အပိုင်း (၁၃၀) လောကကြီးပြောင်းလဲမှုတွေစလာပြီ
အပြန်လမ်းတွင် ကျန်းလော့သည် ဤမျှလွယ်လွယ်နှင့် ပြီးသွားမှန်း မယုံနိုင်သေးပေ။ ကျားဂူနှင့် လေးလံသော အရာများသည် အလွန်ရိုးရှင်းစွာ အပြီးသတ်သွားပြီး ကျန်းလော့ကို အလွန်ထူးဆန်းစွာ အမှန်တကယ်မဟုတ်သလို ခံစားနေရသည်။
သို့သော် လျန်ချင်းနှင့် လျန်ပင်းတို့ ညီအစ်ကိုနှစ်ယောက်ကတော့ မတူပါချေ အလွန်ပျော်ရွှင်နေကြပြီး မျက်ရည်များကျကာ ပျော်လွန်းလို့ ခေါင်းကိုက်သည်ဆိုသည့် အထူးအဆန်းများပင် ပြောနေကြပါသေးသည်။
သူတို့သုံးယောက်သည် ချီအိမ်တော်သို့ ပြန်လာပြီး လျန်ရွှီနှင့် လိရှောင်းတို့ကို ရှာရန် အမြန်သွားကြတော့သည်။
သူတို့ပြန်ရောက်သောအခါ လျန်ရွှီတို့နှစ်ယောက်သည် အမြန်ရောက်လာပြီး ကျန်းလော့ကို မြင်သောအခါ မျက်လုံးများလက်လာပြီး
"အစ်ကိုကြီး"
ကျန်းလော့က ပြောသည်ၑ။
"အနောက်ဘက်ဂူထဲကို သွားပြီး ပြောရအောင်"
သူတို့သည် ကျောက်ဂူထဲတွင် ပုန်းနေကြပြီး ကျန်းလော့ဆီမှ မကောင်းဆိုးဝါးကိုသတ်ခဲ့ပြီဆိုသည့်အကြောင်းနှင့် သူတို့ထွက်သွားနိုင်တော့မည်ဆိုသည့် အကြောင်းကို ကြားသောအခါ လျန်ရွှီသည် အပျော်လွန်သွားသည်။
"ဒါဆို ငါးနာရီအတွင်း ညီမတို့ ထွက်သွားနိုင်တော့မှာပေါ့နော်"
ကျန်းလော့က ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်"
လူတိုင်းသည် ဝမ်းသာနေပြီး သူတို့သည် အကြာကြီးပျောက်ဆုံးနေသော ပျော်ရွှင်ပေါ့ပါးသော အမူအယာများ ပေါ်လာကြသည်။ သို့သော် လျန်ရွှီသည် ခနလောက်ပြုံးလိုက်ပြီး ရုတ်တရက် ကျန်းလော့ကို ကြည့်လိုက်ကာ တွေဝေစွာမေးလိုက်သည်။
"အစ်ကိုကြီးက မပျော်ဘူးလား"
"ပျော်တာပေါ့ မှန်လောကထဲက ထွက်သွားရတော့မှာပါဆို "
ကျန်းလော့သည် အပြုံးမှိန်မှိန်ပြုံး၍
"ဒါပေမဲ့ အမြဲတမ်းတစ်ခုခုမှားနေတဲ့ ခံစားချက်ကြီး ရနေတယ်"
လျန်ရွှီက ပြောသည်။
"ဘာမှားလို့လဲ"
ကျန်းလော့သည် သူ့လက်ထဲမှ အနက်ရောင်ဝတ်စုံကို ကြည့်၍
"တော်တော်ကြီး လွယ်နေလို့ကွာ"
"ဒါပေမဲ့ ဒီကထွက်ရတော့မှာဆိုတော့ ကောင်းတဲ့ကိစ္စပါ အစ်ကိုကြီးရယ်"
လျန်ရွှီသည် ချောင်းဆိုးလိုက်ပြီး သူမျမျက်နှာသည် သွေးမရှိသလို အနည်းငယ် ဖြူဖျော့နေကာ
"ညီမနေ့ရောညရော မနားရသေးဘူး မနေ့ညက အအေးမိသွားပြန်ပြီ ပြီးတော့လဲ ဒီနေ့ကြောက်စရာကိစ္စကြီးကြုံပြီး ခေါင်းကိုက်လာသေးတယ်"
ကျန်းလော့ကတော့ လျန်ရွှီတကယ် အအေးမိတာ မဟုတ်လောက်ဘူးပဲ ထင်သည်။
"စံအိမ်မှာတုန်းထဲက အဖျားနည်းနည်းရှိနေတာမလား ဒီလိုရုပ်ပိုင်းဆိုင်ရာ မကြံ့ခိုင်တာ မကောင်းဘူး လျန်ရွှီ မင်းပြန်ရောက်ရင် လေ့ကျင့်ခန်းလုပ်သင့်တယ်နော်"
လျန်ရွှီ၏ မျက်လုံးထောင့်များသည် လခြမ်းကွေးသဏ္ဍာန် ကွေးတက်သွားပြီး
"ညီမလဲ အဲ့လိုလုပ်ဖို့တွေးထားပါတယ် အစ်ကိုကြီး"
"ဒါဆို တို့တွေ ဒီလောကထဲက ထွက်ပြီးရင် ဘယ်တော့မှ ပြန်မလာရတော့ဘူးမလား"
လိရှောင်းသည် သောကရောက်ထိတ်လန့်စွာ မေးလိုက်သည်၊၊ လျန်ချင်းက အားတက်သရောပြောလိုက်သည်၊
"ဒါပေါ့ ဒီမှန်လောကကြီးက ပြိုကွဲသွားမှာ ပြီးရင် ကျွန်တော်တို့ ဒီစိတ်ပျက်စရာလောကကြီးထဲ ဘယ်တော့မှ ပြန်လာစရာမလိုတော့ဘူး"
လိရှောင်းသည် လုံးဝကြီး စိတ်သက်သာရာရသွားကာ တီးတိုးရေရွတ်လိုက်သည်။
"ကောင်းတယ် ကောင်းတယ် ............."
ဂူအပြင်ဘက်တွင် ဖြစ်သည်။
မည်သူမျှ မမြင်နိုင်သော အမှောင်ထဲတွင် ချီယုံသည် မတ်တပ်ရပ်နေပြီး ဘာမှနားမလည်သော မျက်နှာထားဖြင့် ဂူထဲမှသူများ ပြောသမျှကို နားထောင်နေသည်။
မှန်ထဲက လောက ပြိုကျနေပြီ ထွက်သွားကြမယ်
ချီယုံသည် ဉာဏ်ကောင်းသည့်သူဖြစ်သောကြောင့် သူတို့စကားများ၏ ဆိုလိုရင်းကို ချက်ချင်းသဘောပေါက်သွားသည်။
သူ့အတွေးထဲတွင် ဤလောကကြီးသည် အမှားအယွင်းမရှိ စစ်မှန်သည်။ ထိုသို့သော အစစ်အမှန်လောကကြီးကို သူတို့က မှန်ထဲမှ လောကအတုအဖြစ် ဖော်ထုတ်လိုက်ကြသည်။
မှန်ထဲမှလောကဆိုတာ ဘာကိုပြောသည်မှန်း သူကောင်းကောင်းနားလည်သည် ။ သို့ဆိုလျှင်တောင် သူ့လောကသည် မှန်လောကဖြစ်နေခြင်းက သူ့ကို အလွန်တုန်လှုပ်သွားစေသည်။
သို့သော် ချီယုံသည် မြန်မြန်ဆန်ဆန် စိတ်ငြိမ်သွားကာ အံ့ဩစရာကောင်းလောက်အောင် သူ့ကိုယ်သူတည်ငြိမ်အောင် လုပ်နိုင်ခဲ့သည်။
အတိတ်မှာရှိခဲ့သော အလိမ်အညာများသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး ထိုခဏတွင် ဤလောကကြီးက အတုအယောင်ပါဆိုသည့် သက်သေများဖြစ်လာကြသည်။
ချီယုံသည် ခေါင်းမော့၍ ကောင်းကင်ကြီးကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင်တော့ ကောင်းကင်ကြီးသည် မီးခိုးရောင်သမ်းနပြီး အားလုံးပုံမှန်ပဲဖြစ်နေသည်။ ပြိုကျတော့မည့် အရိပ်အယောင် လုံးဝမရှိပေ။
ပြင်းထန်သော အငြိုးအတေးနှင့် ဒေါသသည် သူ့နှလုံးသားထဲတွင် ရုတ်တရက် မြင့်တက်လာသည်။
သူသည် ဤအတုအယောင်မှန်လောကထဲမှ လူတစ်ယောက်ဖြစ်သော်လည်း ကျန်းလော့ကတော့ ဤလောကထဲမှ ထွက်သွားတော့မည်။
'ငါးနာရီကြာပြီးရင်လား'
ချီယုံ့ခေါင်းသည်အောက်ငုံ့သွားပြီး သူ့နောက်တွင် မြူနက်များသည် တခန်းလုံးနီးပါးပြည့်သွားအောင် ဖြည်းဖြည်းချင်း ပေါ်ထွက်လာနေသည်။
မြူနက်များသည် ချီယုံကို စကြဝဠာတွင်းနက်ကြီးလို နောက်မှ ငုံထားသည်မှာ မြင်သူတိုင်း ကြက်သီးတဖြန်းဖြန်းထနိုင်စရာပင် ဖြစ်သည်။
တစ္ဆေသွေးကြောများသည် ချီယုံ့နားရွက်ဘေးထိ တွားတက်လာကြသည်။
ချီယုံ၏ မျက်လုံးများသည် နက်စွေးလာကာ သူ့မျက်နှာမှ အမူအယာကို မည်သူမျှ ဖတ်၍ မရတော့ပေ။ မြူနက်များသည် သူ့ကို ခေါင်းအစခြေအဆုံး ဝါးမျိုထားကာ လူငယ်လေး၏ နဂိုချောမောမှုကို နတ်ဘုရားအဆင့်ထိ တိုးမြှင့်ပေးနေသလို ထိတ်လန့်စက်ဆုပ်ဖွယ် ကြောက်မောက်ဖွယ် မကောင်းဆိုးဝါးတစ်ကောင် အဖြစ် ပြောင်းလဲပစ်နေသည်။
ရုတ်တရက် သူ့မျက်လုံးထဲတွင် အလင်းတစ်ချက်လက်သွားသည်။ တစ်စုံတစ်ယောက်က သူ့နားနားကပ်ကာ မေးခွန်းမေးနေသလိုအသံကို ကြားလိုက်ရ၍ ဖြစ်သည်။
"မင်းဘာလုပ်ချင်တာလဲ"
"ငါ လိုချင်.............."
ချီယုံ့အသံသည် မကြားနိုင်လောက်အောင် တိုးတိမ်သွားကာ
"သူ့ကို ဒီမှာပဲ ခေါ်ထားချင်တယ်"
ကျန်းလော့ကို ငါ့ကမ္ဘာထဲကနေ သူကောင်းဖို့အတွက် ထွက်သွားခိုင်းရမယ်
ချီယုံ့မျက်လုံးထဲမှ အလင်းရောင်သည် ပိုပိုပြီး တောက်ပလာကာ တစ်ခုခုကြားခဲ့ပြန်ပြီး ရုတ်တရက် နှလုံးခုန်ရပ်သွားစေလောက်သော အပြုံးတစ်ခုပြုံးကာ ခေါင်းညိတ်လိုက်သည်။
"အား ဘယ်လောက်တောင် ကောင်းလိုက်တဲ့ နည်းလမ်းလဲကွာ"
"ကဲ စလုပ်လိုက်ကြရအောင်"
ကျန်းလော့သည် ကျောက်ဂူထဲမှ ပြန်ထွက်လာပြီး အခန်းသို့ ပြန်ရာလမ်းတွင် သူနှင့် လျန်ရွှီတို့သည် တံတားပေါ်တွင် မတ်တပ်ရပ်နေသော ချီယုံ့ကို တွေ့လိုက်ကြပြန်သည်။ ချီယုံသည် ငါးအစာကျွေးခြင်းလုပ်ငန်းစဉ်တွင် စိတ်ရောကိုယ်ရော နှစ်ဝင်နေပြီး လေပြေညှင်းဖြတ်တိုက်သွားကာ သူ့ဆံပင်များလွှင့်ထွက်သွားပြီး သူ့ပုံစံကို ကြည့်ရသည်မှာ နှစ်ပေါင်းများစွာ အထီးကျန်ပြီး တိတ်ဆိတ်နေသူ တစ်ယောက်ကို မြင်နေရသလို ဖြစ်နေသည်။
သူ့လှုပ်ရှားမှုတိုင်းတွင် အမှောင်ထုတစ်ခုကပ်ပါလာသလို ဖြစ်နေတာ တစ်ခုပဲ ထူးဆန်းသည်။
'ဘယ်သူက ညဘက်ကြီးကျမှ ငါးစာလာကျွေးလို့လဲ'
အသံကြားပြီးနောက် ချီယုံသည် လှည့်ကြည့်၍ ကျန်းလော့ကို သိမ်မွေ့သော အပြုံးတစ်ခုပေးလိုက်ကာ
"သခင်လေးကျန်း မင်းပြန်လာပြီလား"
ကျန်းလော့သည် ညအမှောင်ကို ကာဗာယူပြီး ဆက်တိတ်ဆိတ်မနေနိုင်တော့ပေ။ ချီယုံသည် အမှောင်ကြီးထဲတွင် ကျန်းလော့ကို တကူးတက လာစောင့်နေခဲ့သည်။
ကျန်းလော့သည် တံတားဆီသို့ လျှောက်သွားပြီး မျက်ခုံးပင့်လိုက်ကာ
"သခင်လေးချီ ကျွန်တော့်ကို စောင့်နေတာလား"
ချီယုံသည်ခေါင်းညိတ်လိုက်ပြီး သူ့လက်ထဲမှ နောက်ဆုံးလက်ကျန် ငါးစာများကို ရေကန်ထဲ ပစ်ချလိုက်သည်။ ထို့ုနောက် ကျန်းလော့နှင့် အတူတူမပြန်ခင် လက်ကိုင်ပုဝါဖြင့် လက်သုတ်လိုက်ပြီး
"ညနက်နေပြီလေ ကိုယ်တို အနားယူသင့်ပြီ"
တံတားအောက်တွင် ကျန်ခဲ့သောလူများသည် လျန်ရွှီနှင့် အကြည့်ချင်းဖလှယ်လိုက်သည်။ မှန်လောကထဲရှိ အချိန်လည်ပတ်မှုသည် မြန်ဆန်လာသော်လည်း ပြိုကွဲခြင်းကတော့ ထိုသို့ မမြန်လှပေ။ နောက်ထပ် ငါးနာရီကြာဦးမှာ ဖြစ်သောကြောင့် သူတို့အနေဖြင့် နေရာပြန်ကာ အနားယူသင့်သည်။ နိုးလာသည်နှင့် အပြင်ရောက်နေတာလည်း ဖြစ်သွားနိုင်သည်လေ။
ချန်ရွှီက ပြောလိုက်သည်။
"လာ ငါတို့လည်း အိပ်ရာဝင်ဖို့ ပြန်ကြရအောင်"
လျန်ချင်းက ပွစိပွစိပြောသည်။
"ငါအခုမှ နိုးလာသလို ခံစားရတယ် ငါထပ်မအိပ်ချင်တော့ဘူး လုံးဝကို မအိပ်ချင်နေတော့တာ"
ထိုသို့ပြောသော်လည်း အခန်းသို့ ပြန်ရန် ဆက်လျှောက်သွားသည်။ လိရှောင်းသည် သူတို့သုံးယောက်ကြားထဲတွင် လျှောက်နေပြီး သူမသည် အလွန်ရှက်တတ်နေတုန်းဖြစ်ကာ လူတိုင်းက သူမကို ရှေ့ရောနောက်ရော ဝန်းရံပေးထားသော်လည်း ကြက်သီးမွှေးညှင်းများထနေသော ခံစားချက်ရနေသေးသည်။ သူမတို့ကို မျက်လုံးပေါင်းသန်းချီစောင့်ကြည့်နေသည့် ခံစားချက်မျိုးက သူမကို မလုံမခြုံ ရှက်ရွံ့စေသည်။
လိရှောင်းသည် လက်ပိုက်ထားပြီး သူမပုခုံးနှစ်ဖက်ကို ပွတ်သပ်နေသည်။ သူမမျက်လုံးများကတော့ ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်နေကာ ရုတ်တရက် ရေကန်ထဲမှ တစ်ခုခုကို မြင်လိုက်ပြီး
"အဲ့တာဘာလဲ"
တခြားသုံးယောက်သည် ပြိုင်တူလှည့်ကြည့်လိုက်ရာ လိရှောင်းမြင်ရသော အေးစက်စက်ရေပေါ်တွင် ပေါလောပေါ်နေသော အဖြူရောင်တောက်ပနေသည့် အရာဝတ္ထု တစ်ခုကို မြင်လိုက်ရသည်။
လျန်ပင်းသည် နောက်ဆုံးမှ လိုက်လာသူဖြစ်ရာ သိချင်စိတ်ဖြင့် ရေကန်နားသို့ သွားကြည့်လိုက်သည်။ သူရေကန်နားရောက်သောအခါ ရုတ်တရက် ငါးညှီနံ့ပြင်းပြင်းကို ရလိုက်သောကြောင့် နောက်ဆုတ်၍ နှာခေါင်းကို အုပ်ထားလိုက်ရသည်။
"အူး ငါးတွေအကုန်သေကုန်ကြပြီဟ"
"ငါးသေလား"
လျန်ရွှီသည် ရေကန်နားသို့ အမြန်လျှောက်သွားပြီးကြည့်လိုက်ရာ ရေကန်တစ်ခုလုံးအပြည့် ရေမျက်နှာပြင်ပေါ်တွင် ပက်လက်လှန်နေပြီး ပေါလောပေါ်နေသော ငါးသေများကိုသာ တွေ့လိုက်ရသည်။
ငါးမျက်လုံးများသည် ဖြူဆွတ်နေပြီး လျန်ရွှီသည် ဆက်ကြည့်ရန် အနည်းငယ်ကြောက်လာသလို ခံစားရသည်။ သူမစိတ်ထဲတွင် ရုတ်တရက် ချီယုံ့၏ငါးစာကျွေးနေသော မြင်ကွင်းက ဖြတ်ခနဲပေါ်လာပြီး သူမသည် နှာခေါင်းနှင့် ပါးစပ်ကို အုပ်ကာ
"အရင်ပြန်သွားရအောင်"
သူမစကားပြောပြီးသည်နှင့် လျန်ရွှီနှင့် လျန်ပင်းတို့သည် ရေထဲမှ ရေပွက်သံတချို့ ကြားလိုက်ရသည်။
သို့သော် ထိုရေပွက်သံသည် ရေထဲက မည်သည့်နေရာက လာလဲဆိုတာ မမြင်ရပေ။
"ဗွက် ဗွက်"
ထိုအသံသည် သူတို့နှင့် နီးကပ်လာသည်။
လျန်ပင်းသည် ရေကန်ထဲသို့ ငုံကြည့်၍ ချက်ချင်းနောက်လှည့်ကာ သူ့နှလုံးသားအောက်ခြေမှ တစ်ခုခု မလွယ်ကူတော့သလို ခံစားလိုက်ရပြီး နောက်သို့ နှစ်လှမ်းလောက်ဆုတ်လိုက်သည်။
"မကြီး ကျွန်တော်တို့ ................"
သူ့စကားမဆုံးသေးခင်မှာပင် လျှာတစ်ချောင်းသည် ရုတ်တရက် ရေထဲမှ ထိုးထွက်လာပြီး လျန်ပင်းခြေထောက်ကို ရစ်ပတ်သွားကာ သူ့ကို ရေထဲသို့ အားပြင်းပြင်းဖြင့် ဆွဲချသွားသည်။
လျန်ပင်းသည် ကြောက်လန့်စွာ ငိုကြွေးလိုက်ပြီး
"မမကြီး ညီလေးကိုကယ်ပါဦး"
"ရှစ်တိ"
လျန်ရွှီသည် သူ့လက်ကို ဆွဲလိုက်သည်။ သို့သော် လျန်ပင်းကိုဆွဲထားသော အားသည် အလွန်သန်မာနေကာ လျန်ရွှီကိုပါ ဆွဲချသွားတော့မည်ဖြစ်သည်။ လျန်ရွှီသည် လျန်ပင်းကို ဆွဲထားရင်း လျန်ပင်းကို ဆွဲချနေသော အရာကိုသိနိုင်ရန် ရေကန်ထဲသို့ ကြည့်လိုက်သည်။ သို့သော် သူမအမြင်တွင် အနက်ရောင်ရေများဖြင့်သာ ပြည့်နေသည်။
'မဟုတ်သေးဘူး တစ်ခုခုတော့မှားနေပြီ ရေက ဘယ်လိုလုပ်ပြီး ဒီလောက်မှောင်နေမှာလဲ'
သူမသည် အံကြိတ်လိုက်ပြီး လျန်ပင်းကို ဆွဲဖက်ကာ အသားကုန်ဆွဲတင်လိုက်သော်လည်း သူမခြေချောင်းများသည် ရေထဲသို့ရောက်နေပြီဖြစ်သည်။ အလွန်မှောင်နက်နေသော ရေဖြစ်နေရခြင်းမှာ ဆံပင်ကဲ့သို့ အရာများ ရေထဲတွင် မျှောနေသောကြောင့် ဖြစ်နေသည်။
ထိုဆံပင်ကဲ့သို့သော အရာများကို ကြည့်နေရင်း အန်ချင်လာကာ လည်ပင်းထဲမှ တစ်ခုခုထွက်ကျတော့မလိုဖြစ်သွားသော်လည်း နောက်ခနတွင် လျန်ရွှီသည် သူ့ကိုစိုက်ကြည့်နေသော ရေအောက်ထဲမှ ကြောက်မက်ဖွယ် မျက်လုံးတစ်စုံကြောင့် ထိတ်လန့်သွားရတော့သည်။ ရေထဲမှ ရုတ်တရက် ခေါင်းများထွက်လာသောအခါ လျန်ရွှီသည် ကြောက်လန့်လွန်းလို့တုန်ရီသွားတော့သည်။
ခေါင်းများသည် ဖြူဖွေးပြာနှမ်းနေပြီး ဆံပင်ရှည်များသည် အဖျားကို မမြင်ရလောက်အောင် ရှည်လျားနေကာ တစ်ယောက်ချင်းစီတိုင်းသည် သူတို့ကို လောဘကြီးစွာ ကြည့်နေကြသည်။
လျန်ရွှီမျက်နှာသည် ဖြူဖျော့သွားကာအော်လိုက်သည်။
"လျန်ချင်း လိရှောင်း လာဆွဲကူကြဦး"
လာကူကြမည့်အသံအစား သူမသည် လိရှောင်း၏ စူးစူးရှရှအော်ဟစ်သံကိုသာ ကြားလိုက်ရသည်။
လျန်ရွှီ နောက်လှည့်ကြည့်လိုက်သောအခါ သစ်ပင်များပေါ်တွင် ချိတ်ဆွဲထားသော အလောင်းများကိုမြင်လိုက်ရသည်။ အလောင်းများ၏ ကြောက်မက်ဖွယ်ကောင်းအောင် ဖြူဖျော့နေသော မျက်နှာထက်တွင် ထိတ်လန့်ဖွယ်အပြုံးတို့ ခိုတွဲနေပြီး လေတိုက်တိုင်း ယိမ်းနွဲ့နေကြသည်။ ထိုတွဲလောင်းကျနေသော အလောင်းများသည် လျန်ချင်းနှင့် လိရှောင်းတို့ကို စက်ဝိုင်းကဲ့သို့ ဝိုင်းထားကြသည်။
ထိုထက်ဝေးသောနေရာတွင် မြူများပေါ်ထွက်လာသည်။ မြူများကို ကြည့်ရသည်မှာ မရေမတွက်နိုင်သော ပုံရိပ်များ သူတို့နားသို့ ချည်းကပ်လာသလို ဖြစ်နေပြိး လျန်ရွှီသည် ထိုအရာများအားလုံးသည် သရဲများဖြစ်နေသည်ကို သိသွားတော့သည်။
ကြီးစွာသော ကြောက်လန့်မှုသည် သူမတစ်ကိုယ်လုံးကို ပျံ့နှံ့သွားသည်။
'ဒီလောကကြီးက တကယ်ပဲ ဘာတွေဖြစ်ချင်နေတာလဲ'
ရဲစခန်းရှိ အချုပ်ခန်းထဲတွင် ဖြစ်သည်။
ချီထျန်သည် ပြင်းပြသော နာကျင်မှုကြောင့်နိုးလာကာ ပါးစပ်ဟလိုက်သော်လည်း ငါးညှီနံ့လို ညှီစို့စို့ အရာသာကိုသာ ရခဲ့သည်။ သို့မှသာ မနေ့က သူ့လျှာကို သူကိုယ်တိုင် ဝါးဖြတ်ခဲ့သည်မှန်း သတိရသွားသည်။
သူသည် ပါးစပ်ကို ကြောက်လန့်စွာ ကိုင်ကြည့်လိုက်ရာ ဘယ်ဘက်လက်မောင်း နာကျင်နေဆဲဖြစ်သည်ကိုလည်း သိလိုက်ရပြန်သည်။
ချီထျန်သည် 'ခွေးမသားချီယုံ' ဟု ကျိန်ဆဲလိုက်ပြီး သူ့မျက်နှာထားသည် အလွန်မုန်းတီးနေသော မျက်နှာအဖြစ်ပြောင်းလဲသွားသည်။
"အာာာားးးးးးးးးးးးးးး"
သူ့အော်သံသည်ပင် ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်။
'ဒီကောင့်ကို သတ်ပစ်မယ်'
ရဲအရာရှိတစ်ယောက်သည် တံခါးမှဝင်လာကာ အရာရှိသည် ဦးထုပ်တစ်လုံးဆောင်းထားပြီး သူ့မျက်နှာကို အရိပ်ဖုံးနေသော မမြင်ရပေ။ ထိုရဲအရာရှိသည် တောင့်တောင့်ကြီး ရပ်နေပြီး တပြေးညီထဲဖြစ်သော အသံနှင့်ပြောလိုက်သည်။
"ချီထျန် မင်းအမေမင်းကို ဧည့်သည်တစ်ယောက်ခေါ်ပြီးလာတွေ့တယ်"
ချီထျန်သည် တံခါးမှ ဝင်လာသော လူနှစ်ယောက်ကို ပျော်ရွှင်စွာ ကြည့်လိုက်သည်။
သူ့အမေသည်သူ့ကို မျက်ရည်အပြည့်နှင့် ကြည့်နေကာ သူ့ဘေးတွင် မျက်နှာကာထားသော ချောင်ဆန်ဝတ်စုံဝတ်ဆင်ထားသော လှပသော အမျိုးသမီးတစ်ယောက် ရှိနေလေသည်။
ရဲအရာရှိသည် တံခါးဖွင့်လိုက်ပြီး ထိုနှစ်ယောက်ကို ဝင်လာစေကာ သူကတော့ ထွက်သွားပေးလိုက်သည်။ ချီထျန်နှင့် ထိုအမျိုးသမီးနှစ်ယောက်သာ အခန်းထဲတွင် ကျန်ခဲ့သည်။ ချီထျန်သည် ရဲအရာရှိကို တော်တော်အလိုက်သိသည်ဟု တွေးလိုက်သည်။ ထို့နောက် သူ့အမေကို ဆွဲ၍ အလျင်စလို ဘာတွေပြောနေမှန်းမသိသော အသံဖြင့် အကြာကြီး သူ့ကို ဒီနေရာမှ ထုတ်ပေးဖို့ ပြောနေသည်။
သူ့အမေသည် ထပ်ကာထပ်ကာ ခေါင်းညိတ်လိုက်ပြီး နားလည်ကြောင်း ပြောသည်။ ထို့နောက် ချီထျန်သည် သူ့အမေဘေးမှ အမျိုးသမီးကို ကြည့်လိုက်သည်။
အမျိုးသမီး၏ အသားအရည်သည် သေသူကဲ့သို့ ဖြူဆွတ်နေပြီး သူမကိုယ်မှ အအေးများ ထုတ်လွတ်နေသလို တောင့်တောင့်ကြီးရပ်နေသည်။
သူမသည် စကားတစ်ခွန်းမှ ဝင်မပြောဘဲ ဒီတိုင်း တိတ်ဆိတ်စွာ ရပ်နေပြီး ရှည်လျားဖြောင့်စင်းသော ခြေတံရှည်မားသည် ချောင်ဆန်အောက်မှ လှပစွာ ပေါ်ထွက်နေရာ ချီထျန်သည် သူမဆီမှ အကြည့်မလွှဲနိုင်ခဲ့ပေ။
သူ့အမေက ပြောလိုက်သည်။
"အားထျန် ဒီတစ်ယောက်က အမေမင်းအတွက်ရှာပေးထားတဲ့ ချွေးမလေ သူမကို ခစားခွင့်ပြုလိုက်နော်"
ထိုသို့ ပြောပြီးနောက် ချီထျန့်အမေသည် အခန်းထဲမှ ထွက်သွားတော့သည်။ ချီထျန်သည် သူ့အမေက သူ့ကို တကယ်နားလည်သည်ဟုတွေးမိပြီး အပြုံးအကြီးကြီး ပြုံးလိုက်သည်။ သူ့တစ်ကိုယ်လုံးဘယ်နေရာမှ နာကျင်မှုမရှိတော့သလိုတောင် ခံစားမိသည်။ ချီထျန်သည် ထိုအမျိုးသမီးနှင့် စကားပြောချင်ပြီး သူမနှင့် ကျီစယ်ချင်သည်။ သို့သော် ယခုသူစကားမပြာန်ုင်သလို သူမကလည်း တုပ်တုပ်မျှ မလှုပ်ပေ။
ချီထျန်က အဆင့်ကျော်လိုက်ပြီး သူမကို ကုတင်ပေါ်သို့ ဆွဲသွားတော့သည်။
အမျိုးသမီးသည် အေးစက်နေပြီး ချီထျန်သည် တုန်ယင်လာသည်။ ချီထျန်သည် တုန်ရင်နေရင်းနှင့်ပင် အမျိုးသမီး၏ အဝတ်အစားများကို ဆွဲဖြဲပစ်နေသည်။ သို့သော် သူမသည် ထိုအချိန်ထိ လုံးဝမလှုပ်လာသေးပေ။ သူမသည် တုံ့ပြန်မှုလုံးဝမရှိသည်မှာ သက်မဲ့ အရုပ်တစ်ရုပ်ကဲ့သို့ပင် ငြိမ်သက်နေသည်။
######################
Zawgyi
အပိုင္း (၁၃၀) ေလာကႀကီးေျပာင္းလဲမႈေတြစလာၿပီ
အျပန္လမ္းတြင္ က်န္းေလာ့သည္ ဤမွ်လြယ္လြယ္ႏွင့္ ၿပီးသြားမွန္း မယုံႏိုင္ေသးေပ။ က်ားဂူႏွင့္ ေလးလံေသာ အရာမ်ားသည္ အလြန္႐ိုးရွင္းစြာ အၿပီးသတ္သြားၿပီး က်န္းေလာ့ကို အလြန္ထူးဆန္းစြာ အမွန္တကယ္မဟုတ္သလို ခံစားေနရသည္။
သို႔ေသာ္ လ်န္ခ်င္းႏွင့္ လ်န္ပင္းတို႔ ညီအစ္ကိုႏွစ္ေယာက္ကေတာ့ မတူပါေခ် အလြန္ေပ်ာ္႐ႊင္ေနၾကၿပီး မ်က္ရည္မ်ားက်ကာ ေပ်ာ္လြန္းလို႔ ေခါင္းကိုက္သည္ဆိုသည့္ အထူးအဆန္းမ်ားပင္ ေျပာေနၾကပါေသးသည္။
သူတို႔သုံးေယာက္သည္ ခ်ီအိမ္ေတာ္သို႔ ျပန္လာၿပီး လ်န္႐ႊီႏွင့္ လိေရွာင္းတို႔ကို ရွာရန္ အျမန္သြားၾကေတာ့သည္။
သူတို႔ျပန္ေရာက္ေသာအခါ လ်န္႐ႊီတို႔ႏွစ္ေယာက္သည္ အျမန္ေရာက္လာၿပီး က်န္းေလာ့ကို ျမင္ေသာအခါ မ်က္လုံးမ်ားလက္လာၿပီး
"အစ္ကိုႀကီး"
က်န္းေလာ့က ေျပာသည္ၑ။
"အေနာက္ဘက္ဂူထဲကို သြားၿပီး ေျပာရေအာင္"
သူတို႔သည္ ေက်ာက္ဂူထဲတြင္ ပုန္းေနၾကၿပီး က်န္းေလာ့ဆီမွ မေကာင္းဆိုးဝါးကိုသတ္ခဲ့ၿပီဆိုသည့္အေၾကာင္းႏွင့္ သူတို႔ထြက္သြားႏိုင္ေတာ့မည္ဆိုသည့္ အေၾကာင္းကို ၾကားေသာအခါ လ်န္႐ႊီသည္ အေပ်ာ္လြန္သြားသည္။
"ဒါဆို ငါးနာရီအတြင္း ညီမတို႔ ထြက္သြားႏိုင္ေတာ့မွာေပါ့ေနာ္"
က်န္းေလာ့က ေခါင္းညိတ္လိုက္သည္။
"ဟုတ္တယ္"
လူတိုင္းသည္ ဝမ္းသာေနၿပီး သူတို႔သည္ အၾကာႀကီးေပ်ာက္ဆုံးေနေသာ ေပ်ာ္႐ႊင္ေပါ့ပါးေသာ အမူအယာမ်ား ေပၚလာၾကသည္။ သို႔ေသာ္ လ်န္႐ႊီသည္ ခနေလာက္ၿပဳံးလိုက္ၿပီး ႐ုတ္တရက္ က်န္းေလာ့ကို ၾကည့္လိုက္ကာ ေတြေဝစြာေမးလိုက္သည္။
"အစ္ကိုႀကီးက မေပ်ာ္ဘူးလား"
"ေပ်ာ္တာေပါ့ မွန္ေလာကထဲက ထြက္သြားရေတာ့မွာပါဆို "
က်န္းေလာ့သည္ အၿပဳံးမွိန္မွိန္ၿပဳံး၍
"ဒါေပမဲ့ အၿမဲတမ္းတစ္ခုခုမွားေနတဲ့ ခံစားခ်က္ႀကီး ရေနတယ္"
လ်န္႐ႊီက ေျပာသည္။
"ဘာမွားလို႔လဲ"
က်န္းေလာ့သည္ သူ႔လက္ထဲမွ အနက္ေရာင္ဝတ္စုံကို ၾကည့္၍
"ေတာ္ေတာ္ႀကီး လြယ္ေနလို႔ကြာ"
"ဒါေပမဲ့ ဒီကထြက္ရေတာ့မွာဆိုေတာ့ ေကာင္းတဲ့ကိစၥပါ အစ္ကိုႀကီးရယ္"
လ်န္႐ႊီသည္ ေခ်ာင္းဆိုးလိုက္ၿပီး သူမ်မ်က္ႏွာသည္ ေသြးမရွိသလို အနည္းငယ္ ျဖဴေဖ်ာ့ေနကာ
"ညီမေန႔ေရာညေရာ မနားရေသးဘူး မေန႔ညက အေအးမိသြားျပန္ၿပီ ၿပီးေတာ့လဲ ဒီေန႔ေၾကာက္စရာကိစၥႀကီးႀကဳံၿပီး ေခါင္းကိုက္လာေသးတယ္"
က်န္းေလာ့ကေတာ့ လ်န္႐ႊီတကယ္ အေအးမိတာ မဟုတ္ေလာက္ဘူးပဲ ထင္သည္။
"စံအိမ္မွာတုန္းထဲက အဖ်ားနည္းနည္းရွိေနတာမလား ဒီလို႐ုပ္ပိုင္းဆိုင္ရာ မႀကံ့ခိုင္တာ မေကာင္းဘူး လ်န္႐ႊီ မင္းျပန္ေရာက္ရင္ ေလ့က်င့္ခန္းလုပ္သင့္တယ္ေနာ္"
လ်န္႐ႊီ၏ မ်က္လုံးေထာင့္မ်ားသည္ လျခမ္းေကြးသ႑ာန္ ေကြးတက္သြားၿပီး
"ညီမလဲ အဲ့လိုလုပ္ဖို႔ေတြးထားပါတယ္ အစ္ကိုႀကီး"
"ဒါဆို တို႔ေတြ ဒီေလာကထဲက ထြက္ၿပီးရင္ ဘယ္ေတာ့မွ ျပန္မလာရေတာ့ဘူးမလား"
လိေရွာင္းသည္ ေသာကေရာက္ထိတ္လန႔္စြာ ေမးလိုက္သည္၊၊ လ်န္ခ်င္းက အားတက္သေရာေျပာလိုက္သည္၊
"ဒါေပါ့ ဒီမွန္ေလာကႀကီးက ၿပိဳကြဲသြားမွာ ၿပီးရင္ ကြၽန္ေတာ္တို႔ ဒီစိတ္ပ်က္စရာေလာကႀကီးထဲ ဘယ္ေတာ့မွ ျပန္လာစရာမလိုေတာ့ဘူး"
လိေရွာင္းသည္ လုံးဝႀကီး စိတ္သက္သာရာရသြားကာ တီးတိုးေရ႐ြတ္လိုက္သည္။
"ေကာင္းတယ္ ေကာင္းတယ္ ............."
ဂူအျပင္ဘက္တြင္ ျဖစ္သည္။
မည္သူမွ် မျမင္ႏိုင္ေသာ အေမွာင္ထဲတြင္ ခ်ီယုံသည္ မတ္တပ္ရပ္ေနၿပီး ဘာမွနားမလည္ေသာ မ်က္ႏွာထားျဖင့္ ဂူထဲမွသူမ်ား ေျပာသမွ်ကို နားေထာင္ေနသည္။
မွန္ထဲက ေလာက ၿပိဳက်ေနၿပီ ထြက္သြားၾကမယ္
ခ်ီယုံသည္ ဉာဏ္ေကာင္းသည့္သူျဖစ္ေသာေၾကာင့္ သူတို႔စကားမ်ား၏ ဆိုလိုရင္းကို ခ်က္ခ်င္းသေဘာေပါက္သြားသည္။
သူ႔အေတြးထဲတြင္ ဤေလာကႀကီးသည္ အမွားအယြင္းမရွိ စစ္မွန္သည္။ ထိုသို႔ေသာ အစစ္အမွန္ေလာကႀကီးကို သူတို႔က မွန္ထဲမွ ေလာကအတုအျဖစ္ ေဖာ္ထုတ္လိုက္ၾကသည္။
မွန္ထဲမွေလာကဆိုတာ ဘာကိုေျပာသည္မွန္း သူေကာင္းေကာင္းနားလည္သည္ ။ သို႔ဆိုလွ်င္ေတာင္ သူ႔ေလာကသည္ မွန္ေလာကျဖစ္ေနျခင္းက သူ႔ကို အလြန္တုန္လႈပ္သြားေစသည္။
သို႔ေသာ္ ခ်ီယုံသည္ ျမန္ျမန္ဆန္ဆန္ စိတ္ၿငိမ္သြားကာ အံ့ဩစရာေကာင္းေလာက္ေအာင္ သူ႔ကိုယ္သူတည္ၿငိမ္ေအာင္ လုပ္ႏိုင္ခဲ့သည္။
အတိတ္မွာရွိခဲ့ေသာ အလိမ္အညာမ်ားသည္ တစ္ခုၿပီးတစ္ခု ေပၚထြက္လာၿပီး ထိုခဏတြင္ ဤေလာကႀကီးက အတုအေယာင္ပါဆိုသည့္ သက္ေသမ်ားျဖစ္လာၾကသည္။
ခ်ီယုံသည္ ေခါင္းေမာ့၍ ေကာင္းကင္ႀကီးကို ၾကည့္လိုက္သည္။ သူ႔မ်က္လုံးထဲတြင္ေတာ့ ေကာင္းကင္ႀကီးသည္ မီးခိုးေရာင္သမ္းနၿပီး အားလုံးပုံမွန္ပဲျဖစ္ေနသည္။ ၿပိဳက်ေတာ့မည့္ အရိပ္အေယာင္ လုံးဝမရွိေပ။
ျပင္းထန္ေသာ အၿငိဳးအေတးႏွင့္ ေဒါသသည္ သူ႔ႏွလုံးသားထဲတြင္ ႐ုတ္တရက္ ျမင့္တက္လာသည္။
သူသည္ ဤအတုအေယာင္မွန္ေလာကထဲမွ လူတစ္ေယာက္ျဖစ္ေသာ္လည္း က်န္းေလာ့ကေတာ့ ဤေလာကထဲမွ ထြက္သြားေတာ့မည္။
'ငါးနာရီၾကာၿပီးရင္လား'
ခ်ီယုံ႔ေခါင္းသည္ေအာက္ငုံ႔သြားၿပီး သူ႔ေနာက္တြင္ ျမဴနက္မ်ားသည္ တခန္းလုံးနီးပါးျပည့္သြားေအာင္ ျဖည္းျဖည္းခ်င္း ေပၚထြက္လာေနသည္။
ျမဴနက္မ်ားသည္ ခ်ီယုံကို စၾကဝဠာတြင္းနက္ႀကီးလို ေနာက္မွ ငုံထားသည္မွာ ျမင္သူတိုင္း ၾကက္သီးတျဖန္းျဖန္းထႏိုင္စရာပင္ ျဖစ္သည္။
တေစၦေသြးေၾကာမ်ားသည္ ခ်ီယုံ႔နား႐ြက္ေဘးထိ တြားတက္လာၾကသည္။
ခ်ီယုံ၏ မ်က္လုံးမ်ားသည္ နက္ေစြးလာကာ သူ႔မ်က္ႏွာမွ အမူအယာကို မည္သူမွ် ဖတ္၍ မရေတာ့ေပ။ ျမဴနက္မ်ားသည္ သူ႔ကို ေခါင္းအစေျခအဆုံး ဝါးမ်ိဳထားကာ လူငယ္ေလး၏ နဂိုေခ်ာေမာမႈကို နတ္ဘုရားအဆင့္ထိ တိုးျမႇင့္ေပးေနသလို ထိတ္လန႔္စက္ဆုပ္ဖြယ္ ေၾကာက္ေမာက္ဖြယ္ မေကာင္းဆိုးဝါးတစ္ေကာင္ အျဖစ္ ေျပာင္းလဲပစ္ေနသည္။
႐ုတ္တရက္ သူ႔မ်က္လုံးထဲတြင္ အလင္းတစ္ခ်က္လက္သြားသည္။ တစ္စုံတစ္ေယာက္က သူ႔နားနားကပ္ကာ ေမးခြန္းေမးေနသလိုအသံကို ၾကားလိုက္ရ၍ ျဖစ္သည္။
"မင္းဘာလုပ္ခ်င္တာလဲ"
"ငါ လိုခ်င္.............."
ခ်ီယုံ႔အသံသည္ မၾကားႏိုင္ေလာက္ေအာင္ တိုးတိမ္သြားကာ
"သူ႔ကို ဒီမွာပဲ ေခၚထားခ်င္တယ္"
က်န္းေလာ့ကို ငါ့ကမာၻထဲကေန သူေကာင္းဖို႔အတြက္ ထြက္သြားခိုင္းရမယ္
ခ်ီယုံ႔မ်က္လုံးထဲမွ အလင္းေရာင္သည္ ပိုပိုၿပီး ေတာက္ပလာကာ တစ္ခုခုၾကားခဲ့ျပန္ၿပီး ႐ုတ္တရက္ ႏွလုံးခုန္ရပ္သြားေစေလာက္ေသာ အၿပဳံးတစ္ခုၿပဳံးကာ ေခါင္းညိတ္လိုက္သည္။
"အား ဘယ္ေလာက္ေတာင္ ေကာင္းလိုက္တဲ့ နည္းလမ္းလဲကြာ"
"ကဲ စလုပ္လိုက္ၾကရေအာင္"
က်န္းေလာ့သည္ ေက်ာက္ဂူထဲမွ ျပန္ထြက္လာၿပီး အခန္းသို႔ ျပန္ရာလမ္းတြင္ သူႏွင့္ လ်န္႐ႊီတို႔သည္ တံတားေပၚတြင္ မတ္တပ္ရပ္ေနေသာ ခ်ီယုံ႔ကို ေတြ႕လိုက္ၾကျပန္သည္။ ခ်ီယုံသည္ ငါးအစာေကြၽးျခင္းလုပ္ငန္းစဥ္တြင္ စိတ္ေရာကိုယ္ေရာ ႏွစ္ဝင္ေနၿပီး ေလေျပညႇင္းျဖတ္တိုက္သြားကာ သူ႔ဆံပင္မ်ားလႊင့္ထြက္သြားၿပီး သူ႔ပုံစံကို ၾကည့္ရသည္မွာ ႏွစ္ေပါင္းမ်ားစြာ အထီးက်န္ၿပီး တိတ္ဆိတ္ေနသူ တစ္ေယာက္ကို ျမင္ေနရသလို ျဖစ္ေနသည္။
သူ႔လႈပ္ရွားမႈတိုင္းတြင္ အေမွာင္ထုတစ္ခုကပ္ပါလာသလို ျဖစ္ေနတာ တစ္ခုပဲ ထူးဆန္းသည္။
'ဘယ္သူက ညဘက္ႀကီးက်မွ ငါးစာလာေကြၽးလို႔လဲ'
အသံၾကားၿပီးေနာက္ ခ်ီယုံသည္ လွည့္ၾကည့္၍ က်န္းေလာ့ကို သိမ္ေမြ႕ေသာ အၿပဳံးတစ္ခုေပးလိုက္ကာ
"သခင္ေလးက်န္း မင္းျပန္လာၿပီလား"
က်န္းေလာ့သည္ ညအေမွာင္ကို ကာဗာယူၿပီး ဆက္တိတ္ဆိတ္မေနႏိုင္ေတာ့ေပ။ ခ်ီယုံသည္ အေမွာင္ႀကီးထဲတြင္ က်န္းေလာ့ကို တကူးတက လာေစာင့္ေနခဲ့သည္။
က်န္းေလာ့သည္ တံတားဆီသို႔ ေလွ်ာက္သြားၿပီး မ်က္ခုံးပင့္လိုက္ကာ
"သခင္ေလးခ်ီ ကြၽန္ေတာ့္ကို ေစာင့္ေနတာလား"
ခ်ီယုံသည္ေခါင္းညိတ္လိုက္ၿပီး သူ႔လက္ထဲမွ ေနာက္ဆုံးလက္က်န္ ငါးစာမ်ားကို ေရကန္ထဲ ပစ္ခ်လိုက္သည္။ ထို႔ုေနာက္ က်န္းေလာ့ႏွင့္ အတူတူမျပန္ခင္ လက္ကိုင္ပုဝါျဖင့္ လက္သုတ္လိုက္ၿပီး
"ညနက္ေနၿပီေလ ကိုယ္တို အနားယူသင့္ၿပီ"
တံတားေအာက္တြင္ က်န္ခဲ့ေသာလူမ်ားသည္ လ်န္႐ႊီႏွင့္ အၾကည့္ခ်င္းဖလွယ္လိုက္သည္။ မွန္ေလာကထဲရွိ အခ်ိန္လည္ပတ္မႈသည္ ျမန္ဆန္လာေသာ္လည္း ၿပိဳကြဲျခင္းကေတာ့ ထိုသို႔ မျမန္လွေပ။ ေနာက္ထပ္ ငါးနာရီၾကာဦးမွာ ျဖစ္ေသာေၾကာင့္ သူတို႔အေနျဖင့္ ေနရာျပန္ကာ အနားယူသင့္သည္။ ႏိုးလာသည္ႏွင့္ အျပင္ေရာက္ေနတာလည္း ျဖစ္သြားႏိုင္သည္ေလ။
ခ်န္႐ႊီက ေျပာလိုက္သည္။
"လာ ငါတို႔လည္း အိပ္ရာဝင္ဖို႔ ျပန္ၾကရေအာင္"
လ်န္ခ်င္းက ပြစိပြစိေျပာသည္။
"ငါအခုမွ ႏိုးလာသလို ခံစားရတယ္ ငါထပ္မအိပ္ခ်င္ေတာ့ဘူး လုံးဝကို မအိပ္ခ်င္ေနေတာ့တာ"
ထိုသို႔ေျပာေသာ္လည္း အခန္းသို႔ ျပန္ရန္ ဆက္ေလွ်ာက္သြားသည္။ လိေရွာင္းသည္ သူတို႔သုံးေယာက္ၾကားထဲတြင္ ေလွ်ာက္ေနၿပီး သူမသည္ အလြန္ရွက္တတ္ေနတုန္းျဖစ္ကာ လူတိုင္းက သူမကို ေရွ႕ေရာေနာက္ေရာ ဝန္းရံေပးထားေသာ္လည္း ၾကက္သီးေမႊးညႇင္းမ်ားထေနေသာ ခံစားခ်က္ရေနေသးသည္။ သူမတို႔ကို မ်က္လုံးေပါင္းသန္းခ်ီေစာင့္ၾကည့္ေနသည့္ ခံစားခ်က္မ်ိဳးက သူမကို မလုံမၿခဳံ ရွက္႐ြံ႕ေစသည္။
လိေရွာင္းသည္ လက္ပိုက္ထားၿပီး သူမပုခုံးႏွစ္ဖက္ကို ပြတ္သပ္ေနသည္။ သူမမ်က္လုံးမ်ားကေတာ့ ပတ္ဝန္းက်င္ကို က်ီးကန္းေတာင္းေမွာက္ၾကည့္ေနကာ ႐ုတ္တရက္ ေရကန္ထဲမွ တစ္ခုခုကို ျမင္လိုက္ၿပီး
"အဲ့တာဘာလဲ"
တျခားသုံးေယာက္သည္ ၿပိဳင္တူလွည့္ၾကည့္လိုက္ရာ လိေရွာင္းျမင္ရေသာ ေအးစက္စက္ေရေပၚတြင္ ေပါေလာေပၚေနေသာ အျဖဴေရာင္ေတာက္ပေနသည့္ အရာဝတၳဳ တစ္ခုကို ျမင္လိုက္ရသည္။
လ်န္ပင္းသည္ ေနာက္ဆုံးမွ လိုက္လာသူျဖစ္ရာ သိခ်င္စိတ္ျဖင့္ ေရကန္နားသို႔ သြားၾကည့္လိုက္သည္။ သူေရကန္နားေရာက္ေသာအခါ ႐ုတ္တရက္ ငါးညႇီနံ႔ျပင္းျပင္းကို ရလိုက္ေသာေၾကာင့္ ေနာက္ဆုတ္၍ ႏွာေခါင္းကို အုပ္ထားလိုက္ရသည္။
"အူး ငါးေတြအကုန္ေသကုန္ၾကၿပီဟ"
"ငါးေသလား"
လ်န္႐ႊီသည္ ေရကန္နားသို႔ အျမန္ေလွ်ာက္သြားၿပီးၾကည့္လိုက္ရာ ေရကန္တစ္ခုလုံးအျပည့္ ေရမ်က္ႏွာျပင္ေပၚတြင္ ပက္လက္လွန္ေနၿပီး ေပါေလာေပၚေနေသာ ငါးေသမ်ားကိုသာ ေတြ႕လိုက္ရသည္။
ငါးမ်က္လုံးမ်ားသည္ ျဖဴဆြတ္ေနၿပီး လ်န္႐ႊီသည္ ဆက္ၾကည့္ရန္ အနည္းငယ္ေၾကာက္လာသလို ခံစားရသည္။ သူမစိတ္ထဲတြင္ ႐ုတ္တရက္ ခ်ီယုံ႔၏ငါးစာေကြၽးေနေသာ ျမင္ကြင္းက ျဖတ္ခနဲေပၚလာၿပီး သူမသည္ ႏွာေခါင္းႏွင့္ ပါးစပ္ကို အုပ္ကာ
"အရင္ျပန္သြားရေအာင္"
သူမစကားေျပာၿပီးသည္ႏွင့္ လ်န္႐ႊီႏွင့္ လ်န္ပင္းတို႔သည္ ေရထဲမွ ေရပြက္သံတခ်ိဳ႕ ၾကားလိုက္ရသည္။
သို႔ေသာ္ ထိုေရပြက္သံသည္ ေရထဲက မည္သည့္ေနရာက လာလဲဆိုတာ မျမင္ရေပ။
"ဗြက္ ဗြက္"
ထိုအသံသည္ သူတို႔ႏွင့္ နီးကပ္လာသည္။
လ်န္ပင္းသည္ ေရကန္ထဲသို႔ ငုံၾကည့္၍ ခ်က္ခ်င္းေနာက္လွည့္ကာ သူ႔ႏွလုံးသားေအာက္ေျခမွ တစ္ခုခု မလြယ္ကူေတာ့သလို ခံစားလိုက္ရၿပီး ေနာက္သို႔ ႏွစ္လွမ္းေလာက္ဆုတ္လိုက္သည္။
"မႀကီး ကြၽန္ေတာ္တို႔ ................"
သူ႔စကားမဆုံးေသးခင္မွာပင္ လွ်ာတစ္ေခ်ာင္းသည္ ႐ုတ္တရက္ ေရထဲမွ ထိုးထြက္လာၿပီး လ်န္ပင္းေျခေထာက္ကို ရစ္ပတ္သြားကာ သူ႔ကို ေရထဲသို႔ အားျပင္းျပင္းျဖင့္ ဆြဲခ်သြားသည္။
လ်န္ပင္းသည္ ေၾကာက္လန႔္စြာ ငိုေႂကြးလိုက္ၿပီး
"မမႀကီး ညီေလးကိုကယ္ပါဦး"
"ရွစ္တိ"
လ်န္႐ႊီသည္ သူ႔လက္ကို ဆြဲလိုက္သည္။ သို႔ေသာ္ လ်န္ပင္းကိုဆြဲထားေသာ အားသည္ အလြန္သန္မာေနကာ လ်န္႐ႊီကိုပါ ဆြဲခ်သြားေတာ့မည္ျဖစ္သည္။ လ်န္႐ႊီသည္ လ်န္ပင္းကို ဆြဲထားရင္း လ်န္ပင္းကို ဆြဲခ်ေနေသာ အရာကိုသိႏိုင္ရန္ ေရကန္ထဲသို႔ ၾကည့္လိုက္သည္။ သို႔ေသာ္ သူမအျမင္တြင္ အနက္ေရာင္ေရမ်ားျဖင့္သာ ျပည့္ေနသည္။
'မဟုတ္ေသးဘူး တစ္ခုခုေတာ့မွားေနၿပီ ေရက ဘယ္လိုလုပ္ၿပီး ဒီေလာက္ေမွာင္ေနမွာလဲ'
သူမသည္ အံႀကိတ္လိုက္ၿပီး လ်န္ပင္းကို ဆြဲဖက္ကာ အသားကုန္ဆြဲတင္လိုက္ေသာ္လည္း သူမေျခေခ်ာင္းမ်ားသည္ ေရထဲသို႔ေရာက္ေနၿပီျဖစ္သည္။ အလြန္ေမွာင္နက္ေနေသာ ေရျဖစ္ေနရျခင္းမွာ ဆံပင္ကဲ့သို႔ အရာမ်ား ေရထဲတြင္ ေမွ်ာေနေသာေၾကာင့္ ျဖစ္ေနသည္။
ထိုဆံပင္ကဲ့သို႔ေသာ အရာမ်ားကို ၾကည့္ေနရင္း အန္ခ်င္လာကာ လည္ပင္းထဲမွ တစ္ခုခုထြက္က်ေတာ့မလိုျဖစ္သြားေသာ္လည္း ေနာက္ခနတြင္ လ်န္႐ႊီသည္ သူ႔ကိုစိုက္ၾကည့္ေနေသာ ေရေအာက္ထဲမွ ေၾကာက္မက္ဖြယ္ မ်က္လုံးတစ္စုံေၾကာင့္ ထိတ္လန႔္သြားရေတာ့သည္။ ေရထဲမွ ႐ုတ္တရက္ ေခါင္းမ်ားထြက္လာေသာအခါ လ်န္႐ႊီသည္ ေၾကာက္လန႔္လြန္းလို႔တုန္ရီသြားေတာ့သည္။
ေခါင္းမ်ားသည္ ျဖဴေဖြးျပာႏွမ္းေနၿပီး ဆံပင္ရွည္မ်ားသည္ အဖ်ားကို မျမင္ရေလာက္ေအာင္ ရွည္လ်ားေနကာ တစ္ေယာက္ခ်င္းစီတိုင္းသည္ သူတို႔ကို ေလာဘႀကီးစြာ ၾကည့္ေနၾကသည္။
လ်န္႐ႊီမ်က္ႏွာသည္ ျဖဴေဖ်ာ့သြားကာေအာ္လိုက္သည္။
"လ်န္ခ်င္း လိေရွာင္း လာဆြဲကူၾကဦး"
လာကူၾကမည့္အသံအစား သူမသည္ လိေရွာင္း၏ စူးစူးရွရွေအာ္ဟစ္သံကိုသာ ၾကားလိုက္ရသည္။
လ်န္႐ႊီ ေနာက္လွည့္ၾကည့္လိုက္ေသာအခါ သစ္ပင္မ်ားေပၚတြင္ ခ်ိတ္ဆြဲထားေသာ အေလာင္းမ်ားကိုျမင္လိုက္ရသည္။ အေလာင္းမ်ား၏ ေၾကာက္မက္ဖြယ္ေကာင္းေအာင္ ျဖဴေဖ်ာ့ေနေသာ မ်က္ႏွာထက္တြင္ ထိတ္လန႔္ဖြယ္အၿပဳံးတို႔ ခိုတြဲေနၿပီး ေလတိုက္တိုင္း ယိမ္းႏြဲ႕ေနၾကသည္။ ထိုတြဲေလာင္းက်ေနေသာ အေလာင္းမ်ားသည္ လ်န္ခ်င္းႏွင့္ လိေရွာင္းတို႔ကို စက္ဝိုင္းကဲ့သို႔ ဝိုင္းထားၾကသည္။
ထိုထက္ေဝးေသာေနရာတြင္ ျမဴမ်ားေပၚထြက္လာသည္။ ျမဴမ်ားကို ၾကည့္ရသည္မွာ မေရမတြက္ႏိုင္ေသာ ပုံရိပ္မ်ား သူတို႔နားသို႔ ခ်ည္းကပ္လာသလို ျဖစ္ေနၿပိး လ်န္႐ႊီသည္ ထိုအရာမ်ားအားလုံးသည္ သရဲမ်ားျဖစ္ေနသည္ကို သိသြားေတာ့သည္။
ႀကီးစြာေသာ ေၾကာက္လန႔္မႈသည္ သူမတစ္ကိုယ္လုံးကို ပ်ံ႕ႏွံ႔သြားသည္။
'ဒီေလာကႀကီးက တကယ္ပဲ ဘာေတြျဖစ္ခ်င္ေနတာလဲ'
ရဲစခန္းရွိ အခ်ဳပ္ခန္းထဲတြင္ ျဖစ္သည္။
ခ်ီထ်န္သည္ ျပင္းျပေသာ နာက်င္မႈေၾကာင့္ႏိုးလာကာ ပါးစပ္ဟလိုက္ေသာ္လည္း ငါးညႇီနံ႔လို ညႇီစို႔စို႔ အရာသာကိုသာ ရခဲ့သည္။ သို႔မွသာ မေန႔က သူ႔လွ်ာကို သူကိုယ္တိုင္ ဝါးျဖတ္ခဲ့သည္မွန္း သတိရသြားသည္။
သူသည္ ပါးစပ္ကို ေၾကာက္လန႔္စြာ ကိုင္ၾကည့္လိုက္ရာ ဘယ္ဘက္လက္ေမာင္း နာက်င္ေနဆဲျဖစ္သည္ကိုလည္း သိလိုက္ရျပန္သည္။
ခ်ီထ်န္သည္ 'ေခြးမသားခ်ီယုံ' ဟု က်ိန္ဆဲလိုက္ၿပီး သူ႔မ်က္ႏွာထားသည္ အလြန္မုန္းတီးေနေသာ မ်က္ႏွာအျဖစ္ေျပာင္းလဲသြားသည္။
"အာာာားးးးးးးးးးးးးးး"
သူ႔ေအာ္သံသည္ပင္ ျပတ္ေတာင္းျပတ္ေတာင္း ျဖစ္ေနသည္။
'ဒီေကာင့္ကို သတ္ပစ္မယ္'
ရဲအရာရွိတစ္ေယာက္သည္ တံခါးမွဝင္လာကာ အရာရွိသည္ ဦးထုပ္တစ္လုံးေဆာင္းထားၿပီး သူ႔မ်က္ႏွာကို အရိပ္ဖုံးေနေသာ မျမင္ရေပ။ ထိုရဲအရာရွိသည္ ေတာင့္ေတာင့္ႀကီး ရပ္ေနၿပီး တေျပးညီထဲျဖစ္ေသာ အသံႏွင့္ေျပာလိုက္သည္။
"ခ်ီထ်န္ မင္းအေမမင္းကို ဧည့္သည္တစ္ေယာက္ေခၚၿပီးလာေတြ႕တယ္"
ခ်ီထ်န္သည္ တံခါးမွ ဝင္လာေသာ လူႏွစ္ေယာက္ကို ေပ်ာ္႐ႊင္စြာ ၾကည့္လိုက္သည္။
သူ႔အေမသည္သူ႔ကို မ်က္ရည္အျပည့္ႏွင့္ ၾကည့္ေနကာ သူ႔ေဘးတြင္ မ်က္ႏွာကာထားေသာ ေခ်ာင္ဆန္ဝတ္စုံဝတ္ဆင္ထားေသာ လွပေသာ အမ်ိဳးသမီးတစ္ေယာက္ ရွိေနေလသည္။
ရဲအရာရွိသည္ တံခါးဖြင့္လိုက္ၿပီး ထိုႏွစ္ေယာက္ကို ဝင္လာေစကာ သူကေတာ့ ထြက္သြားေပးလိုက္သည္။ ခ်ီထ်န္ႏွင့္ ထိုအမ်ိဳးသမီးႏွစ္ေယာက္သာ အခန္းထဲတြင္ က်န္ခဲ့သည္။ ခ်ီထ်န္သည္ ရဲအရာရွိကို ေတာ္ေတာ္အလိုက္သိသည္ဟု ေတြးလိုက္သည္။ ထို႔ေနာက္ သူ႔အေမကို ဆြဲ၍ အလ်င္စလို ဘာေတြေျပာေနမွန္းမသိေသာ အသံျဖင့္ အၾကာႀကီး သူ႔ကို ဒီေနရာမွ ထုတ္ေပးဖို႔ ေျပာေနသည္။
သူ႔အေမသည္ ထပ္ကာထပ္ကာ ေခါင္းညိတ္လိုက္ၿပီး နားလည္ေၾကာင္း ေျပာသည္။ ထို႔ေနာက္ ခ်ီထ်န္သည္ သူ႔အေမေဘးမွ အမ်ိဳးသမီးကို ၾကည့္လိုက္သည္။
အမ်ိဳးသမီး၏ အသားအရည္သည္ ေသသူကဲ့သို႔ ျဖဴဆြတ္ေနၿပီး သူမကိုယ္မွ အေအးမ်ား ထုတ္လြတ္ေနသလို ေတာင့္ေတာင့္ႀကီးရပ္ေနသည္။
သူမသည္ စကားတစ္ခြန္းမွ ဝင္မေျပာဘဲ ဒီတိုင္း တိတ္ဆိတ္စြာ ရပ္ေနၿပီး ရွည္လ်ားေျဖာင့္စင္းေသာ ေျခတံရွည္မားသည္ ေခ်ာင္ဆန္ေအာက္မွ လွပစြာ ေပၚထြက္ေနရာ ခ်ီထ်န္သည္ သူမဆီမွ အၾကည့္မလႊဲႏိုင္ခဲ့ေပ။
သူ႔အေမက ေျပာလိုက္သည္။
"အားထ်န္ ဒီတစ္ေယာက္က အေမမင္းအတြက္ရွာေပးထားတဲ့ ေခြၽးမေလ သူမကို ခစားခြင့္ျပဳလိုက္ေနာ္"
ထိုသို႔ ေျပာၿပီးေနာက္ ခ်ီထ်န႔္အေမသည္ အခန္းထဲမွ ထြက္သြားေတာ့သည္။ ခ်ီထ်န္သည္ သူ႔အေမက သူ႔ကို တကယ္နားလည္သည္ဟုေတြးမိၿပီး အၿပဳံးအႀကီးႀကီး ၿပဳံးလိုက္သည္။ သူ႔တစ္ကိုယ္လုံးဘယ္ေနရာမွ နာက်င္မႈမရွိေတာ့သလိုေတာင္ ခံစားမိသည္။ ခ်ီထ်န္သည္ ထိုအမ်ိဳးသမီးႏွင့္ စကားေျပာခ်င္ၿပီး သူမႏွင့္ က်ီစယ္ခ်င္သည္။ သို႔ေသာ္ ယခုသူစကားမျပာႏ္ုင္သလို သူမကလည္း တုပ္တုပ္မွ် မလႈပ္ေပ။
ခ်ီထ်န္က အဆင့္ေက်ာ္လိုက္ၿပီး သူမကို ကုတင္ေပၚသို႔ ဆြဲသြားေတာ့သည္။
အမ်ိဳးသမီးသည္ ေအးစက္ေနၿပီး ခ်ီထ်န္သည္ တုန္ယင္လာသည္။ ခ်ီထ်န္သည္ တုန္ရင္ေနရင္းႏွင့္ပင္ အမ်ိဳးသမီး၏ အဝတ္အစားမ်ားကို ဆြဲၿဖဲပစ္ေနသည္။ သို႔ေသာ္ သူမသည္ ထိုအခ်ိန္ထိ လုံးဝမလႈပ္လာေသးေပ။ သူမသည္ တုံ႔ျပန္မႈလုံးဝမရွိသည္မွာ သက္မဲ့ အ႐ုပ္တစ္႐ုပ္ကဲ့သို႔ပင္ ၿငိမ္သက္ေနသည္။
######################