971 - 975

135 13 0
                                    

အခန်း ၉၇၁
ညီလေးထုံချန်း ငါတို့နဲ့လာထိုင်ပါလား...

အဲ့ဒါ ဘာအနံ့ကြီးလဲ...

သူတို့တွေ တံခါးပေါက် မှားဝင်လာတာများလား...ဒီနေရာက စားသောက်ဆိုင်မဟုတ်ပဲ အိမ်သာကြီးများလား...

သူတို့လေးဦး စိတ်ထဲ မပြင်ဆင်ရသေးခင်မှာပင် တံခါးကို တွန်းဖွင့်လိုက်သောအခါ အနံ့အသက်ဆိုးများ ပြန့်နှံ့လာသဖြင့် တုန်လှုပ်သွားကြသည်။

ရွှမ်ယွမ်ရှားဟွေ့ ကြွက်သားများအထိပင် တုန်လှုပ်သွားပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားသည်။

သူ၏ဘေးတွင်ရပ်နေသော ရွှမ်ယွမ်ရွှမ်သည်လည်း မည်သို့မျှ မတတ်နိုင်ပဲ သူမပါးစပ်ကို လက်ဖြင့်အုပ်ထားရသည်။

မူလျှို့အာ ဤအနံ့ကို သည်းခံထားနိုင်သော်လည်း သူမ မျက်နှာပေါ်မှ အပြုံးပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။ သူမလက်ထဲမှ ဖိတ်စာကိုကြည့်ကာ နေရာမှားမမှား စစ်ဆေးနေသည်။

မန်နေဂျာချန်၏ မျက်နှာသည် ပို၍ပင် မည်းမှောင်လာသည်။  အသက်ရှူထုတ်လိုက်သောအခါတွင် သူ၏နဖူးပေါ်တွင် အစိမ်းရောင် သွေးပြန်ကြောများ ထွက်ပေါ်လာပြီး ဒိုင်းနမိုက်စည်နှင့်ပင် တူနေသည်။

သူတို့၏နောက်မှ လိုက်လာသော ကြည့်ရှု့သူများ ထိတ်လန့်သွားပြီး အကြည့်များက စားသောက်ဆိုင်ပေါ်သို့ ကျရောက်လာသည်။

သူတို့ခေါင်းများကိုလှည့်၍ အကြည့်များကို ဖလှယ်နေကြပြီး တစ်ဦးနှင့်တစ်ဦး အံ့အားသင့်နေသော အကြည့်များဖြင့် ကြည့်နေကြသည်။

ဒီစားသောက်ဆိုင်က မသေမျိုးစားဖိုမှူးရဲ့ဆိုင်လား...

အသစ်ကြော်ငြာထားသော မသေမျိုးစားဖိုမှူး ရွှမ်ယွမ်ရှားဟွေ့နှင့် မသေမျိုးမီးဖိုချောင် အဆောက်အဦးမှ အခြားအကြီးအကဲများကိုပင် ဆွဲဆောင်နိုင်ခဲ့သည်။

ထိုသတင်းမှာ လျင်မြန်စွာ ပြန့်နှံ့သွားသည်။ လူများစွာ  မျက်လုံးများ စွေစောင်းကြည့်ကာ သူတို့၏အတွင်းမှ စိတ်လှုပ်ရှားနေသော အလင်းတန်းများကို ဖုံးကွယ်ထားကြသည်။

အချက်အပြုတ်နတ်ဘုရား ( ပုဖန် ) Book 1 ( Ch 1 - 995 )(ခွင့်ပြုချက်ရပြီး)Where stories live. Discover now