အပိုင်း (၁၂၉) စတင်ရာမှ ထွက်ခွာခြင်းဆီ
ကျန်းလော့သည် ဆယ်ကျော်သက် ချီယုံပြန်လာသောအချိန်တွင် မကောင်းဆိုးဝါးကို သည်းမခံနိုင်အောင် စိတ်တိုလာစေအောင် စနောက်ချင်နေသည်။
ချီယုံ၏ ဇနီးတစ်ယောက်အနေဖြင့် ကျန်းလော့သည် သူ့ကိုယ်သူငုံ့ကြည့်လိုက် အိပ်ရာပေါ်တွင် ပြောမပြနိုင်လောက်အောင် ပေါ့ပါးသည့်ပုံဖြင့် လက်နှစ်ဖက်အချည်ခံရပြီး လှဲလျောင်းနေသော မကောင်းဆိုးဝါးကို ကြည့်လိုက် ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ မကောင်းဆိုးဝါးသည် အားနည်းနေသလို လှဲလျောင်းနေသည်မှာ ကျန်းလော့ကို အသေထရိုက်ချင်စိတ် ပေါ်လာစေသည်။
မကောင်းဆိုးဝါး၏ အပြုအမူများသည် ဆန်းကြယ်နေပြီး သူသည် တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် အပြင်ဘက်သို့ ကြည့်နေကာ ချီယုံဝင်လာပြီး သူတို့ကို တွေ့သွားမှာကို အလွန်မျှော်လင့်နေကြောင်း သိသာနေသည်။
ကျန်းလော့သည် စက္ကန့်အနည်းငယ်လောက်တွေးလိုက်ပြီး ဆုံးဖြက်ချက်ချလိုက်ကာ အိပ်ရာပေါ်မှ ထလိုက်ပြီး မကောင်းဆိုးဝါးကို ကော်လာကနေဆွဲထုတ်ပြီး ဗီဒိုထဲတွန်းလွှတ်လိုက်သည်။ သူဗီဒိုတံခါးပိတ်ပိတ်ပြီးချင်းမှာပဲ အခန်းတံခါး တွန်းဖွင့်ခံလိုက်ရလေသည်။
ချီယုံသည် ရေချိုးပြီး အဝတ်စားလဲလာပြီး ဖြစ်သည်။ သူ့မျက်နှာတွင် ဘာအမူအယာမှ မရှိပေ သို့သော် ကျန်းလော့ကို မြင်ပြီးနောက် မျက်လုံးထဲတွင် နွေးထွေးမှုလေးပေါ်လာကာ
"သခင်လေးကျန်း ကိုယ်ဒီနေ့ မင်းကို ခြောက်မိသွားလား"
ကျန်းလော့သည် ဗီဒိုမှ လက်ကို ရုတ်လိုက်ကာ နောက်လှည့်၍ ဗီဒိုကို ကျောမှီလိုက်ကာ တစ်လောကလုံးကို တုန်လှုပ်သွားစေန်ုင်သည့် မကောင်းဆိုးဝါးထွက်လာမည်ကို ကြောက်ရွံ့နေပြီး
"ဟားဟားဟား မခြောက်မိပါဘူး"
ချီယုံသည် လှည့်ကြည့်လိုက်ပြီး တံခါးပိတ်လိုက်ကာ သူ့ဆီသို့ လျှောက်လာသည်။ အနည်းငယ်မှောင်ရိပ်သန်းနေသော အခန်းထဲတွင် ဖုန်တချို့ပျံ့လွှင့်နေသည်။ ချီယုံသည် ကျန်းလော့၏ တောက်ပနေသော မျက်လုံးများထဲသို့ ကြည့်၍ သူမသိသော ခံစားချက်များသည် ပေါင်းပင်မြက်ပင်များကဲ့သို့ ကြီးထွားလာတော့သည်။
ချီယုံသည် တီးတိုးပြောလိုက်သည်။
"သခင်လေးကျန်း ကိုယ်ချီထျန်ကို သင်ခန်းစာပေးတာကို မင်းဘယ်လိုထင်လဲ"
'မင်းကြောက်သွားလား'
ကျန်းလော့သည် အနည်းငယ်အံ့ဩသွားပြီး ဒီတိုင်းပြောလိုက်ကာ
"မင်းက ငါဘယ်လိုထင်မထင် ဂရုစိုက်သေးတာလား"
ကျန်းလော့သည် တကယ်ကြီးပြောလိုက်သည်။
"မင်းတကယ်သိချင်တာဆိုရင်တော့............... ငါထင်တာတော့ မင်းလုပ်တာ မလုံလောက်သေးဘူး"
ချီယုံသည် အေးခဲသွားပြီး တိတ်ဆိတ်စွာ ရယ်လိုက်သည်။ သို့သော် မကြာခင်အရယ်ရပ်သွားပြီး ကျန်းလော့ကို နက်နက်နဲနဲကြည့်လိုက်သည်။ ထို့နောက် အခန်းထဲရှိလေထုသည် တနည်းတဖုံနူးညံ့သွားကာ ချီယုံသည် သခင်လေးကျန်း၏ မျက်နှာနားသို့ လက်မြှောက်လိုက်ပြီး အရင်တစ်ခေါက်က မလုပ်ခဲ့ရသော အရာကို ဆက်လုပ်ချင်နေပုံရသည်။
သို့သော် ကျန်းလော့ကို မထိမိခင် ချီယုံ့မျက်နှာသည် အေးစက်သွားသည်။
"အိမ်ထဲမှာ လူပိုတစ်ယောက်ရှိနေသလိုပဲ"
သူသည် အခန်းတစ်ခုလုံးကို လှည့်ပတ်ကြည့်လိုက်ပြီး ဗီဒိုဆီသို့ အကြည့်ပို့လိုက်သည်။ ကျန်းလော့သည် အံဩစွာ ပြောလိုက်သည်။
"အာ အိမ်ထဲမှာ တခြားတစ်ယောက်ရှိနေလို့်လား ငါဘာလို့ မတွေ့တာလဲ သခင်လေးချီ တစ်ခုခုမှားပြီး ခံစားမိနေတာ မဟုတ်ဘူးလား"
ချီယုံသည် သူ့ကိုကြည့်လိုက် ဗီဒိုကို ကြည့်လိုက်ဖြင့် မျက်လုံးများ မှေးကျဉ်းလာကာ
"ဖြစ်နိုင်ပါတယ်"
သူသည် ရုတ်တရက် လက်ကို ဆန့်ထုတ်လိုက်ကာ ကျန်းလော့ကို ဆွဲ၍ စားပွဲပေါ်ဝင်ထိုင်ခိုင်းလိုက်သည်။ ထို့နောက် အခန်းထောင့်တွင် ထားထားသော အနီရောင်သစ်သားဘူးအကြီးကြီးနှစ်လုံးဆီသို့ လျှောက်သွားလိုက်ပြီး
"သခင်လေးကျန်း မင်းနဲ့ငါ လက်ထပ်တဲ့နေ့က မင်းနဲ့လိုက်ဖက်တဲ့ လက်ဆောင်ကောင်းတစ်ခု ရခဲ့တယ်"
ကျန်းလော့သည် သိချင်သွားပြီး
"ဘယ်လိုလက်ဆောင်မျိုးလဲ"
ချီယုံသည် ပြန်မဖြေဘဲ မဟော်ဂနီရောင်ဘူးကြီးထဲသို့ စိမ်ပြေနပြေမွှေနှောက်ရှာနေပြီး ခနကြာသောအခါ အနက်ရောင်သစ်သား သေတ္တာတစ်ခု ထုတ်လိုက်ပြီး ကျန်းလော့ရှေ့တွင် တင်ပေးလိုက်သည်။
"သခင်လေးကျန်း ဖွင့်ကြည့်ကြည့်"
ကျန်းလော့ သည် ဖွင့်ပြီး အထဲကို ကြည့်လိုက်ရာ ဘူးထဲတွင် အနက်ရောင်ပစ္စတို အသစ်တစ်လက်ကို တွေ့လိုက်ရသည်။
ချီယုံသည် ပစ္စတိုကို ယူ၍ တစ်ဖက်သို့ လှည့်၍ ချိန်လိုက်ကာ မောင်းတင်လိုက်ပြီး
"သခင်လေးကျန်း မင်းဒါကို တစ်ခါမှ မသုံးဖူးလောက်ဖူးလို့ ကိုယ်ထင်တယ် ဘယ်လိုသုံးရလဲ ကိုယ်အရင် သရုပ်ပြပေးပါရစေ"
သို့နှင့် ချီယုံသည် ရုတ်တရက်လက်ကိုမြှောက်၍ ဗီဒိုဘက်သို့လှည့်ကာ ကျန်းလော့ဘာမှ မတုံ့ပြန်နိုင်လိုက်ခင် ပစ်ချလိုက်သည်။
"ဘွန်း......"
ဘမ်းခနဲ အသံအကျယ်ကြီး ကြားလိုက်ရပြီးနောက် ဗီဒိုသည် အနက်ရောင်အပေါက်အကြီးကြီး ဖြစ်သွားသည်။
ကျန်းလော့ "............"
သူ့မှတ်ဉာဏ်အရဆိုလျှင် ထိုနေရာသည် မကောင်းဆိုးဝါး၏ လက်မောင်းတည့်တည့်ဖြစ်သည်။ ချီယုံသည် သူ့ကိုသိမ်မွေ့စွာ ပြုံးပြလိုက်သည်။ သူသည် ဘာမှမသိသလို ပြုံးပြလိုက်သော်လည်း သူ့စိတ်အခြေအနေသည် အရင်ကထက်ပိုကောင်းလာပုံရကာ အသံသည် အနည်းငယ်မြင့်တက်သွားသည်။
"မင်းကောင်းကောင်းမမြင်လိုက်ဖူးမလား"
သူသည် ဗီဒိုကို နောက်ထပ်မီးခိုးထွက်နေတဲ့ အပေါက်သုံးပေါက်ဖြစ်အောင် သုံးချက်ထပ်ပစ်လိုက်သည်။
ကျန်းလော့သည် ချီယုံဘာမှ မတွေ့ဘူးဆိုသည်ကို မိုးနတ်မင်းကြီး ဆင်းပြောရင်တောင် ယုံမှာမဟုတ်ပေ။ သူက ဝင်ပြောလိုက်သည်။
"နောက်ထပ်ကျန်တဲ့ နှစ်ကြိမ်ကို ငါစမ်းကြည့်မယ်"
ချီယုံသည် မျက်ခုံးပင့်လိုက်ပြီး ပစ္စတိုကို လှမ်းပေးလိုက်သည်။
ကျန်းလော့သည် သေနတ်ကို ကိုင်ကြည့်ပြီး ထိုလက်နက်သည် သူနှင့် အလွန်ရင်းနှီးနေသလို ခံစားရသည်။ ကျည်ဆံသည် အလွန်လျင်မြန်စွာ ထိုးဖောက်နိုင်သည်။ ကျန်းလော့သည် သေနတ်အကြောင်းတွေးလေ ထိုအရာသည် တော်တော်ကောင်းမွန်သည်ဟု တွေးမိလေဖြစ်ပြီး အပြင်ရောက်လျှင် ခွမ့်ကျိန်းကို သေနတ်ကဲ့သို့ လက်နက်မျိုး လုပ်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။
သို့သော် သူလုပ်ရမည့် ကိစ္စကိုတော့ မမေ့ပေ။ သူသည် ဗီဒိုဘက်ကို လက်မြှောက်လိုက်ကာ အနည်းငယ် မလုံခြုံသလို ခံစားလိုက်ရပြီး ရှေ့သို့ ထရပ်လိုက်ပြန်သည်။
ထရပ်လိုက်ပြီး ဗီဒိုကို ချိန်ထားကာ ကျန်းလော့သည် ခနလောက်တွေဝေနေပြီး မောင်းကို ဆွဲမဖြုတ်သေးဘဲ ဗီဒိုတံခါးနားသို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူမှတ်မိနေသော မကောင်းဆိုးဝါး၏ ရင်ဘက်နားသို့ ချိန်လိုက်ကာ အပြုံးအကြီးကြီးဖြင့် ချီယုံ့ကို လှည့်ကြည့်လိုက်ပြီး
"ငါတော့ ဒီလောက်နီးမှ စိတ်ချရမယ်လို့ ထင်တာပဲ"
ဆန့်ကျင်ဘက်နေရာတွင် ရပ်နေသော ချီယုံသည် ဆွံ့အသွားသည်။ ကျန်းလော့သည် ချီယုံ့တုံ့ပြန်ချက်ကို မစောင့်ဘဲ ဗီဒိုကို အင်အားပြည့်ဝစွာ ကြည့်လိုက်ပြီး ဘာမှစိတ်ထဲမရှိသော အကြည့်ဖြင့် အကြင်နာကင်းမဲ့စွာ သေနတ်မောင်းကို ဆွဲ၍ ပစ်လိုက်သည်။ ကျန်းလော့လက်ဖဝါးသည် သေနတ်၏တန်ပြန်မှုကြောင့် တုန်ခါသွားသည်။
ကျန်းလော့ပစ်လိုက်သောကြောင့် အပေါက်ဖြစ်သွားသော နေရာမှ မီးခိုးဖြူများထွက်နေသည်။ ဆံပင်အနက်ရောင်နှင့် လူငယ်လေးသည် ပစ္စတိုကိုင်ထားသော လက်ကို မြှောက်ကြည့်ပြီး မကောင်းဆိုးဝါး၏ ခေါင်းတည့်တည့်နေရာကို ချိန်လိုက်ကာ
"သခင်လေးချီ ဒီဗီဒိုက ဘယ်လိုပဲပြောပြော ပျက်စီးသွားပြီဆိုတော့ ကျည်ဆံတွေကို ဒီထဲမှာပဲ ထပ်သုံးလိုက်ရအောင်လား တစ်တောင့်ပဲကျန်တော့တာ ကျွန်တော် သုံးလိုက်တော့မယ်နော်"
ကျန်းလော့သည် အသံထဲတွင် ရယ်မြူးရိပ်များ မအောင့်အီးနိုင်စွာ ပါနေပြိး မကောင်းဆိုးဝါးသည် အခုအချိန်တွင် အပေါက်များနှင် ပြည့်နှက်နေမည်ကို တွေးမိပြီး တအားအော်ရယ်ချင်နေမိသည်။ ပြီးမှ သူ့ကိုယ်သူ သတိထားမိလိုက်ပြီး ချီယုံ့ကို မကြည့်ဘဲ လက်ကျန်ကျည်တစ်တောင့်ကို ပစ်လိုက်သည်။
ကျန်းလော့သည် ပစ်လိုက်ပြီး အရယ်မရပ်နိုင်တော့ပေ။
'ရှက်စရာကောင်းလိုက်တာ'
သူ့လက်သည် မကောင်းဆိုးဝါး၏ သေကွင်းသေကွက်နေရာသို့ ချိန်၍ နောက်ထပ်ကျည်ဆံများမရှိတော့သည်ကို နှမြောတသဖြစ်သွားရသည်။
'ဂီး နောက်ထပ် ကျည်တစ်တောင့်လောက် ရှိသေးရင် ပိုကောင်းမှာကိုကွာ'
သူ့နောက်တွင် ချီယုံသည် ကျန်းလော့ကို မှင်သက်စွာ ကြည့်နေသည်။
'ကျန်းလော့က ငါ့ကို အနာဂတ်မှာ ဒီလောက်တောင် မုန်းနေတာလား'
'မဟုတ်လောက်ပါဘူး မုန်းနေတာနဲ့လဲ မတူပါဘူး'
'ဖြစ်နိုင်တာက မကျေနပ်တာ မရေရာတာ စိတ်ဆိုးနေတာတွေ စုနေလို့နေမှာပါ'
'ကျန်းလော့က ပျော်နေပုံပေါ်တယ်'
ချီယုံသည် မျက်လွှာချလိုက်ပြီး သူ့အတွေးများကို ဖုန်းကွယ်လိုက်သည်။ ကျန်လော့သည် အနာဂတ်ကို သိနေမြင်နေသလို ထင်ရသည်။
"သခင်လေး မကောင်းတော့ဘူး"
အပြင်ဘက်မှ အိမ်တော်ထိန်းသည် အလောတကြီးပြေးလာပြီး
"အိမ်အပြင်ဘက်မှာ လူတွေအများကြီး ရောက်နေပြီး သူတို့ပြော ပြောနေကြတာ လာအော်နေကြတာ ချီအိမ်တော်ထဲမှာ မကောင်းဆိုးဝါးပုန်းနေတာကိုဝင်ရှာမယ်တဲ့"
"အိမ်တော်အကြီးအကဲတွေက ကျွန်တော့ကို သခင်လေးကို ခေါ်လာဖို့ အမိန့်ပေးလိုက်လို့ပါ"
ချီယုံသည် မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်းကြီး ဖြစ်လာသော ပြဿနာကို မည်သို့ ဖြေရှင်းရမည်ကို စဉ်းစားနေသည်။
အခုလေးတွင်ပင် တပ်အရာရှိမှ ချီထျန်ကို ရဲစခန်းသို့ ခေါ်သွားသောကြောင့် အိမ်တော်ခွဲများမှ သူ့ကို သင်ခန်းစာပေးချင်သလို ရန်လိုသော အကြည့်များနှင့် ကြည့်နေခဲ့ကြသည်။ သို့သော် ထိုသင်ခန်းစာများသည် သူ့ဆီသို့ ချက်ချင်းရောက်လာမည်ဟု မမျှော်လင့်ခဲ့ပေ။
တစ်နာရီအတွင်းပြဿနာရှာခံလိုက်ရသော ချီယုံ "............."
သို့သော် ချီယုံသည် ခဏတာတွေးကြည့်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်ကာ
"မှောင်တောင်မှောင်နေပြီလား"
"ဟုတ်ပါတယ်"
အိမ်တော်ထိန်းက ထိုသို့ ထူးဆန်းသော မေးခွန်းကိုနားမလည်စွာ ပြောလိုက်သည်။
"သခင်လေး အခု ညနေခြောက်နာရီထိုးပါပြီ"
အိမ်ထဲတွင် အနောက်တိုင်းနာရီရှိပြီး ချီယုံသည် နာရီကို လှည့်ကြည့်လိုက်ရာ တကယ်ပဲ ခြောက်နာရီထိုးနေပြီဖြစ်သည်။
သူသည် တစ်ခုခုမှားနေသလို ခံစားရသော်လည်း နောက်တစ်ခနတွင် ညရောက်နေပြီဆိုသော အမှန်တရားကို လက်ခံလိုက်ပြီး ချီယုံက ခေါင်းညိတ်၍ ပြောလိုက်သည်။
"သိပြီ"
ကျန်းလော့သည်လည်း ရုတ်တရက် ကောင်းကင်ကြီး မှောင်မိုက်သွားသည်ကို သတိထားမိကာ မှန်လောကထဲတွင အချိန်သည် မြန်သည်ထက်မြန်လာပြီး ထိုသို့ မြန်လာခြင်း၏ အကြောင်းပြချက်ကို.......................
ထို့နောက် သူသည် ဗီဒိုကို ကြည့်လိုက်ပြီး သေချာတွက်ချက်ကြည့်လိုက်ရာ မကောင်းဆိုးဝါး မှန်လောကထဲသို့ ဝင်လာထဲက စပြီး အချိန်ကုန်မြန်လာကြောင်း သတိထားမိလိုက်သည်။ ထို့နောက် သူသည် ပစ္စတိုကို ချလိုက်ကာ ချီယုံ့နားသို့ အမြန်လျှောက်သွားလိုက်သည်။
"ငါမင်းနဲ့လိုက်ခဲ့မယ်"
လူနှစ်ယောက်သည် တံခါးဆီသို့ အမြန်လှောက်သွားလိုက်ရာ သူတို့အဲ့နားမရောက်ခင် ဆူညံနေသော အငြင်းပွားသံများကို ကြားလိုက်ရသည်။
အသံရာချီလောက်သည် ဆူပွက်နေပြီး လူများကို ကသိကအောက်ဖြစ်လာစေသည်။ ကျန်းလော့သည် သေချာနားထောင်နေပြီး ထိုအသံများသည် အိမ်တော်အဝင်ဝကို ပိတ်ထားသော လူအုပ်ကြီးထံမှလာကြောင်း သိလိုက်သည်။ လူအုပ်ကြီးသည် မကောင်းဆိုးဝါးကိုသူတို့လက်အပ်ရပ် ချီမိသားစုကို အော်ဟစ်ဆူပူလိုက်သည်။
အပြင်ဘက်မှလူများသည် ဆူပူနေကြပြီး တစ်ယောက်ယောက်သည် စိတ်ဆိုးမာန်ဆိုးအော်ဟစ်လိုက်သည်။
"မကောင်းဆိုးဝါးတွေက မင်းတို့မိသားစုကလာတာ ဟုတ်တယ်မလား ပုကျိုးမြို့တော်ထဲမှာ မင်းတို့အိမ်တော်တစ်ခုထဲကပဲ ဒီလိုလုပ်နိုင်စွမ်းရှိတာ မင်းတို့ပိုက်ဆံရဖို့ မင်းတို့သရဲဖမ်းတဲ့သူတွေက မကောင်းဆိုးဝါးဖမ်းရမှာမို့လို့ တမင်တကာ မကောင်းဆိုးဝါးတွေ လွတ်ပြီး လူသတ်ခိုင်းတာမို့လား မင်းတို့ ငွေရဖို့ လူတွေကို ဒုက္ခရောက်နေတာကို အခွင့်အရေးယူတာ ကျုပ်ပြောတာ ဟုတ်တယ်မလား"
"ဟုတ်တယ် မင်းတို့တွေ ဟုတ်တယ်မဟုတ်ဘူး တစ်ခုခုပြန်ပြောကြလေ"
"လူတွေကို ဒုက္ခပေးနေတဲ့ မကောင်းဆိုးဝါး ထုတ်လာခဲ့"
"ကျုပ်တို့ကိုလွှဲပေး မင်းတို့ထုတ်မလာရင် မင်းတို့ ချီမိသားစုတစ်ခုလုံးက မကောင်းဆိုးဝါးတွေလို့ ကျုပ်တို့ သတ်မှတ်လိုက်ိတော့မယ်"
ထိုသူ၏ မျက်နှာထားကြောင့် ချီမိသားစုအကြီးအကဲသည် လူတိုင်းကို စိတ်တည်ငြိမ်အောင် အကောင်းဆုံးပြောလိုက်သည်။
"မကောင်းဆိုးဝါးက ကျုပ်တို့ချီမိသားစုက မဟုတ်ပါဘူး ကျုပ်တို့ကလည်း လူသားတွေပါပဲ ဘယ်လိုလုပ်ပြီး ကျုပ်တို့က မကောင်းဆိုးဝါးတွေ ဖြစ်ရမှာလဲဗျာ ဒါပေမဲ့ ကျုပ်တို့ တရားခံကို ရှာတွေ့ပြီးပါပြီ အရင်က လူသတ်မှုတွေအကုန်လုံးက ကျုပ်တို့မိသားစုက သခင်ငယ်လေးရဲ့ စိတ်မရှည်မှုတွေကြောင့် ဖြစ်သွားရတာပါဗျာ သူကမတော်တဆ မကောင်းဆိုးဝါးတစ်ကောင်ကို လွတ်လိုက်မိတာ ကျုပ်တို့တစ်ယောက်ယောက်ကို ခေါ်ခိုင်းထားပြီးပါပြီ ကျုပ်တို့လည်း သူ့ကို မကောင်းဆိုးဝါးကို ဖယ်ရှားရှင်းလင်းဖို့နဲ့ မင်းတို့ကို တောင်းပန်ဖို့ ပြောပါ့မယ် မင်းတို့ဆက်ပြီး တိုင်ကြားချင်တာရှိရင်လည်း ပွင့်ပွင့်လင်းလင်းပြောပါ ကျုပ်တို့ သေချာပေါက် ဆုံးမပါ့မယ် ပြီးတော့လဲ နောက်ထပ် ဘယ်သူမှထပ်ပြီး အသက်ရန်ရှာမခံရအောင် တတ်နိုင်သမျှ ကြိုးစားပြိးသခင်ငယ်လေးကို သေချာပြောပြထားလိုက်ပါ့မယ် ကျုပ်တို့သူကို မင်းတို့ကို တောင်းပန်ခိုင်းလိုက်ပါ့မယ်"
ထိုစကားများကြောင့် ကျန်းလော့သည် ဘာပြောရမှန်းသိအောင် ဖြစ်သွားရသည်။
ချီမိသားစု အကြီးအကဲများသည် ခြေသံများကြားသောကြောင့် နောက်လှည့်ကြည့်လာကြပြီး အကြီးအကဲတစ်ယောက်သည် ရန်လိုပြီး ဒေါသထွက်နေသော အကြည့်ဖြင့်
"ချီယုံ ဒီကိုလာခဲ့စမ်း"
ဤမှန်လောကထဲရှိ အကြီးအကဲများသည် တစ်ယောက်ထက်တစ်ယောက် ပို၍ ယုတ်မာကြသည်။ ချီယုံသည် ရှေ့တိုးသွားပြိး လူများရှေ့သို့ သွားလိုက်သည်။ သူသည် ရှေ့ဆက်ဘာဖြစ်မည်ကို ခန့်မှန်းထားပြီးဖြစ်ကာ ဘာဖြစ်လာလာ စိတ်မဝင်စားသော်လည်း မျက်နှာတွင် ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်းနှင့် နာကျင်ခြင်းတချို့ ပေါ်လွင်နေသည်။
ချီယုံသည် တကယ်ပဲ သရဲတစ္ဆေများကို မွေးထားခဲ့ပြီး ထိုတစ္ဆေများသည် သန်မာလာအောင် လူအများကြီးသတ်ခဲ့ပါ၏။ သို့သော် အိမ်တော်မှ အစေခံများ၊ သူတောင်းစားနှင့် စောင့်ကြပ်သူတို့ကိုသတ်သည့် မကောင်းဆိုးဝါးဆိုတာသည် သူမွေးထားသော တစ္ဆေသရဲများတကယ် မဟုတ်ပါချေ။
ချီမိသားစု၏ အကြီးအကဲသည် သူ့ကို လက်ညှိုးငေါက်ငေါက်ထိုး၍ ပြောသည်။
"ဒီကတစ်ယောက်ကတော့ ကျုပ်တို့အိမ်တော်ရဲ့ သခင်ငယ်လေးပါပဲ ပြီးတော့လဲ ဒါတွေအားလုံးက သူ့ကြောင့်..........."
သူဘာမှ မပြောနိုင်ခင် လူများက သူ့စကားပြောနေတာကို နှောက်ယှက်၍ ဝင်ပြောလိုက်သည်။
"မင်းက ကျုပ်တို့ကို အရူးလို့ထင်နေတာလား ဘယ်လိုလုပ်ပြီး သခင်လေးချီက ဒီလိုမျိုးလုပ်မှာလဲ"
"ဟုတ်တယ် သခင်လေးချီက ဒီလိုလုပ်ရပ်မျိုး ဘယ်တော့မှလုပ်မှာမဟုတ်ဘူး မင်းတို့ တမင်တကာ သခင်လေးချီကို အပြစ်ပုံချပြီး တကယ့်လူသတ်ကောင်ကို ကာကွယ်ပေးနေတာ"
"လူသတ်သမားက သခင်လေးချီတဲ့လား ကျုပ်တို့မယုံဘူး လာစမ်းပါ မင်းတို့ကောင်တွေ မကောင်းဆိုးဝါးကို မြန်မြန်သွက်သွက် ထုတ်ပေးစမ်း မဟုတ်လို့ကတော့ ကျုပ်တို့မင်းကို ကြည့်ကောင်းအောင် လုပ်ပေးလိုက်မယ်"
ချီမိသားစု၏ အကြီးအကဲများသည် လုံးဝကို မယုံနိုင်ဖြစ်နေပြီး
"အဲ့ဒါ သူ ..............."
လူများသည် ပို၍ ပို၍ ဒေါသထွက်လာကာ
"ဒီအဘိုးကြီးကတော့ကွာ အခုထိ အမှန်အတိုင်းပြောဖို့ ငြင်းနေတုန်းလားကွ ညီအစ်ကိုတို့ လက်နက်တွေ ထုတ်ကြ ကျုပ်တို့ကိုယ်တိုင် မကောင်းဆိုးဝါးကို ဝင်ရှာကြမယ်"
"သခင်လေးချီ မကြောက်ပါနဲ့ ကျုပ်တို့မင်းကို ယုံတယ် ခင်များက လူသတ်သမား လုံးဝမဖြစ်နိုင်ဘူး"
ထိုစကားကြောင့် ချီယုံသာမကပဲ အိမ်တော်ခွဲမှ လူများပါ လန့်သွားကြပြီး ချီယုံတစ်ယောက် မျက်မှောင်ကြုတ်သွားတော့သည်။
ပုကျိုးမြို့တော်မှ လူများသည် လက်များကို ဝေ့ယမ်း၍ အံ့ဩစရာကောင်းစွာပင် ချီယုံ့ဘက်မှ ထောက်ခံယုံကြည်ပေးနေကြသည်။
ထိုအချက်သည် အလွန်ကောင်းသော်လည်း ချီယုံသည် ကို့ယို့ကားယားကြီး ဘယ်လိုခံစားနေရမှန်း မပြောပြတတ်ပေ။
လူများသည် ချီမိသားစုအိမ်တော်ထဲသို့ ထိုးဖောက်ဝင်ရောက်ဖို့ လုပ်နေပြိး ချီမိသားစုမှ အသက်ခုနှစ်ဆယ် ရှစ်ဆယ်အရွယ် အကြီးအကဲများသည် ထိတ်လန့်စွာ တားဆီးနေကြသည်။
လူတိုင်းသည် ပို၍ ပို၍ ဒေါသထွက်လာကြကာ ချီမိသားစုသည် ချက်ချင်းလေသံပြောင်းပြီး သူတို့ ချီယုံ့ကို အထင်လွဲသွားကြောင်း လူသတ်သမားသည် တခြားသူဖြစ်ကြောင်းနှင့် သူတို့ဘက်မှ လူသတ်သမားကို သေချာပေါက် ဖမ်းမည့်အကြောင်းများ ပြော၍ လူအုပ်ကြီးကို တည်ငြိမ်အောင် လုပ်လိုက်ရသည်။
ကျန်းလော့သည် ဤသို့ ကိစ္စအကြီးကြီးကို လွယ်လွယ်ကူကူ ဖြေရှင်းလိုက်နိုင်သည်ကို မယုံနိုင် ဖြစ်နေသည်။ ထိုအချိန်တွင် လူအုပ်ကြီးထဲမှ ရုတ်တရက် အော်သံထွက်လာသည်။
"သရဲက ငါတို့နောက်မှာဟေ့"
ကျန်းလော့သည် လူအုပ်ကြီးနောက်သို့ ကြည့်လိုက်သောအခါ အေးစက်သော ဓားသွားတစ်ချောင်းကို ကိုင်၍ အနက်ရောင် အဝတ်ဖြင့် တစ်ကိုယ်လုံးလုံအောင်ဖုံးထားသော ပုံရိပ်သည် လူအုပ်ကြီးနောက်တွင် တစ္ဆေတစ်ကောင်လို မတ်တပ်ရပ်နေလေသည်။
လူအုပ်ကြီးမှ သူ့ကို ရှာတွေ့သွားပြီမှန်း သတိထားမိသွားသောအခါ ၎င်းသည် တိတ်တဆိတ်နောက်လှည့် လူအုပ်ကြီးနှင့် ဆန့်ကျင်ဘက်သို့ ပျံသန်းသွားတော့သည်။
သူတို့နောက်သို့ ထိုအရာပေါ်လာထဲက တိတ်ဆိတ်သွားသော လူသားများသည် ထိုအရာထွက်သွားသည်အထိ ကြောက်လန့်နေဆဲဖြစ်သော်လည်း ထိုသရဲ ထွက်ပြေးသွားသည်ကို မြင်သောအခါ သူတို့သည် နှလုံးသားထဲမှ သတ္တိများထွက်လာသလို ခံစားရပြီး လူရာပေါင်းများစွာသည် ထိုအရာနောက်လိုက်ကြပြီး
"မပြေးနဲ့"
ကျန်းလော့သည် ထိုမကောင်းဆိုးဝါးနောက်သို့ အရင်ပြေးလိုက်သွားသည်။
လျန်ချင်းနှင့် လျန်ပင်းသည်လည်း သူ့ကဲ့သို့ပင် ထိုအကောင်နောက်သို့ ပြေးလိုက်သွားသည်။
တစ္ဆေများသည် အလွန်လျင်မြန်ပြီး ကျန်းလော့သည် မြန်နိုင်သလောက် မြန်မြန်ပြေးလိုက်ကာ သာမန်လူများသည် သူတို့ကို မျက်ခြေပျက်သွားသည်။
လျန်ချင်းသည် အံတင်းတင်းကြိတ်ပြီး ထိုသူကို မလွတ်သွားအောင် ပြေးလိုက်ပြီး လျန်ပင်းသည် ဘေးပတ်ပတ်လည်ကို ကြည့်ကာ ညာဘက်သို့ကွေ့သွားလိုက်သည်။
"အစ်ကိုကြီး ဖြတ်လမ်းက လိုက်ရအောင်"
တစ္ဆေသည် နောက်ဖေးလမ်းကြားတစ်ခုသို့ ရောက်သည်အထိ ဆက်ပြေးနေပြီး သူ့ရှေ့သို့ လျန်ပင်းနှင့် လျန်ချင်းရောက်လာသောအခါ နောက်လှည့်၍ ပြေးဖို့လုပ်လိုက်သည်။ နှစ်ယောက်လုံးသည် ချွေးများရွှဲနစ်နေပြီး ဟောဟဲလိုက်နေကာ သူတို့ ဒူးနှစ်ဖက်ပေါ်လက်တင်၍ ကိုယ်ကို ငုံ့ကိုင်းနေကြသည်။
"ထွက်ပြေးရဲတယ်လား"
တစ္ဆေသည် နောက်သို့ ခြေနှစ်လှမ်းလောက်ဆုတ်လိုက်ပြီး လှည့်ပြေးဖို့ လုပ်ရာ သူ့နောက်တွင် ကျန်းလော့ကို တွေ့လိုက်ရသည်။ ကျန်းလော့သည် လက်နှစ်ဖက်ဖြင့် စည်းတံဆိပ်သဏ္ဍာန်လုပ်လိုက်ကာ ပြောလိုက်သည်။
"စကားလုံးတည်နေရာ 'လိ' မီးတောက်စေ"
ကြောက်မက်ဖွယ် မီးတောက်များသည် ချက်ချင်း အနက်ရောင်ဝတ်တစ္ဆေကို ဝိုင်းရံသွားသည်။
မီးတောက်များသည် ဖြေးဖြေးချင်းချင်း အနက်ရောင်တစ္ဆေနားသို့ တိုးကပ်လာကာ တစ္ဆေသည် မီးတောက်များကို ကြောက်ရွံ့ကာ ရှောင်ရှားနေသော်လည်း မီးတောက်ထဲမှ မလွတ်မြောက်နိုင်ပေ။ မီးတောက်သည် မီးလုံးတစ်လုံးအဖြစ်ပြောင်းလဲသွားကာ တစ္ဆေကို အကြင်နာကင်းမဲ့စွာ လောင်ကျွမ်းသွားစေသည်။
အနက်ရောင်တစ္ဆေသည် ကြောက်လန့်စွာ အော်ဟစ်လိုက်ပြီး မခုခံနိုင်ဘဲ နေရာတွင် ပျောက်ကွယ်သွားကာ မြေပြင်ပေါ်တွင် အနက်ရောင်ဝတ်ရုံကို ချန်ထားခဲ့သည်။
ကျန်းလော့သည် မျက်မှောင်ကြုတ်သွားပြီး လိမီးတောကို ပြန်သိမ်းလိုက်ကာ ရှေ့တိုး၍ အနက်ရောင်ဝတ်ရုံကို ကောက်လိုက်သည်။ ထိုဝတ်စုံသည် ရေများစိုရွှဲနေကာ အပေါ်ယံပင် စိုရွှဲနေခြင်းမဟုတ်ဘဲ အထဲထိပါ ရွှဲရွှဲစိုနေခြင်းဖြစ်သည်။
ကျန်းလော့သည် အတွေးများသွားသည်။
'အနက်ရောင်ဝတ်တစ္ဆေက မီးနဲ့ထိတော့ ရေအဖြစ်ပြောင်းသွားတာလား'
လျန်ပင်းတို့ နှစ်ယောက်သည် သူ့ဆီသို့ပြေးလာကြကာ အူကြောင်ကြောင်ဖြင့် ကောင်းကင်ကို လက်ညှိုးထိုးပြ၍ အထစ်အထစ်ပြောလိုက်သည်။
"ဆရာ အဲ အစ်ကိုကြီး ကြည့်ဦး"
ကျန်းလော့သည် သူတို့ပြောသညိ့အတိုင်းကြည့်လိုက်ရာ ကောင်းကင်သည် ပြိုကျနေလေသည်။
ကောင်းကင်ကြီးသည် မှန်ကွဲကြီးနှင့်တူနေပြီး မှန်ကွဲစများသည် ဆက်တိုက်ပြုတ်ကျနေကာ လေထုထဲပြုတ်ကျသွားပြီး အလယ်လောက်တွင် ပျောက်ကွယ်သွားသည်။ ဤနှုန်းအတိုင်းဆိုလျှင် မှန်လောကသည် ငါးနာရီအတွင်း ပြိုကွဲတော့မည်ဖြစ်ပြီး သူတို့ ထွက်သွားလို့ရတော့မည် ဖြစ်သည်။
ကန့်လန့်ကာနောက်ကွယ်မှ လူကပြောခဲ့သည်မှာ "မကောင်းဆိုးဝါးကို သတ်ပြီးရင် ဒီနေရာက ထွက်သွားလို့ရမယ်" ဖြစ်ပြီး ဒီပုံစံအတိုင်းဆိုလျှင် အနက်ရောင်တစ္ဆေသည် သူတို့ရှာနေသည့်မကောင်းဆိုးဝါးဖြစ်နိုင်လေသည်။
ကျန်းလော့သည် ထရပ်လိုက်ပြီး သူ့လက်ထဲမှ အနက်ရောင်ဝတ်စုံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်ပြီး စတင်ပြီး ပြိုကွဲလာနေသော မှန်လောကကို ကြည်လိုက်သည်။ သို့သော် သူ့နှလုံးသားသည် အလွန်ပျော်ရွှင်မနေကာ စိတ်ပျက်မှုကိုပင် ခံစားနေရသည်။
'ထွက်သွာဖို့ ဒီလောက်လွယ်လား'
'ငါတို့ သုံးယောက်ထဲနဲ့ သတ်လို့ရအောင် အနက်ရောင်တစ္ဆေက ဒီလောက်အားနည်းရလား'
ကျန်းလော့မြင်ချင်ခဲ့သည် မကောင်းဆိုးဝါးတစ်ကောင် မွေးဖွားလာခြင်းသည် တစ်ချက်လေးတောင် မခုခံနိုင်ခဲ့သည့် အနက်ရောင်တစ္ဆေဖြစ်နေသည်လား။
ကျန်းလော့သည် ထိုအရာကို အနည်းငယ် ရယ်ချင်သွားသော်လည်း အမှန်တရားဖြစ်နေသည်။ သူသည် နောက်လှည့်လိုက်ပြီး
"လာကြ လျန်ရွှီဆီသွားရအောင် ကောင်မလေးတွေက မှန်လောကထဲက ထွက်ဖို့ ငါတို့ကို စောင့်နေလောက်ပြီ"
######################
Zawgyi
အပိုင္း (၁၂၉) စတင္ရာမွ ထြက္ခြာျခင္းဆီ
က်န္းေလာ့သည္ ဆယ္ေက်ာ္သက္ ခ်ီယုံျပန္လာေသာအခ်ိန္တြင္ မေကာင္းဆိုးဝါးကို သည္းမခံႏိုင္ေအာင္ စိတ္တိုလာေစေအာင္ စေနာက္ခ်င္ေနသည္။
ခ်ီယုံ၏ ဇနီးတစ္ေယာက္အေနျဖင့္ က်န္းေလာ့သည္ သူ႔ကိုယ္သူငုံ႔ၾကည့္လိုက္ အိပ္ရာေပၚတြင္ ေျပာမျပႏိုင္ေလာက္ေအာင္ ေပါ့ပါးသည့္ပုံျဖင့္ လက္ႏွစ္ဖက္အခ်ည္ခံရၿပီး လွဲေလ်ာင္းေနေသာ မေကာင္းဆိုးဝါးကို ၾကည့္လိုက္ ဘာလုပ္ရမွန္းမသိ ျဖစ္သြားသည္။ မေကာင္းဆိုးဝါးသည္ အားနည္းေနသလို လွဲေလ်ာင္းေနသည္မွာ က်န္းေလာ့ကို အေသထ႐ိုက္ခ်င္စိတ္ ေပၚလာေစသည္။
မေကာင္းဆိုးဝါး၏ အျပဳအမူမ်ားသည္ ဆန္းၾကယ္ေနၿပီး သူသည္ တလက္လက္ေတာက္ပေနေသာ မ်က္လုံးမ်ားျဖင့္ အျပင္ဘက္သို႔ ၾကည့္ေနကာ ခ်ီယုံဝင္လာၿပီး သူတို႔ကို ေတြ႕သြားမွာကို အလြန္ေမွ်ာ္လင့္ေနေၾကာင္း သိသာေနသည္။
က်န္းေလာ့သည္ စကၠန႔္အနည္းငယ္ေလာက္ေတြးလိုက္ၿပီး ဆုံးျဖက္ခ်က္ခ်လိုက္ကာ အိပ္ရာေပၚမွ ထလိုက္ၿပီး မေကာင္းဆိုးဝါးကို ေကာ္လာကေနဆြဲထုတ္ၿပီး ဗီဒိုထဲတြန္းလႊတ္လိုက္သည္။ သူဗီဒိုတံခါးပိတ္ပိတ္ၿပီးခ်င္းမွာပဲ အခန္းတံခါး တြန္းဖြင့္ခံလိုက္ရေလသည္။
ခ်ီယုံသည္ ေရခ်ိဳးၿပီး အဝတ္စားလဲလာၿပီး ျဖစ္သည္။ သူ႔မ်က္ႏွာတြင္ ဘာအမူအယာမွ မရွိေပ သို႔ေသာ္ က်န္းေလာ့ကို ျမင္ၿပီးေနာက္ မ်က္လုံးထဲတြင္ ေႏြးေထြးမႈေလးေပၚလာကာ
"သခင္ေလးက်န္း ကိုယ္ဒီေန႔ မင္းကို ေျခာက္မိသြားလား"
က်န္းေလာ့သည္ ဗီဒိုမွ လက္ကို ႐ုတ္လိုက္ကာ ေနာက္လွည့္၍ ဗီဒိုကို ေက်ာမွီလိုက္ကာ တစ္ေလာကလုံးကို တုန္လႈပ္သြားေစႏ္ုင္သည့္ မေကာင္းဆိုးဝါးထြက္လာမည္ကို ေၾကာက္႐ြံ႕ေနၿပီး
"ဟားဟားဟား မေျခာက္မိပါဘူး"
ခ်ီယုံသည္ လွည့္ၾကည့္လိုက္ၿပီး တံခါးပိတ္လိုက္ကာ သူ႔ဆီသို႔ ေလွ်ာက္လာသည္။ အနည္းငယ္ေမွာင္ရိပ္သန္းေနေသာ အခန္းထဲတြင္ ဖုန္တခ်ိဳ႕ပ်ံ႕လႊင့္ေနသည္။ ခ်ီယုံသည္ က်န္းေလာ့၏ ေတာက္ပေနေသာ မ်က္လုံးမ်ားထဲသို႔ ၾကည့္၍ သူမသိေသာ ခံစားခ်က္မ်ားသည္ ေပါင္းပင္ျမက္ပင္မ်ားကဲ့သို႔ ႀကီးထြားလာေတာ့သည္။
ခ်ီယုံသည္ တီးတိုးေျပာလိုက္သည္။
"သခင္ေလးက်န္း ကိုယ္ခ်ီထ်န္ကို သင္ခန္းစာေပးတာကို မင္းဘယ္လိုထင္လဲ"
'မင္းေၾကာက္သြားလား'
က်န္းေလာ့သည္ အနည္းငယ္အံ့ဩသြားၿပီး ဒီတိုင္းေျပာလိုက္ကာ
"မင္းက ငါဘယ္လိုထင္မထင္ ဂ႐ုစိုက္ေသးတာလား"
က်န္းေလာ့သည္ တကယ္ႀကီးေျပာလိုက္သည္။
"မင္းတကယ္သိခ်င္တာဆိုရင္ေတာ့............... ငါထင္တာေတာ့ မင္းလုပ္တာ မလုံေလာက္ေသးဘူး"
ခ်ီယုံသည္ ေအးခဲသြားၿပီး တိတ္ဆိတ္စြာ ရယ္လိုက္သည္။ သို႔ေသာ္ မၾကာခင္အရယ္ရပ္သြားၿပီး က်န္းေလာ့ကို နက္နက္နဲနဲၾကည့္လိုက္သည္။ ထို႔ေနာက္ အခန္းထဲရွိေလထုသည္ တနည္းတဖုံႏူးညံ့သြားကာ ခ်ီယုံသည္ သခင္ေလးက်န္း၏ မ်က္ႏွာနားသို႔ လက္ေျမႇာက္လိုက္ၿပီး အရင္တစ္ေခါက္က မလုပ္ခဲ့ရေသာ အရာကို ဆက္လုပ္ခ်င္ေနပုံရသည္။
သို႔ေသာ္ က်န္းေလာ့ကို မထိမိခင္ ခ်ီယုံ႔မ်က္ႏွာသည္ ေအးစက္သြားသည္။
"အိမ္ထဲမွာ လူပိုတစ္ေယာက္ရွိေနသလိုပဲ"
သူသည္ အခန္းတစ္ခုလုံးကို လွည့္ပတ္ၾကည့္လိုက္ၿပီး ဗီဒိုဆီသို႔ အၾကည့္ပို႔လိုက္သည္။ က်န္းေလာ့သည္ အံဩစြာ ေျပာလိုက္သည္။
"အာ အိမ္ထဲမွာ တျခားတစ္ေယာက္ရွိေနလို႔္လား ငါဘာလို႔ မေတြ႕တာလဲ သခင္ေလးခ်ီ တစ္ခုခုမွားၿပီး ခံစားမိေနတာ မဟုတ္ဘူးလား"
ခ်ီယုံသည္ သူ႔ကိုၾကည့္လိုက္ ဗီဒိုကို ၾကည့္လိုက္ျဖင့္ မ်က္လုံးမ်ား ေမွးက်ဥ္းလာကာ
"ျဖစ္ႏိုင္ပါတယ္"
သူသည္ ႐ုတ္တရက္ လက္ကို ဆန႔္ထုတ္လိုက္ကာ က်န္းေလာ့ကို ဆြဲ၍ စားပြဲေပၚဝင္ထိုင္ခိုင္းလိုက္သည္။ ထို႔ေနာက္ အခန္းေထာင့္တြင္ ထားထားေသာ အနီေရာင္သစ္သားဘူးအႀကီးႀကီးႏွစ္လုံးဆီသို႔ ေလွ်ာက္သြားလိုက္ၿပီး
"သခင္ေလးက်န္း မင္းနဲ႔ငါ လက္ထပ္တဲ့ေန႔က မင္းနဲ႔လိုက္ဖက္တဲ့ လက္ေဆာင္ေကာင္းတစ္ခု ရခဲ့တယ္"
က်န္းေလာ့သည္ သိခ်င္သြားၿပီး
"ဘယ္လိုလက္ေဆာင္မ်ိဳးလဲ"
ခ်ီယုံသည္ ျပန္မေျဖဘဲ မေဟာ္ဂနီေရာင္ဘူးႀကီးထဲသို႔ စိမ္ေျပနေျပေမႊေႏွာက္ရွာေနၿပီး ခနၾကာေသာအခါ အနက္ေရာင္သစ္သား ေသတၱာတစ္ခု ထုတ္လိုက္ၿပီး က်န္းေလာ့ေရွ႕တြင္ တင္ေပးလိုက္သည္။
"သခင္ေလးက်န္း ဖြင့္ၾကည့္ၾကည့္"
က်န္းေလာ့ သည္ ဖြင့္ၿပီး အထဲကို ၾကည့္လိုက္ရာ ဘူးထဲတြင္ အနက္ေရာင္ပစၥတို အသစ္တစ္လက္ကို ေတြ႕လိုက္ရသည္။
ခ်ီယုံသည္ ပစၥတိုကို ယူ၍ တစ္ဖက္သို႔ လွည့္၍ ခ်ိန္လိုက္ကာ ေမာင္းတင္လိုက္ၿပီး
"သခင္ေလးက်န္း မင္းဒါကို တစ္ခါမွ မသုံးဖူးေလာက္ဖူးလို႔ ကိုယ္ထင္တယ္ ဘယ္လိုသုံးရလဲ ကိုယ္အရင္ သ႐ုပ္ျပေပးပါရေစ"
သို႔ႏွင့္ ခ်ီယုံသည္ ႐ုတ္တရက္လက္ကိုေျမႇာက္၍ ဗီဒိုဘက္သို႔လွည့္ကာ က်န္းေလာ့ဘာမွ မတုံ႔ျပန္ႏိုင္လိုက္ခင္ ပစ္ခ်လိုက္သည္။
"ဘြန္း......"
ဘမ္းခနဲ အသံအက်ယ္ႀကီး ၾကားလိုက္ရၿပီးေနာက္ ဗီဒိုသည္ အနက္ေရာင္အေပါက္အႀကီးႀကီး ျဖစ္သြားသည္။
က်န္းေလာ့ "............"
သူ႔မွတ္ဉာဏ္အရဆိုလွ်င္ ထိုေနရာသည္ မေကာင္းဆိုးဝါး၏ လက္ေမာင္းတည့္တည့္ျဖစ္သည္။ ခ်ီယုံသည္ သူ႔ကိုသိမ္ေမြ႕စြာ ၿပဳံးျပလိုက္သည္။ သူသည္ ဘာမွမသိသလို ၿပဳံးျပလိုက္ေသာ္လည္း သူ႔စိတ္အေျခအေနသည္ အရင္ကထက္ပိုေကာင္းလာပုံရကာ အသံသည္ အနည္းငယ္ျမင့္တက္သြားသည္။
"မင္းေကာင္းေကာင္းမျမင္လိုက္ဖူးမလား"
သူသည္ ဗီဒိုကို ေနာက္ထပ္မီးခိုးထြက္ေနတဲ့ အေပါက္သုံးေပါက္ျဖစ္ေအာင္ သုံးခ်က္ထပ္ပစ္လိုက္သည္။
က်န္းေလာ့သည္ ခ်ီယုံဘာမွ မေတြ႕ဘူးဆိုသည္ကို မိုးနတ္မင္းႀကီး ဆင္းေျပာရင္ေတာင္ ယုံမွာမဟုတ္ေပ။ သူက ဝင္ေျပာလိုက္သည္။
"ေနာက္ထပ္က်န္တဲ့ ႏွစ္ႀကိမ္ကို ငါစမ္းၾကည့္မယ္"
ခ်ီယုံသည္ မ်က္ခုံးပင့္လိုက္ၿပီး ပစၥတိုကို လွမ္းေပးလိုက္သည္။
က်န္းေလာ့သည္ ေသနတ္ကို ကိုင္ၾကည့္ၿပီး ထိုလက္နက္သည္ သူႏွင့္ အလြန္ရင္းႏွီးေနသလို ခံစားရသည္။ က်ည္ဆံသည္ အလြန္လ်င္ျမန္စြာ ထိုးေဖာက္ႏိုင္သည္။ က်န္းေလာ့သည္ ေသနတ္အေၾကာင္းေတြးေလ ထိုအရာသည္ ေတာ္ေတာ္ေကာင္းမြန္သည္ဟု ေတြးမိေလျဖစ္ၿပီး အျပင္ေရာက္လွ်င္ ခြမ့္က်ိန္းကို ေသနတ္ကဲ့သို႔ လက္နက္မ်ိဳး လုပ္ခိုင္းရန္ ဆုံးျဖတ္လိုက္သည္။
သို႔ေသာ္ သူလုပ္ရမည့္ ကိစၥကိုေတာ့ မေမ့ေပ။ သူသည္ ဗီဒိုဘက္ကို လက္ေျမႇာက္လိုက္ကာ အနည္းငယ္ မလုံၿခဳံသလို ခံစားလိုက္ရၿပီး ေရွ႕သို႔ ထရပ္လိုက္ျပန္သည္။
ထရပ္လိုက္ၿပီး ဗီဒိုကို ခ်ိန္ထားကာ က်န္းေလာ့သည္ ခနေလာက္ေတြေဝေနၿပီး ေမာင္းကို ဆြဲမျဖဳတ္ေသးဘဲ ဗီဒိုတံခါးနားသို႔ ေလွ်ာက္သြားလိုက္သည္။ ထို႔ေနာက္ သူမွတ္မိေနေသာ မေကာင္းဆိုးဝါး၏ ရင္ဘက္နားသို႔ ခ်ိန္လိုက္ကာ အၿပဳံးအႀကီးႀကီးျဖင့္ ခ်ီယုံ႔ကို လွည့္ၾကည့္လိုက္ၿပီး
"ငါေတာ့ ဒီေလာက္နီးမွ စိတ္ခ်ရမယ္လို႔ ထင္တာပဲ"
ဆန႔္က်င္ဘက္ေနရာတြင္ ရပ္ေနေသာ ခ်ီယုံသည္ ဆြံ႕အသြားသည္။ က်န္းေလာ့သည္ ခ်ီယုံ႔တုံ႔ျပန္ခ်က္ကို မေစာင့္ဘဲ ဗီဒိုကို အင္အားျပည့္ဝစြာ ၾကည့္လိုက္ၿပီး ဘာမွစိတ္ထဲမရွိေသာ အၾကည့္ျဖင့္ အၾကင္နာကင္းမဲ့စြာ ေသနတ္ေမာင္းကို ဆြဲ၍ ပစ္လိုက္သည္။ က်န္းေလာ့လက္ဖဝါးသည္ ေသနတ္၏တန္ျပန္မႈေၾကာင့္ တုန္ခါသြားသည္။
က်န္းေလာ့ပစ္လိုက္ေသာေၾကာင့္ အေပါက္ျဖစ္သြားေသာ ေနရာမွ မီးခိုးျဖဴမ်ားထြက္ေနသည္။ ဆံပင္အနက္ေရာင္ႏွင့္ လူငယ္ေလးသည္ ပစၥတိုကိုင္ထားေသာ လက္ကို ေျမႇာက္ၾကည့္ၿပီး မေကာင္းဆိုးဝါး၏ ေခါင္းတည့္တည့္ေနရာကို ခ်ိန္လိုက္ကာ
"သခင္ေလးခ်ီ ဒီဗီဒိုက ဘယ္လိုပဲေျပာေျပာ ပ်က္စီးသြားၿပီဆိုေတာ့ က်ည္ဆံေတြကို ဒီထဲမွာပဲ ထပ္သုံးလိုက္ရေအာင္လား တစ္ေတာင့္ပဲက်န္ေတာ့တာ ကြၽန္ေတာ္ သုံးလိုက္ေတာ့မယ္ေနာ္"
က်န္းေလာ့သည္ အသံထဲတြင္ ရယ္ျမဴးရိပ္မ်ား မေအာင့္အီးႏိုင္စြာ ပါေနၿပိး မေကာင္းဆိုးဝါးသည္ အခုအခ်ိန္တြင္ အေပါက္မ်ားႏွင္ ျပည့္ႏွက္ေနမည္ကို ေတြးမိၿပီး တအားေအာ္ရယ္ခ်င္ေနမိသည္။ ၿပီးမွ သူ႔ကိုယ္သူ သတိထားမိလိုက္ၿပီး ခ်ီယုံ႔ကို မၾကည့္ဘဲ လက္က်န္က်ည္တစ္ေတာင့္ကို ပစ္လိုက္သည္။
က်န္းေလာ့သည္ ပစ္လိုက္ၿပီး အရယ္မရပ္ႏိုင္ေတာ့ေပ။
'ရွက္စရာေကာင္းလိုက္တာ'
သူ႔လက္သည္ မေကာင္းဆိုးဝါး၏ ေသကြင္းေသကြက္ေနရာသို႔ ခ်ိန္၍ ေနာက္ထပ္က်ည္ဆံမ်ားမရွိေတာ့သည္ကို ႏွေျမာတသျဖစ္သြားရသည္။
'ဂီး ေနာက္ထပ္ က်ည္တစ္ေတာင့္ေလာက္ ရွိေသးရင္ ပိုေကာင္းမွာကိုကြာ'
သူ႔ေနာက္တြင္ ခ်ီယုံသည္ က်န္းေလာ့ကို မွင္သက္စြာ ၾကည့္ေနသည္။
'က်န္းေလာ့က ငါ့ကို အနာဂတ္မွာ ဒီေလာက္ေတာင္ မုန္းေနတာလား'
'မဟုတ္ေလာက္ပါဘူး မုန္းေနတာနဲ႔လဲ မတူပါဘူး'
'ျဖစ္ႏိုင္တာက မေက်နပ္တာ မေရရာတာ စိတ္ဆိုးေနတာေတြ စုေနလို႔ေနမွာပါ'
'က်န္းေလာ့က ေပ်ာ္ေနပုံေပၚတယ္'
ခ်ီယုံသည္ မ်က္လႊာခ်လိုက္ၿပီး သူ႔အေတြးမ်ားကို ဖုန္းကြယ္လိုက္သည္။ က်န္ေလာ့သည္ အနာဂတ္ကို သိေနျမင္ေနသလို ထင္ရသည္။
"သခင္ေလး မေကာင္းေတာ့ဘူး"
အျပင္ဘက္မွ အိမ္ေတာ္ထိန္းသည္ အေလာတႀကီးေျပးလာၿပီး
"အိမ္အျပင္ဘက္မွာ လူေတြအမ်ားႀကီး ေရာက္ေနၿပီး သူတို႔ေျပာ ေျပာေနၾကတာ လာေအာ္ေနၾကတာ ခ်ီအိမ္ေတာ္ထဲမွာ မေကာင္းဆိုးဝါးပုန္းေနတာကိုဝင္ရွာမယ္တဲ့"
"အိမ္ေတာ္အႀကီးအကဲေတြက ကြၽန္ေတာ့ကို သခင္ေလးကို ေခၚလာဖို႔ အမိန႔္ေပးလိုက္လို႔ပါ"
ခ်ီယုံသည္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ခ်က္ခ်င္းႀကီး ျဖစ္လာေသာ ျပႆနာကို မည္သို႔ ေျဖရွင္းရမည္ကို စဥ္းစားေနသည္။
အခုေလးတြင္ပင္ တပ္အရာရွိမွ ခ်ီထ်န္ကို ရဲစခန္းသို႔ ေခၚသြားေသာေၾကာင့္ အိမ္ေတာ္ခြဲမ်ားမွ သူ႔ကို သင္ခန္းစာေပးခ်င္သလို ရန္လိုေသာ အၾကည့္မ်ားႏွင့္ ၾကည့္ေနခဲ့ၾကသည္။ သို႔ေသာ္ ထိုသင္ခန္းစာမ်ားသည္ သူ႔ဆီသို႔ ခ်က္ခ်င္းေရာက္လာမည္ဟု မေမွ်ာ္လင့္ခဲ့ေပ။
တစ္နာရီအတြင္းျပႆနာရွာခံလိုက္ရေသာ ခ်ီယုံ "............."
သို႔ေသာ္ ခ်ီယုံသည္ ခဏတာေတြးၾကည့္ၿပီး ေကာင္းကင္ကို ေမာ့ၾကည့္လိုက္ကာ
"ေမွာင္ေတာင္ေမွာင္ေနၿပီလား"
"ဟုတ္ပါတယ္"
အိမ္ေတာ္ထိန္းက ထိုသို႔ ထူးဆန္းေသာ ေမးခြန္းကိုနားမလည္စြာ ေျပာလိုက္သည္။
"သခင္ေလး အခု ညေနေျခာက္နာရီထိုးပါၿပီ"
အိမ္ထဲတြင္ အေနာက္တိုင္းနာရီရွိၿပီး ခ်ီယုံသည္ နာရီကို လွည့္ၾကည့္လိုက္ရာ တကယ္ပဲ ေျခာက္နာရီထိုးေနၿပီျဖစ္သည္။
သူသည္ တစ္ခုခုမွားေနသလို ခံစားရေသာ္လည္း ေနာက္တစ္ခနတြင္ ညေရာက္ေနၿပီဆိုေသာ အမွန္တရားကို လက္ခံလိုက္ၿပီး ခ်ီယုံက ေခါင္းညိတ္၍ ေျပာလိုက္သည္။
"သိၿပီ"
က်န္းေလာ့သည္လည္း ႐ုတ္တရက္ ေကာင္းကင္ႀကီး ေမွာင္မိုက္သြားသည္ကို သတိထားမိကာ မွန္ေလာကထဲတြင အခ်ိန္သည္ ျမန္သည္ထက္ျမန္လာၿပီး ထိုသို႔ ျမန္လာျခင္း၏ အေၾကာင္းျပခ်က္ကို.......................
ထို႔ေနာက္ သူသည္ ဗီဒိုကို ၾကည့္လိုက္ၿပီး ေသခ်ာတြက္ခ်က္ၾကည့္လိုက္ရာ မေကာင္းဆိုးဝါး မွန္ေလာကထဲသို႔ ဝင္လာထဲက စၿပီး အခ်ိန္ကုန္ျမန္လာေၾကာင္း သတိထားမိလိုက္သည္။ ထို႔ေနာက္ သူသည္ ပစၥတိုကို ခ်လိုက္ကာ ခ်ီယုံ႔နားသို႔ အျမန္ေလွ်ာက္သြားလိုက္သည္။
"ငါမင္းနဲ႔လိုက္ခဲ့မယ္"
လူႏွစ္ေယာက္သည္ တံခါးဆီသို႔ အျမန္ေလွာက္သြားလိုက္ရာ သူတို႔အဲ့နားမေရာက္ခင္ ဆူညံေနေသာ အျငင္းပြားသံမ်ားကို ၾကားလိုက္ရသည္။
အသံရာခ်ီေလာက္သည္ ဆူပြက္ေနၿပီး လူမ်ားကို ကသိကေအာက္ျဖစ္လာေစသည္။ က်န္းေလာ့သည္ ေသခ်ာနားေထာင္ေနၿပီး ထိုအသံမ်ားသည္ အိမ္ေတာ္အဝင္ဝကို ပိတ္ထားေသာ လူအုပ္ႀကီးထံမွလာေၾကာင္း သိလိုက္သည္။ လူအုပ္ႀကီးသည္ မေကာင္းဆိုးဝါးကိုသူတို႔လက္အပ္ရပ္ ခ်ီမိသားစုကို ေအာ္ဟစ္ဆူပူလိုက္သည္။
အျပင္ဘက္မွလူမ်ားသည္ ဆူပူေနၾကၿပီး တစ္ေယာက္ေယာက္သည္ စိတ္ဆိုးမာန္ဆိုးေအာ္ဟစ္လိုက္သည္။
"မေကာင္းဆိုးဝါးေတြက မင္းတို႔မိသားစုကလာတာ ဟုတ္တယ္မလား ပုက်ိဳးၿမိဳ႕ေတာ္ထဲမွာ မင္းတို႔အိမ္ေတာ္တစ္ခုထဲကပဲ ဒီလိုလုပ္ႏိုင္စြမ္းရွိတာ မင္းတို႔ပိုက္ဆံရဖို႔ မင္းတို႔သရဲဖမ္းတဲ့သူေတြက မေကာင္းဆိုးဝါးဖမ္းရမွာမို႔လို႔ တမင္တကာ မေကာင္းဆိုးဝါးေတြ လြတ္ၿပီး လူသတ္ခိုင္းတာမို႔လား မင္းတို႔ ေငြရဖို႔ လူေတြကို ဒုကၡေရာက္ေနတာကို အခြင့္အေရးယူတာ က်ဳပ္ေျပာတာ ဟုတ္တယ္မလား"
"ဟုတ္တယ္ မင္းတို႔ေတြ ဟုတ္တယ္မဟုတ္ဘူး တစ္ခုခုျပန္ေျပာၾကေလ"
"လူေတြကို ဒုကၡေပးေနတဲ့ မေကာင္းဆိုးဝါး ထုတ္လာခဲ့"
"က်ဳပ္တို႔ကိုလႊဲေပး မင္းတို႔ထုတ္မလာရင္ မင္းတို႔ ခ်ီမိသားစုတစ္ခုလုံးက မေကာင္းဆိုးဝါးေတြလို႔ က်ဳပ္တို႔ သတ္မွတ္လိုက္ိေတာ့မယ္"
ထိုသူ၏ မ်က္ႏွာထားေၾကာင့္ ခ်ီမိသားစုအႀကီးအကဲသည္ လူတိုင္းကို စိတ္တည္ၿငိမ္ေအာင္ အေကာင္းဆုံးေျပာလိုက္သည္။
"မေကာင္းဆိုးဝါးက က်ဳပ္တို႔ခ်ီမိသားစုက မဟုတ္ပါဘူး က်ဳပ္တို႔ကလည္း လူသားေတြပါပဲ ဘယ္လိုလုပ္ၿပီး က်ဳပ္တို႔က မေကာင္းဆိုးဝါးေတြ ျဖစ္ရမွာလဲဗ်ာ ဒါေပမဲ့ က်ဳပ္တို႔ တရားခံကို ရွာေတြ႕ၿပီးပါၿပီ အရင္က လူသတ္မႈေတြအကုန္လုံးက က်ဳပ္တို႔မိသားစုက သခင္ငယ္ေလးရဲ႕ စိတ္မရွည္မႈေတြေၾကာင့္ ျဖစ္သြားရတာပါဗ်ာ သူကမေတာ္တဆ မေကာင္းဆိုးဝါးတစ္ေကာင္ကို လြတ္လိုက္မိတာ က်ဳပ္တို႔တစ္ေယာက္ေယာက္ကို ေခၚခိုင္းထားၿပီးပါၿပီ က်ဳပ္တို႔လည္း သူ႔ကို မေကာင္းဆိုးဝါးကို ဖယ္ရွားရွင္းလင္းဖို႔နဲ႔ မင္းတို႔ကို ေတာင္းပန္ဖို႔ ေျပာပါ့မယ္ မင္းတို႔ဆက္ၿပီး တိုင္ၾကားခ်င္တာရွိရင္လည္း ပြင့္ပြင့္လင္းလင္းေျပာပါ က်ဳပ္တို႔ ေသခ်ာေပါက္ ဆုံးမပါ့မယ္ ၿပီးေတာ့လဲ ေနာက္ထပ္ ဘယ္သူမွထပ္ၿပီး အသက္ရန္ရွာမခံရေအာင္ တတ္ႏိုင္သမွ် ႀကိဳးစားၿပိးသခင္ငယ္ေလးကို ေသခ်ာေျပာျပထားလိုက္ပါ့မယ္ က်ဳပ္တို႔သူကို မင္းတို႔ကို ေတာင္းပန္ခိုင္းလိုက္ပါ့မယ္"
ထိုစကားမ်ားေၾကာင့္ က်န္းေလာ့သည္ ဘာေျပာရမွန္းသိေအာင္ ျဖစ္သြားရသည္။
ခ်ီမိသားစု အႀကီးအကဲမ်ားသည္ ေျခသံမ်ားၾကားေသာေၾကာင့္ ေနာက္လွည့္ၾကည့္လာၾကၿပီး အႀကီးအကဲတစ္ေယာက္သည္ ရန္လိုၿပီး ေဒါသထြက္ေနေသာ အၾကည့္ျဖင့္
"ခ်ီယုံ ဒီကိုလာခဲ့စမ္း"
ဤမွန္ေလာကထဲရွိ အႀကီးအကဲမ်ားသည္ တစ္ေယာက္ထက္တစ္ေယာက္ ပို၍ ယုတ္မာၾကသည္။ ခ်ီယုံသည္ ေရွ႕တိုးသြားၿပိး လူမ်ားေရွ႕သို႔ သြားလိုက္သည္။ သူသည္ ေရွ႕ဆက္ဘာျဖစ္မည္ကို ခန႔္မွန္းထားၿပီးျဖစ္ကာ ဘာျဖစ္လာလာ စိတ္မဝင္စားေသာ္လည္း မ်က္ႏွာတြင္ ကိုယ့္ကိုယ္ကို အျပစ္တင္ျခင္းႏွင့္ နာက်င္ျခင္းတခ်ိဳ႕ ေပၚလြင္ေနသည္။
ခ်ီယုံသည္ တကယ္ပဲ သရဲတေစၦမ်ားကို ေမြးထားခဲ့ၿပီး ထိုတေစၦမ်ားသည္ သန္မာလာေအာင္ လူအမ်ားႀကီးသတ္ခဲ့ပါ၏။ သို႔ေသာ္ အိမ္ေတာ္မွ အေစခံမ်ား၊ သူေတာင္းစားႏွင့္ ေစာင့္ၾကပ္သူတို႔ကိုသတ္သည့္ မေကာင္းဆိုးဝါးဆိုတာသည္ သူေမြးထားေသာ တေစၦသရဲမ်ားတကယ္ မဟုတ္ပါေခ်။
ခ်ီမိသားစု၏ အႀကီးအကဲသည္ သူ႔ကို လက္ညႇိဳးေငါက္ေငါက္ထိုး၍ ေျပာသည္။
"ဒီကတစ္ေယာက္ကေတာ့ က်ဳပ္တို႔အိမ္ေတာ္ရဲ႕ သခင္ငယ္ေလးပါပဲ ၿပီးေတာ့လဲ ဒါေတြအားလုံးက သူ႔ေၾကာင့္..........."
သူဘာမွ မေျပာႏိုင္ခင္ လူမ်ားက သူ႔စကားေျပာေနတာကို ေႏွာက္ယွက္၍ ဝင္ေျပာလိုက္သည္။
"မင္းက က်ဳပ္တို႔ကို အ႐ူးလို႔ထင္ေနတာလား ဘယ္လိုလုပ္ၿပီး သခင္ေလးခ်ီက ဒီလိုမ်ိဳးလုပ္မွာလဲ"
"ဟုတ္တယ္ သခင္ေလးခ်ီက ဒီလိုလုပ္ရပ္မ်ိဳး ဘယ္ေတာ့မွလုပ္မွာမဟုတ္ဘူး မင္းတို႔ တမင္တကာ သခင္ေလးခ်ီကို အျပစ္ပုံခ်ၿပီး တကယ့္လူသတ္ေကာင္ကို ကာကြယ္ေပးေနတာ"
"လူသတ္သမားက သခင္ေလးခ်ီတဲ့လား က်ဳပ္တို႔မယုံဘူး လာစမ္းပါ မင္းတို႔ေကာင္ေတြ မေကာင္းဆိုးဝါးကို ျမန္ျမန္သြက္သြက္ ထုတ္ေပးစမ္း မဟုတ္လို႔ကေတာ့ က်ဳပ္တို႔မင္းကို ၾကည့္ေကာင္းေအာင္ လုပ္ေပးလိုက္မယ္"
ခ်ီမိသားစု၏ အႀကီးအကဲမ်ားသည္ လုံးဝကို မယုံႏိုင္ျဖစ္ေနၿပီး
"အဲ့ဒါ သူ ..............."
လူမ်ားသည္ ပို၍ ပို၍ ေဒါသထြက္လာကာ
"ဒီအဘိုးႀကီးကေတာ့ကြာ အခုထိ အမွန္အတိုင္းေျပာဖို႔ ျငင္းေနတုန္းလားကြ ညီအစ္ကိုတို႔ လက္နက္ေတြ ထုတ္ၾက က်ဳပ္တို႔ကိုယ္တိုင္ မေကာင္းဆိုးဝါးကို ဝင္ရွာၾကမယ္"
"သခင္ေလးခ်ီ မေၾကာက္ပါနဲ႔ က်ဳပ္တို႔မင္းကို ယုံတယ္ ခင္မ်ားက လူသတ္သမား လုံးဝမျဖစ္ႏိုင္ဘူး"
ထိုစကားေၾကာင့္ ခ်ီယုံသာမကပဲ အိမ္ေတာ္ခြဲမွ လူမ်ားပါ လန႔္သြားၾကၿပီး ခ်ီယုံတစ္ေယာက္ မ်က္ေမွာင္ၾကဳတ္သြားေတာ့သည္။
ပုက်ိဳးၿမိဳ႕ေတာ္မွ လူမ်ားသည္ လက္မ်ားကို ေဝ့ယမ္း၍ အံ့ဩစရာေကာင္းစြာပင္ ခ်ီယုံ႔ဘက္မွ ေထာက္ခံယုံၾကည္ေပးေနၾကသည္။
ထိုအခ်က္သည္ အလြန္ေကာင္းေသာ္လည္း ခ်ီယုံသည္ ကို႔ယို႔ကားယားႀကီး ဘယ္လိုခံစားေနရမွန္း မေျပာျပတတ္ေပ။
လူမ်ားသည္ ခ်ီမိသားစုအိမ္ေတာ္ထဲသို႔ ထိုးေဖာက္ဝင္ေရာက္ဖို႔ လုပ္ေနၿပိး ခ်ီမိသားစုမွ အသက္ခုႏွစ္ဆယ္ ရွစ္ဆယ္အ႐ြယ္ အႀကီးအကဲမ်ားသည္ ထိတ္လန႔္စြာ တားဆီးေနၾကသည္။
လူတိုင္းသည္ ပို၍ ပို၍ ေဒါသထြက္လာၾကကာ ခ်ီမိသားစုသည္ ခ်က္ခ်င္းေလသံေျပာင္းၿပီး သူတို႔ ခ်ီယုံ႔ကို အထင္လြဲသြားေၾကာင္း လူသတ္သမားသည္ တျခားသူျဖစ္ေၾကာင္းႏွင့္ သူတို႔ဘက္မွ လူသတ္သမားကို ေသခ်ာေပါက္ ဖမ္းမည့္အေၾကာင္းမ်ား ေျပာ၍ လူအုပ္ႀကီးကို တည္ၿငိမ္ေအာင္ လုပ္လိုက္ရသည္။
က်န္းေလာ့သည္ ဤသို႔ ကိစၥအႀကီးႀကီးကို လြယ္လြယ္ကူကူ ေျဖရွင္းလိုက္ႏိုင္သည္ကို မယုံႏိုင္ ျဖစ္ေနသည္။ ထိုအခ်ိန္တြင္ လူအုပ္ႀကီးထဲမွ ႐ုတ္တရက္ ေအာ္သံထြက္လာသည္။
"သရဲက ငါတို႔ေနာက္မွာေဟ့"
က်န္းေလာ့သည္ လူအုပ္ႀကီးေနာက္သို႔ ၾကည့္လိုက္ေသာအခါ ေအးစက္ေသာ ဓားသြားတစ္ေခ်ာင္းကို ကိုင္၍ အနက္ေရာင္ အဝတ္ျဖင့္ တစ္ကိုယ္လုံးလုံေအာင္ဖုံးထားေသာ ပုံရိပ္သည္ လူအုပ္ႀကီးေနာက္တြင္ တေစၦတစ္ေကာင္လို မတ္တပ္ရပ္ေနေလသည္။
လူအုပ္ႀကီးမွ သူ႔ကို ရွာေတြ႕သြားၿပီမွန္း သတိထားမိသြားေသာအခါ ၎သည္ တိတ္တဆိတ္ေနာက္လွည့္ လူအုပ္ႀကီးႏွင့္ ဆန႔္က်င္ဘက္သို႔ ပ်ံသန္းသြားေတာ့သည္။
သူတို႔ေနာက္သို႔ ထိုအရာေပၚလာထဲက တိတ္ဆိတ္သြားေသာ လူသားမ်ားသည္ ထိုအရာထြက္သြားသည္အထိ ေၾကာက္လန႔္ေနဆဲျဖစ္ေသာ္လည္း ထိုသရဲ ထြက္ေျပးသြားသည္ကို ျမင္ေသာအခါ သူတို႔သည္ ႏွလုံးသားထဲမွ သတၱိမ်ားထြက္လာသလို ခံစားရၿပီး လူရာေပါင္းမ်ားစြာသည္ ထိုအရာေနာက္လိုက္ၾကၿပီး
"မေျပးနဲ႔"
က်န္းေလာ့သည္ ထိုမေကာင္းဆိုးဝါးေနာက္သို႔ အရင္ေျပးလိုက္သြားသည္။
လ်န္ခ်င္းႏွင့္ လ်န္ပင္းသည္လည္း သူ႔ကဲ့သို႔ပင္ ထိုအေကာင္ေနာက္သို႔ ေျပးလိုက္သြားသည္။
တေစၦမ်ားသည္ အလြန္လ်င္ျမန္ၿပီး က်န္းေလာ့သည္ ျမန္ႏိုင္သေလာက္ ျမန္ျမန္ေျပးလိုက္ကာ သာမန္လူမ်ားသည္ သူတို႔ကို မ်က္ေျခပ်က္သြားသည္။
လ်န္ခ်င္းသည္ အံတင္းတင္းႀကိတ္ၿပီး ထိုသူကို မလြတ္သြားေအာင္ ေျပးလိုက္ၿပီး လ်န္ပင္းသည္ ေဘးပတ္ပတ္လည္ကို ၾကည့္ကာ ညာဘက္သို႔ေကြ႕သြားလိုက္သည္။
"အစ္ကိုႀကီး ျဖတ္လမ္းက လိုက္ရေအာင္"
တေစၦသည္ ေနာက္ေဖးလမ္းၾကားတစ္ခုသို႔ ေရာက္သည္အထိ ဆက္ေျပးေနၿပီး သူ႔ေရွ႕သို႔ လ်န္ပင္းႏွင့္ လ်န္ခ်င္းေရာက္လာေသာအခါ ေနာက္လွည့္၍ ေျပးဖို႔လုပ္လိုက္သည္။ ႏွစ္ေယာက္လုံးသည္ ေခြၽးမ်ား႐ႊဲနစ္ေနၿပီး ေဟာဟဲလိုက္ေနကာ သူတို႔ ဒူးႏွစ္ဖက္ေပၚလက္တင္၍ ကိုယ္ကို ငုံ႔ကိုင္းေနၾကသည္။
"ထြက္ေျပးရဲတယ္လား"
တေစၦသည္ ေနာက္သို႔ ေျခႏွစ္လွမ္းေလာက္ဆုတ္လိုက္ၿပီး လွည့္ေျပးဖို႔ လုပ္ရာ သူ႔ေနာက္တြင္ က်န္းေလာ့ကို ေတြ႕လိုက္ရသည္။ က်န္းေလာ့သည္ လက္ႏွစ္ဖက္ျဖင့္ စည္းတံဆိပ္သ႑ာန္လုပ္လိုက္ကာ ေျပာလိုက္သည္။
"စကားလုံးတည္ေနရာ 'လိ' မီးေတာက္ေစ"
ေၾကာက္မက္ဖြယ္ မီးေတာက္မ်ားသည္ ခ်က္ခ်င္း အနက္ေရာင္ဝတ္တေစၦကို ဝိုင္းရံသြားသည္။
မီးေတာက္မ်ားသည္ ေျဖးေျဖးခ်င္းခ်င္း အနက္ေရာင္တေစၦနားသို႔ တိုးကပ္လာကာ တေစၦသည္ မီးေတာက္မ်ားကို ေၾကာက္႐ြံ႕ကာ ေရွာင္ရွားေနေသာ္လည္း မီးေတာက္ထဲမွ မလြတ္ေျမာက္ႏိုင္ေပ။ မီးေတာက္သည္ မီးလုံးတစ္လုံးအျဖစ္ေျပာင္းလဲသြားကာ တေစၦကို အၾကင္နာကင္းမဲ့စြာ ေလာင္ကြၽမ္းသြားေစသည္။
အနက္ေရာင္တေစၦသည္ ေၾကာက္လန႔္စြာ ေအာ္ဟစ္လိုက္ၿပီး မခုခံႏိုင္ဘဲ ေနရာတြင္ ေပ်ာက္ကြယ္သြားကာ ေျမျပင္ေပၚတြင္ အနက္ေရာင္ဝတ္႐ုံကို ခ်န္ထားခဲ့သည္။
က်န္းေလာ့သည္ မ်က္ေမွာင္ၾကဳတ္သြားၿပီး လိမီးေတာကို ျပန္သိမ္းလိုက္ကာ ေရွ႕တိုး၍ အနက္ေရာင္ဝတ္႐ုံကို ေကာက္လိုက္သည္။ ထိုဝတ္စုံသည္ ေရမ်ားစို႐ႊဲေနကာ အေပၚယံပင္ စို႐ႊဲေနျခင္းမဟုတ္ဘဲ အထဲထိပါ ႐ႊဲ႐ႊဲစိုေနျခင္းျဖစ္သည္။
က်န္းေလာ့သည္ အေတြးမ်ားသြားသည္။
'အနက္ေရာင္ဝတ္တေစၦက မီးနဲ႔ထိေတာ့ ေရအျဖစ္ေျပာင္းသြားတာလား'
လ်န္ပင္းတို႔ ႏွစ္ေယာက္သည္ သူ႔ဆီသို႔ေျပးလာၾကကာ အူေၾကာင္ေၾကာင္ျဖင့္ ေကာင္းကင္ကို လက္ညႇိဳးထိုးျပ၍ အထစ္အထစ္ေျပာလိုက္သည္။
"ဆရာ အဲ အစ္ကိုႀကီး ၾကည့္ဦး"
က်န္းေလာ့သည္ သူတို႔ေျပာသညိ့အတိုင္းၾကည့္လိုက္ရာ ေကာင္းကင္သည္ ၿပိဳက်ေနေလသည္။
ေကာင္းကင္ႀကီးသည္ မွန္ကြဲႀကီးႏွင့္တူေနၿပီး မွန္ကြဲစမ်ားသည္ ဆက္တိုက္ျပဳတ္က်ေနကာ ေလထုထဲျပဳတ္က်သြားၿပီး အလယ္ေလာက္တြင္ ေပ်ာက္ကြယ္သြားသည္။ ဤႏႈန္းအတိုင္းဆိုလွ်င္ မွန္ေလာကသည္ ငါးနာရီအတြင္း ၿပိဳကြဲေတာ့မည္ျဖစ္ၿပီး သူတို႔ ထြက္သြားလို႔ရေတာ့မည္ ျဖစ္သည္။
ကန႔္လန႔္ကာေနာက္ကြယ္မွ လူကေျပာခဲ့သည္မွာ "မေကာင္းဆိုးဝါးကို သတ္ၿပီးရင္ ဒီေနရာက ထြက္သြားလို႔ရမယ္" ျဖစ္ၿပီး ဒီပုံစံအတိုင္းဆိုလွ်င္ အနက္ေရာင္တေစၦသည္ သူတို႔ရွာေနသည့္မေကာင္းဆိုးဝါးျဖစ္ႏိုင္ေလသည္။
က်န္းေလာ့သည္ ထရပ္လိုက္ၿပီး သူ႔လက္ထဲမွ အနက္ေရာင္ဝတ္စုံကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားလိုက္ၿပီး စတင္ၿပီး ၿပိဳကြဲလာေနေသာ မွန္ေလာကကို ၾကည္လိုက္သည္။ သို႔ေသာ္ သူ႔ႏွလုံးသားသည္ အလြန္ေပ်ာ္႐ႊင္မေနကာ စိတ္ပ်က္မႈကိုပင္ ခံစားေနရသည္။
'ထြက္သြာဖို႔ ဒီေလာက္လြယ္လား'
'ငါတို႔ သုံးေယာက္ထဲနဲ႔ သတ္လို႔ရေအာင္ အနက္ေရာင္တေစၦက ဒီေလာက္အားနည္းရလား'
က်န္းေလာ့ျမင္ခ်င္ခဲ့သည္ မေကာင္းဆိုးဝါးတစ္ေကာင္ ေမြးဖြားလာျခင္းသည္ တစ္ခ်က္ေလးေတာင္ မခုခံႏိုင္ခဲ့သည့္ အနက္ေရာင္တေစၦျဖစ္ေနသည္လား။
က်န္းေလာ့သည္ ထိုအရာကို အနည္းငယ္ ရယ္ခ်င္သြားေသာ္လည္း အမွန္တရားျဖစ္ေနသည္။ သူသည္ ေနာက္လွည့္လိုက္ၿပီး
"လာၾက လ်န္႐ႊီဆီသြားရေအာင္ ေကာင္မေလးေတြက မွန္ေလာကထဲက ထြက္ဖို႔ ငါတို႔ကို ေစာင့္ေနေလာက္ၿပီ"
######################