GTKWF (Myanmar Translation )

Liz_774 द्वारा

338K 46K 5.2K

Title: Get to Know about Wife Fan Author: Chun Dao Han Chapters: 167 chapter This is just a fan translation ... अधिक

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Manhwa
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
ကြော်ငြာ 💙
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64.1
Chapter 64.2
Chapter 65
Heaven's Greatest Plan
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69.1
Chapter 69.2
Chapter 70.1
Chapter 70.2
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81.1
Chapter 81.2
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93.1
Chapter 93.2
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99.1
Chapter 99.2
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108.1
Chapter 108.2
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131.1
Chapter 131.2
Chapter 132
Chapter 133
Chapter 133 (2nd version)
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140.1
Chapter 140.2
Chapter 141.1
Chapter 141.2
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149.1
Chapter 149.2
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155.1

Chapter 11

2.2K 269 7
Liz_774 द्वारा

{Unicode}

အပိုင်း ၁၁ | @Huo Xi : စာချုပ်ဖျက်သိမ်းဖို့ ထောက်ခံခြင်း။

အားကစားရုံထဲတွင် ဟော့ရှီးက အကသမားများနှင့်အတူ နောက်ဆုံးအဆင့် အကတိုက်နေသည်။ ရှန့်ချောင်၏ Weibo ကို သူ့မန်နေဂျာ ပိုင်ကောက သူ့ဖုန်းပေါ်တွင် ယူလာပြခြင်းဖြစ်သည်။

အမှန်အားဖြင့် စာချုပ်ပါအကြောင်းအရာကို သူသိပြီးဖြစ်သည်။ ပိုင်ကောက ရှင်းယောင်မီဒီယာ၏ စီနီယာ မန်နေဂျာတစ်ဦးဖြစ်ကာ ဒီလိုကိစ္စမျိုးကို သူ့ထံမှ ကောင်းမေလင် ဖုံးကွယ်၍ မရပေ။ ထိုအချိန်က ရှန့်ချောင်ကို တုံးအလွန်းသည်ဟု သူတို့ထင်မြင်ခဲ့ကာ ကောင်းမေလင်ထံမှ မညီမျှသည့် စာချုပ်ကို လက်မှတ်ထိုးရန် သွေးဆောင်စည်းရုံးခံရသည်ဟုသာ တွေးခဲ့သည်။

ယခု Weibo ထံ ကြည့်ချိန်မှသာ သူမက မတရားသော နည်းလမ်းဖြင့် အကျပ်ကိုင်ခံခဲ့ရခြင်း။

ဘယ်လို မတရားသော နည်းလမ်းလဲ? ဘာနဲ့လဲ?

ပိုင်ကောက

"သူက တုံးလွန်းတယ်လို့ ငါ ခဏခဏပြောဖူးပေမဲ့ သူ့မှာ ဒီလို သတ္တိမျိုးရှိမယ်လို့ မထင်ထားဘူး၊ သူတို့နဲ့ တဲ့တိုး ရင်ဆိုင်ချလိုက်တာပဲ၊ လက်မှတ်ထိုးတာနဲ့ ပတ်သက်ပြီး ကောင်းမေလင်ချုပ်ကိုင်ထားတာ ရှိမှာ သိသာနေတာ၊ ဒီကောင်မလေး ဒီလို ထိပ်တိုက်တွေ့ရဲတာ အရင်က မသိခဲ့ဘူး"

ဟော့ရှီး အချိန်အတော်ကြာ Weibo ကို စိုက်ကြည့်နေပြီးနောက် သူ့ဖုန်းကို ထုတ်ယူလိုက်သည်။

ပိုင်ကော စိတ်ထဲ သတိပေးခေါင်းလောင်းသံ ဆူညံသွားသည်။

"မင်း ဘာလုပ်မလို့လဲ?"

"ကျွန်တော် Wechat message ပို့ပြီး မေးမလို့"

သူ စာပို့လိုက်ကာ အချိန်အကြာကြီး စောင့်နေသော်လည်း ရှန့်ချောင် စာပြန်မလာပေ။ တာဝန်ကျ ဝန်ထမ်းက သူ့ထံ လှမ်းမေးလာသည်။

"LED မီးကို အဖြူရောင်သုံးလို့ အဆင်ပြေမလား?"

သူ့ ဖုန်း contact list ထဲ ဝင်လိုက်ပြီးနောက် ပြန်ဖြေသည်။

"နေ့လည်မှ ဆက်ပြောရအောင်"

သူဖုန်းခေါ်လိုက်ပြီး အချိန်အတော်ကြာ ဖုန်းမြည်နေပြီးမှ တစ်စုံတစ်ယောက်က ဖုန်းကိုင်လာသည်။ သူမလေသံက ဘာမှမဖြစ်ထားသလိုမျိုး၊ သူမကို သူတွေ့ချိန်တိုင်း နူးညံ့တဲ့ ပျော်ရွင်မှုတို့ ပြည့်လျှမ်းဟန်ဖြင့်

"ဟော့ရှီး!"

သူ ခဏမျှ တိတ်ဆိတ်သွားပြီး ခပ်တိုးတိုးမေးလိုက်သည်။

"မင်း ဘယ်လိုနေလဲ?"

သူမက အပြုံးနှင့် ပြန်ဖြေသည်။

"ကောင်းပါတယ်၊ ရှင် ဘာလုပ်နေတာလဲ?"

"အားကစားရုံထဲမှာ"

"ကျွန်မ ပွဲနေ့ရောက်ဖို့ မစောင့်နိုင်တော့ဘူး!!"

နေဦး၊ ဒါက အဓိကအကြောင်းအရာလား?

ဟော့ရှီး - "မင်းအဆင်သင့်ဖြစ်ပြီလား? ကောင်းမေလင်က လွယ်လွယ်နဲ့ လက်လျှော့မှာ မဟုတ်ဘူး"

ရှန့်ချောင် - "အမြဲတမ်း အဆင်သင့်ပဲ၊ စိတ်မပူပါနဲ့!"

သူမလေသံက တက်ကြွနေကာ သူ့အတွေးလွန်မှုအပေါ် စိတ်အနှောင့်အယှက် မဖြစ်နိုင်ချေ။

ဟော့ရှီး အောက်ငုံ့ကြည့်လိုက်ကာ

"ဒါဆို ကောင်းပြီ"

အဆုံးတွင်တော့ ပြောစရာစကား များများစားစား မရှိလှပဲ သူဖုန်းချဖို့ ဟန်ပြင်လိုက်သည်။

ရှန့်ချောင်က ရုတ်တရက်စကားစသည်။

"ဟော့ရှီး၊ တကယ်လို့..."

သူမ ခဏစောင့်ပြီးနောက် ဆက်စကားမဆိုတော့ချေ။ ဟော့ရှီးက

"တကယ်လို့ ဘာဖြစ်လဲ?..."

အချိန်ခဏကြာမှသာ သူမရဲ့ ခပ်တိုးတိုးလေသံကို သူကြားလိုက်သည်။

"ကျွန်မက တခုခုဆိုးသွမ်းနေရင် ရှင်... ရှင် ကျွန်မကို မုန်းသွားမှာလား?"

"ဆိုးသွမ်းနေတယ်ဆိုတာက ဘာလဲ?"

နားကြပ်ထဲတွင် ခပ်ဖျော့ဖျော့အသက်ရှူသံကို ကြားနေရသည်။ ခဏမျှ သူမ ပြုံးလိုက်ရင်း ဆိုသည်။

"ဘာမှမဟုတ်တော့ဘူး၊ အလုပ်လုပ်တော့လေ၊ စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်မ အရမ်းပျော်တယ်"

နောက်ဆုံးတွင် သူမလေသံမှာ ပျော်ရွှင်မှုတို့နှင့် ပြည့်နှက်မနေတော့ပဲ လေလျှော့သွားတဲ့ ပူဖောင်းတလုံးလို နွမ်းဖျော့လျက်။

မှိတ်ကျသွားတဲ့ စကရင်ကို သူစိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

ဖုန်းချလိုက်ပြီးနောက် ရှန့်ချောင် သူမမျက်နှာကို တဖတ်ဖတ်ရိုက်ကာ အားပေးလိုက်ပြီးနောက် သူမ၏ ကိုးယောက်ဖန်ဂရုထဲဝင်ကာ နှစ်သိမ့်အားပေးလိုက်သည်။ သူတို့အားလုံးက စစ်မှန်သော ပရိတ်သတ်များဖြစ်သည်။ သူတို့အိုင်ဒေါလ် ဤမျှ အခြေအနေအထိ နှစ်ပေါင်းများစွာ ဆိုးဆိုးရွားရွား အနိုင်ကျင့်ခံရသည်ကို မြင်ပြီးနောက် သူတို့ ဒေါသကို ထုတ်ဖော်ပြလာကာ ရှင်းယောင်မီဒီယာ တည်ရှိရာ အဆောက်အအုံကိုပင် ဗုံးခွဲပစ်ဖို့ ဆိုလာသည်။

ဝမ်းကျီက ဒီအကြောင်းကို စောသိခဲ့သည့်တိုင် စာချုပ်ဖျက်သိမ်းဖို့ ရှန့်ချောင် တရားဝင် တောင်းဆိုသည်နှင့်တော့ ကွာခြားပေသည်။ သူ့ဘဝတစ်လျှောက်လုံး ရှင်းယောင်မီဒီယာနှင့် ကောင်းမေလင်ကို မုန်းတီးသွားမည်ဖြစ်ကြောင်း စတင်ပြောဆိုတော့သည်။

ရှန့်ချောင် သဘောတကျ ရယ်မောလိုက်ကာ စိတ်လှုပ်ရှားသွားရပြီးနောက် တစ်ယောက်ပြီးတစ်ယောက်ကို စိတ်ချရန် နှစ်သိမ့်လိုက်ကာ ကြိုတင်ပြင်ဆင်ရမည်များကို တာဝန်ခွဲဝေပေးသည်။

"ကွန်မန့်တွေကို ထိန်းချုပ်တာက အရေးအကြီးဆုံး ကိစ္စပဲ၊ ကြော်ငြာအကောင့်တွေနဲ့ သတင်းမီဒီယာအကောင့်တွေအောက်က ကွန်မန့်တွေကို သေချာ ထိန်းချုပ်ထားရမယ်၊ Anti တွေရဲ့ ကွန်မန့်ကိုလည်း အချိန်မှီ ရီပို့တင်ရမယ်၊ နောက်တခုက ငါတို့က အမှန်တကယ်ကို သနားစရာကောင်းတာအမှန်ပဲ၊ ဘယ်သူကမှ ငါတို့လောက် မဆိုးရွားနိုင်တော့ဘူး၊ ဒါပေမဲ့ ငါတို့ စိတ်အားငယ်စရာမလိုဘူး၊ ငါတို့ သေချာတဲ့ ဖြေရှင်းနည်းပဲ လိုတယ်"

သူမက hot topic ဖြစ်နိုင်မည့် စာရင်းကို ထုတ်ပေးလာသည်။

-ဖိနှိပ်တာရပ်ဖို့ ရှင်းယောင်မီဒီယာကို တောင်းဆိုပြီး စာချုပ်ချက်ချင်းဖျက်သိမ်းဖို့ တောင်းဆို

-ရှန့်ချောင်၊ သမိုင်းတွင် သနားစရာအကောင်းဆုံးသော မင်းသမီး

-ငါတို့ရှန့်ချောင်ကို ပြန်ပေးဖို့ နင့်ကို ငါ ယွမ် 20000 ပေးမယ်

-ရှင်းယောင်မီဒီယာရဲ့စာချုပ်က အနုပညာအသိုင်းအဝိုင်းတခုလုံးကို တုန်လှုပ်သွားစေ

.....

"ခေါင်းစဉ်တွေကို ထိပ်ဆုံးရောက်အောင်လုပ်၊ ရှင်းယောင်မီဒီယာက သူတို့ရဲ့ PR ဌာနကနေ ပိုက်ဆံသုံးပြီး ဖြုတ်ချမှာပဲ၊ သူတို့ တခုကို ဖြုတ်ချတာနဲ့ နောက်တခု ထပ်တက်အောင် လုပ်မယ်၊ သူတို့မှာ ပိုက်ဆံအများကြီးရှိတာပဲ၊ သူတို့ ဒီလောက်နှစ်အများကြီး ချောင်ချောင်ဆီက ငွေညှစ်ထားတာ အကုန်ပြန်ယူရမယ်"

ခေါင်းစဉ်ကို နာမည်ကြီးအောင် လုပ်သည်ဖြစ်စေ၊ တစ်စုံတစ်ယောက်ကို နာမည်ဖျက်ပြီး သတင်းထိပ်ဆုံးဆီ ရောက်အောင်လုပ်သည့်နေရာတွင်ဖြစ်စေ ရှန့်ချောင်မှာ ဖန်လောကထဲ နှစ်ပေါင်းများစွာ ကျင်လည်ပြီးနောက် ပထမတန်းစားဖြစ်လာသည်။ ကိုးယောက်အဖွဲ့မှာ ဆက်တိုက်တုံ့ပြန်သဘောတူလာသည်။ ဝမ်းကျီကို hacker အနေဖြင့် ရထားခြင်းက ပရိသတ်အင်အားမတောင့်တင်းသည့်တိုင် ခေါင်းစဉ်တွေကို ထိပ်ဆုံးရောက်စေဖို့ မခဲယဉ်းလှ။ ထိုမျှသာမက ဒီပြဿနာက အင်တာနက်လောကတခုလုံး၏ စိတ်ဝင်စားမှုကို ရရှိထားသည်။ ခေါင်းစဉ်တခု တက်လာသည်နှင့် ဖြတ်သွားဖြတ်လာများထံမှ ဝင်ကြည့်နှုန်းက အဆမတန်မြင့်တက်လာသည်။

ရှန့်ချောင်ခမျာ ကြိုးစားပမ်းစားလုပ်ရလွန်းသဖြင့် သူမ ဖန်အဖွဲ့၏ CEO ပင်ဖြစ်နိုင်သည်ဟု ထင်မှတ်လာသည်။ ထိုအချိန်တွင် ကောင်းမေလင်ထံမှ ဖုန်းဝင်လာသည်။

ဒီအချိန်တွင် ဘာကြောင့် ဖုန်းခေါ်လာမှန်း ရှန့်ချောင် သေချာပေါက်သိပေသည်။ ဖုန်းဖြေရင်း ပြုံးလိုက်ကာ

"ဟဲလို အစ်မကောင်း၊ ဘာကိစ္စရှိလို့လဲ?"

ကောင်းမေလင်က ယမ်းကုန်မီးကျ ဒေါသထွက်နေသည်။

"ရှန့်ချောင်၊ နင် ဘာလုပ်လိုက်တာလဲ?!"

"ဘာလုပ်လို့လဲ?"

သူမ WeChat ကို ဖွင့်လိုက်ကာ Screenshot တခုကို ကူးယူလိုက်သည်။

ကောင်းမေလင်က ဒေါသထွက်နေဆဲ။

"နင် မူရင်းပုံတွေကို ဖျက်ပစ်လိုက်တာလား? နင် ဘယ်လိုလုပ်လိုက်တာလဲ?"

"ဒါ ရှင်နဲ့ မဆိုင်ပါဘူး"

သူမ ကောင်းမေလင်ထံ စကားပြောမှတ်တမ်း screenshot ၂ခု ပေးပို့လိုက်သည်။

"အစ်မကောင်း၊ ကျွန်မ ဓါတ်ပုံနှစ်ပုံပို့လိုက်တယ်၊ တချက်ကြည့်ကြည့်ပါဦး"

ဖုန်းထဲမှ ပုံမမှန်တဲ့ အသက်ရှူသံကို ကြားလိုက်ရကာ နှစ်ဖက်လုံးမှ အချိန်အတော်ကြာထိ စကားမပြောလာပေ။

သူမကြောင့် ကောင်းမေလင် သွေးတိုးသွားသည်ဟုပင် ရှန့်ချောင် သံသယဝင်လာသည်။

အချိန်အတော်ကြာ စောင့်ဆိုင်းပြီးချိန်မှ တဖက်မှ အပြုံးဖြင့် ဆိုသံကို ကြားလိုက်သည်။

"ငါ နင့်ကို အထင်သေးမိလိုက်တာပဲ၊ နင်က အတော်လေး သန်မာသား၊ နင်က ယုန်ဖြူလေးတစ်ကောင်လို့ ငါထင်ထားတာ၊ ကြည့်ရတာ ငါက ကျားမွေးထားမိတာပဲ"

"ချီးကျူးတာ မခံယူရဲပါဘူး၊ ကျွန်မက ယုန်ဖြူလေးဖြစ်နေဆဲပေမဲ့ စိတ်ဆိုးလာတဲ့အခါ ယုန်ငယ်ကလည်း ကိုက်တတ်ပါတယ်"

ကောင်းမေလင်က လှောင်ရယ်သည်။

"နင် မူရင်းပုံတွေ ဖျက်လိုက်ရုံနဲ့ ငါ့ဆီမှာ print ထုတ်ထားတာ မရှိဘူးထင်နေလား?"

ရှန့်ချောင် ဂရုမစိုက်ချေ။

"အဲ့တော့ ဘာဖြစ်လဲ? ရှင်က အဝတ်မဲ့ပုံတွေ ဖြန့်ပြီး ကျွန်မက မှတ်တမ်းတွေ ဖြန့်ရုံပေါ့၊ ဘယ်သူကများ ဒါမျိုး မကြုံဖူးလို့လဲ?"

သူမ ရှန့်ချောင်ကို လုံးဝ မထိန်းချုပ်နိုင်တော့မှန်း ကောင်းမေလင် နားလည်သွားသည်။

ဒီတချိန်လုံး သူမ၏ အနှိမ်ခံ၊ အနိုင်ကျင့်ခံ၊ အထိန်းချုပ်ခံနေရသည့် အနုပညာရှင်က မထင်မှတ်ပဲ သူမထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားလေပြီ။

စကားဆက်ပြောရန်မလိုတော့သည်မို့ ကောင်းမေလင် ဒေါသတကြီး ဖုန်းချသွားသည်။ ပြန်လှည့်လာချိန်တွင် ကုမ္ပဏီ အကြီးအကဲက သူမကို မျက်ထောင့်နီဖြင့် စိုက်ကြည့်နေသည်။

"မင်းပြောတော့ နည်းလမ်းရှိတယ်ဆို? အခု ဒီလို ကိစ္စကြီးလုပ်ပြီးတော့မှ မင်းဘယ်လိုဖြေရှင်းမလဲ ငါကြည့်မယ်"

ကောင်းမေလင် အံကြိတ်လိုက်သည်။

"ဒါက စာချုပ်တစ်စောင်ပဲလေ၊ ဒီနှစ်တွေအတွင်း သူ လုပ်လာတဲ့ အမဲစက်တွေကို ဖျောက်နိုင်မှာတဲ့လား? လူထုက ဘယ်ဘက်ပါမလဲ ကျွန်မတို့ မသိသေးဘူး၊ အစည်းအဝေးအရင်ခေါ်ရအောင်"

ကောင်းမေလင်နှင့် ဖုန်းချပြီးနောက် ရှန့်ချောင်၏ စိတ်ခံစားချက်မှာ အမြင့်ဆုံးသို့ ရောက်ရှိသွားသည်။

ဒီခံစားချက်က သိပ်ကောင်းတာပဲ!!!

သူမဖုန်းထံ ပြန်ငုံ့ကြည့်လိုက်ချိန်တွင် သတင်းအားလုံးမှာ သူမ၏ စာချုပ်ဖျက်သိမ်းသည့်ကိစ္စအကြောင်းသာ ဖြစ်ကာ Weibo ရှိ ဆွေးနွေးမှုများမှာ အပူတပြင်း။ အင်တာနက်အသုံးပြုသူ အများစုမှာ သူမကို ကိုယ်ချင်းစာနေဆဲ။ ရှင်းယောင်မီဒီယာ၏ စာချုပ်မှာ အလွန်တရာ တရားလွန်လွန်းသည်ဟု သူတို့ ထင်သည်။ ရှန့်ချောင် ဒီအချိန်တွင် စာချုပ်ဖျက်သိမ်းဖို့ တောင်းဆိုသည်မှာ မလွန်ပေ။

သို့သော် လူအချို့မှာ 'တရားမဝင်နည်းလမ်း' ဟူသော ကိစ္စကို သိချင်စိတ်ပြင်းပြနေကာ ထိုနှစ်အတွင်း ဖြစ်ပျက်ခဲ့သည့် မည်သည့်ကိစ္စရပ်က ဒီလို မညီမျှတဲ့ စာချုပ်ကို ဖြစ်ပေါ်လာစေသလဲဟု သိလိုကြသည်။

တရားစွဲမှုအပေါ် ရှင်းယောင်မီဒီယာက ခပ်မြန်မြန်တုံ့ပြန်လာမည်ဟု သူတို့ မမျှော်လင့်ထားပေ။

@ရှင်းယောင်မီဒီယာ; ရှင်းယောင်မီဒီယာ၏ လက်အောက်တွင်ရှိသော Ms. ရှန့်ချောင်၏ စာချုပ်ဖျက်သိမ်းရန် တရားစွဲဆိုမှုနှင့် ပတ်သက်၍ ကုမ္ပဏီ၏ တရားဝင်တုံ့ပြန်ချက်၊ ကုမ္ပဏီက အဆုံးထိ လုပ်ပိုင်ခွင့်ကို ဥပဒေအရ ကာကွယ်သွားမည်ဖြစ်သည်။ တိကျသော ကြေငြာချက်; အေဂျင်စီက တရားမဝင်နည်းလမ်းသုံးကာ Ms. ရှန့်ချောင် လက်မှတ်ထိုးစေရန် ဖိအားပေးခဲ့ခြင်းမရှိ၊ သတင်းအမှားဖြန့်ဝေခြင်းကို ရပ်တန်းကရပ်ရန်၊ မဟုတ်လျှင် တရားဥပဒေအရ အရေးယူခြင်း ခံရမည်။

တုံ့ပြန်ကြေငြာချက် ပေါ်ထွက်လာသည်နှင့် လူများစွာ၏ အမြင်မှာ ပြောင်းလဲသွားသည်။

[ကုမ္ပဏီက တရားမဝင်နည်းလမ်းသုံးပြီး မင်းကို ဖိအားပေး လက်မှတ်ထိုးခိုင်းတယ် ပြောတယ်၊ သူတို့က ဘာနည်းလမ်းသုံးပြီး မင်းကို ဖိအားပေးလို့ ရမှာလဲ? အနုပညာရှင်အသိုင်းအဝိုင်း ဒီလောက်ကြီးတာ၊ ဒီလောကထဲ အနုပညာရှင်အများကြီးထဲကမှ မင်းတစ်ယောက်ထဲ ဘာလို့ အညာခံရတာလဲ?]

[နင် အခု စာချုပ်ကို ဆွဲထုတ်လာပြီး ရှင်းယောင်မီဒီယာက ငွေညစ်တယ်လို့ ပြောတယ်၊ နင် စာချုပ်လက်မှတ်မထိုးခင်ကတည်းက ရှင်းယောင်မီဒီယာကို ယွမ် နှစ်မီလီယံပေးစရာ ရှိနေတာလဲ ဖြစ်နိုင်တာပဲ]

[နောက်ပြီး ဒီနှစ်တွေအတွင်း နင် ဘယ်လို သရုပ်ဆောင်နေခဲ့တာလဲ? ဒရာမာအဖွဲ့ထဲက လူအားလုံး ထမင်းဘူးစားနေချိန်၊ နင် အန်ထုတ်ခဲ့သေးတယ်မလား၊ သူများတွေ ရသစုံရှိုးထဲ ပါနေချိန် နင် အပျင်းထူနေတယ်၊ နောက်ပြီး ဟော့ရှီးကို မှီပြီး အတင်းအဖျင်းလွှင့်နေတာ တနှစ် နှစ်နှစ်လား? ဒါတွေအားလုံးကရော ကုမ္ပဏီက နင့်ကို အတင်းလုပ်ခိုင်းတာပဲလား?]

ဖြတ်သွားဖြတ်လာများ၏ ရှန့်ချောင်ပေါ် အမြင်မှာ ဆိုးရွားပြီး သူမတွင် အမာခံပရိသတ်မရှိပေ။ ဆိုရလျှင် fan ထက် anti fan က ပိုများပေဦးမည်။ ရှင်းယောင်မီဒီယာမှ ဌားရမ်းထားတဲ့ ရေတပ်က ခေါင်းစဉ်အလှည့်အပြောင်းကို ဆွဲခေါ်သွားကာ လူထုအမြင်မှာ ရုတ်ချည်းပြောင်းလဲသွားသည်။

(T/N: ရေတပ် = အကောင့်တု)

[နင်က သနားစရာဆို ရှင်းယောင်မီဒီယာကရော နင့်ထက် ပိုသနားစရာ မကောင်းဘူးလား?]

ရှင်းယောင်မီဒီယာက လူကိုယ်တိုင် ပိုက်ဆံသုံးလာသည်မို့ ဖြတ်သွားဖြတ်လာများ၏အမြင်မှာ ရေတပ်ရဲ့ ဆွဲဆောင်မှုကြောင့် ပြောင်းလဲသွားပြီး အနည်းစုသော ကိုယ်ချင်းစာသည့် ကွန်မန့်များမှာ သံသယဖြင့် နစ်မြုပ်ပျောက်ကွယ်သွားသည်။

ထို့ပြင် ဒီအသိုင်းအဝိုင်းထဲတွင် မိတ်ဆွေဟူ၍ ရှန့်ချောင်ထံတွင် မရှိပေ။ ကျုံးရှန်းနှင့် ဖုကျီချင်း ပါဝင်သည့် ရိုက်ကူးရေးအဖွဲ့သားများမှ လွဲ၍ အနည်းစုသာ သူမအား ထောက်ခံကြသည်။

ဒီနှစ်တွေအတွင်း အွန်လိုင်းပေါ်တွင် ငြင်းခုန်မှုဖြစ်တိုင်း နာမည်ကျော်တွေခမျာ စိတ်တိုင်းကျ တဖက်ထဲ ဝင်ပါ၍ မရချေ။ အပြောင်းအလဲ တခုခုရှိသည်နှင့် သူတို့၏ ဂုဏ်သိက္ခာမှာ ပြုတ်ကျသွားပေမည်။

မိနစ်အနည်းငယ်အတွင်း ဘေးတွင်ရပ်ကာ ပျော်ပျော်ကြီး ပွဲကြည့်နေတဲ့ ဟော့ရှီးဖန်တွေမှာ ဟော့ရှီး၏ Weibo ရုတ်တရက် မီးစိမ်းလာသည်ကို သတိထားမိလိုက်သည်။

Weibo အသုံးပြုရန် စပရှယ်လက်ထောက် ထားရှိသည့် တခြားသော နာမည်ကျော်များနဲ့မတူစွာ ဟော့ရှီးက Weibo သုံးခဲသည်။ ရံဖန်ရံခါမှသာ သူ၏ မူရင်းကြော်ငြာပုံအချို့ကို တင်လေ့ရှိသည်။ သူ စိတ်အခြေအနေကောင်းနေသောအခါများတွင်မူ သူက ဆယ်လ်ဖီပုံ တင်မည်ဖြစ်ပြီး ဒီဖြစ်ရပ်က သူ့ဖန်များကို နှစ်ဝက်လောက် ပျော်ရွှင်စေနိုင်သည်။

ထိုအချိန်ခဏတွင် ရှန့်ချောင်၏ စာချုပ်ဖျက်သိမ်းမှုသတင်းမှာ စကရင်အပြည့် နေရာယူထားသည်။ ဆန့်ကျင်ဘက်မိသားစုအနေဖြင့် ရှီးကွမ်းအားလုံးက ရှုပ်ထွေးတဲ့ ခံစားချက်ဖြင့် ဖရုံစေ့ကိုက်နေကြသည်။

သူမက သနားစရာကောင်းလား? သူမက တကယ်ကို သနားစရာဖြစ်သည်။ သို့သော် သူမကို ကိုယ်ချင်းစာစကားဆိုရမည်လျှင်မူ သူတို့က နှစ်ပေါင်းများစွာ ရှန့်ချောင်ကို ဆူဆဲလာသူများဖြစ်သည်။ သူမက သူတို့အမုန်းဆုံးသူဖြစ်ကာ ဒီခံစားချက်ကို ခဏအတွင်း မပြောင်းလဲနိုင်ပေ။

ထိုမျှသာမကသေး။ ရှင်းယောင်မီဒီယာမှ ဌားရမ်းထားသည့် ရေတပ်နှင့် Anti fan များက တစ်ဖက်နှင့်တဖက် အပြိုင်အဆိုင် အပြစ်ကင်းကြောင်း ဆိုနေကြသည်။

ထို့ကြောင့် အရေးပါသည့် ခေါင်းဆောင်ဖန်တစ်ဦးက တင်းတင်းကျပ်ကျပ်သတိပေးလာသည်။

'နင်တို့ရဲ့ အဓိပ္ပါယ်မရှိတဲ့ ကိုယ်ချင်းစာစိတ်ကို ဘေးဖယ်ထား၊ သူတော်စင်ဖြစ်ချင်ရင် ဟော့ရှီးရဲ့ ပရိသတ်လာမလုပ်နဲ့'

ရှီးကွမ်းအားလုံးက တွေးတောလိုက်ကာ အနည်းငယ်မျှသော ကိုယ်ချင်းစာစိတ်မှာ ပျောက်ကွယ်သွားသည်။

ထိုအချိန်၌ ဟော့ရှီး မီးစိမ်းနေသည်ကို မြင်လိုက်ရခြင်းက ပရိသတ်အားလုံးကို မကောင်းသည့် စိတ်ခံစားချက် ဖြစ်ပေါ်သွားစေသည်။

[မလုပ်နဲ့ ပေါင်ပေ့?]

[ငါတွေးသလို မလုပ်ပါနဲ့]

[ရပ်လိုက်!!]

[ရှင် အွန်လိုင်းတက်တာ ဒီအတိုင်း ဖရုံစေ့လာကိုက်တာလို့ ကတိပေးပါ]

တစ်မိနစ်အကြာတွင်် ဟော့ရှီးက ရှန့်ချောင်၏ စာချုပ်ဖျက်သိမ်းခြင်း ကြေငြာချက်ကို ပြန်တင်ကာ

@Huo Xi; စာချုပ်ဖျက်သိမ်းဖို့ ထောက်ခံတယ်! ကြိုးစားထား!

ရှီးကွမ်းအားလုံး ငိုကြတော့သည်။

[ငါတို့ရဲ့ အချစ်ကလေးက ကြင်နာတတ်လွန်းတယ်၊ ဘုရားရေ ဒီလို ကြင်နာတတ်တဲ့သူမျိုး ငါ ဘယ်မှာ သွားရှာရမလဲ? ရှန့်ချောင်ဆီက အကြိမ်ပေါင်းများစွာ ဒုက္ခပေးခံရတာတောင် သူ(မ) ဒုက္ခရောက်တော့ သူက ကူညီတုန်းပဲ၊ ဒီလို စိတ်ထားကောင်းတဲ့ အိန်ဂျယ် ဘယ်က ရောက်လာတာလဲ?]

သူတို့ ဒေါသထွက်ကာ ငိုကြွေးပြီး မကျေနပ်သည့်တိုင်အောင် သူတို့ရဲ့ ချစ်ရသည့် အိုင်ဒေါလ်ကိုတော့ အလိုလိုက်ရဦးမည်မလား။ သူတို့အိုင်ဒေါလ်က သူ့ရပ်တည်ချက်ကို ဖော်ပြမှတော့ သူတို့က မထောက်ခံပဲ နေလို့ ရမလား?

ထို့ကြောင့် ရှီးကွမ်းအားလုံး ထောက်ခံကြတော့သည်။ ဒါက အင်တာတိန်းမန့်လောကရဲ့ နာမည်ကြီး စာရင်းဇယားတွေကို ချုပ်ကိုင်ထားနိုင်သည့် လူဖြစ်သည်။ ဒီလှုပ်ခတ်မှုက နောက်ထပ် ရှုပ်ထွေးမှုကို ဖြစ်ပေါ်သွားစေကာ Weibo ၏ ပရိုဂရမ်ထိန်းသိမ်းသူများခမျာ ငိုချင်စိတ်ပေါက်သွားသည်။

အင်တာနက်အသုံးပြုသူများပင် ကိုက်နေသည့် ဖရုံစေ့ ပြုတ်ကျသည်အထိ။

ရှန့်ချောင်က ဟော့ရှီးကို သုံးပြီး CP ဖန်တီးဖို့ ကြိုးစားနေသည်မှာ လူအများသိနှင့်ပြီးဖြစ်သည်။ ဒီရှင်းထုတ်မရနိုင်တဲ့ ကပ်ပါးကောင်နှင့်ပတ်သက်ပြီး ဟော့ရှီးအဖွဲ့က မည်မျှ ရွံရှာနေသည်မှာ လူတိုင်းသိသည်။ ထို့အပြင် သူတို့က တူညီတဲ့ အေဂျင်စီမှ ဖြစ်သည်။

မင်း ရှန့်ချောင်ကို ထောက်ခံရင် ဒါက မင်းရဲ့ အေဂျင်စီကို ဆန့်ကျင်နေတာ မဟုတ်ဘူးလား? သူမကို ကူညီစရာ အကြောင်းကို မရှိချေ။

ထပ်ပေါင်းဆိုရရင် ဒီနှစ်တွေအတွင်း ရှန့်ချောင်နှင့် ဟော့ရှီး ထိပ်တိုက်ဆက်သွယ်သည်မှာ ဒါက ပထမဆုံးအကြိမ်ဖြစ်သည်။

ဘာတွေ ဖြစ်ကုန်တာလဲ?

အင်တာတိန်းမန့်အသိုင်းအဝိုင်းကား ရှုပ်ထွေးပွေလီလှသည်။

****
Note

ရှီးကွမ်း - ဟော့ရှီးရဲ့ fandom နာမည်ပါ။ ကွမ်း(光) ရဲ့ အဓိပ္ပါယ်က အလင်းရောင်ပါ။ ရှီးကွမ်း - ဟော့ရှီးရဲ့ အလင်းရောင်။

ဖရုံစေ့ကိုက်တယ် - ပေါက်ပေါက်ဆုပ်စားတယ်ဆိုတာနဲ့ တူတူပါပဲ။ ပွဲကြည့်တာပေါ့။

****
ဖန်ခေါင်းဆောင်လေးခမျာ မင်းတို့ ကိုယ်ချင်းစာစိတ်တွေ ဘေးဖယ်ထား၊ သူတော်စင်မလုပ်နဲ့ ပြောရုံရှိသေး။ ဟော့ရှီးက ထောက်ခံချပလိုက်တာ 😆😆

****








{Zawgyi}

အပိုင္း ၁၁ | @Huo Xi : စာခ်ဳပ္ဖ်က္သိမ္းဖို႔ ေထာက္ခံျခင္း။

အားကစား႐ုံထဲတြင္ ေဟာ့ရွီးက အကသမားမ်ားႏွင့္အတူ ေနာက္ဆုံးအဆင့္ အကတိုက္ေနသည္။ ရွန့္ေခ်ာင္၏ Weibo ကို သူ႔မန္ေနဂ်ာ ပိုင္ေကာက သူ႔ဖုန္းေပၚတြင္ ယူလာျပျခင္းျဖစ္သည္။

အမွန္အားျဖင့္ စာခ်ဳပ္ပါအေၾကာင္းအရာကို သူသိၿပီးျဖစ္သည္။ ပိုင္ေကာက ရွင္းေယာင္မီဒီယာ၏ စီနီယာ မန္ေနဂ်ာတစ္ဦးျဖစ္ကာ ဒီလိုကိစၥမ်ိဳးကို သူ႔ထံမွ ေကာင္းေမလင္ ဖုံးကြယ္၍ မရေပ။ ထိုအခ်ိန္က ရွန့္ေခ်ာင္ကို တုံးအလြန္းသည္ဟု သူတို႔ထင္ျမင္ခဲ့ကာ ေကာင္းေမလင္ထံမွ မညီမၽွသည့္ စာခ်ဳပ္ကို လက္မွတ္ထိုးရန္ ေသြးေဆာင္စည္း႐ုံးခံရသည္ဟုသာ ေတြးခဲ့သည္။

ယခု Weibo ထံ ၾကည့္ခ်ိန္မွသာ သူမက မတရားေသာ နည္းလမ္းျဖင့္ အက်ပ္ကိုင္ခံခဲ့ရျခင္း။

ဘယ္လို မတရားေသာ နည္းလမ္းလဲ? ဘာနဲ႔လဲ?

ပိုင္ေကာက

"သူက တုံးလြန္းတယ္လို႔ ငါ ခဏခဏေျပာဖူးေပမဲ့ သူ႔မွာ ဒီလို သတၱိမ်ိဳးရွိမယ္လို႔ မထင္ထားဘူး၊ သူတို႔နဲ႔ တဲ့တိုး ရင္ဆိုင္ခ်လိုက္တာပဲ၊ လက္မွတ္ထိုးတာနဲ႔ ပတ္သက္ၿပီး ေကာင္းေမလင္ခ်ဳပ္ကိုင္ထားတာ ရွိမွာ သိသာေနတာ၊ ဒီေကာင္မေလး ဒီလို ထိပ္တိုက္ေတြ႕ရဲတာ အရင္က မသိခဲ့ဘူး"

ေဟာ့ရွီး အခ်ိန္အေတာ္ၾကာ Weibo ကို စိုက္ၾကည့္ေနၿပီးေနာက္ သူ႔ဖုန္းကို ထုတ္ယူလိုက္သည္။

ပိုင္ေကာ စိတ္ထဲ သတိေပးေခါင္းေလာင္းသံ ဆူညံသြားသည္။

"မင္း ဘာလုပ္မလို႔လဲ?"

"ကၽြန္ေတာ္ Wechat message ပို႔ၿပီး ေမးမလို႔"

သူ စာပို႔လိုက္ကာ အခ်ိန္အၾကာႀကီး ေစာင့္ေနေသာ္လည္း ရွန့္ေခ်ာင္ စာျပန္မလာေပ။ တာဝန္က် ဝန္ထမ္းက သူ႔ထံ လွမ္းေမးလာသည္။

"LED မီးကို အျဖဴေရာင္သုံးလို႔ အဆင္ေျပမလား?"

သူ႔ ဖုန္း contact list ထဲ ဝင္လိုက္ၿပီးေနာက္ ျပန္ေျဖသည္။

"ေန႔လည္မွ ဆက္ေျပာရေအာင္"

သူဖုန္းေခၚလိုက္ၿပီး အခ်ိန္အေတာ္ၾကာ ဖုန္းျမည္ေနၿပီးမွ တစ္စုံတစ္ေယာက္က ဖုန္းကိုင္လာသည္။ သူမေလသံက ဘာမွမျဖစ္ထားသလိုမ်ိဳး၊ သူမကို သူေတြ႕ခ်ိန္တိုင္း ႏူးညံ့တဲ့ ေပ်ာ္ရြင္မွုတို႔ ျပည့္လၽွမ္းဟန္ျဖင့္

"ေဟာ့ရွီး!"

သူ ခဏမၽွ တိတ္ဆိတ္သြားၿပီး ခပ္တိုးတိုးေမးလိုက္သည္။

"မင္း ဘယ္လိုေနလဲ?"

သူမက အျပဳံးႏွင့္ ျပန္ေျဖသည္။

"ေကာင္းပါတယ္၊ ရွင္ ဘာလုပ္ေနတာလဲ?"

"အားကစား႐ုံထဲမွာ"

"ကၽြန္မ ပြဲေန႔ေရာက္ဖို႔ မေစာင့္နိုင္ေတာ့ဘူး!!"

ေနဦး၊ ဒါက အဓိကအေၾကာင္းအရာလား?

ေဟာ့ရွီး - "မင္းအဆင္သင့္ျဖစ္ၿပီလား? ေကာင္းေမလင္က လြယ္လြယ္နဲ႔ လက္ေလၽွာ့မွာ မဟုတ္ဘူး"

ရွန့္ေခ်ာင္ - "အျမဲတမ္း အဆင္သင့္ပဲ၊ စိတ္မပူပါနဲ႔!"

သူမေလသံက တက္ႂကြေနကာ သူ႔အေတြးလြန္မွုအေပၚ စိတ္အေႏွာင့္အယွက္ မျဖစ္နိုင္ေခ်။

ေဟာ့ရွီး ေအာက္ငုံ႔ၾကည့္လိုက္ကာ

"ဒါဆို ေကာင္းၿပီ"

အဆုံးတြင္ေတာ့ ေျပာစရာစကား မ်ားမ်ားစားစား မရွိလွပဲ သူဖုန္းခ်ဖို႔ ဟန္ျပင္လိုက္သည္။

ရွန့္ေခ်ာင္က ႐ုတ္တရက္စကားစသည္။

"ေဟာ့ရွီး၊ တကယ္လို႔..."

သူမ ခဏေစာင့္ၿပီးေနာက္ ဆက္စကားမဆိုေတာ့ေခ်။ ေဟာ့ရွီးက

"တကယ္လို႔ ဘာျဖစ္လဲ?..."

အခ်ိန္ခဏၾကာမွသာ သူမရဲ့ ခပ္တိုးတိုးေလသံကို သူၾကားလိုက္သည္။

"ကၽြန္မက တခုခုဆိုးသြမ္းေနရင္ ရွင္... ရွင္ ကၽြန္မကို မုန္းသြားမွာလား?"

"ဆိုးသြမ္းေနတယ္ဆိုတာက ဘာလဲ?"

နားၾကပ္ထဲတြင္ ခပ္ေဖ်ာ့ေဖ်ာ့အသက္ရွူသံကို ၾကားေနရသည္။ ခဏမၽွ သူမ ျပဳံးလိုက္ရင္း ဆိုသည္။

"ဘာမွမဟုတ္ေတာ့ဘူး၊ အလုပ္လုပ္ေတာ့ေလ၊ စိတ္ပူေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္၊ ကၽြန္မ အရမ္းေပ်ာ္တယ္"

ေနာက္ဆုံးတြင္ သူမေလသံမွာ ေပ်ာ္ရႊင္မွုတို႔ႏွင့္ ျပည့္ႏွက္မေနေတာ့ပဲ ေလေလၽွာ့သြားတဲ့ ပူေဖာင္းတလုံးလို ႏြမ္းေဖ်ာ့လ်က္။

မွိတ္က်သြားတဲ့ စကရင္ကို သူစိုက္ၾကည့္ရင္း မ်က္ေမွာင္ၾကဳတ္လိုက္သည္။

ဖုန္းခ်လိုက္ၿပီးေနာက္ ရွန့္ေခ်ာင္ သူမမ်က္ႏွာကို တဖတ္ဖတ္ရိုက္ကာ အားေပးလိုက္ၿပီးေနာက္ သူမ၏ ကိုးေယာက္ဖန္ဂ႐ုထဲဝင္ကာ ႏွစ္သိမ့္အားေပးလိုက္သည္။ သူတို႔အားလုံးက စစ္မွန္ေသာ ပရိတ္သတ္မ်ားျဖစ္သည္။ သူတို႔အိုင္ေဒါလ္ ဤမၽွ အေျခအေနအထိ ႏွစ္ေပါင္းမ်ားစြာ ဆိုးဆိုးရြားရြား အနိုင္က်င့္ခံရသည္ကို ျမင္ၿပီးေနာက္ သူတို႔ ေဒါသကို ထုတ္ေဖာ္ျပလာကာ ရွင္းေယာင္မီဒီယာ တည္ရွိရာ အေဆာက္အအုံကိုပင္ ဗုံးခြဲပစ္ဖို႔ ဆိုလာသည္။

ဝမ္းက်ီက ဒီအေၾကာင္းကို ေစာသိခဲ့သည့္တိုင္ စာခ်ဳပ္ဖ်က္သိမ္းဖို႔ ရွန့္ေခ်ာင္ တရားဝင္ ေတာင္းဆိုသည္ႏွင့္ေတာ့ ကြာျခားေပသည္။ သူ႔ဘဝတစ္ေလၽွာက္လုံး ရွင္းေယာင္မီဒီယာႏွင့္ ေကာင္းေမလင္ကို မုန္းတီးသြားမည္ျဖစ္ေၾကာင္း စတင္ေျပာဆိုေတာ့သည္။

ရွန့္ေခ်ာင္ သေဘာတက် ရယ္ေမာလိုက္ကာ စိတ္လွုပ္ရွားသြားရၿပီးေနာက္ တစ္ေယာက္ၿပီးတစ္ေယာက္ကို စိတ္ခ်ရန္ ႏွစ္သိမ့္လိုက္ကာ ႀကိဳတင္ျပင္ဆင္ရမည္မ်ားကို တာဝန္ခြဲေဝေပးသည္။

"ကြန္မန့္ေတြကို ထိန္းခ်ဳပ္တာက အေရးအႀကီးဆုံး ကိစၥပဲ၊ ေၾကာ္ျငာအေကာင့္ေတြနဲ႔ သတင္းမီဒီယာအေကာင့္ေတြေအာက္က ကြန္မန့္ေတြကို ေသခ်ာ ထိန္းခ်ဳပ္ထားရမယ္၊ Anti ေတြရဲ့ ကြန္မန့္ကိုလည္း အခ်ိန္မွီ ရီပို႔တင္ရမယ္၊ ေနာက္တခုက ငါတို႔က အမွန္တကယ္ကို သနားစရာေကာင္းတာအမွန္ပဲ၊ ဘယ္သူကမွ ငါတို႔ေလာက္ မဆိုးရြားနိုင္ေတာ့ဘူး၊ ဒါေပမဲ့ ငါတို႔ စိတ္အားငယ္စရာမလိုဘူး၊ ငါတို႔ ေသခ်ာတဲ့ ေျဖရွင္းနည္းပဲ လိုတယ္"

သူမက hot topic ျဖစ္နိုင္မည့္ စာရင္းကို ထုတ္ေပးလာသည္။

-ဖိႏွိပ္တာရပ္ဖို႔ ရွင္းေယာင္မီဒီယာကို ေတာင္းဆိုၿပီး စာခ်ဳပ္ခ်က္ခ်င္းဖ်က္သိမ္းဖို႔ ေတာင္းဆို

-ရွန့္ေခ်ာင္၊ သမိုင္းတြင္ သနားစရာအေကာင္းဆုံးေသာ မင္းသမီး

-ငါတို႔ရွန့္ေခ်ာင္ကို ျပန္ေပးဖို႔ နင့္ကို ငါ ယြမ္ 20000 ေပးမယ္

-ရွင္းေယာင္မီဒီယာရဲ့စာခ်ဳပ္က အႏုပညာအသိုင္းအဝိုင္းတခုလုံးကို တုန္လွုပ္သြားေစ

.....

"ေခါင္းစဥ္ေတြကို ထိပ္ဆုံးေရာက္ေအာင္လုပ္၊ ရွင္းေယာင္မီဒီယာက သူတို႔ရဲ့ PR ဌာနကေန ပိုက္ဆံသုံးၿပီး ျဖဳတ္ခ်မွာပဲ၊ သူတို႔ တခုကို ျဖဳတ္ခ်တာနဲ႔ ေနာက္တခု ထပ္တက္ေအာင္ လုပ္မယ္၊ သူတို႔မွာ ပိုက္ဆံအမ်ားႀကီးရွိတာပဲ၊ သူတို႔ ဒီေလာက္ႏွစ္အမ်ားႀကီး ေခ်ာင္ေခ်ာင္ဆီက ေငြညႇစ္ထားတာ အကုန္ျပန္ယူရမယ္"

ေခါင္းစဥ္ကို နာမည္ႀကီးေအာင္ လုပ္သည္ျဖစ္ေစ၊ တစ္စုံတစ္ေယာက္ကို နာမည္ဖ်က္ၿပီး သတင္းထိပ္ဆုံးဆီ ေရာက္ေအာင္လုပ္သည့္ေနရာတြင္ျဖစ္ေစ ရွန့္ေခ်ာင္မွာ ဖန္ေလာကထဲ ႏွစ္ေပါင္းမ်ားစြာ က်င္လည္ၿပီးေနာက္ ပထမတန္းစားျဖစ္လာသည္။ ကိုးေယာက္အဖြဲ႕မွာ ဆက္တိုက္တုံ႔ျပန္သေဘာတူလာသည္။ ဝမ္းက်ီကို hacker အေနျဖင့္ ရထားျခင္းက ပရိသတ္အင္အားမေတာင့္တင္းသည့္တိုင္ ေခါင္းစဥ္ေတြကို ထိပ္ဆုံးေရာက္ေစဖို႔ မခဲယဥ္းလွ။ ထိုမၽွသာမက ဒီျပႆနာက အင္တာနက္ေလာကတခုလုံး၏ စိတ္ဝင္စားမွုကို ရရွိထားသည္။ ေခါင္းစဥ္တခု တက္လာသည္ႏွင့္ ျဖတ္သြားျဖတ္လာမ်ားထံမွ ဝင္ၾကည့္ႏွုန္းက အဆမတန္ျမင့္တက္လာသည္။

ရွန့္ေခ်ာင္ခမ်ာ ႀကိဳးစားပမ္းစားလုပ္ရလြန္းသျဖင့္ သူမ ဖန္အဖြဲ႕၏ CEO ပင္ျဖစ္နိုင္သည္ဟု ထင္မွတ္လာသည္။ ထိုအခ်ိန္တြင္ ေကာင္းေမလင္ထံမွ ဖုန္းဝင္လာသည္။

ဒီအခ်ိန္တြင္ ဘာေၾကာင့္ ဖုန္းေခၚလာမွန္း ရွန့္ေခ်ာင္ ေသခ်ာေပါက္သိေပသည္။ ဖုန္းေျဖရင္း ျပဳံးလိုက္ကာ

"ဟဲလို အစ္မေကာင္း၊ ဘာကိစၥရွိလို႔လဲ?"

ေကာင္းေမလင္က ယမ္းကုန္မီးက် ေဒါသထြက္ေနသည္။

"ရွန့္ေခ်ာင္၊ နင္ ဘာလုပ္လိုက္တာလဲ?!"

"ဘာလုပ္လို႔လဲ?"

သူမ WeChat ကို ဖြင့္လိုက္ကာ Screenshot တခုကို ကူးယူလိုက္သည္။

ေကာင္းေမလင္က ေဒါသထြက္ေနဆဲ။

"နင္ မူရင္းပုံေတြကို ဖ်က္ပစ္လိုက္တာလား? နင္ ဘယ္လိုလုပ္လိုက္တာလဲ?"

"ဒါ ရွင္နဲ႔ မဆိုင္ပါဘူး"

သူမ ေကာင္းေမလင္ထံ စကားေျပာမွတ္တမ္း screenshot ၂ခု ေပးပို႔လိုက္သည္။

"အစ္မေကာင္း၊ ကၽြန္မ ဓါတ္ပုံႏွစ္ပုံပို႔လိုက္တယ္၊ တခ်က္ၾကည့္ၾကည့္ပါဦး"

ဖုန္းထဲမွ ပုံမမွန္တဲ့ အသက္ရွူသံကို ၾကားလိုက္ရကာ ႏွစ္ဖက္လုံးမွ အခ်ိန္အေတာ္ၾကာထိ စကားမေျပာလာေပ။

သူမေၾကာင့္ ေကာင္းေမလင္ ေသြးတိုးသြားသည္ဟုပင္ ရွန့္ေခ်ာင္ သံသယဝင္လာသည္။

အခ်ိန္အေတာ္ၾကာ ေစာင့္ဆိုင္းၿပီးခ်ိန္မွ တဖက္မွ အျပဳံးျဖင့္ ဆိုသံကို ၾကားလိုက္သည္။

"ငါ နင့္ကို အထင္ေသးမိလိုက္တာပဲ၊ နင္က အေတာ္ေလး သန္မာသား၊ နင္က ယုန္ျဖဴေလးတစ္ေကာင္လို႔ ငါထင္ထားတာ၊ ၾကည့္ရတာ ငါက က်ားေမြးထားမိတာပဲ"

"ခ်ီးက်ဴးတာ မခံယူရဲပါဘူး၊ ကၽြန္မက ယုန္ျဖဴေလးျဖစ္ေနဆဲေပမဲ့ စိတ္ဆိုးလာတဲ့အခါ ယုန္ငယ္ကလည္း ကိုက္တတ္ပါတယ္"

ေကာင္းေမလင္က ေလွာင္ရယ္သည္။

"နင္ မူရင္းပုံေတြ ဖ်က္လိုက္႐ုံနဲ႔ ငါ့ဆီမွာ print ထုတ္ထားတာ မရွိဘူးထင္ေနလား?"

ရွန့္ေခ်ာင္ ဂ႐ုမစိုက္ေခ်။

"အဲ့ေတာ့ ဘာျဖစ္လဲ? ရွင္က အဝတ္မဲ့ပုံေတြ ျဖန့္ၿပီး ကၽြန္မက မွတ္တမ္းေတြ ျဖန့္႐ုံေပါ့၊ ဘယ္သူကမ်ား ဒါမ်ိဳး မၾကဳံဖူးလို႔လဲ?"

သူမ ရွန့္ေခ်ာင္ကို လုံးဝ မထိန္းခ်ဳပ္နိုင္ေတာ့မွန္း ေကာင္းေမလင္ နားလည္သြားသည္။

ဒီတခ်ိန္လုံး သူမ၏ အႏွိမ္ခံ၊ အနိုင္က်င့္ခံ၊ အထိန္းခ်ဳပ္ခံေနရသည့္ အႏုပညာရွင္က မထင္မွတ္ပဲ သူမထိန္းခ်ဳပ္မွုေအာက္မွ လြတ္ထြက္သြားေလၿပီ။

စကားဆက္ေျပာရန္မလိုေတာ့သည္မို႔ ေကာင္းေမလင္ ေဒါသတႀကီး ဖုန္းခ်သြားသည္။ ျပန္လွည့္လာခ်ိန္တြင္ ကုမၸဏီ အႀကီးအကဲက သူမကို မ်က္ေထာင့္နီျဖင့္ စိုက္ၾကည့္ေနသည္။

"မင္းေျပာေတာ့ နည္းလမ္းရွိတယ္ဆို? အခု ဒီလို ကိစၥႀကီးလုပ္ၿပီးေတာ့မွ မင္းဘယ္လိုေျဖရွင္းမလဲ ငါၾကည့္မယ္"

ေကာင္းေမလင္ အံႀကိတ္လိုက္သည္။

"ဒါက စာခ်ဳပ္တစ္ေစာင္ပဲေလ၊ ဒီႏွစ္ေတြအတြင္း သူ လုပ္လာတဲ့ အမဲစက္ေတြကို ေဖ်ာက္နိုင္မွာတဲ့လား? လူထုက ဘယ္ဘက္ပါမလဲ ကၽြန္မတို႔ မသိေသးဘူး၊ အစည္းအေဝးအရင္ေခၚရေအာင္"

ေကာင္းေမလင္ႏွင့္ ဖုန္းခ်ၿပီးေနာက္ ရွန့္ေခ်ာင္၏ စိတ္ခံစားခ်က္မွာ အျမင့္ဆုံးသို႔ ေရာက္ရွိသြားသည္။

ဒီခံစားခ်က္က သိပ္ေကာင္းတာပဲ!!!

သူမဖုန္းထံ ျပန္ငုံ႔ၾကည့္လိုက္ခ်ိန္တြင္ သတင္းအားလုံးမွာ သူမ၏ စာခ်ဳပ္ဖ်က္သိမ္းသည့္ကိစၥအေၾကာင္းသာ ျဖစ္ကာ Weibo ရွိ ေဆြးေႏြးမွုမ်ားမွာ အပူတျပင္း။ အင္တာနက္အသုံးျပဳသူ အမ်ားစုမွာ သူမကို ကိုယ္ခ်င္းစာေနဆဲ။ ရွင္းေယာင္မီဒီယာ၏ စာခ်ဳပ္မွာ အလြန္တရာ တရားလြန္လြန္းသည္ဟု သူတို႔ ထင္သည္။ ရွန့္ေခ်ာင္ ဒီအခ်ိန္တြင္ စာခ်ဳပ္ဖ်က္သိမ္းဖို႔ ေတာင္းဆိုသည္မွာ မလြန္ေပ။

သို႔ေသာ္ လူအခ်ိဳ႕မွာ 'တရားမဝင္နည္းလမ္း' ဟူေသာ ကိစၥကို သိခ်င္စိတ္ျပင္းျပေနကာ ထိုႏွစ္အတြင္း ျဖစ္ပ်က္ခဲ့သည့္ မည္သည့္ကိစၥရပ္က ဒီလို မညီမၽွတဲ့ စာခ်ဳပ္ကို ျဖစ္ေပၚလာေစသလဲဟု သိလိုၾကသည္။

တရားစြဲမွုအေပၚ ရွင္းေယာင္မီဒီယာက ခပ္ျမန္ျမန္တုံ႔ျပန္လာမည္ဟု သူတို႔ မေမၽွာ္လင့္ထားေပ။

@ရွင္းေယာင္မီဒီယာ; ရွင္းေယာင္မီဒီယာ၏ လက္ေအာက္တြင္ရွိေသာ Ms. ရွန့္ေခ်ာင္၏ စာခ်ဳပ္ဖ်က္သိမ္းရန္ တရားစြဲဆိုမွုႏွင့္ ပတ္သက္၍ ကုမၸဏီ၏ တရားဝင္တုံ႔ျပန္ခ်က္၊ ကုမၸဏီက အဆုံးထိ လုပ္ပိုင္ခြင့္ကို ဥပေဒအရ ကာကြယ္သြားမည္ျဖစ္သည္။ တိက်ေသာ ေၾကျငာခ်က္; ေအဂ်င္စီက တရားမဝင္နည္းလမ္းသုံးကာ Ms. ရွန့္ေခ်ာင္ လက္မွတ္ထိုးေစရန္ ဖိအားေပးခဲ့ျခင္းမရွိ၊ သတင္းအမွားျဖန့္ေဝျခင္းကို ရပ္တန္းကရပ္ရန္၊ မဟုတ္လၽွင္ တရားဥပေဒအရ အေရးယူျခင္း ခံရမည္။

တုံ႔ျပန္ေၾကျငာခ်က္ ေပၚထြက္လာသည္ႏွင့္ လူမ်ားစြာ၏ အျမင္မွာ ေျပာင္းလဲသြားသည္။

[ကုမၸဏီက တရားမဝင္နည္းလမ္းသုံးၿပီး မင္းကို ဖိအားေပး လက္မွတ္ထိုးခိုင္းတယ္ ေျပာတယ္၊ သူတို႔က ဘာနည္းလမ္းသုံးၿပီး မင္းကို ဖိအားေပးလို႔ ရမွာလဲ? အႏုပညာရွင္အသိုင္းအဝိုင္း ဒီေလာက္ႀကီးတာ၊ ဒီေလာကထဲ အႏုပညာရွင္အမ်ားႀကီးထဲကမွ မင္းတစ္ေယာက္ထဲ ဘာလို႔ အညာခံရတာလဲ?]

[နင္ အခု စာခ်ဳပ္ကို ဆြဲထုတ္လာၿပီး ရွင္းေယာင္မီဒီယာက ေငြညစ္တယ္လို႔ ေျပာတယ္၊ နင္ စာခ်ဳပ္လက္မွတ္မထိုးခင္ကတည္းက ရွင္းေယာင္မီဒီယာကို ယြမ္ ႏွစ္မီလီယံေပးစရာ ရွိေနတာလဲ ျဖစ္နိုင္တာပဲ]

[ေနာက္ၿပီး ဒီႏွစ္ေတြအတြင္း နင္ ဘယ္လို သ႐ုပ္ေဆာင္ေနခဲ့တာလဲ? ဒရာမာအဖြဲ႕ထဲက လူအားလုံး ထမင္းဘူးစားေနခ်ိန္၊ နင္ အန္ထုတ္ခဲ့ေသးတယ္မလား၊ သူမ်ားေတြ ရသစုံရွိုးထဲ ပါေနခ်ိန္ နင္ အပ်င္းထူေနတယ္၊ ေနာက္ၿပီး ေဟာ့ရွီးကို မွီၿပီး အတင္းအဖ်င္းလႊင့္ေနတာ တႏွစ္ ႏွစ္ႏွစ္လား? ဒါေတြအားလုံးကေရာ ကုမၸဏီက နင့္ကို အတင္းလုပ္ခိုင္းတာပဲလား?]

ျဖတ္သြားျဖတ္လာမ်ား၏ ရွန့္ေခ်ာင္ေပၚ အျမင္မွာ ဆိုးရြားၿပီး သူမတြင္ အမာခံပရိသတ္မရွိေပ။ ဆိုရလၽွင္ fan ထက္ anti fan က ပိုမ်ားေပဦးမည္။ ရွင္းေယာင္မီဒီယာမွ ဌားရမ္းထားတဲ့ ေရတပ္က ေခါင္းစဥ္အလွည့္အေျပာင္းကို ဆြဲေခၚသြားကာ လူထုအျမင္မွာ ႐ုတ္ခ်ည္းေျပာင္းလဲသြားသည္။

(T/N: ေရတပ္ = အေကာင့္တု)

[နင္က သနားစရာဆို ရွင္းေယာင္မီဒီယာကေရာ နင့္ထက္ ပိုသနားစရာ မေကာင္းဘူးလား?]

ရွင္းေယာင္မီဒီယာက လူကိုယ္တိုင္ ပိုက္ဆံသုံးလာသည္မို႔ ျဖတ္သြားျဖတ္လာမ်ား၏အျမင္မွာ ေရတပ္ရဲ့ ဆြဲေဆာင္မွုေၾကာင့္ ေျပာင္းလဲသြားၿပီး အနည္းစုေသာ ကိုယ္ခ်င္းစာသည့္ ကြန္မန့္မ်ားမွာ သံသယျဖင့္ နစ္ျမဳပ္ေပ်ာက္ကြယ္သြားသည္။

ထို႔ျပင္ ဒီအသိုင္းအဝိုင္းထဲတြင္ မိတ္ေဆြဟူ၍ ရွန့္ေခ်ာင္ထံတြင္ မရွိေပ။ က်ဳံးရွန္းႏွင့္ ဖုက်ီခ်င္း ပါဝင္သည့္ ရိုက္ကူးေရးအဖြဲ႕သားမ်ားမွ လြဲ၍ အနည္းစုသာ သူမအား ေထာက္ခံၾကသည္။

ဒီႏွစ္ေတြအတြင္း အြန္လိုင္းေပၚတြင္ ျငင္းခုန္မွုျဖစ္တိုင္း နာမည္ေက်ာ္ေတြခမ်ာ စိတ္တိုင္းက် တဖက္ထဲ ဝင္ပါ၍ မရေခ်။ အေျပာင္းအလဲ တခုခုရွိသည္ႏွင့္ သူတို႔၏ ဂုဏ္သိကၡာမွာ ျပဳတ္က်သြားေပမည္။

မိနစ္အနည္းငယ္အတြင္း ေဘးတြင္ရပ္ကာ ေပ်ာ္ေပ်ာ္ႀကီး ပြဲၾကည့္ေနတဲ့ ေဟာ့ရွီးဖန္ေတြမွာ ေဟာ့ရွီး၏ Weibo ႐ုတ္တရက္ မီးစိမ္းလာသည္ကို သတိထားမိလိုက္သည္။

Weibo အသုံးျပဳရန္ စပရွယ္လက္ေထာက္ ထားရွိသည့္ တျခားေသာ နာမည္ေက်ာ္မ်ားနဲ႔မတူစြာ ေဟာ့ရွီးက Weibo သုံးခဲသည္။ ရံဖန္ရံခါမွသာ သူ၏ မူရင္းေၾကာ္ျငာပုံအခ်ိဳ႕ကို တင္ေလ့ရွိသည္။ သူ စိတ္အေျခအေနေကာင္းေနေသာအခါမ်ားတြင္မူ သူက ဆယ္လ္ဖီပုံ တင္မည္ျဖစ္ၿပီး ဒီျဖစ္ရပ္က သူ႔ဖန္မ်ားကို ႏွစ္ဝက္ေလာက္ ေပ်ာ္ရႊင္ေစနိုင္သည္။

ထိုအခ်ိန္ခဏတြင္ ရွန့္ေခ်ာင္၏ စာခ်ဳပ္ဖ်က္သိမ္းမွုသတင္းမွာ စကရင္အျပည့္ ေနရာယူထားသည္။ ဆန့္က်င္ဘက္မိသားစုအေနျဖင့္ ရွီးကြမ္းအားလုံးက ရွုပ္ေထြးတဲ့ ခံစားခ်က္ျဖင့္ ဖ႐ုံေစ့ကိုက္ေနၾကသည္။

သူမက သနားစရာေကာင္းလား? သူမက တကယ္ကို သနားစရာျဖစ္သည္။ သို႔ေသာ္ သူမကို ကိုယ္ခ်င္းစာစကားဆိုရမည္လၽွင္မူ သူတို႔က ႏွစ္ေပါင္းမ်ားစြာ ရွန့္ေခ်ာင္ကို ဆူဆဲလာသူမ်ားျဖစ္သည္။ သူမက သူတို႔အမုန္းဆုံးသူျဖစ္ကာ ဒီခံစားခ်က္ကို ခဏအတြင္း မေျပာင္းလဲနိုင္ေပ။

ထိုမၽွသာမကေသး။ ရွင္းေယာင္မီဒီယာမွ ဌားရမ္းထားသည့္ ေရတပ္ႏွင့္ Anti fan မ်ားက တစ္ဖက္ႏွင့္တဖက္ အၿပိဳင္အဆိုင္ အျပစ္ကင္းေၾကာင္း ဆိုေနၾကသည္။

ထို႔ေၾကာင့္ အေရးပါသည့္ ေခါင္းေဆာင္ဖန္တစ္ဦးက တင္းတင္းက်ပ္က်ပ္သတိေပးလာသည္။

'နင္တို႔ရဲ့ အဓိပၸါယ္မရွိတဲ့ ကိုယ္ခ်င္းစာစိတ္ကို ေဘးဖယ္ထား၊ သူေတာ္စင္ျဖစ္ခ်င္ရင္ ေဟာ့ရွီးရဲ့ ပရိသတ္လာမလုပ္နဲ႔'

ရွီးကြမ္းအားလုံးက ေတြးေတာလိုက္ကာ အနည္းငယ္မၽွေသာ ကိုယ္ခ်င္းစာစိတ္မွာ ေပ်ာက္ကြယ္သြားသည္။

ထိုအခ်ိန္၌ ေဟာ့ရွီး မီးစိမ္းေနသည္ကို ျမင္လိုက္ရျခင္းက ပရိသတ္အားလုံးကို မေကာင္းသည့္ စိတ္ခံစားခ်က္ ျဖစ္ေပၚသြားေစသည္။

[မလုပ္နဲ႔ ေပါင္ေပ့?]

[ငါေတြးသလို မလုပ္ပါနဲ႔]

[ရပ္လိုက္!!]

[ရွင္ အြန္လိုင္းတက္တာ ဒီအတိုင္း ဖ႐ုံေစ့လာကိုက္တာလို႔ ကတိေပးပါ]

တစ္မိနစ္အၾကာတြင္္ ေဟာ့ရွီးက ရွန့္ေခ်ာင္၏ စာခ်ဳပ္ဖ်က္သိမ္းျခင္း ေၾကျငာခ်က္ကို ျပန္တင္ကာ

@Huo Xi; စာခ်ဳပ္ဖ်က္သိမ္းဖို႔ ေထာက္ခံတယ္! ႀကိဳးစားထား!

ရွီးကြမ္းအားလုံး ငိုၾကေတာ့သည္။

[ငါတို႔ရဲ့ အခ်စ္ကေလးက ၾကင္နာတတ္လြန္းတယ္၊ ဘုရားေရ ဒီလို ၾကင္နာတတ္တဲ့သူမ်ိဳး ငါ ဘယ္မွာ သြားရွာရမလဲ? ရွန့္ေခ်ာင္ဆီက အႀကိမ္ေပါင္းမ်ားစြာ ဒုကၡေပးခံရတာေတာင္ သူ(မ) ဒုကၡေရာက္ေတာ့ သူက ကူညီတုန္းပဲ၊ ဒီလို စိတ္ထားေကာင္းတဲ့ အိန္ဂ်ယ္ ဘယ္က ေရာက္လာတာလဲ?]

သူတို႔ ေဒါသထြက္ကာ ငိုေႂကြးၿပီး မေက်နပ္သည့္တိုင္ေအာင္ သူတို႔ရဲ့ ခ်စ္ရသည့္ အိုင္ေဒါလ္ကိုေတာ့ အလိုလိုက္ရဦးမည္မလား။ သူတို႔အိုင္ေဒါလ္က သူ႔ရပ္တည္ခ်က္ကို ေဖာ္ျပမွေတာ့ သူတို႔က မေထာက္ခံပဲ ေနလို႔ ရမလား?

ထို႔ေၾကာင့္ ရွီးကြမ္းအားလုံး ေထာက္ခံၾကေတာ့သည္။ ဒါက အင္တာတိန္းမန့္ေလာကရဲ့ နာမည္ႀကီး စာရင္းဇယားေတြကို ခ်ဳပ္ကိုင္ထားနိုင္သည့္ လူျဖစ္သည္။ ဒီလွုပ္ခတ္မွုက ေနာက္ထပ္ ရွုပ္ေထြးမွုကို ျဖစ္ေပၚသြားေစကာ Weibo ၏ ပရိုဂရမ္ထိန္းသိမ္းသူမ်ားခမ်ာ ငိုခ်င္စိတ္ေပါက္သြားသည္။

အင္တာနက္အသုံးျပဳသူမ်ားပင္ ကိုက္ေနသည့္ ဖ႐ုံေစ့ ျပဳတ္က်သည္အထိ။

ရွန့္ေခ်ာင္က ေဟာ့ရွီးကို သုံးၿပီး CP ဖန္တီးဖို႔ ႀကိဳးစားေနသည္မွာ လူအမ်ားသိႏွင့္ၿပီးျဖစ္သည္။ ဒီရွင္းထုတ္မရနိုင္တဲ့ ကပ္ပါးေကာင္ႏွင့္ပတ္သက္ၿပီး ေဟာ့ရွီးအဖြဲ႕က မည္မၽွ ရြံရွာေနသည္မွာ လူတိုင္းသိသည္။ ထို႔အျပင္ သူတို႔က တူညီတဲ့ ေအဂ်င္စီမွ ျဖစ္သည္။

မင္း ရွန့္ေခ်ာင္ကို ေထာက္ခံရင္ ဒါက မင္းရဲ့ ေအဂ်င္စီကို ဆန့္က်င္ေနတာ မဟုတ္ဘူးလား? သူမကို ကူညီစရာ အေၾကာင္းကို မရွိေခ်။

ထပ္ေပါင္းဆိုရရင္ ဒီႏွစ္ေတြအတြင္း ရွန့္ေခ်ာင္ႏွင့္ ေဟာ့ရွီး ထိပ္တိုက္ဆက္သြယ္သည္မွာ ဒါက ပထမဆုံးအႀကိမ္ျဖစ္သည္။

ဘာေတြ ျဖစ္ကုန္တာလဲ?

အင္တာတိန္းမန့္အသိုင္းအဝိုင္းကား ရွုပ္ေထြးေပြလီလွသည္။

****
Note

ရွီးကြမ္း - ေဟာ့ရွီးရဲ့ fandom နာမည္ပါ။ ကြမ္း(光) ရဲ့ အဓိပၸါယ္က အလင္းေရာင္ပါ။ ရွီးကြမ္း - ေဟာ့ရွီးရဲ့ အလင္းေရာင္။

ဖ႐ုံေစ့ကိုက္တယ္ - ေပါက္ေပါက္ဆုပ္စားတယ္ဆိုတာနဲ႔ တူတူပါပဲ။ ပြဲၾကည့္တာေပါ့။

****
ဖန္ေခါင္းေဆာင္ေလးခမ်ာ မင္းတို႔ ကိုယ္ခ်င္းစာစိတ္ေတြ ေဘးဖယ္ထား၊ သူေတာ္စင္မလုပ္နဲ႔ ေျပာ႐ုံရွိေသး။ ေဟာ့ရွီးက ေထာက္ခံခ်ပလိုက္တာ 😆😆

****

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

289K 4.3K 39
The class of 1-A were randomly sitting in the common space of their dorms until their teachers and the schools avid inventor Hatsume came into the ro...
2.6M 150K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
23.3K 1.1K 10
Tay and New have been married for years and they try to figure out how to change their dynamic once they discover they're expecting. Oh! Did I mentio...
88.6K 2.3K 71
Akina Uchiha, the little sister of Itachi Uchiha, was known for her open and cheerful nature. There was hardly anyone in the Uchiha clan who behaved...