အပိုင်း ၈၀၆
အဝတ်ချွတ်ချု
လေပြင်းထန်စွာ တိုက်ခတ်နေခြင်းကလည်း ထောင်တျဲ့စားသောက်ဆိုင်ရှေ့ရှိကျော်ကြားမှုအပူလုံးကြီးကိုမှုတ်ထုတ်မပေးနိုင်ပါချေ။
ဆိုင်ရှေ့တွင်စီတန်းနေသောလူတန်းရှည်ကြီးသည် လူတိုင်း၏သိချင်စိတ်အားမီးစပျိုးပေးနေလေသည်။
ချူချန်းရှန်က ရှက်ရွံ့ဖွယ်ကြော်ငြာစာတန်းများဖြင့်ပြည့်နေသည့်ဘုတ်ပြားတစ်ခုကိုကိုင်ထားပြီး သူ၏သွင်ပြင်ကညိုးငယ်လို့နေသည်။
ထိုအခိုက်အတန့်တွင် ဝေးကွာသောနေရာတစ်ခုမှ ပုံရိပ်တစ်ချို့ကရှေ့သို့လျှောက်လှမ်းလာနေသည်။
ထိုသူများမှာ သန့်စင်နယ်မြေမှတပည့်များနှင့် သူတို့နှင့်ရင်းနှီးသော အစားကြူးတောင်ကြားရှိကျင့်ကြံသူအချို့ဖြစ်ချေသည်။သန့်စင်နယ်မြေများစွာမှ အစားကြူးတောင်ကြားသို့တိုက်ရိုက်ပို့ဆက်သွယ်ပေးသော နေရာလွှဲပြောင်းအစီအရင်များရှိလာချိန်မှစ၍ သန့်စင်နယ်မြေများရှိကျင့်ကြံသူတို့သည် အစားကြူးတောင်ကြားသို့ အစားကောင်းတစ်နပ်စားရန်မကြာခဏဆိုသလိုလာရောက်ကြလေ့ရှိသည်။
အစားကြူးတောင်ကြား၏ဝင်ငွေသည်လည်းပဲ ထိုသန့်စင်နယ်မြေရှိတပည့်များအပေါ်မူတည်နေတော့သည်ပေ။
အချိန်အတော်အကြာ လူတန်းရှည်ကြီးအတွင်းတွန်းလိုက်တိုက်လိုက်ဖြင့်တန်းစီနေရသည့်အတွက်လူအများကစိတ်မရှည်ဖြစ်လာကြသည်။သို့သော်မည်သို့မျှအထွန့်မတက်ဝံ့ကြပေ..
သန့်စင်နယ်မြေမှကျင့်ကြံသူများသည် ထိတ်လန့်ကြောက်မက်ဖွယ်တိုက်ခိုက်မှုအတွေ့အကြုံများနှင့်အစားကြူးတောင်ကြားအတွင်းများစွာဆုံးရှုံးခဲ့ကြရဖူးလေသည်။သို့သော်လည်း အစားကြူးတောင်ကြားရှိကျင့်ကြံသူများ၏အဆိုများအရ ထိုသန့်စင်နယ်မြေရှိကျင့်ကြံသူများသည် သတိထားရန်လိုအပ်သော အဖွဲ့အစည်းတစ်ခုဖြစ်နေဆဲဟူ၍ပင်။
ထို့ကြောင့် အနှီမောက်မာသောကျင့်ကြံသူများ ဟိုဟိုသည်သည်ထောင်လွှားနေသည်ကိုမြင်နေရသည့်တိုင် သူတို့၏မကျေနပ်ချက်များကိုချုပ်တည်းထားရန်သာတတ်နိုင်ပေသည်။ လူတန်းကြားမှဖယ်ထုတ်ခံလိုက်ရသည့်သူများက ဒေါသထွက်သည့်တိုင် တုံ့ပြန်ဖို့ရာမစွမ်းသာကြချေ။
ဤဖြစ်အင်က မောက်မာသောသန့်စင်နယ်မြေတပည့်များအားပို၍ရဲတင်းသွားစေသည်။ပထမတွင်သူတို့အနည်းငယ်စိုးရိမ်မိကြသေးသော်ငြား အစားကြူးတောင်ကြားရှိလူများမှာ အနိုင်ကျင့်ရန်လွယ်ကူသဘ်အားတွေ့ရှိသွားပြီးနောက် သူတို့၏ရိုင်းပြသောအပြုအမူကိုအပူအပင်မရှိဆက်လက်လုပ်ဆောင်လေသည်။
၎င်းတို့၏ပင်ကိုယ်ဗီဇစရိုက်ကခေါင်းပြူလာပြန်၏။
သန့်စင်နယ်မြေမှလူများသည်သန့်စင်နယ်မြေမှလူများဖြစ်နေဦးမည်သာ။နောက်ဆက်တွဲအကျိုးရလာဒ်များကိုစဉ်းစားချင့်ချိန်ခြင်းမရှိဘဲ ပြဿနာအရှုပ်ထုပ်များဖန်တီးတတ်ကြသည်။
မွှေးပျံ့သောစားဖွယ်ရနံ့များကစားသောက်ဆိုင်အတွင်းမှပျံ့လွင့်လာပြီး လူတို့၏နှာခေါင်းဝတွင်တရစ်ဝဲဝဲဆွဲဆောင်နေသည်။ တပည့်အုပ်စု၏မျက်ဝန်းများကတောက်ပသွားကြပြီး အချိန်မဆွဲတော့ပဲစားသောက်ဆိုင်အတွင်းသို့ဝင်သွားဖို့ပြင်လိုက်၏။
သူတို့ကချူချန်းရှန်ကိုဦးစွာတွေ့လိုက်ကြရသည်။
ချူချန်းရှန်၏တင့်တယ်သောသွင်ပြင်က အမျိုးသမီးတပည့်များ၏မျက်ဝန်းများကိုကြည်နူးမှုတို့ဖြင့်တောက်ပသွားစေသည်။
လှပသောအရာမှန်သမျှသည်လူတိုင်းအားနှစ်ခြိုက်မှုကိုခံစားရစေသည်သာ..
သို့သော်အမျိုးသားတပည့်များအတွက်မူ ချူချန်းရှန်၏နှစ်လိုဖွယ်ကောင်းမှုကိုမလိုလားနိုင်တော့ချေ။ သူတို့၏အမျိုးသမီးများ ဤမိန်းမလျာမျက်နှာနှင့်ကောင်တစ်ကောင်ထံမှဆွဲဆောင်ခံလိုက်ရခြင်းက ဒေါသဆွခံလိုက်ရသကဲ့သို့ပင်။
ဤအမျိုးသမီးများကို သူတို့နှင့်အတူအစားကြူးတောင်ကြားသို့လိုက်လံလည်ပတ်ရန်ဖိတ်ခေါ်ရသည်ကပင် ခက်ခဲကြမ်းတမ်းသောတာဝန်တစ်ခုဖြစ်နှင့်ပြီးသားပေ။ ယခုထိဆက်ဆံရေးတစ်ခုမတည်ဆောက်နိုင်သေးသည်ကိုမဆိုထားနှင့်ဦး.. သူမတို့ကကြော်ငြာဘုတ်ပြားကိုင်ထားသောမျက်နှာဖြူအမျိုးသားတစ်ဦးဆီမှအလွယ်တကူဆွဲဆောင်ခံနေရသည်ကိုမြင်ရခြင်းက ၎င်းတို့အားသွေးရူးသွေးတန်းဖြစ်သွားစေသည်။
"မင်းကမျက်နှာလှလှရှိတဲ့မိန်းမလျာတစ်ကောင်သာသာပဲ ဒီမှာရပ်နေဖို့ပဲတန်တယ်..."
အမျိုးသားတပည့်တစ်ဦးက ချူချန်းရှန်အားအေးစက်စွာစုန်ချည်ဆန်ချည်ကြည့်ရှုလိုက်ပြီးရိုင်းပြသောစကားများကိုပြောသည်။သူကချူချန်းရှန်၏ကျင့်ကြံဆင့်ကိုမမြင်ရပေ သို့သော်ငြား ငယ်ရွယ်ကာလှပသောဤကောင်လေးသည်ထိုမျှသန်မာမည်မဟုတ်ဟုတွေးဆလိုက်၏။
ငရဲသတ္တဝါများ၏အကာအကွယ်မရှိပါက အစားကြူးတောင်ကြားသည်ပျက်စီးနှင့်ပြီးသည်မှာကြာလေပြီဖြစ်သည်။သို့ဖြစ်၍ ငရဲသတ္တဝါများမရှိချိန်တွင် သန့်စင်နယ်မြေမှတပည့်များသည် မည်သည့်အရာမည်သည့်သတ္တဝါ၏အရှိန်အဝါကိုမျှမကြောက်လန့်တော့ပေ။
ချူချန်းရှန်ကသူ၏မေးကိုမော့လိုက်ပြီး အလင်းရောင်အောက်တွင်သူ၏ချောမွေ့သောအသားအရည်မှာငယ်သွေးကြွယ်လျက်တောက်ပကြည်လင်နေချေသည်။
သူ၏နှုတ်ခမ်းစွန်းများကအပြုံးတစ်ခုအဖြစ်သို့ကွေးညွတ်သွားသော်လည်း ဖော်ရွေပျူငှာသောအပြုံးမူမဟုတ်ခဲ့ချေ။ထိုအပြုံးက အမျိုးသားတပည့်များအားကျောချမ်းသွားစေပြီး အမျိုးသမီးတပည့်များကိုရှက်သွေးဖြာသွားစေလေသည်။
အမျိုးသားတပည့်များသည်တီးတိုးကျိန်ဆဲရင်းစားသောက်ဆိုင်အတွင်းဝင်ရောက်သွားကြသည်။
အတွင်းသို့ရောက်သည်နှင့်လေထုထဲရှိရနံ့ကသုတို့အားလွှမ်းခြုံသွားလေသည်။ ထိုမွှေးပျံ့သောရနံ့ကသူတို့ခန္ဓာကိုယ်ရှိဆဲလ်တစ်ခုစီတိုင်းမှ အရသာမြည်းစမ်းကြည့်ချင်လွန်းသဖြင့်အော်ဟစ်စေလောက်သည်အထိဆွဲဆောင်မှုရှိပေသည်။
တကယ့်ကိုမွှေးလွှန်းတယ်..
သန့်စင်နယ်မြေရှိတပည့်များသည်မိန်းမောမှုဖြင့်အာမေဋိတ်သံများပြုလုပ်မိလိုက်ကြပြီးနောက် သူတို့၏မျက်ဝန်းများကတလက်လက်တောက်ပလာကြတော့သည်။
" အစ်ကိုဟိုမှာကြည့် စားပွဲလွတ်.."
အမျိုးသမီးတပည့်တစ်ဦးကခပ်လှမ်းလှမ်းရှိစားပွဲခုံအားညွှန်ပြလိုက်သည်။
အင်္ကျီရင်ဘတ်ပွင့်ဟနေသောအမျိုးသားတစ်ဦးကထိုစားပွဲတွင်ထိုင်နေကာ မြိန်ရေယှက်ရေစားသုံးနေသည်မှာသူ၏နှုတ်ခမ်းများတွင်ဆီများဖြင့်နစ်ရွှဲနေသည်ထိဖြစ်၏။စားကောင်းသောက်ဖွယ်ရာများကိုစားလိုက်.. ရံဖန်ရံခါတွင်ဝိုင်တစ်ငုံနှစ်ငုံမျှမော့လိုက်ဖြင့် သူ၏လွတ်လပ်သောပုံသဏ္ဍန်မှာ အတော်ပင်သက်သောင့်သက်သာရှိနေဟန်တူသည်။
ထိုလူကိုကြည့်ခြင်းဖြင့်ပင်လူတစ်ဦး၏စားချင်စိတ်ကိုတိုးစေလိမ့်မည်။
စားသောက်ဆိုင်အတွင်းရှိစားပွဲဝိုင်းများအားလုံးမှာလူပြည့်နေပြီးထိုစားပွဲဝိုင်းကသာ လူတစ်ဦးတည်းထိုင်နေသည့်စားပွဲဝိုင်းဖြစ်သည်။
သန့်စင်နယ်မြေမှတပည့်များ၏မျက်လုံးများကတောက်ပသွားပြီး ထိုစားပွဲဝိုင်းထံလျှောက်လှမ်းသွားကြသည်။
" လူကြီးမင်း နေရာလေးဖယ်ပေးပါဦးဗျ..."
တပည့်တစ်ဦးသည်သူ၏နောက်ကျော၌လွယ်ထားသောဓားရှည်ကိုဆွဲထုတ်၍ ထိုင်ခုံတွင်ထိုင်ကာစားသောက်နေသောလူထံတည့်တည့်မတ်မတ်ချိန်ရွယ်လိုက်လေသည်။
ဝမ်ရန်ရှန်ကြောင်အသွားရပြီး ခေါင်းမော့လိုက်သည့်အခါ ထမင်းလုံးများပြန့်ကျဲကပ်ငြိနေသည့်သူ၏မျက်နှာအားဖော်ပြမိသွားသည်။ အရသာရှိမည့်အနံ့အသက်များကလေထုတွင်းရစ်ဝဲနေပြီး ဝမ်ရန်ရှန်း၏အူလည်လည်အမူအယာကတစ်နည်းနည်းဖြင့်.. ချစ်စဖွယ်ကောင်းလို့နေသည်။
" ဘာကိစ္စနေရာဖယ်ပေးရမှာလဲ ငါမှစားလို့မပြီးသေးတာကိုလေ.."
ဝမ်ရန်ရှန်းကပြောပြီးနောက်ဝိုင်တစ်ငုံဆက်မော့နေသည်။
ဤအုပ်စုသည်သန့်စင်နယ်မြေမှတပည့်များဖြစ်ကြောင်း သူမှတ်မိသည်။ပိုင်ရှင်ပု၏ဆိုင်က သန့်စင်နယ်မြေတပည့်များထံမှဤမျှမြန်မြန်ဆန်ဆန်နှောင့်ယှက်ခံရမည်ဟုသူမမျှော်လင့်ထားခဲ့ပါချေ။
ထို့ကြောင့်သူချင့်ချိန်နေမိသည်။သူ့ထံ၌လည်းစားသောက်ဆိုင်တစ်ခုရှိသည်ဖြစ်ရာ သန့်စင်နယ်မြေမှဤအရှုပ်ထုပ်များကိုဧည့်ခံတည်ခင်းရသည်ကမည်မျှကရိကထများကြောင်းနားလည်ပေသည်။
အိုးရန်ဖုန်းချန်နှင့်အခြားသူများလည်းစားသောက်ဆိုင်အတွင်းရှိနေကြပြီး သူတို့၏မျက်နှာအမူအယာများကအေးစက်ကာမဲမှောင်နေကြသည်။
ပိုင်ရှင်ပုတစ်ယောက် အနှီခေါင်းကိုက်ဖွယ်တပည့်အုပ်စုကိုမည်သို့ကိုင်တွယ်မည်အားသိရှိလိုကြသည်ပေ။
ဘမ်မ်းး
"ဒီလောင်ဇီကမင်းကိုထွက်သွားဖို့ပြောနေတယ်လေ အဲဒီတော့လစ်လိုက်တော့ လူစကားကိုနားမလည်ဘူးလား..."
ရိုင်းစိုင်းကြမ်းကြုတ်ပုံရသည့်တပည့်တစ်ဦးကကျယ်လောင်စွာအော်ပြောရင်း သူ၏လက်ဝါးဖြင့်စားပွဲပေါ်အားကြမ်းတမ်းစွာထုနှက်လိုက်သည်။
ဝမ်ရန်ရှန်းသည်ဝိုင်ကိုသောက်ပြီးသည့်နောက်စားပွဲထက်တွင်တင်ထားခဲ့သည်ဖြစ်ရာဤရိုက်ချက်ကြောင့် ဝိုင်ပုလင်းကလဲကျသွားပြီး ဝိုင်များအားစားပွဲထက်တွင်ပြန့်ကျဲစီးကျသွားစေသည်။
တန်ဖိုးကြီးဝိုင်၏သိပ်သည်းသောမွှေးရနံ့ကလေထုထဲသို့စိမ့်ဝင်ပျံ့နှံ့သွားပြီး ဝမ်ရန်ရှန်း၏မျက်လုံးများကရုတ်ချည်းအေးစက်လာသည်။
လူကိုထိပါးတာရတယ် ဝိုင်ကိုမထိပါးနဲ့ကွ..
စားသောက်ဆိုင်တစ်ခုလုံးတိတ်ကျသွားပြီး အားလုံ၏အကြည့်များက သန့်စင်မြေမှတပည့်များထံကျရောက်လာလေသည်။
သူတို့အားလုံးအသက်အောင့်လိုက်မိကြသည်။ဤသန့်စင်နယ်မြေမှတပည့်များသည်ကားအမှန်ကိုခေါင်းခဲစရာပါပေ။
" နယ်သာရီ ဟင်းပွဲချပေးပါ..."
အတက်အကျမရှိသော့လေသံအေးအေးတစ်သံကမီးဖိုဆောင်တွင်းမှထွက်ပေါ်လာသည်။ချက်ချင်းဆိုသလိုပဲ မီးဖိုဆောင်ပြတင်းပေါက်လျှောတံခါးလေးပွင့်ဟသွားပြီး ဟင်းတစ်ပွဲရောက်ရှိလာသည်။
နယ်သာရီကထိုဟင်းပွဲကိုပုံမှန်အတိုင်းကိုင်မလိုက်ကာ အမှာရှိသူဆီသို့ချပေးလိုက်ပြီး ထိုသူကသူမအားအပြုံးတစ်ခုဖြင့်ကျေးဇူးတင်စကားဆိုသည်။
စားသောက်ဆိုင်အတွင်းရှိလေထုသည်လည်း မူလကဲ့သို့ပြန်လည်သက်ဝင်ဆူညံလာတော့သည်။
သန့်စင်နယ်မြေမှတပည့်များကလှည့်ပတ်ကြည့်ရှုလိုက်ကြပြီး စားသုံးသူများ၏အပြုအမူများကိုမြင်သည့်အခါလှောင်ပြုံးလိုက်ကြ၏။
အမှန်ကိုပဲ.. အစားကြူးတောင်ကြားမှအသုံးမဝင်သည့်ကြက်များသည်ခုခံဆန့်ကျင်မှုပင်မပြုလုပ်ရဲကြပေ။
ဘမ်း....
ဝမ်ရန်ရှန်မထွက်ခွာသေးသည်ကိုမြင်သည့်အခါ တပည့်ကဒေါသထွက်သွားပြီး စားပွဲခုံအားအရှိန်ပြင်းပြင်းဖြင့်တစ်ဖန်ရိုက်ချလိုက်ပြန်သည်။
ထိုရိုင်းစိုင်းသောတပည့်က သူ၏စိတ်စွမ်းအင်အရှိန်အဝါများကိုထုတ်လွှတ်လာပြီး သူ၏ဦးခေါင်းထက်တွင် အဆင့်တစ်ဆင့်ရှိသောစိတ်ဝိဉာဉ်လှေကားတစ်ခုဖြစ်ပေါ်လာသည်။ဤလူက မြင့်မြတ်သောစိတ်ဝိဉာဉ်အဆင့်တွင်ဖြစ်၏။
ဤသောကျင့်ကြံဆင့်သည်တပည့်အုပ်စုအတွင်းအမြင့်ဆုံးဖြစ်ပြီး ၎င်းတို့အုပ်စုကဤစွမ်းအင်အားကိုးဖြင့်ရမ်းကားနေကြခြင်းဖြစ်သည်။
နောက်ထပ်ရိုက်ချက်တစ်ချက်ပဲ့တင်ထပ်သွားသည်နှင့် စားသောက်ဆိုင်တစ်ခုလုံးသည်အပ်ကျသံပင်မကြားရအောင်တိတ်ဆိတ်သွားပြန်သည်။
ထိုတပည့်အုပ်စုသည်ထောင်ထောင်လွှားလွှားပြုမူရခြင်းနှင့်နေသားကျနေသည်ဖြစ်၏။၎င်းတို့သည် သန့်စင်နယ်မြေရှိအကြီးအကဲများ၏ကာကွယ်အလိုလိုက်မှုများဖြင့်နေထိုင်လာခဲ့ကြရပြီး ယခုလိုပြင်ပလောကသို့ခြေချချိန်တွင် ဇက်ကြိုးလွတ်နေသောမြင်းရိုင်းများကဲ့သို့ ရမ်းကားစွာပြုမူနေကြတော့သည်။
သို့သော်ငြားလည်း.. ဤနေရာကားသူတို့၏ကျောင်းတော်မဟုတ်ပေ..
မီးဖိုဆောင်အတွင်းမှကြော်လှော်ချက်ပြုတ်နေသံများကရပ်တန့်သွားပြီး ခြေသံခပ်သဲ့သဲ့ထွက်ပေါ်လာသည်။
လူတိုင်းကအသက်အောင့်ထားလိုက်မိကြသော်လည်း မီးဖိုဆောင်ဘက်သိူ့လှည့်ကြည့်ချင်စိတ်ကိုမူထိန်းချုပ်မထားနိုင်ခဲ့ကြပေ။
မှောင်ရိပ်ကျနေသောထိုနေရာ၌ ပိန်သွယ်ရှည်လျားသောပုံရိပ်တစ်ခုက တံခါးဘောင်ကိုမှီလျက်ရပ်နေ၏။
ပုဖန်ကသန့်စင်နယ်မြေမှတပည့်အုပ်စုအားအရေးမစိုက်စွာဝေ့ဝဲကြည့်ရှုလိုက်ပြီး ထိုသူတို့ကလည်းပြန်လည်စိုက်ကြည့်လာကြသည်။
" မင်းကဒီဆိုင်ရဲ့ပိုင်ရှင်မဟုတ်လား ငါကကောင်းကင်ဗဟိုသန့်စင်နယ်မြေရဲ့ နတ်ဓားသွားခန်းမဆောင်ကတပည့်ပဲ ငါတို့ကိုအခုချက်ချင်းစားပွဲပြင်ပေး မင်းရဲ့လက်ရာကိုမြည်းစမ်းကြည့်မယ် မင်းရဲ့ဆိုင်လေးကိုငါတို့လိုကောင်းကင်ဗဟိုသန့်စင်နယ်မြေကလူတွေလာစားဆသာက်တဲ့အတွက်ဂုဏ်ယူသင့်တယ်... "
ရိုင်းစိုင်းသောတပည့်က လေလုံးထွားကာပြောနေသည်။
ထိုစဉ်အခြားသောတပည့်အုပ်စုက မူမမှန်သောလေထုအားသတိထားမိသွား၍ ပါးစပ်သရမ်းနေသောတပည့်၏ဝတ်ရုံစအားဆွဲကာ စကားမပြောခင်ဆင်ခြင်ဖို့ရာသတိပေးရန်ကြိုးစားနေကြသည်။
သို့သော်အရာမရောက်ခဲ့ပါချေ။ ထိုတပည့်ကသူ၏နောက်ခံနှင့်ပတ်သတ်၍အတော်လေးယုံကြည်မှုပြင်းထန်နေပုံရလေသည်။
ပုဖန်ကထိုအုပ်စုကိုအရေးမစိုက်စွာကြည့်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။
ကောင်းကင်ဗဟိုသန့်စင်နယ်မြေရဲ့ တပည့်တွေဆိုပါလား.. ငကြောင်တစ်အုပ်ကိုပဲမြင်တယ်..
"ချူချန်းရှန်အဲဒီဘုတ်ပြားကိုချလိုက် ဒီငကြောင်အုပ်စုကိုချွတ်ပြီးကန်ထုတ်လိုက် .. ဒီဆိုင်မှာ အကြမ်းဖက်နှောင့်ယှက်ခြင်းကိုတားမြစ်တယ်..."
ပုဖန်ကခပ်ပြတ်ပြတ်သာပြော၍ မီးဖိုဆောင်အတွင်းသို့ပြန်လှည့်ဝင်သွားလေသည်။
မီးဖိုဆောင်အတွင်း၌.. ဝှိုက်တီ၏မျက်လုံးနေရာများမှအလင်းတန်းများထုတ်လွှတ်နေသည်။မည်သို့ပင်ဖြစ်စေ ဤစက်ရုပ်သည် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ဉာဏ်အလင်းပွင့်ခြင်းတွင်အာရုံဝင်စားနေသည်ဖြစ်ရာ တစ်လက်မသော်မျှမရွေ့လျားနိုင်ပါချေ။
ငရဲဘုရင်အာဟက သူ၏ဝတ်ရုံရင်ဘတ်အားဆွဲဖွင့်ပြပြီး တက်ကြွစွာကြွေးကြော်လာသည်။
"ကောင်လေး ပုဖန် ဒီဘုရင်လည်းလုပ်နိုင်တယ်ကြည့် ဒီဘုရင်ရဲ့အဝတ်ချွတ်စကေးကလည်းအံ့ဖွယ်ပါပဲနော်"
သို့သော်သူ၏စကားမဆုံးခင်တွင်ပဲ..
ကြော်ငြာဘုတ်ပြားကစားသောက်ဆိုင်အပြင်ဘက်၌ပစ်ချထားခံခဲ့ရပြီး ချူချန်းရှန်ကလှုပ်ခါနေသောဆံနွယ်ငွေဖြူရောင်များဖြင့်ဆိုင်အတွင်းသို့ခုန်ဝင်လာလေသည်။
သူကစားပွဲထိုးဝတ်စုံကိုဝတ်ဆင်ထားပြီး အကြည့်များက တပည့်အုပ်စုပေါ်တွင်ရပ်တန့်သွားသည်။
အမျိုးသားတပည့်များကထိတ်လန့်သွားကြပြီး အမျိုးသမီးတပည့်များကမူရှက်သွေးဖြာသွားကြလေသည်။
ဒီအမျိုးသားကချောမောလွန်းတယ်လို့..
" ချွတ်ပြီးကန်ထုတ်လိုက်.. ကောင်းပြီ တကယ်ကိုပိုင်ရှင်ပုရဲ့ထုံးစံအတိုင်းပါပဲလား..."
ချူချန်းရှန်ကအကြောလျှော့လိုက်ပြီး သူ၏အပြုံးက အဓိပ္ပာယ်ဖော်ရခက်သောမရေမရာအပြုံးတစ်ခုအဖြစ်ပြောင်းလဲသွားသည်။
စားသောက်ဆိုင်အတွင်းရှိကြည့်ရှုနေကြသုများက နောက်ဆက်တွဲဖြစ်လညမည့်အရာအတွက်တိတ်တခိုးရယ်မောနေကြသည်။
ဝမ်ရန်ရှန်သည်လည်းဒေါသပြေသွားပြီး ခုံကိုမှီကာခြေခြိတ်ထိုင်၍ဝိုင်အိုးအသစ်ဖြင့် ပွဲအားရှုစားရန်နေရာယူလိုက်၏။
သူတို့အားလုံးသည် သန့်စင်နယ်မြေမှတပည့်များအားကိုယ့်သေတွင်းကိုယ်တူးခြင်းအတွက်လှောင်ပြောင်နေကြပေသည်။
အစားကြူးတောင်ကြားသည် သန့်စင်နယ်မြေမှလူများရမ်းကားချင်တိုင်းရမ်းကားခွင့်ရှိသည့်နေရာတစ်ခုမဟုတ်တော့ချေ။
" မင်း... မင်းမိန်းမလျာလေး မင်းကိုခုနထဲကကြည့်မရနေတာ ဂျူနီယာညီမလေးကိုမြူဆွယ်ရဲတဲ့ကောင်.."
ရိုင်းစိုင်းသောတပည့်ကချူချန်းရှန်ကိုမြင်တွေ့လိုက်ရချိန်ဒေါသထွက်သွားပြီး ကြောက်မက်ဖွယ်အငွေ့အသက်များဖြင့်ဓားရှည်အားဆွဲထုတ်လိုက်သည်။ဓားအိမ်မှာဓားကျွတ်သွားသောထက်ရှသည့်အသံနှင့်အတူဓားသွား၏ဦးတည်ရာကား ချူချန်းရန်ထံသို့တည့်မတ်စွာပင်။
ထိုတပည့်သည် ဒေါသအိုးကွဲတစ်ဦးဖြစ်ပြီး သူ့အားဆန့်ကျင်ပြောဆိုသူမှန်သမျှကိုနေရာတွင်ချက်ချင်းသတ်ပစ်မည့်လူစားမျိုးဖြစ်ချေသည်။
ချူချန်းရှန်၏မျက်ဝန်းများကချက်ချင်းအေးစက်သွားပြီး လက်ကောက်ဝတ်ကိုငြင်သာစွာမြှောက်လိုက်ပြီး ဓားသွားအားတားဆီးလိုက်၏။
ရိုင်းစိုင်းသောတပည့်သည် ချူချန်းရှန်တစ်ယောက်သူ၏တိုက်ခိုက်မှုအားလက်ချောင်းနှစ်ချောင်းတည်းဖြင့်တားဆီးလိုက်နိုင်သည်ကိုမြင်လိုက်ရသောအခါမှ ကြောက်လန့်ရမည်ကိုနားလည်သွားလေသည်။
ဓားသွားကစွမ်းအင်လှိုင်းများဖြင့်လူးလွန့်တုန်ခါနေသည့်တိုင်ချူချန်းရှန်၏လက်ချောင်းများကြားမှမလွတ်မြောက်နိုင်ချေ။
ဒါက..
အခြားဆသာတပည့်များအားလုံးလေအေးများရှိုက်သွင်းလိုက်မိကြသည်။
မျက်နှာလှလှနှင့်လူငယ်လေးအားဤမျှသန်မာစွမ်းအားကြီးလိမ့်မည်ဟုသူတို့မျှော်လင့်မထားခဲ့မိကြပေ။
အဲဒီလူကတကယ်ပဲ နတ်ဓားသွားခန်းမဆောင်ကတပည့်ရဲ့ဓားချက်ကိုလက်ချောင်းလေးနဲ့ပဲတားဆီးလိုက်တာပေါ့လေ..
"ငါ့အစွမ်းအစနဲ့ငါလူတွေကိုဆွဲဆောင်တာ မင်းပြောရမယ့်ကိစ္စမဟုတ်ဘူးထင်ပါတယ်..."
ချူချန်းရှန်ကသဘာဝကျစွာပြောလိုက်ပြီး သူ၏တင့်တယ်ချောမောသောမျက်နှာလေးကအမျိုးသမီးတပည့်များရှိရာသို့လှည့်သွား၏။
အမျိုးသမီးများသည် သူတို့၏နှလုံးသားလေးအားတူဖြင့်ထုနှက်ခံရသကဲ့သို့ခံစားလိုက်ကြရသည်ပေ။
ခလွမ်..
ချူချန်းရှန်က လက်ချောင်းများကိုအားအနည်းငယ်ထည့်၍ဖိညှစ်လိုက်ရာ သန့်စင်နယ်မြေမှတပည့်၏ဓားမှာစက္ကန့်ပိုင်းအတွင်းအစိတ်စိတ်အမွှာမွှာကွဲကြေသွားချေသည်။
ထိုတပည့်သည် ယခုအချိန်တွင်ချွေးအေးများဖြင့်နစ်မြုပ်နေပြီဖြစ်၏။
ဝှစ်
ချူချန်းရှန်သည်လက်ပင့်မြှောက်လိုက်ရုံမျှဖြင့် သန့်စင်နယ်မြေမှတပည့်၏အဝတ်အစားတစ်ဝက်လောက်အားအပိုင်းပိုင်းအစစဖြစ်သွားစေသည်။
ချူချန်းရှန်ကအနည်းငယ်ရှက်ရွံသကဲ့သို့ခံစားလိုက်ရသည်။ သူ၏အဝတ်ချွတ်စကေးကား ပြိုင်ဘက်အားအလဲထိုးဖို့ရာမလုံလောက်သေးချေ။
သို့သော်ကိစ္စမရှိ.. မကျွမ်းကျင်သေးပါက ထပ်ခါထပ်ခါလေ့ကျင့်ရမည်ပေ။
ဗြိ
ဤတစ်ကြိမ်တွင်တော့ စုတ်ပြဲသံနှင့်အတူ
အဝတ်အပိုင်းအစများကလေထဲသို့ပြန့်ကျဲသွားချေသည်။
အမျိုးသားတစ်ဦးသည်သူ၏ကိုယ်ရေးကိုယ်တာအစိတ်အပိုင်းများကိုဖုံးကွယ်ရန်ကြိုးစားရင်းထောင်တျဲ့စားသောက်ဆိုင်အတွင်းမှ ပြေးထွက်လာပြီး မျက်နှာထက်တွင်ထိတ်လန့်မှုများနှင့် ပြည့်နှက်နေခဲ့သည်။ ထို့နောက် ခလုတ်တိုက်ကာ စားသောက်ဆိုင်အပြင်ဘက်ရှိကျောက်ပြားများပေါ်သို့ မျက်နှာနှင့်အပ်ကာမှောက်ရက်လဲလေသည်။
စီတန်းနေသောလူအုပ်ကြီးကတညီတညာတည်းပင့်သက်ရှိုက်လိုက်မိကြသည်။
အခြားသောတပည့်များသည်လည်းတောင့်တင်းနေကြသည်။ သူတို့ထံပြေးဝင်လာသောအရိမ်မည်းတစ်ခုကိုသာမြင်လိုက်ရပြီးနောက်သတိဝင်ချိန်တွင်မူ အဝတ်မကပ်ဘဲဆိုင်ပြင်သို့ကန်ထုတ်ခံလိုက်ရနှင့်ပြီးဖြစ်နေချေသည်။
တကယ်ချမ်းလိုက်တာနော်..
" ကျွန်မကိုရွေး ကျွန်မကို..."
အမျိုးသမီးတစ်ဦးကတောက်ပသောမျက်ဝန်း၊ရှက်သွေးဖြာနေသောမျက်နှင်ဖြင့် ခုန်ဆွခုန်ဆွလုပ်ကာသူမ၏လက်များကိုဝှေ့ယမ်းနေ၏။
ချူချန်းရှန်တစ်ယောက်ဆွံ့အသွားရသည် သို့သော်ငဲ့ညှာမှုဆိုသည်မျိုးမရှိပဲ သူမ၏အဝတ်အစားများကိုလည်းလက်စတုံးပေးလိုက်ချေသည်။
ထိုအမျိုးသမီးကစူးစူးရှရှအော်ကာမိန်းမောနေသောအမူအရာဖြင့်မြေပေါ်သို့လဲကျမသွားခင် သူမကလေထဲတွင်သုံးရာ့ခြောက်ဆယ်ဒီဂရီမျှလှည့်ယမ်းလိုက်သေးသည်။
သူမ၏ခန္ဓာကိုယ်ပေါ်တွင်အတွင်းဝတ်များသာကျန်ရှိတော့၏။
လူတိုင်းလည်းဆွံ့အလျက်ပါပေ..
ချူချန်းရှန်ကလက်နှစ်ဖက်ကိုဖုတ်ဖတ်ခါ၍ဆိုင်တံခါးဝကိုမှီရပ်လိုက်သည်။သူက ရှက်ရွံ့စွာဖြင့်ကြမ်းပြင်ပေါ်မှထရပ်ကာခန္ဓာကိုယ်အားဖုံးအုပ်ရန်ကြိုးစားနေကြသောတပည့်အုပ်စုကိုကြည့်၍လှောင်ပြုံးလိုက်သည်။
"ငါ့နာမည်ချူချန်းရှန် ထောင်တျဲ့စားသောက်ဆိုင်ရဲ့စားပွဲထိုး မင်းတို့ အဝတ်ချွတ်ချူလို့ ခော်ချင်တယ်ဆိုလည်းရပါတယ်..."
......
အပိုင်း ၈၀၇
ကောင်းကင်ဘုံလျှို့ဝှက်လမ်းစဉ်.. အနာဂါတ်ရဲ့အရိပ်အမြွက်
အဝတ်ပြဲအပိုင်းအစများကလေထဲတွင်ပျံ့ကျဲနေကာ မြေပြင်ပေါ်သို့ဖြေးညှင်းစွာကျဆင်းလာနေကြသည်။
ဟိုဟိုသည်သည်မှ ဝိုးတဝါးရယ်သံများလည်းစားသောက်ဆိုင်အတွင်းပဲ့တင်ထပ်လို့နေသည်။ လူတို့သည် သန့်စင်နယ်မြေမှတပည့်များ၏ဝတ်လစ်စလစ်အရှက်ကွဲမှုကိုမြင်တွေ့ရသည့်အခါရယ်မောခြင်းကိုထိန်းချုပ်မထားနိုင်တော့သည့်အပြင် အပြုံးနောက်ကွယ်၌ အရိပ်အယောင်အချို့ကိုလည်းသိုဝှက်ထားကြလေ၏။
ချုချန်းရှန်ကတံခါးကိုမှီကာရပ်နေပြီး သူ၏စားပွဲထိုးရှေ့ဖုံးခါးစည်းရှည်ကလေနှင့်အတူလူးလွန့်နေကာအနည်းငယ်ရွှင်မြူးနေပေသည်။
သန့်စင်နယ်မြေမှတပည့်များသည် ခရမ်းချဉ်သီးကဲ့သို့နီမြန်းနေကာ မြေပြင်ပေါ်မှကုန်းရုန်းထလာကြသည်။သူတို့၏ဘဝ၌ဤသို့အရှက်ကွဲမှုမျိုးမကြုံဘူးခဲ့ကြပေ။
သူတို့ကကိုယ်လုံးတီးချွတ်ခံခဲ့ရတာ ..
ဝတ်လစ်စလစ်ဖြစ်သည်ထိချွတ်ချခံရခြင်းကအကြီးအကျယ်ရှက်ရွံ့စေကာသူတို့၏ဝမ်းအတွင်းမှဒေါသမီးကိုလှုံ့ဆော်ပေးနေ၏။ ထိုဒေါသကလောင်စာပြင်းပြင်းနှင့်ပေါက်ကွဲထွက်လာလုမတတ်ပင်။
တကယ်သွေးတက်စေတယ်..
အရှုပ်ထုပ်ကိုဦးဆောင်ခဲ့သောကလေကချေတပည့်က မြေပြင်ပေါ်မှထလာကာတစ်ဖက်သို့လှည့်၍ချူချန်းရှန်အား စူးစူးရှရှစိုက်ကြည့်လာသည်။သူ၏ဒေါသကြောင့်အဆုတ်များပင်လောင်ကျွမ်းသွားလုမတတ်ခံစားနေရပြီး နှုတ်ခမ်းများပင်တဆတ်ဆတ်တုန်ယင်နေ၏။
အစားကြူးတောင်ကြားကလူတွေကဒီလောက်တောင်မိုးမမြင်လေမမြင်မောက်မာနေကြပြီပေါ့..
ယခင်ကသူတို့သည် ကောင်းကင်ဗဟိုသန့်စင်နယ်မြေမှတပည့်များဖြစ်သည့်အလျောက်အလွန်ရိုသေလေးစားသမှုထားကာဆက်ဆံခံခဲ့ရသည်။
ဒီေ-ာက်ရေးမပါတဲ့လူ..
"သေချင်နေတာလား မင်းဘယ်လိုတောင်ငာတို့ရဲ့ကောင်းကင်သန့်စင်နယ်မြေကိုမထီမဲ့မြင်ပြုမူရဲရတာလဲ"
အနှီတပည့်သည်လုံးလုံးကြီးရူးသွပ်နေခြင်းတော့မဟုတ်သေးချေ။ သူကတင်းမာသောလေသံဖြင့်ထိုစကားများကိုအော်ဟစ်ပြောဆိုလိုက်သော်ငြား ချူချန်းရှန်ကိုမူတိုက်ရိုက်ရန်မစဝံ့ပါချေ။
အဲဒီမျက်နှာလှလှနဲ့လူငယ်လေး..အဲ မဟုတ်သေး.. အဝတ်ချွတ်သည့်စိတ္တဇကောင်ကားကြည့်ရသည်မှာစွမ်းအားအနည်းငယ်မျှပင်ရှိပုံမပေါ်သော်လည်း မည်သို့ပင်ဖြစ်စေ သူ၏အစစ်အမှန်စွမ်းအားမှာသာမန်မဟုတ်ချေ။ ထိုသူ၏အဆင့်မှာ တိုင်းတာ၍မရနိုင်သောနယ်ပယ်တွင်ရောက်ရှိနေပေသည်။
သူ ချူချန်းရှန်အားအနိုင်မယူနိုင်သည်မှာသေချာ၏။သို့သော်ငြားလည်း ချူချန်းရှန်ကသူတို့အား အဝတ်ချွတ်ရုံသာချွတ်ပုံကိုထောက်သော် ထိုသူသည် ကောင်းကင်သန့်စင်နယ်မြေကိုတစ်နည်းနည်းဖြင့်ကြောက်ရွံ့နေခြင်းဖြစ်မည်ဟုယူဆလိုက်သည်။
ထိုလူငယ်ကအမှန် ကောင်းကင်သန့်စင်နယ်မြေကိုကြောက်ရွံ့သည်ဆိုပါက သူ့အနေဖြင့်ဂိုဏ်း၏နောက်ခံအား အားကိုး၍ရသေးသည်မဟုတ်ပါလား..
ထိုတပည့်ကချူချန်းရှန်အားစိုက်ကြည့်ကာ တစ်ဖက်လူအားခြောက်လှန့်ကာစိတ်အနှောင့်အယှက်ပေးနိုင်ရန်ကြိုးစားနေ၏
အခြားသောတပည့်များကတော့ထိုတပည့်၏လုပ်ရပ်များအားကြောက်ရွံ့စွာကြည့်လိုက်မိကြသည်။
ခပ်လှမ်းလှမ်း၌ အခြားသောသန့်စင်နယ်မြေများမှတပည့်များစုရုံးနေကြသည်။၎င်းတို့သည်ဝတ်လစ်စလစ်လူအုပ်အားတွေ့သည့်အခါ အမှုမဲ့အမှတ်မဲ့ဖြင့်လှောင်ပြောင်ရီမောလိုက်ကြမိချေ၏။
ထိုသို့လှောင်ရယ်ခံရမှုက ကောင်းကင်ဗဟိုသန့်စင်နယ်မြေမှတပည့်များ၏ဒေါသအားပို၍လောင်စာထည့်နေဘိသကဲ့သို့ပင်။
"အိုး.. ငါမင်းကိုမသတ်ရဲဘူးများထင်နေတာလားမင်းက.."
ချူချန်ရှန်းကတည်ငြိမ်စွာမေးလိုက်သည်။
"ငါပြောပါတယ် ငါ့နာမည်ချူချန်းရှန်လို့.."
ချူချန်းရှန်၏ပျင်းရိပျင်းတွဲ့အမူအယာကပျောက်ကွယ်သွားပြီး အေးစက်ကာခံစားချက်မရှိသောအမူအယာဖြင့်ထိုတပည့်အုပ်စုအားကြည့်လိုက်သည်။
တပည့်၏မျက်နှာကသွေးဆုတ်သွားပြီး ရုတ်ချည်းဆိုသလိုတစ်စုံတစ်ရာကိုမှတ်မိသွားသဖြင့် သူ၏ခန္ဓာကိုယ်ကအလိုအလျောက်တုန်လှုပ်သွားရသည်။
" မင်း မင်းက အစားကြူးတောင်ကြားရဲ့အကြီးအကဲဟောင်း ချူချန်းရှန်လား.. "
ထိုတပည့်ကပြောရင်းဖြင့် တုန်ရီပြီးရင်းတုန်ရီနေလေသည်။
" ထွက်သွား မင်းဆရာကိုယ်တိုင်ငါနဲ့လာမယှဉ်သ၍ ငါ့ရှေ့မှာမိုက်ချင်ယောင်မဆောင်နဲ့..."
ချူချန်းရှန်ကသူ၏နှုတ်ခမ်းများကိုတွန့်ကွေးလိုက်ပြီး လက်မောင်းကိုဝှေ့ယမ်းလိုက်သည်။
သူ့လက်မောင်းပေါ်ရှိ ကြွက်သားများသည် အလွန်ကြီးထွားလာကြပြီးခဏကြာသော်၎င်းတို့မှာဆယ်ဆမျှပို၍ကြီးမားလာသည်။
သူ၏လက်မောင်းမှာလေထဲတွင့်ဝေ့ယမ်းသွားကာ လေပွေအသေးစားတစ်ခုအားဖြစ်ပေါ်သွားစေသည်။
လေပြင်းသည်ဝတ်လစ်စလစ်လူအုပ်အားနောက်ပြန်လန်ထွက်သွားစေပြီး ထိုလူအုပ်မှာသူတို့၏ခန္ဓာကိုယ်များတုန်ရီနေခြင်းကိုမရပ်တန့်နိုင်ကြတော့ပေ။
" တန်းစီကြပါ ကြားဖြတ်ခြင်းခွင့်မပြုပါ..."
ဒေါသအိုးတပည့်အုပ်စုအတော်ဝေးဝေးသည့်ရောက်ရှိသွားသည်ကိုကြည့်ရှုနေပြီးနောက် ချူချန်းရှန်ကသူ၏ငွေဖြူရောင်ဆံနွယ်များကိုသပ်တင်၍ပုံမှန်ကဲ့သို့အပြုံးတစ်ခုဖြင့်ပြောလိုက်၏။
စားသောက်ဆိုင်၏စီးပွားရေးသည်ပုံမှန်အတိုင်းစနစ်တကျပြန်လည် လည်ပတ်နေတော့သည်။
အခြားသောသန့်စင်နယ်မြေရှိတပည့်များမှာမူပင့်သက်ရှိုက်လိုက်မိကြ၏ သူတို့ဘာဆိုဘာမျှပြဿနာမရှာဝံ့ပါတော့ချေ။
.....
ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ..
ထိုနေရာရှိအဆောက်အဦးနှင့် အဆောင်ဟူသမျှသည် ပွင့်လန်းနေသောပန်းများအလားရှိသည်။
ထိုနေရာအား မြူခိုးတိမ်တိုက်များဖြင့်ဖုံးအုပ်ထားသည်။
ကျွီခနဲမြည်သံနှင့်အတူခမ်းနားသောရှေးဟောင်းအိမ်တစ်ခု၏တံခါးကပွင့်ဟသွားပြီး တောင်ဝှေးတစ်ချောင်းကိုင်ဆောင်ထားသောအမျိုးသမီးကြီးတစ်ဦးထွက်လာသည်။
" ကြယ်ဖမ်းကွန်ရက်ကအခုနောက်ပိုင်းပိုပြီးဂနာမငြိမ်ရွေ့လျားနေပြီ.. ကောင်းကင်ဘုံဖြတ်ကျော်အတိဒုက္ခစမ်းသပ်မှုတစ်ခုကမဝေးတော့ဘူး.. အဲ့အချိန်မတိုင်ခင်အာကာသသူတော်စင်မိန်းကလေး ကြယ်ဖမ်းကွန်ရက်ကိုထိန်းချုပ်နိုင်မလားသိချင်မိတယ်.."
အမျိုးသမီးကြီးက တောင်ဝှေးကိုအားပြုရင်းတစ်လှမ်းခြင်းဖြေးညှင်းစွာလျှောက်လှမ်းနေသည်။တောင်ဝှေး၏စည်းချက်ကျကာပြတ်သားသောအသံဖြင့်အပြာရောင်ကျောက်သားလမ်းမပေါ်ရိုက်ခတ်သွားသံတို့ထွက်ပေါ်လာသည်။
ခပ်လှမ်းလှမ်းတွင်မူပေါ့ပါးသောအသွင်ဖြင့်လူတစ်ယောက်ကသူမထံသို့ဦးတည်လာသည်။
မိုလျိုကျိကသူ၏အင်္ကျီရင်ဘတ်ကိုဖွင့်ဟထားမြဲဖြစ်ပြီး သူ၏ခန္ဓာကိုယ်ပေါ်၌ဝါးပြွန်ဘူးအချို့ချိတ်ဆွဲထားရင်းပျော်ရွှင်စွာလျှောက်လှမ်းလာနေသည်။သူ၏ခြေလှမ်းတိုင်းတွင် ကိုယ်ပေါ်ရှိဝါးပြန်ဘူးများကလှုပ်ယမ်းကာတစ်ခုနှင့်တစ်ခုတိုက်ခတ်မိပြီး ကြည်လင်သာယာသောအသံတို့ကိုဖြစ်ပေါ်နေစေလေသည်။
မိုလျိုကျိ၏မျက်နှာကအနီရောင်သန်းနေပြီး သေရည်၏အရသာ၌ယစ်မူးနေသည်။
"အဘွားမို ကျွန်တော်ပြန်လာပြီ.."
တောင်ဝှေးတစ်ချောင်းဖြင့်လမ်းလျှောက်ထွက်နေသော အဖွားမိုကိုမြင်လိုက်ရခြင်းကြောင့်မိုလျိုကျိ၏မျက်လုံးများတောက်ပသွားကြသည်။သူကအဖွားမိုထံပြေးမလာခင် ဝါးပြွန်ဘူးကိုင်ထားသောလက်ဖြင့်ဝှေ့ယမ်းနှုတ်ဆက်လိုက်သည်။
အဖွားမိုက မိုလျိုကျိအားအမူအယာမဲ့စွာကြည့်လိုက်ပြီး အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။
မိုလျိုကျိအနီးသို့ရောက်သည်နှင့် အဘွားမိုသည်သူမ၏တောင်ဝှေးကိုမြှောက်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သောစွမ်းအင်အတန်းတစ်ခုကို သူ့ထံတည့်တည့်ပစ်လွှတ်လိုက်လေသည်။
အရိုက်ခံရသည့်အတွက်မိုလျိုကျိသည်နာကျင်စွာဖြင့်အော်ဟစ်လိုက်ကာ သူ၏လက်ထဲရှိဝါးပြွန်ဘူးမှာလွတ်ကျသွားပြီး မြေပေါ်ဖိတ်စင်ပြန့်ကျဲသွားလေ၏။
" ကောင်စုတ်လေး ငါကမင်းကိုအာကာသာသူတော်စင်မိန်းကလေးရဲ့ နှလုံးသားနတ်ဆိုးကိုခေါ်ခဲ့ဖို့ပြောတာလေ အဲ့နတ်ဆိုးကဘယ်မှာလဲ ဒီဝိုင်ပုလင်းထဲမှာလား ...မင်းကဝက်လား.."
အဖွားမိုကလက်ကိုအဆက်မပြတ်ဝှေ့ယမ်းနေရင်းဖြင့်နှုတ်မှလည်းမိုလျိုကျိအားတတွတ်တွတ်ဆူပူအော်ဟစ်နေသည်။သူမ၏လက်ကိုတစ်ခါချလိုက်တိုင်း မိုလျိုကျိခဗျာနာကျင်မှုကြောင့်အော်ဟစ်နေရသည်။
မိုလျိုကျိသည်သန်မာပါသော်ငြား သူ၏တိုက်ခိုက်မှုများကိုတိမ်းရှောင်ဖို့ရာတော့မစွမ်းနိုင်ပေ။
"အာကာသသူတော်စင်က အခု ကြယ်ဖမ်းကွန်ရက်ပြားကိုဝေဖန်ပိုင်းခြားခြင်းအဆင့်မှာအာရုံဝင်စားနေပြီ သူမသာနှလုံးသားနတတ်ဆိုးကိုမဖယ်ရှားနိုင်ဘူးဆိုရင်အဲဒါကသူအတွက်သိသိသာသာထိခိုက်လိမ့်မယ် ရလာဒ်အနေနဲ့ သူမကြယ်ဖမ်းကွန်ရက်ကိုမထိန်းချုပ်နိုင်ခဲ့ရင် အကျိုးဆက်တွေကိုမင်းကောင်းကောင်းခံစားရလိမ့်မယ်ကောင်စုတ်လေး ဟင်းဟင်း.."
သူမ၏ဆူပူမှုများကိုနားထောင်ရင်းဖြင့် လိမ္မာသောမိုလျိုကျိလေးသည်ပင်စိတ်ဆိုးလာသလိုခံစားနေရသည်။
သူလည်းပဲ သူတော်စင်ရဲ့နှလုံးသားနတ်ဆိုးကိုခေါ်လာဖို့ကြိုးစားခဲ့တာပဲလေ.. မလုပ်နိုင်ခဲ့ရုံဟာကို..
သူ့ကိုမနိုင်ရုံတင်မကဘူး.. သူ့ဆီကနေတောင်အောင်အောင်မြင်မြင်လှည့်စားခံခဲ့ရတာ..
သူ့ကိုအပြစ်မတင်သင့်ဘူးမဟုတ်လား.. သူလည်းကြိုးစားခဲ့တယ် မလုပ်နိုင်တာပဲရှိတာ.. အပူတပြင်းကြိုးစားခဲ့တယ်လို့..
"အဖွားမိုခဏ ခဏ ကျွန်တော်ပြောတာနားထောင်ပါဦး အားး ဖြေးဖြေး မျက်နှာကိုမရိုက်ပါနဲ့ဗျာ.."
မိုလျိုကျိတစ်ယောက်သနားစဖွယ်အော်ဟစ်နေရချေလေသည်။
" ဘာတွေဖြစ်နေသလဲအဖွားကိုချက်ချင်းရှင်းပြ မဟုတ်ရင်မင်းခြေထောက်တွေရိုက်ချိုးပစ်မယ်.. ဒီအရည်တွေကသောက်နေတုန်းလား ဘာလို့တခါတည်းသေအောင်မသောက်လိုက်တာလဲ.."
အဘွားမိုက အေးစက်စက်နှာမှုတ်လိုက်ပြီးနောက်ဆုံးတော့သူမရဲ့တောင်ဝှေးကိုအောက်ချလိုက်တော့သည်။
မိုလျိုကျိက သူ၏ဝါးဘူးများကိုမြေပေါ်သို့ဂရုတစိုက်ချထားလိုက်ပြီး အဘွားမိုအားအစားကြူးတောင်ကြားအတွင်းဖြစ်ပျက်နေသည့်အခြေအနေများအားလုံးကိုအသေးစိတ်ရှင်းပြလိုက်လေသည်။
သူကသူမအား ပုဖန်ကထောင်တျဲ့၏နှလုံးသားအား ကျောက်ခရမ်းအကြီးအကဲနှင့်ပီလျန်ထျန်းထံမှ မည်သို့မည်ပုံလုယူခဲ့ကြောင်းပြောပြသည်။ ခွေးဝကြီးက လူ့ဘီလူးကြီးအားအနိုင်ယူပစ်ပုံ နှင့်ငရဲဘုရင်အာဟက မြင့်မြတ်သူတော်စင်အားမည်သို့သိပ်ခဲ့ပုံကိုလည်းပြောပြခဲ့သည်။ ထို့အပြင်ပုဖန်ကထောင်တျဲ့၏နှလုံးသားအားချူချန်းရှန်ကိုကယ်တင်ရန်အသုံးချခဲ့ပြီး နတ်ဘုရားစိတ်ဝိဉာဉ်နယ်ပယ်အဆင့်ထိတိုးမြှင့်ပေးခဲ့ပုံတို့ကိုပင်ပြောပြလိုက်သေးသည်။
အဘွားမိုကသူ၏ဇာတ်လမ်းအားဂရုတစိုက်နားထောင်နေပြီး သူမပို၍များများသိရလေ သူမ၏မျက်နှာအမူအယာကတင်းမာလာလေပင်။
မိုလျိုကျိကအစအဆုံးပြောပြပြီးသောအခါတွင် အဘွားမိုအားမျှော်လင့်တကြီးဖြင့်ကြည့်ရှုလိုက်သည်။သူ့အနေဖြင့်သူတော်စင်မ၏နှလုံးသားနတ်ဆိုးကိုအလိုရှိတိုင်းခေါ်ဆောင်လာရန်မဖြစ်နိုင်မှန်းနားလည်ပါရဲ့လား..
အဘွားမိုကသက်ပြင်းချလိုက်ကြီး သူမ၏တောင်ဝှေးကိုအားပြု၍ခြေလှမ်းအနည်းငယ်လှမ်းလိုက်၏။သာမ၏မျက်နှာထက်တွင်ခံစားချက်မျိုးစုံဖြတ်ပြေးသွားလေသည်။
"မင်းပြောသလိုဆိုအဲဒီနှလုံးသားနတ်ဆိုးကိုကာကွယ်ပေးနေတဲ့ငရဲသတ္တဝါတွေရှိတာပေါ့.. ဒါပေမဲ့အဲဒီငရဲသတ္တဝါတွေ ပုန်းကွယ်နဂါးတိုက်မှာလူတွေအကြားရောနှောနေထိုင်နိုင်နေတယ်ဆိုတော့ သူတို့ကငရဲကမ္ဘာ ပျက်သုဉ်းခြင်းအကျဉ်းထောင်ကလာတော့မဖြစ်နိုင်ဘူး..."
အဘွားမိုကမျက်မှောင်ကျုံ့လျက်ရေရွတ်လိုက်သည်။
သူမသည်ငရဲကမ္ဘာအကြောင်းကိုကောင်းစွာသိပုံရသည်။သုမကတောင်ဝှေးကိုကိုင်ထားရင်း မိုးကုတ်စက်ဝိုင်းဆီမှအဆုံးမရှိသော တောင်တန်းများထံမျှော်ကြည့်လိုက်သည်။
ခေတ္တအကြာကောင်းကင်ဘုံလျှို့ဝှက်သန့်စင်မြေသည် မိုးဖွဲများဖြင့်ဖုံးလွှမ်းသွားကာတိမ်များကဖြေးညှင်းစွာ တရွေ့ရွေ့နှင့်လွင့်ပျယ်သွားကြ၏။
"မင်းပြောသလိုဆို အဲ့ငရဲသတ္တဝါက မဟာအာကာသအဆင့်မှာမဖြစ်နိုင်ဘူး နတ်ဘုရားအာကာသအဆင့်ပဲ "
အဘွားမိုကတီးတိုးရေရွတ်လိုက်၏။
မိုလျိုကျိ၏နားရွက်များလှုပ်ယမ်းသွားသည်။ နတ်ဘုရားအာကသနယ်ပယ်သည် မဟာအာကာသနယ်ပယ်ထက် ပိုမိုမြင့်မားသောနယ်ပယ်ပေလား..
သူတို့အားအထက်စီးမှနေ၍ ဟင်းချက်ပါဝင်ပစ္စည်းများကဲ့သိုကြည့်တတ်သူသည် နတ်ဘုရားအာကာသနယ်ပယ်ကပေလား..
အဘွားမိုကမိုလျိုကျိကို တစ်ချက်ကြည့်လိုက်သည်ပြီးနောက် သူမ၏တောင်ဝှေးဖြင့်ရုတ်တရက်မြေပြင်ပေါ်သို့ရိုက်လိုက်သည်။
ဘုန်း ဘုန်း..
မိုလျိုကျိသည်ပြင်းထန်သောဆွဲအားတစ်ခုဖြင့်ချည်နှောင်ခံလိုက်ရသကဲ့သို့ခံစားရ၍တုန်လှုပ်သွားမိသည်။သူ၏အကြည့်အောက်တွင်ပဲ ကောင်းကင်တစ်ခုလုံးကပြောင်းလဲလာသည် ကြယ်စုများကမြန်ဆန်စွာရွေ့လျားနေကြရင်း..
ထိုမြင်ကွင်းသူ၏အကြည့်များအားဆွဲဆောင်သွားသည်။
" ဒါက အဖွားရဲ့ ကောင်းကင်ဘုံလျှို့ဝှက်လမ်းစဉ်လား.."
. မိုလျိုကျိကအံ့သြမှုဖြင့်ပင့်သက်ရှိုက်လိုက်မိသည်။ သူ၏မျက်စိရှေ့၌ပင်တစ်လောကလုံးကကြယ်တာရာအစုအဝေးကြီးအဖြစ်ပြောင်းလဲသွားသည်ကိုမြင်တွေ့ခဲ့ရသည်ပေ။
အမျိုးသမီးကြီးသည်နားလည်ရန်ခက်ခဲသောလက်ဟန်ချိပ်စည်းများကိုပြုလုပ်နေကာ ချိပ်စည်းတစ်ခုပြီးမြောက်သွားတိုင်း လှေကားတစ်ဆင့်လေထုဟာနယ်ထဲ၌ဖြစ်တည်လာသည်။
ဘုန်း ဘုန်းး..
သက္ကတဘာသာစကားရွတ်ဆိုနေသံနှင့် ခမ်းနားသောနတ်ဘုရားတေးဂီတများက သူတို့အားဝန်းရံထားလေသည်။
အမျိုးသမီးကြီးက သူမ၏ရှေ့ဖြစ်ဟောနည်းစနစ်ကိုစတင်လိုက်သည်။
ကတ္တီပါမဟူရာရောင်ကဲ့သို့ကောင်းကင်ကြီးသည်မမြင်နိုင်သောလက်ဖဝါးတစ်ခုနှင့်ရိုက်ချခံလိုက်ရသကဲ့သို့အက်ကွဲလာသောအခါ မိုလျိုကျိ၏မျက်လုံးများကပြူးကျယ်သွားရသည်။
ခေတ္တအကြာတွင်ကောင်းကင်ကြီးက ပြန်လည်တောက်ပလာပြီးမည်သည့်ကိစ္စမျှမဖြစ်ခဲ့သည့်အလားမိုးတဖွဲဖွဲကျဆင်းနေလေသည်။
သို့သော်ငြား သူနှင့်မလှမ်းမကမ်းတွင်အဘွားမိုကကြမ်းပြင်ပေါ်တွင်သွေးအန်ကာလဲကျနေပြီး သူမ၏မျက်နှာမှာဖြူလျော်နေ၏။
ဤသည်က အနာဂါတ်ကိုတွက်ချက်မိခြင်း၏တန်ပြန်သက်ရောက်မှုဖြစ်ပေမည်..
မိုလျိုကျိကြောက်ရွံ့သွားမိသည်။ အဘွားမိုကဲ့သို့ကျင့်ကြံဆင့်လည်းမြင့်မား၍အခြေခံအုတ်မြစ်လည်းခိုင်မာသူပင် ကောင်းကင်ဘုံလျှို့ဝှက်လမ်းစဉ်ကိုသုံးသောအခါဤသို့သောတန်ပြန်သက်ရောက်မှုမျိုးကိုခံစားရသေးသည်။
မိုလျိုကျိကရှေ့သို့သွား၍အဘွားမိုအားမတ်တပ်ထနိုင်ရန်ကူညီပေးလိုက်သည်။
"အဖြားမို.."
"ပါးစပ်ပိတ်စမ်း နားထောင် အာကာသသူတော်စင်ရဲ့အာရုံဝင်စားခြင်းပြီးမြောက်သွားတာနဲ့ သူ့ကိုအစားကြူးတောင်ကြားကိုခေါ်သွား.. ငါ့တွက်ချက်မှုမှာမြင်ခဲ့ရတယ်.. အဲဒီနှလုံးသားနတ်ဆိုးကပဲ ငါတို့ရဲ့ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေကိုကယ်တင်နိုင်လိမ့်မယ်..."
အဘွားမို၏ရောင်ဝါများကအားလျော့သွားသည့်တိုင်သူမ၏မျက်ဝန်းများကတည်ကြည်ပြတ်သားနေသေး၏။
မိုလျိုကျိကကြောက်လန့်နေပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့်မေးသည်။
"အဘွားဘာပြောနေတာလဲဟင် ကျွန်တော်နားမလည်ဘူး တစ်လုံးမှနားမလည်ဘူးလို့ဆို.."
အဘွားမိုသည် မိုလျူကျိကို ကြည့်လိုက်သည်။သူမဒေါသထွက်လွန်းသဖြင့်မိုလျိုကျိ၏မျက်နှာအားကျိန်စာတိုက်ပစ်မိလုနီးနီးပင်။
ဒီကောင်စုတ်ကတကယ်ဝက်လိုပဲ..
အဘွားမိုကသူမ၏တောင်ဝှေးကိုမလိုက်ပြီးမိုလျိုကျိ၏ခေါင်းတည့်တည့်သို့ရိုက်ချလိုက်လေသည်။
"နားလည်ပြီလား.."
"ဟုတ် နားလည်ပါပြီခဗျ..."
မိုလျိုကျိ၏ခေါင်းပေါ်တွင်ဖူးယောင်နေသောအာလူးသီးကြီးတစ်ခုရှိနေပြီး ပြန်ဖြေလိုက်ချိန်တွင်သူ၏မျက်နှာတွင်အမူအယာကင်းမဲ့လျက်ရှိနေ၏။
" ကောင်းတယ် ကောင်းကင်ဘုံအတိဒုက္ခစမ်းသပ်မှုကနီးလာပြီ ဒီတစ်ခေါက်စမ်းသပ်မှုက တော်ဝင်ရုံးတော်အတွက်ကပ်ဆိုးတစ်ခုဖြစ်လာလိမ့်မယ် ငါတို့ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေအတွက်အတော်လေးဆိုးဆိုးရွားရွားနစ်နာရလိမ့်မယ်
မင်း သူတော်စင်ကိုသူမရဲ့နှလုံးသားနတ်ဆိုးနဲ့တွေ့ဖို့ခေါ်သွားပေးရမယ် အဲဒီလူကပဲသူတော်စင်ရဲ့ကျင့်ကြံမှုအခက်အခဲကိုကူညီဖြေရှင်းပေးနိုင်မှာ.."
မိုလျိုကျိကအားတက်သရောခေါင်းငြိတ်ပြလိုက်သည်။
"သွားတော့ ငါကအဆင်ပြေတယ် မင်းသူတော်စင်ကိုသွားနှိုးလိုက်တော့"
မိုလျိုကျိက အနည်းငယ်ချီတုံချတုံဖြစ်ပြီးပြောလိုက်သည်။
" အဘွားမို.. ကျွန်တော်တို့ဆီမှာ သူတော်စင်အရှင်ရှိတယ်လေ သူရှိနေတာတောင်မှဘေးဥပဒ်ကိုမကျော်လွှားနိုင်ဘူးလား "
"ပါးစပ်ပိတ်ပြီး အလုပ်ပဲသွားလုပ်တော့.. "
အဘွားမိုက မိုလျိုကျိကိုစိုက်ကြည့်လိုက်ပြီးသူမ၏တောင်ဝှေးကိုထပ်မံမြှောက်လိုက်ပြန်၏။
မိုလျိုကျိလည်းလှည့်ထွက်ပြေးရုံသာတတ်နိုင်တော့ချေသည်။
အဘွားအိုက သူမကိုယ်သူမတည်ငြိမ်အောင်ပြုလုပ်လိုက်ပြီးလက်ဟန်ချိပ်စည်းတို့ကိုပြန်လည်ပုံဖော်ကာ အချည်းအနှီးဖြစ်နေသည့်တိုင် အနာဂါတ်ကိုနောက်တစ်ခေါက်မြင်နိုင်ရန်ကြိုးစားနေခဲ့၏။
....
ကောင်းကင်ဘုံနွေဦးသန့်စင်မြေ..
ကျောက်ခရမ်းအကြီးအကဲကသူ၏မျက်လုံးများကိုငြင်သာစွာဖွင့်လိုက်သည်။
သူ၏ခန္တကိုယ်တစ်ဝိုက်တွင်လှည့်ပတ်နေသောခရမ်းရောင်စွမ်းအင်များက တည်ငြိမ်စွာကြီးထွားလာလေသည်။
သူကမတ်တပ်ရပ်၍ ပါးစပ်ဖွင့်ဟလိုက်ရာ သိပ်သည်းသောစွမ်းအင်လှိုင်းလုံးများကသူ့ပါးစပ်တွင်းမှထွက်အံ့ကျလာသည်။
သူ၏စိတ်ထဲတွင်နောင်တရသောခံစားချက်အချို့ကျန်ရှိနေကာ မတတ်နိုင်စွာဖြင့်သက်ပြင်းချမိနေစေတော့သည်။
အဆုံးမှာတော့သူယခုထိအဆင့်ချိုးဖျက်နိုင်ခြင်းမရှိသေးချေ။ထောင်တျဲ့၏နှလုံးသားမရှိပါက နောက်တစ်ဆင့်သို့တက်လှမ်းရန်ဟူသည်မှာသူ့အတွက်အလွန်ခက်ခဲသောကိစ္စရပ်တစ်ခုဖြစ်၏။
မြင့်မြတ်သောဝိညာဉ်နယ်ပယ်အဆင့်ကျင့်ကြံသူ၏ စိတ်ဝိဉာဉ်ယဇ်ပလ္လင်ပေါ်တွင် မီးတောက်များပိုမိုလောင်ကျွမ်းလေလေထိုသူသည် အားကောင်းလေဖြစ်သည်။ သို့ရာတွင် နတ်ဘုရားအဆင့်မီးလျှံကို ထွန်းညှိရန်မူကား ရိုးရှင်းသောအလုပ်မဟုတ်ခဲ့ပေ။
"အစားကြူးတောင်ကြားကငါ့အလုပ်ကိုဖျက်စီးတဲ့ခွေးကောင် အဆင့်ကနတ်ဘုရားအာကာသငရဲသတ္တဝါပေါ့လေ ငါ့ကိုရန်စရဲတယ် ပုန်းကွယ်နဂါးတိုက်ရဲ့ကောင်းကင်ဘုံအတိဒုက္ခကနေပြန်လာတာနဲ့ ခွေးသားချက်စားပစ်မယ် "
ကျောက်ခရမ်းအကြီးအကဲ၏ခရမ်းရောင်ဆံပင်များကလေထဲ၌လူးလွန့်နေပြီးသူ၏မျက်ဝန်းများကအေးစက်နေ၏။သူကရှေ့သို့လျှောက်သွားလိုက်ပြီး တင်းကြပ်စွာပိတ်ဆို့ထားသောဂိတ်တံခါးက ကျယ်လောင်သောအသံဖြင့်ပွင့်ဟသွားလေသည်။
...
အစားကြူးတောင်ကြား ထောင်တျဲ့စားသောက်ဆိုင်..
ခွေးဘုရင်သည်သိမြင်လမ်းစဉ်သစ်ပင်အောက်၌ငိုက်မြည်းနေသည် သို့သော်ရုတ်တရက်သူ၏နှာခေါင်းဝတွင်မခံသာအောင်ယားယံလာသဘ့်အတွက် မျက်လုံးဖွင့်၏နှာချေလိုက်ရချေသည်။
ဘယ်သူကဒီခွေးဘုရင်အတင်းကိုပြောနေတာလဲကွ..
ခွေးဘုရင်၏ခန္ဓာကိုယ်ကိုမှီလျက်ရှိနေသောပန်းပွင့်လေး၏မျက်ဝန်းများကပိတ်ဆို့နေဆဲဖြစ်ပြီး သူမ၏ခန္ဓာကိုယ်ပတ်လည်တွင်စိတ်စွမ်းအင်များပတ်လည်ဝေ့ဝဲနေပေသည်။သုမကနောက်တစ်ဆင့်ကိုချိုးဖျက်တော့မည်ဖြစ်နိုင်၏။
" ဒီကောင်မလေးက ငါ့ဆီကနေအကျိုးအမြတ်ယူရဲသေးတယ်.. ထားပါ ပုဖန်ရဲ့မျက်နှာကိုထောက်ပြီးတော့ အကျိုးခံစားခွင့်ပေးလိုက်မယ် ငါအိပ်တာကိုသာမနှောင့်ယှက်သရွေ့ပေါ့..."
ခွေးဘုရင်ကတစ်ကိုယ်တည်းရေရွတ်နေရင်းလှဲချလိုက်ပြီးနောက် အိပ်မောကျခြင်းသို့တစ်ဖန်ရောက်ရှိသွားပေ၏။
အချိန်များကတရွေ့ရွေ့ကုန်လွန်နေရင်း.. ညအချိန်သို့ရောက်ရှိလာ၏။
ထောင်တျဲ့စားသောက်ဆိုင်၏ပထမဆုံးရက်မှာအဆုံးသတ်သွားချေပြီ။
ထိုစဉ်ပုဖန်သည်သူ၏ရွှေနဂါးရိုးမီးဖိုချောင်သုံးဓားအားသိမ်းဆည်းနေခြင်းဖြစ်ပြီး ရုတ်ချည်းဆိုသလို စနစ်၏အလေးအနက်ဖြစ်နေသောအချက်ပေးသံကသူ၏ဦးခေါင်းတွင်းပဲ့တင်ထပ်သွားချေသည်။
စနစ်၏အချက်ပေးသံကိုကြားလိုက်ရသည်နှင့် ပုဖန်တစ်ယောက်ထိုင်းမှိုင်းသွားရလေသည်။ ခေတ္တအကြာ သူ၏မျက်ခုံးများကိုဖြေလျော့လိုက်ပြီးပျော်ရွှင်နေသောမျက်နှာအမူအယာကိုဆင်မြန်းကာ သက်ပြင်းတစ်ခုရှိုက်ထုတ်မိလိုက်ချေတော့သည်။
#
အခန်း ၈၀၈
အမှတ်အသားလေးမျိုး မီးထိန်းချုပ်မှု စွမ်းရည်...
ပုဖန် သက်ပြင်းမှုတ်ထုတ်လိုက်သည်။နောက်ဆုံး၌ တင်းကျပ်နေသော ခန္ဓာကိုယ်က သက်တောင့်သက်သာဖြစ်သွားလေပြီ။သူ့၏ ခေါင်းစည်းကြိုးကို ဖြည်လိုက်ပြီး ရေတံခွန်ကဲ့သို့ ဆံနွယ်များကို လွတ်လွတ်လပ်လပ် ကျဆင်းစေလိုက်သည်။
"ဂုဏ်ယူပါတယ် ဖွင့်ပွဲနေ့အတွက် သတ်မှတ်ထားတဲ့ အရေအတွက်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး စနစ်ပြင်ဆင်ထားသော ဟင်းပွဲများကိုလည်း ပြီးမြောက်စေခဲ့ပါတယ်...ဒါ့ကြောင့် အဆင့်တက်နိုင်ပါပြီ..."
စနစ်၏ လေးနက်သောအသံက သူ့၏ နားထဲတွင် ကောင်းကင်ဂီတအလား ကြားလိုက်ရလေသည်။နောက်ဆုံး၌ သူအဆင့်တက်နိုင်ခဲ့ပြီဖြစ်သောကြောင့် စိတ်သက်သာရာရသွားခဲ့လေပြီ။သို့သော်လည်း သူ့၏ မျက်နာသေကမူ ပုံမှန်အတိုင်း မတုန်မလှုပ်အမူအရာဖြင့်သာရှိနေသည်။
သို့သော်လည်း ဒီတစ်ကြိမ်တွင် သူ့၏ စွမ်းအားတိုးတက်လာခြင်းက သိသိသာသာရှင်းရှင်းလင်းလင်းမဟုတ်ပဲ အနည်းငယ်မျှ သာဖြစ်သည်။ပုဖန်ကသူ့၏ စိတ်ထဲမှ စနစ်၏ ဖော်ပြချက် ဇယားကွက်ကို ကြည့်လိုက်သည်။
ပိုင်ရှင်:.ပုဖန်
အစစ်အမှန် စွမ်းအင်ကျင့်ကြံခြင်းအဆင့် : : အဆင့် ၁၀ (မသေမျိုးဝိညာဉ်အင့် လှေကားတစ်ဆင့်)
အချက်အပြုတ်စွမ်းရည် : :ကြယ်ငါးပွင့်
ကျွမ်းကျင်မှုများ: : အဆင့် ၂ ကြယ်ပျံ ဖြတ်တောက်ခြင်းနည်းပညာ (၁၀၀/၁၀၀) ၊ အဆင့် ၂ အသားလွှာထွင်းထုခြင်းနည်းပညာ (၁၀၀/၁၀၀ )၊ အဆင့် ၁ ဓားကျွမ်းကျင်မှု ဓား ဆယ့်သုံကွက် အရှင်သခင် နည်းစနစ် (၁၀/၁၃ ).၊ လျှာကဝေအစီအရင် (၂/၆) ၊ အမှတ်အသားလေးမျိုး မီးလျှံထိန်းချုပ်မှုနည်းလမ်း (၁/၄၊ ).
ပစ္စည်းများ: : ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား ၊မဟူရာလိပ်ခုံးဒယ်အိုး ၊ နီရောင် စားဖိုမှူးဝတ်စုံ (အချက်အပြုတ် နတ်ဘုရားအဆင့် ပစ္စည်းအစုံမှ )
အချက်အပြုတ် နတ်ဘုရားအဆင့်သတ်မှတ်ချက်: :အလယ်အလတ်တန်းအဆင့် စားဖိုမှူး (အချက်အပြုတ် ပါရမီတိုးတက်လာပြီး အချက်အပြုတ်စွမ်းရည်များကလည်း ပို၍ တိုးတက်ကောင်းမွန်လာပေလိမ့်မည်။သင့်အတွက် ကြီးကျယ်ခမ်းနားတဲ့ ကမ္ဘာကြီးက တံခါးဖွင့် ကြိုဆိုနေပါပြီ စတင်ပြီး ပါဝင်ပစ္စည်းများ ရွေးချယ်ခြင်းကို ပြုလုပ်နိုင်ပါပြီ)
စနစ်၏အဆင့် : : အဆင့် ၂၀ ကြယ် ၁၀ ပွင့် ၊ စွမ်းအင်ပြောင်းလဲမှုအချိုး ၁၀၀%
စနစ်၏ဆု : : တွယ်ရာမဲ့ စမ်းချောင်ဝါဝိုင် ချက်နည်းလမ်းညွှန် နတ်ဘုရားအဆင့် ပစ္စည်း အပိုင်းအစ (၂/၅)
ပုဖန် စနစ်၏ ဇယားကွက်ကို သေချာစွာကြည့်လိုက်သည်။သူ့၏ စွမ်းအင်အဆင့် မြင့်လာသည်နှင့်အမျှ သော့ပိတ်ထားသော စွမ်းအင်များလည်း တစ်ခုပြီးတစ်ခု ပွင့်လာလေသည်။
သူ့၏ ဓားကျွမ်းကျင်မှုများက ထိပ်ဆုံးအဆင့်ထိ ရောက်လာခဲ့ပေပြီ ။ထို့အပြင် သူ ဓားဆယ့်သုံးကွက် အရှင်သခင်ကိုလည်း အဆင့် ၁၀ထိရောက်အောင် သင်ထားပြီးခဲ့ပြီ။
လျှာကဝေအစီအရင်၏ ပုံစံ အသစ်လည်း ပွင့်သွားခဲ့လေပြီ။အချက်အပြုတ်ပြိုင်ပွဲများကို အောင်မြင်ခဲ့သော ဆုလာဘ်အနေဖြင့် စနစ်က အမှတ်အသား လေးမျိုး မီးထိန်းချုပ်ခြင်းနည်းလမ်းကိုလည်း ပေးအပ်ခဲ့သည်။
ထိုဆုလာဘ်က အလွန် စိတ်ဝင်စားစရာကောင်းသော်လည်း သူ့တွင် လေ့လာရမည့် အချိန်မရှိသေးပေ။ပုဖန် ထင်ထားသကဲ့သို့ပင် အဆင့်တက်လာပြီးနောက် သူ့၏ စွမ်းအင်များက အများကြီး တိုးပွားလာခြင်းမရှိပေ။သို့သော်လည်း ၎င်းက အစစ်အမှန် စွမ်းအင်အခြေခံ တစ်ခုတည်းသာလျှင် ဖြစ်သည်။ယခုမှ အဆင့်ချိုးဖျက် တက်ရောက်လာခြင်း ဖြစ်သည့်အတွက် စနစ်ချပေးသော ဟင်းပွဲများကို ပို၍ ပြင်ဆင်ရန် လိုအပ်ပေသေးသည်။
ဟင်းပွဲများကို အောင်မြင်စွာ ပြုလုပ်လိုက်သည်နှင့် နောက်ထပ် အခွင့်အရေးများရရှိလာပေလိမ့်မည်။ပုဖန် သန်မာလာသည်နှင့်အမျှ ပြင်ဆင်ရသော ဟင်းပွဲများကလည်း သဘာဝကျစွာပင် ပို၍ ခက်ခဲလာပေလိမ့်မည်။
သို့သော်လည်း ထိုဖိအားကပင် ပုဖန်၏ ခရီးလမ်းကို တက်ရောက်စေနိုင်သော တွန်းအားတစ်ရပ်ပင်ဖြစ်သည်။
"တွယ်ရာမဲ့ စမ်းချောင်းဝါ ဝိုင်...အင်း နာမည်ကတော့ တော်တော်လေး အဆင့်မြင့်တယ် ..."
ပုဖန် မျက်မှောင်ကြုတ်၍ တွေးလိုက်ပြီး သူတီးတိုးရေရွတ်လိုက်သည်။ထူးကဲကျောက်စိမ်းနှလုံးသားဝိုင် ပြီးနောက် နှင်းခါးမီးတောက် သိမြင်မှုဝိုင် ယခု နောက်ထပ်တစ်မျိုး...ဝိုင်များကို ကြိုက်နှစ်သက်ပေသည်။အထူးသဖြင့် ကောင်းမွန်သော အမျိုးအစားများကို ဖြစ်သည်။
မည်သို့ပင် ဆိုစေ ယခုဝိုင်၏ နာမည်အရ အလွယ်တကူ ပြုလုပ်၍ ရမည်ဟုမထင်ပေ။
"တွယ်ရာမဲ့ စမ်းချောင်းဝါ ဝိုင်ဆိုတော့ ပြုလုပ်ဖို့အတွက် စမ်းချောင်းဝါရည်ကို အသုံးပြုရမှာလား..."
ပုဖန်က ထောင်တျဲ စွပ်ပြုတ်ချက်စဉ်၌ စနစ်နှင့် အပေးအယူလုပ်ကာ စမ်းချောင်းဝါမြက်နှင့် ကူကယ်ရာမဲ့ ပန်းတ်ို့ကို ရယူခဲ့သည်။ထိုပစ္စည်းနှစ်မျိုးကလည်း တွယ်ရာမဲ့ စမ်းချောင်းဝါဝိုင်နှင့် ကျိန်းသေပေါက် ဆက်စပ်နေမည်ဖြစ်ကြောင်း ပုဖန် သိပေသည်။
ပုဖန် သက်ပြင်းအသာမှုတ်ထုတ်လိုက်ပြီး ပျော်ရွှင်မှုများကို ဖိနှိပ်ကာ စနစ်မှ ရသော ဆုများကို ဆက်လက်စစ်ဆေးလိုက်သည်။အမှတ်အသားလေးမျိုး မီးထိန်းချုပ်မှု ၎င်းကလည်း အဆင့်အတန်းမြင့်ပြီး ဂန္တဝင်ဆန်လှပေသည်။
"မီးထိန်းချုပ်မှုနည်းလမ်းတစ်ခုပဲလား...."
မကြာခင်မှာပင် ပုဖန်၏ စ်ိတ်ထဲ၌ အလင်းတစ်ချက်လက်သွားပြီး သတင်းအချက်အလက်များ ပြည့်နှက်သွားလေသည်။ပုဖန် မျက်လုံးများမှိတ်လိုက်ပြီး ထိုနည်းလမ်းကို မည်ကဲ့သို့ အသုံးပြုရမည်ကို စတင်သင်ယူလိုက်သည်။
"အမှတ်အသား လေးမျိုး မီးလျှံထိန်းချုပ်မှု ဆိုတာကလည်း မီးလျှ့ထိန်းချုပ်မှု နည်းလမ်းတစ်မျိုးပါပဲ ၎င်းက ပိုင်ရှင်နဲ့ ကောင်းကင်ကမ္ဘာမြေမီးလျှံတို့ကြားက ဆက်သွယ်မှုကို ပိုပြီး ခိုင်မာလာပါစေလိမ့်မယ်...ချက်ပြုတ်နေစဉ်အတွင်း အပူချိန် အမြင့်ဆုံးရောက်အောင် ထိုးဖောက်ချင်တဲ့ အခါမျိုးတွေမှာလည်း အသုံးပြုနိုင်ပါတယ် ..."
စနစ်က မီးထိန်းချုပ်မှု အကြောင်းကို ရှင်းပြမိတ်ဆတ်ပေးလိုက်သည်။စနစ်၏ အဆိုအရ ပုဖန် ထိုနည်းလမ်းကို မာစတာအဆင့် ကျွမ်းကျင်ရန်အတွက် အချိန်လိုအပ်ပေသည်။
ပုဖန် နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။ထို့နောက် သူပါးစပ်ဟ၍ မှုတ်ထုတ်လိုက်သည်နှင့် သူ့၏ လက်ချောင်းများထဲတွင် နီရွှေရောင် မီးလျှံကလေး ပြေးလွှာနေလေသည်။မီးတောက်၏ လောင်ကျွမ်းမှုက လေထုကိုပင် တွန့်လိမ်သွားစေသည်။
သူ့၏ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်နှင့် အစားကြူးတောင်ကြားမှ ရရှိခဲ့သော ကောင်းကင်ကမ္ဘာမြေမီးလျှံတို့ ပေါင်းစပ်သွားပြီးနောက် ယနေ့မီးလျှံဖြစ်လာခဲ့ခြင်းပင်။
သူတို့၏ အပူချိန်က ကြောက်စရာကောင်းလှသည်။သို့သော်လည်း ထိုမီးလျှံနှစ်ခုက အံ့သြစရာကောင်းလောက်စွာပင် အချင်းချင်းတသားတည်း ပေါင်းစပ်နေပေသည်။
ပုဖန် ထိုမီးလျှံကိုကြည့်၍ မေးပွတ်သပ်ကာ စဉ်းစားမိသည်။ထို့နောက် သူ့၏ စ်ိတ်စွမ်းအားကို လက်ချောင်းများဆီသို့ ပို့လိုက်သည်နှင့် မီးလျှံက စတင်တုန်ခါလာလေသည်။
ပုဖန်၏ စိတ်ဝ်ိညာဉ်ပင်လယ်က ပြန့်ကားလာသည်။၎င်း၏ အလယ်တွင် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား၏ စိတ်ဝိညာဉ်ဖြစ်သော ရွှေရောင်နဂါးတစ်ကောင်ရှိနေသည်။
ထိုရွှေရောင်နဂါးက ကျယ်လောင်လှသော ဟိန်းဟောက်သံများကို ထုတ်လွင့်လာသောကြောင့် ပုဖန်၏ ခန္ဓာကိုယ်ပင် တုန်ခါလာသည်။ထိုချိန်တွင် ထိုနဂါး၏ စွမ်းအင်များက သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းစီးဆင်းပြီး မီးတောက်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားသည်။
ထူးခြားဆန်းကြယ်လှသော ကောင်းကင်ကမ္ဘာမြေမီးလျှံက စတင်၍ လည်ပတ်လာပြီးနောက် ရွှေနီရောင် မီးလျှံအဖြစ်မှနေ၍ နက်မှောင်လှသော ရွှေရောင် မီးလျှံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
၎င်းက ကောင်းကင်ကမ္ဘာမြေမီးလျှံ၏ ပုံစံ အသစ်ဖြစ်သည်။၎င်းဟိန်းဟောက်သံက ပဲတင်ထပ် ထွက်ပေါ်နေသည်။ထိုခဏမှပင် မီးလျှံက ရွှေရောင်နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြန်သည်။
ပုဖန် လက်ချောင်းလေးများကို လှူပ်လိုက်သည်နှင့် မီးလျှံနဂါးကြီးက လေထဲတွင် ကြမ်းတမ်းစွာ တွန့်လိမ်နေပေသည်။အခန်းထဲရှိ အပုချိန်ကလည်း ဒုံးပျံအလား ထိုးတက်လာပြီး ပူသထက်ပူလာလေသည်။
ပုဖန်၏ မျက်ဝန်းများ တောက်ပသွားသည်။သူ့၏ လက်ချောင်းလေးများကို ပို၍ မြန်မြန်လှုပ်ရှားလိုက်သည်နှင့် ထိုမီးလျှံက အသက်ဝင်နေသည့် နဂါးတစ်ကောင်အလား ပို၍ မြန်ဆန်စွာ တွန့်လိမ်လာပေသည်။
"ကြည့်ရတာတော့ ဒီအမှတ်အသားလေးမျိုး မီးလျှံထိန်းချုပ်မှုက တော်တော်လေးလွယ်ကူပါတယ်..."
ပုဖန် တွေးနေမိသည်။ပုဖန် မီးလျှံကို ပြန်သိမ်းလိုက်ပြီး စိတ်ဖြေလျော့လိုက်သည်။မီးဖ်ိုခန်းထဲမှ အပူချိန်က အလွန်ပင် မြင့်မားနေသောကြောင့် ခေါင်းအသာခါယမ်းရင်း အခန်းထဲမှ ထွက်လာခဲ့သည်။
ယနေ့အတွက် စီးပွားရေးလုပ်ငန်းပြီးဆုံးသွားပြီ ဖြစ်သောကြာင့် စားသုံးသူများက ပြန်လည် ထွက်ခွာသွားကြပြီဖြစ်သည်။ချူချန်းရှန်က ထိုင်ခုံတစ်ခုပေါ်တွင် မှီ၍ ထိုင်နေသည်။သူ့ကို ကြည့်ရသည်မှာ ပင်ပန်းနေပုံရလေသည်။
ချူချန်းရှန်က စားပွဲထိုးတစ်ယောက်လုပ်ရခြင်းသည် အစားကြူးတောင်ကြား၏ အကြီးအကဲ တစ်ယောက်လုပ်ရခြင်းထက် ပို၍ပင် ပင်ပန်းနွမ်းနယ်နေသည်ဟုခံစားမိလေသည်။ပုဖန်က သူ့ကို တွင်းနက်နက်ထဲ တရွတ်တ်ိုက် ဆွဲသွင်းသွားသလိုမျိုး ခံစားနေရသည်။
ယနေ့စားသုံးသူ တစ်ထောင်ရရှိခြင်းနှင့်ပတ်သတ်၍ ထူးခြားဆန်းကြယ်သော လျှို့ဝှက်ချက်များမရှိသော်လည်း ချူချန်းရှန်က ကြီးကြီးမားမား အနစ်နာခံပေးခဲ့လေသည်။ထို့ကြောင့် ပုဖန်လည်း စနစ်ဆီမှ အပိုဆုကြေးရရှိခဲ့သည်။
ပုဖန် ခုံတစ်ခုံကို ဆွဲထုတ်ပြီး ချူချန်းရှန် ဘေးနား၌ ထိုင်လိုက်သည်။ချူချန်းရှန်က ပုဖန်ကို တစ်ချက်စောင်းကြည့်လိုက်သည်။နှုတ်ခမ်းထောင့်စွန်းလေးများ အသာတွန့်ကွေးသွားပြီး သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။
"ကောင်းကောင်းလုပ်ခဲ့တာပဲ မင်းရဲ့ အနာဂတ်ကတော့ တောက်ပလင်းလက်နေတော့မယ်...လူငယ်လေး ဒီဘော့စ်က မင်းကို ကြိုက်နှစ်သက်တယ်..."
ပုဖန် ပြောလိုက်သည်နှင့် ချူချန်းရှန်၏ မျက်နာက မဲမှောင်သွားလေသည်။
.....
လျှို့ဝှက်နဂါး တော်ဝင်ခုံရုံးတွင် ကောင်းကင်ဗဟို ၊အလင်းယိမ်း ၊လျှို့ဝှက်ကောင်းကင်၊ နွေဦးကောင်းကင်ဘုံ ၊ရှေးဟောင်းကျောက်စိမ်း ၊မီဇာကြယ် နှင့် အယ်လ်ကိတ်ကြယ် ဟူသော သန့်စင်နယ်မြေကြီး ၇ခု ရှိသည်။
ထို သန့်စင်နယ်မြေများအားလုံးကို မြောက်များလှစွာသော ကျင့်ကြံသူပညာရှင်များက ကာကွယ် ထားကြသည်။ထိုသန့်စင်နယ်မြေများသည် ပုန်းကွယ်နဂါးတိုက်ကြီး၏ ကာကွယ်သူများပင် ဖြစ်သည်။သူတို့ ကြောင့်ပင် အဆုံးမဲ့ပင်လယ်အင်အားစုများနှင့်ငရဲကမ္ဘာသက်ရှိများ ကုန်းမြေတိုက်ကြီးဆီသို့ မကျူးကျော်ရဲခြင်းဖြစ်သည်။
သန့်စင်နယ်မြေတစ်ခုချင်းစီ၌ သူတော်စင်ဂိုဏ်းချုပ်နှင့် မြင့်မြတ်သူတော်စင်ရှိကြသည်။မြင့်မြတ်သူတော်စင်ဆိုသည်မှာ နတ်ဘုရားစိတ်ဝိညာဉ် နယ်ပယ်သို့ ရောက်ရှိပြီးသားသူများဖြစ်သည်။သူတို့ကလသူတော်စင်ဂိုဏ်းချုပ်ထဲ ပို၍ အင်အားကြီးကြောင်း ပို၍သန်မာကြောင်း သံသယရှိစရာမလိုပေ။
ထို့အပြင် မြင့်မြတ်သူတော်စင်များက တိတ်တဆိတ်သာနေ၍ သူတို့၏ ကျင့်ကြံမှုကိုသာ အာရုံစ်ိုက်ထားကြသည်။အဘယ်ကြောင့်ဆိုသော် သူတို့ ပခုံးပေါ်တွင် ထမ်းထားရသော တာဝန်များက မည်မျှ ကြည်လင်ကြောင်း နားလည်ကြပေသည်။
ထို့ကြောင့်ပင် သန့်စင်နယ်မြေများကို တာဝန်ယူထားရသူက သူတော်စင်ဂိုဏ်းချုပ်သာဖြစ်နေရခြင်းဖြစ်သည်။သူတော်စင် သန့်စင်နယ်မြေ၏ သူတော်စင်ဂိုဏ်းချုပ်က ကြီးမားလှသော ခန်းမကြီးတစ်ခုထဲတွင် ခြေချိတ်၍ ထိုင်နေခဲ့သည်။
သူ့၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဝန်းရံနေသော မြောက်များလှစွာသော အလင်းတန်းများက ကောင်းကင်ယံထက်ဆီသို့ ထိုးတက်နေကြသည်။သူ ခေါင်းမော့၍ မျက်လုံးအသာဖွင့်လိုက်သည်။သူ့၏ မျက်ဝန်းများက ကောင်းကင်ယံတွင် လင်းလက်တောက်ပနေသော ကြယ်များ အလား ထင်ရသည်။ထိုသူ မတ်တပ်ထရပ်လိုက်သည်။သူ့၏ အမူအရာက ခတ်ထန်နေ၏။
ဝီ...
စွမ်းအင်လှိုင်းတစ်ခု ဝင်ရောက်လာသည်။သူတော်စင်ဂိုဏ်းချုပ်က မျက်ခုံးပင့်လိုက်ပြီး လက်ကို မြောက်လိုက်သည်နှင့် ထိုစွမ်းအင်လှိုင်းများက စုစည်းလာပြီးနောက် အသံပြောင်းအဆောင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုအဆောင်မှ ပေးပို့သော သတင်းအချက်အလက်ကို နားထောင်ပြီးနောက် သူ့၏ မျက်နာထားက ပို၍ တင်းမာသွားသည် ။
"ကောင်းကင်ဖြတ်ကျော်ခြင်း အတိဒုက္ခစတင်တော့မှာလား..."
သူ့၏ မျက်ဝန်း၌ လေးနက်လှသော အလင်းရောင်များလက်ဖြာသွားသည်။
"ကောင်းကင်ဖြတ်ကျော်ခြင်း အတိဒုက္ခကို လျော့တွက်လို့မရဘူး ဒီတစ်ကြိမ်တော့ ကောင်းကင်ဖြတ်ကျော်ခြင်း အတိဒုက္ခကနေ ငါဘယ်တော့ ပြန်လာနိုင်မလဲ...ဘာပဲဖြစ်ဖြစ် အဲ့ဒီ မတိုင်ခင်တော့ ကိုယ်ပွားတွေကို နှစ်ကြိမ်တိုင်တိုင် ဖျက်စီးခဲ့တဲ့ နေရာကို ငါသွားရဦးမယ်..."
သူတော်စင်အုပ်ချုပ်သူ၏ ဘေးနား၌ မြောက်များလှစွာသော စွမ်းအင်ဝိုင်းလေးများ ဖြစ်ပေါ်နေသည်။သူ့၏ ဆံပင်များပင် တဖျတ်ဖျတ်လွင့်ခါနေ၏။ထို့နောက် ခြေသံပွက်ပွက်ထွက်ပေါ်လာပြီး သူ ခန်းမကျယ်ကြီးထဲမှ ထွက်သွားလေသည်။
လျှို့ဝှက်ကောင်းကင်ဘုံ သန့်စင်နယ်မြေ ...မိုလျိုကျီ ပြေးလာပြီးနောက် အိမ်တစ်အိမ်၏ ရှေ့တွင် ရပ်လိုက်သည်။ရိုးရှင်းလှသော အိမ်ကလေးက သူတော်စင်မိန်းမပျို ကျင်ကြံ နေထိုင်သည့် နေရာဖြစ်သည်။
အိမ်ထဲတွင် သူတော်စင် မိန်းမပျိုက ကောင်းကင်ဘုံ ကြယ်တာယာပန်းကို ထိန်းချုပ်ရန် ကြိုးစားနေသည်။မိုလျိုကျီ ရင်ဘတ်ပင် ဖောင်းပွလာသည်အထိ ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။သူတံခါးက်ို တွန်းဖွင့်ရန် တွန့်ဆုတ်နေ၏။
အကယ်၍ သူတွန်းဖွင့်လိုက်လျှင် သူတော်စင်မိန်းမပျို၏ ရှာဖွေ နားလည်မှုများကို နှောက်ယှက်မိမည်လား သူ တံခါးဖွင့်သင့်လား...မိုလျိုကျီ မျက်မှောင်ကြုတ်လိုက်သည်။ခဏကြာပြီးနောက် သူချာခနဲလှည့်ထွက်ကာ အဖွားမို၏ နေရာသို့သာ သွားလိုက်သည်။ထိုနေရာသို့ ရောက်သောအခါတွင် အဖွားမိုရှိမနေသည်ကို တွေ့လိုက်ရသည်။
"အဖွားမို ဘယ်ကို ရောက်သွားတာလဲ..."
အစားကြူးတောင်ကြားထဲတွင် အရှက်ကွဲ စော်ကားခံခဲ့ရသော သန့်စင်နယ်မြေများ၏ တပည့်များက သူတို့၏ နယ်မြေများဆီသို့ ပြန်လည်သတင်းပို့ခဲ့ကြသည်။ကိုယ်တီးလုံးချွတ်ခံခဲ့ရသော တပည့်များက ရှက်ရွံ့နေကြသော ဒေါသမျက်နာများဖြင့် ပြန်လာကြသည်။
လူအများက လက်စားချေရန် ကျိန်းဝါးနေကြသည်။သို့သော်လည်း ချူချန်းရှန်၏ အစွမ်းများကို သိသောအခါ၌ နှုတ်ဆိတ်သွားကြ၏။ချူချန်းရှန်က ယန်ချန်းကို သတ်လိုက်သည်ဆိုသော် သတင်းက သန့်စင်နယ်မြေများအားလုံးကို ပြန့်နှံ့သွားခဲ့လေပြီ။
သူတို့ ချူချန်းရှန်နှင့် ရင်ဆိုင်လိုလျှင် ကိုယ်ပါသာကို သေတွင်းတူးထားရပေမည်။ညည့်နက်အချိန်တွင် ကောင်းကင်ယံထက်၌ လခြမ်းနှစ်ခု ထွန်းလင်းနေပေသည်။လရောင်အောက်တွင် အရိပ်တစ်ခု ဖြေးညင်းစွာ လျှောက်လှမ်းလာ၏။
ထိုလူက အနည်းငယ်ခါးကုန်းနေသော သက်ကြီးရွယ်အိုတစ်ဦးပုံပေါက်သည်။သူ့၏ လက်ထဲတွင် တောင်ဝှေးတစ်ချောင်းကို ကိုင်ထားပြီး အရှေ့သို့ တဖြေးဖြေးချင်း တိုးလာနေသည်။
ယခုအခ်ျိန်တွင် တောင်ဝှေးနှင့် ကျောက်တုံးများပေါ် ထိခတ်လိုက်သံက တစ်မျိုးတစ်ဖုံ ကြောက်စရာကောင်းနေသည်။ထိုအချိန်အတောအတွင်းတွင် တခြားသောပုံရိပ်တစ်ခုက လေဟာနယ်ကို ဆုတ်ဖြဲ၍ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အော်ရာများကို သယ်ဆောင်ထားသည့် ထိုပုံရိပ်က အစားကြူးတောင်ကြား၏ အပြင်ဘက်တွင် ပေါ်ထွက်လာသည်။
ထိုပုံရိပ်က နတ်ဘုရားကဲ့သို့သော ရောင်ဝါများ ထုတ်လွင့်နေ၏။တောင်ဝှေးနှင့်လူက ကောင်းကင်ပေါ်ရှိ အလင်းဖြာထွက်နေသော ပုံရိပ်ကို ကြည့်လိုက်သည်။သူမ ချောင်းခြောက်ဆိုးလိုက်ပြီးနောက် ခေါင်းကို မော့လိုက်သည်။သူမ၏ အရေးအကြောင်းများပြည့်နေသော မျက်နာက ရှုံ့မဲ့သွားလေသည်။
"ရှေးဟောင်းကျောက်စိမ်းသန့်စင်နယ်မြေရဲ့ သူတော်စင်အုပ်ချုပ်သူ မတွေ့ရတာတောင် တော်တော်ကြာနေပြီ ရှင်လည်း အစားကြူးတောင်ကြားကို သွားပြီး စားကောင်းသောက်ဖွယ်တွေ သွားသုံးဆောင်မလို့လား..."
#
အခန်း ၈၀၉
အကျဉ်းထောင်သုံးခု...
"ရှေးဟောင်းကျောက်စိမ်း သန့စင်နယ်မြေရဲ့ သူတော်စင်ဂိုဏ်းချုပ် မတွေ့ရတာတောင် ကြာပြီ..."
တောင်ဝှေးကိုင်ဆောင်ထားသော အဖွားအိုက နေရာမှာတင်ရပ်နေခဲ့သည်။သူမ၏ မျက်နာကို မော့လိုက်သည်။အရေးကြောင်းများ ပြည့်နေသည့် မျက်နာက ဘဝအတွေ့အကြုံများစွာ ဖြတ်သန်းခဲ့သည့် အရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။
နတ်ဘုရားတစ်ပါးကဲ့သို့ပင် အလင်းရောင်များဖြာထွက်နေသော သူတော်စင် ဂိုဏ်းချုပ်က ကောင်းကင်ယံထက်တွင် မျောလွင့်နေသည်။
"အဖွားမိုက အိုမင်း ရင့်ရော်လာပြီပဲ ..."
ကျောက်စိမ်းဂိုဏ်းချုပ်ကမူ အသက် ၂၀ကျော် လူငယ်လေးနှင့် မခြား ချောနေပေသည်။သူအောက်ကို ငုံ့ကြည့်လိုက်ချိန်၌ အဖွားမို၏ မျက်နာထားကို တွေ့လိုက်ရသည်။မနေနိုင်ပဲ ပြောလိုက်မိသည်။
"အချိန်တွေဖြတ်သန်းလာတာနဲ့အမျှ လူတွေက အသက်တွေကြီးလာမှာပါပဲ နှစ်ပေါင်းရာချီ ပွင့်လန်းလာတဲ့ ပန်းတွေတောင်မှ ညှိုးနွမ်းကျသေးတာပဲ မဟုတ်ဘူးလား...အသက်ကြီးတယ်ဆိုတာ သဘာဝပါပဲ ..."
တောင်ဝှေးကိုင်ဆောင်ထားသော အဖွားအိုက အေးဆေးစွာပင် ပြန်လည်တုံ့ပြန်ပြောဆိုလိုက်သည်။ထိုခဏ၌ သူမ သူတော်စင်ဂိုဏ်းချုပ်ကို မျက်နာလွှဲလိုက်ပြီး အရှေ့သို့ တုန်ရီချိနဲ့စွာဖြင့် ဆက်လျှောက်သွားလိုက်သည်။သူတော်စင် ဂိုဏ်းချုပ်၏ ပတ်ဝန်းကျင်မှ အစီအရင်များကလည်း တဖြေးဖြေးချင်း ငြိမ်သက်သွားသည်။စွမ်းအင်များ ပြန့်ကျဲသွားပြီး အလင်းရောင်များ မှိန်ဖျော့သွား၏။
အဖွားမို ပေါ်လာပြီးနောက် သူလည်း မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။သူအဖွားမိုဘေး၌ ယှဉ်တွဲ၍ လျှောက်လှမ်းလာခဲ့သည်။လေပြေလေညှင်းများက ခါးထိရှည်နေသော ဆံနွယ်များကို တဖျတ်ဖျတ်လွင့်ခါသွားစေသည်။
အဖွားမိုက ခပ်အေးအေး ရယ်မောလိုက်ပြီးနောက် သူတို့နှစ်ယောက်သား အစားကြူးတောင်ကြားဆီသို့ လှမ်းဝင်လာခဲ့ကြလေသည်။
သူတော်စင် အုပ်ချုပ်သူက လက်နှစ်ဖက်ကို နောက်ပစ်၍ လျှောက်လာခဲ့သည်။သူ့၏ မျက်နာပေါ်တွင်လည်း သံသယစိတ်များဖြစ် အဖွားမိုကို ကြည့်နေသည်။
"ငါအစားကြူးတောင်ကြားကို ရောက်ခဲ့တာ နှစ်တွေကြာခဲ့ပြီ...ငါတို့နောက်ဆုံး ဒီကိုရောက်ခဲ့တဲ့အချိန်က တောင်ကြားက သာယာနေတုန်းပဲ အခုမင်းနဲ့ ငါနဲ့ကလည်း ငါတို့ရဲ့ ခမ်းနား ခဲ့တဲ့အချိန်တွေကို ပြသဖို့အတွက် ဒီကို ရောက်နေတဲ့ သဘောပါပဲ...."
အဖွားမို၏ စကားကို သူတော်စင်အုပ်ချုပ်သူက ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။ထိုအချိန်က အစားကြူးတောင်ကြားသည် အလွန်အစွမ်းထက်သည်။သန့်စင်နယ်မြေများကို နှိမ်နင်းနိုင်သော သူ့၏ ပညာရှင်နှစ်စုကြောင့် ကျော်ကြားလေသည်။ထိုအချိန်က အစားကြူးတောင်ကြားသခင်သည် အထွဋ်အထိပ်အဆင့်တည်ရှိမှုမျိုးဖြစ်သည်။သူ့၏ ထင်ရှားကျော်ကြားလှသော အရှိန်အဝါကြောင့် သန့်စင်နယ်မြေများမှ သူတော်စင်များပင် မှေးမှိန်ခဲ့ရသည်။
ထိုအချိန်က အစားကြုးတောင်ကြားသည် မြောက်များလှစွာသော ပညာရှင်များကိုလည်း ဦးဆောင်နိုင်ခဲ့သည်။သန့်စင်နယ်မြေများမှ အံ့သြဖွယ်ရာအစွမ်းထက်လှသော ကျင့်ကြံသူအများအပြားပင်လျှင် ထိုအစားကြူးတောင်ကြားထဲ၌ ဝိုင်းဖွဲ့၍ ဆွေးနွေးပြောဆိုရခြင်းကို နှစ်သက်သဘောကျလေသည်။
ထိုကာလက အလွန်ပင် လွမ်းဆွတ် တမ်းတဖွယ်ကောင်းသည့် အချိန်ကာလတစ်ခု ဖြစ်သည်။သို့သော် နှစ်ပေါင်းများစွာ ကြာပြီးနောက် အစားကြူးတောင်ကြားသည် တဖြေးဖြေးချင်း နိမ့်ကျလာခဲ့သည်။
အမျိုးမျိုးသော ကျင့်ကြံသူပညာရှင်များကလည်း မတူညီသော ဒေသအသီးသီး၏ အုပ်ချုပ်သူများဖြစ်လာခဲ့ကြသည်။ထိုသူများက ဂိုဏ်းချုပ်အဆင့်ရှိသော သူတော်စင် အဖွားမို သို့မဟုတ် ကျောက်ခရမ်း အကြီးအကဲသို့သော တည်ရှိမှုများရှိခဲ့ကြသည်။
"အစားကြူးတောင်ကြားက တော်တော်လေး ပြောင်းလဲသွားပါပြီ ...ဒါပေမယ့်လည်း တစ်ချို့ နေရာဟောင်းတွေကိုတော့ မှတ်မိနေဆဲပါပဲ...ဆည်းဆာရေကန်ကတော့ ရှိတုန်းပဲ ဒါပေမယ့် ပန်းရှုစား မျှော်စင်က မရှိတော့ဘူး..."
သူတော်စင်အုပ်ချုပ်သူက လက်နှစ်ဖက်ကို နောက်ပစ်၍ ဆည်းဆာရေကန် ရှိရာဆီသို့လျှောက်သွားလိုက်သည်။လေပြေလေညှင်းလေးများက ပျော့ပြောင်းနူးညံ့သော လက်တစ်စုံကဲ့သို့ သူ့၏ မျက်နာကို ထိခတ်သွားသည်။ရေမျက်နာပြင်ကပင် လှိုင်ကြက်ဂူလေးပင်ထသွား၏။
ဟိုးတစ်ချိန်တုန်က ရေကန်ထက်တွင် ပန်းရှုစား စင်မြင်ဟုခေါ်သော အဆောက်အဦးတစ်ခုရှိသည်။မြောက်များလှစွာသော ကျင့်ကြံသူပညာရှင်များသည် သူတို့၏ ကျင့်ကြံမှု များကို ဖလှယ်နိုင်ရန်အတွက် ဒီနေရာသို့ လာရောက်၍ ဆွေးနွေးလေ့ရှိကြသည်။
အဖွားမိုသည်လည်း ပန်းပွင့်လေးများကိုပင် အနိုင်ယူနိုင်လောက်အောင် လှပသည်ဟူ၍ ကျော်ကြားခဲ့သည်။သူမသည်လည်း တစ်ချိန်က ကောင်းကင်ဘုံ လျှို့ဝှက်သန့်စင်နယ်မြေ၏ သူတော်စင်မိန်းမပျိုတစ်ဦးဖြစ်ခဲ့ဖူးသည်။
ကံမကောင်းစွာပင် အချိန်သည် အကြင်နာမဲ့သော သားသတ်ဓားတစ်လက်ဖြစ်လေသည်။သူတော်စင်အုပ်ချုပ်သူက မထင်ထားလောက်အောင်ပင် အိုဇာသွားသော အဖွားမိုကိုလည်းလှည့်ကြည့်၍ သက်ပြင်းချလိုက်သည်။
အဖွားမိုက သူ့ကို ပြန်ပြုံးပြလိုက်သည့်ခဏ၌ သူ့စိတ်ထဲမှ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားသည်။အတွေးများကလည်းလေနှင့်အတူ လွင့်ပါလာလေသည်။
"အဖွားမိုက စားကောင်းသောက်ဖွယ်တွေကို စားသောက်ဖို့အတွက် အစားကြူးတောင်ကြားကို ရောက်လာတာလား..."
သူတော်စင်အုပ်ချုပ်သူက အပြုံးဖြင့် မေးလိုက်သည်။ထို့နောက် ဆည်းဆာရေကန်တစ်လျှောက် အေးဆေးစွာ လျှောက်လှမ်းလာကြသည်။လက်တစ်ဖက်ကို ကျောနောက်၌ ပစ်၍ တောင်ဝှေးကို အားပြုကာ လျှောက်လာသော အဖွားမိုက ခပ်ပြုံးပြုံးဖြင့် ခေါင်းခါယမ်းလိုက်သည်။
"တခုခုကိုများ ကောက်ချက်ချထားမိလို့လား...."
ကောင်းကင်ဘုံ လျှို့ဝှက်သန့်စင်နယ်မြေသည် ကမ္ဘာပေါ်ရှိ အဖြစ်အပျက်များကို အသေးစိတ် တွက်ချက် ကောက်ချက်ချနိုင်ခြင်းကြောင့် ကျော်ကြားလာပေသည်။
အဖွားမိုသည် ကောင်းကင်ဘုံ လျှို့ဝှက်သန့်စင်နယ်မြေတွင် ဂိုဏ်းချုပ်အဆင့် အစွမ်းရှိသော တည်ရှိမှုမျိုးဖြစ်သည်။အခြေခံအားဖြင့် သူမက အစားကြူးတောင်ကြားသို့ လာရောက်မည်မဟုတ်ပေ။
ထပ်လောင်းပြောရလျှင် အစားကြူးတောင်ကြားက နှစ်ပေါင်းများစွာ တစ်လျှောက် ဆက်လက်၍ ကျဆင်းလာခဲ့ပြီး အရင်ကကဲ့သို့ သြဇာအာဏာမရှိတော့ပေ။
"ရှေးဟောင်းကျောက်စိမ်း သန့်စင်နယ်မြေရဲ့ သူတော်စင်ဂိုဏ်းချုပ်ပြောတာ မှန်ပါတယ်...စားကောင်းသောက်ဖွယ်တွေ မြည်းစမ်းကြည့်ဖို့ ဒီကိုရောက်နေတာပါ...ဒီနှစ်တွေမှာ အစားကြူးတောင်ကြားရဲ့ ကောင်းမွန်တဲ့ အစားအသောက်ဂုဏ်သတင်းက ပုန်းကွယ်နဂါးတိုက်ကြီးတစ်ခွင် ပြန့်နှံ့ကျော်ကြားနေတာပဲလေ ...ငါအခုချိန်ထိ အဲ့ဒီအရသာတွေကိုလည်း မမေ့သေးပါဘူး...ငါမှာလည်း အချိန်သိပ်မကျန်တော့ဘူး...ပျော်ခဲ့ဘူးတဲ့ အမှတ်တရတွေကို သတိရချင်လို့ အစားကြူးတောင်ကြားကို လာချင်ခဲ့တာပါ..."
သူတို့နှစ်ယောက် ပြန်လည် ပြုပြင်မွမ်းမံထားပြီးသားအဆောက်အဦးများကို ဖြတ်ကျော်လာခဲ့သည်။သူတို့နှင့် မနီးမဝေးတွင် ခမ်းနားကြီးကျယ်သော အစားကြူးနတ်ဘုရားအဆောက်အဦးရှိနေသည်။ညည့်နက်နေပြီဖြစ်သော်လည်း မီးရောင်များ ထွန်းလင်းနေဆဲဖြစ်၏ ။
အစားကြူးနတ်ဘုရားမြို့တော်၏ ညအချိန်သည် အလင်းရောင်များ ထွန်းလင်းနေတုန်းဖြစ်သည်။ အဆုံးမရှိသော ဟင်းပွဲများတန်းစီထားသကဲ့သို့ အစားအစာရနံ့များလေထဲ ပြန့်လွင့်နေဆဲဖြစ်၏။
ညအချိန်ရောက်နေပြီဖြစ်သော်လည်း တစ်ချို့ စီးပွားရေးလုပ်ငန်းများက ဆက်လက်၍ လည်ပတ်နေတုန်းဖြစ်သည်။အစားကြူးနတ်ဘုရားမြို့တော်တစ်ခုတည်းသာလျှင် ညအချိန်တွင် ထိုမျှ စည်ကားသိုက်မြိုက်သော ပတ်ဝန်းကျင် ရှိနိုင်ပေသည်။
အစားအသောက်မြို့တော် ဖြစ်သည်နှင့်အညီ သဘာဝကျစွာပင် ညစာစားသုံးသူအများအပြား ဆွဲဆောင်နိုင်လေသည်။တော်ဝင်ခုံရုံး၏ သန့်စင်နယ်မြေများမှ တပည့်များ တခြား အင်အားကြီးအဖွဲ့အစည်းများမှ ကျင့်ကြံသူများ ခရီးသွားများ သို့မဟုတ် အထီးကျန် တစ်ကိုယ်တော် ဓားသမားများသည် ဤနေရာတွင်ရှိသော အစားအသောက်ကောင်းများ၏ ဆွဲဆောင်မှုကို ခံထားရလေသည်။
သူတို့အားလုံးက ၎င်းတို့၏ လိုအပ်ချက်များအရ အစားကြူးနတ်ဘုရားမြို့တော်သို့ ရောက်ရှိလာကြပြီး ပျော်ရွှင်မှု ထဲတွင် စိတ်မြှုပ်နှံထားကြသည်။သူတော်စင်အုပ်ချုပ်သူနှင့် အဖွားမိုတို့သည် မြို့ထဲသို့ ဝင်ရောက်လာကြပြီးနောက် ညအချိန်တွင်ပင် စည်ကားသိုက်မြိုက်နေသော လူအုပ်ကြီးကို မျက်ဝန်းများမှေးကျင်း၍ ကြည့်လိုက်မိကြသည်။သူတို့နှစ်ယောက်က လေထဲတွင် စိမ့်ဝင်နေသော အမွှေးရနံ့များကို ရှုရှိုက်လိုက်မိကြသည်။သူတို့၏ နှလုံးသားထဲတွင် ဤမြို့တည်ရှိခဲ့ဖူးသော အမှတ်တရများကိုလည်း အမှတ်ရသွားကြသည်။
ထိုကဲ့သို့သော မြင်ကွင်းမျိုးကို နှစ်ပေါင်းရာချီအောင် မြင်ခဲ့ကြရပြီး ယခု သူတို့ရှေ့မှောက်သို့ ရောက်လာသည့်အခါ၌ ရုတ်တရက်ပင် ကျေးဇူးတင်သောစိတ်များ ခံစားလိုက်ရသည်။
"အဖွားမို ငါ့မှာလုပ်စရာတွေရှိသေးလို့ အခုပဲ သွားတော့မယ် နောက်မှ ပြန်တွေ့ကြမယ်..."
သူတော်စင်အုပ်ချုပ်သူက အဖွားမိုကို ပြုံး၍ နှုတ်ဆတ်လိုက်ပြီး ထွက်သွားလိုက်သည်။သူက နယ်မြေအကွာအဝေးသို့ ခဏအတွင်းမှာပင် မြင်ကွင်းထဲမှ ပျောက်ကွယ်သွားလေသည်။တောင်ဝှေးကို ကိုင်ဆောင်ထားသော အဖွားမိုကလည်း ထူးဆန်းသော အပြုံးတစ်ခုအဖြစ်သာ ကြည့်နေလေသည်။
ထို့နောက် တောင်ဝှေးကိုင်ဆောင်သော တုန်တုန်ရီရီဖြင့်ပင် ဖြေးညှင်းစွာ လျှောက်သွားလေသည်။
"ရှေးဟောင်းကျောက်စိမ်း သန့်စင်နယ်မြေ သူတော်စင်အုပ်ချုပ်သူ ငါကောက်ချက်ချလိုက်မယ်...မင်း သေခြင်းတရားကို စိန်ခေါ်မယ်ဆိုရင်တော့ ကြီးစွာသော ဘေးဒုက္ခနဲ့ ရင်ဆိုင်ရလိမ့်မယ်..."
............
"တွယ်ရာမဲ့ စမ်းချောင်းဝါ ဝိုင်ဆိုတာက ဒဏ္ဍာရီလာ ဝိုင်တစ်မျိုးပဲ...အဲ့ဒီ ဝိုင်ကို ပြုလုပ်ဖို့အတွက် ငရဲကမ္ဘာရဲ့ စမ်းချောင်းဝါ မြက်ကို လိုအပ်တယ်...ပြီးတော့ ငရဲကမ္ဘာရဲ့ ဒုတယအဆင့် ကူကယ်ရာမဲ့ တံတားမှာ ပေါက်တဲ့ ကူကယ်ရာမဲ့ပန်းကိုလည်း လိုအပ်တယ်...နောက်ဆုံးအနေနဲ့ကတော့ ဝိုင်ပြုလုပ်ဖို့ စမ်းချောင်းရည်လိုတယ် ဒါမှသာ ဝိုင်က စွမ်းအင်တွေနဲ့ ပြည့်နှက်နေလိမ့်မယ်...၎င်းကို ဟင်းပွဲအဖြစ်သော်လည်းကောင်းဆေးအဖြစ်သော်လည်းကောင်း အသုံးပြုနိုင်တယ်..."
ပုဖန်၏ စိတ်ထဲ၌ တွယ်ရာမဲ့ စမ်းချောင်းဝါဝိုင်အကြောင်းကို ရှင်းပြပြောဆိုနေသော စနစ်၏ အသံ ပဲ့တင်ထပ်နေလေသည်။
ပုဖန် မေးစေ့ကို ပွတ်သပ်ရင်း ဆိုင်ထဲ၌ ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိသည်။
"ငရဲ ကမ္ဘာရဲ့ ကမ္ဘာမြေ အကျဉ်းထောင် ...."
"ငရဲကမ္ဘာရဲ့ ကမ္ဘာမြေ အကျဉ်းထောင်တဲ့လား...တကယ်တမ်း အဲ့ဒီ ငရဲကမ္ဘာဆိုတာ ဘယ်နေရာမှာလဲ..."
ပုဖန် ရုတ်တရက် ငရဲကမ္ဘာအကြောင်းကို သိချင်မိသွားသည်။သို့သော်လည်း ထိုအကြောင်းကို ရှာဖွေနိုင်ဖို့ရာ သူအလွန်ပျင်းရိနေမိသည်။မည်သို့ပင်ဆိုစေ ငရဲကမ္ဘာဆိုသည်ကလည်း သူနှင့် အလွန်အလွန် အလှမ်းဝေးနေပေသည်။ပုဖန် တစ်စုံတစ်ရာကို တွေးမိသွားရုံဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
"စနစ် တွယ်ရာမဲ့ စမ်းချောင်းဝါ ဝိုင်ပြုလုပ်ဖို့ ပါဝင်ပစ္စည်းတွေကို မင်းထောက်ပံ့ပေးမှာမဟုတ်လား..."
ယခုလက်ရှိတွင် ပုဖန် စိတ်ခံစားချက်များ မကောင်းတော့ပေ။ယခုတစ်ခေါက်စနစ်မှ ရသည့်ဆုထဲတွင် တွယ်ရာမဲ့ စမ်းချောင်းဝါဝိုင်ပြုလုပ်သည့် အကြောင်းသာပါလေသည်။
၎င်းက စမ်းချောင်းဝါမြက် ကူကယ်ရာမဲ့ ပန်း သို့မဟုတ် စမ်းချောင်းရည်ကို ထောက်ပံ့ပေးမည်ဟု မပြောသွားပေ။
"ဒီ အဓိပ္ပါယ်က သူသာ တွယ်ရာမဲ့ စမ်းချောင်းဝါဝိုင်ကို ပြုလုပ်မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကို သူကိုယ်တိုင်ရှာရမှာလား....ထိုအရာက သူ ငရဲကမ္ဘာသို့ သွားရမယ်လို့ ဆိုလိုတာလား..."
"စနစ်က ပါဝင်ပစ္စည်းများကို ထောက်ပံ့ပေးမည်မဟုတ်ပေ။သူလိုအပ်တဲ့ ပစ္စည်းတွေကို သင့်ပါသာသင်ရှာရမှာဖြစ်ပါတယ်..."
စနစ်က တည်ငြိမ်စွာဖြင့် တုံ့ပြန်လာလေသည်။အဟင့်..
ပုဖန် လေအေးတစ်ချက်ရှိုက်လိုက်မိပြီး ရှုံ့မဲ့သွားလေသည်။သူခုဏကလေးတင် ငရဲကမ္ဘာက သူနဲ့ ပြောနေတုန်းရှိသည်။ယခုမူ နီးကပ်လာပေပြီ။သူခေါင်းပွတ်ရင်း မီးဖိုခန်းဘက်ဆီသို့ ပြန်လျှောက်သွားလိုက်သည်။ခွေးဘုရင်က သိမြင်မှု သစ်သီးပင်အောက်တွင် အိပ်မောကျနေပေသည်။
ခုနစ်ရောင်ခြယ် ကောင်းကင်စပါးအုံ မြွေက ခွေးဘုရင်ကို မှီ၍ ထိုင်နေခဲ့သည်။သူအသက်တစ်ချက်ရှူလိုက်တိုင်း သူ့ပါးစပ်နှင့် နှာခေါင်း စွမ်းအင်စီးကြောင်းလေးများထွက်ပေါ်နေသည်။သူတို့၏ ဘေး၌ အေးစက်ပြောင်လက်နေသော ငရဲကမ္ဘာသင်္ဘောရှိနေလေသည်။
သူတို့နှင့် ခပ်လှမ်းလှမ်းတွင်တော့ ချူချန်းရှန်က ထိုင်ခုံကို မှီ၍ သက်တောင့်သက်သာထိုင်နေသည်။ပုဖန် ငရဲကမ္ဘာသင်္ဘောကို ဖြတ်လျှောက်မသွားခင် တွေးလိုက်မိသည်။
ငရဲကမ္ဘာသို့သွား၍ ပါဝင်ပစ္စည်းများရှာဖွေရမည်ဆိုလျှင် အနည်းဆုံး ငရဲကမ္ဘာအကြောင်းကိုတော့ သိထားသင့်ပေသည်။တခြားသူများအတွက်မူ ငရဲကမ္ဘာအကြောင်းကို စူးစမ်းရန် ခက်ခဲပေလိမ့်မည်။သို့သော်လည်း ပုဖန်၏ ဆိုင်ထဲတွင် ငရဲကမ္ဘာ၏ စီနီယာကြီး နှစ်ဦးရှိနေလေရာ အကြောင်းစုံ အတိအကျကို သူတို့ဆီမှ သတင်းရရန် လွယ်ကူနိုင်ပေသည်။
ပုဖန် ငရဲကမ္ဘာနားသို့ လျှောက်သွားလိုက်ပြီး သင်္ဘောကို ခေါက်လိုက်သည်။အတွင်းဘက်မှနေ၍ ပျင်းရိစွာ သန်းဝေသံကို ကြားလိုက်ရ၏။ခဏအကြာတွင် နယ်သာရီက အေးစက်လှသော မျက်နာထားဖြင့် သင်္ဘောအတွင်းမှ တွားသွား၍ ထွက်လာသည်။
"ပုဖန် ငါ့ကိုရှာနေတာလား..."
နယ်သာရီက မျက်နာသေဖြင့်ကြည့်၍ မေးလိုက်သည်။
"ငါတို့ ရင်းရင်းနီးနီး စကားပြောကြရအောင်..."
ပုဖန် နှုတ်ခမ်းထောင့်စွန်းလေးတွန့်ကွေးရုံပြုံး၍ ပြန်ဖြေလိုက်သည်။နယ်သာရီ မျက်ခုံးပင့်လိုက်မိသည်။ငရဲကမ္ဘာသင်္ဘော၏ ဘေးဘက်မှနေ၍ လျှောဆင်းလာခဲ့သည်။သူမ၏ ပုံစံက လှပသော မြွေအမျိုးနွယ်အမျိုးသမီးတစ်ယောက် လျှောတိုက်၍ ထွက်လာသကဲ့သို့ပင်။
"ဟုတ်ပြီလေ..."
နယ်သာရီ ခုံတစ်ခုံကို ဆွဲယူ၍ ခြေချိတ်ထိုင်လိုက်သည်။ထို့နောက် ပုဖန်ကိုကြည့်၍ နှာခေါင်းတစ်ချက်ရှုံ့လိုက်၏။
"နင် စမ်းချောင်းဝါမြက်အကြောင်းသိလား ပြီးတော့ ခိုကိုးရာမဲ့ ပန်းကိုကော..."
ပုဖန် ခုံတစ်ခုံကို ဆွဲယူ၍ နယ်သာရီနှင့် မျက်နာချင်းဆိုင်တွင် ဝင်ထိုင်ကာ မေးလိုက်သည်။
"စမ်းချောင်းဝါမြက်က စမ်းချောင်းဝါ မြစ်ရဲ့ ကမ်းနံဘေးမှာ ပေါက်တယ် အဲ့ဒါက တကယ်ကို အဆိပ်ပြင်းတဲ့ စိတ်ဝိညာဉ်ဆေးပင်အမျိုးအစားပဲ ဒါပေမယ့် ဆေးဖက်ဝင် အစွမ်းသတ္တိလည်းရှိတယ်...သူက အရွက်လေးရွက်ရှိတဲ့ တမူထူးခြားတဲ့ ဆေးပင်ပဲ...နှစ်တစ်ထောင်ကြာတိုင်း အရွက်တစ်ရွက် တိုးပွားလာလိမ့်မယ်...အဲ့ဒါက တကယ်ကိုအဖိုးထိုက်တန်တယ်...ပုန်းကွယ်နဂါးတိုက်ကြီးမှာ အဲ့ဒီလို စိတ်ဝိညာဉ် ဆေးပင်မျိုးမရှိဘူး..."
နယ်သာရီကပုဖန်ကိုကြည့်လိုက်ပြီးရပ်တန့်လိုက်သည်။
"ဆက်ပြောလေ မရပ်နဲ့ ပြီးလို့ရှိရင် နင့်အတွက် ညလယ်စာ ချက်ပေးမယ်..."
ပုဖန် ပြောလိုက်၏။နယ်သာရီက အခြေအနေကို နားလည်သွားပုံဖြင့် ထူးဆန်းသော မျက်နာထားမျိုးဖြင့် ကြည့်လိုက်သည်။ထို့နောက် သူမ၏ လက်တစ်ဖက်ကို မြောက်လိုက်သည်နှင့် အခိုးအငွေ့များထွက်ပေါ်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် သူမကို ဖုံးအုပ်သွားလေသည်။
သူတို့နှင့် အလှမ်းကွာဝေးသောဆိုင်ထောင့်တစ်နေရာတွင် ထိုင်နေသည့် ချူချန်းရှန်၏ နှုတ်ခမ်းများရှုံ့မဲ့သွားလေသည်။
"ဒီအမျိုးသမီးက သူ ဘယ်လိုများ သိသွားတာလဲ..."
"အဲ့ဒီ စမ်းချောင်းဝါ မြက်ကိုရဖို့ခက်တယ် သူက စမ်းချောင်းဝါ မြစ်ကမ်းနံဘေးမှာ ပေါက်တယ် အဲ့ဒီ မြစ်ကလည်း ကမ္ဘာမြေ အကျဉ်းထောင်ဧရိယာမှာရှိနေတာ...ကူကယ်ရာမဲ့ တံတားကလည်း ကမ္ဘာမြေအကျဉ်းထောင်မှာပဲ..."
နယ်သာရီက ဆက်လက်၍ ရှင်းပြလိုက်သည်။
"ငရဲကမ္ဘာကို အလွှာသုံးလွှာပိုင်းခြားထားတယ် ပထမအလွှာကို ပျက်သုဉ်းခြင်း အကျဉ်းထောင်လို့ခေါ်တယ် ဒုတိယအလွှာကိုက ကမ္ဘာမြေအကျဉ်းထောင် တတိယအလွှာကိုက ငရဲကမ္ဘာအကျဉ်းထောင်ပဲ ...အလွှာတစ်ခုစီတိုင်းကလည်း တခုနှင့်တခု အလှမ်းဝေးကွာလွန်းတယ်...ပြောရမယ်ဆိုရင် ကမ္ဘာအဆုံး တစ်ဖက်မှာမှ နောက်ကမ္ဘာထပ်ရှိနေသလိုမျိုး...အလွှာတိုင်းကို ငရဲလှေကားနှင့် ဆက်သွယ်ထားတယ်ဆိုပေမယ့် တစ်ခုနှင့်တစ်ခုက ဆက်ဆံရေးမကောင်းကြတော့ အဆက်အသွယ်လည်း မလုပ်ကြဘူး...လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးရဲ့ သန့်စင်နယ်မြေကလူတွေက ငရဲကမ္ဘာသက်ရှိအကြောင်း အရမ်းပြောတယ်မဟုတ်လား...ငါထင်ထားတော့ သူတို့ ပျက်သုဉ်းခြင်းအကျဉ်းထောင်ကသူတွေကို ပြောတာဖြစ်မယ် အဲ့ဒီ ပျက်သုဉ်းခြင်း အကျဉ်းထောင်က သက်ရှိတွေက အရမ်းကို ရက်စက်ကြမ်းတမ်းတယ် ...သူတို့က သတ်ဖြတ်ရတာကိုလည်း ကြိုက်တယ်...ကျူးကျော်ရတာကိုလည်း ကြိုက်တယ်...အဲ့ဒီ ပျက်သုဉ်းခြင်းအကျဉ်းထောင်က ကျွမ်းကျင်ပညာရှင်တွေသာ ပုန်းကွယ်နဂါးတိုက်ကြီးရဲ့ ဗဟိုကို တိုက်ခိုက်လာမယ်ဆိုရင် အရမ်းကိုကြောက်စရာကောင်းတာတွေ ဖြစ်သွားလိမ့်မယ်...."
နယ်သာရီက တွေးတွေးဆဆဖြင့် ပြောလိုက်သည်။ပုဖန် ထိုစကားများကို ပါးစပ်အဟောင်းသားဖြင့် နားထောင်နေသည်။ငရဲကမ္ဘာက တကယ်ကို ကျယ်ပြန့်နေလာပေသည်။နယ်သာရီ၏ ပြောစကားအရ ခွေးဘုရင် နယ်သာရီနှင့် ငရဲဘုရင်တို့က ငရဲကမ္ဘာအကျဉ်းထောင်နယ်မြေမှ ဖြစ်ပေလိမ့်မည်။
"ငရဲကမ္ဘာအကျဉ်းထောင်ဆိုတာ ဘယ်မှာလဲ ..."
"ငါ အဲ့ဒါတော့ မပြောနိုင်ဘူး ငရဲကမ္ဘာအကျဉ်းထောင်ဆိုတာက ငရဲကမ္ဘာမှာ ထူးခြားဆန်းကြယ်ဆုံး နေရာတစ်ခုပဲ ပြီးတော့ ငါလည်း မသိဘူး..."
နယ်သာရီ ပြောလိုက်ပြီးနောက် ခဏအကြာတွင် သူ့လက်တစ်ဖက်ဝှေ့ယမ်းလိုက်သည်နှင့် အနက်ရောင်အခိုးအငွေ့များ ပျောက်ကွယ်သွားသည်။
ထို့နောက် သူ ပုဖန်ကိုသာ တည့်တည့်စိုက်ကြည့်နေလိုက်သည်။သူမပြောနိုင်သမျှ အကုန် ပြောပြီးသွားလေပြီ။ယခုပုဖန် သူ့၏ ကတိကို ဖြည့်ဆည်းရမည့်အလှည့်ရောက်လာလေပြီ။ပုဖန် မေးပွတ်၍ စဉ်းစားခန်းဝင်နေမိသည်။
"ပျက်သုဉ်းခြင်းအကျဉ်းထောင် ကမ္ဘာမြေအကျဉ်းထောင် ငရဲကမ္ဘာအကျဉ်းထောင် အကျဉ်းထောင်ကြီးသုံးခုလား..."
မှန်ပေသည် ပုဖန်က ကမ္ဘာမြေအကျဉ်းထောင်တွင်သာ အာရုံစိုက်ထားလိုက်သည်။သူက စမ်းချောင်းဝါ မြက်နှင့် ခိုကိုးရာမဲ့ ပန်းကိုသာ လိုအပ်လေသည်။သူဘယ်အချိန်တွင် ကမ္ဘာမြေအကျဉ်းထောင်သို့ သွားရမည်ကို သိချင်နေမိသည်။
ပုဖန် မတ်တပ်ထရပ်လိုက်ပြီး သူ့ကို စိုက်ကြည့်နေသော နယ်သာရီ၏ ခေါင်းကို အသာပုတ်လိုက်သည်။မီးဖိုခန်းဘက်ဆီသို့ လျှောက်သွားလိုက်သည်။နယ်သာရီကို ညလယ်စာ ပြင်ပေးမည်ဟု ကတိပေးထားလေရာ သူလုပ်ပေးရပေမည်။
သို့သော်လည်း ပုဖန် မီးဖိုခန်းထဲ မရောက်ခင်မှာပင် တံခါးလာခေါက်လေသည်။အံ့အားသင့်သွားသည်။သူ့၏ ထောင်တျဲ စားသောက်ဆိုင်က ညအချိန်မဖွင့်ပေ။ဘယ်သူကများတံခါးလာခေါက်တာလဲ..ပုဖန် မျက်မှောင်ကြုတ်လိုက်ပြီးတံခါးဝဆီသို့ လျှောက်သွားလိုက်သည်။
ကျွီ...
ဆိုင်တံခါးမကြီး ဖြေးညှင်းစွာ ပွင့်သွားသည်။တံခါးဝတွင် အသက်နှစ်ဆယ်အရွယ် ချောမောခန့်ညားသော လူတစ်ယောက်ရပ်နေပေသည်။ထိုသူက ပုဖန်ကို နူးညံ့ညင်သာစွာ ပြုံးပြနေသည်။
"ပိုင်ရှင်ပုရေ နောက်ဆုံးတော့ ငါတို့ တွေ့ရပြီ...ငါမင်းရဲ့လက်ရာကို မြည်းစမ်းကြည့်ဖို့အတွက် မိုင်ပေါင်းရာချီ ခရီးနှင်ခဲ့ရတာ...ပြီးတော့ ငါတို့ စာရင်းရှင်းဖို့လည်းရှိသေးတယ်..."
#
အခန်း ၈၁၀
ခွေးမွေးတစ်ချောင်း ချေးငှါးခြင်း...
ရှေးဟောင်းသန့်စင်နယ်မြေ၏ သူတော်စင်ဂိုဏ်းချုပ်က တောက်ပလှသော ကျောက်စိမ်းတစ်တုံးနှင့်ပင် တူလှသည်။သူနဖူးမှ ဆံစနှစ်စက လှပချောမောသော မျက်နာပေါ်သို့ ကပိုကရို ကျဆင်းနေသည်။
သူက ယခုထိတိုင်အောင် မျက်စိဖမ်းစားနိုင်စွမ်းရှိတုန်းပင်ဖြစ်သည်။ပုဖန် ထိုသူပြောလိုက်သည့်စကားကြောင့် စိတ်ရှုပ်ထွေးသွားပြီး ထိုသူဆီမှ ကြောက်မက်ဖွယ်ကောင်းလှသော သတ်ဖြတ်ခြင်း အငွေ့အသက်များကိုလည်း ခံစားနေရသည်။
ထိုအော်ရာများထဲ၌ ပြင်းပြသော ရန်လိုမှုလည်း ပါဝင်နေသည်။ပုဖန်၏ စိတ်ဝိညာဥ် ပင်လယ် ပြန့်ကားလာပြီးနောက် တခြားစွမ်းအင်များနှင့် စိတ်ခံစားချက်များကို ပို၍ပင် အာရုံခံမိလာသည်။
"သူ့မှာ ရည်ရွယ်ချက်ကောင်းမရှိဘူး ညလယ်ခေါင်ကြီး တံခါးလာခေါက် ရုံသာမကဘူး ရန်လိုမှုတွေကိုလည်း သယ်ဆောင်လာသေးတယ်..."
ပုဖန် သူ့ရှေ့ကို လူကို သေချာစွာ အကဲခတ်လိုက်ပြီးနောက်လှမ်းပြောလိုက်သည်။
"ငါမင်းကိုသိလား..."
သူတော်စင်ဂိုဏ်းချုပ်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြီး ဆွဲဆောင်မှုရှိသည့် အပြုံးတစ်ခုကို လှစ်ဟပြလိုက်သည်။
"မင်းက ငါကို မသိပါဘူး ဒါပေမယ့် ငါမင်းကိုသိတယ်...ဘန်း..."
သူတော်စင်ဂိုဏ်းချုပ်၏ နဖူးထက်မှ ဆံပင်နှစ်ချောင်း လွင့်ခါတက်သွားပြီး သူကြောင်အစွာကျန်နေရစ်ခဲ့သည်။
"ကောင်လေး သူဘယ်လိုတောင်လုပ်ရဲတာလဲ..."
သူကသူရှေ့မှ တင်းကျပ်စွာ စေ့ပိတ်သွားသော တံခါးကို ကြည့်ကာ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။
"တစ်စုံတစ်ယောက်က သူမျက်နာရှေ့တည့်တည့်မှာပဲ တံခါးပိတ်ချရဲတယ်တဲ့လား သူတောင် စကားပြောလို့ မပြီးခင်မှာလေ ...ဒီနေ့ခေတ်လူငယ်တွေက ဘယ်လိုဖြစ်ပြီး အဲ့ဒီလောက်ထိ ရိုင်းစိုင်းကြမ်းတမ်းလာရတာလဲ..."
သူတော်စင် ဂိုဏ်းချုပ်၏ ဒေါသများ မြင့်တက်လာသည်။နောက်တစ်ဖန် တံခါးထပ်ခေါက်လိုက်ပြီးနောက် ကျွီခနဲ မြည်သံတစ်ခု ထွက်ပေါ်လာပြန်သည်။တံခါးကြားမှ ပုဖန်၏ ခံစားချက်မဲ့လှသော မျက်နာထွက်ပေါ်လာ၏။
"ဘာခံစားချက်ရှိနေလို့လဲ..."
" မင်းဘာလို့ တံခါးပိတ်လိုက်ရတာလဲ ငါစကားပြောလို့မပြီးသေးဘူးလေ..."
သူပုဖန်ကို လက်ဝါးရိုက်ချက်ဖြင့် သေအောင်ရိုက်ချင်နေပေပြီ။
"မင်းက ငါကိုသိပေမယ့် ငါက မင်းကို မသိဘူးလို့မင်းပဲပြောခဲ့တာလဲ ဒီတော့ ငါက မင်းနဲ့ စကားပြောရမှာလဲ..."
ပုဖန်က မတုန်မလှုပ်သော အမူအရာဖြင့် ထပ်မံပြောလိုက်သည်။ပုဖန် တုံ့ပြန်လိုက်သော အပြုအမူက သူတော်စင်ဂိုဏ်းချုပ်၏ အပြုအမူနှင့် ဒေါသများကို ထွက်ပေါ်လာစေ၏။
"ကောင်းပြီ လေ ဒီလိုဆိုရင်လည်း ငါမင်းရဲ့ လက်ရာကို မြည်းစမ်းဖို့ ရောက်လာခဲ့တာ...ဘန်း..."
ထိုခဏမှာပင် စားသောက်ဆိုင်၏ တံခါးက ကျယ်လောင်စွာ ပိတ်သွားပြန်သည်။ကျယ်လောင်သော အသံနှင့်အတူ ထပ်မံ ပိတ်သွားပြန်သည်။သူတော်စင်ဂိုဏ်းချုပ်၏ ဆံပင်များ ထပ်မံ လွင့်ပြယ်သွား၏
"ဘာလို့လဲ ..."
သူဒေါသများကြောင့် နှာခေါင်းမှ ထုတ်လိုက်သော အပူငွေ့များကပင် နဂါးတစ်ကောင်အလား ဖြစ်ပေါ်နေလေသည်။
"သူဒီမှာလာစားတယ်လို့ ပြောလိုက်တယ်မဟုတ်ဘူးလား အဲ့ဒီပုဖန်က ဘာကြောင့် တံခါးပိတ်ပြစ်ရတာလဲ ...ကောင်လေးက လူတွေကို မျက်နာသာမပေးဘူးပဲ..."
သူတော်စင်ဂိုဏ်းချုပ်၏ မျက်နာထားက ချက်ချင်းပင်မဲမှောင်လာ၏။
"မင်းဘာကြောင့် ဆိုင်ပိတ်လိုက်ရတာလဲ မင်းစီးပွားရေးလုပ်ဖို့ စားသောက်ဆိုင်ဖွင့်ထားတာ မဟုတ်ဘူးလား ..."
သူအေးစက်စွာလှမ်းမေးလိုက်၏။သူ့၏ မေးခွန်းအဆုံး၌ တိတ်ဆိတ်မှုက အချိန်အတော်ကြာ ဆူပူသွားသည်။ခဏအကြာမှ ဆိုင်အတွင်းမှ ပုဖန်၏ ဂရုမစိုက် လျစ်လျူရှုသော အသံထွက်ပေါ်လာလေသည်။
"မင်းစားဖို့ လာတယ်ဆိုရင် မနက်ဖြန် ငါတို့ ဆိုင်ဖွင့်ချိန်ကျမှ ပြန်လာခဲ့ ငါတို့ ဆိုင်ပိတ်ထားတဲ့အချိန်မှာ ဘယ်ဧည့်သည်ကိုမှ မကြိုဆိုဘူး...."
"ဆိုင်ဖွင့်ချိန်ကျမှ ပြန်လာရမယ် ...ဒါက စားသောက်ဆိုင်လေး တစ်ခုပဲ မဟုတ်ဘူးလား ...ဘယ်လိုဖြစ်လို့ အဲ့ဒီလောက်ထိ ရှုပ်ထွေးပွေလီတာတွေ များနေရတာလဲ ...ငါဘယ်ကလာတယ်ဆိုတာမင်းသိတယ် ဟုတ်တယ်မဟုတ်လား တကယ်လို့ ငါသာ မင်းစားသောက်ဆိုင်ကို ဖိနှိပ်ချင်တယ်ဆိုရင် လက်တစ်ဖက်မြောက်ဖို့ပဲ လိုအပ်တယ်..."
သူတော်စင်ဂိုဏ်းချုပ်က မဲမှောင်သော မျက်နာထားဖြင့် အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ထို့နောက် သူ့၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အလင်းတန်းအမျိုးမျိုးလှည့်ပတ်လာလေသည်။
"မင်းက အရမ်းကို ဆူပူတာပဲ မင်းကြိုက်တာလုပ်လို့ရတယ် ..."
ပုဖန်၏ အသံက မကျေနပ်မှုများ လွမ်းဆွတ်နေလေသည်။ပုဖန်က ထိုကဲ့သို့ စိတ်ရှုပ်စရာစားသုံးသူများကို စိတ်ထဲထည့်နိုင်မည်မဟုတ်ပေ။သူ့၏ ထောင်တျဲ စားသောက်ဆိုင်ကို လာရောက်စားသုံးသူတိုင်းက ဆိုင်၏ စည်းမျဥ်းစည်းကမ်းများကို သေချာစွာ သိထားပေသည်။
သူရှေ့မှ သူက သေချာပေါက် စားသုံးသူအသစ် ဖြစ်ပေလိမ့်မည်။ဆိုင်ရှေ့မှ လူက စားသုံးသူ အသစ်ဖြစ်ပေလိမ့်မည်။ထို့ကြောင့် စည်းမျဥ်းများကို မသိသည်က အဆင်ပြေပေသည်။သို့သော်လည်း သူကိုယ်တိုင် စည်းမျဥ်းများ သိသည့်အချိန်၌ခြိမ်းခြောက်ခြင်းကမူ တခြားကိစ္စတစ်ရပ် ဖြစ်သွားပေမည်။
"ဒီလို ငတုံးကောင်က ဘယ်ကရောက်လာတာလဲ..."
တုတ်ကောက်ကို အားပြုရပ်နေသော အဖွားမိုက ဝေးကွာသော နေရာတစ်ခုမှ သူတော်စင်ဂိုဏ်းချုပ်ကို ကြည့်နေခဲ့သည်။သူမ၏ မျက်နာပေါ်တွင် သိမ်မွေ့သော အပြုံးလေးတစ်ခု ပေါ်လာသည်။
"သူက လွတ်လမ်းရှာနေတာပဲ..."
၎င်းက သူမ၏ စူးစမ်းရှာဖွေတွေ့ရှိမှုများပြီးနောက် တွေ့ကြုံရသည့် စိတ်ဝင်စားမှု အကောင်းဆုံးအရာဖြစ်သည်။၎င်းက ထိုစားသောက်ဆိုင် အကြောင်း သို့မဟုတ် အနည်းဆုံးအနေဖြင့် ဆိုင်ပိုင်ရှင်၏ နောက်ကွယ်မှ သာမန်မဟုတ်သော တည်ရှိမှုများအကြောင်းကို သက်သေပြပြိးသားဖြစ်သွားပေလိမ့်မည်။
ရရှိထားသော အချက်အလက်များအရ ထိုနောက်ကွယ်မှလူ၏ ကျင့်ကြံဆင့်က သူမထက်ပင် ကျော်လွန်နေပေသည်။ထိုသူက သန့်စင်နယ်မြေ၏ အရှင်သခင်နှင့် အဆင့်တူ တောင်ဖြစ်နိုင်ပေသည်။
အဖွားမိုက ပြုံး၍ ကြည့်နေခဲ့သည်ဆိုသော်လည်း သူတော်စင်အုပ်ချုပ်သူကို ဒီနေရာတွင် ဒုက္ခရောက်ခွင့် ပြုမည်မဟုတ်ပေ။ဒါ သူတော်စင်အုပ်ချုပ်သူ သေရမည့်နေရာမဟုတ်ပေ။အကယ်၍ သူသေချင်သည်ဆိုလျှင်တောင် ကောင်းကင်ဘုံ အတိဒုက္ခဖြတ်ကျော်သည့်နေရာတွင်သာသေသင့်ပေသည်။
သူတော်စင်အုပ်ချုပ်သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် စိတ်ဝိညာဥ် အဆောင်ပြား စတင်တောက်ပလာပြီး သတ်ဖြတ်ခြင်းအော်ရာများထုတ်လွင့်လာသည်။
စားသောက်ဆိုင်အတွင်း၌ ပုဖန်က ခေါင်းအသာပွတ်ရင်း မီးဖ်ိုခန်းဘက်သို့ လှည့်ထွက်သွားလိုက်သည်။ခဏအကြာမှာပင် သူပျောက်ကွယ်သွားလေသည်။နယ်သာရီ၏ မျက်ဝန်းလေးများက ပျင်းရိလေးတွဲစွာဖြင့် ဆိုင်အပေါက်ဝကို ကြည့်နေသည်။
ဒီတစ်ကြိမ် ရန်သူက အားမနည်းပေ။သို့သော်လည်း ထိုသူက သေတွင်းလာတူးခြင်းသာဖြစ်ပေသည်။
"ဆိုင်ကို ဖိနှိပ်မယ်တဲ့လား ဒါကတော့ အရမ်းနားထောင်လို့ကောင်းတဲ့ ပုံပြင်တစ်ပုဒ်ပဲဖြစ်မှာပဲ..."
ချူချန်းရှန် အချိန်ကြာကြာအနားမယူလိုက်ရပေ။သူ မျက်ဝန်းများဖွင့်လ်ိုက်ပြီးစားသောက်ဆိုင် အပေါက်ဝဆီသို့ ကြည့်လိုက်သည်။သူတော်စင် အုပ်ချုပ်သူ၏ သိပ်သည်းလှသောဖိနှိပ်စွမ်းအင်များကြောင့် သူ့၏ အစစ်အမှန်စွမ်းအင်များပင် မြင့်တက်လာသည်။
ဒီတစ်ကြိမ်ရန်သူက ခြိမ်းခြောက်နိုင်စွမ်းရှိလှသည်။ခွေးဘုရင်က လက်ဖဝါးလေးအသာမြောက်ရင်း နှာခေါင်းကုတ်လိုက်သည်။ပြီးသည်နှင့် ခေါင်းပြန်ချကာ ဆက်လက်ဟောက်နေလေသည်။ထို သူတော်စင်အုပ်ချုပ်သူဆိုသည်မှာမျက်လုံးဖွင့်ကြည့်လောက်အောင်ပင် မတန်ပေ။
သူတော်စင်အုပ်ချုပ်သူ ပိတ်ထားသောတံခါးကိုကြည့်၍ နှလုံးသားထဲမှ ဒေါသသွေးများက ဦးနှောက်ထိပင် တက်ဆောင့်လာသည်။ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး တံခါးပေါက်ကိုသာ အာရုံစိုက်လိုက်သည်။ရုတ်တရက် သူ့၏ ခန္ဓာကိုယ်က လေထဲမြောက်တက်သွားပြီး အနောက်သို့ ရွေ့လျားသွားသည်။
ကောင်းကင်၌ လွင့်မျောနေသော သူ့၏ ခန္ဓာကိုယ်ကနတ်ဘုရားတစ်ပါးကဲ့သို့ အလင်းရောင်များဖြာကျနေသည်။ကျောက်စိမ်းအဆောင်ပြားဝိုင်းတစ်ခုကလည်း သူ့၏ ခန္ဓာကိုယ်ရှေ့တွင် မျောလွင့်နေသည်။သူလက်ကို မြောက်၍ ထိုအဆောင်ကို ညှင်သာစွာ ပွတ်လိုက်သည်။
ဝီ...
သူလက်နှင့် ထိလိုက်သည်နှင့် နဂါးတစ်ကောင်ရုန်းထွက်လာသလိုမျိုး စွမ်းအင်လှိုင်းများတုန်ခါသွားသည်။ထ်ိုကျောက်စိမ်းဝိုင်းက လှုပ်ခါသွားပြီးနောက် ထောင်တျဲ စားသောက်ဆိုင်ဆီသ်ို့ မျောလွင့်သွားလေသည်။မကြာခင် ထိုကျောက်စိမ်းအဆောင်ပြား စားသောက်ဆိုင်ကို ထိလိုက်သည်နှင့် ကြောက်မက်ဖွယ်ရာဖိအားများအောက်တွက် စားသောက်ဆိုင်တစ်ခုသို့ ချက်ချင်း ပြိုကျသွားပေလိမ့်မည်။
ထို ကျောက်စိမ်းအဆောင်ပြားဝိုင်းတွင် ပါဝင်နေသော ပေါက်ကွဲစေတက်သည့် စွမ်းအင်က အလွန်အစွမ်းထက်သည်။၎င်းက သူ့၏ ကိူယ်ပိုင် တိုက်ခိုက်မှု နည်းလမ်းတစ်ခုဖြစ်သောကြောင့် ထိုစွမ်းအင်များကို ကောင်းစွာနားလည်ထားပေသည်။
ကျောက်စိမ်းအဆောင်ပြားက တရွေ့ရွေ့ဖြင့် စားသောက်ဆိုင်နားသို့ ချဥ်းကပ်လာခဲ့သည်။သို့သော်လည်း စားသောက်ဆ်ိုင်တံခါးက ပွင့်လာမည့် အရိပ်အယောင်မရှိပဲ စေ့စေ့ပိတ်ထားတုန်းဖြစ်သည်။
ထိုအခိုက်အတန့်မှာပင် အဆောင်ပြားဝိုင်းက တံခါးပေါက်သို့ သွားရောက်ထိလ်ိုက်လေသည်။သူတော်စင်အုပ်ချုပ်သူ လက်ကိုမြောက်လိုက်သည်။
"ပေါက်ကွဲစမ်း..."
ထိုသို့ ကျိန်းဝါးလိုက်သည်နှင့် ကျောက်စိမ်းအဆောင်ပြားမှ ထောင်သောင်းမကသောအလင်းစွမ်းအင်တန်းများ ဖြာထွက်လာသည်။အဝေး၌ ရပ်နေသော အဖွားမို၏ မျက်ဝန်းများကလည်း စားသောက်ဆိုင်ကို စူးစိုက်ကြည့်နေသည်။
"သူတော်စင်အုပ်ချုပ်သူက စားသောက်ဆိုင်ကို တကယ်ကြီး ဖောက်ခွဲချင်နေတာလား ..."
ရုတ်တရက် သူတော်စင်အုပ်ချုပ်သူ၏ မျက်ဝန်းများ မှေးကျင်းသွားသည်။သူ့ရင်ဘတ်က တုန်ခါသွား၏ သူစားသောက်ဆိုင်တံခါးကို အာရုံစ်ိုက်ကြည့်နေသော်လည်း ၎င်းက ပိတ်ထားမြဲ ပိတ်ထားဆဲဖြစ်သည်။ထိုအခိုက်အတန့်တွင် ကျောက်စိမ်းအဆောင်ပြားက အရောင်များဖျော့တော့လာပြီး မြေပြင်ပေါ်သို့ ပြုတ်ကျအက်ကွဲသွားလေသည်။
"ဘာဖြစ်သွားတာလဲ ..."
သူလေအေးတစ်ချက်ရှိုက်လိုက်မိ၏။
"သူ့၏ ကျောက်စိမ်းအဆောင်ပြားက စားသောက်ဆိုင်တံခါးကိုတောင် မဖောက်ခွဲနိုင်ဘူးလား..."
သူချက်ချင်းပင် သတ်ိအပြည့် ဖြစ်သွားသည်။သူ့၏ မျက်ဝန်းများက စူးရှတောက်ပြောင်လာသည်။သူသုံးလိုက်သော ကျောက်စိမ်းအဆောင်ပြားတွင် ပြဿနာတစ်စုံတစ်ရာမရှိသော်လည်း ရိုးရှင်းလှသော စားသောက်ဆိုင်က တုတ်တုတ်မလှုပ်သွားခဲ့ပေ။
အဘယ်ကြောင့်နည်း။နောက်ကွယ်၌ လျှို့ဝှက်တစ်ခုရှ်ိမည်နည်း။သူ့၏ ကိုယ်ပွားနှစ်ခု ပျက်စီးသွားသည်ကို တွေ့မိသွားသောအခါ၌ သူ့၏ စိတ်နှလုံးက တင်းကျပ်သွားသည်။
"၎င်းက သူ့၏ ကိုယ်ပွားများကိုဖျက်စီးခဲ့သော ငရဲကမ္ဘာသက်ရှိ ဖြစ်နေသည်လား...တကယ်လ်ို့ ငရဲကမ္ဘာသက်ရှိရှိနေတယ်ဆိုရင်လည်း ဒီနေ့အမှန်တရားကို ဖော်ထုတ်မယ် ကောင်းကင်ဘုံ ဖြတ်ကျော် အတိဒုက္ခ မကြာခင်လာတော့မယ်...ဒီကုန်းမြေတိုက်ကြီးမှာ ဒီလောက်ကြောက်စရာကောင်းတဲ့ တည်ရှိမှုတစ်ခုရှိနေမယ်ဆိုရင် ငါစိတ်တွေ သက်တောင့်သက်သာဖြစ်မှာမဟုတ်ဘူး..ငါ ကောင်းကင်ဘုံကို သွားလို့ရမှာမဟုတ်ဘူး..."
ရှေးဟောင်းကျောက်စိမ်း သူတော်စင်အုပ်ချုပ်သူက အေးစက်စွာ ပြောလိုက်သောအသံသည် လေဟာနယ်ထဲ ပဲ့တင်ထပ်နေလေသည်။သူ့၏ ပတ်ဝန်းကျင်မှ ကျောက်စိမ်းအဆောင်ပြားများကတဖျတ်ဖျတ်တောက်ပနေသည်။သူလက်ကို မြောက်လိုက်သည့်အချိန်၌ ကျောက်စိမ်းအဆောင်ပြား သုံးခု ပေါ်လာပြီး သူ့ရှေ့၌ တြိဂံ ပုံစံ ဖြစ်တည်လာသည်။သူထိုကျောက်စိမ်းအဆောင်ကို စူးစိုက်ကြည့်လိုက်သည်။
ဝီ...
ထိုအဆောင်ပြားများက တုန်ခါလာပြီးနောက် စားသောက်ဆိုင်ဆီသို့ ပြေးဝင်သွားကြပြန်သည်။ဤအချိန်တွင် ကျောက်စိမ်းအဆောင်ပြားသုံးခုက ပို၍ ကြောက်စရာကောင်းလှသော ဖိအားများကို သယ်ဆောင်လာလေသည်။
၎င်းတို့ လေဟာနယ်ကို ဖြတ်သန်းသွားသည့်အချ်ိန်၌ ဘေးပတ်ဝန်းကျင်ရှ်ိ လေထုကိုပင် ပုံပျက်သွားစေသည်။သူတော်စင်အုပ်ချုပ်သူက ထိုတိုက်ခိုက်မှုက်ို ပြုလုပ်ပြီးသည်နှင့် လက်နှစ်ဖက်ကို ယှက်ကိုင်လိုက်ပြီး အောက်သို့ ဆင်းသက်လိုက်သည်။
ဒီတိုက်ခိုက်မှုက ဘာမှမထူးခြားလျှင် သူ ချက်ချင်းနောက်ပြန်ဆုတ်ရပေမည်။ဒီထက်ပို၍ ဆက်မနေသင့်တော့ပေ။ခဏအကြာ၌ သူ့စိတ်ထဲ တစ်ချက်ဖြစ်သွားပြီး အဝေးမှ လျှောက်လာနေသော အဖွားမိုကို သတိပြုလိုက်မိသည်။သူမျက််ခုံးတွန့်လိုက်မိ၏။
"အဖွားမိုကကော ဒီကိုလာနေတာလား...ဒီစားသောက်ဆိုင်ကြောင့်ပဲလား..."
ကျောက်စိမ်းအဆောင်ပြားသုံးခုက စားသောက်ဆိုင်တံခါးကို ဝင်ရောက်တိုက်မိသွားပြီးနောက် ကြည်လင်ပြတ်သားသော အသံ ထွက်ပေါ်လာသည်။
ခရက်ရှ်...
စွမ်းအားများလုံးဝ ပျောက်ကွယ်သွားပြီး ကွဲကြေကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ယခင်က အဆောင်ပြားတစ်ခုကဲ့သို့ပင် သူတို့၏ စွမ်းအင်များလုံးဝ မရှ်ိခဲ့ဖူးသလို ပျောက်ကွယ်သွားခြင်းဖြစ်သည်။
သူတော်စင်အုပ်ချုပ်သူ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။ဒီစားသောက်ဆိုင်က လုံးဝ ထူးခြားသည်။
"သူထွက်သွားဖို့လိုတယ်..."
စားသောက်ဆိုင်အတွင်း၌ သိမြင်မှု သစ်သီးပင်အောက်တွင် အိပ်ပျော်နေသော ဘလက်ကီက ဆိုင်ရှေ့မှလူကို ဖောက်ထွင်း မြင်နေရသကဲ့သို့ ငိုက်မြည်းနေသောမျက်ဝန်းများက်ိုဖွင့်လိုက်သည်။
သို့သော်လည်း တုန်ခါသွားသည်။ထ်ိုအချိန်၌ပင် မီးဖိုချောင်ထဲ ဝင်ရောက်ပျောက်ကွယ်သွားသော ပုဖန်၏ ပုံရိပ် ပြန်လည်ထွက်ပေါ်လာသည်။ပုဖန်က ခံစားချက်မဲ့လှသော မျက်ဝန်းများဖြင့်ပင် သိမြင်မှုသစ်သီးပင်အောက်ကဘလက်ကီဆီသ်ို့ လျှောက်သွားလိုက်သည်။
သူအံ့သြနေတုန်းမှာပင် ဆွစ်ခနဲ အသံနှင့်အတူ ပုဖန်က သူ့၏ အမွှေးတစ်မျှင်ကို ဆွဲနှုတ်လိုက်သည်။
"ငါအသုံးပြုဖို့ မင်းရဲ့ အမွှေးတစ်ပင်လောက် ခဏငှားပေးပါ..."
ပုဖန်က အေးဆေးစွာပင် ပြောလိုက်သည်။ခွေးဘုရင် နှာခေါင်းများ ပွကားလာပြီး နဂိုမဲနေသော မျက်နာက ပို၍မဲသည်းသွားလေသည်။
"ဒီဘုရင်ရဲ့ အမွှေးတွေကို သုံးချင်သလို သုံးလို့မရဘူးလေ..."
နောက်ခဏ၌ ပုဖန်က သူကိုင်ထားသော အမွှေးတစ်ပင်ကို ဆက်ခနဲ တောက်ထုတ်လိုက်သည်။ထိုခွေးမွှေးလေးတွေ လေထဲ ညင်သာစွာဖြင့် တံခါးပေါက်သို့ ပြန်ထွက်သွားလေသည်။
ဘန်း...
စားသောက်ဆိုင်တံခါးကြီး ပွင့်သွား၏ ခွေးမွှေးလေးကလည်း လှပစွာ လွင့်မျောသွားသည်။ထိုခွေးမွေးဆီမှ အမှောင်စွမ်းအင်များ ရုတ်တရက် ပြန့်ကားထွက်ပေါ်လာပြီးနောက် ခွေးလက်ဖဝါးတစ်ခုအဖြစ်သို့ ပြောင်းလဲလာသည်။
ထိုခွေးလက်ဖဝါးက အပြင်ဘက်ရှိ သူတော်စင်အုပ်ချုပ်သူကို ရိုက်သတ်ရန် ရည်ရွယ်ချက်ဖြင့် ပြန့်ကားလာလေသည်။
"မင်းလုပ်ချင်ရာ လုပ်ပြတော့ ထွက်ပြေးဖို့ ကြိုးစားချင်တယ်ဟုတ်လား...ငါကလည်း မင်းလုပ်ချင်တာလုပ်တာကို ခွင့်ပြုစရာအကြောင်းမရှိဘူး..."
ပုဖန် အေးစက်စွာပြောလိုက်သည်။တံခါးအပြင်ဘက်ရှိ သူတော်စင်အုပ်ချုပ်သူ မျက်ဝန်းများကျဥ်းမြောင်းသွားပြီး အရိုးအဆစ်များပင် တုန်ခါသွားသည်။
သူထိတ်လန့်တုန်လှုပ်သွား၏ ယခင်ကစေ့စေ့ပိတ်ထားသောစားသောက်ဆိုင်တံခါးက ဗြုန်းခနဲ ပွင့်သွားပြီးနောက် ဆူဖြိုးနေသော ခွေးလက်ဖဝါလေး တစ်ခု သူ့ဆီသ်ို့ ပျံသန်းလာလေသည်။