အပိုင်း (၁၂၀) အတွဲညီညီသရုပ်ဆောင်
'အစေခံလား'
ကျန်းလော့သည် အတွေးနက်သွားပြီး ပြောလိုက်သည်။
"ငါတို့စားပြီးရင် ရိကျွမ်းကို တစ်ချက်လောက် သွားကြည့်ချင်တယ်"
ချီယုံ့မျက်လုံးများသည် အနည်းငယ်ကျဉ်းမြောင်းသွားပြီး ပြုံးလိုက်သည်။
"ကောင်းပြီ"
အမွှေးတိုင်တစ်တိုင်စာကုန်သွားပြီးနောက် လူနှစ်ယောက်သည် ဖျတ်လတ်သွက်လက်စွာ ရိကျွမ်းသို့ ချီတက်ခဲ့ကြတော့သည်။
ရိကျွမ်းသည် မြို့ထဲနှင့် တော်တော်လေးဝေးသည့်နေရာတွင် ရှိသည့် အဆောက်အဦးတစ်ခုဖြစ်ပြီး ပုကျိုးမြို့မှလူများသေဆုံးသည့်အခါ အလောင်းထားရာနေရာအဖြစ် ယာယီအသုံးပြုသော အဆောက်အဦးဖြစ်သည်။
အဆောက်အဦးသည် မြေကွက်ရိုင်းတစ်ခု၏ အလယ်တည့်တည့်တွင်ရှိပြီး သစ်သားဂိတ်ဝသည် ကျိုးပဲ့ကာ ပြိုကျမတတ်ဖြစ်နေကာ နံရံများမှာ ရွှံများကြောင့် ညစ်ပတ်နေလေသည်။
ညနေပိုင်းကိုမှ တော်တော်နောက်ကျနေပြီဖြစ်သောကြောင့် ရိကျွမ်းအဆောက်အအုံသည် သရဲခြောက်သောအိမ်ကြီးလို ဖြစ်နေသည်။ ကျန်းလော့နှင့် ချီယုံတို့သည် မျက်နှာမပျက်ဘဲ လမ်းလျှောက်ဝင်သွားကြသည်။
ရိကျွမ်းကို နှစ်ပိုင်းပိုင်းထားပြီး တစ်ပိုင်းမှာ အဓိကဝင်ပေါက်နောက်မှ ခြံဝန်းဖြစ်ပြီး အထဲတွင် သစ်နက်ဖြင့် ပြုလုပ်ထားသော ခေါင်းတလားအခုနှစ်ဆယ်ကျော်ကို ခင်းကျင်းသိမ်းဆည်းထားသည်။ နောက်တစ်ခုသည် အနည်းငယ်သေးသော အခန်းတစ်ခုသာရှိသော ခြံဝန်းဖြစ်ပြီး လတ်တလော သေဆုံးသူများကို တန်းစီထားသည့် အခန်းဖြစ်သည်။
ကျန်းလော့သည် ခြံဝန်းထဲမှ ခေါင်းတလာများကို ကြည့်နေသည့် အချိန်တွင် ချီယုံက ရှင်းပြသည်။
"ဒီလူတွေအကုန်လုံးက ဒီရက်ပိုင်းအတွင်းသေသွားတဲ့သူတွေပဲ ပြီးတော့ သူတို့အလောင်းတွေနဲ့ ခေါင်းတလားတွေကို ဒီမှာ ယာယီထားထားတာ နေ့ကောင်းရက်မြတ်မှာ သင်္ဂြိုဟ်ပေးဖို့လေ"
ကျန်းလော့ကမေးသည်။
"ရိကျွမ်းမှာ အစောင့်တွေ မရှိဘူးလား"
"လူအိုကြီးတစ်ယောက်တော့ရှိတယ် ကိုယ်တို့ကတော့ သူ့ကို ရှု လို့ခေါ်တယ်"
ချီယုံသည် သူ့ကို အတွင်းခန်းဘက်ဆီသို့ ခေါ်သွားပြီး
"သူက သူများတွေနဲ့မတူဘူးကွ အခုလောက်ဆို တစ်ခွက်တစ်ဖလားသောက်ပြီး ဘေးခန်းထဲမှာ အိပ်နေလောက်ပြီ ကိုယ်တို့ ကိုယ့်ဟာကိုယ်ပဲ ဝင်ကြည့်ကြတာပေါ့ကွာ"
ပြောရင်းဖြင့် တံခါးကို တွန်းဖွင့်လိုက်သည်။ ကျွီဆိုသော အသံနှင့်အတူ တံခါးအိုကြီးသည် အိပဲ့အိပဲ့ဖြင့် ပွင့်သွားပြီး အလောင်းများမှ အပုတ်နံ့သည် ပြင်ပထိ လှိုင်ထွက်လာသည်။
ချီယုံသည် ပါးစပ်နှင့် နှာခေါင်းကို လက်ကိုင်ပုဝါဖြင့် အုပ်လိုက်ပြီး ပုဝါအောက်တွင် နှုတ်ခမ်းထောင့်များသည် အန္တာရာယ်ရှိစွာ ကွေးတက်သွားသည်။
"သခင်လေးကျန်း ဝင်ခဲ့လေ"
အခန်းထဲတွင် ရေနံဆီမီးအိမ်နှစ်လုံး ထွန်းထားသည်။ ရေနံဆီမီးအိမ်နှစ်လုံး အလယ်တွင် ကုတင်နှစ်လုံးရှိပြီး ကုတင်များပေါ်တွင် အဝတ်ဖြူဖြင့်အုပ်ထားသော သွေးများရွှဲနေသော အလောင်းနှစ်လောင်း ရှိနေသည်။
ကျန်းလော့သည်လည်း နှာခေါင်းကို အဝတ်စဖြင့် ကာထာပြီး ရေနံဆီမီးအိမ်တစ်ခုကို ယူ၍ အလောင်းတစ်လောင်းနားသို့ ကပ်သွားသည်။ ထို့နောက် အဝတ်ဖြူကို လှန်လိုက်ရာ မျက်လုံးများ ပြူးသွားပြီး
".........တွမ့် တွမ့်ကျီ"
ကုတင်ပေါ်တွင် တွမ့်ကျီ၏မျက်နှာသည် ဖြူဖျော့နေပြီး မျက်လုံးများ ပြူးကျယ်နေကာ နှုတ်ခမ်းများသည် ခရမ်းရောင်သမ်းနေကာ ခေါင်းနှင့်လည်ပင်းမှာ အလွန်အကျွံနေရာလွဲနေပြီး မြင်ရရုံဖြင့်ပင် စိတ်မချမ်းသာစရာကောင်းနေသည်။
'သေသွားတဲ့လူက ..................... တွမ့်ကျီတဲ့လား'
'ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ'
'မနေ့ကတောင် မကောင်းဆိုးဝါးဖမ်းဖို့ ဆွေးနွေးနေကြသေးတာ ဒီနေ့သေသွားပြီတဲ့လား'
ကျန်းလော့သည် စိတ်ရှုပ်စွာ သက်ပြင်းချလိုက်ပြီး ဘယ်လိုမှကို မယုံနိုင်သေးပေ။
ရေနံဆီမီးအိမ်ကို ဘေးမှာချလိုက်ပြီး တွမ့်ကျီကိုယ်ပေါ်မှာ အဖြူရောင်အဝတ်တစ်ခုလုံးကို ဖယ်ကြည့်လိုက်ရာ ခေါင်းတစ်ခုပင် အဖြတ်ခံထားရသည်မဟုတ်ဘဲ ခြေလက်များသည် လည်း ခန္ဓာကိုယ်နှင့် တကွဲတပြားဖြစ်နေပြီး လူသားပုံစံပြန်ရအောင် ပြန်ချုပ်ပေးထားရသည်။
ချီယုံသည်ဒီတိုင်းရပ်ကြည့်နေပြီး ကောင်းကင်မှတိမ်များကို ကြည့်ရတာလောက်တောင် စိတ်ဝင်စားစရာမကောင်းသောကြောင့် သက်ပြင်းချလိုက်သည်။
"ဒီလိုတောင် စိတ်မကောင်းစရာကောင်းတဲ့ နည်းနဲ့ အသတ်ခံလိုက်ရတာပါလား"
ကျန်းလော့သည် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် နောက်ထပ်ကုတင်တစ်လုံးစီသို့သွား၍ အဝတ်ဖြူကို ခက်ထန်စွာ လှန်ပစ်လိုက်သည်။ ကုတင်ပေါ်တွင် တွမ့်ကျီကဲ့သို့ သေဆုံးသူတစ်ယောက်ရှိနေပြီး ထိုသူမှာ ညစ်ပတ်စုတ်ပြတ်နေသော သူတောင်းစားတစ်ယောက်ဖြစ်ကာ ပြဲစုတ်နေသော အဝတ်များနှင့် ကြောက်စရာကောင်းသည့် ပြတ်ရှရာများ ပွထနေသည်။
ထိုသူ၏ သေဆုံးပုံသည် တွမ့်ကျီနှင့် အနည်းငယ်ဆင်သည်။ တွမ့်ကျီ၏ခေါင်းကဲ့သို့ အဖြတ်ခံထားရကာ အလောင်းဘေးတွင် တင်ထားပေးခံရသော်လည်း တွမ့်ကျီကဲ့သို့ လက်များခြေထောက်များတော့ တိတိပပအဖြတ်မခံထားရပေ။ အနည်းဆုံးတော့ ခြေလက်အင်္ဂါစုံသေးသည်ဟု ပြောရပေမည်။
သူတောင်းစား၏ မျက်နှာအမူအယာသည် တွမ့်ကျီ၏အမူအယာနှင့် တစ်ထပ်တည်းတူနေကာ ရှောင်လွှဲမရသော ကြောက်ရွံ့မှုကို ရင်ဆိုင်ခဲ့ကြရဟန်တူသည်။
သေခြင်းတရားကို အရှင်လတ်လတ် မြင်လိုက်ရသော ကြောက်ရွံ့ခြင်း၏ မျက်နှာထားဖြစ်သည်။
ကျန်းလော့သည် အဝတ်ဖြူကို မြေပြင်ပေါ်သို့ လွတ်ပစ်လိုက်ပြီး သေဆုံးသူ၏ခန္ဓာကိုယ်ကို ကြည့်နေသည်။ ထိုအချိန်တွင် သေသူ၏လည်ပင်းတဝိုက်ကို မြူနက်တချို့သည် အလွတ်မပေးချင်သလို ရစ်ပတ်ထားသည်ကို တွေ့လိုက်ရသည်။ ကျန်းလော့အတွက် ထိုမြင်ကွင်းသည် အလွန်ရင်းနှီးနေသည်။
လုံးဝမတုံ့ဆိုင်းပဲ ကျန်းလော့သည် လက်ကိုဆန့်ထုတ်၍ မြူနက်များကို ထိကြည့်လိုက်သည်။ မြူနက်များသည် ချက်ချင်း သူ့လက်မောင်းကို ရစ်သိုင်းလာကာ ကျန်းလော့ပုံစံသည် အိပ်မက်မက်နေသူတစ်ယောက်ကဲ့သို့ မတ်တပ်ကြီး မိန်းမောသွားတော့သည်။
မသေခင်တုန်းက မြင်ကွင်းကို ပြန်မြင်ရပြီး မသေခင်တွင် သေခြင်းတရားကို မျက်မြင်တွေ့ရ၍ နှလုံးပြုတ်ထွက်မတတ် ကြောက်ရွံ့မှုကိုပါ ခံစားမိရသည်။
(T/N : မှော်နက်အရှင်သခင်ထဲက ဝေ့ဝူရှန့်လိုမျိုး အားချင်တို့ arcတုန်းက မျှဝေခံစားခြင်းမန္တာန်သုံးသလိုမျိုးလေ ကိုယ်တိုင်ကြုံတွေ့ရသလိုမျိုးဖြစ်သွားတာ)
အမှောင်ထဲတွင် လမ်းထောင့်တစ်နေရာတွင် သူတောင်းစားအဖိုးကြီးသည် ယနေ့တောင်း၍ ရလာသော အကြွေစေ့များကို ရေတွက်နေသည်။ ထိုအချိန်တွင် အရိပ်တစ်ခုသည် သူတောင်းစား၏ခေါင်းပေါ်သို့ ဖြည်းဖြည်းချင်းအုပ်မိုးလာသောကြောင့် ပျစ်ဆွဲကြီးလှည့်ကြည့်လိုက်ရာ သူ့ရှေ့တွင် သွေးတစ်စက်စက်ကျနေသော တောခုတ်ဓားကို မြှောက်ပြီး သူ့ဆီသို့ ခက်ထန်စွာ လွှဲခုတ်လိုက်လေသည်။
သူတောင်းစားသည် နှလုံးခုန်ရပ်တန့်သွားမတတ်ကြောက်ရွံ့သွားပြီး အကျယ်ကြီးအော်ဟစ်ပစ်ပြီးနောက်တွင် သူ့လည်ပင်းမှ နာကျင်သွားပြီး သတိမရှိဖြစ်သွားတော့သည်။
ကျန်းလော့၏မျက်လုံးသည် ဖျက်ခနဲပွင့်လာပြီး အငမ်းမရအသက်ရှူလိုက်သည်။
သေခြင်းတရား၏ကြောက်ရွံ့မှုကို မျက်မြင်ကိုယ်တွေ့ခံစားလိုက်ရသလို ဖြစ်သွားပြီး သူ့နှလုံးသားကို တစ်ယောက်ယောက်မှ ဆွဲညစ်ထားသလို ခံစားရကာ ကျန်းလော့သည် ဖြေးဖြေးချင်း စိတ်ငြိမ်လာအောင် ကြိုးစားနေရသည်။ ထိုအချိန်တွင် ချီယုံသည်သူ့ကို ခါးမှထိန်းကိုင်ပေးထားပြီး
"ဘာမှားသွားလို့လဲ"
ကျန်းလော့သည် ခေါင်းခါလိုက်ပြီး ချီယုံက သူ့ကိုလွတ်ပေးလိုက်သည်။ ထို့နောက် ကျန်းလော့၏ ဖြူဖျော့နေသော မျက်နှာကိုကြည့်၍ အတွေးများသွားသည်။
ကျန်းလော့သည် စောနက သူမသေခင် မြင်လိုက်ရသော မြင်ကွင်းကို ပြန်စဉ်းစားကြည့်နေသည်။
ခြောက်ခြားဖွယ်ပုံရိပ်သည် ခေါင်းအစခြေအစုံ အနက်ရောင်ဝတ်ရုံဖြင့် အုပ်ထားပြီး ထိုသူကို မျက်နှာတင်မကပဲ လိင်အမျိုးအစားကိုပါ ရှင်းရှင်းလင်းလင်း မသိနိုင်ပေ။ ဓားချက်သည် လျင်မြန်ရှင်းလင်းပြီး ခက်ထန်စွာ တစ်ချက်ထဲ အပြတ်ဖြတ်သွားသောကြောင့် အမှန်တကယ်ကို သွေးအေးသည့် မကောင်းဆိုးဝါးနှင့် တူနေပါသည်။ သို့သော် ထိုသူ၏ လုပ်ဆောင်ချက်သည် လူတစ်ယောက်လုပ်ဆောင်နိုင်သော အဆင့်ထဲက မဟုတ်သည်မှာလည်း တော်တော် ထူးဆန်းနေသည်။ ကျန်းလော့သည် ထိုသူကို လူတစ်ယောက် မဟုတ်နိုင်ဟု သုံးသပ်လိုက်သည်။
ကျန်းလော့သည် သူတွေ့ခဲ့မြင်ခဲ့သည်များကို သေချာမှတ်သားပြီးနောက် သူတောင်းစားအဘိုးကြီးကို ပြန်အုပ်ပေးလိုက်ပြီး တွမ့်ကျီဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။
တွမ့်ကျီသည် အခုမှ အသက်နှစ်ဆယ်အရွယ် တက္ကသိုလ်ကျောင်းသားလေး တစ်ယောက်သာဖြစ်သည်။ ကျန်းလော့သည် တွမ့်ကျီ၏မျက်လုံးကို မှိတ်ပေးပြီး သေသူနှစ်ယောက်အတွက် ဘဝကူးဂါထာကို တိုးတိတ်စွာ ရွတ်ဆိုပေးလိုက်သည်။
သို့သော် သူရွတ်ပြီးမှ ရုတ်တရက် သတိရသွားသည်။
"နေဦး ဘာလို့ တွမ့်ကျီကိုယ်ပေါ်မှာ မြူနက်တွေ မရှိနေရတာလဲ"
ကျန်းလော့သည် မျက်လုံးဖွင့်လိုက်ပြီး တွမ့်ကျီ၏တစ်ကိုယ်လုံးကို စေ့စပ်စွာစစ်ဆေးလိုက်သည်။ မည်မျှစစ်ဆေးပါစေ မြူနက်များ ရှာမတွေ့ပေ။ ကျန်းလော့သည် မြူနက်များအကြောင်း အများကြီးမသိသောကြောင့် ထိုမြူနက်များသည် အသက်ခံရသူတိုင်းတွင် ပေါ်လာခြင်းဟုတ်မဟုတ် မသိပေ။ တွမ့်ကျီတကယ်မသေ၍ မြူနက်များ ပေါ်ထွက်မလာတာလည်း ဖြစ်နိုင်သည်ဟု တွေးမိသေးသည်။
ကျန်းလော့အကြာကြီး တွက်ချက်ကြည့်လိုက်သောအခါ အနည်းငယ်တော့ ကောက်ချက်ချနိုင်သွားသည်။ မြူနက်များသည် ဝိဉာဉ်မှပေါက်ဖွားလာသော မသေဆုံးခင်မှ မှတ်ဉာဏ်များကို သိမ်းဆည်းပေးနိုင်သော တစ်ခုခုဖြစ်နိုင်သည်။
သူတို့အုပ်စု မှန်ဝင်္ကပါလောကထဲသို့ ဝင်လာခြင်းသည် သူတို့ ကိုယ်ပိုင်ရုပ်ခန္ဓာများဖြင့် ဝင်လာခြင်းမဟုတ်ပေ ထို့နောက် တွမ့်ကျီ၏သေဆုံးခြင်းသည် အမှန်တကယ် သေဆုံးတာမဟုတ်ဘူးဆိုပါလျှင် အရာအားလုံးသည် သူ့နေရာနှင့် သူ ကွင်းဆက်မိသွားပြီ ဖြစ်သည်။
ကျန်းလော့သည် တွမ့်ကျီကို မျက်လုံးမှိတ်ပေးပြီး လက်ပြန်ရုတ်လိုက်သည်။ ထို့နောက် နောက်လှည့်ပြီး ချီယုံ့မျက်လုံးကို တည့်တည့်ကြည့်လိုက်သည်။
ချီယုံသည် စောနထဲက သူ့ကိုစိုက်ကြည့်နေပုံရပြီး ကျန်းလော့သည် ထိုအကြည့်ကြောင့် ခေါင်းထဲတွင် အသိပေးချက်သံများ တဒေါင်ဒေါင်မြည်သွားသလို ဖြစ်သွားသည်။
"ဘာမှားနေလို့လဲ"
"မဟုတ်ပါဘူး မင်းက ဒီသေတဲ့သူတွေအကြောင်း စိတ်ဝင်စားနေသလိုပဲနော်"
ကျန်းလော့က ပြန်ပြောသည်။
"ငါက မင်းတို့မိသားစုအကြောင်းကိုလည်း အများကြီး စိတ်ဝင်စားပါတယ်ကွာ"
သူတို့စကားပြောနေချိန်မှာပင် ခြံဝန်းတစ်ခုလုံးသည် ရုတ်တရက် လှုပ်ရမ်းသွားပြီး အခေါင်းများမှ ကျယ်လောင်သောအသံများ ထွက်လာကာ ခေါင်းတလားအဖုံးများ ပွင့်လာသည်။
ကျန်းလော့သည် ပြတင်းပေါက်မှ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ မျက်လုံးများ ပြုတ်ကျမတတ်ပြူးကျယ်သွားသည်။
ခြံဝန်းထဲတွင် တန်းစီထားသော ခေါင်းတလားများသည် အဖုံးကိုယ်စီပွင့်ဟနေပြီး အလောင်းများသည် တစ်ယောက်ပြီးတစ်ယောက် ထထိုင်လာသည်။ အလောင်းများ၏မျက်နှာသည် ဖြူဖွေးပြာနှမ်းနေပြီး သွားများသည် အစွယ်များအဖြစ် နှုတ်ခမ်းအပြင်ဘက်သို့ ငေါထွက်နေကာ လက်သည်းများသည် ရှည်လျားပြီး ဓားသွားများကဲ့သို့ ထက်မြနေသည်။
အလောင်းများသည် ဖြည်းဖြည်းချင်း ဇွန်ဘီများအဖြစ်ပြောင်းလဲ နေပြီဖြစ်သည်။
ကျန်းလော့က ကျိန်ဆဲသည်။
'ချီးပဲဟေ့ တစ်ခုပြီးတစ်ခု ဖြစ်နေလိုက်'
ဇွန်ဘီများသည် သူတို့ထိုင်နေသော ခေါင်းတလားများထဲမှ ခုန်ထွက်လာကာ လက်နှစ်ဖက်ကို ရင်ဘက်ရှေ့တည့်တည့်တွင် ဆန့်တန်းထားပြီး သူတို့ခေါင်းများသည် အိမ်အတွင်းဘက်သို့ တန်းတန်းမတ်မတ်လှည့် နေကာ ပြိုင်တူခုန်ပေါက်၍ အခန်းဆီသို့ ရောက်လာကြသည်။
ကျန်းလော့သည် နောက်လှည့်ကြည့်လိုက်ပြန်ရာ အခန်းထဲမှ ကုတင်ပေါ်ရှိ အလောင်းနှစ်လောင်းမှာ စတင်ပြီး လှုပ်ရှားလာလေပြီ။ သို့သော် သူတို့ခန္ဓာကိုယ်သည် အပိုင်းပိုင်းပြတ်နေသောကြောင့် သူတို့လက်မောင်းများနှင့် ခြေထောက်များမှာ ပြတ်ထွက်နေသောကြောင့် ကုတင်ပေါ်တွင် တစ်ချက်လှုပ်လိုက်သည်နှင့် ခေါင်းနှင့် လက်မောင်းများမှာ အကုန်လှိမ့်ပြီး ပြုတ်ကျလာသောကြောင့် အများကြီး မခြိမ်းခြောက်နိုင်ပေ။
ချီယုံဒီနေရာမှာရှိနေသည်ကို သတိရသွားပြီး ကျန်းလော့သည် ဘာမှနားမလည်သလိုဟန်ဆောင်၍ ချီယုံ့နောက်သို့ ဝင်ရပ်လိုက်ကာ တုန်လှုပ်ကြောက်ရွံ့စွာ ပြောသည်။
"သခင်လေးချီ အဲ့ဒါဘာတွေလဲ"
ချီယုံသည် ရှေ့ဆုံးကဝင်လာသော သွေးစုပ်ဖုတ်ကောင်ကိုကြည့်၍ ခက်ခဲသည့်ပုံစံဖြင့် ပြောလိုက်သည်။
"သခင်လေးကျန်း ကိုယ်က ကိုယ့်အလုပ်အကိုင်ထဲမှာ အရမ်းတော်မနေဘူးကွ ကိုယ်တစ်ယောက်နှစ်ယောက်လောက်ပဲ ဖြေရှင်းနိုင်မှာကွ ဒါပေမဲ့ ဒီလောက်အများကြီးကျတော့ ကိုယ်တကယ်မနိုင်ဘူးကွ"
ကျန်းလော့သည် အကျယ်ကြီး အော်ရယ်လိုက်ချင်တော့သည်။
'ဇွန်ဘီလေးနည်းနည်းလေးကို ဘာဖြစ်တယ် ခက်ခဲတယ်ဟုတ်လား ဒီ...'
'သောက်ဗရုတ်သုက္ခတွေဆို မထွက်နိုင်တာကို မရှိတော့တာပါလား လူတွေ သူ့အကြောင်းမသိဘူးဆိုတာနဲ့ပဲ ပြောချင်တိုင်းပြောနေတော့တာပဲ'
သူ၏ခက်ထန်နေသော မျက်နှာထားကို ဖြေဖျောက်လိုက်ပြီး ကြောက်ရွံ့ဖြူဖျော့နေပုံဖြင့်
"တစ်ခုခုလုပ်ပါဦးကွာ ငါတို့သေကုန်တော့မှာပဲ"
စကားသံများကြားပြီးနောက် သူတောင်းစား၏ ခေါင်းမရှိသော ခန္ဓာကိုယ်သည် ကုတင်ပေါ်မှ ခုန်ထလာပြီး သူတို့ရှေ့ထိရောက်လာသည်။ ထိုဇွန်ဘီသည် ကျန်းလော့နှင့် ချီယုံတို့ဆီသို့ တိုးကပ်လာပြီး တစ်လှမ်းပြီးတစ်လှမ်းခုန်ကူးလာသည်။
ချီယုံသည် ကျန်းလော့ကို နောက်သို့တွန်းလိုက်ပြီး သူ့ပုံစံမှာ ကြောက်လန့်ပြီး ဘယ်လိုတုန့်ပြန်ရမှန်းမသိ ဖြစ်နေကာ လှုပ်ရှားမှုများမှာ ကစဉ့်ကလျားဖြစ်နေတော့သည်။ မကြာမီတွင် ခေါင်းမပါသော ဇွန်ဘီ၏ စမ်းတဝါးဝါးခုန်မှုကြောင့် တံခါးမကြီးနှစ်ဖက်လုံး ပြင်းပြင်းထန်ထန်ပွင့်သွားကာ အပြင်ဘက်မှ ဇွန်ဘီအုပ်လိုက်ကြီးသည် ရေလှိုင်းကဲ့သို့ အခန်းထဲ အလုံးအရင်းလိုက် ဝင်လာကြသည်။
ချီယုံသည် လေးနက်စွာကြည့်၍
"သခင်လေးကျန်း မကောင်းတော့ဘူး ကိုယ်တို့တော့ အန္တာရာယ်က လွတ်နိုင်မယ်မထင်တော့ဘူး"
သူ့နောက်တွင် ကွယ်ရပ်နေသော ကျန်းလော့သည် မျက်နှာသေဖြင့် ပြောသည်။
"ဒါဆို ငါဘာလုပ်ရမလဲ သခင်လေးချီ ကျွန်တော်တကယ်ကြီး မသေချင်သေးဘူးလို့"
ချီယုံသည် အခန်းတစ်ခုလုံးကို လှည့်ပတ်ကြည့်လိုက်ပြီး ရုတ်တရက် ကျန်းလော့ကို နောက်ဘက်သို့ဆွဲ၍ အခန်းထောင့်ရှိ ဗီဒိုထဲသို့ ဆွဲခေါ်သွားသည်။ ဗီဒိုတံခါးကို ဆွဲဖွင့်လိုက်ပြီး ကျန်းလော့ကို အရင်အထဲထည့်ပြီးမှ သူလိုက်ဝင်၍ တံခါးပိတ်လိုက်သည်။
ဗီဒိုတံခါးသည် ဆွေးနေပြီဖြစ်သောကြောင့် အပေါက်သေးသေးလေးများ ရှိနေကာ သူတို့သည် အထဲမှ သူတို့နှင့် နီးကပ်လာသော ဇွန်ဘီများကို မြင်နေရသည်။ ချီယုံက ကျန်းလော့နောက်မှနေ၍ သတိပေးလိုက်သည်။
"အသက်အောင့်ထား"
ကျန်းလော့ အသက်အောင့်လိုက်သည်။
အပြင်ဘက်မှ ဇွန်ဘီများသည် သားကောင်ပျောက်သွားကာ ခေါင်းများ ဆန့်ကျင်ဘက်သို့ လှည့်သွားကြသည်။ သူတို့၏ထက်မြသော လက်သည်းများသည် မီးရောင်အောက်တွင် ခြောက်ခြားစရာကောင်းစွာ တောက်ပနေပြီး တစ်ချက်ပုတ်လိုက်သည်နှင့် ကြောက်မက်ဖွယ်သွေးသံတရွှဲရွှဲ အပေါက်ကြီးဖြစ်သွားပေလိမ့်မည်။
ကျန်းလော့သည် ချီယုံ့ရှေ့တွင် မတ်တပ်ရပ်နေပြီး ချီယုံမမြင်နိုင်သော သူ့မျက်နှာသည် မှင်နက်အိုး မှောက်ကျထားသကဲ့သို့ မည်းမှောင်နေသည်။
ရွှမ်ရွှီလောက၏ ပရော်ဖက်ရှင်နယ်ကျသော ဆရာသခင်တစ်ယောက်အနေနှင့် ထိပ်တိုက်ရင်ဆိုင် မတိုက်ခိုက်ဖူးသော်လည်း ဤဇွန်ဘီများအကြောင်း အနည်းအကျဉ်းတော့ သိထားပါသေးသည်။ ဇွန်ဘီတွင် အမျိုးအစား နှစ်ခုသာ ခွဲနိုင်သည်။ သေဆုံးခါစထဲက ဇွန်ဘီအဖြစ်ကူးပြောင်းသွားသော အလောင်းများနှင့် သေဆုံးပြီး နှစ်ချီနေအောင် မြှပ်နှံသင်္ဂြိုဟ်ပြီးမှ ဇွန်ဘီအဖြစ် ပြန်လည်နိုးထလာသော အလောင်းကောင်များ ဟူ၍ နှစ်မျိုး ခွဲခြားနိုင်သည်။
ချီယုံ ဤဇွန်ဘီအနည်းငယ်ကို တကယ်ကြီး မနှိမ်နှင်းနိုင်ဘူးဆိုတာကို ကျန်းလော့ကတော့ မယုံကြည်ပေ။
'အားနည်းချင်ယောင်လာဆောင်နေတာ'
'အားနည်းချင်ယောင်ဆောင်ချင်လည်း ကိုယ့်ဟာကိုယ်ဆောင်လေ ငါ့ကို ဗီဒိုထဲပုန်းခိုင်းပြီး သေခိုင်းမလို့လား'
လူတစ်ယောက်အသက်မရှူလျှင် ယန်စွမ်းအင်လွှတ်ထုတ်ခြင်း မရှိတော့သောကြောင့် သူတို့ကို ဇွန်ဘီများ ရှာမတွေ့နိုင်တော့ပေ။ အကယ်၍ တစ်စုံတစ်ယောက်သည် ဒီလိုအခြေအနေမျိုးတွင် ရိကျွမ်းမှ ထွက်ပြေးရမည်ဆိုလျှင် အကောင်းဆုံးနည်းလမ်းမှာ အသက်အောင့်၍ ဇွန်ဘီများကြား ရောနှော၍ အပြင်ဘက်သို့ ထွက်ပြေးရန် ဖြစ်သည်။
သို့သော် အခုအခြေအနေက ကျန်းလော့ကို အလွန်အမင်း ဒေါသပုန်ထလာစေသည်။
အပြင်ပန်းအရကြည့်လျှင်တော့ ချီယုံက သူ့ကို ခနတာတော့ လုံခြုံစေရန် အကောင်းဆုံးစဉ်းစား၍ ကာကွယ်နိုင်သလောက် ကာကွယ်ပေးထားသည်။ သို့သော် လူတစ်ယောက်က မည်မျှကြာအောင် အသက်အောင့်နိုင်ပါမည်နည်း။
သူတို့ အသက်အောင့်မထားနိုင်သော အချိန်တွင် ဇွန်ဘီများသည် သူတို့ကို သတိပြန်ထားမိလာပြီး အရိုးတခြားအသားတခြား ဖြစ်အောင် တိုက်ခိုက်ပေတော့မည်။ နှမ်းစေ့များကောက်နေ၍ ဖရဲသီးကို ဆုံးရှုံးသွားရသကဲ့သို့ တုံးအမိုက်မဲသော နည်းလမ်းဖြစ်သည်။ ချီယုံက ဒီလောက်တောင် မတွေးခေါ်တတ်ဖူးဆိုတာ ကျန်းလော့ ဘယ်လိုမှကို မယုံပါချေ။
မည်သို့ပြောရမှန်းကို မသိတော့သော်လည်း ချီယုံသည် တကယ်ကြီး စိတ်ပျက်စရာ မိုက်မဲမှုကို မျက်တောင်တချက် မခတ်ဘဲ လုပ်ဆောင်ခဲ့လေသည်။
'ငါ့ကို စမ်းသပ်ဖို့ တမင်တကာလုပ်တာ တစ်ရာရာခိုင်နှုန်းသေချာတယ်'
ကျန်းလော့သည် ဒေါသများ ပေါက်ကွဲမထွက်လာအောင် မနည်းထိန်းထားရသည်။
'မျက်နှာဖုံးခွာမယ်ဆိုလဲ အဆုံးထိခွာလေ'
ကျန်းလော့သည် အံကိုတင်းတင်းကြိတ်ထားပြီး စိတ်ထဲမှ ပစ်စလက်ခတ်ကျိန်ဆဲနေသည်။
'တအားတွေ တော်နေတာပေါ့လေ ဒီ ခွေးသတောင်းစား လုပ်ကြည့်လေ အဆုံးထိသွားကြည့်'
ကျန်းလော့သည် တစ်ကိုယ်လုံး မီးထတောက်တော့မလို ပူပြင်းဒေါသထွက်လာသော်လည်း စိတ်ကို ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့သည်။ နှုတ်ခမ်းတင်းတင်းစေ့၍ စိတ်ထဲမှ နှာခေါင်းရှုံ့နေသည်။
'ဘယ်သူအရင် အရှုံးပေးရမလဲ ကြည့်ကြတာပေါ့'
အပြင်ဘက်တွင် ဇွန်ဘီများသည် လည်ချောင်းထဲမှလာသော အက်ကွဲကွဲ မာန်ဖီသံများ ဆက်တိုက် ထုတ်လွှတ်နေပြီး ရှည်လျားချွန်ထက်သော အစွယ်များသည် နှုတ်ခမ်းကြားမှ ပြူထွက်နေကာ သူတို့၏အနံ့အသက်များကြောင့် လေထုသည် မွန်းကြပ်နေတော့သည်။
ချီယုံသည် အပြင်ဘက်ကို ဘာမှမရှိသလို ကြည့်နေရင်း ရုတ်တရက် သူ့ဘယ်ဘက်လက်ကို သူ့ရှေ့မှလူ ဆွဲသွားတာခံလိုက်ရသည်။ ထိုအခါမှ အောက်ငုံ့ကြည့်လိုက်သောအခါ သခင်လေးကျန်းသည် သူ့လက်ဖဝါးပေါ်တွင် ခေါင်းငုံ့၍ တစ်ခုခုရေးနေသည်ကို တွေ့ရသည်။
"နောက်ထပ်ဘာလုပ်ရဦးမှာလဲ"
သခင်လေးကျန်း၏ လက်ထိပ်ထိသွားရာ လက်ဖဝါးပြင်သည် သူ့ကို အနည်းငယ်ယားယံလာစေပြီး နှလုံးသားကို ကလိထိုးနေသလို ဖြစ်နေသည်။ ချီယုံသည် ကျန်းလော့ရေးပြီးသည်အထိစောင့်နေပြီး ကျန်းလော့လက်ကို ပြန်ဆွဲ၍ ရေးပြလိုက်သည်။
"မင်းစိတ်ထဲမှာ တွေးထားတာရှိလား"
'သောက်သတောင်းစားလေးရေ'
'ငါ့ကိုစမ်းသပ်မနေနဲ့ ဒါကြီးအရင်ဖြေရှင်းဖို့ အာရုံစိုက်စမ်းပါကွာ'
'ငါ့စိတ်ထဲ ဘာတွေးထားတာ ရှိရမှာတုန်း'
'ငါက အခုသာမန်လူလေ'
ကျန်းလော့သည် ကျိတ်၍ ကြွေးကြော်နေမိသည်။
'ဒီအခွင့်အရေးကို အသုံးချပြီး ဒီကောင့်ကို သင်ခန်းစာကောင်းကောင်းပေးလိုက်ရမလား'
'ငါ့ကိုများ တစ်စုံတစ်ယောက်က လွယ်လွယ်စမ်းသပ် ဖော်ထုတ်လို့ရမဲ့သူလို့များ ထင်နေလား'
'ငါမင်းကို တိုးတက်လာအောင်လည်း မကူညီနိုင်သလို အခုလည်း ဘာမှကူညီမှာမဟုတ်ဘူး အိုကေ'
ကျန်းလော့၏ အတွေးများသည် ရူးမိုက်နေသော်လည်း အပြင်ဘက်တွင်တော့ ရိုးသားသည့်ဖိုးသခွားလေးလို အပြစ်ကင်းစွာဖြင့် ခေါင်းယမ်းပြ၍
"မရှိဘူး"
ချီယုံသည် ကျန်းလော့ကို မျက်မှောင်ကုတ်ကြည့်၍ ကျန်းလော့ကို တစ်ကိုယ်ကောင်းဆန်သည်ဟု ထင်နေသည်။
ဗီဒိုသည် အလွန်သေးငယ်ပြီး သူတို့နှစ်ယောက်ဆန့်သည်ဆိုရုံလေး ဖြစ်သည်။ ဆယ်ကျော်သက် အရွယ်သာရှိသေးသော ချီယုံသည် ကျန်းလော့ထပ် အရပ်ရှည်နေခဲ့ပြီး ဖြစ်သည်။
ချီယုံသည် သူ့ရှေ့တွင် ရပ်နေသော သခင်လေးကျန်းကို ငုံ့ကြည့်သည်။ ကျန်းလော့မျက်နှာသည် နီရဲနေပြီး ဗီဒိုထဲတွင် လှောင်ပိတ်နေ၍လား အပြင်ဘက်မှ ဇွန်ဘီများကို ကြောက်လန့်၍လား မသိနိုင်ပါချေ။ ကျန်းလော့၏ နဖူးတွင် ချွေးများစီးကျနေ၍ ဆံပင်နက်နက်များသည် နဖူးကို လာကပ်နေကာ နေရထိုင်ရခက်ခဲစေသည်။ သူ့ပါးပြင်မှ အနီရောင်သည် တဖြည်းဖြည်းထင်းလာပြီး ပူသည်ထက်ပူလာကာ ရှင်းလင်းစွာပင် ကျန်းလော့အသက်ရှူကျပ်နေခြင်း ဖြစ်သည်။
အကြာကြီးသည်းခံခဲ့ပြီးနောက် ကျန်းလော့သည် ချီယုံ့လက်ကိုဆွဲ၍ စကားလုံးတချို့ရေးလိုက်သည်။
"ငါလေမရတော့ဘူး"
ချီယုံသည် နားမလည်သလို ဟန်ဆောင်၍ မသိလိုက်သလို စူးစိုက်ကြည့်နေသည်။
ကျန်းလော့နှင့် ယှဉ်လျှင် သူ့အမူအယာသည် တစ်စက်ကလေးမှမပြောင်းလဲပေ။ ဘယ်တုန်းကမှ အသက်အောင့်မထားခဲ့သလို အဆင်ပြေနေသည်။ သူဆော့ကစားနေသော သူ့လက်ထဲမှ သားကောင်လေးသည် ပို၍ ကြောက်ရွံ့လာဟန်ရှိကာ မျက်နှာမှသည် လည်ပင်းထိပင် နီရဲလာနေသည်။
'ချီယုံရေ ငါ့ကိုကြည့်ပါဦးဟ'
သို့သော် ချီယုံသည် ကျန်းလော့ကို ဘာလုပ်ပေးရမှန်းမသိသလို ကြည့်နေလေသည်။ သူမလှုပ်သောအခါ ကျန်းလော့သည် ပို၍ပို၍စိတ်ရှုပ်လာသည်။ သူသည် ချီယုံနားသို့ အလျင်စလိုကပ်လာပြီး ချီယုံ့နားနားကပ်၍ တစ်ခုခုပြောတော့မည့်ပုံပေါ်သည်။
သူ့ဆံပင်အနက်ရောင်များသည် ချီယုံ့နားကို ပွတ်သပ်သွားပြီး ကိုယ်သင်းနံ့က ချီယုံနှာခေါင်းကို မြူဆွယ်နေသလို အသာအယာ ပျံ့နှံ့သွားသည်။ ချီယုံ့နားထဲသို့ ရုတ်တရက် လေပြေညှင်းတစ်ခုဝင်လာပြီး ချီယုံသည် ကြောင်အအကြီးဖြစ်သွားသည်။
"ဘွန်းမ်း"
နောက်တခဏတွင် ဇွန်ဘီတစ်ကောင်၏ ထက်ရှသော လက်သည်းသည် ဗီဒိုတံခါးကို ဖောက်ဝင်လာပြီး ချီယုံ့နားရွက်ဘေးနားကို ရှပ်ထိသွားကာ နံရံထဲသို့ စိုက်ဝင်သွားတော့သည်။
ချီယုံ့နားရွက်နားမှ ဆံပင်များပြတ်ထွက်သွားသည်။ ချီယုံသည် သူ့ခေါင်းထဲသို့ ဖောက်ထွက်မတတ်ဖြစ်သွားသော လက်ကိုကြည့်၍ ကျန်းလော့ကို လှည့်ကြည့်သည်။
သခင်လေးကျန်း၏ မျက်လုံးများသည် ကြောက်ရွံ့တုန်လှုပ်နေပြီး ဘာကိုမှ အာရုံရဟန် မရှိပေ။ ထို့နောက် သူသည် ချီယုံ့ကို စိတ်ပူစွာကြည့်ပြီး အလွန်အမင်း အားနာဟန်ဖြင့် တောင်းပန်နေပုံမှာ စိတ်ရင်းပါလွန်းသောကြောင့် ချီယုံ့နှလုံးသားကို ကျောက်ခဲဖြင့်လုပ်ထားလျှင်ပင် သူ့အတွက် သီးသန့်ပျော့ပြောင်းပေးရတော့မည့် အတိုင်းခံစားရသည်။ ချီယုံ့နားနားကပ်၍ အသက်ရှူလိုက်သည်မှာ တကယ့်ကို မရည်ရွယ်သော အမှားဖြစ်သွားဟန် တူသည်။
ဗီဒိုကို ဇွန်ဘီမှ လုံးဝသုံးမရအောင် ဖျက်ဆီးပစ်လိုက်ပြီး သံလက်သည်းများသည် သူတို့ထံသို့နောက်ထပ် တိုးဝင်လာပြန်ကာ ထိုအချိန်တွင် ချီယုံ့နှုတ်ခမ်းထောင့်စွန်းများသည် တဖြည်းဖြည်း ကော့တက်လာသည်။
သူ့ရှေ့မှလူသားသည် အလွန်စိတ်ဝင်စားစရာကောင်းသည်ဟုသာ တွေးမိတော့သည်။ သူအတွေးလွန်နေချိန်တွင် လက်တစ်ဖက်သည် သူ့အင်္ကျီလက်စကို လာရောက်ဆုပ်ကိုင်လေသည်။
သူသည် ချက်ချင်း မျက်နှာထားပြောင်းသွားပြီးနောက်လှည့်ကြည့်လိုက်ကာ စိတ်လှုပ်ရှားမှုများနှင့်အတူ ကျန်းလော့ကို နှစ်သိမ့်သည့် အပြုံးသေးသေးလေးပြုံးပြလိုက်ပြီး ကျန်းလော့ကို နူးညံ့စွာ ကြည့်လိုက်သည်။ ကျန်းလော့သည် အပြင်ဘက်ကို လက်ညှိုးထိုးပြလိုက်ပြီး ထွက်ဖို့အချိန်ရောက်ကြောင်း သတိပေးလိုက်သည်။
ချီယုံက ခေါင်းညိတ်လိုက်သည်။
လူနှစ်ယောက်သည် ဗီဒိုထဲမှ တိတ်ဆိတ်စွာ ထွက်လာပြီး သူတို့နှင့် နီးကပ်လာနေသော ဇွန်ဘီများနှင့် မထိမိအောင် သတိထား၍ လမ်းလျှောက်နေသည်။ သို့သော် ဇွန်ဘီအုပ်ကြီးသည် တံခါးရှေ့တွင် ပိတ်ထားသည်။ ချီယုံသည် တွမ့်ကျီ၏ခေါင်းက မြေပြင်ပေါ်တွင် လှိမ့်နေသည်ကို မြင်သောအခါ တံခါးကို အုပ်လိုက်ပိတ်ထားသော ဇွန်ဘီများကို ကြည့်လိုက်ပြီး တွမ့်ကျီ၏ခေါင်းကို အခန်းထောင့်နားသို့ ကန်ထည့်လိုက်သည်။
ကျန်းလော့နှင့် ချီယုံတို့သည် ဇွန်ဘီများ အသံလာရာသို့ သွားသည်နှင့် မတုံ့ဆိုင်းပဲ တံခါးကနေပြေးထွက်ကြပြီး ရိကျွမ်းဂိတ်အဝင်ဝထိ ပြေးထွက်လာကြသည်။ ဂိတ်ဝမှ ထွက်ရန် တစ်လှမ်းသာလိုတော့သည်။ ကျန်းလော့သည် ခြေတစ်လှမ်းကို လှမ်းတော့မည့်အချိန်တွင် ရုတ်တရက်ကြီး ချီယုံက သူ့နောက်ကနေ ခုန်ဖက်လိုက်ပြီး မြေပြင်ပေါ်သို့ လှိမ့်ချလိုက်လေသည်။
လူနှစ်ယောက် မြေပြင်ပေါ်တွင် နှစ်ပတ်လောက်လှိမ့်သွားပြီး အလှိမ့်ရပ်သွားသောအခါ ကျန်းလော့ကျောရိုးသည် အောက်မှကျောက်ခဲများကြောင့် နာကျင်သွားရသည်။
သိသိသာသာ လက်စားပြန်ချေခြင်း ဖြစ်နေသောကြောင့် ကျန်းလော့သည် အေးစက်စွာပြုံလိုက်ပြီး မျက်လုံးဖွင့်လိုက်သည်။ ချီယုံသည် လေသံလေးဖြင့် ပြောသည်၊။
"အဆင်ပြေရဲ့လား"
ချီယုံသည် သူ့တစ်ကိုယ်လုံးကို တက်ဖိထားပြီး သူ့မျက်နှာသည် သွေးမရှိသလို ဖြူလျော်နေသည်။ သူ့လည်ပင်းတွင် ပြတ်ရှရာတစ်ခုရှိနေပြီး ထိုနေရာမှ သွေးများ ကျန်းလော့ကိုယ်ပေါ်သို့ ကျသွားလေသည်။ ကျန်းလော့သည် ချီယုံ့လည်ပင်းမှ ပြတ်ရှရာကို အူကြောင်ကြောင်ကြည့်နေမိပြီး ချီယုံက သံသယကို ဖြေဖျောက်သည့်အပြုံးဖြင့် ပြောလိုက်သည်။
"အဆင်ပြေပါတယ် ဒီတိုင်းရှရာသေးသေးလေးပါကွာ စိတ်မပူနဲ့ မင်းရော ဒဏ်ရာရသွားသေးလား"
"........."
ကျန်းလော့သည် ယင်ကောင်တစ်ကောင် မြိုချမိလိုက်သလို ကြက်သီးများထလာပြီး
"ငါတော့ မင်းကို ကျေးဇူးတင်စကားတောင် မပြောရဲတော့ပါဘူး "
ချီယုံသည် ထရပ်လိုက်ပြီး ကျန်းလော့ကို ဆွဲထူပေးလိုက်သည်။ ကျန်းလော့သည် ချီယုံ့ကို တိုက်ခိုက်ခဲ့သည့် အရာကို မြင်သွားသည်။ ခြံဝန်းထဲတွင် ဇွန်ဘီများရှိနေသေးသော ခေါင်းတလားများ ရှိနေသေးပြီး ထိုဇွန်ဘီများသည် သူတို့ဘက်သို့ ခုန်ထွက်လာနေပြီဖြစ်သည်။ ချီယုံသည် သူ့ကို တိုက်ခိုက်လာသော ဇွန်ဘီများကို သတ်ရန်ပင် အချိန်မသုံးပဲ ကျန်းလော့ကို ဆွဲပြေးတော့သည်။
"ပြေး"
ကျန်းလော့သည် ပြေးနေရင်း အနောက်ကို လှည့်ကြည့်လိုက်ရာ ချီယုံသည် ရိကျွမ်း၏တံခါးကို မပိတ်ခဲ့ပေ။
ဖြစ်နိုင်သည်မှာ ချီယုံသည် ဘယ်တုန်းကမှ တံခါးပိတ်ဖို့ မတွေးမိခဲ့တာ ဖြစ်မည်။
ချီယုံသည် လူများကို ဇွန်ဘီများထွက်လာပြီး ဒုက္ခပေးမည်ကို ဂရုမစိုက်ကြောင်း သိသာသည်။ သူသည် သွေးအေးရက်စက်သော စရိုက်ရှိပြီး ဇွန်ဘီများကို တားဆီးရန် ဆန္ဒလုံးလုံးမှမရှိပေ။
'မင်းသာမန်လူလို ဟန်ဆောင်နေရင်တောင် သာမန်လူတစ်ယောက် ဖြစ်မလာနိုင်ဘူးဆိုတာ တကယ်မှန်တာပါလား'
ကျန်းလော့သည် အကြည့်လွှဲလိုက်ပြီး ချီယုံ့လည်ပင်းမှ ရှရာကို ကြည့်၍ စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်သည်။
'တော်တော်ပြဇာတ်ကချင်နေတာ အခုသူပဲ ထိခိုက်သွဦးတာပဲ နည်းတောင်နည်းသေးတယ် ဟွန်း'
ချီယုံသည် ကျန်းလော့ကို ကြောက်ရွံ့သွားအောင် ခြောက်လှန့်ရန် အစီအစဉ်အကြီးကြီး ဆွဲထားပုံရသည်။
ထို့ကြောင့် ကျန်းလော့သည် ချီယုံနှင့် ပတ်သက်သော အကြောင်းအရာများကို သိချင်စိတ်ပြင်းပြလာခဲ့တော့သည်။
'ချီယုံ ချီယုံ မင်းက သရုပ်ဆောင်ချင်နေမှတော့ ငါလဲလိုက် သရုပ်ဆောင်ပေးမယ်'
ကျန်းလော့၏ သရုပ်ဆောင်စကေးသည် ချီယုံ့လောက် မတော်နိုင်ဘူးဆိုလျှင်တောင် အညံ့စားထဲတော့ မပါပေ။
ကျန်းလော့မျက်နှာသည် နီရဲသွားပြီး
"မင်းလည်ပင်းက ဒဏ်ရာ......"
ထို့နောက် ဝမ်းနည်းစိတ်မကောင်းစွာ ပြောလိုက်သည်။
"ငါမင်းကို ဆွဲချလိုက်မိသွားတာ တောင်းပန်ပါတယ်"
ချီယုံသည် ခေါင်းခါလိုက်ပြီး
"မင်းက ငါ့သူငယ်ချင်းလေ ဘယ်လိုလုပ်ပြီး သူငယ်ချင်းက ဒဏ်ရာရမှာကို ရပ်ကြည့်နေနိုင်မှာလဲကွာ"
ထိုစကားလုံးများသည် တိုက်ရိုက်ခြိမ်းခြောက်လိုက်ခြင်းထပ် ပို၍ သက်ရောက်မှုပြင်းထန်သည်။
အဆိပ်ပြင်းမြွေဟောက်တစ်ကောင် ပါးပြင်းထောင်ပြီး အစွယ်ထုတ်၍ သွားရည်တမြားမြားကျကာ ကျန်းလော့ကို ဆာလောင်စွာ ကြည့်၍ ဤသို့ ပြောနေသည်နှင့် အလားတူသည်။
"ငါကမင်းကို ပါးစပ်ထဲထည့်ပြီး ကာကွယ်ပေးမှာပါ လုံးဝမျိုမချဘူး"
ကျန်းလော့အမူအယာသည် မယုံနိုင်သည့်ပုံစံပြောင်းသွားကာ
"ဒါပေမဲ့..........."
ချီယုံသည် သက်ပြင်းချလိုက်ပြီး ရုတ်တရက် ချောင်းဆိုးလာသည်။
"ဇွန်ဘီကိုက်ခံရရင် မကောင်းတဲ့အကျိုးဆက်အချို့ရှိတယ်"
ကျန်းလော့သိသည် သို့သော် မသိနားမလည်ချင်ယောင်ဆောင်ကာ
"ဘာအကျိုးဆက်လဲ"
ချီယုံကပြောသည်။
"ကိုယ်သာ ဒီဒဏ်ရာကို မြန်မြန်မကုသခဲ့ရင် သေစေနိုင်တဲ့ အဆိပ်က တစ်ကိုယ်လုံးပျံ့နှံ့သွားပြီး ကိုယ်လည်း ဇွန်ဘီဖြစ်သွားလိမ့်မယ်"
ကျန်းလော့သည် ကြောက်လန့်သွားပြီး
"ဒါဆို ငါတို့ ဘယ်လိုလုပ်ကြမလဲ"
"စိတ်မပူပါနဲ့"
ချီယုံက နူးညံ့စွာ ပြောလိုက်သည်။
"ကိုယ်တို့အိမ်ပြန်ရောက်တဲ့ထိ စောင့်လိုက် စေးကပ်ကပ်ဆန်တချို့ယူဝါးပြီး အုံလိုက်ရင် သွေးစုပ်ကောင်အဆိပ်ကို ဖြေနိုင်သွားမှာပါ ဖြစ်နေတဲ့ ပြဿနာက အတွေ့အကြုံရှိတဲ့ တစ်ယောက်ယောက်က ဒဏ်ရာကို မြင်တာနဲ့ ဇွန်ဘီလက်သည်းကြောင့် ဆိုတာ သိသွားမှာ နောက်ကျရင် ကိုယ်က မိသားစုအကြီးအကဲတွေနဲ့ တွေ့ဆုံပွဲရှိသေးတာ သူတို့သာ မြင်သွားရင် ပြဿနာကို အကြီးကြီးချဲ့လိုက်ကြမှာပဲ"
ကျန်းလော့သည် ချီယုံဘာတွေတွေးနေလဲ ရေးရေးလေး မြင်သွားသည်။ ချီယုံက ကျန်းလော့ကို အိမ်တော်အကြီးအကဲများနှင့် ထိပ်တိုက်တွေ့ခိုင်းဖို့ ပြောချင်နေတာ ဖြစ်သည်။
သို့သော် ကျန်းလော့သည် အမှိုက်လိုနံစော်နေသော အကြီးအကဲများနှင့် တစ်ခနလေးမှ သည်းခံပြီး မျက်နှာချင်းမဆိုင်ချင်ပေ။ အပြင်လောကမှဖြစ်ဖြစ် မှန်လောကမှာဖြစ်ဖြစ် ချီအိမ်တော်ကို သူရွံမုန်းပါသည်။ အကယ်၍ သူသာ ချီယုံ့ကို ချီမိသားစု အကြီးအကဲများ ထိန်းချုပ်နေမှုမှ ဆွဲထုတ်ပေးလိုက်မည်ဆိုလျှင် ရှင်းပြစရာမလိုစွာပင် ချီအိမ်တော်အကြီးအကဲများသည် သူ့ကို ပစ်မှတ်ထားလာနိုင်ပြီး ချီမိသားစု၏ အရှုပ်အထွေးကြားထဲသို့ တန်းစီစရာမလိုပဲ ပါဝင်သွားရနိုင်ပေသည်။
ထို့ကြောင့် ချီယုံနောက်တစ်ခွန်းထပ်မပြောနိုင်ခင် ကျန်းလော့မျက်လုံးများ လက်ခနဲဖြစ်သွားပြီး
"မင်းဒဏ်ရာတွေကို လူမမြင်အောင် လုပ်နိုင်တဲ့နည်းလမ်းရှိတယ်"
ချီယုံသည် ခနလောက် ပါးစပ်ပိတ်သွားပြီး စိတ်ဝင်စားစွာ မေးလိုက်သည်။
"ဘယ်လိုနည်းလမ်းများလဲ"
ကျန်းလော့သည် ချီယုံ့ကို လူမရှိသည့် လမ်းကြားတစ်ခုထဲသို့ ဆွဲခေါ်သွားသည်။
ချီယုံကို နံရံသို့ ကပ်ပစ်လိုက်ပြီး ကျန်းလော့သည် ချီယုံကို အံ့ဩပြီးရင် အံ့ဩအောင် တမင်တကာ လုပ်နေသလိုပင်။ ချီအိမ်တော်၏ သခင်လေးကို နံရံသို့ တွန်းကပ်ထားသည်တဲ့။ ထို့နောက် ချီယုံသည် ပြုံးရင်းမေးလိုက်သည်။
"မင်းဘာလုပ်မလို့လဲ"
ကျန်းလော့သည် ဘာမှမပြောလာပဲ ချီယုံ့ကို အမိန့်ပေးသလို ပြောသည်။
"အောက်ငုံ့ မင်းဒဏ်ရာကို ကြည့်ရအောင်"
ချီယုံသည် ကျန်းလော့ပြောသလို ခေါင်းငုံ့ပေးလိုက်ပြီး သူ့လည်ပင်းကို ကျန်းလော့ရှင်းရှင်းလင်းလင်း မြင်ရသည်အထိ သေချာစွာ ငုံ့ပေးလိုက်သည်။
လည်ပင်းသွေးကြောသည် ပုံမှန်အတိုင်း ခုန်နေဆဲဖြစ်ပြီး သေးငယ်သော ဂရုမစိုက်မှုလေးကပင် သူ့ကို သတ်လိုက်နိုင်လေသည်။ ချီယုံကတော့ စိတ်ပူပုံမပေါ်ပေ။ ကျန်းလော့ကို အလွန်ယုံကြည်၍ အကုန်ပုံပေးထားသလို ဘာမှဂရုမစိုက်စွာ ပွင့်လင်းလွန်းနေသည်။
ကျန်းလော့သည် ရှပ်အင်္ကျီအောက်မှ ချီယုံ့ခန္ဓာကိုယ်၏ မသိမသာတောင့်တင်းနေမှုကို သတိထားမိခဲ့သည်။ အကယ်၍ သူသာ ချီယုံ့ကို လုပ်ကြံဖို့ကြိုးစားခဲ့ပါလျှင် ချီယုံသည်သူ့ကို မျက်တောင်တစ်ခတ်စာလေးအတွင် သတ်ပစ်နိုင်မည့်အကြောင်း ကျန်းလော့ သိပြီးသားဖြစ်သည်။
ကျန်းလော့သည် စုတ်သပ်လိုက်ပြီး ချီယုံ့လည်ပင်းကို ကြည့်ရန် ရှေ့တိုးသွားသည်။ ချီယုံ့ဒဏ်ရာသည် သွေးစက်အနည်းငယ်သာ စွန်းထင်းနေတော့ပြီး ခြောက်ပင်ခြောက်ခါနီးနေလေပြီ။ မသိလျှင် ကျန်းလော့ကို တမင်တကာ စိတ်အနှောက်အယှက်ပေးရန် သီးသန့်လုပ်ထားသော ဒဏ်ရာကဲ့သို့ပင်။
ဒဏ်ရာအနေအထားကို ကြည့်မည်ဆိုလျှင် ဒဏ်ရာတဝိုက်သည်အနည်းငယ် မည်းနေပြီဖြစ်ပြီး အပေါ်ယံအရေပြားသည် မာကျောနေပြီးဖြစ်ကာ အဆိပ်စပျံ့နေသည့် လက္ခဏာပြနေပြီဖြစ်သည်။
သူသည် ဒဏ်ရာကို ပုတ်ကြည့်လိုက်ပြီး မေးသည်။
"နာလား"
ချီယုံသည် အပြုံးမပျက်သေးဘဲ ပြောသည်။
"မနာပါဘူး"
ထို့နောက် တွေးမိသွားပုံဖြင့် ထပ်ဖြည့်ပြောသည်။
"တခြားဘာမှလဲ မခံစားရတော့ဘူး"
"ဒါဆို အိမ်အမြန်ပြန်ပြီး အဆိပ်ဖြေဖို့ လုပ်ရတော့မှာပေါ်"
သရုပ်ဆောင်နေတာဖြစ်သော်လည်း ကျန်းလော့အတွက်တော့ ဒဏ်ရာသည် အစစ်အမှန်ဖြစ်နေသောကြောင့် ချီယုံ့ကို တမင်တကာ မကျပ်ပေးချင်တော့ပေ။
"အရမ်းနက်တဲ့ဒဏ်ရာမဟုတ်တဲ့ လက်သည်းရာဆိုတော့ အတုလုပ်ဖို့ အဆင်ပြေပါတယ်"
ချီယုံသည် မျက်ခုံးပင့်လိုက်ပြီး
"ဟမ်"
ကျန်းလော့သည် ချီယုံ့လည်ပင်းကို သွားကိုင်ပြီး လက်သည်းဖြင့် လိုက်ခြစ်ကာ လက်သည်းရာများဖြစ်အောင် လုပ်ပေးနေသည်။
ချီယုံသည် ကျန်းလော့ဘာလုပ်ဖို့ ကြိုးစားနေမှန်း နားမလည်ပေ။ သို့သော် ကျန်းလော့လုပ်သမျှကို မလှုပ်မရှားပဲ ငြိမ်ငြိမ်လေး သည်းခံနေသည်။
ကျန်းလော့သည် ချီယုံ့လည်ပင်းတွင် သွေးကဲ့သို့နီရဲနေသော လက်သည်းရာများ ဖန်တီးပြီး နောက်ဆုတ်၍ ကြည့်လိုက်သည်။
'မလုံလောက်သေးဘူး'
ဇွန်ဘီလက်သည်းရာသည် ထင်းနေဆဲဖြစ်ပြီး အကြာကြီး တွေးနေပြီးနောက် ရှေ့တိုးလိုက်ကာ ချီယုံ့လည်ပင်းကို ထပ်သွားကုတ်ပြန်သည်။
လည်ပင်းပေါ်မှ သူလုပ်ထားသော လက်သည်းရာများသည် မပီမပြင်ဖြစ်နေသေးသည်။
ထိုအမှတ်များလောက်နှင့်ကတော့ ငါးများနှင့် ဆက်ဆံဖူးမည့်သူကိုသာ အရူးလုပ်နိုင်လောက်မည်ဖြစ်ပြီး ချီမိသားစုအကြီးအကဲများကိုတော့ လှည့်စားနိုင်မှာ မဟုတ်ပေ။ အိုစီဒီကြောင့် ကျန်းလော့သည် ထိုမပီမသ လက်သည်းရာများကို ဒီတိုင်းမထားလိုက်နိုင်ဖြစ်နေကာ မျက်မှောင်ကြုတ်လိုက်ပြီး
"သခင်လေးချီ မင်းဒီတစ်ခုတော့ သေချာမှတ်ထားရလိမ့်မယ် အခုကျွန်တော် လုပ်နေတာအကုန်လုံးက ကျွန်တော်တို့ ရွှံ့အိုင်ကို အောင်အောင်မြင်မြင် ကျော်ဖြတ်ဖို့ လုပ်နေတာနော်"
ချီယုံသည် မပီပြင်သော စိတ်ဝင်စားမှုတို့ဖြင့် သူ့ကိုယ်သူ ဘာလိုချင်မှန်းမသိတော့စွာ
"ကောင်းပြီ"
ယခု ချီယုံသဘောတူလိုက်သည်နှင့် ကျန်းလော့သည် ဘာမှဂရုမစိုက်တော့ပေ။
သူသည် ချီယုံ့လည်ပင်းပေါ်သို့ မျက်နှာအပ်လိုက်ပြီး ချီယုံ့လည်စိပေါ်သို့ အနမ်းပေးလိုက်သည်။ ထို့နောက် နှုတ်ခမ်းဖြင့် စုပ်လိုက်ကာ အနမ်းရာတစ်ခု ချန်ထားခဲ့သည်။
သူ့လည်ပင်းပေါ်သို့ နူးညံ့သော နှုတ်ခမ်းလွှာတစ်စုံလာကပ်သည်နှင့် ချီယုံသည် နေရာတွင်ပင် တောင့်တောင့်ကြီး အေးခဲသွားတော့သည်။ သူ့လက်များသည် နောက်ကျောတွင် ကပ်နေပြီး သူ့ကိုယ်သည် မသိမသာ ငုံ့ကိုင်းလာကာ စိတ်ညစ်စရာများ ပြေပျောက်သွားသလို ငေးငိုင်သွားသည်။
သို့သော် ထိုခနတွင် ဆယ်ကျော်သက်ကောင်လေး၏ ဘဝအမြင်သည် လုံးဝ အပိုင်းပိုင်းအစစ ပြိုကွဲသွားခဲ့သည်။ ချီယုံ့လည်စိသည် အနည်းငယ်ယားယံနေကာ အထက်အောက် လှုပ်ရှားနေပြီး လမ်းကြားထဲက ခြောက်သွေ့မှုကြောင့်လားမသိ အာခေါင်တွေခြောက်လာခဲ့သည်။
မကြာဘူးဆိုသော အချိန်လေးသည် တစ်ဘဝစာလောက် ကြာသွားသည် ထင်ရသည်။ ချီယုံ့လည်ပင်းမှ ဒဏ်ရာဖုံးခြင်း လုပ်ငန်းစဉ်သည် ပြီးဆုံးသွားပြီဖြစ်သည်။ ကျန်းလော့သည်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ဇွန်ဘီလက်သည်းရာသည် အနမ်းရာများအောက်တွင် ပြီးပြည့်စုံစွာ ဖုံးကွယ်နေပြီဖြစ်သည်။
"လာလေ"
သူကပြောသည်။
ငါတို့ ပြန်လို့ရပြီ"
အပြင်ထွက်ရန် လှည့်ထွက်လိုက်သော်လည်း သူ့ခါးကို ရုတ်တရက် ဆွဲဖက်ခံလိုက်ရကာ ကျန်းလော့တစ်ယောက် ချီယုံ့ဘက်ပြန်လှည့်သွားတော့သည်။ ချီယုံသည် အပြုံးတစ်ခုကို လှပစွာဆင်မြန်းထားပြီး သူ့မျက်လုံးများသည် ကျန်းလော့၏ လည်ပင်းကို မြဲမြံစွာကြည့်နေသည်။
"ကိုယ်ထင်တာတော့ မင်းလည်ပင်းမှာလဲ နည်းနည်း ရှိသင့်တယ် ထင်တယ်ကွာ....."
################################
Zawgyi
အပိုင္း (၁၂၀) အတြဲညီညီသ႐ုပ္ေဆာင္
'အေစခံလား'
က်န္းေလာ့သည္ အေတြးနက္သြားၿပီး ေျပာလိုက္သည္။
"ငါတို႔စားၿပီးရင္ ရိကြၽမ္းကို တစ္ခ်က္ေလာက္ သြားၾကည့္ခ်င္တယ္"
ခ်ီယုံ႔မ်က္လုံးမ်ားသည္ အနည္းငယ္က်ဥ္းေျမာင္းသြားၿပီး ၿပဳံးလိုက္သည္။
"ေကာင္းၿပီ"
အေမႊးတိုင္တစ္တိုင္စာကုန္သြားၿပီးေနာက္ လူႏွစ္ေယာက္သည္ ဖ်တ္လတ္သြက္လက္စြာ ရိကြၽမ္းသို႔ ခ်ီတက္ခဲ့ၾကေတာ့သည္။
ရိကြၽမ္းသည္ ၿမိဳ႕ထဲႏွင့္ ေတာ္ေတာ္ေလးေဝးသည့္ေနရာတြင္ ရွိသည့္ အေဆာက္အဦးတစ္ခုျဖစ္ၿပီး ပုက်ိဳးၿမိဳ႕မွလူမ်ားေသဆုံးသည့္အခါ အေလာင္းထားရာေနရာအျဖစ္ ယာယီအသုံးျပဳေသာ အေဆာက္အဦးျဖစ္သည္။
အေဆာက္အဦးသည္ ေျမကြက္႐ိုင္းတစ္ခု၏ အလယ္တည့္တည့္တြင္ရွိၿပီး သစ္သားဂိတ္ဝသည္ က်ိဳးပဲ့ကာ ၿပိဳက်မတတ္ျဖစ္ေနကာ နံရံမ်ားမွာ ႐ႊံမ်ားေၾကာင့္ ညစ္ပတ္ေနေလသည္။
ညေနပိုင္းကိုမွ ေတာ္ေတာ္ေနာက္က်ေနၿပီျဖစ္ေသာေၾကာင့္ ရိကြၽမ္းအေဆာက္အအုံသည္ သရဲေျခာက္ေသာအိမ္ႀကီးလို ျဖစ္ေနသည္။ က်န္းေလာ့ႏွင့္ ခ်ီယုံတို႔သည္ မ်က္ႏွာမပ်က္ဘဲ လမ္းေလွ်ာက္ဝင္သြားၾကသည္။
ရိကြၽမ္းကို ႏွစ္ပိုင္းပိုင္းထားၿပီး တစ္ပိုင္းမွာ အဓိကဝင္ေပါက္ေနာက္မွ ၿခံဝန္းျဖစ္ၿပီး အထဲတြင္ သစ္နက္ျဖင့္ ျပဳလုပ္ထားေသာ ေခါင္းတလားအခုႏွစ္ဆယ္ေက်ာ္ကို ခင္းက်င္းသိမ္းဆည္းထားသည္။ ေနာက္တစ္ခုသည္ အနည္းငယ္ေသးေသာ အခန္းတစ္ခုသာရွိေသာ ၿခံဝန္းျဖစ္ၿပီး လတ္တေလာ ေသဆုံးသူမ်ားကို တန္းစီထားသည့္ အခန္းျဖစ္သည္။
က်န္းေလာ့သည္ ၿခံဝန္းထဲမွ ေခါင္းတလာမ်ားကို ၾကည့္ေနသည့္ အခ်ိန္တြင္ ခ်ီယုံက ရွင္းျပသည္။
"ဒီလူေတြအကုန္လုံးက ဒီရက္ပိုင္းအတြင္းေသသြားတဲ့သူေတြပဲ ၿပီးေတာ့ သူတို႔အေလာင္းေတြနဲ႔ ေခါင္းတလားေတြကို ဒီမွာ ယာယီထားထားတာ ေန႔ေကာင္းရက္ျမတ္မွာ သၿဂႋဳဟ္ေပးဖို႔ေလ"
က်န္းေလာ့ကေမးသည္။
"ရိကြၽမ္းမွာ အေစာင့္ေတြ မရွိဘူးလား"
"လူအိုႀကီးတစ္ေယာက္ေတာ့ရွိတယ္ ကိုယ္တို႔ကေတာ့ သူ႔ကို ရႈ လို႔ေခၚတယ္"
ခ်ီယုံသည္ သူ႔ကို အတြင္းခန္းဘက္ဆီသို႔ ေခၚသြားၿပီး
"သူက သူမ်ားေတြနဲ႔မတူဘူးကြ အခုေလာက္ဆို တစ္ခြက္တစ္ဖလားေသာက္ၿပီး ေဘးခန္းထဲမွာ အိပ္ေနေလာက္ၿပီ ကိုယ္တို႔ ကိုယ့္ဟာကိုယ္ပဲ ဝင္ၾကည့္ၾကတာေပါ့ကြာ"
ေျပာရင္းျဖင့္ တံခါးကို တြန္းဖြင့္လိုက္သည္။ ကြၽီဆိုေသာ အသံႏွင့္အတူ တံခါးအိုႀကီးသည္ အိပဲ့အိပဲ့ျဖင့္ ပြင့္သြားၿပီး အေလာင္းမ်ားမွ အပုတ္နံ႔သည္ ျပင္ပထိ လႈိင္ထြက္လာသည္။
ခ်ီယုံသည္ ပါးစပ္ႏွင့္ ႏွာေခါင္းကို လက္ကိုင္ပုဝါျဖင့္ အုပ္လိုက္ၿပီး ပုဝါေအာက္တြင္ ႏႈတ္ခမ္းေထာင့္မ်ားသည္ အႏၲာရာယ္ရွိစြာ ေကြးတက္သြားသည္။
"သခင္ေလးက်န္း ဝင္ခဲ့ေလ"
အခန္းထဲတြင္ ေရနံဆီမီးအိမ္ႏွစ္လုံး ထြန္းထားသည္။ ေရနံဆီမီးအိမ္ႏွစ္လုံး အလယ္တြင္ ကုတင္ႏွစ္လုံးရွိၿပီး ကုတင္မ်ားေပၚတြင္ အဝတ္ျဖဴျဖင့္အုပ္ထားေသာ ေသြးမ်ား႐ႊဲေနေသာ အေလာင္းႏွစ္ေလာင္း ရွိေနသည္။
က်န္းေလာ့သည္လည္း ႏွာေခါင္းကို အဝတ္စျဖင့္ ကာထာၿပီး ေရနံဆီမီးအိမ္တစ္ခုကို ယူ၍ အေလာင္းတစ္ေလာင္းနားသို႔ ကပ္သြားသည္။ ထို႔ေနာက္ အဝတ္ျဖဴကို လွန္လိုက္ရာ မ်က္လုံးမ်ား ျပဴးသြားၿပီး
".........တြမ့္ တြမ့္က်ီ"
ကုတင္ေပၚတြင္ တြမ့္က်ီ၏မ်က္ႏွာသည္ ျဖဴေဖ်ာ့ေနၿပီး မ်က္လုံးမ်ား ျပဴးက်ယ္ေနကာ ႏႈတ္ခမ္းမ်ားသည္ ခရမ္းေရာင္သမ္းေနကာ ေခါင္းႏွင့္လည္ပင္းမွာ အလြန္အကြၽံေနရာလြဲေနၿပီး ျမင္ရ႐ုံျဖင့္ပင္ စိတ္မခ်မ္းသာစရာေကာင္းေနသည္။
'ေသသြားတဲ့လူက ..................... တြမ့္က်ီတဲ့လား'
'ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ'
'မေန႔ကေတာင္ မေကာင္းဆိုးဝါးဖမ္းဖို႔ ေဆြးေႏြးေနၾကေသးတာ ဒီေန႔ေသသြားၿပီတဲ့လား'
က်န္းေလာ့သည္ စိတ္ရႈပ္စြာ သက္ျပင္းခ်လိုက္ၿပီး ဘယ္လိုမွကို မယုံႏိုင္ေသးေပ။
ေရနံဆီမီးအိမ္ကို ေဘးမွာခ်လိုက္ၿပီး တြမ့္က်ီကိုယ္ေပၚမွာ အျဖဴေရာင္အဝတ္တစ္ခုလုံးကို ဖယ္ၾကည့္လိုက္ရာ ေခါင္းတစ္ခုပင္ အျဖတ္ခံထားရသည္မဟုတ္ဘဲ ေျခလက္မ်ားသည္ လည္း ခႏၶာကိုယ္ႏွင့္ တကြဲတျပားျဖစ္ေနၿပီး လူသားပုံစံျပန္ရေအာင္ ျပန္ခ်ဳပ္ေပးထားရသည္။
ခ်ီယုံသည္ဒီတိုင္းရပ္ၾကည့္ေနၿပီး ေကာင္းကင္မွတိမ္မ်ားကို ၾကည့္ရတာေလာက္ေတာင္ စိတ္ဝင္စားစရာမေကာင္းေသာေၾကာင့္ သက္ျပင္းခ်လိုက္သည္။
"ဒီလိုေတာင္ စိတ္မေကာင္းစရာေကာင္းတဲ့ နည္းနဲ႔ အသတ္ခံလိုက္ရတာပါလား"
က်န္းေလာ့သည္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ထို႔ေနာက္ ေနာက္ထပ္ကုတင္တစ္လုံးစီသို႔သြား၍ အဝတ္ျဖဴကို ခက္ထန္စြာ လွန္ပစ္လိုက္သည္။ ကုတင္ေပၚတြင္ တြမ့္က်ီကဲ့သို႔ ေသဆုံးသူတစ္ေယာက္ရွိေနၿပီး ထိုသူမွာ ညစ္ပတ္စုတ္ျပတ္ေနေသာ သူေတာင္းစားတစ္ေယာက္ျဖစ္ကာ ၿပဲစုတ္ေနေသာ အဝတ္မ်ားႏွင့္ ေၾကာက္စရာေကာင္းသည့္ ျပတ္ရွရာမ်ား ပြထေနသည္။
ထိုသူ၏ ေသဆုံးပုံသည္ တြမ့္က်ီႏွင့္ အနည္းငယ္ဆင္သည္။ တြမ့္က်ီ၏ေခါင္းကဲ့သို႔ အျဖတ္ခံထားရကာ အေလာင္းေဘးတြင္ တင္ထားေပးခံရေသာ္လည္း တြမ့္က်ီကဲ့သို႔ လက္မ်ားေျခေထာက္မ်ားေတာ့ တိတိပပအျဖတ္မခံထားရေပ။ အနည္းဆုံးေတာ့ ေျခလက္အဂၤါစုံေသးသည္ဟု ေျပာရေပမည္။
သူေတာင္းစား၏ မ်က္ႏွာအမူအယာသည္ တြမ့္က်ီ၏အမူအယာႏွင့္ တစ္ထပ္တည္းတူေနကာ ေရွာင္လႊဲမရေသာ ေၾကာက္႐ြံ႕မႈကို ရင္ဆိုင္ခဲ့ၾကရဟန္တူသည္။
ေသျခင္းတရားကို အရွင္လတ္လတ္ ျမင္လိုက္ရေသာ ေၾကာက္႐ြံ႕ျခင္း၏ မ်က္ႏွာထားျဖစ္သည္။
က်န္းေလာ့သည္ အဝတ္ျဖဴကို ေျမျပင္ေပၚသို႔ လြတ္ပစ္လိုက္ၿပီး ေသဆုံးသူ၏ခႏၶာကိုယ္ကို ၾကည့္ေနသည္။ ထိုအခ်ိန္တြင္ ေသသူ၏လည္ပင္းတဝိုက္ကို ျမဴနက္တခ်ိဳ႕သည္ အလြတ္မေပးခ်င္သလို ရစ္ပတ္ထားသည္ကို ေတြ႕လိုက္ရသည္။ က်န္းေလာ့အတြက္ ထိုျမင္ကြင္းသည္ အလြန္ရင္းႏွီးေနသည္။
လုံးဝမတုံ႔ဆိုင္းပဲ က်န္းေလာ့သည္ လက္ကိုဆန႔္ထုတ္၍ ျမဴနက္မ်ားကို ထိၾကည့္လိုက္သည္။ ျမဴနက္မ်ားသည္ ခ်က္ခ်င္း သူ႔လက္ေမာင္းကို ရစ္သိုင္းလာကာ က်န္းေလာ့ပုံစံသည္ အိပ္မက္မက္ေနသူတစ္ေယာက္ကဲ့သို႔ မတ္တပ္ႀကီး မိန္းေမာသြားေတာ့သည္။
မေသခင္တုန္းက ျမင္ကြင္းကို ျပန္ျမင္ရၿပီး မေသခင္တြင္ ေသျခင္းတရားကို မ်က္ျမင္ေတြ႕ရ၍ ႏွလုံးျပဳတ္ထြက္မတတ္ ေၾကာက္႐ြံ႕မႈကိုပါ ခံစားမိရသည္။
(T/N : ေမွာ္နက္အရွင္သခင္ထဲက ေဝ့ဝူရွန႔္လိုမ်ိဳး အားခ်င္တို႔ arcတုန္းက မွ်ေဝခံစားျခင္းမႏၲာန္သုံးသလိုမ်ိဳးေလ ကိုယ္တိုင္ႀကဳံေတြ႕ရသလိုမ်ိဳးျဖစ္သြားတာ)
အေမွာင္ထဲတြင္ လမ္းေထာင့္တစ္ေနရာတြင္ သူေတာင္းစားအဖိုးႀကီးသည္ ယေန႔ေတာင္း၍ ရလာေသာ အေႂကြေစ့မ်ားကို ေရတြက္ေနသည္။ ထိုအခ်ိန္တြင္ အရိပ္တစ္ခုသည္ သူေတာင္းစား၏ေခါင္းေပၚသို႔ ျဖည္းျဖည္းခ်င္းအုပ္မိုးလာေသာေၾကာင့္ ပ်စ္ဆြဲႀကီးလွည့္ၾကည့္လိုက္ရာ သူ႔ေရွ႕တြင္ ေသြးတစ္စက္စက္က်ေနေသာ ေတာခုတ္ဓားကို ေျမႇာက္ၿပီး သူ႔ဆီသို႔ ခက္ထန္စြာ လႊဲခုတ္လိုက္ေလသည္။
သူေတာင္းစားသည္ ႏွလုံးခုန္ရပ္တန႔္သြားမတတ္ေၾကာက္႐ြံ႕သြားၿပီး အက်ယ္ႀကီးေအာ္ဟစ္ပစ္ၿပီးေနာက္တြင္ သူ႔လည္ပင္းမွ နာက်င္သြားၿပီး သတိမရွိျဖစ္သြားေတာ့သည္။
က်န္းေလာ့၏မ်က္လုံးသည္ ဖ်က္ခနဲပြင့္လာၿပီး အငမ္းမရအသက္ရႉလိုက္သည္။
ေသျခင္းတရား၏ေၾကာက္႐ြံ႕မႈကို မ်က္ျမင္ကိုယ္ေတြ႕ခံစားလိုက္ရသလို ျဖစ္သြားၿပီး သူ႔ႏွလုံးသားကို တစ္ေယာက္ေယာက္မွ ဆြဲညစ္ထားသလို ခံစားရကာ က်န္းေလာ့သည္ ေျဖးေျဖးခ်င္း စိတ္ၿငိမ္လာေအာင္ ႀကိဳးစားေနရသည္။ ထိုအခ်ိန္တြင္ ခ်ီယုံသည္သူ႔ကို ခါးမွထိန္းကိုင္ေပးထားၿပီး
"ဘာမွားသြားလို႔လဲ"
က်န္းေလာ့သည္ ေခါင္းခါလိုက္ၿပီး ခ်ီယုံက သူ႔ကိုလြတ္ေပးလိုက္သည္။ ထို႔ေနာက္ က်န္းေလာ့၏ ျဖဴေဖ်ာ့ေနေသာ မ်က္ႏွာကိုၾကည့္၍ အေတြးမ်ားသြားသည္။
က်န္းေလာ့သည္ ေစာနက သူမေသခင္ ျမင္လိုက္ရေသာ ျမင္ကြင္းကို ျပန္စဥ္းစားၾကည့္ေနသည္။
ေျခာက္ျခားဖြယ္ပုံရိပ္သည္ ေခါင္းအစေျခအစုံ အနက္ေရာင္ဝတ္႐ုံျဖင့္ အုပ္ထားၿပီး ထိုသူကို မ်က္ႏွာတင္မကပဲ လိင္အမ်ိဳးအစားကိုပါ ရွင္းရွင္းလင္းလင္း မသိႏိုင္ေပ။ ဓားခ်က္သည္ လ်င္ျမန္ရွင္းလင္းၿပီး ခက္ထန္စြာ တစ္ခ်က္ထဲ အျပတ္ျဖတ္သြားေသာေၾကာင့္ အမွန္တကယ္ကို ေသြးေအးသည့္ မေကာင္းဆိုးဝါးႏွင့္ တူေနပါသည္။ သို႔ေသာ္ ထိုသူ၏ လုပ္ေဆာင္ခ်က္သည္ လူတစ္ေယာက္လုပ္ေဆာင္ႏိုင္ေသာ အဆင့္ထဲက မဟုတ္သည္မွာလည္း ေတာ္ေတာ္ ထူးဆန္းေနသည္။ က်န္းေလာ့သည္ ထိုသူကို လူတစ္ေယာက္ မဟုတ္ႏိုင္ဟု သုံးသပ္လိုက္သည္။
က်န္းေလာ့သည္ သူေတြ႕ခဲ့ျမင္ခဲ့သည္မ်ားကို ေသခ်ာမွတ္သားၿပီးေနာက္ သူေတာင္းစားအဘိုးႀကီးကို ျပန္အုပ္ေပးလိုက္ၿပီး တြမ့္က်ီဘက္သို႔ ျပန္လွည့္ၾကည့္လိုက္သည္။
တြမ့္က်ီသည္ အခုမွ အသက္ႏွစ္ဆယ္အ႐ြယ္ တကၠသိုလ္ေက်ာင္းသားေလး တစ္ေယာက္သာျဖစ္သည္။ က်န္းေလာ့သည္ တြမ့္က်ီ၏မ်က္လုံးကို မွိတ္ေပးၿပီး ေသသူႏွစ္ေယာက္အတြက္ ဘဝကူးဂါထာကို တိုးတိတ္စြာ ႐ြတ္ဆိုေပးလိုက္သည္။
သို႔ေသာ္ သူ႐ြတ္ၿပီးမွ ႐ုတ္တရက္ သတိရသြားသည္။
"ေနဦး ဘာလို႔ တြမ့္က်ီကိုယ္ေပၚမွာ ျမဴနက္ေတြ မရွိေနရတာလဲ"
က်န္းေလာ့သည္ မ်က္လုံးဖြင့္လိုက္ၿပီး တြမ့္က်ီ၏တစ္ကိုယ္လုံးကို ေစ့စပ္စြာစစ္ေဆးလိုက္သည္။ မည္မွ်စစ္ေဆးပါေစ ျမဴနက္မ်ား ရွာမေတြ႕ေပ။ က်န္းေလာ့သည္ ျမဴနက္မ်ားအေၾကာင္း အမ်ားႀကီးမသိေသာေၾကာင့္ ထိုျမဴနက္မ်ားသည္ အသက္ခံရသူတိုင္းတြင္ ေပၚလာျခင္းဟုတ္မဟုတ္ မသိေပ။ တြမ့္က်ီတကယ္မေသ၍ ျမဴနက္မ်ား ေပၚထြက္မလာတာလည္း ျဖစ္ႏိုင္သည္ဟု ေတြးမိေသးသည္။
က်န္းေလာ့အၾကာႀကီး တြက္ခ်က္ၾကည့္လိုက္ေသာအခါ အနည္းငယ္ေတာ့ ေကာက္ခ်က္ခ်ႏိုင္သြားသည္။ ျမဴနက္မ်ားသည္ ဝိဉာဥ္မွေပါက္ဖြားလာေသာ မေသဆုံးခင္မွ မွတ္ဉာဏ္မ်ားကို သိမ္းဆည္းေပးႏိုင္ေသာ တစ္ခုခုျဖစ္ႏိုင္သည္။
သူတို႔အုပ္စု မွန္ဝကၤပါေလာကထဲသို႔ ဝင္လာျခင္းသည္ သူတို႔ ကိုယ္ပိုင္႐ုပ္ခႏၶာမ်ားျဖင့္ ဝင္လာျခင္းမဟုတ္ေပ ထို႔ေနာက္ တြမ့္က်ီ၏ေသဆုံးျခင္းသည္ အမွန္တကယ္ ေသဆုံးတာမဟုတ္ဘူးဆိုပါလွ်င္ အရာအားလုံးသည္ သူ႔ေနရာႏွင့္ သူ ကြင္းဆက္မိသြားၿပီ ျဖစ္သည္။
က်န္းေလာ့သည္ တြမ့္က်ီကို မ်က္လုံးမွိတ္ေပးၿပီး လက္ျပန္႐ုတ္လိုက္သည္။ ထို႔ေနာက္ ေနာက္လွည့္ၿပီး ခ်ီယုံ႔မ်က္လုံးကို တည့္တည့္ၾကည့္လိုက္သည္။
ခ်ီယုံသည္ ေစာနထဲက သူ႔ကိုစိုက္ၾကည့္ေနပုံရၿပီး က်န္းေလာ့သည္ ထိုအၾကည့္ေၾကာင့္ ေခါင္းထဲတြင္ အသိေပးခ်က္သံမ်ား တေဒါင္ေဒါင္ျမည္သြားသလို ျဖစ္သြားသည္။
"ဘာမွားေနလို႔လဲ"
"မဟုတ္ပါဘူး မင္းက ဒီေသတဲ့သူေတြအေၾကာင္း စိတ္ဝင္စားေနသလိုပဲေနာ္"
က်န္းေလာ့က ျပန္ေျပာသည္။
"ငါက မင္းတို႔မိသားစုအေၾကာင္းကိုလည္း အမ်ားႀကီး စိတ္ဝင္စားပါတယ္ကြာ"
သူတို႔စကားေျပာေနခ်ိန္မွာပင္ ၿခံဝန္းတစ္ခုလုံးသည္ ႐ုတ္တရက္ လႈပ္ရမ္းသြားၿပီး အေခါင္းမ်ားမွ က်ယ္ေလာင္ေသာအသံမ်ား ထြက္လာကာ ေခါင္းတလားအဖုံးမ်ား ပြင့္လာသည္။
က်န္းေလာ့သည္ ျပတင္းေပါက္မွ အျပင္ဘက္သို႔ လွမ္းၾကည့္လိုက္ရာ မ်က္လုံးမ်ား ျပဳတ္က်မတတ္ျပဴးက်ယ္သြားသည္။
ၿခံဝန္းထဲတြင္ တန္းစီထားေသာ ေခါင္းတလားမ်ားသည္ အဖုံးကိုယ္စီပြင့္ဟေနၿပီး အေလာင္းမ်ားသည္ တစ္ေယာက္ၿပီးတစ္ေယာက္ ထထိုင္လာသည္။ အေလာင္းမ်ား၏မ်က္ႏွာသည္ ျဖဴေဖြးျပာႏွမ္းေနၿပီး သြားမ်ားသည္ အစြယ္မ်ားအျဖစ္ ႏႈတ္ခမ္းအျပင္ဘက္သို႔ ေငါထြက္ေနကာ လက္သည္းမ်ားသည္ ရွည္လ်ားၿပီး ဓားသြားမ်ားကဲ့သို႔ ထက္ျမေနသည္။
အေလာင္းမ်ားသည္ ျဖည္းျဖည္းခ်င္း ဇြန္ဘီမ်ားအျဖစ္ေျပာင္းလဲ ေနၿပီျဖစ္သည္။
က်န္းေလာ့က က်ိန္ဆဲသည္။
'ခ်ီးပဲေဟ့ တစ္ခုၿပီးတစ္ခု ျဖစ္ေနလိုက္'
ဇြန္ဘီမ်ားသည္ သူတို႔ထိုင္ေနေသာ ေခါင္းတလားမ်ားထဲမွ ခုန္ထြက္လာကာ လက္ႏွစ္ဖက္ကို ရင္ဘက္ေရွ႕တည့္တည့္တြင္ ဆန႔္တန္းထားၿပီး သူတို႔ေခါင္းမ်ားသည္ အိမ္အတြင္းဘက္သို႔ တန္းတန္းမတ္မတ္လွည့္ ေနကာ ၿပိဳင္တူခုန္ေပါက္၍ အခန္းဆီသို႔ ေရာက္လာၾကသည္။
က်န္းေလာ့သည္ ေနာက္လွည့္ၾကည့္လိုက္ျပန္ရာ အခန္းထဲမွ ကုတင္ေပၚရွိ အေလာင္းႏွစ္ေလာင္းမွာ စတင္ၿပီး လႈပ္ရွားလာေလၿပီ။ သို႔ေသာ္ သူတို႔ခႏၶာကိုယ္သည္ အပိုင္းပိုင္းျပတ္ေနေသာေၾကာင့္ သူတို႔လက္ေမာင္းမ်ားႏွင့္ ေျခေထာက္မ်ားမွာ ျပတ္ထြက္ေနေသာေၾကာင့္ ကုတင္ေပၚတြင္ တစ္ခ်က္လႈပ္လိုက္သည္ႏွင့္ ေခါင္းႏွင့္ လက္ေမာင္းမ်ားမွာ အကုန္လွိမ့္ၿပီး ျပဳတ္က်လာေသာေၾကာင့္ အမ်ားႀကီး မၿခိမ္းေျခာက္ႏိုင္ေပ။
ခ်ီယုံဒီေနရာမွာရွိေနသည္ကို သတိရသြားၿပီး က်န္းေလာ့သည္ ဘာမွနားမလည္သလိုဟန္ေဆာင္၍ ခ်ီယုံ႔ေနာက္သို႔ ဝင္ရပ္လိုက္ကာ တုန္လႈပ္ေၾကာက္႐ြံ႕စြာ ေျပာသည္။
"သခင္ေလးခ်ီ အဲ့ဒါဘာေတြလဲ"
ခ်ီယုံသည္ ေရွ႕ဆုံးကဝင္လာေသာ ေသြးစုပ္ဖုတ္ေကာင္ကိုၾကည့္၍ ခက္ခဲသည့္ပုံစံျဖင့္ ေျပာလိုက္သည္။
"သခင္ေလးက်န္း ကိုယ္က ကိုယ့္အလုပ္အကိုင္ထဲမွာ အရမ္းေတာ္မေနဘူးကြ ကိုယ္တစ္ေယာက္ႏွစ္ေယာက္ေလာက္ပဲ ေျဖရွင္းႏိုင္မွာကြ ဒါေပမဲ့ ဒီေလာက္အမ်ားႀကီးက်ေတာ့ ကိုယ္တကယ္မႏိုင္ဘူးကြ"
က်န္းေလာ့သည္ အက်ယ္ႀကီး ေအာ္ရယ္လိုက္ခ်င္ေတာ့သည္။
'ဇြန္ဘီေလးနည္းနည္းေလးကို ဘာျဖစ္တယ္ ခက္ခဲတယ္ဟုတ္လား ဒီ...'
'ေသာက္ဗ႐ုတ္သုကၡေတြဆို မထြက္ႏိုင္တာကို မရွိေတာ့တာပါလား လူေတြ သူ႔အေၾကာင္းမသိဘူးဆိုတာနဲ႔ပဲ ေျပာခ်င္တိုင္းေျပာေနေတာ့တာပဲ'
သူ၏ခက္ထန္ေနေသာ မ်က္ႏွာထားကို ေျဖေဖ်ာက္လိုက္ၿပီး ေၾကာက္႐ြံ႕ျဖဴေဖ်ာ့ေနပုံျဖင့္
"တစ္ခုခုလုပ္ပါဦးကြာ ငါတို႔ေသကုန္ေတာ့မွာပဲ"
စကားသံမ်ားၾကားၿပီးေနာက္ သူေတာင္းစား၏ ေခါင္းမရွိေသာ ခႏၶာကိုယ္သည္ ကုတင္ေပၚမွ ခုန္ထလာၿပီး သူတို႔ေရွ႕ထိေရာက္လာသည္။ ထိုဇြန္ဘီသည္ က်န္းေလာ့ႏွင့္ ခ်ီယုံတို႔ဆီသို႔ တိုးကပ္လာၿပီး တစ္လွမ္းၿပီးတစ္လွမ္းခုန္ကူးလာသည္။
ခ်ီယုံသည္ က်န္းေလာ့ကို ေနာက္သို႔တြန္းလိုက္ၿပီး သူ႔ပုံစံမွာ ေၾကာက္လန႔္ၿပီး ဘယ္လိုတုန႔္ျပန္ရမွန္းမသိ ျဖစ္ေနကာ လႈပ္ရွားမႈမ်ားမွာ ကစဥ့္ကလ်ားျဖစ္ေနေတာ့သည္။ မၾကာမီတြင္ ေခါင္းမပါေသာ ဇြန္ဘီ၏ စမ္းတဝါးဝါးခုန္မႈေၾကာင့္ တံခါးမႀကီးႏွစ္ဖက္လုံး ျပင္းျပင္းထန္ထန္ပြင့္သြားကာ အျပင္ဘက္မွ ဇြန္ဘီအုပ္လိုက္ႀကီးသည္ ေရလႈိင္းကဲ့သို႔ အခန္းထဲ အလုံးအရင္းလိုက္ ဝင္လာၾကသည္။
ခ်ီယုံသည္ ေလးနက္စြာၾကည့္၍
"သခင္ေလးက်န္း မေကာင္းေတာ့ဘူး ကိုယ္တို႔ေတာ့ အႏၲာရာယ္က လြတ္ႏိုင္မယ္မထင္ေတာ့ဘူး"
သူ႔ေနာက္တြင္ ကြယ္ရပ္ေနေသာ က်န္းေလာ့သည္ မ်က္ႏွာေသျဖင့္ ေျပာသည္။
"ဒါဆို ငါဘာလုပ္ရမလဲ သခင္ေလးခ်ီ ကြၽန္ေတာ္တကယ္ႀကီး မေသခ်င္ေသးဘူးလို႔"
ခ်ီယုံသည္ အခန္းတစ္ခုလုံးကို လွည့္ပတ္ၾကည့္လိုက္ၿပီး ႐ုတ္တရက္ က်န္းေလာ့ကို ေနာက္ဘက္သို႔ဆြဲ၍ အခန္းေထာင့္ရွိ ဗီဒိုထဲသို႔ ဆြဲေခၚသြားသည္။ ဗီဒိုတံခါးကို ဆြဲဖြင့္လိုက္ၿပီး က်န္းေလာ့ကို အရင္အထဲထည့္ၿပီးမွ သူလိုက္ဝင္၍ တံခါးပိတ္လိုက္သည္။
ဗီဒိုတံခါးသည္ ေဆြးေနၿပီျဖစ္ေသာေၾကာင့္ အေပါက္ေသးေသးေလးမ်ား ရွိေနကာ သူတို႔သည္ အထဲမွ သူတို႔ႏွင့္ နီးကပ္လာေသာ ဇြန္ဘီမ်ားကို ျမင္ေနရသည္။ ခ်ီယုံက က်န္းေလာ့ေနာက္မွေန၍ သတိေပးလိုက္သည္။
"အသက္ေအာင့္ထား"
က်န္းေလာ့ အသက္ေအာင့္လိုက္သည္။
အျပင္ဘက္မွ ဇြန္ဘီမ်ားသည္ သားေကာင္ေပ်ာက္သြားကာ ေခါင္းမ်ား ဆန႔္က်င္ဘက္သို႔ လွည့္သြားၾကသည္။ သူတို႔၏ထက္ျမေသာ လက္သည္းမ်ားသည္ မီးေရာင္ေအာက္တြင္ ေျခာက္ျခားစရာေကာင္းစြာ ေတာက္ပေနၿပီး တစ္ခ်က္ပုတ္လိုက္သည္ႏွင့္ ေၾကာက္မက္ဖြယ္ေသြးသံတ႐ႊဲ႐ႊဲ အေပါက္ႀကီးျဖစ္သြားေပလိမ့္မည္။
က်န္းေလာ့သည္ ခ်ီယုံ႔ေရွ႕တြင္ မတ္တပ္ရပ္ေနၿပီး ခ်ီယုံမျမင္ႏိုင္ေသာ သူ႔မ်က္ႏွာသည္ မွင္နက္အိုး ေမွာက္က်ထားသကဲ့သို႔ မည္းေမွာင္ေနသည္။
႐ႊမ္႐ႊီေလာက၏ ပေရာ္ဖက္ရွင္နယ္က်ေသာ ဆရာသခင္တစ္ေယာက္အေနႏွင့္ ထိပ္တိုက္ရင္ဆိုင္ မတိုက္ခိုက္ဖူးေသာ္လည္း ဤဇြန္ဘီမ်ားအေၾကာင္း အနည္းအက်ဥ္းေတာ့ သိထားပါေသးသည္။ ဇြန္ဘီတြင္ အမ်ိဳးအစား ႏွစ္ခုသာ ခြဲႏိုင္သည္။ ေသဆုံးခါစထဲက ဇြန္ဘီအျဖစ္ကူးေျပာင္းသြားေသာ အေလာင္းမ်ားႏွင့္ ေသဆုံးၿပီး ႏွစ္ခ်ီေနေအာင္ ျမႇပ္ႏွံသၿဂႋဳဟ္ၿပီးမွ ဇြန္ဘီအျဖစ္ ျပန္လည္ႏိုးထလာေသာ အေလာင္းေကာင္မ်ား ဟူ၍ ႏွစ္မ်ိဳး ခြဲျခားႏိုင္သည္။
ခ်ီယုံ ဤဇြန္ဘီအနည္းငယ္ကို တကယ္ႀကီး မႏွိမ္ႏွင္းႏိုင္ဘူးဆိုတာကို က်န္းေလာ့ကေတာ့ မယုံၾကည္ေပ။
'အားနည္းခ်င္ေယာင္လာေဆာင္ေနတာ'
'အားနည္းခ်င္ေယာင္ေဆာင္ခ်င္လည္း ကိုယ့္ဟာကိုယ္ေဆာင္ေလ ငါ့ကို ဗီဒိုထဲပုန္းခိုင္းၿပီး ေသခိုင္းမလို႔လား'
လူတစ္ေယာက္အသက္မရႉလွ်င္ ယန္စြမ္းအင္လႊတ္ထုတ္ျခင္း မရွိေတာ့ေသာေၾကာင့္ သူတို႔ကို ဇြန္ဘီမ်ား ရွာမေတြ႕ႏိုင္ေတာ့ေပ။ အကယ္၍ တစ္စုံတစ္ေယာက္သည္ ဒီလိုအေျခအေနမ်ိဳးတြင္ ရိကြၽမ္းမွ ထြက္ေျပးရမည္ဆိုလွ်င္ အေကာင္းဆုံးနည္းလမ္းမွာ အသက္ေအာင့္၍ ဇြန္ဘီမ်ားၾကား ေရာေႏွာ၍ အျပင္ဘက္သို႔ ထြက္ေျပးရန္ ျဖစ္သည္။
သို႔ေသာ္ အခုအေျခအေနက က်န္းေလာ့ကို အလြန္အမင္း ေဒါသပုန္ထလာေစသည္။
အျပင္ပန္းအရၾကည့္လွ်င္ေတာ့ ခ်ီယုံက သူ႔ကို ခနတာေတာ့ လုံၿခဳံေစရန္ အေကာင္းဆုံးစဥ္းစား၍ ကာကြယ္ႏိုင္သေလာက္ ကာကြယ္ေပးထားသည္။ သို႔ေသာ္ လူတစ္ေယာက္က မည္မွ်ၾကာေအာင္ အသက္ေအာင့္ႏိုင္ပါမည္နည္း။
သူတို႔ အသက္ေအာင့္မထားႏိုင္ေသာ အခ်ိန္တြင္ ဇြန္ဘီမ်ားသည္ သူတို႔ကို သတိျပန္ထားမိလာၿပီး အ႐ိုးတျခားအသားတျခား ျဖစ္ေအာင္ တိုက္ခိုက္ေပေတာ့မည္။ ႏွမ္းေစ့မ်ားေကာက္ေန၍ ဖရဲသီးကို ဆုံးရႈံးသြားရသကဲ့သို႔ တုံးအမိုက္မဲေသာ နည္းလမ္းျဖစ္သည္။ ခ်ီယုံက ဒီေလာက္ေတာင္ မေတြးေခၚတတ္ဖူးဆိုတာ က်န္းေလာ့ ဘယ္လိုမွကို မယုံပါေခ်။
မည္သို႔ေျပာရမွန္းကို မသိေတာ့ေသာ္လည္း ခ်ီယုံသည္ တကယ္ႀကီး စိတ္ပ်က္စရာ မိုက္မဲမႈကို မ်က္ေတာင္တခ်က္ မခတ္ဘဲ လုပ္ေဆာင္ခဲ့ေလသည္။
'ငါ့ကို စမ္းသပ္ဖို႔ တမင္တကာလုပ္တာ တစ္ရာရာခိုင္ႏႈန္းေသခ်ာတယ္'
က်န္းေလာ့သည္ ေဒါသမ်ား ေပါက္ကြဲမထြက္လာေအာင္ မနည္းထိန္းထားရသည္။
'မ်က္ႏွာဖုံးခြာမယ္ဆိုလဲ အဆုံးထိခြာေလ'
က်န္းေလာ့သည္ အံကိုတင္းတင္းႀကိတ္ထားၿပီး စိတ္ထဲမွ ပစ္စလက္ခတ္က်ိန္ဆဲေနသည္။
'တအားေတြ ေတာ္ေနတာေပါ့ေလ ဒီ ေခြးသေတာင္းစား လုပ္ၾကည့္ေလ အဆုံးထိသြားၾကည့္'
က်န္းေလာ့သည္ တစ္ကိုယ္လုံး မီးထေတာက္ေတာ့မလို ပူျပင္းေဒါသထြက္လာေသာ္လည္း စိတ္ကို ၿငိမ္ေအာင္ ထိန္းခ်ဳပ္ႏိုင္ခဲ့သည္။ ႏႈတ္ခမ္းတင္းတင္းေစ့၍ စိတ္ထဲမွ ႏွာေခါင္းရႈံ႕ေနသည္။
'ဘယ္သူအရင္ အရႈံးေပးရမလဲ ၾကည့္ၾကတာေပါ့'
အျပင္ဘက္တြင္ ဇြန္ဘီမ်ားသည္ လည္ေခ်ာင္းထဲမွလာေသာ အက္ကြဲကြဲ မာန္ဖီသံမ်ား ဆက္တိုက္ ထုတ္လႊတ္ေနၿပီး ရွည္လ်ားခြၽန္ထက္ေသာ အစြယ္မ်ားသည္ ႏႈတ္ခမ္းၾကားမွ ျပဴထြက္ေနကာ သူတို႔၏အနံ႔အသက္မ်ားေၾကာင့္ ေလထုသည္ မြန္းၾကပ္ေနေတာ့သည္။
ခ်ီယုံသည္ အျပင္ဘက္ကို ဘာမွမရွိသလို ၾကည့္ေနရင္း ႐ုတ္တရက္ သူ႔ဘယ္ဘက္လက္ကို သူ႔ေရွ႕မွလူ ဆြဲသြားတာခံလိုက္ရသည္။ ထိုအခါမွ ေအာက္ငုံ႔ၾကည့္လိုက္ေသာအခါ သခင္ေလးက်န္းသည္ သူ႔လက္ဖဝါးေပၚတြင္ ေခါင္းငုံ႔၍ တစ္ခုခုေရးေနသည္ကို ေတြ႕ရသည္။
"ေနာက္ထပ္ဘာလုပ္ရဦးမွာလဲ"
သခင္ေလးက်န္း၏ လက္ထိပ္ထိသြားရာ လက္ဖဝါးျပင္သည္ သူ႔ကို အနည္းငယ္ယားယံလာေစၿပီး ႏွလုံးသားကို ကလိထိုးေနသလို ျဖစ္ေနသည္။ ခ်ီယုံသည္ က်န္းေလာ့ေရးၿပီးသည္အထိေစာင့္ေနၿပီး က်န္းေလာ့လက္ကို ျပန္ဆြဲ၍ ေရးျပလိုက္သည္။
"မင္းစိတ္ထဲမွာ ေတြးထားတာရွိလား"
'ေသာက္သေတာင္းစားေလးေရ'
'ငါ့ကိုစမ္းသပ္မေနနဲ႔ ဒါႀကီးအရင္ေျဖရွင္းဖို႔ အာ႐ုံစိုက္စမ္းပါကြာ'
'ငါ့စိတ္ထဲ ဘာေတြးထားတာ ရွိရမွာတုန္း'
'ငါက အခုသာမန္လူေလ'
က်န္းေလာ့သည္ က်ိတ္၍ ေႂကြးေၾကာ္ေနမိသည္။
'ဒီအခြင့္အေရးကို အသုံးခ်ၿပီး ဒီေကာင့္ကို သင္ခန္းစာေကာင္းေကာင္းေပးလိုက္ရမလား'
'ငါ့ကိုမ်ား တစ္စုံတစ္ေယာက္က လြယ္လြယ္စမ္းသပ္ ေဖာ္ထုတ္လို႔ရမဲ့သူလို႔မ်ား ထင္ေနလား'
'ငါမင္းကို တိုးတက္လာေအာင္လည္း မကူညီႏိုင္သလို အခုလည္း ဘာမွကူညီမွာမဟုတ္ဘူး အိုေက'
က်န္းေလာ့၏ အေတြးမ်ားသည္ ႐ူးမိုက္ေနေသာ္လည္း အျပင္ဘက္တြင္ေတာ့ ႐ိုးသားသည့္ဖိုးသခြားေလးလို အျပစ္ကင္းစြာျဖင့္ ေခါင္းယမ္းျပ၍
"မရွိဘူး"
ခ်ီယုံသည္ က်န္းေလာ့ကို မ်က္ေမွာင္ကုတ္ၾကည့္၍ က်န္းေလာ့ကို တစ္ကိုယ္ေကာင္းဆန္သည္ဟု ထင္ေနသည္။
ဗီဒိုသည္ အလြန္ေသးငယ္ၿပီး သူတို႔ႏွစ္ေယာက္ဆန႔္သည္ဆို႐ုံေလး ျဖစ္သည္။ ဆယ္ေက်ာ္သက္ အ႐ြယ္သာရွိေသးေသာ ခ်ီယုံသည္ က်န္းေလာ့ထပ္ အရပ္ရွည္ေနခဲ့ၿပီး ျဖစ္သည္။
ခ်ီယုံသည္ သူ႔ေရွ႕တြင္ ရပ္ေနေသာ သခင္ေလးက်န္းကို ငုံ႔ၾကည့္သည္။ က်န္းေလာ့မ်က္ႏွာသည္ နီရဲေနၿပီး ဗီဒိုထဲတြင္ ေလွာင္ပိတ္ေန၍လား အျပင္ဘက္မွ ဇြန္ဘီမ်ားကို ေၾကာက္လန႔္၍လား မသိႏိုင္ပါေခ်။ က်န္းေလာ့၏ နဖူးတြင္ ေခြၽးမ်ားစီးက်ေန၍ ဆံပင္နက္နက္မ်ားသည္ နဖူးကို လာကပ္ေနကာ ေနရထိုင္ရခက္ခဲေစသည္။ သူ႔ပါးျပင္မွ အနီေရာင္သည္ တျဖည္းျဖည္းထင္းလာၿပီး ပူသည္ထက္ပူလာကာ ရွင္းလင္းစြာပင္ က်န္းေလာ့အသက္ရႉက်ပ္ေနျခင္း ျဖစ္သည္။
အၾကာႀကီးသည္းခံခဲ့ၿပီးေနာက္ က်န္းေလာ့သည္ ခ်ီယုံ႔လက္ကိုဆြဲ၍ စကားလုံးတခ်ိဳ႕ေရးလိုက္သည္။
"ငါေလမရေတာ့ဘူး"
ခ်ီယုံသည္ နားမလည္သလို ဟန္ေဆာင္၍ မသိလိုက္သလို စူးစိုက္ၾကည့္ေနသည္။
က်န္းေလာ့ႏွင့္ ယွဥ္လွ်င္ သူ႔အမူအယာသည္ တစ္စက္ကေလးမွမေျပာင္းလဲေပ။ ဘယ္တုန္းကမွ အသက္ေအာင့္မထားခဲ့သလို အဆင္ေျပေနသည္။ သူေဆာ့ကစားေနေသာ သူ႔လက္ထဲမွ သားေကာင္ေလးသည္ ပို၍ ေၾကာက္႐ြံ႕လာဟန္ရွိကာ မ်က္ႏွာမွသည္ လည္ပင္းထိပင္ နီရဲလာေနသည္။
'ခ်ီယုံေရ ငါ့ကိုၾကည့္ပါဦးဟ'
သို႔ေသာ္ ခ်ီယုံသည္ က်န္းေလာ့ကို ဘာလုပ္ေပးရမွန္းမသိသလို ၾကည့္ေနေလသည္။ သူမလႈပ္ေသာအခါ က်န္းေလာ့သည္ ပို၍ပို၍စိတ္ရႈပ္လာသည္။ သူသည္ ခ်ီယုံနားသို႔ အလ်င္စလိုကပ္လာၿပီး ခ်ီယုံ႔နားနားကပ္၍ တစ္ခုခုေျပာေတာ့မည့္ပုံေပၚသည္။
သူ႔ဆံပင္အနက္ေရာင္မ်ားသည္ ခ်ီယုံ႔နားကို ပြတ္သပ္သြားၿပီး ကိုယ္သင္းနံ႔က ခ်ီယုံႏွာေခါင္းကို ျမဴဆြယ္ေနသလို အသာအယာ ပ်ံ႕ႏွံ႔သြားသည္။ ခ်ီယုံ႔နားထဲသို႔ ႐ုတ္တရက္ ေလေျပညႇင္းတစ္ခုဝင္လာၿပီး ခ်ီယုံသည္ ေၾကာင္အအႀကီးျဖစ္သြားသည္။
"ဘြန္းမ္း"
ေနာက္တခဏတြင္ ဇြန္ဘီတစ္ေကာင္၏ ထက္ရွေသာ လက္သည္းသည္ ဗီဒိုတံခါးကို ေဖာက္ဝင္လာၿပီး ခ်ီယုံ႔နား႐ြက္ေဘးနားကို ရွပ္ထိသြားကာ နံရံထဲသို႔ စိုက္ဝင္သြားေတာ့သည္။
ခ်ီယုံ႔နား႐ြက္နားမွ ဆံပင္မ်ားျပတ္ထြက္သြားသည္။ ခ်ီယုံသည္ သူ႔ေခါင္းထဲသို႔ ေဖာက္ထြက္မတတ္ျဖစ္သြားေသာ လက္ကိုၾကည့္၍ က်န္းေလာ့ကို လွည့္ၾကည့္သည္။
သခင္ေလးက်န္း၏ မ်က္လုံးမ်ားသည္ ေၾကာက္႐ြံ႕တုန္လႈပ္ေနၿပီး ဘာကိုမွ အာ႐ုံရဟန္ မရွိေပ။ ထို႔ေနာက္ သူသည္ ခ်ီယုံ႔ကို စိတ္ပူစြာၾကည့္ၿပီး အလြန္အမင္း အားနာဟန္ျဖင့္ ေတာင္းပန္ေနပုံမွာ စိတ္ရင္းပါလြန္းေသာေၾကာင့္ ခ်ီယုံ႔ႏွလုံးသားကို ေက်ာက္ခဲျဖင့္လုပ္ထားလွ်င္ပင္ သူ႔အတြက္ သီးသန႔္ေပ်ာ့ေျပာင္းေပးရေတာ့မည့္ အတိုင္းခံစားရသည္။ ခ်ီယုံ႔နားနားကပ္၍ အသက္ရႉလိုက္သည္မွာ တကယ့္ကို မရည္႐ြယ္ေသာ အမွားျဖစ္သြားဟန္ တူသည္။
ဗီဒိုကို ဇြန္ဘီမွ လုံးဝသုံးမရေအာင္ ဖ်က္ဆီးပစ္လိုက္ၿပီး သံလက္သည္းမ်ားသည္ သူတို႔ထံသို႔ေနာက္ထပ္ တိုးဝင္လာျပန္ကာ ထိုအခ်ိန္တြင္ ခ်ီယုံ႔ႏႈတ္ခမ္းေထာင့္စြန္းမ်ားသည္ တျဖည္းျဖည္း ေကာ့တက္လာသည္။
သူ႔ေရွ႕မွလူသားသည္ အလြန္စိတ္ဝင္စားစရာေကာင္းသည္ဟုသာ ေတြးမိေတာ့သည္။ သူအေတြးလြန္ေနခ်ိန္တြင္ လက္တစ္ဖက္သည္ သူ႔အက်ႌလက္စကို လာေရာက္ဆုပ္ကိုင္ေလသည္။
သူသည္ ခ်က္ခ်င္း မ်က္ႏွာထားေျပာင္းသြားၿပီးေနာက္လွည့္ၾကည့္လိုက္ကာ စိတ္လႈပ္ရွားမႈမ်ားႏွင့္အတူ က်န္းေလာ့ကို ႏွစ္သိမ့္သည့္ အၿပဳံးေသးေသးေလးၿပဳံးျပလိုက္ၿပီး က်န္းေလာ့ကို ႏူးညံ့စြာ ၾကည့္လိုက္သည္။ က်န္းေလာ့သည္ အျပင္ဘက္ကို လက္ညႇိဳးထိုးျပလိုက္ၿပီး ထြက္ဖို႔အခ်ိန္ေရာက္ေၾကာင္း သတိေပးလိုက္သည္။
ခ်ီယုံက ေခါင္းညိတ္လိုက္သည္။
လူႏွစ္ေယာက္သည္ ဗီဒိုထဲမွ တိတ္ဆိတ္စြာ ထြက္လာၿပီး သူတို႔ႏွင့္ နီးကပ္လာေနေသာ ဇြန္ဘီမ်ားႏွင့္ မထိမိေအာင္ သတိထား၍ လမ္းေလွ်ာက္ေနသည္။ သို႔ေသာ္ ဇြန္ဘီအုပ္ႀကီးသည္ တံခါးေရွ႕တြင္ ပိတ္ထားသည္။ ခ်ီယုံသည္ တြမ့္က်ီ၏ေခါင္းက ေျမျပင္ေပၚတြင္ လွိမ့္ေနသည္ကို ျမင္ေသာအခါ တံခါးကို အုပ္လိုက္ပိတ္ထားေသာ ဇြန္ဘီမ်ားကို ၾကည့္လိုက္ၿပီး တြမ့္က်ီ၏ေခါင္းကို အခန္းေထာင့္နားသို႔ ကန္ထည့္လိုက္သည္။
က်န္းေလာ့ႏွင့္ ခ်ီယုံတို႔သည္ ဇြန္ဘီမ်ား အသံလာရာသို႔ သြားသည္ႏွင့္ မတုံ႔ဆိုင္းပဲ တံခါးကေနေျပးထြက္ၾကၿပီး ရိကြၽမ္းဂိတ္အဝင္ဝထိ ေျပးထြက္လာၾကသည္။ ဂိတ္ဝမွ ထြက္ရန္ တစ္လွမ္းသာလိုေတာ့သည္။ က်န္းေလာ့သည္ ေျခတစ္လွမ္းကို လွမ္းေတာ့မည့္အခ်ိန္တြင္ ႐ုတ္တရက္ႀကီး ခ်ီယုံက သူ႔ေနာက္ကေန ခုန္ဖက္လိုက္ၿပီး ေျမျပင္ေပၚသို႔ လွိမ့္ခ်လိုက္ေလသည္။
လူႏွစ္ေယာက္ ေျမျပင္ေပၚတြင္ ႏွစ္ပတ္ေလာက္လွိမ့္သြားၿပီး အလွိမ့္ရပ္သြားေသာအခါ က်န္းေလာ့ေက်ာ႐ိုးသည္ ေအာက္မွေက်ာက္ခဲမ်ားေၾကာင့္ နာက်င္သြားရသည္။
သိသိသာသာ လက္စားျပန္ေခ်ျခင္း ျဖစ္ေနေသာေၾကာင့္ က်န္းေလာ့သည္ ေအးစက္စြာၿပဳံလိုက္ၿပီး မ်က္လုံးဖြင့္လိုက္သည္။ ခ်ီယုံသည္ ေလသံေလးျဖင့္ ေျပာသည္၊။
"အဆင္ေျပရဲ႕လား"
ခ်ီယုံသည္ သူ႔တစ္ကိုယ္လုံးကို တက္ဖိထားၿပီး သူ႔မ်က္ႏွာသည္ ေသြးမရွိသလို ျဖဴေလ်ာ္ေနသည္။ သူ႔လည္ပင္းတြင္ ျပတ္ရွရာတစ္ခုရွိေနၿပီး ထိုေနရာမွ ေသြးမ်ား က်န္းေလာ့ကိုယ္ေပၚသို႔ က်သြားေလသည္။ က်န္းေလာ့သည္ ခ်ီယုံ႔လည္ပင္းမွ ျပတ္ရွရာကို အူေၾကာင္ေၾကာင္ၾကည့္ေနမိၿပီး ခ်ီယုံက သံသယကို ေျဖေဖ်ာက္သည့္အၿပဳံးျဖင့္ ေျပာလိုက္သည္။
"အဆင္ေျပပါတယ္ ဒီတိုင္းရွရာေသးေသးေလးပါကြာ စိတ္မပူနဲ႔ မင္းေရာ ဒဏ္ရာရသြားေသးလား"
"........."
က်န္းေလာ့သည္ ယင္ေကာင္တစ္ေကာင္ ၿမိဳခ်မိလိုက္သလို ၾကက္သီးမ်ားထလာၿပီး
"ငါေတာ့ မင္းကို ေက်းဇူးတင္စကားေတာင္ မေျပာရဲေတာ့ပါဘူး "
ခ်ီယုံသည္ ထရပ္လိုက္ၿပီး က်န္းေလာ့ကို ဆြဲထူေပးလိုက္သည္။ က်န္းေလာ့သည္ ခ်ီယုံ႔ကို တိုက္ခိုက္ခဲ့သည့္ အရာကို ျမင္သြားသည္။ ၿခံဝန္းထဲတြင္ ဇြန္ဘီမ်ားရွိေနေသးေသာ ေခါင္းတလားမ်ား ရွိေနေသးၿပီး ထိုဇြန္ဘီမ်ားသည္ သူတို႔ဘက္သို႔ ခုန္ထြက္လာေနၿပီျဖစ္သည္။ ခ်ီယုံသည္ သူ႔ကို တိုက္ခိုက္လာေသာ ဇြန္ဘီမ်ားကို သတ္ရန္ပင္ အခ်ိန္မသုံးပဲ က်န္းေလာ့ကို ဆြဲေျပးေတာ့သည္။
"ေျပး"
က်န္းေလာ့သည္ ေျပးေနရင္း အေနာက္ကို လွည့္ၾကည့္လိုက္ရာ ခ်ီယုံသည္ ရိကြၽမ္း၏တံခါးကို မပိတ္ခဲ့ေပ။
ျဖစ္ႏိုင္သည္မွာ ခ်ီယုံသည္ ဘယ္တုန္းကမွ တံခါးပိတ္ဖို႔ မေတြးမိခဲ့တာ ျဖစ္မည္။
ခ်ီယုံသည္ လူမ်ားကို ဇြန္ဘီမ်ားထြက္လာၿပီး ဒုကၡေပးမည္ကို ဂ႐ုမစိုက္ေၾကာင္း သိသာသည္။ သူသည္ ေသြးေအးရက္စက္ေသာ စ႐ိုက္ရွိၿပီး ဇြန္ဘီမ်ားကို တားဆီးရန္ ဆႏၵလုံးလုံးမွမရွိေပ။
'မင္းသာမန္လူလို ဟန္ေဆာင္ေနရင္ေတာင္ သာမန္လူတစ္ေယာက္ ျဖစ္မလာႏိုင္ဘူးဆိုတာ တကယ္မွန္တာပါလား'
က်န္းေလာ့သည္ အၾကည့္လႊဲလိုက္ၿပီး ခ်ီယုံ႔လည္ပင္းမွ ရွရာကို ၾကည့္၍ စိတ္ထဲမွ ႏွာေခါင္းရႈံ႕လိုက္သည္။
'ေတာ္ေတာ္ျပဇာတ္ကခ်င္ေနတာ အခုသူပဲ ထိခိုက္သြဦးတာပဲ နည္းေတာင္နည္းေသးတယ္ ဟြန္း'
ခ်ီယုံသည္ က်န္းေလာ့ကို ေၾကာက္႐ြံ႕သြားေအာင္ ေျခာက္လွန႔္ရန္ အစီအစဥ္အႀကီးႀကီး ဆြဲထားပုံရသည္။
ထို႔ေၾကာင့္ က်န္းေလာ့သည္ ခ်ီယုံႏွင့္ ပတ္သက္ေသာ အေၾကာင္းအရာမ်ားကို သိခ်င္စိတ္ျပင္းျပလာခဲ့ေတာ့သည္။
'ခ်ီယုံ ခ်ီယုံ မင္းက သ႐ုပ္ေဆာင္ခ်င္ေနမွေတာ့ ငါလဲလိုက္ သ႐ုပ္ေဆာင္ေပးမယ္'
က်န္းေလာ့၏ သ႐ုပ္ေဆာင္စေကးသည္ ခ်ီယုံ႔ေလာက္ မေတာ္ႏိုင္ဘူးဆိုလွ်င္ေတာင္ အညံ့စားထဲေတာ့ မပါေပ။
က်န္းေလာ့မ်က္ႏွာသည္ နီရဲသြားၿပီး
"မင္းလည္ပင္းက ဒဏ္ရာ......"
ထို႔ေနာက္ ဝမ္းနည္းစိတ္မေကာင္းစြာ ေျပာလိုက္သည္။
"ငါမင္းကို ဆြဲခ်လိုက္မိသြားတာ ေတာင္းပန္ပါတယ္"
ခ်ီယုံသည္ ေခါင္းခါလိုက္ၿပီး
"မင္းက ငါ့သူငယ္ခ်င္းေလ ဘယ္လိုလုပ္ၿပီး သူငယ္ခ်င္းက ဒဏ္ရာရမွာကို ရပ္ၾကည့္ေနႏိုင္မွာလဲကြာ"
ထိုစကားလုံးမ်ားသည္ တိုက္႐ိုက္ၿခိမ္းေျခာက္လိုက္ျခင္းထပ္ ပို၍ သက္ေရာက္မႈျပင္းထန္သည္။
အဆိပ္ျပင္းေႁမြေဟာက္တစ္ေကာင္ ပါးျပင္းေထာင္ၿပီး အစြယ္ထုတ္၍ သြားရည္တျမားျမားက်ကာ က်န္းေလာ့ကို ဆာေလာင္စြာ ၾကည့္၍ ဤသို႔ ေျပာေနသည္ႏွင့္ အလားတူသည္။
"ငါကမင္းကို ပါးစပ္ထဲထည့္ၿပီး ကာကြယ္ေပးမွာပါ လုံးဝမ်ိဳမခ်ဘူး"
က်န္းေလာ့အမူအယာသည္ မယုံႏိုင္သည့္ပုံစံေျပာင္းသြားကာ
"ဒါေပမဲ့..........."
ခ်ီယုံသည္ သက္ျပင္းခ်လိုက္ၿပီး ႐ုတ္တရက္ ေခ်ာင္းဆိုးလာသည္။
"ဇြန္ဘီကိုက္ခံရရင္ မေကာင္းတဲ့အက်ိဳးဆက္အခ်ိဳ႕ရွိတယ္"
က်န္းေလာ့သိသည္ သို႔ေသာ္ မသိနားမလည္ခ်င္ေယာင္ေဆာင္ကာ
"ဘာအက်ိဳးဆက္လဲ"
ခ်ီယုံကေျပာသည္။
"ကိုယ္သာ ဒီဒဏ္ရာကို ျမန္ျမန္မကုသခဲ့ရင္ ေသေစႏိုင္တဲ့ အဆိပ္က တစ္ကိုယ္လုံးပ်ံ႕ႏွံ႔သြားၿပီး ကိုယ္လည္း ဇြန္ဘီျဖစ္သြားလိမ့္မယ္"
က်န္းေလာ့သည္ ေၾကာက္လန႔္သြားၿပီး
"ဒါဆို ငါတို႔ ဘယ္လိုလုပ္ၾကမလဲ"
"စိတ္မပူပါနဲ႔"
ခ်ီယုံက ႏူးညံ့စြာ ေျပာလိုက္သည္။
"ကိုယ္တို႔အိမ္ျပန္ေရာက္တဲ့ထိ ေစာင့္လိုက္ ေစးကပ္ကပ္ဆန္တခ်ိဳ႕ယူဝါးၿပီး အုံလိုက္ရင္ ေသြးစုပ္ေကာင္အဆိပ္ကို ေျဖႏိုင္သြားမွာပါ ျဖစ္ေနတဲ့ ျပႆနာက အေတြ႕အႀကဳံရွိတဲ့ တစ္ေယာက္ေယာက္က ဒဏ္ရာကို ျမင္တာနဲ႔ ဇြန္ဘီလက္သည္းေၾကာင့္ ဆိုတာ သိသြားမွာ ေနာက္က်ရင္ ကိုယ္က မိသားစုအႀကီးအကဲေတြနဲ႔ ေတြ႕ဆုံပြဲရွိေသးတာ သူတို႔သာ ျမင္သြားရင္ ျပႆနာကို အႀကီးႀကီးခ်ဲ႕လိုက္ၾကမွာပဲ"
က်န္းေလာ့သည္ ခ်ီယုံဘာေတြေတြးေနလဲ ေရးေရးေလး ျမင္သြားသည္။ ခ်ီယုံက က်န္းေလာ့ကို အိမ္ေတာ္အႀကီးအကဲမ်ားႏွင့္ ထိပ္တိုက္ေတြ႕ခိုင္းဖို႔ ေျပာခ်င္ေနတာ ျဖစ္သည္။
သို႔ေသာ္ က်န္းေလာ့သည္ အမႈိက္လိုနံေစာ္ေနေသာ အႀကီးအကဲမ်ားႏွင့္ တစ္ခနေလးမွ သည္းခံၿပီး မ်က္ႏွာခ်င္းမဆိုင္ခ်င္ေပ။ အျပင္ေလာကမွျဖစ္ျဖစ္ မွန္ေလာကမွာျဖစ္ျဖစ္ ခ်ီအိမ္ေတာ္ကို သူ႐ြံမုန္းပါသည္။ အကယ္၍ သူသာ ခ်ီယုံ႔ကို ခ်ီမိသားစု အႀကီးအကဲမ်ား ထိန္းခ်ဳပ္ေနမႈမွ ဆြဲထုတ္ေပးလိုက္မည္ဆိုလွ်င္ ရွင္းျပစရာမလိုစြာပင္ ခ်ီအိမ္ေတာ္အႀကီးအကဲမ်ားသည္ သူ႔ကို ပစ္မွတ္ထားလာႏိုင္ၿပီး ခ်ီမိသားစု၏ အရႈပ္အေထြးၾကားထဲသို႔ တန္းစီစရာမလိုပဲ ပါဝင္သြားရႏိုင္ေပသည္။
ထို႔ေၾကာင့္ ခ်ီယုံေနာက္တစ္ခြန္းထပ္မေျပာႏိုင္ခင္ က်န္းေလာ့မ်က္လုံးမ်ား လက္ခနဲျဖစ္သြားၿပီး
"မင္းဒဏ္ရာေတြကို လူမျမင္ေအာင္ လုပ္ႏိုင္တဲ့နည္းလမ္းရွိတယ္"
ခ်ီယုံသည္ ခနေလာက္ ပါးစပ္ပိတ္သြားၿပီး စိတ္ဝင္စားစြာ ေမးလိုက္သည္။
"ဘယ္လိုနည္းလမ္းမ်ားလဲ"
က်န္းေလာ့သည္ ခ်ီယုံ႔ကို လူမရွိသည့္ လမ္းၾကားတစ္ခုထဲသို႔ ဆြဲေခၚသြားသည္။
ခ်ီယုံကို နံရံသို႔ ကပ္ပစ္လိုက္ၿပီး က်န္းေလာ့သည္ ခ်ီယုံကို အံ့ဩၿပီးရင္ အံ့ဩေအာင္ တမင္တကာ လုပ္ေနသလိုပင္။ ခ်ီအိမ္ေတာ္၏ သခင္ေလးကို နံရံသို႔ တြန္းကပ္ထားသည္တဲ့။ ထို႔ေနာက္ ခ်ီယုံသည္ ၿပဳံးရင္းေမးလိုက္သည္။
"မင္းဘာလုပ္မလို႔လဲ"
က်န္းေလာ့သည္ ဘာမွမေျပာလာပဲ ခ်ီယုံ႔ကို အမိန႔္ေပးသလို ေျပာသည္။
"ေအာက္ငုံ႔ မင္းဒဏ္ရာကို ၾကည့္ရေအာင္"
ခ်ီယုံသည္ က်န္းေလာ့ေျပာသလို ေခါင္းငုံ႔ေပးလိုက္ၿပီး သူ႔လည္ပင္းကို က်န္းေလာ့ရွင္းရွင္းလင္းလင္း ျမင္ရသည္အထိ ေသခ်ာစြာ ငုံ႔ေပးလိုက္သည္။
လည္ပင္းေသြးေၾကာသည္ ပုံမွန္အတိုင္း ခုန္ေနဆဲျဖစ္ၿပီး ေသးငယ္ေသာ ဂ႐ုမစိုက္မႈေလးကပင္ သူ႔ကို သတ္လိုက္ႏိုင္ေလသည္။ ခ်ီယုံကေတာ့ စိတ္ပူပုံမေပၚေပ။ က်န္းေလာ့ကို အလြန္ယုံၾကည္၍ အကုန္ပုံေပးထားသလို ဘာမွဂ႐ုမစိုက္စြာ ပြင့္လင္းလြန္းေနသည္။
က်န္းေလာ့သည္ ရွပ္အက်ႌေအာက္မွ ခ်ီယုံ႔ခႏၶာကိုယ္၏ မသိမသာေတာင့္တင္းေနမႈကို သတိထားမိခဲ့သည္။ အကယ္၍ သူသာ ခ်ီယုံ႔ကို လုပ္ႀကံဖို႔ႀကိဳးစားခဲ့ပါလွ်င္ ခ်ီယုံသည္သူ႔ကို မ်က္ေတာင္တစ္ခတ္စာေလးအတြင္ သတ္ပစ္ႏိုင္မည့္အေၾကာင္း က်န္းေလာ့ သိၿပီးသားျဖစ္သည္။
က်န္းေလာ့သည္ စုတ္သပ္လိုက္ၿပီး ခ်ီယုံ႔လည္ပင္းကို ၾကည့္ရန္ ေရွ႕တိုးသြားသည္။ ခ်ီယုံ႔ဒဏ္ရာသည္ ေသြးစက္အနည္းငယ္သာ စြန္းထင္းေနေတာ့ၿပီး ေျခာက္ပင္ေျခာက္ခါနီးေနေလၿပီ။ မသိလွ်င္ က်န္းေလာ့ကို တမင္တကာ စိတ္အေႏွာက္အယွက္ေပးရန္ သီးသန႔္လုပ္ထားေသာ ဒဏ္ရာကဲ့သို႔ပင္။
ဒဏ္ရာအေနအထားကို ၾကည့္မည္ဆိုလွ်င္ ဒဏ္ရာတဝိုက္သည္အနည္းငယ္ မည္းေနၿပီျဖစ္ၿပီး အေပၚယံအေရျပားသည္ မာေက်ာေနၿပီးျဖစ္ကာ အဆိပ္စပ်ံ႕ေနသည့္ လကၡဏာျပေနၿပီျဖစ္သည္။
သူသည္ ဒဏ္ရာကို ပုတ္ၾကည့္လိုက္ၿပီး ေမးသည္။
"နာလား"
ခ်ီယုံသည္ အၿပဳံးမပ်က္ေသးဘဲ ေျပာသည္။
"မနာပါဘူး"
ထို႔ေနာက္ ေတြးမိသြားပုံျဖင့္ ထပ္ျဖည့္ေျပာသည္။
"တျခားဘာမွလဲ မခံစားရေတာ့ဘူး"
"ဒါဆို အိမ္အျမန္ျပန္ၿပီး အဆိပ္ေျဖဖို႔ လုပ္ရေတာ့မွာေပၚ"
သ႐ုပ္ေဆာင္ေနတာျဖစ္ေသာ္လည္း က်န္းေလာ့အတြက္ေတာ့ ဒဏ္ရာသည္ အစစ္အမွန္ျဖစ္ေနေသာေၾကာင့္ ခ်ီယုံ႔ကို တမင္တကာ မက်ပ္ေပးခ်င္ေတာ့ေပ။
"အရမ္းနက္တဲ့ဒဏ္ရာမဟုတ္တဲ့ လက္သည္းရာဆိုေတာ့ အတုလုပ္ဖို႔ အဆင္ေျပပါတယ္"
ခ်ီယုံသည္ မ်က္ခုံးပင့္လိုက္ၿပီး
"ဟမ္"
က်န္းေလာ့သည္ ခ်ီယုံ႔လည္ပင္းကို သြားကိုင္ၿပီး လက္သည္းျဖင့္ လိုက္ျခစ္ကာ လက္သည္းရာမ်ားျဖစ္ေအာင္ လုပ္ေပးေနသည္။
ခ်ီယုံသည္ က်န္းေလာ့ဘာလုပ္ဖို႔ ႀကိဳးစားေနမွန္း နားမလည္ေပ။ သို႔ေသာ္ က်န္းေလာ့လုပ္သမွ်ကို မလႈပ္မရွားပဲ ၿငိမ္ၿငိမ္ေလး သည္းခံေနသည္။
က်န္းေလာ့သည္ ခ်ီယုံ႔လည္ပင္းတြင္ ေသြးကဲ့သို႔နီရဲေနေသာ လက္သည္းရာမ်ား ဖန္တီးၿပီး ေနာက္ဆုတ္၍ ၾကည့္လိုက္သည္။
'မလုံေလာက္ေသးဘူး'
ဇြန္ဘီလက္သည္းရာသည္ ထင္းေနဆဲျဖစ္ၿပီး အၾကာႀကီး ေတြးေနၿပီးေနာက္ ေရွ႕တိုးလိုက္ကာ ခ်ီယုံ႔လည္ပင္းကို ထပ္သြားကုတ္ျပန္သည္။
လည္ပင္းေပၚမွ သူလုပ္ထားေသာ လက္သည္းရာမ်ားသည္ မပီမျပင္ျဖစ္ေနေသးသည္။
ထိုအမွတ္မ်ားေလာက္ႏွင့္ကေတာ့ ငါးမ်ားႏွင့္ ဆက္ဆံဖူးမည့္သူကိုသာ အ႐ူးလုပ္ႏိုင္ေလာက္မည္ျဖစ္ၿပီး ခ်ီမိသားစုအႀကီးအကဲမ်ားကိုေတာ့ လွည့္စားႏိုင္မွာ မဟုတ္ေပ။ အိုစီဒီေၾကာင့္ က်န္းေလာ့သည္ ထိုမပီမသ လက္သည္းရာမ်ားကို ဒီတိုင္းမထားလိုက္ႏိုင္ျဖစ္ေနကာ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး
"သခင္ေလးခ်ီ မင္းဒီတစ္ခုေတာ့ ေသခ်ာမွတ္ထားရလိမ့္မယ္ အခုကြၽန္ေတာ္ လုပ္ေနတာအကုန္လုံးက ကြၽန္ေတာ္တို႔ ႐ႊံ႕အိုင္ကို ေအာင္ေအာင္ျမင္ျမင္ ေက်ာ္ျဖတ္ဖို႔ လုပ္ေနတာေနာ္"
ခ်ီယုံသည္ မပီျပင္ေသာ စိတ္ဝင္စားမႈတို႔ျဖင့္ သူ႔ကိုယ္သူ ဘာလိုခ်င္မွန္းမသိေတာ့စြာ
"ေကာင္းၿပီ"
ယခု ခ်ီယုံသေဘာတူလိုက္သည္ႏွင့္ က်န္းေလာ့သည္ ဘာမွဂ႐ုမစိုက္ေတာ့ေပ။
သူသည္ ခ်ီယုံ႔လည္ပင္းေပၚသို႔ မ်က္ႏွာအပ္လိုက္ၿပီး ခ်ီယုံ႔လည္စိေပၚသို႔ အနမ္းေပးလိုက္သည္။ ထို႔ေနာက္ ႏႈတ္ခမ္းျဖင့္ စုပ္လိုက္ကာ အနမ္းရာတစ္ခု ခ်န္ထားခဲ့သည္။
သူ႔လည္ပင္းေပၚသို႔ ႏူးညံ့ေသာ ႏႈတ္ခမ္းလႊာတစ္စုံလာကပ္သည္ႏွင့္ ခ်ီယုံသည္ ေနရာတြင္ပင္ ေတာင့္ေတာင့္ႀကီး ေအးခဲသြားေတာ့သည္။ သူ႔လက္မ်ားသည္ ေနာက္ေက်ာတြင္ ကပ္ေနၿပီး သူ႔ကိုယ္သည္ မသိမသာ ငုံ႔ကိုင္းလာကာ စိတ္ညစ္စရာမ်ား ေျပေပ်ာက္သြားသလို ေငးငိုင္သြားသည္။
သို႔ေသာ္ ထိုခနတြင္ ဆယ္ေက်ာ္သက္ေကာင္ေလး၏ ဘဝအျမင္သည္ လုံးဝ အပိုင္းပိုင္းအစစ ၿပိဳကြဲသြားခဲ့သည္။ ခ်ီယုံ႔လည္စိသည္ အနည္းငယ္ယားယံေနကာ အထက္ေအာက္ လႈပ္ရွားေနၿပီး လမ္းၾကားထဲက ေျခာက္ေသြ႕မႈေၾကာင့္လားမသိ အာေခါင္ေတြေျခာက္လာခဲ့သည္။
မၾကာဘူးဆိုေသာ အခ်ိန္ေလးသည္ တစ္ဘဝစာေလာက္ ၾကာသြားသည္ ထင္ရသည္။ ခ်ီယုံ႔လည္ပင္းမွ ဒဏ္ရာဖုံးျခင္း လုပ္ငန္းစဥ္သည္ ၿပီးဆုံးသြားၿပီျဖစ္သည္။ က်န္းေလာ့သည္ေက်နပ္စြာ ေခါင္းညိတ္လိုက္ၿပီး ဇြန္ဘီလက္သည္းရာသည္ အနမ္းရာမ်ားေအာက္တြင္ ၿပီးျပည့္စုံစြာ ဖုံးကြယ္ေနၿပီျဖစ္သည္။
"လာေလ"
သူကေျပာသည္။
ငါတို႔ ျပန္လို႔ရၿပီ"
အျပင္ထြက္ရန္ လွည့္ထြက္လိုက္ေသာ္လည္း သူ႔ခါးကို ႐ုတ္တရက္ ဆြဲဖက္ခံလိုက္ရကာ က်န္းေလာ့တစ္ေယာက္ ခ်ီယုံ႔ဘက္ျပန္လွည့္သြားေတာ့သည္။ ခ်ီယုံသည္ အၿပဳံးတစ္ခုကို လွပစြာဆင္ျမန္းထားၿပီး သူ႔မ်က္လုံးမ်ားသည္ က်န္းေလာ့၏ လည္ပင္းကို ၿမဲၿမံစြာၾကည့္ေနသည္။
"ကိုယ္ထင္တာေတာ့ မင္းလည္ပင္းမွာလဲ နည္းနည္း ရွိသင့္တယ္ ထင္တယ္ကြာ....."
################################