အပိုင်း (၁၃၇) မကောင်းဆိုးဝါးနှင့် နည်းလမ်းကောင်း
ဝမ်ယမ်လန်နှင့် အတန်းဖော်များသည် လျန်အိမ်တော်သို့ ရောက်နေသည်မှာ နှစ်ရက်ရှိသွားပြီဖြစ်သည်။ သုံးရက်ဆိုသော အချိန်နီးလာလေ သူတို့သည် ငြိမ်ငြိမ်မနေနိုင်တော့ဘဲ စိတ်သောကရောက်ကာ မီးတောက်နေပြီဖြစ်သည်။
မနက်စောစောတွင် လုယုံရိသည် ကျိုးကျုံးချိုးနှင့် ဝမ်ယမ်လန်တို့ လျန်မိသားစု၏ ဆရာသခင်များအိမ်မှာ ညီအစ်ကိုတပည့်များနှင့် သွားတွေ့ပြီး ပြန်လာမည့် အချိန်ကို စောင့်နေသည်။ သူတို့ပြန်လာသောအခါ သူကအရင် ဦးအောင်မေးခဲ့သည်။
"ကျန်းလော့တောင်အောက်ဆင်းလာတာကို စောင့်ဖို့ပဲ ပြောလိုက်တာမလား"
ကျိုးကျုံးချိုးသည် အမူအယာမဲ့စွာ ခေါင်းညိတ်လိုက်သည်။
"ငါသူတို့ကို ခနခနသွားမေးတယ် ဒါပေမဲ့ အိမ်တော်မှာ လျန်အိမ်က ဂျူနီယာတပည့်တွေပဲ ရှိတာ အကြီးတွေအားလုံး လုံးဝမရှိသလို ပျောက်နေတယ် သူတို့ပြောတာတော့ နောက်နှစ်ရက်အတွင်း ကျန်းလော့ဆင်းလာမှာမို့လို့ အေးအေးဆေးဆေးစောင့်တဲ့ ဒါပေမဲ့ အခုတောင် နှစ်ရက်ကုန်သွားပြီ ကျန်းလော့ ဆင်းမလာသေးဘူး ဝမ်ယမ်နဲ့ငါ သူတို့ကို ဝေ့ဟယ်နေတဲ့ နေရာမေးတော့လဲ သူတို့ပြောတာ မရှင်းဘူး တောင်ပေါ်ကို လမ်းလျှောက်တက်သွားရင် အဲ့ဒီကို ရောက်မယ်တဲ့ ဒီက ဘယ်သူမှ ငါတို့ကို လိုက်ပို့ပေးချင်တဲ့ပုံမရဘူး "
လုယုံရိသည် စိတ်တိုလာကာ လမ်းထလျှောက်နေသည်။
"ဒါဆိုငါတို့ ဘယ်လိုလုပ်ကြမလဲ ငါတို့ဒီတိုင်းပဲ တက်သွားကြရအောင်ဟာ ငါဒီမှာဆက်စောင့်နေရရင် ရူးသွားတော့မယ်"
"ဟုတ်တယ် ဒီနည်းလမ်းပဲရှိတော့တယ်"
ဝမ်ယမ်လန်သည် နားဆွဲများထည့်ထားသော အိတ်ကပ်ရှိသော ရင်ဘက်ကို ပွတ်သပ်၍ လေးနက်စွာ ပြောလိုက်သည်။
"တောင်ပေါ်မှာ လူနေတဲ့ နေရာတွေ အများကြီးရှိတာ ဒါပေမဲ့ ငါတို့တစ်နေရာချင်းရှာရင် တာအိုဆရာတော်ဝေ့ဟယ် နေတဲ့ နေရာကို ရောက်သွားမှာပါ ကျန်းလော့ ဆင်းလာမှာကို စောင့်နေလို့ မဖြစ်တော့ဘူး ငါတို့ တောင်ပေါ်တက်သွားကြရအောင်"
ကောကျူသည် အနည်းငယ်တွေဝေစွာဖြင့်
"ဒါပေမဲ့ ကျန်းလော့ဆင်းလာတာနဲ့ ငါတို့တက်သွားတာနဲ့ လမ်းလွဲသွားမှာ ကြောက်တာ"
ဤဖြစ်နိုင်ချေကိုလည်း ဖယ်ထားလို့မရသောကြောင့် သူတို့နှစ်ရက်တိတိ လျန်အိမ်မှာနေနေခဲ့ခြင်းဖြစ်သည်။ ယယ်ရွှင်က ပြောသည်။
"ဒါဆို ဒီမှာ တစ်ယောက်က စောင့်နေခဲ့ရင်ရော"
ယယ်ရွှင်သည် ထရပ်လိုက်ပြီး ဝမ်ယမ်လန်ကို ခိုင်မာစွာကြည့်လိုက်သည်။
"ငါကတော့ ကျန်းလော့ကို သွားရှာမှာပဲ"
တုံ့ဆိုင်းခြင်းကင်းစွာ သူတို့သည် လိုအပ်သည်များ ထုတ်ပိုးပြီးသည်နှင့် တောင်ပေါ်သို့ သုတ်ခြေတင်တော့သည်။ တောင်ပေါ်တွင် နှင်းများသည် တချို့နေရာများတွင် လူတစ်ဝက်လောက် နှစ်ဝင်သွားလောက်အောင် ထူထပ်နေသည်။ လုယုံရိတို့သည် ကံကောင်းစွာပင် သူတို့အားလုံးသည် ကျန်းမာသန်စွမ်းကြပြီး အားနည်းသူမပါပေ။
နှစ်နာရီကြာအောင် တက်သွားကြပြီးနောက် ကျိုးကျုံးချိုးသည် ဟိုကြည့်သည်ကြည့်ကြည့်လိုက်သော်လည်း နေရာတိုင်းသည် ဖြူဖွေးနေသည်။ သူမသည် ခြောက်သွေ့နေသော နှုတ်ခမ်းကို သပ်၍ သူမ၏ စိုးရီမ်ကြောင့်ကျမှုများကို ချထား၍ အားတင်းကာ ဆက်လျှောက်သည်။
တာအိုဆရာတော်ဝေ့ဟယ်နေထိုင်သော အိမ်တော်တွင် အစီအရင်တစ်ခုရှိနိုင်သည်။ သူတို့သည် ထိုနေရာကို ရှာချင်လျှင် ကံကိုယုံပြီးသာ ကြိုးကြိုးစားစားရှာရမည်ဖြစ်သည်။
"ကျုံးချိုး မင်းက လျန်အိမ်တော်နဲ့ ရင်းနှီးတယ်မလား လျန်ရွှီနဲ့ဆို သူငယ်ချင်းကောင်းတောင် ဖြစ်နေသေးတာ "
လုယုံရိသည် ချွေးစို့ပြီး မောပန်းစွာမေးသည်။
"တာအိုဆရာတော် ဝေ့ဟယ်က ဘယ်လိုလူမျိုးလဲ ကျန်းလော့က သူနဲ့တွေ့ရင် တကယ်ကြီး အန္တာရာယ်ရှိနိုင်တာလဦး"
သူတို့သည် သုဘရာဇာ၏ စကားများကြောင့်သာ ကျန်းလော့ အန္တာရာယ်ထဲ ကျရောက်နေမှန်းသိရပြီး မည်သည့်အန္တာရာယ်မျိုး ကျရောက်နေမှန်းတော့ မသိတာမို့ ခန့်မှန်းကြည့်ကြရုံသာ တတ်နိင်သည်။
"ဝေ့ဟယ်လား သူက အရမ်းကို ကာကွယ်တတ်တဲ့ အကြီးအကဲ တစ်ယောက်ပါပဲ"
ကျိုးကျုံးချိုးသည် ထူးဆန်းသော မျက်နှာထားနှင့် ပြောလိုက်သည်။
"ငါအထက်တန်းကျောင်းမှာတုန်းက ငါက ငါ့ပုံစံနဲ့ငါနေခဲ့တာ တခြားသူတွေက ကောင်မလေးချောချောလေးတွေ ကောင်လေးတွေကို ဖလစ်ကြတာပေါ့ ဒါပေမဲ့ ငါက သူများနဲ့ မတူဘူးထင်ပါတယ် ငါက သရဲမလေးတွေကိုပဲ လိုက်ဖလစ်နေခဲ့တာ အဲ့တုန်းက ငါတော်တော်ဆိုးခဲ့တာ ငါက သရဲတွေနဲ့ပဲ အဆင်ပြေတယ်ဆိုပြီး သက်သေပြဖို့လုပ်တော့ ငါသေတော့မလိုတောင် ဖြစ်သွားသေးတယ် တစ်ချိန်တုန်းက အဆောင်မှာ ကြိုးဆွဲချသေသွားတဲ့ သရဲမတစ်ကာင်ကိုတွေ့ခဲ့တယ် ကောင်မလေးက အရမ်းကို အပြစ်ကင်းတဲ့ပုံစံလေးမို့လို့ မထိန်းနိုင်ဘဲ စကားသွားပြောမိတယ် အဲ့မှာ သူမက ငါ့နောက်လိုက်တော့တာပဲ"
သူမသည် စိတ်ရှုပ်ထွေးနေသော အတိတ်ကိုပြန်သတိရသည့် အကြည့်များပေးလာကာ
"သရဲမက ငါ့အိမ်ထိလိုက်လာပြီး ငါ့ကောင်မလေးလုပ်ဖို့ ဇွတ်အတင်းလိုက်ပြောနေတာ ငါ့ဘေးမှာ ရှိတဲ့ မိန်းကလေးတိုင်းကိုသဝန်တိုလာတယ် လျန်ရွှီက အဲ့ဒီသရဲမကြောင့် သေတော့မလိုဖြစ်သွားခဲ့တာ အဲ့အကြောင်းကို တာအိုဆရာတော် ဝေ့ဟယ်လဲ သိသွားရော သူက ချက်ချင်း ငါ့အိမ်ရောက်လာတယ်"
ကျိုးကျုံးချိုးသည် တုန်ယင်နေပြီး
"သူက အဲ့ဒီသရဲမကို အိမ်သာထဲတန်းဆွဲခေါ်သွားပြီး အိမ်သာခွက်ထဲနှစ်ချပစ်လိုက်တာ သရဲမက ထွက်ပြေးဖို့လုပ်ပေမဲ့ သူက သူမကို ခွက်ထဲအသေဆွဲနှစ်ထားတာ ............... နောက်ဆုံးသူမကို လျန်အိမ်တော်က ထျန်ပိရေကန်ထဲမှာ ပြန်တွေခဲ့တယ် သူမကိုထျန်ပိရေကန်ထဲကရေနဲ့ နေ့တိုင်း ရေချိုးခိုင်းတယ် ရေပမာဏကို သေချာထိန်းချုပ်ထားတော့ ရေစင်ကြောင့်သူမ မသေသွားနိုင်ဘူး သူမက အရမ်းကို နာကျင်နေခဲ့တာ အဲ့လောက်နဲ့ ပြီးသွားတယ် ထင်လား မပြီးသေးဘူးဟ"
"သုံးလကြာတော့ ငါလျန်ရွှီကိုတွေ့ဖို့ လျန်အိမ်တော်ကို သွားလည်တော့ သရဲမက အသက်ရှိတုန်းဆိုတာ တွေ့လိုက်ရတဲ့ အပြင်ကို သူမက လုံးဝ ထာဝရအသက်ရှင်တဲ့သူလို ပြောင်းလဲနေတာ ငါသူမကို ငါ့မျက်စိရှေ့တင် နေရောင်ထဲပြေးထွက်သွားပြီး ကမ္ဘာကြီးငြိမ်းချမ်းဖို့ သူမကိုယ်သူမ စတေးမယ်ဆိုပြီး လိုလိုချင်ချင်သတ်သေသွားတာကို မြင်လိုက်ရတာ သူမပြောခဲ့တာ သူမလို မကောင်းဆိုးဝါးတစ်ကောင်ဖြစ်ဖြစ် လျော့သွားရင် ကမ္ဘာကြီးက လူတွေပိုပြီး နေလို့ကောင်းလာမှာတဲ့"
ယယ်ရွှင်သည် သေချာနားထောင်ပြီး တွေးမိကာ
"ဦးနှောက်ဆေးတာနဲ့ တူသလိုပဲ"
ကျိုးကျုံးချိုးသည် ပုခုံးတွန့်လိုက်ပြီး
"ငါလည်း အမြဲတမ်း လျန်အိမ်တော်ရဲ့ ရေစင်က တစ္ဆေသရဲတွေကိုတောင် ဦးနှောက်ဆေးနိုင်တဲ့ ဂုဏ်သတ္တိရှိနေတယ် ထင်ခဲ့တာ "
ထိုစကားများသည် လျန်ရွှီရှေ့တွင် ဘယ်တုန်းကမှ မပြောရဲခဲ့သော စကားများဖြစ်သည်။
ထန်ပိသည် သူတို့ပြောသမျှကို တိတ်ဆိတ်စွာ နားထောင်နေသည်။ ထိုအချိန်တွင် သူ့နှာခေါင်းသည် ရုတ်တရက် ရှုံ့ပွရှုံ့ပွဖြစ်လာကာ အနောက်မြောက်ဘက်သို့ ကြည့်လိုက်သည်။
"လုယုံရိ"
သူကပြောသည်။
"သွေးနံ့ရတယ်"
လူတစ်စုသည် ချက်ချင်း သတိအနေအထားဖြစ်သွားပြီး သူ့ကို စိတ်ပူသော မျက်ဝန်းများဖြင့် ဝိုင်းကြည့်နေကြသည်။ လုယုံရိသည် အလောတကြီး ပြောလိုက်သည်။
"ဘယ်နားမှာလဲ"
ထန်ပိက ပြောသည်။
"ငါ့နောက်လိုက်ခဲ့ကြ"
သူသည် ရှေ့က ထွက်သွားပြီး သူတို့အားလုံးသည် နှင်းထုကြားတွင် ထန်ပိနောက်သို့ ခပ်သွက်သွက်လိုက်ကြသည်။ ထန်ပိသည် သွေးနံ့ရသောနေရာတည့်တည့်သို့ လျှောက်သွားသည်။ သူတို့ထိုနေရာရောက်သောအခါ အဖြူရောင်နှင်းအလွှာလိုက်ပြန်ဖုံးထားတာတောင် နီရဲနေသေးသော သွေးကွက်ကြီးကို တွေ့လိုက်သည်။ မြင်ရုံနှင့်ပင် သွေးများ မည်မျှများမှန်း သိနိုင်သည်။
ထန်ပိသည် ထိုသွေးများ မည်သူဟာမှန်း အနံ့ခံပြီးဖြစ်သော်လည်း သေချာအောင် လက်မြှောက်လိုက်ပြီး နှင့်းပွင့်နီနီများကို ပါးစပ်ထဲထည့်ကြည့်လိုက်ကာ မတ်တပ်ရပ်၍ ပြောလိုက်သည်။
"ကျန်းလော့သွေးတွေပဲ"
လုယုံရိသည် အသက်အောင့်ထားမိလိုက်သည်။
'ဒီလောက်သွေးတွေ အများကြီးထွက်ရအောင် ဘယ်လိုဒဏ်ရာမျိုး ရခဲ့လို့လဲကွာ'
သူသည် အထိတ်တလန့်ဖြစ်သွားပြီး အလောတကြီးပြောလိုက်သည်။
"ဒါဆိုလဲ အနံ့ခံကြည့် ကျန်းလော့ဘယ်ရောက်နေလဲ အခု အနံ့ခံကြည့်လို့"
ထန်ပိသည် အနံ့ခံနေပြီးဖြစ်သည်။
အပူချိန်နိမ့်နိမ့်သည် အနံ့များပျံ့နှံ့မှာကို လျော့ချပေးသည်။ တောင်ပေါ်တွင် လေငြိမ်နေသော်လည်း အနည်းငယ် အနံ့ခံလို့တော့ရနေဆဲဖြစ်သည်။ လေငြိမ်နေတာရယ် အပူချိန်လျော့ကျမှုသည် ထန်ပိ၏ အနံ့ခံအာရုံကို သက်ရောက်မှုရှိပြီး လေတစ်ချက်တိုက်တိုင်း ရနံ့တည်နေရာကို သေချာရှာကြည့်နေသည်။ သူသည် အနံ့ရလိုက်ပုံဖြင့် စတင်ပြီး တခြားဘက်သို့ လှည့်၍ အမြန်လျှောက်သွားသည်။
သူ့နောက်မှလူများသည်လည်း မြန်မြန်သွက်သွက်လိုက်လာကြသည်။ ထန်ပိသည် သူ့ခေါင်းထဲမှ ပြောလိုက်သည်။
"ဟွာပိ"
ဟွာပိသည် သေသည်အထိ အနိုင်ကျင့်ခံခဲ့ရသော အာဃာတကြီးမားသော မြေခွေးတစ်ကောင်ဖြစ်ပြီး သူ၏ အစွမ်းမှာ ခေါင်းထဲမှ တခြားတစ်ယောက်နှင့် ဆက်သွယ်လို့ရခြင်းဖြစ်သည်။ မကြာခင်တွင် အေးစက်စက် ဟွာပိ၏အသံကို ကြားလိုက်ရသည်။
"ဘာကိစ္စ"
ယခု ကျန်းလော့အပေါ်ထားသည့် သခင်ဖြစ်သူ၏ သဘောထားကို သူမသိသောကြောင့် ထန်ပိသည် ဤကိစ္စကို သခင်ဖြစ်သူကို ပြောသင့်မပြောသင့် စဉ်းစားနေသည်။ အံ့ဩစရာကောင်းစွာပင် သူသည် သခင်ဖြစ်သူမှ ကျန်းလော့ အားနည်းနေချိန်ကို အခွင့်ကောင်းယူ၍ သတ်ပစ်လိုက်မည်ကို မလိုလားပေ။
သူ့အတွေးများသည် မူမှန်မနေတော့ပေ။ သူသည် အားတင်း၍ ပြောလိုက်သည်။
"သခင်နဲ့အတူတူရှိနေလား"
"အင်း ငါတို့ ဂူထဲမှာ သခင်နဲ့ရှိနေတာ"
ဟွာပိ၏အသံသည် အနည်းငယ် ခက်ထန်လာသည်။
"လူသားက ဘာပြောလွတ်လိုက်တယ်မသိဘူး သခင်က တနေ့လုံး ခနခန ငေးငိုင်နေတာပဲကွာ သခင်စိတ်နဲ့ကိုယ်နဲ့မကပ်တာ အကြာဆုံးက တစ်နာရီကျော်တွယ်ဟ ငါတို့သခင့်အုတ်ဂူထဲဝင်လာတုန်က သခင်က ခေါင်းတလားကို ကြည့်ပြီး "ကျန်း..." ဘာဆိုလား အဲ့စကားပဲ ထပ်ကာထပ်ကာ ရွတ်နေတာ သူဘာမှထုတ်မပြောရင်တောင် အဲ့ဒီလူသားနာမည်ကို ခေါ်နေတာမှန်း ငါသိတယ်၊ အဲ့ဒီလူသား သခင့်ခေါင်းထဲကို ဘယ်လိုဟာတွေ ရိုက်သွင်းလိုက်တယ် မသိဘူး သခင်က လုံးဝကို တခြားလူတစ်ယောက်လို ပြောင်းလဲသွားတာပဲ"
ဒီတိုင်းဆို သခင်က ကျန်းလော့ကို မသတ်လောက်သေးဘူး
ထန်ပိသည် စိတ်သက်သာရာရသွားပုံဖြင့် ပြောလိုက်သည်။
"သခင့်ကို ကျန်းလော့ ဒဏ်ရာရသွားတယ်လို့ ပြောပေး"
ဟွာပိသည် လူသား၏သတင်းကို ကြားသောအခါ စိတ်တိုသွားသော်လည်း ကျန်းလော့ဒဏ်ရာရနေသည်ဆိုသောအခါ ဒေါသမဟုတ်သော ရှုပ်ထွေးသော ခံစားချက်တစ်မျိုး ခံစားလို်ကရသည်။ ထို့နောက် မမေးဘဲ မနေနိုင်စွာ မေးလိုက်သည်။
"ဒဏ်ရာပြင်းလား"
"ငါမသိသေးဘူး"
ထန်ပိက ပြောသည်။
"အခုထိ လိုက်ရှာနေတုန်းပဲ"
ဟွာပိဘက်မှ ဘာမှပြောသံမကြားရတော့ပေ။ ထန်ပိသည် စကားပြောလို့ပြီးသွားပြီဟု ထင်လိုက်သော်လည်း နှစ်လှမ်းလောက်သွားလိုက်ပြီး ရုတ်တရက် ကြောက်စရာကောင်းသော ဟွာပိ၏အသံကို ကြားလိုက်ရပြန်သည်။
"ထန်ပိ ကျန်းလော့ကို ရှာတွေ့ရင် ငါ့ကို အရင်လာပြောနော် သေချာပေါက် အရင်ပြောနော်"
"ငါသိပြီ"
လေတိုက်ရာအရပ်သည် ပြောင်းလဲသွားပြန်သည်။
အေးစက်နေသော လေထုထဲမှ သွေးနံ့သည် ပြင်းထန်လာသောကြောင့် ထန်ပိသည် အရှိန်ကို မြင့်လိုက်သည်။
သူတို့နီးလာလေလေ သွေးနံ့ပိုရလေဖြစ်သည်။ ထို့အပြင် မြေပြင်ပေါ်တွင် ခြေရာများသည်လည်း ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရသည်။
လုယုံရိသည် မြေပြင်ပေါ်မှ ခြေရာများကို မြင်သောအခါ စိုးရိမ်စိတ်များ ပြင်းထန်လာသည်။ သူသည် ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်လိုက်ကြည့်ပြီး ရုတ်တရက် အေးခဲသွားသည်။
"ရှေ့နားမှာ လူတစ်ယောက်ဖြတ်သွားနေတယ်"
ယယ်ရွှင်သည် မျက်လုံးကို မှေးလိုက်ပြီး အဝေးသို့ကြည့်ကြည်လိုက်ရာ သူ့မျက်နှာသည် ဖြူဖျော့သွားပြီး
"အဲ့ဒါ ကျန်းလော့ပဲ"
အုပ်စုလိုက်ကြီးသည် မီတာတစ်ဒါဇင်ကျော်လောက်ကို ဆယ်စက္ကန့်လောက်နှင့် ရောက်ဿွားကြသည်။ လူလေးငါးခြောက်ယောက်သည် အမြန်ပြေးနေကြပြီး မည်သူမှ နောက်ကောက်ကျမကျန်နေပေ။ သူတို့သည် သတိလစ်နေသော လူနားသို့ အတူတူရောက်သွားကြသည်။
သတိလစ်နေသော သူမှာ တကယ်ကြီး ကျန်းလော့ဖြစ်နေသည်။ ကျန်းလော့သည် ဘောလုံးတစ်လုံးလို ကွေးနေပြီး သူ့ရှပ်အင်္ကျီဘေးဘက်သည် နှင်းများကြောင့် စိုရွှဲနေသည်။ သူ့မျက်နှာသည် နီရဲနေကာ သူ့ဆံပင်များသည် ရှုပ်ပွနေပြီး မျက်နှာတစ်ဝက်ကို ဖုံးအုပ်ထားသည်။ သူ့နှုတ်ခမ်းများသည် သွေးမလျှောက်တော့ပဲ ခရမ်းပုတ်ရောင်ဖြစ်နေသည်။ လုယုံရိသည် သူ့ကို ဂရုတစိုက် ဆွဲထူလိုက်သည်။ ခွမ့်ကျိန်းသည် ချက်ချင်း သူဝတ်ထားသော ဂျက်ကတ်ကို ချွတ်ကာ ကျန်းလော့ကို ခြုံပေးလိုက်ပြီး သူတို့သည် တီးတိုးခေါ်လိုက်သည်။
"ကျန်းလော့ ကျန်းလော့ ကျန်းလော့"
ကျန်းလော့၏ မျက်တောင်များ လှုပ်ခတ်လာသည်။
ကျိုးကျုံးချိုးသည် အသံနိမ့်နိမ့်ဖြင့် ကျိန်ဆဲလိုက်ပြီး
"ကောကျူကို ငါတို့နဲ့ ခေါ်လာခဲ့သင့်တာ ဒီမှာ ဆေးပညာတတ်တဲ့သူရော တိုက်စရာဆေးရော ပါမလာဘူး သူဆိုရင်အနည်းဆုံး သွေးကြောစမ်းပေးပြီး တစ်ခုခုလုပ်ပေးနိုင်လောက်မှာ"
ဝမ်ယမ်လန်သည် လက်မြှောက်လိုက်ပြီး ကျန်းလော့နဖူးကို ထိလိုက်သည်။
"ပူလိုက်တာ"
ကျန်းလော့မျက်ခွံများသည် လှုပ်ခတ်သွားပြန်ပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ သူ့ဘေးပတ်လည်တွင် ဝိုင်းထိုင်နေကြသော လူများကို အံ့ဩစွာ ကြည့်လိုက်သည်။
"မင်းတို့ပါလား"
သူသည် တကယ်တော့ လုံးဝကြီး သတိလွတ်နေတာ မဟုတ်ပေ။ သူ့နောက်သို့ တစ်ယောက်ယောက်လိုက်လာနေသလို ခံစားမိသောကြောင့် ပုန်းစရာနေရာလဲ မရှိသောကြောင့် သူ့နောက်ဘာလိုက်လုပ်လဲ သိချင်သောကြောင့် သတိလစ်နေဟန်ဆောင်ခဲ့ခြင်းဖြစ်သည်။
သူနိုးလာသည်နှင့် လူများသည် စိတ်လျော့သွားကာ သက်ပြင်းချလိုက်ကြသည်။ ဝမ်ယမ်လန်သည် အလောသုံးဆယ်ပြောလိုက်သည်။
"တောင့်ထားဦး ငါတို့မင်းကို တောင်အောက်ခေါ်သွားမယ်"
"ငါတောင်အောက် ဆင်းသွားလို့မရဘူး"
ကျန်းလော့သည် အားလျော့စွာပြောလိုက်သည်။
"ငါက ဒီတိုင် လမ်းလျှောက်ထွက်လာတာရယ် တောင်ထိပ်မှာ အစီအရင်တစ်ခုရှိတယ်က သရဲနံရံကြီးလိုပဲ ဝင်လို့ပဲရမယ် ထွက်လို့မရဘူး ဒီနေရာထိဆင်းလာပြီး ပိုဝေးဝေးသွားလိုက်ရင် တောင်ထိပ်ကို ပြန်ရောက်သွားရော"
"ဒါဆို ငါတို့ဘယ်လိုလုပ်ကြမလဲ"
ယယ်ရွှင်သည် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"မင်း ရှောင်ဖန်းကို ကြိုးစားကြည့်စေချင်လား"
"မင်းတို့ပြန်ကြတော့ တာအိုဆရာတော် ဝေ့ဟယ်နေတဲ့ နေရာ ငါသိတယ်"
ကျန်းလော့သည် လုယုံရိကို လက်ဟန်ခြေဟန်ပြပြီး သူ့ကို ဆွဲထူစေကာ သူ့မျက်လုံးများသည် ကျိုးကျုံးချိုးနောက်မှ ထန်ပိမျက်နှာပေါ်သို့ ရောက်သွားသည်။
"မင်းတို့ ဘယ်လိုဖြစ်လို့ ငါ့ကို လာရှာကြတာလဲ"
ဝမ်ယမ်လန်က ပြောသည်။
"အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်က မင်းဆီကို တစ်ခုခုယူသွားပေးဖို့ပြောလို့လေ"
သူသည် အိတ်ထဲမှ နားဆွဲကို ထုတ်၍ ကျန်းလော့ကို ပေးကာ သုဘရာဇာပြောခဲ့သော စကားများကို အကုန်ပြန်ပြောပြလိုက်သည်။ ကျန်းလော့သည် နားဆွဲကို ယူပြီး လက်ဖဝါးထဲ ဆုပ်ကိုင်ထားလိုက်ကာ သုဘရာဇာက သူ့ကို ထျန်ပိရေကန်တွင် ဆေးကြောစေချင်တာလား သိချင်လာသည်။
သို့သော် အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်၏ စကားများသည် အမှန်တကယ် ယုံကြည်ဖို့ ထိုက်တန်ပါရဲ့လား
ဤနားဆွဲတစ်စုံက သူ့ကို နာကျင်စေမည်လား
ကျန်းလော့သည် လှုပ်ရှားမှု တစ်ခုလေးတောင် မလုပ်ဘဲ နားဆွဲကို သိမ်းလိုက်ကာ တွေးရင်း ပြောလိုက်သည်။
"သူပြောတာ တရားစီရင်ရေးနေ့က ဆယ်ရက်အတွင်းလို့ပြောတာ ဟုတ်လား အခုနဲ့ဆို ဘယ်နှစ်ရက်ကျန်သေးလဲ"
ဝမ်ယမ်လန်က ပြောလိုက်သည်။
"ခုနှစ်ရက်"
'ခုနှစ်ရက်'
အကယ်၍ ကျန်းလော့သာ ဤခုနှစ်ရက်သည်းခံနိုင်လျှင် ဤအကြောင်းပြချက်ကို သုံး၍ တောင်ပေါ်မှ ထွက်နိုင်လိမ့်မည်ဖြစ်သည်။ ထိုအကြောင်းပြချက်ဖြင့် သူထွက်သွားလျှင် လျန်မျိုးနွယ်များနှင့် ကံကြမ္မာယုံသူတို့ တုံ့ပြန်ပုံကိုလည်း သိရမည် ဖြစ်သည်။
သို့သော် ဤခုနှစ်ရက်ကို မည်သို့ တောင့်ခံရမည်နည်း
သုဘရာဇာ၏ စကားများသည် မရေရာကာ သဲကွဲမှုမရှိပေ။ ကျန်းလော့သည် သူ့ကို မယုံကြည်ပေ။ သူသည် မျှော်လင့်ချက်အလုံးစုံကို ဘာမှန်းမသိသော နားဆွဲတစ်စုံပေါ်တွင် ပုံအောမထားရဲပေ။ တကယ်တမ်းတွင်လည်း သူသည် ကျိယောင်ဇီကို ကောင်းကောင်းမသိပေ။
ထို့ကြောင့် ကျန်းလော့သည် သူ့အတွက် သေချာသော လွတ်လမ်းတစ်ခုရှာထားရမည်ဟု တွေးလိုက်သည်။
သူ့မျက်လုံးသည် ထန်ပိပေါ်သို့ ရောက်သွားပြန်သည်။ ထန်ပိမှတ်ဉာဏ်ပြန်ရသွားပြီဆိုတာကို ကျန်းလော့သိတာကြာပြီဖြစ်သည်။ ထန်ပိသည် သူငယ်ချင်းများကို သစ္စာရှိသော အရူးလေးမဟုတ်တော့ပေ။ သို့သော် ထန်ပိသည် စီဝမ်ကွေးတစ်ကောင်အဖြစ် သူတို့နားမှာဆက်နေခဲ့သည်။
ချီယုံသာ နောက်ကွယ်မှ အမိန့်ပေးမထားဘဲ သူ့သဘောနှင့်သူနေနေတာလို့တော့ ကျန်းလော့မယုံပေ။
ကျန်းလော့၏ စိတ်အစဉ်သည် ထန်ပိ ချီယုံ့ကိုခေါ်လာပေးအောင် လုပ်ဖို့ အတွေးဝင်သွားသည်။ သူ့စိတ်သူ ထိန်းချုပ်ရန် ချီယုံ့ကို မြင်နေတွေ့နေရဖို့လိုသောကြောင့် ချီယုံကို အသုံးချရန် စိတ်ကူးလိုက်သည်။
သို့သော် မကောင်းဆိုးဝါးကို အသုံးချခြင်းသည် နှစ်ဦးနှစ်ဖက် ရှုံးနိမ့်စေမည့် သားရိုင်းကောင်ကြီးနှင့် သက်ပုတ်ရတာထက်တောင် ခက်ခဲနေသေးသည်။ ကျန်းလော့၏ ခံစားချက်များသည် ထူးဆန်းနေပြီး ရောထွေးနေသည်။
ဒေါသထွက်ခြင်းနှင့် ရူးသွပ်ခြင်းတို့ အချိန်မရွေးပွင့်ထွက်နိုင်သော စိတ်မမှန်သည့် မကောင်းဆိုးဝါးကိုမှ မျှော်လင့်နေမိသည်။ သူ့ကိုယ်သူ မကျေနပ်မိသော်လည်း မကောင်းဆိုးဝါးကို လွှမ်းမိုးချင်နေသေးသည်။ အကယ်၍ မကောင်းဆိုးဝါးကို ဒီတစ်ခေါက် အသုံးပြုခဲ့လျှင် သူတို့နောက်တစ်ခေါက် အိပ်ရာထဲသို့ ရောက်သွားနိုင်သည်ကို သူနားလည်ထားသည်။
အဘယ့်ကြောင့်ဆိုသော် မှန်လောကထဲမှ ထွက်လာတုန်းက ချီယုံပြောခဲ့သော ကိစ္စမှာ ................. လူးလိမ့်ဖို့ ဖြစ်သောကြောင့်ပင်။ ကျန်းလော့သည် ထိုအကြောင်းတွေးရင်း တောင်ပေါ်မှ လျန်အိမ်တော် အဝင်ပေါက်ဆီသို့ လျှောက်သွားသည်။
တစ်ဘက်တွင် သူ့ခန္ဓာကိုယ်သည် သေခြင်း၏ ခြိမ်းခြောက်မှုကို တောင့်မခံနိုင်တော့ပေ။ သူ့အသိစိတ်ကို စုစည်းထားရန် ပြင်းထန်သော နည်းလမ်းများသုံးဖို့ သူ့ခန္ဓာကိုယ်က လက်မခံနိုင်အောင် အားနည်းနေပြီဖြစ်သည်။
တစ်ခြားတစ်ဘက်တွင်လည်း သူသည် တောင်ပေါ်မှ ထွက်မသွားနိုင်ဘူးဆိုထဲက ကျိယောင်ဇီ သု့ကို နားဆွဲပေးရသည့် အကြောင်းအရင်းကို ဖော်ထုတ်ရမည်။ တာအိုဆရာတော် ဝေ့ဟယ်နှင့် ကံကြမ္မာယုံသူတို့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲရယ် ကျန်းလော့က မည်သည့်နေရာတွင် ဝင်ရောက်သရုပ်ဆောင်နေရာသည်ကို ရှာဖွေရမည်။
မကောင်းဆိုးဝါးတစ်ယောက်ထဲကသာလျှင် သူ့စိတ်ဆန္ဒများကို နှိုးဆွပေးနိုင်ပြီး ခံစားချက်ကင်းမဲ့သည့် အနေအထားမှ ရုန်းထွက်နိုင်အောင် ကူညီပေးနိုင်မည်ဖြစ်ပြီး သူစိတ်ကိုပုံမှန်အတိုင်းထိန်းသိမ်းထားနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
ကျန်းလော့သည် သူ့အတွေးအခေါ်များဖြင့် ပိတ်မိနေပြီး မကောင်းဆိုးဝါးလိုချင်သော လမ်းကြောင်းပေါ်သို့ ရောက်မှန်းမသိ ရောက်သွားသည်။
သို့သော် သူချီယုံ့ကို တစ်ခါပြောဖူးသည်မှာ "တစ်ခေါက်ထဲပဲ" ဟူ၍ ဖြစ်သည်။
အစတုန်းက ကျန်းလော့သည် မှန်လောကထဲမှ ထွက်လာသည်နှင့် ချီယုံ့ကို ကျောခိုင်းပစ်ရန် ကြံစည်ထားပြီး သူနှင့် နောက်တစ်ကြိမ်အိပ်ချင်နေသည့် ထိုမကောင်းဆိုးဝါးကို သင်ခန်းစာပေးဖို့ ပြင်ဆင်ထားခဲ့သည်။
သို့သော် ယခုတွင်တော့..................
ကျန်းလော့သည် စုတ်သပ်လိုက်သည်။ သူသည် အချိန်အခါကို လိုက်၍ လိုက်လျောညီထွေနေရမည်ကို မသိသူမဟုတ်ပေ။ သူဆေးမိတုန်းက မကော်ငးဆိုးဝါးနှင့် အိပ်လိုက်ရန် မကောင်းဆိုးဝါးကို သူကအရင်သွားရှာသည်ကို ကြည့်လျှင် သူသည် အကျိုးသင့် အကြောင်းသင့် တွေးခေါ်တတ်သူမှန်း သိနိုင်ပါသည်။ သူ့ကိုသာ ပျော်ရွှင်တက်ကြွလာစေမည်ဆိုလျှင် သူသည် ဘာပဲလုပ်ရလုပ်ရ အဆင်ပြေသော်လည်း ကျန်းလော့သည် မကောင်းဆိုးဝါးကို သူ့ကိုလွယ်သည်ဟု မြင်သွားမှာကို မလိုချင်ပေ။
ကျန်းလော့သည် သူအမှန်တကယ် အိပ်ဖို့လိုနေလျှင်တောင် မကောင်းဆိုးဝါးကို သူတကယ်လိုချင်နေကြောင်း ဘယ်တော့မှ ပြမည်မဟုတ်ပေ။ သို့သော် သူသည် ထျန်ပိရေကန်ကြောင့် ဒုက္ခများနေရပြီဖြစ်သည်။
ယခုအချိန်တွင် စိတ်ဓာတ်ကြံ့ခိုင်သော အဖြစ်မှ သာမန်သူလိုငါလို လူမျိုး ဖြစ်သွားပြီဖြစ်သည်။ အဘယ့်ကြောင့် သူထိုသို့သော သာမန်လူဖြစ်သွားကြောင်း သိလဲဆိုလျှင် သူသည် ချီယုံ တစ်ခုခု ဖြစ်သွားမည်ကို အတွေးနဲ့တောင် မတွေးကြည့်နိုင်တော့သောကြောင့် ဖြစ်သည်။
'ဒါကြီးက အရမ်းကြောက်ဖို့ကောင်းတယ်'
တစ်စက္ကန့်လောက်တွေးပြီးနောက် ကျန်းလော့သည် ရှေ့ဆက်မလျှောက်တော့ပဲ သူကသာ မကောင်းဆိုးဝါးနှင့် ပတ်သက်ပြီး တစ်ခုခုကို အရင်လုပ်ရန် တွေးလိုက်သည်။ မကောင်းဆိုးဝါး သူ့ဆီရောက်လာအောင် အရင်ဖြားယောင်းရမည်။ ပြီးလျှင် ချီယုံ သူ့ကို အဲ့တာလုပ်ဖို့ တောင်းဆိုလာအောင်လည်း မြူဆွယ်ရမည်။
ဤသို့သောနည်းလမ်းဖြင့် ကျန်းလော့သည် သူ၏ သိက္ခာသမာဓိရှိသော ပုံရိပ်ကို ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး တည်ကြည်လေးနက်သည့် သူတော်ကောင်း ပုံရိပ်လေးဆက်လက်တည်ရှိနေအောင် ကျန်းလော့ ကြိုးစားရမည် ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် အဲ့တာကို လုပ်ချင်တဲ့သူက မကောင်းဆိုးဝါးပဲ သူမဟုတ်ဘူး ပြီးတော့ သူက အဲ့တာကို မလုပ်ချင်လို့် ပတ်ပြေးနေတဲ့သူပဲလေ
'ဟုတ်တယ် ငါလေးက အပြစ်ကင်းတယ်'
ကျန်းလော့သည် အဘယ့်ကြောင့် သူ့ကိုယ်သူစကားတွေအများကြီးပြောပြီး အယုံသွင်းနေမှန်း မသိတော့ပေ။ သို့သော် ထိုသို့ စကားအများကြီးပြောခြင်းဖြင့် သူစိတ်အေးလာရသည်။
နောက်တစ်ဆင့်လုပ်ရမည်မှာ ချီယုံပေါ်လာအောင် မသိမသာ ဆွဲဆောင်ရမည်။
အစီအရင်သည် အလွန်အားကောင်းသည်။ မကောင်းဆိုးဝါး ချီယုံနှင့် ထန်ပိတို့ တောင်ပေါ်တက်လာနိုင်ရန် နည်းလမ်းတစ်ခုသာ ရှိသည်။ ထို့အပြင် အပြင်ဘက်မှာ အစစ်အမှန် အိပ်ခဲ့လျှင် သူ့ကိုယ်ပေါ်တွင် အမှတ်များ ကျန်ခဲ့မည်ဖြစ်ပြီး ချီယုံနှင့် အိပ်မက်ထဲမှာ တွေ့ခြင်းကသာ နှစ်ဦးနှစ်ဖက် အန္တာရာယ်ကင်းမည့် နည်းလမ်းဖြစ်သည်ဟု ကျန်းလော့တွေးမိသည်။
အားလုံးအဆင်သင့်ဖြစ်ပြီ
'ဒါပေမဲ့ ငါချီယုံရောက်လာအောင် ဘယ်လို ဆွဲဆောင်ရမလဲ'
ကျန်းလော့သည် မျက်လုံးမှေးလိုက်ပြီး အကြံတစ်ခုကို အသည်းအသန် တွေးတောနေသည်။
#######################
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။
Zawgyi
အပိုင္း (၁၃၇) မေကာင္းဆိုးဝါးႏွင့္ နည္းလမ္းေကာင္း
ဝမ္ယမ္လန္ႏွင့္ အတန္းေဖာ္မ်ားသည္ လ်န္အိမ္ေတာ္သို႔ ေရာက္ေနသည္မွာ ႏွစ္ရက္ရွိသြားၿပီျဖစ္သည္။ သုံးရက္ဆိုေသာ အခ်ိန္နီးလာေလ သူတို႔သည္ ၿငိမ္ၿငိမ္မေနႏိုင္ေတာ့ဘဲ စိတ္ေသာကေရာက္ကာ မီးေတာက္ေနၿပီျဖစ္သည္။
မနက္ေစာေစာတြင္ လုယုံရိသည္ က်ိဳးက်ဳံးခ်ိဳးႏွင့္ ဝမ္ယမ္လန္တို႔ လ်န္မိသားစု၏ ဆရာသခင္မ်ားအိမ္မွာ ညီအစ္ကိုတပည့္မ်ားႏွင့္ သြားေတြ႕ၿပီး ျပန္လာမည့္ အခ်ိန္ကို ေစာင့္ေနသည္။ သူတို႔ျပန္လာေသာအခါ သူကအရင္ ဦးေအာင္ေမးခဲ့သည္။
"က်န္းေလာ့ေတာင္ေအာက္ဆင္းလာတာကို ေစာင့္ဖို႔ပဲ ေျပာလိုက္တာမလား"
က်ိဳးက်ဳံးခ်ိဳးသည္ အမူအယာမဲ့စြာ ေခါင္းညိတ္လိုက္သည္။
"ငါသူတို႔ကို ခနခနသြားေမးတယ္ ဒါေပမဲ့ အိမ္ေတာ္မွာ လ်န္အိမ္က ဂ်ဴနီယာတပည့္ေတြပဲ ရွိတာ အႀကီးေတြအားလုံး လုံးဝမရွိသလို ေပ်ာက္ေနတယ္ သူတို႔ေျပာတာေတာ့ ေနာက္ႏွစ္ရက္အတြင္း က်န္းေလာ့ဆင္းလာမွာမို႔လို႔ ေအးေအးေဆးေဆးေစာင့္တဲ့ ဒါေပမဲ့ အခုေတာင္ ႏွစ္ရက္ကုန္သြားၿပီ က်န္းေလာ့ ဆင္းမလာေသးဘူး ဝမ္ယမ္နဲ႔ငါ သူတို႔ကို ေဝ့ဟယ္ေနတဲ့ ေနရာေမးေတာ့လဲ သူတို႔ေျပာတာ မရွင္းဘူး ေတာင္ေပၚကို လမ္းေလွ်ာက္တက္သြားရင္ အဲ့ဒီကို ေရာက္မယ္တဲ့ ဒီက ဘယ္သူမွ ငါတို႔ကို လိုက္ပို႔ေပးခ်င္တဲ့ပုံမရဘူး "
လုယုံရိသည္ စိတ္တိုလာကာ လမ္းထေလွ်ာက္ေနသည္။
"ဒါဆိုငါတို႔ ဘယ္လိုလုပ္ၾကမလဲ ငါတို႔ဒီတိုင္းပဲ တက္သြားၾကရေအာင္ဟာ ငါဒီမွာဆက္ေစာင့္ေနရရင္ ႐ူးသြားေတာ့မယ္"
"ဟုတ္တယ္ ဒီနည္းလမ္းပဲရွိေတာ့တယ္"
ဝမ္ယမ္လန္သည္ နားဆြဲမ်ားထည့္ထားေသာ အိတ္ကပ္ရွိေသာ ရင္ဘက္ကို ပြတ္သပ္၍ ေလးနက္စြာ ေျပာလိုက္သည္။
"ေတာင္ေပၚမွာ လူေနတဲ့ ေနရာေတြ အမ်ားႀကီးရွိတာ ဒါေပမဲ့ ငါတို႔တစ္ေနရာခ်င္းရွာရင္ တာအိုဆရာေတာ္ေဝ့ဟယ္ ေနတဲ့ ေနရာကို ေရာက္သြားမွာပါ က်န္းေလာ့ ဆင္းလာမွာကို ေစာင့္ေနလို႔ မျဖစ္ေတာ့ဘူး ငါတို႔ ေတာင္ေပၚတက္သြားၾကရေအာင္"
ေကာက်ဴသည္ အနည္းငယ္ေတြေဝစြာျဖင့္
"ဒါေပမဲ့ က်န္းေလာ့ဆင္းလာတာနဲ႔ ငါတို႔တက္သြားတာနဲ႔ လမ္းလြဲသြားမွာ ေၾကာက္တာ"
ဤျဖစ္ႏိုင္ေခ်ကိုလည္း ဖယ္ထားလို႔မရေသာေၾကာင့္ သူတို႔ႏွစ္ရက္တိတိ လ်န္အိမ္မွာေနေနခဲ့ျခင္းျဖစ္သည္။ ယယ္႐ႊင္က ေျပာသည္။
"ဒါဆို ဒီမွာ တစ္ေယာက္က ေစာင့္ေနခဲ့ရင္ေရာ"
ယယ္႐ႊင္သည္ ထရပ္လိုက္ၿပီး ဝမ္ယမ္လန္ကို ခိုင္မာစြာၾကည့္လိုက္သည္။
"ငါကေတာ့ က်န္းေလာ့ကို သြားရွာမွာပဲ"
တုံ႔ဆိုင္းျခင္းကင္းစြာ သူတို႔သည္ လိုအပ္သည္မ်ား ထုတ္ပိုးၿပီးသည္ႏွင့္ ေတာင္ေပၚသို႔ သုတ္ေျခတင္ေတာ့သည္။ ေတာင္ေပၚတြင္ ႏွင္းမ်ားသည္ တခ်ိဳ႕ေနရာမ်ားတြင္ လူတစ္ဝက္ေလာက္ ႏွစ္ဝင္သြားေလာက္ေအာင္ ထူထပ္ေနသည္။ လုယုံရိတို႔သည္ ကံေကာင္းစြာပင္ သူတို႔အားလုံးသည္ က်န္းမာသန္စြမ္းၾကၿပီး အားနည္းသူမပါေပ။
ႏွစ္နာရီၾကာေအာင္ တက္သြားၾကၿပီးေနာက္ က်ိဳးက်ဳံးခ်ိဳးသည္ ဟိုၾကည့္သည္ၾကည့္ၾကည့္လိုက္ေသာ္လည္း ေနရာတိုင္းသည္ ျဖဴေဖြးေနသည္။ သူမသည္ ေျခာက္ေသြ႕ေနေသာ ႏႈတ္ခမ္းကို သပ္၍ သူမ၏ စိုးရီမ္ေၾကာင့္က်မႈမ်ားကို ခ်ထား၍ အားတင္းကာ ဆက္ေလွ်ာက္သည္။
တာအိုဆရာေတာ္ေဝ့ဟယ္ေနထိုင္ေသာ အိမ္ေတာ္တြင္ အစီအရင္တစ္ခုရွိႏိုင္သည္။ သူတို႔သည္ ထိုေနရာကို ရွာခ်င္လွ်င္ ကံကိုယုံၿပီးသာ ႀကိဳးႀကိဳးစားစားရွာရမည္ျဖစ္သည္။
"က်ဳံးခ်ိဳး မင္းက လ်န္အိမ္ေတာ္နဲ႔ ရင္းႏွီးတယ္မလား လ်န္႐ႊီနဲ႔ဆို သူငယ္ခ်င္းေကာင္းေတာင္ ျဖစ္ေနေသးတာ "
လုယုံရိသည္ ေခြၽးစို႔ၿပီး ေမာပန္းစြာေမးသည္။
"တာအိုဆရာေတာ္ ေဝ့ဟယ္က ဘယ္လိုလူမ်ိဳးလဲ က်န္းေလာ့က သူနဲ႔ေတြ႕ရင္ တကယ္ႀကီး အႏၲာရာယ္ရွိႏိုင္တာလဦး"
သူတို႔သည္ သုဘရာဇာ၏ စကားမ်ားေၾကာင့္သာ က်န္းေလာ့ အႏၲာရာယ္ထဲ က်ေရာက္ေနမွန္းသိရၿပီး မည္သည့္အႏၲာရာယ္မ်ိဳး က်ေရာက္ေနမွန္းေတာ့ မသိတာမို႔ ခန႔္မွန္းၾကည့္ၾက႐ုံသာ တတ္နိင္သည္။
"ေဝ့ဟယ္လား သူက အရမ္းကို ကာကြယ္တတ္တဲ့ အႀကီးအကဲ တစ္ေယာက္ပါပဲ"
က်ိဳးက်ဳံးခ်ိဳးသည္ ထူးဆန္းေသာ မ်က္ႏွာထားႏွင့္ ေျပာလိုက္သည္။
"ငါအထက္တန္းေက်ာင္းမွာတုန္းက ငါက ငါ့ပုံစံနဲ႔ငါေနခဲ့တာ တျခားသူေတြက ေကာင္မေလးေခ်ာေခ်ာေလးေတြ ေကာင္ေလးေတြကို ဖလစ္ၾကတာေပါ့ ဒါေပမဲ့ ငါက သူမ်ားနဲ႔ မတူဘူးထင္ပါတယ္ ငါက သရဲမေလးေတြကိုပဲ လိုက္ဖလစ္ေနခဲ့တာ အဲ့တုန္းက ငါေတာ္ေတာ္ဆိုးခဲ့တာ ငါက သရဲေတြနဲ႔ပဲ အဆင္ေျပတယ္ဆိုၿပီး သက္ေသျပဖို႔လုပ္ေတာ့ ငါေသေတာ့မလိုေတာင္ ျဖစ္သြားေသးတယ္ တစ္ခ်ိန္တုန္းက အေဆာင္မွာ ႀကိဳးဆြဲခ်ေသသြားတဲ့ သရဲမတစ္ကာင္ကိုေတြ႕ခဲ့တယ္ ေကာင္မေလးက အရမ္းကို အျပစ္ကင္းတဲ့ပုံစံေလးမို႔လို႔ မထိန္းႏိုင္ဘဲ စကားသြားေျပာမိတယ္ အဲ့မွာ သူမက ငါ့ေနာက္လိုက္ေတာ့တာပဲ"
သူမသည္ စိတ္ရႈပ္ေထြးေနေသာ အတိတ္ကိုျပန္သတိရသည့္ အၾကည့္မ်ားေပးလာကာ
"သရဲမက ငါ့အိမ္ထိလိုက္လာၿပီး ငါ့ေကာင္မေလးလုပ္ဖို႔ ဇြတ္အတင္းလိုက္ေျပာေနတာ ငါ့ေဘးမွာ ရွိတဲ့ မိန္းကေလးတိုင္းကိုသဝန္တိုလာတယ္ လ်န္႐ႊီက အဲ့ဒီသရဲမေၾကာင့္ ေသေတာ့မလိုျဖစ္သြားခဲ့တာ အဲ့အေၾကာင္းကို တာအိုဆရာေတာ္ ေဝ့ဟယ္လဲ သိသြားေရာ သူက ခ်က္ခ်င္း ငါ့အိမ္ေရာက္လာတယ္"
က်ိဳးက်ဳံးခ်ိဳးသည္ တုန္ယင္ေနၿပီး
"သူက အဲ့ဒီသရဲမကို အိမ္သာထဲတန္းဆြဲေခၚသြားၿပီး အိမ္သာခြက္ထဲႏွစ္ခ်ပစ္လိုက္တာ သရဲမက ထြက္ေျပးဖို႔လုပ္ေပမဲ့ သူက သူမကို ခြက္ထဲအေသဆြဲႏွစ္ထားတာ ............... ေနာက္ဆုံးသူမကို လ်န္အိမ္ေတာ္က ထ်န္ပိေရကန္ထဲမွာ ျပန္ေတြခဲ့တယ္ သူမကိုထ်န္ပိေရကန္ထဲကေရနဲ႔ ေန႔တိုင္း ေရခ်ိဳးခိုင္းတယ္ ေရပမာဏကို ေသခ်ာထိန္းခ်ဳပ္ထားေတာ့ ေရစင္ေၾကာင့္သူမ မေသသြားႏိုင္ဘူး သူမက အရမ္းကို နာက်င္ေနခဲ့တာ အဲ့ေလာက္နဲ႔ ၿပီးသြားတယ္ ထင္လား မၿပီးေသးဘူးဟ"
"သုံးလၾကာေတာ့ ငါလ်န္႐ႊီကိုေတြ႕ဖို႔ လ်န္အိမ္ေတာ္ကို သြားလည္ေတာ့ သရဲမက အသက္ရွိတုန္းဆိုတာ ေတြ႕လိုက္ရတဲ့ အျပင္ကို သူမက လုံးဝ ထာဝရအသက္ရွင္တဲ့သူလို ေျပာင္းလဲေနတာ ငါသူမကို ငါ့မ်က္စိေရွ႕တင္ ေနေရာင္ထဲေျပးထြက္သြားၿပီး ကမာၻႀကီးၿငိမ္းခ်မ္းဖို႔ သူမကိုယ္သူမ စေတးမယ္ဆိုၿပီး လိုလိုခ်င္ခ်င္သတ္ေသသြားတာကို ျမင္လိုက္ရတာ သူမေျပာခဲ့တာ သူမလို မေကာင္းဆိုးဝါးတစ္ေကာင္ျဖစ္ျဖစ္ ေလ်ာ့သြားရင္ ကမာၻႀကီးက လူေတြပိုၿပီး ေနလို႔ေကာင္းလာမွာတဲ့"
ယယ္႐ႊင္သည္ ေသခ်ာနားေထာင္ၿပီး ေတြးမိကာ
"ဦးေႏွာက္ေဆးတာနဲ႔ တူသလိုပဲ"
က်ိဳးက်ဳံးခ်ိဳးသည္ ပုခုံးတြန႔္လိုက္ၿပီး
"ငါလည္း အၿမဲတမ္း လ်န္အိမ္ေတာ္ရဲ႕ ေရစင္က တေစၦသရဲေတြကိုေတာင္ ဦးေႏွာက္ေဆးႏိုင္တဲ့ ဂုဏ္သတၱိရွိေနတယ္ ထင္ခဲ့တာ "
ထိုစကားမ်ားသည္ လ်န္႐ႊီေရွ႕တြင္ ဘယ္တုန္းကမွ မေျပာရဲခဲ့ေသာ စကားမ်ားျဖစ္သည္။
ထန္ပိသည္ သူတို႔ေျပာသမွ်ကို တိတ္ဆိတ္စြာ နားေထာင္ေနသည္။ ထိုအခ်ိန္တြင္ သူ႔ႏွာေခါင္းသည္ ႐ုတ္တရက္ ရႈံ႕ပြရႈံ႕ပြျဖစ္လာကာ အေနာက္ေျမာက္ဘက္သို႔ ၾကည့္လိုက္သည္။
"လုယုံရိ"
သူကေျပာသည္။
"ေသြးနံ႔ရတယ္"
လူတစ္စုသည္ ခ်က္ခ်င္း သတိအေနအထားျဖစ္သြားၿပီး သူ႔ကို စိတ္ပူေသာ မ်က္ဝန္းမ်ားျဖင့္ ဝိုင္းၾကည့္ေနၾကသည္။ လုယုံရိသည္ အေလာတႀကီး ေျပာလိုက္သည္။
"ဘယ္နားမွာလဲ"
ထန္ပိက ေျပာသည္။
"ငါ့ေနာက္လိုက္ခဲ့ၾက"
သူသည္ ေရွ႕က ထြက္သြားၿပီး သူတို႔အားလုံးသည္ ႏွင္းထုၾကားတြင္ ထန္ပိေနာက္သို႔ ခပ္သြက္သြက္လိုက္ၾကသည္။ ထန္ပိသည္ ေသြးနံ႔ရေသာေနရာတည့္တည့္သို႔ ေလွ်ာက္သြားသည္။ သူတို႔ထိုေနရာေရာက္ေသာအခါ အျဖဴေရာင္ႏွင္းအလႊာလိုက္ျပန္ဖုံးထားတာေတာင္ နီရဲေနေသးေသာ ေသြးကြက္ႀကီးကို ေတြ႕လိုက္သည္။ ျမင္႐ုံႏွင့္ပင္ ေသြးမ်ား မည္မွ်မ်ားမွန္း သိႏိုင္သည္။
ထန္ပိသည္ ထိုေသြးမ်ား မည္သူဟာမွန္း အနံ႔ခံၿပီးျဖစ္ေသာ္လည္း ေသခ်ာေအာင္ လက္ေျမႇာက္လိုက္ၿပီး ႏွင့္းပြင့္နီနီမ်ားကို ပါးစပ္ထဲထည့္ၾကည့္လိုက္ကာ မတ္တပ္ရပ္၍ ေျပာလိုက္သည္။
"က်န္းေလာ့ေသြးေတြပဲ"
လုယုံရိသည္ အသက္ေအာင့္ထားမိလိုက္သည္။
'ဒီေလာက္ေသြးေတြ အမ်ားႀကီးထြက္ရေအာင္ ဘယ္လိုဒဏ္ရာမ်ိဳး ရခဲ့လို႔လဲကြာ'
သူသည္ အထိတ္တလန႔္ျဖစ္သြားၿပီး အေလာတႀကီးေျပာလိုက္သည္။
"ဒါဆိုလဲ အနံ႔ခံၾကည့္ က်န္းေလာ့ဘယ္ေရာက္ေနလဲ အခု အနံ႔ခံၾကည့္လို႔"
ထန္ပိသည္ အနံ႔ခံေနၿပီးျဖစ္သည္။
အပူခ်ိန္နိမ့္နိမ့္သည္ အနံ႔မ်ားပ်ံ႕ႏွံ႔မွာကို ေလ်ာ့ခ်ေပးသည္။ ေတာင္ေပၚတြင္ ေလၿငိမ္ေနေသာ္လည္း အနည္းငယ္ အနံ႔ခံလို႔ေတာ့ရေနဆဲျဖစ္သည္။ ေလၿငိမ္ေနတာရယ္ အပူခ်ိန္ေလ်ာ့က်မႈသည္ ထန္ပိ၏ အနံ႔ခံအာ႐ုံကို သက္ေရာက္မႈရွိၿပီး ေလတစ္ခ်က္တိုက္တိုင္း ရနံ႔တည္ေနရာကို ေသခ်ာရွာၾကည့္ေနသည္။ သူသည္ အနံ႔ရလိုက္ပုံျဖင့္ စတင္ၿပီး တျခားဘက္သို႔ လွည့္၍ အျမန္ေလွ်ာက္သြားသည္။
သူ႔ေနာက္မွလူမ်ားသည္လည္း ျမန္ျမန္သြက္သြက္လိုက္လာၾကသည္။ ထန္ပိသည္ သူ႔ေခါင္းထဲမွ ေျပာလိုက္သည္။
"ဟြာပိ"
ဟြာပိသည္ ေသသည္အထိ အႏိုင္က်င့္ခံခဲ့ရေသာ အာဃာတႀကီးမားေသာ ေျမေခြးတစ္ေကာင္ျဖစ္ၿပီး သူ၏ အစြမ္းမွာ ေခါင္းထဲမွ တျခားတစ္ေယာက္ႏွင့္ ဆက္သြယ္လို႔ရျခင္းျဖစ္သည္။ မၾကာခင္တြင္ ေအးစက္စက္ ဟြာပိ၏အသံကို ၾကားလိုက္ရသည္။
"ဘာကိစၥ"
ယခု က်န္းေလာ့အေပၚထားသည့္ သခင္ျဖစ္သူ၏ သေဘာထားကို သူမသိေသာေၾကာင့္ ထန္ပိသည္ ဤကိစၥကို သခင္ျဖစ္သူကို ေျပာသင့္မေျပာသင့္ စဥ္းစားေနသည္။ အံ့ဩစရာေကာင္းစြာပင္ သူသည္ သခင္ျဖစ္သူမွ က်န္းေလာ့ အားနည္းေနခ်ိန္ကို အခြင့္ေကာင္းယူ၍ သတ္ပစ္လိုက္မည္ကို မလိုလားေပ။
သူ႔အေတြးမ်ားသည္ မူမွန္မေနေတာ့ေပ။ သူသည္ အားတင္း၍ ေျပာလိုက္သည္။
"သခင္နဲ႔အတူတူရွိေနလား"
"အင္း ငါတို႔ ဂူထဲမွာ သခင္နဲ႔ရွိေနတာ"
ဟြာပိ၏အသံသည္ အနည္းငယ္ ခက္ထန္လာသည္။
"လူသားက ဘာေျပာလြတ္လိုက္တယ္မသိဘူး သခင္က တေန႔လုံး ခနခန ေငးငိုင္ေနတာပဲကြာ သခင္စိတ္နဲ႔ကိုယ္နဲ႔မကပ္တာ အၾကာဆုံးက တစ္နာရီေက်ာ္တြယ္ဟ ငါတို႔သခင့္အုတ္ဂူထဲဝင္လာတုန္က သခင္က ေခါင္းတလားကို ၾကည့္ၿပီး "က်န္း..." ဘာဆိုလား အဲ့စကားပဲ ထပ္ကာထပ္ကာ ႐ြတ္ေနတာ သူဘာမွထုတ္မေျပာရင္ေတာင္ အဲ့ဒီလူသားနာမည္ကို ေခၚေနတာမွန္း ငါသိတယ္၊ အဲ့ဒီလူသား သခင့္ေခါင္းထဲကို ဘယ္လိုဟာေတြ ႐ိုက္သြင္းလိုက္တယ္ မသိဘူး သခင္က လုံးဝကို တျခားလူတစ္ေယာက္လို ေျပာင္းလဲသြားတာပဲ"
ဒီတိုင္းဆို သခင္က က်န္းေလာ့ကို မသတ္ေလာက္ေသးဘူး
ထန္ပိသည္ စိတ္သက္သာရာရသြားပုံျဖင့္ ေျပာလိုက္သည္။
"သခင့္ကို က်န္းေလာ့ ဒဏ္ရာရသြားတယ္လို႔ ေျပာေပး"
ဟြာပိသည္ လူသား၏သတင္းကို ၾကားေသာအခါ စိတ္တိုသြားေသာ္လည္း က်န္းေလာ့ဒဏ္ရာရေနသည္ဆိုေသာအခါ ေဒါသမဟုတ္ေသာ ရႈပ္ေထြးေသာ ခံစားခ်က္တစ္မ်ိဳး ခံစားလို္ကရသည္။ ထို႔ေနာက္ မေမးဘဲ မေနႏိုင္စြာ ေမးလိုက္သည္။
"ဒဏ္ရာျပင္းလား"
"ငါမသိေသးဘူး"
ထန္ပိက ေျပာသည္။
"အခုထိ လိုက္ရွာေနတုန္းပဲ"
ဟြာပိဘက္မွ ဘာမွေျပာသံမၾကားရေတာ့ေပ။ ထန္ပိသည္ စကားေျပာလို႔ၿပီးသြားၿပီဟု ထင္လိုက္ေသာ္လည္း ႏွစ္လွမ္းေလာက္သြားလိုက္ၿပီး ႐ုတ္တရက္ ေၾကာက္စရာေကာင္းေသာ ဟြာပိ၏အသံကို ၾကားလိုက္ရျပန္သည္။
"ထန္ပိ က်န္းေလာ့ကို ရွာေတြ႕ရင္ ငါ့ကို အရင္လာေျပာေနာ္ ေသခ်ာေပါက္ အရင္ေျပာေနာ္"
"ငါသိၿပီ"
ေလတိုက္ရာအရပ္သည္ ေျပာင္းလဲသြားျပန္သည္။
ေအးစက္ေနေသာ ေလထုထဲမွ ေသြးနံ႔သည္ ျပင္းထန္လာေသာေၾကာင့္ ထန္ပိသည္ အရွိန္ကို ျမင့္လိုက္သည္။
သူတို႔နီးလာေလေလ ေသြးနံ႔ပိုရေလျဖစ္သည္။ ထို႔အျပင္ ေျမျပင္ေပၚတြင္ ေျခရာမ်ားသည္လည္း ရွင္းရွင္းလင္းလင္း ျမင္လိုက္ၾကရသည္။
လုယုံရိသည္ ေျမျပင္ေပၚမွ ေျခရာမ်ားကို ျမင္ေသာအခါ စိုးရိမ္စိတ္မ်ား ျပင္းထန္လာသည္။ သူသည္ ပတ္ဝန္းက်င္ကို က်ီးကန္းေတာင္းေမွာက္လိုက္ၾကည့္ၿပီး ႐ုတ္တရက္ ေအးခဲသြားသည္။
"ေရွ႕နားမွာ လူတစ္ေယာက္ျဖတ္သြားေနတယ္"
ယယ္႐ႊင္သည္ မ်က္လုံးကို ေမွးလိုက္ၿပီး အေဝးသို႔ၾကည့္ၾကည္လိုက္ရာ သူ႔မ်က္ႏွာသည္ ျဖဴေဖ်ာ့သြားၿပီး
"အဲ့ဒါ က်န္းေလာ့ပဲ"
အုပ္စုလိုက္ႀကီးသည္ မီတာတစ္ဒါဇင္ေက်ာ္ေလာက္ကို ဆယ္စကၠန႔္ေလာက္ႏွင့္ ေရာက္ႆြားၾကသည္။ လူေလးငါးေျခာက္ေယာက္သည္ အျမန္ေျပးေနၾကၿပီး မည္သူမွ ေနာက္ေကာက္က်မက်န္ေနေပ။ သူတို႔သည္ သတိလစ္ေနေသာ လူနားသို႔ အတူတူေရာက္သြားၾကသည္။
သတိလစ္ေနေသာ သူမွာ တကယ္ႀကီး က်န္းေလာ့ျဖစ္ေနသည္။ က်န္းေလာ့သည္ ေဘာလုံးတစ္လုံးလို ေကြးေနၿပီး သူ႔ရွပ္အက်ႌေဘးဘက္သည္ ႏွင္းမ်ားေၾကာင့္ စို႐ႊဲေနသည္။ သူ႔မ်က္ႏွာသည္ နီရဲေနကာ သူ႔ဆံပင္မ်ားသည္ ရႈပ္ပြေနၿပီး မ်က္ႏွာတစ္ဝက္ကို ဖုံးအုပ္ထားသည္။ သူ႔ႏႈတ္ခမ္းမ်ားသည္ ေသြးမေလွ်ာက္ေတာ့ပဲ ခရမ္းပုတ္ေရာင္ျဖစ္ေနသည္။ လုယုံရိသည္ သူ႔ကို ဂ႐ုတစိုက္ ဆြဲထူလိုက္သည္။ ခြမ့္က်ိန္းသည္ ခ်က္ခ်င္း သူဝတ္ထားေသာ ဂ်က္ကတ္ကို ခြၽတ္ကာ က်န္းေလာ့ကို ၿခဳံေပးလိုက္ၿပီး သူတို႔သည္ တီးတိုးေခၚလိုက္သည္။
"က်န္းေလာ့ က်န္းေလာ့ က်န္းေလာ့"
က်န္းေလာ့၏ မ်က္ေတာင္မ်ား လႈပ္ခတ္လာသည္။
က်ိဳးက်ဳံးခ်ိဳးသည္ အသံနိမ့္နိမ့္ျဖင့္ က်ိန္ဆဲလိုက္ၿပီး
"ေကာက်ဴကို ငါတို႔နဲ႔ ေခၚလာခဲ့သင့္တာ ဒီမွာ ေဆးပညာတတ္တဲ့သူေရာ တိုက္စရာေဆးေရာ ပါမလာဘူး သူဆိုရင္အနည္းဆုံး ေသြးေၾကာစမ္းေပးၿပီး တစ္ခုခုလုပ္ေပးႏိုင္ေလာက္မွာ"
ဝမ္ယမ္လန္သည္ လက္ေျမႇာက္လိုက္ၿပီး က်န္းေလာ့နဖူးကို ထိလိုက္သည္။
"ပူလိုက္တာ"
က်န္းေလာ့မ်က္ခြံမ်ားသည္ လႈပ္ခတ္သြားျပန္ၿပီး မ်က္လုံးကို ဖြင့္ၾကည့္လိုက္ရာ သူ႔ေဘးပတ္လည္တြင္ ဝိုင္းထိုင္ေနၾကေသာ လူမ်ားကို အံ့ဩစြာ ၾကည့္လိုက္သည္။
"မင္းတို႔ပါလား"
သူသည္ တကယ္ေတာ့ လုံးဝႀကီး သတိလြတ္ေနတာ မဟုတ္ေပ။ သူ႔ေနာက္သို႔ တစ္ေယာက္ေယာက္လိုက္လာေနသလို ခံစားမိေသာေၾကာင့္ ပုန္းစရာေနရာလဲ မရွိေသာေၾကာင့္ သူ႔ေနာက္ဘာလိုက္လုပ္လဲ သိခ်င္ေသာေၾကာင့္ သတိလစ္ေနဟန္ေဆာင္ခဲ့ျခင္းျဖစ္သည္။
သူႏိုးလာသည္ႏွင့္ လူမ်ားသည္ စိတ္ေလ်ာ့သြားကာ သက္ျပင္းခ်လိုက္ၾကသည္။ ဝမ္ယမ္လန္သည္ အေလာသုံးဆယ္ေျပာလိုက္သည္။
"ေတာင့္ထားဦး ငါတို႔မင္းကို ေတာင္ေအာက္ေခၚသြားမယ္"
"ငါေတာင္ေအာက္ ဆင္းသြားလို႔မရဘူး"
က်န္းေလာ့သည္ အားေလ်ာ့စြာေျပာလိုက္သည္။
"ငါက ဒီတိုင္ လမ္းေလွ်ာက္ထြက္လာတာရယ္ ေတာင္ထိပ္မွာ အစီအရင္တစ္ခုရွိတယ္က သရဲနံရံႀကီးလိုပဲ ဝင္လို႔ပဲရမယ္ ထြက္လို႔မရဘူး ဒီေနရာထိဆင္းလာၿပီး ပိုေဝးေဝးသြားလိုက္ရင္ ေတာင္ထိပ္ကို ျပန္ေရာက္သြားေရာ"
"ဒါဆို ငါတို႔ဘယ္လိုလုပ္ၾကမလဲ"
ယယ္႐ႊင္သည္ စိတ္လႈပ္ရွားစြာ ေျပာလိုက္သည္။
"မင္း ေရွာင္ဖန္းကို ႀကိဳးစားၾကည့္ေစခ်င္လား"
"မင္းတို႔ျပန္ၾကေတာ့ တာအိုဆရာေတာ္ ေဝ့ဟယ္ေနတဲ့ ေနရာ ငါသိတယ္"
က်န္းေလာ့သည္ လုယုံရိကို လက္ဟန္ေျခဟန္ျပၿပီး သူ႔ကို ဆြဲထူေစကာ သူ႔မ်က္လုံးမ်ားသည္ က်ိဳးက်ဳံးခ်ိဳးေနာက္မွ ထန္ပိမ်က္ႏွာေပၚသို႔ ေရာက္သြားသည္။
"မင္းတို႔ ဘယ္လိုျဖစ္လို႔ ငါ့ကို လာရွာၾကတာလဲ"
ဝမ္ယမ္လန္က ေျပာသည္။
"အသုဘပစၥည္းအေရာင္းဆိုင္ပိုင္ရွင္က မင္းဆီကို တစ္ခုခုယူသြားေပးဖို႔ေျပာလို႔ေလ"
သူသည္ အိတ္ထဲမွ နားဆြဲကို ထုတ္၍ က်န္းေလာ့ကို ေပးကာ သုဘရာဇာေျပာခဲ့ေသာ စကားမ်ားကို အကုန္ျပန္ေျပာျပလိုက္သည္။ က်န္းေလာ့သည္ နားဆြဲကို ယူၿပီး လက္ဖဝါးထဲ ဆုပ္ကိုင္ထားလိုက္ကာ သုဘရာဇာက သူ႔ကို ထ်န္ပိေရကန္တြင္ ေဆးေၾကာေစခ်င္တာလား သိခ်င္လာသည္။
သို႔ေသာ္ အသုဘပစၥည္းအေရာင္းဆိုင္ပိုင္ရွင္၏ စကားမ်ားသည္ အမွန္တကယ္ ယုံၾကည္ဖို႔ ထိုက္တန္ပါရဲ႕လား
ဤနားဆြဲတစ္စုံက သူ႔ကို နာက်င္ေစမည္လား
က်န္းေလာ့သည္ လႈပ္ရွားမႈ တစ္ခုေလးေတာင္ မလုပ္ဘဲ နားဆြဲကို သိမ္းလိုက္ကာ ေတြးရင္း ေျပာလိုက္သည္။
"သူေျပာတာ တရားစီရင္ေရးေန႔က ဆယ္ရက္အတြင္းလို႔ေျပာတာ ဟုတ္လား အခုနဲ႔ဆို ဘယ္ႏွစ္ရက္က်န္ေသးလဲ"
ဝမ္ယမ္လန္က ေျပာလိုက္သည္။
"ခုႏွစ္ရက္"
'ခုႏွစ္ရက္'
အကယ္၍ က်န္းေလာ့သာ ဤခုႏွစ္ရက္သည္းခံႏိုင္လွ်င္ ဤအေၾကာင္းျပခ်က္ကို သုံး၍ ေတာင္ေပၚမွ ထြက္ႏိုင္လိမ့္မည္ျဖစ္သည္။ ထိုအေၾကာင္းျပခ်က္ျဖင့္ သူထြက္သြားလွ်င္ လ်န္မ်ိဳးႏြယ္မ်ားႏွင့္ ကံၾကမၼာယုံသူတို႔ တုံ႔ျပန္ပုံကိုလည္း သိရမည္ ျဖစ္သည္။
သို႔ေသာ္ ဤခုႏွစ္ရက္ကို မည္သို႔ ေတာင့္ခံရမည္နည္း
သုဘရာဇာ၏ စကားမ်ားသည္ မေရရာကာ သဲကြဲမႈမရွိေပ။ က်န္းေလာ့သည္ သူ႔ကို မယုံၾကည္ေပ။ သူသည္ ေမွ်ာ္လင့္ခ်က္အလုံးစုံကို ဘာမွန္းမသိေသာ နားဆြဲတစ္စုံေပၚတြင္ ပုံေအာမထားရဲေပ။ တကယ္တမ္းတြင္လည္း သူသည္ က်ိေယာင္ဇီကို ေကာင္းေကာင္းမသိေပ။
ထို႔ေၾကာင့္ က်န္းေလာ့သည္ သူ႔အတြက္ ေသခ်ာေသာ လြတ္လမ္းတစ္ခုရွာထားရမည္ဟု ေတြးလိုက္သည္။
သူ႔မ်က္လုံးသည္ ထန္ပိေပၚသို႔ ေရာက္သြားျပန္သည္။ ထန္ပိမွတ္ဉာဏ္ျပန္ရသြားၿပီဆိုတာကို က်န္းေလာ့သိတာၾကာၿပီျဖစ္သည္။ ထန္ပိသည္ သူငယ္ခ်င္းမ်ားကို သစၥာရွိေသာ အ႐ူးေလးမဟုတ္ေတာ့ေပ။ သို႔ေသာ္ ထန္ပိသည္ စီဝမ္ေကြးတစ္ေကာင္အျဖစ္ သူတို႔နားမွာဆက္ေနခဲ့သည္။
ခ်ီယုံသာ ေနာက္ကြယ္မွ အမိန႔္ေပးမထားဘဲ သူ႔သေဘာႏွင့္သူေနေနတာလို႔ေတာ့ က်န္းေလာ့မယုံေပ။
က်န္းေလာ့၏ စိတ္အစဥ္သည္ ထန္ပိ ခ်ီယုံ႔ကိုေခၚလာေပးေအာင္ လုပ္ဖို႔ အေတြးဝင္သြားသည္။ သူ႔စိတ္သူ ထိန္းခ်ဳပ္ရန္ ခ်ီယုံ႔ကို ျမင္ေနေတြ႕ေနရဖို႔လိုေသာေၾကာင့္ ခ်ီယုံကို အသုံးခ်ရန္ စိတ္ကူးလိုက္သည္။
သို႔ေသာ္ မေကာင္းဆိုးဝါးကို အသုံးခ်ျခင္းသည္ ႏွစ္ဦးႏွစ္ဖက္ ရႈံးနိမ့္ေစမည့္ သား႐ိုင္းေကာင္ႀကီးႏွင့္ သက္ပုတ္ရတာထက္ေတာင္ ခက္ခဲေနေသးသည္။ က်န္းေလာ့၏ ခံစားခ်က္မ်ားသည္ ထူးဆန္းေနၿပီး ေရာေထြးေနသည္။
ေဒါသထြက္ျခင္းႏွင့္ ႐ူးသြပ္ျခင္းတို႔ အခ်ိန္မေ႐ြးပြင့္ထြက္ႏိုင္ေသာ စိတ္မမွန္သည့္ မေကာင္းဆိုးဝါးကိုမွ ေမွ်ာ္လင့္ေနမိသည္။ သူ႔ကိုယ္သူ မေက်နပ္မိေသာ္လည္း မေကာင္းဆိုးဝါးကို လႊမ္းမိုးခ်င္ေနေသးသည္။ အကယ္၍ မေကာင္းဆိုးဝါးကို ဒီတစ္ေခါက္ အသုံးျပဳခဲ့လွ်င္ သူတို႔ေနာက္တစ္ေခါက္ အိပ္ရာထဲသို႔ ေရာက္သြားႏိုင္သည္ကို သူနားလည္ထားသည္။
အဘယ့္ေၾကာင့္ဆိုေသာ္ မွန္ေလာကထဲမွ ထြက္လာတုန္းက ခ်ီယုံေျပာခဲ့ေသာ ကိစၥမွာ ................. လူးလိမ့္ဖို႔ ျဖစ္ေသာေၾကာင့္ပင္။ က်န္းေလာ့သည္ ထိုအေၾကာင္းေတြးရင္း ေတာင္ေပၚမွ လ်န္အိမ္ေတာ္ အဝင္ေပါက္ဆီသို႔ ေလွ်ာက္သြားသည္။
တစ္ဘက္တြင္ သူ႔ခႏၶာကိုယ္သည္ ေသျခင္း၏ ၿခိမ္းေျခာက္မႈကို ေတာင့္မခံႏိုင္ေတာ့ေပ။ သူ႔အသိစိတ္ကို စုစည္းထားရန္ ျပင္းထန္ေသာ နည္းလမ္းမ်ားသုံးဖို႔ သူ႔ခႏၶာကိုယ္က လက္မခံႏိုင္ေအာင္ အားနည္းေနၿပီျဖစ္သည္။
တစ္ျခားတစ္ဘက္တြင္လည္း သူသည္ ေတာင္ေပၚမွ ထြက္မသြားႏိုင္ဘူးဆိုထဲက က်ိေယာင္ဇီ သု႔ကို နားဆြဲေပးရသည့္ အေၾကာင္းအရင္းကို ေဖာ္ထုတ္ရမည္။ တာအိုဆရာေတာ္ ေဝ့ဟယ္ႏွင့္ ကံၾကမၼာယုံသူတို႔ ဘာလုပ္ဖို႔ ႀကိဳးစားေနတာလဲရယ္ က်န္းေလာ့က မည္သည့္ေနရာတြင္ ဝင္ေရာက္သ႐ုပ္ေဆာင္ေနရာသည္ကို ရွာေဖြရမည္။
မေကာင္းဆိုးဝါးတစ္ေယာက္ထဲကသာလွ်င္ သူ႔စိတ္ဆႏၵမ်ားကို ႏႈိးဆြေပးႏိုင္ၿပီး ခံစားခ်က္ကင္းမဲ့သည့္ အေနအထားမွ ႐ုန္းထြက္ႏိုင္ေအာင္ ကူညီေပးႏိုင္မည္ျဖစ္ၿပီး သူစိတ္ကိုပုံမွန္အတိုင္းထိန္းသိမ္းထားႏိုင္မည့္ တစ္ခုတည္းေသာ နည္းလမ္းျဖစ္သည္။
က်န္းေလာ့သည္ သူ႔အေတြးအေခၚမ်ားျဖင့္ ပိတ္မိေနၿပီး မေကာင္းဆိုးဝါးလိုခ်င္ေသာ လမ္းေၾကာင္းေပၚသို႔ ေရာက္မွန္းမသိ ေရာက္သြားသည္။
သို႔ေသာ္ သူခ်ီယုံ႔ကို တစ္ခါေျပာဖူးသည္မွာ "တစ္ေခါက္ထဲပဲ" ဟူ၍ ျဖစ္သည္။
အစတုန္းက က်န္းေလာ့သည္ မွန္ေလာကထဲမွ ထြက္လာသည္ႏွင့္ ခ်ီယုံ႔ကို ေက်ာခိုင္းပစ္ရန္ ႀကံစည္ထားၿပီး သူႏွင့္ ေနာက္တစ္ႀကိမ္အိပ္ခ်င္ေနသည့္ ထိုမေကာင္းဆိုးဝါးကို သင္ခန္းစာေပးဖို႔ ျပင္ဆင္ထားခဲ့သည္။
သို႔ေသာ္ ယခုတြင္ေတာ့..................
က်န္းေလာ့သည္ စုတ္သပ္လိုက္သည္။ သူသည္ အခ်ိန္အခါကို လိုက္၍ လိုက္ေလ်ာညီေထြေနရမည္ကို မသိသူမဟုတ္ေပ။ သူေဆးမိတုန္းက မေကာ္ငးဆိုးဝါးႏွင့္ အိပ္လိုက္ရန္ မေကာင္းဆိုးဝါးကို သူကအရင္သြားရွာသည္ကို ၾကည့္လွ်င္ သူသည္ အက်ိဳးသင့္ အေၾကာင္းသင့္ ေတြးေခၚတတ္သူမွန္း သိႏိုင္ပါသည္။ သူ႔ကိုသာ ေပ်ာ္႐ႊင္တက္ႂကြလာေစမည္ဆိုလွ်င္ သူသည္ ဘာပဲလုပ္ရလုပ္ရ အဆင္ေျပေသာ္လည္း က်န္းေလာ့သည္ မေကာင္းဆိုးဝါးကို သူ႔ကိုလြယ္သည္ဟု ျမင္သြားမွာကို မလိုခ်င္ေပ။
က်န္းေလာ့သည္ သူအမွန္တကယ္ အိပ္ဖို႔လိုေနလွ်င္ေတာင္ မေကာင္းဆိုးဝါးကို သူတကယ္လိုခ်င္ေနေၾကာင္း ဘယ္ေတာ့မွ ျပမည္မဟုတ္ေပ။ သို႔ေသာ္ သူသည္ ထ်န္ပိေရကန္ေၾကာင့္ ဒုကၡမ်ားေနရၿပီျဖစ္သည္။
ယခုအခ်ိန္တြင္ စိတ္ဓာတ္ႀကံ့ခိုင္ေသာ အျဖစ္မွ သာမန္သူလိုငါလို လူမ်ိဳး ျဖစ္သြားၿပီျဖစ္သည္။ အဘယ့္ေၾကာင့္ သူထိုသို႔ေသာ သာမန္လူျဖစ္သြားေၾကာင္း သိလဲဆိုလွ်င္ သူသည္ ခ်ီယုံ တစ္ခုခု ျဖစ္သြားမည္ကို အေတြးနဲ႔ေတာင္ မေတြးၾကည့္ႏိုင္ေတာ့ေသာေၾကာင့္ ျဖစ္သည္။
'ဒါႀကီးက အရမ္းေၾကာက္ဖို႔ေကာင္းတယ္'
တစ္စကၠန႔္ေလာက္ေတြးၿပီးေနာက္ က်န္းေလာ့သည္ ေရွ႕ဆက္မေလွ်ာက္ေတာ့ပဲ သူကသာ မေကာင္းဆိုးဝါးႏွင့္ ပတ္သက္ၿပီး တစ္ခုခုကို အရင္လုပ္ရန္ ေတြးလိုက္သည္။ မေကာင္းဆိုးဝါး သူ႔ဆီေရာက္လာေအာင္ အရင္ျဖားေယာင္းရမည္။ ၿပီးလွ်င္ ခ်ီယုံ သူ႔ကို အဲ့တာလုပ္ဖို႔ ေတာင္းဆိုလာေအာင္လည္း ျမဴဆြယ္ရမည္။
ဤသို႔ေသာနည္းလမ္းျဖင့္ က်န္းေလာ့သည္ သူ၏ သိကၡာသမာဓိရွိေသာ ပုံရိပ္ကို ထိန္းသိမ္းႏိုင္မည္ျဖစ္ၿပီး တည္ၾကည္ေလးနက္သည့္ သူေတာ္ေကာင္း ပုံရိပ္ေလးဆက္လက္တည္ရွိေနေအာင္ က်န္းေလာ့ ႀကိဳးစားရမည္ ျဖစ္သည္။
ဘာပဲျဖစ္ျဖစ္ အဲ့တာကို လုပ္ခ်င္တဲ့သူက မေကာင္းဆိုးဝါးပဲ သူမဟုတ္ဘူး ၿပီးေတာ့ သူက အဲ့တာကို မလုပ္ခ်င္လို႔္ ပတ္ေျပးေနတဲ့သူပဲေလ
'ဟုတ္တယ္ ငါေလးက အျပစ္ကင္းတယ္'
က်န္းေလာ့သည္ အဘယ့္ေၾကာင့္ သူ႔ကိုယ္သူစကားေတြအမ်ားႀကီးေျပာၿပီး အယုံသြင္းေနမွန္း မသိေတာ့ေပ။ သို႔ေသာ္ ထိုသို႔ စကားအမ်ားႀကီးေျပာျခင္းျဖင့္ သူစိတ္ေအးလာရသည္။
ေနာက္တစ္ဆင့္လုပ္ရမည္မွာ ခ်ီယုံေပၚလာေအာင္ မသိမသာ ဆြဲေဆာင္ရမည္။
အစီအရင္သည္ အလြန္အားေကာင္းသည္။ မေကာင္းဆိုးဝါး ခ်ီယုံႏွင့္ ထန္ပိတို႔ ေတာင္ေပၚတက္လာႏိုင္ရန္ နည္းလမ္းတစ္ခုသာ ရွိသည္။ ထို႔အျပင္ အျပင္ဘက္မွာ အစစ္အမွန္ အိပ္ခဲ့လွ်င္ သူ႔ကိုယ္ေပၚတြင္ အမွတ္မ်ား က်န္ခဲ့မည္ျဖစ္ၿပီး ခ်ီယုံႏွင့္ အိပ္မက္ထဲမွာ ေတြ႕ျခင္းကသာ ႏွစ္ဦးႏွစ္ဖက္ အႏၲာရာယ္ကင္းမည့္ နည္းလမ္းျဖစ္သည္ဟု က်န္းေလာ့ေတြးမိသည္။
အားလုံးအဆင္သင့္ျဖစ္ၿပီ
'ဒါေပမဲ့ ငါခ်ီယုံေရာက္လာေအာင္ ဘယ္လို ဆြဲေဆာင္ရမလဲ'
က်န္းေလာ့သည္ မ်က္လုံးေမွးလိုက္ၿပီး အႀကံတစ္ခုကို အသည္းအသန္ ေတြးေတာေနသည္။
#######################
Telegram မွာ အၿပီးအထိ တင္ၿပီးပါၿပီေနာ္။