301 - 305

354 36 1
                                    

အခန်း ၃၀၁  “ပါဝင်ပစ္စည်းများကိုကြည့်သလို...”
နီယန်၏ လှပဝိုင်းစက်သော မျက်ဝန်းလေးများက ပြူးကျယ်နေပြီး သူမ၏ မျက်နှာပေါ်တွင် စိတ်ရှူပ်ထွေးဟန်များဖြင့် ပြည့်နှက်နေသည်။ လျှောက်ထွက်လာသော ပုဖန်က အသံကြားရာဆီသို့ မော့ကြည့်လိုက်ပြီး ရင်းနှီးကျွမ်းဝင်နေသော လှပသည့် မျက်နှာကို မြက်လိုက်ရသည့်အခါတွင် မျက်လုံးများ ပုတ်ခပ်ပုတ်ခပ် လုပ်လိုက်မိသည်။
"အိုး... မင်းပါလား? တိုက်ဆိုင်လိုက်တာ"
ပုဖန်က ပြောလိုက်သည်။
သူ၏ မာစတာနီက ပိုင်ရှင်ပုဆီသို့ တွန်းထုတ်လိုက်သောကြောင့် ထန်းယင်က အနည်းငယ် စိတ်ထိခိုက်နေသည်။
“သူမက သူ့ကို တကယ်ပဲ ကွဲကွဲပြားပြား ဆက်ဆံဖို့ လိုအပ်လို့လား ”
အနောက်ပိုင်းဆန်းကြယ် မြို့တော်၏ ထိပ်တန်း စစ်သည်တော် တစ်ယောက်ဖြစ်သော ခုန်းရွှမ်ကလည်း လူအုပ်ထဲတွင် ရှိနေခဲ့သည်။ ယခုအချိန်၌ နီယန်၏ မျက်နှာ အမူအယာကို ကြည့်၍ ခုန်းရွှမ်၏ မျက်နှာက သုန်မှုန်နေပေသည်။ နီယန်က အခြားတစ်ယောက်ကို နွေးနွေးထွေးထွေး ဆက်ဆံလိမ့်မည်ဟု သူလုံးဝ မထင်ထားမိပေ ။
“သူတို့က အရမ်း ရင်းနှီးကျတာလား”
သူ၏ အကြည့်များက ပုဖန်ပေါ်သို့ ကျရောက်သွားပြီး မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိရန် ကြိုးစားကြည့်ရှူလိုက်သည်။ နီယန်နှင့် စကားအချို့ပြောနေသော ပုဖန်က ရုတ်တရက် သူ၏ ခန္ဓာကိုယ်လည်း အေးစိမ့်မှုတစ်ခု ဖြတ်ဝင်လာသည်ကို ခံစားလိုက်ရသည်။ ခေါင်းမော့၍ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရှူလိုက်ရာ အဝေးမှနေ၍ သူ့ကို သတ်ဖြတ်ချင်စိတ်ဖြင့် ကြည့်နေသော ခုန်းရွှမ်ကို တွေ့လိုက်ရသည်။
ပုဖန်က ပြောစရာစကားမဲ့စွာဖြင့် နှုတ်ခမ်းထောင့်နှစ်ဖက်ကို တွန့်ကွေးလိုက်မိသည်။
ထိုမျက်စိနောက်စရာကောင်းသော လူက အဘယ်ကြောင့် သူ့ကို စိုက်ကြည့်နေရသနည်း…
ယခုတစ်ကြိမ်၌ အနောက်ပိုင်းဆန်းကြယ် မြို့တော် တပ်၏ တတိယအဖွဲ့အစည်းက အလွန်အမင်း ဆုံးရှူံးခဲ့ရသောကြောင့် ခုန်းယောင်က မျက်မှောင်ကြုတ်ထားမိသည်။
ကျူးရို့က သူတို့လမ်းခရီးတွင် တွေ့ကြုံခဲ့ရသမျှ အဖြစ်အပျက်များကို ပြန်လည်၍ ပြောပြနေသည်။ ထိုစကားများကြောင့် မြို့သခင်၏ အမူအယာက ပို၍ စိတ်ဖိစီးလာခဲ့သည်။ မိုလောမြို့ကျဆုံးသွားသည့် သတင်းက ကောင်းသတင်းမဟုတ်ပေ။ထိုအဓိပ္ပာယ်က မကြာခင် အချိန်အတော အတွင်းမှာပင် အနောက်ပိုင်းဆန်းကြယ်မြို့တော်က အကျပ်အတည်းနှင့် ရင်ဆိုင်ရပေတော့မည်။
ထို့အပြင် အနောက်ပိုင်း ဆန်းကြယ် မြို့တော် တစ်ခွင်တွင် လှည့်ပတ်ကျက်စားနေကြသော စိတ်ဝိညာဉ် သားရဲများ၏ အရေအတွက်ကလည်း တိုးပွားလာသည်။ ထိုသားရဲများက သုံးနှစ်လျှင် တစ်ကြိမ် မြို့တော်ကို တိုက်ခိုက်လေ့ ရှိသည်။ ထိုအရာက မြို့တော်အတွက် နောက်ထပ် အတားအဆီး အနှောက်အယှက် တစ်ခုပင် ဖြစ်သည်။
စိတ်ဝိညာဉ် သားရဲများအပြင် ရန်သူတပ်များကလည်း ရှိနေလေရာ အနောက်ပိုင်းဆန်းကြယ်မြို့တော်က မီးနှစ်ခုကြား ညှပ်နေပေတော့သည်။ ထိုကဲ့သို့ သုံးနှစ်တစ်ကြိမ် ဖြစ်ပွားခြင်းကို နတ်ဆိုးတော်လှန်ခြင်းဟုလည်း ခေါ်ကြသည်။ ထိုအချိန်တွင် တောင်စဉ်တစ်ထောင် တောင်တန်းမှ နတ်ဆိုးသားရဲများက လူသားများကို တိုက်ခိုက်ကြပေလိမ့်မည်။
အနောက်ပိုင်းဆန်ကြယ် မြို့တော်နှင့်အနီးတွင်ရှိသော ရွာများ မြို့ငယ်များက သားရဲများ၏ ဖျက်ဆီးချေမှုန်းခြင်းကို ခံရပေလိမ့်မည်။ ထိုပတ်ဝန်းကျင်တွင် နေထိုင်ကြသော သူများက အနောက်ပိုင်း ဆန်းကြယ်မြို့တံခါးကို ဖွင့်ရန်အတွက် စတေးခံရသော ကံဆိုးသူများ ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် အနောက်ပိုင်း ဆန်းကြယ် မြို့တော်အနီး ရွာနှင့်မြို့ငယ် များတွင် နေထိုင်ကျသူများက ထိုနတ်ဆိုးတော်လှန်ရေးအတွင်း လုံခြုံရာသို့ ရွှေ့နေကြပြီး အေးချမ်းသွားသည့် အချိန်ကျမှသာလျှင် မိမိတို့ ရပ်ရွာများဆီသို့ ပြန်ကြပေလိမ့်မည်။
သို့သော်လည်း ဒီနှစ်ဝန်းကျင်အတွင်း ဖြစ်ပွားမည့် နတ်ဆိုးတော်လှန်ခြင်းက အခြေအနေ အလွန်ဆိုးရွားပေလိမ့်မည်။
ပုဖန်က သူ၏ ချက်ပြုတ်ရေးတဲဆီသို့ ပြန်သွားခဲ့သည်။နီယန်ကလည်း သူ့နောက်မှနေ၍ တဲဆီသို့ လိုက်သွားခဲ့သည်။ ပုဖန်အချက်အပြုတ် တဲတွင် ချက်ပြုတ်နေသည်ဟု သိရတည်းက သူမက သင်ယူချင်ခဲ့သည်။ဒီတစ်ကြိမ်တွင် သူမ အခွင့်အရေးကို အမိအရ တောင်းဆိုရပေလိမ့်မည်။
သူမကိုယ်တိုင် အချက်အပြုတ် ကျွမ်းကျင်သူ တစ်ယောက်ဖြစ်သော်လည်း အစားအသောက် ချစ်သူတစ်ယောက်အနေဖြင့် စားကောင်း သောက်ဖွယ်များကိုသာ အမြဲတစေ မျှော်လင့် တောင်းတနေမိသည်။
ပုဖန်၏ ဟင်းလျာများကို မြည်းစမ်းရန်က ရှားပါးလှသော အခွင့်အရေး တစ်ရပ်ဖြစ်သည်။
သို့သော်လည်း ပုဖန်က နောက်ရက် အနည်းငယ်အတွင်းတွင် အရင်ကလောက် ဟင်းပွဲများ မချက်ပြုတ်တော့ပေ နီယန်နှင့် တန်းယင်က သူမည်သူမည်ဝါ ဖြစ်ကြောင်း သတိပြုမိသည့် သွားပြီးနောက် သူက ပုံမှန်အတိုင်း ပြန်လည် ပြုမူတော့သည် ။သူက ဟင်းပွဲများကို အကန့်အသတ်ဖြင့်သာ ချက်ပြုတ်တော့သည်။
ပုဖန်၏ စွမ်းရည်များကို မျက်မြင်တွေ့ကြုံခဲရသော ဝေတဖု ကလည်း ယခုအခါတွင် သူကို အနှောင့်အယှက်ပေးရန် ကြောက်ရွံ့နေပေသည်။ တကယ်တကယ်တမ်းတွင် သူက စိတ်ဝိညာဉ် စွမ်းအင်များ ပါဝင်သည့် ပါဝင်ပစ္စည်းများကို ပုဖန်ကို အရင်ဦးဆုံး ရွေးချယ်စေခဲ့သည်။သို့မှသာလျှင် သူက စိတ်ကျေနပ်စွာဖြင့် စိတ်နှစ် ချက်ပြုတ် နိုင်ပေလိမ့်မည်။
ပုဖန်က သင့်တော်သည့် ပါဝင်ပစ္စည်းများကို ရွေးချယ်၍ စနစ် စိတ်ကျေနပ်စေနိုင်မည့် ဟင်းပွဲများကို ချက်ပြုတ်ရန် ပြင်ဆင်နေခဲ့သည်။ သို့သော်လည်း သူတစ်ကြိမ်မှ အောင်မြင်ခြင်း မရှိပဲ ဆုံးရှူံးမှုကိုသာ ခံစားနေရသောကြောင့်....ပုဖန်ကခေါင်းကိုက်နေပေပြီ။
အချိန်ကုန်လွန်လာသည်နှင့်အမျှ အနောက်ပိုင်းဆန်းကြယ်မြို့တော်၏ လေထုက ပို၍ စိတ်အိုက်စရာ ဖြစ်လာသည်။မြို့တော်၏ အပြင်ဘက်ဆီမှ သားရဲများ၏ ဟိန်းဟောက်သံကိုလည်း မကြာခဏ ကြားနေရသည်။
ယခုလက်ရှိအချိန်တွင် အနောက်ပိုင်းဆန်းကြယ်မြို့တော်မှ လူများက ခွင့်ပြုမိန့်မရှိပဲ ထွက်ခွာခွင့်မရှိတော့ပေ။လူများ၏ လုံခြုံမှုကို ကာကွယ်ရန်နှင့် မြို့အပြင်ဘက်တွင် ထိခိုက်မှုများ မရှိစေရန်အတွက် အာဏာပိုင်များက မြို့ကို ပိတ်ချရန် ဆုံးဖြတ်လိုက်ကြသည်။
……
ရွှီး ရွှီး ရွှီး .......
တဲအတွင်းမှ.... မြွေတစ်ကောင်ကဲ့သို့ အပူအငွေ့များနှင့် မွှေးရနံ့များ ထွက်ပေါ်လာသည်။
ပုဖန်က အိုးကို စောင်းလိုက်ပြီး အိုးထဲမှ အရာများကို သူ၏ ဇွန်းထဲကို လောင်းထည့်လိုက်ခါ စားပွဲပေါ်ရှိ ကြွေပန်းကန်လုံးထဲ ပြောင်းထည့်လိုက်သည်။အရောင်အသွေး စုံလင်ပြီး တောက်ပလှသော စိတ်ဝိညာဉ်စွမ်းအင် ဟင်းပွဲက သူ၏ ပုံသဏ္ဍန်ဖြင့်ပင် လူအများ၏ စားချင်စိတ်ကို ဆွဲဆောင်ဖို့ လုံလောက်နေပေပြီ။
နီယန်က သူမ၏ ပုံရိပ်ကိုပင် ဆက်၍ မထိန်းထားနိုင်တော့ပေ။သူက ပုဖန်၏ ဟင်းပွဲကို ကြည့်လိုက်ပြီးနောက် တူတစ်စုံကို ဆွဲယူလိုက်ပြီး အနည်းငယ်ယူ၍ ပါးစပ်ထဲ ထိုးသွင်းထည့်လိုက်သည်။
နီယန်က ပုဖန်၏ အစားအစာများကို အလွန်ပင် သဘောကျ နှစ်သက်သည်။သူက ပါဝင်ပစ္စည်းများတွင် ပါဝင်သည့် စိတ်ဝိညာဉ်စွမ်းအင်များကို ထိန်းသိမ်းထားနိုင်ပြီး မမျှော်မှန်းနိုင်သည့် အမြင့်ဆုံး အဆင့်ထိရောက်အောင် ပြုလုပ်နိုင်စွမ်းရှိသည်။
ချက်ပြုတ်နေစဉ်အတွင်း ဟင်းလျာများတွင်ပါဝင်သည့် စိတ်ဝိညာဉ်စွမ်းအင်များကို ထိန်းသိမ်းထားရန်မှာ အလွန်ပင် ခက်ခဲသည်။နီယန်ပင်လျှင် ထိုကဲ့သို့သော အထူးနည်းလမ်းကို လိုချင်တောင်းတမိ၏။
"အရသာရှိတယ် "
နီယန်က သူမ၏ လျှာပါးပါးလေးကို ထုတ်လိုက်ပြီး နီမြန်းသော နှုတ်ခမ်းပါးလေးကို သပ်ရင်းအပြုံးဖြင့် ပြောလိုက်သည်။
သို့သော်လည်း ပုဖန်က စိတ်ပျော်ရွှင်နေပုံ မရပဲ မျက်မှောင်ကြုတ်၍ ထိုင်နေပေသည်။သူ၏ ဟင်းပွဲက အရသာကောင်းမွန်သော်လည်း အိုင်ဂုနာနှင့် ယှဉ်၍မရပေ။ သူ၏ဟင်းပွဲက စနစ်၏ စစ်ဆေးမှုကို ကျော်ဖြတ်နိုင်ခြင်းမရှိမှာကို ပုဖန် စိုးရိမ်ပူပန်လာမိသည်။
အနောက်ပိုင်းဆန်းကြယ်မြို့တော်၏ အပြင်ဘက် မိုင်ရာ အနည်းငယ်အကွာတွင် တောင်စဉ်တစ်ထောင် တောင်တန်းက ကန့်လန့်ဖြတ်တည်ရှိသည်။ထိုတောင်စဉ်တစ်ထောင် တောင်တန်းက မတ်စောက်လောက်သော ကမ်းပါးများကြောင့် လူသေများသည်။ထိုနေရာက အလွန်ပင် အန္တရာယ်များလာသောကြောင့် သတ္တမတန်း သူတော်စင်အဆင့်များပင်  မဆင်မခြင် ကျော်ဖြတ်ရဲခြင်းမရှိချေ။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကပင် အနောက်ပိုင်းဆန်းကြယ်မြို့တော်၏ အခြေအနေကို တင်းကျပ်ထားပြီး အစောင့်တပ်သားများက အချိန်ပြည့် လှည့်လည်နေလေသည်။တစ်စုံတစ်ယောက်က မြို့ရိုးပေါ်တွင်ရပ်၍ တောင်စဉ်တစ်ထောင် တောင်တန်းရှိရာဆီသို့ ငေးကြည့်နေသည်။
ကောင်းကင်ကိုပင် ဖုံးလွှမ်းသွားသော ပင်လယ်လှိုင်းလုံးကဲ့သို့ မြင့်မားသည့် မီးခိုးများ တလိပ်လိပ်တက်လာသည်ကို သူမြင်လိုက်ရသည်။ထိုမြင်ကွင်းကို ကင်းလှည့်နေကြသော စစ်သည်တော်များကလည်း မြင်လိုက်ရပြီး မြို့သခင်ဆီသို့ အလျင်အမြန် သတင်းပို့လိုက်ကြသည်။
ခုန်းယောင်က မြို့ရိုးတံတိုင်းပေါ်သို့တက်၍ အဝေးဆီမှ မီးခိုးမုန်တိုင်းများကို ကြည့်လိုက်သည်။သူ၏ မျက်နှာက တုန်လှုပ်ပြီး ဖြူဖျော့နေပေသည်။
"တောင်စဉ်တစ်ထောင် တောင်းတန်းက သားရဲဆူပူအုံကြွမှုက ဖြစ်ပေါ်လာပြီ မြို့တံခါးတွေကို ပိတ်ချလိုက်တော့"
နေ့တစ်ဝက်မျှသာ ကြာပြီးနောက် အနောက်ပိုင်ဆန်းကြယ်မြို့ထဲတွင်ရှိသော သူများအားလုံးက သူတို့၏ ခြေဖဝါးအောက်က မြေပြင် အကြမ်းပတမ်း သိမ့်သိမ့်တုန်ခါလာသည်ကို ခံစားလိုက်ရသည်။ထိုတုန်ခါမှုက သူတို့၏ ကျောရိုးအထိတိုင်အောင် စိမ့်သက်သွားစေသည်။
မိုးခြိမ်းသံကဲ့သို့ သားရဲများဟိန်းဟောက်သံက ကမ္ဘာမြေကိုပင် တုန်ခါသွားစေသည်။မြို့တံတိုင်းပေါ်မှ စစ်သည်တော်များက ဟိန်းဟောက်မာန်ဖီနေကြသော သားရဲများကို စူးစိုက်ကြည့်နေလေကြသည်။
သူတို၏ မျက်နှာများက တစ္ဆေကိုတွေ့ရသကဲ့သို့ ဖြူဖျော့နေပြီး သူတို့၏ အမူအရာတွင် သတ္တိရှိခြင်း (သို့မဟုတ်) ယုံကြည်မှုရှိခြင်း တစ်စိုးတစ်စေ့မျှ မရှိနေတော့ပေ။
အကန့်အသတ်မဲ့သော သမုဒ္ဒရာရေလှိုင်းများကဲ့သို့ပင် သားရဲအုပ်ကြီးက နေရာလွတ်မကျန် ပြည့်နှက်သွားလေသည်။ထိုသားရဲအုပ်ကြီးတွင် အနိမ်ဆုံး အဆင့် ၃ အဆင့် ၄ စိတ်ဝိညာဉ်သားရဲများဖြင့် ဖွဲ့စည်းထားပြီး အဆင့် ၅ အဆင့် ၆ သားရဲများပင် ရောနှောပါဝင်နေသေးသည်။
"အဲ့ဒီ သားရဲဆူပူအုံကြွမှုက တောင်စဉ်တစ်ထောင်တောင်တန်းကနေ အစပြုတာပဲ အဲ့ဒီလို ဖြစ်ပွားတဲ့ အချိန်တိုင်းမှာလည်း တောင်စဉ်တစ်ထောင် တောင်တန်းမှာရှိတဲ့ ကြည်လင်ကောင်းကင် ဘုရားကျောင်းက မျှော်စင်တွေအားလုံးကို စည်းပိတ်ချလိုက်တယ်… အဓိပ္ပာယ်ကတော့ အင်အားကြီးမားလှပါတယ်ဆိုတဲ့ ကြည်လင်ကောင်းကင် ဘုရားကျောင်းတောင်မှ အဲဒီသားရဲတွေနဲ့ ထိပ်တိုက်တွေ့ဖို့ ရှောင်ရှားလိုက်တာပဲ "
မြို့တံတိုင်းထက်တွင် ရပ်နေသော နီယန်က ရှင်းပြလိုက်သည်။
ပုဖန်နှင့် ထျန်းယင်က မြို့တံတားအထက်မှနေ၍ အောက်ခြေမှ စိတ်ဝိညာဉ်သားရဲများကို ကြည့်ရှုနေကြသည်။ပုဖန်က တစ်ကြိမ်တည်းနှင့် ထိုများပြားလှသော ကွဲပြားခြားနားသည့် သားရဲများကို မမြင်ဖူးခဲ့ပေ။
ထိုအရာက သူ့အတွက် မယုံနိုင်စရာ အတွေ့အကြုံပင် ဖြစ်သည်။ ပုဖန်က မျက်မှောင်ကြုတ်၍ စိတ်ဝိညာဉ်သားရဲများကို စိုက်ကြည့်နေရင်းမှ အတွေးနက်နေခဲ့သည်။
ဘေးနားတွင် ရပ်နေသော ထျန်းယင်က စိတ်ဓာတ်ကျစွာဖြင့်ပင် စိတ်ကျဉ်းကျပ်မှုများကို လေပူအဖြစ် မှုတမထုတ်လိုက်သည်။သူ၏ မျက်နှာတွင်လည်း ထိုစိတ်ဝိညာဉ်သားရဲ ပင်လယ်ကြီးကို ကြည့်၍ အစွမ်းစမဲ့သလို ခံစားရမှုများအထင်သားပေါ်လွင်နေသည်။
ထိုသားရဲမုန်တိုင်းကြီးက တောင်စဉ်တစ်ထောင် တောင်တန်းမှ တစ်ပြိုင်နက်တည်း မည်ကဲ့သို့ ထွက်ပေါ်လာသည်ကို မည်သူမှ မသိကြပေ သို့သော်လည်း တောင်စဉ်တစ်ထောင်တောင်တန်းက ကြီးမားလှသော တောင်တန်းများ ဆက်သွယ်ထားပြီး အဆုံးအစမဲ့ တည်ရှိလေရာ သားရဲများစွာ နေထိုင်နိုင်ခြင်းက အံ့သြစရာကိစ္စတစ်ခုတော့ မဟုတ်ပေ။
ခြုံပြောရလျှင် တောင်စဉ်တစ်ထောင်တောင်တန်းက တောင်ပိုင်း ဒေသ၏ ကြားခံနယ်ဖြေဖြစ်သည်။တောင်စဉ်တစ်ထောင်တောင်တန်းက ထူးကဲစွာလှပပြီး ကျက်သရေရှိလှသော ကျယ်ပြောလှသည့် နေရာတစ်ခုကို ကောလဟလများ ထွက်ပေါ်ခဲ့ဖူးသည်။ သို့သော်လည်း ထိုနေရာသို့ လူအနည်းငယ်လောက်သာ ရောက်ဖူးသောကြောင့် ထိုသတင်းများက မှန်မမှန်ကို အများစုက မသိကြပေ။
"ဂါး"
ခန္ဓာကိုယ်ပေါ်တွင် အကြေးခွဲများဖြင့် ဖုံးအုပ်နေသော ကြီးမားလှသည့် မိကျောင်းတစ်ကောင်၏ အော်မြည်သံကို ကြားလိုက်ရသည်။ ထိုမိကျောင်း၏ သွားများက ထက်မြတ်နေပြီး ကြောက်စရာကောင်းလှသည်။ထိုမိကျောင်းက မယုံနိုင်စရာ အမြန်နှုန်းဖြင့် မြေပြင်ပေါ် တွားသွားတက်လာသည်။
ခန္ဓာကိုယ်တွင် နှင်းဖြူရောင်အမွှေးများဖြင့် မြေခွေးတစ်ကောင်က အရှိန်အဟုန်ဖြင့် ပြေးထွက်လာရာ လေပြင်းများ တိုက်ခိုက်လာပြီး မီးခိုငွေ့များပင် ထွက်ပေါ်လာသည်။
ထိုအပြင် ထိုနေရာ၌ မီးနီရောင်ကြီးမားလှသော ခြင်္သေ့၊ အပ်ကဲ့သို့ အစူးများဖြင့် ဖုံးလွှမ်းနေသည့် ဆင်တစ်ကောင် ၊ တောင်တစ်တောင်လို ကြီးမားလှသော လိပ်၊ လေ နှင့် အခြားစွမ်းအားထက်မြတ်ပြီး ထူးခြားဆန်းပြားသည့် စိတ်ဝိညာဉ်သားရဲမျိုးစုံ ရှိနေသည်။
စိတ်ဝိညာဉ်သားရဲများအားလုံးက မုန်တိုင်းကဲ့သို့ အနောက်ပိုင်း ဆန်းကြယ်မြို့တော်ဆီ ချီတက်လာလေသည်။
မြို့တံတိုင်းပေါ်ရှိ လူအားလုံး၏ နှလုံးသားထဲတွင် ကြောက်စိတ်များ ပြင်းထန်နေပြီး မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်မှုက အထင်သားပေါ်နေပေသည်။ သို့သော်လည်း ပုဖန်၏ အမူအရာက အခြားသူများအားလုံးနှင့် ကွဲပြားခြားနားနေ၏။ ပုဖန်က အောက်ခြေမှ စိတ်ဝိညာဉ်သားရဲများကို လေ့လာကြည့်လိုက်ပြီးနောက် သူ၏ မျက်ဝန်းများက တောက်ပလာသည်။
သူ စနစ်က လက်ခံနိုင်ဖွယ်ရှိသော တတိယဟင်းပွဲကို မချက်ပြုတ်နိုင်သေးသောကြောင့် အလွန် စိတ်အနှောင့်အယှက်ဖြစ်နေမိသည်။သူ ဟင်းပွဲမချက်ပြုတ်နိုင်လျှင် သူ၏ တာဝန်က မပြီးဆုံးပဲ သူလည်း ဆုရရှိလိမ့်မည် မဟုတ်ပေ။
ပုဖန်က စစ်တပ်ချက်ပြုတ်ရေး တပ်ဖွဲ့တွင် ရရှိနိုင်သော ပါဝင်ပစ္စည်းများက အရည်အသွေး ညံ့ဖျင်းသောကြောင့် ဖြစ်မည်ဟု ကောက်ချက်ချမိသည်။ အကယ်၍ ပို၍ကောင်းမွန်သော ပါဝင်ပစ္စည်းများကို ရလျှင် စနစ်က ကျေနပ်စေနိုင်မည့် ဟင်းပွဲကို လွယ်လွယ်ကူကူ ချက်ပြုတ်ပေးနိုင်မည်ဟု ခံစားမိသည်။
ပို၍ ကောင်းမွန်သော ပါဝင်ပစ္စည်းများကို ရရှိလျှင် ပုဖန်၏ အကြည့်က အောကျခွရျှေိ သားရဲပင်လယ်ထဲသို့ ကျရောက်သွားသည်။အခြားသူများက သားရဲများကို အန္တရာယ်ဟု မြင်နေချိန်တွင် ပုဖန်က ကုန်ပစ္စည်း သိုလှောင်ရုံ အဖြစ် မြင်နေပေသည်။
ပုဖန်၏ အတွေးများက သူနှလုံးသားထဲ စီးဆင်းသွားသည်နှင့် တစ်ပြိုင်နက် စိတ်လှုပ်ရှားသွားပြီး သူ၏ အသက်ရှူနှုန်းများပင် မြန်ဆန်လာသည်။ ပုဖန်၏ ဘေးတွင်ရှိနေသော နီယန်နှင့် ထျန်းယင်က သူ၏ မျင်ဝန်းထဲမှ တောက်လောက်နေမှုကို သတိပြုမိသွားပြီး စိတ်ရှုပ်ထွေးသွားကြသည်။
သူတို့နှစ်ယောက်က အောက်ခြေရှိ စိတ်ဝိညာဉ်သားရဲများကို ကြည့်လိုက် ပုဖန်၏ ထူးခြားလှသော အမူအရာကို ကြည့်လိုက်ဖြင့်လကြောင်အနေကြသည်။
"ဆရာ ပိုင်ရှင်ပုက အောက်ကို ပြေးဆင်းသွားမယ်လို့ နင်ထင်လား..." ထျန်းယင်က တိတ်ဆိတ်နေသော နီယန်ကို မေးလိုက်သည်။
"ပေါက်တက်ကရတွေ လျှောက်မပြောစမ်းနဲ့ ပိုင်ရှင်ပုက ဒီတိုင်း ပါဝင်ပစ္စည်းတွေကို ကြည့်သလိုကြည့်နေတာပဲ"
"ပါဝင်ပစ္စည်းတွေကို ကြည့်သလို...???"
နီယန်၏ မျက်နှာက အေးခဲသွားပြီး ထျန်းယင်၏ မျက်နှာကလည်း ရှူံ့မဲ့သွားလေသည်။ထျန်းယင်က သူ၏စိတ်ထဲမှနေ၍ ရှိသမျှ ဘုရားအကုန်ကို လှည့်ပတ်ဆုတောင်းလိုက်သည်။
"ပိုင်ရှင်ပု အဆင်ခြင်မဲ့ လျှောက်မလုပ်ပါစေနဲ့ ဒါက....နောက်ဆုံးဘယ်သူ ပါဝင်ပစ္စည်းဖြစ်မလဲဆိုတာ ပြောဖို့ အရမ်းစောလွန်းတယ်"

အချက်အပြုတ်နတ်ဘုရား ( ပုဖန် ) Book 1 ( Ch 1 - 995 )(ခွင့်ပြုချက်ရပြီး)Where stories live. Discover now