ျပင္းခ်လိုက္သည္။

"ေကာင္းၿပီ ေျပာၾကည့္ေလ"

"ဘာလို႔ အႀကီးအကဲေတြက သမီးတို႔ကို ေဆးပညာကလြဲ၍ တျခားအရာေတြကို သင္ယူခြင့္မျပဳတာလဲ သမီးတို႔က ကအေရးႀကဳံလာရင္ ကိုယ့္ကိုယ္ကိုေတာင္ မကာကြယ္ႏိုင္ဘူး ဒီေတာ့ သမီးတို႔ တကယ္ႀကီး အသက္အႏၲာရာယ္ရွိတဲ့ အေျခအေနမ်ိဳးဆို အသက္ရွင္ႏိုင္ပါေတာ့မလား"

မုန္တိုင္းထဲတြင္ အႏၲာရာယ္ႀကဳံလာၿပီးထဲက လ်န္႐ႊီသည္ ဤကိစၥကို စိုးထိတ္ေနခဲ့သည္ ။ အဘယ့္ေၾကာင့္ဆိုေသာ္ သူမသည္ ကူကယ္ရာမဲ့ေနခ်ိန္တြင္ လ်န္မိသားစုသည္ အနာဂတ္တြင္ နာက်င္ရမည့္အေျခအေနကို ျမင္ခဲ့ရေသာေၾကာင့္ ျဖစ္သည္။

"ဒီပုံအတိုင္းဆို သမီးတို႔လ်န္မိသားစု ထ်န္ပိေရကန္ကို ဆက္ၿပီး ထိန္းသိမ္းႏိုင္ပါေတာ့မလား"

တာအိုဆရာေတာ္ ေဝ့ဟယ္သည္ တိတ္ဆိတ္စြာ နားေထာင္ေနၿပီး သူမစကားဆုံးေသာအခါ

"လ်န္႐ႊီ............."

လူအိုႀကီးသည္ သက္ျပင္းခ်၍ ႏူးညံ့သည္ထက္ ႏူးညံ့ေသာ အသံျဖင့္

"လာ ဒီဦးေလးနားလာခဲ့"

လ်န္႐ႊီသည္ ႏႈတ္ခမ္းေစ့လိုက္ၿပီး ေရွ႕သို႔ တစ္လွမ္းတိုးလိုက္သည္။

တာအိုဆရာေတာ္ ေဝ့ဟယ္သည္ သူမေခါင္းကို ပြတ္သပ္ေပးကာ ၾကင္နာစြာ ေျပာသည္။

"ဦးေလးရဲ႕ အရင္ကစီနီယာေတြနဲ႔ ဦးေလးတို႔ မ်ိဳးဆက္အပါအဝင္ေပါ့ တစ္ခ်ိန္တုန္းက ဦးေလးတို႔ မင္းတို႔သင္ရတာေတြထက္ အမ်ားႀကီးသင္ယူခဲ့ရတယ္ သူတို႔တုန္းက အထက္လမ္းနတ္ေဆးပညာတင္မကဘူး ခႏၶာကိုသန္မာေအာင္ က်င့္ႀကံျခင္းအတတ္ပညာနဲ႔ ဖူလုေရးဆြဲျခင္းေတြပါ သင္ၾကရတာ ပညာရပ္ငါးမ်ိဳးလုံး တတ္ေျမာက္တဲ့သူက အရမ္းရွားတယ္ ပညာရပ္ငါးမ်ိဳးဆိုတာ ေတာင္ေတြအေၾကာင္း၊ ေဆးပညာ၊ အနာဂတ္ေဟာျခင္းအတတ္၊ နကၡတ္ေဗဒနဲ႔ နတ္ဘုရားပင့္ဖိတ္ျခင္းအတတ္ပညာေတြကိုေျပာတာ"

"မင္းရဲ႕စီနီယာဦးေလး လ်န္ပန႔္က လြန္ခဲ့တဲ့ ႏွစ္တစ္ရာေလာက္က ႐ႊမ္႐ႊီေလာကရဲ႕ အေက်ာ္ၾကားဆုံး ဆရာတစ္ဆူျဖစ္ခဲ့တယ္ "

"ဒါေပမဲ့ အခ်ိန္ေတြက မတူေတာ့ဘူးေလ"

တာအိုဆရာေတာ္ ေဝ့ဟယ္သည္ လ်န္႐ႊီကို ခ်စ္ျမတ္ႏိုးစြာ ၾကည့္ကာ သိမ္ေမြ႕စြာေျပာလိုက္သည္။

"မင္းတို႔မ်ိဳးဆက္ေတြက်ေတာ့ တျခားပညာရပ္ေတြသင္ဖို႔ မသင့္ေတာ္ဘူး"

လ်န္႐ႊီသည္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး

"မသင့္ေတာ္ဘူးလို႔ ဘယ္သူက ေျပာတာလဲ"

တာအိုဆရာေတာ္ ေဝ့ဟယ္သည္ ထိုေမးခြန္းကို ျပန္ေျဖဖို႔ ေရွာင္လိုက္ၿပီး လွည့္ပတ္ေျပာလိုက္သည္။

"ဒါေပမဲ့ ေၾကာက္စရာမလိုဘူး ေသျခင္းရွင္ျခင္း အေရးကိစၥမ်ိဳးႀကဳံလာရင္ မင္းတို႔ကို ကာကြယ္ေပးမဲ့လူေတြရွိလာလိမ့္မယ္ သူတို႔က မင္းတို႔ကို ေသးေသးေလးေတာင္ အထိခိုက္ခံရေစမွာ မဟုတ္ဘူး........... အဲ့ဒီအခ်ိန္မွာ 'လုပ္ကိုလုပ္ရမယ္'ဆိုတဲ့ အခ်ိန္ေရာက္လာလိမ့္မယ္ "

လ်န္႐ႊီသည္ လုံးဝနားမလည္ႏိုင္ေသာေၾကာင့္

"ဦးေလး"

တာအိုဆရာေတာ္ ေဝ့ဟယ္က ေျပာသည္။

"သြားေတာ့"

လ်န္႐ႊီသည္ အၾကာႀကီး မသြားခ်င္သြားခ်င္ တြန႔္ဆုတ္ေနၿပီးေနာက္ အခန္းထဲမွ ေႏွးေကြးစြာ ထြက္လာသည္။ ေ႐ႊေရာင္ႂကြက္သည္ သူမေျခေထာက္နားမွျဖတ္၍ သူမႏွင့္အတူ တခါးမွ ျဖတ္၍ ထြက္ေျပးသြားသည္။

က်န္းေလာ့သည္ စကားဝိုင္းတစ္ခုလုံးကို ေသခ်ာနားေထာင္ခဲ့သည္။ သူ႔လက္ေခ်ာင္းမ်ားသည္ ေ႐ႊေရာင္ႂကြက္၏ေခါင္းကို ခ်ီးက်ဴးသည့္အေနျဖင့္ ပြတ္သပ္ေပးေနၿပီး ႂကြက္သည္ ခနေလာက္ ဇိမ္ခံကာ စာလုံးမ်ားအသြင္ေျပာင္း၍ လက္ေကာက္ထဲ ျပန္ဝင္သြားေတာ့သည္။

က်န္းေလာ့သည္ မ်ိဳးႏြယ္ႀကီးေျခာက္ခုသည္ တစ္ခုခ်င္းစီတိုင္းတြင္ လွ်ိဳ႕ဝွက္ခ်က္အမ်ားႀကီး ရွိေနၾကေၾကာင္း မထင္မွတ္ထားဘဲ ရွာေတြ႕လိုက္သည္။

ထ်န္းရွိဖူတြင္ ဖုန္းလီ၏မိဘမ်ားအေၾကာင္းသည္ တားျမစ္ထားေသာ အေၾကာင္းအရာျဖစ္ၿပီး ျပန္လည္သုံးသပ္ခန္းမ်ားေအာက္တြင္ လူမ်ားကို ခ်ဳပ္ေႏွာင္ထားေသာ အခ်ဳပ္ခန္းမ်ားရွိေနသည္။

ဗုဓၵဘာသာေက်ာင္းတြင္ ေကာဝူခ်န္သည္ ေက်ာင္းေတာ္ကို ပုန္ကန္ကာ သူ႔ဆရာွႏွင့္ ဆရာဦးေလးမ်ားကို သတ္ပစ္လိုက္သည္။

ခ်ီ(ခ်ီယယ္)ႏွင့္ ခ်ီ(ခ်ီယုံ)မိသားစုႏွစ္ခုကေတာ့ ေျပာဖို႔မလိုေတာ့ေအာင္ ႀကံရာပါတြဲဖက္မ်ားျဖစ္ၿပီး ခြဲမရေသာ မိသားစုႏွစ္ခုျဖစ္ၾကသည္။

လိုအင္ေလာဘ လိုအင္ဆႏၵမ်ိဳး မရွိဟု ထင္ရေသာ လ်န္မ်ိဳးႏြယ္ေတာင္မွပဲ အျပင္လူမ်ားသိခြင့္မရွိေသာ လွ်ိဳ႕ဝွက္ခ်က္မ်ား ရွိေနေသးသည္။

'သူတို႔အားလုံးက ေနာက္ကြယ္မွာ ဆက္စပ္မႈ ရွိေနမလားမသိဘူး'

က်န္းေလာ့သည္ ေရာက္ရာေပါက္ရာ ေလွ်ာက္ေတြးေနရင္း နာရီၾကည့္လိုက္ရာ နာရီလက္တံသည္ ခုႏွစ္နာရီကို ၫႊန္ျပေနကာ ေဆာင္းတြင္းတြင္ ခုႏွစ္နာရီတြင္ ေမွာင္ေနၿပီျဖစ္သည္။

အိပ္ရာဝင္ရန္ အခ်ိန္ေရာက္ေပၿပီ

က်န္းေလာ့မ်က္လုံးမ်ားသည္ တစ္ခုခုကို ေမွ်ာ္လင့္ေစာင့္စားေနသလို လင္းလက္ေတာက္ပလာကာ အိပ္ရာေပၚသို႔ ေအးေဆးစြာ လွဲအိပ္လိုက္သည္။

အိပ္ရာေပၚသို႔ ေသခ်ာလွဲအိပ္ၿပီးေနာက္ ေမွာင္မဲေနေသာ မ်က္ႏွာက်က္ကို ၾကည့္လိုက္ၿပီး ပ်င္းရိစြာ မ်က္လုံးမ်ားပိတ္လိုက္သည္။

မေကာင္းဆိုးဝါး အခြင့္ေကာင္းယူႏိုင္ေသာ အခ်ိန္ေရာက္လာေလၿပီ

အေမွာင္ထဲတြင္ လူငယ္ေလး၏ ႏႈတ္ခမ္းေထာင့္မ်ားသည္ ခနေလာက္ ေကာ့တက္ေနကာ ခ်က္ခ်င္း ေအးစက္ေသာ မ်က္ႏွာသို႔ေျပာင္းလဲသြားသည္။

သူသတိျပန္ဝင္လာခ်ိန္တြင္ သူ႔ေခါင္းေပၚမွ ပန္ကာအသံကိုၾကားေနရသည္။

"ခရက္ ခရက္"

သူသည္ ခ်က္ခ်င္း မ်က္လုံးဖြင့္ မၾကည့္ေသာ္လည္း ထိုစိတ္ပ်က္စရာအသံသည္ သူ႔နားထဲတြင္ ဆက္တိုက္ၾကားေနရသည္။ ပန္ကာအသံအျပင္ကို သူ႔ေဘးနားေလးတြင္ တျခားလူမ်ား၏ တီးတိုးေျပာသံမ်ားႏွင့္ အျခားေသာ ဆူညံသံမ်ားၾကားေနရသည္။ ထိုအသံမ်ားထဲတြင္ လုယုံရိႏွင့္ က်ိဳးက်ဳံးခ်ိဳးတို႔၏ အသံလည္းပါသည္။

ေခြၽးနံ႔ႏွင့္ အစားအေသာက္အနံ႔မ်ား ေလထုထဲတြင္ ပ်ံ႕ႏွံ႔ေနကာ ေရာယွက္ေနေသာ အနံ႔မ်ားသည္ ငယ္႐ြယ္ျခင္း၏ ျပယုဂ္တစ္ခုျဖစ္ကာ က်န္းေလာ့သည္ ထိုရနံ႔မ်ားႏွင့္ အလြန္ရင္းႏွီးေနသည္။

က်န္းေလာ့လက္ေခ်ာင္းမ်ားလႈပ္ရွားသြားၿပီး စားပြဲသည္ ျပားကပ္ေနၿပီး ေခ်ာမြတ္ေနသည္။ သူ႔လက္ေခ်ာင္းမ်ားကို ေရွ႕နည္းနည္းတိုးလိုက္ေသာအခါ စာအုပ္တစ္အုပ္ကို ထိမိသြားသည္။

စာသင္ခန္းထဲသို႔ ေရာက္ေနျခင္းျဖစ္သည္။

က်န္းေလာ့သည္ ေနာက္ဆုံးတြင္ မ်က္လုံးဖြင့္ၾကည့္လိုက္သည္။ သူသည္ စားပြဲေပၚေမွာက္အိပ္ေနရာမွ ထလိုက္ၿပီး ေတြေဝရႈပ္ေထြးေနေသာ အမူအယာျဖင့္ စာသင္ခန္းထဲကို လိုက္ၾကည့္ေနသည္။ ရင္းႏွီးေနေသာ မ်က္ႏွာမ်ားသည္ သူ႔ပတ္ပတ္လည္တြင္ ရွိေနသည္။ ထိုသူမ်ားသည္ ယယ္႐ႊင္ႏွင့္ တျခားသူငယ္ခ်င္းမ်ားျဖစ္သည္။

သို႔ေသာ္ သူတို႔က်န္းေလာ့ကို ၾကည့္ေနၾကသည့္ပုံစံမွာ ႐ြံရွာေနေသာ အၾကည့္မ်ားျဖစ္သည္။ သူတို႔သည္ ႏွစ္ေယာက္တစ္စု သုံးေယာက္တစ္စု စုထိုင္ေနၾကကာ သူ႔ကိုဖယ္ထားၾကသည္။ လုယုံရိသည္ သူ႔ကို အႀကိမ္နည္းနည္းေလာက္ လွည့္ၾကည့္သည္။ ထိုသို႔ေသာ သေဘာထားသည္ ယခင္က မူလပိုင္ရွင္ကို သူတို႔ဆက္ဆံေသာ သေဘာထားျဖစ္သည္။

သရဲတစ္ေကာင္အေနျဖင့္ လူမ်ားကို အိပ္မက္ထဲတြင္ ေျခာက္လွန႔္ျခင္းသည္ သရဲတိုင္းတတ္ေျမာက္ေသာ သင္စရာမလိုသည့္ နည္းလမ္းျဖစ္သည္။ မေကာင္းဆိုးဝါးတစ္ေကာင္က လူတစ္ေယာက္ကို အိပ္မက္ထဲသို႔ ဆြဲသြင္းလိုက္ေသာအခါ အိပ္မက္ထဲမွ ျမင္ကြင္းသည္ က်န္းေလာ့ေ႐ြးခ်ယ္သတ္မွတ္ႏိုင္တာမ်ိဳး မဟုတ္ေတာ့တာ ပုံမွန္ျဖစ္သည္။

'လြန္ခဲ့တဲ့ တစ္ႏွစ္က စာသင္ခန္းထဲကို ျပန္ေရာက္လာတာလား'

"ေက်ာင္းသားတို႔"

ရင္းႏွီးေနေသာ အသံနိမ့္နိမ့္သည္ အတန္းေရွ႕ဆုံးမွ ၾကားလိုက္ရသည္။

"မင္းတို႔ရဲ႕ ေနာက္ဆုံးတစ္ေခါက္ သင္ခန္းစာကို ဆရာစစ္ေတာ့မယ္ေနာ္"

'ဒီအသံက.............'

က်န္းေလာ့သည္ မ်က္ေမွာင္ၾကဳတ္သြားၿပီး ေမာ့ၾကည့္လိုက္သည္။

ေႁမြေပြးကဲ့သို႔ ေကာက္က်စ္ေသာ မ်က္လုံးတစ္စုံျဖင့္ အၾကည့္ခ်င္းဆုံသြားသည္။ ခ်ီယုံသည္ စမတ္က်ေသာ ဝတ္စုံတစ္စုံဝတ္ထားၿပီး က်န္းေလာ့ ေရကန္ထဲပစ္ထည့္လိုက္တာ ၾကာၿပီျဖစ္ေသာ ႏွင္းဆီရင္ထိုးကို အံ့ဩစရာေကာင္းစြာ သူ႔ကိုယ္ေပၚတြင္ျပန္ေတြ႕လိုက္ရသည္။ ထိုမွ်မကေသးဘဲ မေကာင္းဆိုးဝါးသည္ ေ႐ႊကိုင္းမ်က္မွန္တစ္လက္ကို ဝတ္ဆင္ထားၿပီး သူ႔လက္ထဲတြင္ ဆရာကိုင္ႀကိမ္လုံးေသးေလးတစ္ေခ်ာင္းကိုင္ထားၿပီး အျဖဴေရာင္လက္အိတ္အသစ္တစ္စုံကို ဝတ္ဆင္ထားကာ တကယ္ႀကီး ဆရာတစ္ေယာက္ႏွင့္ တူေနသည္။

မ်က္မွန္ေအာက္မွ မ်က္ဝန္းတစ္စုံသည္ က်န္းေလာ့၏ ေငးၾကည့္မႈေၾကာင့္ လႈိင္းထန္သြားသလို ျဖစ္သြားသည္။

ပိုင္ဟြာတကၠသိုလ္တြင္ သင္ၾကားေရးလက္ေထာက္ လုပ္ခဲ့ေသာ ခ်ီယုံသည္ ဤပုံစံျဖစ္သည္ကို က်န္းေလာ့ ပထမဆုံးျမင္လိုက္ရသည္။ သူ႔ကို ေသခ်ာၾကည့္ၿပီးေသာ အခါ က်န္းေလာ့သည္ ေအာ္ရယ္မိေတာ့မလို ျဖစ္သြားသည္။

'သူ႔ကိုယ္သူ တကယ္ႀကီး လူသားလို႔ထင္ေနတယ္လို႔ေတာ့ ငါ့ကိုလာမေျပာနဲ႔ေနာ္'

သို႔ေသာ္ ခံစားခ်က္မရွိေတာ့ေသာ သူကဲ့သို႔ ဟန္ေဆာင္ေနေသာ က်န္းေလာ့သည္ ခ်ီယုံက သူ႔ကို စိတ္မဝင္စားသကဲ့သို႔ လုပ္ျပေနေသာ ခ်ီယုံ႔ကို တည္ၿငိမ္စြာ ၾကည့္ေနသည္။ ခန႔္ညားေသာ ဆရာသည္ လက္ေခ်ာင္းမ်ားကို ပုတ္ေနၿပီး ရွည္လ်ားၿပီး ေပါ့ပါးေသာ တုတ္ေခ်ာင္းကို ေက်ာင္းသားမ်ားကို ၾကည့္၍ ေဝ့ယမ္းေနသည္။

သူသည္ ႏူးညံ့စြာ ၿပဳံးလိုက္ေသာ္လည္း ထိုအၿပဳံးသည္ အႏၲာရာယ္ရွိၿပီး ထူးဆန္းေနသည္။

"က်န္းေလာ့ ဆရာ့ကို ေနာက္ဆုံးသင္ခန္းစာရဲ႕ အေျဖေျပာျပ"

အတန္းသားမ်ားသည္ အခန္းအလယ္မွာထိုင္ေနသာ က်န္းေလာ့ကို လွည့္ၾကည့္ၿပီး က်န္းေလာ့ထေျဖမည့္ အခ်ိန္ကို ေစာင့္ေနၾကသည္။ က်န္းေလာ့သည္ ေျဖးညႇင္းစြာ မတ္တပ္ရပ္လိုက္ၿပီး မ်က္လႊာခ်၍ တည္ၿငိမ္ေသာ အသံျဖင့္

"မသိပါဘူး"

"ဘယ္လိုေတာင္ မသိႏိုင္ရတာလဲ"

ဆရာ့အသံသည္ တိုးဝင္သြားၿပီး သူ႔အသံထဲတြင္ ခက္ထန္မႈ အခ်ိဳ႕ကို ခံစားမိေစသည္။

"ဒီကိုလာခဲ့ စင္ေပၚတက္"

က်န္းေလာ့သည္ ရပ္တန႔္သြားၿပီး စင္ေပၚသို႔ တက္ဖို႔သြားလိုက္သည္။

သူသည္ ခ်ီယုံ႔မ်က္ႏွာအေျပာင္းအလဲကိုၾကည့္၍ သူ႔ဘဝတြင္ ဤမွ်ေလာက္ ေပ်ာ္တာမ်ိဳး မျဖစ္ဖူးသလို ႀကိတ္ရယ္ေနသည္။

မေကာင္းဆိုးဝါးႏွင့္ ဤကဲ့သို႔ သိသိသာသာ လစ္လ်ဴရႈသည့္ ကစားနည္း ကစားျခင္းသည္ သူေတြးထားသည္ထက္ ပို၍ ေပ်ာ္စရာေကာင္းေနေသးသည္။

ခ်ီယုံသည္ က်န္းေလာ့သူႏွင့္ နီးလာသည္ကို ေစာင့္ၾကည့္ေနသည္။

ယခင္က မီးပြင့္ကဲ့သို႔ လင္းလက္ခဲ့ဖူးေသာ ဆံပင္အနက္ေရာင္ႏွင့္ လူငယ္ေလး၏ မ်က္လုံးမ်ားသည္ ယခုအခ်ိန္တြင္ ေအးစက္ေနကာ ခံစားခ်က္မဲ့ေနၾကသည္။ ထို႔အျပင္ ေကာင္ေလးသည္ သူလုပ္ခိုင္းတာအကုန္ ဘာမွလိုက္လံ ခံစားေတြးေတာမေနဘဲ လုပ္ေပးမည့္ပုံျဖစ္ေနသည္။

သို႔ေသာ္ ခ်ီယုံ႔ကို ၾကည့္ေနေသာ မ်က္လုံးမ်ားတြင္ မျမင္ခ်ိတ္တစ္ခုရွိေနပုံရကာ ခ်ီယုံ၏ စိတ္အာ႐ုံအလုံးစုံကို အပိုင္သိမ္းခ်င္ေသာ ခ်ီယုံအာ႐ုံတစ္ခုလုံးကို သူသာအပိုင္လိုခ်င္ေသာ စိတ္ဆႏၵမ်ား တိုးပြားလာေၾကာင္း ကာယကံရွင္သာ သိႏိုင္သည္။

ထန္ပိသည္ ဟြာပိကို က်န္းေလာ့သည္ ထ်န္ပိေရကန္ထဲတြင္ ကံၾကမၼာယုံသူႏွင့္ အတူစိမ္ခဲ့ေၾကာင္းေျပာျပလိုက္သည္။ ထို႔အျပင္ ဟြာပိကို သူမုန္းသည့္ က်န္းေလာ့ ထ်န္ပိေရကန္ထဲ စိမ္ၿပီးေနာက္ တျခားသူတစ္ေယာက္အျဖစ္ေျပာင္းလဲသြားေၾကာင္း ေျပာခဲ့သည္။

မေကာင္းဆိုးဝါး၏ အၿပဳံးသည္ ပို၍ ခက္ထန္လာကာ သူ႔ႏႈတ္ခမ္းေထာင့္မ်ားသည္ ပိုပိုၿပီး ျမင့္တက္လာကာ သူ႔လက္ေခ်ာင္းရွည္ရွည္မ်ားသည္ စာသင္တုတ္ကို ေျမႇာက္ေဆာ့ေနသည္။ သူ႔ပုံစံသည္ ဆန္းၾကယ္စြာ နတ္ဆိုးဆန္ေနေသာ္လည္း အလြန္ဆြဲေဆာင္မႈရွိေနသည္။

သူသည္ ေက်ာက္သင္ပုန္းကို စာသင္တုတ္ျဖင့္ အသာထိလိုက္ၿပီး ခန႔္ညားေသာ သင္ၾကားေရးလက္ေထာက္သည္ ေပါ့ပါးစြာျဖင့္ အသံကိုျမႇင့္၍ ေျပာလိုက္သည္။

"အရင္က သင္ခန္းစာကို မင္းမေျဖႏိုင္မွေတာ့ ဒီေမးခြန္းရဲ႕ အေျဖကို ခ်ေရးလိုက္"

"မင္း ဒီတစ္ႀကိမ္မွန္ေအာင္မေရးႏိုင္ရင္ .."

သူသည္ အသံကို အရွည္ႀကီး ဆြဲ၍ ေျပာလိုက္သည္။

"ဒီဆရာက မင္းကို ေသခ်ာသီးသန႔္ သင္ၾကားေပးရေတာ့မယ္"

က်န္းေလာ့သည္ ေက်ာက္သင္ပုန္းကို ၾကည့္လိုက္သည္။

ေက်ာက္သင္ပုန္းေပၚတြင္ ထပ္ေပါင္းေမးခြန္းတစ္ခုရွိေနသည္။

"မင္းကို ဆရာက မွန္ေလာကထဲက ေခၚထုတ္ေပးခဲ့တုန္းက မင္းဆရာ့ကို ကတိေပးခဲ့တဲ့ အေၾကာင္းအရာေတြက ဘာေတြလဲ"

ေမးခြန္းေအာက္ဘက္တြင္ အေျဖေရးရန္ ေနရာအက်ယ္ႀကီး ခ်န္ထားေပးသည္။

ေအာက္မွေက်ာင္းသားမ်ားထဲမွ မည္သူက လွ်ာရွည္ၿပီး ေမးခြန္းကို အက်ယ္ႀကီး ေအာ္ဖတ္လိုက္သည္ မသိေပ။

"ဘယ္အေၾကာင္းအရာကို .................... ဆရာ့ကို ကတိေပးခဲ့တာလဲ"

"ဟမ္ အဲ့တာ ဘာကို ေျပာခ်င္တာလဲ သိခ်င္လိုက္တာကြာ ဆရာက က်န္းေလာ့နဲ႔ တစ္ခုခုကို အတူတူညႇိႏႈိင္းထားတာ ရွိတာလား မသိဘူးေရာ"

ဤသို႔ေသာ ကိစၥႀကီးကို လူမ်ားေရွ႕တြင္ ေဖာ္ထုတ္ခံလိုက္ရေသာအခါ ရွက္႐ြံ႕ၿပီး ဘယ္ကိုေျပးပုန္းရမွန္းမသိ ျဖစ္သြားေစသည္။ မေကာင္းဆိုးဝါးက သူ႔ခံစားခ်က္မ်ားကို ႏႈိးဆြဖို႔ ႀကိဳးစားေနမွန္း က်န္းေလာ့သိသည္။ မေကာင္းဆိုးဝါးသည္ သူ႔ကို ခံစားခ်က္ကင္းမဲ့ေနေသာ အေျခအေနမွ ဆြဲထုတ္၍ သူ႔ကို ျပႆနာရွာၿပီး ေပါက္ကြဲလိုက္ေစခ်င္ေနသည္။

သို႔ေသာ္ မေကာင္းဆိုးဝါး ဒီလိုလုပ္ေလ က်န္းေလာ့သည္ ေရေသကဲ့သို႔ ခံစားခ်က္မရွိခ်င္ေယာင္ေဆာင္ခ်င္ေလျဖစ္သည္။

အခုမွ အိပ္မက္စမက္တာျဖစ္ေသာေၾကာင့္ က်န္းေလာ့သည္ အလ်င္မလိုပဲ သူ၏ စေနာက္ခ်င္ေသာ ဉာဥ္ဆိုးေလးကို အလိုလိုက္ထားလိုက္သည္။

သူသည္ ေမးခြန္းကို ခနေလာက္ၾကည့္လိုက္ၿပီး ခ်ီယုံကသူ႔ကို မေရးႏိုင္ေလာက္ဖူးဟု ေတြးထားမည္ကိုသိရာ ေျမျဖဴေတာင့္ကို ေကာက္ကိုင္လိုက္သည္။

ထို႔ေနာက္ ေျမျဖဴျဖင့္ ေက်ာက္သင္ပုန္းေပၚ ေရးျခစ္ေနသံသည္ အခန္းထဲတြင္ အားအင္ျပည့္ဝစြာ ရွင္းရွင္းလင္းလင္း ထြက္ေပၚလာသည္။

ေအာက္တြင္ထိုင္ေနေသာ ေစာနက လွ်ာရွည္ေသာ ေက်ာင္းသားသည္ သူေရးသမွ်ကို လိုက္ဖတ္ေနသည္။

"ဆရာက ေမးတယ္ ၿပီးေတာ့ ကြၽန္ေတာ္ လုပ္တယ္ အခ်စ္ကိစၥ"

က်န္းေလာ့သည္ ေျမျဖဴကို ေအာက္ခ်လိုက္ကာ ခ်ီယုံ႔ကို ၾကည့္ရန္ လွည့္လာၿပီး သာမန္ကာလွ်ံကာ ေျပာလိုက္သည္။

"ဒါေတြက ဆရာကြၽန္ေတာ့္ကို ေတာင္းဆိုထားတဲ့ အေၾကာင္းအရာေတြပါ"

#########################

Telegram မွာ အၿပီးအထိ တင္ၿပီးပါၿပီေနာ္။ 

Continue Reading

You'll Also Like

49.3K 7.5K 28
Name: 落到玫瑰上的星星 (The Star That Fell on the Rose) Author: 藤花琅 Chapters: 24 chapters + 3 Extras...
15.4K 1.6K 15
The demon venerable's wishful desire Author - Mo Xi Ke 112 chapters+ 3 extras Start date- 27.2.2022 I don't own this novel.Just fun translation. Full...
5.7K 716 22
ခပ်ကြောင်ကြောင် gong (ယန်ကျင်းဇီ) နဲ့ shou (ဆုမော့ရှိုး) တို့ဟာ အမြဲမြင်မြင်ချင်းချစ်မိကြသတဲ့။ သူတို့ကအတူတကွဝိညာဥ်ကူးပြောင်းကြပြီး တစ်ယောက်ကိုတစ်ယောက...
50.6K 7K 90
မင်္ဂလာ ညချမ်းပါရှင် အသစ်လေးတွေ လာကြေညာတာပါ ရှင့် ???? BL အတိုလေးနှစ်ပုဒ် PICK ထားပါတယ် အပိုင်းသိပ်မများတာလေးတွေပါ ဖတ်ပေးကြပါဦးနော် ... အားလုံးပဲ က...