ဒီအပြစ်သားက ရှင်သန်လို...(၂)...

By Swae_Nyoe

116K 18.2K 476

ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။ More

အခန်း ၁၁၁
အခန်း ၁၁၂
အခန်း ၁၁၃
အခန်း ၁၁၄
အခန်း ၁၁၅
အခန်း ၁၁၆
အခန်း ၁၁၇
အခန်း ၁၁၈
အခန်း ၁၁၉
အခန်း ၁၂၀
အခန်း ၁၂၁
အခန်း ၁၂၂
အခန်း ၁၂၄
အခန်း ၁၂၅
အခန်း ၁၂၆
အခန်း ၁၂၇
အခန်း ၁၂၈
အခန်း ၁၂၉
အခန်း ၁၃၀
အခန်း ၁၃၁
အခန်း ၁၃၂
အခန်း ၁၃၃
အခန်း ၁၃၄
အခန်း ၁၃၅
အခန်း ၁၃၆
အခန်း ၁၃၇
အခန်း ၁၃၈
အခန်း ၁၃၉
အခန်း ၁၄၀
အခန်း ၁၄၁
အခန်း ၁၄၂
အခန်း ၁၄၃
အခန်း ၁၄၄
အခန်း ၁၄၅
အခန်း ၁၄၆
အခန်း ၁၄၇
အခန်း ၁၄၈
အခန်း ၁၄၉
အခန်း ၁၅၀
အခန်း ၁၅၁
အခန်း ၁၅၂
အခန်း ၁၅၃
အခန်း ၁၅၄
အခန်း ၁၅၅
အခန်း ၁၅၆
အခန်း ၁၅၇
အခန်း ၁၅၈
အခန်း ၁၅၉
အခန်း ၁၆၀
အခန်း ၁၆၁
အခန်း ၁၆၂
အခန်း ၁၆၃
အခန်း ၁၆၄
အခန်း ၁၆၅
အခန်း ၁၆၆
အခန်း ၁၆၇
အခန်း ၁၆၈
အခန်း ၁၆၉
အခန်း (၁၇၀)
အခန်း (၁၇၁)
အခန်း (၁၇၂)
အခန်း (၁၇၃)
အခန်း ၁၇၄
အခန်း ၁၇၅
အခန်း ၁၇၆
အခန်း ၁၇၇
အခန်း ၁၇၈
အခန်း ၁၇၉
အခန်း ၁၈၀
အခန်း ၁၈၁
အခန်း ၁၈၂
အခန်း ၁၈၃
အခန်း ၁၈၄
အခန်း ၁၈၅
အခန်း ၁၈၆
အခန်း ၁၈၇
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
အခန်း ၁၈၈
အခန်း ၁၈၉
အခန်း ၁၉၀
အခန်း ၁၉၁
အခန်း ၁၉၂
အခန်း ၁၉၃
အခန်း ၁၉၄
အခန်း ၁၉၅
အခန်း ၁၉၆
အခန်း ၁၉၇
အခန်း ၁၉၈
အခန်း ၁၉၉
အခန်း ၂၀၀
အခန်း (၂၀၁)
အခန်း ၂၀၂
အခန်း ၂၀၃
အခန်း ၂၀၄
အခန်း ၂၀၅
အခန်း ၂၀၆
Telegram ကို လာခဲ့နော်
အခန်း ၂၀၇
အခန်း ၂၀၈
Completed in Telegram

အခန်း ၁၂၃

1.2K 175 10
By Swae_Nyoe

အပိုင်း (၁၂၃) မကောင်းဆိုးဝါး၏ မှန်လောကထဲသို့ ပထမဆုံး ခရီးစဉ်

ဝမ်ယမ်လန်သည် သူ့အမူအယာကို ထိန်းသိမ်းပြီး တည်ကြည်သော မျက်နှာဖြင့်

"ဘာကို ဆိုလိုတာလဲ"

သို့သော် အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်ပိုင်ရှင်သည် ထို့ထက်ပိုပြောမည့် အစီအစဉ်မရှိသလိုမျိုး သူတို့လက်ထဲသို့ နားဆွဲများထည့်ပေး၍ ထွက်သွားဖို့ ပြင်သည်။ ရယ်ရွှင်က ရုတ်တရက်ပြောလိုက်သည်။

"သုံးရက်ပဲ အချိန်ရမှာလား"

အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်ပိုင်ရှင်က ရယ်ရွှင်ကို လှည့်ကြည့်လိုက်ပြီး ခွမ့်ကျိန်းကို ကြည့်၍

"သူက ပန်းပဲဆရာလေ မှော်လက်နက်တွေမှာ အချိန်အကန့်အသတ်ရှိပြီး သူ့အရှိန်အဝါနဲ့ စွမ်းအားက အချိန်ကုန်ရင် သက်ရောက်မှုမရှိတော့တာ သူပိုသိနိုင်တယ်"

"သုံးရက်ပဲ"

အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်ပိုင်ရှင်သည် ပြောပြီးသည်နှင့် ချက်ချင်းထွက်သွားသည်။

"နားဆွဲတွေရဲ့ အရှိန်အဝါက တစ်ရက်ထပ်တစ်ရက်လျော့နည်းသွားလိမ့်မယ် သုံးရက်ပြည့်ရင်.............."

နောက်ဆက်တွဲ စကားလုံးများသည် လေထုထဲတွင် ပျောက်ကွယ်သွားသည်။

ကျောင်းသားများနှင့် ဝေးဝေးရောက်မှ အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်ပိုင်ရှင်သည် သူ့ကိုယ်သူပြောလိုက်သည်။

"ဟင်း ငါထင်တာ လျန်အိမ်တော်ထဲ ရောက်သွားရင် ကျန်းလော့အဆင်ပြေသွားမယ် ထင်ခဲ့တာ မထင်မှတ်ထားဘဲ သူ့ကို ကျားပါးစပ်ထဲ ထည့်ပေးလိုက်မိသလိုဖြစ်သွားပြီ ဟုတ်သားပဲ ငါဘာလို့ အဲ့ဒါကို မေ့သွားရတာလဲကွာ လျန်အိမ်တော်ကလူတွေနဲ့မတွေ့တာကြာနေပြီပေမဲ့ သူတို့က အရမ်းကိုရိုးသားပြီး သစ္စာရှိကြတဲ့သူတွေပဲ အဲ့ဒီသူတို့ယုံကြည်တဲ့သူရဲ့ စကားတစ်ခွန်းနဲ့တင် နောက်မျိုးဆက်တွေကို ဆေးပညာကလွဲရင် ဘာမှသင်မပေးတော့တာသာကြည့်၊ တစ်ခုခုအမှားလုပ်မိရင် ကိုယ့်ဟာကိုအဖြေရှာရမှာပဲ ................. ငါဝင်ပါလို့မရတော့ သူ့ကို 'နတ်ဘုရားကောင်းချီးခံဆွဲပြား' ပေးလိုက်တာပဲ ဒီတော့ ဒီကလေးတစ်စုကိုပဲ မျှော်လင့်ချက်ထားရတော့မှာပဲ တကယ်တော့ 'နတ်ဘုရားကောင်းချီးခံဆွဲပြား' ရဲ့ သက်ရောက်မှုက ငါးရက်ခံပေမဲ့ ငါသူတို့ကို ဖိအားပေးဖို့ သုံးရက်လို့ ပြောမိသွားတယ် သူတို့နောက်ကျမသွားဖို့ပဲ မျှော်လင့်ရမယ်"

မှန်လောကထဲတွင် ကျန်းလော့သည် ချီယုံသူ့ကို ချောင်းကြည့်နေတာ သိသည်နှင့် အပေါ်ပိုင်းကို ချွတ်ပစ်လိုက်သည်။

ကျောရိုးဖြူသွယ်သွယ်၏ ကောက်ကြောင်းသည် နွေးထွေးသော အလင်းရောင်အောက်တွင် အကြည့်မလွှဲနိုင်အောင် ထပ်ခါထပ်ခါ ကြည့်ချင်အောင် ဆွဲဆောင်နေသည်။ တဖက်လှည့်ထားသော မျက်နှာတွင် နှုတ်ခမ်းထောင့်များ လျှို့ဝှက်စွာ ကော့တက်နေပြီး လက်ကို ခါးပတ်ပေါ်သို့တင်လိုက်သော်လည်း နောက်တစ်ဆင့်ကို လုပ်သင့်မလုပ်သင့် တွေဝေနေသည်။

နံရံတစ်ဖက်တွင် ချီယုံ့မျက်လုံးများသည် အကြည့်မလွှဲနိုင်ဘဲ ကျန်းလော့လက် လှုပ်ရှားမည်ကို မျှော်လင့်တကြီး စောင့်ကြည့်နေသည်။ လူငယ်လေးသည် ထိုသို့သော လှပမှု၏ အတွင်းကျကျပုံရိပ်ကို မခုခံနိုင်ပေ။ သူစောင့်ကြည့်နေချိန်တွင် ပြင်ပမှလာသော သတိဝိဉာဉ်အမျှဉ်သေးသေးလေး များစွာသည် သူ့ခန္ဓာကိုယ်ထဲသို့ တတိတိ ဝင်ရောက်သွားသည်။

ထိုအသိစိတ်မျှင်များသည် အလွန်အစွမ်းထက်ပြီး အရှိန်အဝါကြီးမားနေသည်မှာ ချီယုံပိုင်ဆိုင်သော အသိစိတ်များမှန်း သိသာနေသည်။ မှန်ထဲမှ ချီယုံသာ သတိမထားမိတာမဟုတ်ဘဲ မြူနက်များပင်လျှင် ပိုင်ရှင်ကိုတွေ့သလို မလှုပ်ရှားကြပေ။

မကောင်းဆိုးဝါး၏ ဝင်ရောက်ပူးကပ်ခြင်း ဖြစ်စဉ်ဖြစ်သည်။

အရာအားလုံးသည် မယုံနိုင်လောက်အောင် ချောမွေ့နေသည်။ သို့သော် မကောင်းဆိုးဝါးမှ စတင်ပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ ကြိုးစားချိန်မှာတော့ တစ်ခုခုမှားနေကြောင်း သတိထားမိသွားသည်။

ဤခန္ဓာကိုယ်ကို သူမထိန်းချုပ်နိုင်ပေ။ အံ့ဩစရာကောင်းလောက်အောင် ထိန်းချုပ်၍ မရပေ။

မကောင်းဆိုးဝါးသည် ဤသို့ဖြစ်နိုင်ချေကို လုံးဝမမျှော်လင့်ထားပေ။

သူ၏ အသိစိတ်မျှင်အနည်းငယ်ကိုသာ မှန်လောကထဲသို့ထည့်ခဲ့သော်လည်း မကောင်းဆိုးဝါးအတွက် ထိုမျှအသိစိတ်မျှင်လောက်ကပင် လူတစ်ယောက်ကို ထိန်းချုပ်ရန် လုံလောက်သည်ထက် ပိုနေပြီး ဖြစ်သည်။

ပို၍ ထူးခြားသည်မှာ သူသည် တစ်စုံတစ်ယောက်ကို နောက်ကွယ်မှ ထိန်းချုပ်ခြင်းမဟုတ်ပဲ ကိုယ်တိုင်ဝင်ပူးခြင်းဖြစ်သောကြောင့် မဖြစ်နိုင်စရာမရှိရာ အလွန်အံ့ဩနေရသည်။

'ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ'

မကောင်းဆိုးဝါးသည် အသိစိတ်မျှင်များကို သူဝင်ပူးထားသူကိုယ်ထဲ ဖြန့်ကြပ်ရန် နောက်တစ်ကြိမ် အမိန့်ပေးလိုက်သည်။ ထပ်ပြီး ကျရှုံးသွားပြန်သည်။

မယုံနိုင်စရာကောင်းလောက်အောင်ပင် သူ၏ အသိစိတ်မျှင်အချို့ပင် လွင့်ပြယ်သွားသေးသည်။ ယခု သူသည် တခြားတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် သူဝင်ထားသော ခန္ဓာကိုယ်ပိုင်ရှင် မြင်သမျှ ကြားသမျှ အကုန်သိနိုင် မြင်နိုင်လေသည်။ ဤခန္ဓာကိုယ်တစ်ခုလုံးမှ အာရုံငါးပါးနှင့် အသိစိတ်ကို ကောင်းကောင်းကြီး ခံစားနိုင်သော်လည်း ထိုလူကိုတော့ မထိန်းချုပ်နိုင်ပေ။

ပထမဆုံးပူးကပ်ခြင်းသည် သနားစရာကောင်းလောက်အောင် ကျရှုံးသွားသည်။ မကောင်းဆိုးဝါး၏ စိတ်အခြေအနေသည် သိပ်အဆင်ပြေနေပုံမရတော့ပေ။ သို့သော် မကြာခင်တွင် တစ်စုံတစ်ယောက်၏ ပြင်းပြင်းပျပျ မြင်တွေ့ချင်လာသော ဆန္ဒကို ခံစားမိလိုက်ကာ ပတ်ဝန်းကျင်ကို ကြည့်ရန် အာရုံရသွားသည်။

ရေသံ ရေငွေ့များနှင့် စိုစွတ်မှု 'ကြည့်ရတာ ရေချိုးခန်းထဲမှာထင်တယ်'

မကောင်းဆိုးဝါးသည် သူ၏ အသိစိတ်မျှင်များအားလုံးကို မျက်လုံးဆီသို့ ပို့လိုက်သည်။

မြူငွေ့များ ဆိုင်းနေပြီး နံရံများသည် အိုဟောင်းနေပြီး အလင်းရောင်သည် မှုန်မှိုင်းနေကာ မီးစာလေးသည် ယိမ်းယိုင်နေသည်။

ခန္ဓာကိုယ်သည် နံရံမှ အပေါက်ကို ချောင်းကြည့်နေသောကြောင့် မကောင်းဆိုးဝါးသည် ထိုခန္ဓာကိုယ် ကြည့်နေရာသို့ ကြည့်လိုက်သည်။ သို့သော် ကြည့်လိုက်သည်နှင့် သူမြင်လိုက်ရသည်မှာ တစ်ဝက်ကိုယ်တုံးလုံးဖြစ်နေသော ကျောပေးရပ်နေသော ကျန်းလော့ကို အပေါက်ထဲမှ မြင်လိုက်ရလေသည်။

ကျန်းလော့သည် သူ့ကို ချောင်းကြည့်နေသော မျက်လုံးကို သတိပြုမိပုံမရပေ။ ပျင်းရိအေးဆေးစွာပင် ခါးပတ်ကို ချွတ်နေပြီး ဖြူဖွေးသော ကျောက်စိမ်းကဲ့သို့ အဖြူရောင်ပေါင်တံရှည်သည် ဖြေးဖြေးချင်းပေါ်လာနေပြီး ခန္ဓာကိုယ်သည် အပေါက်ထဲမှ ကြည့်ရတာ အားမရသလို ဖြစ်လာသည်။ ကောက်ကွေ့သော ဆံပင်နက်နက်များသည် ပုခုံးထက်မှ ကျောပြင်ပေါ်သို့ လျောကျနေပြီး ဟောင်းနွမ်းနေသော အဝါရောင် ဓာတ်ပုံဟောင်းကဲ့သို့ အလင်းမှိုင်းမှိုင်းတွင် မသဲမကွဲ လှုပ်ရှားယိမ်းနွဲ့နေသည်။

ကျန်းလော့သည် သူ့ကိုယ်ပေါ်မှ နောက်ဆုံးအဝတ်ကို ချွတ်တော့မည့်အချိန်တွင် သူ့ကိုယ်နေဟန်ထားသည် အကြည့်မလွှဲနိုင်အောင် ဆွဲဆောင်မှု ရှိနေလေသည်။

မကောင်းဆိုးဝါးသည် ထိုမြင်ကွင်းကို ကြည့်၍ သူ့စိတ်မှ မှောင်မိုက်နက်စွေးသော အလွန်လူသတ်ချင်နေသော ရန်လိုစိတ်တို့ ထိန်းမရအောင် ပေါ်ထွက်လာတော့သည်။

'ဒီအကောင်က ကျန်းလော့ကို ချောင်းကြည့်နေတယ်'

'အခုထိ ကြည့်နေသေးတယ်'

မယုံနိုင်လောက်အောင်ပင် ဒေါသကြောင့် တစ်ကိုယ်လုံးပွက်ပွက်ဆူနေသည့် ဆီအိုးကြီး ဖြစ်လာသလို သူဝင်ထားသော ခန္ဓာကိုယ်ကို အမှုန့်ပါမကျန်အောင် ဖျက်ဆီးပစ်လိုက်ချင်စိတ်တို့ ကြီးစိုးလာတော့သည်။

"ဒီကောင်က ............ ဒင်းက အတင့်ရဲလို့ ................"

မထိန်းချုပ်နိုင်သော ပေါက်ကွဲအားပြင်းပြင်းဖြင့် ဒေါသတကြီးရန်လိုမှုသည် မကောင်းဆိုးဝါး၏ ကိုယ်တွင်းအင်္ဂါများကို ပါ ဖြတ်သန်းသွားသည်။ မကောင်းဆိုးဝါး၏ အသိစိတ်မျှင်များသည် ဒေါသတကြီး တုန်ယင်နေပြီး ရက်စက်စွာ ပေါက်ကွဲထွက်တော့မလို ဖြစ်လာသည်။

သို့သော် ယခုအချိန်တွင် မကောင်းဆိုးဝါးသည် မှန်လောကထဲသို့ ဝင်ရန် အသိစိတ်မျှင် အနည်းငယ်ကိုသာ အသုံးပြုခဲ့သည် ထို့ကြောင့် ဒီလူကို သတ်ရန် အင်အားမလုံလောက်ပေ။

သို့သော် မကာင်းဆိုးဝါးကိုယ်ထဲမှ အမျက်ဒေါသသည် ထိုသို့သော် အခြေအနေမျိုးကို လုံးဝသည်းခံနိုင်စွမ်း မရှိတော့ပေ။

သူ့အသိစိတ်မျှင်များမှ စွမ်းအားများ အကုန်စုစည်းကာ ထိုလူ၏ ခန္ဓာကိုယ်ကို တတ်နိုင်သလောက် ထိန်းချုပ်ဖို့ ကြိုးစားတော့သည်။ နောက်ဆုံးတွင် လက်တစ်ဖက်ကို ပြည့်ပြည့်ဝဝ ထိန်းချုပ်နိုင်သွားသည်။

ကျန်းလော့ကို ချောင်းကြည့်နေသော ချီယုံသည် လှုံ့ဆော်မှုတစ်ခုကို ခံစားမိပြီး သူ့ခန္ဓာကိုယ်တွင် တစ်ခုခုမှားနေကြောင်း သတိထားမိသွားသည်။ ကျန်းလော့ထံမှ အကြည့်လွှဲလိုက်ပြီး ညာဘက်လက်ကို စိုက်ကြည့်လိုက်သည်။

ညာဘက်လက်သည် အံ့ဩစရာကောင်းစွာပင် သူမလုပ်ပါပဲ မြှောက်တက်လာသည်။ ရုပ်သေးထိန်းချုပ်ခြင်းအိမ်တော်၏ ဆက်ခံသူတစ်ယောက်အနေဖြင့် ချီယုံသည် ချက်ချင်းပင် သူ့လက်ကို တစ်ယောက်ယောက်က ထိန်းချုပ်နေမှန်း သိလိုက်သည်။

ချီယုံ့မျက်လုံးအစုံသည် နက်ရှိုင်းသွားပြီး ညာဘက်လက်ကို စိုက်ကြည့်နေတော့သည်။ အခုအချိန်မှာသာ တကယ်ကြီး မဖြစ်နေဘူးဆိုလျှင် သူသည် ဤလောကတွင် သူ့ကိုထိန်းချုပ်နိုင်သူ ရှိမည်ကို ဘယ်လိုပြောပြော ယုံမှာ မဟုတ်ပေ။

'ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နိုင်ရတာလဲ'

တစ်စုံတစ်ယောက်မှ သူ့ကိုထိန်းချုပ်နေခြင်းသည် သူ့ကို အံ့ဩစေသည်။

သူ့လက်တစ်ဖက်ကိုသာ ထိန်းချုပ်ထားခြင်းဖြစ်သော်လည်း ထိုသည်ကပင် ချီယုံကို တအားဒေါသထွက်အောင် လုပ်ဆောင်နိုင်လေသည်။

သူ့အကြည့်ကို ခံစားမိပုံဖြင့် သူ့လက်ကို ထိန်းချုပ်နေသော အားသည် ပို၍ သန်မာလာသည်။ ထိုလက်သည် တဖြည်းဖြည်း သူ့မျက်နှာနားထိ မြှောက်တက်လာလေသည်။

'ဘာလုပ်ချင်နေတာလဲ'

ချီယုံသည် သူ့ဘယ်ဘက်လက်ဖြင့် ထိန်းချုပ်ခံညာဘက်လက်ကို ဖိ၍ အေးစက်သော အမိန့်ပေးသည့် အသံဖြင့် ပြောလိုက်သည်။

"ငါ့ကိုယ်ငါ မထိန်းချုပ်နိုင်ဘူးလို့ မယုံဘူး "

မြူနက်များသည် သူ့ညာလက်ကို ရစ်ပတ်လာပြီး ချီယုံသည် ဘယ်ဘက်လက်ကို လွှတ်လိုက်သည်။ သိုသော် နောက်ခနတွင် ညာဘက်လက်သည် သူထင်ထားသလို ရပ်တန့်မသွားဘဲ မြူနက်များသည် ချီယုံ့မျက်နှာနားသို့ ထိုလက်တိုးကပ်လာသည်ကို ခွင့်ပြုထားသည်ကို မြင်လိုက်ရသည်။

ချီယုံက မမျှော်လင့်ထားသည့် ကိစ္စကို မြင်လိုက်ရပုံဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် ခနအတွင်းပင် စိတ်ငြိမ်သွားပြီး ညာဘကလက်ကို အေးစက်စွာကြည့်နေကာ ထိုလက်လုပ်ချင်သည့် အရာကို စောင့်ကြည့်နေလိုက်သည်။

ဖြူဖျော့သော လက်ညှိုးနှင့် လက်ခလယ်နှစ်ချောင်းသည် ချီယုံ့မျက်လုံးတို့ဖြင့် တဖြည်းဖြည်း နီးကပ်လာသည်။ ၎င်းး၏ရည်ရွယ်ချက်သည် ရှင်းလင်းလွန်းသည်။ ချီယုံ၏ ချောင်းကြည့်ခဲ့သော မျက်လုံးတစ်ဖက်ကို ဖောက်ထုတ်ပစ်ချင်ခြင်း ဖြစ်သည်။

ထိုညာဘက်လက်တွင် ထိုသို့ ဖောက်ပစ်နိုင်သော အင်အားလည်း ရှိသည်။

လက်ချောင်းရှည်ရှည်နှစ်ချောင်းသည် မျက်လုံးကို ခန္ဓာကိုယ်ထဲမှ ဖောက်ထုတ်နိုင်တော့မည့် အချိန်တွင် ညာဘက်လက်သည် ရုတ်တရက် ပျော့ကျသွားပြီး ခန္ဓာကိုယ်ဘေးသို့ အိကျသွားတော့သည်။

သူ့ညာဘက်လက်ကို ထိန်းချုပ်နေသော အရာထွက်သွားလေပြီ။

ချီယုံ့ မျက်လုံးထဲမှ အေးစက်မှုသည် ပို၍ နက်ရှိုင်းလာသည်။ အကြာကြီးကြာအောင် ညာဘက်လက်ကို စိုက်ကြည့်နေပြီး ဂူပေါက်ကဲ့သို့ မျက်လုံးများသည် မှောင်မိုက်နေလေသည်။

ထို့နောက် အပေါက်ထဲသို့ ပြန်ကြည့်လိုက်ရာ ကံမကောင်းစွာပင် သပ်သပ်ရပ်ရပ်ခေါက်၍ ကြိုးတန်းပေါ်တင်ထားသည့် ကျန်းလော့၏ အဝတ်များကိုသာ မြင်လိုက်ရသည်။ ထို့အပြင် ကျန်းလော့သည် အဖြူရောင်လိုက်ကာကို ဆွဲထားပြီး ရေချိုးနေပြီဖြစ်သည်။

ချီယုံသည် ဘာမှမပြောသော်လည်း ကျိန်ဆဲ၍ ဘေးမှ ကြိုးတန်းကို ဖျက်ဆီးပစ်လိုက်လေသည်။

"ခရက် ဘမ်းးးးးးးးး"

အခန်းတစ်ခုလုံးသည် ကုတင်အနီးတဝိုက်မှလွဲ၍ အမှုန့်ဖြစ်အောင် ကျိုးပဲ့သွားသည်။ အခုလေးတင်မှ သခင့်အခန်းထဲမှ တစ်ခုခုကို အာရုံခံမိသော ကောဝူချန်နှင့် ဟွာပိတို့သည် အခန်းထဲမဝင်ခင် တံခါးအပြင်ဘက်တွင် ဖိအားအကြီး၏ ရိုက်ခတ်မှုဒဏ်ခံလိုက်ရသည်။

သူတို့နှစ်ယောက်သည် ကြောက်ရွံ့စွာ ခုခံလိုက်ကြပြီး လည်ချောင်းမှဆန်တက်လာသော သွေးများကို မြိုချကာ နေရာတွင်ပင် ပြားပြားဝပ်နေကြသည်။

အချိန်ဘယ်လောက်ကြာသွားသည်မသိ အခန်းထဲမှ ဆူညံသံများ နောက်ဆုံးတော့ ရပ်တန့်သွားလေပြီ။

ကောဝူချန်နှင့် ဟွာပိတို့သည် အခန်းတံခါးကို သတိကြီးကြီးထား၍ ပြိုင်တူကြည့်လိုက်ကြသည်။ မကောင်းဆိုးဝါးသည် မီးသွေးတုံးလို မည်းနက်နေသော ကြမ်းပြင်ပေါ်တွင် အချိန်အကြာကြီး စကားတစ်လုံးမှ မပြောဘဲ ရပ်နေသည်။ မကောင်းဆိုးဝါးနောက်မှ မြူနက်များသည် အခန်းတစ်ခန်းလုံးနီးပါး မည်းမှောင်နေစေပြီး တစ္ဆေသွေးကြောလိုင်းများသည် ချီယုံ့မျက်လုံးနားအထိ တွယ်တက်လာနေပြီး မကောင်းဆိုးဝါး၏ ချောမောသော မျက်နှာကို ကြောက်မက်ဖွယ်ကောင်းသွားစေသည်။

ချီယုံသည် သူ၏ စိတ်ခံစားချက်အစစ်အမှန်ကို ထုတ်ပြခဲပြီး ယခုကဲ့သို့ ကြောက်စရာကောင်းလောက်အောင် အေးခဲသွားစေအောင် ဒေါသပုန်ထနေခြင်းမျိုးတို့ကိုတော့ သူတို့ တစ်ခါမှကို မမြင်ဖူးခဲ့ပါ။ ကောဝူချန်သည် ကြောက်လွန်းလို့တုန်နေပြီး မနည်းသတ္တိမွေးကာ မော့ကြည့်၍ ပြောသည်။

"သခင်"

ချီယုံ့၏ သွေးကဲ့သို့ နီရဲနေသော မျက်ဝန်းအစုံကို တွေ့သောအခါ ကောဝူချန်သည် တိတ်ဆိတ်သွားသည်။ သူတို့၏ မယုံနိုင်စွာ အံ့ဩနေမှုကြားတွင် မကောင်းဆိုးဝါးသည် ရုတ်တရက် ခပ်တိုးတိုးရယ်လိုက်သည်။ ရယ်သံသည် တဖြည်းဖြည်းပိုပြင်းထန်လာပြီး နောက်ဆုံးတွင် အူလှိုက်သည်းလှိုက် အကျယ်ကြီးအော်ရယ်တော့သည်။

သို့သော် စက္ကန့်အနည်းငယ်ကြာသောအခါ ရုတ်တရက် တုံးတိကြီး တည်သွားပြန်သည်။

"အရမ်းကောင်းတယ်"

သူက ထပ်ပြောသည်။

"အရမ်းကောင်းတယ်"

သူ့မျက်လုံးများသည် နီသည်ထက်နီလာပြီး ကြက်သွေးရောင်မီးတောက်ကဲ့သို့ တောက်ပလာကာ အမျက်ဒေါသနှင့် ရန်လိုခြင်းတို့ ပေါင်းစပ်သွားကာ မထိန်းချုပ်နိုင်တော့ပဲ မကောင်းဆိုးဝါး၏ စိတ်တည်ငြိမ်ခြင်းတို့ကို လုံးဝကျိုးပြတ်သွားစေတော့သည်။

လေနှင့် နှင်းတို့ပင် မကောင်းဆိုးဝါး၏ အမျက်ဒေါသအောက်တွင် အေးခဲသွားလောက်သည်။

"မှန်လောကထဲကို နောက်တစ်ခေါက်ဝင်ဖို့ ချက်ချင်းပြင်ဆင်တော့"

သူ့လက်များကို ဘောင်းဘီအိတ်ထဲထည့်ထားသော်လည်း လက်ချောင်းများသည် လက်သီးတင်းတင်းဆုပ်ထား၍ အရိုးများပင် အသံမြည်လာနေသည်။

"မြန်နိုင်သမျှမြန်မြန်လုပ် ငါမကြာခင်သွားချင်တယ်"

ကောင်းကောင်း ရေချိုးပြီးနောက် ကျန်းလော့သည် ရေချိုးခန်းထဲက ထွက်လိုက်သည်။ ထို့နောက် အပင်အောက်တွင် သူ့ကို စောင့်နေသော ချီယုံကို တွေ့လိုက်သည်။ မှန်လောကထဲတွင် ယခုနွေဦးရာသီသို့ ရောက်နေပြီဖြစ်ပြီး အရာအားလုံးအသက်ဝင်နေသည်။ ဖားအော်သံများလည်း နေရာအနံ့ကြားရပြီး ကျန်းလော့သည် လန်းဆန်းနေကာ ချီယုံ့ဆီသို့ လျှောက်သွားလိုက်သည်။

"မင်းရေချိုးတာ အရမ်းမြန်တာပဲ"

ချီယုံက သူ့ကိုကြည့်လိုက်သည်။

"မင်းထက် နည်းနည်းလေးပဲ မြန်တာပါ"

ကျန်းလော့သည် သူ့ကို အဓိပ္ပာယ်ပါပါကြည့်လိုက်သည်။ ထို့နောက် မသိမသာ လှောင်ပြုံးပြုံ၍ တမင်တကာ ပြောလိုက်သည်။

"အိုး မင်းကိုကြည့်ရတာ ကြောက်စရာကောင်းလာပြီ တစ်ခုခုဖြစ်ခဲ့လို့လား"

သူပြုံးလိုက်သည်နှင့် ချီယုံသည် သူ့ရှေ့မှသူ၏ အဝတ်မဲ့ ခန္ဓာကိုယ်ကိုမြင်ယောင်လာပြီး နှလုံးသားအောက်ခြေမှ ထိုလူကို မြင့်မြင့်ချည်၍ သူမြင်ချင်တာမြင်ရအောင် အကုန်ချွတ်ပစ်ချင်သည့် ဆန္ဒများ တဖွားဖွားမြင့်တက်လာလေသည်။

ချီယုံသည် သူလုပ်ချင်တာကို ချိုးနှိမ်ထားရသည်ကို လုံးဝမကြိုက်ပေ။ သို့သော် ယခုအချိန်သည် နှလုံးသားနောက်လိုက်ရမည့် အချိန်မဟုတ်ပေ။ ချီယုံသည် ပြုံး၍ ပြောသည်။

"နည်းနည်း နေလို့မကောင်းလို့ပါ"

လူနှစ်ယောက်သည် အခန်းသို့ တူတူပြန်ကြသည်။ ကျန်းလော့သည် သူနှင့် စကားပြောနေသည်။

""မင်းမနေ့ညက ထွက်သွားတာ အကြီးအကဲတွေက ခေါ်လို့လား

ချီယုံက ခေါင်းညိတ်လိုက်သည်။

"ကိုယ်က အမြဲတမ်း အကြီးအကဲတွေ သင်ကြားပေးတာကို နားထောင်ရတယ်လေ"

ကျန်းလော့သည် ချီယုံပြောသည့် သင်ကြာသည်ဟူသော စကားလုံးတွင် ထေ့ငေါ့နေသည့်အသံကို သေချာကြားလိုက်ကြောင်း သေချာသည်။ ကျန်းလော့သည် သတိမထားမိသလို ဟန်ဆောင်၍ သိချင်စိတ်ပြင်းပြစွာ ပြောသည်။

"ဘယ်လိုသင်ပေးတာလဲ"

"ကောင်းပြီလေ"

ချီယုံသည် မျက်လုံးများ မှေးလိုက်ပြီး

"မင်းစိတ်ဝင်စားရင် ကိုယ်မင်းကို အဲ့ဒီကို ခေါ်သွားပေးမယ်လေ"

ကျန်းလော့သည် မည်သို့သင်ကြားပေးသည်ကို အလွန်သိချင်နေသော်လည်း ချီမိသားစုဝင်များ၏ ပစ်မှတ်အဖြစ်မခံလိုသောကြောင့်

"မလိုတော့ပါဘူး"

အခန်းသို့ပြန်ရောက်ပြီးနောက် ဆံပင်အခြောက်ခံပြီးလျှင် ကျန်းလော့သည် အိပ်ရာခင်းကို ဆွဲဆန့်လိုက်သည်။ သူ့ကို နက်နက်နဲနဲ စိုက်ကြည့်နေသော ချီယုံ၏ အကြည့်များကို သတိထားမိလိုက်သည်။ မြှီးညှောင့်ရိုးနှင့် ပေါင်တံများပင် တောင့်တင်းလာသလို ခံစားရကာ ဝံပုလွေတစ်ကောင်မှ ချောင်းမြောင်းခံနေရသလို ခံစားရသည်။

ကျန်းလော့သည် ရုတ်တရက် လှည့်ကြည့်လိုက်ပြီး အေးစက်စွာ မေးလိုက်သည်။

"ဘာတွေ ဒီလောက်တောင် ကြည့်နေတာလဲ"

သို့သော် ချီယုံသည် သူလှည့်ကြည့်လိုက်၍ အထိတ်တလန့်ဖြစ်မသွားသည့်အပြင် သူ့အကြည့်သည် ပိုမိုပူလောင်လာပြီး တည့်တိုးဆန်လာကာ လက်ဖက်ရည်တစ်ငုံသောက်၍ ပြုံးပြီး ပြောသည်။

"သခင်လေးကျန်းကို ကြည့်နေတာလေ"

ကျန်းလော့သည် လူပျိုပေါက်လေး၏ တည်ငြိမ်မှုကို သဘောမကျပေ။ သူသည် စိတ်ဝင်စားလာပြီး ရှေ့တိုး၍ ချီယုံ့ရှေ့တွင် ဝင်ထိုင်လိုက်သည်။ ထို့နောက်လက်နှစ်ဖက်ကို စားပွဲပေါ်သို့ တင်ကာ မေးထောက်၍ ခေါင်းအနည်းငယ်စောင်းလိုက်သည်။

"ပြောပါဦး ဘာတွေ ဒီလောက်တောင် ကြည့်နေရတာလဲ"

ဖယောင်းတိုင်မီးရောင်အောက်တွင် ကွေးတက်နေသော ကြက်သွေးရောင်နှုတ်ခမ်းတစ်စုံသည် သွေးဆောင်ဖြားယောင်းနေသလို ရွှန်းလက်တောက်ပနေသည်။

ချီယုံ၏ မျက်လုံးများသည် နီရဲရဲနှုတ်ခမ်းများတွင် ရပ်တန့်သွားပြီး

"သခင်လေးကျန်းက ကိုယ်ထင်ထားတာနဲ့ အရမ်းကို မတူဘူးလို့လေ"

ကျန်းလော့ "ဟမ်"

ဖယောင်းတိုင်မီးရောင်သည် အခန်းထဲမှ လေထုကြောင့် အနည်းငယ် ယိမ်းယိုင်နေသည်။ ကျန်းလော့က ထပ်ဖြည့်ပြောသည်။

"မင်းကတော့ ငါထင်ထားတာနဲ့ သိပ်တော့ မကွာပါဘူး"

သူသည် ပြောနေရင်းလက်ချောင်းများကို ညင်သာစွာမြောက်၍ ဆံပင်သပ်လိုက်သည်။ ချီယုံ့အာရုံသည် ထိုလက်ချောင်းများနောက် လိုက်ပါသွားကာ မထိန်းချုပ်နိုင်တော့ဘဲ လက်မြှောက်လာသည်။

ကျန်းလော့သည် ကျိတ်ရယ်လိုက်ပြီး စိတ်ထဲပြောသည်။

'လူပျိုလေးက အကြာကြီးမထိန်းထားနိုင်ပါဘူးကွာ '

ချီယုံ့လက်များ သူမျက်နှာကိုထိတော့မည့် အချိန်တွင် သူသည်ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။

"ငါအိမ်သာသွားမလို့ သခင်လေးချီ အရင်အိပ်နှင့်လိုက်ပါ"

ထို့နောက် ကျန်းလော့သည် စက္ကန့်မဆိုင်းဘဲ သူ့ဆွဲဆောင်မှုတွင် ကျရှုံးသွားသော လူပျိုလေးကိုထား၍ အခန်းထဲမှ ထွက်လာသည်။

အခန်းတံခါးသည် ပွင့်သွားပြီး တဖန်ပြန်ပိတ်သွားကာ အခန်းထဲတွင်တော့ အလင်းသဲ့သဲ့လေး လင်းနေသေးသော်လည်း ပျော်ရွှင်ဖွယ်လေထုလေးကတော့ ပျောက်ဆုံးသွားပြီဖြစ်သည်။

ချီယုံ့လက်သည် လေထဲတွင် မြှောက်ရပ်သားကြီး ရှိသေးသည်။

အကြာကြီးကြာမှ သတိပြန်ဝင်လာကာ သူ့ကိုယ်သူပြောလိုက်သည်။

"တမင်တကာ လုပ်သွားတာလား"

".............."

"ဒါပေမဲ့လည်း တမင်တကာ ရန်စတာထက်စာရင် တော်သေးတယ် ပြောရမယ်"

အိမ်အပြင်ဘက်တွင် လေအေးများတိုက်နေပြီး တိမ်ထူနေသောကြောင့် လမင်းကြီးကို မမြင်ရပေ။ ကျန်းလော့သည် သန့်စင်ခန်းသွားခြင်း မဟုတ်ပေ။ တခြားတစ်ခုခုလုပ်ချင်၍ ပေးခဲ့သော ဆင်ခြေတစ်ခုသာ ဖြစ်သည်။

ဥပမာပေးရလျှင် ညဘက်တွင် လူလိုက်သတ်သော မကောင်းဆိုးဝါးကို ရှာရန်ဖြစ်သည်။

မှန်လောကထဲတွင်နေရသည်မှာ သူ့အတွက် အလွန်အဆင်မပြေပေ။ ချီယုံငယ်လေးကို အနိုင်ကျင့်လို့ရသည်ဆိုလျှင်ပင် ကျန်းလော့သည် သူ၏ အတိတ်မှကိစ္စများကို ကန့်လန့်ကာနောက်ကွယ်မှ လူများ နက်နက်ရှိုင်းရှိုင်းတူးဖော်နေသည်ကို မလိုလားပေ။ ထိုအရာသည် ကျန်းလော့ကို အလွန်အမင်း မတအားကို စိတ်မပျော်ဖြစ်စေပြီး သူသည် အတိတ်ကို ပြန်မတူးဆွချင်ပေ။

#################

Zawgyi

အပိုင္း (၁၂၃) မေကာင္းဆိုးဝါး၏ မွန္ေလာကထဲသို႔ ပထမဆုံး ခရီးစဥ္

ဝမ္ယမ္လန္သည္ သူ႔အမူအယာကို ထိန္းသိမ္းၿပီး တည္ၾကည္ေသာ မ်က္ႏွာျဖင့္

"ဘာကို ဆိုလိုတာလဲ"

သို႔ေသာ္ အသုဘပစၥည္းအေရာင္းဆိုင္ပိုင္ရွင္ပိုင္ရွင္သည္ ထို႔ထက္ပိုေျပာမည့္ အစီအစဥ္မရွိသလိုမ်ိဳး သူတို႔လက္ထဲသို႔ နားဆြဲမ်ားထည့္ေပး၍ ထြက္သြားဖို႔ ျပင္သည္။ ရယ္႐ႊင္က ႐ုတ္တရက္ေျပာလိုက္သည္။

"သုံးရက္ပဲ အခ်ိန္ရမွာလား"

အသုဘပစၥည္းအေရာင္းဆိုင္ပိုင္ရွင္ပိုင္ရွင္က ရယ္႐ႊင္ကို လွည့္ၾကည့္လိုက္ၿပီး ခြမ့္က်ိန္းကို ၾကည့္၍

"သူက ပန္းပဲဆရာေလ ေမွာ္လက္နက္ေတြမွာ အခ်ိန္အကန႔္အသတ္ရွိၿပီး သူ႔အရွိန္အဝါနဲ႔ စြမ္းအားက အခ်ိန္ကုန္ရင္ သက္ေရာက္မႈမရွိေတာ့တာ သူပိုသိႏိုင္တယ္"

"သုံးရက္ပဲ"

အသုဘပစၥည္းအေရာင္းဆိုင္ပိုင္ရွင္ပိုင္ရွင္သည္ ေျပာၿပီးသည္ႏွင့္ ခ်က္ခ်င္းထြက္သြားသည္။

"နားဆြဲေတြရဲ႕ အရွိန္အဝါက တစ္ရက္ထပ္တစ္ရက္ေလ်ာ့နည္းသြားလိမ့္မယ္ သုံးရက္ျပည့္ရင္.............."

ေနာက္ဆက္တြဲ စကားလုံးမ်ားသည္ ေလထုထဲတြင္ ေပ်ာက္ကြယ္သြားသည္။

ေက်ာင္းသားမ်ားႏွင့္ ေဝးေဝးေရာက္မွ အသုဘပစၥည္းအေရာင္းဆိုင္ပိုင္ရွင္ပိုင္ရွင္သည္ သူ႔ကိုယ္သူေျပာလိုက္သည္။

"ဟင္း ငါထင္တာ လ်န္အိမ္ေတာ္ထဲ ေရာက္သြားရင္ က်န္းေလာ့အဆင္ေျပသြားမယ္ ထင္ခဲ့တာ မထင္မွတ္ထားဘဲ သူ႔ကို က်ားပါးစပ္ထဲ ထည့္ေပးလိုက္မိသလိုျဖစ္သြားၿပီ ဟုတ္သားပဲ ငါဘာလို႔ အဲ့ဒါကို ေမ့သြားရတာလဲကြာ လ်န္အိမ္ေတာ္ကလူေတြနဲ႔မေတြ႕တာၾကာေနၿပီေပမဲ့ သူတို႔က အရမ္းကို႐ိုးသားၿပီး သစၥာရွိၾကတဲ့သူေတြပဲ အဲ့ဒီသူတို႔ယုံၾကည္တဲ့သူရဲ႕ စကားတစ္ခြန္းနဲ႔တင္ ေနာက္မ်ိဳးဆက္ေတြကို ေဆးပညာကလြဲရင္ ဘာမွသင္မေပးေတာ့တာသာၾကည့္၊ တစ္ခုခုအမွားလုပ္မိရင္ ကိုယ့္ဟာကိုအေျဖရွာရမွာပဲ ................. ငါဝင္ပါလို႔မရေတာ့ သူ႔ကို 'နတ္ဘုရားေကာင္းခ်ီးခံဆြဲျပား' ေပးလိုက္တာပဲ ဒီေတာ့ ဒီကေလးတစ္စုကိုပဲ ေမွ်ာ္လင့္ခ်က္ထားရေတာ့မွာပဲ တကယ္ေတာ့ 'နတ္ဘုရားေကာင္းခ်ီးခံဆြဲျပား' ရဲ႕ သက္ေရာက္မႈက ငါးရက္ခံေပမဲ့ ငါသူတို႔ကို ဖိအားေပးဖို႔ သုံးရက္လို႔ ေျပာမိသြားတယ္ သူတို႔ေနာက္က်မသြားဖို႔ပဲ ေမွ်ာ္လင့္ရမယ္"

မွန္ေလာကထဲတြင္ က်န္းေလာ့သည္ ခ်ီယုံသူ႔ကို ေခ်ာင္းၾကည့္ေနတာ သိသည္ႏွင့္ အေပၚပိုင္းကို ခြၽတ္ပစ္လိုက္သည္။

ေက်ာ႐ိုးျဖဴသြယ္သြယ္၏ ေကာက္ေၾကာင္းသည္ ေႏြးေထြးေသာ အလင္းေရာင္ေအာက္တြင္ အၾကည့္မလႊဲႏိုင္ေအာင္ ထပ္ခါထပ္ခါ ၾကည့္ခ်င္ေအာင္ ဆြဲေဆာင္ေနသည္။ တဖက္လွည့္ထားေသာ မ်က္ႏွာတြင္ ႏႈတ္ခမ္းေထာင့္မ်ား လွ်ိဳ႕ဝွက္စြာ ေကာ့တက္ေနၿပီး လက္ကို ခါးပတ္ေပၚသို႔တင္လိုက္ေသာ္လည္း ေနာက္တစ္ဆင့္ကို လုပ္သင့္မလုပ္သင့္ ေတြေဝေနသည္။

နံရံတစ္ဖက္တြင္ ခ်ီယုံ႔မ်က္လုံးမ်ားသည္ အၾကည့္မလႊဲႏိုင္ဘဲ က်န္းေလာ့လက္ လႈပ္ရွားမည္ကို ေမွ်ာ္လင့္တႀကီး ေစာင့္ၾကည့္ေနသည္။ လူငယ္ေလးသည္ ထိုသို႔ေသာ လွပမႈ၏ အတြင္းက်က်ပုံရိပ္ကို မခုခံႏိုင္ေပ။ သူေစာင့္ၾကည့္ေနခ်ိန္တြင္ ျပင္ပမွလာေသာ သတိဝိဉာဥ္အမွ်ဥ္ေသးေသးေလး မ်ားစြာသည္ သူ႔ခႏၶာကိုယ္ထဲသို႔ တတိတိ ဝင္ေရာက္သြားသည္။

ထိုအသိစိတ္မွ်င္မ်ားသည္ အလြန္အစြမ္းထက္ၿပီး အရွိန္အဝါႀကီးမားေနသည္မွာ ခ်ီယုံပိုင္ဆိုင္ေသာ အသိစိတ္မ်ားမွန္း သိသာေနသည္။ မွန္ထဲမွ ခ်ီယုံသာ သတိမထားမိတာမဟုတ္ဘဲ ျမဴနက္မ်ားပင္လွ်င္ ပိုင္ရွင္ကိုေတြ႕သလို မလႈပ္ရွားၾကေပ။

မေကာင္းဆိုးဝါး၏ ဝင္ေရာက္ပူးကပ္ျခင္း ျဖစ္စဥ္ျဖစ္သည္။

အရာအားလုံးသည္ မယုံႏိုင္ေလာက္ေအာင္ ေခ်ာေမြ႕ေနသည္။ သို႔ေသာ္ မေကာင္းဆိုးဝါးမွ စတင္ၿပီး ခႏၶာကိုယ္ကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားခ်ိန္မွာေတာ့ တစ္ခုခုမွားေနေၾကာင္း သတိထားမိသြားသည္။

ဤခႏၶာကိုယ္ကို သူမထိန္းခ်ဳပ္ႏိုင္ေပ။ အံ့ဩစရာေကာင္းေလာက္ေအာင္ ထိန္းခ်ဳပ္၍ မရေပ။

မေကာင္းဆိုးဝါးသည္ ဤသို႔ျဖစ္ႏိုင္ေခ်ကို လုံးဝမေမွ်ာ္လင့္ထားေပ။

သူ၏ အသိစိတ္မွ်င္အနည္းငယ္ကိုသာ မွန္ေလာကထဲသို႔ထည့္ခဲ့ေသာ္လည္း မေကာင္းဆိုးဝါးအတြက္ ထိုမွ်အသိစိတ္မွ်င္ေလာက္ကပင္ လူတစ္ေယာက္ကို ထိန္းခ်ဳပ္ရန္ လုံေလာက္သည္ထက္ ပိုေနၿပီး ျဖစ္သည္။

ပို၍ ထူးျခားသည္မွာ သူသည္ တစ္စုံတစ္ေယာက္ကို ေနာက္ကြယ္မွ ထိန္းခ်ဳပ္ျခင္းမဟုတ္ပဲ ကိုယ္တိုင္ဝင္ပူးျခင္းျဖစ္ေသာေၾကာင့္ မျဖစ္ႏိုင္စရာမရွိရာ အလြန္အံ့ဩေနရသည္။

'ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ'

မေကာင္းဆိုးဝါးသည္ အသိစိတ္မွ်င္မ်ားကို သူဝင္ပူးထားသူကိုယ္ထဲ ျဖန႔္ၾကပ္ရန္ ေနာက္တစ္ႀကိမ္ အမိန႔္ေပးလိုက္သည္။ ထပ္ၿပီး က်ရႈံးသြားျပန္သည္။

မယုံႏိုင္စရာေကာင္းေလာက္ေအာင္ပင္ သူ၏ အသိစိတ္မွ်င္အခ်ိဳ႕ပင္ လြင့္ျပယ္သြားေသးသည္။ ယခု သူသည္ တျခားတစ္ေယာက္၏ ခႏၶာကိုယ္ထဲတြင္ ရွိေနျခင္းျဖစ္သည္။ ထို႔ေၾကာင့္ သူဝင္ထားေသာ ခႏၶာကိုယ္ပိုင္ရွင္ ျမင္သမွ် ၾကားသမွ် အကုန္သိႏိုင္ ျမင္ႏိုင္ေလသည္။ ဤခႏၶာကိုယ္တစ္ခုလုံးမွ အာ႐ုံငါးပါးႏွင့္ အသိစိတ္ကို ေကာင္းေကာင္းႀကီး ခံစားႏိုင္ေသာ္လည္း ထိုလူကိုေတာ့ မထိန္းခ်ဳပ္ႏိုင္ေပ။

ပထမဆုံးပူးကပ္ျခင္းသည္ သနားစရာေကာင္းေလာက္ေအာင္ က်ရႈံးသြားသည္။ မေကာင္းဆိုးဝါး၏ စိတ္အေျခအေနသည္ သိပ္အဆင္ေျပေနပုံမရေတာ့ေပ။ သို႔ေသာ္ မၾကာခင္တြင္ တစ္စုံတစ္ေယာက္၏ ျပင္းျပင္းပ်ပ် ျမင္ေတြ႕ခ်င္လာေသာ ဆႏၵကို ခံစားမိလိုက္ကာ ပတ္ဝန္းက်င္ကို ၾကည့္ရန္ အာ႐ုံရသြားသည္။

ေရသံ ေရေငြ႕မ်ားႏွင့္ စိုစြတ္မႈ 'ၾကည့္ရတာ ေရခ်ိဳးခန္းထဲမွာထင္တယ္'

မေကာင္းဆိုးဝါးသည္ သူ၏ အသိစိတ္မွ်င္မ်ားအားလုံးကို မ်က္လုံးဆီသို႔ ပို႔လိုက္သည္။

ျမဴေငြ႕မ်ား ဆိုင္းေနၿပီး နံရံမ်ားသည္ အိုေဟာင္းေနၿပီး အလင္းေရာင္သည္ မႈန္မႈိင္းေနကာ မီးစာေလးသည္ ယိမ္းယိုင္ေနသည္။

ခႏၶာကိုယ္သည္ နံရံမွ အေပါက္ကို ေခ်ာင္းၾကည့္ေနေသာေၾကာင့္ မေကာင္းဆိုးဝါးသည္ ထိုခႏၶာကိုယ္ ၾကည့္ေနရာသို႔ ၾကည့္လိုက္သည္။ သို႔ေသာ္ ၾကည့္လိုက္သည္ႏွင့္ သူျမင္လိုက္ရသည္မွာ တစ္ဝက္ကိုယ္တုံးလုံးျဖစ္ေနေသာ ေက်ာေပးရပ္ေနေသာ က်န္းေလာ့ကို အေပါက္ထဲမွ ျမင္လိုက္ရေလသည္။

က်န္းေလာ့သည္ သူ႔ကို ေခ်ာင္းၾကည့္ေနေသာ မ်က္လုံးကို သတိျပဳမိပုံမရေပ။ ပ်င္းရိေအးေဆးစြာပင္ ခါးပတ္ကို ခြၽတ္ေနၿပီး ျဖဴေဖြးေသာ ေက်ာက္စိမ္းကဲ့သို႔ အျဖဴေရာင္ေပါင္တံရွည္သည္ ေျဖးေျဖးခ်င္းေပၚလာေနၿပီး ခႏၶာကိုယ္သည္ အေပါက္ထဲမွ ၾကည့္ရတာ အားမရသလို ျဖစ္လာသည္။ ေကာက္ေကြ႕ေသာ ဆံပင္နက္နက္မ်ားသည္ ပုခုံးထက္မွ ေက်ာျပင္ေပၚသို႔ ေလ်ာက်ေနၿပီး ေဟာင္းႏြမ္းေနေသာ အဝါေရာင္ ဓာတ္ပုံေဟာင္းကဲ့သို႔ အလင္းမႈိင္းမႈိင္းတြင္ မသဲမကြဲ လႈပ္ရွားယိမ္းႏြဲ႕ေနသည္။

က်န္းေလာ့သည္ သူ႔ကိုယ္ေပၚမွ ေနာက္ဆုံးအဝတ္ကို ခြၽတ္ေတာ့မည့္အခ်ိန္တြင္ သူ႔ကိုယ္ေနဟန္ထားသည္ အၾကည့္မလႊဲႏိုင္ေအာင္ ဆြဲေဆာင္မႈ ရွိေနေလသည္။

မေကာင္းဆိုးဝါးသည္ ထိုျမင္ကြင္းကို ၾကည့္၍ သူ႔စိတ္မွ ေမွာင္မိုက္နက္ေစြးေသာ အလြန္လူသတ္ခ်င္ေနေသာ ရန္လိုစိတ္တို႔ ထိန္းမရေအာင္ ေပၚထြက္လာေတာ့သည္။

'ဒီအေကာင္က က်န္းေလာ့ကို ေခ်ာင္းၾကည့္ေနတယ္'

'အခုထိ ၾကည့္ေနေသးတယ္'

မယုံႏိုင္ေလာက္ေအာင္ပင္ ေဒါသေၾကာင့္ တစ္ကိုယ္လုံးပြက္ပြက္ဆူေနသည့္ ဆီအိုးႀကီး ျဖစ္လာသလို သူဝင္ထားေသာ ခႏၶာကိုယ္ကို အမႈန႔္ပါမက်န္ေအာင္ ဖ်က္ဆီးပစ္လိုက္ခ်င္စိတ္တို႔ ႀကီးစိုးလာေတာ့သည္။

"ဒီေကာင္က ............ ဒင္းက အတင့္ရဲလို႔ ................"

မထိန္းခ်ဳပ္ႏိုင္ေသာ ေပါက္ကြဲအားျပင္းျပင္းျဖင့္ ေဒါသတႀကီးရန္လိုမႈသည္ မေကာင္းဆိုးဝါး၏ ကိုယ္တြင္းအဂၤါမ်ားကို ပါ ျဖတ္သန္းသြားသည္။ မေကာင္းဆိုးဝါး၏ အသိစိတ္မွ်င္မ်ားသည္ ေဒါသတႀကီး တုန္ယင္ေနၿပီး ရက္စက္စြာ ေပါက္ကြဲထြက္ေတာ့မလို ျဖစ္လာသည္။

သို႔ေသာ္ ယခုအခ်ိန္တြင္ မေကာင္းဆိုးဝါးသည္ မွန္ေလာကထဲသို႔ ဝင္ရန္ အသိစိတ္မွ်င္ အနည္းငယ္ကိုသာ အသုံးျပဳခဲ့သည္ ထို႔ေၾကာင့္ ဒီလူကို သတ္ရန္ အင္အားမလုံေလာက္ေပ။

သို႔ေသာ္ မကာင္းဆိုးဝါးကိုယ္ထဲမွ အမ်က္ေဒါသသည္ ထိုသို႔ေသာ္ အေျခအေနမ်ိဳးကို လုံးဝသည္းခံႏိုင္စြမ္း မရွိေတာ့ေပ။

သူ႔အသိစိတ္မွ်င္မ်ားမွ စြမ္းအားမ်ား အကုန္စုစည္းကာ ထိုလူ၏ ခႏၶာကိုယ္ကို တတ္ႏိုင္သေလာက္ ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေတာ့သည္။ ေနာက္ဆုံးတြင္ လက္တစ္ဖက္ကို ျပည့္ျပည့္ဝဝ ထိန္းခ်ဳပ္ႏိုင္သြားသည္။

က်န္းေလာ့ကို ေခ်ာင္းၾကည့္ေနေသာ ခ်ီယုံသည္ လႈံ႕ေဆာ္မႈတစ္ခုကို ခံစားမိၿပီး သူ႔ခႏၶာကိုယ္တြင္ တစ္ခုခုမွားေနေၾကာင္း သတိထားမိသြားသည္။ က်န္းေလာ့ထံမွ အၾကည့္လႊဲလိုက္ၿပီး ညာဘက္လက္ကို စိုက္ၾကည့္လိုက္သည္။

ညာဘက္လက္သည္ အံ့ဩစရာေကာင္းစြာပင္ သူမလုပ္ပါပဲ ေျမႇာက္တက္လာသည္။ ႐ုပ္ေသးထိန္းခ်ဳပ္ျခင္းအိမ္ေတာ္၏ ဆက္ခံသူတစ္ေယာက္အေနျဖင့္ ခ်ီယုံသည္ ခ်က္ခ်င္းပင္ သူ႔လက္ကို တစ္ေယာက္ေယာက္က ထိန္းခ်ဳပ္ေနမွန္း သိလိုက္သည္။

ခ်ီယုံ႔မ်က္လုံးအစုံသည္ နက္ရႈိင္းသြားၿပီး ညာဘက္လက္ကို စိုက္ၾကည့္ေနေတာ့သည္။ အခုအခ်ိန္မွာသာ တကယ္ႀကီး မျဖစ္ေနဘူးဆိုလွ်င္ သူသည္ ဤေလာကတြင္ သူ႔ကိုထိန္းခ်ဳပ္ႏိုင္သူ ရွိမည္ကို ဘယ္လိုေျပာေျပာ ယုံမွာ မဟုတ္ေပ။

'ဘယ္လိုလုပ္ၿပီး ဒီလိုျဖစ္ႏိုင္ရတာလဲ'

တစ္စုံတစ္ေယာက္မွ သူ႔ကိုထိန္းခ်ဳပ္ေနျခင္းသည္ သူ႔ကို အံ့ဩေစသည္။

သူ႔လက္တစ္ဖက္ကိုသာ ထိန္းခ်ဳပ္ထားျခင္းျဖစ္ေသာ္လည္း ထိုသည္ကပင္ ခ်ီယုံကို တအားေဒါသထြက္ေအာင္ လုပ္ေဆာင္ႏိုင္ေလသည္။

သူ႔အၾကည့္ကို ခံစားမိပုံျဖင့္ သူ႔လက္ကို ထိန္းခ်ဳပ္ေနေသာ အားသည္ ပို၍ သန္မာလာသည္။ ထိုလက္သည္ တျဖည္းျဖည္း သူ႔မ်က္ႏွာနားထိ ေျမႇာက္တက္လာေလသည္။

'ဘာလုပ္ခ်င္ေနတာလဲ'

ခ်ီယုံသည္ သူ႔ဘယ္ဘက္လက္ျဖင့္ ထိန္းခ်ဳပ္ခံညာဘက္လက္ကို ဖိ၍ ေအးစက္ေသာ အမိန႔္ေပးသည့္ အသံျဖင့္ ေျပာလိုက္သည္။

"ငါ့ကိုယ္ငါ မထိန္းခ်ဳပ္ႏိုင္ဘူးလို႔ မယုံဘူး "

ျမဴနက္မ်ားသည္ သူ႔ညာလက္ကို ရစ္ပတ္လာၿပီး ခ်ီယုံသည္ ဘယ္ဘက္လက္ကို လႊတ္လိုက္သည္။ သိုေသာ္ ေနာက္ခနတြင္ ညာဘက္လက္သည္ သူထင္ထားသလို ရပ္တန႔္မသြားဘဲ ျမဴနက္မ်ားသည္ ခ်ီယုံ႔မ်က္ႏွာနားသို႔ ထိုလက္တိုးကပ္လာသည္ကို ခြင့္ျပဳထားသည္ကို ျမင္လိုက္ရသည္။

ခ်ီယုံက မေမွ်ာ္လင့္ထားသည့္ ကိစၥကို ျမင္လိုက္ရပုံျဖင့္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ သို႔ေသာ္ ခနအတြင္းပင္ စိတ္ၿငိမ္သြားၿပီး ညာဘကလက္ကို ေအးစက္စြာၾကည့္ေနကာ ထိုလက္လုပ္ခ်င္သည့္ အရာကို ေစာင့္ၾကည့္ေနလိုက္သည္။

ျဖဴေဖ်ာ့ေသာ လက္ညႇိဳးႏွင့္ လက္ခလယ္ႏွစ္ေခ်ာင္းသည္ ခ်ီယုံ႔မ်က္လုံးတို႔ျဖင့္ တျဖည္းျဖည္း နီးကပ္လာသည္။ ၎း၏ရည္႐ြယ္ခ်က္သည္ ရွင္းလင္းလြန္းသည္။ ခ်ီယုံ၏ ေခ်ာင္းၾကည့္ခဲ့ေသာ မ်က္လုံးတစ္ဖက္ကို ေဖာက္ထုတ္ပစ္ခ်င္ျခင္း ျဖစ္သည္။

ထိုညာဘက္လက္တြင္ ထိုသို႔ ေဖာက္ပစ္ႏိုင္ေသာ အင္အားလည္း ရွိသည္။

လက္ေခ်ာင္းရွည္ရွည္ႏွစ္ေခ်ာင္းသည္ မ်က္လုံးကို ခႏၶာကိုယ္ထဲမွ ေဖာက္ထုတ္ႏိုင္ေတာ့မည့္ အခ်ိန္တြင္ ညာဘက္လက္သည္ ႐ုတ္တရက္ ေပ်ာ့က်သြားၿပီး ခႏၶာကိုယ္ေဘးသို႔ အိက်သြားေတာ့သည္။

သူ႔ညာဘက္လက္ကို ထိန္းခ်ဳပ္ေနေသာ အရာထြက္သြားေလၿပီ။

ခ်ီယုံ႔ မ်က္လုံးထဲမွ ေအးစက္မႈသည္ ပို၍ နက္ရႈိင္းလာသည္။ အၾကာႀကီးၾကာေအာင္ ညာဘက္လက္ကို စိုက္ၾကည့္ေနၿပီး ဂူေပါက္ကဲ့သို႔ မ်က္လုံးမ်ားသည္ ေမွာင္မိုက္ေနေလသည္။

ထို႔ေနာက္ အေပါက္ထဲသို႔ ျပန္ၾကည့္လိုက္ရာ ကံမေကာင္းစြာပင္ သပ္သပ္ရပ္ရပ္ေခါက္၍ ႀကိဳးတန္းေပၚတင္ထားသည့္ က်န္းေလာ့၏ အဝတ္မ်ားကိုသာ ျမင္လိုက္ရသည္။ ထို႔အျပင္ က်န္းေလာ့သည္ အျဖဴေရာင္လိုက္ကာကို ဆြဲထားၿပီး ေရခ်ိဳးေနၿပီျဖစ္သည္။

ခ်ီယုံသည္ ဘာမွမေျပာေသာ္လည္း က်ိန္ဆဲ၍ ေဘးမွ ႀကိဳးတန္းကို ဖ်က္ဆီးပစ္လိုက္ေလသည္။

"ခရက္ ဘမ္းးးးးးးးး"

အခန္းတစ္ခုလုံးသည္ ကုတင္အနီးတဝိုက္မွလြဲ၍ အမႈန႔္ျဖစ္ေအာင္ က်ိဳးပဲ့သြားသည္။ အခုေလးတင္မွ သခင့္အခန္းထဲမွ တစ္ခုခုကို အာ႐ုံခံမိေသာ ေကာဝူခ်န္ႏွင့္ ဟြာပိတို႔သည္ အခန္းထဲမဝင္ခင္ တံခါးအျပင္ဘက္တြင္ ဖိအားအႀကီး၏ ႐ိုက္ခတ္မႈဒဏ္ခံလိုက္ရသည္။

သူတို႔ႏွစ္ေယာက္သည္ ေၾကာက္႐ြံ႕စြာ ခုခံလိုက္ၾကၿပီး လည္ေခ်ာင္းမွဆန္တက္လာေသာ ေသြးမ်ားကို ၿမိဳခ်ကာ ေနရာတြင္ပင္ ျပားျပားဝပ္ေနၾကသည္။

အခ်ိန္ဘယ္ေလာက္ၾကာသြားသည္မသိ အခန္းထဲမွ ဆူညံသံမ်ား ေနာက္ဆုံးေတာ့ ရပ္တန႔္သြားေလၿပီ။

ေကာဝူခ်န္ႏွင့္ ဟြာပိတို႔သည္ အခန္းတံခါးကို သတိႀကီးႀကီးထား၍ ၿပိဳင္တူၾကည့္လိုက္ၾကသည္။ မေကာင္းဆိုးဝါးသည္ မီးေသြးတုံးလို မည္းနက္ေနေသာ ၾကမ္းျပင္ေပၚတြင္ အခ်ိန္အၾကာႀကီး စကားတစ္လုံးမွ မေျပာဘဲ ရပ္ေနသည္။ မေကာင္းဆိုးဝါးေနာက္မွ ျမဴနက္မ်ားသည္ အခန္းတစ္ခန္းလုံးနီးပါး မည္းေမွာင္ေနေစၿပီး တေစၦေသြးေၾကာလိုင္းမ်ားသည္ ခ်ီယုံ႔မ်က္လုံးနားအထိ တြယ္တက္လာေနၿပီး မေကာင္းဆိုးဝါး၏ ေခ်ာေမာေသာ မ်က္ႏွာကို ေၾကာက္မက္ဖြယ္ေကာင္းသြားေစသည္။

ခ်ီယုံသည္ သူ၏ စိတ္ခံစားခ်က္အစစ္အမွန္ကို ထုတ္ျပခဲၿပီး ယခုကဲ့သို႔ ေၾကာက္စရာေကာင္းေလာက္ေအာင္ ေအးခဲသြားေစေအာင္ ေဒါသပုန္ထေနျခင္းမ်ိဳးတို႔ကိုေတာ့ သူတို႔ တစ္ခါမွကို မျမင္ဖူးခဲ့ပါ။ ေကာဝူခ်န္သည္ ေၾကာက္လြန္းလို႔တုန္ေနၿပီး မနည္းသတၱိေမြးကာ ေမာ့ၾကည့္၍ ေျပာသည္။

"သခင္"

ခ်ီယုံ႔၏ ေသြးကဲ့သို႔ နီရဲေနေသာ မ်က္ဝန္းအစုံကို ေတြ႕ေသာအခါ ေကာဝူခ်န္သည္ တိတ္ဆိတ္သြားသည္။ သူတို႔၏ မယုံႏိုင္စြာ အံ့ဩေနမႈၾကားတြင္ မေကာင္းဆိုးဝါးသည္ ႐ုတ္တရက္ ခပ္တိုးတိုးရယ္လိုက္သည္။ ရယ္သံသည္ တျဖည္းျဖည္းပိုျပင္းထန္လာၿပီး ေနာက္ဆုံးတြင္ အူလႈိက္သည္းလႈိက္ အက်ယ္ႀကီးေအာ္ရယ္ေတာ့သည္။

သို႔ေသာ္ စကၠန႔္အနည္းငယ္ၾကာေသာအခါ ႐ုတ္တရက္ တုံးတိႀကီး တည္သြားျပန္သည္။

"အရမ္းေကာင္းတယ္"

သူက ထပ္ေျပာသည္။

"အရမ္းေကာင္းတယ္"

သူ႔မ်က္လုံးမ်ားသည္ နီသည္ထက္နီလာၿပီး ၾကက္ေသြးေရာင္မီးေတာက္ကဲ့သို႔ ေတာက္ပလာကာ အမ်က္ေဒါသႏွင့္ ရန္လိုျခင္းတို႔ ေပါင္းစပ္သြားကာ မထိန္းခ်ဳပ္ႏိုင္ေတာ့ပဲ မေကာင္းဆိုးဝါး၏ စိတ္တည္ၿငိမ္ျခင္းတို႔ကို လုံးဝက်ိဳးျပတ္သြားေစေတာ့သည္။

ေလႏွင့္ ႏွင္းတို႔ပင္ မေကာင္းဆိုးဝါး၏ အမ်က္ေဒါသေအာက္တြင္ ေအးခဲသြားေလာက္သည္။

"မွန္ေလာကထဲကို ေနာက္တစ္ေခါက္ဝင္ဖို႔ ခ်က္ခ်င္းျပင္ဆင္ေတာ့"

သူ႔လက္မ်ားကို ေဘာင္းဘီအိတ္ထဲထည့္ထားေသာ္လည္း လက္ေခ်ာင္းမ်ားသည္ လက္သီးတင္းတင္းဆုပ္ထား၍ အ႐ိုးမ်ားပင္ အသံျမည္လာေနသည္။

"ျမန္ႏိုင္သမွ်ျမန္ျမန္လုပ္ ငါမၾကာခင္သြားခ်င္တယ္"

ေကာင္းေကာင္း ေရခ်ိဳးၿပီးေနာက္ က်န္းေလာ့သည္ ေရခ်ိဳးခန္းထဲက ထြက္လိုက္သည္။ ထို႔ေနာက္ အပင္ေအာက္တြင္ သူ႔ကို ေစာင့္ေနေသာ ခ်ီယုံကို ေတြ႕လိုက္သည္။ မွန္ေလာကထဲတြင္ ယခုေႏြဦးရာသီသို႔ ေရာက္ေနၿပီျဖစ္ၿပီး အရာအားလုံးအသက္ဝင္ေနသည္။ ဖားေအာ္သံမ်ားလည္း ေနရာအနံ႔ၾကားရၿပီး က်န္းေလာ့သည္ လန္းဆန္းေနကာ ခ်ီယုံ႔ဆီသို႔ ေလွ်ာက္သြားလိုက္သည္။

"မင္းေရခ်ိဳးတာ အရမ္းျမန္တာပဲ"

ခ်ီယုံက သူ႔ကိုၾကည့္လိုက္သည္။

"မင္းထက္ နည္းနည္းေလးပဲ ျမန္တာပါ"

က်န္းေလာ့သည္ သူ႔ကို အဓိပၸာယ္ပါပါၾကည့္လိုက္သည္။ ထို႔ေနာက္ မသိမသာ ေလွာင္ၿပဳံးၿပဳံ၍ တမင္တကာ ေျပာလိုက္သည္။

"အိုး မင္းကိုၾကည့္ရတာ ေၾကာက္စရာေကာင္းလာၿပီ တစ္ခုခုျဖစ္ခဲ့လို႔လား"

သူၿပဳံးလိုက္သည္ႏွင့္ ခ်ီယုံသည္ သူ႔ေရွ႕မွသူ၏ အဝတ္မဲ့ ခႏၶာကိုယ္ကိုျမင္ေယာင္လာၿပီး ႏွလုံးသားေအာက္ေျခမွ ထိုလူကို ျမင့္ျမင့္ခ်ည္၍ သူျမင္ခ်င္တာျမင္ရေအာင္ အကုန္ခြၽတ္ပစ္ခ်င္သည့္ ဆႏၵမ်ား တဖြားဖြားျမင့္တက္လာေလသည္။

ခ်ီယုံသည္ သူလုပ္ခ်င္တာကို ခ်ိဳးႏွိမ္ထားရသည္ကို လုံးဝမႀကိဳက္ေပ။ သို႔ေသာ္ ယခုအခ်ိန္သည္ ႏွလုံးသားေနာက္လိုက္ရမည့္ အခ်ိန္မဟုတ္ေပ။ ခ်ီယုံသည္ ၿပဳံး၍ ေျပာသည္။

"နည္းနည္း ေနလို႔မေကာင္းလို႔ပါ"

လူႏွစ္ေယာက္သည္ အခန္းသို႔ တူတူျပန္ၾကသည္။ က်န္းေလာ့သည္ သူႏွင့္ စကားေျပာေနသည္။

""မင္းမေန႔ညက ထြက္သြားတာ အႀကီးအကဲေတြက ေခၚလို႔လား

ခ်ီယုံက ေခါင္းညိတ္လိုက္သည္။

"ကိုယ္က အၿမဲတမ္း အႀကီးအကဲေတြ သင္ၾကားေပးတာကို နားေထာင္ရတယ္ေလ"

က်န္းေလာ့သည္ ခ်ီယုံေျပာသည့္ သင္ၾကာသည္ဟူေသာ စကားလုံးတြင္ ေထ့ေငါ့ေနသည့္အသံကို ေသခ်ာၾကားလိုက္ေၾကာင္း ေသခ်ာသည္။ က်န္းေလာ့သည္ သတိမထားမိသလို ဟန္ေဆာင္၍ သိခ်င္စိတ္ျပင္းျပစြာ ေျပာသည္။

"ဘယ္လိုသင္ေပးတာလဲ"

"ေကာင္းၿပီေလ"

ခ်ီယုံသည္ မ်က္လုံးမ်ား ေမွးလိုက္ၿပီး

"မင္းစိတ္ဝင္စားရင္ ကိုယ္မင္းကို အဲ့ဒီကို ေခၚသြားေပးမယ္ေလ"

က်န္းေလာ့သည္ မည္သို႔သင္ၾကားေပးသည္ကို အလြန္သိခ်င္ေနေသာ္လည္း ခ်ီမိသားစုဝင္မ်ား၏ ပစ္မွတ္အျဖစ္မခံလိုေသာေၾကာင့္

"မလိုေတာ့ပါဘူး"

အခန္းသို႔ျပန္ေရာက္ၿပီးေနာက္ ဆံပင္အေျခာက္ခံၿပီးလွ်င္ က်န္းေလာ့သည္ အိပ္ရာခင္းကို ဆြဲဆန႔္လိုက္သည္။ သူ႔ကို နက္နက္နဲနဲ စိုက္ၾကည့္ေနေသာ ခ်ီယုံ၏ အၾကည့္မ်ားကို သတိထားမိလိုက္သည္။ ျမႇီးေညႇာင့္႐ိုးႏွင့္ ေပါင္တံမ်ားပင္ ေတာင့္တင္းလာသလို ခံစားရကာ ဝံပုေလြတစ္ေကာင္မွ ေခ်ာင္းေျမာင္းခံေနရသလို ခံစားရသည္။

က်န္းေလာ့သည္ ႐ုတ္တရက္ လွည့္ၾကည့္လိုက္ၿပီး ေအးစက္စြာ ေမးလိုက္သည္။

"ဘာေတြ ဒီေလာက္ေတာင္ ၾကည့္ေနတာလဲ"

သို႔ေသာ္ ခ်ီယုံသည္ သူလွည့္ၾကည့္လိုက္၍ အထိတ္တလန႔္ျဖစ္မသြားသည့္အျပင္ သူ႔အၾကည့္သည္ ပိုမိုပူေလာင္လာၿပီး တည့္တိုးဆန္လာကာ လက္ဖက္ရည္တစ္ငုံေသာက္၍ ၿပဳံးၿပီး ေျပာသည္။

"သခင္ေလးက်န္းကို ၾကည့္ေနတာေလ"

က်န္းေလာ့သည္ လူပ်ိဳေပါက္ေလး၏ တည္ၿငိမ္မႈကို သေဘာမက်ေပ။ သူသည္ စိတ္ဝင္စားလာၿပီး ေရွ႕တိုး၍ ခ်ီယုံ႔ေရွ႕တြင္ ဝင္ထိုင္လိုက္သည္။ ထို႔ေနာက္လက္ႏွစ္ဖက္ကို စားပြဲေပၚသို႔ တင္ကာ ေမးေထာက္၍ ေခါင္းအနည္းငယ္ေစာင္းလိုက္သည္။

"ေျပာပါဦး ဘာေတြ ဒီေလာက္ေတာင္ ၾကည့္ေနရတာလဲ"

ဖေယာင္းတိုင္မီးေရာင္ေအာက္တြင္ ေကြးတက္ေနေသာ ၾကက္ေသြးေရာင္ႏႈတ္ခမ္းတစ္စုံသည္ ေသြးေဆာင္ျဖားေယာင္းေနသလို ႐ႊန္းလက္ေတာက္ပေနသည္။

ခ်ီယုံ၏ မ်က္လုံးမ်ားသည္ နီရဲရဲႏႈတ္ခမ္းမ်ားတြင္ ရပ္တန႔္သြားၿပီး

"သခင္ေလးက်န္းက ကိုယ္ထင္ထားတာနဲ႔ အရမ္းကို မတူဘူးလို႔ေလ"

က်န္းေလာ့ "ဟမ္"

ဖေယာင္းတိုင္မီးေရာင္သည္ အခန္းထဲမွ ေလထုေၾကာင့္ အနည္းငယ္ ယိမ္းယိုင္ေနသည္။ က်န္းေလာ့က ထပ္ျဖည့္ေျပာသည္။

"မင္းကေတာ့ ငါထင္ထားတာနဲ႔ သိပ္ေတာ့ မကြာပါဘူး"

သူသည္ ေျပာေနရင္းလက္ေခ်ာင္းမ်ားကို ညင္သာစြာေျမာက္၍ ဆံပင္သပ္လိုက္သည္။ ခ်ီယုံ႔အာ႐ုံသည္ ထိုလက္ေခ်ာင္းမ်ားေနာက္ လိုက္ပါသြားကာ မထိန္းခ်ဳပ္ႏိုင္ေတာ့ဘဲ လက္ေျမႇာက္လာသည္။

က်န္းေလာ့သည္ က်ိတ္ရယ္လိုက္ၿပီး စိတ္ထဲေျပာသည္။

'လူပ်ိဳေလးက အၾကာႀကီးမထိန္းထားႏိုင္ပါဘူးကြာ '

ခ်ီယုံ႔လက္မ်ား သူမ်က္ႏွာကိုထိေတာ့မည့္ အခ်ိန္တြင္ သူသည္႐ုတ္တရက္ မတ္တပ္ရပ္လိုက္သည္။

"ငါအိမ္သာသြားမလို႔ သခင္ေလးခ်ီ အရင္အိပ္ႏွင့္လိုက္ပါ"

ထို႔ေနာက္ က်န္းေလာ့သည္ စကၠန႔္မဆိုင္းဘဲ သူ႔ဆြဲေဆာင္မႈတြင္ က်ရႈံးသြားေသာ လူပ်ိဳေလးကိုထား၍ အခန္းထဲမွ ထြက္လာသည္။

အခန္းတံခါးသည္ ပြင့္သြားၿပီး တဖန္ျပန္ပိတ္သြားကာ အခန္းထဲတြင္ေတာ့ အလင္းသဲ့သဲ့ေလး လင္းေနေသးေသာ္လည္း ေပ်ာ္႐ႊင္ဖြယ္ေလထုေလးကေတာ့ ေပ်ာက္ဆုံးသြားၿပီျဖစ္သည္။

ခ်ီယုံ႔လက္သည္ ေလထဲတြင္ ေျမႇာက္ရပ္သားႀကီး ရွိေသးသည္။

အၾကာႀကီးၾကာမွ သတိျပန္ဝင္လာကာ သူ႔ကိုယ္သူေျပာလိုက္သည္။

"တမင္တကာ လုပ္သြားတာလား"

".............."

"ဒါေပမဲ့လည္း တမင္တကာ ရန္စတာထက္စာရင္ ေတာ္ေသးတယ္ ေျပာရမယ္"

အိမ္အျပင္ဘက္တြင္ ေလေအးမ်ားတိုက္ေနၿပီး တိမ္ထူေနေသာေၾကာင့္ လမင္းႀကီးကို မျမင္ရေပ။ က်န္းေလာ့သည္ သန႔္စင္ခန္းသြားျခင္း မဟုတ္ေပ။ တျခားတစ္ခုခုလုပ္ခ်င္၍ ေပးခဲ့ေသာ ဆင္ေျခတစ္ခုသာ ျဖစ္သည္။

ဥပမာေပးရလွ်င္ ညဘက္တြင္ လူလိုက္သတ္ေသာ မေကာင္းဆိုးဝါးကို ရွာရန္ျဖစ္သည္။

မွန္ေလာကထဲတြင္ေနရသည္မွာ သူ႔အတြက္ အလြန္အဆင္မေျပေပ။ ခ်ီယုံငယ္ေလးကို အႏိုင္က်င့္လို႔ရသည္ဆိုလွ်င္ပင္ က်န္းေလာ့သည္ သူ၏ အတိတ္မွကိစၥမ်ားကို ကန႔္လန႔္ကာေနာက္ကြယ္မွ လူမ်ား နက္နက္ရႈိင္းရႈိင္းတူးေဖာ္ေနသည္ကို မလိုလားေပ။ ထိုအရာသည္ က်န္းေလာ့ကို အလြန္အမင္း မတအားကို စိတ္မေပ်ာ္ျဖစ္ေစၿပီး သူသည္ အတိတ္ကို ျပန္မတူးဆြခ်င္ေပ။

#################

Continue Reading

You'll Also Like

289K 55.6K 89
Author - Cyan Wings ( 青色羽翼 ) Chapters - 42 + 5 extras ( completed ) I do not own this story . All credit goes to original authors.
116K 18.2K 102
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။
54.9K 5.5K 73
လူတွေကကြောက်ဖို့ကောင်းတဲ့ပုံပြင်တွေပြောတဲ့အခါ သရဲပုံပြင်တွေကိုပြောကြတယ်။ ဒါပေမယ့်သရဲတွေပုံပြောကြတဲ့အခါမှာတော့ ပိုပြီးကြောက်စရာကောင်းတဲ့ လူသားတွေရဲ့အက...
121K 19.3K 47
Title: 我成了反派脑残粉[快穿] Eng Title: I become a fanboy of Villain Burmese title:( ငါဗီလိန္ႀကီးရဲ႕Fan boy တစ္ေယာက္ျဖစ္လာၿပီ) Author: 不著一字 Eng tran: Zenne ...