ဒီအပြစ်သားက ရှင်သန်လို...(၂)...

By Swae_Nyoe

109K 17.4K 418

ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။ More

အခန်း ၁၁၁
အခန်း ၁၁၂
အခန်း ၁၁၃
အခန်း ၁၁၄
အခန်း ၁၁၅
အခန်း ၁၁၆
အခန်း ၁၁၇
အခန်း ၁၁၈
အခန်း ၁၁၉
အခန်း ၁၂၀
အခန်း ၁၂၁
အခန်း ၁၂၂
အခန်း ၁၂၃
အခန်း ၁၂၄
အခန်း ၁၂၆
အခန်း ၁၂၇
အခန်း ၁၂၈
အခန်း ၁၂၉
အခန်း ၁၃၀
အခန်း ၁၃၁
အခန်း ၁၃၂
အခန်း ၁၃၃
အခန်း ၁၃၄
အခန်း ၁၃၅
အခန်း ၁၃၆
အခန်း ၁၃၇
အခန်း ၁၃၈
အခန်း ၁၃၉
အခန်း ၁၄၀
အခန်း ၁၄၁
အခန်း ၁၄၂
အခန်း ၁၄၃
အခန်း ၁၄၄
အခန်း ၁၄၅
အခန်း ၁၄၆
အခန်း ၁၄၇
အခန်း ၁၄၈
အခန်း ၁၄၉
အခန်း ၁၅၀
အခန်း ၁၅၁
အခန်း ၁၅၂
အခန်း ၁၅၃
အခန်း ၁၅၄
အခန်း ၁၅၅
အခန်း ၁၅၆
အခန်း ၁၅၇
အခန်း ၁၅၈
အခန်း ၁၅၉
အခန်း ၁၆၀
အခန်း ၁၆၁
အခန်း ၁၆၂
အခန်း ၁၆၃
အခန်း ၁၆၄
အခန်း ၁၆၅
အခန်း ၁၆၆
အခန်း ၁၆၇
အခန်း ၁၆၈
အခန်း ၁၆၉
အခန်း (၁၇၀)
အခန်း (၁၇၁)
အခန်း (၁၇၂)
အခန်း (၁၇၃)
အခန်း ၁၇၄
အခန်း ၁၇၅
အခန်း ၁၇၆
အခန်း ၁၇၇
အခန်း ၁၇၈
အခန်း ၁၇၉
အခန်း ၁၈၀
အခန်း ၁၈၁
အခန်း ၁၈၂
အခန်း ၁၈၃
အခန်း ၁၈၄
အခန်း ၁၈၅
အခန်း ၁၈၆
အခန်း ၁၈၇
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
အခန်း ၁၈၈
အခန်း ၁၈၉
အခန်း ၁၉၀
အခန်း ၁၉၁
အခန်း ၁၉၂
အခန်း ၁၉၃
အခန်း ၁၉၄
အခန်း ၁၉၅
အခန်း ၁၉၆
အခန်း ၁၉၇
အခန်း ၁၉၈
အခန်း ၁၉၉
အခန်း ၂၀၀
အခန်း (၂၀၁)
အခန်း ၂၀၂
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
အခန်း ၂၀၃
အခန်း ၂၀၄
အခန်း ၂၀၅
အခန်း ၂၀၆
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
အခန်း ၂၀၇
အခန်း ၂၀၈

အခန်း ၁၂၅

1.1K 171 0
By Swae_Nyoe

အပိုင်း (၁၂၅) သခင်လေး

ချီယုံ၏ငြင်းဆိုမှုကို အကြီးအကဲသုံးယောက်က လုံးဝမကျေနပ်ပေ။

"ဟ ဒါက မင်းတို့ ပင်မသွေးစက်တွေ လုပ်ကို လုပ်ရမဲ့အရာပဲ ငါတို့မိသားစု ယင်စွမ်းအင်တွေနဲ့ ရင်ဆိုင်ရရင် နှိမ်နှင်းပေးရမှာ မင်းတို့ရဲ့ သမိုင်းပေးတာဝန်ကွ"

"မင်းက အခုမှ ဆယ့်ရှစ်နှစ်ပဲ ရှိသေးတာ တစ္ဆေဆေးမှင်ကြောင်တန်ပြန်ခံရမှာလောက်ကို ကြောက်ပြမနေနဲ့ အဲ့တာမင်းကို သေအောင်မလုပ်နိုင်သေးဘူး မြန်မြန် မျိုချလိုက်စမ်းပါ"

"မင်း အဲ့တာ ဘာအကြည့်တုန်း"

အကြီးအကဲအချို့သည် ကြောက်မက်ဖွယ်ကောင်းစွာ ပြောသည်။

ချီယုံသည် မျက်လွှာချလိုက်ပြီး အနီရောင်သရဲမရှေ့သို့ တဖြည်းဖြည်းချင်း ကပ်သွားသည်။ ချီယုံ သရဲမအပေါ် လက်တစ်ဖက် တင်လိုက်သည်ကို ကျန်းလော့မြင်လိုက်ရသည်။ တစ္ဆေသွေးကြောများသည် လည်ပင်းမှ လက်မောင်း လက်မောင်းမှ လက်ချောင်းထိပ်ထိ မြင်နိုင်သော အမြန်နှုန်းဖြင့် တောက်လျှောက် ပြန့်ကားလာသည်။

တစ္ဆေသွေးကြောများ သရဲအနားသို့ ရောက်ခါနီးလေ သရဲမ၏ အော်သံပို ကျယ်လာလေ ဖြစ်သည်။ အမည်းရောင် တစ္ဆေသွေးကြောများသည် အသိစိတ်ရှိနေသလို ချီယုံ့ကိုယ်ပေါ်မှ အမည်းရောင်ကတ္တရာစေးများကဲ့သို့ ပေါ်ထွက်လာပြီး အနီရောင်သရဲမကို ခေါင်းမှစ၍ ဝါးမျိုတော့သည်။

(marvel superhero venom ကိုမြင်ယောင်ကြည့်ကြပါ)

သရဲမသည် ကြောက်လန့်စွာ ဆွဲဆွဲငင်ငင် အော်ဟစ်နေပြီး သူမအော်သံကြောင့် ကျန်းလော့သည် သူ့နားစည်များ ကွဲထွက်သွားပြီလို့တောင် ထင်မှတ်မိသည်။

သူမတစ်ကိုယ်လုံးသည် ဒေါသတကြီးရုန်းကန်နေပြီး တစ္ဆေဆေးမှင်ကြောင်သည် သူမကို လေပေါ်သို့ မြှောက်၍ သူမခန္ဓာကိုယ်အပေါ်ပိုင်းမှ သူ့မဝမ်းဗိုက်နားထိ နည်းနည်းချင်းဝါးမျိုးလာသည်။

ချီမိသားစု အကြီးအကဲများသည် ထိုမြင်ကွင်းကို ကြည့်၍ သက်သာသွားသလို ကျေနပ်စွာ ခေါင်းညိတ်ပြောသည်။

"ဒါမှ လုပ်သင့်တာ"

သို့သော် သူတို့စကားပြောနေတုန်းတွင် အနီရောင်သရဲမ၏ ဝမ်းဗိုက်သည် ရုတ်တရက် ပေါက်ထွက်လာပြီး တစ္ဆေကလေးငယ်ထွက်လာကာ ကြမ်းပြင်ပေါ်သို့ သွေးစများနီရဲ သွားစေသည် ။ တစ္ဆေကလေးငယ်သည် ရုတ်တရက် ကျည်ဆံတစ်စင်းလို လွှတ်ထွက်သွားပြီး အကြီးအကဲများ မတုံ့ပြန်နိုင်ခင် လူတစ်ယောက်၏ လည်ပင်းကို အသားကုန်တွယ်ကိုက်တော့သည်။

အကိုက်ခံလိုက်ရသော ချီမိသားစု အကြီးအကဲသည် နာကျင်မှုကြောင့် ငယ်သံပါအောင် အော်ဟစ်လိုက်သည်။

"အား"

တစ္ဆေကလေးငယ်ကို လည်ပင်းမှ လွင့်ထွက်သွားအောင် ရှိသမျှအားကုန်သုံးလိုက်သည်။ သူ့မျက်နှာပင် ပြာနှမ်းနေပြီဖြစ်သော်လည်း တစ္ဆေကလေးငယ်သည် သူ့လည်ပင်းကို လက်ရောခြေထောက်ရောနှင့် တွယ်ကုတ်ကာ မလွတ်တမ်းခဲထားပြီး သူ့လည်ပင်းပေါ်တွင် တဖြည်းဖြည်း ကြီးလာသည်။

ချီမိသားစု အကြီးအကဲသည် ကျန်နှစ်ယောက်ကို ကြည့်၍ ကြောက်ရွံ့စွာ အော်ပြောလိုက်သည်။

"မင်းတို့ငါ့ကို လာကူကြဦး"

သို့သော် ထိုနှစ်ယောက်သည် အစောကြီးထဲကပင် တုန်ယင်စွာ ပြေးပုန်းနေကြပြီဖြစ်သည်။ သေခြင်းတရား၏ ခြိမ်းခြောက်မှုကြောင့် အကြီးအကဲသည် တစ္ဆေကလေးငယ်ကို လက်နှစ်ဖက်ဖြင့် မကြောက်မရွံ့ ဆွဲဖြုတ်နေသော်လည်း သူ့လည်ပင်းမှ အသားစသာ အတစ်လိုက်ကြီး ပြုတ်ပါသွားသည်။ အကြီးအကဲသည် ပို၍ ဆွဲဆွဲငင်ငင်အော်လိုက်တော့သည်။

"အားးးးးးးးး"

ချီယုံသည် လှောင်ပြုံးပြုံးလိုက်သည်။

တစ်ယောက်သတ်ပြီးသွားပြီးနောက် တစ္ကေလေးငယ်၏ မျက်သားဖြူဖြူသာ မြင်ရသော နာကျည်းချက်အပြည့်နှင့် မျက်လုံးတစ်စုံသည်ကျန်အကြီးအကဲနှစ်ယောက်ကို စူးစိုက်ကြည့်နေသည်။ တခြားအကြီးအကဲနှစ်ယောက်သည် တစ္ဆေကလေးငယ်မှ သူတို့ကို မြဲမြဲကြည့်၍ မျက်နှာကျက်ပေါ်မှ ခုန်ချလာသည်ကို မြင်သောအခါ နှလုံးပြုတ်ထွက်မတတ် ကြောက်ရွံ့သွားကြသည်။

တစ္ဆေကလေးငယ်သည် အလွန် ပေါ့ပါးပြီး နံရံနှင့် မျက်နှာကျတ်တို့ကို ခုန်ကူး၍ သူတို့ကို ဆက်တိုက် တွန်းထိုးကိုက်ခဲ၍ တိုက်ခိုက်တော့သည်။ အချိန်ပိုင်းလေးမှာပင် အကြီးအကဲနှစ်ယောက်သည် တစ္ဆေကလေးငယ်၏ တိုက်ခိုက်မှုကြောင့် မြေပြင်ပေါ်တွင် ဆန့်ငင်ဆန့်ငင်နှင့် အကြောဆွဲကာ လဲကျနေပြီး သူတို့အောက်တွင် သွေးအိုင်ကြီးတစ်အိုင်ပေါ်လာတော့သည်။

သူတို့သည်ချက်ချင်းကို သေတော့မလိုထင်ရပြီး ချီယုံသည် သရဲမကို ဝါးမျိုပြီးနောက် တစ္ဆေဆေးမှင်ကြောင်ကို သူတို့ကို တိုက်ခိုက်ခဲ့သော တစ္ဆေကလေးငယ်ကိုပါ ဆက်တိုက် ဝါးမျိုခိုင်းလိုက်သည်။ အားလုံးပြီးသွားပြီးနောက် ချီယုံ့မျက်နှာသည် ဖြူဖျော့သွားပြီး ချောင်းဆိုးလိုက်သည်။

"ဘာမှလုပ်စရာမရှိတော့ဘူးဆိုရင် ကျွန်တော်ပြန်နားတော့မယ်"

ကြမ်းပြင်ပေါ်လဲကျနေသော အသက်ငါးဆယ်အရွယ်အကြီးအကဲများသည် သွေးများကြောင့် မျက်လုံးမမြင်ရနိုင်ဖြစ်နေပြီး လက်ချောင်းများသည် တဆတ်ဆတ်ခါယမ်းနေသည်။ သူတို့ကို မြန်မြန်ကယ်တင်ပေးရန် အမိန့်ပေးနေသေးသည်၊

ချီယုံသည် အနည်းငယ်တောက်ပနေသော မျက်လုံးများဖြင့် သူတို့ကိုကြည့်နေပြီး သိမ်မွေ့စွာပြောလိုက်သည်။

"စိတ်မပူပါနဲ့ ကျွန်တော်တစ်ယောက်ယောက်ို သွားခေါ်လိုက်မယ် ကျွန်တော် အကြီးအကဲတွေကို သေခွင့်မပြုပါဘူးဗျာ"

"ဘယ်လိုလုပ် ဒီတိုင်းသေခိုင်းရမှာလဲ"

သူသည် ဘိုးဘေးခန်းမအပြင်ဘက်သို့ ကျေနပ်စွာ လျှောက်ထွက်သွားသည်။

"တခြားသူရဲ့လက်ထဲမှ ဘယ်လိုလုပ် သေခွင့်ပေးရမှာလဲ"

ချီယုံ့နောက်ကျော ပျောက်ကွယ်သွားသည်နှင့် ကျန်းလော့သည် ဘိုးဘေးခန်းမထဲသို့ ခိုးဝင်လာသည်။

အကြီးအကဲသုံးယောက်သည် သေလုဆဲဆဲ အခြေအနေဖြစ်နေပြီး သွေးအိုင်ပေါ်တွင် အသက်ကို မနည်းရှူနေရသည့် အခြေအနေရောက်နေသည်။

နှစ်ယောက်သည် အစောကြီးထဲက မေ့မျောနေပြီးဖြစ်ပြီး ကျန်တစ်ယောက်သာ အနည်းငယ် သတိရှိသေးသည်။

ကျန်းလော့အနားတိုးကပ်သွားသည့်အချိန်တွင် ဆံပင်ဖြူနေသော အကြီးအကဲသည် တစ်ယောက်ယောက် ဝင်လာမှန်း သတိထားမိသွားသည်။

အသက်ရှင်နိုင်ပြီဆိုသော မျှော်လင့်ချက်များဖြင့် မျက်လုံးများ တောက်ပလာသော်လည်း ဝင်လာသူသည် သူ့နားတွင် ဆောင့်ကြောင့်ထိုင်၍ သူ့လည်ပင်းကို အကြင်နာမဲ့စွာ ဆုပ်ကိုင်လိုက်သည်။

"မျက်လုံးမှိတ်ထား"

ဝင်ရောက်လာသူ၏အသံသည် အေးစက်နေပြီး

"မဟုတ်ရင် မင်းမျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ် "

ချီမိသားစု အကြီးအကဲသည် အကြောက်ကြောက်အလန့်လန့်ဖြင့်

"မင်းဘယ်သူလဲ"

ဝင်ရောက်လာသူသည် ဘာမှမပြောသော်လည်း လည်ပင်းကို ဆုပ်ကိုင်ထားသော လက်သည် တင်းကျပ်လာကာ နောက်လက်တစ်ဖက်သည် တစ္ဆေကလေးငယ် ကိုက်သွားသော ဝမ်းဗိုက်ကို ခပ်ကြမ်းကြမ်းပွတ်နေသည်မှာ သူ့အတွင်းကလီစာများပင် နေရာရွေ့သွားသလို ဖြစ်လာသည်။

ချီမိသားစု အကြီးအကဲသည် ကြောက်ရွံ့သွားပြီး

"မသတ်ပါနဲ့ အသက်ကိုချမ်းသာပေးပါ ငါမင်းလိုချင်တာ အကုန်ပေးနိုင်တယ် ကျုပ်ကို မသတ်ပါနဲ့"

"ငါမင်းကို မေးခွန်းမေးမယ် ကောင်းကောင်းဖြေရင် အသက်ချမ်းသာပေးမယ်"

သူ့လည်ပင်းကို ညစ်ထားသော လက်သည် တင်းကျပ်လာကာ ချီမိသားစု အကြီးအကဲကို အသက်ရှူကျပ်၍ ပြင်းထန်စွာ ချောင်းဆိုးလာစေသည်။

"ဟေ့ ငါပြောတာ နားလည်လား"

"ပြောမယ် ကျုပ်သိတာ အကုန်ပြောမယ်"

"ပင်မသွေးစက်ရဲ့ တစ္ဆေဆေးမှင်ကြောင်ဆိုတာ ဘာလဲ"

ချီမိသားစု၏ အကြီးအကဲသည် သွားစေ့သွားပြီး

"တစ္ဆေဆေးမှင်ကြောင် တစ္ဆေဆေးမှင်ကြောင်က ပင်မမျိုးဆက်တိုင်းမှာ ရှိတဲ့ဟာ အဲ့ဒီဟာကို မသုံးရင် မှဲ့သုံးလုံးထဲမှာ ပိတ်ထားတယ် သုံးတော့မယ်ဆိုရင် အဲ့ဒီမှဲ့တွေထဲက တွားထွက်လာတာ အဲ့ဒါက ပင်မမျိုးဆက်တွေရဲ့ အသန်မာဆုံး ဝှက်ဖဲ"

ကျန်းလော့က မေးသည်။

"အဲ့ဒီ တစ္ဆေဆေးမှင်ကြောင်ရဲ့ အားနည်းချက် အားသာချက်တွေ ကရော "

"တစ္ဆေဆေးမှင်ကြောင်က အရာအားလုံးကို ဝါးမြိုနိုင်တယ် အငြိုးကြီးဝိဉာဉ်တွေကို ဝါးမျိုပြီးတိုင်း တစ္ဆေဆေးမှင်ကြောင်က ပိုပြီး အင်အားကြီးလာတယ် တစ္ဆေဆေးမှင်ကြောင်ကို အသုံးပြုလေလေ တစ္ဆေဆေးမှင်ကြောင်ရဲ့ တုံ့ပြန်မှုကြီးလေ တစ်နေ့ကျရင် တစ္ဆေဆေးမှင်ကြောင်က သခင်ကိုပါ ပြန်ဝါးမျိုသွားလိမ့်မယ် ပင်မသွေးစက်တွေ ဆေးမှင်ကြောင်ကို သုံးပြီးတိုင်း တန်ပြန်မှုကြောင့် ပြင်းထန်တဲ့ နာကျင်မှုကို ခံစားကြရတယ် တန်ပြန်မှုပြီးသွားရင်တော့ သခင်တွေက အချိန်တစ်ခုထိ အားနည်းသွားတယ်"

ကျန်းလော့သည် တစ်ခုခုကို ရေးရေးလေး သဘောပေါက်လာသလို ရှိသည်။

'သင်တန်းသားအဆောင်မှာတုန်းက ချီယုံ မျက်နှာမဲ့မိစ္ဆာကို ကူသတ်ပေးပြီး အားနည်းသွားတာ ဒါကြောင့်ကိုး '

'အဲ့ဒါက တစ္ဆေဆေးမှင်ကြောင်ကို သုံးပြီး တန်ပြန်ခံလိုက်ရလို့လား'

"ဘာလို့ ချီယုံ့ကို အိမ်တော်ခေါင်းဆောင် လုပ်ခိုင်းထားတာလဲ"

ချီမိသားစု အကြီးအကဲသည် ပြန်စဉ်းစားသလို ဖြစ်သွားပြီး

"ကျုပ်တို့ ချီမိသားစု အငြိုးအတေးတွေကို ရှင်းထုတ်ပြီး ကျော်ကြားလာတာ ချီယုံက တိုက်ရိုက်မျိုးဆက်ဖြစ်နေမှတော့ ချီမိသားစုဂုဏ်ကို မြင့်တင်ရမဲ့ တာဝန်ရှိတယ်လေ ကျုပ်တို့က သူ့ကို ဖမ်းမိသမျှ အငြိုးကြီးတစ္ဆေသရဲတွေကို ဖြေရှင်းခိုင်းရမယ် သူ့ရှေ့က ပင်မမျိုးဆက်တွေလဲ ဒီလိုပဲ လုပ်ခဲ့ရတာပဲ သူမသေခင် လုပ်ရမဲ့ ကိစ္စကြီးတစ်ခုကိုတော့ ကျုပ်တို့စီစဉ်ပေးတယ် နောက်မျိုးဆက်တစ်ယောက်မွေးဖွားဖို့လေ တစ္ဆေဆေးမှင်ကြောင်က ချီမိသားစုရဲ့ ပင်မသွေးစက်ထဲမှာ အမြဲတမ်း အမြစ်တွယ်နေမှာဆိုတော့ ............... "

ကျန်းလော့သည် နားလည်စွာပြောလိုက်သည်။

"ဒီတော့ မင်းတို့က တိုက်ရိုက်မျိုးဆက်တွေကို အမှိုက်ပုံးလို သုံးတောပဲ မင်းတို့က တကယ့်ကို အမှိုက်လို‌ကောင်စားတွေပဲ"

'သူတို့က ပင်မမျိုးဆက်တွေက်ို အငြိုးကြီးသရဲတွေရဲ့ သင်္ချိုင်းလိုသုံးပြီး တစ္ဆေဆေးမှင်ကြောင်က တန်ပြန်ရင် တိုက်ရိုက်မျိုးဆက်တွေက သေပေးရတယ်ပေါ့လေ'

သူသည် လက်တစ်ဖက်ဖြင့် စီးကရတ်တစ်လိပ်ကို မီးညှိလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ထိုင်ချ၍ ဆက်မေးသည်။

"တိုက်ရိုက်မျိုးဆက်တွေရဲ့ တစ္ဆေဆေးမှင်ကြောင်က ဘယ်ကလာတာလဲ"

"လွန်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက "

ချီမိသားစု အကြီးအကဲသည် တုန်ယင်စွာ ပြောသည်။

"ချီမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တစ်ယောက်က လူတစ်ယောက်ကို ကယ်တင်ပေးခဲ့ဖူးတယ် အဲ့ဒီလူက တစ္ဆေဆေးမှင်ကြောင်ကို တိုက်ရိုက်မျိုးဆက်ကို ပေးပြီး ကျေးဇူးဆပ်ခဲ့တာ တိုက်ရိုက်မျိုးဆက်၍ ဘိုးဘေးကြီးက တစ္ဆေဆေးမှင်ကြောင်နဲ့ တစ်သားထဲဖြစ်သွားပြီးနောက်မှာ ကြီးကျယ်ခမ်းနားတဲ့ အင်အားနဲ့ ချီမိသားစုကို ကြွယ်ဝမှုတွေနဲ့ ထိပ်ဆုံးရောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ် တစ္ဆေဆေးမှင်ကြောင်က တိုက်ရိုက်မျိုးဆက်တိုင်းကို ဆက်ခံနိုင်တာမို့လို့ မျိုးဆက်တိုင်းမျိုးဆက်တိုင်းမှာ တိုက်ရိုက်မျိုးဆက်တွေက ဝိဉာဉ်နည်းစနစ်တွေကို သင်ကြားနိုင်တဲ့ ပါရမီကောင်းတွေနဲ့ မွေးဖွားလာကြတယ် ဝိဉာဉ်ရုပ်သေးပညာကလည်း သူတို့ တိုက်ရိုက်မျိုးဆက်တွေပဲ လေ့ကျင့်သင်ယူနိုင်တာ..............."

"အဲ့ဒီလူက ဘယ်သူလဲ"

"အင်း "

ချီမိသားစု၏ အကြီးအကဲကြီးသည် ပါးစပ်ဖွင့်လာသော်လည်း တစ်ခုခုပြောချင်သလို လှုပ်နေသော်လည်း ပါးစပ်သည် ပိတ်လိုက်ဖွင့်လိုက်ဖြစ်ကာ စကားတစ်လုံးမှ ထွက်မလာနိုင်ခဲ့ပေ။ မကြာခင်တွင် ခေါင်းသည် လည်ထွက်သွားပြီး ရုတ်တရက်သေဆုံးသွားခဲ့သည်။

ကျန်းလော့သည် မျက်မှောင်ကြုတ်၍ ထိုသူ၏ နှာခေါင်းအောက်သို့ လက်နှစ်ချောင်းထိုးကြည့်လိုက်သည်။ အကြီးအကဲသည် အသက်မရှူတော့ပေ။

'အဲ့ဒီလူက ပြောပြလို့မရတဲ့ လျှို့ဝှက်ချက်ဖြစ်နေလို့လား'

တကယ်တမ်းတွင် ကျန်းလော့သည် ထိုလူပြောသမျှအကုန် မယုံပါချေ။ ဤလောကသည် တစ်စုံတစ်ယောက် ဖန်တီးထားသော မှန်လောကဖြစ်နေပြီး တစ်လောကလုံးကို ထိန်းချုပ်နေသော လက်မည်းကြီးလည်း ရှိနေသေးသည်။ ဤလောကမှ လျှို့ဝှက်ချက်များ အများစုသည် မှန်ချင်မှမှန်မည် ဖြစ်သည်။

ကန့်လန့်ကာနောက်မှလူသည် သူ့အာရုံကို ဖမ်းစားရန် ဒီလိုအကွက်ရွှေ့လိုက်တာလည်း ဖြစ်နိုင်ပေသည်။ ကျန်းလော့သည် ထရပ်လိုက်ပြီး ဘိုးဘေးခန်းမထဲမှ ထွက်ခဲ့သည်။

သို့သော် အပြင်ထွက်လိုက်သည်နှင့် ချီယုံသည် တံခါးနားတွင် မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရသည်။

ချီယုံသည် သူနှင့် သုံးမီတာသာ ဝေးသောနေရာတွင် ရပ်နေပြီး မည်သည့်အချိန်ထဲက ရောက်နေ၍ မည်မျှထိ ကြားသွားပြီလဲ မသိပေ။ သစ်ပင်အရိပ်များသည် ချီယုံ့ကို အုပ်မိုးနေပြီး သူသည် ကျန်းလော့ကို စိတ်ဝင်စားစွာ ပြောလိုက်သည်။

"တကယ်လို့ မင်းမှာ မေးစရာရှိရင် ကိုယ့်ကိုလာမေးလို့ရပါတယ်"

ကျန်းလော့ ရုတ်တရက် နှလုံးဆောင့်ခုန်သွားသော်လည်း မျက်နှာထားကတော့ ခပ်တည်တည်ပဲ ဖြစ်နေပြီး ပုံမှန်လေသံဖြင့် ပြောလိုက်သည်။

"ကောင်းပြီလေ အဲ့ဒါဆို ချီမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေရဲ့ ဇနီးတွေက ဘာလို့ အသက်သုံးဆယ်မတိုင်ခင် သေဆုံးသွားရတာလဲ ပြောပြ"

"ဘာလို့လဲဆိုတော့ သူတို့က ကိုယ်ဝန်ရပြီး ကလေးမွေးလိုက်ရလို့"

ချီယုံသည် ရှေ့တိုးလာပြီး ကျန်းလော့ရှေ့နားထိ ရောက်လာသည်။ ကျန်းလော့သည် ဘာမှမဖြစ်သလို ရပ်နေပြီး သူ့အဖြေကို စောင့်နေသည်။

"တိုက်ရိုက်မျိုးဆက်တွေရဲ့ မျိုးဆက်ကလေးငယ်တွေက တစ္ဆေလူသားတွေအဖြစ်မွေးဖွားလာပြီး တစ္ဆေဆေးမှင်ကြောင်ရဲ့ စွမ်းအားက အရမ်းကိုသန်မာပြီး မိခင်ရဲ့ အသက်ဝိဉာဉ်စွမ်းအားကို ကိုယ်ဝန်ဆောင်ထားတဲ့အချိန်ကနေ မွေးဖွားတဲ့အချိန်ထိ နည်းနည်းချင်းစုပ်ယဓလာတာ အဲ့ဒါကြောင့် ကလေးမွေးပြီးတာနဲ့ သေသွားရတာပဲ"

"တိုက်ရိုက်မျိုးဆက်တွေက သူတို့ရဲ့ ကလေးငယ်တွေကို တစ္ဆေဆေးမှင်ကြောင်ရဲ့ ညှင်းပန်းမှုဒဏ်ကို မခံစားရစေချင်ပေမဲ့ အိမ်တော်ခွဲတွေကတော့ အဲ့လိုမဟုတ်ဘူး သူတို့မျက်လုံးထဲမှာ ပင်မမျိုးဆက်တွေက သူတို့နေရာတည်မြဲဖို့ အစွမ်းထက်တဲ့လက်နက်လို့ပဲမြင်တယ် သူတို့ရဲ့ မကောင်းတဲ့ ရည်ရွယ်ချက်ကို မမြင်သာအောင် တိုက်ရိုက်မျိုးဆက်အတွက် ဇနီးတွေရှာပေးပြီး အက္ခရာရှစ်ခုနဲ့တွက်ချက်ပြီး အသက်တိုတဲ့အမျိုးသမီးတွေကို တိုက်ရိုက်မျိုးဆက်အတွက် ကလေးမွေးပေးဖို့ သူတို့ကိုယ်တိုင်ရှာပေးကြတယ် ပြီးတော့ ချီမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ကို အသက်သုံးဆယ်ကျိန်စာရှိတယ်ဆိုပြီး နာမည်ထွက်လာစေတယ် ဒီလိုနဲ့ တိုက်ရိုက်မျိုးဆက်တွေရဲ့ သိက္ခာက မြောင်းထဲရောက်သွားတော့တာပဲ "

ချီယုံသည် ခေါင်းငုံ့၍ ကျန်းလော့ကို နီးကပ်စွာငုံ့ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် တစ္ဆေတစ်ကောင်ကဲ့သို့ စိတ်မကြည်ဖြစ်နေသော်လည်း ပြုံး၍ ကြင်နာသော အပြုအမူဖြင့် ပြောလိုက်သည်။

"သခင်လေးကျန်း မင်းဘာထပ် မေးစရာရှိသေးလဲ"

စီးကရက်နံ့သည် ကျန်းလော်နှာခေါင်းဆီသို့ တည့်တည့်ပြန်ဝင်လာပြီး အေးဆေးစွာ ပြောလိုက်သည်။

"အများကြီးရှိသေးတယ်"

အမှောင်ထဲမှ လှိုင်းများသည် အပြန်အလှန်ရန်စောင်နေကြပြီး မည်သည့်ဘက်ကမှ နောက်ဆုတ်မည့်ပုံမရှိပေ။ ထိုအချိန်တွင် အစေခံတစ်ယောက်သည် သူတို့နားသို့ အလျင်စလိုရောက်လာပြီးမှ နောက်ဆုတ်၍

"သခင်လေး တစ်စုံတစ်ယောက်က အိမ်တော်ကို သေသူတွေအကြောင်းစုံစမ်းဖို့ဆိုပြီး ရောက်လာပါတယ်"

ချီယုံသည် မတ်မတ်ရပ်လိုက်ပြီး နောက်တစ်လှမ်းဆုတ်လိုက်ကာ ပြုံး၍ ပြောလိုက်သည်။

"သခင်လေးကျန်း ကိုယ်နဲ့တူတူလိုက်ခဲ့မလား"

ကျန်းလော့သည် ပုခုံးတွန့်လိုက်ပြီး အိမ်တော် တံခါးမကြီးသို့ သွက်သွက်လက်လက် လိုက်သွားသည်။

စစ်တပ်ယူနီဖောင်းနှင့် လူနှစ်ယောက်သည် ချီမိသားစုအိမ်တော် အဝင်နှင့် ခပ်လှမ်းလှမ်းနေရာတွင် မတ်တပ်ရပ်နေသည်။

ရှေ့ဆုံးတွင်ရပ်နေသော တစ်ယောက်သည် ကိုယ်တိုင်းနှင့် ချုပ်ထားသော မီးခိုးရောင်ယူနီဖောင်းကို သေသပ်စွာ ဝတ်ဆင်ထားပြီးဖုန်များသဲများ မပေရန် ခြုံထည်တစ်ခုကိုလည်း ခြုံထားသေးသည်။ ခါးတွင် ပြောင်လက်နေသော သားရေခါးပတ်ပတ်ထားပြီး မြင်းစီးကျာပွတ်တစ်ချောင်းကို ခါးပတ်ပေါ်တွင် ချိတ်ထားသည်။

သူသည် သတင်းစာတစ်စောင်ကို ငုံ့ဖတ်ကာ ဘောင်းဘီရှည်သည် ကော့ပြန်နေပြီး စစ်တပ်သုံးဖိနပ်သည် ဘောင်းဘီအောက်နားကို တင်းကျပ်သပ်ရပ်စွာ ရစ်ပတ်ထားသည်။ အရပ်ရှည်ရှည် တောင့်တောင့်ဖြောင့် ထိုလူသည် အကြင်နာကင်းမဲ့သော ထက်ရှသည့် ဓားတစ်ချောင်းကဲ့သို့ တောင့်တောင့်ကြီးရပ်နေသည်။

ကျန်းလော့နှင့် ချီယုံတို့သည် သူတို့ရှိရာသို့ လျှောက်လာနေသည်ကို မြင်သောအခါ ထိုလူ၏နောက်နားတွင်ရပ်နေသော တပ်အရာရှိသည် သတင်းစာဖတ်နေသော သူကို တိုးတိုးလေး သတင်းပို့လိုက်သည်။

"သခင်လေး သူတို့လာနေပါပြီ"

သခင်လေးဆိုသူသည် သတင်းစာဖတ်နေရာမှ မော့ကြည့်လာသည်။ စစ်တပ်ဦးထုပ်သည် မျက်ခုံးထိဖုံးနေကာ ထိုသူ၏ ခိုင်ကြည်သော မေးရိုးနှင့် နှုတ်ခမ်းပါးကွေးကွေးများကိုသာ ကောင်းကောင်းမြင်ရသည်။

အဖြူရောင်လက်အိတ်ဝတ်ထားသော လက်နှစ်ဖက်သည် သတင်းစာကို ညင်သာစွာ ပိတ်လိုက်ကာ

"ချီမိသားစုရဲ့သခင်ကြီးက ကလေးနှစ်ယောက်လား"

#########################

Zawgyi

အပိုင္း (၁၂၅) သခင္ေလး

ခ်ီယုံ၏ျငင္းဆိုမႈကို အႀကီးအကဲသုံးေယာက္က လုံးဝမေက်နပ္ေပ။

"ဟ ဒါက မင္းတို႔ ပင္မေသြးစက္ေတြ လုပ္ကို လုပ္ရမဲ့အရာပဲ ငါတို႔မိသားစု ယင္စြမ္းအင္ေတြနဲ႔ ရင္ဆိုင္ရရင္ ႏွိမ္ႏွင္းေပးရမွာ မင္းတို႔ရဲ႕ သမိုင္းေပးတာဝန္ကြ"

"မင္းက အခုမွ ဆယ့္ရွစ္ႏွစ္ပဲ ရွိေသးတာ တေစၦေဆးမွင္ေၾကာင္တန္ျပန္ခံရမွာေလာက္ကို ေၾကာက္ျပမေနနဲ႔ အဲ့တာမင္းကို ေသေအာင္မလုပ္ႏိုင္ေသးဘူး ျမန္ျမန္ မ်ိဳခ်လိုက္စမ္းပါ"

"မင္း အဲ့တာ ဘာအၾကည့္တုန္း"

အႀကီးအကဲအခ်ိဳ႕သည္ ေၾကာက္မက္ဖြယ္ေကာင္းစြာ ေျပာသည္။

ခ်ီယုံသည္ မ်က္လႊာခ်လိုက္ၿပီး အနီေရာင္သရဲမေရွ႕သို႔ တျဖည္းျဖည္းခ်င္း ကပ္သြားသည္။ ခ်ီယုံ သရဲမအေပၚ လက္တစ္ဖက္ တင္လိုက္သည္ကို က်န္းေလာ့ျမင္လိုက္ရသည္။ တေစၦေသြးေၾကာမ်ားသည္ လည္ပင္းမွ လက္ေမာင္း လက္ေမာင္းမွ လက္ေခ်ာင္းထိပ္ထိ ျမင္ႏိုင္ေသာ အျမန္ႏႈန္းျဖင့္ ေတာက္ေလွ်ာက္ ျပန႔္ကားလာသည္။

တေစၦေသြးေၾကာမ်ား သရဲအနားသို႔ ေရာက္ခါနီးေလ သရဲမ၏ ေအာ္သံပို က်ယ္လာေလ ျဖစ္သည္။ အမည္းေရာင္ တေစၦေသြးေၾကာမ်ားသည္ အသိစိတ္ရွိေနသလို ခ်ီယုံ႔ကိုယ္ေပၚမွ အမည္းေရာင္ကတၱရာေစးမ်ားကဲ့သို႔ ေပၚထြက္လာၿပီး အနီေရာင္သရဲမကို ေခါင္းမွစ၍ ဝါးမ်ိဳေတာ့သည္။

(marvel superhero venom ကိုျမင္ေယာင္ၾကည့္ၾကပါ)

သရဲမသည္ ေၾကာက္လန႔္စြာ ဆြဲဆြဲငင္ငင္ ေအာ္ဟစ္ေနၿပီး သူမေအာ္သံေၾကာင့္ က်န္းေလာ့သည္ သူ႔နားစည္မ်ား ကြဲထြက္သြားၿပီလို႔ေတာင္ ထင္မွတ္မိသည္။

သူမတစ္ကိုယ္လုံးသည္ ေဒါသတႀကီး႐ုန္းကန္ေနၿပီး တေစၦေဆးမွင္ေၾကာင္သည္ သူမကို ေလေပၚသို႔ ေျမႇာက္၍ သူမခႏၶာကိုယ္အေပၚပိုင္းမွ သူ႔မဝမ္းဗိုက္နားထိ နည္းနည္းခ်င္းဝါးမ်ိဳးလာသည္။

ခ်ီမိသားစု အႀကီးအကဲမ်ားသည္ ထိုျမင္ကြင္းကို ၾကည့္၍ သက္သာသြားသလို ေက်နပ္စြာ ေခါင္းညိတ္ေျပာသည္။

"ဒါမွ လုပ္သင့္တာ"

သို႔ေသာ္ သူတို႔စကားေျပာေနတုန္းတြင္ အနီေရာင္သရဲမ၏ ဝမ္းဗိုက္သည္ ႐ုတ္တရက္ ေပါက္ထြက္လာၿပီး တေစၦကေလးငယ္ထြက္လာကာ ၾကမ္းျပင္ေပၚသို႔ ေသြးစမ်ားနီရဲ သြားေစသည္ ။ တေစၦကေလးငယ္သည္ ႐ုတ္တရက္ က်ည္ဆံတစ္စင္းလို လႊတ္ထြက္သြားၿပီး အႀကီးအကဲမ်ား မတုံ႔ျပန္ႏိုင္ခင္ လူတစ္ေယာက္၏ လည္ပင္းကို အသားကုန္တြယ္ကိုက္ေတာ့သည္။

အကိုက္ခံလိုက္ရေသာ ခ်ီမိသားစု အႀကီးအကဲသည္ နာက်င္မႈေၾကာင့္ ငယ္သံပါေအာင္ ေအာ္ဟစ္လိုက္သည္။

"အား"

တေစၦကေလးငယ္ကို လည္ပင္းမွ လြင့္ထြက္သြားေအာင္ ရွိသမွ်အားကုန္သုံးလိုက္သည္။ သူ႔မ်က္ႏွာပင္ ျပာႏွမ္းေနၿပီျဖစ္ေသာ္လည္း တေစၦကေလးငယ္သည္ သူ႔လည္ပင္းကို လက္ေရာေျခေထာက္ေရာႏွင့္ တြယ္ကုတ္ကာ မလြတ္တမ္းခဲထားၿပီး သူ႔လည္ပင္းေပၚတြင္ တျဖည္းျဖည္း ႀကီးလာသည္။

ခ်ီမိသားစု အႀကီးအကဲသည္ က်န္ႏွစ္ေယာက္ကို ၾကည့္၍ ေၾကာက္႐ြံ႕စြာ ေအာ္ေျပာလိုက္သည္။

"မင္းတို႔ငါ့ကို လာကူၾကဦး"



သို႔ေသာ္ ထိုႏွစ္ေယာက္သည္ အေစာႀကီးထဲကပင္ တုန္ယင္စြာ ေျပးပုန္းေနၾကၿပီျဖစ္သည္။ ေသျခင္းတရား၏ ၿခိမ္းေျခာက္မႈေၾကာင့္ အႀကီးအကဲသည္ တေစၦကေလးငယ္ကို လက္ႏွစ္ဖက္ျဖင့္ မေၾကာက္မ႐ြံ႕ ဆြဲျဖဳတ္ေနေသာ္လည္း သူ႔လည္ပင္းမွ အသားစသာ အတစ္လိုက္ႀကီး ျပဳတ္ပါသြားသည္။ အႀကီးအကဲသည္ ပို၍ ဆြဲဆြဲငင္ငင္ေအာ္လိုက္ေတာ့သည္။

"အားးးးးးးးး"

ခ်ီယုံသည္ ေလွာင္ၿပဳံးၿပဳံးလိုက္သည္။

တစ္ေယာက္သတ္ၿပီးသြားၿပီးေနာက္ တေစၠေလးငယ္၏ မ်က္သားျဖဴျဖဴသာ ျမင္ရေသာ နာက်ည္းခ်က္အျပည့္ႏွင့္ မ်က္လုံးတစ္စုံသည္က်န္အႀကီးအကဲႏွစ္ေယာက္ကို စူးစိုက္ၾကည့္ေနသည္။ တျခားအႀကီးအကဲႏွစ္ေယာက္သည္ တေစၦကေလးငယ္မွ သူတို႔ကို ၿမဲၿမဲၾကည့္၍ မ်က္ႏွာက်က္ေပၚမွ ခုန္ခ်လာသည္ကို ျမင္ေသာအခါ ႏွလုံးျပဳတ္ထြက္မတတ္ ေၾကာက္႐ြံ႕သြားၾကသည္။

တေစၦကေလးငယ္သည္ အလြန္ ေပါ့ပါးၿပီး နံရံႏွင့္ မ်က္ႏွာက်တ္တို႔ကို ခုန္ကူး၍ သူတို႔ကို ဆက္တိုက္ တြန္းထိုးကိုက္ခဲ၍ တိုက္ခိုက္ေတာ့သည္။ အခ်ိန္ပိုင္းေလးမွာပင္ အႀကီးအကဲႏွစ္ေယာက္သည္ တေစၦကေလးငယ္၏ တိုက္ခိုက္မႈေၾကာင့္ ေျမျပင္ေပၚတြင္ ဆန႔္ငင္ဆန႔္ငင္ႏွင့္ အေၾကာဆြဲကာ လဲက်ေနၿပီး သူတို႔ေအာက္တြင္ ေသြးအိုင္ႀကီးတစ္အိုင္ေပၚလာေတာ့သည္။

သူတို႔သည္ခ်က္ခ်င္းကို ေသေတာ့မလိုထင္ရၿပီး ခ်ီယုံသည္ သရဲမကို ဝါးမ်ိဳၿပီးေနာက္ တေစၦေဆးမွင္ေၾကာင္ကို သူတို႔ကို တိုက္ခိုက္ခဲ့ေသာ တေစၦကေလးငယ္ကိုပါ ဆက္တိုက္ ဝါးမ်ိဳခိုင္းလိုက္သည္။ အားလုံးၿပီးသြားၿပီးေနာက္ ခ်ီယုံ႔မ်က္ႏွာသည္ ျဖဴေဖ်ာ့သြားၿပီး ေခ်ာင္းဆိုးလိုက္သည္။

"ဘာမွလုပ္စရာမရွိေတာ့ဘူးဆိုရင္ ကြၽန္ေတာ္ျပန္နားေတာ့မယ္"

ၾကမ္းျပင္ေပၚလဲက်ေနေသာ အသက္ငါးဆယ္အ႐ြယ္အႀကီးအကဲမ်ားသည္ ေသြးမ်ားေၾကာင့္ မ်က္လုံးမျမင္ရႏိုင္ျဖစ္ေနၿပီး လက္ေခ်ာင္းမ်ားသည္ တဆတ္ဆတ္ခါယမ္းေနသည္။ သူတို႔ကို ျမန္ျမန္ကယ္တင္ေပးရန္ အမိန႔္ေပးေနေသးသည္၊

ခ်ီယုံသည္ အနည္းငယ္ေတာက္ပေနေသာ မ်က္လုံးမ်ားျဖင့္ သူတို႔ကိုၾကည့္ေနၿပီး သိမ္ေမြ႕စြာေျပာလိုက္သည္။

"စိတ္မပူပါနဲ႔ ကြၽန္ေတာ္တစ္ေယာက္ေယာက္ို သြားေခၚလိုက္မယ္ ကြၽန္ေတာ္ အႀကီးအကဲေတြကို ေသခြင့္မျပဳပါဘူးဗ်ာ"

"ဘယ္လိုလုပ္ ဒီတိုင္းေသခိုင္းရမွာလဲ"

သူသည္ ဘိုးေဘးခန္းမအျပင္ဘက္သို႔ ေက်နပ္စြာ ေလွ်ာက္ထြက္သြားသည္။

"တျခားသူရဲ႕လက္ထဲမွ ဘယ္လိုလုပ္ ေသခြင့္ေပးရမွာလဲ"

ခ်ီယုံ႔ေနာက္ေက်ာ ေပ်ာက္ကြယ္သြားသည္ႏွင့္ က်န္းေလာ့သည္ ဘိုးေဘးခန္းမထဲသို႔ ခိုးဝင္လာသည္။

အႀကီးအကဲသုံးေယာက္သည္ ေသလုဆဲဆဲ အေျခအေနျဖစ္ေနၿပီး ေသြးအိုင္ေပၚတြင္ အသက္ကို မနည္းရႉေနရသည့္ အေျခအေနေရာက္ေနသည္။

ႏွစ္ေယာက္သည္ အေစာႀကီးထဲက ေမ့ေမ်ာေနၿပီးျဖစ္ၿပီး က်န္တစ္ေယာက္သာ အနည္းငယ္ သတိရွိေသးသည္။

က်န္းေလာ့အနားတိုးကပ္သြားသည့္အခ်ိန္တြင္ ဆံပင္ျဖဴေနေသာ အႀကီးအကဲသည္ တစ္ေယာက္ေယာက္ ဝင္လာမွန္း သတိထားမိသြားသည္။

အသက္ရွင္ႏိုင္ၿပီဆိုေသာ ေမွ်ာ္လင့္ခ်က္မ်ားျဖင့္ မ်က္လုံးမ်ား ေတာက္ပလာေသာ္လည္း ဝင္လာသူသည္ သူ႔နားတြင္ ေဆာင့္ေၾကာင့္ထိုင္၍ သူ႔လည္ပင္းကို အၾကင္နာမဲ့စြာ ဆုပ္ကိုင္လိုက္သည္။

"မ်က္လုံးမွိတ္ထား"

ဝင္ေရာက္လာသူ၏အသံသည္ ေအးစက္ေနၿပီး

"မဟုတ္ရင္ မင္းမ်က္လုံးေတြကို ေဖာက္ထုတ္ပစ္မယ္ "

ခ်ီမိသားစု အႀကီးအကဲသည္ အေၾကာက္ေၾကာက္အလန႔္လန႔္ျဖင့္

"မင္းဘယ္သူလဲ"

ဝင္ေရာက္လာသူသည္ ဘာမွမေျပာေသာ္လည္း လည္ပင္းကို ဆုပ္ကိုင္ထားေသာ လက္သည္ တင္းက်ပ္လာကာ ေနာက္လက္တစ္ဖက္သည္ တေစၦကေလးငယ္ ကိုက္သြားေသာ ဝမ္းဗိုက္ကို ခပ္ၾကမ္းၾကမ္းပြတ္ေနသည္မွာ သူ႔အတြင္းကလီစာမ်ားပင္ ေနရာေ႐ြ႕သြားသလို ျဖစ္လာသည္။

ခ်ီမိသားစု အႀကီးအကဲသည္ ေၾကာက္႐ြံ႕သြားၿပီး

"မသတ္ပါနဲ႔ အသက္ကိုခ်မ္းသာေပးပါ ငါမင္းလိုခ်င္တာ အကုန္ေပးႏိုင္တယ္ က်ဳပ္ကို မသတ္ပါနဲ႔"

"ငါမင္းကို ေမးခြန္းေမးမယ္ ေကာင္းေကာင္းေျဖရင္ အသက္ခ်မ္းသာေပးမယ္"

သူ႔လည္ပင္းကို ညစ္ထားေသာ လက္သည္ တင္းက်ပ္လာကာ ခ်ီမိသားစု အႀကီးအကဲကို အသက္ရႉက်ပ္၍ ျပင္းထန္စြာ ေခ်ာင္းဆိုးလာေစသည္။

"ေဟ့ ငါေျပာတာ နားလည္လား"

"ေျပာမယ္ က်ဳပ္သိတာ အကုန္ေျပာမယ္"

"ပင္မေသြးစက္ရဲ႕ တေစၦေဆးမွင္ေၾကာင္ဆိုတာ ဘာလဲ"

ခ်ီမိသားစု၏ အႀကီးအကဲသည္ သြားေစ့သြားၿပီး

"တေစၦေဆးမွင္ေၾကာင္ တေစၦေဆးမွင္ေၾကာင္က ပင္မမ်ိဳးဆက္တိုင္းမွာ ရွိတဲ့ဟာ အဲ့ဒီဟာကို မသုံးရင္ မွဲ႔သုံးလုံးထဲမွာ ပိတ္ထားတယ္ သုံးေတာ့မယ္ဆိုရင္ အဲ့ဒီမွဲ႔ေတြထဲက တြားထြက္လာတာ အဲ့ဒါက ပင္မမ်ိဳးဆက္ေတြရဲ႕ အသန္မာဆုံး ဝွက္ဖဲ"

က်န္းေလာ့က ေမးသည္။

"အဲ့ဒီ တေစၦေဆးမွင္ေၾကာင္ရဲ႕ အားနည္းခ်က္ အားသာခ်က္ေတြ ကေရာ "

"တေစၦေဆးမွင္ေၾကာင္က အရာအားလုံးကို ဝါးၿမိဳႏိုင္တယ္ အၿငိဳးႀကီးဝိဉာဥ္ေတြကို ဝါးမ်ိဳၿပီးတိုင္း တေစၦေဆးမွင္ေၾကာင္က ပိုၿပီး အင္အားႀကီးလာတယ္ တေစၦေဆးမွင္ေၾကာင္ကို အသုံးျပဳေလေလ တေစၦေဆးမွင္ေၾကာင္ရဲ႕ တုံ႔ျပန္မႈႀကီးေလ တစ္ေန႔က်ရင္ တေစၦေဆးမွင္ေၾကာင္က သခင္ကိုပါ ျပန္ဝါးမ်ိဳသြားလိမ့္မယ္ ပင္မေသြးစက္ေတြ ေဆးမွင္ေၾကာင္ကို သုံးၿပီးတိုင္း တန္ျပန္မႈေၾကာင့္ ျပင္းထန္တဲ့ နာက်င္မႈကို ခံစားၾကရတယ္ တန္ျပန္မႈၿပီးသြားရင္ေတာ့ သခင္ေတြက အခ်ိန္တစ္ခုထိ အားနည္းသြားတယ္"

က်န္းေလာ့သည္ တစ္ခုခုကို ေရးေရးေလး သေဘာေပါက္လာသလို ရွိသည္။

'သင္တန္းသားအေဆာင္မွာတုန္းက ခ်ီယုံ မ်က္ႏွာမဲ့မိစာၦကို ကူသတ္ေပးၿပီး အားနည္းသြားတာ ဒါေၾကာင့္ကိုး '

'အဲ့ဒါက တေစၦေဆးမွင္ေၾကာင္ကို သုံးၿပီး တန္ျပန္ခံလိုက္ရလို႔လား'

"ဘာလို႔ ခ်ီယုံ႔ကို အိမ္ေတာ္ေခါင္းေဆာင္ လုပ္ခိုင္းထားတာလဲ"

ခ်ီမိသားစု အႀကီးအကဲသည္ ျပန္စဥ္းစားသလို ျဖစ္သြားၿပီး

"က်ဳပ္တို႔ ခ်ီမိသားစု အၿငိဳးအေတးေတြကို ရွင္းထုတ္ၿပီး ေက်ာ္ၾကားလာတာ ခ်ီယုံက တိုက္႐ိုက္မ်ိဳးဆက္ျဖစ္ေနမွေတာ့ ခ်ီမိသားစုဂုဏ္ကို ျမင့္တင္ရမဲ့ တာဝန္ရွိတယ္ေလ က်ဳပ္တို႔က သူ႔ကို ဖမ္းမိသမွ် အၿငိဳးႀကီးတေစၦသရဲေတြကို ေျဖရွင္းခိုင္းရမယ္ သူ႔ေရွ႕က ပင္မမ်ိဳးဆက္ေတြလဲ ဒီလိုပဲ လုပ္ခဲ့ရတာပဲ သူမေသခင္ လုပ္ရမဲ့ ကိစၥႀကီးတစ္ခုကိုေတာ့ က်ဳပ္တို႔စီစဥ္ေပးတယ္ ေနာက္မ်ိဳးဆက္တစ္ေယာက္ေမြးဖြားဖို႔ေလ တေစၦေဆးမွင္ေၾကာင္က ခ်ီမိသားစုရဲ႕ ပင္မေသြးစက္ထဲမွာ အၿမဲတမ္း အျမစ္တြယ္ေနမွာဆိုေတာ့ ............... "

က်န္းေလာ့သည္ နားလည္စြာေျပာလိုက္သည္။

"ဒီေတာ့ မင္းတို႔က တိုက္႐ိုက္မ်ိဳးဆက္ေတြကို အမႈိက္ပုံးလို သုံးေတာပဲ မင္းတို႔က တကယ့္ကို အမႈိက္လို‌ေကာင္စားေတြပဲ"

'သူတို႔က ပင္မမ်ိဳးဆက္ေတြက္ို အၿငိဳးႀကီးသရဲေတြရဲ႕ သခ်ႋဳင္းလိုသုံးၿပီး တေစၦေဆးမွင္ေၾကာင္က တန္ျပန္ရင္ တိုက္႐ိုက္မ်ိဳးဆက္ေတြက ေသေပးရတယ္ေပါ့ေလ'

သူသည္ လက္တစ္ဖက္ျဖင့္ စီးကရတ္တစ္လိပ္ကို မီးညႇိလိုက္ၿပီး ၾကမ္းျပင္ေပၚသို႔ ထိုင္ခ်၍ ဆက္ေမးသည္။

"တိုက္႐ိုက္မ်ိဳးဆက္ေတြရဲ႕ တေစၦေဆးမွင္ေၾကာင္က ဘယ္ကလာတာလဲ"

"လြန္ခဲ့တဲ့ လြန္ခဲ့တဲ့ ႏွစ္ရာေပါင္းမ်ားစြာက "

ခ်ီမိသားစု အႀကီးအကဲသည္ တုန္ယင္စြာ ေျပာသည္။

"ခ်ီမိသားစုရဲ႕ တိုက္႐ိုက္မ်ိဳးဆက္တစ္ေယာက္က လူတစ္ေယာက္ကို ကယ္တင္ေပးခဲ့ဖူးတယ္ အဲ့ဒီလူက တေစၦေဆးမွင္ေၾကာင္ကို တိုက္႐ိုက္မ်ိဳးဆက္ကို ေပးၿပီး ေက်းဇူးဆပ္ခဲ့တာ တိုက္႐ိုက္မ်ိဳးဆက္၍ ဘိုးေဘးႀကီးက တေစၦေဆးမွင္ေၾကာင္နဲ႔ တစ္သားထဲျဖစ္သြားၿပီးေနာက္မွာ ႀကီးက်ယ္ခမ္းနားတဲ့ အင္အားနဲ႔ ခ်ီမိသားစုကို ႂကြယ္ဝမႈေတြနဲ႔ ထိပ္ဆုံးေရာက္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တယ္ တေစၦေဆးမွင္ေၾကာင္က တိုက္႐ိုက္မ်ိဳးဆက္တိုင္းကို ဆက္ခံႏိုင္တာမို႔လို႔ မ်ိဳးဆက္တိုင္းမ်ိဳးဆက္တိုင္းမွာ တိုက္႐ိုက္မ်ိဳးဆက္ေတြက ဝိဉာဥ္နည္းစနစ္ေတြကို သင္ၾကားႏိုင္တဲ့ ပါရမီေကာင္းေတြနဲ႔ ေမြးဖြားလာၾကတယ္ ဝိဉာဥ္႐ုပ္ေသးပညာကလည္း သူတို႔ တိုက္႐ိုက္မ်ိဳးဆက္ေတြပဲ ေလ့က်င့္သင္ယူႏိုင္တာ..............."

"အဲ့ဒီလူက ဘယ္သူလဲ"

"အင္း "

ခ်ီမိသားစု၏ အႀကီးအကဲႀကီးသည္ ပါးစပ္ဖြင့္လာေသာ္လည္း တစ္ခုခုေျပာခ်င္သလို လႈပ္ေနေသာ္လည္း ပါးစပ္သည္ ပိတ္လိုက္ဖြင့္လိုက္ျဖစ္ကာ စကားတစ္လုံးမွ ထြက္မလာႏိုင္ခဲ့ေပ။ မၾကာခင္တြင္ ေခါင္းသည္ လည္ထြက္သြားၿပီး ႐ုတ္တရက္ေသဆုံးသြားခဲ့သည္။

က်န္းေလာ့သည္ မ်က္ေမွာင္ၾကဳတ္၍ ထိုသူ၏ ႏွာေခါင္းေအာက္သို႔ လက္ႏွစ္ေခ်ာင္းထိုးၾကည့္လိုက္သည္။ အႀကီးအကဲသည္ အသက္မရႉေတာ့ေပ။

'အဲ့ဒီလူက ေျပာျပလို႔မရတဲ့ လွ်ိဳ႕ဝွက္ခ်က္ျဖစ္ေနလို႔လား'

တကယ္တမ္းတြင္ က်န္းေလာ့သည္ ထိုလူေျပာသမွ်အကုန္ မယုံပါေခ်။ ဤေလာကသည္ တစ္စုံတစ္ေယာက္ ဖန္တီးထားေသာ မွန္ေလာကျဖစ္ေနၿပီး တစ္ေလာကလုံးကို ထိန္းခ်ဳပ္ေနေသာ လက္မည္းႀကီးလည္း ရွိေနေသးသည္။ ဤေလာကမွ လွ်ိဳ႕ဝွက္ခ်က္မ်ား အမ်ားစုသည္ မွန္ခ်င္မွမွန္မည္ ျဖစ္သည္။

ကန႔္လန႔္ကာေနာက္မွလူသည္ သူ႔အာ႐ုံကို ဖမ္းစားရန္ ဒီလိုအကြက္ေ႐ႊ႕လိုက္တာလည္း ျဖစ္ႏိုင္ေပသည္။ က်န္းေလာ့သည္ ထရပ္လိုက္ၿပီး ဘိုးေဘးခန္းမထဲမွ ထြက္ခဲ့သည္။

သို႔ေသာ္ အျပင္ထြက္လိုက္သည္ႏွင့္ ခ်ီယုံသည္ တံခါးနားတြင္ မတ္တပ္ရပ္ေနသည္ကို ျမင္လိုက္ရသည္။

ခ်ီယုံသည္ သူႏွင့္ သုံးမီတာသာ ေဝးေသာေနရာတြင္ ရပ္ေနၿပီး မည္သည့္အခ်ိန္ထဲက ေရာက္ေန၍ မည္မွ်ထိ ၾကားသြားၿပီလဲ မသိေပ။ သစ္ပင္အရိပ္မ်ားသည္ ခ်ီယုံ႔ကို အုပ္မိုးေနၿပီး သူသည္ က်န္းေလာ့ကို စိတ္ဝင္စားစြာ ေျပာလိုက္သည္။

"တကယ္လို႔ မင္းမွာ ေမးစရာရွိရင္ ကိုယ့္ကိုလာေမးလို႔ရပါတယ္"

က်န္းေလာ့ ႐ုတ္တရက္ ႏွလုံးေဆာင့္ခုန္သြားေသာ္လည္း မ်က္ႏွာထားကေတာ့ ခပ္တည္တည္ပဲ ျဖစ္ေနၿပီး ပုံမွန္ေလသံျဖင့္ ေျပာလိုက္သည္။

"ေကာင္းၿပီေလ အဲ့ဒါဆို ခ်ီမိသားစုရဲ႕ တိုက္႐ိုက္မ်ိဳးဆက္ေတြရဲ႕ ဇနီးေတြက ဘာလို႔ အသက္သုံးဆယ္မတိုင္ခင္ ေသဆုံးသြားရတာလဲ ေျပာျပ"

"ဘာလို႔လဲဆိုေတာ့ သူတို႔က ကိုယ္ဝန္ရၿပီး ကေလးေမြးလိုက္ရလို႔"

ခ်ီယုံသည္ ေရွ႕တိုးလာၿပီး က်န္းေလာ့ေရွ႕နားထိ ေရာက္လာသည္။ က်န္းေလာ့သည္ ဘာမွမျဖစ္သလို ရပ္ေနၿပီး သူ႔အေျဖကို ေစာင့္ေနသည္။

"တိုက္႐ိုက္မ်ိဳးဆက္ေတြရဲ႕ မ်ိဳးဆက္ကေလးငယ္ေတြက တေစၦလူသားေတြအျဖစ္ေမြးဖြားလာၿပီး တေစၦေဆးမွင္ေၾကာင္ရဲ႕ စြမ္းအားက အရမ္းကိုသန္မာၿပီး မိခင္ရဲ႕ အသက္ဝိဉာဥ္စြမ္းအားကို ကိုယ္ဝန္ေဆာင္ထားတဲ့အခ်ိန္ကေန ေမြးဖြားတဲ့အခ်ိန္ထိ နည္းနည္းခ်င္းစုပ္ယဓလာတာ အဲ့ဒါေၾကာင့္ ကေလးေမြးၿပီးတာနဲ႔ ေသသြားရတာပဲ"

"တိုက္႐ိုက္မ်ိဳးဆက္ေတြက သူတို႔ရဲ႕ ကေလးငယ္ေတြကို တေစၦေဆးမွင္ေၾကာင္ရဲ႕ ညႇင္းပန္းမႈဒဏ္ကို မခံစားရေစခ်င္ေပမဲ့ အိမ္ေတာ္ခြဲေတြကေတာ့ အဲ့လိုမဟုတ္ဘူး သူတို႔မ်က္လုံးထဲမွာ ပင္မမ်ိဳးဆက္ေတြက သူတို႔ေနရာတည္ၿမဲဖို႔ အစြမ္းထက္တဲ့လက္နက္လို႔ပဲျမင္တယ္ သူတို႔ရဲ႕ မေကာင္းတဲ့ ရည္႐ြယ္ခ်က္ကို မျမင္သာေအာင္ တိုက္႐ိုက္မ်ိဳးဆက္အတြက္ ဇနီးေတြရွာေပးၿပီး အကၡရာရွစ္ခုနဲ႔တြက္ခ်က္ၿပီး အသက္တိုတဲ့အမ်ိဳးသမီးေတြကို တိုက္႐ိုက္မ်ိဳးဆက္အတြက္ ကေလးေမြးေပးဖို႔ သူတို႔ကိုယ္တိုင္ရွာေပးၾကတယ္ ၿပီးေတာ့ ခ်ီမိသားစုရဲ႕ တိုက္႐ိုက္မ်ိဳးဆက္ကို အသက္သုံးဆယ္က်ိန္စာရွိတယ္ဆိုၿပီး နာမည္ထြက္လာေစတယ္ ဒီလိုနဲ႔ တိုက္႐ိုက္မ်ိဳးဆက္ေတြရဲ႕ သိကၡာက ေျမာင္းထဲေရာက္သြားေတာ့တာပဲ "

ခ်ီယုံသည္ ေခါင္းငုံ႔၍ က်န္းေလာ့ကို နီးကပ္စြာငုံ႔ၾကည့္လိုက္သည္။ သူ႔မ်က္လုံးမ်ားသည္ တေစၦတစ္ေကာင္ကဲ့သို႔ စိတ္မၾကည္ျဖစ္ေနေသာ္လည္း ၿပဳံး၍ ၾကင္နာေသာ အျပဳအမူျဖင့္ ေျပာလိုက္သည္။

"သခင္ေလးက်န္း မင္းဘာထပ္ ေမးစရာရွိေသးလဲ"

စီးကရက္နံ႔သည္ က်န္းေလာ္ႏွာေခါင္းဆီသို႔ တည့္တည့္ျပန္ဝင္လာၿပီး ေအးေဆးစြာ ေျပာလိုက္သည္။

"အမ်ားႀကီးရွိေသးတယ္"

အေမွာင္ထဲမွ လႈိင္းမ်ားသည္ အျပန္အလွန္ရန္ေစာင္ေနၾကၿပီး မည္သည့္ဘက္ကမွ ေနာက္ဆုတ္မည့္ပုံမရွိေပ။ ထိုအခ်ိန္တြင္ အေစခံတစ္ေယာက္သည္ သူတို႔နားသို႔ အလ်င္စလိုေရာက္လာၿပီးမွ ေနာက္ဆုတ္၍

"သခင္ေလး တစ္စုံတစ္ေယာက္က အိမ္ေတာ္ကို ေသသူေတြအေၾကာင္းစုံစမ္းဖို႔ဆိုၿပီး ေရာက္လာပါတယ္"

ခ်ီယုံသည္ မတ္မတ္ရပ္လိုက္ၿပီး ေနာက္တစ္လွမ္းဆုတ္လိုက္ကာ ၿပဳံး၍ ေျပာလိုက္သည္။

"သခင္ေလးက်န္း ကိုယ္နဲ႔တူတူလိုက္ခဲ့မလား"

က်န္းေလာ့သည္ ပုခုံးတြန႔္လိုက္ၿပီး အိမ္ေတာ္ တံခါးမႀကီးသို႔ သြက္သြက္လက္လက္ လိုက္သြားသည္။

စစ္တပ္ယူနီေဖာင္းႏွင့္ လူႏွစ္ေယာက္သည္ ခ်ီမိသားစုအိမ္ေတာ္ အဝင္ႏွင့္ ခပ္လွမ္းလွမ္းေနရာတြင္ မတ္တပ္ရပ္ေနသည္။

ေရွ႕ဆုံးတြင္ရပ္ေနေသာ တစ္ေယာက္သည္ ကိုယ္တိုင္းႏွင့္ ခ်ဳပ္ထားေသာ မီးခိုးေရာင္ယူနီေဖာင္းကို ေသသပ္စြာ ဝတ္ဆင္ထားၿပီးဖုန္မ်ားသဲမ်ား မေပရန္ ၿခဳံထည္တစ္ခုကိုလည္း ၿခဳံထားေသးသည္။ ခါးတြင္ ေျပာင္လက္ေနေသာ သားေရခါးပတ္ပတ္ထားၿပီး ျမင္းစီးက်ာပြတ္တစ္ေခ်ာင္းကို ခါးပတ္ေပၚတြင္ ခ်ိတ္ထားသည္။

သူသည္ သတင္းစာတစ္ေစာင္ကို ငုံ႔ဖတ္ကာ ေဘာင္းဘီရွည္သည္ ေကာ့ျပန္ေနၿပီး စစ္တပ္သုံးဖိနပ္သည္ ေဘာင္းဘီေအာက္နားကို တင္းက်ပ္သပ္ရပ္စြာ ရစ္ပတ္ထားသည္။ အရပ္ရွည္ရွည္ ေတာင့္ေတာင့္ေျဖာင့္ ထိုလူသည္ အၾကင္နာကင္းမဲ့ေသာ ထက္ရွသည့္ ဓားတစ္ေခ်ာင္းကဲ့သို႔ ေတာင့္ေတာင့္ႀကီးရပ္ေနသည္။

က်န္းေလာ့ႏွင့္ ခ်ီယုံတို႔သည္ သူတို႔ရွိရာသို႔ ေလွ်ာက္လာေနသည္ကို ျမင္ေသာအခါ ထိုလူ၏ေနာက္နားတြင္ရပ္ေနေသာ တပ္အရာရွိသည္ သတင္းစာဖတ္ေနေသာ သူကို တိုးတိုးေလး သတင္းပို႔လိုက္သည္။

"သခင္ေလး သူတို႔လာေနပါၿပီ"

သခင္ေလးဆိုသူသည္ သတင္းစာဖတ္ေနရာမွ ေမာ့ၾကည့္လာသည္။ စစ္တပ္ဦးထုပ္သည္ မ်က္ခုံးထိဖုံးေနကာ ထိုသူ၏ ခိုင္ၾကည္ေသာ ေမး႐ိုးႏွင့္ ႏႈတ္ခမ္းပါးေကြးေကြးမ်ားကိုသာ ေကာင္းေကာင္းျမင္ရသည္။

အျဖဴေရာင္လက္အိတ္ဝတ္ထားေသာ လက္ႏွစ္ဖက္သည္ သတင္းစာကို ညင္သာစြာ ပိတ္လိုက္ကာ

"ခ်ီမိသားစုရဲ႕သခင္ႀကီးက ကေလးႏွစ္ေယာက္လား"

#########################

Continue Reading

You'll Also Like

48K 7.3K 28
Name: 落到玫瑰上的星星 (The Star That Fell on the Rose) Author: 藤花琅 Chapters: 24 chapters + 3 Extras...
60.2K 8.5K 52
#Author(s) -Bism #English Translator -IceCherry #Language -Korean #Associated Names -망나니는 살고 싶다 #Status In COO -85 Chapters (On going) I got permissi...
449K 69.7K 185
ဘာသာပြန်သူ- စွဲညို့အသင်း (ဘာသာပြန်သူတစ်ဦးတည်း မဟုတ်ပါ) MC ကျန်းလော့က အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်နေသဘောသဘာဝကို ပိုင်ဆိုင်ထားပါတယ်။ ML ချီယုံကကျ စ...
109K 17.4K 103
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။