ဒီအပြစ်သားက ရှင်သန်လို...(၂)...

By Swae_Nyoe

114K 18K 475

ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။ More

အခန်း ၁၁၁
အခန်း ၁၁၂
အခန်း ၁၁၃
အခန်း ၁၁၄
အခန်း ၁၁၅
အခန်း ၁၁၆
အခန်း ၁၁၇
အခန်း ၁၁၈
အခန်း ၁၁၉
အခန်း ၁၂၀
အခန်း ၁၂၁
အခန်း ၁၂၂
အခန်း ၁၂၃
အခန်း ၁၂၅
အခန်း ၁၂၆
အခန်း ၁၂၇
အခန်း ၁၂၈
အခန်း ၁၂၉
အခန်း ၁၃၀
အခန်း ၁၃၁
အခန်း ၁၃၂
အခန်း ၁၃၃
အခန်း ၁၃၄
အခန်း ၁၃၅
အခန်း ၁၃၆
အခန်း ၁၃၇
အခန်း ၁၃၈
အခန်း ၁၃၉
အခန်း ၁၄၀
အခန်း ၁၄၁
အခန်း ၁၄၂
အခန်း ၁၄၃
အခန်း ၁၄၄
အခန်း ၁၄၅
အခန်း ၁၄၆
အခန်း ၁၄၇
အခန်း ၁၄၈
အခန်း ၁၄၉
အခန်း ၁၅၀
အခန်း ၁၅၁
အခန်း ၁၅၂
အခန်း ၁၅၃
အခန်း ၁၅၄
အခန်း ၁၅၅
အခန်း ၁၅၆
အခန်း ၁၅၇
အခန်း ၁၅၈
အခန်း ၁၅၉
အခန်း ၁၆၀
အခန်း ၁၆၁
အခန်း ၁၆၂
အခန်း ၁၆၃
အခန်း ၁၆၄
အခန်း ၁၆၅
အခန်း ၁၆၆
အခန်း ၁၆၇
အခန်း ၁၆၈
အခန်း ၁၆၉
အခန်း (၁၇၀)
အခန်း (၁၇၁)
အခန်း (၁၇၂)
အခန်း (၁၇၃)
အခန်း ၁၇၄
အခန်း ၁၇၅
အခန်း ၁၇၆
အခန်း ၁၇၇
အခန်း ၁၇၈
အခန်း ၁၇၉
အခန်း ၁၈၀
အခန်း ၁၈၁
အခန်း ၁၈၂
အခန်း ၁၈၃
အခန်း ၁၈၄
အခန်း ၁၈၅
အခန်း ၁၈၆
အခန်း ၁၈၇
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
အခန်း ၁၈၈
အခန်း ၁၈၉
အခန်း ၁၉၀
အခန်း ၁၉၁
အခန်း ၁၉၂
အခန်း ၁၉၃
အခန်း ၁၉၄
အခန်း ၁၉၅
အခန်း ၁၉၆
အခန်း ၁၉၇
အခန်း ၁၉၈
အခန်း ၁၉၉
အခန်း ၂၀၀
အခန်း (၂၀၁)
အခန်း ၂၀၂
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
အခန်း ၂၀၃
အခန်း ၂၀၄
အခန်း ၂၀၅
အခန်း ၂၀၆
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
အခန်း ၂၀၇
အခန်း ၂၀၈
🌧️ချစ်ခြင်းမေတ္တာများနှင့် မိုးရာသီပရိုမိုးရှင်း🌧️
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️

အခန်း ၁၂၄

1.1K 174 0
By Swae_Nyoe

အပိုင်း (၁၂၄) ကျွန်တော် မျိုချလို့မရဘူး

ချင်းယွင်နှင့် လျန်ရွှီတို့သည် သူတို့မအိပ်ခင် လိရှောင်းကို နှစ်သိမ့်ပြီး လိရှောင်းအရင် အိပ်ပျော်သွားကာမှ အိပ်ရာဝင်ဖို့ ပြင်ဆင်ကြတော့သည်။

လျန်ရွှီက ပြောသည်။

"ချင်းယွင် ငါအပြင်ဘက်ပိုင်းမှာ အိပ်လိုက်မယ်"

အပြင်ဘက်ပိုင်းသည် တံခါးနှင့် နီးပြီး အလွန်အန္တာရာယ်များသည့် ကိစ္စဖြစ်လာလျှင် အပြင်ဘက်ပိုင်းတွင် အိပ်သောလူသည် အန္တာရာယ်အများဆုံးဖြစ်သည်။ ချင်းယွင်က ပြောသည်။

"ငါပဲ အပြင်ဘက်မှာ အိပ်လိုက်မယ်"

လျန်ရွှီထပ်ပြောမှာကို မစောင့်တော့ဘဲ ကုတင်အစွန်းဘက်ပိုင်းတွင် အရင်ဦးအောင်ဝင်အိပ်လိုက်သည်။ ချင်းယွင်သည် လျန်ရွှီကို စိတ်ကြီးဝင်စွာကြည့်လိုက်၍ သတိကပ်၍ ကြက်အိပ်ကြက်နိုးသာအိပ်နိုင်သည်။ သူမကို တုကောက ညသန်းခေါင်တွင် တွေ့ဖို့ပြောထားတာကို ကိုယ့်ကိုယ်ကို သတိပေးနေပြီး အိပ်မပျော်တပျော်အိပ်နေသည်။

တုကောသည် နေ့လည်က သူမကို တစ်ခုခုပြောစရာရှိသည်ဟုပြောပြီး ညဘက်တွင် ထွက်လာရန် ချိန်းဆိုခဲ့သည်။ ချင်းယွင်သည် တုကောကို လိုက်လာသည်မှာ နှစ်နှစ်ရှိပြီဖြစ်ပြီး သူ့အရင်တွင် ကောင်လေးအများကြီးနှင့် တွဲခဲ့ဖူးသူဖြစ်သည်။ သို့သော် သူမတွင် စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တစ်ခုရှိသည်။ သူမအတွက် တစ်စုံတစ်ခုကို မရလေလေ ပို၍ လိုချင်လေဖြစ်ပြီး တအားကြိုးစားသည်။ ထို့ကြောင့် တုကောက သူမကို လစ်လျူရှုလေလေ သူမအတွက် သူက ပိုဆွဲဆောင်မှုရှိလာလေဖြစ်ပြီး တုကောကို မရရအောင်လိုက်တော့သည်။

သို့သော် ချင်းယွင်သည် စိတ်အပြောင်းအလဲလွယ်သောသူတစ်ယောက်လည်း ဖြစ်သေးသည်။ စံအိမ်ပိုင်ရှင်ကို မြင်သောအချိန်တွင် သူမသည် စံအိမ်ပိုင်ရှင်ကို သဘောကျသွားခဲ့သည်။ သို့သော် ယခုအချိန်တွင် သူ့ပုံစံမှာ သံသယဝင်စရာကောင်းနေသောအခါ ချင်းယွင်စိတ်သည် တုကောထံသို့ ပြန်ရောက်သွားပြန်သည်။

ထို့ကြောင့် သူမသည် တုကောနှင့် တွေ့ရန်အကြောင်းရှာနေခဲ့ပြီး တနေ့လုံးစဉ်းစားပြီးနောက် တုကောမှစပြီး ချိန်းဆိုလာသည့်အခါ အပျော်လွန်သွားတော့သည်။

ညလယ်ကြီးတွင် ချင်းယွင်သည်ရုတ်တရက် သူမကုတင်အောက်မှ "ခရက်" "ခရတ်" ဆိုသော ထူးဆန်းသည့်အသံများး ကြားလာရသည်။ သူမသည် ထိုအသံကို အာရုံမထားဘဲ လစ်လျူရှုထားသော်လည်း အသံသည် ကျယ်လောင်သည်ထက်ကျယ်လောင်လာတော့သည်။

ချင်းယွင်သည် မျက်လုံးဖွင့်၍ မျက်မှောင်ကြုတ်လိုက်သည်။ သူမမျက်လုံးဖွင့်လိုက်သည့် အချိန်တွင် အခန်းတစ်ခန်းလုံးသည် မှောင်မည်းနေပြီဖြစ်သည်။

အိပ်ရာအောက်မှအသံသည် ဆက်တိုက် မြည်နေဆဲဖြစ်ပြီး ချင်းယွင်အိပ်နေသော နေရာအောက်မှ တိုက်ရိုက်လာနေသလိုမျိုး ကြားနေရသည်။ အသံမှာ အိပ်ရာအောက်တွင် တစ်ခုခု၏ တရွတ်ဆွဲ လှုပ်ရှားနေသလို အသံမျိုးဖြစ်သည်။ ချင်းယွင်သည် ချက်ချင်း မျက်စိကျယ်သွားပြီး တစ်ဖက်လှည့်၍ လျန်ရွှီနှင့် လိရှောင်းကို နှိုးလိုက်သည်။

"လျန်ရွှီ လိရှောင်း နင်တို့ထကြဦး ကြည့်ရတာ ငါတို့အိပ်ရာအောက်မှာ မကောင်းတာ တစ်ခုခုရှိနေသလိုပဲ ............ "

ချင်းယွင်သည် လျန်ရွှီနှင့် လိရှောင်းကို အကြိမ်ပေါင်းများစွာ လှုပ်နိုးသော်လည်း သူတို့သည် အလွန်နှစ်ခြိုက်စွာ အိပ်မောကျနေပြီး လုံးဝမတုံ့ပြန်လာပေ။

ချင်းယွင်သည် သူတို့ကို မည်မျှအားကောင်းကောင်းဖြင့် တွန်းထိုးပါစေ သူမခါးများပင် နာကျင်လာအောင် လှုပ်နိုးပါသော်လည်း သူတို့က နိုးမလာပေ။ နောက်ဆုံးတွင် သူမသည် တစ်ခုခုမှားနေကြောင်း သိသွားသည်။

ချင်းယွင်သည် မျက်လုံးများပြူးပြီး ထိတ်လန့်စွာ သူတို့နားသို့ ခေါင်းငုံ့ပြီး ကြည့်လိုက်သည်။ ချင်းယွင်သည် အသက်အောင့်လိုက်ပြီး တုန်ယင်စွာ နောက်ဆုတ်သွားသည်။ ကုတင်အောက်မှ အသံသည် ကျယ်သည်ထက်ကျယ်လာပြီး ချင်းယွင်အောက်မှ ကုတင်သည် ပင့်တက်လာကာ အိပ်ရာခင်းကို တုန်ခါလာစေသည်။ သူမသည် မျက်စိပိတ် နားပိတ်လိုက်ပြီး ဖူလုကို သူမကိုယ်ပေါ်တွင် ဆုပ်ကိုင်ထားလိုက်သည်။

"ငါမမြင်ဘူး မမြင်ဘူး ဘာမှမမြင်ဘူး........."

ရုတ်တရက် သူမဆံပင်ကို ဘေးမှလူက ဆောင့်ဆွဲလိုက်ရာ ချင်းယွင်၏ ဦးရေပြားသည် စူးစူးရှရှနာကျင်သွားသည်။ ချင်းယွင်သည် ကြောက်လန့်မှုနှင့် နာကျင်မှုတို့ကြောင့် စိတ်ခံစားမှုပြင်းထန်လာကာ အော်ပစ်လိုက်သ◌ည်။

"လျန်ရွှီ လိရှောင်း ငါ့ဆံပင်ကို မဆွဲနဲ့လို့"

သို့သော် ချင်းယွင်သည် ပြောပြီးမှ ရှုပ်ထွေးသွားသည်။

'လျန်ရွှီနဲ့ လိရှောင်းက အခုထိ အိပ်နေတုန်းပဲကို ဒါဆို ငါ့ဆံပင်ကို ဘယ်သူဆွဲနေတာလဲ'

သူမသည် တံတွေးမျိုချလိုက်ပြီး နောက်လှည့်ကြည့်လိုက်ရာ သွေးစွန်းနေသော လက်တစ်စုံသည် သူမဆံပင်များကို မြဲနေအောင် ဆွဲထားသည်ကို မြင်လိုက်ရသည်။

"အား"

ချင်းယွင်သည် အော်ဟစ်လိုက်ပြီး အိပ်ရာပေါ်မှ ပြုတ်ကျသွားကာ နာကျင်သွားရသည်။ သူမသည် ရုတ်တရက် ကုတင်အော်ကသို့ကြည့်လိုက်မိသည်။ ကုတင်အောက်တွင် ရွှံ့များပေနေသော ခေါင်းနှင့် ပြတ်နေသော ခြေ‌ထောက်နှစ်ချောင်းသည် တရွတ်ဆွဲ တွားသွားနေသည်။

ချင်းယွင်၏ လှုပ်ရှားမှုကို သတိထားမိသွားသောအခါ ခေါင်းပြတ်နှင့် ခြေပြတ်နှစ်ချောင်းသည် ချင်းယွင်ဆီသို့ ဦးတည်၍ လျောလာကြသည်။ ခေါင်းပြတ်၏ မျက်နှာပေါ်မှ အမူအယာသည် ကြောက်လန့်မှုနှင့် အပြစ်တင်မှုများ ရောနှောနေကာ ချင်းယွင်ကို အဖြူရောင် မျက်ဆံများဖြင့် စိုက်ကြည့်နေသည်။

ထိုခေါင်းပြတ်သည် တွမ့်ကျီ၏ခေါင်းဖြစ်သည်။ ချင်းယွင်သည် သူမ၏ကလီစာများ အေးခဲသွားသလို ခံစားရကာ အားတင်း၍ မတ်တပ်ရပ်ပြီး တုန်ယင်နေသော ခြေအစုံဖြင့် အခန်းအပြင်သို့ ထွက်ပြေးတော့သည်။ သစ်သားတံခါးသည် ဝုန်းခနဲပွင့်သွားပြီး ချင်းယွင်သည် သူမတစ်ဘဝလုံးစာ အားအင်များကို ခြေထောက်မှာထည့်၍ အသားကုန်ပြေးတော့သည်။

အတော်ဝေးဝေးထိပြေးပြီးနောက် ကတိုက်ကရိုက်နောက်လှည့်ကြည့်လိုက်သည်။ ထိုခြေပြတ်နှစ်ချောင်းသည် သူမနောက်သို့ ဆက်လိုက်နေဆဲဖြစ်သည်။

ချင်းယွင်သည် ငိုချမိတော့မတတ်ပင် သူမသည် အရှိန်ကို လုံးဝမနှေးရဲပေ။

'ဘာလုပ်ရမလဲ ဘာလုပ်ရမလဲ'

'ငါမသေလောက်ပါဘူးနော် ငါမသေချင်ဘူး'

'ကျန်းလော့ ဘယ်မှာလဲ'

'ကျန်းလော့ဆီသွားရမယ် သူဆိုရင် ငါ့ကို ကယ်နိုင်မှာ'

'ကျန်းလော့က ငါ့ကိုဘာလို့ သုံးမရတဲ့ ဖူလုကြီး ပေးလိုက်တာလဲ'

ထိုအချိန်တွင် ချင်းယွင်သည် ကျန်းလော့ကို အနည်းငယ်အပြစ်တင်မိသည်။ သို့သော် သူမအပြစ်တင်မိဆုံးသူမှာ တွမ့်ကျီဖြစ်သည်။

'တွမ့်ကျီဆိုတဲ့ကောင် ဘာလို့အဲ့လိုအကြံကိုမှ ပေးရတာလဲ'

'ညဆယ့်နှစ်နာရီမှန်ထကြည့်ခိုင်းလို့ ဖြစ်ရတာ'

အကယ်၍ တွမ့်ကျီကြောင့်သာမဟုတ်ခဲ့လျှင် သူတို့ မှန်လောကထဲသို့ ဆွဲသွင်းခံရမှာ မဟုတ်ဟု တွေးနေပုံရသည်။ အစောတုန်းကထိ တွမ့်ကျီအတွက် ဝမ်းနည်း၍ ငိုကြွေးနေခဲ့သော ချင်းယွင်သည် စိတ်တိုမှုများသာ ရှိတော့သည်။

'သေပြီဆိုလည်း သေပြီပေါ့ ငါ့နောက်ကို ဘာလို့လိုက်နေရတာလဲ'

ချင်းယွင်သည် ရေကန်နားထိ အမောတကောပြေးလာပြီး ပြေးရင်းအားကုတ်လာတော့သည်။ ထိုအချိန်တွင် သူမသည် ရုတ်တရက် အမှောင်ထဲတွင် သူမနှင့် ရင်းနှီးနေသော ပုံရိပ်ကို မြင်လိုက်ရသည်။ သူမသည် ထိုပုံရိပ်၏ မျက်နှာကို မမြင်ရသေးလျှင်ပင် ချင်းယွင်သည် ထိုသူမည်သူမှန်း ချက်ချင်းသိသည်။ ပုံရိပ်သည် တုကောဖြစ်သည်။ ညနေတုန်းက တွေ့ဖို့ ချိန်းဆိုထားသောကြောင့် ရောက်နေပုံရသည်။

ချင်းယွင်၏ မျက်လုံးများသည် ပျော်ရွှင်မှုဖြင့် တောက်ပလာပြီး အော်ခေါ်လိုက်သည်။

"တုကော ငါဒီမှာ ငါ့ကိုလာကူပါဦး"

တုကောသည် ရပ်သွားပြီး ဘေးပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမောက်ကြည့်တော့သည်။ အသံလာရာကို သေချာမတွေ့သည့်အလား ဟိုကြည့်သည်ကြည့် လိုက်ကြည့်နေသည်။

ချင်းယွင်သည် ပို၍ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"ငါဒီမှာ တုကော"

တုကောသည် ချင်းယွင်၏ အသံကိုကြားရပြီး အရိပ်ထဲမှ ချင်းယွင်ဆီသို့ လျှောက်လာသည်။ ချင်းယွင်သည် အလွန်ပျော်နေသောကြောင့် ညနက်နက်တွင် မြူများပုံမှန်မဟုတ်စွာ ရစ်သိုင်းနေသည်ကို သတိမထားမိပေ။

ရေကန်အစွန်းနားတွင် မြူများဆိုင်းနေပြီး ကွေ့ကွေ့ကောက်ကောက် ရှိနေသော သစ်ပင်ကြီးများ၏ အရိပ်တို့ကြောင့် ခြောက်ခြားဖွယ်ကောင်းနေသည်။

ချင်းယွင်သည် ခြေလှမ်းဖြေးဖြေးသာလှမ်း၍ သစ်ပင်အရိပ်များထဲသို့ စိတ်တင်း၍ လျှောက်ဝင်သွားသည်။ တုကောသည် ရုတ်တရက်ကြီး မြူများကို ဖြတ်၍ သူမရှေ့တည့်တည့်သို့ ရောက်လာသောအခါ သူမအနည်းငယ်ထိတ်လန့်သွားရသည်။

တုကောသည် သူမကို စိုးရိမ်စွာ ကြည့်သည်။

"ချင်းယွင် မင်းဘာတွေများ ကြုံလာတာလဲ"

ရင်းနှီးနေသော တစ်စုံတစ်ယောက်ကို မြင်လိုက်ရ၍ ချင်းယွင်၏အကြောက်တရားသည် ချက်ချင်းလွင့်စင်သွားသည်။ သူမသည် တုကောကို ပြေးဖက်လိုက်သည်။

"တုကော တွမ့်ကျီက ငါ့ကိုလာခြောက်တယ်"

"တွမ့်ကျီလား"

တုကောမျက်နှာသည်ပို၍ပင် ရှုပ်ထွေးနေဟန်တူသည်။

သူမကို မယုံသည့်အတို်ငးပင် ချင်းယွင်သည် သူ့ကို မော့ကြည့်လိုက်ပြီး အနောက်ဘက်ကို လက်ညှိုးထိုးပြကာ

"ကြည့် အဲ့မှာ သူ့ခြေထောက်တွေ ငါ့နောက်လိုက်နေတာ ............... "

သူမစကားလုံးများသည် ရုတ်တရက်ပြတ်တောက်သွားပြီး ပွစိပွစိရွတ်လိုက်သည်။

"ဘာလို့မရှိတော့တာလဲ"

တုကောသည် သူမနောက်ကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်၍ မေးသည်။

"ချင်းယွင် မင်းမှားမြင်ခဲ့တာ မဟုတ်ဘူးလား"

"မဖြစ်နိုင်တာ"

ချင်းယွင်သည် စိတ်လှုပ်ရှားစွာ သူ့လက်ကို လှမ်းဆွဲလိုက်ပြီး

"ငါမှားတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး တုကော ငါ့ကိုယုံပါဟာ အဲ့တာ တကယ်ကြီးတွမ့်ကျီလို့ သူပြန်လာတာလို့"

တုကောသည် ဆက်ဆတ်ထိမခံနိုင်သလို သူမလက်ကို ရှောင်လိုက်သည်။ ချင်းယွင်သည် ထူးဆန်းသည်ဟု မခံစားရဘဲ အသနားခံနေသည်။

"တုကော ငါ့ကိုယုံပါဟာ တကယ်ကြီးငါမှားမြင်တာမဟုတ်ဘူး ငါတကယ်မြင်ခဲ့တာ စိတ်ခြောက်ခြားတာမဟုတ်ဘူး ............ တွမ့်ကျီက တကယ်သရဲဖြစ်လာတာလို့ ဒီနေရာကြီးက အရမ်းကြီးကြောက်စရာကောင်းတာပဲ"

စကားအဆုံးတွင် သူမသည် ခြောက်လှန့်လာသည်။

တုကောသည် သက်ပြင်းချလိုက်သည်။

"ငါမယုံဘူးလို့မပြောပါဘူး ငါတို့ပြောဖို့လုပ်ထားတဲ့ ကိစ္စအရင်ပြောရအောင်"

ချင်းယွင်သည် အင့်ခနဲ့ ရှိုက်၍ ခေါင်းညိတ်လိုက်ပြီး သူမသည် အနည်းငယ်တည်ငြိမ်လာကာ တုကောနှင့် အတူ ရေကန်နားသို့ လျှောက်သွားကြပြီး သူမကြုံခဲ့ရသည့်အဖြစ်အပျက်ကို အသေးစိတ်ပြောပြလိုက်သည်။

တုကောသည် တစိမ့်စိမ့်တွေးတောနေပြီး

"မင်းနဲ့အတူဖူလုယူလာသေးတာလား"

ချင်းယွင်သည် ဖူလုပေါ်တွင် ယုံကြည်မှုမရှိတော့သောကြောင့် အဝါရောင်အဆောင်စာရွက်ကို သူမအင်္ကျီရင်ဘက်ထဲမှ ဆွဲထုတ်ပြလိုက်ကာ

"ငါ ဒါကို သေချာကိုယ်ပေါ်မှဆောင်ထားတာ ဒါပေမဲ့ တစ်စက်လေးမှအသုံးမဝင်ဘူး ငါသာမြန်မြန်နိုးမလာရင် သေပြီးနေလောက်ပြီ"

တုကောသည် သူမလက်ထဲမှ အဝါရောင်အဆောင်စာရွကိကို စက္ကန့်အနည်းငယ်ကြာအောင် ကြည့်လိုက်ပြီး

"မင်း တစ်ချိန်လုံး ဒါကြီးဆောင်ထားတာလား"

"နင်လည်းဆောင်ထားတယ်မဟုတ်ဘူးလား"

ချင်းယွင်သည် သိချင်စွာ မေးလိုက်သည်။

"ကျန်းလော့က ဒီအဆောင်တွေရေးတုန်းက အမြဲဆောင်ထားဖို့ပြောတယ်လေ သူပြောတာ အဆောင်က မကောင်းဆိုးဝါးကို မောင်းထုတ်နိုင်တယ်တဲ့ အဲ့ဒါကြောင့် ငါလည်းတစ်ချိန်လုံးဆောင်ထားတာ"

"ငါအပြင်ထွက်လာတော့ ယူလာဖို့မေ့သွားတယ်"

တုကောသည် အနည်းငယ်တွေဝေနေပြီး ရှင်းပြလိုက်သည်။

"ချင်းယွင် မင်းတကယ်ပဲ ဒီအဆောင်က မကောင်းဆိုးဝါးတွေကို မောင်းထုတ်နိုင်တယ် ထင်လား"

ချင်းယွင်သည် ဖူလုကို ဆုပ်ကိုင်၍

"အဲ့တာက တကယ်ပဲ မကောင်းဆိုးဝါးတွေကို ရှင်းပစ်နိုင်တယ်ဆိုရင် တွမ့်ကျီက ဘာလို့ငါ့ဆီမလာတာလဲ"

"ငါအပြင်ကို ဖူလုမပါဘဲ ထွက်လာတာ ဒါပေမဲ့ ဘာမှမဖြစ်လာဘူး"

တုကောက ပြောသည်။

"ပြီးတော့လည်း တခြားဘယ်သူကမှလည်း ဘာမှမဖြစ်ဘူး ဒါပေမဲ့ မင်းဆီမှာတော့ ဒီလို..............."

ချင်းယွင်သည် သူပြောချင်တာကိုလွယ်လွယ်ပဲ သဘောပေါက်သွားသည်။

"တုကော နင်ဘာပြောချင်နေတာလဲ"

တုကောက တိုးတိုးလေးပြောလိုက်သည်။

"ဒီအဆောင်က မကောင်းဆိုးဝါးပြေးအောင်လုပ်နိုင်တဲ့ အဆောင်လို့ထင်လား ဒါပေမဲ့ အဲ့လိုမဟုတ်ဘဲ သရဲတွေကို ဆွဲဆောင်နေတဲ့ အဆောင်ဖြစ်နေရင်ရော"

ချင်းယွင်သည် ကြောက်လန့်သွားသည်။

"နင်ဘာတွေပြောနေတာလဲ"

"ငါလည်း ကျန်းလော့ လျန်ရွှီနဲ့ တခြားသူတွေကို သံသယမဝင်ချင်ပါဘူး ဒါပေမဲ့ တွမ့်ကျီ မနေ့ညက သေသွားတယ် ပြီးတော့ ဒီညမှာလည်း မင်းက သေလုနီးပါးပဲ ငါတို့လေးယောက်က သေချာပေါက် အသတ်ခံရမဲ့ ပစ်မှတ်လိုဖြစ်နေတာ"

တုကောက မေးခွန်းထုတ်သည်။

"တကယ်ပဲ ဒါတွေကို တိုက်ဆိုင်တာလို့ ထင်လား ငါအခု ဖူလုယူမလာဘူး ဒါပေမဲ့ ငါဘာမှမကောင်းတာ မကြုံခဲ့ရဘူး ဘာလို့လဲဆိုတော့ အဲ့ဒီအဆောင်က ငါတို့ကို ကာကွယ်မဲ့အဆောင်မဟုတ်ဘူးလို့ သံသယရှိလို့ မဆောင်ထားတာ အေး ကျန်းလော့က သရဲတွေကို ဆွဲဆောင်မဲ့ အဆောင်ကိုငါတို့အတွက် ဆွဲပေးလိုက်တာလို့ ထင်တယ်"

ချင်းယွင်သည် ကျောတပြင်လုံး ကျဉ်ခဲအေးစက်လာကာ သူမသည် တုကောနား အနည်းငယ်နီးကပ်လာပြီး သူမအသံသည် တုန်ခါနေကာ

"ဒါပေမဲ့ သူက ဘာလို့ ဒီလိုလုပ်ရမှာလဲ"

တုကောသည် လေးနက်စွာ ပြောသည်။

"သူက ငါတို့ကို ငါးစာလုပ်ပြီး မကောင်းဆိုးဝါးထွက်လာအောင် မျှားမလို့နေမှာပေါ့"

ချင်းယွင် ထိုအကြောင်းကို တွေးကြည့်လေ ဖြစ်နိုင်ခြေရှိလေ ဟု တွေးမိလာလေဖြစ်သည်။ သူမလက်ထဲမှ ဖူလုကို သားရဲကြီးတစ်ကောင်လို ငုံ့ကြည့်လိုက်သည်။ သူမမျက်နှာသည် ရုတ်တရက်ပြောင်းလဲသွားပြီး သူမသည် ဖူလုကို အပိုင်းပိုင်းအစစ စုတ်ဖြဲပစ်ကာ ရေကန်ထဲသို့ ပစ်ထုတ်လိုက်သည်။

"ငါသူ့ကို ဒီလိုလုပ်ခွင့် မပေးနိုင်ဘူး"

တုကောသည် ဖူလုအပိုင်းအစများ ရေကန်ထဲသို့ ပြန့်ကျဲသွားတာကိုကြည့်၍ ကောက်ကျစ်စွာ ပြုံးလိုက်သည်။

"ဖူလုကို စွန့်ပစ်လိုက်တာနဲ့ မင်းလုံခြုံသွားလိမ့်မယ်"

ချင်းယွင်သည် သူတစ်ခုခုမှားနေကြောင်း သတိမထားမိဘဲ အံကြိတ်၍ ပြောသည်။

"မနက်ထိစောင့်တာပေါ့ ငါသူ့ကို ဒီအကြောင်းတည့်မေးမှာ ငါတို့ကို ဘယ်လိုတောင် ဓားစာခံအဖြစ်သုံးရက်နိုင်ရတာလဲ ငါတို့ စင်းတီတုံးပေါ်က ငါးမဖြစ်ခင်သိလိုက်ရလို့တော်သေးတယ်"

တုကောသည် ချင်းယွင်နားသို့ လျှောက်သွားပြီး နောက်တွင် ချင်းယွင်ပုခုံးပေါ်သို့ လက်တင်လိုက်ကာ နွေးထွေးစွာ ပြောလိုက်သည်။

နောက်မှ အဲ့အကြောင်းပြောတာပေါ့ကွာ အခု အရေးကြီးတာ အရင်လုပ်ရအောင်"

ချင်းယွင်သည် မထိန်းနိုင်စွာ ရှက်သွေးဖြာသွားသော်လည်း အနည်းငယ် သက်တောင့်သက်သာ မဖြစ်စွာ ပြောလိုက်သည်။

"တုကော နင်အရမ်းအေးနေတယ်"

"ဟုတ်လား"

တုကောက ပြောသည်။

"အပြင်ဘက်က အေးလို့ထင်တယ်"

ရုတ်တရက် သူတို့ဘေးမှ အသံတစ်ခု ကြားလိုက်ရသည်။

"ချင်းယွင်"

ချင်းယွင်သည် နောက်လှည့်ကြည့်လိုက်ရာ မြူများကြားမှ ဖြေးဖြေးချင်း လမ်းလျှောက်ထွက်လာသော ကျန်းလော့ကိုမြင်လိုက်ရသည်။

သူ့အကြည့်အောက်တွင် ချင်းယွင်သည် အချက်ပေးသံများ ကြားလိုက်ရသလို ထိတ်လန့်သွားသည်။ သူမသည် ကျန်းလော့ကို အနည်းငယ်ကြောက်လန့်နေကာ ဟန်ပင်မဆောင်နိုင်စွာ တုကောနောက်သို့ ဝင်ပုန်းလိုက်မိသည်။

'ဟုတ်တယ် တုကော ဒီမှာရှိတယ်'

ချင်းယွင်သည် ချက်ချင်း သတ္တိရှိလာပြန်သည်။ သူမသည် ကျန်းလော့ကို လှမ်းကြည့်၍ ရက်စက်စွာ ပြောသည်၊။

"ငါမသေသေးလို့ ဒီကို ကွက်လပ်ဖြည့်ဖို့ လိုက်လာတာလား"

"ဘာကိုဆိုလိုတာလဲ"

ကျန်းလော့သည် မျက်မှောင်ကြုတ်လိုက်ပြီး သူ့အကြည့်သည် တုကော၏ မျက်နှာဆီသို့ ရောက်သွားသည်။

ချင်းယွင်သည် နှာမှုတ်လိုက်ပြီး

"ငါတို့အားလုံးသိပြီးပြီ ဒါတောင် နင်ဟန်ဆောင်နေဦးမှာလား"

ကျန်းလော့သည် သူမစကားများကို စိတ်ထဲမထားဘဲ ပြောလိုက်သည်။

"ဒီကိုလာခဲ့ နင့်နောက်က တုကောက လူဟန်ဆောင်ထားတဲ့ သရဲတစ်ကောင်ပဲ"

ချင်းယွင်သည် မျက်မှောင်ကြုတ်လိုက်ပြီး

"မဖြစ်နိုင်တာတွေ"

သူမသည် ကျန်းလော့ကို ချိန်ကိုက်ဗုံးတစ်လုံးလို စိုက်ကြည့်နေသော တုကောကို ပြန်လှည့်ကြည့်လိုက်သည်။

"ချင်းယွင် ဒီလူက မင်းကိုသတ်ဖို့ကြံစည်နေတဲ့ သရဲဖြစ်ဖို့ များတယ် ဒီကောင်က ငါတို့ကို ကျန်းလော့ယောင်ဆောင်ပြီး ငါတို့ကို သွေးကွဲအောင်လုပ်နေတာ သူ့စကားတွေကို မယုံလိုက်နဲ့"

"ငါသိပါတယ်"

ချင်းယွင်က ပြောသည်။

"ငါသူ့စကားတွေကို မယုံတော့ပါဘူး"

ဆံပင်အနက်နှင့်လူငယ်လေးသည် သူမသူ့ကို မယုံကြည်သည့်စကားများပြောနေသော်လည်း တည်ငြိမ်နေဆဲဖြစ်ကာ ချင်းယွင်ဘာကိုရွေးရွေး ဝင်စွက်ဖက်မည့်ပုံမပေါ်ပဲ ပုံမှန်အသံအေးအေးဖြင့် ပြောသည်။

"မင်းပုခုံးကိုကိုင်ထားတဲ့ သူ့လက်တွေက အေးစက်နေတယ်မလား သူ့အသားအရည်ကလည်း အလောင်းကောင်တစ်ကောင်လို မာကြောနေတယ်မလား"

သူပြောလိုက်သည့် စကားတစ်ခွန်းစီတိုင်းသည် ချင်းယွင်ကို မယုံနိုင်စွာ တောင့်တင်းသွားစေသည် ။

'ကျန်းလော့ပြောတာ အားလုံးမှန်နေတယ်'

တုကောသည် သောကရောက်စွာ ပြောသည်။

"ချင်းယွင် သရဲတစ်ကောင်ရဲ့ အရူးလုပ်မခံနဲ့ ငါ့အသားအရည်အေးစက်နေတာက ငါအတွင်းမှာ အဝတ်ဝတ်မထားလို့"

ကျန်းလော့က ပြောသည်။

"ဒါဆိုလည်း ချင်းယွင် ငါမင်းကို ပေးထားတဲ့ အဆောင်ကို ဖြဲပစ်အောင် သူမင်းကို တွန်းအားပေးတာလား မင်းဖူလုကို ဆွဲဖြဲလွင့်ပစ်လိုက်မှ သူမင်းနားကပ်လာရဲတာမလား ဘာလို့လဲဆိုတော့ ငါ့အဆောင်က သရဲတွေကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်လို့ပဲ သူတို့နင့်ကိုသတ်ချင်ရင် နင်ဖူလုကို စွန့်လွတ်အောင် နည်းမျိုးစုံနဲ့ ဖြားယောင်းမှ ရမယ် ဒီလိုနည်းမျိုးသုံးပြီး နင့်ကိုသတ်ဖို့လုပ်နေတာ"

ချင်းယွင်သည် တုန်ယင်လာသည်။ သူမတစ်ကိုယ်လုံးသည် ရေခဲရေများလောင်းချခံလိုက်ရသလို အေးစက်လာသည်။

သူမလည်ပင်းသည် တောင့်တောင့်ကြီးဖြစ်နေပြီး သူမသည် တုကောကို ဖြေးညှင်းစွာ လှည့်ကြည့်၍ ရုတ်တရက် နောက်ဆုတ်ကာ သူနှင့် ဝေးဝေးသို့ သွားလိုက်သည်။

တုကောမျက်နှာသည် ဖြေးဖြေးချင်း မာကျောခက်ထန်လာပြီး လူသားမျက်နှာသည် ရက်စက်မှုနှင့် ခက်ထန်လာသည်။

မည်သူ့ကိုမျှ မယုံကြည်တော့သော ချင်းယွင်သည် သစ်ပင်တစ်ခု၏ ပင်စည်နောက်သို့ ဝင်ပုန်း၍ သူတို့နှစ်ယောကို ကြောက်လန့်စွာ ကြည့်လိုက်သည်။ သူမ ပင်စည်နောက်သို့ ဝင်ပုန်းလိုက်သည်နှင့် ကျန်းလော့သည် သူ့ရှေ့တွင် စည်းတစ်ခုတားလိုက်သည်။

"ကဲ ဒီမှာ တခြားသူစိမ်းမရှိတော့ဘူးဆိုတော့ မင်းက ငါတို့ရှာနေတဲ့ မကောင်းဆိုးဝါး ဟုတ်မဟုတ် ကြည့်ကြတာပေါ့"

"နေဝင်တရီရောအချိန် လေပွေနှိုးထလာစေ"

တုကောသည် ထွက်ပြေးဖို့ ကြိုးစားလိုက်သော်လည်း နောက်တစ်ခနတွင် ဓားကဲ့သို့ လေပွေများကြောင့် အပိုင်းပိုင်းအစစပြတ်ထွက်သွားသည်။ ချင်းယွင်သည် ထိုမြင်ကွင်းကို ကြည့်၍ "အား"ခနဲ အော်မိသွားကာ ချက်ချင်း ပါးစပ်ကိုလက်နှစ်ဖက်ဖြင့် ပိတ်လိုက်သည်။

သို့သော် ပို၍ အေးခဲသွားစေမည့် မြင်ကွင်းမှာ တုကောသည် အသားများစုတ်ပြဲသွားပြီးနောက် နှင်းအပုံလိုက်ကြီးအဖြစ် ပြောင်းလဲသွားသည့် မြင်ကွင်းဖြစ်သည်။

လေတိုက်ရပ်သွားသည့်အချိန်တွင် တုကော၏ အရိပ်အယောင်ကို လုံးဝမတွေ့ရတော့ဘဲ ညစ်ပတ်နေသော နှင်းထုကြီးတစ်ခုကိုသာ မြေပြင်ပေါ်တွင် တွေ့လိုက်ရသည်။ ကျန်းလော့သည် ထိုနားသို့ လျှောက်သွားပြီး ဆောင့်ကြောင့်ထိုင်လိုက်ကာ နှင်းများကို ယူကြည့်လိုက်သည်။ နှင်းများသည် လက်ထဲတွင် အရည်ပျော်ကျသွားသည်။

"နှင်းတွေတဲ့လား............ အံ့ဩစရာပဲ"

ထိုစကားပြောပြီးသည်နှင့် ကျန်းလော့သည် အနက်ရောင်အရိပ်တစ်ခုကို မျက်လုံးထောင့်မှ ရိပ်ခနဲ မြင်လိုက်ရသည်။ ဘေးကိုကြည့်လိုက်သောအခါ အနက်ရောင်အရိပ်သည် သူနှင့် ဝေးရာသို့ ထွက်ပြေးသွားမှန်း သိလိုက်ရသည်။ ထိုပုံရိပ်သည် သူတောင်းစား၏နောက်ဆုံးအကြိမ်မြင်ခဲ့သော မကောင်းဆိုးဝါးနှင့် တစ်ထပ်တည်းနီးပါးတူနေသည်။ ကျန်းလော့သည် နှုတ်ခမ်းသပ်လိုက်ပြီး မတ်တပ်ရပ်၍ ပြောလိုက်သည်။

"နောက်ဆုံးတော့....."

သူသည် အနက်ရောင်ပုံရိပ်နောက်သို့ လိုက်သွားသည်။ ချင်းယွင်သည် ထိုနေရာတွင် အေးခဲပြီးကျန်ခဲ့ရာမှ တုန်ယင်လာပြီး ကျန်းလော့နောက်သို့ ပြေးလိုက်သွားတော့သည်။

ချင်းယွင်သည် ကျန်းလော့ထက် နှေးပြီး သူမသူ့ကိုရှာတွေ့သောအခါ အမောတကောဖြစ်နေပြီး ကျန်းလော့သည် ခြံဝန်းတစ်ခုအလယ်တွင် မတ်တပ်ရပ်နေသည်။

"ဒါက............."

ချင်းယွင်သည် ဘေးဘီကို လိုက်ကြည့်လိုက်ပြီး အေးခဲသွားပြန်သည်။

"ဒါက ချီမိသားစု ဆက်ခံသူသခင်လေးရဲ့ အိမ်ဝန်းမလား"

"သေချာပြီ သေချာပြီ အဲ့ဒါသူပဲ ငါသိသားပဲ"

ချင်းယွင်သည် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ကျန်းလော့ ချီမိသားစုရဲ့ သခင်ငယ်လေးက ငါတို့ လိုက်ရှာနေတဲ့ မကောင်းဆိုးဝါးပဲ"

ကျန်းလော့သည် ဘာမှပြန်မဖြေပဲ သူမကို ကြည့်လိုက်ကာ

"မင်းပြန်သွားသင့်ပြီ"

ချင်းယွင်သည် နှုတ်ခမ်းကိုက်လိုက်ပြီး သူ့ကို ကြည့်လိုက်ကာ သူမသည် တစ်ခုခုပြောချင်နေသည်။ သို့သော် ဘာမှပြောမထွက်သောကြောင့် ဒီတိုင်းလှည့်ထွက်လာခဲ့လိုက်သည်။

ကျန်းလော့တွင် သူစိမ်းများ၏ စိတ်ခံစားချက် အတက်အကျကို လိုက်ကြည့်နေဖို့ အချိန်မရှိပေ။ သူသည် အချိန်အကြာကြီး အမှောင်ထဲတွင် မတ်တပ်ရပ်နေသည်။ ထိုအချိန်တွင် အိမ်ထဲမှ အခန်းတစ်ခန်းသည် မီးလင်းလာပြီး အပြင်သို့ လူတစ်ယောက်ထွက်လာသည်။

ချီယုံသည် ပြီုး၍ ပြောလိုက်သည်။

"သခင်လေးကျန်း ဒီနေ့ည အိမ်ပြန်မအိပ်ချင်လို့လား"

ကျန်းလော့သည် တောင့်ခနဲဖြစ်သွားပြီး အခန်းထဲသို့ ဝင်သွားလိုက်သည်။

ချီယုံက သူ့ကို အပြင်မှာအကြာကြီး ဘာလုပ်နေခဲ့လဲ မမေးပေ။

ကျန်းလော့ကလည်း မျက်နှာလိုအားရ မရှင်းပြခဲ့ပေ။ လူနှစ်ယောက်သည် တိတ်တဆိတ် အိပ်ရာဝင်ကြသည်။ သူတို့သည် စောင်အောက်တွင် မျက်လုံးများမှိတ်၍ ငြိမ်သက်စွာ အိပ်သွားကြသည်။

ညအချိန်သည် လျင်မြန်စွာ ကုန်သွားလေသည်။

အလွန်လျင်မြန်စွာ မိုးလင်းသွားသောကြောင့် ကျန်းလော့သည် မျက်တောင်တစ်ချက်သာခတ်လိုက်ရသည်ဟု ထင်နေသည်။ သူမျက်လုံးဖွင့်လိုက်သောအခါ ချီယုံသည် အဝတ်လဲပြီး ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ထို့နောက် သူသည် ပျင်းရိစွာဖြင့် တွေးမိသည်။

'မှန်လောကကပဲ အချိန်ကုန်မြန်နေတာလား'

'ဒါက ပုံရိပ်ယောင်လောကလား'

ကျန်းလော့သည် နောက်မှအိပ်ရာထလာသည်။ မနက်စာစားပြီးနောက် သူသည် အပြင်ဘက်သို့ လျှောက်ကြည့်ရန် ထွက်လာသည်။ ကော်ရစ်တာနားတွင် အစေခံမလေးနှစ်ယောက်သည် တိုးတိုးနှင့် စကားရပ်ပြောနေကြသည်။

"ငါကြားခဲ့တာ မနေ့ညက နောက်ထပ်လူသေပြန်ပြီတဲ့"

"ဟုတ်တယ် နောက်ထပ် နှစ်ယောက်တောင် သေတာတဲ့ဟယ် တစ်ယောက်က ငါတို့အိမ်က တုကောလို့ခေါ်တဲ့ ကောင်လေးတဲ့ နောက်တစ်ယောက်ကတော့ အပြင်က စောင့်ကြပ်သူတစ်ယောက်ပဲ ငါကြားတာတော့ စောင့်ကြပ်သူက တော်တော်အသေဆိုးတယ်တဲ့ သူ့ခေါင်းကိုဖြတ်ပြီး ဝမ်ပေါင်လမ်းပေါ်မှာ သွားထားခဲ့တာတဲ့ အဲ့တာကို စောင့်ကြပ်သူရဲ့ ခန္ဓာကိုယ်က ခေါင်းမပါပဲ မြေပြင်ကို တရွတ်ဆွဲပြီးတော့ ငါတို့အိမ်တော်ရှေ့ထိရောက်လာတာတဲ့ တစ်လမ်းလုံးသွေးတွေမှ ရဲလို့ဆိုပဲ"

"အား ဘာလို့ ငါတို့အိမ်တော်ရှေ့ကိုမှလဲဟယ် မဟုတ်သေးဘူး ခေါင်းလဲမရှိဘဲ ဘယ်လိုလုပ်ပြီး ငါတို့အိမ်တော်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာရတာလဲ"

"အခု ပုကျိုးမြို့က လူတွေအကုန်လုံးက စောင့်ကြပ်သူကို သတ်လိုက်တဲ့ မကောင်းဆိုးဝါးက ချီမိသားစုကလို့ ပြောနေကြပြီ စောင့်ကြပ်သူတွေက လူသတ်သမားကို ဖော်ထုတ်ရတာဆိုတော့ သူတို့က မကောင်းဆိုးဝါးကို ငါတို့ ချီအိမ်တော်က ထွက်လာတာလားဆိုပြီး ရေးကြီးခွင်ကျယ်ချဲ့ပြီး စုံစမ်းကြတယ်လေ"

နောက်အစေခံတစ်ယောက်က ပြောသည်။

"ဒါက.........."

သူတို့သည် ကျန်းလော့ကိုမြင်သွားပြီး ကြောက်ရွံ့စွာ ခေါင်းငုံ့၍ မြန်မြန်ထွက်သွားတော့သည်။

ကျန်းလော့သည် သူတို့ထွက်သွားတာကိုကြည့်၍ ချီမိသားစုဘိုးဘေးခန်းမရှိရာဘက်သို့ ခြေဦးလှည့်သွားသည်။

ချီယုံသည် အမြဲလိုလို ဘိုးဘေးခန်းမတွင်သာ အချိန်ကုန်တတ်သည်ဟု ကြားဖူးထားသည်။ သေချာစွာပင် ကျန်းလော့ ဘိုးဘေးခန်းမနားသို့ ရောက်သောအခါ အထဲမှ ချီမိသားစု အကြီးအကဲများ၏ အသံကိုအရင်ကြားလိုက်ရသည်။

"မင်း ဒီမုန်းစရာကောင်းတဲ့သရဲကို မျိုချလိုက်စမ်း မြန်မြန်"

'မျိုချရမယ်'

ကျန်းလော့သည် စိတ်ဝင်စားသွားပြီး ပြတင်းပေါက်နားသို့ သွားလိုက်ကာ ဘိုးဘေးခန်းမထဲကို ချောင်းကြည့်လိုက်သည်။

ဘိုးဘေးခန်းမထဲတွင် ချီယုံသည် အကြီးအကဲသုံးယောက် ထိုင်နေသော ရှေ့တည့်တည့်တွင် မတ်တပ်ရပ်နေသည်။ သူတို့လေးယောက်အပါအဝင် မူးမိုက်နေသော အလွန်နာကျည်းမှုများ အားကောင်းသည့် သရဲတစ်ကောင်လည်း ရှိနေသည်။ သရဲသည် အနီရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး ဗိုက်ပူကြီးနှင့် ဖြစ်သည်။

သူမ၏ဂါဝန်သည် စုတ်ပြဲနေပြီး သူမ၏ ပြာနှမ်းနေသော ခြေထောက်များပေါ်နေသည်။ သွေးများသည် သူမခြေထောက်များမှ စီးကျနေကာ သရဲ၏မျက်နှာသည် အစီအရင်စက်ကွင်းထဲမှ ရုန်းကန်နေသောကြောင့် ကြောက်မက်ဖွယ်ကောင်းနေသည်။

ထိုသရဲသည် ကိုယ်ဝန်ဆောင်သတို့သမီးသရဲဖြစ်သည်။

အမျိုးသမီးတစ်ယောက်သည် သူမနှင့်သက်ဆိုင်သော ပျော်ပွဲရွှင်ပွဲနေ့တွင် သေဆုံးခဲ့ရလျှင် နာကျည်းမှုအားကောင်းသည့် သရဲဖြစ်သွားတတ်သည်။ အနီရောင်ကို ဝတ်ဆင်ထားသည့်အခါ သူမသည် ကြမ်းကြုတ်သော ရက်စက်သည့် သရဲတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ပြီးနောက် ကြင်စဦးတွင်သေဆုံးခဲ့၍ ကိုယ်ဝန်ပါရှိနေသော သရဲဆိုလျှင် အဆိုးတကာ့အဆိုးဆုံးဖြစ်ပြီး အပြစ်တင်နာကျည်းမှုသည် အလွန်သန်မာနေကာ နှိမ်နှင်းဖို့အင်မတန် ခက်ခဲမည့် သရဲမျိုးဖြစ်သည်။

အကယ်၍ ကျန်းလော့က သူသာ ဤသို့သရဲမျိုးနှင့် ရင်ဆိုင်ရမည်ဆိုလျှင် သေချာပေါက် ပြတ်ပြတ်သားသား လက်ဦးမှုယူကာ ထွက်ပြေးမည်ဖြစ်သည်။

မျိုးနွယ်စုအကြီးအကဲသုံးယောက်သည် အနီရောင်ဝတ်သရဲမကို ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်၍ ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

"မင်းရဲ့ တစ္ဆေဆေးမှင်ကြောင်ကို သုံးပြီး သူမကို မြန်မြန်မျိုချလိုက်"

ချီယုံသည် အကြီးအကဲကို တိတ်ဆိတ်စွာကြည့်လိုက်ပြီး ပြတ်ပြတ်သားသားပြောလိုက်သည်။

"သူမက အရမ်းစွမ်းအားကြီးလွန်းနေတယ် ကျွန်တော့ရဲ့ တစ္ဆေဆေးမှင်ကြောင်ကို ပြင်းပြင်းထန်ထန် ဖျက်ဆီးပစ်လိုက်နိုင်တယ် ကျွန်တော် မျိုချလို့မဖြစ်ဘူး"

#########################

Zawgyi

အပိုင္း (၁၂၄) ကြၽန္ေတာ္ မ်ိဳခ်လို႔မရဘူး

ခ်င္းယြင္ႏွင့္ လ်န္႐ႊီတို႔သည္ သူတို႔မအိပ္ခင္ လိေရွာင္းကို ႏွစ္သိမ့္ၿပီး လိေရွာင္းအရင္ အိပ္ေပ်ာ္သြားကာမွ အိပ္ရာဝင္ဖို႔ ျပင္ဆင္ၾကေတာ့သည္။

လ်န္႐ႊီက ေျပာသည္။

"ခ်င္းယြင္ ငါအျပင္ဘက္ပိုင္းမွာ အိပ္လိုက္မယ္"

အျပင္ဘက္ပိုင္းသည္ တံခါးႏွင့္ နီးၿပီး အလြန္အႏၲာရာယ္မ်ားသည့္ ကိစၥျဖစ္လာလွ်င္ အျပင္ဘက္ပိုင္းတြင္ အိပ္ေသာလူသည္ အႏၲာရာယ္အမ်ားဆုံးျဖစ္သည္။ ခ်င္းယြင္က ေျပာသည္။

"ငါပဲ အျပင္ဘက္မွာ အိပ္လိုက္မယ္"

လ်န္႐ႊီထပ္ေျပာမွာကို မေစာင့္ေတာ့ဘဲ ကုတင္အစြန္းဘက္ပိုင္းတြင္ အရင္ဦးေအာင္ဝင္အိပ္လိုက္သည္။ ခ်င္းယြင္သည္ လ်န္႐ႊီကို စိတ္ႀကီးဝင္စြာၾကည့္လိုက္၍ သတိကပ္၍ ၾကက္အိပ္ၾကက္ႏိုးသာအိပ္ႏိုင္သည္။ သူမကို တုေကာက ညသန္းေခါင္တြင္ ေတြ႕ဖို႔ေျပာထားတာကို ကိုယ့္ကိုယ္ကို သတိေပးေနၿပီး အိပ္မေပ်ာ္တေပ်ာ္အိပ္ေနသည္။

တုေကာသည္ ေန႔လည္က သူမကို တစ္ခုခုေျပာစရာရွိသည္ဟုေျပာၿပီး ညဘက္တြင္ ထြက္လာရန္ ခ်ိန္းဆိုခဲ့သည္။ ခ်င္းယြင္သည္ တုေကာကို လိုက္လာသည္မွာ ႏွစ္ႏွစ္ရွိၿပီျဖစ္ၿပီး သူ႔အရင္တြင္ ေကာင္ေလးအမ်ားႀကီးႏွင့္ တြဲခဲ့ဖူးသူျဖစ္သည္။ သို႔ေသာ္ သူမတြင္ စိတ္ပိုင္းဆိုင္ရာ အားနည္းခ်က္တစ္ခုရွိသည္။ သူမအတြက္ တစ္စုံတစ္ခုကို မရေလေလ ပို၍ လိုခ်င္ေလျဖစ္ၿပီး တအားႀကိဳးစားသည္။ ထို႔ေၾကာင့္ တုေကာက သူမကို လစ္လ်ဴရႈေလေလ သူမအတြက္ သူက ပိုဆြဲေဆာင္မႈရွိလာေလျဖစ္ၿပီး တုေကာကို မရရေအာင္လိုက္ေတာ့သည္။

သို႔ေသာ္ ခ်င္းယြင္သည္ စိတ္အေျပာင္းအလဲလြယ္ေသာသူတစ္ေယာက္လည္း ျဖစ္ေသးသည္။ စံအိမ္ပိုင္ရွင္ကို ျမင္ေသာအခ်ိန္တြင္ သူမသည္ စံအိမ္ပိုင္ရွင္ကို သေဘာက်သြားခဲ့သည္။ သို႔ေသာ္ ယခုအခ်ိန္တြင္ သူ႔ပုံစံမွာ သံသယဝင္စရာေကာင္းေနေသာအခါ ခ်င္းယြင္စိတ္သည္ တုေကာထံသို႔ ျပန္ေရာက္သြားျပန္သည္။

ထို႔ေၾကာင့္ သူမသည္ တုေကာႏွင့္ ေတြ႕ရန္အေၾကာင္းရွာေနခဲ့ၿပီး တေန႔လုံးစဥ္းစားၿပီးေနာက္ တုေကာမွစၿပီး ခ်ိန္းဆိုလာသည့္အခါ အေပ်ာ္လြန္သြားေတာ့သည္။

ညလယ္ႀကီးတြင္ ခ်င္းယြင္သည္႐ုတ္တရက္ သူမကုတင္ေအာက္မွ "ခရက္" "ခရတ္" ဆိုေသာ ထူးဆန္းသည့္အသံမ်ားး ၾကားလာရသည္။ သူမသည္ ထိုအသံကို အာ႐ုံမထားဘဲ လစ္လ်ဴရႈထားေသာ္လည္း အသံသည္ က်ယ္ေလာင္သည္ထက္က်ယ္ေလာင္လာေတာ့သည္။

ခ်င္းယြင္သည္ မ်က္လုံးဖြင့္၍ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ သူမမ်က္လုံးဖြင့္လိုက္သည့္ အခ်ိန္တြင္ အခန္းတစ္ခန္းလုံးသည္ ေမွာင္မည္းေနၿပီျဖစ္သည္။

အိပ္ရာေအာက္မွအသံသည္ ဆက္တိုက္ ျမည္ေနဆဲျဖစ္ၿပီး ခ်င္းယြင္အိပ္ေနေသာ ေနရာေအာက္မွ တိုက္႐ိုက္လာေနသလိုမ်ိဳး ၾကားေနရသည္။ အသံမွာ အိပ္ရာေအာက္တြင္ တစ္ခုခု၏ တ႐ြတ္ဆြဲ လႈပ္ရွားေနသလို အသံမ်ိဳးျဖစ္သည္။ ခ်င္းယြင္သည္ ခ်က္ခ်င္း မ်က္စိက်ယ္သြားၿပီး တစ္ဖက္လွည့္၍ လ်န္႐ႊီႏွင့္ လိေရွာင္းကို ႏႈိးလိုက္သည္။

"လ်န္႐ႊီ လိေရွာင္း နင္တို႔ထၾကဦး ၾကည့္ရတာ ငါတို႔အိပ္ရာေအာက္မွာ မေကာင္းတာ တစ္ခုခုရွိေနသလိုပဲ ............ "

ခ်င္းယြင္သည္ လ်န္႐ႊီႏွင့္ လိေရွာင္းကို အႀကိမ္ေပါင္းမ်ားစြာ လႈပ္ႏိုးေသာ္လည္း သူတို႔သည္ အလြန္ႏွစ္ၿခိဳက္စြာ အိပ္ေမာက်ေနၿပီး လုံးဝမတုံ႔ျပန္လာေပ။

ခ်င္းယြင္သည္ သူတို႔ကို မည္မွ်အားေကာင္းေကာင္းျဖင့္ တြန္းထိုးပါေစ သူမခါးမ်ားပင္ နာက်င္လာေအာင္ လႈပ္ႏိုးပါေသာ္လည္း သူတို႔က ႏိုးမလာေပ။ ေနာက္ဆုံးတြင္ သူမသည္ တစ္ခုခုမွားေနေၾကာင္း သိသြားသည္။

ခ်င္းယြင္သည္ မ်က္လုံးမ်ားျပဴးၿပီး ထိတ္လန႔္စြာ သူတို႔နားသို႔ ေခါင္းငုံ႔ၿပီး ၾကည့္လိုက္သည္။ ခ်င္းယြင္သည္ အသက္ေအာင့္လိုက္ၿပီး တုန္ယင္စြာ ေနာက္ဆုတ္သြားသည္။ ကုတင္ေအာက္မွ အသံသည္ က်ယ္သည္ထက္က်ယ္လာၿပီး ခ်င္းယြင္ေအာက္မွ ကုတင္သည္ ပင့္တက္လာကာ အိပ္ရာခင္းကို တုန္ခါလာေစသည္။ သူမသည္ မ်က္စိပိတ္ နားပိတ္လိုက္ၿပီး ဖူလုကို သူမကိုယ္ေပၚတြင္ ဆုပ္ကိုင္ထားလိုက္သည္။

"ငါမျမင္ဘူး မျမင္ဘူး ဘာမွမျမင္ဘူး........."

႐ုတ္တရက္ သူမဆံပင္ကို ေဘးမွလူက ေဆာင့္ဆြဲလိုက္ရာ ခ်င္းယြင္၏ ဦးေရျပားသည္ စူးစူးရွရွနာက်င္သြားသည္။ ခ်င္းယြင္သည္ ေၾကာက္လန႔္မႈႏွင့္ နာက်င္မႈတို႔ေၾကာင့္ စိတ္ခံစားမႈျပင္းထန္လာကာ ေအာ္ပစ္လိုက္သ◌ည္။

"လ်န္႐ႊီ လိေရွာင္း ငါ့ဆံပင္ကို မဆြဲနဲ႔လို႔"

သို႔ေသာ္ ခ်င္းယြင္သည္ ေျပာၿပီးမွ ရႈပ္ေထြးသြားသည္။

'လ်န္႐ႊီနဲ႔ လိေရွာင္းက အခုထိ အိပ္ေနတုန္းပဲကို ဒါဆို ငါ့ဆံပင္ကို ဘယ္သူဆြဲေနတာလဲ'

သူမသည္ တံေတြးမ်ိဳခ်လိုက္ၿပီး ေနာက္လွည့္ၾကည့္လိုက္ရာ ေသြးစြန္းေနေသာ လက္တစ္စုံသည္ သူမဆံပင္မ်ားကို ၿမဲေနေအာင္ ဆြဲထားသည္ကို ျမင္လိုက္ရသည္။

"အား"

ခ်င္းယြင္သည္ ေအာ္ဟစ္လိုက္ၿပီး အိပ္ရာေပၚမွ ျပဳတ္က်သြားကာ နာက်င္သြားရသည္။ သူမသည္ ႐ုတ္တရက္ ကုတင္ေအာ္ကသို႔ၾကည့္လိုက္မိသည္။ ကုတင္ေအာက္တြင္ ႐ႊံ႕မ်ားေပေနေသာ ေခါင္းႏွင့္ ျပတ္ေနေသာ ေျခ‌ေထာက္ႏွစ္ေခ်ာင္းသည္ တ႐ြတ္ဆြဲ တြားသြားေနသည္။

ခ်င္းယြင္၏ လႈပ္ရွားမႈကို သတိထားမိသြားေသာအခါ ေခါင္းျပတ္ႏွင့္ ေျချပတ္ႏွစ္ေခ်ာင္းသည္ ခ်င္းယြင္ဆီသို႔ ဦးတည္၍ ေလ်ာလာၾကသည္။ ေခါင္းျပတ္၏ မ်က္ႏွာေပၚမွ အမူအယာသည္ ေၾကာက္လန႔္မႈႏွင့္ အျပစ္တင္မႈမ်ား ေရာေႏွာေနကာ ခ်င္းယြင္ကို အျဖဴေရာင္ မ်က္ဆံမ်ားျဖင့္ စိုက္ၾကည့္ေနသည္။

ထိုေခါင္းျပတ္သည္ တြမ့္က်ီ၏ေခါင္းျဖစ္သည္။ ခ်င္းယြင္သည္ သူမ၏ကလီစာမ်ား ေအးခဲသြားသလို ခံစားရကာ အားတင္း၍ မတ္တပ္ရပ္ၿပီး တုန္ယင္ေနေသာ ေျခအစုံျဖင့္ အခန္းအျပင္သို႔ ထြက္ေျပးေတာ့သည္။ သစ္သားတံခါးသည္ ဝုန္းခနဲပြင့္သြားၿပီး ခ်င္းယြင္သည္ သူမတစ္ဘဝလုံးစာ အားအင္မ်ားကို ေျခေထာက္မွာထည့္၍ အသားကုန္ေျပးေတာ့သည္။

အေတာ္ေဝးေဝးထိေျပးၿပီးေနာက္ ကတိုက္က႐ိုက္ေနာက္လွည့္ၾကည့္လိုက္သည္။ ထိုေျချပတ္ႏွစ္ေခ်ာင္းသည္ သူမေနာက္သို႔ ဆက္လိုက္ေနဆဲျဖစ္သည္။

ခ်င္းယြင္သည္ ငိုခ်မိေတာ့မတတ္ပင္ သူမသည္ အရွိန္ကို လုံးဝမေႏွးရဲေပ။

'ဘာလုပ္ရမလဲ ဘာလုပ္ရမလဲ'

'ငါမေသေလာက္ပါဘူးေနာ္ ငါမေသခ်င္ဘူး'

'က်န္းေလာ့ ဘယ္မွာလဲ'

'က်န္းေလာ့ဆီသြားရမယ္ သူဆိုရင္ ငါ့ကို ကယ္ႏိုင္မွာ'

'က်န္းေလာ့က ငါ့ကိုဘာလို႔ သုံးမရတဲ့ ဖူလုႀကီး ေပးလိုက္တာလဲ'

ထိုအခ်ိန္တြင္ ခ်င္းယြင္သည္ က်န္းေလာ့ကို အနည္းငယ္အျပစ္တင္မိသည္။ သို႔ေသာ္ သူမအျပစ္တင္မိဆုံးသူမွာ တြမ့္က်ီျဖစ္သည္။

'တြမ့္က်ီဆိုတဲ့ေကာင္ ဘာလို႔အဲ့လိုအႀကံကိုမွ ေပးရတာလဲ'

'ညဆယ့္ႏွစ္နာရီမွန္ထၾကည့္ခိုင္းလို႔ ျဖစ္ရတာ'

အကယ္၍ တြမ့္က်ီေၾကာင့္သာမဟုတ္ခဲ့လွ်င္ သူတို႔ မွန္ေလာကထဲသို႔ ဆြဲသြင္းခံရမွာ မဟုတ္ဟု ေတြးေနပုံရသည္။ အေစာတုန္းကထိ တြမ့္က်ီအတြက္ ဝမ္းနည္း၍ ငိုေႂကြးေနခဲ့ေသာ ခ်င္းယြင္သည္ စိတ္တိုမႈမ်ားသာ ရွိေတာ့သည္။

'ေသၿပီဆိုလည္း ေသၿပီေပါ့ ငါ့ေနာက္ကို ဘာလို႔လိုက္ေနရတာလဲ'

ခ်င္းယြင္သည္ ေရကန္နားထိ အေမာတေကာေျပးလာၿပီး ေျပးရင္းအားကုတ္လာေတာ့သည္။ ထိုအခ်ိန္တြင္ သူမသည္ ႐ုတ္တရက္ အေမွာင္ထဲတြင္ သူမႏွင့္ ရင္းႏွီးေနေသာ ပုံရိပ္ကို ျမင္လိုက္ရသည္။ သူမသည္ ထိုပုံရိပ္၏ မ်က္ႏွာကို မျမင္ရေသးလွ်င္ပင္ ခ်င္းယြင္သည္ ထိုသူမည္သူမွန္း ခ်က္ခ်င္းသိသည္။ ပုံရိပ္သည္ တုေကာျဖစ္သည္။ ညေနတုန္းက ေတြ႕ဖို႔ ခ်ိန္းဆိုထားေသာေၾကာင့္ ေရာက္ေနပုံရသည္။

ခ်င္းယြင္၏ မ်က္လုံးမ်ားသည္ ေပ်ာ္႐ႊင္မႈျဖင့္ ေတာက္ပလာၿပီး ေအာ္ေခၚလိုက္သည္။

"တုေကာ ငါဒီမွာ ငါ့ကိုလာကူပါဦး"

တုေကာသည္ ရပ္သြားၿပီး ေဘးပတ္ဝန္းက်င္ကို က်ီးကန္းေတာင္းေမာက္ၾကည့္ေတာ့သည္။ အသံလာရာကို ေသခ်ာမေတြ႕သည့္အလား ဟိုၾကည့္သည္ၾကည့္ လိုက္ၾကည့္ေနသည္။

ခ်င္းယြင္သည္ ပို၍ က်ယ္ေလာင္စြာ ေအာ္ေျပာလိုက္သည္။

"ငါဒီမွာ တုေကာ"

တုေကာသည္ ခ်င္းယြင္၏ အသံကိုၾကားရၿပီး အရိပ္ထဲမွ ခ်င္းယြင္ဆီသို႔ ေလွ်ာက္လာသည္။ ခ်င္းယြင္သည္ အလြန္ေပ်ာ္ေနေသာေၾကာင့္ ညနက္နက္တြင္ ျမဴမ်ားပုံမွန္မဟုတ္စြာ ရစ္သိုင္းေနသည္ကို သတိမထားမိေပ။

ေရကန္အစြန္းနားတြင္ ျမဴမ်ားဆိုင္းေနၿပီး ေကြ႕ေကြ႕ေကာက္ေကာက္ ရွိေနေသာ သစ္ပင္ႀကီးမ်ား၏ အရိပ္တို႔ေၾကာင့္ ေျခာက္ျခားဖြယ္ေကာင္းေနသည္။

ခ်င္းယြင္သည္ ေျခလွမ္းေျဖးေျဖးသာလွမ္း၍ သစ္ပင္အရိပ္မ်ားထဲသို႔ စိတ္တင္း၍ ေလွ်ာက္ဝင္သြားသည္။ တုေကာသည္ ႐ုတ္တရက္ႀကီး ျမဴမ်ားကို ျဖတ္၍ သူမေရွ႕တည့္တည့္သို႔ ေရာက္လာေသာအခါ သူမအနည္းငယ္ထိတ္လန႔္သြားရသည္။

တုေကာသည္ သူမကို စိုးရိမ္စြာ ၾကည့္သည္။

"ခ်င္းယြင္ မင္းဘာေတြမ်ား ႀကဳံလာတာလဲ"

ရင္းႏွီးေနေသာ တစ္စုံတစ္ေယာက္ကို ျမင္လိုက္ရ၍ ခ်င္းယြင္၏အေၾကာက္တရားသည္ ခ်က္ခ်င္းလြင့္စင္သြားသည္။ သူမသည္ တုေကာကို ေျပးဖက္လိုက္သည္။

"တုေကာ တြမ့္က်ီက ငါ့ကိုလာေျခာက္တယ္"

"တြမ့္က်ီလား"

တုေကာမ်က္ႏွာသည္ပို၍ပင္ ရႈပ္ေထြးေနဟန္တူသည္။

သူမကို မယုံသည့္အတို္ငးပင္ ခ်င္းယြင္သည္ သူ႔ကို ေမာ့ၾကည့္လိုက္ၿပီး အေနာက္ဘက္ကို လက္ညႇိဳးထိုးျပကာ

"ၾကည့္ အဲ့မွာ သူ႔ေျခေထာက္ေတြ ငါ့ေနာက္လိုက္ေနတာ ............... "

သူမစကားလုံးမ်ားသည္ ႐ုတ္တရက္ျပတ္ေတာက္သြားၿပီး ပြစိပြစိ႐ြတ္လိုက္သည္။

"ဘာလို႔မရွိေတာ့တာလဲ"

တုေကာသည္ သူမေနာက္ကို ၾကည့္လိုက္ၿပီး မ်က္ေမွာင္ၾကဳတ္၍ ေမးသည္။

"ခ်င္းယြင္ မင္းမွားျမင္ခဲ့တာ မဟုတ္ဘူးလား"

"မျဖစ္ႏိုင္တာ"

ခ်င္းယြင္သည္ စိတ္လႈပ္ရွားစြာ သူ႔လက္ကို လွမ္းဆြဲလိုက္ၿပီး

"ငါမွားတာ ဘယ္လိုမွ မျဖစ္ႏိုင္ဘူး တုေကာ ငါ့ကိုယုံပါဟာ အဲ့တာ တကယ္ႀကီးတြမ့္က်ီလို႔ သူျပန္လာတာလို႔"

တုေကာသည္ ဆက္ဆတ္ထိမခံႏိုင္သလို သူမလက္ကို ေရွာင္လိုက္သည္။ ခ်င္းယြင္သည္ ထူးဆန္းသည္ဟု မခံစားရဘဲ အသနားခံေနသည္။

"တုေကာ ငါ့ကိုယုံပါဟာ တကယ္ႀကီးငါမွားျမင္တာမဟုတ္ဘူး ငါတကယ္ျမင္ခဲ့တာ စိတ္ေျခာက္ျခားတာမဟုတ္ဘူး ............ တြမ့္က်ီက တကယ္သရဲျဖစ္လာတာလို႔ ဒီေနရာႀကီးက အရမ္းႀကီးေၾကာက္စရာေကာင္းတာပဲ"

စကားအဆုံးတြင္ သူမသည္ ေျခာက္လွန႔္လာသည္။

တုေကာသည္ သက္ျပင္းခ်လိုက္သည္။

"ငါမယုံဘူးလို႔မေျပာပါဘူး ငါတို႔ေျပာဖို႔လုပ္ထားတဲ့ ကိစၥအရင္ေျပာရေအာင္"

ခ်င္းယြင္သည္ အင့္ခနဲ႔ ရႈိက္၍ ေခါင္းညိတ္လိုက္ၿပီး သူမသည္ အနည္းငယ္တည္ၿငိမ္လာကာ တုေကာႏွင့္ အတူ ေရကန္နားသို႔ ေလွ်ာက္သြားၾကၿပီး သူမႀကဳံခဲ့ရသည့္အျဖစ္အပ်က္ကို အေသးစိတ္ေျပာျပလိုက္သည္။

တုေကာသည္ တစိမ့္စိမ့္ေတြးေတာေနၿပီး

"မင္းနဲ႔အတူဖူလုယူလာေသးတာလား"

ခ်င္းယြင္သည္ ဖူလုေပၚတြင္ ယုံၾကည္မႈမရွိေတာ့ေသာေၾကာင့္ အဝါေရာင္အေဆာင္စာ႐ြက္ကို သူမအက်ႌရင္ဘက္ထဲမွ ဆြဲထုတ္ျပလိုက္ကာ

"ငါ ဒါကို ေသခ်ာကိုယ္ေပၚမွေဆာင္ထားတာ ဒါေပမဲ့ တစ္စက္ေလးမွအသုံးမဝင္ဘူး ငါသာျမန္ျမန္ႏိုးမလာရင္ ေသၿပီးေနေလာက္ၿပီ"

တုေကာသည္ သူမလက္ထဲမွ အဝါေရာင္အေဆာင္စာ႐ြကိကို စကၠန႔္အနည္းငယ္ၾကာေအာင္ ၾကည့္လိုက္ၿပီး

"မင္း တစ္ခ်ိန္လုံး ဒါႀကီးေဆာင္ထားတာလား"

"နင္လည္းေဆာင္ထားတယ္မဟုတ္ဘူးလား"

ခ်င္းယြင္သည္ သိခ်င္စြာ ေမးလိုက္သည္။

"က်န္းေလာ့က ဒီအေဆာင္ေတြေရးတုန္းက အၿမဲေဆာင္ထားဖို႔ေျပာတယ္ေလ သူေျပာတာ အေဆာင္က မေကာင္းဆိုးဝါးကို ေမာင္းထုတ္ႏိုင္တယ္တဲ့ အဲ့ဒါေၾကာင့္ ငါလည္းတစ္ခ်ိန္လုံးေဆာင္ထားတာ"

"ငါအျပင္ထြက္လာေတာ့ ယူလာဖို႔ေမ့သြားတယ္"

တုေကာသည္ အနည္းငယ္ေတြေဝေနၿပီး ရွင္းျပလိုက္သည္။

"ခ်င္းယြင္ မင္းတကယ္ပဲ ဒီအေဆာင္က မေကာင္းဆိုးဝါးေတြကို ေမာင္းထုတ္ႏိုင္တယ္ ထင္လား"

ခ်င္းယြင္သည္ ဖူလုကို ဆုပ္ကိုင္၍

"အဲ့တာက တကယ္ပဲ မေကာင္းဆိုးဝါးေတြကို ရွင္းပစ္ႏိုင္တယ္ဆိုရင္ တြမ့္က်ီက ဘာလို႔ငါ့ဆီမလာတာလဲ"

"ငါအျပင္ကို ဖူလုမပါဘဲ ထြက္လာတာ ဒါေပမဲ့ ဘာမွမျဖစ္လာဘူး"

တုေကာက ေျပာသည္။

"ၿပီးေတာ့လည္း တျခားဘယ္သူကမွလည္း ဘာမွမျဖစ္ဘူး ဒါေပမဲ့ မင္းဆီမွာေတာ့ ဒီလို..............."

ခ်င္းယြင္သည္ သူေျပာခ်င္တာကိုလြယ္လြယ္ပဲ သေဘာေပါက္သြားသည္။

"တုေကာ နင္ဘာေျပာခ်င္ေနတာလဲ"

တုေကာက တိုးတိုးေလးေျပာလိုက္သည္။

"ဒီအေဆာင္က မေကာင္းဆိုးဝါးေျပးေအာင္လုပ္ႏိုင္တဲ့ အေဆာင္လို႔ထင္လား ဒါေပမဲ့ အဲ့လိုမဟုတ္ဘဲ သရဲေတြကို ဆြဲေဆာင္ေနတဲ့ အေဆာင္ျဖစ္ေနရင္ေရာ"

ခ်င္းယြင္သည္ ေၾကာက္လန႔္သြားသည္။

"နင္ဘာေတြေျပာေနတာလဲ"

"ငါလည္း က်န္းေလာ့ လ်န္႐ႊီနဲ႔ တျခားသူေတြကို သံသယမဝင္ခ်င္ပါဘူး ဒါေပမဲ့ တြမ့္က်ီ မေန႔ညက ေသသြားတယ္ ၿပီးေတာ့ ဒီညမွာလည္း မင္းက ေသလုနီးပါးပဲ ငါတို႔ေလးေယာက္က ေသခ်ာေပါက္ အသတ္ခံရမဲ့ ပစ္မွတ္လိုျဖစ္ေနတာ"

တုေကာက ေမးခြန္းထုတ္သည္။

"တကယ္ပဲ ဒါေတြကို တိုက္ဆိုင္တာလို႔ ထင္လား ငါအခု ဖူလုယူမလာဘူး ဒါေပမဲ့ ငါဘာမွမေကာင္းတာ မႀကဳံခဲ့ရဘူး ဘာလို႔လဲဆိုေတာ့ အဲ့ဒီအေဆာင္က ငါတို႔ကို ကာကြယ္မဲ့အေဆာင္မဟုတ္ဘူးလို႔ သံသယရွိလို႔ မေဆာင္ထားတာ ေအး က်န္းေလာ့က သရဲေတြကို ဆြဲေဆာင္မဲ့ အေဆာင္ကိုငါတို႔အတြက္ ဆြဲေပးလိုက္တာလို႔ ထင္တယ္"

ခ်င္းယြင္သည္ ေက်ာတျပင္လုံး က်ဥ္ခဲေအးစက္လာကာ သူမသည္ တုေကာနား အနည္းငယ္နီးကပ္လာၿပီး သူမအသံသည္ တုန္ခါေနကာ

"ဒါေပမဲ့ သူက ဘာလို႔ ဒီလိုလုပ္ရမွာလဲ"

တုေကာသည္ ေလးနက္စြာ ေျပာသည္။

"သူက ငါတို႔ကို ငါးစာလုပ္ၿပီး မေကာင္းဆိုးဝါးထြက္လာေအာင္ မွ်ားမလို႔ေနမွာေပါ့"

ခ်င္းယြင္ ထိုအေၾကာင္းကို ေတြးၾကည့္ေလ ျဖစ္ႏိုင္ေျခရွိေလ ဟု ေတြးမိလာေလျဖစ္သည္။ သူမလက္ထဲမွ ဖူလုကို သားရဲႀကီးတစ္ေကာင္လို ငုံ႔ၾကည့္လိုက္သည္။ သူမမ်က္ႏွာသည္ ႐ုတ္တရက္ေျပာင္းလဲသြားၿပီး သူမသည္ ဖူလုကို အပိုင္းပိုင္းအစစ စုတ္ၿဖဲပစ္ကာ ေရကန္ထဲသို႔ ပစ္ထုတ္လိုက္သည္။

"ငါသူ႔ကို ဒီလိုလုပ္ခြင့္ မေပးႏိုင္ဘူး"

တုေကာသည္ ဖူလုအပိုင္းအစမ်ား ေရကန္ထဲသို႔ ျပန႔္က်ဲသြားတာကိုၾကည့္၍ ေကာက္က်စ္စြာ ၿပဳံးလိုက္သည္။

"ဖူလုကို စြန႔္ပစ္လိုက္တာနဲ႔ မင္းလုံၿခဳံသြားလိမ့္မယ္"

ခ်င္းယြင္သည္ သူတစ္ခုခုမွားေနေၾကာင္း သတိမထားမိဘဲ အံႀကိတ္၍ ေျပာသည္။

"မနက္ထိေစာင့္တာေပါ့ ငါသူ႔ကို ဒီအေၾကာင္းတည့္ေမးမွာ ငါတို႔ကို ဘယ္လိုေတာင္ ဓားစာခံအျဖစ္သုံးရက္ႏိုင္ရတာလဲ ငါတို႔ စင္းတီတုံးေပၚက ငါးမျဖစ္ခင္သိလိုက္ရလို႔ေတာ္ေသးတယ္"

တုေကာသည္ ခ်င္းယြင္နားသို႔ ေလွ်ာက္သြားၿပီး ေနာက္တြင္ ခ်င္းယြင္ပုခုံးေပၚသို႔ လက္တင္လိုက္ကာ ေႏြးေထြးစြာ ေျပာလိုက္သည္။

ေနာက္မွ အဲ့အေၾကာင္းေျပာတာေပါ့ကြာ အခု အေရးႀကီးတာ အရင္လုပ္ရေအာင္"

ခ်င္းယြင္သည္ မထိန္းႏိုင္စြာ ရွက္ေသြးျဖာသြားေသာ္လည္း အနည္းငယ္ သက္ေတာင့္သက္သာ မျဖစ္စြာ ေျပာလိုက္သည္။

"တုေကာ နင္အရမ္းေအးေနတယ္"

"ဟုတ္လား"

တုေကာက ေျပာသည္။

"အျပင္ဘက္က ေအးလို႔ထင္တယ္"

႐ုတ္တရက္ သူတို႔ေဘးမွ အသံတစ္ခု ၾကားလိုက္ရသည္။

"ခ်င္းယြင္"

ခ်င္းယြင္သည္ ေနာက္လွည့္ၾကည့္လိုက္ရာ ျမဴမ်ားၾကားမွ ေျဖးေျဖးခ်င္း လမ္းေလွ်ာက္ထြက္လာေသာ က်န္းေလာ့ကိုျမင္လိုက္ရသည္။

သူ႔အၾကည့္ေအာက္တြင္ ခ်င္းယြင္သည္ အခ်က္ေပးသံမ်ား ၾကားလိုက္ရသလို ထိတ္လန႔္သြားသည္။ သူမသည္ က်န္းေလာ့ကို အနည္းငယ္ေၾကာက္လန႔္ေနကာ ဟန္ပင္မေဆာင္ႏိုင္စြာ တုေကာေနာက္သို႔ ဝင္ပုန္းလိုက္မိသည္။

'ဟုတ္တယ္ တုေကာ ဒီမွာရွိတယ္'

ခ်င္းယြင္သည္ ခ်က္ခ်င္း သတၱိရွိလာျပန္သည္။ သူမသည္ က်န္းေလာ့ကို လွမ္းၾကည့္၍ ရက္စက္စြာ ေျပာသည္၊။

"ငါမေသေသးလို႔ ဒီကို ကြက္လပ္ျဖည့္ဖို႔ လိုက္လာတာလား"

"ဘာကိုဆိုလိုတာလဲ"

က်န္းေလာ့သည္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး သူ႔အၾကည့္သည္ တုေကာ၏ မ်က္ႏွာဆီသို႔ ေရာက္သြားသည္။

ခ်င္းယြင္သည္ ႏွာမႈတ္လိုက္ၿပီး

"ငါတို႔အားလုံးသိၿပီးၿပီ ဒါေတာင္ နင္ဟန္ေဆာင္ေနဦးမွာလား"

က်န္းေလာ့သည္ သူမစကားမ်ားကို စိတ္ထဲမထားဘဲ ေျပာလိုက္သည္။

"ဒီကိုလာခဲ့ နင့္ေနာက္က တုေကာက လူဟန္ေဆာင္ထားတဲ့ သရဲတစ္ေကာင္ပဲ"

ခ်င္းယြင္သည္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး

"မျဖစ္ႏိုင္တာေတြ"

သူမသည္ က်န္းေလာ့ကို ခ်ိန္ကိုက္ဗုံးတစ္လုံးလို စိုက္ၾကည့္ေနေသာ တုေကာကို ျပန္လွည့္ၾကည့္လိုက္သည္။

"ခ်င္းယြင္ ဒီလူက မင္းကိုသတ္ဖို႔ႀကံစည္ေနတဲ့ သရဲျဖစ္ဖို႔ မ်ားတယ္ ဒီေကာင္က ငါတို႔ကို က်န္းေလာ့ေယာင္ေဆာင္ၿပီး ငါတို႔ကို ေသြးကြဲေအာင္လုပ္ေနတာ သူ႔စကားေတြကို မယုံလိုက္နဲ႔"

"ငါသိပါတယ္"

ခ်င္းယြင္က ေျပာသည္။

"ငါသူ႔စကားေတြကို မယုံေတာ့ပါဘူး"

ဆံပင္အနက္ႏွင့္လူငယ္ေလးသည္ သူမသူ႔ကို မယုံၾကည္သည့္စကားမ်ားေျပာေနေသာ္လည္း တည္ၿငိမ္ေနဆဲျဖစ္ကာ ခ်င္းယြင္ဘာကိုေ႐ြးေ႐ြး ဝင္စြက္ဖက္မည့္ပုံမေပၚပဲ ပုံမွန္အသံေအးေအးျဖင့္ ေျပာသည္။

"မင္းပုခုံးကိုကိုင္ထားတဲ့ သူ႔လက္ေတြက ေအးစက္ေနတယ္မလား သူ႔အသားအရည္ကလည္း အေလာင္းေကာင္တစ္ေကာင္လို မာေၾကာေနတယ္မလား"

သူေျပာလိုက္သည့္ စကားတစ္ခြန္းစီတိုင္းသည္ ခ်င္းယြင္ကို မယုံႏိုင္စြာ ေတာင့္တင္းသြားေစသည္ ။

'က်န္းေလာ့ေျပာတာ အားလုံးမွန္ေနတယ္'

တုေကာသည္ ေသာကေရာက္စြာ ေျပာသည္။

"ခ်င္းယြင္ သရဲတစ္ေကာင္ရဲ႕ အ႐ူးလုပ္မခံနဲ႔ ငါ့အသားအရည္ေအးစက္ေနတာက ငါအတြင္းမွာ အဝတ္ဝတ္မထားလို႔"

က်န္းေလာ့က ေျပာသည္။

"ဒါဆိုလည္း ခ်င္းယြင္ ငါမင္းကို ေပးထားတဲ့ အေဆာင္ကို ၿဖဲပစ္ေအာင္ သူမင္းကို တြန္းအားေပးတာလား မင္းဖူလုကို ဆြဲၿဖဲလြင့္ပစ္လိုက္မွ သူမင္းနားကပ္လာရဲတာမလား ဘာလို႔လဲဆိုေတာ့ ငါ့အေဆာင္က သရဲေတြကို ေကာင္းေကာင္းႀကီး ဒုကၡေပးႏိုင္လို႔ပဲ သူတို႔နင့္ကိုသတ္ခ်င္ရင္ နင္ဖူလုကို စြန႔္လြတ္ေအာင္ နည္းမ်ိဳးစုံနဲ႔ ျဖားေယာင္းမွ ရမယ္ ဒီလိုနည္းမ်ိဳးသုံးၿပီး နင့္ကိုသတ္ဖို႔လုပ္ေနတာ"

ခ်င္းယြင္သည္ တုန္ယင္လာသည္။ သူမတစ္ကိုယ္လုံးသည္ ေရခဲေရမ်ားေလာင္းခ်ခံလိုက္ရသလို ေအးစက္လာသည္။

သူမလည္ပင္းသည္ ေတာင့္ေတာင့္ႀကီးျဖစ္ေနၿပီး သူမသည္ တုေကာကို ေျဖးညႇင္းစြာ လွည့္ၾကည့္၍ ႐ုတ္တရက္ ေနာက္ဆုတ္ကာ သူႏွင့္ ေဝးေဝးသို႔ သြားလိုက္သည္။

တုေကာမ်က္ႏွာသည္ ေျဖးေျဖးခ်င္း မာေက်ာခက္ထန္လာၿပီး လူသားမ်က္ႏွာသည္ ရက္စက္မႈႏွင့္ ခက္ထန္လာသည္။

မည္သူ႔ကိုမွ် မယုံၾကည္ေတာ့ေသာ ခ်င္းယြင္သည္ သစ္ပင္တစ္ခု၏ ပင္စည္ေနာက္သို႔ ဝင္ပုန္း၍ သူတို႔ႏွစ္ေယာကို ေၾကာက္လန႔္စြာ ၾကည့္လိုက္သည္။ သူမ ပင္စည္ေနာက္သို႔ ဝင္ပုန္းလိုက္သည္ႏွင့္ က်န္းေလာ့သည္ သူ႔ေရွ႕တြင္ စည္းတစ္ခုတားလိုက္သည္။

"ကဲ ဒီမွာ တျခားသူစိမ္းမရွိေတာ့ဘူးဆိုေတာ့ မင္းက ငါတို႔ရွာေနတဲ့ မေကာင္းဆိုးဝါး ဟုတ္မဟုတ္ ၾကည့္ၾကတာေပါ့"

"ေနဝင္တရီေရာအခ်ိန္ ေလေပြႏႈိးထလာေစ"

တုေကာသည္ ထြက္ေျပးဖို႔ ႀကိဳးစားလိုက္ေသာ္လည္း ေနာက္တစ္ခနတြင္ ဓားကဲ့သို႔ ေလေပြမ်ားေၾကာင့္ အပိုင္းပိုင္းအစစျပတ္ထြက္သြားသည္။ ခ်င္းယြင္သည္ ထိုျမင္ကြင္းကို ၾကည့္၍ "အား"ခနဲ ေအာ္မိသြားကာ ခ်က္ခ်င္း ပါးစပ္ကိုလက္ႏွစ္ဖက္ျဖင့္ ပိတ္လိုက္သည္။

သို႔ေသာ္ ပို၍ ေအးခဲသြားေစမည့္ ျမင္ကြင္းမွာ တုေကာသည္ အသားမ်ားစုတ္ၿပဲသြားၿပီးေနာက္ ႏွင္းအပုံလိုက္ႀကီးအျဖစ္ ေျပာင္းလဲသြားသည့္ ျမင္ကြင္းျဖစ္သည္။

ေလတိုက္ရပ္သြားသည့္အခ်ိန္တြင္ တုေကာ၏ အရိပ္အေယာင္ကို လုံးဝမေတြ႕ရေတာ့ဘဲ ညစ္ပတ္ေနေသာ ႏွင္းထုႀကီးတစ္ခုကိုသာ ေျမျပင္ေပၚတြင္ ေတြ႕လိုက္ရသည္။ က်န္းေလာ့သည္ ထိုနားသို႔ ေလွ်ာက္သြားၿပီး ေဆာင့္ေၾကာင့္ထိုင္လိုက္ကာ ႏွင္းမ်ားကို ယူၾကည့္လိုက္သည္။ ႏွင္းမ်ားသည္ လက္ထဲတြင္ အရည္ေပ်ာ္က်သြားသည္။

"ႏွင္းေတြတဲ့လား............ အံ့ဩစရာပဲ"

ထိုစကားေျပာၿပီးသည္ႏွင့္ က်န္းေလာ့သည္ အနက္ေရာင္အရိပ္တစ္ခုကို မ်က္လုံးေထာင့္မွ ရိပ္ခနဲ ျမင္လိုက္ရသည္။ ေဘးကိုၾကည့္လိုက္ေသာအခါ အနက္ေရာင္အရိပ္သည္ သူႏွင့္ ေဝးရာသို႔ ထြက္ေျပးသြားမွန္း သိလိုက္ရသည္။ ထိုပုံရိပ္သည္ သူေတာင္းစား၏ေနာက္ဆုံးအႀကိမ္ျမင္ခဲ့ေသာ မေကာင္းဆိုးဝါးႏွင့္ တစ္ထပ္တည္းနီးပါးတူေနသည္။ က်န္းေလာ့သည္ ႏႈတ္ခမ္းသပ္လိုက္ၿပီး မတ္တပ္ရပ္၍ ေျပာလိုက္သည္။

"ေနာက္ဆုံးေတာ့....."

သူသည္ အနက္ေရာင္ပုံရိပ္ေနာက္သို႔ လိုက္သြားသည္။ ခ်င္းယြင္သည္ ထိုေနရာတြင္ ေအးခဲၿပီးက်န္ခဲ့ရာမွ တုန္ယင္လာၿပီး က်န္းေလာ့ေနာက္သို႔ ေျပးလိုက္သြားေတာ့သည္။

ခ်င္းယြင္သည္ က်န္းေလာ့ထက္ ေႏွးၿပီး သူမသူ႔ကိုရွာေတြ႕ေသာအခါ အေမာတေကာျဖစ္ေနၿပီး က်န္းေလာ့သည္ ၿခံဝန္းတစ္ခုအလယ္တြင္ မတ္တပ္ရပ္ေနသည္။

"ဒါက............."

ခ်င္းယြင္သည္ ေဘးဘီကို လိုက္ၾကည့္လိုက္ၿပီး ေအးခဲသြားျပန္သည္။

"ဒါက ခ်ီမိသားစု ဆက္ခံသူသခင္ေလးရဲ႕ အိမ္ဝန္းမလား"

"ေသခ်ာၿပီ ေသခ်ာၿပီ အဲ့ဒါသူပဲ ငါသိသားပဲ"

ခ်င္းယြင္သည္ စိတ္လႈပ္ရွားစြာ ေျပာလိုက္သည္။

"က်န္းေလာ့ ခ်ီမိသားစုရဲ႕ သခင္ငယ္ေလးက ငါတို႔ လိုက္ရွာေနတဲ့ မေကာင္းဆိုးဝါးပဲ"

က်န္းေလာ့သည္ ဘာမွျပန္မေျဖပဲ သူမကို ၾကည့္လိုက္ကာ

"မင္းျပန္သြားသင့္ၿပီ"

ခ်င္းယြင္သည္ ႏႈတ္ခမ္းကိုက္လိုက္ၿပီး သူ႔ကို ၾကည့္လိုက္ကာ သူမသည္ တစ္ခုခုေျပာခ်င္ေနသည္။ သို႔ေသာ္ ဘာမွေျပာမထြက္ေသာေၾကာင့္ ဒီတိုင္းလွည့္ထြက္လာခဲ့လိုက္သည္။

က်န္းေလာ့တြင္ သူစိမ္းမ်ား၏ စိတ္ခံစားခ်က္ အတက္အက်ကို လိုက္ၾကည့္ေနဖို႔ အခ်ိန္မရွိေပ။ သူသည္ အခ်ိန္အၾကာႀကီး အေမွာင္ထဲတြင္ မတ္တပ္ရပ္ေနသည္။ ထိုအခ်ိန္တြင္ အိမ္ထဲမွ အခန္းတစ္ခန္းသည္ မီးလင္းလာၿပီး အျပင္သို႔ လူတစ္ေယာက္ထြက္လာသည္။

ခ်ီယုံသည္ ၿပီဳး၍ ေျပာလိုက္သည္။

"သခင္ေလးက်န္း ဒီေန႔ည အိမ္ျပန္မအိပ္ခ်င္လို႔လား"

က်န္းေလာ့သည္ ေတာင့္ခနဲျဖစ္သြားၿပီး အခန္းထဲသို႔ ဝင္သြားလိုက္သည္။

ခ်ီယုံက သူ႔ကို အျပင္မွာအၾကာႀကီး ဘာလုပ္ေနခဲ့လဲ မေမးေပ။

က်န္းေလာ့ကလည္း မ်က္ႏွာလိုအားရ မရွင္းျပခဲ့ေပ။ လူႏွစ္ေယာက္သည္ တိတ္တဆိတ္ အိပ္ရာဝင္ၾကသည္။ သူတို႔သည္ ေစာင္ေအာက္တြင္ မ်က္လုံးမ်ားမွိတ္၍ ၿငိမ္သက္စြာ အိပ္သြားၾကသည္။

ညအခ်ိန္သည္ လ်င္ျမန္စြာ ကုန္သြားေလသည္။

အလြန္လ်င္ျမန္စြာ မိုးလင္းသြားေသာေၾကာင့္ က်န္းေလာ့သည္ မ်က္ေတာင္တစ္ခ်က္သာခတ္လိုက္ရသည္ဟု ထင္ေနသည္။ သူမ်က္လုံးဖြင့္လိုက္ေသာအခါ ခ်ီယုံသည္ အဝတ္လဲၿပီး ထြက္ခြာရန္ အဆင္သင့္ျဖစ္ေနၿပီျဖစ္သည္။ ထို႔ေနာက္ သူသည္ ပ်င္းရိစြာျဖင့္ ေတြးမိသည္။

'မွန္ေလာကကပဲ အခ်ိန္ကုန္ျမန္ေနတာလား'

'ဒါက ပုံရိပ္ေယာင္ေလာကလား'

က်န္းေလာ့သည္ ေနာက္မွအိပ္ရာထလာသည္။ မနက္စာစားၿပီးေနာက္ သူသည္ အျပင္ဘက္သို႔ ေလွ်ာက္ၾကည့္ရန္ ထြက္လာသည္။ ေကာ္ရစ္တာနားတြင္ အေစခံမေလးႏွစ္ေယာက္သည္ တိုးတိုးႏွင့္ စကားရပ္ေျပာေနၾကသည္။

"ငါၾကားခဲ့တာ မေန႔ညက ေနာက္ထပ္လူေသျပန္ၿပီတဲ့"

"ဟုတ္တယ္ ေနာက္ထပ္ ႏွစ္ေယာက္ေတာင္ ေသတာတဲ့ဟယ္ တစ္ေယာက္က ငါတို႔အိမ္က တုေကာလို႔ေခၚတဲ့ ေကာင္ေလးတဲ့ ေနာက္တစ္ေယာက္ကေတာ့ အျပင္က ေစာင့္ၾကပ္သူတစ္ေယာက္ပဲ ငါၾကားတာေတာ့ ေစာင့္ၾကပ္သူက ေတာ္ေတာ္အေသဆိုးတယ္တဲ့ သူ႔ေခါင္းကိုျဖတ္ၿပီး ဝမ္ေပါင္လမ္းေပၚမွာ သြားထားခဲ့တာတဲ့ အဲ့တာကို ေစာင့္ၾကပ္သူရဲ႕ ခႏၶာကိုယ္က ေခါင္းမပါပဲ ေျမျပင္ကို တ႐ြတ္ဆြဲၿပီးေတာ့ ငါတို႔အိမ္ေတာ္ေရွ႕ထိေရာက္လာတာတဲ့ တစ္လမ္းလုံးေသြးေတြမွ ရဲလို႔ဆိုပဲ"

"အား ဘာလို႔ ငါတို႔အိမ္ေတာ္ေရွ႕ကိုမွလဲဟယ္ မဟုတ္ေသးဘူး ေခါင္းလဲမရွိဘဲ ဘယ္လိုလုပ္ၿပီး ငါတို႔အိမ္ေတာ္ကို ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္လာရတာလဲ"

"အခု ပုက်ိဳးၿမိဳ႕က လူေတြအကုန္လုံးက ေစာင့္ၾကပ္သူကို သတ္လိုက္တဲ့ မေကာင္းဆိုးဝါးက ခ်ီမိသားစုကလို႔ ေျပာေနၾကၿပီ ေစာင့္ၾကပ္သူေတြက လူသတ္သမားကို ေဖာ္ထုတ္ရတာဆိုေတာ့ သူတို႔က မေကာင္းဆိုးဝါးကို ငါတို႔ ခ်ီအိမ္ေတာ္က ထြက္လာတာလားဆိုၿပီး ေရးႀကီးခြင္က်ယ္ခ်ဲ႕ၿပီး စုံစမ္းၾကတယ္ေလ"

ေနာက္အေစခံတစ္ေယာက္က ေျပာသည္။

"ဒါက.........."

သူတို႔သည္ က်န္းေလာ့ကိုျမင္သြားၿပီး ေၾကာက္႐ြံ႕စြာ ေခါင္းငုံ႔၍ ျမန္ျမန္ထြက္သြားေတာ့သည္။

က်န္းေလာ့သည္ သူတို႔ထြက္သြားတာကိုၾကည့္၍ ခ်ီမိသားစုဘိုးေဘးခန္းမရွိရာဘက္သို႔ ေျခဦးလွည့္သြားသည္။

ခ်ီယုံသည္ အၿမဲလိုလို ဘိုးေဘးခန္းမတြင္သာ အခ်ိန္ကုန္တတ္သည္ဟု ၾကားဖူးထားသည္။ ေသခ်ာစြာပင္ က်န္းေလာ့ ဘိုးေဘးခန္းမနားသို႔ ေရာက္ေသာအခါ အထဲမွ ခ်ီမိသားစု အႀကီးအကဲမ်ား၏ အသံကိုအရင္ၾကားလိုက္ရသည္။

"မင္း ဒီမုန္းစရာေကာင္းတဲ့သရဲကို မ်ိဳခ်လိုက္စမ္း ျမန္ျမန္"

'မ်ိဳခ်ရမယ္'

က်န္းေလာ့သည္ စိတ္ဝင္စားသြားၿပီး ျပတင္းေပါက္နားသို႔ သြားလိုက္ကာ ဘိုးေဘးခန္းမထဲကို ေခ်ာင္းၾကည့္လိုက္သည္။

ဘိုးေဘးခန္းမထဲတြင္ ခ်ီယုံသည္ အႀကီးအကဲသုံးေယာက္ ထိုင္ေနေသာ ေရွ႕တည့္တည့္တြင္ မတ္တပ္ရပ္ေနသည္။ သူတို႔ေလးေယာက္အပါအဝင္ မူးမိုက္ေနေသာ အလြန္နာက်ည္းမႈမ်ား အားေကာင္းသည့္ သရဲတစ္ေကာင္လည္း ရွိေနသည္။ သရဲသည္ အနီေရာင္မဂၤလာဝတ္စုံကို ဝတ္ဆင္ထားၿပီး ဗိုက္ပူႀကီးႏွင့္ ျဖစ္သည္။

သူမ၏ဂါဝန္သည္ စုတ္ၿပဲေနၿပီး သူမ၏ ျပာႏွမ္းေနေသာ ေျခေထာက္မ်ားေပၚေနသည္။ ေသြးမ်ားသည္ သူမေျခေထာက္မ်ားမွ စီးက်ေနကာ သရဲ၏မ်က္ႏွာသည္ အစီအရင္စက္ကြင္းထဲမွ ႐ုန္းကန္ေနေသာေၾကာင့္ ေၾကာက္မက္ဖြယ္ေကာင္းေနသည္။

ထိုသရဲသည္ ကိုယ္ဝန္ေဆာင္သတို႔သမီးသရဲျဖစ္သည္။

အမ်ိဳးသမီးတစ္ေယာက္သည္ သူမႏွင့္သက္ဆိုင္ေသာ ေပ်ာ္ပြဲ႐ႊင္ပြဲေန႔တြင္ ေသဆုံးခဲ့ရလွ်င္ နာက်ည္းမႈအားေကာင္းသည့္ သရဲျဖစ္သြားတတ္သည္။ အနီေရာင္ကို ဝတ္ဆင္ထားသည့္အခါ သူမသည္ ၾကမ္းၾကဳတ္ေသာ ရက္စက္သည့္ သရဲတစ္ေကာင္အျဖစ္သို႔ ေျပာင္းလဲသြားသည္။

ၿပီးေနာက္ ၾကင္စဦးတြင္ေသဆုံးခဲ့၍ ကိုယ္ဝန္ပါရွိေနေသာ သရဲဆိုလွ်င္ အဆိုးတကာ့အဆိုးဆုံးျဖစ္ၿပီး အျပစ္တင္နာက်ည္းမႈသည္ အလြန္သန္မာေနကာ ႏွိမ္ႏွင္းဖို႔အင္မတန္ ခက္ခဲမည့္ သရဲမ်ိဳးျဖစ္သည္။

အကယ္၍ က်န္းေလာ့က သူသာ ဤသို႔သရဲမ်ိဳးႏွင့္ ရင္ဆိုင္ရမည္ဆိုလွ်င္ ေသခ်ာေပါက္ ျပတ္ျပတ္သားသား လက္ဦးမႈယူကာ ထြက္ေျပးမည္ျဖစ္သည္။

မ်ိဳးႏြယ္စုအႀကီးအကဲသုံးေယာက္သည္ အနီေရာင္ဝတ္သရဲမကို ေၾကာက္႐ြံ႕ထိတ္လန႔္စြာ ၾကည့္၍ က်ယ္ေလာင္စြာ အမိန႔္ေပးလိုက္သည္။

"မင္းရဲ႕ တေစၦေဆးမွင္ေၾကာင္ကို သုံးၿပီး သူမကို ျမန္ျမန္မ်ိဳခ်လိုက္"

ခ်ီယုံသည္ အႀကီးအကဲကို တိတ္ဆိတ္စြာၾကည့္လိုက္ၿပီး ျပတ္ျပတ္သားသားေျပာလိုက္သည္။

"သူမက အရမ္းစြမ္းအားႀကီးလြန္းေနတယ္ ကြၽန္ေတာ့ရဲ႕ တေစၦေဆးမွင္ေၾကာင္ကို ျပင္းျပင္းထန္ထန္ ဖ်က္ဆီးပစ္လိုက္ႏိုင္တယ္ ကြၽန္ေတာ္ မ်ိဳခ်လို႔မျဖစ္ဘူး"

#########################

Continue Reading

You'll Also Like

126K 24.3K 67
ဘ၀ကို လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်းလိုသည့် လုချောင်ယဲ့ တစ်ယောက် အရာအားလုံးအား လွှတ်ချပြီး မိမိ စိတ်ကူးအား အကောင်အထည်ဖော်ရန် ပြင်စဉ်မှာပင် ယာဉ်မတော်တဆမှ...
5.7K 725 22
ခပ်ကြောင်ကြောင် gong (ယန်ကျင်းဇီ) နဲ့ shou (ဆုမော့ရှိုး) တို့ဟာ အမြဲမြင်မြင်ချင်းချစ်မိကြသတဲ့။ သူတို့ကအတူတကွဝိညာဥ်ကူးပြောင်းကြပြီး တစ်ယောက်ကိုတစ်ယောက...
276K 49.9K 103
I rely on kisses to clear survival games. 90 Chapters + 9 Extras This is not my own. Totally Credited to original Author.
50.8K 7K 90
မင်္ဂလာ ညချမ်းပါရှင် အသစ်လေးတွေ လာကြေညာတာပါ ရှင့် ???? BL အတိုလေးနှစ်ပုဒ် PICK ထားပါတယ် အပိုင်းသိပ်မများတာလေးတွေပါ ဖတ်ပေးကြပါဦးနော် ... အားလုံးပဲ က...