အပိုင်း (၁၃၅) ရေကိုသန့်စင်ခြင်း
"ဝူရှညန်"("လက်တွေ့ကျသော အသိဉာဏ်မရှိ") ဟူသော စကားလုံးသုံးလုံးသည် တာအိုကဗျာများ၌ တာအိုဆရာသခင်များ သုံးလေ့ရှိသည့် စကားလုံးဖြစ်သည်။ ထိုစကားလုံးသုံးလုံးကို ကျန်းလော့မြင်သောအခါ ဤအိမ်သည် လျန်မျိုးနွယ်၏
တာအိုဘုန်းတော်ကြီး ဝေ့ဟယ်၏နေထိုင်ရာနေရာဖြစ်ကြောင်း သိလိုက်သည်။
ထိုသို့သော ထိပ်စီးမျိုးရေးထားသော အိမ်မျိုးသည် မျိုးနွယ်စုကြီးများ၏ အလေ့အထဖြစ်သည်။ လျန်ရွှီသည် ရှေ့တိုးသွားပြီး တံခါးခေါက်လိုက်သည်။ ခနကြာသောအခါ တပည့်တစ်ယောက်မှ တံခါးလာဖွင့်ပေးသည်။ ထိုတပည့်သည် ဆယ့်ငါးနှစ်လောက်ရှိမည်ဖြစ်ပြီး သူတို့ကို မြင်သောအခါ မအံ့ဩသွားပဲ တည်ငြိမ်စွာ ပြောလိုက်သည်။
"ရှစ်ကော ရှစ်ကျဲတို့ ကျွန်တော့်နောက်က လိုက်ခဲ့ပါ တာအိုဆရာတော်ကြီးက အထဲမှာစောင့်နေပါတယ်"
တပည့်များသည် သူတို့ကို အိမ်ထဲသို့ ဦးဆောင်သွားပြီး မကြာခင်တွင် သူတို့ကိုစောင့်နေသော တာအိုဆရာတော်ဝေ့ဟယ်ကို တိတ်ဆိတ်သော အခန်းတစ်ခုတွင် တွေ့ခဲ့ရသည်။ တာအိုဆရာတော် ဝေ့ဟယ်သည် အသက်ငါးဆယ်ကျော်လောက်ရှိပုံရပြီး မျက်ခုံးထူထူနှင့် ကြည့်လိုက်လျှင် တည်ကြည်ဖြောင့်မတ်သော အမှန်တရားဘက်တော်သား အကြီးအကဲတစ်ယောက်ကို မြင်လိုက်ရသလို ရှိန်သွားနိုင်သည့် ပုံစံမျိုးဖြစ်သည်။
လျန်ရွှီဘေးကင်းကင်းနှင့် ပြန်လာတာမြင်သောအခါ သူ့မျက်နှာသည် အနည်းငယ် ပြေလျော့သွားပြီး သူတို့နောက်မှ သုံးယောက်ကို ကြည့်ကာ
"တောင်အောက်ကနေ လွန်ခဲ့တဲ့ရက်က မင်း နှင်းကျရပ်သွားတာနဲ့ တောင်ပေါ်တက်လာတယ်လို့ သတင်းရလိုကတယ် ဒါပေမဲ့ နှင်းမုန်တိုင်းတိုက်လာတယ် လွန်ခဲ့တဲ့ရက်အတွင်း မင်းကြောင့် လူတွေ ဘယ်လောက်တောင် စိတ်ပူနေလဲ ငါသိတောင်မသိတော့ဘူး ဒါပေမဲ့လည်း မင်းတို့အားလုံး ဘေးကင်းကင်းပြန်ရောက်လာတာ ကောင်းတဲ့တယ် မဟုတ်ရင် ကျုပ်မင်းတို့ဆရာတွေနဲ့ ဦးလေးတွေ ပွစိပွစိတကျည်ကျည်လုပ်တာနဲ့ သေတော့မယ်"
လျန်ချင်းသည် ပြုံး၍ ပြောလိုက်သည်။
"ဦးလေးကလည်း ဦးလေး ကျွန်တော်တို့အတွက် စိတ်ပူရင်လည်း ဒီတိုင်းပြောလိုက်ပါဗျာ"
"ဒီကောင်စုတ်လေးကတော့ ငါက မင်းတို့ကို ဘာလို့စိတ်ပူရမှာလဲ"
တာအိုဆရာတော်ဝေ့ဟယ်သည် သူ့မုတ်ဆိတ်မွှေးကို မှုတ်လိုက်ပြီး သူ့ကိုကြည့်လိုက်သည်။
"ကျုပ်မင်းတို့ကို ဒီရက်ထဲမှာ တောင်ပေါ်က ဆင်းမလာသေးဘူးလို့ မပြောခဲ့ဘူးလား ဒါတောင် မင်းတို့ တောင်အောက်မှာ စိတ်ရှည်ရှည်မစောင့်ကြဘူး"
သူထိုစကားပြောနေချိန်တွင် ကျန်းလော့ကို ခနခနကြည့်နေသည်။ ကျန်းလော့သည် သူ့ကိုကြိုက်နေသော မကောင်းဆိုးဝါးကို စနောက်ခဲ့ရခြင်းကို ပြန်တွေးမိပြီး အတွေးထဲမှ မထွက်နိုင်ဖြစ်နေချိန်တွင် တာအိုဆရာတော်၏ အကြည့်ကို သတိထားမိလိုက်သောကြောင့် သူ့ဦးနှောက်ကို မြန်မြန်အလုပ်လုပ်ခိုင်းကာ တာအိုဆရာတော်၏စကားများကို ပြန်စဉ်းစားကြည့်လိုက်ရသည်။
တာအိုဆရာတော်ဝေ့ဟယ်သည် ပြန်လည်ကုစားခြင်းပြီး၍ တောင်အောက်ဆင်းမည်ဟု ပြောပြီး မဆင်းဖြစ်တော့ကာ တစ်ပတ်နေရင် ဆင်းလာမည်ဟု အကြောင်းကြားခဲ့သည်။ သို့သော် တစ်ပတ်ကြာပြီးသောအခါ မထင်မှတ်ထားဘဲ နောက်ထပ်သုံးရက် နောက်ကျပြန်သည်။ ထိုသုံးရက်ပြီးပြန်သောအခါ တောင်တစ်ခုလုံးနှင်းမုန်တိုင်းကြောင့် နှင်းများပိတ်နေကာ ဆင်းမလာနိုင်ပေ။
အချိန်ကွာဟမှုသည် အလွန်တိုက်ဆိုင်လွန်းနေသည်။ လျန်ရွှီနှင့် တခြားနှစ်ယောက်သည် ကောင်းကင်ကိုကြည့်၍ ကံကြမ္မာတွက်ချက်ခြင်း လုပ်လေ့လုပ်ထမရှိဘူးဆိုလျှင်တောင် တာအိုဆရာတော် ဝေ့ဟယ်ကတော့ သေချာပေါက် နှင်းမုန်တိုင်းကို ခန့်မှန်းမိပြီးသား ဖြစ်နိုင်သည်မှာ တစ်ရာရာခိုင်နှုန်းသေချာသည်။
ကျန်းလော့သည် ခေါင်းငုံ့၍ ထိုသူတကယ်ခန့်မှန်းခဲ့မမှန်းခဲ့ တွေးကြည့်နေသည်။
သူသည် ခန့်မှန်းမိပြီး တမင်တကာ တောင်အောက်ဆင်းရန် အချိန်ဆွဲနေခဲ့ပြီး ဝေ့ဟယ်သည် ကျန်းလော့၏ အညစ်အကြေးရှင်းလင်းမည့်ကိစ္စကို ဝင်မပါချင်သည်မှာ ရှင်းရှင်းကြီး ထင်ရှားနေသည်။
သူသည် နှင်းထူထပ်နေကာကို အကြောင်းပြ၍ တောင်ပေါ်မှဆင်းမလာသောကြောင့် လျန်ရွှီက သူတို့ကိုခေါ်ပြီး တောင်ပေါ်သွားခဲ့ရတော့သည်။
အကယ်၍ ကျန်းလော့နှင့် တခြားသူများ တောင်ပေါ်သို့ မတက်ခဲ့လျှင် သစ်သားအိမ်ကို ဖြတ်သွားရမည်မဟုတ်သလို မှန်လောကထဲသို့ ဝင်သွားရစရာ အကြောင်းမရှိပေ။
သို့သော် ဤနေရာတွင် တခြားသော ဖြစ်နိုင်ချေ နောက်တစ်ခုလည်းရှိနေပါသေးသည်။
'ဆရာတော် ဝေ့ဟယ်က လျန်ရွှီ၏ စရိုက်ကို သေချာမသိဘူးဆိုတာ ဖြစ်နိုင်ပါရဲ့လား'
သူသာ တောင်ပေါ်မှ ဆင်းမလာဘူးဆိုလျှင် လျန်ရွှီသည် စိတ်ပူပန်ပြီး ဘာလုပ်မည်ဆိုတာ မသိတာ မဖြစ်နိုင်ပေ။ သူမနှင့် ရင်းနှီးသူတိုင်း သူမကို ကောင်းကောင်းခန့်မှန်းနိုင်အောင် လျန်ရွှီသည် ရိုးသားပြီး ခန့်မှန်းရလွယ်သည့်သူဖြစ်သည်။
ထိုသို့တွေးကြည့်လိုက်လျှင် သူတို့သည် တမင်တကာကို တောင်ပေါ်တက်လာအောင် လှည့်ဖြားခံလိုက်ရခြင်း ဖြစ်နိုင်သည်။ ကျန်းလော့သည် တာအိုဆရာတော်ဝေ့ဟယ် သူ့ကို ဘာကြောင့်ထိုသို့ လုပ်ရသလဲမသိသော်လည်း သေချာသိသွားတာ တစ်ခုမှာ နှင်းမုန်တိုင်းနှင့် စံအိမ်ထဲမှ ပုံရိပ်ယောင်အစီအရင်တို့သည် တာအိုဆရာတော် ဝေ့ဟယ်နှင့် တနည်းနည်းဖြင့် ဆက်စပ်နေသည်။ သူမပါဝင်ခဲ့ဘူးဆိုရင်တောင် ထိုအကြောင်းကို သိပြီးသားဖြစ်နိုင်သည်။
လျန်ရွှီသည်လည်း................. အရမ်းကြီး အပြစ်ကင်းနေတာ မဖြစ်နိုင်လောက်တော့ပေ။
ထိုသို့ဆက်စပ်တွေးမိပြီးတာတောင် ကျန်းလော့သည် အပြုံးကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ကာ သူ ဝေ့ဟယ်နှင့် လျန်ရွှီတို့လူစုကို သံသယဝင်နေတာကို သူသာထုတ်မပြောလျှင် မည်သူမျှ သိမှာမဟုတ်ပေ။
လျန်ရွှီသည် သူတို့ကြုံခဲ့ရသော မတော်တဆမှုကို အကျဉ်းချုုံးပြောပြလိုက်ပြီး ခုံတစ်ခုတွင် အလဲလဲအပြိုပြိုနေရာချခံထားရသော တွမ့်ကျီကို လက်ညှိုးထိုးပြကာ
"ဦးလေး သူတို့မှန်လောကထဲမှာသေသွားပြီးတော့ အပြင်ဘက်မှာနိုးမလာဘူး သူတို့အပြင်ကို လျန်ပင်းလဲ မှန်ထဲမှာ ဒဏ်ရာအပြင်းစားကြီး ရခဲ့သေးတယ် ဒီမှာ ဖုန်းထျန်းရှိက တပည့်လည်း ............"
အသာအယာခေါင်းယမ်းပြနေသော ကျန်းလော့ဘက်လှည့်ကြည့်လိုက်ပြီး အေးဆေးတည်ငြိမ်စွာ ဆက်ပြောလိုက်သည်။
"ဒဏ်ရာပြင်းတဲ့ သူတွေကိုပဲ အရင်စစ်ဆေးကြည့်ရအောင်ပါ"
ဝေ့ဟယ်၏စကားများကြားပြီးထဲက မျက်မှောင်အနည်းငယ် ကြုံ့နေသော ကျန်းလော့သည် ကြင်နာပြီး သည်းခံတတ်သော စိတ်ထားရှိပုံရကာ သူ့ပုံစံကိုကြည့်လိုက်ရင် စိတ်ရောလူရော ငြိမ်းချမ်းနေသည့်ပုံလေးဖြစ်သည်။
သူ့တွင် အသိတရားရှိသေးပုံရသောကြောင့် အနည်းငယ်စိတ်သက်သာရာရသွားသည်။ တာအိုဆရာတော်ဝေ့ဟယ် သည် ထရပ်လိုက်ပြီး တွမ့်ကျီတို့ကို တစ်ယောက်ပြီးတစ်ယောက် သွေးကြောလိုက်စမ်းကြည့်သည်။ သူသည် အကြာကြီး တစိမ့်စိမ့်တွေးကြည့်ပြီး မျက်နှာထားသည် လေးနက်တည်ကြည်သွားသည်။
"သူတို့အခြေအနေက သိပ်မကောင်းဘူး လျန်ချင်း နောက်ထပ်ကလေးနှစ်ယောက်နဲ့ သူတို့ကို ဆေးပေးခန်းကို အရင်ခေါ်သွားလိုက် ငါနောက်မှ သူတို့ကို သေချာကြည့်ပေးမယ်"
လျန်ချင်းသည် သူတို့ကို သယ်ပြီး ဆေးပေးခန်းသို့ ထွက်သွားသည်။ သူမအတန်းဖော်များကို စိုးရိမ်နေသော လိရှောင်းသည်လည်း သူတို့နဲ့အတူ အခန်းထဲမှထွက်၍ လိုက်သွားသည်။
တာအိုဆရာတော် ဝေ့ဟယ်သည် လျန်ပင်းကို ကြည့်၍
"ရေစင်တော်နဲ့ သွားစိမ်ချေ မင်းအနည်းဆုံး ခုနှစ်ဆယ့်ခုနှစ်ရက်ကနေ ကိုးဆယ့်လေးရက်တိတိ ရေစိမ်ရမယ် ဒါမှ ပြန်ကောင်းလာမှာ"
လျန်ပင်းသည် ဆူပုတ်ပုတ်ဖြင့် ပြောလိုက်သည်။
"ဦးလေး ဘာလို့အကြာကြီးလဲဗျာ"
"မင်းဒဏ်ရာကနေ အပြည့်အဝပြန်ကောင်းလာဖို့ဆို ဒီလောက်က ကြာတယ်မခေါ်ဘူး မင်းရဲ့ ဝိဉာဉ်ခန္ဓာတစ်ဝက်လောက်က အကိုက်ခံထားရလို့ မရှိတော့သလောက်ပဲ အခုချိန်ထိ မတ်တပ်ရပ်နိုင်သေးတာတောင် တော်တော် အံ့ဩဖို့ကောင်းနေပြီး မင်းက ဒါတောင် ကြာသေးတယ် ထင်နေတာလား"
တာအိုဆရာတော် ဝေ့ဟယ်သည် စိတ်ဆိုးလာပုံဖြင့် အသံကျယ်လာကာ
"အခုချက်ချင်း ရေသွားစိမ်"
လျန်ပင်းသည် အမြန်ပြေးထွက်သွားပြီး တိတ်ဆိတ်သောအခန်းထဲတွင် လူနာဆိုလို့ ကျန်းလော့တစ်ဦးထဲသာ ကျန်တော့သည်။
လျန်ရွှီဖြတ်မပြောလိုက်ခင်ထိ တာအိုဆရာတော် ဝေ့ဟယ်သည် ကျန်းလော့ကို ကြည့်နေသည်။
"ဦးလေး အစ်ကိုကြီး ကျန်းလော့ကဒီကို အညစ်အကြေးဆေးကြောဖို့ ရောက်လာတာပါ သမီး ကောင်းကင်သခင်ဖုန်းကို တစ်လအတွင်း အစ်ကိုကြီးကို ပုံမှန်ခန္ဓာကိုယ်ပြန်ဖြစ်စေရမယ်လို့ ကတိပေးထားတယ် ဒါပေမဲ့ အခုဆယ်ရက်ပဲ ကျန်တော့တယ် သမီးတို့ ဘယ်လိုလုပ်ကြမလဲ"
"အလျင်လိုဖို့မလိုဘူး"
တာအိုဆရာတော်ဝေ့ဟယ်သည် သူတို့ကို ဦးဆောင်၍ အပြင်ဘက်သို့ထွက်လာသည်။
"သူ့ဆရာလည်း တောင်ပေါ်ကို နှစ်ရက်အတွင်း ရောက်လာလိမ့်မယ် တစ်လအတွင်းဆိုတာကို ဂရုမစိုက်လဲဖြစ်တယ်"
ကျန်းလော့သည် အနည်းငယ်အံ့ဩသွားပြီး
"ကျွန်တော့် ဆရာလားဗျ"
"ဟုတ်တယ် မင်းရဲ့ ဆရာ "
တာအိုဆရာတော် ဝေ့ဟယ်သည် ရုတ်တရက်စကားပြောင်းသွားသည်။
"လျန်ရွှီ မင်းရဲ့ဆရာကို အရင်သွားတွေ့လိုက်ဦး"
လျန်ရွှီသည် ကျန်းလော့ကို စိုးရိမ်သလိုတစ်ချက်ကြည့်ကာ နာခံစွာ ရပ်လိုက်ပြီး
"ဟုတ်ကဲ့"
တာအိုဆရာတော်ဝေ့ဟယ်သည် ကျန်းလော့ကို အဆောင်အပြင်ဘက်သို့ခေါ်သွားကာ ခြံဝန်း၏ အနောက်ထိခေါ်သွားသည်။ ကျန်းလော့သည် သူ၏ခြေလှမ်းတိုင်းကို ဂရုတစိုက်လိုက်ကြည့်နေသည်။ သူသည် သေချာသွားအောင် ဆရာတော်ဝေ့ဟယ်၏ ခြေရာပေါ်သို့ လိုက်ထပ်နင်းသွားသည်။ ထိုနေရာတွင် အစီအရင်တစ်ခုရှိနေတာ သေချာသွားပြီး ထိုခြေရာများအတိုင်းလိုက်ခြင်းဖြင့် ထောင်ချောက်ထဲသို့ ကျမသွားနိုင်တော့ပေ။ လေးထောင့်ကွက်သဏ္ဍာန်မြေကွက်တွင် ခြောက်သွေ့ပြီး သစ်ရွက်များမရှိသော အပင်ကတုံးများ ရှိပြီး နှင်းကျထားသောကြောင့် သစ်ကိုင်းများတွင် နှင်းများ အစုလိုက်အပုံလိုက်ဖြစ်နေသည်။
ကျန်းလော့သည် တာအိုဆရာတော် ဝေ့ဟယ်နောက်သို့ လိုက်ပြီး အချိန်ခနကြာသော် သူ့ခြေထောက်အောက်မှ နှင်းထုသည် တဖြည်းဖြည်းပါးလာသည်ကို သတိထားလိုက်မိသည်။ ခြေလှမ်းဒါဇင်ကျော်လောက်လျှောက်ပြီးနောက် နှင်းပွင့်ချပ်များ မရှိတော့ပဲ စိုစွတ်သော မြေပြင်တွင် မြက်နုလေးများပေါက်နေသည်ကို တွေ့လိုက်ရသည်။
ညှိုးခြောက်နေသော သစ်ကိုင်းခြောက်များသည် နွေဦးရာသီရောက်နေသလို အညှောင့်သေးသေးလေးများ ပေါက်နေကြသည်။
ဆောင်းရာသီမှ နွေဦးရာသီနှောင်းပိုင်းသို့ လမ်းလျှောက်ဝင်သွားရသလို ခံစားချက်မျိုးသည် အလွန်ထူးဆန်းသော်လည်း ကျန်းလော့သည် လက်တွေ့လျှောက်လိုက်ရသည်။ အဖြူရောင်မြူငွေ့များဖုံးလွှမ်းနေသော ရေပူစမ်းကန်နားသို့ မရောက်ခင်လေးတွင် တာအိုဆရာတော်ဝေ့ဟယ်သည် ရပ်ပြီး ပြောလိုက်သည်။
"ထျန်ပိရေကန်ကရေကို စမ်းချောင်းကန်နှစ်ခုကွဲထွက်တယ် ကန်အကြီးက ဘိုးဘေးအိမ်တော်မှာ အေးမြပြီး ကြည်လင်တဲ့စမ်းရေကန်ဖြစ်တယ် ကန်အသေးကတော့ တောင်ပေါ်မျာ နက်စောက်ပြီး တောင်ကို ဖြတ်စီးလာတဲ့ ရေပူစမ်းဖြစ်တယ် မင်းညီလျန်ပင်းက သူ့အခန်းထဲမှာ ရေပူစမ်းကရေကို သယ်ပြီး စိမ်နေလောက်ပြီ လျန်ရွှီပြောသွားပုံအရဆို မင်းကိုယ်ပေါ်က အညစ်အကြေးက တော်တော်ထူတာပဲ ကဲ ဆင်းသွား ဘယ်လောက်ဆိုးလဲ ကြည့်ရအောင်"
ကျန်းလော့သည် ယဉ်ကျေးစွာ ငြင်းလိုက်သည်။
"အဲ့ဒါ မကောင်းလောက်ဘူးဗျ"
ရေပူစမ်းထဲသို့ ချက်ချင်းခုန်ချပြီး စိမ်ပစ်လိုက်ချင်ပါသော်လည်း ကျန်းလော့သည် လျန်အိမ်တော်၏ ရေပူစမ်းကန်ကြီး သူ့ကြောင့် နက်ဆွေးသွားပါလျှင် လျန်အိမ်တော်မှ ပြန်လို့မရတော့မှာကို ကြောက်မိပါသည်။
သူ့မျက်နှာတွင် မစိမ်ချင်ရသည့်အကြောင်းအရင်းသည် ထင်ထင်ရှားရှားမြင်နေရပြီး တာအိုဆရာတော်ဝေ့ဟယ်သည် ထိုမျက်နှာထားကို သိပေသည်။ ငါးဆယ်နှင့် ဘယ်နှနှစ်မှန်းမသိသော ဆရာတော်ကြီးသည် အော်ဟစ်ရယ်မောလိုက်ကာ ဂုဏ်ယူဝံ့ကြွားစွာပြောလိုက်သည်။
"ဆင်းသွားပါ ဒီရေပူစမ်းလေးက သေးပေမဲ့ မင်းကြောင့်တော့ ညစ်ညမ်းမသွားနိုင်ပါဘူး"
အခုတော့ သူကအဆင်ပြေတယ်ပြောနေသည်။
ကျန်းလော့သည် ပုခုံးတွန့်လိုက်ပြီး သူ့ပစ္စည်းများကိုချကာ အဝတ်ထူထူများကို ချွတ်လိုက်ပြီး အတွင်းဝတ်ပါးပါးဖြင့် ရေပူစမ်းထဲသို့ဆင်းသွားသည်။ ရေပူစမ်းမှ အပူသည် ကျန်းလော့ကို လာရောက်ရိုက်ခတ်သည်။ သူ့ခါးနားသို့ ရေပူစမ်းရေများ စုပြုံလာသလို ခံစားရကာ သူသည် ထိုင်ဖို့နေရာရှာလိုက်ပြီး ပုခုံးကိုသာဖော်ထားပြီး ရေထဲထိုင်ချလိုက်သည်။ ထို့နောက် သက်တောင့်သက်သာရှိလွန်းသောကြောင့် သက်ပြင်းချလိုက်သည်။
ထျန်ပိရေကန်မှ ရေများသည် ပတ်ဝန်းကျင်ကို နွေဦးယူဆောင်ပေးနိုင်လောက်အောင် နွေးထွေးပြီးသန့်စင်သည်။ သို့သော် ဆောင်းရာသီ၏ အပူချိန်ကိုတော့ မပြောင်းလဲပေးနိုင်ပေ။
ကျန်းလော့ခန္ဓာကိုယ်သည် ဆောင်းလယ်ကြီးတွင် ရေပူစမ်းစိမ်ရသောကြောင့် နာကျင်မှုနှင့် ကိုက်ခဲမှုများသည် ဖြည်းဖြည်းချင်း သက်သာလာသည်။
သူသည် ရေမျက်နှာပြင်တစ်ခုလုံးကို ဖုံးအုပ်ထားသော မြူများကို ဖယ်ရန် လက်ဖြင့် ယမ်းလိုက်သည်။ ထို့နောက် ရေ၏ပြောင်းလဲမှုကို ကြည့်လိုက်သည်။
ရေပူစမ်းကန်အစပ်နားတွင် ရပ်နေသော တာအိုဆရာတော်ဝေ့ဟယ်သည်လည်း ရေကန်ထဲသို့ ကြည့်နေသည်။ သို့သော် ဆရာတော်သည် အရမ်းကြီးစိတ်ပူမနေပေ။
ရေပူစမ်းငယ်လေးသည် မီးဖိုချောင်လောက်သာ ကျယ်သော်လည်း ဘိုးဘေးအိမ်တော်မှ ရေကန်ထပ် အစွမ်းထက်သည်။ လျန်မိသားစုမှ အကြီးအကဲများတောင်ပေါ်သို့တက်၍ ပြန်လည်ကုစားရသည့် အကြောင်းအရင်းမှာ ဤရေပူစမ်းကြောင့် ဖြစ်သည်။ တာအိုဆရာတော် ဝေ့ဟယ်သည် တောင်ပေါ်တွင် နှစ်ပေါင်းများစွာ အချိန်ကုန်ဆုံးခဲ့ရာ ရေပူစမ်းငယ်လေး၏ စွမ်းအားကို သူများတွေထက်ပို၍ နားလည်သည်။
မကောင်းဆိုးဝါးမြူဆွယ်ကျူးကျော်ခံရသော လူအယောက်နှစ်ဆယ်လောက်ကို ရေပူစမ်းထဲ တပြိုင်ထဲပစ်ထည့်လိုက်လျှင်တောင် ရှောင်ချန်ရေကန်သည် သူတို့အားလုံးကို တစ်နာရီ၏လေးပုံတစ်ပုံအတွင်း သန့်စင်ပေးလိမ့်မည်ဖြစ်သည်။
တာအိုဆရာတော် သည် ရှောင်ချန်ရေကန်မှ မသန့်စင်ပေးနိုင်သည့်လူသည် ကမ္ဘာပေါ်တွင် မရှိနိုင်ဟု တွေးသည်မှာ လုံးဝပိုပြောခြင်းမဟုတ်ပေ။
အညစ်အကျေးများကို ဆေးကြောရာတွင် ရှောင်ချန်ရေကန်မှ ရေသည် အဓိက ပါဝင်ပစ္စည်းဖြစ်သည်။ ရေကန်မှရေသည် လူတစ်ယောက်၏ တဏှာလောဘတို့ကို တစ်လွှာပြီးတစ်လွှာဆေးကြောပစ်သည်။
ရှောင်ချန်ရေကန်ထဲသို့ စိမ်ပြီးလျှင် ခံစားချက်များ ရှင်းလင်းသွားပြီး စိတ်ပေါ့ပါးလာကာ စိတ်ဆန္ဒနည်းပါးသူ ဖြစ်လာမည်။ စိတ်ထဲတွင် အချိန်အကြာကြီး စုအောင်းထားသည့် အမျက်ဒေါသနှင့် မကျေနပ်မှုများအားလုံးကို လက်လွှတ်နိုင်သွားမည် ဖြစ်သည်။ အကြာကြီး စိမ်မည်ဆိုပါက "စိတ်ဆန္ဒကင်းမဲ့ပြီး ဘာကိုမှ လိုချင်လောဘမရှိသူ" ဖြစ်လာနိုင်ပြီး မိသားစုကိုတောင် လက်လွတ်နိုင်လာပေမည်။
တာအိုဆရာတော် ဝေ့ဟယ်သည် ခနလောက် ဟိုလျှောက်သည်လျှောက်လုပ်နေပြီး ပြန်လှည့်ကြည့်လိုက်သောအခါ မထိန်းနိုင်လောက်အောင် အံ့ဩမယုံနိုင်ဖြစ်သွားကာ ရေကန်ထဲကို စိုက်ကြည့်နေသည်။
"ဘယ်လို ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကျောက်မြတ်တို့ကဲ့သို့ ကြည်လင်သော ရေကန်ထဲတွင် ကျန်းလော့ဘေးပတ်ပတ်လည်မှ စစ်မှန်သော အနက်ရောင်စက်ကွင်းတစ်ခုသည် ကျန်းလော့ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်နေသည်။ ရှောင်ချန်ရေကန်သည် အနက်ရောင်အညစ်အကြေးကို မသန့်စင်နိုင်ပေ။ မသန့်စင်နိုင်သည့်အပြင် ထိုအနက်ရောင်စက်ကွင်းသည် ရေကန်ထဲမှရေများကိုပါ ညစ်ညမ်းသွားအောင် ဝါးမျိုပစ်နေပြီး ရေကန်တစ်ဝက်လောက် မည်းနက်သွားသောအခါ တာအိုဆရာတော်ဝေ့ဟယ်သည် အံ့ဩတကြီးဖြစ်သွားတော့သည်။
တာအိုဆရာတော်ဝေ့ဟယ်သည် သူ့မျက်လုံးသူမယုံနိုင်ဖြစ်ကာ ပွစိပွစိရေရွတ်နေသည်။
"ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နိုင်ရတာလဲ .................. ဒါက ထျန်ပိရေကန်က ရေစင်လေ ရေပူစမ်းငယ်လေး ............."
အနက်ရောင်ဝေလငါးကြီးသည် ကျားတစ်ကောင်ကို ဝါးမြိုနေသလို တစ်စက်ကလေးမှ နှေးမသွားပေ။ ထိုရေနက်များရော ရေကြည်များရောသည် ရေပူစမ်းမှ ရေများသာဖြစ်သော်လည်း အဖြူအမည်းဖြစ်နေကာ ကြည့်ရဆိုးနေသည်။
ကျန်းလော့သည် ရှက်ရွံ့စွာ ချောင်းနှစ်ကြိမ်လောက်ဆိုးလိုက်ပြီး တာအိုဆရာတော်ဝေ့ဟယ်၏ လက်များသည် ဒေါသထွက်လွန်းပြီး ထိန်းချုပ်ထားရသောကြောင့် တုန်ယင်နေသည်။ ထို့ကြောင့်သူကပင်ပြောလိုက်သည်။
"ဆရာတော် ကျွန်တော် ရေပူစမ်းထဲက ထွက်လိုက်တာကောင်းမယ်ထင်တယ်"
တာအိုဆရာတော်ဝေ့ဟယ်သည် သက်ပြင်းမောကြီးချလိုက်ကာ လက်ကို အကြမ်ကြီး ဝေ့ယမ်းလိုက်ပြီး ရေကန်ထဲသို့ စိုက်ကြည့်ကာ
"မလှုပ်နဲ့ ဆက်စိမ်နေ အနည်းဆုံး တစ်နာရီရဲ့ လေးပုံတစ်ပုံတော့စိမ်မှ ဖြစ်မယ်"
(တစ်နာရီ၏လေးပုံတစ်ပုံ=ဆယ့်ငါးမိနစ်)
(ရှောင်ချန်ရေကန် = ကျန်းလော့စိမ်နေသော တောင်ပေါ်မှ ရေပူစမ်းငယ်)
ဆယ့်ငါးမိနစ်ကြာပြီးနောက် တာအိုဆရာတော်ဝေ့ဟယ်သည် ရေပူစမ်းထဲသို့ကြည့်လိုက်ရာ ရေပူစမ်းတစ်ခုလုံး မည်းနက်နေပြီး လှိုင်းတစ်ချက်တောင်မရှိဘဲ အနက်စင်စစ်ဖြစ်နေပြီဖြစ်သောကြောင့် စကားတစ်ခွန်းမှ ပြောလို့မထွက်တော့ပေ။
"............"
သူ့မုတ်ဆိတ်သည်ပင် တဆတ်ဆတ်တုန်ယင်နေကာ ဆန့်ကျင်ဘက်သို့အကြည့်လွှဲလိုက်ရသည်။ သို့သော် ရုတ်တရက်အေးခဲသွားကာ ချက်ချင်းတည်ငြိမ်သွားပြီး
"ရောက်ပါပြီလား ကံကြမ္မာယုံသူ"
ကျန်းလော့သည် သူ့အကြည့်နောက်သို့ လိုက်ကြည့်လိုက်သည်။
စိမ်းစိုသော မြင်ကွင်းကြားတွင် ဖြူဖွေးသောနှင်းအလွှာတစ်ခုဖုံးလွှမ်းနေကာ တဖြည်းဖြည်းနီးကပ်လာသော သူကို မြင်လိုက်ရသည်။ သူ့အသားအရည်သည် ဖြူဖျော့နေကာ သွေးကြောများကိုပင် အလွယ်တကူမြင်နိုင်သော်လည်း ကျန်းလော့သည် ကံကြမ္မာယုံသူ၏ကိုယ်ပေါ်တွင် ထိုသွေးကြောများကို တစ်ခါမှ မမြင်ဖူးပေ။
ကံကြမ္မာယုံသူ၏ ဆံပင်ရှည်များ မျက်ခုံးများ မျက်တောင်များအားလုံးသည် နှင်းလူသားကဲ့သို့ ဖြူဖွေးနေကာ သူ့မျက်ဆံများသည် အလွန်ဖျော့တော့နေကာ လူများကို ကြည့်တိုင်း အရောင်မရှိသလိုဖြစ်နေတတ်သည်။
သူ့ပုံစံသည် လူတစ်ယောက်နှင့် မတူပေ။
ကံကြမ္မာယုံသူသည် ရေပူစမ်းနားသို့ လျှောက်လာကာ ရေများနက်သွားသော ကန်အတွင်းသို့ ကြည့်လိုက်သည်။
ကျန်းလော့သည် ရေပူစမ်းထဲတွင် အရည်ပျော်ကျသွားတော့မလို ပူလောင်လာသည်။
"ကံကြမ္မာယုံသူတောင်မှ ဒီကိုရောက်နေတာလား"
"သူက ထျန်းရှိဖူမှာ ရှိရမှာ မို့လား"
တာအိုဆရာတော်ဝေ့ဟယ်သည် ရှက်ရွံ့စွာ သက်ပြင်းချလိုက်ပြီး
"တစ်နာရီရဲ့ လေးပုံတစ်ပုံ ပြီးတော့ ရေက ဒီလို ဖြစ်သွားတော့တာပဲ"
ကျန်းလော့သည် တောင်အောက်မှာတုန်းကထက်ပိုပြီး သူ့ကိုယ်သူ ညစ်ညမ်းလာသည်ဟု ခံစားမိသည်။ တောင်အောက်မှာတုန်းက ရေစိမ်ခဲ့တုန်းကလည်း ဆယ့်ငါးမိနစ်အတွင်း ရေစင်တစ်ဇလား မဲနက်သွားခဲ့သည်။ ဒီတစ်ကြိမ်တွင်တော့ ထိုဇလုံထက်ကြီးသည့် ရေပူစမ်းတစ်ကန်လုံးကို မည်းနက်သွားအောင် လုပ်လိုက်မိသည်။
ရေပမာဏပိုများလာသော်လည်း ကြာချိန်ကတော့ပြောင်းမသွားပေ။ ကံကြမ္မာယုံသူသည် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
သူသည် အဖြူရောင်တာအိုသင်္ကန်းဝတ်ထားပြီး လေအလျင်ကဲ့သို့ ရေပူစမ်းနားရောက်သွားသည်။
ကျန်းလော့သည် သူဘာလုပ်မည်ကို မသိသော်လည်း နောက်ခနတွင် ကံကြမ္မာယုံသူ ခြေကြွလိုက်ပြီး နက်မှောင်နေသော ရေပူကန်ထဲသို့ ညင်သာစွာ ဆင်းလာသည်။
ရုတ်တရက် မပြောမဆိုဆင်းသွားသောကြောင့် တာအိုဆရာတော်ဝေ့ဟယ်သည် အထိတ်လန့်အော်မိသွားသည်။
"ကံကြမ္မာယုံသူ"
ကံကြမ္မာယုံသူကပြောသည်။
"အန္တာရာယ်မရှိဘူး"
သူသည် ရေထဲသို့ တစ်ကိုယ်လုံးရောက်သွားပြီဖြစ်သည်။ ကံကြမ္မာယုံသူ၏လှုပ်ရှားမှုများသည် ရေနက်များကို လှိုင်းထလာစေပြီး ရေကန်ထဲမှ ရေပူများသည် သူ့ခါးနားတွင် လှိုင်းထန်နေသည်။ ကံကြမ္မာယုံသူသည် ကျန်းလော့ကို ကြည့်လိုက်ပြီး သူ့ဆီသို့ လျှောက်သွားလိုက်သည်။
ကျန်းလော့တစ်ကိုယ်လုံးရှိ ကြွက်သားများတောင့်တင်းလာပြီး သူ့ကိုယ်သူကာကွယ်ရန် သတိကပ်ထားသည်။
ကံကြမ္မာယုံသူ၏ သင်္ကန်းတစ်ဝက်သည် ရေထဲတွင် နှစ်နေပြီဖြစ်သော်လည်း ဂရုမစိုက်ပေ။ သူရေထဲတွင် လမ်းလျှောက်နေလေ ရေထဲမှ အညစ်အကြေးများသည် ရုတ်တရက် စတင် သန့်စင်သွားပြီး ချက်ချင်း အနက်ရောင်များ ပြယ်သွားပြီး ဖောက်ထွင်းမြင်နိုင်အောင် ကြည်လင်သွားသည်။
ကျန်းလော့နားသို့ တစ်လှမ်းတိုးတိုင်း သန့်စင်သော ရေစင်များသည် သူနှင့် တစ်ပါထဲလိုက်လာကာ ရေနက်များကို သန့်စင်ပေးနေသည်။ တစ်နေကုန်သွားသောအခါ ကျန်းလော့ပတ်ပတ်လည်လေးတွင်သာ အနက်ရောင်များကျန်တော့သည်။
ကံကြမ္မာယုံသူသည် ကျန်းလော့နားသို့ ကပ်လာသည်။
သူသည် ကျန်းလော့ဆီသို့ လက်ဆန့်ထုတ်လိုက်သည်။ သူ၏ဖြူဖျော့ဖျော့ မျက်ဆံများထဲတွင် ပင်လယ်၏ကောက်ကွေ့သော အပြောင်းလဲများကို ထိန်းချုပ်ထားပုံရကာ ညင်သာစွာ ပြုံး၍ ပြောလိုက်သည်။
"လာ"
ကျန်းလော့လက်ချောင်းများသည် ရေအောက်ထဲတွင် လက်သီးဆုပ်လိုက်ကာ ဘာမှမဖြစ်သလို အပြုံးလေးဖြင့် ကံကြမ္မာယုံသူကို လက်လှမ်းပေးလိုက်သည်။ သူတို့လက်များ ထိတွေ့သွားသည်နျင့် ကျန်းလော့လက်ချောင်းမှ ရေစက်အနက်ရောင်များသည် ကံကြမ္မာယုံသူ၏လက်ပေါ်တွင် တင်ကျန်သွားသည်။
ကံကြမ္မာယုံသူသည် ငုံ့ကြည့်လိုက်ပြီး ကျန်းလော့လက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းလော့လက်ချောင်းထိပ်များမှ ရေစက်နက်များအားလုံးသည် လူငယ်လေး၏ကိုယ်ပေါ်တွင် စတင်ကြည်လင်လာပြီး ခနအတွင်းမှာပင် ရေကန်ထဲတွင် အနက်ရောင်ရေ တစ်စက်မှ မကျန်တော့ပေ။
ကျန်းလော့သည် မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး ရုတ်တရက် ရိုသေလေးစားသွားကာ
"ခင်များက အံ့ဩဖို့ကောင်းလိုက်တာ"
ကံကြမ္မာယုံသူသည် ရယ်မောလိုက်ပြီး ပြောခဲ့သည်။
"ဒါက ဘာမှမဟုတ်သေးပါဘူး"
သူသည် ကျန်းလော့လက်ကို လွတ်လိုက်ပြီး သူ့မျက်နှာသည် မြူများကြောင့် ရေငွေ့ရိုက်ကာ စိုရွှဲနေသလို ဖြစ်နေပြီး အနည်းငယ်ဝေးသော အကွာအဝေးကြောင့် ကုသမှုမရောက်နိုင်သလို ဖြစ်ကာ ကံကြမ္မာယုံသူသည် ပို၍ နူးညံ့သိမ်မွေ့သော အသံဖြင့်
"ရေကန်အလယ်ကိုလာခဲ့"
ကျန်းလော့သည် နာခံစွာဖြင့် ရေကန်အလယ်သို့ လျှောက်လာသည်။ ကံကြမ္မာယုံသူသည် ရေကန်ထဲမှ ထွက်သွားကာ သူထွက်သွားသည်နှင့် ကျန်းလော့ကိုယ်ထဲမှ အနက်ရောင်များစိမ့်ထွက်လာကာ ရေများကို မည်းနက်သွားစေသည်။ ကံကြမ္မာယုံသူသည် ရှည်လျားလုံးဝန်းသော လက်ချောင်းများကို မြှောက်လိုက်သည်။
သူ့လက်ခလယ်မှ သွေးတစ်စက်ထွက်လာကာ ရေကန်ထဲသို့ ကျသွားသည်။ ရေနက်များကို မသန့်စင်နိုင်သည့်အပြင် ဝါးမြိုခံလိုက်ရသော ထျန်ပိရေကန်သည် စတင်၍ ကျန်းလော့ခန္ဓာကိုယ်ထဲမှ အညစ်အကြေးများကို သွေးစက်မှထွက်လာသော အဆုံးမရှိသော အင်အားများက သန့်စင်သွားအောင် ဝါးမြိုသွားတော့သည်။
########################
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။
Zawgyi
အပိုင္း (၁၃၅) ေရကိုသန႔္စင္ျခင္း
"ဝူရွညန္"("လက္ေတြ႕က်ေသာ အသိဉာဏ္မရွိ") ဟူေသာ စကားလုံးသုံးလုံးသည္ တာအိုကဗ်ာမ်ား၌ တာအိုဆရာသခင္မ်ား သုံးေလ့ရွိသည့္ စကားလုံးျဖစ္သည္။ ထိုစကားလုံးသုံးလုံးကို က်န္းေလာ့ျမင္ေသာအခါ ဤအိမ္သည္ လ်န္မ်ိဳးႏြယ္၏
တာအိုဘုန္းေတာ္ႀကီး ေဝ့ဟယ္၏ေနထိုင္ရာေနရာျဖစ္ေၾကာင္း သိလိုက္သည္။
ထိုသို႔ေသာ ထိပ္စီးမ်ိဳးေရးထားေသာ အိမ္မ်ိဳးသည္ မ်ိဳးႏြယ္စုႀကီးမ်ား၏ အေလ့အထျဖစ္သည္။ လ်န္႐ႊီသည္ ေရွ႕တိုးသြားၿပီး တံခါးေခါက္လိုက္သည္။ ခနၾကာေသာအခါ တပည့္တစ္ေယာက္မွ တံခါးလာဖြင့္ေပးသည္။ ထိုတပည့္သည္ ဆယ့္ငါးႏွစ္ေလာက္ရွိမည္ျဖစ္ၿပီး သူတို႔ကို ျမင္ေသာအခါ မအံ့ဩသြားပဲ တည္ၿငိမ္စြာ ေျပာလိုက္သည္။
"ရွစ္ေကာ ရွစ္က်ဲတို႔ ကြၽန္ေတာ့္ေနာက္က လိုက္ခဲ့ပါ တာအိုဆရာေတာ္ႀကီးက အထဲမွာေစာင့္ေနပါတယ္"
တပည့္မ်ားသည္ သူတို႔ကို အိမ္ထဲသို႔ ဦးေဆာင္သြားၿပီး မၾကာခင္တြင္ သူတို႔ကိုေစာင့္ေနေသာ တာအိုဆရာေတာ္ေဝ့ဟယ္ကို တိတ္ဆိတ္ေသာ အခန္းတစ္ခုတြင္ ေတြ႕ခဲ့ရသည္။ တာအိုဆရာေတာ္ ေဝ့ဟယ္သည္ အသက္ငါးဆယ္ေက်ာ္ေလာက္ရွိပုံရၿပီး မ်က္ခုံးထူထူႏွင့္ ၾကည့္လိုက္လွ်င္ တည္ၾကည္ေျဖာင့္မတ္ေသာ အမွန္တရားဘက္ေတာ္သား အႀကီးအကဲတစ္ေယာက္ကို ျမင္လိုက္ရသလို ရွိန္သြားႏိုင္သည့္ ပုံစံမ်ိဳးျဖစ္သည္။
လ်န္႐ႊီေဘးကင္းကင္းႏွင့္ ျပန္လာတာျမင္ေသာအခါ သူ႔မ်က္ႏွာသည္ အနည္းငယ္ ေျပေလ်ာ့သြားၿပီး သူတို႔ေနာက္မွ သုံးေယာက္ကို ၾကည့္ကာ
"ေတာင္ေအာက္ကေန လြန္ခဲ့တဲ့ရက္က မင္း ႏွင္းက်ရပ္သြားတာနဲ႔ ေတာင္ေပၚတက္လာတယ္လို႔ သတင္းရလိုကတယ္ ဒါေပမဲ့ ႏွင္းမုန္တိုင္းတိုက္လာတယ္ လြန္ခဲ့တဲ့ရက္အတြင္း မင္းေၾကာင့္ လူေတြ ဘယ္ေလာက္ေတာင္ စိတ္ပူေနလဲ ငါသိေတာင္မသိေတာ့ဘူး ဒါေပမဲ့လည္း မင္းတို႔အားလုံး ေဘးကင္းကင္းျပန္ေရာက္လာတာ ေကာင္းတဲ့တယ္ မဟုတ္ရင္ က်ဳပ္မင္းတို႔ဆရာေတြနဲ႔ ဦးေလးေတြ ပြစိပြစိတက်ည္က်ည္လုပ္တာနဲ႔ ေသေတာ့မယ္"
လ်န္ခ်င္းသည္ ၿပဳံး၍ ေျပာလိုက္သည္။
"ဦးေလးကလည္း ဦးေလး ကြၽန္ေတာ္တို႔အတြက္ စိတ္ပူရင္လည္း ဒီတိုင္းေျပာလိုက္ပါဗ်ာ"
"ဒီေကာင္စုတ္ေလးကေတာ့ ငါက မင္းတို႔ကို ဘာလို႔စိတ္ပူရမွာလဲ"
တာအိုဆရာေတာ္ေဝ့ဟယ္သည္ သူ႔မုတ္ဆိတ္ေမႊးကို မႈတ္လိုက္ၿပီး သူ႔ကိုၾကည့္လိုက္သည္။
"က်ဳပ္မင္းတို႔ကို ဒီရက္ထဲမွာ ေတာင္ေပၚက ဆင္းမလာေသးဘူးလို႔ မေျပာခဲ့ဘူးလား ဒါေတာင္ မင္းတို႔ ေတာင္ေအာက္မွာ စိတ္ရွည္ရွည္မေစာင့္ၾကဘူး"
သူထိုစကားေျပာေနခ်ိန္တြင္ က်န္းေလာ့ကို ခနခနၾကည့္ေနသည္။ က်န္းေလာ့သည္ သူ႔ကိုႀကိဳက္ေနေသာ မေကာင္းဆိုးဝါးကို စေနာက္ခဲ့ရျခင္းကို ျပန္ေတြးမိၿပီး အေတြးထဲမွ မထြက္ႏိုင္ျဖစ္ေနခ်ိန္တြင္ တာအိုဆရာေတာ္၏ အၾကည့္ကို သတိထားမိလိုက္ေသာေၾကာင့္ သူ႔ဦးေႏွာက္ကို ျမန္ျမန္အလုပ္လုပ္ခိုင္းကာ တာအိုဆရာေတာ္၏စကားမ်ားကို ျပန္စဥ္းစားၾကည့္လိုက္ရသည္။
တာအိုဆရာေတာ္ေဝ့ဟယ္သည္ ျပန္လည္ကုစားျခင္းၿပီး၍ ေတာင္ေအာက္ဆင္းမည္ဟု ေျပာၿပီး မဆင္းျဖစ္ေတာ့ကာ တစ္ပတ္ေနရင္ ဆင္းလာမည္ဟု အေၾကာင္းၾကားခဲ့သည္။ သို႔ေသာ္ တစ္ပတ္ၾကာၿပီးေသာအခါ မထင္မွတ္ထားဘဲ ေနာက္ထပ္သုံးရက္ ေနာက္က်ျပန္သည္။ ထိုသုံးရက္ၿပီးျပန္ေသာအခါ ေတာင္တစ္ခုလုံးႏွင္းမုန္တိုင္းေၾကာင့္ ႏွင္းမ်ားပိတ္ေနကာ ဆင္းမလာႏိုင္ေပ။
အခ်ိန္ကြာဟမႈသည္ အလြန္တိုက္ဆိုင္လြန္းေနသည္။ လ်န္႐ႊီႏွင့္ တျခားႏွစ္ေယာက္သည္ ေကာင္းကင္ကိုၾကည့္၍ ကံၾကမၼာတြက္ခ်က္ျခင္း လုပ္ေလ့လုပ္ထမရွိဘူးဆိုလွ်င္ေတာင္ တာအိုဆရာေတာ္ ေဝ့ဟယ္ကေတာ့ ေသခ်ာေပါက္ ႏွင္းမုန္တိုင္းကို ခန႔္မွန္းမိၿပီးသား ျဖစ္ႏိုင္သည္မွာ တစ္ရာရာခိုင္ႏႈန္းေသခ်ာသည္။
က်န္းေလာ့သည္ ေခါင္းငုံ႔၍ ထိုသူတကယ္ခန႔္မွန္းခဲ့မမွန္းခဲ့ ေတြးၾကည့္ေနသည္။
သူသည္ ခန႔္မွန္းမိၿပီး တမင္တကာ ေတာင္ေအာက္ဆင္းရန္ အခ်ိန္ဆြဲေနခဲ့ၿပီး ေဝ့ဟယ္သည္ က်န္းေလာ့၏ အညစ္အေၾကးရွင္းလင္းမည့္ကိစၥကို ဝင္မပါခ်င္သည္မွာ ရွင္းရွင္းႀကီး ထင္ရွားေနသည္။
သူသည္ ႏွင္းထူထပ္ေနကာကို အေၾကာင္းျပ၍ ေတာင္ေပၚမွဆင္းမလာေသာေၾကာင့္ လ်န္႐ႊီက သူတို႔ကိုေခၚၿပီး ေတာင္ေပၚသြားခဲ့ရေတာ့သည္။
အကယ္၍ က်န္းေလာ့ႏွင့္ တျခားသူမ်ား ေတာင္ေပၚသို႔ မတက္ခဲ့လွ်င္ သစ္သားအိမ္ကို ျဖတ္သြားရမည္မဟုတ္သလို မွန္ေလာကထဲသို႔ ဝင္သြားရစရာ အေၾကာင္းမရွိေပ။
သို႔ေသာ္ ဤေနရာတြင္ တျခားေသာ ျဖစ္ႏိုင္ေခ် ေနာက္တစ္ခုလည္းရွိေနပါေသးသည္။
'ဆရာေတာ္ ေဝ့ဟယ္က လ်န္႐ႊီ၏ စ႐ိုက္ကို ေသခ်ာမသိဘူးဆိုတာ ျဖစ္ႏိုင္ပါရဲ႕လား'
သူသာ ေတာင္ေပၚမွ ဆင္းမလာဘူးဆိုလွ်င္ လ်န္႐ႊီသည္ စိတ္ပူပန္ၿပီး ဘာလုပ္မည္ဆိုတာ မသိတာ မျဖစ္ႏိုင္ေပ။ သူမႏွင့္ ရင္းႏွီးသူတိုင္း သူမကို ေကာင္းေကာင္းခန႔္မွန္းႏိုင္ေအာင္ လ်န္႐ႊီသည္ ႐ိုးသားၿပီး ခန႔္မွန္းရလြယ္သည့္သူျဖစ္သည္။
ထိုသို႔ေတြးၾကည့္လိုက္လွ်င္ သူတို႔သည္ တမင္တကာကို ေတာင္ေပၚတက္လာေအာင္ လွည့္ျဖားခံလိုက္ရျခင္း ျဖစ္ႏိုင္သည္။ က်န္းေလာ့သည္ တာအိုဆရာေတာ္ေဝ့ဟယ္ သူ႔ကို ဘာေၾကာင့္ထိုသို႔ လုပ္ရသလဲမသိေသာ္လည္း ေသခ်ာသိသြားတာ တစ္ခုမွာ ႏွင္းမုန္တိုင္းႏွင့္ စံအိမ္ထဲမွ ပုံရိပ္ေယာင္အစီအရင္တို႔သည္ တာအိုဆရာေတာ္ ေဝ့ဟယ္ႏွင့္ တနည္းနည္းျဖင့္ ဆက္စပ္ေနသည္။ သူမပါဝင္ခဲ့ဘူးဆိုရင္ေတာင္ ထိုအေၾကာင္းကို သိၿပီးသားျဖစ္ႏိုင္သည္။
လ်န္႐ႊီသည္လည္း................. အရမ္းႀကီး အျပစ္ကင္းေနတာ မျဖစ္ႏိုင္ေလာက္ေတာ့ေပ။
ထိုသို႔ဆက္စပ္ေတြးမိၿပီးတာေတာင္ က်န္းေလာ့သည္ အၿပဳံးကို ထိန္းသိမ္းထားႏိုင္ဆဲျဖစ္ကာ သူ ေဝ့ဟယ္ႏွင့္ လ်န္႐ႊီတို႔လူစုကို သံသယဝင္ေနတာကို သူသာထုတ္မေျပာလွ်င္ မည္သူမွ် သိမွာမဟုတ္ေပ။
လ်န္႐ႊီသည္ သူတို႔ႀကဳံခဲ့ရေသာ မေတာ္တဆမႈကို အက်ဥ္းခ်ဳုံးေျပာျပလိုက္ၿပီး ခုံတစ္ခုတြင္ အလဲလဲအၿပိဳၿပိဳေနရာခ်ခံထားရေသာ တြမ့္က်ီကို လက္ညႇိဳးထိုးျပကာ
"ဦးေလး သူတို႔မွန္ေလာကထဲမွာေသသြားၿပီးေတာ့ အျပင္ဘက္မွာႏိုးမလာဘူး သူတို႔အျပင္ကို လ်န္ပင္းလဲ မွန္ထဲမွာ ဒဏ္ရာအျပင္းစားႀကီး ရခဲ့ေသးတယ္ ဒီမွာ ဖုန္းထ်န္းရွိက တပည့္လည္း ............"
အသာအယာေခါင္းယမ္းျပေနေသာ က်န္းေလာ့ဘက္လွည့္ၾကည့္လိုက္ၿပီး ေအးေဆးတည္ၿငိမ္စြာ ဆက္ေျပာလိုက္သည္။
"ဒဏ္ရာျပင္းတဲ့ သူေတြကိုပဲ အရင္စစ္ေဆးၾကည့္ရေအာင္ပါ"
ေဝ့ဟယ္၏စကားမ်ားၾကားၿပီးထဲက မ်က္ေမွာင္အနည္းငယ္ ႀကဳံ႕ေနေသာ က်န္းေလာ့သည္ ၾကင္နာၿပီး သည္းခံတတ္ေသာ စိတ္ထားရွိပုံရကာ သူ႔ပုံစံကိုၾကည့္လိုက္ရင္ စိတ္ေရာလူေရာ ၿငိမ္းခ်မ္းေနသည့္ပုံေလးျဖစ္သည္။
သူ႔တြင္ အသိတရားရွိေသးပုံရေသာေၾကာင့္ အနည္းငယ္စိတ္သက္သာရာရသြားသည္။ တာအိုဆရာေတာ္ေဝ့ဟယ္ သည္ ထရပ္လိုက္ၿပီး တြမ့္က်ီတို႔ကို တစ္ေယာက္ၿပီးတစ္ေယာက္ ေသြးေၾကာလိုက္စမ္းၾကည့္သည္။ သူသည္ အၾကာႀကီး တစိမ့္စိမ့္ေတြးၾကည့္ၿပီး မ်က္ႏွာထားသည္ ေလးနက္တည္ၾကည္သြားသည္။
"သူတို႔အေျခအေနက သိပ္မေကာင္းဘူး လ်န္ခ်င္း ေနာက္ထပ္ကေလးႏွစ္ေယာက္နဲ႔ သူတို႔ကို ေဆးေပးခန္းကို အရင္ေခၚသြားလိုက္ ငါေနာက္မွ သူတို႔ကို ေသခ်ာၾကည့္ေပးမယ္"
လ်န္ခ်င္းသည္ သူတို႔ကို သယ္ၿပီး ေဆးေပးခန္းသို႔ ထြက္သြားသည္။ သူမအတန္းေဖာ္မ်ားကို စိုးရိမ္ေနေသာ လိေရွာင္းသည္လည္း သူတို႔နဲ႔အတူ အခန္းထဲမွထြက္၍ လိုက္သြားသည္။
တာအိုဆရာေတာ္ ေဝ့ဟယ္သည္ လ်န္ပင္းကို ၾကည့္၍
"ေရစင္ေတာ္နဲ႔ သြားစိမ္ေခ် မင္းအနည္းဆုံး ခုႏွစ္ဆယ့္ခုႏွစ္ရက္ကေန ကိုးဆယ့္ေလးရက္တိတိ ေရစိမ္ရမယ္ ဒါမွ ျပန္ေကာင္းလာမွာ"
လ်န္ပင္းသည္ ဆူပုတ္ပုတ္ျဖင့္ ေျပာလိုက္သည္။
"ဦးေလး ဘာလို႔အၾကာႀကီးလဲဗ်ာ"
"မင္းဒဏ္ရာကေန အျပည့္အဝျပန္ေကာင္းလာဖို႔ဆို ဒီေလာက္က ၾကာတယ္မေခၚဘူး မင္းရဲ႕ ဝိဉာဥ္ခႏၶာတစ္ဝက္ေလာက္က အကိုက္ခံထားရလို႔ မရွိေတာ့သေလာက္ပဲ အခုခ်ိန္ထိ မတ္တပ္ရပ္ႏိုင္ေသးတာေတာင္ ေတာ္ေတာ္ အံ့ဩဖို႔ေကာင္းေနၿပီး မင္းက ဒါေတာင္ ၾကာေသးတယ္ ထင္ေနတာလား"
တာအိုဆရာေတာ္ ေဝ့ဟယ္သည္ စိတ္ဆိုးလာပုံျဖင့္ အသံက်ယ္လာကာ
"အခုခ်က္ခ်င္း ေရသြားစိမ္"
လ်န္ပင္းသည္ အျမန္ေျပးထြက္သြားၿပီး တိတ္ဆိတ္ေသာအခန္းထဲတြင္ လူနာဆိုလို႔ က်န္းေလာ့တစ္ဦးထဲသာ က်န္ေတာ့သည္။
လ်န္႐ႊီျဖတ္မေျပာလိုက္ခင္ထိ တာအိုဆရာေတာ္ ေဝ့ဟယ္သည္ က်န္းေလာ့ကို ၾကည့္ေနသည္။
"ဦးေလး အစ္ကိုႀကီး က်န္းေလာ့ကဒီကို အညစ္အေၾကးေဆးေၾကာဖို႔ ေရာက္လာတာပါ သမီး ေကာင္းကင္သခင္ဖုန္းကို တစ္လအတြင္း အစ္ကိုႀကီးကို ပုံမွန္ခႏၶာကိုယ္ျပန္ျဖစ္ေစရမယ္လို႔ ကတိေပးထားတယ္ ဒါေပမဲ့ အခုဆယ္ရက္ပဲ က်န္ေတာ့တယ္ သမီးတို႔ ဘယ္လိုလုပ္ၾကမလဲ"
"အလ်င္လိုဖို႔မလိုဘူး"
တာအိုဆရာေတာ္ေဝ့ဟယ္သည္ သူတို႔ကို ဦးေဆာင္၍ အျပင္ဘက္သို႔ထြက္လာသည္။
"သူ႔ဆရာလည္း ေတာင္ေပၚကို ႏွစ္ရက္အတြင္း ေရာက္လာလိမ့္မယ္ တစ္လအတြင္းဆိုတာကို ဂ႐ုမစိုက္လဲျဖစ္တယ္"
က်န္းေလာ့သည္ အနည္းငယ္အံ့ဩသြားၿပီး
"ကြၽန္ေတာ့္ ဆရာလားဗ်"
"ဟုတ္တယ္ မင္းရဲ႕ ဆရာ "
တာအိုဆရာေတာ္ ေဝ့ဟယ္သည္ ႐ုတ္တရက္စကားေျပာင္းသြားသည္။
"လ်န္႐ႊီ မင္းရဲ႕ဆရာကို အရင္သြားေတြ႕လိုက္ဦး"
လ်န္႐ႊီသည္ က်န္းေလာ့ကို စိုးရိမ္သလိုတစ္ခ်က္ၾကည့္ကာ နာခံစြာ ရပ္လိုက္ၿပီး
"ဟုတ္ကဲ့"
တာအိုဆရာေတာ္ေဝ့ဟယ္သည္ က်န္းေလာ့ကို အေဆာင္အျပင္ဘက္သို႔ေခၚသြားကာ ၿခံဝန္း၏ အေနာက္ထိေခၚသြားသည္။ က်န္းေလာ့သည္ သူ၏ေျခလွမ္းတိုင္းကို ဂ႐ုတစိုက္လိုက္ၾကည့္ေနသည္။ သူသည္ ေသခ်ာသြားေအာင္ ဆရာေတာ္ေဝ့ဟယ္၏ ေျခရာေပၚသို႔ လိုက္ထပ္နင္းသြားသည္။ ထိုေနရာတြင္ အစီအရင္တစ္ခုရွိေနတာ ေသခ်ာသြားၿပီး ထိုေျခရာမ်ားအတိုင္းလိုက္ျခင္းျဖင့္ ေထာင္ေခ်ာက္ထဲသို႔ က်မသြားႏိုင္ေတာ့ေပ။ ေလးေထာင့္ကြက္သ႑ာန္ေျမကြက္တြင္ ေျခာက္ေသြ႕ၿပီး သစ္႐ြက္မ်ားမရွိေသာ အပင္ကတုံးမ်ား ရွိၿပီး ႏွင္းက်ထားေသာေၾကာင့္ သစ္ကိုင္းမ်ားတြင္ ႏွင္းမ်ား အစုလိုက္အပုံလိုက္ျဖစ္ေနသည္။
က်န္းေလာ့သည္ တာအိုဆရာေတာ္ ေဝ့ဟယ္ေနာက္သို႔ လိုက္ၿပီး အခ်ိန္ခနၾကာေသာ္ သူ႔ေျခေထာက္ေအာက္မွ ႏွင္းထုသည္ တျဖည္းျဖည္းပါးလာသည္ကို သတိထားလိုက္မိသည္။ ေျခလွမ္းဒါဇင္ေက်ာ္ေလာက္ေလွ်ာက္ၿပီးေနာက္ ႏွင္းပြင့္ခ်ပ္မ်ား မရွိေတာ့ပဲ စိုစြတ္ေသာ ေျမျပင္တြင္ ျမက္ႏုေလးမ်ားေပါက္ေနသည္ကို ေတြ႕လိုက္ရသည္။
ညႇိဳးေျခာက္ေနေသာ သစ္ကိုင္းေျခာက္မ်ားသည္ ေႏြဦးရာသီေရာက္ေနသလို အေညႇာင့္ေသးေသးေလးမ်ား ေပါက္ေနၾကသည္။
ေဆာင္းရာသီမွ ေႏြဦးရာသီေႏွာင္းပိုင္းသို႔ လမ္းေလွ်ာက္ဝင္သြားရသလို ခံစားခ်က္မ်ိဳးသည္ အလြန္ထူးဆန္းေသာ္လည္း က်န္းေလာ့သည္ လက္ေတြ႕ေလွ်ာက္လိုက္ရသည္။ အျဖဴေရာင္ျမဴေငြ႕မ်ားဖုံးလႊမ္းေနေသာ ေရပူစမ္းကန္နားသို႔ မေရာက္ခင္ေလးတြင္ တာအိုဆရာေတာ္ေဝ့ဟယ္သည္ ရပ္ၿပီး ေျပာလိုက္သည္။
"ထ်န္ပိေရကန္ကေရကို စမ္းေခ်ာင္းကန္ႏွစ္ခုကြဲထြက္တယ္ ကန္အႀကီးက ဘိုးေဘးအိမ္ေတာ္မွာ ေအးျမၿပီး ၾကည္လင္တဲ့စမ္းေရကန္ျဖစ္တယ္ ကန္အေသးကေတာ့ ေတာင္ေပၚမ်ာ နက္ေစာက္ၿပီး ေတာင္ကို ျဖတ္စီးလာတဲ့ ေရပူစမ္းျဖစ္တယ္ မင္းညီလ်န္ပင္းက သူ႔အခန္းထဲမွာ ေရပူစမ္းကေရကို သယ္ၿပီး စိမ္ေနေလာက္ၿပီ လ်န္႐ႊီေျပာသြားပုံအရဆို မင္းကိုယ္ေပၚက အညစ္အေၾကးက ေတာ္ေတာ္ထူတာပဲ ကဲ ဆင္းသြား ဘယ္ေလာက္ဆိုးလဲ ၾကည့္ရေအာင္"
က်န္းေလာ့သည္ ယဥ္ေက်းစြာ ျငင္းလိုက္သည္။
"အဲ့ဒါ မေကာင္းေလာက္ဘူးဗ်"
ေရပူစမ္းထဲသို႔ ခ်က္ခ်င္းခုန္ခ်ၿပီး စိမ္ပစ္လိုက္ခ်င္ပါေသာ္လည္း က်န္းေလာ့သည္ လ်န္အိမ္ေတာ္၏ ေရပူစမ္းကန္ႀကီး သူ႔ေၾကာင့္ နက္ေဆြးသြားပါလွ်င္ လ်န္အိမ္ေတာ္မွ ျပန္လို႔မရေတာ့မွာကို ေၾကာက္မိပါသည္။
သူ႔မ်က္ႏွာတြင္ မစိမ္ခ်င္ရသည့္အေၾကာင္းအရင္းသည္ ထင္ထင္ရွားရွားျမင္ေနရၿပီး တာအိုဆရာေတာ္ေဝ့ဟယ္သည္ ထိုမ်က္ႏွာထားကို သိေပသည္။ ငါးဆယ္ႏွင့္ ဘယ္ႏွႏွစ္မွန္းမသိေသာ ဆရာေတာ္ႀကီးသည္ ေအာ္ဟစ္ရယ္ေမာလိုက္ကာ ဂုဏ္ယူဝံ့ႂကြားစြာေျပာလိုက္သည္။
"ဆင္းသြားပါ ဒီေရပူစမ္းေလးက ေသးေပမဲ့ မင္းေၾကာင့္ေတာ့ ညစ္ညမ္းမသြားႏိုင္ပါဘူး"
အခုေတာ့ သူကအဆင္ေျပတယ္ေျပာေနသည္။
က်န္းေလာ့သည္ ပုခုံးတြန႔္လိုက္ၿပီး သူ႔ပစၥည္းမ်ားကိုခ်ကာ အဝတ္ထူထူမ်ားကို ခြၽတ္လိုက္ၿပီး အတြင္းဝတ္ပါးပါးျဖင့္ ေရပူစမ္းထဲသို႔ဆင္းသြားသည္။ ေရပူစမ္းမွ အပူသည္ က်န္းေလာ့ကို လာေရာက္႐ိုက္ခတ္သည္။ သူ႔ခါးနားသို႔ ေရပူစမ္းေရမ်ား စုၿပဳံလာသလို ခံစားရကာ သူသည္ ထိုင္ဖို႔ေနရာရွာလိုက္ၿပီး ပုခုံးကိုသာေဖာ္ထားၿပီး ေရထဲထိုင္ခ်လိုက္သည္။ ထို႔ေနာက္ သက္ေတာင့္သက္သာရွိလြန္းေသာေၾကာင့္ သက္ျပင္းခ်လိုက္သည္။
ထ်န္ပိေရကန္မွ ေရမ်ားသည္ ပတ္ဝန္းက်င္ကို ေႏြဦးယူေဆာင္ေပးႏိုင္ေလာက္ေအာင္ ေႏြးေထြးၿပီးသန႔္စင္သည္။ သို႔ေသာ္ ေဆာင္းရာသီ၏ အပူခ်ိန္ကိုေတာ့ မေျပာင္းလဲေပးႏိုင္ေပ။
က်န္းေလာ့ခႏၶာကိုယ္သည္ ေဆာင္းလယ္ႀကီးတြင္ ေရပူစမ္းစိမ္ရေသာေၾကာင့္ နာက်င္မႈႏွင့္ ကိုက္ခဲမႈမ်ားသည္ ျဖည္းျဖည္းခ်င္း သက္သာလာသည္။
သူသည္ ေရမ်က္ႏွာျပင္တစ္ခုလုံးကို ဖုံးအုပ္ထားေသာ ျမဴမ်ားကို ဖယ္ရန္ လက္ျဖင့္ ယမ္းလိုက္သည္။ ထို႔ေနာက္ ေရ၏ေျပာင္းလဲမႈကို ၾကည့္လိုက္သည္။
ေရပူစမ္းကန္အစပ္နားတြင္ ရပ္ေနေသာ တာအိုဆရာေတာ္ေဝ့ဟယ္သည္လည္း ေရကန္ထဲသို႔ ၾကည့္ေနသည္။ သို႔ေသာ္ ဆရာေတာ္သည္ အရမ္းႀကီးစိတ္ပူမေနေပ။
ေရပူစမ္းငယ္ေလးသည္ မီးဖိုေခ်ာင္ေလာက္သာ က်ယ္ေသာ္လည္း ဘိုးေဘးအိမ္ေတာ္မွ ေရကန္ထပ္ အစြမ္းထက္သည္။ လ်န္မိသားစုမွ အႀကီးအကဲမ်ားေတာင္ေပၚသို႔တက္၍ ျပန္လည္ကုစားရသည့္ အေၾကာင္းအရင္းမွာ ဤေရပူစမ္းေၾကာင့္ ျဖစ္သည္။ တာအိုဆရာေတာ္ ေဝ့ဟယ္သည္ ေတာင္ေပၚတြင္ ႏွစ္ေပါင္းမ်ားစြာ အခ်ိန္ကုန္ဆုံးခဲ့ရာ ေရပူစမ္းငယ္ေလး၏ စြမ္းအားကို သူမ်ားေတြထက္ပို၍ နားလည္သည္။
မေကာင္းဆိုးဝါးျမဴဆြယ္က်ဴးေက်ာ္ခံရေသာ လူအေယာက္ႏွစ္ဆယ္ေလာက္ကို ေရပူစမ္းထဲ တၿပိဳင္ထဲပစ္ထည့္လိုက္လွ်င္ေတာင္ ေရွာင္ခ်န္ေရကန္သည္ သူတို႔အားလုံးကို တစ္နာရီ၏ေလးပုံတစ္ပုံအတြင္း သန႔္စင္ေပးလိမ့္မည္ျဖစ္သည္။
တာအိုဆရာေတာ္ သည္ ေရွာင္ခ်န္ေရကန္မွ မသန႔္စင္ေပးႏိုင္သည့္လူသည္ ကမာၻေပၚတြင္ မရွိႏိုင္ဟု ေတြးသည္မွာ လုံးဝပိုေျပာျခင္းမဟုတ္ေပ။
အညစ္အေက်းမ်ားကို ေဆးေၾကာရာတြင္ ေရွာင္ခ်န္ေရကန္မွ ေရသည္ အဓိက ပါဝင္ပစၥည္းျဖစ္သည္။ ေရကန္မွေရသည္ လူတစ္ေယာက္၏ တဏွာေလာဘတို႔ကို တစ္လႊာၿပီးတစ္လႊာေဆးေၾကာပစ္သည္။
ေရွာင္ခ်န္ေရကန္ထဲသို႔ စိမ္ၿပီးလွ်င္ ခံစားခ်က္မ်ား ရွင္းလင္းသြားၿပီး စိတ္ေပါ့ပါးလာကာ စိတ္ဆႏၵနည္းပါးသူ ျဖစ္လာမည္။ စိတ္ထဲတြင္ အခ်ိန္အၾကာႀကီး စုေအာင္းထားသည့္ အမ်က္ေဒါသႏွင့္ မေက်နပ္မႈမ်ားအားလုံးကို လက္လႊတ္ႏိုင္သြားမည္ ျဖစ္သည္။ အၾကာႀကီး စိမ္မည္ဆိုပါက "စိတ္ဆႏၵကင္းမဲ့ၿပီး ဘာကိုမွ လိုခ်င္ေလာဘမရွိသူ" ျဖစ္လာႏိုင္ၿပီး မိသားစုကိုေတာင္ လက္လြတ္ႏိုင္လာေပမည္။
တာအိုဆရာေတာ္ ေဝ့ဟယ္သည္ ခနေလာက္ ဟိုေလွ်ာက္သည္ေလွ်ာက္လုပ္ေနၿပီး ျပန္လွည့္ၾကည့္လိုက္ေသာအခါ မထိန္းႏိုင္ေလာက္ေအာင္ အံ့ဩမယုံႏိုင္ျဖစ္သြားကာ ေရကန္ထဲကို စိုက္ၾကည့္ေနသည္။
"ဘယ္လို ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ"
ေက်ာက္ျမတ္တို႔ကဲ့သို႔ ၾကည္လင္ေသာ ေရကန္ထဲတြင္ က်န္းေလာ့ေဘးပတ္ပတ္လည္မွ စစ္မွန္ေသာ အနက္ေရာင္စက္ကြင္းတစ္ခုသည္ က်န္းေလာ့ခႏၶာကိုယ္ထဲမွ စိမ့္ထြက္ေနသည္။ ေရွာင္ခ်န္ေရကန္သည္ အနက္ေရာင္အညစ္အေၾကးကို မသန႔္စင္ႏိုင္ေပ။ မသန႔္စင္ႏိုင္သည့္အျပင္ ထိုအနက္ေရာင္စက္ကြင္းသည္ ေရကန္ထဲမွေရမ်ားကိုပါ ညစ္ညမ္းသြားေအာင္ ဝါးမ်ိဳပစ္ေနၿပီး ေရကန္တစ္ဝက္ေလာက္ မည္းနက္သြားေသာအခါ တာအိုဆရာေတာ္ေဝ့ဟယ္သည္ အံ့ဩတႀကီးျဖစ္သြားေတာ့သည္။
တာအိုဆရာေတာ္ေဝ့ဟယ္သည္ သူ႔မ်က္လုံးသူမယုံႏိုင္ျဖစ္ကာ ပြစိပြစိေရ႐ြတ္ေနသည္။
"ဘယ္လိုလုပ္ၿပီး ဒီလိုျဖစ္ႏိုင္ရတာလဲ .................. ဒါက ထ်န္ပိေရကန္က ေရစင္ေလ ေရပူစမ္းငယ္ေလး ............."
အနက္ေရာင္ေဝလငါးႀကီးသည္ က်ားတစ္ေကာင္ကို ဝါးၿမိဳေနသလို တစ္စက္ကေလးမွ ေႏွးမသြားေပ။ ထိုေရနက္မ်ားေရာ ေရၾကည္မ်ားေရာသည္ ေရပူစမ္းမွ ေရမ်ားသာျဖစ္ေသာ္လည္း အျဖဴအမည္းျဖစ္ေနကာ ၾကည့္ရဆိုးေနသည္။
က်န္းေလာ့သည္ ရွက္႐ြံ႕စြာ ေခ်ာင္းႏွစ္ႀကိမ္ေလာက္ဆိုးလိုက္ၿပီး တာအိုဆရာေတာ္ေဝ့ဟယ္၏ လက္မ်ားသည္ ေဒါသထြက္လြန္းၿပီး ထိန္းခ်ဳပ္ထားရေသာေၾကာင့္ တုန္ယင္ေနသည္။ ထို႔ေၾကာင့္သူကပင္ေျပာလိုက္သည္။
"ဆရာေတာ္ ကြၽန္ေတာ္ ေရပူစမ္းထဲက ထြက္လိုက္တာေကာင္းမယ္ထင္တယ္"
တာအိုဆရာေတာ္ေဝ့ဟယ္သည္ သက္ျပင္းေမာႀကီးခ်လိုက္ကာ လက္ကို အၾကမ္ႀကီး ေဝ့ယမ္းလိုက္ၿပီး ေရကန္ထဲသို႔ စိုက္ၾကည့္ကာ
"မလႈပ္နဲ႔ ဆက္စိမ္ေန အနည္းဆုံး တစ္နာရီရဲ႕ ေလးပုံတစ္ပုံေတာ့စိမ္မွ ျဖစ္မယ္"
(တစ္နာရီ၏ေလးပုံတစ္ပုံ=ဆယ့္ငါးမိနစ္)
(ေရွာင္ခ်န္ေရကန္ = က်န္းေလာ့စိမ္ေနေသာ ေတာင္ေပၚမွ ေရပူစမ္းငယ္)
ဆယ့္ငါးမိနစ္ၾကာၿပီးေနာက္ တာအိုဆရာေတာ္ေဝ့ဟယ္သည္ ေရပူစမ္းထဲသို႔ၾကည့္လိုက္ရာ ေရပူစမ္းတစ္ခုလုံး မည္းနက္ေနၿပီး လႈိင္းတစ္ခ်က္ေတာင္မရွိဘဲ အနက္စင္စစ္ျဖစ္ေနၿပီျဖစ္ေသာေၾကာင့္ စကားတစ္ခြန္းမွ ေျပာလို႔မထြက္ေတာ့ေပ။
"............"
သူ႔မုတ္ဆိတ္သည္ပင္ တဆတ္ဆတ္တုန္ယင္ေနကာ ဆန႔္က်င္ဘက္သို႔အၾကည့္လႊဲလိုက္ရသည္။ သို႔ေသာ္ ႐ုတ္တရက္ေအးခဲသြားကာ ခ်က္ခ်င္းတည္ၿငိမ္သြားၿပီး
"ေရာက္ပါၿပီလား ကံၾကမၼာယုံသူ"
က်န္းေလာ့သည္ သူ႔အၾကည့္ေနာက္သို႔ လိုက္ၾကည့္လိုက္သည္။
စိမ္းစိုေသာ ျမင္ကြင္းၾကားတြင္ ျဖဴေဖြးေသာႏွင္းအလႊာတစ္ခုဖုံးလႊမ္းေနကာ တျဖည္းျဖည္းနီးကပ္လာေသာ သူကို ျမင္လိုက္ရသည္။ သူ႔အသားအရည္သည္ ျဖဴေဖ်ာ့ေနကာ ေသြးေၾကာမ်ားကိုပင္ အလြယ္တကူျမင္ႏိုင္ေသာ္လည္း က်န္းေလာ့သည္ ကံၾကမၼာယုံသူ၏ကိုယ္ေပၚတြင္ ထိုေသြးေၾကာမ်ားကို တစ္ခါမွ မျမင္ဖူးေပ။
ကံၾကမၼာယုံသူ၏ ဆံပင္ရွည္မ်ား မ်က္ခုံးမ်ား မ်က္ေတာင္မ်ားအားလုံးသည္ ႏွင္းလူသားကဲ့သို႔ ျဖဴေဖြးေနကာ သူ႔မ်က္ဆံမ်ားသည္ အလြန္ေဖ်ာ့ေတာ့ေနကာ လူမ်ားကို ၾကည့္တိုင္း အေရာင္မရွိသလိုျဖစ္ေနတတ္သည္။
သူ႔ပုံစံသည္ လူတစ္ေယာက္ႏွင့္ မတူေပ။
ကံၾကမၼာယုံသူသည္ ေရပူစမ္းနားသို႔ ေလွ်ာက္လာကာ ေရမ်ားနက္သြားေသာ ကန္အတြင္းသို႔ ၾကည့္လိုက္သည္။
က်န္းေလာ့သည္ ေရပူစမ္းထဲတြင္ အရည္ေပ်ာ္က်သြားေတာ့မလို ပူေလာင္လာသည္။
"ကံၾကမၼာယုံသူေတာင္မွ ဒီကိုေရာက္ေနတာလား"
"သူက ထ်န္းရွိဖူမွာ ရွိရမွာ မို႔လား"
တာအိုဆရာေတာ္ေဝ့ဟယ္သည္ ရွက္႐ြံ႕စြာ သက္ျပင္းခ်လိုက္ၿပီး
"တစ္နာရီရဲ႕ ေလးပုံတစ္ပုံ ၿပီးေတာ့ ေရက ဒီလို ျဖစ္သြားေတာ့တာပဲ"
က်န္းေလာ့သည္ ေတာင္ေအာက္မွာတုန္းကထက္ပိုၿပီး သူ႔ကိုယ္သူ ညစ္ညမ္းလာသည္ဟု ခံစားမိသည္။ ေတာင္ေအာက္မွာတုန္းက ေရစိမ္ခဲ့တုန္းကလည္း ဆယ့္ငါးမိနစ္အတြင္း ေရစင္တစ္ဇလား မဲနက္သြားခဲ့သည္။ ဒီတစ္ႀကိမ္တြင္ေတာ့ ထိုဇလုံထက္ႀကီးသည့္ ေရပူစမ္းတစ္ကန္လုံးကို မည္းနက္သြားေအာင္ လုပ္လိုက္မိသည္။
ေရပမာဏပိုမ်ားလာေသာ္လည္း ၾကာခ်ိန္ကေတာ့ေျပာင္းမသြားေပ။ ကံၾကမၼာယုံသူသည္ ညင္သာစြာ ေခါင္းညိတ္လိုက္သည္။
သူသည္ အျဖဴေရာင္တာအိုသကၤန္းဝတ္ထားၿပီး ေလအလ်င္ကဲ့သို႔ ေရပူစမ္းနားေရာက္သြားသည္။
က်န္းေလာ့သည္ သူဘာလုပ္မည္ကို မသိေသာ္လည္း ေနာက္ခနတြင္ ကံၾကမၼာယုံသူ ေျခႂကြလိုက္ၿပီး နက္ေမွာင္ေနေသာ ေရပူကန္ထဲသို႔ ညင္သာစြာ ဆင္းလာသည္။
႐ုတ္တရက္ မေျပာမဆိုဆင္းသြားေသာေၾကာင့္ တာအိုဆရာေတာ္ေဝ့ဟယ္သည္ အထိတ္လန႔္ေအာ္မိသြားသည္။
"ကံၾကမၼာယုံသူ"
ကံၾကမၼာယုံသူကေျပာသည္။
"အႏၲာရာယ္မရွိဘူး"
သူသည္ ေရထဲသို႔ တစ္ကိုယ္လုံးေရာက္သြားၿပီျဖစ္သည္။ ကံၾကမၼာယုံသူ၏လႈပ္ရွားမႈမ်ားသည္ ေရနက္မ်ားကို လႈိင္းထလာေစၿပီး ေရကန္ထဲမွ ေရပူမ်ားသည္ သူ႔ခါးနားတြင္ လႈိင္းထန္ေနသည္။ ကံၾကမၼာယုံသူသည္ က်န္းေလာ့ကို ၾကည့္လိုက္ၿပီး သူ႔ဆီသို႔ ေလွ်ာက္သြားလိုက္သည္။
က်န္းေလာ့တစ္ကိုယ္လုံးရွိ ႂကြက္သားမ်ားေတာင့္တင္းလာၿပီး သူ႔ကိုယ္သူကာကြယ္ရန္ သတိကပ္ထားသည္။
ကံၾကမၼာယုံသူ၏ သကၤန္းတစ္ဝက္သည္ ေရထဲတြင္ ႏွစ္ေနၿပီျဖစ္ေသာ္လည္း ဂ႐ုမစိုက္ေပ။ သူေရထဲတြင္ လမ္းေလွ်ာက္ေနေလ ေရထဲမွ အညစ္အေၾကးမ်ားသည္ ႐ုတ္တရက္ စတင္ သန႔္စင္သြားၿပီး ခ်က္ခ်င္း အနက္ေရာင္မ်ား ျပယ္သြားၿပီး ေဖာက္ထြင္းျမင္ႏိုင္ေအာင္ ၾကည္လင္သြားသည္။
က်န္းေလာ့နားသို႔ တစ္လွမ္းတိုးတိုင္း သန႔္စင္ေသာ ေရစင္မ်ားသည္ သူႏွင့္ တစ္ပါထဲလိုက္လာကာ ေရနက္မ်ားကို သန႔္စင္ေပးေနသည္။ တစ္ေနကုန္သြားေသာအခါ က်န္းေလာ့ပတ္ပတ္လည္ေလးတြင္သာ အနက္ေရာင္မ်ားက်န္ေတာ့သည္။
ကံၾကမၼာယုံသူသည္ က်န္းေလာ့နားသို႔ ကပ္လာသည္။
သူသည္ က်န္းေလာ့ဆီသို႔ လက္ဆန႔္ထုတ္လိုက္သည္။ သူ၏ျဖဴေဖ်ာ့ေဖ်ာ့ မ်က္ဆံမ်ားထဲတြင္ ပင္လယ္၏ေကာက္ေကြ႕ေသာ အေျပာင္းလဲမ်ားကို ထိန္းခ်ဳပ္ထားပုံရကာ ညင္သာစြာ ၿပဳံး၍ ေျပာလိုက္သည္။
"လာ"
က်န္းေလာ့လက္ေခ်ာင္းမ်ားသည္ ေရေအာက္ထဲတြင္ လက္သီးဆုပ္လိုက္ကာ ဘာမွမျဖစ္သလို အၿပဳံးေလးျဖင့္ ကံၾကမၼာယုံသူကို လက္လွမ္းေပးလိုက္သည္။ သူတို႔လက္မ်ား ထိေတြ႕သြားသည္န်င့္ က်န္းေလာ့လက္ေခ်ာင္းမွ ေရစက္အနက္ေရာင္မ်ားသည္ ကံၾကမၼာယုံသူ၏လက္ေပၚတြင္ တင္က်န္သြားသည္။
ကံၾကမၼာယုံသူသည္ ငုံ႔ၾကည့္လိုက္ၿပီး က်န္းေလာ့လက္ကို ၿမဲၿမံစြာ ဆုပ္ကိုင္ထားသည္။ မ်က္စိတစ္မွိတ္အတြင္းမွာပင္ က်န္းေလာ့လက္ေခ်ာင္းထိပ္မ်ားမွ ေရစက္နက္မ်ားအားလုံးသည္ လူငယ္ေလး၏ကိုယ္ေပၚတြင္ စတင္ၾကည္လင္လာၿပီး ခနအတြင္းမွာပင္ ေရကန္ထဲတြင္ အနက္ေရာင္ေရ တစ္စက္မွ မက်န္ေတာ့ေပ။
က်န္းေလာ့သည္ မ်က္ေတာင္တဖ်တ္ဖ်တ္ခတ္လိုက္ၿပီး ႐ုတ္တရက္ ႐ိုေသေလးစားသြားကာ
"ခင္မ်ားက အံ့ဩဖို႔ေကာင္းလိုက္တာ"
ကံၾကမၼာယုံသူသည္ ရယ္ေမာလိုက္ၿပီး ေျပာခဲ့သည္။
"ဒါက ဘာမွမဟုတ္ေသးပါဘူး"
သူသည္ က်န္းေလာ့လက္ကို လြတ္လိုက္ၿပီး သူ႔မ်က္ႏွာသည္ ျမဴမ်ားေၾကာင့္ ေရေငြ႕႐ိုက္ကာ စို႐ႊဲေနသလို ျဖစ္ေနၿပီး အနည္းငယ္ေဝးေသာ အကြာအေဝးေၾကာင့္ ကုသမႈမေရာက္ႏိုင္သလို ျဖစ္ကာ ကံၾကမၼာယုံသူသည္ ပို၍ ႏူးညံ့သိမ္ေမြ႕ေသာ အသံျဖင့္
"ေရကန္အလယ္ကိုလာခဲ့"
က်န္းေလာ့သည္ နာခံစြာျဖင့္ ေရကန္အလယ္သို႔ ေလွ်ာက္လာသည္။ ကံၾကမၼာယုံသူသည္ ေရကန္ထဲမွ ထြက္သြားကာ သူထြက္သြားသည္ႏွင့္ က်န္းေလာ့ကိုယ္ထဲမွ အနက္ေရာင္မ်ားစိမ့္ထြက္လာကာ ေရမ်ားကို မည္းနက္သြားေစသည္။ ကံၾကမၼာယုံသူသည္ ရွည္လ်ားလုံးဝန္းေသာ လက္ေခ်ာင္းမ်ားကို ေျမႇာက္လိုက္သည္။
သူ႔လက္ခလယ္မွ ေသြးတစ္စက္ထြက္လာကာ ေရကန္ထဲသို႔ က်သြားသည္။ ေရနက္မ်ားကို မသန႔္စင္ႏိုင္သည့္အျပင္ ဝါးၿမိဳခံလိုက္ရေသာ ထ်န္ပိေရကန္သည္ စတင္၍ က်န္းေလာ့ခႏၶာကိုယ္ထဲမွ အညစ္အေၾကးမ်ားကို ေသြးစက္မွထြက္လာေသာ အဆုံးမရွိေသာ အင္အားမ်ားက သန႔္စင္သြားေအာင္ ဝါးၿမိဳသြားေတာ့သည္။
########################
Telegram မွာ အၿပီးအထိ တင္ၿပီးပါၿပီေနာ္။