အပိုင်း (၁၃၆) ကိုယ့်ကိုယ်ကို ပြန်ရှာဖွေရပြီ
ကျန်းလော့သည် ရေကန်ထဲတွင် တစ်နာရီလုံးလုံး စိမ်နေခဲ့သည်။ တစ်နာရီကြာပြီးနောက် ရေကန်ထဲမှ ထွက်လာကာ တာအိုဆရာတော် ဝေ့ဟယ်လှမ်းပေးလာသော သဘက်ကို ယူလိုက်သည်။ တာအိုဆရာတော် ဝေ့ဟယ်သည် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ဘယ်လိုနေလဲ"
ကျန်းလော့သည် သူ့တစ်ကိုယ်လုံးမှ ပင်ပန်းညောင်းညာမှုများ ပျောက်သွားသလို ခံစားရသည်။ သူ့စိတ်သည်လည်း သန့်ရှင်းသွားသလို ယခု အလွန်လန်းဆန်းနေသည်။ သူ့ခန္ဓာကိုယ်မှ ရေစက်များကို သဘက်ဖြင့် သုတ်နေသည်။ တာအိုဆရာတော်ဝေ့ဟယ်သည် သူ့ကိုစကားပြောရာတွင် အရင်ကထက်ပိုပြီး ပျော့ပြောင်းလာသော်လည်း သူ့တွင် ပြန်ပြောချင်စိတ်ရှိမနေပေ။
"မဆိုးပါဘူး"
ကံကြမ္မာယုံသူသည် အပြုံးတစ်ခုဖြင့်
"ပြန်သွားတော့"
ကျန်းလော့သည် အဝတ်များပြန်ဝတ်လိုက်ပြီး သူတို့နှင့်အတူ ပြန်သွားလိုက်သည်။ စိမ်းလန်းစိုပြေသော တောင်မြင်ကွင်းကို လမ်းတလျှောက် မြင်နေရသော်လည်း သူ့နှလုံးသားသည် နည်းနည်းမှ မလှုပ်ရှားသွားပေ။
ကံကြမ္မယုံသူက မေးသည်။
"အပြင်ဘက်မှာက ဘယ်နေရာဖြစ်ဖြစ် နှင်းတွေကြီးပဲ အခုထိကို နှင်းကျနေသေးတယ် ဒီမှာတော့ မြက်နုလေးတွေနဲ့ စိမ်းစိုနေတာပဲ မင်းဒီရှုခင်းကို ကြိုက်လား"
ကံကြမ္မာယုံသူ၏ စကားကြောင့် ကျန်းလော့သည် ပတ်ပတ်လည်မှ ရှုမျှော်ခင်းကို လိုက်ကြည့်သည်။ ဤသို့သော လှပပြီး သာယာသော မြင်ကွင်းကို သေချာပေါက် သဘောကျခဲ့ပါသော်လည်း ယခု မည်သည့်ခံစားချက်မှ ရှိမနေပေ။ ထို့ကြောင့် သူသည် စိတ်ဝင်စားမှုမရှိစွာ ပြန်ဖြေလိုက်သည်။
"အဆင်ပြေပါတယ်"
ထိုစကားနှစ်ခွန်းပြောထွက်သွားသည်နှင့် ကျန်းလော့သည် သူ့ကိုယ်သူတစ်ခုခုမှားနေကြောင်း အာရုံခံမိလိုက်သည်။
သူ့စိတ်အခြေအနေနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေတာလား
ဒါကြီးက အရမ်းကို ယဉ်ကျေးမှုမရှိသလိုမျိုး ပြန်ဖြေလိုက်မိတာမဟုတ်ဘူးလား
ကျန်းလော့သည် ချီ(ချီယယ်)မိသားစုနှင့် ချီ(ချီယုံ)မိသားစုတို့လုပ်ခဲ့သော ညစ်ညမ်းသော ကိစ္စများကို ပြန်တွေးကြည့်သော်လည်း သူတို့ကို ဖျက်ဆီးပစ်ချင်သော ခက်ထန်မုန်းတီးမှုများသည် လုံးဝပျောက်ကွယ်သွားပြီး သူသည် အရာအားလုံးကို ခဝါချလိုက်မိသလို ခံစားရသည်။ သူသည် လုယုံရိနှင့် ယယ်ရွှင်တို့ အကြောင်း၊ ဖုန်းလီနှင့် ကျိယောင်ဇီတို့အကြောင်း တွေးကြည့်သော်လည်း သူ့ခံစားချက်များသည် ထိုလူများကြောင့် နည်းနည်းမှ ခံစားချက်မရှိသလို ဖြစ်နေသည်။
အဆုံးတွင် ချီယုံ့အကြောင်းတွေးမိကာမှ ကျန်းလော့စိတ်ခံစားချက်များသည် ပြင်းပြစွာ လှုပ်ရှားသွားပြီး လှိုင်းထန်နေသည်။ ထိုအချက်ကြောင့် သူ့ကိုယ်ပေါ်တွင် တစ်ခုခုတော့ မူမမှန်ကြောင်း သိနေသည်။ သို့သော် ထိုမူမမှန်ဖြစ်နေမှန်း သိတာတောင် သူ့စိတ်သည် လှုပ်ရှားမသွားပေ။
သူ့ကိုယ်ပေါ်တွင် မကောင်းဆိုးဝါးချန်ထားခဲ့သော အညစ်အကြေးများကို ဆေးကြောပစ်ခြင်းပဲ မဟုတ်လောက်ပဲ သူ၏ နက်နက်ရှိုင်းရှိုင်း ဖုန်းကွယ်ထားသော ဆိုးယုတ်သော စိတ်ဆန္ဒများနှင့် လောဘမောဟတို့ကိုပါ ဆေးကြောလိုက်ဟန်တူသည်။
သူခံစားရသော အကြောင်းပြချက်များသည် ထင်ရှားပေါ်လွင်နေသော်လည်း သူ့စိတ်သည် ရေသေကဲ့သို့ တည်ငြိမ်နေကာ မည်သည့် လိုအင်ဆန္ဒမှမရှိတော့ပေ။
ကျန်းလော့သည် သာမန်အခြေအနေတွင် သူမည်သို့ ခံစားရသည်ကိုတော့ ကောင်းကောင်းကြီးမှတ်မိသည်။ သို့သော် ယခုအချိန်တွင် ထိုသာမန်စိတ်အခြေအနေကို လုံးဝပြန်မတွေးကြည့်ချင်နေပေ။
သူ့နောက်တွင် တာအိုဘုန်းတော်ကြီး ဝေ့ဟယ်နှင့် ကံကြမ္မာယုံသူတို့သည် အတူတကွ လမ်းလျှောက်လာကြသည်။ တာအိုဘုန်းတော်ကြီး ဝေ့ဟယ်သည် ကျန်းလော့နောက်ကျောကို ကြည့်နေပြီး အကြာကြီး တွေဝေနေပြီးမှ စကားစလာသည်။
"ရေပူစမ်းရဲ့ အစွမ်းသတ္တိကို ပိုအားကောင်းလာအောင် သခင်ကြီးရဲ့သွေးကို ရေပူစမ်းထဲထည့်လိုက်တာလား အဲ့ဒီအစွမ်းက ကျန်းလော့တစ်ခါလေးစိမ်တာနဲ့တောင် တစ်လလောက်သူ့ကိုယ်ပေါ်မှာ ကျန်နေတော့မှာ ဒီနေ့လိုမျိုး နောက်ထပ် အကြိမ်နည်းနည်းစိမ်လိုက်ရင် သူက လုံးဝကို တခြားလူတစ်ယောက်လို ပြောင်းလဲသွားလိမ့်မယ်"
အကယ်၍ မင်းရဲ့ လိုအင်ဆန္ဒများနှင့် ဆိုးယုတ်သော အတွေးများပျောက်ဆုံးသွားလျှင် သင်သည် တစ်လောကလုံးအတွက်ကျယ်ပြန့်သော နှလုံးသားရှိသော်လည်း ကမ္ဘာပေါ်မှ အရာအားလုံးကို လစ်လျူရှုထားနိုင်သော ကံကြမ္မာယုံသူကဲ့သို့ လူဖြစ်သွားနိုင်သည်။
တာအိုဆရာတော်ဝေ့ဟယ်သည် လျန်ရွှီနှင့် တခြားကလေးများနှင့် အသက်တူသော ငယ်ရွယ်သေးသော ကျန်းလော့ကို ဤသို့လုပ်လိုက်ခြင်းသည် ကောင်းလားဆိုးလား မသိတော့ပါချေ။
သူ့အဖြစ်က အသက်ကြီးလာသည်နှင့် နောက်မျိုးဆက်များကို နူးနူးညံ့ညံ့ကလေးများအဖြစ်သာ မြင်လာသောကြောင့် တာအိုဆရာတော် ဝေ့ဟယ်သည် သက်ပြင်းချလိုက်သည်။
"ဒါကြီးက အရမ်းမစောလွန်းနေဘူးလားဗျာ"
ကံကြမ္မာယုံသူသည် နှေးကွေးအေးဆေးစွာ ပြောလိုက်သည်။
"ကောင်လေးရဲ့ တဏှာစိတ်က အရမ်းကြီးလွန်းနေတယ် ပြီးတော့ ဒီအချိန်မှ တိုက်တိုက်ဆိုင်ဆိုင်ရောက်လာတာဆိုတော့ သန့်ရှင်းပေးလိုက်ရမှာပေါ့"
တာအိုဆရာတော် ဝေ့ဟယ်က ပြောသည်။
"တောင်အောက်ကနေရောက်လာတဲ့ သတင်းတော်တော်များများ ရှိတယ် တချို့ပြည်နယ်ကိုယ်စားလှယ်ဌာနတွေက ချီမိသားစု(ချီယုံ)ကို စုံစမ်းနေကြပြီ ပြီးတော့ အဲ့ကနေ တော်တော်များများ ရှာတွေ့တာတွေလည်း ရှိတယ်တဲ့ ထျန်းရှိဖူကလည်း ဘာဖြစ်တယ်မသိဘူး ချီ(ချီယယ်)မိသားစုနဲ့ ချီ(ချီယုံ)မိသားစုတို့နဲ့ ပြတ်ပြတ်သားသားကို စည်းတားပစ်လိုက်တာ ကျွန်တော်ကြားတာတော့ ကောင်းကင်သခင်ဖုန်းက တော်တော်ကြီးပေါက်ကွဲသွားပြီး လုံးဝမပတ်သတ်ရဘူးဆိုတဲ့ အမိန့်ထုတ်လိုက်တာတဲ့ဗျာ"
"အာ ဟုတ်သား ပြီးတော့လဲ ကျိုးကျုံးယွီဆိုတဲ့လူကလည်းဗျာ သူ့သမီးအတွက်နဲ့ ကောင်းကင်သခင်ဖုန်းနဲ့ တစ်ဖက်ထဲရပ်ပစ်လိုက်တယ် သူပြောတာတော့ ချီ(ချီယယ်)မိသားစုနဲ့ ချီ(ချီယုံ)မိသားစုတို့က သူ့သမီးနဲ့ သူ့သမီးရဲ့ အတန်းဖော်ကလေးတွေကို ဒုက္ခပေးဖို့လုပ်လို့တဲ့ "
"သူတို့ပဲ လုပ်တာမဟုတ်ဘူးနော် ပိုင်ဟွားတက္ကသိုလ်ကလည်း အဲ့ဒီနှစ်မိသားစုကို ရွှမ်လင်းစစ်ဆေးရေးရုံးတော်ကို တိုင်ကြားထားသေးတယ်တဲ့ ရုံးတော်ရဲ့ အထက်တန်းစီရင်ရေးဌာနက သခင်ကြီးကို သိပြီး သခင်ကြီးက ဒီမိသားစုနှစ်စုကို ကာကွယ်ပေးထားတုန်းလား သိချင်နေကြတယ် သူတို့က တကူးတက သခင်ကြီးအတွက် ရုံးတော်လျှောက်လဲမဲ့ ရက်ကို နောက်ဆုတ်ပေးထားတယ်"
တာအိုဆရာတော်ဝေ့ဟယ်သည် အိတ်ကပ်ထဲမှ စာတစ်စောင်ကို ထုတ်လိုက်ပြီး ကံကြမ္မာယုံသူကို ပေးလိုက်သည်။
"သူတို့က မိသားစုနှစ်ခုက သူတို့ကိုယ်ကျိုးအတွက်လုပ်တာလား ရွှမ်ရွှီအဖွဲ့အစည်းအတွက်လုပ်တာလားဆိုတာ သိချင်နေကြတယ် ပြီးတော့ ရွှမ်ရွှီလောကအတွက်လုပ်တာဆိုရင် ရုံးတော်က မိသားစုနှစ်ခုကို အပြစ်ယူရင်တောင် အာမခံနဲ့ လွတ်ပေးပြီး ရွှမ်ရွှီအဖွဲ့အစည်းရဲ့ အကျိုးအတွက်လုပ်တာဆိုတဲ့ အကြောင်းပြချက်နဲ့ ပိုင်ဟွားတက္ကသိုလ်ကို ရုံးတင်စစ်ဆေးရက်ကျရင် သေချာမစုံစမ်းပဲ တိုင်ကြားမှုနဲ့ ပြစ်တင်ရှုံ့ချပါမယ်တဲ့"
ကံကြမ္မာယုံသူသည် သူကမ်းပေးသော စာကို မယူပဲ နူးညံ့စွာပြောလိုက်သည်။
"ဘာမှ ကာကွယ်စရာမလိုဘူး ပြီးတော့ သူတို့ ဒီတစ်ခေါက်လုပ်ခဲ့တာ ကျုပ်ကို နည်းနည်းဒေါသထွက်စေတယ်"
"သူတို့က ကျုပ်သတ်မှတ်ထားတဲ့ စည်းကို ကျော်လိုက်တာပဲ"
ကံကြမ္မာယုံသူသည် နူးညံ့တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။
"ကျုပ်ပြောခဲ့တယ် ကျန်းလော့ကို မထိခိုက်စေနဲ့လို့ ဒါပေမဲ့ သူတို့ အခုဘာလုပ်ခဲ့လဲ သူ့တို့မျက်လုံးထဲမှာ ရွှမ်ရွှီလောကရဲ့ အနာဂတ်ဆိုတာ မရှိတော့ဘူး သူတို့က အခုဘာမှ အသုံးမဝင်တော့တဲ့သူတွေ ဖြစ်သွားပြီ"
တာအိုဆရာတော် ဝေ့ဟယ်သည် ကံကြမ္မာယုံသူ အဆုံးထိပြောပြီးသည်အထိ သေချာနားထောင်နေသည်။
"သူတို့ကို ပစ်ထုတ်လိုက်တော့"
ကံကြမ္မာယုံသူပြောသော ပုံစံသည် ပုရွတ်ဆိတ်တစ်ကောင်ကို တောက်ထုတ်ပစ်သလို အမှိုက်အိတ်ကို ပစ်ထုတ်လိုက်သလို ပြောတာဖြစ်သော်လည်း ကံကြမ္မာယုံသူ၏ အသံသည် နည်းနည်းလေးမှ မပြောင်းလဲသွားပေ။
"ဟုတ်ကဲ့ပါ"
တာအိုဆရာတော် ဝေ့ဟယ်သည် တုန်ယင်နေသော နှလုံးသားဖြင့် ပြန်ဖြေခဲ့သည်။
.......................
ကျန်းလော့သည် သူ့အခန်းသို့ ပြန်လာသည်?။
သူသည် အိပ်ရာအစွန်တွင် ဝင်ထိုင်ပြီး ဂွမ်းကပ်အောက်မှ စိုနေသော အဝတ်အစားများ မလဲရသေးပေ။
အဝတ်အစားများသည် အေးခဲတောင့်တင်းလာပြီဖြစ်ပြီး အပေါ်ဝတ်များကလည်း နွေးထွေးမှုမပေးနိုင်တော့ပေ။ ကျန်းလော့လက်ဖမိုးများသည် ဖြူဆုတ်နေပြီဖြစ်ပြီး သူ့နှုတ်ခမ်းများသည် အေးလွန်းသောကြောင့် ခရမ်းရောင်ပင်ပြောင်းနေပြီဖြစ်သည်။
သို့သော် ယခုအချိန်တွင် ကျန်းလော့သည် အေးနေတာကို အာရုံမစိုက်နိုင်သေးပေ။
သူသည် ခံစားချက်မရှိသော ကျောက်တုံးကဲ့သလို့ ဖြစ်နေပြိး သူ့မျက်လုံးများသည် အခန်းတစ်ခုလုံးကို အသေးစိတ်လိုက်ကြည့်နေသည်။
အခန်းများသည် ပုံမှန်အခန်းများဖြစ်ပြီး မည်သည့်စိတ်ဝင်စားစရာအခန်းအပြင်အဆင်မှမပါဘဲ ပျင်းရိစရာကောင်းနေသည်။
သို့သော် ကျန်းလော့သည် သူ့စိတ်ကိုက အခန်းအပြင်အဆင်ကို စိတ်မဝင်စားကြောင်း သိနေပြီး သူ့တွင် သာမန်လူတစ်ယောက်ကဲ့သို့ စိတ်ခံစားချက်များ မရှိတော့တာ သေချာသွားသည်။
သိမ်မွေ့သော ရွံမုန်းမှုသည် ကျန်းလော့စိတ်ထဲတွင် မွေးဖွားလာပြီး ကျန်းလော့၏ ရွံရှာမှုသည် ပြင်းထန်လာသည်။
သူသည် ယခုကဲ့သို့ဖြစ်နေသော သူ့ကိုယ်သူမုန်းနေသည်။
ထို့ကြောင့်သူသည် သူဘယ်တုန်းကမှ မတွေးချင်ခဲ့သော မကောင်းဆိုးဝါးအကြောင်း ကတိုက်ကရိုက်စဉ်းစားတော့သည်။ ထိုရူးသွပ်နေသော မကောင်းဆိုးဝါးကသာလျှင် သူ့ကို စိတ်လှုပ်ရှားလာအောင် လုပ်နိုင်တော့သည်လေ။
ကျန်းလော့သည် သူတို့ရင်ဆိုင်တိုက်ခိုက်သော အစောဆုံးအချိန်ကို ပြန်တွေးကြည့်သည်။ မကောင်းဆိုးဝါး သူ့ကို ဆယ့်ရှစ်ခါ သတ်ခဲ့သည်ကို ပြန်တွေးသည်။ သူပြန်မယူရသေးသော သတ်ရန်အကြွေးသုံးခေါက်ကို ပြန်တွေးသည်။ ထို့နောက် သူ့အိပ်ရာပေါ်သို့ ရောက်သွားခဲ့သည့်အချိန်၊ မကောင်းဆိုးဝါးကို အသည်းခွဲခဲ့သည့် အချိန်၊ စိတ္တဇလူသတ်သမားလို ချီယုံ သူ့ကို ချစ်မိသွားသည့်အချိန်နှင့် ရှက်ပြီး ထွက်ပြေးသွားသော ပုံစံတို့ကို ပြန်တွေးကြည့်သည်။
ကျန်းလော့သည် ကိုယ့်ကိုယ်ကို ထိန်းချုပ်နေပါသော်လည်း သူ့ကို လွှမ်းမိုးချုပ်ကိုင်ချင်သော မကောင်းဆိုးဝါးကို သူသည် မကြာခင်အချိန်မှာပင် မကောင်းဆိုးဝါးကို မေ့သွားတော့မည်လား မသိတော့ပေ။
ထက်ရှသော ဓားသွား၊ သွေးစက်များ လည်ပတ်နေသော မီးခိုးငွေ့များ
ချွေးစများ နှင့် သာယာမှု
ခံစားချက်များသည် မြင့်တက်လာပြီး ရုတ်တရက် တည်ငြိမ်နေသော စိတ်အခြေအနေကို ချိုးဖြတ်သွားသည်။
ကျန်းလော့သည် မျက်မှောင်ကြုတ်သွားပြီး သူ့တစ်ကိုယ်လုံးသည် အချုပ်အနှောင်မှ ပြေလျော့သွားသလို ခံစားလိုက်ရပြီး သူသည် သက်ပြင်းမောကြီးမှုတ်ထုတ်လိုက်ရာ အငွေ့ဖြူဖြူများ ထွက်လာသည်။
သူသည် ရုတ်တရက် နောက်လှန်ကျတော့မလိုဖြစ်သွားကာ တစ်ကိုယ်လုံးတုန်လာသောကြောင့် အိပ်ရာပေါ်မှ စောင်ကို ဆွဲ၍ ပတ်ထားလိုက်ရသည်။
သို့သော် ကျန်းလော့သည် ခဲသွားမတတ် အေးစက်နေသည်ကို ပထမဆုံးအကြိမ်အဖြစ် သဘောကျမိသွားသည်။ သူ့နှုတ်ခမ်းများသည် ပြာနှမ်းနေပြီး တဆတ်ဆတ်တုန်ယင်နေကာ သူ့ကိုယ်သူပြောလိုက်သည်။
"အေးလိုက်တာ အေးလိုက်တာ အေးတယ် ................"
"မင်းအေးလာရင် စောင်လိုလာမယ် စောင်ခြုံလိုက်ရင် ရလာမဲ့ ခံစားချက်ကို နွေးထွေးမှုလို့ခေါ်တယ် .............. "
သူ့ကိုယ်သူ ဇွတ်အတင်းတွန်းအားပေးနေပြီး ပုံမှန်စိတ်အခြေအနေပြန်ဖြစ်ပြီဆိုတာ သေချာမှ စိုရွှဲနေသောအဝတ်များကို ချွတ်၍ သန့်ရှင်းပြီးနွေးထွေးသော အဝတ်များလဲလိုက်သည်။
ရေနွေးအိုးတစ်အိုး စားပွဲပေါ်တွင် ရှိနေသောကြောင့် ကျန်းလော့သည် ရေနွေးတစ်ခွက်ငှဲ့၍ သောက်လိုက်သည်။ ရေနွေးများ လည်ချောင်းတစ်လျှောက်မှ အစာအိမ်ထဲသို့ ရောက်သွားကာမှ အအေးဓာတ်များပြယ်သွားကာ နွေးထွေးလာတော့သည်။ ကျန်းလော့သည် ရေပူများကို ကြည့်ိလိုက်ပြီး သူ့မျက်လုံးများသည် ငွေ့ရည်ဖွဲ့လာသည်။ သူသည် ကြွေရေခွက်ကို ကိုင်ထားရင်း လူသတ်ချင်မှုနှင့် အမျက်ဒေါသတို့သည် နှလုံးသားအောက်ခြေမှ လှိုက်တက်လာသည်။
စောနကအခြေအနေသည် ကြောက်စရာကောင်းလောက်အောင် သူ့ကိုယ်သူမပိုင်တော့သလို ခံစားချက်မျိုးဖြစ်သည်။
ကျန်းလော့သည် ပြင်းပြမုန်းတီးသော ခံစားချက်တို့ မြင့်တက်လာပြီး သူ့ကို ဒီအခြေအနေဖြစ်အောင် လုပ်ခဲ့သော ရေကန်အကြောင်းတွေးမိသောအခါ အလွန်စက်ဆုပ်ရွံရှာလာပြန်သည်။
သို့သော် ရန်လိုမှုနှင့် ရွံမုန်းမှုသည် နှိမ်နှင်းခံလိုက်ရသလို ချက်ချင်းပေါ်လာပြီး ရုတ်ချည်းပျောက်ကွယ်သွားသည်။ ကျန်းလော့ ခံစားချက်များကို သေချာမသိလိုက်ရသေးခင် လွှတ်မချလိုက်ရသေးခင် သူတို့ဟာသူတို့ပျောက်ကွယ်သွားတော့သည်။
ကျန်းလော့သည် သူအပြည့်အဝပြန်ကောင်းသွားတာမဟုတ်မှန်း နားလည်သွားတော့သည်။
သို့သော် ယခုအချိန်သည် ဒေါသရှေ့ထားရမည့် အချိန်မဟုတ်သောကြောင့် ကျန်းလော့သည် သေချာစဉ်းစားလိုက်ပြီး ရုတ်တရက် ရှေ့တိုးလိုက်ကာ လက်ကို ဖြည်လိုက်သည်။
သူ့လက်ထဲမှ ကြွေခွက်သည် ကြမ်းပြင်ပေါ်သို့ အရှိန်ပြင်းပြင်း ပြုတ်ကျသွားပြီး ခွမ်းခနဲအသံကြားလိုက်ရကာ အစိတ်စိတ်အမွှာမွှာကွဲသွားတော့သည်။ ကျန်းလော့သည် အနည်းငယ်သေးသော အစွန်းနှစ်ဖက် ချွန်ထွက်နေသော ကြွေခွက်အပိုင်းအစကို ယူလိုက်ကာ သူ့ခန္ဓာကိုယ်ထဲတွင် ဖွက်ထားလိုက်သည် ။ ထို့နောက် အခန်းအပြင်သို့ လျှောက်ထွက်သွားလိုက်သည်။
သူခြံဝန်းအပြင်ထွက်လိုက်သည်နှင့် တချို့တပည့်များက မေးသည်။
"အစ်ကိုကြီး ဘယ်သွားမလို့လဲ"
ကျန်းလော့သည် သာမန်ကာလျှံကာ ပြန်ဖြေလိုက်သည်။
"လမ်းလျှောက်ထွက်မလို့"
တပည့်များသည် သူ့ကို မတားပဲ သူလျှောက်ထွက်သွားတာကိုပဲ ကြည့်နေကြသည်။
ခြံဝန်းအပြင်ဘက်တွင် ရှင်းလင်းနေကာ လျန်အိမ်တော်၏ တပည့်များက ရှင်းလင်းထားပုံရပြီး တခြားနေရာများတွင်တော့ နှင်းထုထူထူကြီး ကျန်ရှိနေသေးသည်။
ကျန်းလော့သည် ကျပန်းနေရာရွေးလိုက်ပြီးထွက်သွားသည်။ တော်တော်ဝေးဝေးရောက်သည်နှင့် ဖွက်ယူလာသော ကြွေခွက်အကွဲစကို ထုတ်လိုက်ကာ သူ့လက်ကောက်ဝတ်ကို လှီးလိုက်သည်။
ချက်ချင်းသွေးများပန်းထွက်စီးကျလာကာ မြေပြင်ပေါ်မှ နှင်းများပေါ်သို့ ကျသွားတော့သည်။
ကျန်းလော့သည် သွေးများ ဆုံးရှုံးသွားသည်ကို ဒီတိုင်း စိတ်ခံစားချက်မရှိစွာ ကြည့်နေပြီး သူ့မျက်နှာသည် နေမကောင်းသူလို ဖြူဖျော့လာရန် အချိန်မကြာခဲ့ပေ။ နှုတ်ခမ်းများ ဖြူဆုတ်လာသော်လည်း မျက်လုံးများကတော့ မီးပွင့်များလို တောက်ပနေသည်။
သွေးလွန်ပြီး သေတော့မည့် သေခြင်း၏ ခြိမ်းခြောက်မှုအောက်တွင် ကျန်းလော့၏ ပြင်းပြသော ရှင်သန်ချင်စိတ်သည် အကန့်အသတ်ရောက်သွားသည့် ပြာကျသွားသည့် ဖီးနစ်ငှက်ပြန်ရှင်လာသလို့ ထိုးထွက်လာတော့သည်။ ကျန်းလော့၏လက်များသည် တုန်ယင်နေကာ သူသည် သွေးတိတ်အဆောင်တစ်ခုကို အိတ်ကပ်ထဲမှ ထုတ်လိုက်သည်။ ထို့နောက် ထိုအဆောင်ကို လက်ကောက်ဝတ်မှ ဒဏ်ရာပေါ်သို့ ဖိကပ်လိုက်သည်။
နာကျင်နေပါသော်လည်း နှုတ်ခမ်းထောင့်များကတော့ အပေါ်သို့ ကွေးတက်နေသည်မှာ အလွန်ပျော်ရွှင်နေသည့် ကလေးငယ်လေးကဲ့သို့ပင်။ ကျန်းလော့သည် သွေးတိတ်အဆောင်၏ ဒဏ်ရာကို လောင်ကျွမ်း၍ ပိတ်ကာ အမာရွတ်ချန်ထားမည်ကို ဂရုမစိုက်ပေ။
သူသည်အပြုံးအကြီးကြီးပြုံးနေပြီး သီချင်းညည်းနေကာ အင်္ကျီလက်ကို ဒဏ်ရာဖုံးအောင် ဆွဲချလိုက်သည်။ သွေးလွန်ခြင်းကြောင့်ဖြစ်လာသော နာကျင်မှုနှင့် မူးဝေခြင်းတို့သည် သူ၏ စိတ်ကောင်းဝင်နေသည်ကို မနှောက်ယှက်နိုင်ပေ။
သူကအော်ပင်အော်ပြောလိုက်ချင်နေသည်။
'ဒါကမှ တကယ့်ခံစားချက်ကွ'
အသက်ရှူမဝစွာ မူးဝေနေမှုသည် သူ့ကို သေလုနီးပါးဖြစ်နေစေသောကြောင့် ကျန်းလော့သည် ထိုနေရာတွင် ခနလောက်ထိုင်နေကာ သူ့ကိုယ်သူပြန်ရှာတွေ့သောကြောင့် စီးကရတ်တစ်လိပ်နှင့် ဂုဏ်ပြုလိုက်ချင်သည်။
အနည်းငယ်သက်သာလာပြီးနောက် ကျန်းလော့သည် လက်မြှောက်လိုက်ကာ သူ့လက်ကို ကြည့်ပြီး တာအိုဆရာတော် ဝေ့ဟယ်နှင့် ကံကြမ္မာယုံသူတို့ တကယ်လုပ်ချင်နေတကာကို စတင်ပြီး သိချင်လာသည်။
'သူ့ဆီမှ အညစ်အကြေးများကို ရှင်းလင်းသန့်စင်ခြင်းဆိုတာသည် သူ၏လောဘ မောဟ တဏှာတို့ကို ဆေးကြောပစ်တာကို ဆိုလိုတာလား '
'သူ့ကို သာမန်ထက်သာလွန်သော တာအိုဘုန်းတော်ကြီး ဖြစ်အောင် လုပ်ချင်နေတာလား'
'မဟုတ်သေးဘူး ကောကျူကလည်း တာအိုဘုန်းတော်ကြီးပဲလေ ဒါပေမဲ့ သူ့မှာ စိတ်ခံစားချက်ရှိသေးတယ် ပြီးတော့ ဒီကောင်က ချမ်းသာချင်နေသေးတယ်ဟ'
ထိုသူနှစ်ယောက် ဘယ်လိုတွေးတွေး ကျန်းလော့သည် ရေကန်ကိစ္စကြောင့် စိတ်ပျက်မိသည်။
သူသည် ထိုရေကန်ကို ဖျက်ဆီးပစ်ချင်သော်လည်း ယခုအချိန်တွင် သူ့တွင်ထိုသို့သော အင်အားမရှိသောကြောင့် အကြံအစည်ကို လက်လွတ်လိုက်ရသည်။ ရေကန်ကို ဖျက်ဆီးဖို့ထက် ကျန်းလော့သည် မနက်ဖြန် ဘယ်လိုလုပ်ရမလဲ အရင်စဉ်းစားသင့်သည်။ သူတို့ကို ကြည့်ရတာ ကျန်းလော့ခန္ဓာကိုယ်ထဲမှ အညစ်အကြေးမကုန်မချင်း သန့်ရှင်းပစ်ဖို့ ဆုံးဖြတ်ထားပုံရသည်။
ယနေ့တွင် တစ်နာရီသာရေစိမ်လိုက်သော်လည်း ကျန်းလော့ကို တခြားသူတစ်ယောက်နီးနီး ပြောင်းလဲသွားစေခဲ့သည်။
ယနေ့တွင် သူ့ကိုယ်သူတစ်ခုခုမှာနေမှန်း သိခဲ့သော်လည်း မနက်ဖြန်ကျရင် သူဘယ်လိုဖြစ်မလဲ သဘက်ခါကျရင်ရော နောက်ထပ် ဆယ်ရက်နေရင်ရော သူဘာဖြစ်သွားလိမ့်မလဲ
ကျန်းလော့သည် သူဘဝကို ကံကြမ္မာယုံသူကဲ့သို့ (သို့မဟုတ်) လျန်မျိုးနွယ်သားများကဲ့သို့ အလွန့်အလွန်ဖြစ်မလာချင်ပေ။
သူသည် သွေးများဖုန်းလွှမ်းနေကာ နီရဲနေသော နှင်းထုကို ကြည့်ပြီး သူ့သွေးများကို ကိုယ်တိုင်ဖောက်ထုတ်၍ သူ့ကိုယ်သူနိုးနေအောင် လုပ်နိုင်သည်။ သို့သော် ခနခနဒီလိုလုပ်၍ သူ့ကိုယ်သူ ရှာဖွေလို့တော့မဖြစ်မှန်း ကျန်းလော့သိသည်။
သူ့ခန္ဓာကိုယ်ထဲတွင် သွေးအများကြီးရှိသော်လည်း နောက်တစ်ကြိမ် ဤနည်းလမ်းဖြင့် စွန့်စားလို့မဖြစ်ပေ။
မနက်ဖြန်တွင်လည်း ဤသို့ထပ်ဖြစ်လာလျှင် နောက်ထပ် သူ့ရှင်သန်ချင်စိတ်ကို ဆွပေးနိုင်သော သတ်သေခြင်းနည်းလမ်းတစ်ခု ပြောင်းရမည်ဖြစသည်။ ကျန်းလော့သည် ဆက်တိုက် ဦးနှောက်ကိုအလုပ်ပေး၍ တွေးတောနေသည်။
သို့သော် မနက်ဖြန်တွင် သူက သူဖြစ်နေပါဦးမလား။ မနက်ဖြန်တွင် သူ့ကိုယ်သူ နှိုးထလာအောင် လုပ်ရန် အသိစိတ်ရှိနေပါဦးမလား။
ကျန်းလော့သည် ဖြေးဖြေးချင်း ထရပ်လိုက်သည်။
ပြန်သွားမည့်အစား သူ့ကိုယ်သူ တင်းကျပ်စွာ ဖက်ထားလိုက်ကာ သူ့ကိုယ်မှ ထွက်သွားသော သွေးများကို ကြည့်၍ တောင်ပေါ်မှ ဆင်းသွားဖို့ တွေးလိုက်သည်။
ထိုသို့ လုပ်လိုက်လျှင် လျန်အိမ်တော်နှင့် ဖုန်းလီတို့၏ ဒေါသကို သွားဆွလိုက်မိနိုင်သော်လည်း သူဂရုမစိုက်ချင်တော့ပေ။
သူ့ကိုယ်သူထက် မည်သည့်အကျိုးဆက်ကမှ အရေးမကြီးနို်ငပေ။
ကျန်းလော့သည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး လမ်းတစ်ခုရွေးကာ ခေါင်းငိုက်စိုက်ချကာ တောင်အောက်သို့ဆင်းသွားသည်။
##############################
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။
Zawgyi
အပိုင္း (၁၃၆) ကိုယ့္ကိုယ္ကို ျပန္ရွာေဖြရၿပီ
က်န္းေလာ့သည္ ေရကန္ထဲတြင္ တစ္နာရီလုံးလုံး စိမ္ေနခဲ့သည္။ တစ္နာရီၾကာၿပီးေနာက္ ေရကန္ထဲမွ ထြက္လာကာ တာအိုဆရာေတာ္ ေဝ့ဟယ္လွမ္းေပးလာေသာ သဘက္ကို ယူလိုက္သည္။ တာအိုဆရာေတာ္ ေဝ့ဟယ္သည္ စိတ္လႈပ္ရွားစြာ ေျပာလိုက္သည္။
"ဘယ္လိုေနလဲ"
က်န္းေလာ့သည္ သူ႔တစ္ကိုယ္လုံးမွ ပင္ပန္းေညာင္းညာမႈမ်ား ေပ်ာက္သြားသလို ခံစားရသည္။ သူ႔စိတ္သည္လည္း သန႔္ရွင္းသြားသလို ယခု အလြန္လန္းဆန္းေနသည္။ သူ႔ခႏၶာကိုယ္မွ ေရစက္မ်ားကို သဘက္ျဖင့္ သုတ္ေနသည္။ တာအိုဆရာေတာ္ေဝ့ဟယ္သည္ သူ႔ကိုစကားေျပာရာတြင္ အရင္ကထက္ပိုၿပီး ေပ်ာ့ေျပာင္းလာေသာ္လည္း သူ႔တြင္ ျပန္ေျပာခ်င္စိတ္ရွိမေနေပ။
"မဆိုးပါဘူး"
ကံၾကမၼာယုံသူသည္ အၿပဳံးတစ္ခုျဖင့္
"ျပန္သြားေတာ့"
က်န္းေလာ့သည္ အဝတ္မ်ားျပန္ဝတ္လိုက္ၿပီး သူတို႔ႏွင့္အတူ ျပန္သြားလိုက္သည္။ စိမ္းလန္းစိုေျပေသာ ေတာင္ျမင္ကြင္းကို လမ္းတေလွ်ာက္ ျမင္ေနရေသာ္လည္း သူ႔ႏွလုံးသားသည္ နည္းနည္းမွ မလႈပ္ရွားသြားေပ။
ကံၾကမၼယုံသူက ေမးသည္။
"အျပင္ဘက္မွာက ဘယ္ေနရာျဖစ္ျဖစ္ ႏွင္းေတြႀကီးပဲ အခုထိကို ႏွင္းက်ေနေသးတယ္ ဒီမွာေတာ့ ျမက္ႏုေလးေတြနဲ႔ စိမ္းစိုေနတာပဲ မင္းဒီရႈခင္းကို ႀကိဳက္လား"
ကံၾကမၼာယုံသူ၏ စကားေၾကာင့္ က်န္းေလာ့သည္ ပတ္ပတ္လည္မွ ရႈေမွ်ာ္ခင္းကို လိုက္ၾကည့္သည္။ ဤသို႔ေသာ လွပၿပီး သာယာေသာ ျမင္ကြင္းကို ေသခ်ာေပါက္ သေဘာက်ခဲ့ပါေသာ္လည္း ယခု မည္သည့္ခံစားခ်က္မွ ရွိမေနေပ။ ထို႔ေၾကာင့္ သူသည္ စိတ္ဝင္စားမႈမရွိစြာ ျပန္ေျဖလိုက္သည္။
"အဆင္ေျပပါတယ္"
ထိုစကားႏွစ္ခြန္းေျပာထြက္သြားသည္ႏွင့္ က်န္းေလာ့သည္ သူ႔ကိုယ္သူတစ္ခုခုမွားေနေၾကာင္း အာ႐ုံခံမိလိုက္သည္။
သူ႔စိတ္အေျခအေနနဲ႔ ပတ္သက္ၿပီး တစ္ခုခုမွားေနတာလား
ဒါႀကီးက အရမ္းကို ယဥ္ေက်းမႈမရွိသလိုမ်ိဳး ျပန္ေျဖလိုက္မိတာမဟုတ္ဘူးလား
က်န္းေလာ့သည္ ခ်ီ(ခ်ီယယ္)မိသားစုႏွင့္ ခ်ီ(ခ်ီယုံ)မိသားစုတို႔လုပ္ခဲ့ေသာ ညစ္ညမ္းေသာ ကိစၥမ်ားကို ျပန္ေတြးၾကည့္ေသာ္လည္း သူတို႔ကို ဖ်က္ဆီးပစ္ခ်င္ေသာ ခက္ထန္မုန္းတီးမႈမ်ားသည္ လုံးဝေပ်ာက္ကြယ္သြားၿပီး သူသည္ အရာအားလုံးကို ခဝါခ်လိုက္မိသလို ခံစားရသည္။ သူသည္ လုယုံရိႏွင့္ ယယ္႐ႊင္တို႔ အေၾကာင္း၊ ဖုန္းလီႏွင့္ က်ိေယာင္ဇီတို႔အေၾကာင္း ေတြးၾကည့္ေသာ္လည္း သူ႔ခံစားခ်က္မ်ားသည္ ထိုလူမ်ားေၾကာင့္ နည္းနည္းမွ ခံစားခ်က္မရွိသလို ျဖစ္ေနသည္။
အဆုံးတြင္ ခ်ီယုံ႔အေၾကာင္းေတြးမိကာမွ က်န္းေလာ့စိတ္ခံစားခ်က္မ်ားသည္ ျပင္းျပစြာ လႈပ္ရွားသြားၿပီး လႈိင္းထန္ေနသည္။ ထိုအခ်က္ေၾကာင့္ သူ႔ကိုယ္ေပၚတြင္ တစ္ခုခုေတာ့ မူမမွန္ေၾကာင္း သိေနသည္။ သို႔ေသာ္ ထိုမူမမွန္ျဖစ္ေနမွန္း သိတာေတာင္ သူ႔စိတ္သည္ လႈပ္ရွားမသြားေပ။
သူ႔ကိုယ္ေပၚတြင္ မေကာင္းဆိုးဝါးခ်န္ထားခဲ့ေသာ အညစ္အေၾကးမ်ားကို ေဆးေၾကာပစ္ျခင္းပဲ မဟုတ္ေလာက္ပဲ သူ၏ နက္နက္ရႈိင္းရႈိင္း ဖုန္းကြယ္ထားေသာ ဆိုးယုတ္ေသာ စိတ္ဆႏၵမ်ားႏွင့္ ေလာဘေမာဟတို႔ကိုပါ ေဆးေၾကာလိုက္ဟန္တူသည္။
သူခံစားရေသာ အေၾကာင္းျပခ်က္မ်ားသည္ ထင္ရွားေပၚလြင္ေနေသာ္လည္း သူ႔စိတ္သည္ ေရေသကဲ့သို႔ တည္ၿငိမ္ေနကာ မည္သည့္ လိုအင္ဆႏၵမွမရွိေတာ့ေပ။
က်န္းေလာ့သည္ သာမန္အေျခအေနတြင္ သူမည္သို႔ ခံစားရသည္ကိုေတာ့ ေကာင္းေကာင္းႀကီးမွတ္မိသည္။ သို႔ေသာ္ ယခုအခ်ိန္တြင္ ထိုသာမန္စိတ္အေျခအေနကို လုံးဝျပန္မေတြးၾကည့္ခ်င္ေနေပ။
သူ႔ေနာက္တြင္ တာအိုဘုန္းေတာ္ႀကီး ေဝ့ဟယ္ႏွင့္ ကံၾကမၼာယုံသူတို႔သည္ အတူတကြ လမ္းေလွ်ာက္လာၾကသည္။ တာအိုဘုန္းေတာ္ႀကီး ေဝ့ဟယ္သည္ က်န္းေလာ့ေနာက္ေက်ာကို ၾကည့္ေနၿပီး အၾကာႀကီး ေတြေဝေနၿပီးမွ စကားစလာသည္။
"ေရပူစမ္းရဲ႕ အစြမ္းသတၱိကို ပိုအားေကာင္းလာေအာင္ သခင္ႀကီးရဲ႕ေသြးကို ေရပူစမ္းထဲထည့္လိုက္တာလား အဲ့ဒီအစြမ္းက က်န္းေလာ့တစ္ခါေလးစိမ္တာနဲ႔ေတာင္ တစ္လေလာက္သူ႔ကိုယ္ေပၚမွာ က်န္ေနေတာ့မွာ ဒီေန႔လိုမ်ိဳး ေနာက္ထပ္ အႀကိမ္နည္းနည္းစိမ္လိုက္ရင္ သူက လုံးဝကို တျခားလူတစ္ေယာက္လို ေျပာင္းလဲသြားလိမ့္မယ္"
အကယ္၍ မင္းရဲ႕ လိုအင္ဆႏၵမ်ားႏွင့္ ဆိုးယုတ္ေသာ အေတြးမ်ားေပ်ာက္ဆုံးသြားလွ်င္ သင္သည္ တစ္ေလာကလုံးအတြက္က်ယ္ျပန႔္ေသာ ႏွလုံးသားရွိေသာ္လည္း ကမာၻေပၚမွ အရာအားလုံးကို လစ္လ်ဴရႈထားႏိုင္ေသာ ကံၾကမၼာယုံသူကဲ့သို႔ လူျဖစ္သြားႏိုင္သည္။
တာအိုဆရာေတာ္ေဝ့ဟယ္သည္ လ်န္႐ႊီႏွင့္ တျခားကေလးမ်ားႏွင့္ အသက္တူေသာ ငယ္႐ြယ္ေသးေသာ က်န္းေလာ့ကို ဤသို႔လုပ္လိုက္ျခင္းသည္ ေကာင္းလားဆိုးလား မသိေတာ့ပါေခ်။
သူ႔အျဖစ္က အသက္ႀကီးလာသည္ႏွင့္ ေနာက္မ်ိဳးဆက္မ်ားကို ႏူးႏူးညံ့ညံ့ကေလးမ်ားအျဖစ္သာ ျမင္လာေသာေၾကာင့္ တာအိုဆရာေတာ္ ေဝ့ဟယ္သည္ သက္ျပင္းခ်လိုက္သည္။
"ဒါႀကီးက အရမ္းမေစာလြန္းေနဘူးလားဗ်ာ"
ကံၾကမၼာယုံသူသည္ ေႏွးေကြးေအးေဆးစြာ ေျပာလိုက္သည္။
"ေကာင္ေလးရဲ႕ တဏွာစိတ္က အရမ္းႀကီးလြန္းေနတယ္ ၿပီးေတာ့ ဒီအခ်ိန္မွ တိုက္တိုက္ဆိုင္ဆိုင္ေရာက္လာတာဆိုေတာ့ သန႔္ရွင္းေပးလိုက္ရမွာေပါ့"
တာအိုဆရာေတာ္ ေဝ့ဟယ္က ေျပာသည္။
"ေတာင္ေအာက္ကေနေရာက္လာတဲ့ သတင္းေတာ္ေတာ္မ်ားမ်ား ရွိတယ္ တခ်ိဳ႕ျပည္နယ္ကိုယ္စားလွယ္ဌာနေတြက ခ်ီမိသားစု(ခ်ီယုံ)ကို စုံစမ္းေနၾကၿပီ ၿပီးေတာ့ အဲ့ကေန ေတာ္ေတာ္မ်ားမ်ား ရွာေတြ႕တာေတြလည္း ရွိတယ္တဲ့ ထ်န္းရွိဖူကလည္း ဘာျဖစ္တယ္မသိဘူး ခ်ီ(ခ်ီယယ္)မိသားစုနဲ႔ ခ်ီ(ခ်ီယုံ)မိသားစုတို႔နဲ႔ ျပတ္ျပတ္သားသားကို စည္းတားပစ္လိုက္တာ ကြၽန္ေတာ္ၾကားတာေတာ့ ေကာင္းကင္သခင္ဖုန္းက ေတာ္ေတာ္ႀကီးေပါက္ကြဲသြားၿပီး လုံးဝမပတ္သတ္ရဘူးဆိုတဲ့ အမိန႔္ထုတ္လိုက္တာတဲ့ဗ်ာ"
"အာ ဟုတ္သား ၿပီးေတာ့လဲ က်ိဳးက်ဳံးယြီဆိုတဲ့လူကလည္းဗ်ာ သူ႔သမီးအတြက္နဲ႔ ေကာင္းကင္သခင္ဖုန္းနဲ႔ တစ္ဖက္ထဲရပ္ပစ္လိုက္တယ္ သူေျပာတာေတာ့ ခ်ီ(ခ်ီယယ္)မိသားစုနဲ႔ ခ်ီ(ခ်ီယုံ)မိသားစုတို႔က သူ႔သမီးနဲ႔ သူ႔သမီးရဲ႕ အတန္းေဖာ္ကေလးေတြကို ဒုကၡေပးဖို႔လုပ္လို႔တဲ့ "
"သူတို႔ပဲ လုပ္တာမဟုတ္ဘူးေနာ္ ပိုင္ဟြားတကၠသိုလ္ကလည္း အဲ့ဒီႏွစ္မိသားစုကို ႐ႊမ္လင္းစစ္ေဆးေရး႐ုံးေတာ္ကို တိုင္ၾကားထားေသးတယ္တဲ့ ႐ုံးေတာ္ရဲ႕ အထက္တန္းစီရင္ေရးဌာနက သခင္ႀကီးကို သိၿပီး သခင္ႀကီးက ဒီမိသားစုႏွစ္စုကို ကာကြယ္ေပးထားတုန္းလား သိခ်င္ေနၾကတယ္ သူတို႔က တကူးတက သခင္ႀကီးအတြက္ ႐ုံးေတာ္ေလွ်ာက္လဲမဲ့ ရက္ကို ေနာက္ဆုတ္ေပးထားတယ္"
တာအိုဆရာေတာ္ေဝ့ဟယ္သည္ အိတ္ကပ္ထဲမွ စာတစ္ေစာင္ကို ထုတ္လိုက္ၿပီး ကံၾကမၼာယုံသူကို ေပးလိုက္သည္။
"သူတို႔က မိသားစုႏွစ္ခုက သူတို႔ကိုယ္က်ိဳးအတြက္လုပ္တာလား ႐ႊမ္႐ႊီအဖြဲ႕အစည္းအတြက္လုပ္တာလားဆိုတာ သိခ်င္ေနၾကတယ္ ၿပီးေတာ့ ႐ႊမ္႐ႊီေလာကအတြက္လုပ္တာဆိုရင္ ႐ုံးေတာ္က မိသားစုႏွစ္ခုကို အျပစ္ယူရင္ေတာင္ အာမခံနဲ႔ လြတ္ေပးၿပီး ႐ႊမ္႐ႊီအဖြဲ႕အစည္းရဲ႕ အက်ိဳးအတြက္လုပ္တာဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ပိုင္ဟြားတကၠသိုလ္ကို ႐ုံးတင္စစ္ေဆးရက္က်ရင္ ေသခ်ာမစုံစမ္းပဲ တိုင္ၾကားမႈနဲ႔ ျပစ္တင္ရႈံ႕ခ်ပါမယ္တဲ့"
ကံၾကမၼာယုံသူသည္ သူကမ္းေပးေသာ စာကို မယူပဲ ႏူးညံ့စြာေျပာလိုက္သည္။
"ဘာမွ ကာကြယ္စရာမလိုဘူး ၿပီးေတာ့ သူတို႔ ဒီတစ္ေခါက္လုပ္ခဲ့တာ က်ဳပ္ကို နည္းနည္းေဒါသထြက္ေစတယ္"
"သူတို႔က က်ဳပ္သတ္မွတ္ထားတဲ့ စည္းကို ေက်ာ္လိုက္တာပဲ"
ကံၾကမၼာယုံသူသည္ ႏူးညံ့တည္ၿငိမ္ေသာ အသံျဖင့္ ေျပာလိုက္သည္။
"က်ဳပ္ေျပာခဲ့တယ္ က်န္းေလာ့ကို မထိခိုက္ေစနဲ႔လို႔ ဒါေပမဲ့ သူတို႔ အခုဘာလုပ္ခဲ့လဲ သူ႔တို႔မ်က္လုံးထဲမွာ ႐ႊမ္႐ႊီေလာကရဲ႕ အနာဂတ္ဆိုတာ မရွိေတာ့ဘူး သူတို႔က အခုဘာမွ အသုံးမဝင္ေတာ့တဲ့သူေတြ ျဖစ္သြားၿပီ"
တာအိုဆရာေတာ္ ေဝ့ဟယ္သည္ ကံၾကမၼာယုံသူ အဆုံးထိေျပာၿပီးသည္အထိ ေသခ်ာနားေထာင္ေနသည္။
"သူတို႔ကို ပစ္ထုတ္လိုက္ေတာ့"
ကံၾကမၼာယုံသူေျပာေသာ ပုံစံသည္ ပု႐ြတ္ဆိတ္တစ္ေကာင္ကို ေတာက္ထုတ္ပစ္သလို အမႈိက္အိတ္ကို ပစ္ထုတ္လိုက္သလို ေျပာတာျဖစ္ေသာ္လည္း ကံၾကမၼာယုံသူ၏ အသံသည္ နည္းနည္းေလးမွ မေျပာင္းလဲသြားေပ။
"ဟုတ္ကဲ့ပါ"
တာအိုဆရာေတာ္ ေဝ့ဟယ္သည္ တုန္ယင္ေနေသာ ႏွလုံးသားျဖင့္ ျပန္ေျဖခဲ့သည္။
.......................
က်န္းေလာ့သည္ သူ႔အခန္းသို႔ ျပန္လာသည္?။
သူသည္ အိပ္ရာအစြန္တြင္ ဝင္ထိုင္ၿပီး ဂြမ္းကပ္ေအာက္မွ စိုေနေသာ အဝတ္အစားမ်ား မလဲရေသးေပ။
အဝတ္အစားမ်ားသည္ ေအးခဲေတာင့္တင္းလာၿပီျဖစ္ၿပီး အေပၚဝတ္မ်ားကလည္း ေႏြးေထြးမႈမေပးႏိုင္ေတာ့ေပ။ က်န္းေလာ့လက္ဖမိုးမ်ားသည္ ျဖဴဆုတ္ေနၿပီျဖစ္ၿပီး သူ႔ႏႈတ္ခမ္းမ်ားသည္ ေအးလြန္းေသာေၾကာင့္ ခရမ္းေရာင္ပင္ေျပာင္းေနၿပီျဖစ္သည္။
သို႔ေသာ္ ယခုအခ်ိန္တြင္ က်န္းေလာ့သည္ ေအးေနတာကို အာ႐ုံမစိုက္ႏိုင္ေသးေပ။
သူသည္ ခံစားခ်က္မရွိေသာ ေက်ာက္တုံးကဲ့သလို႔ ျဖစ္ေနၿပိး သူ႔မ်က္လုံးမ်ားသည္ အခန္းတစ္ခုလုံးကို အေသးစိတ္လိုက္ၾကည့္ေနသည္။
အခန္းမ်ားသည္ ပုံမွန္အခန္းမ်ားျဖစ္ၿပီး မည္သည့္စိတ္ဝင္စားစရာအခန္းအျပင္အဆင္မွမပါဘဲ ပ်င္းရိစရာေကာင္းေနသည္။
သို႔ေသာ္ က်န္းေလာ့သည္ သူ႔စိတ္ကိုက အခန္းအျပင္အဆင္ကို စိတ္မဝင္စားေၾကာင္း သိေနၿပီး သူ႔တြင္ သာမန္လူတစ္ေယာက္ကဲ့သို႔ စိတ္ခံစားခ်က္မ်ား မရွိေတာ့တာ ေသခ်ာသြားသည္။
သိမ္ေမြ႕ေသာ ႐ြံမုန္းမႈသည္ က်န္းေလာ့စိတ္ထဲတြင္ ေမြးဖြားလာၿပီး က်န္းေလာ့၏ ႐ြံရွာမႈသည္ ျပင္းထန္လာသည္။
သူသည္ ယခုကဲ့သို႔ျဖစ္ေနေသာ သူ႔ကိုယ္သူမုန္းေနသည္။
ထို႔ေၾကာင့္သူသည္ သူဘယ္တုန္းကမွ မေတြးခ်င္ခဲ့ေသာ မေကာင္းဆိုးဝါးအေၾကာင္း ကတိုက္က႐ိုက္စဥ္းစားေတာ့သည္။ ထို႐ူးသြပ္ေနေသာ မေကာင္းဆိုးဝါးကသာလွ်င္ သူ႔ကို စိတ္လႈပ္ရွားလာေအာင္ လုပ္ႏိုင္ေတာ့သည္ေလ။
က်န္းေလာ့သည္ သူတို႔ရင္ဆိုင္တိုက္ခိုက္ေသာ အေစာဆုံးအခ်ိန္ကို ျပန္ေတြးၾကည့္သည္။ မေကာင္းဆိုးဝါး သူ႔ကို ဆယ့္ရွစ္ခါ သတ္ခဲ့သည္ကို ျပန္ေတြးသည္။ သူျပန္မယူရေသးေသာ သတ္ရန္အေႂကြးသုံးေခါက္ကို ျပန္ေတြးသည္။ ထို႔ေနာက္ သူ႔အိပ္ရာေပၚသို႔ ေရာက္သြားခဲ့သည့္အခ်ိန္၊ မေကာင္းဆိုးဝါးကို အသည္းခြဲခဲ့သည့္ အခ်ိန္၊ စိတၱဇလူသတ္သမားလို ခ်ီယုံ သူ႔ကို ခ်စ္မိသြားသည့္အခ်ိန္ႏွင့္ ရွက္ၿပီး ထြက္ေျပးသြားေသာ ပုံစံတို႔ကို ျပန္ေတြးၾကည့္သည္။
က်န္းေလာ့သည္ ကိုယ့္ကိုယ္ကို ထိန္းခ်ဳပ္ေနပါေသာ္လည္း သူ႔ကို လႊမ္းမိုးခ်ဳပ္ကိုင္ခ်င္ေသာ မေကာင္းဆိုးဝါးကို သူသည္ မၾကာခင္အခ်ိန္မွာပင္ မေကာင္းဆိုးဝါးကို ေမ့သြားေတာ့မည္လား မသိေတာ့ေပ။
ထက္ရွေသာ ဓားသြား၊ ေသြးစက္မ်ား လည္ပတ္ေနေသာ မီးခိုးေငြ႕မ်ား
ေခြၽးစမ်ား ႏွင့္ သာယာမႈ
ခံစားခ်က္မ်ားသည္ ျမင့္တက္လာၿပီး ႐ုတ္တရက္ တည္ၿငိမ္ေနေသာ စိတ္အေျခအေနကို ခ်ိဳးျဖတ္သြားသည္။
က်န္းေလာ့သည္ မ်က္ေမွာင္ၾကဳတ္သြားၿပီး သူ႔တစ္ကိုယ္လုံးသည္ အခ်ဳပ္အေႏွာင္မွ ေျပေလ်ာ့သြားသလို ခံစားလိုက္ရၿပီး သူသည္ သက္ျပင္းေမာႀကီးမႈတ္ထုတ္လိုက္ရာ အေငြ႕ျဖဴျဖဴမ်ား ထြက္လာသည္။
သူသည္ ႐ုတ္တရက္ ေနာက္လွန္က်ေတာ့မလိုျဖစ္သြားကာ တစ္ကိုယ္လုံးတုန္လာေသာေၾကာင့္ အိပ္ရာေပၚမွ ေစာင္ကို ဆြဲ၍ ပတ္ထားလိုက္ရသည္။
သို႔ေသာ္ က်န္းေလာ့သည္ ခဲသြားမတတ္ ေအးစက္ေနသည္ကို ပထမဆုံးအႀကိမ္အျဖစ္ သေဘာက်မိသြားသည္။ သူ႔ႏႈတ္ခမ္းမ်ားသည္ ျပာႏွမ္းေနၿပီး တဆတ္ဆတ္တုန္ယင္ေနကာ သူ႔ကိုယ္သူေျပာလိုက္သည္။
"ေအးလိုက္တာ ေအးလိုက္တာ ေအးတယ္ ................"
"မင္းေအးလာရင္ ေစာင္လိုလာမယ္ ေစာင္ၿခဳံလိုက္ရင္ ရလာမဲ့ ခံစားခ်က္ကို ေႏြးေထြးမႈလို႔ေခၚတယ္ .............. "
သူ႔ကိုယ္သူ ဇြတ္အတင္းတြန္းအားေပးေနၿပီး ပုံမွန္စိတ္အေျခအေနျပန္ျဖစ္ၿပီဆိုတာ ေသခ်ာမွ စို႐ႊဲေနေသာအဝတ္မ်ားကို ခြၽတ္၍ သန႔္ရွင္းၿပီးေႏြးေထြးေသာ အဝတ္မ်ားလဲလိုက္သည္။
ေရေႏြးအိုးတစ္အိုး စားပြဲေပၚတြင္ ရွိေနေသာေၾကာင့္ က်န္းေလာ့သည္ ေရေႏြးတစ္ခြက္ငွဲ႔၍ ေသာက္လိုက္သည္။ ေရေႏြးမ်ား လည္ေခ်ာင္းတစ္ေလွ်ာက္မွ အစာအိမ္ထဲသို႔ ေရာက္သြားကာမွ အေအးဓာတ္မ်ားျပယ္သြားကာ ေႏြးေထြးလာေတာ့သည္။ က်န္းေလာ့သည္ ေရပူမ်ားကို ၾကည့္ိလိုက္ၿပီး သူ႔မ်က္လုံးမ်ားသည္ ေငြ႕ရည္ဖြဲ႕လာသည္။ သူသည္ ေႂကြေရခြက္ကို ကိုင္ထားရင္း လူသတ္ခ်င္မႈႏွင့္ အမ်က္ေဒါသတို႔သည္ ႏွလုံးသားေအာက္ေျခမွ လႈိက္တက္လာသည္။
ေစာနကအေျခအေနသည္ ေၾကာက္စရာေကာင္းေလာက္ေအာင္ သူ႔ကိုယ္သူမပိုင္ေတာ့သလို ခံစားခ်က္မ်ိဳးျဖစ္သည္။
က်န္းေလာ့သည္ ျပင္းျပမုန္းတီးေသာ ခံစားခ်က္တို႔ ျမင့္တက္လာၿပီး သူ႔ကို ဒီအေျခအေနျဖစ္ေအာင္ လုပ္ခဲ့ေသာ ေရကန္အေၾကာင္းေတြးမိေသာအခါ အလြန္စက္ဆုပ္႐ြံရွာလာျပန္သည္။
သို႔ေသာ္ ရန္လိုမႈႏွင့္ ႐ြံမုန္းမႈသည္ ႏွိမ္ႏွင္းခံလိုက္ရသလို ခ်က္ခ်င္းေပၚလာၿပီး ႐ုတ္ခ်ည္းေပ်ာက္ကြယ္သြားသည္။ က်န္းေလာ့ ခံစားခ်က္မ်ားကို ေသခ်ာမသိလိုက္ရေသးခင္ လႊတ္မခ်လိုက္ရေသးခင္ သူတို႔ဟာသူတို႔ေပ်ာက္ကြယ္သြားေတာ့သည္။
က်န္းေလာ့သည္ သူအျပည့္အဝျပန္ေကာင္းသြားတာမဟုတ္မွန္း နားလည္သြားေတာ့သည္။
သို႔ေသာ္ ယခုအခ်ိန္သည္ ေဒါသေရွ႕ထားရမည့္ အခ်ိန္မဟုတ္ေသာေၾကာင့္ က်န္းေလာ့သည္ ေသခ်ာစဥ္းစားလိုက္ၿပီး ႐ုတ္တရက္ ေရွ႕တိုးလိုက္ကာ လက္ကို ျဖည္လိုက္သည္။
သူ႔လက္ထဲမွ ေႂကြခြက္သည္ ၾကမ္းျပင္ေပၚသို႔ အရွိန္ျပင္းျပင္း ျပဳတ္က်သြားၿပီး ခြမ္းခနဲအသံၾကားလိုက္ရကာ အစိတ္စိတ္အမႊာမႊာကြဲသြားေတာ့သည္။ က်န္းေလာ့သည္ အနည္းငယ္ေသးေသာ အစြန္းႏွစ္ဖက္ ခြၽန္ထြက္ေနေသာ ေႂကြခြက္အပိုင္းအစကို ယူလိုက္ကာ သူ႔ခႏၶာကိုယ္ထဲတြင္ ဖြက္ထားလိုက္သည္ ။ ထို႔ေနာက္ အခန္းအျပင္သို႔ ေလွ်ာက္ထြက္သြားလိုက္သည္။
သူၿခံဝန္းအျပင္ထြက္လိုက္သည္ႏွင့္ တခ်ိဳ႕တပည့္မ်ားက ေမးသည္။
"အစ္ကိုႀကီး ဘယ္သြားမလို႔လဲ"
က်န္းေလာ့သည္ သာမန္ကာလွ်ံကာ ျပန္ေျဖလိုက္သည္။
"လမ္းေလွ်ာက္ထြက္မလို႔"
တပည့္မ်ားသည္ သူ႔ကို မတားပဲ သူေလွ်ာက္ထြက္သြားတာကိုပဲ ၾကည့္ေနၾကသည္။
ၿခံဝန္းအျပင္ဘက္တြင္ ရွင္းလင္းေနကာ လ်န္အိမ္ေတာ္၏ တပည့္မ်ားက ရွင္းလင္းထားပုံရၿပီး တျခားေနရာမ်ားတြင္ေတာ့ ႏွင္းထုထူထူႀကီး က်န္ရွိေနေသးသည္။
က်န္းေလာ့သည္ က်ပန္းေနရာေ႐ြးလိုက္ၿပီးထြက္သြားသည္။ ေတာ္ေတာ္ေဝးေဝးေရာက္သည္ႏွင့္ ဖြက္ယူလာေသာ ေႂကြခြက္အကြဲစကို ထုတ္လိုက္ကာ သူ႔လက္ေကာက္ဝတ္ကို လွီးလိုက္သည္။
ခ်က္ခ်င္းေသြးမ်ားပန္းထြက္စီးက်လာကာ ေျမျပင္ေပၚမွ ႏွင္းမ်ားေပၚသို႔ က်သြားေတာ့သည္။
က်န္းေလာ့သည္ ေသြးမ်ား ဆုံးရႈံးသြားသည္ကို ဒီတိုင္း စိတ္ခံစားခ်က္မရွိစြာ ၾကည့္ေနၿပီး သူ႔မ်က္ႏွာသည္ ေနမေကာင္းသူလို ျဖဴေဖ်ာ့လာရန္ အခ်ိန္မၾကာခဲ့ေပ။ ႏႈတ္ခမ္းမ်ား ျဖဴဆုတ္လာေသာ္လည္း မ်က္လုံးမ်ားကေတာ့ မီးပြင့္မ်ားလို ေတာက္ပေနသည္။
ေသြးလြန္ၿပီး ေသေတာ့မည့္ ေသျခင္း၏ ၿခိမ္းေျခာက္မႈေအာက္တြင္ က်န္းေလာ့၏ ျပင္းျပေသာ ရွင္သန္ခ်င္စိတ္သည္ အကန႔္အသတ္ေရာက္သြားသည့္ ျပာက်သြားသည့္ ဖီးနစ္ငွက္ျပန္ရွင္လာသလို႔ ထိုးထြက္လာေတာ့သည္။ က်န္းေလာ့၏လက္မ်ားသည္ တုန္ယင္ေနကာ သူသည္ ေသြးတိတ္အေဆာင္တစ္ခုကို အိတ္ကပ္ထဲမွ ထုတ္လိုက္သည္။ ထို႔ေနာက္ ထိုအေဆာင္ကို လက္ေကာက္ဝတ္မွ ဒဏ္ရာေပၚသို႔ ဖိကပ္လိုက္သည္။
နာက်င္ေနပါေသာ္လည္း ႏႈတ္ခမ္းေထာင့္မ်ားကေတာ့ အေပၚသို႔ ေကြးတက္ေနသည္မွာ အလြန္ေပ်ာ္႐ႊင္ေနသည့္ ကေလးငယ္ေလးကဲ့သို႔ပင္။ က်န္းေလာ့သည္ ေသြးတိတ္အေဆာင္၏ ဒဏ္ရာကို ေလာင္ကြၽမ္း၍ ပိတ္ကာ အမာ႐ြတ္ခ်န္ထားမည္ကို ဂ႐ုမစိုက္ေပ။
သူသည္အၿပဳံးအႀကီးႀကီးၿပဳံးေနၿပီး သီခ်င္းညည္းေနကာ အက်ႌလက္ကို ဒဏ္ရာဖုံးေအာင္ ဆြဲခ်လိုက္သည္။ ေသြးလြန္ျခင္းေၾကာင့္ျဖစ္လာေသာ နာက်င္မႈႏွင့္ မူးေဝျခင္းတို႔သည္ သူ၏ စိတ္ေကာင္းဝင္ေနသည္ကို မေႏွာက္ယွက္ႏိုင္ေပ။
သူကေအာ္ပင္ေအာ္ေျပာလိုက္ခ်င္ေနသည္။
'ဒါကမွ တကယ့္ခံစားခ်က္ကြ'
အသက္ရႉမဝစြာ မူးေဝေနမႈသည္ သူ႔ကို ေသလုနီးပါးျဖစ္ေနေစေသာေၾကာင့္ က်န္းေလာ့သည္ ထိုေနရာတြင္ ခနေလာက္ထိုင္ေနကာ သူ႔ကိုယ္သူျပန္ရွာေတြ႕ေသာေၾကာင့္ စီးကရတ္တစ္လိပ္ႏွင့္ ဂုဏ္ျပဳလိုက္ခ်င္သည္။
အနည္းငယ္သက္သာလာၿပီးေနာက္ က်န္းေလာ့သည္ လက္ေျမႇာက္လိုက္ကာ သူ႔လက္ကို ၾကည့္ၿပီး တာအိုဆရာေတာ္ ေဝ့ဟယ္ႏွင့္ ကံၾကမၼာယုံသူတို႔ တကယ္လုပ္ခ်င္ေနတကာကို စတင္ၿပီး သိခ်င္လာသည္။
'သူ႔ဆီမွ အညစ္အေၾကးမ်ားကို ရွင္းလင္းသန႔္စင္ျခင္းဆိုတာသည္ သူ၏ေလာဘ ေမာဟ တဏွာတို႔ကို ေဆးေၾကာပစ္တာကို ဆိုလိုတာလား '
'သူ႔ကို သာမန္ထက္သာလြန္ေသာ တာအိုဘုန္းေတာ္ႀကီး ျဖစ္ေအာင္ လုပ္ခ်င္ေနတာလား'
'မဟုတ္ေသးဘူး ေကာက်ဴကလည္း တာအိုဘုန္းေတာ္ႀကီးပဲေလ ဒါေပမဲ့ သူ႔မွာ စိတ္ခံစားခ်က္ရွိေသးတယ္ ၿပီးေတာ့ ဒီေကာင္က ခ်မ္းသာခ်င္ေနေသးတယ္ဟ'
ထိုသူႏွစ္ေယာက္ ဘယ္လိုေတြးေတြး က်န္းေလာ့သည္ ေရကန္ကိစၥေၾကာင့္ စိတ္ပ်က္မိသည္။
သူသည္ ထိုေရကန္ကို ဖ်က္ဆီးပစ္ခ်င္ေသာ္လည္း ယခုအခ်ိန္တြင္ သူ႔တြင္ထိုသို႔ေသာ အင္အားမရွိေသာေၾကာင့္ အႀကံအစည္ကို လက္လြတ္လိုက္ရသည္။ ေရကန္ကို ဖ်က္ဆီးဖို႔ထက္ က်န္းေလာ့သည္ မနက္ျဖန္ ဘယ္လိုလုပ္ရမလဲ အရင္စဥ္းစားသင့္သည္။ သူတို႔ကို ၾကည့္ရတာ က်န္းေလာ့ခႏၶာကိုယ္ထဲမွ အညစ္အေၾကးမကုန္မခ်င္း သန႔္ရွင္းပစ္ဖို႔ ဆုံးျဖတ္ထားပုံရသည္။
ယေန႔တြင္ တစ္နာရီသာေရစိမ္လိုက္ေသာ္လည္း က်န္းေလာ့ကို တျခားသူတစ္ေယာက္နီးနီး ေျပာင္းလဲသြားေစခဲ့သည္။
ယေန႔တြင္ သူ႔ကိုယ္သူတစ္ခုခုမွာေနမွန္း သိခဲ့ေသာ္လည္း မနက္ျဖန္က်ရင္ သူဘယ္လိုျဖစ္မလဲ သဘက္ခါက်ရင္ေရာ ေနာက္ထပ္ ဆယ္ရက္ေနရင္ေရာ သူဘာျဖစ္သြားလိမ့္မလဲ
က်န္းေလာ့သည္ သူဘဝကို ကံၾကမၼာယုံသူကဲ့သို႔ (သို႔မဟုတ္) လ်န္မ်ိဳးႏြယ္သားမ်ားကဲ့သို႔ အလြန႔္အလြန္ျဖစ္မလာခ်င္ေပ။
သူသည္ ေသြးမ်ားဖုန္းလႊမ္းေနကာ နီရဲေနေသာ ႏွင္းထုကို ၾကည့္ၿပီး သူ႔ေသြးမ်ားကို ကိုယ္တိုင္ေဖာက္ထုတ္၍ သူ႔ကိုယ္သူႏိုးေနေအာင္ လုပ္ႏိုင္သည္။ သို႔ေသာ္ ခနခနဒီလိုလုပ္၍ သူ႔ကိုယ္သူ ရွာေဖြလို႔ေတာ့မျဖစ္မွန္း က်န္းေလာ့သိသည္။
သူ႔ခႏၶာကိုယ္ထဲတြင္ ေသြးအမ်ားႀကီးရွိေသာ္လည္း ေနာက္တစ္ႀကိမ္ ဤနည္းလမ္းျဖင့္ စြန႔္စားလို႔မျဖစ္ေပ။
မနက္ျဖန္တြင္လည္း ဤသို႔ထပ္ျဖစ္လာလွ်င္ ေနာက္ထပ္ သူ႔ရွင္သန္ခ်င္စိတ္ကို ဆြေပးႏိုင္ေသာ သတ္ေသျခင္းနည္းလမ္းတစ္ခု ေျပာင္းရမည္ျဖစသည္။ က်န္းေလာ့သည္ ဆက္တိုက္ ဦးေႏွာက္ကိုအလုပ္ေပး၍ ေတြးေတာေနသည္။
သို႔ေသာ္ မနက္ျဖန္တြင္ သူက သူျဖစ္ေနပါဦးမလား။ မနက္ျဖန္တြင္ သူ႔ကိုယ္သူ ႏႈိးထလာေအာင္ လုပ္ရန္ အသိစိတ္ရွိေနပါဦးမလား။
က်န္းေလာ့သည္ ေျဖးေျဖးခ်င္း ထရပ္လိုက္သည္။
ျပန္သြားမည့္အစား သူ႔ကိုယ္သူ တင္းက်ပ္စြာ ဖက္ထားလိုက္ကာ သူ႔ကိုယ္မွ ထြက္သြားေသာ ေသြးမ်ားကို ၾကည့္၍ ေတာင္ေပၚမွ ဆင္းသြားဖို႔ ေတြးလိုက္သည္။
ထိုသို႔ လုပ္လိုက္လွ်င္ လ်န္အိမ္ေတာ္ႏွင့္ ဖုန္းလီတို႔၏ ေဒါသကို သြားဆြလိုက္မိႏိုင္ေသာ္လည္း သူဂ႐ုမစိုက္ခ်င္ေတာ့ေပ။
သူ႔ကိုယ္သူထက္ မည္သည့္အက်ိဳးဆက္ကမွ အေရးမႀကီးႏို္ငေပ။
က်န္းေလာ့သည္ ေကာင္းကင္ကို ေမာ့ၾကည့္လိုက္ၿပီး လမ္းတစ္ခုေ႐ြးကာ ေခါင္းငိုက္စိုက္ခ်ကာ ေတာင္ေအာက္သို႔ဆင္းသြားသည္။
##############################
Telegram မွာ အၿပီးအထိ တင္ၿပီးပါၿပီေနာ္။